This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Monday, March 11, 2013

အိန္ဒိယ မြန်မာနယ်စပ်မှာ လက်နက်များဖမ်းမိ


စက်သေနတ် တစ်လက် အပါအဝင်အေကေ ၄၇ မောင်းပြန် ရိုင်ဖယ် သေနတ် ၃၃ လက်နဲ့ ခဲယမ်းမီးကျောက်တွေကို မြန်မာနယ်စပ် အနီးမှာ တည်ရှိတဲ့ အိန္ဒိယနိုင်ငံ မီဇိုရမ် ပြည်နယ် အိုင်ဇောမြို့ လေဆိပ် အနီးက တဲတစ်လုံးထဲမှာ လွန်ခဲ့တဲ့ ကြာသပတေးနေ့နဲ့ သောကြာနေ့တွေက ရှာဖွေ ဖမ်းဆီးမိခဲ့ ပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


AK47လက်နက်များ

ငြိမ်းချမ်းရေးအတွက် လမ်းလျှောက်သူများ လိုင်ဇာအနီး တားမြစ်ခံရ



Photo by - Zawmintun(FB)စာမျက်နှာမှ
March 10, 2013

ပြည်တွင်း ငြိမ်းချမ်းရေးအတွက် ချီတက်လမ်းလျှောက်တဲ့ အဖွဲ့တွေဟာ လိုင်ဇာဌာနချုပ်အနီးက ဒေါ့ဖုန်းယံမြို့တွင်းမှာ မြန်မာ့တပ်မတော်က တားမြစ်ထားတာကြောင့် ဆက်သွားနိုင်ဖို့ မြစ်နံဘေးမှာ အစာအငတ်ခံ ဆန္ဒပြနေကြပါတယ်။
 
ဒီအဖွဲ့ဟာ မနေ့မနက်ပိုင်းက ဒေါ့ဖုန်းယန်ကနေ ထွက်ခွာခဲ့တာဖြစ်ပြီး မွန်းလွဲပိုင်းမှာ တပ်မတော်လဂျားယန် စခန်းနဲ့ ကေအိုင်အို ထိန်းချုပ်တဲ့ လိုင်ဇာမြို့အကြားမှာရှိတဲ့ မိုးလဲချောင်းတံတားနေရာကို ရောက်ရှိ ခဲ့ကြပါတယ်။ အဲဒီနေရာဟာ လွန်ခဲ့တဲ့ လပိုင်းက နှစ်ဖက် တိုက်ပွဲတွေဖြစ်ခဲ့တာကြောင့် မိုင်းတွေ ထောင်ထားတာကို အကြောင်းပြုပြီး ဆက်မသွားဖို့ တားမြစ်ခဲ့တာပါ။ မနေ့ကတော့ သူတို့ဟာ အဲဒီမြစ်နဘေးမှာပဲ အိပ်ခဲ့ကြတယ်လို့ ဆန္ဒပြပွဲမှာ ဦးဆောင်သူ ဦးသန့်ဇင်က ပြောပါတယ်.။
 
“စစ်တပ်က တားထားတာ မိုးလဲချောင်း တံတားထိပ်မှာ။ နေ့ခင်း ၁ နာရီ ၂၅ လောက်ကတည်းက တံတားထိပ်ကို ရောက်ပြီး အတားခံနေရတာပေါ့။ အမိုးလည်းမရှိဘူး။ အကာလည်း မရှိဘူး။ မြစ်ဘေးမှာပေါ့။ နေ့ခင်းက စပြီး သံဃာ ၉ ပါးက ဆွမ်းဘုန်းကပ်တယ်။ အဲဒီထဲက ၈ ပါးက ဘုန်းပေးတယ်။
သံဃာ ၁ ပါးနဲ့ လူ ၄၉ ဦး နေ့လည်စာ စမစားတော့ဘူး။”
 
ဒီချီတက်လမ်းလျောက်အဖွဲ့မှာ ဘုန်းကြီး (၉) ပါး။ အမျိုးသမီး (၁၁) ဦး အမျိုးသား (၃၇) ဦး ပါဝင်ပါတယ်။ သူတို့ဟာ ပြီးခဲ့တဲ့လ (၇) ရက်နေ့ကတည်းက မန္တလေးတိုင်း မြင်းခြံကနေ လိုင်ဇာအထိ ချီတက်တဲ့အဖွဲ့ ဖြစ်ပါတယ်။ တားမြစ်ထားတဲ့ တပ်မတော်စခန်းက ဘုန်းကြီးတွေကို ဆွမ်းကပ်ပြီး လူတွေကို ထမင်းကျွေးတယ်လို့ ဆိုပါတယ်။ ဒီနေ့ နေ့ခင်းမှာတော့ အတော်များများက ဒီခရီးကို ဆက်လက်သွားဖို့ အစာငတ်ခံ ဆန္ဒထုတ်ဖော်ခဲ့ကြတယ်လို့လည်း ပြောပါတယ်။
 
ဦးပဇင်းဦးဥတ္တမက “ရှေ့ဆက်သွားဖို့ ခွင့်ပြုချက်ရရင် သူတို့ကျွေးတာကို စားကြမှာပေါ့။ မရဘူးဆိုရင် ဆွမ်းကို လက်မခံဘဲ လူတွေလည်း မစားတော့ဘူးဆိုတဲ့ သဘောရှိပါတယ်။ တတိုင်းပြည်လုံး ငြိမ်းချမ်းရေးအတွက် လာတာဖြစ်တဲ့အတွက် ရှေ့ဆက်သွားမယ်။ မိုင်းတွေ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ မရှိတာကို ရှိတယ်လို့ ခြိမ်းခြောက်သည်ဖြစ်စေ ဒီလမ်းကို ဆက်သွားမယ်လို့ ပြောထားပါတယ်။”
 
အခုလက်ရှိရောက်ရှိနေတဲ့ နေရာဟာ လိုင်ဇာမြို့နဲ့ တနာရီကျော်လမ်းလျှောက်ခရီးလောက်သာ ရှိနေပြီး မရောက်ရောက်အောင် သွားဖို့ ဆုံးဖြတ်ထားတယ်လို့ လိုက်ပါလာတဲ့ အမျိုးသမီးတဦးက ပြောပါတယ်။
 
“အရမ်းတက်ကြွနေတဲ့စိတ်ဓာတ်ကို ဆောင့်ကန်လိုက်သလို ခံစားရတယ်။ လိုင်ဇာအထိ ရောက်ဖို့ ဖိနပ်တွေ ခြေထောက်တွေ ပေါက်ပြဲတဲ့အထိ သွားခဲ့ကြတာလေ။ သူတို့ကလည်း မသွားခိုင်းတော့ ဒီမှာသောင်တင်နေကြတာပေါ့။ ကျမတို့က မအောင်မြင်မချင်း နောက်ပြန်မလှည့်ဘူး။ မစားရရင် နေပါစေ။ ငတ်ပြတ်သွားပါစေ။ ဇွဲမလျော့ဘူး။ ဘယ်လောက်ပဲ ကြာကြာ။”
 
စစ်အစိုးရလက်ထက် အပစ်အခတ်ရပ်စဲထားတဲ့ ကေအိုင်အိုနဲ့ ဦးသိန်းစိန် လက်ထက် မှာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ပျက်ပြီး တိုက်ပွဲတွေ ပြန်ဖြစ်ခဲ့တာပါ၊ နှစ်ဖက် ဆွေးနွေးပွဲတွေ လုပ်ပေမယ့် မအောင်မြင်သေးဘဲ နက်ဖြန်ကျရင် တရုတ်နိုင်ငံ ရွှေလီမှာ ထပ်တွေ့ကြဖို့ ချိန်းထားကြပါတယ်။
 
မြင်းခြံကအဖွဲ့လိုပဲ ရန်ကုန်ဘက်ကနေ လိုင်ဇာအထိ ချီတက်တဲ့ အဖွဲ့တဖွဲ့ဟာလည်း ကချင်ပြည်နယ် လိုင်ဇာမြို့နားကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။
 
Copy from - DVB

Towers N’ Trolls (Android အတွက် Game )


 ဒီဂိမ်းလေးကတော့ မကောင်းဆိုးဝါးကောင်တွေ နန်းတော်ကိုလာတိုက်တာကို မော်လက်နက်တွေ သုံးပြီး ခုခံတဲ့ဂိမ်းလေးပါ။ စမ်းသပ်ပြီး ကစားချင်တဲ့သူငယ်ချင်းများအတွက်တင်ပေးလိုက်ပါတယ်ချင်ဗျာ။

>> Download <<
Wise Power Computer & Mobile   Harmony Computer & Mobile Service   iCon Mobile Mobile Phone Sale & service   

အမေရိကန်နိုင်ငံ ဖလော်ရီဒါမှ အမျိုးသားတစ်ဦး မြေမျိုခံခဲ့ရသော VI...


အမေရိကန်နိုင်ငံ ဖလော်ရီဒါမှ အမျိုးသားတစ်ဦး အရှင်လတ်လတ် မြေမျိုခံခဲ့ရ အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါ ပြည်နယ်၊ တမ်ပါမြို့ရဲ့အရှေ့ဘက် ၁၅ မိုင်ခန့်အကွာမှာရှိတဲ့ ဆင်ခြေဖုံး မြို့ကလေးဆမ်နာက အသက် ၃၇ နှစ်အရွယ်ရှိတဲ့ ဂျက်ဖ်ဘု့ရှ်ဆိုသူဟာ မမျှော်လင့်တဲ့ ကြမ္မာဆိုးနဲ့ ရုတ်တ ရက်ကြုံခဲ့ရပါတယ်။
ဂျက်ဖ်ဘုရှ်ဟာ မိသားစုဝင်ငါး ဦးနဲ့အတူ တစ်အိမ်တည်းအတူနေ သူဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ကြာသပ တေးနေ့ည ဒေသစံတော်ချိန် ၁၁ နာရီလောက် ဂျက်ဖ်ဘု့ရှ်တစ်ဦး တည်း သူ့အိပ်ခန်းအတွင်းရှိ နေချိန် မှာ အိမ်ကိုကားဝင်တိုက်လိုက်သလို ကျယ်လောင်တဲ့အသံကြီးနဲ့အတူ ဂျက်ဖ်ဘုရှ်ရဲ့ အော်ဟစ်သံကို ကြား လိုက်ရပါတယ်။ အစ်ကိုဖြစ်သူရဲ့ အော်ဟစ် အကူအညီတောင်းခံသံကြားလိုက်ရ တဲ့ ညီဖြစ်သူ ဂျယ်ရီဘု့ရှ်ဟာ အစ် ကိုဖြစ်သူရဲ့ အိပ်ခန်းအတွင်း ပြေး ဝင်လိုက်တဲ့အခါ မြင်တွေ့ရတဲ့မြင် ကွင်းကြောင့် ခဏတာကြက်သေ သေသွားခဲ့မိတယ်။ အိပ်ခန်းနေရာမှာ ဧရာမကျင်း ကြီးဖြစ်နေပြီး သူ့အစ်ကိုရဲ့ အိပ်ရာ ကလွဲလို့ ဘာမှမရှိတာ့ပါဘူး။ ဂျယ်ရီ လည်း ဘာမှစဉ်းစားမနေတော့ဘဲ တွင်းထဲခုန်ချပြီး မြေကြီးကိုတူးယက် ရှာပေမယ့် အစ်ကိုဖြစ်သူကို လုံးဝ ရှာမတွေ့ရတော့ပါဘူး။ အကျယ်၃ဝ ပေလောက်ရှိတဲ့ မြေကျွံတွင်းထဲကို ဝင်ရောက်ဖို့ အန္တရာယ် များလွန်းတာကြောင့် အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့သားတွေဟာ ဂျက်ဖ်ဘု့ရှ်ပျောက်ဆုံးပြီး သုံးရက်အကြာမှာ ဆက်လက်ရှာဖွေ ဖို့ လက်လျှော့လိုက်ရပါတယ်။ ဂျက်ဖ်ဘု့ရှ်ရဲ့ မိသားစုနဲ့ သူတို့ အိမ်ဘေးတစ်ဖက်တစ်ချက် နေအိမ်တွေကနေသူတွေလည်း သူတို့အိမ်တွေမှာ ဆက်မနေရဲတော့လို့ ပြောင်းရွှေ့နေကြရတယ်လို့ဆိုပါတယ်။ ဆက်ပ်နာမြို့ဝန်းကျင်ဟာ ဘူမိ ဗေဒမြေအနေအထားကြောင့် မြေ ကျွံတွင်းတွေဖြစ်ပေါ်လေ့ရှိပေမယ့် အခုလို ဘာအရိပ်အယောင်မျှမပြဘဲ လူတစ်ယောက်ကို ရုတ်တရက် မြေကြီးထဲ ပျောက်ကွယ်သွားစေတဲ့ ဖြစ်ရပ်မျိုး ယခင်က မကြုံခဲ့ရဘူးလို့ဆိုပါ တယ်။