This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Friday, April 5, 2013

ကြင်ယာတော်ရဲ့ အလွဲသုံးစားမှုနဲ့ စပိန်မင်းသမီးကို ရုံးတော်က ဆင့်ခေါ်

စပိန်နိုင်ငံမှာ တော်ဝင် မင်းသမီး ခရစ်စတီးနားရဲ့ ကြင်ယာတော်ဟာ အများပိုင်ငွေ ယူရို သန်းပေါင်းများစွာကို အလွဲသုံးစား လုပ်ခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ အခုလကုန်ပိုင်းမှာ တရားရုံးကို လာရောက် ရင်ဆိုင်ဖို့ မင်းသမီးကို ဆင့်ခေါ် ခံထားရပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

စပိန် မင်းသမီးနဲ့ ကြင်ယာတော် Inaki Urdangarin

ရမကာလုလင်တို့အတွက်-အရက်နဲ့ တွဲဖက် မစားသင့်တဲ့ စားစရာများ

Photo: အရက်နဲ့ တွဲဖက် မစားသင့်တဲ့ စားစရာများ
Thursday, April 4, 2013

မုန်လာဥနီ
======
မုန်လာဥနီထဲမှာ ပါတဲ့ မုန်လာဥနီ ဓါတ်က အရက်ထဲမှာ ပါတဲ့ အရက်ပြန်နဲ့ ဓါတ်ပေါင်းရင် အဆိပ်ပါတဲ့ ဓါတ်ပစ္စည်းတွေ ထွက်တတ်တယ်။

ပဲတီစိမ်းအဖတ်
===========
ပဲတီစိမ်း အဖတ် ချက်လုပ်တဲ့အခါ ကျောက်ချဉ် အသင့်အတင့် ထည့်ရပါတယ်။ ဒါကြောင့် ပဲတီစိမ်း အဖတ်နဲ့ အရက်ကို တွဲစားမိရင်၊ အရက်ပြန်က သွေးထဲမှာ နေတဲ့အချိန် ကြာရှည် လာစေပြီး အရက်ပိုမူး စေတယ်လို့ ဆိုတယ်။

ဝက်အူချောင်း
======
ဝတ်အူချောင်းထဲမှာ nitrosoamines ဓါတ်ပါလို့ အရက်နဲ့ တွဲပြီး စားသောက်ရင် အသည်းကို ထိခိုက်နိုင်တဲ့ အပြင် အစာအိမ်နဲ့ အူကင်ဆာ တွေကိုလည်း ဖြစ်စေနိုင်တယ်လို့ သိရပါတယ်။

အသားကင်
==========
အသားကင်တဲ့အခါ benzpyrene လို့ခေါ်တဲ့ ကင်ဆာရောဂါ ဖြစ်စေနိုင်တဲ့ ဓါတ်ပစ္စည်း တစ်မျိုး ပေါ်ထွက် တတ်တယ်။ အရက်ထဲမှာ အရက်ပြန်ဟာ အစာအိမ်နဲ့ အူရဲ့ သွေးကြောတွေ ကျယ်လာစေပြီး ကင်ဆာ ဖြစ်စေနိုင်တဲ့ ဓါတ်ပစ္စည်းတွေ သွေးကြောထဲကို အလွယ်တကူ ဝင်လာ စေနိုင်ပါတယ်။

ဗဟုသုတ ဟင်းပေါင်းအိုးကြီးမုန်လာဥနီ

ဗဟုသုတ ဟင်းပေါင်းအိုးကြီး

ချဲထီလောင်းကစားများကို တည်ဆဲဥပဒေအရ ခွင့်ပြုပေးရန် မရှိကြောင်းနှင့် ယင်းတို့မှာ နိုင်ငံတော်တည်ငြိမ်ရေးနှင့် တရားဥပဒေ စိုးမိုးရေးကို ထိခိုက်နိုင်၍ ကြပ်မတ်ဖမ်းဆီးအရေးယူမှုပြုလုပ် သွားမည်

ချဲထီ လောင်းကစားပပျောက်ရေး အဆိုတင်သွင်း

လိုင်စင်ရ သဖွယ်လုပ်ကိုင်နေကြသည့် ချဲထီလောင်းကစားမှုများ ပပျောက်ရေးကို အထူုးစီမံချက်ဖြင့် ဆောင်ရွက်ရန် တိုက်တွန်း ကြောင်း အဆိုအား ယနေ့ ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် ဆွေးနွေးသည်။

ယင်းအဆိုကို သင်္ကန်းကျွန်းမြို့နယ် မဲဆန္ဒနယ် အမှတ် ( ၁ )မှ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်က တင်သွင်းခဲ့ခြင်းဖြစ်ပြီး ၄င်း၏ ပြောကြားချက်အရ ဖမ်းဆီးအရေးယူမှုပြုလုပ်ရသည့် ရဲတပ်ဖွဲ့မှပင် လောင်းကစားသမားများ ပူးပေါင်း ဆောင်ရွက်နေမှုများ ရှိသည်ဟု ဆိုသည်။

ယင်းအဆိုနှင့် ပတ်သတ်၍ ရန်ကင်းမြို့နယ် မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းကျော်နှင့် ရခိုင်တိုင်းရင်းသားရေးရာ ၀န်ကြီး ဦးဇော်အေးမောင် တို့မှ ဆွေးနွေးခဲ့ပြီး လောင်းကစားမှုများသည် ။ ဖမ်းဆီးအရေးယူမှု ပြုလုပ်သော်လည်း ကင်းစင်ပပျောက်မှု မရှိ၍ အခွန်ငွေရရှိရန် သက်မှတ်ချက်ဖြင့် တရားဝင်ခွင့်ပြုပေးသင့်သည်ဟ
ု တင်ပြသည်။

ယင်းကို ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်မှ သဘောထား မှတ်ချက်ပေးရာတွင် ကာစီနိုကဲ့သို့သော လောင်း ကစားနည်းကို နိုင်ငံခြားသားများ ဦးစားပေးကစားနိုင်သည့် ကစားဝိုင်းများဖြင့် အခွန်ငွေရှာသင့်ပြီး ယင်းကဲ့သို့ ပြုလုပ်နိုင် ရန် လေ့လာမှုများ ပြုလုပ်သင့်ကြောင်း ချဲထီလောင်း ကစားကိုမှု ပပျောက်အောင် ဆောင်ရွက်သင့်ကြောင်း ပြောကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီး ဗိုလ်မှူးကြီး တင်ဝင်းကမှု ချဲထီလောင်းကစားများကို တည်ဆဲဥပဒေအရ ခွင့်ပြုပေးရန် မရှိကြောင်းနှင့် ယင်းတို့မှာ နိုင်ငံတော်တည်ငြိမ်ရေးနှင့် တရားဥပဒေ စိုးမိုးရေးကို ထိခိုက်နိုင်၍ ကြပ်မတ်ဖမ်းဆီးအရေးယူမှုပြုလုပ် သွားမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။

PopularNewsJournal

ဟောဒီမှာ ဟန်းဖုန်းတွေအားဖြည့်တယ်

တကယ်အားဖြည့်ပေးပါတယ်။ အာဖရိကတိုက်က ဆင်းရဲသား နိုင်ငံ ယူဂန်ဒါမှာ ဖြစ်ပါတယ်။ ဆင်းရဲတဲ့ ရွာတွေထဲမှာ ဆိုပေမယ့် ဟန်းဆက် တွေ ချပေးထားပါတယ်။

အနောက်တိုင်းလူချမ်းသာနိုင်ငံများမှ တယ်လီဖုန်းတာဝါတိုင်များ လာဆောက်ပေးဖို့ တစ်ရွာလုံးနီးပါး ဟန်းဆက်တွေကိုင်ပြီး သတင်းအချက် အလက် နဲ့ ဆက်သွယ်ရေး မှာ ကောင်းကောင်း အသုံးချ ပါတယ်။ ခက်တာက ရွာမှာ လျှပ်စစ်ဓာတ်အား မရပါဘူး။ အားသွင်းဖို့ ဆိုရင် မီးစက်နှိုးတဲ့ အိမ်ကိုရှာပြီး ဖုန်းအား သွားပြေးသွင်းရပါတယ်။

ယင်း ပြဿနာကို ဖြေရှင်းလို့ ရအောင် လန်ဒန်အခြေဆိုက် Telecommunication ကုမ္မဏီတစ်ခုက ဖန်တီးပေးလိုက်တာကတော့ Text Message Activated Power Charging စနစ်ပဲ ဖြစ်ပါတယ်။ ပါဝါ အားသွင်းကို ကြိုးနဲ့တောင်ချိတ်စရာမလိုပဲ ရေဒီယို အီလက်ထရောနစ် Signal နဲ့ သွင်းပေးသွားမှာ ဖြစ်ပါတယ်။

အားလိုချင်သူများအနေနဲ့ ပထမဦးဆုံး Text Message တော့ ရိုက်ပေးရမှာပါ။ ယင်း Message ရိုက်ပြီး Point ဆီပို့လိုက်ရင် အားက အလိုအလျောက်စီးဆင်းပြီး ပြည့်သွားမှာ ဖြစ်ပါတယ်။ ဒီအတွက် တစ်ရက်ကို ပါဝါ စတေရှင်အသေးစား ၁၀ လုံးလောက် စက်ဘီးနဲ့ သယ်ပြီး ရွာမှာ လှည့်ရောင်းပါတယ်။ တစ်ခါ အားသွင်းရင် ဖုန်း ၂ နာရီနီးပါး ပြောနိုင်မှာ ဖြစ်ပါတယ်။

ပင်မဌာနချုပ်ကနေ ပါဝါအားသွင်းစတေရှင်အသေး ပါတဲ့ စက်ဘီးများကို လွတ်ပြီး ရွာကိုပို့မယ်။ ရွာကလူများအနေနဲ့ text message ရိုက်ပြီး နီးရာ စတေရှင်ကနေ အားတွေဖြည့်ဆိုတော့ အဆင်ပြေနေတာပါပဲ။ ဘာလို့ ရွာအတွက် မီးရမယ့်နည်းလမ်း မဖန်တီးပါလိမ့်လို့တော့ စဉ်းစားမိပါသေးတယ်။ ယခု ပြုလုပ်နေတဲ့ စက်ဘီးအားဖြည့် စတေရှင်ဟာ အကုန်အကျ အင်မတန်သက်သာကြောင်း သိရပါတယ်။
--
Ref: techblog
Aung Kham (TSJ team)

TechSpace Journal

အမေရိကန်၏ ဒုံးကျည်ကာကွယ်ရေးစနစ်များ ဂူအမ်တွင် ပြောင်းရွှေ့ထားမည်

မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှုများ မြင့်တက်လာသည့်နောက် အမေရိကန်သည် ဒုံးကျည်ကာကွယ်ရေး စနစ်များကို ဂူအမ်သို့ ပြောင်းရွှေ့ ထားရှိရန် လုပ်ဆောင်နေကြောင်း သိရှိရသည်။ အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာန၏ ၎င်း၏ ခေတ်မီ ဒုံးကျည်ကာကွယ်ရေး စနစ်တစ်ခုကို ပစိဖိတ် သမုဒ္ဒရာအတွင်းရှိ အမေရိကန်ပိုင် ကျွန်းနိုင်ငံသို့ ပြောင်းရွှေ့မည်ဟု အတည်ပြုခဲ့သည်။

ကွန်မြူနစ် နိုင်ငံ၏ စစ်မက်လိုလားသော အရိပ်အယောင်များ ပိုမို သိသာ ထင်ရှားလာချိန်တွင် အမေရိကန်သည် ၎င်းတို့၏ လုံခြုံရေးအတွက်ရော၊ ပစိဖိတ်ဒေသရှိ မဟာမိတ် နိုင်ငံများကို ကာကွယ်ရန် အတွက်ပါ အလေးအနက် စဉ်းစားလာရသည်။

ပြုံယမ်းရှိ မြောက်ကိုရီးယား အစိုးရက မိမိတို့၏ စစ်တပ်သည် ယခုအခါ အဆုံးသတ် နျူကလီးယား တိုက်ခိုက်မှု တစ်ခုကို ပြုလုပ်ရန်ပင် ခွင့်ပြုချက် ရရှိထားပြီဟု ကြေညာခဲ့သည့်နောက် အမေရိကန်အတွက် ပိုမို အလေးထားစရာ ဖြစ်လာခဲ့သည်။

မြောက်ကိုရီးယားသည် ပြီးခဲ့သည့် သီတင်းပတ်များအတွင်း အမေရိကန်နှင့် တောင်ကိုရီးယားတို့ကို မာန်မဲ ခြိမ်းခြောက်နေခဲ့သလို အမေရိကန်ကလည်း ၎င်း၏ မဟာဗျူဟာမြောက် လေတပ် တိုက်လေယာဉ်များကို တောင်ကိုရီးယားတွင် အခြေစိုက်စေခြင်းဖြင့် တုံ့ပြန်ခဲ့သည်။

မြောက်ကိုရီးယားသည် ကြာသပတေးနေ့တွင် နိုင်ငံပိုင်နက်ထဲသို့ (၆)မိုင် ဝင်ရောက်ခွင့် ပြုထားသည့် တောင်ကိုရီးယားနှင့် ဖက်စပ်လုပ်ကိုင်သောကေဆွန် စက်မှုဇုန်ကိုလည်း မိမိတို့ဘက်ခြမ်းအား ပိတ်ဆို့လိုက်ပြီ ဖြစ်သည်။ ထို့အပြင် နှစ်နိုင်ငံ နယ်စပ်ကိုလည်း ဗုဒ္ဓဟူးနေ့က စတင် ပိတ်ဆို့ထားသည်။

အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနက မိမိတို့၏ ဒုံးကျည်ကာကွယ်ရေး စနစ်ဖြစ်သော THAADကို ပစိဖိတ် ရပ်ဝန်းတွင် ဖြန့်ကျက်ထားမည်ဟုပြောကြားထားသည်။ THADDသည် ထရပ်ကားကြီးများပေါ်တွင် တပ်ဆင်ထားသည့် ရွေ့လျားနိုင်သော ဒုံးခွင်းဒုံး စနစ်ဖြစ်ပြီး ခွင်းဒုံးများနှင့် AN/TPY-2 ရေဒါစနစ်တို့ကို တပ်ဆင်ထားသည်။

အမေရိကန်၏ ပင်တဂွန် စစ်ဌာနချုပ်က ယင်းစနစ်များကို ဂူအမ်ရှိ အမေရိကန်စစ်စခန်းများသို့ ပြောင်းရွှေ့ထားမည်ဖြစ်ပြီး မြောက်ကိုရီးယား၏ ဒေသတွင်း ဒုံးကျည်ဖြင့် ခြိမ်းခြောက်မှုကို တားဆီးမည်ဟု အတည်ပြုခဲ့သည်။

အမေရိကန်တွင် THADD ဒုံးခွင်းဒုံးစနစ် တပ်ဆင်ထားသော ထရပ်ကား (၂၄)စင်း တည်ဆောက်ထားပြီး ၎င်း၏ ဒုံးကျည်များသည် တစ်စက္ကန့်လျှင် (၂.၈)ကီလိုမီတာ မြန်နှုန်းဖြင့် ပျံသန်းကာ တာတိုနှင့် တာလတ် ပစ်မှတ်များကို ဖျက်ဆီးနိုင်ကြောင်း သိရှိရသည်။

သို့သော်လည်း (၂၀၁၂)ခုနှစ် စမ်းသပ်မှုများအရမူ THAADသည် စကာ့ဒ်ဒုံးကျည်နှင့် အလားတူ လက်နက်များကို ရာနှုန်းပြည့် တားဆီးနိုင်သော်လည်း တိုက်ချင်းပစ် ICBMဒုံးကျည်များကို ကြားဖြတ် ဟန့်တားရာတွင်မူ စွမ်းဆောင်ရည် အကန့်အသတ်အချို့ ရှိနေဆဲဟုလည်း ဖော်ထုတ် တွေ့ရှိထားသည်။

Source: BBC
Planet Myanmar Network

WCDMA (3G) ဖုန်းဆင်းကတ် ကယားနှင့် ချင်းပြည်နယ်ကို ရောင်းချမည်

ဧပြီ ၂၄ ရက်မှာ ငွေကျပ် ၁၅၀၀ နဲ့ ရောင်းချမယ့် တယ်လီဖုန်းဆင်းကတ် တမျိုးဖြစ်တဲ့ WCDMA (3G) ဖုန်းဆင်းကတ်တွေဟာ ကယားနဲ့ ချင်းပြည်နယ်ကို ရောင်းချဖို့ ဖြစ်တယ်လို့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ဒုတိယအင်ဂျင်နီယာချုပ် ဦးစိုးအောင်က ပြောပါတယ်။

မြန်မာ့ဆက်သွယ်ရေးက ဧပြီ ၂၄ ရက်မှာ စတင်ရောင်းချမယ့် ဆင်းကတ်တွေဟာ CDMA-800 နဲ့ WCDMA (3G)  ဆင်းကတ်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။

အသုံးပြုလို့ ရမယ့် ဟမ်းဆက်တွေနဲ့ ပတ်သက်ပြီး မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း၊ မိုဘိုင်းဖုန်းဌာနဒုတိယအင်ဂျင်နီယာချုပ် ဦးစိုးအောင်က “၈၀၀ သည် ၈၀၀ ဟမ်းဆက်မှပဲ ရမယ်။ WCDMA ဟမ်းဆက်ဆိုတာ မြင့်နေမှရမယ်။ 3G ဟမ်းဆက်ပဲ ထည့်လို့ရမယ်။ တချို့နေရာတွေမှာ ဂျီ (ဂျီအက်စ်အမ်) ပဲ ရတဲ့နေရာတွေရှိတယ်။ ဒဗလျူရပေမယ့် ဒဗလျူ ဟမ်းဆက်ထဲမှာ မထည့်ခဲ့ဘူးဆိုရင် မရဘူး။ WCDMA ဟမ်းဆက်တွေ မြင့်တယ်။ 3G ထည့်မှ နားလည်တယ်။ နက်ဝဆီလည်း သွားပြီးအလုပ်လုပ်တယ်။  3G ဟမ်းဆက်ဖြစ်မှ အဆင်ပြေမယ်” လို့ ပြောပါတယ်။

လိုင်းကျပ်တာမျိုး မဖြစ်အောင် ပြင်ဆင်ထားကြောင်းလည်း ပြောပါတယ်။

အခု ရောင်းမယ့်ဖုန်းဆင်းကတ် အရေအတွက်နည်းတာမို့ ထူးထူးကဲကဲ ရောင်းရလိမ့် မထင်ဘူးလို့ ရန်ကုန်မြို့ လူကြီးမင်းဖုန်းစင်တာက အထွေထွေမန်နေဂျာ ဒေါ်ဇာခြည်လင်းက ပြောပါတယ်။

“ကတ်အရေအတွက်ကလည်း နည်းတဲ့အတွက်ကြောင့် အရင် ၂ သိန်းလောက် သိပ်ပြီး ဟမ်းဆက်ဈေးကွက်ကို မလှုပ်ဘူးလို့ ထင်ပါတယ်။ အရင် ၂ သိန်းတုန်းကဆို ကုမ္ပဏီတွေကလည်း ရတယ်၊ ဆိုင်တွေကလည်း ရတယ်၊ ပြီးတော့ အများကြီးလည်း ထွက်တယ်ဆိုတော့ အခုချိန်မှာ limit လည်း သတ်မှတ်ထားတော့ အရေအတွက်က လိုချင်သလောက်မရတော့ ဈေးကွက်က အရင် သိန်းလောက်တော့ မလှုပ်လောက်ဘူး မြင်ပါတယ်။”

ဒီအရင် ၂ သိန်းတန်ဖုန်းက အရေအတွက် ၁ သန်း ရောင်းချခဲ့တာ ဖြစ်ပါတယ်။

၁၅၀၀ တန် ဆင်းကတ်တွေကို ပြည်နယ်နဲ့ တိုင်းအစိုးရတွေ အစီအစဉ်နဲ့ ရောင်းချတဲ့ နေရာမှာ ပွင့်လင်းမြင်သာမှုရှိရှိ ရောင်းချဖို့ လိုတယ်လို့ ပေါ်ပြူလာဂျာနယ် အယ်ဒီတာ ဦးမျိုးညွန့်က ပြောပါတယ်။

“ဖုန်းဈေးတခုဟာ နိုင်ငံတော် လျှို့ဝှက်ချက်မဟုတ်ဘူးလို့ ကျနော်တို့ ယုံကြည်တယ်။ အဲလိုအနေအထားမှာ ဖုန်းနဲ့ ပတ်သက်တဲ့ program ဘာတွေ ရှိမယ်ဆိုရင်လည်း ဒီ program တွေနဲ့ ပတ်သက်ပြီး ပြည်သူတွေကို သေသေချာချာ ပွင့်ပွင့်လင်းလင်း ပြောသင့်တယ်လို့ မြင်တယ်။ ”

အခြေခံလူတန်းစားတွေကတော့ ၁၅၀၀ နဲ့ ဖုန်းကိုင်လို့ ရကြတော့မှာမို့ ၀မ်းသာနေကြတယ်လို့ ပြောပါတယ်။

ဖုန်းဆင်းကတ် ၃ သိန်းခွဲကို ပြည်နယ်နဲ့တိုင်း အားလုံးမှာ ခွဲဝေရောင်းချပေးမှာမို့ လူနေထူထပ်တဲ့ ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ စရောင်းတဲ့နေ့တွေ ၀ရုန်းသုန်းကား ဖြစ်နိုင်မလား၊

တဆင့် ပြန်ရောင်းတာတွေရော ဖြစ်နိုင်မလားလို့ မန္တလေးက စာရေးဆရာ သတင်းစာဆရာ ဦးကျော်ရင်မြင့်ကို မေးမြန်းရာမှာ ဖြစ်မယ်မထင်ဘူးလို့ ပြောပါတယ်။

“အဆင်ပြေလိမ့်မယ်လို့ ထင်ပါတယ်။ သူက လူတွေကို အကုန်လုံး ချရောင်းလိုက်မှာ မဟုတ်သေးဘူး။ ၀န်ထမ်းတွေက အချိုးဘယ်လောက်၊ ဘာအချိုးဘယ်လောက်ဆိုပြီး အချိုးတွေပဲ ရှိသေးတယ်။ နောက်တခုက ဖုန်းမရသေးဘူးဆိုတဲ့သူတွေကို ရောင်းမယ်ဆိုတာမျိုးလည်း ရှိသေးတယ်။ ဈေးအတော်သက်သာသွားတဲ့အတွက် သာမန်လက်လုပ်လက်စား အတော်များများ ၀ယ်ချင်ကောင်း ၀ယ်ချင်လိမ့်မယ်။ ဒီအပေါ်ကနေပြီး အမြတ်ထုတ် တဆင့်ခံ ရောင်းဖို့ကလည်း အလားအလာကြီးတော့ ၀ရုန်းသုန်းကား ဖြစ်လိမ့်မယ်လို့ မထင်ဘူး။ လိုချင်တဲ့သူများပြီး အထိုက်အလျောက် တိုးဝှေ့တာမျိုးတော့ ရှိရင်ရှိလိမ့်မယ်။”
ဧပြီ ၂၄ ရက်နေ့ ရောင်းမယ့် ဖုန်းဆင်းကတ်တခုဖြစ်တဲ့ CDMA-800 ဖုန်းဟာ နိုင်ငံခြားကိုပါ ခေါ်ဆိုနိုင်မှာ ဖြစ်ပြီး ၁၅၀၀ တန်ဖုန်း ရောင်းချမယ့်အစီအစဉ်တွေကို ဆက်လက် သတင်းထုတ်ပေးသွားမယ်လို့ အစိုးရသတင်းက ဆိုပါတယ်။

 by ရွှေအောင် (ဒီဗွီဘီ)

ဘာသာခြားဘ၀ကနေ အခက်အခဲ များစွာကို ကျော်လွှားပြီးမှ ဗုဒ္ဓဘာသာဖြစ်လာသူတွေကတော့ ဗုဒ္ဓဘာသာကို အလွန်တန်ဖိုးထား

အီတလီ ဘုန်းတော်ကြီး ဦးလောကနာထ မှ သာသနာရေးအရာရှိ ဦးဟန်ဋ္ဌေးကို ပြောကြားခဲ့သော စကား..........
"ဒကာကြီး ဦးဟန်ဋ္ဌေး ....မြန်မာပြည်က ဗုဒ္ဓဘာသာဝင်တွေဟာ ဘုရင့်သားကနေ ဘုရင် ဖြစ်လာတာနဲ့ တူတယ် ။ နိုင်ငံခြားသား ဘာသာခြားကနေ ဗုဒ္ဓဘာသာဖြစ်လာတဲ့သူတွေကတော့ ဆင်းရဲသားကနေ ဘုရင်ဖြစ်လာတာနဲ့ တူတယ် ။ ဘုရင့်သားတော်ကနေ ဘုရင်ဖြစ်လာတဲ့အခါ လွယ်ကူလွန်းတော့ ဘုရင် အဖြစ်ကို သိပ်တန်ဖိုး မထားသလို မြန်မာပြည်သားများဟာလည်း ဗုဒ္ဓဘာသာ အဖြစ်ကို လွယ်လွယ်ကူကူရတော့ ဗုဒ္ဓဘာသာအဖြစ်ကို တန်ဖိုး မထားကြဘူး ။ ဒါကြောင့်လည်း ၀မ်းရေး တစ်ခုလောက်အတွက်နဲ့  ဘာသာ ပြောင်းကြတာပေါ့ ။ ဆင်းရဲသားအဖြစ်က ကျားကုတ်ကျားခဲ ကြိုးစားပြီး ဘုရင် ဖြစ်လာတဲ့သူက ဘုရင် အဖြစ်ကို အလွန်တန်ဖိုးထားသလို ကျုပ်တို့ လို ဘာသာခြားဘ၀ကနေ အခက်အခဲ များစွာကို ကျော်လွှားပြီးမှ ဗုဒ္ဓဘာသာဖြစ်လာသူတွေကတော့ ဗုဒ္ဓဘာသာကို အလွန်တန်ဖိုးထားတယ် ။ ဘယ်လောက်အထိ တန်ဖိုးထားသလဲဆိုရင် ဗုဒ္ဓဘာသာအဖြစ်ကို အသက်ထက် တန်ဖိုးထားတယ် "

SweSwe Winn

၄၈ လမ်း ဗလီ မီးလောင်မှု နောက်ဆုံးရဖြစ်စဉ်အမှန်

ပြည်သူများ ပွင်လင်မြင်းသာမှု ရှိစေရန် အတွေးမှား၊ အယူအဆမှား မဖြစ်စေရန် ဖြစ်စဉ်မှန် နောက်ဆုံး ရရှိသည့် သတင်းအား  Myanmar News Now  မှ  ရရှိဓာတ်ပုံမှတ်တမ်းများနှင့် တင်ပြအပ်ပါသည်။

“ ရှို့မီး ” ဟုပြောကြားချက် သတင်းအပေါ် ရှင်းလင်းချက် မျက်မြင်တွေ့ရှိချက်၊ မီးသတ်မှ တာဝန်ရှိသူများနှင့် ကျွမ်းကျင်သူများ၏ စစ်ဆေးချက်အရ လှေကားရင်း မီးအားမြှင့်
ဗလီ ၀င်/ထွက် တံခါးများ အတွင်းမှ သော့ခတ်ပိတ်ထားခြင်း၊ ပြတင်းတံခါးများမှလည်း  ပစ်သွင်းနိုင်ခြင်းမရှိခြင်း။ စက်မှ စတင် လောင်ကျွမ်းကြောင်း သိရှိရခြင်း၊ မီးအားမြှင့်စက်အနီး အိပ်စက်ခဲ့သော  ကျောင်းသားကလေးများ ထွက်ဆိုချက် အခိုင်အမာအရ  “ ရှို့မီး ” မဟုတ်ဘဲ  မီးအားမြှင့်စက်မှသာ စတင်လောင်ကျွမ်းခြင်း ဖြစ်သည်။

6
Share on facebook Share on linkedin Share on twitter Share on email More Sharing Services 6http://www.thithtoolwin.com/2013/04/blog-post_5635.html#.UV237pi0yt9

Thursday, April 4, 2013

ဂျာမနီက မြေအောက် ရထား ဂိတ်ပေါက်

Hnin Thiri shared Myanmar Online News's photo.
ဂျာမနီက မြေအောက် ရထား ဂိတ်ပေါက်
Thursday, April 4, 2013

ဂျာမနီနိုင်ငံ၊ Frankfurt မြို့ မှာ ရှိတဲ့ မြေအောက်ရထား ဂိတ်ပေါက် တစ်ခု ဖြစ်ပါတယ်။

Bockenheimer Warte ကိုသွားမယ့် မြေအောက်ရထားဘူတာရုံသို့ သွားရာ လမ်း ဖြစ်ပြီး ရထားတစ်စီးမြေအောက်ထိုးစိုက်နေတဲ့ ပုံစံမျိုး တည်ဆောက်
ထားပါတယ်။ ၁၉၈၁ ခုနှစ်ကတည်းက တည်ဆောက်ခဲ့ တာ ဖြစ်ပါတယ်။ အဲ့ဒီအချိန် တည်ဆောက်တုန်းက သိပ် မထူးခြားပေ မယ့် ၂၀၀၁ ခုနှစ်
ရောက်မျာ သေချာ ပြန်လည် ပြုပြင် မှုကြောင့် တကယ့် ရထား တစ်စီး ထိုးစိုက်နေတဲ့ ပုံစံကို ရရှိခဲ့ပါတယ်။

ယင်း ရထားဘူတာဂိတ်ပေါက်ကို ကမ္ဘာ့အထူးခြားဆုံး ဘူတာ ဂိတ်ပေါက် (World’s Coolest Subway Entrance) အဖြစ် သတ်မှတ်ထားကြောင်း သိရပါတယ။်

Ref: techblog
International news for myanmar

http://www.innewsmyanmar.com

http://www.innewsmyanmar.com/

ပေ ၄၀ ရှည်ကမ္ဘာ့အလေးဆုံး မြွေ - Anaconda

အနာကွန်ဒါမြွေလို့ လူသိများတဲ့ စပါးကြီးမြွေတစ်မျိုးဟာ တောင်အမေရိကမှာပဲ ရှိပါတယ်။ သူ့ကို စပါးကြီးမြွေ အမျိုးအစားထဲတောင် မထည့်ပါဘူး။ Anaconda (အနာကွန်ဒါ)မြွေ ဆိုပြီးတောင် သီးသန့် အမျိုးအစား မျိုးဆိပ်တစ်ခု ခွဲထားပါတယ်။ သူ့ထဲမှာမှ အနည်းဆုံး ၇ မျိုးအထိ ထပ်ကွဲသွားပြီး အကြီးဆုံး၊ အရှည်ဆုံး၊ အလေးဆုံး ကတော့ အစိမ်းရောင် အနာကွန်ဒါ ဖြစ်ပါတယ်။

စားသုံးမှု

ပုံမှာ မြင်တွေ့ရတဲ့အတိုင်း ကိုယ့်ခန္ဓာကိုယ်ထက် အဆပေါင်းများစွာ ကြီးတဲ့ သတ္တဝါတွေကို ဖမ်းယူ စားသုံး နိုင်ပါတယ်။ အဆိပ်ရှိတဲ့ မြွှေများ မဟုတ်ပါဘူး။ ခန္ဓာကိုယ် အသုံးပြုတဲ့ မြွှေဖြစ်ပြီး သားကို အရိုးချိုးပြီးတော့ မြိုပါတယ်။ ရေကူးကျွမ်းပြီး ကုန်းနေ၊ ရေနေသတ္တဝါ နှစ်မျိုးလုံးက သူ့အတွက် အစာပဲ ဖြစ်ပါတယ်။ နွား၊ ဆိတ်၊ ယုန်၊ ရေမြင်း၊ သမင်နဲ့ အကောင်ငယ်၊ အကောင်လတ် အမျိုးမျိုးက သူ့အတွက် အစာတွေပဲ ဖြစ်ပါတယ်။

နေထိုင်မှု

တောင်အမေရိက တိုက်မှာပဲ နေပါတယ်။ အများအားဖြင့် ဗင်နီဇွဲလားနိုင်ငံမှာ စံချိန်တင် အကြီးဆုံး အကောင်တွေ တွေ့မြင်ရပြီး၊ ဘိုလီဗီးယား၊ ကိုလံဘီယာ တို့လို နိုင်ငံတွေမှာလည်း ရှိပါတယ်။ တောင်အမေရိကန်က နိုင်ငံတွေတိုင်းက တောထဲမှာ အသက်ရှင် နေထိုင်ကျက်စားပါတယ်။

အရွယ်ကြီးထွားမှု

သူ့မှာ အရွယ်ကြီးထွားမှုအတွက် ကန့်သတ်ချက် မရှိပါဘူး။ အသက်ရှင်နေသရွေ့  အရွယ်က ကြီးနေ နိုင်ပါတယ်။ ဒါကြောင့် စံချိန်တင် ကမ္ဘာ့အရှည်ဆုံး အနာကွန်ဒါဆိုရင် ပေ ၄၀ ကျော်အထိ ရှည်တာ တွေ့မြင်ခဲ့ရပါတယ်။ အငယ်ဆုံးကတော့ ၅ ပေအထက်ရှိပြီး ၂၅ ပေ အထိ ရှည်တဲ့ အနာကွန်ဒါများကို အလွယ်တကူ တွေ့မြင်နိုင်ပါတယ်။ အရွယ်ပဲ ကြီးတာ မဟုတ်ပါဘူး။ အလေးချိန်လည်း စီးပါတယ်။ ပေါင် ၅၀၀ အထက်အထိ စံချိန်တင်တွေ့ရှိထားပြီး ယင်းထက်လည်းပိုလေးနိုင်ပါတယ်။ ဒါကြောင့် အနာကွန်ဒါကို ဖမ်းဆီးတဲ့အခါကျ ဘူဒိုဇာစက်ကြီးများနဲ့ သယ်ဆောင်ရတဲ့အထိ တောင်အမေရိကမှာ တွင်ကျယ်ပါတယ်။

အန္တရယ်ပြုမှု

လူသားတွေကို အန္တရယ်မပြုနိုင်ပါဘူး။ သို့ပေမယ့် နီးနီးစပ်စပ်မနေဖို့ တားမြစ်ထားပါတယ်။ အများအားဖြင့် သူတို့ရဲ့  သားကောင်ဟာ အခြား တောရိုင်းသတ္တဝါများ ဖြစ်ပေမယ့် လူသားကိုလည်း ပစ်မှတ်ထားနိုင်ချေ ရှိလို့ ဖြစ်ပါတယ်။

အနာကွန်ဒါနှင့် သမိုင်းကြောင်း

ကမ္ဘာဦးကတည်းက တည်ရှိတဲ့ မြွေမျိုးစိတ် တစ်မျိုးဖြစ်တယ်လို့ လက်ခံ ယုံကြည်ထားကြပါတယ်။ ပေ ရာကျော် ရှာတဲ့ အနာကွန်ဒါမြွေမျိုးမှာ တစ်ချိန်က ရှိခဲ့မယ်လို့ လေ့လာသူများက မှတ်ချတ်ပြုထားပါတယ်။ ယနေ့အချိန်မှာတောင် သေချာရှာမယ်ဆိုရင် ပေ ၅၀ ကျော်လည်းတွေ့နိုင်တယ်လို့ ယုံကြည်ထားပါတယ်။ သမိုင်းထဲမှာလည်း အကြီးဆုံး ဖြစ်သလို ယနေ့ခေတ်မှာလည်း အကြီးဆုံး၊ အရှည်ဆုံး၊ အလေးဆုံး မြွှေတစ်မျိုး အဖြစ် စံချိန်တင်ပါတယ်။

မျိုးပွားမှု

အနာကွန်ဒါမြွေတစ်ကောင်ဟာ ဥဥရင် အလုံး ၄၀ အထိ ဥတယ်လို့ လေ့လာတွေ့ရှိထားပါတယ်။ သို့ပေမယ့် တောတွေထဲမှာကျ ဥအလုံးရေ ၁၀၀ မကလည်း တစ်ပြိုင်နက်တည်းဥနိုင်တဲ့ အနာကွန်ဒါများ ရှိနေတယ်လို့ လက်ခံ ယုံကြည်ထားပါတယ်။ ဥတစ်ခါ ဥပြီးရင် အနာကွန်ဒါမဟာ သူ့ယခင် အလေးချိန်ထက် တစ်ဝက်တိတိ ကျတယ်လို့ ဆိုပါတယ်။

အနာကွန်ဒါနှင့် အနာဂတ်

အနာကွန်ဒါမြွှေမျိုးကို အခြေခံလို့ ရုပ်ရှင်တွေ၊ ဇာတ်လမ်းတွေ၊ ဒိုင်နိုဆောကဲ့သို့ အကောင်ကားတွေ များစွာပေါ်ထွက် ခဲ့ပါတယ်။ အမှန်တော့ ဇာတ်လမ်းတွေထဲမှာသာ အန္တရယ်ပြုတတ်တဲ့အကောင်လို ထင်ရမြင်ရပြီး အပြင်မှာကျ လူသားတွေနဲ့ဝေးဝေးနေတတ်တဲ့အကောင် ဖြစ်ပါတယ်။ ပေ ၂၀ အထက်ရှည်တဲ့ အနာကွန်ဒါတစ်ကောင်ကို အမေရိကန်ဒေါ်လာ ငါးသောင်းအထက်နဲ့ ပေါက်ဈေးရှိလို့ တောင်အမေရိကမှာ အနာကွန်ဒါမြွှေအမဲလိုက်မှု ခေတ်စားတယ်လို့ ဆိုပါတယ်။ အနာကွန်ဒါမြွှေမျိုးများဟာ မြွှေမှာတင်မကပပဲ သတ္တဝါတွေအားလုံးမှာ ကမ္ဘာ့ထုထည် အကြီးဆုံး သတ္တဝါတစ်မျိုးအဖြစ် မှတ်တမ်းတင်ထားကြောင်း သိရပါတယ်။
--
Ref: wiki
International news for myanmar

--
http://www.innewsmyanmar.com/2013/03/anaconda.html

ချက်အရက် အတုတွေကြောင့် မလေးရှားရောက် မြန်မာ အလုပ်သမားတွေ သေဆုံးမှုရှိနေ

ချက်အရက်နဲ့ မြန်မာအရက်အတုတွေကြောင့် မလေးရှားရောက် မြန်မာအလုပ်သမားတွေနဲ့ တရားမ၀င်နေထိုင်နေသူ မြန်မာတွေအကြား သေဆုံးတာတွေရှိနေတယ်လို့ RFA က စုံစမ်းသိရပါတယ်။

ဒီလိုသေဆုံးတာတွေကို မလေးရှား ကျန်းမာရေးဌာနတွေက သတိပေးတာတွေရှိနေပြီး အလုပ်သမားအရေး ဆောင်ရွက်နေသူတွေအနေနဲ့ လိုက်လံကူညီဆောင်ရွက်ဖို့ ကြိုးစားရာမှာ တရားဝင်အထောက်အထား မရှိတဲ့အတွက် အရေအတွက်နဲ့ အမည်နေရပ်သိနိုင်ဖို့ ခက်ခဲလေ့ရှိတယ်လို့လည်း သိရပါတယ်။

အလုပ်ကြမ်း လုပ်ကိုင်နေရသူတွေအတွက် ကနဦးက မြန်မာပြည်ကနာမည်ရှိတဲ့ အရက်တွေကို မှာယူသောက်သုံးကြပေမယ့် ၂၀၀၇ နောက်ပိုင်းမှာ ချက်အရက်တွေကို တံဆိပ်တု တပ်ရောင်းတာတွေရှိလာတယ်လို့ အလုပ်သမားအရေး ဆောင်ရွက်သူ ကိုထွန်းထွန်းက ပြောပါတယ်။

ချက်အရက်တွေမှာ မက်သနောပါတဲ့အတွက် အသက်အန္တရာယ်ပေးတဲ့အထိ ဒုက္ခရောက်ကြရတာလို့လည်း မလေးရှားကျန်းမာရေးတာဝန်ရှိသူတွေက မြန်မာမိသားစုတွေကို တိုက်တွန်းနေတယ်လို့လည်း သိရပါတယ်။

တစ်နပ်စား ၀န်းကြီး အကြောင်း

``တစ်နပ်စားဝန်ကြီး ``တဲ့ ကျုပ်တို့မြန်မာတွေ နာမည်ပေးကင်ပွန်းတပ်တော့ တော်သားဗျ။း)
လယ်သမားတွေကို ထမင်းတစ်နပ်လျှော့စားရန်ပြောခဲ့သော ဦးမြင့်လှိုင် အကြောင်း ဖွင့်ချခြင်း
=================================

တစ်နပ်စား ၀န်းကြီး အကြောင်းလေး
အများသိအောင် ဖွင့်ချလိုက်အုံးမယ်။

အဲဒီဝန်ကြီးက ဂျာမဏီနိုင်ငံ ဖရန့်ဖတ်မြို့ကို
ပြီးခဲ့တဲ့ ဖေဖ၀ါရီလလောက်က ရောက်လာပါတယ်။

မြို့ထဲမှာ စိတ်ကြိုက်ဈေးလိုက်ဝယ်လိုက်တာ
ဘယ်လောက်များလဲဆိုရင်
အခွန်ငွေချည်း
ယူရို ၇၀၀၀ မြန်မာငွေ သိန်း ၇၀ ကျော်ခန့်ကို
အလုပ်ရှုတ်တယ်ကွာဆိုပြီး ပြန်ထုတ်ယူမသွားပါဘူး။

နောက်ပြီး လေဆိပ်ထဲ အ၀င်
ပိုက်ဆံအိပ်ကြီးလက်ကြားထဲညှတ်ဝင်သွားတာ
ယူရို ၃ သောင်းကျော်ပါတယ်တဲ့
ဂျာမဏီထုံးစံအရ
တစ်သောင်းအထက်ဆို
ဘယ်လောက်ပါတယ်ဆိုတာ ကြေညာရပါတယ်
အဲဒါ မကြေညာတဲ့အတွက်
ယူရို ၆၀၀၀ မြန်မာငွေ သိန်း ၆၀ ကျော် ဒဏ်ရိုက်လိုက်ပါသတဲ့။

ဆင်းရဲသား လယ်သမားတွေကို ထမင်းတစ်နပ်လျှော့စားဖို့ တိုက်တွန်းတဲ့ဝန်ကြီးဟာ
ငွေပေါင်း သိန်း ၁၃၀ ကျော်ကို တရက်တည်းနဲ့
အလဟတ်သတ်ဖြုန်းပစ်လိုက်တာကို
အများသိအောင် ဖောက်ချလိုက်ပါတယ်။

Htay Tint

Myanmar News
လယ်သမားတွေကို ထမင်းတစ်နပ်လျှော့စားရန်ပြောခဲ့
သော ဦးမြင့်လှိုင် အကြောင်း ဖွင့်ချခြင်း
=================================

တစ်နပ်စား ၀န်းကြီး အကြောင်းလေး
အများသိအောင် ဖွင့်ချလိုက်အုံးမယ်။

အဲဒီဝန်ကြီးက ဂျာမဏီနိုင်ငံ ဖရန့်ဖတ်မြို့ကို
ပြီးခဲ့တဲ့ ဖေဖ၀ါရီလလောက်က ရောက်လာပါတယ်။

မြို့ထဲမှာ စိတ်ကြိုက်ဈေးလိုက်ဝယ်လိုက်တာ
ဘယ်လောက်များလဲဆိုရင်
အခွန်ငွေချည်း
ယူရို ၇၀၀၀ မြန်မာငွေ သိန်း ၇၀ ကျော်ခန့်ကို
အလုပ်ရှုတ်တယ်ကွာဆိုပြီး ပြန်ထုတ်ယူမသွားပါဘူး။

နောက်ပြီး လေဆိပ်ထဲ အ၀င်
ပိုက်ဆံအိပ်ကြီးလက်ကြားထဲညှတ်ဝင်သွားတာ
ယူရို ၃ သောင်းကျော်ပါတယ်တဲ့
ဂျာမဏီထုံးစံအရ
တစ်သောင်းအထက်ဆို
ဘယ်လောက်ပါတယ်ဆိုတာ ကြေညာရပါတယ်
အဲဒါ မကြေညာတဲ့အတွက်
ယူရို ၆၀၀၀ မြန်မာငွေ သိန်း ၆၀ ကျော် ဒဏ်ရိုက်လိုက်ပါသတဲ့။

ဆင်းရဲသား လယ်သမားတွေကို ထမင်းတစ်နပ်လျှော့စားဖို့ တိုက်တွန်းတဲ့ဝန်ကြီးဟာ
ငွေပေါင်း သိန်း ၁၃၀ ကျော်ကို တရက်တည်းနဲ့
အလဟတ်သတ်ဖြုန်းပစ်လိုက်တာကို
အများသိအောင် ဖောက်ချလိုက်ပါတယ်။

Htay Tint

Myanmar News

အိမ်ထောင်ဖက်ရွေးချယ်တဲ့ အခါ

မိန်းကလေးတွေဟာ

အိမ်ထောင်ဖက်ရွေးချယ်တဲ့ အခါမှာ..ပိုက်ဆံချမ်းသာတဲ့  ယောကျာ်းမျိုးကို များသောအားဖြင့် မကြိုက်ကြပါဘူး..။
1။မိန်းကလေးတွေတော်တော်များများကြိုက်တာ..အပြောချိုသာတဲ့ ယောကျာ်းမျိုးကိုကြိုက်တယ်။

2။စိတ်ကောက်ရင် အလိုသိချော့တတ်တဲ့  ယောကျာ်းမျိုးကြိုက်တယ်။

3။သစ္စာရှိပြီး..ခွင့်လွှတ်နားလည်တတ်တဲ့ ယောကျာ်းမျိုးကိုကြိုက်တယ်။

4။မိန်းမအလုပ် ယောကျာ်းအလုပ်မခွဲခြားပဲ..အားရင် အကုန်လုပ်တဲ့  မတွတ်ကပ်တတ်တဲ့ ယောကျာ်းမျိုးကိုကြိုက်တယ်။

5။ချစ်ခင်ကြင်နာသနားယုယကြင်နာတတ်တဲ့ ကိုယ်ချင်းစာစိတ်ရှိတဲ့ ယောကျာ်းမျိုးကိုကြိုက်တယ်။

6။သူတို့ ကိုချစ်ပြီး..သူတို့ ရဲ့  မိဘဆွေမျိုးအသိုင်းအ၀ိုင်းတွေနဲ့ လည်းခင်မင်ရင်းနှီးအောင် အတတ်နိုင်ဆုံး ကြိုးစားနေထိုင်ပေးတတ်တဲ့  ယောကျာ်းမျိုးကိုကြိုက်တယ်။

7။လျှို့ ဝှက်ချက်မရှိပင် အကောင်းအဆိုး သူတို့ နဲ့ အတူ အေးအတူ ပူအမျှ မျှဝေခံစားတတ်တဲ့ ယောကျာ်းမျိုးကိုကြိုက်တယ်။
8။လက်ကြောတင်းပြီး မပျင်းရိတဲ့ ယောကျာ်းမျိုးကိုကြိုက်တယ်။

9။ဆင်ခြေနည်းတဲ့  ယောကျာ်းမျိုးကိုကြိုက်တယ်။

10။မိသားစုနဲ့ သားသမီးတွေရဲ့  အနာဂတ်လာပရေးအတွက် အိမ်ထောင်ရှင်ကောင်းပီသတဲ့  ယောကျာ်းမျိုးကိုကြိုက်တယ်။

11။ပွစိ ပွစိ တစ်ချိန်လုံးမပြောတတ်ပဲ..၁၀ခွန်းတစ်ခွန်းပြောဆိုတတ်တဲ့  ယောကျာ်းမျိုးကိုကြိုက်တယ်။

12။အလိုလိုက်သင့်တဲ့ နေရာမှာ..အလိုက်တသိ အလိုလိုက်တတ်တဲ့  ယောကျာ်းမျိုးကိုကြိုက်တယ်။

13။မွေးနေ့ ..လက်ထပ်သောနေ့ ..ချစ်သူများနေ့ ..မမေ့ တတ်တဲ့ ယောကျာ်းမျိုးကိုကြိုက်တယ်။

14။ဦးစားပေးတတ်တဲ့ ယောကျာ်းမျိုးကိုကြိုက်တယ်။
15။တကိုယ်ကောင်းမဆန်ပဲ..အနစ်နာခံသင့်တဲ့ နေရာမှာ အနစ်နာခံတတ်တဲ့ ယောကျာ်းမျိုးကို ကြိုက်တယ်။

16။စည်းကမ်းရှိတဲ့  ယောကျာ်းမျိုးကိုကြိုက်တယ်။

17။ ကုန်သင့်တဲ့ နေရာမှာ အကုန်ခံတတ်တဲ့ ယောကျာ်းမျိုးကိုကြိုက်တယ်။

18။မတွန့် တိုပဲ ပေးကမ်းစွန့်ကြဲတဲ့  စိတ်ဓာတ်မျိုးရှိတဲ့  ယောကျာ်းမျိုးကို ကြိုက်တယ်။

19။ယဉ်ကျေးသိမ်မွေ့ တဲ့  ယောကျာ်းမျိုးကို ကြိုက်တယ်။

20။ပညာတတ်ပြီး မမောက်မာတဲ့ ယောကျာ်းမျိုးကိုကြိုက်တယ်။

21။ပညာမတတ်ရင်တောင် အသိဥာဏ်ရှိတဲ့ ယောကျာ်းမျိုးကိုကြိုက်တယ်။
22။ဒေါသကို ရှေ့ တန်းမတင်တဲ့ ယောကျာ်မျိုးကိုကြိုက်တယ်။

23။ကိုယ့်ကိုယ်ကို နှိမ်ချသင့်တဲ့ နေရာမှာ နှိမ်ချတတ်တဲ့  ယောကျာ်းမျိုးကိုကြိုက်တယ်။

24။ဇနီးနဲ့ သားသမီးတွေအတွက် ဖခင်ကောင်းဖြစ် ဖို့  ကြိုးစားပြီး နေထိုင်တတ်တဲ့  ယောကျာ်းမျိုးကိုကြိုက်တယ်။

25။သူတို့ အရင်သေရင်တောင် နောက်အိမ်ထောင်မပြုပဲ သားသမီးတွေနဲ့ အတူ နေထိုင်ပြီး သေမယ့် ယောကျာ်းမျိုးကို ကြိုက်တယ်။

မှတ်ချက်။ ။အဓိကပြောချင်တာကတော့ မိန်းမတွေအိမ်ထောင်ဘက်ရွေးချယ်တဲ့ အခါမှာငွေကြေးဥစ္စာချမ်းသာတာကို ကြည့်ပြီးရွေးချယ်တာမဟုတ်ဘူးဆိုတာပါပဲ။း)

ပိုးပိုး ယု

နိုင်ငံတော်ရဲ့ အဆင့်မြင့်ရာထူး ယူထားသူတွေ ၊ ထိပ်တန်း အရာရှိတွေ အနေနဲ့ ဇူလိုင်လမှာ ၀င်ငွေကို ကြေညာရမယ်လို့ သမ္မတ က အမိန့်ထုတ်ပြန်

((( ဒီတစ်ခါတော့ .. သမ္မတကြီး ရဲ့ ပြတ် သားမှုကို လုံးဝ ထောက်ခံတယ် )))

နိုင်ငံတော်ရဲ့ အဆင့်မြင့်ရာထူး ယူထားသူတွေ ဇူလိုင်လ မှာ ၀င်ငွေ ကြေညာဖို့ သမ္မတ က အမိန့်ထုတ်ပြန်

နိုင်ငံတော်ရဲ့ အဆင့်မြင့်ရာထူး ယူထားသူတွေ ၊ ထိပ်တန်း အရာရှိတွေ အနေနဲ့ ဇူလိုင်လမှာ ၀င်ငွေကို ကြေညာရမယ်လို့ သမ္မတ က အမိန့်ထုတ်ပြန် လိုက်ပြီဖြစ်ပါတယ်။ နိုင်ငံပြင်ပမှာ ၀ယ်ယူတဲ့ အိမ်ယာတွေကို ဘယ်က ၀င်ငွေ နဲ့ဝယ်သလဲဆိုတာ ရှင်းမပြနိုင်သူတွေကို ရာထူးကနေဖယ်ရှားမှာပါ။ ဒီထဲမှာ ချွင်းချက် ထားမဲ့သူ မရှိဘူးလို့ သမ္မတ ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်က ပြောဆို လိုက်ပါ တယ်။ အစိုးရ အရာရှိ တွေထဲမှာ လာဘ်စားမှုတွေ တိုက်ဖျက်ရေး အတွက် လွှတ်တော်မှာ သမ္မတ ပူတင်က တင်ပြပေမဲ့ အောက်လွှတ်တော်က
ကန့်ကွက်တဲ့ အတွက် နောက်ဆုံး သမ္မတရဲ့ အမိန့် အာဏာနဲ့ အခုလို ထုတ်ပြန် လိုက်တာဖြစ်ပါတယ်။
Thein Win

တိုက်စစ်မှူး ကြည်လင်း အာစီယံ အကောင်းဆုံး ဆုရရှိ

အာစီယံဘောလုံးသမားများထဲမှ စာဖတ်ပရိသတ်များ ရွေးချယ်သည့် ၂၀၁၃ ခုနှစ်အတွက် အကောင်းဆုံး ကစားသမားဆုကို မြန်မာ့ လက်ရွေးစင် ကစားသမား ကြည်လင်း ရရှိသွားခဲ့ကြောင်း goal ၀က်ဘ်ဆိုဒ် တွင် ဖော်ပြထားသည်။

တိုက်စစ်မှူး ကြည်လင်းသည် ရမှတ် ၅၀ ကျော်ဖြင့် ပထမနေရာကို ရရှိခဲ့ခြင်းဖြစ်ပြီး ၎င်း၏နောက်တွင် ဖိလစ်ပိုင်နိုင်ငံမှ ဘယ်တောင်ပံ ကစားသမား ကလီဒေါင်က ရမှတ် ၃၀ ကျော်ဖြင့် ဒုတိယ ရရှိခဲ့ခြင်း ဖြစ်သည်။

၂၀၀၄ ခုနှစ်ကတည်းက ဖိလစ်ပိုင်လက်ရွေးစင်အသင်းတွင် ပါဝင်ကစားခဲ့သည့် အသက် ၃၀

ရှိပြီဖြစ်သော တောင်ပံကစားသမား ကလီဒေါင်သည် လက်ရွေးစင်အသင်းနှင့်အတူ ၁၆ ဂိုးသွင်းယူပေးနိုင်ခဲ့ပြီး
ဖြစ်သည်။

တစ်နှစ်တာ အကောင်းဆုံး ကစားသမား ဆုအတွက် နောက်ဆုံးအဆင့် ရွေးချယ်မှုတွင် လေးနိုင်ငံမှ ကစားသမား လေးဦးပါဝင်ပြီး မြန်မာမှ ကြည်လင်း၊ ဖိလစ်ပိုင်မှ ကလီဒေါင်၊ ထိုင်းမှ ဒန်းဒါနှင့် စင်္ကာပူမှ ဆာရီအစ်ဟတ် တို့ဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံမှ တိုက်စစ်မှူး ဒန်းဒါနှင့် စင်္ကာပူနိုင်ငံမှ ကွင်းလယ်ကစားသမား ဆာရီအစ်ဟတ် တို့မှာ ရမှတ် ၈ မှတ်ကျော်သာ ရရှိခဲ့ကြောင်း သိရသည်။

အာစီယံဘောလုံး အဖွဲ့ချုပ်၏ တစ်နှစ်တာ အကောင်းဆုံး ဆုပေးပွဲ အခမ်းအနားကို လာမည့် ဧပြီ ၃ ရက်နေ့တွင် မလေးရှားနိုင်ငံ ပီနန်မြို့၌ ကျင်းပ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

မြန်မာ့ခေတ်