Ko Sein Than shared The Myanma Age's photo.
ၾသစေတးလ် နိုင်ငံခြားရေးဝန်ကြီး ပြောကြား
ဘန်ကောက်၊ ဖေဖေါ်ဝါရီ ၂၂ ။
သြစတေးလျ နိုင်ငံခြားရေးဝန်ကြီး ဘော့ဘ်ကားက သြစတေးလျသည် မြန်မာပြည်တွင်း ပဋိပက္ခများကြောင့်
နေရာရွှေ့ပြောင်းနေထိုင်ရသူ များအတွက် ဒေါ်လာာ ၂
ဒဿမ ၅ သန်းထောက်ပံ့သွားမည်ဖြစ်သော်လည်
ခိုဝင်ရန် ကြိုးစားလာသော ဘင်္ဂါလီ ရိုဟင်ဂျာများကို လက်ခံသွား မည်မဟုတ်ကြောင်း ထုတ်ဖေါ်ပြောကြားလိုက်သည်။
ဝန်ကြီး ကားက ဘန်ကောက်တွင် သတင်းထောက်များနှင့်
တွေ့ ဆုံရာ၌ “ထိုင်းကိုလာရောက်ကြတဲ့ ရိုဟင်ဂျာတွေကို
သူတို့အနေနဲ့ သြစတေး လျကို ပြောင်းရွှေ့ အခြေချနိုင်တယ်
ဆိုတဲ့ အမြင်မျိုးကျွန်တော်တို့ မပေးချင်ပါဘူး။ ဒီနေရာရွှေ့ ပြောင်း ကြသူတွေဟာ ရခိုင်ပြည်နယ်တွင်း ပေါ်လစီပြောင်းလဲမှုတွေ
ကြောင့် သက်ရောက်မှုခံရတာဖြစ်ပါတယ်”ဟု ပြောကြားသည်။
ထိုင်းတွင် ယခုအခါ ယမန်နှစ်က ဖြစ်ပွားခဲ့သော ရခိုင်ဒေသ
တွင်း ပဋိပက္ခများကြောင့် ခိုးဝင်လာသူ ဘင်္ဂါလီရိုဟင်ဂျာ
၂၀၀၀ ခန့်အထိ ရှိနေပြီ ဖြစ်သည်။
ဝန်ကြီးဘော့ဘ်ကားက ထိုင်းနှင့် သြစတေးလျ နိုင်ငံခြားရေး ဝန်ကြီးဌာနတို့သည် ဘင်္ဂါလီရိုဟင်ဂျာများအား ပြန်လည်နေရာ
ချထားရေးမှာ ရခိုင်ပြည်နယ်အတွင်း၌သာ ဖြစ်သင့်ကြောင်းနှင့် ၎င်းတို့အား နိုင်ငံသားအဆင့်အတန်းပေးရေး၊ ပြန်လည်အခြေချ
စေရေး၊ စီးပွားရေးအရ ပေါင်းစည်းမှု ရှိစေရေးတို့မှာလည်း
ဖြစ်သင့်ကြောင်း ဆွေးနွေးသဘောတူခဲ့ကြသည်ဟု ဆိုသည်။
၎င်းက သြစတေးလျသည် ရခိုင်သို့ ထောက်ပံ့ရေးအပါအဝင် ကချင်ပြည်နယ်အရှေ့ ပိုင်းတွင် သောက်သုံးရေရရှိရေးအတွက်
ဒေါ်လာ ၇၅၀, ၀၀၀ ၊ မြန်မာအရှေ့တောင်ပိုင်းဒေသတွင် မိုင်း ရှင်းလင်းရေးအတွက် ဒေါ်လာငါးသိန်းတို့ကို လှူဒါန်းသွားမည် ဟုလည်း ပြောကြားသည်။
Ref: theaustralian.com





















ဖေဖော်ဝါရီ ၁၈ ရက် ည ၇နာရီခွဲခန့်က တောင်ကြီးမှ မန္တလေးသို့ပြေးဆွဲသော ရွှေတာင်ရိုးယာဉ်လိုင်းမှ ခရီးသည်တင်လေအိတ်ကားတစ်စီးန





