This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Monday, January 21, 2013

သတိလစ်စေရန်ပြုလုပ်နှိင်သည့် ဆေးဝါးများ


ပလီပလာ ထွေကာလီကာ shared Myanmar Online News's photo.
သတိလစ်စေရန်ပြုလုပ်နှိင်သည့်ဆေးဝါးများ
Saturday, 19 January 2013

အခုပြောချင်တဲ့ဆေးတွေကတော့ မြန်မာအခေါ်အဝေါ်နဲ့ဆိုရင်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများစာရင်းမှာ ထည့်ရမယ် ထင်ပါတယ်။ အခုပြောမယ့်ဆေးတွေကို တစ်ခါတစ်ရံမှာ လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုတွေကိုအထောက်အကူပြုဖို့ အသုံးပြုကြပါတယ်။ လိင်ပိုင်းဆိုင်ရာကျူးလွန်တယ်ဆိုရာတွင် ကာယကံရှင်၏ သဘောဆန္ဒမပါသော လိင်မှုဆိုင်ရာအပြုအမူတိုင်းကိုဆိုလိုပါသည်။ ဤနေရာတွင် မလျှော်ရာ ကိုင်တွယ်ခြင်းမှအစ (အရွယ်ရောက်သူတိုင်းသိကြပြီးဖြစ်မည့် အမြင်ရိုင်းသောရှင်းလင်းချက်စာသားများကိုဖျက်ထားပါသည်) ကြံစည်ခြင်းတို့ပါ ပါဝင်ပါသည်.............................................. ယခုပြောမည့် ဆေးဝါးများ၏ အာနိသင်ကြောင့်ဆေးခတ်ခံရသူဟာ ရုပ်ပိုင်းဆိုင်ရာ ခုခံနိုင်မှု မရှိတော့ဘဲ လိင်ဆက်ဆံမှုအားငြင်းပယ်နိုင်စွမ်း ပျောက်ဆုံးကာ မည်သို့ ဖြစ်ပျက်ခဲ့သည် ဆိုသည်ကိုပင်မှတ်မိနိုင်စွမ်း မရှိတော့ပေ။

ယင်းဆေးဝါးများသည် ယေဘုယျအားဖြင့်အရောင်မရှိ၊ အနံ့မရှိဘဲ အရသာလည်း မရှိသဖြင့် တစ်ဖက်သား မရိပ်မိစေဘဲအချိုရည်အတွင်းသို့ ထည့်ခတ်နိုင်ပေသည်။ Date rape drug အမျိုးအစားအနည်းဆုံး သုံးမျိုး ရှိပါသည်။ ယင်းတို့မှာ -
GHB (Gamma Hydroxybutyric Acid)
Rohypnol (Flunitrazepam)
Ketamine (Ketamine Hydrochloride) တို့ ဖြစ်ကြပါသည်။

Date rape (ချိန်းတွေ့ကျင့်ကြံခြင်းလို့ ဘာသာပြန်ရင် ရမယ်ထင်ပါ့) ဟုအသုံးများသော်လည်း ပညာရှင်အများစုကတော့ ဆေးဝါး အသုံးပြု၍လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခြင်း (drug-facilitated sexual assault) ဟူသော အသုံးအနှုန်းကို ပိုမိုနှစ်သက်ကြသည်။ ယင်းဆေးဝါးများအားဓါးပြမှုနှင့် ရုပ်ပိုင်းအရ တိုက်ခိုက်ခြင်းများကဲ့သို့သောအခြားရာဇ၀တ်မှုများတွင်လည်း အသုံးပြုနိုင်ပြီး ကျားမ မရွေး ဆေးအာနိသင်ပြနိုင်ပေသည်။

ဆေး၏ ပုံသဏ္ဍာန်

GHB သည် အရောင်အဆင်းနှင့် အနံ့မရှိသော အရည်၊ အဖြူရောင်အမှုန့်နှင့်ဆေးပြားဟူ၍ ပုံစံအမျိုးမျိုး ရှိသည်။Rohypnol သည် ဆေးပြားပုံစံဖြစ်ပြီး အရည်များတွင် ပျော်ဝင်နိုင်သည်။ ဆေးပုံစံအသစ်သည် အရည်များတွင် ပျော်ဝင်သည့်အခါအပြာရောင်သန်းသွားသော်လည်း အရောင်မရှိသည့် ဆေးပုံစံဟောင်းအားလည်း ရရှိနိုင်ပေသေးသည်။Ketamine မှာမူ အဖြူရောင်အမှုန့်ဖြစ်သည်။

ခန္ဓာကိုယ်အား အကျိုးသက်ရောက်ပုံ

ဆေးသည် လျှင်မြန်စွာ အာနိသင်ပြနိုင်သည်။ ဆေးအာနိသင်မပျယ်ခင်ခံသည့်အချိန်မှာမူ ကွဲပြားသည်။ ယင်းသည် ဆေးမည်မျှ အသုံးပြုသည်ဆိုသည့်အချက်နှင့် အရက်ကဲ့သို့သော အခြားပစ္စည်းများနှင့်ရောစပ်ထားသည့်အပေါ်တွင် မူတည်သည်။ အရက်သည် ထိုဆေးများ၏ အာနိသင်ကိုပိုမိုဆိုးဝါးစေပြီး ကျန်းမာရေးကို ပိုမိုထိခိုက်စေနိုင်ပါသည်။ ထို့ပြင်GHB ကို အိမ်တွင်ပင် အလွယ်တကူ ပြုလုပ်နိုင်ပေသည်။

GHB ၏ အာနိသင်များ

အာရုံစူးစိုက်နိုင်မှု လျှော့ကျခြင်း အိပ်ချင်မူးတူးဖြစ်ခြင်း မူးဝေခြင်း မအီမသာနှင့် ပျို့ချင် အန်ချင်စိတ်ဖြစ်ခြင်း အမြင်ေ၀၀ါးလာခြင်း သတိလစ်ခြင်း လေဖြတ်သကဲ့သို့ဖြစ်ခြင်း ဆေးခတ်ခံရချိန်နှင့် ဆေးအာနိသင် ပျယ်ချိန်အကြားမှ အဖြစ်အပျက်များအား မမှတ်မိခြင်း အသက်ရှူရန် ခက်ခဲခြင်း တုန်တုန်ယင်ယင်ဖြစ်ခြင်း ချွေးထွက်ခြင်း အော့အန်ခြင်း နှလုံးခုန်နှုန်း နှေးကွေးခြင်း အိပ်မက်ကဲ့သို့ ခံစားရခြင်း သတိမေ့မြောခြင်း (ဦးနှောက်အလုပ် ရပ်ဆိုင်းခြင်း - coma) သေဆုံးခြင်း

Rohypnol ၏ အာနိသင်များ

ဆေးခတ်ခံရချိန်နှင့် ဆေးအာနိသင် ပျယ်ချိန်အကြားမှ အဖြစ်အပျက်များအား မမှတ်မိခြင်း သွေးပေါင်ချိန်ကျခြင်း အိပ်ချင်လာခြင်း ကြွက်သားများ အားလျှော့လာခြင်း သို့မဟုတ် ကြွက်သားများအား ထိန်းချုပ်နိုင်စွမ်း မရှိတော့ခြင်း အရက်မူးသကဲ့သို့ဖြစ်ခြင်း မအီမသာနှင့် ပျို့ချင် အန်ချင်စိတ်ဖြစ်ခြင်း စကားမပြောနိုင်တော့ခြင်း လှုပ်ရှားရန် ခက်ခဲလာခြင်း အသိစိတ် ပျောက်ဆုံးခြင်း ဇဝေဇ၀ါဖြစ်ခြင်း အမြင်ေ၀၀ါးလာခြင်း မူးဝေခြင်း အစာအိမ် မအီမသာဖြစ်ခြင်း

Ketamine ၏ အာနိသင်များ

စိတ်အာရုံချောက်ခြားခြင်း အချိန်နှင့် အမှတ်အသားများအား မှတ်သားနိုင်စွမ်း ပျောက်ဆုံးခြင်း အမြင်နှင့် အကြားအာရုံများ မမှန်မကန် ဖြစ်လာခြင်း မိမိကိုယ်ကို မထိန်းသိမ်းနိုင်ဟု ခံစားလာရခြင်း လှုပ်ရှားနိုင်စွမ်းအား ထိခိုက်လာခြင်း အသက်ရှူရန် ခက်ခဲလာခြင်း အူတက်အောင်ရယ်ခြင်း အော့အန်ခြင်း ခန္ဓာကိုယ် ထိတွေ့ခံစားနိုင်စွမ်း မရှိတော့ခြင်း မှတ်ဉာဏ်ထိခိုက်ခြင်း အိပ်မက်ကဲ့သို့ ခံစားရခြင်း ထုံထိုင်းခြင်း လှုပ်ရှားမှုအား ဟန်ချက်ညီအောင် ထိန်းနိုင်စွမ်း ပျောက်ဆုံးခြင်း အမူအရာ ကြမ်းတမ်းလာခြင်း
စကားသံ ဗလုံးဗထွေးဖြစ်ခြင်း ဒီဆေးတွေ တရားဝင်သလား?
ဟုတ်ကဲ့။ တစ်ချို့ဆေးတွေက တရားဝင်ပါတယ်။ ဒါပေမယ့် သင့်ကို မထိခိုက်ဟုမဆိုလိုပါ။ တရားဝင်ဆေးဝါးဖြစ်သော်လည်း ကျန်းမာရေးဝန်ဆောင်မှုပေးသူများ(ဆရာဝန်ကဲ့သို့သော ပုဂ္ဂိုလ်များ) ၏ညွှန်ကြားချက်မပါဘဲ အသုံးမပြုသင့်ပါ။

Rohypnol သည် တရားဝင်ဆေးဝါး မဟုတ်ပါ။ သို့သော် ဥရောပနှင့်မက္ကစီကိုတို့တွင် အိပ်မပျော် သည့်ရောဂါများအတွက် သောက်ရန် ညွှန်လေ့ရှိပြီးခွဲစိတ်ရာတွင် မေ့ဆေးအဖြစ်လည်း တရားဝင် အသုံးပြုတတ်ကြသည်။

Ketamine ကို အမေရိကတွင် လူများနှင့် တိရိစ္ဆာန်များအတွက်မေ့ဆေးတစ်မျိုး အဖြစ်တရားဝင် သုံးစွဲကြ သည်။တိရစ္ဆာန်များ တွင် အများဆုံးအသုံးပြုကြသည်။ တိရိစ္ဆာန်ဆေးခန်းများရှိ Ketamine ဆေးများအား မကြာခဏလုယက်ခံကြရကြောင်း သိရသည်။

GHB အား narcolepsy ဟုခေါ်သည့် အိပ်မပျော်သည့်ရောဂါအား ကုသရန်အတွက်အမေရိကတွင် မကြာသေးမီကတရားဝင်ဆေးဝါး အဖြစ် သတ်မှတ်ခဲ့သည်။
ဆေးခတ်မခံရအောင် ဘယ်လိုကာကွယ်မလဲ?
ကိုယ်နှင့်မသိသူများမှ တိုက်ကျွေးသည့် ဖျော်ရည်၊ သောက်ရေစသည့်အရည်များအား မသောက်ပါနှင့်။အအေးသံဗူးများ အား ကိုယ်တိုင်ဖွင့်၍ သောက်ပါ။ကိုယ်ပိုင် သောက်ရည်နှင့် အအေးဗူးများအား ကိုယ်နှင့်မကွာထား၍အိမ်သာသွားလျှင်ပင် ယူသွားပါ။ အအေးနှင့် ရေအား အခြားသူနှင့် မျှဝေမသောက်ပါနှင့်။ Punchဖျော်ရည်များနှင့် ယင်းကဲ့သို့သော လူအများ စုပေါင်းသောက်သုံး သည့်ခွက်များ၊ ပုလင်းများအတွင်းမှ အရည်များအား မသောက်ပါနှင့်။

(မိန်းကလေးတွေသင်္ကြန်လိုအချိန်မျိုး သတိထားကြဗျို့။ အဲဒီဟာတွေထဲမှာဆေးခတ်ထားနိုင်ပါတယ်။)ထူးခြားသော အနံ့နှင့် အရသာရှိသော မည်သည့်အရည် ကိုမျှ မသောက်ပါနှင့်။များသောအားဖြင့် GHB တွင် ငန်သောအရသာ ရှိပါသည်။အကယ်၍ ဆေးခတ် ခံရသည် သို့မဟုတ် မုဒိမ်းကျင့်ခံရသည်ဟုထင်ပါက ရဲစခန်းသို့မဟုတ် ဆေးရုံသို့ တိုက်ရိုက်သွားပါ။ ဖြစ်နိုင်သမျှ ချက်ခြင်း ဆီးစစ်ဆေးမှု ခံယူပါ။ ဆေးအာနိသင်သည်အလွန်လျှင်မြန်စွာ ပျယ်သွားနိုင်ပါ သည်။

Rohypnol သည် ခန္ဓာကိုယ်အတွင်းတွင်နာရီပေါင်းများစွာ နေနိုင်ပြီး ဆေးသောက်သုံးပြီး ၇၂ နာရီအတွင်းတွင်ဆီးအတွင်း စစ်ဆေးတွေ့ရှိနိုင်ပါသည်။ GHB မှာမူ ၁၂ နာရီအထိသာခန္ဓာကိုယ် အတွင်း နေနိုင်ပါသည်။တစ်စုံတစ်ရာ အကူအညီမရမချင်း ဆီးမသွားပစ်ပါနှင့်။ ရေလောင်းဆေးခြင်း၊ရေချိုးခြင်း သို့မဟုတ် အ၀တ်အစားလဲခြင်း မပြုလုပ်ပါနှင့်။ ယင်းအရာများသည်မုဒိမ်းကျင့်ခံရသည်ဆိုသည့် သက်သေများ ဖြစ်ပါသည်။
အရေးပေါ်ဖုန်းနံပါတ် သို့မဟုတ် ရဲဌာနသို့ ဖုန်းခေါ်ပါ။ ရှက်ခြင်း၊အပြစ်ရှိသလို ခံစားရခြင်း၊ ကြောက်လန့်ခြင်းနှင့် တုန်လှုပ်ခြင်းတို့ သည်ပုံမှန်ဖြစ်တတ်သော အရာများ ဖြစ်ပါသည်။ ကျွမ်းကျင်သည့် ပညာရှင်များ၏အကြံဉာဏ်ရရှိရန် အရေးကြီးပါသည်။ အရက်ဆိုင်၊ ကလပ် သို့မဟုတ် ပါတီပွဲများသို့သွားလျှင် တစ်ဦးတည်းမသွားပါနှင့်။ သူငယ်ချင်းများ စုပေါင်းသွားခြင်းဖြင့် တစ်ဦးကို တစ်ဦးအပြန်အလှန် ကူညီနိုင်ပါသည်။
သင့်စိတ်တွင် ပုံမှန်မဟုတ်ဟု ခံစားရသော အဖြစ်အပျက်များနှင့် ခပ်ဝေးဝေးတွင်သာနေပါ။သင် အပြည့်အ၀ ယုံကြည်နိုင်ခြင်း မရှိသူထံမှ မည်သည့်တိုက်ကျွေးမှုကိုမျှလက်မခံပါ နှင့်သင်သောက်နေ သောခွက်အား စိတ်ချရသော စောင့်ကြည့်ပေးမည့်သူ မရှိဘဲ အိမ်သာသွားလျှင်ပင် ချန်မထားခဲ့ပါနှင့်။ အထက်ပါ ဆေးများအား အရက်အပြင် အချိုရည်များ၊ လက်ဘက်ရည်၊ ကော်ဖီနှင့် ချောကလက် ဖျော်ရည်အပူ စသည်တို့တွင် ထည့်ခတ်နိုင်ပါသည်။ သင့်အားခုခံနိုင်စွမ်းမရှိအောင် ပြုလုပ်နိုင်သည့် ဆေးဝါးများစွာရှိပြီးအများစုသည် သောက်သုံး သည့် အရည်များအတွင်း အလွယ်တကူ မသိရှိနိုင်ပါ။ပုလင်းအတွင်းမှ အရည်ကို သောက်သုံးပြီး ပုလင်း အ၀အား သင့်လက်မဖြင့်ပိတ်ထားခြင်းသည် အကောင်းဆုံးနည်းလမ်း ဖြစ်ပါသည်။ ထိုပုလင်း အားစောင့်ကြည့်ပေးမည့်သူမရှိဘဲ ထားခဲ့လျှင် ယင်းပုလင်းအတွင်း မည်သူကမည်သည့်အရာများ ထည့်လိုက်သည်ဟု သိရှိနိုင်စွမ်း မရှိတော့ပေ။
အကယ်၍ ထိုသို့ထားခဲ့မိ၍ ပြန်လာသည့်အခါ သင်၏ ပုလင်း သို့မဟုတ် ခွက်သည်နေရာ ရွေ့နေခြင်း၊ ပုံစံပြောင်းနေခြင်း၊ ပြည့်အောင် ထပ်ဖြည့်ထားသည်ဟုထင်ရခြင်း သို့မဟုတ် အရသာ ထူးခြားနေခြင်း တို့ တွေ့ရှိရပါကဆက်လက်သောက်သုံးခြင်း မပြုပါနှင့်။ အရက်ဆိုင်၊ ကလပ် သို့မဟုတ် ပါတီပွဲတွင် ယခုမှ တွေ့ဖူးသူနှင့်အတူပြန်ရမည်ဆိုပါက အထူးစဉ်းစားပြီးမှ ဆုံးဖြတ်ပါ။ တစ်ခွက်၊ နှစ်ခွက်မျှနှင့် မူးလာသည်ဟု ခံစားလာရပါက ယုံကြည်ရသော မိတ်ဆွေ၊ကလပ်မှ လုံခြုံရေးဝန်ထမ်း သို့မဟုတ် အရက်ဆိုင် အုပ်ချုပ်သူများထံမှအကူအညီ ရယူပါ။
လုံခြုံစိတ်ချရသည့်နေရာသို့ ဖြစ်နိုင်သမျှ မြန်မြန်ရောက်ရှိရန် အရေးကြီးပါသည်။ သင်အကူအညီတောင်းမည့်သူသည် မည်မျှကြာအောင်ပင် သိရှိနေခဲ့သူဖြစ်စေကာမူလုံးဝယုံကြည်ရသူ ဟုတ်မဟုတ် သေချာစွာ ဆင်ခြင်သုံးသပ်ပါ။ကျားမ မရွေး ဆေးခတ်ခံရနိုင်ပါသည်
အထက်တွင် ဖော်ပြခဲ့သည်များမှာ ဆေးဝါး အသုံးပြု၍ လိင်ပိုင်းဆိုင်ရာကျူးလွန်ခြင်းအန္တရာယ်အား လျှော့ချရန် နည်းလမ်းများ ဖြစ်ပါသည်။သင်အပြင်သွားသည့်အခါတိုင်း အထက်ပါ အချက်အလက်များ အားမှတ်မိနိုင်လိမ့်မည်ဟု မမျှော်လင့်ပါနှင့်။ ထို့ကြောင့်မည်သည့်အချိန်တွင်မဆို အထူးဂရုပြု သင့် ပါကြောင်း။ ။
(အခုတော့ အဲဒီ Date Rape Drugs တွေ ဖျော်ရည်ထဲမှာ ခတ်ထား မထားစမ်းသပ်သိရှိနိုင်တဲ့ Detection Kit တွေ ပေါ်နေပါပြီ။ အသေးစိတ်ကို*http://www.csus.edu/alcohol/predatory_drugs.html* မှာ သွားရောက်ဖတ်ရှုနိုင်ပါတယ်။)

Dr.Pwint Phyu Phyu
Senior Program Officer
Care Lashio

Ref: *http://kyawthetlatt.blogspot.com/*, “Date rape drugs”

ဗဟုသုတ
Saturday, 19 January 2013
အခုပြောချင်တဲ့ဆေးတွေကတော့ မြန်မာအခေါ်အဝေါ်နဲ့ဆိုရင်စိတ်ကို
ပြောင်းလဲစေသော ဆေးဝါးများစာရင်းမှာ ထည့်ရမယ် ထင်ပါတယ်။ အခုပြောမယ့်ဆေးတွေကို တစ်ခါတစ်ရံမှာ လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုတွေကိုအထောက်အကူပြုဖို့ အသုံးပြုကြပါတယ်။ လိင်ပိုင်းဆိုင်ရာကျူးလွန်တယ်ဆိုရာတွင် ကာယကံရှင်၏ သဘောဆန္ဒမပါသော လိင်မှုဆိုင်ရာအပြုအမူတိုင်းကိုဆိုလိုပါသည်။ ဤနေရာတွင် မလျှော်ရာ ကိုင်တွယ်ခြင်းမှအစ (အရွယ်ရောက်သူတိုင်းသိကြပြီးဖြစ်မည့် အမြင်ရိုင်းသောရှင်းလင်းချက်စာသားများကိုဖျက်ထားပါသည်) ကြံစည်ခြင်းတို့ပါ ပါဝင်ပါသည်.............................................. ယခုပြောမည့် ဆေးဝါးများ၏ အာနိသင်ကြောင့်ဆေးခတ်ခံရသူဟာ ရုပ်ပိုင်းဆိုင်ရာ ခုခံနိုင်မှု မရှိတော့ဘဲ လိင်ဆက်ဆံမှုအားငြင်းပယ်နိုင်စွမ်း ပျောက်ဆုံးကာ မည်သို့ ဖြစ်ပျက်ခဲ့သည် ဆိုသည်ကိုပင်မှတ်မိနိုင်စွမ်း မရှိတော့ပေ။

ယင်းဆေးဝါးများသည် ယေဘုယျအားဖြင့်အရောင်မရှိ၊ အနံ့မရှိဘဲ အရသာလည်း မရှိသဖြင့် တစ်ဖက်သား မရိပ်မိစေဘဲအချိုရည်အတွင်းသို့ ထည့်ခတ်နိုင်ပေသည်။ Date rape drug အမျိုးအစားအနည်းဆုံး သုံးမျိုး ရှိပါသည်။ ယင်းတို့မှာ -
GHB (Gamma Hydroxybutyric Acid)
Rohypnol (Flunitrazepam)
Ketamine (Ketamine Hydrochloride) တို့ ဖြစ်ကြပါသည်။

Date rape (ချိန်းတွေ့ကျင့်ကြံခြင်းလို့ ဘာသာပြန်ရင် ရမယ်ထင်ပါ့) ဟုအသုံးများသော်လည်း ပညာရှင်အများစုကတော့ ဆေးဝါး အသုံးပြု၍လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခြင်း (drug-facilitated sexual assault) ဟူသော အသုံးအနှုန်းကို ပိုမိုနှစ်သက်ကြသည်။ ယင်းဆေးဝါးများအားဓါးပြမှုနှင့် ရုပ်ပိုင်းအရ တိုက်ခိုက်ခြင်းများကဲ့သို့သောအခြားရာဇ၀တ်မှုများတွင်လည်း အသုံးပြုနိုင်ပြီး ကျားမ မရွေး ဆေးအာနိသင်ပြနိုင်ပေသည်။

ဆေး၏ ပုံသဏ္ဍာန်

GHB သည် အရောင်အဆင်းနှင့် အနံ့မရှိသော အရည်၊ အဖြူရောင်အမှုန့်နှင့်ဆေးပြားဟူ၍ ပုံစံအမျိုးမျိုး ရှိသည်။Rohypnol သည် ဆေးပြားပုံစံဖြစ်ပြီး အရည်များတွင် ပျော်ဝင်နိုင်သည်။ ဆေးပုံစံအသစ်သည် အရည်များတွင် ပျော်ဝင်သည့်အခါအပြာရောင်သန်းသွားသော်လည်း အရောင်မရှိသည့် ဆေးပုံစံဟောင်းအားလည်း ရရှိနိုင်ပေသေးသည်။Ketamine မှာမူ အဖြူရောင်အမှုန့်ဖြစ်သည်။

ခန္ဓာကိုယ်အား အကျိုးသက်ရောက်ပုံ

ဆေးသည် လျှင်မြန်စွာ အာနိသင်ပြနိုင်သည်။ ဆေးအာနိသင်မပျယ်ခင်ခံသည့်အချိန်မှာမူ ကွဲပြားသည်။ ယင်းသည် ဆေးမည်မျှ အသုံးပြုသည်ဆိုသည့်အချက်နှင့် အရက်ကဲ့သို့သော အခြားပစ္စည်းများနှင့်ရောစပ်ထားသည့်အပေါ်တွင် မူတည်သည်။ အရက်သည် ထိုဆေးများ၏ အာနိသင်ကိုပိုမိုဆိုးဝါးစေပြီး ကျန်းမာရေးကို ပိုမိုထိခိုက်စေနိုင်ပါသည်။ ထို့ပြင်GHB ကို အိမ်တွင်ပင် အလွယ်တကူ ပြုလုပ်နိုင်ပေသည်။

GHB ၏ အာနိသင်များ

အာရုံစူးစိုက်နိုင်မှု လျှော့ကျခြင်း အိပ်ချင်မူးတူးဖြစ်ခြင်း မူးဝေခြင်း မအီမသာနှင့် ပျို့ချင် အန်ချင်စိတ်ဖြစ်ခြင်း အမြင်ေ၀၀ါးလာခြင်း သတိလစ်ခြင်း လေဖြတ်သကဲ့သို့ဖြစ်ခြင်း ဆေးခတ်ခံရချိန်နှင့် ဆေးအာနိသင် ပျယ်ချိန်အကြားမှ အဖြစ်အပျက်များအား မမှတ်မိခြင်း အသက်ရှူရန် ခက်ခဲခြင်း တုန်တုန်ယင်ယင်ဖြစ်ခြင်း ချွေးထွက်ခြင်း အော့အန်ခြင်း နှလုံးခုန်နှုန်း နှေးကွေးခြင်း အိပ်မက်ကဲ့သို့ ခံစားရခြင်း သတိမေ့မြောခြင်း (ဦးနှောက်အလုပ် ရပ်ဆိုင်းခြင်း - coma) သေဆုံးခြင်း

Rohypnol ၏ အာနိသင်များ

ဆေးခတ်ခံရချိန်နှင့် ဆေးအာနိသင် ပျယ်ချိန်အကြားမှ အဖြစ်အပျက်များအား မမှတ်မိခြင်း သွေးပေါင်ချိန်ကျခြင်း အိပ်ချင်လာခြင်း ကြွက်သားများ အားလျှော့လာခြင်း သို့မဟုတ် ကြွက်သားများအား ထိန်းချုပ်နိုင်စွမ်း မရှိတော့ခြင်း အရက်မူးသကဲ့သို့ဖြစ်ခြင်း မအီမသာနှင့် ပျို့ချင် အန်ချင်စိတ်ဖြစ်ခြင်း စကားမပြောနိုင်တော့ခြင်း လှုပ်ရှားရန် ခက်ခဲလာခြင်း အသိစိတ် ပျောက်ဆုံးခြင်း ဇဝေဇ၀ါဖြစ်ခြင်း အမြင်ေ၀၀ါးလာခြင်း မူးဝေခြင်း အစာအိမ် မအီမသာဖြစ်ခြင်း

Ketamine ၏ အာနိသင်များ

စိတ်အာရုံချောက်ခြားခြင်း အချိန်နှင့် အမှတ်အသားများအား မှတ်သားနိုင်စွမ်း ပျောက်ဆုံးခြင်း အမြင်နှင့် အကြားအာရုံများ မမှန်မကန် ဖြစ်လာခြင်း မိမိကိုယ်ကို မထိန်းသိမ်းနိုင်ဟု ခံစားလာရခြင်း လှုပ်ရှားနိုင်စွမ်းအား ထိခိုက်လာခြင်း အသက်ရှူရန် ခက်ခဲလာခြင်း အူတက်အောင်ရယ်ခြင်း အော့အန်ခြင်း ခန္ဓာကိုယ် ထိတွေ့ခံစားနိုင်စွမ်း မရှိတော့ခြင်း မှတ်ဉာဏ်ထိခိုက်ခြင်း အိပ်မက်ကဲ့သို့ ခံစားရခြင်း ထုံထိုင်းခြင်း လှုပ်ရှားမှုအား ဟန်ချက်ညီအောင် ထိန်းနိုင်စွမ်း ပျောက်ဆုံးခြင်း အမူအရာ ကြမ်းတမ်းလာခြင်း
စကားသံ ဗလုံးဗထွေးဖြစ်ခြင်း ဒီဆေးတွေ တရားဝင်သလား?
ဟုတ်ကဲ့။ တစ်ချို့ဆေးတွေက တရားဝင်ပါတယ်။ ဒါပေမယ့် သင့်ကို မထိခိုက်ဟုမဆိုလိုပါ။ တရားဝင်ဆေးဝါးဖြစ်သော်လည်း ကျန်းမာရေးဝန်ဆောင်မှုပေးသူများ(ဆရာဝန်ကဲ့သို့သော ပုဂ္ဂိုလ်များ) ၏ညွှန်ကြားချက်မပါဘဲ အသုံးမပြုသင့်ပါ။

Rohypnol သည် တရားဝင်ဆေးဝါး မဟုတ်ပါ။ သို့သော် ဥရောပနှင့်မက္ကစီကိုတို့တွင် အိပ်မပျော် သည့်ရောဂါများအတွက် သောက်ရန် ညွှန်လေ့ရှိပြီးခွဲစိတ်ရာတွင် မေ့ဆေးအဖြစ်လည်း တရားဝင် အသုံးပြုတတ်ကြသည်။

Ketamine ကို အမေရိကတွင် လူများနှင့် တိရိစ္ဆာန်များအတွက်မေ့ဆေးတစ်မျိုး အဖြစ်တရားဝင် သုံးစွဲကြ သည်။တိရစ္ဆာန်များ တွင် အများဆုံးအသုံးပြုကြသည်။ တိရိစ္ဆာန်ဆေးခန်းများရှိ Ketamine ဆေးများအား မကြာခဏလုယက်ခံကြရကြောင်း သိရသည်။

GHB အား narcolepsy ဟုခေါ်သည့် အိပ်မပျော်သည့်ရောဂါအား ကုသရန်အတွက်အမေရိကတွင် မကြာသေးမီကတရားဝင်ဆေးဝါး အဖြစ် သတ်မှတ်ခဲ့သည်။
ဆေးခတ်မခံရအောင် ဘယ်လိုကာကွယ်မလဲ?
ကိုယ်နှင့်မသိသူများမှ တိုက်ကျွေးသည့် ဖျော်ရည်၊ သောက်ရေစသည့်အရည်များအား မသောက်ပါနှင့်။အအေးသံဗူးများ အား ကိုယ်တိုင်ဖွင့်၍ သောက်ပါ။ကိုယ်ပိုင် သောက်ရည်နှင့် အအေးဗူးများအား ကိုယ်နှင့်မကွာထား၍အိမ်သာသွားလျှင်ပင် ယူသွားပါ။ အအေးနှင့် ရေအား အခြားသူနှင့် မျှဝေမသောက်ပါနှင့်။ Punchဖျော်ရည်များနှင့် ယင်းကဲ့သို့သော လူအများ စုပေါင်းသောက်သုံး သည့်ခွက်များ၊ ပုလင်းများအတွင်းမှ အရည်များအား မသောက်ပါနှင့်။

(မိန်းကလေးတွေသင်္ကြန်လိုအချိန်မျိုး သတိထားကြဗျို့။ အဲဒီဟာတွေထဲမှာဆေးခတ်ထားနိုင်ပါတယ်။)ထူးခြားသော အနံ့နှင့် အရသာရှိသော မည်သည့်အရည် ကိုမျှ မသောက်ပါနှင့်။များသောအားဖြင့် GHB တွင် ငန်သောအရသာ ရှိပါသည်။အကယ်၍ ဆေးခတ် ခံရသည် သို့မဟုတ် မုဒိမ်းကျင့်ခံရသည်ဟုထင်ပါက ရဲစခန်းသို့မဟုတ် ဆေးရုံသို့ တိုက်ရိုက်သွားပါ။ ဖြစ်နိုင်သမျှ ချက်ခြင်း ဆီးစစ်ဆေးမှု ခံယူပါ။ ဆေးအာနိသင်သည်အလွန်လျှင်မြန်စွာ ပျယ်သွားနိုင်ပါ သည်။

Rohypnol သည် ခန္ဓာကိုယ်အတွင်းတွင်နာရီပေါင်းများစွာ နေနိုင်ပြီး ဆေးသောက်သုံးပြီး ၇၂ နာရီအတွင်းတွင်ဆီးအတွင်း စစ်ဆေးတွေ့ရှိနိုင်ပါသည်။ GHB မှာမူ ၁၂ နာရီအထိသာခန္ဓာကိုယ် အတွင်း နေနိုင်ပါသည်။တစ်စုံတစ်ရာ အကူအညီမရမချင်း ဆီးမသွားပစ်ပါနှင့်။ ရေလောင်းဆေးခြင်း၊ရေချိုးခြင်း သို့မဟုတ် အ၀တ်အစားလဲခြင်း မပြုလုပ်ပါနှင့်။ ယင်းအရာများသည်မုဒိမ်းကျင့်ခံရသည်ဆိုသည့် သက်သေများ ဖြစ်ပါသည်။
အရေးပေါ်ဖုန်းနံပါတ် သို့မဟုတ် ရဲဌာနသို့ ဖုန်းခေါ်ပါ။ ရှက်ခြင်း၊အပြစ်ရှိသလို ခံစားရခြင်း၊ ကြောက်လန့်ခြင်းနှင့် တုန်လှုပ်ခြင်းတို့ သည်ပုံမှန်ဖြစ်တတ်သော အရာများ ဖြစ်ပါသည်။ ကျွမ်းကျင်သည့် ပညာရှင်များ၏အကြံဉာဏ်ရရှိရန် အရေးကြီးပါသည်။ အရက်ဆိုင်၊ ကလပ် သို့မဟုတ် ပါတီပွဲများသို့သွားလျှင် တစ်ဦးတည်းမသွားပါနှင့်။ သူငယ်ချင်းများ စုပေါင်းသွားခြင်းဖြင့် တစ်ဦးကို တစ်ဦးအပြန်အလှန် ကူညီနိုင်ပါသည်။
သင့်စိတ်တွင် ပုံမှန်မဟုတ်ဟု ခံစားရသော အဖြစ်အပျက်များနှင့် ခပ်ဝေးဝေးတွင်သာနေပါ။သင် အပြည့်အ၀ ယုံကြည်နိုင်ခြင်း မရှိသူထံမှ မည်သည့်တိုက်ကျွေးမှုကိုမျှလက်မခံပါ နှင့်သင်သောက်နေ သောခွက်အား စိတ်ချရသော စောင့်ကြည့်ပေးမည့်သူ မရှိဘဲ အိမ်သာသွားလျှင်ပင် ချန်မထားခဲ့ပါနှင့်။ အထက်ပါ ဆေးများအား အရက်အပြင် အချိုရည်များ၊ လက်ဘက်ရည်၊ ကော်ဖီနှင့် ချောကလက် ဖျော်ရည်အပူ စသည်တို့တွင် ထည့်ခတ်နိုင်ပါသည်။ သင့်အားခုခံနိုင်စွမ်းမရှိအောင် ပြုလုပ်နိုင်သည့် ဆေးဝါးများစွာရှိပြီးအများစုသည် သောက်သုံး သည့် အရည်များအတွင်း အလွယ်တကူ မသိရှိနိုင်ပါ။ပုလင်းအတွင်းမှ အရည်ကို သောက်သုံးပြီး ပုလင်း အ၀အား သင့်လက်မဖြင့်ပိတ်ထားခြင်းသည် အကောင်းဆုံးနည်းလမ်း ဖြစ်ပါသည်။ ထိုပုလင်း အားစောင့်ကြည့်ပေးမည့်သူမရှိဘဲ ထားခဲ့လျှင် ယင်းပုလင်းအတွင်း မည်သူကမည်သည့်အရာများ ထည့်လိုက်သည်ဟု သိရှိနိုင်စွမ်း မရှိတော့ပေ။
အကယ်၍ ထိုသို့ထားခဲ့မိ၍ ပြန်လာသည့်အခါ သင်၏ ပုလင်း သို့မဟုတ် ခွက်သည်နေရာ ရွေ့နေခြင်း၊ ပုံစံပြောင်းနေခြင်း၊ ပြည့်အောင် ထပ်ဖြည့်ထားသည်ဟုထင်ရခြင်း သို့မဟုတ် အရသာ ထူးခြားနေခြင်း တို့ တွေ့ရှိရပါကဆက်လက်သောက်သုံးခြင်း မပြုပါနှင့်။ အရက်ဆိုင်၊ ကလပ် သို့မဟုတ် ပါတီပွဲတွင် ယခုမှ တွေ့ဖူးသူနှင့်အတူပြန်ရမည်ဆိုပါက အထူးစဉ်းစားပြီးမှ ဆုံးဖြတ်ပါ။ တစ်ခွက်၊ နှစ်ခွက်မျှနှင့် မူးလာသည်ဟု ခံစားလာရပါက ယုံကြည်ရသော မိတ်ဆွေ၊ကလပ်မှ လုံခြုံရေးဝန်ထမ်း သို့မဟုတ် အရက်ဆိုင် အုပ်ချုပ်သူများထံမှအကူအညီ ရယူပါ။
လုံခြုံစိတ်ချရသည့်နေရာသို့ ဖြစ်နိုင်သမျှ မြန်မြန်ရောက်ရှိရန် အရေးကြီးပါသည်။ သင်အကူအညီတောင်းမည့်သူသည် မည်မျှကြာအောင်ပင် သိရှိနေခဲ့သူဖြစ်စေကာမူလုံးဝယုံကြည်ရသူ ဟုတ်မဟုတ် သေချာစွာ ဆင်ခြင်သုံးသပ်ပါ။ကျားမ မရွေး ဆေးခတ်ခံရနိုင်ပါသည်
အထက်တွင် ဖော်ပြခဲ့သည်များမှာ ဆေးဝါး အသုံးပြု၍ လိင်ပိုင်းဆိုင်ရာကျူးလွန်ခြင်းအန္တရာယ်အား လျှော့ချရန် နည်းလမ်းများ ဖြစ်ပါသည်။သင်အပြင်သွားသည့်အခါတိုင်း အထက်ပါ အချက်အလက်များ အားမှတ်မိနိုင်လိမ့်မည်ဟု မမျှော်လင့်ပါနှင့်။ ထို့ကြောင့်မည်သည့်အချိန်တွင်မဆို အထူးဂရုပြု သင့် ပါကြောင်း။ ။
(အခုတော့ အဲဒီ Date Rape Drugs တွေ ဖျော်ရည်ထဲမှာ ခတ်ထား မထားစမ်းသပ်သိရှိနိုင်တဲ့ Detection Kit တွေ ပေါ်နေပါပြီ။ အသေးစိတ်ကို*http://www.csus.edu/alcohol/predatory_drugs.html* မှာ သွားရောက်ဖတ်ရှုနိုင်ပါတယ်။)

Dr.Pwint Phyu Phyu
Senior Program Officer
Care Lashio

Ref: *http://kyawthetlatt.blogspot.com/*, “Date rape drugs”

တရုတ်တို့ မြန်မာကို ဆုံးရှုံးပြီလော

မြန်မာတို့၏ အသံစုံစုံ ရှုပ်ထွေးနေသော ဒီမိုကရေစီသည် အနောက်နိုင်ငံဘက် ဦးတည် လိုက်သောအခါ တရုတ် အစိုးရသည် ၄င်း၏ပါဝါကို ထိန်းသိမ်းရန်နှင့် မြန်မာကို အနှောင့်အယှက် ဖြစ်စေရန် လူမျိုးစု ပဋိပက္ခများကို ဝင်ရောက် မွှေနှောက်ဖို့ သင့် မသင့် ငြင်းခုံမှုများ ပွက်လော ရိုက်လာလေတော့သည်။
၂၀၁၁ ခုနှစ်မှ စတင်ပြီး သမ္မတ ဦးသိန်းစိန်၏ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲမှုများဖြင့် စတင်သော အပြောင်းအလဲများ မြန်မာနိုင်ငံတွင် ပေါ်ပေါက်လာမှု များသည် တရုတ်နိုင်ငံ အတွက် ပြဿနာတစ်ခု ဖြစ် လာသည်။ တရုတ်နိုင်ငံသည် ဆယ်စုနှစ်ပေါင်း ကြာမြင့်စွာ အဆိုပါ အာဏာရှင် ဆန်သော အိမ်နီးချင်းနှင့် နွေးထွေးသော ဆက်ဆံရေးကို ထားရှိပြီး ယင်းနိုင်ငံ၏ သဘာဝ သယံဇာတများ ထုတ်ယူမှုနှင့် နိုင်ငံခြားရေး ပေါ်လစီတို့အပေါ် လက်ဝါးကြီးအုပ်ခွင့်ဖြင့် ကြည်နူးခဲ့ သည်။ သို့သော် မြန်မာနိုင်ငံသည် အသံစုံစုံ ရှုပ်ထွေးနေသော ဒီမိုကရေစီ တစ်စိတ်တစ်ပိုင်း ဖြစ်လာသောအခါ အတိတ်ကာလ တပ်မတော် အစိုးရကို ထောက်ပံ့ ကူညီခဲ့ပြီး စီးပွားရေး အမြတ်ထုတ်မှု များလုပ်ခဲ့သော ဘေဂျင်းအစိုးရကို ပြည်သူများက ခါးခါးသီးသီး ဖြစ်နေကြသည်။

တရုတ် အစိုးရသည် တရုတ်-မြန်မာ နယ်စပ်တွင် တိုက်ပွဲများ ဖြစ်နေသောကြောင့် သူ၏တပ်များကို နှစ်နိုင်ငံ နယ်စပ်သို့ ဇန်နဝါရီလ အစောပိုင်း၌ ပို့ဆောင်လိုက်သည်။ တရုတ်ပိုင်နက် အတွင်း ပဋိပက္ခများ ဖိတ်စဉ်လာပါက အခြေအနေ ဆိုးရွားလာနိုင် သဖြင့် မြန်မာနိုင်ငံသည် ဒေသတွင်း တည်ငြိမ်မှု၏ ခြိမ်းခြောက်မှု တစ်ခု ဖြစ်နေဆဲပင်။

မြန်မာနိုင်ငံသည် အိန္ဒိယ သမုဒ္ဒရာသို့ ဆက်သွယ်ပေးမည့် မဟာဗျူဟာမြောက် လက်ရန်း တစ်ခုသဖွယ် တရုတ်အတွက် မဖြစ် နိုင်တော့။ သို့တည်းမဟုတ် အာဆီယံ၌ သစ္စာရှိ ထောက်ခံမည့်သူ အဖြစ် မဟုတ်နိုင်တော့။ မြန်မာအစိုးရသည် ဝါရှင်တန်နှင့် ဆက်ဆံရေး တိုးတက်မှု အရှိန်မြင့်လာခြင်းသည် အာရှ၌ အမေရိကန်သြဇာ ပြန်လည် ချိန်ခွင်လျှာ ညှိနေခြင်း ဖြစ်သောကြောင့် တရုတ်အတွက် စိတ်ရှုပ်ထွေးစရာ တိုးပွားလာသည်။

တရုတ်လက်နက် ကုမ္ပဏီကြီး တစ်ခုနှင့် မြန်မာ တပ်မတော်ပိုင် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် တို့ ပူးပေါင်းပြီး ဆောင်ရွက်နေသော မြန်မာနိုင်ငံ အလယ်ပိုင်း မုံရွာအနီးရှိ လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း အပေါ် ဒေသခံ ရွာသားများနှင့် သံဃာ တော်များက ပြီးခဲ့သည့် လပေါင်းများစွာ အတွင်း ဆန္ဒပြ ကန့်ကွက်ခဲ့ကြသည်။ ၂၀၁၁ အတွင်း တရုတ်ကုမ္ပဏီ တစ်ခုက တည်ဆောက်နေသည့် ဒေါ်လာ ၃ ဒသမ ၆ ဘီလီယံ မြစ်ဆုံရေကာတာ စီမံကိန်းကို ပြည်သူ့ ဆန္ဒအရ သမ္မတ ဦးသိန်းစိန်က ရပ်ဆိုင်း ထားခဲ့သည်။ မုံရွာအနီး လက်ပံတောင်း တောင်စီမံကိန်းကို ကန့်ကွက်မှု များသည် မြန်မာနိုင်ငံအတွင်း တရုတ် ရင်းနှီးမြှုပ်နှံမှုများ အတွက် အန္တရာယ် ရှိနေပြီ ဆိုသည့် စိုးရိမ် ပူပန်မှုများ မြင့်တက် လာစေတော့သည်။

တရုတ်တို့ အမျိုးသား အကျိုးစီးပွား ထိခိုက်မှုကို ဟန့်တားရန် နေပြည်တော် အစိုးရကို တားမြစ်ဖို့ တရုတ်တို့တွင် ဆောင်ရွက်နိုင် စွမ်းအား နည်းနည်းသာ ရှိတော့သည်။ အစိုးရ သုတေသီများ၊ အရှေ့ တောင်အာရှ ကျွမ်းကျင်သူများ ပါဝင်သော တရုတ် နိုင်ငံခြားရေးရာ ပေါ်လစီ အသိုင်းအဝိုင်း အတွင်း ငြင်းခုံမှုများ ကျယ်ကျယ် လောင်လောင် ပေါ်ထွက်လာနေသည်မှာ တရုတ်အစိုးရသည် တစ်ချိန်က မိတ်ဆွေများ ဖြစ်ခဲ့ဖူးသည့် နေပြည်တော်ကို ဆန့်ကျင် နေသော တိုင်းရင်းသား လူမျိုးစု လက်နက်ကိုင် အဖွဲ့များနှင့် ပြန်လည် ပေါင်းသင်းပြီး အင်အားချိန်ခွင်လျှာကို ပြန် ထိန်းသိမ်းရန် ဆိုသည့် သဘောထား ဖြစ်သည်။ ယူနန် ရဲ ကောလိပ်မှ နိုင်ငံရေးသိပ္ပံ ပါမောက္ခ လျန်ကျန်းယွန်က အဆိုပါလူမျိုးစု လက်နက်ကိုင် အဖွဲ့များနှင့် ပတ်သက်ပြီး ၂၀၁၁ တွင် အရေးပါသော စာတမ်းတစ်စောင် ရေးသား ခဲ့သည်။ “အဆိုပါ (တိုင်းရင်းသား လက်နက်ကိုင်များကို) အသုံးပြု ပါက ၄င်းတို့သည် မြန်မာနိုင်ငံတွင် တရုတ်နှင့် အမေရိကန် တို့အကြား ထိပ်တိုက် ရင်ဆိုင်မှုများ၏ ရှေ့တန်း မျက်နှာစာတွင် တရုတ်တို့၏ သစ္စာ အရှိဆုံးသော မိတ်ဆွေများ ဖြစ်လာပေလိမ့်မည်” ဟု ရေးသားခဲ့သည်။

မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိသည့် ၁၉၄၈ ခုနှစ် နောက်ပိုင်း ကတည်းက အရှေ့ပိုင်းနှင့် မြောက်ပိုင်းဒေသရှိ တိုင်းရင်းသားများ ဖြစ်သော ဝ၊ ကချင်တို့နှင့် တရုတ် အစိုးရသည် ရင်းနှီးဆက်နွှယ်မှု ကို ကာလကြာမြင့်စွာ တည်ဆောက်ထားပြီး ဖြစ်သည်။ အဆိုပါ ပတ်သက်မှု၏ အမြင့်ဆုံး ဒီဂရီမှာ ၁၉၆၀ ပြည့်နှစ်များ အတွင်း ဗဟို အစိုးရကို ဆန့်ကျင်ခဲ့သော (ကချင်၊ ဝ နှင့် တရုတ် အမျိုးသားများ ပါဝင်သည့်) ဗမာပြည်ကွန်မြူနစ် ပါတီကို တရုတ် အစိုးရက ထောက်ခံ ပံ့ပိုးပေးမှုဖြစ်သည်။ တရုတ်အစိုးရ၏ ငွေအား လူအားဖြင့် ကူညီ ထောက်ပံ့မှုတို့ ၁၉၉၀ ပြည့်နှစ် အစောပိုင်း ကာလများတွင် နိဂုံးချုပ်သွားခဲ့သည်။ သို့သော် ယူနန်ပြည်နယ်သည် ဘိန်း အစားထိုး သီးနှံ စိုက်ပျိုးခြင်းမှသည် အခြားသော စီးပွားရေး ပူးပေါင်းဆောင် ရွက်မှုများဖြင့် ယင်းအဖွဲ့များနှင့် ထိစပ် ပတ်သက်နေဆဲ ဖြစ်သည်။

၂၀၁၁ စက်တင်ဘာ လ၌ မြန်မာ အစိုးရသည် “ဝ” အဖွဲ့နှင့် ငြိမ်းချမ်းရေး သဘောတူညီချက် ရရှိခဲ့သော်လည်း ကချင် အဖွဲ့နှင့် မြန်မာ့ တပ်မတော်တို့အကြား တိုက်ပွဲများ ဆက်လက် ဖြစ်ပေါ်နေဆဲ ဖြစ်သည်။ ဇန်နဝါရီလ ၂ ရက်နေ့တွင် ကချင် လက်နက်ကိုင် အဖွဲ့ကို လေကြောင်း အသုံးပြုပြီး တိုက်ခိုက် ခဲ့သည်ဟု ဝန်ခံခဲ့သည်။ တရုတ် အစိုးရက ယင်းဖြစ်ရပ် အတွက် အနည်းအကျဉ်းသာ ထုတ်ဖော်ပြောခဲ့ပြီး တရုတ်နှင့် မြန်မာတို့သည် အရေးကြီးသော အိမ်နီးချင်းများဖြစ်ကာ အမေရိကန်ပြည်ထောင်စုနှင့် မြန်မာတို့ အကြား ဆက်ဆံရေး တိုးတက်မှုကို တရုတ်တို့က ကြိုဆိုကြောင်း နိုင်ငံခြားရေး ဝန်ကြီးက ပြောဆိုခဲ့သည်။ သို့သော် တရုတ်တို့သည် အတိတ်ကာလ တုန်းက ပြုမူ ခဲ့သလိုပင် လိုလားချက်ကို တိုက်ရိုက် ထုတ်မပြောဘဲ မြန်မာအပေါ် ကောင်းကောင်းမွန်မွန် ဆက်ဆံပြခဲ့ သည်။ ပြီးခဲ့သည့် နိုဝင်ဘာလ အတွင်း တရုတ်အစိုးရက ကျွမ်းကျင်သူ တစ်ဦးနှင့် သီးသန့် တွေ့ဆုံရာ၌ တရုတ်သည် မြန်မာအပေါ် ချဉ်းကပ်မှု အား နည်းလမ်းပေါင်းစုံ အသုံးပြု သင့်သည်ဟု ဆိုသည်။
"နယ်စပ်လူမျိုးစု လက်နက်ကိုင် အုပ်စုတွေက ကျွန်တော်တို့ရဲ့ ဖဲချပ်တွေပဲ။ ဒါတွေကို ကောင်းကောင်းမွန်မွန် ကိုင်တွယ် တတ်ဖို့ပဲ လိုတယ်" ဟု ဘေဂျင်း အခြေစိုက် နောက်ထပ် တရုတ် ကျွမ်းကျင်သူ တစ်ဦးက ဆိုသည်။
သူ၏အမြင်သည် လွန်ခဲ့သော နှစ်အနည်းငယ် အတွင်း ကျွန်တော်စကား ပြောခဲ့သည့် အခြားသူများနှင့် အမြင်တူနေသော် လည်း တစ်ယောက်မှ လူသိရှင်ကြား ထုတ်မပြော ခဲ့ကြပေ။

၎င်းတို့က တရုတ် အစိုးရသည် ကချင်နှင့် မြန်မာ အစိုးရအကြား ကြားဝင် ပေးသင့်ပြီး တရုတ်၏ သြဇာနှင့် လွှမ်းမိုးမှု မြန်မာတို့ကို သတိပေးရန်၊ နယ်စပ်ဒေသ တည်ငြိမ်မှု ရှိရန် ပြုလုပ်သင့် သည်ဟု ယုံကြည် နေကြသည်။ ထို့အပြင် နေပြည်တော်ကို ဆန့်ကျင်နေသော လူမျိုးစု လက်နက်ကိုင် များကို တရုတ် အစိုးရက အားပေး ကူညီသင့်ပြီး မြန်မာ့ တပ်မတော်ကို တိုက်ခိုက်မှုများ ရပ်တန့် သွားရန်နှင့် နယ်စပ် တစ်လျှောက် သစ်၊ ကျောက်စိမ်းနှင့် အခြားသယံဇာတများ အတားအဆီးမရှိ စီးမျောခွင့် ရရန် ဖိအား ပေးသင့်သည်ဟုဆိုသည်။ အဆိုပါ လေ့လာသုံးသပ်သူ များ၏ အဆိုအရ လက်နက်ကိုင် လူမျိုးစုများကို ထောက်ပံ့ အားပေးခြင်းသည် နေပြည်တော် အပေါ် တရုတ်တို့ ချိန်ခွင်လျှာ ထိန်းဖို့နှင့် တရုတ်၏ အမျိုးသား အကျိုးစီးပွားတို့ကို ရိုသေလေးစားဖို့ မြန်မာကို ဖိအားပေးခြင်း ဟုဆိုသည်။ သို့သော် မြန်မာသည် အနောက်နိုင်ငံ၏ လက်အတွင်း ပစ်ဝင်ခို လိုက်ကတည်းက တရုတ်တို့ အတွက် ဆုံးရှုံးစရာ တစ်ခုမှမရှိ၊ ရစရာချည်းသာ ဖြစ်သည်ဟု ထင်မြင် ယူဆနေကြသည်။

တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနနှင့် နီးစပ်သူများကတော့ အဆိုပါ အမြင်ကို လက်မခံကြပေ။ ၄င်းတို့သည် တရုတ်တို့၏ သူတစ်ပါးနိုင်ငံ ပြည်တွင်းရေးကို ဝင်ရောက် မစွက်ဖက်ရေး မူကိုသာ နှုတ်တက်ရွရွ ရွတ်နေကြပြီး နှစ်နိုင်ငံ ခိုင်မာသော ချစ်ကြည်ရေး ကို တည်ဆောက်ထားပြီး ဖြစ်သဖြင့် လူမျိုးစု လက်နက်ကိုင်များ အရေးကြောင့် နေပြည်တော်ကို အထီးကျန် ဖြစ်စေမည်ဆိုသည့် ယူဆချက်ကို ငြင်းဆိုခဲ့သည်။ အဆိုပါ လေ့လာသုံးသပ်သူအများစု ယုံကြည်ကြသည်မှာ ပွက်လောရိုက် နေသော ဒီမိုကရေစီသည် တရုတ် အကျိုးစီးပွားကို လတ်တလော နာကျင်စေမည် ဖြစ်သော်လည်း တဖြည်းဖြည်း ကွယ်ပျောက် သွားမည်ဟု ဆိုကြသည်။ နေပြည်တော် အစိုးရသည် ဘေဂျင်း၏ ထောက်ခံမှုရရှိရန် ယခင်လို ပြန်လှည့်လာမည်၊ သို့မဟုတ်ပါက မြန်မာပြည် သည် ဖရိုဖရဲ တိုင်းပြည်အဖြစ် ကျရောက် သွားမည်။ ထို့ကြောင့် နှစ်နိုင်ငံ စလုံး ကာလတာရှည်သော ချစ်ကြည်မှု ရှိခဲ့သလို တရုတ်သည် မြန်မာ၏ အကြီးမားဆုံးသော ရင်းနှီးမြှုပ်နှံသူ၊ ကုန်သွယ်ဖက် ဖြစ်သည်ဟု ၄င်းတို့က ဆိုကြသည်။

၎င်းတို့ အမြင်တွင် မြန်မာလူမျိုးစု လက်နက်ကိုင် များက တရုတ် ပါဝင်လာခြင်းကို ကြိုဆိုသည်ဟု ဆိုသည်။ KIA သတင်း ရပ်ကွက်တစ်ခု အဆိုအရ “မယုံကြည်ရသော၊ လူမျိုးကြီး ဝါဒ ကိုင်စွဲထား သော မြန်မာ အစိုးရသည် ကမ္ဘာ့ အင်အားကြီး တစ်ခုခု ကျောထောက် ထောက်ခံ မပေးပါက မည်သည့် သဘောတူညီချက် ကိုမျှ လိုက်နာ မည်မဟုတ်” ဟုဆိုသည်။ အမေရိကန် ပြည်ထောင်စုသည် တိုင်းရင်းသား လူမျိုးစု လက်နက်ကိုင်များ ဘက်က ရပ်တည်ခြင်း ထက် နေပြည်တော် ဘက်ကို ရပ်တည်ဖို့ အာရုံစိုက် နေမှုကြောင့် ကချင်နှင့် “ဝ” တို့က တရုတ်သည် ၄င်းတို့၏ အားအကြီးဆုံး မဟာမိတ် ဖြစ်လာရန် မျှော်လင့်နေကြသည်။

ပြီးခဲ့သည့် နှစ်အနည်းငယ် အတွင်း ဝါရှင်တန် သို့ ချစ်ကြည်ရေး မကြာခဏ သွားရောက်ခဲ့သည့် ကချင်အဖွဲ့ဝင် များက အမေရိကန်တို့၏ စိတ်ဝင်တစား မရှိမှုကို စိတ်ပျက်လက်ပျက် ဖြစ်သည် ဟု ဆိုကြသည်။ တရုတ်ဒေသခံ အာဏာပိုင် အချို့ကမူ “ဝ” အဖွဲ့ဝင် များသည် သူတို့အပေါ် အမေရိကန်တို့က မူးယစ်ရာဇာများ၊ လက်နက်မှောင်ခို ကုန်ကူးသူများဟု ခေါ်ဝေါ်နေခြင်းကို ရပ်တန့်စေ လိုသော မျှော်လင့်ချက်ကို ဆုပ်ကိုင် မထားလိုတော့ဟု ဆိုကြသည်။

မြန်မာသည် တရုတ်နိုင်ငံနှင့် တစ်စတစ်စ ဝေးကွာလာနေခြင်း အပေါ် ဘေဂျင်း၏ စိုးရိမ် ကြောင့်ကြမှုကို နားလည် လာနေသော ကချင်နှင့် ဝတို့သည် နိုင်ငံရေး အဖြေရှာရန် နှင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရရန် ၄င်းတို့၏ လှုပ်ရှားမှုကို တရုတ် အစိုးရက ထောက်ခံသင့်သည် ဟု ဆိုသည်။ သို့သော် အဆိုပါ နိုင်ငံရေးမျှော်မှန်းချက် အတွက် လှုပ်ရှားသည့် တိဘက်နှင့် ဝီဂါတို့ အပေါ် တရုတ်တို့ ဖိနှိပ်မှုများ ရှိနေသောကြောင့် တရုတ် အစိုးရအတွက် မျက်နှာပျက်စရာသာ ဖြစ်ပေတော့မည်။ သို့သော် နိုင်ငံရေးသည် သူစိမ်းများကို တစ်အိပ်ရာ အတွင်း အိပ်အောင် လုပ်နိုင်သည်။ လူမျိုးစု လက်နက်ကိုင်များ၏ အရေးကို ထောက်ခံပြီး မြန်မာ အစိုးရကို ဂရုမစိုက်ကြောင်း ပြသမည် ဆိုပါက အတော်ပင် ဆိုးရွား လှသော ဖီလာတိုက်မှုကြီး ဖြစ်နေ ပေတော့မည်။

မူရင်းဆောင်းပါး - Has China Lost Myanmar?
Yun Sun (Foreign Policy Magazine မှ ဖော်ပြချက်)

ကိုကိုနန်းညွန့်ဦး.....ဒီကယူပါတယ်...
http://thevoicemyanmar.com/index.php/foreign-affairs/item/3468-%E1%...

ကာမရာဂနှစ်နှင့် စင်ကာပူ


စာရေးသူဟာ ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်မှာ စင်ကာပူနိုင်ငံကို အလည်အပတ် ခရီးသွားရောက်ခဲ့ပါတယ်။ ၂၆ ရက်မှာ စင်ကာပူက တစ်ဆင့် မလေးရှားနိုင်ငံကိုသုံးရက် ခရီးသွားရောက်ခဲ့ပြီး ၂၉ ရက်မှာ စင်ကာပူကို ပြန်လည် ရောက်ရှိခဲ့ပါတယ်။ နှစ်သစ်ပထမနေ့ဖြစ်တဲ့ ၂၀၁၃ ခုနှစ် ဇန်န၀ါရီ ၁ ရက်မှာတော့ ရန်ကုန်မြို့ကို ပြန်လည်
ရောက်ရှိခဲ့ပါတယ်။ စင်ကာပူခရီးစဉ် အတွေ့အကြုံများအနက်မှ အလွန်စိတ်ဝင်စားဖွယ် ကောင်းလှတဲ့အချက်တွေကို မီးမောင်းထိုးပြပြီး စာဖတ်ပရိသတ်ကြီးထံ နှစ်သစ်လက်ဆောင်မွန်အဖြစ် ရေးဖွဲ့ပေးအပ်လိုက်ပါတယ်။
စင်ကာပူဟာ Sky Scraper လို့ခေါ်တဲ့ မိုးမျှော်အဆောက်အအုံများနဲ့ အခြေခံအဆောက်အအုံတွေ လွန်စွာခမ်းနားထယ်ဝါ လှပပြီး စီးပွားရေးဖွံ့ဖြိုးမှုနဲ့ နည်းပညာ တိုးတက်မှုမှာလည်း အာဆီယံ နိုင်ငံများအတွင်း ရှေ့တန်းကနေရာယူထားတဲ့ နိုင်ငံဖြစ်တယ်ဆိုတာ အားလုံးသိပြီးဖြစ်တဲ့အတွက် အထူးစာဖွဲ့ ပြောဖို့ မလိုပါဘူး။ ဒါပေမဲ့ လူတွေအကြောင်းကို ပြောစရာရှိပါတယ်။ ပြောလည်းပြောချင်ပါတယ်။ စာရေးသူ ဘ၀င်မကျဆုံးအချက်တစ်ရပ်က စင်ကာပူ မိဘတွေဟာ မိမိတို့ရဲ့ ရင်သွေးကို တွန်းလှည်းထဲထည့်ပြီး ရေခဲချောင်းလှည်းတွန်းသလို တွန်းပြီးသွားတတ်တဲ့ ဓလေ့စရိုက်ကိုပါပဲ။ စာရေးသူဟာ ယခုအကြိမ်ပါဆိုလျှင် စင်ကာပူကိုရောက်တာ သုံးကြိမ်တိတိရှိပါပြီ။ လူတွေအလွန်စည်ကားတဲ့ ဆန်တိုဆာကျွန်း၊ တိရစ္ဆာန်ရုံ၊ စင်ကာပူရဟတ်စတဲ့ နေရာတွေကို မိသားစုအလည်အပတ် သွားကြရာ ကုန်တိုက်ကြီး တွေကို ဈေးဝယ်ထွက်ကြရာ၊ လမ်းဘေးပလက်ဖောင်းပေါ်မှာ ရင်သွေးငယ်အပါအ၀င် မိသားစု ယှဉ်တွဲပြီး လမ်းလျှောက်ကြရာ၊ ဘယ်နေရာမှမဆို မိဘတွေက သားသမီးကို ထွေးပိုက် ချီပိုးပြီး သွားလာလေ့ မရှိသလောက် တွေ့ ရပါတယ်။
စာရေးသူတို့ နိုင်ငံမှာဆိုရင် လမ်းမလျှောက်နိုင်သေးတဲ့ တွန်းလှည်းဝယ်ပေးတောင်မှ ကိုယ့်သားသမီးကို ရင်အုပ်မကွာ ချီပိုးထွေးပွေ့ထားတတ်တဲ့ ဘ၀ကို စွန့်လွှတ်ကြမှာ မဟုတ်ပါဘူး။ ဂုတ်ပိုးခွစီးတဲ့သားကို ဖခင်က လမ်းလျှောက်ရင်း ပြုံးပျော်မဆုံးရှိတဲ့ မြင်ကွင်းမျိုး စင်ကာပူမှာ လုံးဝမတွေ့ခဲ့ရပါဘူး။ လမ်းလျှောက်နိုင်ပြီဖြစ်တဲ့ သားသမီးတွေကိုပါ
လက်တွဲပြီး လျှောက်လေ့မရှိကြဘဲ လှည်းထဲထည့်တွန်းနေကြတာနေရာတကာမှာ အများဆုံး တွေ့မြင်နိုင်ပါတယ်။
နောက်တစ်ချက်က “သားတို့ ရုပ်ရည်၊ သီတာမည်သား၊ ရေကြည်ချမ်းမြ၊ တစ်ပေါက်ကျက၊ မိဘတို့ဝမ်း ငြိမ်းစတမ်း” ဆိုတဲ့ စကားကို စင်ကာပူမှာ အင်္ဂလိပ် ဘာသာနဲ့ဖြစ်စေ၊ မန်ဒရင်းတရုတ် ဘာသာနဲ့ဖြစ်စေ ပြန်ဆိုပြီး သဘောပေါက်အောင် ဟောပြောကြမယ်ဆိုရင် ဦးပုညရဲ့ စကားအတိုင်း “ဟောရင်းသာ ပျံလွန်ရမယ်” လို့ ဆိုရမှာပါပဲ။ စင်ကာပူမှာ “ရေကြည်ချမ်းမြ” ဆိုတာ မိုးရေ၊ မလေးရှားက ငွေပေးဝယ်ရတဲ့ ရေနဲ့ မိလ္လာကန်နဲ့ ရေမြောင်းထဲက ရတဲ့ရေကို ပြန်လည်သန့်စင်ပြီးနောက် အားလုံး ရောသမမွှေတဲ့ရေလို့ အဓိပ္ပာယ် ရရှိမှာ ဖြစ်ပါတယ်။ အဲဒီရေကို သောက်သုံးနေတဲ့ စင်ကာပူသားတွေကို သီတာရေစင်နဲ့ ယှဉ်ပြီး  မိဘမေတ္တာအကြောင်း သဘောပေါက်အောင် ပြောဖို့ဆိုတာ အလွန်ပင် မလွယ်လှပါဘူး။
ချန်ဂီအပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ ပစ္စည်းတင်တဲ့ လှည်းတွေကို လိုက်လံသိမ်းဆည်းပြီး အသက်မွေးနေကြရှာတဲ့ သက်ကြီးရွယ်အို တရုတ်အဘိုးကြီးတွေကို မြင်ရတဲ့အခါမှာ စာရေးသူအဖို့ ထပ်မြင့်မိုးမျှော်တိုက်ကြီးတွေရဲ့ထယ်ဝါမှုနဲ့ နိမ့်ကျလှတဲ့ ဇရာအို လူသားရဲ့ နွမ်းပါးမှု ဘ၀ပုံရိပ်နှစ်ခုကို နှိုင်းယှဉ်ရှုမြင်ရင်း သက်ပြင်းအခါခါ ချမိပါတယ်။ အဘိုးအိုတွေ ကို နိုင်ငံတကာမြင်ကွင်းမှာ “ကိုယ်လုပ်မှ ကိုယ်စားရတယ်” ဟု ပြကွက်တစ်ရပ် တည်ဆောက်ပြသထားသလိုလည်း ခံစားမိပါတယ်။
အထူးသဖြင့် စင်ကာပူနိုင်ငံသား (Singaporean Life) ကို အများမြင်ပြင်းကပ်လောကအောင် အလွန်ဂုဏ်ယူဝင့်ကြွား
စွာ ပြောဆိုလေ့ရှိကြတဲ့ ပုဂ္ဂိုလ်အားလုံးကို ၂-၁၂-၂၀၁၂ ရက်က မလေးရှားနိုင်ငံထုတ် The Star သတင်းစာပါ ဆောင်းပါရှင် စီချိုင်ယင်နီး(Seach Chaiang Nee) ရဲ့ “မြို့တော်အတွင်း လိင်ကိစ္စအရှုပ်အထွေးက သင့်ဘ၀ကို ကျဆုံး အောင်ဆွဲချလေပြီ” (Sex in theCity Drags you down) ဆိုတဲ့ ဆောင်းပါးကို မပျက်မကွက် ဖတ်ရှု မှတ်သားကြစေချင်ပါတယ်။ အဲဒီ ဆောင်းပါးမှာ Play Boy မဂ္ဂဇင်းကို ပိတ်ပင်ထားတဲ့ စင်ကာပူနိုင်ငံဟာ လိင်ကိစ္စအရှုပ်အထွေး အများဆုံးဖြစ်ပွားခဲ့တဲ့ ၂၀၁၂ ခု နှစ်ကို ဖြတ်သန်းပြီး ၂၀၁၃ ခုနှစ် နှစ်သစ်ကို ၀င်ရောက်နေပြီဖြစ် ကြောင်း စင်ကာပူနိုင်ငံအတွင်းမှာ လိင်ကိစ္စမသမာမှုနဲ့ တွေ့ကြုံရင် တွန်းလှန်နိုင်မယ့် လူသားရဲ့ ခုခံအားကို ကျဆင်းစေတဲ့ ဗိုင်းရပ်စ်ပိုးများ ပျံနှံ့နေကြောင်း၊ ပါလီမန် အမတ်များ၊ အစိုးရအရာရှိကြီးများ၊ စီးပွားရေး လုပ်ငန်းရှင် ကြီးများအဆင့်မှ ကုန်တင်ယာဉ်မောင်းနဲ့ သန့်ရှင်းရေးအလုပ်သမား အဆင့်အထိ ရောဂါပိုးပျံ့နှံ့ ကူးစက်မှုဒဏ်ကို ခံစားနေကြရကြောင်း ဒါဇင်ပေါင်းများစွာသော လူကုံထံ အသိုင်းအ၀ိုင်းမှ ပုဂ္ဂိုလ်များဟာ အရွယ်မရောက်သေးတဲ့ ပြည့်တန်ဆာများနဲ့ ပျော်ပါးမှုကြောင့် တရားရုံးများမှာ အမှုရင်ဆိုင်နေကြရကြောင်း၊ ကာမရာဂ ထကြွသောင်းကျန်းမှုဟာ တက္ကသိုလ်ပါမောက္ခများ၊ တရားရုံးရှေ့နေများ၊ ရဲဝန်ထမ်းများ၊ ကျောင်းဆရာများနဲ့ ဆယ်ကျော်သက်အ
ရွယ်လူငယ် လုံမငယ်များရဲ့ ဘ၀ကိုပါ ကျဆုံးအောင် ဆွဲချလျက်ရှိကြောင်း နိဒါန်းပျိုးထားတာ တွေ့ရပါတယ်။
တိုက်တိုက်ဆိုင်ဆိုင် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာ ကာမဘီလူးခြောက်ဦးက ဘတ်စ်ကားပေါ်မှာ ရိုက်နှက်မုဒိမ်းကျင့်ပြီး လမ်းပေါ်ပစ်ချခံရလို့ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့တာကြောင့် အိန္ဒိယနိုင်ငံ အစိုးရက စင်ကာပူနိုင်ငံ Mount Elizabeth ဆေးရုံမှာတင်ပြီး ကုသစေတဲ့ ၂၃ နှစ်အရွယ် ဆေးကျောင်းသူလေးဟာ အထက်ပါ ဆောင်းပါးသတင်းစာမှာပါရှိတဲ့ ၂၉-၁၂-၂၀၁၂ နေ့မှာပဲ စင်ကာပူနိုင်ငံမှာ ကွယ်လွန်သွားရှာပါတယ်။ စင်ကာပူက ကာမဘီလူးတွေအကြောင်း အဲဒီဆောင်းပါး မှာ အတိအကျ ရေးထားတာကိုလည်း ဆက်လက်ပြီး တင်ပြပါမယ်။
ဆောင်းပါးရှင်က စင်ကာပူက ကျောင်းဆရာ၊ ဆရာမတွေဟာ အရွယ်မရောက်သေးတဲ့ ကျောင်းသား၊ ကျောင်းသူတွေနဲ့အတူ အိပ်တဲ့အတွက် တရားရင်ဆိုင်နေကြရကြောင်း ဆရာနှစ်ဦးဟာ မိန်းကလေး အိမ်သာမှာ ကင်မရာလျှို့ ၀ှက်တပ်ဆင် ကြည့်ရှုတဲ့အတွက် တရားစွဲခံထားရကြောင်း၊ ခရစ္စမတ်နေ့အလွန် နှစ်ရက်က ကားရပ်နားတဲ့ အဆောက်အအုံ တစ်ခုရဲ့ ခေါင်မိုးပေါ်မှာ ဖိုမစုံတွဲ တစ်တွဲ ကာမနှီးနှောနေကြပုံကို ဘေးပတ်လည်မှ တိုက်ခန်းများက ရှုမြင်ကြရပြီး အဲဒီဖြစ်ရပ်ကို ဗီဒီယို ရိုက်မှတ်တမ်းတင်ထားခဲ့ကြောင်း၊ အဲဒီဖြစ်ရပ်ကြောင့် စင်ကာပူနိုင်ငံရဲ့ ကုန်လွန်ခဲ့တဲ့ ၂၀၁၂ ခုနှစ်ကို တရုတ်သတင်းစာတစ်စောင်က “ကာမရာဂနှစ်” (The Year of Lust) လို့ ရေးသားခဲ့ကြောင်း၊ ၂၀၁၂ ခုနှစ်ကို စင်ကာပူနိုင်ငံရဲ့ လက်ရှိ အာဏာရ PAP ပါတီ (People Action Party) က ထင်ရှားကျော်ကြားတဲ့ ပါလီမန်အမတ် ဖြစ်ပြီး လွှတ်တော်ရဲ့ သဘာပတိ အဖွဲ့ဝင်လည်းဖြစ်တဲ့ မိုက်ကယ်ပမ်းလ်မား(Michael Palmer) ဟာ ပါတီထဲက လုပ်ဖော်ကိုင်ဖက် လော်ရာအွန်း(Laura Ong) ဆိုတဲ့ အမျိုးသမီးတစ်ဦးကို တိတ်တဆိတ်မယားငယ် အမြှောင်ထားတဲ့ အတွက် သူရဲ့နိုင်ငံရေး ရာထူး၊ ပါတီရာထူး အားလုံးကနေ ဒီဇင်ဘာလ အစပိုင်းမှာ နှုတ်ထွက်ခဲ့ရကြောင်း၊ အတိုက်အခံပါတီဖြစ်တဲ့ အလုပ်သမားပါတီရဲ့ ဘဏ္ဍာရေးမှူးဖြစ်တဲ့အပြင် ပါလီမန်အမတ်လည်းဖြစ်တဲ့ ရောရှင်လီယွန် (Yaw Shin Leong)ဟာ ပါတီဝင် အမျိုးသမီးတစ်ဦးနဲ့ လိင်ကိစ္စ ရှုပ်ထွေးမှု ပေါ်ပေါက်ခဲ့ခြင်းကြောင့် အလုပ်တာဝန်မှ နုတ်ထွက်သွားခဲ့ကြောင်း ဖော်ပြထားတာကို ဖတ်ရှုနိုင်ပါတယ်။
ဆောင်းပါးရှင်က စင်ကာပူ နိုင်ငံသားတွေကို အဆိုးရွားဆုံး တုန်လှုပ်ချောက်ချားစေခဲ့တဲ့ ဖြစ်စဉ်နှစ်ခုကိုလည်း ရေးသားဖော်ပြထားပြန်ပါတယ်။ အဲဒီဖြစ်ရပ်ကများက တိုင်းပြည်ရဲ့ လုံခြုံရေးဆိုင်ရာ ထိပ်တန်းအကြီးအကဲနှစ်ဦးကို “ကာမရာဂ အဂတိလိုက်စားမှု” အတွက် ဖမ်းဆီးအရေးယူခဲ့ခြင်းပဲ ဖြစ်ပါတယ်။ ကာမရာဂ အဂတိ လိုက်စားမှုဆိုတာက ငွေနဲ့လာဘ်မထိုးဘဲ ကာမနဲ့လာဘ်ထိုးတာကို လက်ခံသုံးစွဲခြင်းဖြစ်ပါတယ်။ ဆောင်းပါးရှင်က အဲဒီပုဂ္ဂိုလ်နှစ်ဦးဟာ ဗဟိုမူးယစ်ဆေးဝါးဆန့်ကျင် တိုက်ဖျက်ရေးအဖွဲ့ရဲ့ အကြီးအကဲဟောင်း အင်(င်)ဘွန်ဂေး (Ng Boon Gay) နဲ့ မြို့ပြလုံခြုံ ရေးတပ်ဖွဲ့ အကြီးအကဲဟောင်း ပီတာလင်း (Peter Lim) တို့ဖြစ်ကြောင်း၊ အဲဒီအရာရှိကြီးနှစ်ဦးဟာ သတင်းနဲ့ ဆက်သွယ်ရေး နည်းပညာလုပ်ငန်းရှင်နှစ်ဦးက လုပ်ငန်းကန်ထရိုက်ရရှိဖို့အတွက် သူတို့ရဲ့ ၀န်ထမ်း အမျိုးသမီးနဲ့ ကာမလာဘ်ထိုးခိုင်းလိုက်တာကို လက်ခံသုံးစွဲခဲ့ကြကြောင်း စင်ကာပူအဂတိလိုက်စားမှု စုံစမ်းစစ်ဆေးရေးဗျူရိုက စစ်ဆွေးတွေ့ရှိခဲ့ပြီး တရားစွဲဆို အရေးယူခြင်းခံနေကြရကြောင်း၊ ဒါ့အပြင် ၂၀၁၂  ခုနှစ်မှာ အဲဒီအမှုထက် ပိုပြီး တုန်လှုပ်စေခဲ့တဲ့ အမှုကတော့ အရွယ်မရောက်သေးတဲ့ ပြည့်တန်ဆာများနဲ့ ပျော်ပါးဖို့ စင်ဒီကိတ် တစ်ခုက စနစ်တကျ စီစဉ်တဲ့အတိုင်း လွန်ကျူးခဲ့ကြသူပေါင်း ၈၀ ကျော်ကို ဖမ်းဆီးရမိတဲ့ အမှုဖြစ်ကြောင်း အဲဒီအထဲမှာ ၅၁ ဦးဟာ ထင်ရှားကျော်ကြားတဲ့ ပုဂ္ဂိုလ်များ ဖြစ်တဲ့အတွက် ဦးစားပေးမှုအဖြစ် စစ်ဆေးဆောင်ရွက်လျက်ရှိ ကြောင်း ရှောဘရားသား သူဌေးရဲ့ မြေး၊ ဆွစ်ဇာလန်ဘဏ်သူဌေး၊ အင်ဒိုနီးရှား စီးပွားရေးလုပ်ငန်းရှင်၊ စင်ကာပူက ရှေ့နေ၊ ရဲအရာရှိများနဲ့ ပညာရေးနယ်ပယ်မှ ပုဂ္ဂိုလ်များ ပါဝင်နေကြောင်း ဖော်ပြထားပါတယ်။
အလွန် စိတ်ဝင်စားဖို့ ကောင်းတဲ့ အမှုတစ်ခုက တက္ကသိုလ်ပါမောက္ခတစ်ဦးရဲ့လိင်ကိစ္စ အရှုပ်တော်ပုံပဲ ဖြစ်ပါတယ်။ သူကျူးလွန်တဲ့အမှုက တက္ကသိုလ်က အတန်းတင်ဖို့အတွက် ကာမတောင်းခံတဲ့အမှု (The Sex- for Grades)ပဲ ဖြစ်ပါတယ်။ ဆောင်းပါးရှင်က ဥပဒေပညာပါမောက္ခ တေးဆွန်းဟန် (Tey Sung Hang)  ဟာ  ၂၃  နှစ်အရွယ် ဘွဲ့မရသေးတဲ့ ဒါရင်းကိုဝင်ဟေး (Darinne Ko Wen Hui)ဆိုတဲ့ ကျောင်းသူကို အတန်းတင်ပေးဖို့အတွက် သူမထံက ကာမကို တောင်းခံသုံးစွဲခဲ့မှုနဲ့ အရေးယူခံနေရကြောင်း၊ ၂၀၁၃ ခုနှစ် ဇန်န၀ါရီ ၁၅ ရက်မှာ ခရိုင်တရားရုံးတစ်ရုံးက ဒီအမှုကို စတင်ကြားနားစစ်ဆေးတော့မှာဖြစ်ကြောင်း ဖော်ပြထားပါတယ်။ ဆောင်းပါးရှင်က သူရဲ့ဆောင်းပါးနိဂုံးပိုင်းမှာ စင်ကာပူ နိုင်ငံသားတွေဟာ အကျင့်စာရိတ္တ ဖြောင့်မတ်ရေးအတွက် လီကွမ်ယုရဲ့ နှစ်ပေါင်းများစွာ အစဉ်တစိုက် ထိန်းသိမ်းကြပ်မတ်မှုကို ခံရပြီးတဲ့နောက် ယခုလို အမှုတွေ ဘာကြောင့်ကျူးလွန်ကြသလဲဆိုတာကို လူမှုရေးပညာရှင် များ၊ စိတ်ပညာရှင်များ ပူးပေါင်းပြီး ဆန်းစစ်အဖြေရှာကြဖို့ တိုက်တွန်းထားပါတယ်။ စင်ကာပူနိုင်ငံသားတွေဟာ အာရှမှာ ဂျပန်နိုင်ငံပြီးရင် ကာမဂုဏ်ခံစားမှု အနည်းဆုံးလို့ ယခင်သုတေသနပြုချက်များကဆိုထားပြီး နောက်ဆုံး သုတေသနပြုချက်မှာတော့ စင်ကာပူ နိုင်ငံသားတွေဟာ တစ်ပတ်လျှင် အနည်းဆုံးကာမဂုဏ်ခံစားမှု ငါးကြိမ်ရှိကြောင်း အမျိုးသမီးတွေက ဒီထက်ပိုပြီး ခံစားလိုကြကြောင်းနဲ့ စင်ကာပူ လူချမ်းသာတွေဟာ ငွေကြေး ကြွယ်ဝကြပေမယ့် ကာမဆင်းရဲကြတယ်လို့သိရှိရကြောင်း၊ ပါလီမန်သဘာပတိ ရဲ့လိင်ကိစ္စအရှုပ်တော်ပုံကလည်း စင်ကာပူနိုင်ငံမှာ အာဏာရပါတီထဲက လူကြီးတွေကို အမျိုးသမီးတွေ လုံးဝမချဉ်းကပ်ကြပါနဲ့လို့ သတိပေးနှိုးဆော်ရာရောက်ကြောင်း လေ့လာသူတစ်ဦးရဲ့ အမြင်ကိုဖော်ပြပြီး နိဂုံးချုပ်ထားပါတယ်။
စီချိုင်ယင်နီးရဲ့ ဆောင်းပါးပါ အချက်များအရ စင်ကာပူနိုင်ငံမှာ စားဝတ်နေရေးစတဲ့ အရေးသုံးပါးကို အဆင့်မြင့်မြင့် ဖြည့်ဆည်းပေးနိုင်တဲ့အတွက် ခိုးမှု၊ လုယက်မှု၊ သတ်ဖြတ်မှုစတဲ့ ဒုစရိုက်မှုများ မရှိသလောက် ကျဆင်းစေနိုင်ခဲ့
သော်လည်း ကိလေသာလွန်ကျူးမှုကြောင့် ကာမဒုစရိုက်တွေကတော့ဥပဒေကို လက်တစ်လုံးခြား လှည့်ပြီး ခေါင်းထောင်နေတာ သိရှိနိုင်ပါတယ်။ ကာမရာဂလာဘ်စားမှုနဲ့ပညာရေးအတွက် ကာမတောင်းခံသုံးစွဲမှုတွေဟာ တိုင်းပြည်ဖွံ့ဖြိုးတည်ငြိမ်ရေးကို ထိခိုက်နစ်မွန်းစေတဲ့ အဆိုးရွားဆုံး ကာမဒုစရိုက်တွေပါပဲ။
စာရေးသူတို့နိုင်ငံမှာလည်း ဒါတွေကင်းရဲ့လား၊ ဘယ်လိုအခြေအနေရှိလဲဆိုတာ ဆန်းစစ်ကြစေချင်ပါတယ်။ ဘာပဲဖြစ်ဖြစ် အဲဒီဒုစရိုက်တွေရဲ့ အကြောင်းအရင်းခံဖြစ်တဲ့ ကိလေသာ သောင်းကျန်းမှုကို နှိမ်နင်းဖို့အတွက် တရားဥပဒေကိုပဲ အားပြုလို့မရဘဲ ဗုဒ္ဓဓမ္မရဲ့ အကူအညီကိုလည်း ရယူသင့်ကြောင်း စင်ကာပူရီးယန်းတွေကို နှစ်သစ်ကူးလက်ဆောင်အဖြစ် အကြံကောင်းပေးလိုပါတယ် ။      ။
မြင့်မိုရ်ဆွေ

Sunday, January 20, 2013

ခန္ဓာကိုယ် ကြီးထွား လွန်မှုကို မထိန်းချုပ် နိုင်သူ အမျိုးသမီး ၁၃ နှစ်ကြာ ဝေဒနာ ခံစားပြီး အသက် ၃၄ နှစ်တွင် ကွယ်လွန်



Photo: ခန္ဓာကိုယ် ကြီးထွား လွန်မှုကို မထိန်းချုပ် နိုင်သူ အမျိုးသမီး ၁၃ နှစ်ကြာ ဝေဒနာ ခံစားပြီး အသက် ၃၄ နှစ်တွင် ကွယ်လွန်


ကမ္ဘာ့ အဆိုး ရွားဆုံးနှင့် ကြုံတောင့်ကြုံခဲ ဖြစ်သည့် ခန္ဓာကိုယ် ကြီးထွားလွန်မှု ရောဂါခံစား နေရသည့် အမျိုးသမီး တစ်ဦးသည် ၎င်းဝေဒနာအား ၁၃ နှစ်ကြာ ခံစား ခဲ့ရပြီးနောက် ဇန်နဝါရီ ၁၄ ရက်က သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ ရောဂါသည် ဆေးပညာ အတွေ့ အကြုံများ အရ ဖြစ်ခေါင့်ဖြစ်ခဲ ရှားရှားပါးပါး အခြေ အနေ တစ်ရပ်ဖြစ်သည်။ အမေရိကန် ပြည်ထောင်စု လက်စ်ဗီးဂတ်စ် မြို့မှ အသက် ၃၄ နှစ် အရွယ် တန်ယာအန်ဂတ်စ် အမည်ရှိ ၎င်းအမျိုး သမီးသည် ငယ်ရွယ် လှပစဉ် အချိန်က သရုပ်ဆောင် တစ်ဦးဖြစ်လာရန် စိတ်ကူး ယဉ်ခဲ့သူ ဖြစ်သည်။ သို့သော် သူမသည် ဆေးပညာ အရ ရှားပါးသည့် ပုံမှန် မဟုတ်သော ခန္ဓာကိုယ် မရပ်မနား ကြီးထွားမှု ရောဂါ၏ ရိုက်ခတ်မှုကို ခံခဲ့ရသည်။

သူမသည် အသက် ၂၁ နှစ် မတိုင်မီ အရပ်မှာ ပုံမှန် ၅ ပေ ၁၁ လက်မသာ ရှိပြီး ကိုယ်အလေး ချိန် ၁၁၅ ပေါင်ရှိကာ သွယ်လျသော ခန္ဓာကိုယ် ရှိသူဖြစ်သည်။ သူမသည် ဖက်ရှင်အလှ ပြပွဲများတွင် ပါဝင် ခဲ့ဖူးပြီး အကကိုလည်း နှစ်သက် ခုံမင်သူ ဖြစ်ကာ သူမ၌ ချစ်သူတစ်ဦး ရှိခဲ့ ဖူးလေသည်။သို့သော် အသက် ၂၁ နှစ် အရောက်တွင် သူမ၏ လက်များ ကြီးထွား လာသည်ကို စတင် သတိထားမိ လာခဲ့သည်။ထို့နောက်တွင် တန်ယာသည် ၂၂ နှစ်သို့ ရောက်ရှိလာသော အခါ သူမ၏ ကိုယ်ခန္ဓာမှာ သုံးလက်မ ပို၍ကြီးထွား လာခဲ့သည်။တန်ယာ၏ ရောဂါမှာ ကင်ဆာ မဟုတ်သော ဂလင်းအကျိတ် အဖုမှ ခန္ဓာကိုယ် ကြီးထွား စေသည့် ဟော်မုန်းများ အလွန်အမင်း ထွက်စေသည့် acromegaly ရောဂါ ဖြစ်သည်ကို အထူးကု ဆရာဝန် တစ်ဦးက ဖော်ထုတ် နိုင်ခဲ့သည်။

တန်ယာ၏ ပစ်ကျူ ထရီဂလင်း ဝန်းကျင်တွင် အကျိတ် အဖုများ ဖြစ်ပေါ်လာပြီး ၎င်းအကျိတ် အဖုများက သူမ၏ ခန္ဓာကိုယ် တွင်းသို့ ကြီးထွား ဟော်မုန်းများ အဆမတန် ထုတ်လွှတ် မှုကြောင့် ခန္ဓာကိုယ်မှာ အလွန်အမင်း ကြီးထွား လာခဲ့ခြင်း ဖြစ်ကြောင်း ဗြိတိန် နိုင်ငံထုတ် သတင်းစာကြီး တစ်စောင်တွင် ဖော်ပြထားသည်။သူမ၏ ရောဂါ အခြေ အနေသည် မစ်ချီဂန် ပြည်နယ်၌ Walmart ကုမ္ပဏီ၏ ကြီးကြပ်ရေးမှူး တစ်ဦးအဖြစ် တာဝန် ယူစဉ်နှင့် သူမ ချစ်သူနှင့် လမ်းခွဲခဲ့သည့် အချိန်တွင် ပို၍ ဆိုးရွား လာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ကမ္ဘာ့ အဆိုး ရွားဆုံးနှင့် ကြုံတောင့်ကြုံခဲ ဖြစ်သည့် ခန္ဓာကိုယ် ကြီးထွားလွန်မှု ရောဂါခံစား နေရသည့် အမျိုးသမီး တစ်ဦးသည် ၎င်းဝေဒနာအား ၁၃ နှစ်ကြာ ခံစား ခဲ့ရပြီးနောက် ဇန်နဝါရီ ၁၄ ရက်က သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ ရောဂါသည် ဆေးပညာ အတွေ့ အကြုံများ အရ ဖြစ်ခေါင့်ဖြစ်ခဲ ရှားရှားပါးပါး အခြေ အနေ တစ်ရပ်ဖြစ်သည်။ အမေရိကန် ပြည်ထောင်စု လက်စ်ဗီးဂတ်စ် မြို့မှ အသက် ၃၄ နှစ် အရွယ် တန်ယာအန်ဂတ်စ် အမည်ရှိ ၎င်းအမျိုး သမီးသည် ငယ်ရွယ် လှပစဉ် အချိန်က သရုပ်ဆောင် တစ်ဦးဖြစ်လာရန် စိတ်ကူး ယဉ်ခဲ့သူ ဖြစ်သည်။ သို့သော် သူမသည် ဆေးပညာ အရ ရှားပါးသည့် ပုံမှန် မဟုတ်သော ခန္ဓာကိုယ် မရပ်မနား ကြီးထွားမှု ရောဂါ၏ ရိုက်ခတ်မှုကို ခံခဲ့ရသည်။

သူမသည် အသက် ၂၁ နှစ် မတိုင်မီ အရပ်မှာ ပုံမှန် ၅ ပေ ၁၁ လက်မသာ ရှိပြီး ကိုယ်အလေး ချိန် ၁၁၅ ပေါင်ရှိကာ သွယ်လျသော ခန္ဓာကိုယ် ရှိသူဖြစ်သည်။ သူမသည် ဖက်ရှင်အလှ ပြပွဲများတွင် ပါဝင် ခဲ့ဖူးပြီး အကကိုလည်း နှစ်သက် ခုံမင်သူ ဖြစ်ကာ သူမ၌ ချစ်သူတစ်ဦး ရှိခဲ့ ဖူးလေသည်။သို့သော် အသက် ၂၁ နှစ် အရောက်တွင် သူမ၏ လက်များ ကြီးထွား လာသည်ကို စတင် သတိထားမိ လာခဲ့သည်။ထို့နောက်တွင် တန်ယာသည် ၂၂ နှစ်သို့ ရောက်ရှိလာသော အခါ သူမ၏ ကိုယ်ခန္ဓာမှာ သုံးလက်မ ပို၍ကြီးထွား လာခဲ့သည်။တန်ယာ၏ ရောဂါမှာ ကင်ဆာ မဟုတ်သော ဂလင်းအကျိတ် အဖုမှ ခန္ဓာကိုယ် ကြီးထွား စေသည့် ဟော်မုန်းများ အလွန်အမင်း ထွက်စေသည့် acromegaly ရောဂါ ဖြစ်သည်ကို အထူးကု ဆရာဝန် တစ်ဦးက ဖော်ထုတ် နိုင်ခဲ့သည်။

တန်ယာ၏ ပစ်ကျူ ထရီဂလင်း ဝန်းကျင်တွင် အကျိတ် အဖုများ ဖြစ်ပေါ်လာပြီး ၎င်းအကျိတ် အဖုများက သူမ၏ ခန္ဓာကိုယ် တွင်းသို့ ကြီးထွား ဟော်မုန်းများ အဆမတန် ထုတ်လွှတ် မှုကြောင့် ခန္ဓာကိုယ်မှာ အလွန်အမင်း ကြီးထွား လာခဲ့ခြင်း ဖြစ်ကြောင်း ဗြိတိန် နိုင်ငံထုတ် သတင်းစာကြီး တစ်စောင်တွင် ဖော်ပြထားသည်။သူမ၏ ရောဂါ အခြေ အနေသည် မစ်ချီဂန် ပြည်နယ်၌ Walmart ကုမ္ပဏီ၏ ကြီးကြပ်ရေးမှူး တစ်ဦးအဖြစ် တာဝန် ယူစဉ်နှင့် သူမ ချစ်သူနှင့် လမ်းခွဲခဲ့သည့် အချိန်တွင် ပို၍ ဆိုးရွား လာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

သမ္မတဦးသိန်းစိန်က ငြိမ်းချမ်းရေးဆွေးနွေးရန် ကေအိုင်အေကို ဖိတ်ခေါ်


သာလွန်ဇောင်းထက်

သမ္မတဦးသိန်းစိန်က ကချင်လွတ်မြောက်ရေးတပ်မတော်(ကေအိုင်အေ)နှင့် အစိုးရအကြား ငြိမ်းချမ်းရေးဆောင်ရွက်ရန် ဆွေးနွေးလို ကြောင်း ယနေ့ တရားဝင်ဖိတ်ခေါ်ကမ်းလှမ်းလိုက်သည်။

နေပြည်တော်ရှိ MICC ခန်းမတွင် ယနေ့ မနက် ၉ နာရီက ကျင်းပသော ပထမအကြိမ်မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်မှုဖိုရမ် အစည်းအဝေးဖွင့် ပွဲ အ ခမ်းအနား မိန့်ခွန်းပြောကြားစဉ် သမ္မတဦးသိန်းစိန်က ကချင်ကေအိုင်အေအဖွဲ့နှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်ပါကြောင်း ထည့်သွင်း ပြောကြားသွားခြင်းဖြစ်သည်။

သမ္မတဦးသိန်းစိန်က တပ်မတော်က ဆောင်ရွက်လျက်ရှိသော စစ်ရေးလှုပ်ရှားမှုများကိုရပ်ဆိုင်းရန်၎င်းအနေဖြင့်အမိန့်ပေးလိုက်ပြီဖြစ်ပြီး ကေ အိုင်အေအနေနှင့်လည်း စစ်ရေးလှုပ်ရှားမှုများ ရပ်ဆိုင်းထားရန် လိုအပ်ကြောင်း၊ ၎င်းအနေဖြင့် ငြိမ်းချမ်းရေးရရှိသည်အထိ ဆောင် ရွက် ရန် ဆုံးဖြတ်ထားပြီးဖြစ်ကြောင်း ဦးသိန်းစိန်က ပြောသည်။

“အလျဉ်းသင့်လို့ ကေအိုင်အေအဖွဲ့နဲ့ ငြိမ်းချမ်းရေးကိစ္စကို ပြောပြလိုပါတယ်။ စစ်မှန်တဲ့ ငြိမ်းချမ်းရေး ရရှိသည်အထိ ကျနော်အနေနဲ့ ဆောင် ရွက်မှာဖြစ်ပါတယ်။ ကေအိုင်အိုကိုလည်း ငြိမ်းချမ်းရေးဆောင်ရွက်ဖို့ ဆက်လက်ကမ်းလှမ်း ထား ပြီး ယခုလည်း ဒီနေရာကနေ ထပ်မံဖိတ်ခေါ် လိုက်ပါတယ်။ မကြာမီ ငြိမ်းချမ်းရေးကို လက်ကမ်းလာနိုင်မယ်လို့ ယုံကြည်ထားပါတယ်။ ယခုအခါ တပ်မတော်က အကန့်အသတ်နဲ့ ဆောင် ရွက်နေတဲ့ စစ်ရေးဆောင်ရွက်မှုများရပ်ဆိုင်းဖို့ ကျနော်အနေနဲ့ အမိန့်ပေးထားပြီးဖြစ်ပါ တယ်။ တဖက်ကလည်း အလားတူ ရပ်ဆိုင်းပေး ထားဖို့လိုအပ်ပါတယ်” ဟု ဦးသိန်းစိန်က ဆက်လက်ပြောသည်။

အစိုးရနှင့်အပစ်အခတ်ရပ်စဲထားသော လက်နက်ကိုင်အဖွဲ့၁၀ ဖွဲ့နှင့် နိုင်ငံရေးဆွေးနွေးမှုများကို ယခုနှစ် နှစ်ဆန်းပိုင်းတွင် စတင်ပြုလုပ် မည် ဟု ဦးသိန်းစိန်က ဆိုသည်။

“ကေအိုင်အိုကလွဲပြီး ကျန်တဲ့အဖွဲ့ ၁၀ ဖွဲ့နဲ့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီး Political dialogue ကိစ္စတွေကို ၂၀၁၃ နှစ်ဦးပိုင်း မှာ စပြီး ဆောင်ရွက်ဖို့ ပြင်ဆင်နေပါတယ်” ဟု သမ္မတ ဦးသိန်းစိန်က ဆက်လက် ပြောသည်။

၁၈ လကြာဖြစ်ပွားလျက်ရှိသော ကေအိုင်အေနှင့် အစိုးရတပ်များအကြား တိုက်ပွဲများကြောင့် လူဦးရေ တသိန်း နီးပါး အိုးအိမ်များစွန့်ခွာ ထွက် ပြေးနေကြရကြောင်း ကချင်လူမှုအဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

ယမန်နေ့ကလည်း ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်တို့ကလည်း ကေအိုင်အေနှင့်အစိုးရအကြား တိုက်ပွဲများရပ်ဆိုင်းပြီး ငြိမ်း ချမ်း ရေး ဆွေးနွေးရန် နှစ်ဖက်စလုံးကို တိုက်တွန်းကြောင်း ကြေညာချက်များ ထုတ်ပြန်ခဲ့ကြသည်။

မြန်မာအစိုးရသတင်းထုတ်ပြန်ရေးအဖွဲ့ကလည်း ကချင်ပြည်နယ် လဂျားယန်ဒေသတွင် တပ်မတော်အနေဖြင့် နယ်မြေရှင်းလင်းမှုများ ဆောင် ရွက်ပြီးစီးသည့်အတွက် စစ်ရေးလှုပ်ရှားမှုများကို ယနေ့ မနက် စတင်ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း ယမန်နေ့က ထုတ်ပြန်ကြေ ညာသွားသည်။

“မိန်းမလျှာတစ်ဦးငါးဖမ်းလှေက ထွက်ပြေးလွတ်မြောက်လာ”

   ဘန်ကောက်မြို့တောင်ဘက် ၈၁ ကီလိုမီတာ အကွာတွင်ရှိသော ပင်လယ်ငါးဖမ်းလုပ်ငန်း အမြောက်အများလုပ်ကိုင်သည့်ခြုံဘူရီခရိုင်ခရိုင်   ချောင်း စမေးစံလှေဆိပ် တွင် ရောင်းစားခံ ခဲ့ရသည့် ပဲခူးမြို့မှ မိန်းမလျှာ လူငယ် တစ်ဦးအား MAT အဖွဲ့ က ယမန်နေကယ်တင်နိုင်လိုက်ကြောင်း သိရှိရသည်။
        ပဲခူးမြို့ မှ အသက် ၁၈နှစ်အရွယ် မိန်းမလျှာ မင်းသန့် ဆိုသူသည် မြ၀တီ ၁၄ ဂိတ်မှ ပွဲစား - - - - က နာနတ်သီးစက်ရုံတွင်လုပ်ရမည်ဟုပြော ဆိုသဖြင့် လိုက်ပါလာခဲ့ရာငါးဖမ်းလှေဆိပ်သို့ရောက်ရှိသွားခဲ့ခြင်းဖြစ်သည်။

       “ကျနော်တို့ လာတုန်းက မြန်မာအလုပ်သမားပေါင်း ၃၀ ကျော်ပါတယ်။ လှေဆိပ်ကိုရောက်တော့ မွန်
လူမျိုးပွဲစားတွေက နာမည်ခေါ်ပြီး လှေအသီးသီးကိုတင်လိုက်တယ်။ မဲဆောက်က လာရောင်းတဲ့သူက ဘတ်ငွေ ၁၄၀၀၀ နဲ့ရောင်းချခဲ့တာ။ လှေပေါ်ကိုရောက်တော့ ၁နှစ်လုပ်ဆပ်ရမယ်။ ဘတ်ငွေ ၂၈၀၀၀  ဖိုးပြည့်မှလွတ်မယ်လို့ပြောပါတယ်။ ကျနော်  နေမကောင်းလို့ ဆေးဝယ်ဖို့ထွက်လာရင်း ပြေးလာတာပါ။ ကျနော့်ကို လှေသမားတစ်ယောက်က ဦးကျော်သောင်း ဖုန်းကိုဆက်ပါလို့ ပြောထားလို့ ကျနော် ဒီဖုန်းနံ ပါတ်ကို အသေမှတ်ထားပါတယ်” ဟုပြောသည်။
         မင်းသန့် သည် လှေပေါ်တွင် ရက် ၂၀ ခန့် သာလုပ်ကိုင်ခဲ့သည်။ လှေပေါ်တွင် အလုပ်လုပ်ခါနီးတိုင်း
စိတ်ကြွဆေးများဖျော်ထားသည့် အရည်တစ်မျိုးကို မသောက်မနေရသောက်သုံးရကြောင်း ပြောပါသည်။
တစ်ညလုံးကို လမ်းလျှောက်ထွက်ပြေးခဲ့သဖြင့် နေရာတစ်ခုသို့ရောက်သည့်အခါ ထိုင်းလူမျိုး ကျောင်းဆရာ
တစ်ဦးက ခေါ်ယူ၍ ၁၀ ရက်တိုင်တိုင် ဆေးဝါးကုသပေးခြင်း ကျွေးမွေးစောင့်ရှောက်ခြင်းများပြုခဲ့သည်။
ထို့နောက် အမည်မသိ မြို့တစ်မြို့၏ ဈေးတစ်ခုတွင် ဘတ်ငွေ ၅၀ နှင့် ပြောင်းဖူးပြုတ် ၂ဖူးတို့ကိုပေးခဲ့ပြီး
ကျောင်းဆရာ ထွက်ခွာသွားခဲ့ပါသည်။
             မင်းသန့် သည် ကျောင်းဆရာ ပြန်မရောက်လာသဖြင့် ငိုယိုနေစဉ် ငါးခြောက်များရောင်းသည့်
တွန်းလှည်းတစ်စီးဖြင့် မြန်မာအမျိုးသမီး တစ်ဦး ရောက်ရှိလာခဲ့သဖြင့် လိုက်ပါလာခဲ့ပြန်သည်။ ထိုအမျိုး သမီးက ဘန်ကောက်မြို့ တစ်နေရာတွင် အိမ်ဖေါ်နှင့်စက်ချုပ်အလုပ်လုပ်ရသည့် အိမ်တစ်အိမ်သို့ ရောင်း ချခဲ့ပြန်ပါသည်။ နံနက် ၄နာရီမှ ည၁၀ နာရီအထိ မနေမနား လုပ်ခဲ့သည့် လုပ်အားခ မှာ ဘတ်ငွေ ၁၂၀၀ သာပေး သဖြင့် ရောင်းစားခံရပြန်ပြီဖြစ်ကြောင်း သိရှိလာခဲ့သည်ဟု သူ ကဆိုသည်။
ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT ဒါရိုက်တာ ဦးကျော်သောင်း က “ ကျနော့်ကိုဖုန်းဆက်လာ တယ်။ ကျနော်က အငှါးကားမောင်းသူကို လာပို့ ဖို့ လိပ်စာကိုပြောပြလိုက်တယ်။ ဒီကလေးက မနေ့ ကရော ဒီနေ့ မနက်ကပါ ထမင်းမစားရသေးတာကြောင့် ကားပေါ်မှာ အိပ်ပျော်ပြီးမှ ရောက်လာတယ်။ ကျနော်တို့ကို
အဆက်အသွယ်မရပဲ၊ ကျနော်တို့မသိပဲ ထိုင်း ငါးဖမ်းလှေပေါ်မှာ ဘယ်လောက်ရှိမလဲ၊ ထိုင်းမှာပြဌာန်းထား တဲ့ လူကုန်ကူးမှု တိုက်ဖျက်ရေး ဥပဒေကလည်း တိုင်ကြားတဲ့သူရှိမှ၊ တစ်ခါ လှေနံပါတ်လှေဆိပ်အမည်၊ ကမ်းကိုကပ်မယ့်နေ့  အချိပ်အဆက်လုပ်ရတာ အတော်ခက်ခဲပါတယ်။ ရောင်းစားခံထားရသူတွေဆိုတာ ဖုန်းလည်းကိုင်ခွင့်မရှိတော့ အတော်အလုပ်ရကိုင်ရ ခက်ခဲပါတယ်” ဟုပြောသည်။
ပြန်လည်လွတ်မြောက်လာသူအားMATအဖွဲ့ကယ်ဆယ်ရေးအခန်းတွင် ဆေးဝါးကုသပေးခြင်း၊ ကျွေးမွေးခြင်းများ ကူညီပေးလျှက်ရှိသည်။    

Saturday, January 19, 2013

ဒေါက်တာဆိတ်ဖွား လွတ်မြောက်ရာသို့ ရောက်သွားပြီ

From : မိုးမခ


တနေ့တ၌ ဒုက္ခသီရိမြို့နယ်ရှိ လွှတ်တော်အဆောက်အအုံကြီးသည် ယခင့်ယခင်နေ့များနှင့်မတူဘဲ ထူးခြားသော ဆွေးနွေးချက်များဖြင့် ပွက်လောရိုက်လျက်ရှိ၏။
ပရော်ဖက်ဆာ ဒေါက်တာဆိတ်ဖွား အမည်ခံထားသူကို အင်းစိန်ထောင်သို့ ပို့ရေး မပို့ရေးကို ငြင်းခုံနေသောကြောင့် ဖြစ်လေ၏။
အများစုသော ကိုယ်စားလှယ်များနည်းတူ လွှတ်တော်တွင် ငိုက်မျဉ်းလေ့ရှိသည့် သတင်းထောက်ကြီး ရန်လိုကျွဲလည်း အတွေ့အကြုံများအရ ဤဆွေးနွေးချက်သည် အင်မတန့်အင်မတန် အရေးပါကြောင်း သဘောပေါက်လေ၏။
ရန်လိုကျွဲ မှန်ပေသည်။ ဒေါက်တာဆိတ်ဖွားကို အသေရရ အရှင်ရရ ဖမ်းဆီးပြီး ပုဒ်မမျိုးစုံဖြင့် အမှုဆင်ရေးအဆိုကို မဲခွဲကြရသည်အထိ ငြင်းခုံချက်က ပြင်းထန်သည်ကို တွေ့ရ၏။
မည်သူမည်ဝါမှန်းမသိရသူ၊ မည်သည့်ဒေသတွင် နေထိုင်မှန်း မသိရသူကို မည်သို့ စုံစမ်း အရေးယူမည်နည်း ဟု ယူဆသော အမတ်မင်းတစ်ချို့က ပြန်လည် ငိုက်မျဉ်းစ ပြုလာကြ၏။
မည်သို့ပင် ဆိုစေကာမူ လွှတ်တော်ကြီးကား စိုစိုပြေပြေ ရှိလာလေသည်။ အမတ်မင်းတချို့က ပြုံးစိစိ။ တချို့က ငုံးတိတိမုတ်ဆိတ်ကျင်စွယ်ကို ပွတ်သပ်ပြီး ဒေါသကို ထိန်းချုပ်ထားကြသည်၊ ငါတို့လွှတ်တော်ကို မထိနဲ့ မီးပွင့်သွားမယ်ဟု ကြိမ်းဝါးသူလည်း ရှိပေ၏။
ဗိုလ်ချုပ်လေးခင်ညွန့်တို့ကွန်ရက်ကို တာဝန်နှင့်လုပ်ပိုင်ခွင့် အပြည့်အ၀ ပြန်လည်ပေးအပ်ပြီး ဒေါက်တာဆိတ်ဖွား အမြန်ဆုံး ဖမ်းမိရေးဆောင်ရွက်ရန် အဆိုပြုသင့်ကြောင်း တိုင်ပင်သူတို့က တိုင်ပင်ကြ၏။
ရန်လိုကျွဲလည်း လွှတ်တော်တွင်း နိုင်ငံ့အရေး အထူးကြိုးပမ်းချက်များအကြောင်း အွန်လိုင်းမှ တဆင့် ချက်ချင်းပင် လက်တို့လိုက်ရာ အွန်လိုင်းမိတ်ဆွေတို့က ချက်ချင်းပင် တုံ့ပြန်လေသည်။
ပထမဆုံး ရောက်လာသည့် တုံ့ပြန်ချက်မှာ ထိုင်းနိုင်ငံရောက် ခန့်ခန့်ငြားငြားရှိသော မြန်မာသတင်းသမား တစ်ဦးထံမှ ဖြစ်လေ၏။ သူရရှိသော သတင်းသည်ကား ဒေါက်တာဆိတ်ဖွား လွတ်မြောက်ရာသို့ ထွက်ပြေးပြီ ဟူသော သတင်းဦးပင် ဖြစ်တော့၏။
လွှတ်တော်အမတ်တို့ ၀ိုင်းဝန်း အရေးယူရန် ကြုံးဝါးနေသဖြင့် အကောင်းဆုံးလုပ်ဆောင်သင့်သည့်အရာမှာ ထိုသို့ ထွက်ပြေးခြင်းပင် မဟုတ်လော။ ဒေါက်တာဆိတ်ဖွားကား နှယ်နှယ်ရရ မဟုတ်ချေ။
သတင်းအချက်အလက်မှာ ခိုင်လုံ၏။  ဒေါက်တာဆိတ်ဖွား ထိုင်းမြန်မာနယ်စပ် ရောက်လာသောကြောင့် ဆိုင်ကယ်ဖြင့် သွားကြိုခဲ့ကြောင်း၊ လေယာဉ်ကွင်းသို့ ပို့လိုက်ရကြောင်း၊ မယုံလျင် ဓာတ်ပုံကိုကြည့်ပါ ဟု ဆိုလာ၏။ ထိုဓာတ်ပုံကို ယခုစာစု၏ ထိပ်ဆုံးတွင် တွေ့နိုင်၏။
အမေရိကန်ရောက် ညီလေး မောင်ရစ်ထံမှလည်း
ဒေါက်တာဆိတ်ဖွား သတင်းကို ဓာတ်ပုံနှင့်တကွ အမြန်ဆုံး ပို့မည်ဟု ဆိုသော မက်ဆိတ်ခ်ျ ရောက်လာ၏။
မောင်ရစ်မှာ အမည်နှင့်လိုက်အောင် ရစ်တတ်သော်လည်း ကတိတည်သူဖြစ်လေရာ ဒေါက်တာဆိတ်ဖွား၏ အပ်ဒိတ်သတင်း ဓာတ်ပုံနှင့်တကွ ရောက်လာသည်။
မောင်ရစ်၏ ဓာတ်ပုံရိုက်ကျွမ်းကျင်မှု အားနည်းခြင်းကို သူပို့လာသော ပုံတွင် အထင်းသား တွေ့ရသည်။ ဒေါက်တာဆိတ်ဖွား၏ မျက်နှာကို ရိုက်ယူနိုင်ခြင်း မရှိချေ။ သို့သော်ငြား – လူမည်းရပ်ကွက်အတွင်း ဒေါက်တာဆိတ်ဖွား ရောက်သွားကြောင်း၊ ရုပ်ပြောင်းရုပ်လွဲ လုပ်ထားကြောင်း စသဖြင့် သူ၏ ဂျီတော့ မက်ဆေ့ခ်ျတွင် အတွင်းကျကျ ရေးထား၏။
မောင်ရစ်၏ သတင်းပို့ချက်ကို အတည်ယူရန် ခက်ခဲကြောင်း တွေးနေစဉ်မှာပင် ဒေါက်တာဆိတ်ဖွားက ဖေ့စ်ဘုတ်တွင် ဘွားခနဲ ထွက်ပေါ်လာသည်။ သူ ရုပ်ပြောင်းရုပ်လွဲ တနာရီတမျိုး လုပ်နေကြောင်း၊ လွှတ်တော်အမတ်များ သူ့ခြေရာကို တွေ့ဖို့ ဆယ်နှစ်၊ ဆယ်နှစ် ကြိုးစားဖို့ လိုမည်ဖြစ်ကြောင်း ခပ်ကြွားကြွား ရေးထားရုံတင်မက ရုပ်ပြောင်းထားသည့် ဓာတ်ပုံကိုပင် တင်လိုက်သေး၏။

သို့သော်လည်း သူ၏ လုံခြုံရေးအတွက် သေနတ် ၂ လက်ကို သူကျက်စားသည့် လူမည်းရပ်ကွက် မှောင်ခိုဈေးမှ ၀ယ်ထားသည်ဟု ဆို၏။ သေနတ် တကားကားဖြင့် ကိုယ့်ကိုယ်ကိုယ် လုံခြုံရေးယူနေသည့် ပုံတစ်ပုံကိုလည်း ဖေ့ဘုတ်တွင် တင်လိုက်သေး၏။
ဒေါက်တာဆိတ်ဖွားကား အမတ်မင်းများရန်မှ အမှန်တကယ်ပင် လွတ်မြောက်သွားချေပြီဟု ထင်စရာ ရှိသည်။ သို့သော် ….
အမေရိကန်ရဲတစ်ကောင်က သေနတ်တကားကား ဒေါက်တာဆိတ်ဖွားကို ထိန်းသိမ်းလိုက်လေသည်။ အမှုကား … လိုင်စင်မရှိဘဲ သေနတ် ကိုင်သောအမှု ဟူ၏။
အဆိုပါ ပုလိပ်က ဒေါက်တာဆိတ်ဖွားကို ဖမ်းဆီးခေါ်ဆောင်သွားသည့် သတင်းမှာ နိုင်ငံတကာ ရုပ်သံတို့က ထုတ်လွှင့်ကြသော ထိပ်တန်းသတင်းကြီး ဖြစ်၏။
ဒုက္ခသီရိမြို့ရောက် အမတ်မင်းတချို့လည်း ထိုအခါတွင်မှ လက်ခမောင်း ခတ်လေသည်။
အမေရိကန်နဲ့ ငါတို့ ဘယ်လို အချိတ်အဆက်ရှိလဲ မသိဘဲ အဲဒီကို ထွက်ပြေးတာ ဆိတ်ဖွားအမှားပဲ။ အိုဘားမားကိုယ်တိုင်တောင် ဒီကိုလာပြီး မိတ်ဖွဲ့ရတဲ့အထိ နှစ်နိုင်ငံဆက်ဆံရေးအခင်းအကျင်း သိပ်ကောင်းနေပြီ။ ဒေါက်တာဆိတ်ဖွားကို မြန်မာပြည်ပြန်ပို့မှာ အသေအချာပဲ။ ဒီကောင်ရောက်လာရင် အရေခွံခွာပစ်မယ်။ အသားကို စင်းကောချက်ပြီး သောကြာည ပါတီပေးတဲ့အခါ အရက်နဲ့မြည်းမယ်၊ အရေခွံကိုတော့ လွှတ်တော်လှေကားမှာ ခင်းရမယ်ဟု ကြုံးဝါးသူက ကြုံးဝါး၏။
သို့သော်လည်း အမေရိကန်အစိုးရက ဒေါက်တာဆိတ်ဖွားကို လွတ်ငြိမ်းချမ်းသာခွင့် ပေးရသည်။
သူ့လွတ်မြောက်ရေးကို ဘလော်ဂါများ၊ ဖေ့ဘုတ်သုံးသူများမှအစ ခြံစည်းရိုးမရှိသတင်းစာဆရာများအဖွဲ့အထိ တောင်းဆိုကြသဖြင့် အိုဘားမားတို့က လွှတ်ပေးရခြင်းဖြစ်၏။
ထို့ပြင်တ၀ အမေရိကန်အစိုးရက အရှည်ကို မျှော်တွေးပြီး ဒေါက်တာဆိတ်ဖွားကို စီအိုင်အေ အထူးအရာရှိအဖြစ် ခန့်အပ်လိုက်သေးသည်။ အထက်ပါပုံမှာ စီအိုင်အေအရာရှိ သင်တန်းဆင်းပွဲမှဓာတ်ပုံ ဖြစ်ကြောင်း သိရ၏။
ဒေါက်တာဆိတ်ဖွား ကိုယ်တိုင်သည်ကား  ရန်ကုန်မြို့ အင်းလျားကန်ဘေးရှိ အမေရိကန်သံရုံးတွင် ရုံးထိုင်ရမည်လော၊ သို့တည်းမဟုတ် သူ၏ မိခင်အဖွဲ့အစည်းတွင်ပင် ဆက်လက် တာဝန်ယူပြီး ဆောင်းပါးများ ဆက်လက် ရေးသားရမည်လော ဆိုသည်များကို ဝေခွဲမရ ဖြစ်နေလေတော့သတည်း။

 www.MyanmarExpress.net
 

လွှတ်တော်ထဲက အရေးမပါတဲ့ အရေးကြီးအဆို..တင်သွင်းမှု (သို့မဟုတ်) ဒေါက်တာဆိတ်ဖွား

အင်တာနက်တွင် ဖော်ပြနေသည့် ဒေါက်တာ ဆိတ်ဖွား၏ ဆောင်းပါးနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေး အရေးယူ ဆောင်ရွက်နိုင်ရန် ပြည်ထောင်စု လွှတ်တော်၌ အရေးကြီး အဆိုတင်သွင်း(Eleven Media)

အင်တာနက်တွင် ဖော်ပြနေသည့် ဒေါက်တာ ဆိတ်ဖွား၏ ဆောင်းပါးနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေး အရေးယူ ဆောင်ရွက်နိုင်ရန် အရေးကြီး အဆိုတစ်ရပ်ကို ကမာရွတ် မြို့နယ် မဲဆန္ဒနယ်မှ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ စိုးရင်က ပြည်ထောင်စု လွှတ်တော်သို့ ဇန်န၀ါရီလ ၁၇ ရက်နေ့တွင် တင်သွင်းခဲ့ကြောင်း သိရသည်။

အရေးကြီးအဆိုမှာ အင်တာနက်တွင် ဖော်ပြနေသည့် Above The Law (ဥပဒေ အထက်မှာ လွှတ်တော် ရှိနေသလား) ခေါင်းစဉ်ပါ ဒေါက်တာ ဆိတ်ဖွား၏ ဆောင်းပါးနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးပြီး အရေးယူ ဆောင်ရွက်နိုင်ရန် ပြည်ထောင်စု လွှတ်တော်မှ ကော်မရှင်ဖွဲ့ပြီး ဆောင်ရွက်ပေးပါရန် ဒေါက်တာစိုးရင်က တင်သွင်းခဲ့ခြင်း ဖြစ်ပါသည်။

ယင်းအဆိုအား ပြည်ထောင်စု လွှတ်တော်မှ အတည်ပြုခဲ့ပြီး ပြည်ထောင်စု လွှတ်တော်တွင် စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းကာ အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော် နာယက ဦးခင်အောင်မြင့်က ပြောကြားခဲ့ပါသည်။

ဒေါက်တာဆိတ်ဖွား ဘလော့ဂ်သည် ၂၀၁၁ ခုနှစ်တွင် စတင်ထုတ်လွှင့်ခဲ့သော ၀ါဒဖြန့်ချိရေး ဘလော့ဂ်တစ်ခု ဖြစ်ပြီး ဒေါက်တာ ဆိတ်ဖွား၏ ဆောင်းပါး အချို့အား ဆက်သွယ်ရေး၊ သတင်းအချက်အလက် နည်းပညာ ၀န်ကြီးဌာနမှ ထုတ်ဝေသော Smart News ဂျာနယ်တွင် ဖော်ပြခဲ့ဖူးကာ အဆိုပါ ဂျာနယ်၏ အယ်ဒီတာချုပ်မှာ ဦးခင်မောင်ညို(ဘောဂဗေဒ) ဖြစ်ပါသည်။

ထို့အပြင် ဒေါက်တာ ဆိတ်ဖွား၏ Voice of Myanmar ဘလော့ဂ်တွင် ဖော်ပြခဲ့သော သတင်းများ၊ ဆောင်းပါးများကို ၀ါဒ ဖြန့်ချိရေး ၀က်ဘ်ဆိုက် တစ်ခု ဖြစ်သည့် Myanmar Express တွင် တစ်ဆင့် ပြန်လည် ကူးယူ ဖော်ပြခြင်း၊ ဖြန့်ဝေခြင်းများကို ပြုလုပ်လေ့ရှိပါသည်။  ဒေါက်တာ ဆိတ်ဖွား ဘလော့ဂ်နှင့်  Myanmar Express ၀က်ဆိုက်တို့သည် ဖျက်သိမ်းခဲ့ပြီး ဖြစ်သော ပိတောက်မြေ ဘလော့ဂ်နှင့်လည်း ဆက်နွှယ်ရှိကာ အဆိုပါ ၀က်ဘ်ဆိုက်များသည်  လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊နိုင်ငံရေးသမားများနှင့် သတင်းမီဒီယာများကို  အပုပ်ချ တိုက်ခိုက်လေ့ရှိပြီး ယင်းတို့၏ ရေးသားချက်များသည် အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် အဟန့်အတားဖြစ်စေသော ရေးသားမှုများ ဖြစ်သည်ဆိုသော သုံးသပ်မှုများ ရှိနေခဲ့ပါသည်။

ပရော်ဖက်ဆာ ဒေါက်တာ ဆိတ်ဖွား အမည်ရှိသူ ရေးသားသော post များသည် ပြန်ကြားရေး ၀န်ကြီးဌာန တာဝန်ရှိသူ တစ်ဦး၏ Facebook ရှိ status အချို့နှင့် တူညီမှုရှိသလို ရံဖန်ရံခါတွင် sit aung အမည်ရှိ Facebook ပိုင်ရှင် တစ်ဦး၏ status များနှင့်လည်း တူညီကာ ရေးသားပုံ style မှာလည်း တူညီမှုရှိကြောင်း Eleven Media Group မှ လေ့လာတွေ့ရှိရပါသည်။ sit aung အမည်ရှိသူသည် ဖျက်သိမ်းခဲ့ပြီး ဖြစ်သော ပိတောက်မြေ ဘလော့ဂ်တွင် ဆောင်းပါးများ မကြာခဏ ရေးသားလေ့ ရှိသူ ဖြစ်ပါသည်။
အထက်ပါ သတင်းကတော့ ဒီကဖော်ပြထားတာဖြစ်ပါတယ်..။
http://www.first-11.com/index.php?option=com_content&view=artic...

နောက်ထပ် နောက်ဆက်တွဲ ပြောချင်တာကတော့ ဒီလိုပါ..။

နိုင်ငံရေးအကြောင်း သိပ်မပြောချင်ပါဘူး။ အခုကိစ္စကတော့ ရယ်စရာကောင်းသလို စိတ်ပျက်စရာလဲ ကောင်းနေလို့ နည်းနည်းတော့ ပြောလိုက်ပါ့မယ်။

Facebook  ကို ဖွင့်ကြည့်တော့ ဒေါက်တာဆိတ်ဖွား ဆိုတာက တော်တော်နေရာယူနေတာ တွေ့ရပါလား။ ဘာများလဲ လို့ လိုက်ဖတ်ကြည့်တော့မှ လွှတ်တော်ကြီးက ဒေါက်တာဆိတ်ဖွားကို ကော်မရှင်ဖွဲ့အရေးယူဖို့ အဆိုတင်သွင်းပါသတဲ့။ အဆိုတင်တာမှ ရိုးရိုးတောင်မဟုတ်ဘူး။ အရေးကြီးအဆိုတဲ့။ ဒါကို ထောက်ခံမဲ ၃၄၇၊ ကန့်ကွက်မဲ ၁၅၇၊ ကြားနေမဲ ၄၂ နဲ့ အတည်ပြုပါသတဲ့။
ခက်တော့နေပြီ။ တိုင်းပြည်အတွက် အလွန်အရေးကြီးတဲ့ ကိစ္စတွေ ဆွေးနွေးဆုံးဖြတ်ရမယ့် အချိန်မှာ ခရု ခါးတောင်းကြိုက်ဖမ်းသလို ဖြစ်နေပါပေါ့လား။


မြန်မာနိုင်ငံမှာ အင်တာနက်သုံးသူအရေအတွက်က တစ်နိုင်ငံလုံးလူဦးရေရဲ့ ဘယ်လောက်များ ရှိလို့လဲ။ ဒီထဲမှာ ချက်တင်ထိုင်၊ ဂိမ်းကစားနေတဲ့ သူတွေကို နှုတ်လိုက်ရင် ဘလော့တွေ ၀က်ဆိုက်တွေ ၀င်ကြည့်တဲ့ အရေအတွက်က ဘယ်လောက်များ ရှိမှာမို့လို့လဲ။ ကိုယ်တောင် ဒေါက်တာဆိတ်ဖွားဘလော့ ရှိမှန်း ခုမှ သိတာပါ။ ဒေါက်တာဆိတ်ဖွား ကတော့ သူ့ဘလော့ ကျေညာပေးတဲ့အတွက် လွှတ်တော်ကြီးကို ကျေးဇူးတင်နေလောက်ပြီ ထင်တယ်။


ပြောချင်တာက ဒီလို သေးသေးမွှားမွှားကိစ္စလေးအတွက် အဖိုးတန်အချိန်တွေကို လွှတ်တော်ကြီးအနေနဲ့ မဖြုန်းတီးသင့်ဘူးဆိုတာပါ။
(ဒီလို ရေးလိုက်လို့ ဒေါက်တာဆိတ်ဖွားကို ထောက်ခံတယ် လို့ မထင်လိုက်ပါနဲ့။ ၂၀၀၈-ဖွဲ့စည်းပုံအခြေခံဥပဒေစာအုပ်ကို ဆယ်ခေါက်ထက်မနည်း ဖတ်ပြီးပြီ၊ အသေအချာလဲ လေ့လာခဲ့ပြီးပြီ။ လက်မခံနိုင်ပါ။ ဒါ့ကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဘုရားမုခပါဋ္ဌ် လို သဘောထားပြီး ပြောဆိုဆွေးနွေးနေခြင်းများကို စိတ်မ၀င်စားပါ။)

စာဖတ်သူများလည်း ဆွေးနွေးနိုင်ပါတယ်...။
ကိုကိုနန်းညွန့်ဦး

Friday, January 18, 2013

မင်္ဂလာတောင်ညွှန့် မြို့နယ်အတွင်း ကျပ်သိန်းပေါင်း နှစ်သောင်းကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းမိ


မင်္ဂလာတောင်ညွှန့် မြို့နယ်အတွင်း ကျပ်သိန်းပေါင်း နှစ်သောင်းကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း ၎င်းမြို့နယ် အုပ်ချုပ်ရေးအဖွဲ့၏ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
မင်္ဂလာတောင်ညွန့်မြို့နယ် ၁၂၆ လမ်းရှိ နေအိမ်(ဂိုဒေါင်) တစ်ခုအတွင်း၊ ကျပ်သိန်းပေါင်း ၂၄၀၀၀ ကျော်တန်ဖိုးရှိ WY စာတန်းပါ စိတ်ကြွဆေးပြားပေါင်း အလုံးရေ ငါးသိန်းနီးပါးခန့်အား လက်ဝယ်ထားရှိသူနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ယင်းသို့ ဖမ်းဆီးရမိမှုမှာ ပတ် ၀န်းကျင်နေ ပြည်သူများ ပူးပေါင်းဆောင်ရွက်မှုများကြောင့်ဖြစ်ပြီး ဇန်န၀ါရီလ ၁၁ ရက်နေ့ ည ၈နာရီဝန်းကျင်ခန့်တွင် မူးယစ်(အထူး)အဖွဲ့နှင့် မြို့နယ်ရဲစခန်းမှ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးရုံးမှ တာဝန်ရှိသူတို့မှာ ၀ရမ်းအမိန့်နှင့် ၀င်ရောက်စစ်ဆေးခဲ့ပြီး လျှပ်စစ်ပစ္စည်းနှင့် စက္ကူဂျပ်ဖာများတွင် အထပ်ထပ် ထုတ်ပိုးထားသော စိတ်ကြွရူးသွပ်ဆေးပြားများအား ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သပြေကုန်းရပ်ကွက် အုပ်ချုပ်ရေးမှူး ကိုကျော်ဇင်ဦးမှ ဆိုသည်။
''ကျွန်တော်တို့ အနေနဲ့ ဒီလောက်များတဲ့ မူးယစ်ဆေးဝါးတွေကို ဖမ်းမိနိုင်ခဲ့တာ ပတ်ဝန်းကျင်နေ ပြည်သူတွေရဲ့ ပါဝင်ပူးပေါင်းနိုင်မှုတွေကြောင့် ဖြစ်ပါတယ်။ နောက်ပြီး ကျွန်တော်တို့အနေနဲ့ ရလာတဲ့သတင်းကို မူးယစ်အထူးတပ်ဖွဲ့ကို အကြောင်းကြားတယ်။အဲဒီကနေပြီးတော့မှ ၀င်ရောက် ဖမ်းဆီးနိုင်ခဲ့တာ ဖြစ်ပါတယ်''ဟု ကိုကျော်ဇင်ဦးမှ ပြောသည်။
အသေးစိတ် အချက်အလက်များနှင့် အမှုဖွင့်လှစ်ထားမှုများအား သိရှိနိုင်ရန် မင်္ဂလာတောင်ညွှန့်မြို့နယ် ရဲစခန်းရှိ တာဝန်မှူးအား မေးမြန်းခဲ့သော် လည်း ယင်းကိစ္စအနေဖြင့် မိမိတို့တွင် လိုက်နာရန် အမိန့်စာများရှိနေသည့်အတွက် ပြောဆိုပိုင်ခွင့်မရှိကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
မူးယစ်စိတ်ကြွဆေးပြားများနှင့်အတူ ဖမ်းဆီးရမိခဲ့သော ကိုမောင်မောင်စိုးမှာ မင်္ဂလာတောင်ညွန့်မြို့နယ် ၁၂၃ လမ်းတွင် လွန်ခဲ့သော ငါးနှစ်ခန့်မှစ၍ နေထိုင်သူဖြစ်ပြီး မင်္ဂလာဈေးအတွင်း လျှပ်စစ်နှင့် ပတ်သတ်သော ကုန်ပစ္စည်းကို ရောင်းဝယ်နေသူဖြစ်ကြောင်း သိရသည်။
လက်ရှိဖမ်းဆီးရမိခဲ့သော မူး ယစ်ဆေးဝါး အမှုအပါအ၀င် နှစ်နှစ်တာကာလအတွင်း သပြေကုန်းရပ်ကွက်၌ မူးယစ်ဆေးဝါးအမှု ၁၀ မှုကျော်ခန့်အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ပိုလီယို ကာကွယ်ဆေးဗက်ဆင်းကို တီထွင်ခဲ့တဲ့ ပညာရှင်

Nyi Nyi Zaw shared သက်တန့်ချို's photo.
ကျွန်တော်တို့ တွေထဲက သူ့ကို ဘယ်နှစ်ယောက်လောက်များသိသလဲ ?

ပထမဦးဆုံး သူဘယ်သူလဲဆိုတာ မရှာဖွေခင်မှာ အရင်ဆုံးသူ့ကိုကျေးဇူးတင်လိုက်ပါ ။ ဘာကြောင်လဲ ??

သင့်ဘ၀ကို ကယ်တဲ့ သူဖြစ်တဲ့အတွက်ပါ ။ ကောင်းပြီ သူ့နာမည်က ဒေါက်တာ Jonas Salk လို့ခေါ်ပါတယ် သူဟာ ပိုလီယို ကာကွယ်ဆေးဗက်ဆင်းကို တီထွင်ခဲ့တဲ့ ပညာရှင်တစ်ဦးဖြစ်ပါတယ် ။ သူ့တီထွင်မှုက ကမ္ဘာပေါ်က အသက်ပေါင်းများစွာကိုကယ်တင်နိုင်ခဲ့တယ် ။ သူ့တီထွင်မှုက ကြီးမားတဲ့ တွေ့ရှိချက်ကြီးဖြစ်ချင်မှဖြစ်လိမ့်မယ် ဒါပေမယ့် သူဟာ ရှာတွေ့ခဲ့တဲ့ဗက်ဆင်းကို အသုံးချပြီး သူ့ကိုယ်ကျိုးအတွက်အသုံးမပြုခဲ့ဘူး ။ ဗက်ဆင်းကို သာ သူ့ အကျိုးအမြတ်အတွက်အသုံးချခဲ့မယ်ဆိုရင်သူဟာ ဘီလျှံနာတစ်ဦးဖြစ်နေလောက်ပါပြီ ဒါပေမယ့် သူ့တီထွင်မှုကနေ သန်းပေါင်းများစွာသော ဆင်းရဲတဲ့ ကလေးတွေရဲ့အသက်ကို ကယ်တင်နိုင်ခဲ့တယ် ။ 

ကမ္ဘာမြေကြီးက ဘီဂိတ်အတွက် စတိဂျော့အတွက် အစရှိသဖြင့် celebrate လုပ်ပေးခဲ့တယ် သူတို့တီထွင်ခဲ့တဲ့ နောက်ဆုံးပေါ် နည်းပညာတွေအတွက် ဒါပေမယ့် အခု လူပေါင်းများစွာကို ပိုလီယို ရောဂါဆိုးကြီးကနေ ကာကွယ်ပေးတဲ့ဗက်ဆင်းကို တီထွင်ပေးခဲ့တဲ့ သူတစ်ယောက်ကိုဖြင့် သိကြတဲ့သူအလွန်နည်းပါတယ် ။ ဘယ်လောက်တောင်ဝမ်းနည်းဖို့ ကောင်းသလဲ ?

အခုတော့ သင်သိသွားပြီလေ ဒီတော့ သင့်သူငယ်ချင်းတွေပါသိရအောင် ဒီလူသားတစ်ယောက်ကို အမြဲမမှတ်မိတောင် ဂုဏ်ပြုထိုက်တဲ့သူတစ်ယောက်မို့ သူငယ်ချင်းတို့ FB wall ပေါ်မှာ Share လုပ်ပေးသွားကြပါ ။ 

သက်တန့်ချို
Ref : Heart Touching Stories
ကျွန်တော်တို့ တွေထဲက သူ့ကို ဘယ်နှစ်ယောက်လောက်များသိသလဲ ?

ပထမဦးဆုံး သူဘယ်သူလဲဆိုတာ မရှာဖွေခင်မှာ အရင်ဆုံးသူ့ကိုကျေးဇူးတင်လိုက်ပ
ါ ။ ဘာကြောင်လဲ ??

သင့်ဘ၀ကို ကယ်တဲ့ သူဖြစ်တဲ့အတွက်ပါ ။ ကောင်းပြီ သူ့နာမည်က ဒေါက်တာ Jonas Salk လို့ခေါ်ပါတယ် သူဟာ ပိုလီယို ကာကွယ်ဆေးဗက်ဆင်းကို တီထွင်ခဲ့တဲ့ ပညာရှင်တစ်ဦးဖြစ်ပါတယ် ။ သူ့တီထွင်မှုက ကမ္ဘာပေါ်က အသက်ပေါင်းများစွာကိုကယ်တင်နိုင်ခဲ့တယ် ။ သူ့တီထွင်မှုက ကြီးမားတဲ့ တွေ့ရှိချက်ကြီးဖြစ်ချင်မှဖြစ်လိမ့်မယ် ဒါပေမယ့် သူဟာ ရှာတွေ့ခဲ့တဲ့ဗက်ဆင်းကို အသုံးချပြီး သူ့ကိုယ်ကျိုးအတွက်အသုံးမပြုခဲ့ဘူး ။ ဗက်ဆင်းကို သာ သူ့ အကျိုးအမြတ်အတွက်အသုံးချခဲ့မယ်ဆိုရင်သူဟာ ဘီလျှံနာတစ်ဦးဖြစ်နေလောက်ပါပြီ ဒါပေမယ့် သူ့တီထွင်မှုကနေ သန်းပေါင်းများစွာသော ဆင်းရဲတဲ့ ကလေးတွေရဲ့အသက်ကို ကယ်တင်နိုင်ခဲ့တယ် ။

ကမ္ဘာမြေကြီးက ဘီဂိတ်အတွက် စတိဂျော့အတွက် အစရှိသဖြင့် celebrate လုပ်ပေးခဲ့တယ် သူတို့တီထွင်ခဲ့တဲ့ နောက်ဆုံးပေါ် နည်းပညာတွေအတွက် ဒါပေမယ့် အခု လူပေါင်းများစွာကို ပိုလီယို ရောဂါဆိုးကြီးကနေ ကာကွယ်ပေးတဲ့ဗက်ဆင်းကို တီထွင်ပေးခဲ့တဲ့ သူတစ်ယောက်ကိုဖြင့် သိကြတဲ့သူအလွန်နည်းပါတယ် ။ ဘယ်လောက်တောင်ဝမ်းနည်းဖို့ ကောင်းသလဲ ?

အခုတော့ သင်သိသွားပြီလေ ဒီတော့ သင့်သူငယ်ချင်းတွေပါသိရအောင် ဒီလူသားတစ်ယောက်ကို အမြဲမမှတ်မိတောင် ဂုဏ်ပြုထိုက်တဲ့သူတစ်ယောက်မို့ သူငယ်ချင်းတို့ FB wall ပေါ်မှာ Share လုပ်ပေးသွားကြပါ ။

သက်တန့်ချို
Ref : Heart Touching Stories

Thursday, January 17, 2013

ဒေါက်တာဆိတ်ဖွားကို အရေးယူဖို့ လွှတ်တော်မှာ မဲခွဲ ~



January 17, 2013



ဘလော့တခုမှာ ဒေါက်တာဆိတ်ဖွား ဆိုသူက လွှတ်တော်နဲ့ လွှတ်တော် ကိုယ်စားလှယ်တွေကို ဝေဖန်ထားတဲ့အတွက် သူ့ကို စုံစမ်း အရေးယူမယ့် အထူးကော်မရှင် တခု လွှတ်တော်မှာ မကြာမီ ပေါ်ပေါက်လာဖွယ် ရှိနေပါပြီ။
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ် ဒေါက်တာစိုးရင်က - အင်တာနက်တွင် ဖော်ပြထားသော “Above the Law” ခေါင်းစဉ်ပါ ဒေါက်တာ ဆိတ်ဖွား၏ ဝေဖန်ချက်နှင့် ပတ်သက်၍ ပြည်ထောင်စု လွှတ်တော်က ကော်မရှင်ဖွဲ့၍ စုံစမ်း စစ်ဆေးဆောင်ရွက်ပေးဖို့ အရေးကြီး အဆိုတရပ်ကို လွှတ်တော်မှာ တင်သွင်းလိုက်ပါတယ်။
 
ဒေါက်တာဆိတ်ဖွား ကလောင် ပိုင်ဆိုင်သူ မည်သူမည်ဝါ ဆိုတာ အများက မသိကြသေးပါ။
လောလောဆယ်တော့ အင်တာနက်မှာ ကလောင်စွမ်းထက်တဲ့ ဒေါက်တာဆိတ်ဖွားနာမည်က လွှတ်တော်ထဲ ရောက်လာပါပြီ။
ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံးရုံး၊ စာရင်းစစ်ချုပ် ဥပဒေ စတဲ့ ကိစ္စတွေကို ဒေါက်တာဆိတ်ဖွားက ဝေဖန်ထားတယ်၊ ဥပဒေ၏ အထက်မှာ လွှတ်တော်ရှိသလား ဆိုတာရယ်၊ လွှတ်တော် ဥက္ကဋ္ဌ တွေနဲ့အပေါင်းပါတွေ ဆိုတဲ့ စကားလုံးတွေဟာ လွှတ်တော်နဲ့ အမတ်တွေရဲ့ ဂုဏ်သိက္ခာကို လုံးဝ ထိခိုက်စေတယ်လို့ ပြည်ထောင်စု ကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းဦးက ဧရာဝတီကို ပြောပါတယ်။
“ဒေါက်တာ ဆိတ်ဖွား ဘယ်သူဘယ်ဝါ ဆိုတာတော့ ကျနော်တို့ မသိပါဘူး၊ ဒါပေမယ့် စုံစမ်းရင် သိမှာပါ၊ ဒီလိုစည်း မဲ့ ကမ်းမဲ့ရေးချင်တိုင်း ရေးလို့မရပါဘူး” လို့ ဆိုပါတယ်။
အဲဒီအဆိုကို မဲခွဲ ဆုံးဖြတ်ရာမှာ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် စုစုပေါင်း ၆၀၀ ကျော်မှာ ကြားနေမဲ ထောက်ခံမဲ ၃၄၀ ကျော်၊ ကန့်ကွက်မဲ ၁၅၀ ကျော်နဲ့ ကြားနေ ၄၀ ကျော်နဲ့ အဆိုက အောင်မြင်ခဲ့ပါတယ်။ တပ်မတော်သား ကိုယ်စားလှယ်တွေကတော့ ကန့်ကွက်မဲ ပေးကြတယ်လို့ သိရတယ်။
လွှတ်တော်ဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ အရေးအယူ ဆောင်ရွက်ဖို့ ပြည်ထောင်စု လွှတ်တော်က ကော်မရှင်ဖွဲ့ စစ်ဆေးပြီးရင်တော့ ဒေါက်တာဆိတ်ဖွား ဘယ်သူ၊ ဘယ်ဝါဆိုတာ ပေါ်လာမည်လား၊ တကယ်အရေးယူခံရမှာလား ဆိုတာတော့ စောင့်ကြည့်ကြရတော့မည် ဖြစ်ကြောင်း…….
ခင်ဦးသာ ~
သတင်းရင်းမြစ် - ဧရာဝတီ

အစိုးရကိုဝေဖန်သူ ဖမ်းတဲ့ ဥပဒေ မြန်မာအစိုးရဖျက်သိမ်း


ABC

မြန်မာနိုင်ငံမှာ ​စစ်အစိုးရအုပ်ချုပ်ခဲ့စဉ်ကာလတွေအတွင်း ​ကျင့်သုံးခဲ့တဲ့ ​အစိုးရကို ​ဝေဖန်တိုက်ခိုက် သူတွေကို ​ဖမ်းဆီးအကျဉ်းချတဲ့ဥပဒေ တွေ ကို ​ဖျက်သိမ်းလိုက်ပြီဖြစ်တဲ့အကြောင်း ​အစိုးရပိုင် ​မြန်မာ့အလင်းသတင်းစာက ​မနေ့က ​ကြေ ငြာခဲ့ပါတယ်။

တည်ငြိမ် ​ငြိမ်းချမ်းစွာ ​နိုင်ငံအာဏာ ​လွှဲပြောင်းရေးကို ​ဆန့်ကျင်ကန့်ကွက်မှုတွေကို ​တားဆီးကန့်သတ်တဲ့ ​ဥပဒေတွေကို ​ပယ်ဖျက်ဖို့အတွက် ​ဥပဒေရုပ်သိမ်းရေး ​ဥပဒေပြဌန်းလိုက်ပြီဖြစ်တယ်လို့ ​သမ္မတ ​ဦးသိန်းစိန်က ​ထုတ်ပြန်လိုက်ပါတယ်။

၁၉၉၆ ​ခုနှစ်မှာ ​စပြီးအသက်ဝင်ခဲ့တဲ့ ​ဥပဒေကန့်သတ်ချက်အရ ​အမျိုးသားညီလာခံကျင်းပရေးကို ​ကန့်ကွက်မှုတွေကိုလည်း ​တားဆီး ထား ခဲ့ ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ​ဒီမိုကရေစီအရေးလှုပ်ရှားသူတွေကတော့ ​အခုလို ​ဥပဒေဖျက်သိန်းမှုကို ​ကြိုဆိုတဲ့အကြောင်း ​ဒါပေမယ့် ​တရားမျှတမှု မရှိ တဲ့ ​ဥပဒေတွေ ​ဆက်ပြီးကျန်နေသေးတဲ့အကြောင်း ​ထုတ်ဖေါ်ပြောဆိုထားကြတယ်လို့ ​သိရပါတယ်။

ဝန်ကြီးနှစ်ပါး ဘာကြောင့် နုတ်ထွက်သွားတာလဲ


သာလွန်ဇောင်းထက်

ပြည်ထောင်စုဝန်ကြီးများ ရာထူးမှ နုတ်ထွက်ခွင့်ပြုခြင်းဆိုတဲ့ ခေါင်းစဉ်နဲ့ ဇန်န၀ါရီလ ၁၆ ရက်နေ့ ည ၈ နာရီမှာ သတင်းတပုဒ်ကြေညာ သွား ပါတယ်။

ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီး ဦးသိန်းထွန်း၊ သာသနာရေး ၀န်ကြီး သူရဦးမြင့်မောင်တို့ နှစ်ဦးကို သူတို့ရဲ့ ဆ န္ဒအလျောက် ရာထူးကနေ သမ္မတ ဦးသိန်းစိန်က နုတ်ထွက်ခွင့် ပြုလိုက်တယ်လို့ အမိန့်ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အမိန့်စာမှာတော့ မိမိသဘောဆန္ဒအလျောက် နုတ်ထွက်ခွင့်ပြုတယ်လို့ ရေးသားထားပေမယ့် သတင်း ထွက်ပေါ်လာချိန်မှာတော့ အွန် လိုင်း စာမျက်နှာတွေ၊ အစိုးရ၀န်ကြီးတွေနဲ့ နီးစပ်တဲ့ စီးပွားရေး အသိုင်းအ၀ိုင်းမှာတော့ ၀န်ကြီးနှစ်ဦး အဖြုတ်ခံလိုက်ရတာလို့ ပြောဆိုကြ ပါတယ်။ အဓိကအားဖြင့် လာဘ်ပေးလာဘ်ယူမှု၊ အမိန့်မနာခံမှုတွေနဲ့ ဆက်စပ်နေတယ်လို့ ဆိုပါတယ်။

သမ္မတရုံးနဲ့ အလွန်နီးစပ်တဲ့ စီးပွားရေး အသိုင်းအ၀ိုင်းကတော့ ဆက်သွယ်ရေးဝန်ကြီး ဦးသိန်းထွန်းမှာ ပြစ်ချက်၊ အနာအဆာများပြီး အဓိ က အားဖြင့် ဆက်သွယ်ရေး စီမံကိန်းတွေ အကောင်အထည် ဖော်တဲ့နေရာမှာ သမ္မတဆီ တင်ပြမှုမရှိဘဲ လုပ်ဆောင်တာတွေ အပါအ၀င် ခြစားမှု တွေကြောင့် ဦးသိန်းထွန်းကို ၀န်ကြီးအဖြစ်ကနေ အနားပေးလိုက်တာလို့ ဆိုပါတယ်။ သာသနာရေးဝန်ကြီး သူရဦးမြင့်မောင်က တော့ သမ္မတရဲ့ ညွှန်ကြားချက်အတိုင်း လုပ်ဆောင်မှုမရှိခဲ့တာတွေ ရှိတယ်လို့ သတင်းတွေက ဆိုပါတယ်။

နောက်ထပ် ၀န်ကြီး ၃ ဦးလောက် အပြောင်းအရွေ့ ထပ်လုပ်ဖို့ရှိတယ်လို့ အစိုးရနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေဆီက သတင်းတွေ ထွက် ပေါ် နေပါတယ်။

ဆက်သွယ်ရေးဝန်ကြီး ရာထူးမှ နုတ်ထွက်သွားပြီဆိုတဲ့သတင်း ထွက်ပေါ်လာတာနဲ့ တပြိုင်နက် ဖေ့စ် ဘုတ် စာမျက်နှာတွေပေါ်မှာ ကမ္ဘာဇ ဘဏ်ကနေတဆင့် ဦးသိန်းထွန်းအမည် တပ်ထားတဲ့သူဆီကို ဦးသိန်းဝင်းဆိုသူက ငွေကျပ်သိန်း ၂၅၀၀ တိတိ ၂၀၁၂ ခုနှစ် ဧပြီလ ၄ ရက်နေ့စွဲနဲ့ ငွေလွှဲစာရွက် ဓာတ်ပုံတပုံကလည်း တွင်တွင်ကျယ်ကျယ် ပျံ့နှံ့နေပါတယ်။

ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီးဌာနက အစိုးရ အရာရှိကြီးတဦးကတော့ သဘောထား ပျော့ပျောင်းတဲ့ သမ္မတ ဦးသိန်းစိန် အနေနဲ့ ၀န်ကြီးတွေ အ ပြောင်းအလဲလုပ်တဲ့အခါမှာ မိမိသဘောဆန္ဒအလျောက် နုတ်ထွက်စေတယ်ဆိုတဲ့ အသုံးအနှုန်းမျိုးကိုပဲ သုံးစွဲလေ့ရှိတယ်လို့ ဆိုပါ တယ်။

၂၀၁၂ ခုနှစ်၊ သြဂုတ် ၂၈ ရက်နေ့မှာ အမှတ် (၁) လျှပ်စစ်ဝန်ကြီး ဦးဇော်မင်း၊ ဆောက်လုပ်ရေး ၀န်ကြီး ဦးခင်မောင်မြင့်၊ ပြည်ထောင်စုစာ ရင်း စစ်ချုပ်ဦးလွန်းမောင်တို့ကို ရာထူးက ဖယ်ရှားချိန်တုန်းကလည်း မိမိသဘော ဆန္ဒအလျောက် နုတ်ထွက်ခွင့်ပြုသည်ဆိုတဲ့ အသုံးအ နှုန်းကိုသာ သုံးစွဲခဲ့တာမို့ ဦးသိန်းထွန်းနဲ့ သူရဦးမြင့်မောင်ကိုလည်း သမ္မတ ဦးသိန်းစိန်က ရာထူးကနေ ဖယ်ရှားလိုက်တယ်ဆိုတာ ထင် ရှားစေတယ်လို့ သူက ဆက်ပြောပါတယ်။


သမ္မတ ဦးသိန်းစိန်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်လည်းဖြစ်၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ ၀န်ကြီးလည်းဖြစ်တဲ့ ဦးရဲထွဋ်ကတော့ ၀န်ကြီးနှစ်ပါး နုတ် ထွက်မှုအပေါ်မှာ မှတ်ချက် မပေးလိုတဲ့အကြောင်း၊ ၀န်ကြီးအပြောင်းအလဲတွေ ထပ်လုပ်၊ မလုပ်ဆိုတာ မသိတဲ့အကြောင်း ပြောပါ တယ်။

“ဒါတော့ ကျနော်လည်း မသိပါဘူး။ သူတို့ကတော့ သူတို့ဆန္ဒအလျောက် နုတ်ထွက်တာဖြစ်လို့ သူတို့အပေါ်မှာ ကျနော်တို့က မှတ်ချက်လည်း ပေးလို့မရပါဘူး။ သူတို့ရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက် ဖြစ်လို့လေ။ နောက်ထပ် ၀န်ကြီးတွေ လဲဖို့ရှိတယ် ဆိုတာလည်း ကျနော်တို့ဘာမှ မကြားပါ ဘူး” လို့ ဒု ဝန်ကြီး ဦးရဲထွဋ်က ဆိုပါတယ်။

နိုင်ငံတော်သမ္မတ အမျိုးသားစီးပွားရေးနဲ့ လူမှုရေးအကြံပေး ကောင်စီက ဦးလှမောင်ရွှေကတော့ သူ့အနေနဲ့ ၀န်ကြီးနှစ်ပါး နုတ်ထွက်ခွင့် ပြု သွားတာကိုတောင် နိုင်ငံပိုင်မီဒီယာက ကြေညာမှ သိရတဲ့အကြောင်း၊ နောက်ထပ် ၀န်ကြီးအပြောင်းအရွေ့ ရှိ၊ မရှိဆိုတာလည်း မသိ ကြောင်း ပြောပါတယ်။

“ကျနော်က မနေ့ညက သတင်းလာမှ သိတာ။ သိပ်တော့ မသိဘူး။ သတင်းတွေကတော့ ထွက်နေမှာပဲ။ ကျနော်တို့ကတော့ အဲဒီလောက်ကြီး တော့ အလှမ်းမမီဘူး။ နောက်ထပ် ၀န်ကြီးတွေ ထပ်လဲမယ်ဆိုတာလည်း မကြားမိဘူး။ သတင်းတွေ ကတော့ ထွက်နေမှာပဲ။ မှန်တာလည်း ရှိမယ်၊ မှားတာလည်းရှိမယ်။ တခါတလေလည်း မှန်တာတွေလည်း ဖြစ်နိုင်ပါတယ်” လို့ ဦးလှမောင်ရွှေက ပြောပါတယ်။

ပြည်ထောင်စုဝန်ကြီးတွေ အပြောင်းအလဲ ဖြစ်မယ်ဆိုတဲ့သတင်း သိုးသိုးသန့်သန့်က ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာ လပိုင်းလောက်မှာ သမ္မတရုံးနဲ့နီးစပ်တဲ့ အသိုင်းအ၀ိုင်းထဲကနေ ထွက်ခဲ့တာပါ။

လက်ပံတောင်းသပိတ်စခန်းတွေမှာ သံဃာတော်တွေ အကြမ်းဖက် နှိမ်နင်းခံရပြီးတဲ့နောက် သမ္မတရုံး ၀န်ကြီး ဦးအောင်မင်း ရာထူးကနေ နုတ် ထွက်ဖို့၊ အနားယူဖို့ သမ္မတဆီက တရားဝင် ခွင့်ပြုချက် တောင်းတယ်ဆိုတဲ့ သတင်းတွေ ထွက်ချိန်ကတည်းကစပြီး သမ္မတ ဦးသိန်း စိန်အနေ နဲ့ ၀န်ကြီးတွေ အပြောင်းအလဲ ထပ်လုပ်ဖို့ သမ္မတရုံးအတွင်းမှာ ဆွေးနွေးမှုတွေ စတင်လာတာဖြစ်တယ်လို့ သတင်းရင်းမြစ် တွေက ဆိုပါ တယ်။

သမ္မတ ဦးသိန်းစိန်က ၀န်ကြီးတွေ အပြောင်းအလဲလုပ်ဖို့ ကိစ္စတွေကို အဓိကအားဖြင့် ဦးစိုးသိန်း၊ ဦးအောင်မင်းတို့ နှစ်ဦးနဲ့သာ တိုင်ပင် လေ့ရှိ ပြီး ၀န်ကြီးတွေ အများစုကလည်း ဦးစိုးသိန်းနဲ့ ဦးအောင်မင်းကို “အဘကြီး” တွေလို့ ခေါ်ဆိုကာ ကြောက်ရွံ့ ရိုသေလေးစားကြရ တယ် လို့ သိရပါတယ်။

ဧရာဝတီသတင်းဌာနနဲ့ ယမန်နှစ်က တွေ့ဆုံခဲ့တဲ့ ပြည်ထောင်စု ၀န်ကြီးတဦးကတော့ သူ့အနေနဲ့ ၀န်ကြီးဌာန လုပ်ငန်းတွေ လုပ်ဆောင် တဲ့နေ ရာမှာ ဦးစိုးသိန်းနဲ့ တိုင်ပင်လေ့ရှိပြီး အမှားအယွင်းမရှိစေဖို့ သတိထား လုပ်ဆောင်နေရကြောင်း ပြောပါတယ်။

“ကျနော်ကတော့ အဘ နာယကကြီး (ဦးစိုးသိန်း) နဲ့ အမြဲတိုင်ပင်ပြီးမှ လုပ်တယ်။ အဘ နာယကကြီး ကလည်း သမ္မတကြီးက မှာထားတယ်၊ မင်းတို့ ကောင်းအောင်လုပ်ကြ။ မှားရင်တော့ မှားတဲ့သူခံရမယ်ဆိုပြီး ကျနော့်ကို အမြဲသတိပေး ပါတယ်” လို့ အဲဒီဝန်ကြီးက ဆိုပါတယ်။

ဒါကိုကြည့်ရင် ပြည်ထောင်စု ၀န်ကြီးတွေအနေနဲ့ သမ္မတ ဦးသိန်းစိန်နဲ့ အဆင်ပြေဖို့တင်မက သမ္မတရုံး ၀န်ကြီးတွေနဲ့ပါ အဆင်ပြေဖို့ပါ လုပ် ဆောင် နေရတယ်ဆိုတာ ထင်ရှားပါတယ်။

လက်ရှိအချိန်မှာတော့ နောက်ထပ် ၀န်ကြီး ၃ ဦးလောက် ထပ်ပြီး အပြောင်းအလဲ ဖြစ်ဦးမယ်ဆိုတဲ့ သတင်းတွေက ထွက်ပေါ်နေတာမို့ သမ္မတ ဦးသိန်းစိန် အနေနဲ့ ဘယ်ဝန်ကြီးတွေကို မိမိသဘောဆန္ဒ အလျောက်ဆိုပြီး နုတ်ထွက်ခိုင်းဦးမလဲ ဆိုတာ စောင့်ကြည့်ရမယ့်အ ပြင် ဘယ်သူ တွေကို လစ်လပ်ဝန်ကြီးတွေနေရာ ပေးမလဲဆိုတာကို အားလုံးက စိတ်ဝင်တစား စောင့်ကြည့်ဝေဖန်နေကြပါတယ်။

သုံးနိုင်ငံမှအပ တစ်ကမ္ဘာလုံးမှ မြန်မာသို့ ငွေလွှဲနိုင်ပြီ


နိုင်ငံသုံးနိုင်ငံမှအပတစ်ကမ္ဘာလုံးမှ မြန်မာသို့ ငွေလွှဲပြောင်းပေးပို့ နိုင်ပြီဖြစ်ကြောင်း ကမ္ဘာ့ငွေကြေးဝန်ဆောင်မှုကုမ္ပဏီ Western Union နှင့် ချိတ်ဆက်ထားသော CB ဘဏ်မှ သိရသည်။

''ဆိုမာလီ၊ အီရန်နဲ့မြောက် ကိုရီးယားနိုင်ငံကလွဲရင် ကျန်တဲ့ နိုင်ငံကလူတွေ အားလုံး မြန်မာ နိုင်ငံကို ငွေလွှဲပေးပို့လို့ရပြီ''ဟု CB ဘဏ်မှ အုပ်ချုပ်မှု ဒါရိုက် တာ ဦးဖေမြင့်က ပြောသည်။

Western Union ကုမ္ပဏီ သည် ပြည်တွင်း ပုဂ္ဂလိကဘဏ် ခြောက်ခုနှင့် ချိတ်ဆက်လုပ်ကိုင် လျက်ရှိပြီး အဆိုပါဘဏ်ခြောက် ခု၏ ဘဏ်ခွဲများ အသီးသီးတွင် လွှဲငွေများကို ထုတ်ယူနိုင်ပြီဖြစ် ကြောင်းသိရသည်။ အကျိုးအ မြတ်ခွဲဝေမှုအနေဖြင့် ပြည်တွင်း ဘဏ်များသည် လွှဲခ၏ ၂၅ ရာ ခိုင်နှုန်းကိုရရှိမည်ဖြစ်ကြောင်း သိရ သည်။

Western Union မှ လွှဲခကို နိုင်ငံအသီးသီးအလိုက်ကောက်ခံပြီး နိုင်ငံ အလိုက်ငွေကြေးများကို ဒေါ် လာအဖြစ်သာ ပြည်တွင်းသို့ လွှဲ ပြောင်းပေးမည်ဖြစ်ကြောင်း သိရ သည်။

''ဒီကို ဒေါ်လာနဲ့လွှဲပေးတာကို ဘဏ်တွေက နေ့စဉ်ပေါက်ဈေးအ တိုင်း ကျပ်ငွေနဲ့ ပြန်ထုတ်ပေးမှာပါ'' ဟု ဦးဖေမြင့်က ပြောသည်။
လက်ရှိတွင်ပြည်ပမှ ပြည်တွင်း သို့ငွေလွှဲပေးပို့မှုကို စင်ကာပူ၊ ထိုင်း နှင့် မလေးရှားနိုင်ငံတို့နှင့် ချိတ် ဆက်ဆောင်ရွက်နေပြီး နောက်ပိုင်း တွင် ဗဟိုဘဏ်၏ခွင့်ပြုချက်အလိုက် တိုးမြှင့် လုပ်ဆောင်သွားမည်ဖြစ် ကြောင်း လုပ်ကိုင်ခွင့်ရဘဏ်များမှ သိရသည်။

အမေရိကန်အခြေစိုက် Western Union ကုမ္ပဏီသည် ကမ္ဘာ့ နိုင်ငံပေါင်း ၂ဝဝ ကျော်တွင် အေ ဂျင်စီပေါင်း ၅၂ဝဝဝဝ ကျော်ရှိပြီဖြစ် ကြောင်း၊ လက်ရှိတွင် ကမ္ဘာ့နိုင်ငံအသီးသီးမှလွှဲငွေများကိုသာ ပြည် တွင်း၌ လက်ခံနိုင်ပြီး နောက်ပိုင်း တွင် အဆိုပါနိုင်ငံများသို့ မြန်မာ နိုင်ငံမှ လွှဲပြောင်းပေးပို့နိုင်ပြီဆိုပါကWestern Union မှတစ်ဆင့် လွှဲပို့ နိုင်မည်ဖြစ်ကြောင်းသိရသည်။

လွှဲပြောင်းပေးပို့မှုကို မြန် မာနိုင်ငံနှင့်ပေးပို့သောနိုင်ငံ အ ချိန်ကွာခြားမှုအလိုက် တစ်ရက် အတွင်းထုတ်ယူနိုင်ရန် ဆောင် ရွက်ပေးလျက်ရှိကြောင်း၊ ပြည် တွင်းဘဏ် ၆ ခု ဖြစ်သော ကမ္ဘောဇဘဏ်၊ CB ဘဏ်၊ ယူ နိုက်တက်အမရဘဏ်၊ မြန်မာအ ရှေ့တိုင်း ဘဏ်၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဖွံ့ဖြိုးရေးဘဏ်၊ မြန် မာ့ရှေ့ဆောင်ဘဏ်၊ ပထမပုဂ္ဂ လိကဘဏ်တို့တွင် လွှဲပြောင်း ထုတ်ယူနိုင်ပြီဖြစ်ကြောင်း သိရ သည်။

PN-029၊ခိုင်နွယ်ဦး
Popular Myanmar News ournal

မိမိသုံးနေတဲ့ Internet Connection ကို အခြား Devices တွေမှာ Share သုံးရအောင် (Connectify pro ထက်ကောင်းပါတယ် Freeware လေးပါ)




Connectify pro ထက်ကောင်းပါတယ် Freeware လေးပါ ... ပြုလုပ်ပေးရမဲ့ အဆင့်ကလည်း  ၄ ဆင့်ပါပဲ ... Connectify pro က သုံးရတာ စက်လေးပါတယ် ပြီးတော့ Key,Crack  အတွက်ခေါင်းစားရတယ်...  ဒါလေးက ပေါ့ပါးတဲ့ အပြင် ဖိုင်လ်ဆိုက်ဒ်လေးကလည်း 1.6MB ပဲရှိပါတယ်.... ဒီ Software လေးကို Run နိုင်ဖို့ကိုတော့ .Net farmwork v.4  လိုပါမယ်ခင်မျာ....

Click Here to Download .Net Farmwork 4 Offline Installer

Would you like to share your internet connection over to your room and use the same connection for Laptop, Mobile Phones or other devices without any kind of cable connectivity, but you don’t have any expensive wireless router! if so, don’t worry. Now you can use your internet connected desktop or laptop as a WiFi hotspot easily. Yes, many people use Connectify software for this. But some people have trouble with this software. Another thing, its provably costs you some money to use the full version...so, whatever Connectify is!

I am talking about ‘WiFi Hotspot Creator’ . its an alternative of Connectify pro. Download this software from   
Here  Download
(1.55MB).
Now go for using instructions:
Step  1: Install WiFi Hotspot Creator and restart your PC.
 Step  2: Open the program and set your hotspot information as seen bellow. then press Start to start using your newly created WiFi hotspot.
Note: Installation should take 5-10 Min to complete. And you must have .net farmwork v.4 installed on your PC to run this program.

မော်လမြိုင် တက္ကသိုလ်ကျောင်းသူတစ်ဦးထံမှ စိတ်ကြွဆေးပြား ဖမ်းဆီးရမိ



မော်လမြိုင် တက္ကသိုလ်ကျောင်းသူတစ်ဦးထံမှ စိတ်ကြွဆေးပြား ဖမ်းဆီးရမိ

အင်္ဂါနေ့၊ ဇန်နဝါရီလ 15 ရက် 2013 ခုနှစ်  မွန်အေဂျင်စီ  သတင်း  -
မွန်ပြည်နယ်၊ မော်လမြိုင်၊ တက္ကသိုလ် ကျောင်းသူတစ်ဦးထံမှ ရာဘမူးယစ်စိတ်ကြွဆေးပြား ၅၀ ပြားတိတိကို ဇန်နဝါရီလ ၁၂ ရက်နေ့က ဖမ်းဆီးရမိပြီး မော်လမြိုင်မြို့၊ မုပွန်ရဲစခန်း၌ ထိန်းသိမ်းထားလျှက်ရှိကြောင်း သိရသည်။

ဖမ်းဆီးခံရသူ အသက် ၁၉ နှစ်ရှိ ရုက္ခဗေဒပထမနှစ် တက်ရောက်နေသည့် တက္ကသိုလ်ကျောင်းသူသည် မော်လမြိုင်မြို့၊ မြိုင်သာယာရပ်၊ လမ်း ၂၀ တွင်နေထိုင်သူဖြစ်ပြီး ဖမ်းဆီးရမိစဉ် ယောကျာ်းလေး အဖော်လူငယ်တစ်ဦးလည်း အတူရှိနေသည်ဟု မော်လမြိုင် မူးယစ်အထူးရဲအရာရှိတစ်ဦးက ပြောသည်။

မုပွန်ရဲစခန်းတာဝန်မှူး ဒု-ရဲအုပ် ဇော်ဝင်းအောင်က “အခုဖမ်းဆီမိတာဟာ မူးယစ်ဆေးဝါးနဲ့အတူ လူကိုလည်းဖမ်းဆီးမိတာဖြစ်တယ်၊ ရှေ့ဆက်ဘယ်လိုကိုင်တွယ်သွားမလဲဆိုတာကိုတော့ ပြောလို့ မရသေးဘူး ဒီအမှုနဲ့ ပတ်သက်ပြီး နောက်ထပ် စုံစမ်းစစ်ဆေးချက်တွေ ဆက်လက်လုပ်ဆောင်နေတယ်”ဟု ပြောသည်။

ထို့နောက် ထပ်မံစစ်ဆေးချက်အရ ၄င်းတို့၏ အဆက်အသွယ်ရှိရာ မုဒုံမြို့တွင် ရာဘမူးယစ်ဆေး ၇၂ ပြား ထပ်မံ ဖမ်းဆီးရရှိခဲ့သည်ဟုလည်း သိရသည်။

အလားတူ မွန်ပြည်သစ်ပါတီထိန်းချုပ်ရာ သထုံခရိုင်ဒေသတွင်လည်း ရာဘမူးယစ်စိတ်ကြွဆေးပြားရောင်းသူ ၃ ဦးကို လွန်ခဲ့သည့်တနင်္ဂနွေနေ့က မွန်ပြည်သစ်ပါတီ မူးယစ်ဆေးဝါးစောင့်ကြည့်ရေး အထူးတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ပတ်သက်ဆက်နွယ်သူများကို ဆက်လက်ဖေါ်ထုတ်လျှက်ရှိသည်။

မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီဝင်တစ်ဦးက “မူးယစ်ဆေးဝါးရောင်းဝယ်သူတွေဟာ လက်နက်ချအလင်းဝင် တဲ့အုပ်စုတွေနဲ့ ဆက်နွယ်မှုရှိနေတဲ့သက်သေတွေ ကျနော်တို့လက်ခံရရှိထားတယ်၊ အစိုးရကလည်း လက်နက်ချအဖွဲ့ဝင်တွေကို မြို့ပေါ်မှာလက်နက်ငယ်တွေကိုင်ဆောင်ခွင့်ပြုထားတာ တွေ့နေရတယ်” ဟုပြောသည်။

၂၀၁၂ ခုနှစ် ဒီဇင်ဘာလလယ်ပိုင်းတွင်လည်း မုဒုံမြို့နယ် တောစပ်တစ်နေရာ၌ လူငယ် (၁၅) ဦးရာဘမူး ယစ်စိတ်ကြွဆေးဝါးသုံးစွဲနေကြစဉ် ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိခဲ့ရာတွင် လက်နက်ငယ်များကိုသိမ်းဆည်း ရမိခဲ့သည်။

၂၀၁၂ ခုနှစ်တွင် မွန်ပြည်နယ်ရှိ လူငယ်များမူးယစ်ဆေးဝါးသုံးစွဲမှု ပိုမိုများပြားလာနေသည်ဟုလည်း မွန်တိုင်းရင်းသားလွှတ်တော်အမတ်တစ်ဦးက လွတ်လပ်သောမွန်သတင်းအေဂျင်စီသို့ ပြောဆိုသည်။


၂၀၁၂ ခု၊ ဒီဇင်ဘာလတွင် မွန်ပြည်သစ်ပါတီကဖမ်းဆီးရမိသော ရာဘစိတ်ကြွမူးယစ်ဆေးပြားများ(NMSP)

အေးချမ်းမွန်မှ   လွတ်လပ်သော မွန်သတင်းအေဂျင်စီ တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia  ၂၀၁၂ ခု၊ ဒီဇင်ဘာလတွင် မွန်ပြည်သစ်ပါတီကဖမ်းဆီးရမိသော ရာဘစိတ်ကြွမူးယစ်ဆေးပြားများ(NMSP)


မွန်ပြည်နယ်၊ မော်လမြိုင်၊ တက္ကသိုလ် ကျောင်းသူတစ်ဦးထံမှ ရာဘမူးယစ်စိတ်ကြွဆေးပြား ၅၀ ပြားတိတိ
ကို ဇန်နဝါရီလ ၁၂ ရက်နေ့က ဖမ်းဆီးရမိပြီး မော်လမြိုင်မြို့၊ မုပွန်ရဲစခန်း၌ ထိန်းသိမ်းထားလျှက်ရှိကြောင်း 
သိရသည်။
ဖမ်းဆီးခံရသူ အသက် ၁၉ နှစ်ရှိ ရုက္ခဗေဒပထမနှစ် တက်ရောက်နေသည့် တက္ကသိုလ်ကျောင်းသူသည်
 မော်လမြိုင်မြို့၊ မြိုင်သာယာရပ်၊ လမ်း ၂၀ တွင်နေထိုင်သူဖြစ်ပြီး ဖမ်းဆီးရမိစဉ် ယောကျာ်းလေး အဖော်လူငယ်တစ်ဦးလည်း အတူရှိနေသည်ဟု မော်လမြိုင် မူးယစ်အထူးရဲအရာရှိတစ်ဦးက ပြောသည်။


မုပွန်ရဲစခန်းတာဝန်မှူး ဒု-ရဲအုပ် ဇော်ဝင်းအောင်က “အခုဖမ်းဆီမိတာဟာ မူးယစ်ဆေးဝါးနဲ့အတူ လူကို
လည်းဖမ်းဆီးမိတာဖြစ်တယ်၊ ရှေ့ဆက်ဘယ်လိုကိုင်တွယ်သွားမလဲဆိုတာကိုတော့ ပြောလို့ မရသေးဘူး ဒီအမှုနဲ့ ပတ်သက်ပြီး နောက်ထပ် စုံစမ်းစစ်ဆေးချက်တွေ ဆက်လက်လုပ်ဆောင်နေတယ်”ဟု ပြောသည်။

ထို့နောက် ထပ်မံစစ်ဆေးချက်အရ ၄င်းတို့၏ အဆက်အသွယ်ရှိရာ မုဒုံမြို့တွင် ရာဘမူးယစ်ဆေး ၇၂ ပြား ထပ်မံ ဖမ်းဆီးရရှိခဲ့သည်ဟုလည်း သိရသည်။

အလားတူ မွန်ပြည်သစ်ပါတီထိန်းချုပ်ရာ သထုံခရိုင်ဒေသတွင်လည်း ရာဘမူးယစ်စိတ်ကြွဆေးပြားရောင်း

ူ ၃ ဦးကို လွန်ခဲ့သည့်တနင်္ဂနွေနေ့က မွန်ပြည်သစ်ပါတီ မူးယစ်ဆေးဝါးစောင့်ကြည့်ရေး အထူးတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ပတ်သက်ဆက်နွယ်သူများကို ဆက်လက်ဖေါ်ထုတ်လျှက်ရှိသည်။

မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီဝင်တစ်ဦးက “မူးယစ်ဆေးဝါးရောင်းဝယ်သူတွေဟာ လက်နက်ချအလင်း

ဝင် တဲ့အုပ်စုတွေနဲ့ ဆက်နွယ်မှုရှိနေတဲ့သက်သေတွေကျနော်တို့လက်ခံရရှိထားတယ်၊အစိုးရကလည်း လက်
နက်ချအဖွဲ့ဝင်တွေကို မြို့ပေါ်မှာလက်နက်ငယ်တွေကိုင်ဆောင်ခွင့်ပြုထားတာ တွေ့နေရတယ်ဟုပြောသည်။

၂၀၁၂ ခုနှစ် ဒီဇင်ဘာလလယ်ပိုင်းတွင်လည်း မုဒုံမြို့နယ် တောစပ်တစ်နေရာ၌လူငယ် (၁၅) ဦးရာဘမူး ယစ်

စိတ်ကြွဆေးဝါးသုံးစွဲနေကြစဉ် ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိခဲ့ရာတွင် လက်နက်ငယ်များကိုသိမ်းဆည်း ရမိ
ခဲ့သည်။

၂၀၁၂ ခုနှစ်တွင်မွန်ပြည်နယ်ရှိလူငယ်များမူးယစ်ဆေးဝါးသုံးစွဲမှု ပိုမိုများပြားလာနေသည်ဟုလည်း မွန်တိုင်း

ရင်းသားလွှတ်တော်အမတ်တစ်ဦးက လွတ်လပ်သောမွန်သတင်းအေဂျင်စီသို့ ပြောဆိုသည်။



လွတ်လပ်သော မွန်သတင်းအေဂျင်စီ