This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Thursday, January 10, 2013

ကရင့်တူရိယာ ပစ္စည်းများ

ကရင့်တူရိယာ ပစ္စည်းများ

ကရင်လူမျိုးတို့သည် အဆို၊ အက၊ အတီး၊ အမှုတ်တို့ကို ၀ါသနာ ထုံကြသည့်အလျောက် ကိုယ်ပိုင် တူရိယာများ ကိုလည်း တီထွင်ပြုလုပ်လေ့ရှိသည်။ အချို့သော တူရိယာပစ္စည်းများသည် တီးမှုတ်ရန်အသုံးပြုခြင်းအပြင် အမျိုးသား အထိမ်းအမှတ်၊ ရိုးရာယဉ်ကျေးမှု အမွေအနှစ်အဖြစ် အမြတ်တနိုး သိမ်းဆည်းလေ့ရှိကြသည်။ ကရင်လူမျိုးတို့၏ ကိုယ်ပိုင်တူရိယာပစ္စည်းများကို ဖော်ပြရသော် -

(၁) ကလို (ခေါ်) ဖားစည်၊
(၂) ခွေ (ခေါ်) တံပိုး၊
(၃) ပီဘာ (ခေါ်) ပြွေ (သံစုံပြွေ)၊
(၄) ဂိန် (ခေါ်) မိကျောင်းလျှာ တူရိယာတစ်မျိုး၊
(၅) ဏာဒိန် (ခေါ်) စောင်းကောက်၊
(၆) ပေါ်ကူး (ခေါ်) ၀ါးပတ္တလား၊
(၇) သောင့်ထွန် (ခေါ်) သောတု (ခေါ်) တယော၊
(၈) ထာ့ (ခေါ်) အိုးစည်ရှည်၊
(၉) ခနာ (ခေါ်) ဗျတ်စောင်းငယ်တစ်မျိုး။
(၁) ကလို (ခေါ်) ဖားစည်
ကလို (ခေါ်) ဖားစည်မှာ အမျိုးသား အထိမ်းအမှတ် ယဉ်ကျေးမှု အမွေအနှစ်အဖြစ် အမြတ်တနိုး သိမ်းဆည်းထားလေ့ ရှိသော တူရိယာပစ္စည်း ဖြစ်သည်။

ဖားစည်ပြုလုပ်ခြင်း

ယေဘုယျအားဖြင့် ဖားစည်ကိုသတ္တုဖြင့် သွန်းလုပ်ထားကြသည်ဟု နားလည်ထားကြသည်။ ဖားစည်သွန်းလုပ်ခြင်းကို တတ်သိနားလည်သူတို့က ပဉ္စရူပခေါ် သတ္တုငါးမျိုးဖြစ်သော ရွှေ၊ ငွေ၊ ကြေးနီ၊ ခဲနှင့်သွပ်တို့ဖြင့် သွန်းလုပ်ရသည်ဟုဆို၏။ ဖားစည်၏ မြည်ဟီးအသံ သာယာစူးရှမှုအရ ထိုအဆိုသည် မှန်ကန်နိုင်ပေသည်။

ဖားစည်၏အသံသည် သာယာ၍ အေးမြသည်။ ငြိမ့်ညောင်းခြင်း မရှိသော်လည်း စူးရှ၍ ထည်ဝါနေသည်။ အသံထွက်ထုံ၍ ခပ်အုပ်အုပ် ဖြစ်သော်လည်း အသံလှိုင်းများ ဝေးစွာ၍လွင့်ပြေးသည်။ လျှိုကြားမြိုင်ကြောတွင် တီးခတ်ပါက အသံပို၍ပြေးသည်။ တောတောင်များရှင်းနေလျှင် အသံမှာဟိန်း၍ ရှည်လျားနေသည်။ ရှေးအခါက စာဆိုများအရ ဖားစည်သံသည် သုံးယူဇနာ အဝေးကပင် ကြားနိုင်သည်ဟုဆို၏။ ဖားစည်၏ လိုချင်သောအသံ အသံလွင်လွင်လေး ဖြစ်စေရန်မှာ ပဉ္စရူပခေါ် သတ္တုငါးမျိုးဖြစ်ကို အချိုးကျ သွန်းလုပ်နိုင်မှသာ ရရှိနိုင်သည် ဆိုကြသည်။

(၂)ခွေ (ခေါ်) တံပိုး

ခွေ (ခေါ်) တံပိုးတူရိယာသည် ပါးစပ်ဖြင့် မှုတ်ရသော တူရိယာပစ္စည်းဖြစ်သည်။ အများအားဖြင့် ကျွဲချိုဖြင့် ပြုလုပ်လေ့ရှိသောကြောင့် ကျွဲချို ဟူ၍ အများက သတ်မှတ်၍ ခေါ်ဝေါ်ကြသည်။ သို့ရာတွင် အောက်ပါ အရာဝတ္ထုတို့ဖြင့်လည်း ပြုလုပ်ကြသည်ကို တွေ့ရသည်။

(၁) သမင်ဦးချို၊
(၂) ၀ါး၊
(၃) သစ်သား၊
(၄) ဆင်စွယ်၊
(၅) ဆတ်ဦးချို၊
(၆) အောက်ချင်းငှက်နှုတ်သီး။

တံပိုးပြုလုပ်ခြင်း

ခွေ (ခေါ်) တံပိုးပြုလုပ်ရာတွင် တစ်ပေကျော်ခန့်ရှိသော ကျွဲချိုကိုဖြတ်ယူပြီး ထိပ်နှစ်ဖက် တောက်လျှောက် အပေါက်ကို ယူရသည်။ ကျွဲချို၏ အရင်းပိုင်း သုံးပုံတစ်ပုံခန့်တွင် လျှာခင်အပေါက်တစ်ပေါက်ကို ဖေါက်ယူ ရလေသည်။ ငွေပြားဖြင့် အပေါက်လျှာခင်အဖြစ် ခပ်စောင်းစောင်း တပ်ထားရလေသည်။ လျှာခင်အပေါက်ကို နှုတ်ဖြင့်မှုတ်ပြီး လက်ယာဖက်လက်သည် ကျွဲချိုထိပ်ပိုင်းကိုပိတ်၍ အဖွင့်အပိတ်လုပ်ပြီး မှုတ်ခြင်းဖြင့် အသံ အကြီးအသေး မြည်လာလေသည်။ ဟိန်း၍ စူးရှကျယ်လောင်သောအသံ ငြိမ့်ညောင်းသာယာသော အသံများကို အမျိုးမျိုး မှုတ်ယူ၍ရလေသည်။

ကျွဲချို၊ ဆတ်ချိုတို့ဖြင့် ပြုလုပ်သော တံပိုးသည် ပြုလုပ်ရခက်ခဲခြင်းရှိပြီး နေရာတကာတွင် အသုံးပြုလုပ်လေ့ မရှိချေ။ မင်္ဂလာရှိသော ကိစ္စရပ်တို့တွင်သာ အသုံးပြုကြသည်။ အခြားသောကိစ္စရပ်များ အထူးသဖြင့် အမင်္ဂလာ ကိစ္စရပ်များတွင် အသုံးပြုပါက ကျေးရွာကိုသော်လည်းကောင်း၊ အသုံးပြုသူကို သော်လည်းကောင်း ခိုက်တတ်သည်ဟု ယူဆကြသည်။ ဆင်စွယ်နှင့် ပြုလုပ်သော တံပိုးသည် နယ်စား၊ ကျေးရွာအကြီးအကဲတို့၌သာ ပြုလုပ်ထားရှိနိုင်လေသည်။ ဆင်စွယ်ကို ရွှေကွင်း၊ ငွေကွင်းတို့ဖြင့် အဆင့်ဆင့် ညှပ်ကွပ်ထားနိုင်လျှင် အလွန် လှပ၍ တန်ဖိုးမြင့်သော တူရိယာပစ္စည်းအဖြစ် သတ်မှတ်ကြလေသည်။ ဆင်စွယ်တံပိုးကို အမြတ်တနိုး ထွတ်မြတ်သော နေရာတို့တွင် သိမ်းဆည်းလေ့ရှိပြီး အမျိုးသားရေးရာကိစ္စတို့မှာသာ အသုံးပြုကြသည်။ အောက်ချင်းငှက် နှုတ်သီး၊ ၀ါး၊ သစ်သားတို့ဖြင့်ပြုလုပ်သော တံပိုးများသည် နွားကျောင်းသား၊ ကျွဲကျောင်းသား၊ ဆင်ထိန်းသမားတို့အများအပြား သုံးစွဲကြသည်ကို တွေ့ရှိနိုင်သည်။ တောတောင်များတွင် သွားလာရာ၌ လမ်းမှားရောက်ခြင်း လူစုကွဲခြင်းဖြစ်သည့်အခါ အချက်ပေးအဖြစ်မှုတ်လေ့ရှိကြသည်။

(၃) ပီဘာ (ခေါ်) ပြွေ (သံစုံပြွေ)

ကရင့်အခေါ် ပီဘာသည် "ပီ" မှာ ပြွေဟူ၍ အဓိပ္ပါယ်ရပြီး "ဘာ" ဟူသော ကရင်စကားသည် ရှိခိုးကန်တော့ခြင်း အဓိပ္ပါယ်ရသည်။ ပီဘာကို မှုတ်ရာတွင် နှုတ်ခမ်းဖြင့်တေ့၍ လက်နှစ်ဖက်ဖြင့် အစီအစဉ်တကျ လက်ဝါးဖြင့် ကိုင်တွယ်ရပြီး လက်အုပ်ချီဟန်ပန် ကန်တော့ခြင်း သဏ္ဍာန် ဆောင်လေသည်။ ပီဘာသည် အလွန်ရှားပါးသော ရှေးကျသည့် ကရင်တူရိယာတစ်မျိုးဖြစ်သည်။

ပြွေ ပြုလုပ်ခြင်း

ပီဘာကို အများအားဖြင့် ၀ါးဖြင့်ပြုလုပ်လေ့ရှိသည်။ သို့ရာတွင် အချို့ဒေသများ၌ ကြေးဝါးချောင်းဖြင့် လည်းကောင်း၊ ကျွန်းသား၊ ယမနေသား စသောသစ်သားတို့ဖြင့်လည်းကောင်း ပြုလုပ်ကြသည်လည်းရှိသည်။ ကြေးဝါးချောင်းဖြင့် ပြုလုပ်ရာတွင် ချမ်းသာကြွယ်ဝသူများ ကျေးရွာခေါင်းဆောင်များတို့ပါ ပြုလုပ်နိုင်ကြသည်။ ပီဘာကို ပြုလုပ်ရာတွင် အုံကိုခရုသင်းခွံကဲ့သို့ လုံးလုံးဝန်းဝန်းနှင့် မှုတ်ရန် နှုတ်ခမ်းအပေါက်ကို သီးခြား ကွပ်ညှပ်ထားလေသည်။ ပီဘာအုံ အလယ်တည့်တည့်တွင် ပီဘာပြွေချောင်းများ တပ်ဆင်ရန် အပေါက် ရှည်လျားလျားကို တိုးလျှိုးပေါက် ဖေါက်ထွင်း ယူရသည်။

ထီးရိုးဝါးကဲ့သို့သော ဖြောင့်တန်းသည့် လုံးချောဝါးများကို အချောင်းအလိုက် အနိမ့်အမြင့် အစဉ်လိုက်တွဲပြီး ပီဘာအုံတွင် စိုက်ထောင်၍ အောက်ခြေမှနှစ်ပေကျော် တစ်ပေကျော်ခန့်တွင် တစ်လက်မစီ အနိမ့်အမြင့် စီတန်းထားလေသည်။ ပီဘာအုံ၏ အထက်နှစ်လက်မခွဲ၊ သုံးလက်မခန့်တွင်တွဲထားသော ၀ါးလုံးတိုင်ကို သေးငယ်သော အပေါက်ကလေးများ ဖေါက်ထားရသည်။ ပီဘာအုံအပေါက်တွင် ငွေပြားဖြင့် လျှာခင်အဖြစ် ထည့်ထားရလေသည်။ ပီဘာကိုမှုတ်ရန် အထွက်အပေါက်ဖက်ရှိ ရှေ့ပြွန်နှစ်လုံးကို အပေါက်ကလေး ဖေါက်ထားရလေသည်။ ပီဘာကို မှုတ်ရာတွင် လက်နှစ်ဖက်ဖြင့် ပီဘာအုံကို ကိုင်ထားရပြီး လိုသော အသံမျိုးစုံကို ထွက်နိုင်အောင် ပြွန်ရှိအပေါက်များကို လက်ချောင်းများဖြင့် ပိတ်၍ဖွင့်၍ မှုတ်ရသည်။ သို့ကြောင့် ပီဘာသည် သံစုံပြွေဖြစ်လာလေသည်။
(၄) ဂိန် (ခေါ်) မိကျောင်းလျှာ
ဂိန် (ခေါ်) မိကျောင်းလျှာကို ကရင်အမျိုးသား ကာလသား လူပျိုတို့ကသာ သုံးလေ့ရှိသော တူရိယာ ဖြစ်သည်။ တူရိယာဟု ဆိုအပ်သော်လည်း အခြားသော တူရိယာတို့ဖြင့် တွဲဖက်၍ တီးလေ့မရှိပါချေ။ ပါးစပ်ဖြင့် အာခေါင်အထိငုံ၍ လေမှုတ်လက်ခတ်တီးရသော တူရိယာပစ္စည်းလည်းဖြစ်သည်။

မိကျောင်းလျှာ ပြုလုပ်ခြင်း

ဂိန်ကိုဝါးဖြင့် သော်လည်းကောင်း၊ သံချောင်းကလေးဖြင့် သော်လည်းကောင်း ပြုလုပ်ယူကြသည်။ ဂိန်ကို ပြုလုပ်ယူကြရာတွင် ကောင်းစွာ ရင့်နေသော အရှည် တစ်ထွာခန့်ရှိသည့် ၀ါးခြမ်းကိုဖြတ်ယူပြီး အလယ်တွင် အလျားလိုက် လျှာခင်ဖြစ်အောင် ထွင်းယူရလေသည်။ ပါးစပ်ဖြင့် မှုတ်ရမည့် နေရာတွင် အဟိုက်ဖြစ်အောင် ပြုလုပ်ယူရသည်။ ဂိန်ကိုမှုတ်ရာတွင် ပါးစပ်ဖြင့်ငုံထားရပြီး လက်ယာလက်က ဂိန်၏ လျှာခင်အဖျားကို လက်ညှိုးနှင့် ခတ်၍ အသံထွက်လာလေသည်။ ထွက်လာသော အသံအလိုက် သီချင်းတွဲမှုတ်ယူ၍ ရလေသည်။ အချို့က ဂိန်ကိုသံချောင်းနှင့် ခွေယူပြီး လျှာကိုသံပြားလေးနှင့် တပ်ဆင်မှုတ်လေသည်။ သံဖြင့် ပြုလုပ်သော ဂိန်သည် ၀ါးဖြင့် ပြုလုပ်သော ဂိန်ထက် ပို၍ အသံလွင်လေသည်။ ဂိန်ကို ကရင်အမျိုးသား ကာလသား လူပျိုတို့က အပျိုရှိရာအိမ်သို့ ညအခါ လူပျိုလှည့် လည်ပတ်ရင်း မိမိပြောလိုသော စကားကို သီချင်းလင်္ကာတို့ဖြင့် အပျိုအား သိစေသည်။ စင်စစ် ဂိန် (ခေါ်) မိကျောင်းလျှာသည် လူပျိုကာလသားတို့၏ လက်စွဲ တူရိယာ ဖြစ်သည်ဟုဆိုလျှင် မှားမည် မဟုတ်ချေ။

(၅) ဏာဒိန် (ခေါ်) စောင်းကောက်

ကရင်အမျိုးသား တူရိယာများအနက် ဖားစည်ကလွဲလျှင် ဏာဒိန်(ခေါ်) စောင်းကောက်သည် လူသိများ၍ နှစ်သက်ကြသော တူရိယာပစ္စည်းဖြစ်သည်။ စောင်းကောက်သံသည် လူတိုင်းက နှစ်သက်ကြသည်။ အခြားသော တူရိယာများနှင့် တွဲဖက်၍ တီးခတ်ရသော်လည်း စောင်းကောက်သက်သက်ဖြင့် တီးခတ်ခြင်းကို ပို၍ နှစ်သက်ကြသည်။ အထူးသဖြင့် ညအခါ တီးခတ်ရာတွင် အလွန် သာယာသော တူရိယာတစ်မျိုးဖြစ်သည်။ စောင်းသံ၏ အညုအဆွဲသည် သေသူပင် ပြန်ရှင်မတတ်ရှိသည်ဟု အဆိုအမွှန်းပြုကြသည်။ ကရင့် စောင်းကောက်တွင် ကြိုးငါးချောင်း သို့မဟုတ် ခုနှစ်ချောင်းဖြင့် တပ်လေ့ရှိသည်။ မျက်မှောက်တွင် ခေတ်သီချင်းများ တီးခတ်နိုင်ရန် ကြိုး ၁၀ ချောင်းမှ ၁၂ ချောင်းအထိ တပ်ယူကြသည်။ ရှေးအခါက စောင်းကြိုးကို ပျားဖယောင်းဖြင့် လွန်းတင်၍ ကျစ်ထားသော လျှော်မျှင်၊ ကြိုးနွယ်ပင်၊ ၀ါးမျှင်၊ ပိုးချည်တို့ဖြင့် တပ်လေ့ ရှိသော်လည်း မျက်မှောက်တွင် နိုင်လွန်ကြိုး၊ သံမဏိကြိုးတို့ဖြင့် အသုံးပြုလာကြပေပြီ။

စောင်းကောက်ပြုလုပ်ခြင်း

စောင်းကောက်ကို ပြုလုပ်ရာတွင် ကိုယ်ထည်ပိုင်းနှင့် ခေါင်းပိုင်းဟူ၍ နှစ်ပိုင်းခွဲခြားထားလေသည်။ ကိုယ်ထည်ကို သစ်သားတစ်မျိုးနှင့် ပြုလုပ်ပြီး ခေါင်းပိုင်းကို အခြား သစ်သားတစ်မျိုးနှင့် ပြုလုပ်ယူလေ့ ရှိသည်။ ကရင့် စောင်းကောက် ခေါင်းပိုင်းသည် ဗမာ စောင်းကောက်ကဲ့သို့ ကွေးညွတ်ခြင်း မရှိလှချေ။ လောက်လေးကိုင်း မျှလောက်သာ ကောက်သည်။ အထူးသဖြင့် ကိုယ်ထည်ပိုင်းကို မာသော သစ်သားတို့ဖြင့်သာ ပြုလုပ်၍ရသည်။

စောင်းကိုယ်ထည်ကို အလျားသုံးမိုက်၊ အနံတစ်မိုက်ခန့်ထား၍ အခေါင်းထွင်းကာ ဒရယ်သားရေ၊ ချေသားရေ တို့ဖြင့် ဖုံးအုပ်ပြီး ကိယ်ထည်ဘေးနှစ်ဖက်တွင် အပေါက်နှစ်ပေါက် ဖောက်ထားသည်။ ယင်းအပေါက်ကို "နတ်သမီးပေါက်" ဟူ၍ ခေါ်ကြသည်။ စောင်း၏ခေါင်းပိုင်းကို ကိုယ်ထည်နှင့် ဆက်စပ်ယူပြီး ထိပ်ပိုင်းတွင် ကြိုးတပ်၊ ကြိုးတင်းရန် လက်တံကို ထားရှိရသည်။ စောင်းခေါင်းပိုင်းသည် သဘာဝ ကောက်နေသော သစ်သားတို့ဖြင့် အလျားခြောက်မိုက်ခန့် အရှည်ယူ၍ တပ်ဆင်ယူရသည်။

ဏာဒိန်ယူသီ့ (ခေါ်) လွမ်းအောင်ဖန်စောင်း

ဏားဒိန်ယူသီ့ (ခေါ်) လွမ်းအောင်ဖန်စောင်းသည် အထွတ်အမြတ်ထားသော စောင်းတစ်မျိုးဖြစ်သည်။ အချို့က တော်ဝင်စောင်း ဟူ၍ အမည်သတ်မှတ်ပေးကြသည်။ တော်ဝင်စောင်းကို အချို့က ဏားဍိင်ကိုင် နာဒိန်ဘားကန် ဟုလည်း ခေါ်ကြသေးသည်။ ထိုစောင်းကို ပြုလုပ်ရာတွင် အစီအရင်တစ်မျိုးနှင့် လုပ်ယူရလေသည်။ ကိုယ်ထည်ကို ပိတောက်သားဖြင့် ပြုလုပ်ရပြီး ခေါင်းပိုင်းကို ယင်းတိုက်သားနှင့် ပြုလုပ်ယူကြသည်။ ကြိုးတပ် ကြိုးတင်းရန် လက်တံကို သစ်၊ ဆင်စွယ်ဖြင့် ပြုလုပ်ပြီး တပ်ဆင်ရသည်။ ထိုစောင်းကို ပြုလုပ်ရာတွင် မပြီးမချင်း တောထဲ၌သာ ထားခဲ့ရခြင်းဖြစ်သည်။ စောင်းကိုပြုလုပ်ပြီး စောင်းကြိုးတပ်သောအခါ စောင်းအိုးအပေါက်တွင် ပန်းခုနှစ်မျိုး ခုနှစ်ပွင့် သွင်းရလေသည်။ စောင်း၏ အမြုတေ ခေါ်အပ်သော ဏာဒိန်အပနယ့် ကို ထည့်ရလေသည်။ ပန်းညို ခုနှစ်ပွင့်၊ စကားဝါပွင့်၊ နန်းလုံးကြိုင်၊ ဆောင်တော်ကူး၊ တရုတ်စကား၊ စကားစိမ်းပွင့် စသည့် ခုနှစ်ပွင့်ကို ထည့်သွင်းပြီးလျှင် စောင်းကြိုးညှိကာ ထိုတောအုပ်၌ပင် သီချင်းနှင့် သီဆိုတွဲဖက်ပြီး တီးခတ်ရလေသည်။

အထက်ပါ အစီအရင်အတိုင်း စီရင်သီဆို တီးခတ်ပြီးသောအခါမှသာ ရွာသို့ ယူဆောင်၍ ရလေသည်။ ထိုစောင်းကို သီဆိုတီးခတ်လျှင် ကြားရသူတိုင်း လွမ်းဆွေးကြရသည်ဟု ရှေးလူကြီးများက ဤသို့ မှာကြားချက် တစ်ရပ် ရှိပေသည်။ "ဏာဍိင်ယူသီ့ ဏာဍိင်က်ုလယ်၊ ဏာဍိင်မွဲာ ကႜင်ကိႜင်းအ်ုလယ့်၊ အေဍယ်စူးလင် အ်ုပးနယ့် ဍယ်ထင်းဍယ်လင် မေးထီ့ဟှယ့်။" လွမ်းဖွယ်ကောင်းသော စောင်းမဟာကို ကြန်အင်နှင့် ပြည့်စုံသော ပိတောက်သားနှင့် ထုလုပ်ထားပါသည်။ စောင်း၏ အမြုတေဖြစ်သော ပန်းခုနှစ်မျိုးဖြင့် စီရင်အပ်သည်ဖြစ်၍ တီးခတ်ပါက ကြားရသူတိုင်း မျက်ရည်မဆည်နိုင်အောင် လွမ်းဆွေးဘွယ်ရာ ဖြစ်ပါသည်။ ထို့အပြင် အစီအရင်နှင့် ပြီးသော လွမ်းဘွယ်စောင်း (၀ါ) တော်ဝင်စောင်းကို ဤသို့ဆင့်၍ ပိုးကရင်လင်္ကာဖြင့်  အမွှန်းပြု ထားပေသေးသည်။

ကာလသား ကာလသမီးတို့ ပိုင်ဆိုင်သော စောင်းကောက်တစ်မျိုးကိုလည်း ဤသို့ ဖွင့်ဆိုထားကြသည်။ "ဏာဍိင်ယူသီ့ ဏာဍိင်အွာ၊ ဏာဍိင်မူးဏင်. ဖေါဟ်သးခွ့၊ အေဍယ်ထင်း ကေ၀်မူးဏာဏာ၊ ဟ်ုယှာ.လ်ုဖံႜုဏင်းထင်းသာ၊ ဏာဍိင်ယူ.မုဂ် ဏာဍိင်က်ုလ၀်၊ မ်ုဍယ်လေ ဍုံဍူးဍံထ၀့်၊ အေဍယ်ထင်း ကေမူဟှဝ်ဟှဝ်၊ ဟ်ုသီ့မု့်ထင်းထာင်လ၀့်။" ဖြူစင်သန့်ရှင်းလှသော ကာလသား ကာလသမီးတို့၏ စောင်းကောက်ကို ညအခါ တီးခတ်ပါက လူကြီးသူမတို့ပင် လူငယ်အတိတ်ဘ၀ကို ပြန်ပြောင်းသတိရပြီး အိပ်ရာမှထ၍ မှေးစက်ခြင်း မရနိုင် ဖြစ်ရသည်။ ထိုနည်းတူပင် ရောင်နီပျိုးချိန် နံနက်ဆည်းဆာတွင် တီးခတ်ပါက သေသူပင် ပြန်လည် အသက်ရှင်လိမ့်မည်ဟူ၍ ဆိုလေ၏။
(၆) ပေါ်ကူး (ခေါ်) ၀ါးပတ္တလား
ကရင်လူမျိုးတို့၏ ရိုးရာ တူရိယာများ အနက် ပေါ်ကူး (ခေါ်) ၀ါးပတ္တလားသည် ရှေးကျလှသော တူရိယာ တစ်ခုပင် ပါဝင်လေသည်။ စာတစ်စောင် ပေတစ်ဖွဲ့ဖြင့် မှတ်တမ်းတင်ခဲ့ခြင်း မရှိသဖြင့် မည်သည့် ခေတ်အခါလောက်ကတည်းက ပေါ်ကူး (ခေါ်) ၀ါးပတ္တလားကို ကရင်လူမျိုးတို့ မည်သည့် အချိန်မှ စတင် သုံးစွဲခဲ့ကြောင်းကို အတိအကျ ဆိုရန် ခက်လှသည်။ ကရင်လူမျိုးတို့သည် တောင်ယာ ခုတ်ခြင်း၊ အမဲလိုက်ခြင်း၊ တောတောင်များအတွင်း သွားလာခြင်းပြုရာမှ အနားယူနေသည့် အခါတွင် ဒူးလေး၊ မြားကို ပြုလုပ်၍ ရြှိုကသည်။ ထိုသို့ ပြုလုပ်နေစဉ် ၀ါးဆစ်များကို ခုတ်ထစ် ပိုင်းဖြတ်၍ တီးခတ်ကြည့်ရာ အသံအမျိုးမျိုး ထွက်လာသည်ကို အကြောင်းပြုပြီး ၀ါးပတ္တလားကို စတင် လုပ်ယူကြသည်ဟု ကရင်လူကြီးများက ဆိုကြသည်။

ဝါးပတ္တလား ပြုလုပ်ခြင်း

ပေါ်ကူးကို ၀ါးလုံး (၉) လုံးဖြင့် များသောအားဖြင့်ပြုလုပ်ကြပြီး အချို့မှာ ၀ါးလုံး (၁၁) လုံးအထိ ပြုလုပ်ကြကြောင်း တွေ့ရှိနိုင်ပေသည်။ ၀ါးအရင်းမှ တစ်ပိုင်းစီတစ်ပိုင်းစီ အဆစ်ခံ၍ ဖြတ်ယူလေ့ရှိကြသည်။ ၄င်းအဖျားပိုင်း (၃) ချိုး (၂) ချိုးအထိ တစောင်းကျအောင် ခုတ်ဖဲ့ပြီး အသံကို ညှိယူရသည်။ ၀ါးခြမ်းသစ်သား စသည်ဖြင့် လည်ကောင်း တုတ်တံထိပ်ပိုင်းကို အ၀တ်ကဲ့သို့သောအရာဖြင့် စီးပတ်၍ သော်လည်းကောင်း တီးခတ်သံအဖြစ် ပြုလုပ်ကြသည်။ အလယ်ဝါးကို သံမှန် (၀ါ) မူလအသံဖြင့်ထားပြီး ၀ါး (၉) လုံးပါပေါ်ကူးကို အသံစဉ်အလိုက် ညှိယူကြောင်း သိရှိရပါသည်။ မျက်မှောက်တွင် အသံအားဖြင့် စူးရှလှသော ပတ္တလားတစ်ခုကိုကြည့်လျှင် အရှည်အားဖြင့် နှစ်လက်မခွဲခန့် ရှိသည်။ အသံတိမ်သော ပတ္တလား အသွားအရှည်မှာမူကား ၁၁ လက်မကျော် ရှိသည်ကို တွေ့ရရှိသည်။

ထို့အပြင် အသံထွက်တိမ်သော ပတ္တလား တစ်မျိုးမှာလည်း ၀ါးဆစ်မှာ အရင်းအထိ တစ်ပေ နှစ်လက်မခန့်ရှိပြီး အရင်းမှာ အဖျားအထိ နှစ်ပေခွဲကျော်ခန့် ရှိသည်ကို တွေ့ရှိရပေသည်။ ကရင့်အခေါ် ပေါ်ကူး၊ ၀ါးပတ္တလားမှာ မျက်မှောက်မွန် ၊ ဗမာတို့၏ ၀ါးပတ္တလားတို့နှင့် အခြေခံအားဖြင့် ခြားနားမူ မရှိလှချေ။ မွန်၊ ဗမာတို့၏ ၀ါးပတ္တလားကို မွမ်းမံမူုဖြင့် လခြမ်းပုံ သစ်သားအိမ်များ၊ မှန်စီရွှေချအိမ်များချ၍ ရူချင်စဖွယ် လှပသော်လည်း ကရင်တို့၏ ၀ါးပတ္တလားသည် သဘာဝအတိုင်းသာ ရှိနေ၍ လှပခြင်း မရှိလှချေ။ သို့သော် လွင်သောအသံ ညက်ညောသော အဆွဲအငင်တို့ဖြင့် အခြားသော ကရင်တူရိယာတို့နှင့် တွဲဖက်တီးခတ်သောအခါ သာယာ နာပျော်ဖွယ် တူရိယာအဖြစ် ကရင်လူမျိုးတို့က သတ်မှတ် အသုံးပြုကြသည်။

(၇) သောင့်ထွန် (ခေါ်) တယော

ကရင့်အခေါ် (သောင့်ထွန်) မှာ ငြိမ့်ညောင်းစွာ တီးရသော တူရိယာပစ္စည်းတစ်မျိုးဖြစ်သည်။ ရှေးကျ၍ ရှားပါးလှသော ပစ္စည်းလည်း ဖြစ်၏။

တယောပြုလုပ်ခြင်း

သောင့်ထွန်ကို အုန်းမှုတ်ခွက်တို့ဖြင့် လည်းကောင်း ၀ါးပိုးကျည်တောက်တို့ဖြင့် လည်းကောင်း ပြုလုပ်လေ့ ရှိသည်။ ရှေးအခါက သောင့်ထွန်ကို ကြိုးတစ်ချောင်းတပ်ဖြင့် အသုံးပြုလေ့ရှိပြီး နောက်ပိုင်းတွင် ကြိုးနှစ်ချောင်း တပ်၍ သုံးစွဲလာကြသည်။ ထိုကြိုးတို့မှာနှစ် ချောင်းပူးထားသော ကြိုးတစ်ချောင်းနှင့် သုံးချောင်း ပူးထားသော ကြိုးတစ်ချောင်း ဖြစ်သည်။ အချို့သော ဒေသတွင် ကြိုးသုံးချောင်းတပ်၍ ရှားရှားပါးပါး အသုံးပြု တီးခတ် နေကြောင်းကို တွေ့ရှိရသေးသည်။ ကရင့်သောင့ထွန်သည် အများအားဖြင့် အလျားနှစ်တောင်ခန့် ရှိသည်။

ထိုးတံဖြင့် တယောထိုးသကဲ့သို့ တီးခတ်၍ရသလို လက်ချောင်းဖြင့် တီးခတ်၍လည်း ရသည်။ မတ်တပ်ထောင်၍ ဘေးတိုက် ထိုးရပြီး အသေအရှင်ထိုးနည်ဟူ၍ နှစ်မျိုးရှိ၏။ အသေထိုးနည်းမှာ ထိုးတံကို ကြိုးအတွင်းသို့ ထားပြီး ထိုးသောထိုးနည်းကို ဆိုလိုသည်။ အရှင်ထိုးနည်းမှာ ထိုးတံနှင့် တသီးတခြားထားပြီး အပြင်မှနေ၍ ထိုးခြင်း ဖြစ်သည်။ ကရင့်သောင့်ထွန်သည် ရှေးအခါက ပေါများလှသော်လည်း ယနေ့ တယောဂီတများ ပေါ်ထွန်းလာချိန်တွင် တဖြည်းဖြည်း ကွယ်ပျောက်၍ ကျေးလက်အချို့တွင်သာ ရှားရှားပါးပါး တွေ့ရှိ နိုင်တော့သည်။

(၈) ထာ့ (ခေါ်) ကရင်အိုးစည်

ကရင်အိုးစည်သည် ဗမာ၊ ရှမ်းတို့၏ အိုးစည်ပုံသဏ္ဌာန် ဖြစ်သည်။ သို့ရာတွင် ရှမ်းအိုးစည်ကဲ့သို့ ကိုယ်ထည် ရှည်လျားခြင်း မရှိချေ။ ခါးသေးပြီး အ၀ိုက်ကျယ်ခြင်းလည်း မရှိချေ။ ကရင်အိုးစည်မှာ ခါးတုတ်၍ ကိုယ်ထည်လည်း တိုသည်။

ကရင်အိုးစည် ပြုလုပ်ခြင်း

ကရင်အိုးစည်ကို မာသော သစ်သားတို့ဖြင့် ထွင်းယူပြီး မျက်နှာဝကို နွားသားရေဖြင့် ကျက်ထားသည်။ ထိပ်ဝ အနည်းဆုံး တစ်ပေရှိသည်။ အိုးစည်ထိပ်ဝ အချင်းကို မူတည်လျက် တွဲဖက်တီးရသော တူရိယာတို့၏ အရွယ်အစားကို လိုက်၍ သတ်မှတ်ချက်ရှိ၏။ အိုးစည်ထိပ်ဝ ၁၂ လက်မ၊ ဖားစည်ထိပ်ဝ ၁၈ လက်မ၊ လင်းကွင်းအကျယ် ၁၂ လက်မနှင့် ၁၀ လက်မ အချင်းရှိသော မောင်းတို့ဖြင့် တွဲဖက် တီးခတ်သော် လိုက်ဖက်လှသော အသံကို ရရှိသည်ဟု ဆိုကြသည်။ မျက်မှောက်တွင် ကရင်ရိုးရာ ဒုံးအက၊ တေးသီပွဲ (ခေါ်) အော်ပွဲတို့တွင် အိုးစည်ကိုပင် တူရိယာအဖြစ် ထားပြီး နှဲ၊ ပုလွေ၊ ၀ါး၊မောင်း၊ လင်းကွင်း၊ ဗုံတို့ဖြင့် တွဲ၍ တီးခတ်နေသည်ကို တွေ့ရှိရမည် ဖြစ်ပေသည်။

(၉) ခနာ (ခေါ် )ဗျတ်စောင်း

ကရင်လူမျိုးတို့ ကြိုးတပ်တူရိယာများ ရှိသည့်အနက် ဗျတ်စောင်းသည် တစ်မျိုး အပါအ၀င်ဖြစ်သည်။ ကရင်ဗျတ်စောင်းသည် ယခုခေတ် မယ်ဒလင် တစ်မျိုးဟု ဆိုနိုင်သည်။ အချို့က ကိုယ်တိုင်တီး ကိုယ်တိုင်သီဆို၍ အချို့မှာ အမျိုးသားက တီးခတ်၍ အမျိုးသမီးက သီချင်း သီဆိုသောအခါ သာယာနာပျော်ဖွယ် ရှိလှသည်ဟု လက်ခံ ထားကြပေသည်။

ဗျတ်စောင်းပြုလုပ်ခြင်း

ရှေးအခါက အုန်းမှုတ်ခွက်ဖြင့် အုန်းသီးတစ်လုံးကို သုံးပုံတစ်ပုံမှ ညီညာစွာ ဖြတ်ယူပြီး အ၀ကို သစ်သား ၀ါးပြားဖြင့် ပိတ်၍ ပြုလုပ်ယူလေ့ ရှိသည်။ နောင်ခေတ်အချိန်တွင် သစ်မာသားဖြစ်သော ယင်းတိုက်၊ ပျဉ်းကတိုး၊ ပိတောက်သားတို့ဖြင့် ပြုလုပ်နေကြသည်။ ရှေးကကြိုးသုံးချောင်း ရိုးရိုးတပ်ပါရှိသော်လည်း မျက်မှောက်တွင် ကြိုးငါးချောင်းကို နှစ်ချောင်းတွဲစုံ လေးချောင်းနှင့် တစ်ချောင်းတွဲ တပ်ကြိုးအဖြစ် တပ်ဆင်ကြသည်။ ယခင်က ပိုးချည်မျှင် သစ်သားမျှင် ၀ါးမျှင်တို့ဖြင့် ကြိုးအဖြစ် အသုံးပြုလေ့ ရှိသော်လည်း ယခုအခါ နိုင်လွန် သံမဏိကြိုးတို့ဖြင့် တပ်ဆင် သုံးစွဲလာကြသည်။

ဖော်ပြပါ ထင်ရှားလှသော ကရင်လူမျိုးတို့၏ ရိုးရာတူရိယာများကို ဖော်ပြရာတွင် အားလုံးပြည့်စုံနိုင်ပြီး မဟုတ်ချေ။ ဒေသအလိုက် ရိုးရာတူရိယာ ပစ္စည်းများ ရှိနေဦးမည်ဖြစ်ကြောင်း ဖော်ပြအပ်ပါသည်။

မြစ်နဒီကိုးသွယ်မှ ကူးယူဖော်ပြပါသည်။

အသက် ၁၈ နဲ့ ၂၀ ကြားမှာ ယောကျာ်းတွေက Samsung လိုပဲ

ဒီဇိုင်းကတော့လန်းတယ် အ၇ာ၇ာသွက်တယ် ဒါပေမယ့်သူများဒီဇိုင်းတွေ
ခိုးပြီးစတိုင်ထုတ်တတ်ကျတယ်။

အသက် ၂၀ နဲ့ ၃၀ ကြားခါကျတော့ HTC နဲ့တူသွားပြန်ကော
ပုံစံတွေကသိပ်မလန်းတော့ပေမယ့် ကိုယ်ပိုင်ဒီဇိုင်းနဲ့ပါ အဲ့ဒါပေမဲ့အကြမ်းခံ
တယ်နော် အထင်မသေးနဲ့ ဘယ်လောက်ဆောင့်ဆောင့်ခံနိင်တယ် (ဖုန်းမာ
တာပြောပါတယ်)

အသက် ၃၀ နဲ့ ၄၀ ကြားခါကျတော့ Black Berry နဲ့တစ်ထေ၇ာတည်းပဲ
ခလုတ်တွေကလည်းကောင်းမှကောင်း အဲ့ဒါပေမယ့် Touch Screen ကလုပ်
သလောက်တော့အ၇ာမထင်တော့ဘူး ။ ဘက်ထ၇ီလည်းနည်းနည်းပိုစားလာ
တယ်။ ဒါပေမယ့် Samsung တို့ Huwaei တို့ကိုယှဉ်နိင်သေးတယ်နော့

အသက် ၄၀ နဲ့ ၅၀ ကြားခါကျတော့ ယောကျာ်းတွေက iPhone လိုပဲ
တည်ငြိမ်လာတယ်၊၇င့်ကျက်လာတယ် ကိုယ်ပိုင်ဒီဇိုင်းအပြည့်ပဲ အဲ့ဒါပေမယ့်
ခလုတ်တွေတော့ပြုတ်ကုန်တယ် အောက်ကခလုတ်တစ်ခုပဲကျန်တော့တယ်
(Home Button) ကိုပြောတာနော်။ Touch ကလည်းကောင်း၊ Resolution လည်းကောင်း ဒါပေမယ့် J Break မလုပ်ပဲဘာမှလုပ်လို့မ၇တော့ဘူး။

အသက် ၅၀ နဲ့ ၆၀ ကြားခါကျတော့ ယောကျာ်းတွေက Huwaei လိုပဲ
သိပ်အကြမ်းမခံတော့ဘူး ။ နည်းနည်းလေးလှုပ်တာနဲ့ ဘက်ထ၇ီကကုန်မယ်
ဆိုတာကြီးပဲ။ ကြားထဲဆေးကကွာသေးတယ်

အသက်၆၀ နဲ့ ၈၀ ကြားခါကျတော့ Nokia နဲ့တစ်ပုံစံတည်းပဲဗျာ....
တစ်ချိန်တုန်းကတော့ သူမှသူပဲ သူဘု၇င်ဆိုပေမယ့် ကြာတော့မြုပ်ကွယ်သွား
၇၇ှာတယ်။ဒါပေမဲ့ အကြမ်းတော့ခံသေးတုန်းပဲနော် ပဲာပဲာ

Posted By KO PHYO via Phyu Khaing
Credit: ကမ္ဘာ့ဖျာ

လာမည့် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် နိုင်ငံ့ဝန်ထမ်းများ၏ ထောက်ပံ့ကြေးများကို တစ်ဆင့်ပြီးတစ်ဆင့် တိုးမြှင့်ပေးနိုင်တော့မည်ဖြစ်ကြောင်း နိုင်ငံတော် သမ္မတ က ပြောကြား

AddThis Social Bookmark Button
လာမည့် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် နိုင်ငံ့ဝန်ထမ်းများ၏ ထောက်ပံ့ကြေးများကို တစ်ဆင့်ပြီးတစ်ဆင့် တိုးမြှင့်ပေးနိုင်တော့မည်ဖြစ်ကြောင်း နောင်လာမည့်နှစ်များတွင် ပိုမိုကောင်းမွန်သော စီမံခန့်ခွဲမှုမျိုး ဖြစ်ပေါ်လာစေရန် ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတမှ ပြည်ထောင်စုလွှတ်တော်သို့ ပေးပို့သည့် ၂၀၁၃ ခုနှစ်၊ နှစ်သစ်ကူးသ၀ဏ်လွှာတွင် ထည့်သွင်းပြောကြားခဲ့သည်။
၂၀၁၃ ခုနှစ်၊ နှစ်သစ်ကူးသ၀ဏ်လွှာကို နိုင်ငံတော်သမ္မတမှ ပြည်ထောင်စုလွှတ်တော်သို့ ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလ ၁ ရက်နေ့တွင် ပေးပို့ခဲ့ခြင်းဖြစ်သည်။ အဆိုပါ သ၀ဏ်လွှာကို ပြည်ထောင်စုလွှတ်တော် စတင်ကျင်းပသည့် ဇန်န၀ါရီလ ၁၀ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်နာယက ဦးခင်အောင်မြင့်က ဖတ်ကြားခဲ့ခြင်း ဖြစ်သည်။
နိုင်ငံတော်သမ္မတ၏ သ၀ဏ်လွှာတွင် ''လူမှုရေး ဆောင်ရွက်ချက်များအနေဖြင့်လည်း ပညာရေး၊ ကျန်းမာရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်နိုင်ခဲ့သည့်အပြင် နိုင်ငံ့ဝန်ထမ်း အငြိမ်းစားများအတွက် ထိုက်သင့်သော ပင်စင်လစာနှုန်းသစ်များ တိုးမြှင့်ပေးခြင်းတို့ကို ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။ ထို့ပြင် လာမည့်ဘဏ္ဍာရေးနှစ်အတွက် ရသုံးမှန်းခြေငွေစာရင်းကိုလည်း အစိုးရနှင့် လွှတ်တော်တို့အကြား ပွင့်လင်းမြင်သာမှုရှိရှိဖြင့် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးနိုင်ခဲ့သဖြင့် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကို တစ်နှစ်ထက်တစ်နှစ် ပိုမိုစနစ်ကျစွာ ပြဋ္ဌာန်းနိုင်တော့မည် ဖြစ်ပါသည်။ လွှတ်တော်အတွင်း၌ ရသုံးမှန်းခြေငွေစာရင်း ဆွေးနွေးသည့်ကိစ္စရပ်များကိုလည်း ပြည်သူလူထုထံ ပွင့်လင်းမြင်သာမှုရှိရှိ အသိပေးနိုင်ခဲ့ပြီး လာမည့်ဘဏ္ဍာရေးနှစ်တွင် နိုင်ငံ့ဝန်ထမ်းများ၏ ထောက်ပံ့ကြေးများကို တစ်ဆင့်ပြီးတစ်ဆင့် တိုးမြှင့်ပေးနိုင်တော့မည် ဖြစ်သည်ကိုလည်း တွေ့ရှိရမည် ဖြစ်ပါသည်'' ဟု ဖော်ပြထားသည်။
ဆက်လက်၍ ''နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးပြုပြင်ပြောင်းလဲမှုများစွာ လုပ်ဆောင်နိုင်ခဲ့သော်လည်း အသွင်ကူးပြောင်းရေးဖြစ်စဉ်အတွင်း၌ အဆင်မပြေမှုများနှင့် စိန်ခေါ်မှုများစွာကို ကြုံတွေ့ခဲ့ရပါသည်။ လက်ပံတောင်းတောင် စီမံကိန်း ဆန္ဒပြမှုများ၊ မြေယာပြဿနာများ၊ ရခိုင်ပြည်နယ် ကိစ္စရပ်များနှင့် ကချင်ပြည်နယ် ငြိမ်းချမ်းရေးကိစ္စများမှ အတွေ့အကြုံများအား သင်ခန်းစာများအဖြစ်ရယူ၍ နောင်လာမည့် နှစ်များတွင် ပိုမိုကောင်းမွန်သော စီမံခန့်ခွဲမှုမျိုး ဖြစ်ပေါ်လာစေရန် ဆက်လက်ကြိုးပမ်းသွားမည် ဖြစ်ပါသည်။ယနေ့ မိမိတို့ဆောင်ရွက်နေသော နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေး ပြုပြင်ပြောင်းလဲမှုများတွင် လွှတ်တော်များနှင့် အစဉ်ညှိနှိုင်းဆောင်ရွက်သွားမည် ဖြစ်ပါသည်။
အထူးသဖြင့် ယခင်တစ်နှစ်ကျော် ကာလက ရရှိခဲ့သည့် ဥပဒေပြုရေးဆိုင်ရာ အတွေ့အကြုံများကို အခြေခံ၍ သင်ခန်းစာများ ဖော်ထုတ်ပြီး ပိုမိုထိရောက်အောင် ဆက်လက်ဆောင်ရွက်သွားရန် စီစဉ်ထားပါသည်။ ယခုအချိန်အခါကဲ့သို့  နိုင်ငံတကာ အသိုက်အ၀န်းနှင့် ပြည်တွင်းနိုင်ငံရေး အင်အားစုများအကြား မြန်မာနိုင်ငံ၏ နိုင်ငံရေး ဂုဏ်သိက္ခာကို မြှင့်တင်နိုင်သော၊ ပြုပြင်ပြောင်းလဲရေးများ လုပ်ဆောင်နိုင်သောကာလတွင် လွှတ်တော်များ၏ အခန်းကဏ္ဍမှာ များစွာအရေးပါသည်ကို မိမိအနေဖြင့် အစဉ်ဂရုပြုပြီး အစိုးရ၏ အုပ်ချုပ်ရေးလုပ်ငန်းများကို အကောင်အထည်ဖော်လျက် ရှိပါသည်။ ခေတ်မီသော ဒီမိုကရက်တစ် လူ့အဖွဲ့အစည်းသို့ ချီတက်ကြရာတွင် ခက်ခဲကြမ်းတမ်းသော လှေခါးထစ်များကို ကျော်ဖြတ်ရလေ့ ရှိပါသည်။ မိမိတို့ အစိုးရအနေဖြင့် တရားဥပဒေ စိုးမိုးရေး၊ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး စသည်တို့ကို တစ်ဆင့်ပြီးတစ်ဆင့် တိုးမြှင့်လုပ်ဆောင်သွားရမည် ဖြစ်ပါသည်။ အစိုးရယန္တရား၏ ကောင်းမွန်သော အုပ်ချုပ်မှုနှင့် သန့်ရှင်းသော အစိုးရဖြစ်ရေးအတွက် အရှိန်အဟုန်မြှင့် ကြိုးပမ်းဆောင်ရွက်ရမည်ကိုလည်း သိရှိထားပါသည်။
ပြည်ထောင်စုလွှတ်တော်အနေဖြင့်လည်း ပြည်သူများ၏ လက်တွေ့အကျိုးစီးပွား၊ ရေရှည်အကျိုးစီးပွားကို အလေးအနက်ထားသည့် ပြည်သူ့ဗဟိုပြု ဥပဒေများ ဆက်လက်ပြဋ္ဌာန်းပေးသွားခြင်းဖြင့် ပြည်သူများအား ဒီမိုကရေစီ ယဉ်ကျေးမှု၊ ဒီမိုကရေစီ အလေ့အကျင့်များနှင့် ယဉ်ပါးရင်းနှီးလာအောင် လုပ်ဆောင်ပေးနိုင်မည်ဟု ယုံကြည်ပါကြောင်း သ၀ဏ်လွှာပေးပို့အပ်ပါသည်'' ဟု သ၀ဏ်လွှာပေးပို့ခဲ့သည်။
လာမည့် ဘဏ္ဍရေးနှစ်သည် ၂၀၁၃ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် စတင်မည်ဖြစ်သည်။ ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းက ဝန်ထမ်းများ လစာတိုးမြှင့်ပေးရန် ၂၀၁၂ ခုနှစ် နှစ်ဆန်းပိုင်းတွင်း အဆိုတင်သွင်းခဲ့သည်။ ၎င်းအဆိုနှင့်ပတ်သက်၍ ဘဏ္ဍရေးနှင့် အခွန်ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးလှထွန်းက ဝန်ထမ်းများ လစာတိုးမြှင့်ခြင်းကို ၂၀၁၃-၂၀၁၄ ခုနှစ်တွင်သာ ဆောင်ရွက်သင့်ကြောင်း လွှတ်တော်တွင် ပြောကြားခဲ့ဖူးသည်။
ထို့နောက် ၂၀၁၃ ခုနှစ်၊နှစ်သစ်ကူးသ၀ဏ်လွှာအား ပြည်ထောင်စုလွှတ်တော်မှ မှတ်တမ်းတင်ခဲ့သည်။
http://www.weeklyeleven.com/myanmar/myanmar/17282-2013-01-10-13-54-05

3G စနစ်ကြောင့် စီဒီအမ်အေမိုဘိုင်းဖုန်းများ ဈေးကျလာ

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ စီဒီအမ်အေဖုန်းများ ထပ်မံချထားပေးခြင်းမရှိတော့သည့် နောက်ပိုင်း စီဒီအမ်အေဖုန်းသုံးစွဲသူများ အနေဖြင့် ပြန်လည်ရောင်းချလိုသူ များပြားလာပြီး ဈေးနှုန်းမှာလည်း ကျပ်သုံးသိန်းခွဲဝန်းကျင်အထိ ကျဆင်းလာကြောင်း   ဈေးကွက်အတွင်းက သိရသည်။

"ဆက်သွယ်ရေးက နောက်ပိုင်း 3G စနစ်သုံး GSMဖုန်းတွေကိုသာ အဓိကထား ချထားပေးတော့မှာမိုလို့ စီဒီအမ်အေ ဖုန်းကိုင်ထားသူတွေ အနေနဲ့ ပြန်ရောင်းချလိုမှုများလာတယ်၊ အရင်က ကျပ် ငါး သိန်းဝန်းကျင်လောက်ရှိတဲ့ CDMA 800MHz ဖုန်းတွေလည်း အခုဆို ကျပ်သုံးသိန်းခွဲဝန်းကျင်လောက် အထိ ပေါက်ဈေးရောက်နေပြီ" ဟု ဖုန်းအကျိုးဆောင်တစ်ဦးက   ပြောသည်။

CDMA 450 MHz ဖုန်းများအား နယ်ဒေသများ၌ နေထိုင်အသုံးပြုသူအများစုသာ ဝယ်ယူအသုံးပြုမှု များရှိနေကြောင်းကိုလည်း သိရသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ  3G နှင့် 4Gကွန်ရက်စနစ် အသုံးပြုနိုင်ရန် ဆောင်ရွက်သွားမည် ဖြစ်သည့်အတွက် CDMA 800 MHz နှင့်CDMA 450 MHz ဖုန်းများချထားပေးမှုများကို ရပ်ဆိုင်း ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ဟန်းဆက်အပိုင်းတွင်လည်း CDMA 800 MHz နှင့်450 MHz အသုံးပြုနိုင်သည့် ဟန်းဆက်များမှာ လည်း GSMဟန်းဆက်များထက် အရောင်းအဝယ်ကျဆင်းလျက် ရှိနေသည်။

"အရင်ကတော့ ဝယ်ယူမှုအပိုင်းမှာ မသိသာပါဘူး။ အခုနောက်ပိုင်းတော့ GSM စနစ်သုံး ဟန်းဆက် တွေကိုသာ သိသိသာသာ ဝယ်ယူမှုများလာတယ်။ ဝယ်ယူမှုပိုင်းက ပုံမှန်ဆိုပေမယ့် အရင်က မော်ဒယ်နိမ့် တွေပဲ ၀ယ်ကြတာ အခု မော်ဒယ်မြင့် ဟန်းဆက်တွေကို ဝယ်ယူမှုများလာတယ်" ဟု Mobile မိုဘိုင်းဖုန်းအရောင်းဆိုင်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

လက်ရှိဟန်းဆက်ဈေးကွက်၌ အင်တာနက်အသုံးပြု၍ရသည့် (Android) GSM ဟမ်းဆက် အမျိုး အစားများမှာ အမျိုးအစားနှင့် အမှတ်တံဆိပ်ပေါ်လိုက်၍ ကျပ်ခြောက်သောင်းဝန်းကျင်မှ ကျပ် ငါးသိန်းဝန်းကျင်အထိ ဈေးရှိကြောင်း ဟမ်းဆက်ဈေးကွက်အတွင်းက သိရသည်။

လက်ရှိတွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် အကျိုးတူပူးပေါင်းသည့်ကုမ္ပဏီများမှ WCDMA နှင့် GSM လိုင်းကဒ်များအား ကျပ်တစ်သိန်းဝန်းကျင်နှင့်ရောင်းချရန်စီစဉ်နေပြီး အဆိုပါကိစ္စနှင့်ပတ်သက်၍  မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ဇန်န၀ါရီလ (၁၁)ရက်နှင့် (၁၂)ရက်နေ့များတွင် မီဒီယာများနှင့် တွေ့ဆုံရန် စီစဉ်ထားကြောင်း သိရသည်။
http://www.myitmakhamediagroup.com/detail.php?newid=3627

VOIP စမ်းသပ်နေတဲ့ FACEBOOK

Kotoke Gyi shared Aye Chan Mon's photo.
VOIP စမ်းသပ်နေတဲ့ FACEBOOK

Facebook ဟာ ၎င်းရဲ့ messenger App ကို မိုဘိုင်း စက်များမှ သုံးစွဲသူများ အတွက် အခမဲ့ ခေါ်ဆိုနိုင်တဲ့ VOIP စနစ်ကို စမ်းသပ်နေပြီ ဖြစ်ပြီး စကား သံဖြင့် ပေးပို့နိုင်တဲ့ Voice Message စနစ်ကို စတင် သုံးစွဲနိုင်ပြီ
ဖြစ်ကြောင်း ကြေညာ ခဲ့ပါတယ်။

iOS နဲ့ Android မိုဘိုင်း ပလက်ဖောင်း သုံးစွဲသူ များဟာ Facebook
ရဲ့ စာပေးပို့ ဝန်ဆောင်မှု App မှ တဆင့် အသံ မက်ဆေ့များ
ပေးပို့နိုင်ပြီ ဖြစ်ကာ Windows Phone အစရှိတဲ့ အခြား မိုဘိုင်း ပလက်ဖောင်း များ အတွက်တော့ မထွက်ရှိလာ သေးပါဘူး။

၎င်းစနစ်ဟာ Google Voice နဲ့ Apple ရဲ့ iMessage တို့ကို အခြေခံထားတဲ့ ဗားရှင်းဖြစ်ကြောင်း သိရပါတယ်။ ယခုအသစ် ပေါင်းထည့်ပေးလိုက်တဲ့ Feature ကြောင့် Facebook, Messenger သုံးစွဲသူတွေဟာ ၎င်းတို့ရဲ့ စကားသံတွေကို record လုပ်ထားပြီး အခြားသုံးစွဲသူများထံသို့ ပေးပို့
နိုင်တော့မှာ ပါ။ record ပြုလုပ်နိုင်တဲ့ ကြာချိန်ကတော့ ၁ မိနစ်သာ
ဖြစ်ပါတယ်။

သုံးစွဲသူဟာ ယခင်က Emoticon နဲ့ photo များပေါင်းထည့်ရာ "+" ကို နှိပ်လိုက်ရင် "Record Voice" ဆီ ရောက်ရှိသွားမှာဖြစ်ပြီး Record Button ကို ဖိနှိပ်ထားကာ မိမိစမတ်ဖုန်းရဲ့ မိုက်နှင့် ပေးပို့လိုတဲ့ Voice message ကို မှတ်တမ်းတင်နိုင်ပါတယ်။ သူ့ရဲ့ ကြာချိန်ကတော့ အလွန်ဆုံး ၆၀ စက္ကန့်သာ ရရှိမှာဖြစ်ပြီး ပြောကြားပြီးတာနဲ့ Record button ကိုလွှတ်လိုက်ရင် သင့်ရဲ့ Voice message ကို အလိုအလျောက်
ပေးပို့သွားမှာ ဖြစ်ပါတယ်။

Voice message ပေးပို့နိုင်တဲ့အပြင် Facebook ဟာ ၎င်း messager app မှတဆင့် ဖုန်းခေါ်ဆိုနိုင်မယ့် VOIP စနစ်အစစ်ကိုလည်း စမ်းသပ်နေပြီဖြစ်ေ ကြာင်း သိရှိရပါတယ်။ Facebook မှာ ၎င်း VOIP ဝန်ဆောင်မှုကို လာမယ့် ရက်သတ္တပတ် အနည်းငယ်အတွင်း ပေးပို့သွားမည်ဖြစ်ကြောင်း ပြောကြား ခဲ့ပြီး ယခုအပတ်အတွင်းမှာ ကနေဒါနိုင်ငံ၌ စတင်စမ်းသပ် သုံးစွဲခဲ့ပါတယ်။ Skype ကဲ့သို့ အခြား VOIP app တွေလိုပဲ Facebook Friend List ထဲကိုပါ ဝင်ရောက်ချိတ်ဆက်နိုင်မှာပါ။ Facebook messenger ရဲ့ VOIP Beta ဗားရှင်း ကနေဒါနိုင်ငံ၌ အောင်မြင်ခဲ့ရင် ၎င်းဝန်ဆောင်မှုကို အမေရိကန်နဲ့ ဥရောပနိုင်ငံများ အရင်ဆုံး ထပ်မံဖြန့်ဝေပေးသွားမှာ ဖြစ်တယ်လို့ Facebook ကုမ္ပဏီက ဆိုပါတယ်။

အေးချမ်းမွန်မှ   yatanarpon တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်

Wednesday, January 9, 2013

နိုင်ငံတကာအာကာသစခန်းမှ မြင်ရတဲ့မြင်ကွင်းတွေထဲမှာ

" မြန်မာနိုင်ငံပေါ်ကနေ ညအချိန်ဖြတ်သန်းတဲ့ အခါတိုင်း အမြဲမြင်နေရတဲ့ လင်းလိုက်မှိတ်လိုက် ပိုးစုန်းကြူးမြင်ကွင်းဟာ ကျမအတွက် မရိုးနိုင်အောင်ဆန်းနေတော့တာပါပဲရှင်။ ဒါကြောင့် "နွေညများရဲ့ ပိုးစုန်းကြူး" ဆိုပြီး နာမည်လေးတောင် ပေးထားမိပါတယ်။"
နိုင်ငံတကာအာကာသစခန်းမှ မြင်ရတဲ့မြင်ကွင်းတွေထဲမှာ ထူးခြားအံ့သြဖွယ်အကောင်းဆုံး  နေရာကတော့ မြန်မာနိုင်ငံပါလို့ ပြောဆိုတဲ့သူကတော့ Tracy ဖြစ်ပါတယ်။ သူမဟာ စခန်းစီကို ၂၄ကြိမ်မြောက် ပို့လွတ်တဲ့အဖွဲ့ထဲလိုက်ပါခဲ့ပြီး ၂၀၁၀ ခုနှစ် ဧပြီလ ၁၄ ရက်မှ စက်တင်ဘာလ ၂၅ ရက်အထိ အာကာသအတွင်းနေထိုင်ခဲ့ပါတယ်။ 

"အာကသထဲ နေထိုင်ခဲ့ရတဲ့အချိန်က ကျမ အိမ်ကို လွမ်းတဲ့အခါတိုင်း ကမ္ဘာ့မြေပြင်ဘက်စီကို လှမ်းမျှော်ကြည့်လေ့ရှိပါတယ်။ စခန်းက ကမ္ဘာကို ၉၃ မိနစ် တပါတ်ကျလှည့်ပါတ်နေတာဆိုတော့ နေ့နဲ့ည တလှည့်စီမြင်နေရတာပေါ့။"

"အဲဒီမြင်ကွင်းတွေထဲမှာ ကျမ ထူးထူးခြားခြား သတိပြုမိတာကတော့ မြန်မာနိုင်ငံပါပဲ။ အရင်က မြန်မာနိုင်ငံဆိုတာ မသိပါဘူး။ ဒီလိုထူးထူးခြားခြား မြင်တွေ့နေရတာတွေကြောင့် ဒီနေရာဟာ ဘယ်အရပ်ဒေသလဲဆိုတာ ရှာဖွေကြည့်တော့မှ မြန်မာနိုင်ငံဆိုတာ သိတာပါ။"

"မြန်မာနိုင်ငံပေါ် ညအချိန်ဖြတ်တဲ့အခါတိုင်း လူနေတဲ့ဒေသတွေရဲ့ လျှပ်စစ်မီးရောင်တွေက တစ်နေရာမှာ လင်းလာလိုက် အခြားတစ်နေရာမှာမှိတ်သွားလိုက်နဲ့ မြင်နေရပါတယ်။ တခြားဒေသနိုင်ငံတွေမှာ မတွေ့ရတဲ့ ထူးခြားတဲ့မြင်ကွင်းလေးပါပဲ။ ကျမ မျက်စိထဲမှာတော့ ပိုးစုန်းကြူးလေးတွေ သစ်ကိုင်းမှာ စုပြုံနားနေသလိုမြင်မိတယ်။"

" မြန်မာနိုင်ငံပေါ်ကနေ ညအချိန်ဖြတ်သန်းတဲ့ အခါတိုင်း အမြဲမြင်နေရတဲ့ လင်းလိုက်မှိတ်လိုက် ပိုးစုန်းကြူးမြင်ကွင်းဟာ ကျမအတွက် မရိုးနိုင်အောင်ဆန်းနေတော့တာပါပဲရှင်။ ဒါကြောင့် "နွေညများရဲ့ ပိုးစုန်းကြူး" ဆိုပြီး နာမည်လေးတောင် ပေးထားမိပါတယ်။"
ထူးခြားအံ့သြဖွယ်အကောင်းဆုံး နေရာကတော့ မြန်မာနိုင်ငံပါလို့ ပြောဆိုတဲ့သူကတော့ Tracy ဖြစ်ပါတယ်။ သူမဟာ စခန်းစီကို ၂၄ကြိမ်မြောက် ပို့လွတ်တဲ့အဖွဲ့ထဲလိုက်ပါခဲ့ပြီး ၂၀၁၀ ခုနှစ် ဧပြီလ ၁၄ ရက်မှ စက်တင်ဘာလ ၂၅ ရက်အထိ အာကာသအတွင်းနေထိုင်ခဲ့ပါတယ်။

"အာကသထဲ နေထိုင်ခဲ့ရတဲ့အချိန်က ကျမ အိမ်ကို လွမ်းတဲ့အခါတိုင်း ကမ္ဘာ့မြေပြင်ဘက်စီကို လှမ်းမျှော်ကြည့်လေ့ရှိပါတယ်။ စခန်းက ကမ္ဘာကို ၉၃ မိနစ် တပါတ်ကျလှည့်ပါတ်နေတာဆိုတော့ နေ့နဲ့ည တလှည့်စီမြင်နေရတာပေါ့။"

"အဲဒီမြင်ကွင်းတွေထဲမှာ ကျမ ထူးထူးခြားခြား သတိပြုမိတာကတော့ မြန်မာနိုင်ငံပါပဲ။ အရင်က မြန်မာနိုင်ငံဆိုတာ မသိပါဘူး။ ဒီလိုထူးထူးခြားခြား မြင်တွေ့နေရတာတွေကြောင့် ဒီနေရာဟာ ဘယ်အရပ်ဒေသလဲဆိုတာ ရှာဖွေကြည့်တော့မှ မြန်မာနိုင်ငံဆိုတာ သိတာပါ။"

"မြန်မာနိုင်ငံပေါ် ညအချိန်ဖြတ်တဲ့အခါတိုင်း လူနေတဲ့ဒေသတွေရဲ့ လျှပ်စစ်မီးရောင်တွေက တစ်နေရာမှာ လင်းလာလိုက် အခြားတစ်နေရာမှာမှိတ်သွားလိုက်နဲ့ မြင်နေရပါတယ်။ တခြားဒေသနိုင်ငံတွေမှာ မတွေ့ရတဲ့ ထူးခြားတဲ့မြင်ကွင်းလေးပါပဲ။ ကျမ မျက်စိထဲမှာတော့ ပိုးစုန်းကြူးလေးတွေ သစ်ကိုင်းမှာ စုပြုံနားနေသလိုမြင်မိတယ်။"

" မြန်မာနိုင်ငံပေါ်ကနေ ညအချိန်ဖြတ်သန်းတဲ့ အခါတိုင်း အမြဲမြင်နေရတဲ့ လင်းလိုက်မှိတ်လိုက် ပိုးစုန်းကြူးမြင်ကွင်းဟာ ကျမအတွက် မရိုးနိုင်အောင်ဆန်းနေတော့တာပါပဲရှင်။ ဒါကြောင့် "နွေညများရဲ့ ပိုးစုန်းကြူး" ဆိုပြီး နာမည်လေးတောင် ပေးထားမိပါတယ်။"

စိတ်ဓါတ်နဲ့ အကျင့်စာရိတ္တ မြင့်မားတဲ့ မြန်မာ

Red Kyaw and 3 other friends shared Ko Gyi Thet's photo.
ယနေ့နံက် ၁၀နာရီ ခန့်က ဖြစ်ရပ် လေးတစ်ခုပါ 
သူ့နာမည်က ကိုဖိုးဇင် လို့ခေါ်သတဲ့ ။
သူ့အလုပ်က စည်ပင်သာယာမှာ သန့်ရှင်းရေး  ဝန်ထမ်း။
ဖြစ်ပုံလေးကဒီလိုပါ
'
'
'
၃၂လမ်း x ၈၅လမ်းမှာရှိ တဲ့ ဘော်ဒါဆောင်ကြီးရဲ့ ဆရာတစ်ဦး  သူ့ရဲ့ ဟန်းဖုန်း ပျောက်သွားတယ်။ 
မနေ့က  ကတည်းကပျောက် သွားသတဲ့။ ဘယ်လိုမှလည်း ဆက်သွယ်လို့ မရတော့ အပျောက်လျှောက်ဖို့ စိတ်ကူး ထားကြတယ်။ ဒီနေ့မနက် ၉နာရီခွဲလောက်မှာ အဲဒီဖုန်းကို ကျွန်တော်ခေါ် မိတယ် ။ ဖုန်းပျောက်နေမှန်း မသိပါဘူး။
ဖုန်းဝင်သွားတော့ ဒီဖုန်းက အမှိုက်ပုံထဲရောက်နေသတဲ့။ လာပြန်ယူပါလို့ဆိုပြီးပြောလို့ ဖုန်းပိုင်ရှင်ကို သွားခေါ်ပြီး ဖုန်းပြန်ယူခဲ့ကြတယ်။
၃၃လမ်းx၇၉လမ်းထောင့် မှာရှိတဲ့ အမှုက်ပုံထဲကနေ ကိုဖိုးဇင်က တွေ့လို့ အထက်လူကြီးကို အပ်နှံထား ရာက ပိုင်ရှင်ပြန်တွေ့လို့ ပြန်ပေးခဲ့ကြတာပါ။ 
မုန့်ဖိုး ၁၀၀၀၀ ထုတ်ပေးတဲ့အခါ နေပါစေ လို့ပြုံးပြီးငြင်းပါသေးတယ်။ အထက်လူကြီးက ယူလိုက်ပါဆိုမှ အားနာဟန်နဲ့ ယူခဲ့တာပါ။ 
ကဲ   
ကိုဖိုဇင်ရဲ့ စိတ်ဓါတ်နဲ့ စာရိတ္တ ကို ဂုဏ်ပြုသင့်တယ် ထင်လို့ စာတစ်တန်ပေတစ်ဖွဲ့ရေးပြီး တင်ပြရတာပါ။
မိတ်ဆွေတို့အနေနဲ့ ကိုဖိုးဇင်ကို ဂုဏ်ပြုသင့်တယ် ထင်ရင် မိတ်ဆွေတို့ရဲ့ လက်ညှိုးလေးကို သုံးချက်လောက် ထောက်ပြီး ဂုဏ်ပြုနိုင်ပါတယ်။ 
၁။  like ကိုတစ်ချက်
၂။  share ကိုတစ်ချက်
၎။ postကိုတစ်ချက် သုံးချက် တည်းပါ ။

အနက်ရောင်သဲ ခေါ် rare earth အကြောင်းကို မြန်မာပြည်သူတွေ ဂရုစိုက် သိထားသင့်ကြောင်း

Wai Hlaing shared တိမ် တမာန်'s photo.
** တရုတ်နဲ့ဂျပန်တွေ စိတ်ဝင်စားနေတဲ့ သဲများအကြောင်း သိထားသင့်သမျှ **

ဒီတလော သတင်းမှာ တွေ့နေရတာက ရခိုင်ပြည်နယ်က အနက်ရောင်သဲများကို တရုတ်ပြည်က စိတ်ဝင်ပြီး လာရောက်စမ်းသပ်မှုတွေ ပြုလုပ်နေတယ် ဆိုတာပါပဲ။

မြန်မာပြည်သူ အများစုကတော့ အဲဒီ အနက်ရောင်သဲတွေက ဘာလဲ၊ ဘယ်မှာသွားသုံးမှာလဲ၊ ဘာတန်ဖိုးရှိလဲ ဆိုတာ သိကြအုံးမယ်လို့ မထင်ပါ။ စာရေးသူ ကိုယ်တိုင်လည်း အဲဒီ သဲတွေကို မမြင်ဘူး အကြောင်းလဲမသိပါ။ အရေးကြီးတယ် သိထားသင့်တယ် ယူဆလို့ ရှာဖွေမိသလောက်ကို ဝေမျှပေးလိုက်ပါတယ်။

တစ်ခုတော့ ကြိုတင်စကားခံ ပါရစေ။ စာရေးသူက အဲဒီ အနက်ရောင်သဲ တွေဟာ rare earth နဲ့ ဆက်စပ်နေတယ်၊ အဲဒီထဲမှာ rare earth ပါဝင်မယ်လို့ ယူဆပါတယ်။

ဖတ်မိရတဲ့သတင်း အချက်အလက် အတိုင်းအတာကြောင့် အတိအကျ rare earth ဟုတ်မဟုတ် မသေချာပေမဲ့လည်း စာဖတ်သူများ အနေနဲ့ ဗဟုသုတတခု ရသွားမှာတော့ ယုံကြည်ပါတယ်။

အဆိုပါ အနက်ရောင်သဲများ က အင်္ဂလိပ်လိုတော့ rare earth လို့ ခေါ်ပါတယ်။ တိုက်ရိုက်ပြန်ရင် ရှားပါးတဲ့မြေ ပေါ့၊ ဒါပေမဲ့ အဲဒီပစ္စည်းက ရှားလည်းမရှားပါး

မြေကြီးလည်း မဟုတ်ပါဘူး။ rare earth ဆိုတာက ဒြပ်စင်ပေါင်း ၁၇ မျိုး ပါဝင်တဲ့ သတ္တုဒြပ် အမျိုးအစားတွေကို ခေါ်ပါတယ်။ အဲဒါတွေက scandium (Sc-21),

yttrium (Y-39), lanthanum (La-57), cerium (Ce-58), praseodymium (Pr-59), neodymium (Nd-60), promethium (Pm-61), samarium (Sm-62),

europium (Eu-63), gadolinium (Gd-64), terbium (Tb-65), dysprosium (Dy-66), holmium (Ho-67), erbium (Er-68), thulium (Tm-69), ytterbium

(Yb-70), and luteium (Lu-71) တို့ ဖြစ်ပါတယ်။ အဲဒီ သတ္တုတွေကို တချို့က the silent heroes of modern technolog လို့ တင်စားကြပါတယ်။

Rare earth ဟာ မရှားပါးပေမဲ့ အဲဒီ ဒြပ်စင်သတ္တုတွေက တမျိုးတည်းသီးခြား တွေ့ရဖို့ မဖြစ်နိုင်ပါဘူး။ ဆိုတော့ တူးဖော်ရတဲ့ မြေကြီး သို့မဟုတ် အနက်ရောင်သဲများမှာ

အထက်ပါ သတ္တုတွေ ရောနှောပါဝင်နေမှာ ဖြစ်ပြီး ပါဝင်တဲ့ သတ္တုတစ်ခုစီရဲ့ အချိုးအစားရာခိုင်နှုန်း မတူညီဘဲ ရှိတတ်ပါတယ်။ မရှားပါးပေမဲ့ အဲဒီရောစပ်နေတဲ့ rare

earth ထဲမှာ ပါဝင်နေတဲ့ ဒြပ်သတ္တု တစ်ခုချင်းကို သန့်စင်ခွဲထုတ်ဖို့က အန္တရာယ်များ၊ ခက်ခဲလွန်းပြီး စီးပွားဖြစ်ပမာဏရဖို့ မလွယ်ကူဖူးလို့ သိရပါတယ်။ ကျနော်တို့

နေ့စဉ်ထိတွေ့ သုံးစွဲနေတဲ့ အရာများစွာမှာ rare earth သတ္တုတမျိုးမျိုး သေချာပေါက် ပါဝင်နေပါတယ်။ တီဗီ၊ ကွန်ပြူတာ၊ ရေနံတူးစက်၊ သေးငယ်တဲ့

အီလက်ထရွန်းနက် အစိတ်အပိုင်းများ၊ မော်တော်ကား၊ Hybrid ကား၊ အလင်းဖန်မျှင်ကြိုး၊ စစ်လက်နက်ကိရိယာများ၊ နုကလီယား ဓာတ်ပေါင်းဖို နဲ့ အာကာသယာဉ်

ကိုယ်ထည်တွေမှာ အဲဒီသတ္တု တမျိုးမဟုတ်တမျိုး ထည့်သွင်း အသုံးပြုထားပါတယ်။

ဥပမာပြရရင် Neodyumium သတ္တုကို သေးငယ်တဲ့ အီလက်ထရွန်းနှစ် အစိတ်အပိုင်း ဖြစ်တဲ့ ကွန်ပြူတာ hard disk, နားကျပ်၊ စပီကာ၊ တာဘိုင်၊ ရေနံတူးဖော်တဲ့

လွန်ပူ နဲ့ သံလိုက်ဓာတ် သုံးရတဲ့ နေရာတိုင်းလိုလိုမှာ ထည့်သုံးထားပါတယ်။ Neodyumium ကို သေးငယ်ပေါ့ပါးပြီး အလွန်မာကျောတဲ့ ကိရိယာအစိတ်အပိုင်းတွေမှာ

အဓိက သုံးရပါတယ်။ Erbium သတ္တုကို နေကာမျက်မှန်၊ အလှဆင်ပန်းအိုး၊ လေဆာခွဲစိပ်မှု နဲ့ သတင်းအချက်အလက် လျင်မြန်စွာစီးဆင်းစေတဲ့ အလင်း

ဖန်မျှင်ကြိုးတွေမှာ မရှိမဖြစ် သုံးရပါတယ်။ Europium သတ္တုကို တီဗီဖန်သားပြင်၊ LED မီးလုံး တွေ နဲ့ နူကလီးယား ဓာတ်ပေါင်းဖို မှာ အသုံးပြုပါတယ်။ Hybrid ကား

(ဆီနဲ့ ဘက်ထရီ နှစ်မျိုးသုံး) မောင်းနေတဲ့ ကားပိုင်ရှင်တွေကိုယ်တိုင် rare earth ကို သူတို့နေ့စဉ် သုံးနေရတယ်ဆိုတာ မသိကြပါဘူး။ တိုယိုတာ Prius Hybrid

ကားတိုင်းမှာ Lanthanum ၁၀ ပေါင် ထည့်သုံးထားပါတယ်။ ဟိုင်းဘရစ်ကားမှာပါတဲ့ ဘက်ထရီအမျိုးအစား "nickel-metal hydride" က Lanthanum သတ္တုကို

သုံးထားတာပါ။

"ကမ္ဘာ့အကြီးဆုံး ဖြစ်တဲ့ တိုယိုတာကားရဲ့ ထုတ်လုပ်မှုနှုန်းမှာ Prius ဟိုင်းဘရစ်ကား က ၈ ရာခိုင်နှုန်း ရှိပါတယ်။ အဲဒါနဲ့ အခြား ဟိုင်းဘရစ်ကားတွေရယ်၊

တရုတ်ပြည်မှာ သုံးနေတဲ့ ဘက်ထရီကားငယ်လေးတွေ အားလုံးပေါင်းလိုက်ရင် လိုအပ်မယ့် Lanthanum က ဈေးကွက်မှာ လုံလောက်စွာမရှိပါဘူး" လို့ rare earth

ကျွမ်းကျင်ပညာရှင် Jack Lifton က ဆိုပါတယ်။ ဒါ့အပြင် တိုယိုတာကားကုမ္ပဏီ က lanthanum တူးဖော်ထုတ်လုပ်ရေးမှာ ရင်းနှီးမြုပ်နှံနေတဲ့ တစ်ခုတည်းသော

ကားကုမ္ပဏီဖြစ်ကြောင်းလည်း သိရပါတယ်။

အချက်အလက်များအရ ကမ္ဘာပေါ်မှာ တရုတ်ပြည် က rare earth ပမာဏ အများဆုံး ပိုင်ဆိုင်ထားပြီး ပြည်တွင်း စက်မှုလုပ်ငန်းများမှာ အသုံးပြုဖို့ လုံလောက်အောင်

ဆိုပြီး ၂၀၁၀ ခုနှစ်မှာ ပြည်ပသို့ တင်ပို့ရောင်းချမှုကို ကန့်သတ်လိုက်ပါတယ်။ အဲဒီသတင်းကြောင့် rare earth ဈေးနှုံးများ ခုန်တက်သွားခဲ့ပါတယ်။

rare earth ရဲ့ ဈေးနှုန်းကတော့ ဈေးကွက်မှာရှိတဲ့ ပမာဏ နဲ့ ၀ယ်လိုအားပေါ် မူတည်ပြီး ပြောင်းလဲနေတတ်ပါတယ်။ ဒီဇင်ဘာလ ၂၀ ရက်၊ ၂၀၁၂ ခုနှစ် HEFA ရဲ့

ဈေးနှုန်းအရ ၁ ကီလိုဂရမ် ဈေးကို ဖော်ပြထားပါတယ်။ Scandium metal - အမေရိကန် ဒေါ်လာ ၁၅၀၀၀ (၁ ကီလိုဈေး)၊ Terbium metal - ၂၅၀၀၊ Neodymium

metal - ၁၁၅၊ Lanthanum metal - ၂၈၊ Europium Oxide - ၂၁၅၀၊ Dysprosium Oxide - ၉၇၅၊ Erbium metal - ၂၇၅၊ Cerium metal - ၂၅ ဒေါ်လာ ....။

မြန်မာပြည်က အဖိုးတန်ကြွယ်ဝတဲ့ သံယံဇာတတွေကို ပြည်သူတွေ မသိရှိရဘဲ ပြင်ပတိုင်းပြည်တွေက ပေါချောင်ကောင်းနဲ့ တိတ်ဆိတ်စွာ သယ်ထုတ်သွားခဲ့တာ

တိုင်းပြည်အတွက် ပြည်သူတွေအတွက် အလွန်နှစ်နာလှပါတယ်။ မိမိတိုင်းပြည် က ငွေကြေးအရ နည်းပညာအရ ကိုယ်တိုင် တူးဖော်ထုတ်လုပ်နိုင်ခြင်း မရှိလို့ နိုင်ငံခြား

ရင်းနှီးမြုပ်နှံသူများ ကို ဖိတ်ခေါ်ရတယ် ဆိုရင်လည်း ပြည်သူတွေရဲ့ အကျိုးစီးပွားကို ပထမဦးစားပေး ထည့်သွင်းစဉ်းစား ရပါမယ်။ သတ္တုသွင်း

တူးဖော်ခွင့်ပြုမယ့်နေရာဒေသတ၀ိုက်ရဲ့ သဘာဝပတ်ဝန်းကျင် အကျိုးသက်ရောက်မှု၊ နေထိုင်ကြတဲ့ ပြည်သူလူထုများ ရဲ့ ကျန်းမာရေး အကျိုးသက်ရောက်မှု၊

ဘေးထွက်စွန့်ပစ်ပစ္စည်းများ စီမံထိန်းသိမ်းမှု စတာတွေကို ဦးစွာ စမ်းသပ်လေ့လာရပါမယ်။ ထို့အပြင် တူးဖော်မယ့် နေရာဒေသတ၀ိုက်မှာ နေထိုင်ကြတဲ့ ပြည်သူတွေနဲ့

တွေ့ဆုံဆွေးနွေးပြီး သူတို့ရဲ့သဘောထင်မြင်ချက်ကို ထည့်သွင်းစဉ်းစား ရပါမယ်။ နောက်ဆုံးမှ ခွင့်ပြုချက်ပေးသင့် မပေးသင့်ကို ဆုံးဖြတ်ရပါမယ်။

ဒါကြောင့် နိုင်ငံခြားမှလာရောက် ရင်းနှီးမြုပ်နှံသူတွေကို ကြေးနီ၊ ရွှေ၊ ရေနံ၊ ဂက်စ် စတဲ့ သတ္တုတွင်းများမှာ တူးဖော်ခွင့် ပေးထားပေမယ့် အချောင်ရောပါသွားနိုင်တဲ့ (တနည်း) ခိုးထုတ်သွားမယ့် အဆိုပါ အနက်ရောင်သဲ ခေါ် rare earth အကြောင်းကို မြန်မာပြည်သူတွေ ဂရုစိုက် သိထားသင့်ကြောင်း ရေးသားလိုက်ပါတယ်။

Copy from....Myanmar1.....မောင်ကံချွန်
‎** တရုတ်နဲ့ဂျပန်တွေ စိတ်ဝင်စားနေတဲ့ သဲများအကြောင်း သိထားသင့်သမျှ **

KIA အဖွဲ့အနေဖြင့် ရထားလမ်းကားလမ်းတံတားများနှင့် အရပ်ဖက်ပစ်မှတ်များအား တိုက်ခိုက်လာပါက လိုင်ဇာရှိ KIA ဌာနချုပ်သို့ အမြောက်များဖြင့်ပြန်လည် ပစ်ခတ်မည်

Yezar Ni and Wai Hlaing shared Kachin Daily News's photo.
KIA အဖွဲ့အနေဖြင့် ရထားလမ်းကားလမ်းတံတားများနှင့် အရပ်ဖက်ပစ်မှတ်များအား တိုက်ခိုက်လာပါက လိုင်ဇာရှိ KIA ဌာနချုပ်သို့ အမြောက်များဖြင့်ပြန်လည် ပစ်ခတ်မည်

KIA အဖွဲ့အနေဖြင့် စစ်သားမပီသစွာ၊ သူရဲဘောကြောင်စွာ ရထားလမ်း၊ ကားလမ်းများ၊ တံတားများနှင့် အရပ်ဖက်ပစ်မှတ်များအား တိုက်ခိုက်မှု တစ်စုံတရာ မပြုလုပ်ရန် သတိပေးကြောင်းနှင့် ထိုသို့ သတိပေးထား သည့်ကြားထဲမှ အရပ်ဖက်ပစ်မှတ်များအား တိုက်ခိုက်လာပါက လိုင်ဇာရှိ KIA ဌာနချုပ်အား လက်နက်ကြီးများနှင့် တုံ့ပြန်ပစ်ခတ်သွားမည်ဖြစ်ကြောင်း လဂျားယန် ဒေသသို့ရောက်ရှိနေသည့် အမြောက် တပ်မှ အရာရှိတစ်ဦးမှ ပြောကြားပါသည်။ ကျွန်တော်တို့မှ လိုင်ဇာက KIA ဌာနချုပ်အဆောက်အဦး တွေအားလုံးကို ပစ်မှတ် မှတ်ပုံတင်ပြီးသားပါ။ ကျွန်တော်တို့ သိမ်းထားတဲ့ လဂျားယန် တ၀ိုက်ကတောင်ကုန်း တွေမှာ လက်နက်ကြီးတွေဆင်ထားပါတယ်။ ပုံမုန်အတိုင်းဆိုရင်တော့ KIA ဌာနချုပ်လိုင်ဇာကို ပစ်စရာ အကြောင်းမရှိပါဘူး။ ဒါပေမဲ့ KIA တွေအနေနဲ့ အရပ်ဖက်ပစ်မှတ်တွေကို တိုက်ခိုက်လာမယ်ဆိုရင်တော့ ပြန်လည်တုံ့ပြန်ရပါလိမ့်မယ်ဟု ပြောဆိုသွားသည်။ 
MON

KIA တပ်ရင်း (၂၄) ၏ ရှေ့ကာ ကင်းပွိုင့် တခု လက်လွှတ်လိုက်ရ

Yezar Ni shared Jade Land's photo.
KIA တပ်ရင်း (၂၄) ၏ ရှေ့ကာ ကင်းပွိုင့် တခု လက်လွှတ်လိုက်ရ

08 January 2013 Written by ရွှေဟင်္သာသတင်းဌာန

ယနေ့ ညနေ (၃) နာရီ နီးပါးတွင် ဗန်းမော်-လိုင်ဇာ လမ်းကြောင်းရှိ ဖွန်းပျဉ်ဘွမ်မှ KIA အမှတ် (၂၄) တပ်ရင်း၏ ရှေ့ကာ ကင်းစခန်း ပွိုင့်တခု လက်လွှတ် လိုက်ရကြောင်း KIA စစ်ရုံးချုပ် အရာရှိ တဦးက ပြောပါသည်။

“ လေယာဉ်နဲ့ (၁၂) နာရီမှာ တခါ၊ နေ့လည် (၂) နာရီလောက်မှာ တခါ ဓါတုဗုံးတွေနဲ့ အကြိမ်ကြိမ် ၀ဲပြီးတော့ အပြင်းအထန် ကျဲချတယ်ဗျ။ လေယာဉ်ကလည်း အကြီးစား တိုက်လေယာဉ်တွေဗျ။ အငယ်စားလေးတွေ မဟုတ်ဘူးနော်။ ပြီးတော့ ခန်ကိုင်းတောင်ရဲ့၁၂၀ မမနဲ့ ၁၀၅ မမကလည်း တလစပ်ကို မနားတမ်းကို ပစ်ခဲ့တယ်။ မရေတွက် နိုင်တော့ဘူး။ ရာနဲ့ချီ ပြီးတော့ကို ပစ်တယ်။ မြေပြင် စစ်ကြောင်းကလည်း စစ်မျက်နှာ နှစ်ဖက်နဲ့ ညှပ်ပြီး စစ်ဆင်တယ်၊ အဲဒါကြောင့် နောက်ဆုတ်ပေးလိုက်တာပါ။” ဟု ဆိုပါသည်။

ယခု လက်လွှတ်ရသော စခန်းသည်၊ ပွိုင့် (၇၇၁) ၏ အရှေ့ဖက် KIA တပ်ရင်း (၂၄) ၏ ကင်းထောက် စခန်းဖြစ်သည်။ ဤပွိုင့်သည်၊ တပ်ရင်းရုံး၏ အောက်အဆင့် ပွိုင့်တခုဖြစ်ပါသည်။ အလားတူ လဂျားယန် စခန်းကိုလည်း လက်နက်ကြီးများ နှင့် အတူ လေကြောင်းဖြင့်လည်း အပြင်းအထန် တိုက်ခိုက် ခဲ့ပါသည်။ သို့သော် အစိုးရ မြေပြင် တပ်ဖွဲ့များသည် ယနေ့ နံနက် ၈း၁၅ မိနစ်ခန့်တွင် တုန်ဟုန်းရွာ အရောက်၌ ကျောင်းသား တပ်မတော်နှင့် အေအိုင်အေ ပူးပေါင်းတပ်များ၏ ကြားဖြတ်ချေမှုန်း ခြင်းကို ခံရပါသည်။ ဤသို့ကြောင့် လဂျားယန် စခန်းကို လေယာဉ်နှင့် လက်နက်ကြီး များဖြင့်သာ တိုက်ခိုက် ခဲ့သည်ဟု ဆိုပါသည်။  

အစိုးရ လက်နက်ကြီးများသည် ညနေပိုင်း (၅) နာရီအထိ ပစ်ခတ်ခဲ့သော်လည်း မြေပြင်တပ်များ၏ လှုပ်ရှားမှုသည် မရှိသလောက် ငြိမ်နေပြီးဖြစ်သည်။ လက်နက်ကြီးများသည် KIA တပ်များ မိမိတပ်နားသို့ ချင်းကပ်ခြင်း မပြုနိုင်ရန် ကာပစ် စနစ်ဖြင့် ပစ်ခတ်နေခြင်း ဖြစ်ပါသည်။

အစိုးရ တပ်ဖွဲ့များသည် နယ်မြေ အနေအထားနှင့် တိုက်ပွဲပြင်းထန်မှုများကြောင့် လူအင်အား အပါဝင် စစ်ကူနှင့် ပစ်ကူ များ လိုအပ်လျက် နေပါသည်။ စစ်ကူ ရယူရာတွင်လည်း မြေပြင် စစ်ကူထက် လေယာဉ်နှင့် ရဟတ်ယာဉ် စစ်ကူများကိုသာ အားထားတော့မည်ဟု စစ်ရေး အကဲဖတ်များက ဆိုပါသည်။ ဤအားသာချက်ကို အစိုးရဖက်က သိရှိသွားပြီးဖြစ် ပါသည်။

ဤသို့ကြောင့် နက်ဖြန်တွင် လေကြောင်း အကူများဖြင့် အင်အားဖြည့်ပြီး KIA နှင့် ကျောင်းသား တပ်မတော်တို့၏ လဂျား စခန်းကို ပြင်းထန်စွာ တိုက်ခိုက် လာဖွယ် ရှိမည်ဟု အကဲခတ်များက ဆိုပါသည်။

Monday, January 7, 2013

တရုတ်ရောဂါကြောင့် အိုဘားမား အာရှပစိဖိတ် စစ်ဗျူဟာချမှတ်

သူရိယ (WSJ) အမေရိကန် ပြည်ထောင်စု သမ္မတ ဘားရက်အိုဘားမားက ဒီသတင်းပတ်မှာ ပင်တဂွန်ကိုသွားပြီးတော့ အီရတ် အာဖဂန် စစ်ပွဲအလွန် အမေရိကန် ကာကွယ်ရေး ဗျူဟာကို ပြောကြားလိုက်ပါတယ်။
ဒါပေမယ့် အမေရိကန် စစ်တပ်ကျစ်လစ်အောင်ဆောင်ရွက်ဖို့ ပြောဆိုနေတဲ့ သမ္မတရဲ့ ပြောကြားချက်မှာတော့ ရာစုသစ်ရဲ့ စိတ်ခေါ်မှုအသစ်တွေ ဆယ်စုနှစ်အကြာ တိုက်ခိုက်မှုအပြီး ဦးစားပေးပြောင်းလဲမှုတွေနဲ့အတူ တရုတ်အကြောင်း အထူးပြု ပြောဆိုနေပါတယ်။
ငြိမ်းချမ်းရေးသမား တဦးအနေနဲ့ ပြန်လည် အရွေးခံရဖို့ ကြိုးစားနေတဲ့ အိုဘားမားက အမေရိကကို စိန်ခေါ်နိုင်တဲ့ တခုတည်းသော ကမ္ဘာစူပါ ပါဝါနဲ့ စစ်အေးတိုက်ပွဲမဖြစ်အောင် မန်းမှုတ်နိုင်ခြင်းတော့ မရှိပါဘူး။
ဒါပေမယ့် အိုဘားမားရဲ့အာရှခရီးစဉ်က အာရှပစိဖိတ်ဒေသတွင်းမှာ တရုတ်ရဲ့လွမ်းမိုးမှုကို တိုက်ဖျက်ဖို့ ဆုံးဖြတ်ထားပြီးဖြစ် နေပါ တယ်။ ဗျူဟာကလည်း အာရှ ပစိဖိတ်ဒေသကိုပဲ အာရုံစိုက်ထားပါတယ်။
ပူးပေါင်းဆောင်ရွက်ရေး စစ်ဗိုလ်ချုပ် မာတင်ရမ်ဆေးကလည်း အီရတ်ကနေထွက်လာတဲ့ စစ်သားတွေကို ဘီဂျင်းနဲ့ တိုက်ခိုက်ဖို့ စိတ်ဝင်စားပုံမပေါ်ပေမယ့် တရုတ်စစ်အသုံးစရိတ်ကြီးမားလာတာကိုတော့ သူလည်း သိနေပါတယ်။
စစ်ဗျူဟာ အထောက်အထားတွေက ဒီတိုးတက်မှုက ဒေသတွင်း ထိပ်တိုက်တွေ့ဆုံမှုများကို ရှောင်ရှားနိုင်ဖို့ ဗျူဟာကျ ရည်ရွယ်ချက် အတွက် ပိုမိုရှင်းလင်းဖို့လိုတယ်လို့ ဆိုပါတယ်။
တရုတ် ရေငုတ်သဘောင်္နဲ့ ဒုံးတွေက ၁၉၄၅ ကတည်းက အမေရိကန်လွမ်းမိုးလာတဲ့ ဒေသကို ဘယ်လို လုပ်ဆောင်ပေးနိုင် သလဲဆိုတာကို ဒမ်းဆေးက သိမြင်ပြီးသားဖြစ်ပါတယ်။
“ဗျူဟာက အနာဂတ်အပြောင်းအလဲကို ပြောနေတယ်၊ ပထ၀ီရေး၊ စီးပွားရေး၊ စစ်ရေးစတဲ့ အားလုံးသော တိမ်းညွတ်မှုတွေက ပစိဖိတ်ကို ဦးတည်နေတယ်” လို သူက ပြောပါတယ်။
“ကျနော်တို့ ဗျူဟာစိန်ခေါ်မှုကို ကျယ်ကျယ်ပြန်ပြန်ရှေ့ဆက်ဆောင်ရွက်သွားမယ်၊ ဒါဟာလည်း အိန္ဒိယ သမုဒ္ဒရာနဲ့လည်း ပတ်သက်နေပါတယ်”
တရုတ်နဲ့ ပတ်သက်တဲ့အသေးစိတ်ပြောဆိုချက် တခုမှ မရှိပေမယ့် ဘယ်သူကို ပြောနေသလဲဆိုတာကတာ ရိပ်မိပါလိမ့်မယ်။
“ဒီဒေသက အမေရိကန်ရဲ့ စီးပွားရေး လုံခြုံရေး အရေးပါမှုကို ကြီးထွားလာနေတယ်၊ ဆိုလိုတာက ကျနော်တို့ရဲ့ စစ်တပ်ပိုင်း ဆိုင်ရာ နည်းပညာတွေကို တိုးတက်အောင် ထိန်းသိမ်းဆောင်ရွက်ဖို့နဲ့ လွတ်လွတ်လပ်လပ်ဆောင်ရွက်ဖို့ပဲဖြစတယ်” လို့ သူက ဆိုပါတယ်။
တရုတ်က တိုက်ရိုက် တုံ့ပြန်ခြင်းမရှိသေးပါဘူး။ ဒါပေမယ့် ဂလိုဘယ်လ်တိုင်မ်းကတော့ တရုတ်က အမေရိကန်နဲ့ ခြေရာတိုင်းဖို့ အဆင့်သင်ဖြစ်နေပြီလို့ ရှင်းရှင်းလင်းလင်းဆိုပါတယ်။

“ကျနော်တို့ အမေရိကန်နဲ့ စစ်အေးတိုက်ပွဲကို တားချင်ပါတယ်၊ ဒါပေမယ့် တချိန်တည်းမှာပဲ အိမ်နီးချင်းမှာရှိတဲ့ တရုတ်ရဲ့ လုံခြုံရေးကိုလည်း စွန့်လွတ်ရမယ်အနေအထားကို ရှောင်ကြဉ်ရမယ်” ဟုလည်း အယ်ဒီတာအာဘော်မှာ ရေးသားထားပါတယ်။
အမေရိကန်ရဲ့စေစပ်မှုက တည်ငြိမ်မှုကို ဖြစ်စေတယ်ဆိုတာနဲ့ ပတ်သက်ပြီး ငြိမ်းချမ်းရေးကို အန္တရယ်ရှိတယ်လို့လည်း တရုတ် ဆင်ဟွာ သတင်းဌာနက သတိပေးလိုက်ပါတယ်။
၂၁ ရာစုမှာ တရုတ်နဲ့ အမေရိကန် ပြိုင်ဆိုင်မှုကတော့ တော်တော်ကို ရှင်းရှင်းလင်းလင်းဖြစ်လာပါပြီ။
ထိုင်ဝမ်အရေးကိစ္စကလည်း တရုတ်နဲ့ အမေရိကန်ကြားက တင်းမားမှုတခုဖြစ်နေပါတယ်။ ဘီဂျင်းက ထိုင်ဝမ်ကို ခွဲထွက်သူအဖြစ်မှတ်ယူထားပါတယ်။
အပြန်အလှန်ဆက်ဆံရေးတွေ တိုးတက်ခဲ့တယ်ဆိုပေမယ့်လည်း ထိုင်ဝမ်ရေလက်ကြားတလျောက်က ဒုံးပျံတွေကတော့ ခြိမ်းခြောက်မှုတွေဖြစ်နေပါတယ်။
ထိုင်ဝမ်ရဲ့ လုံခြုံရေးကို အာမခံချက်ပေးထားတဲ့ အမေရိကန်အတွက် အဲဒီဒေသဟာ အချိန်မရွေး ပေါက်ကွဲနိုင်တဲ့ အနေအထားဖြစ်ပါတယ်။
တရုတ်ကလည်း သံယံဇာတပေါကြွယ်တဲ့ အရှေ့နဲ့တောင်တရုတ်ပင်လယ်မှာလည်း အမေရိကန်နဲ့ ဆက်ဆံရေး တိုးမြင့်ထားတဲ့ ဗီယက်နမ်နဲ့ပိုင်နက် အငြင်းပွားမှုတွေဖြစ်ပွားနေပါတယ်
တရုတ်ရဲ့ကြီးထွားလာမှုကိုလည်း ဂျပန်၊ တောင်ကိုးရီးယား၊ စကာင်္ပူ၊ မလေးရှား၊ သြစတြေးလျမှာလည်း စိုးရိမ်မှုလက္ခဏာတွေ မြင်နေရပါတယ်။
အာရှခရီးစဉ်အတွင်းမှာ အိုဘားမားက ဒါဝင်နဲ့ ဖိလစ်ပိုင်မှာ စစ်အခြေစိုက်စခန်းဆောက်ဖို့ အရိပ်အမြွက်ဆိုခဲ့သလို တိုကျိုနဲ့လည်း ဒုံးကာကွယ်ရေးတည်ဆောက်ဖို့ ပြောဆိုခဲ့ပါတယ်။
ကမ္ဘာတလွှားမှာ စစ်ရေး အသုံးစရိတ် ဖြတ်တောက်တာတွေရှိနေပေမယ့် တောင်ကိုးရီးယားနဲ့ ဂျပန်က တပ်တွေကို ထိန်းသိမ်းထားရမှာဖြစ်ပါတယ်။ နိုင်ငံတကာ ရေပိုင်နက် လုံခြုံရေးက အဓိက ဦးစားပေးဖြစ်နေပါတယ်။
အမေရိကန် တရုတ် အပြန်အလှန် လုပ်ဆောင်နေကြတဲ့ တခြားမျက်နှာစာတွေလည်း အများကြီးရှိနေပါတယ်။
တရုတ်ကလည်း  ပါကစ္စတန်၊ သိရီလကာင်္၊ တန်ဇနီးယားတို့နဲ့ ကုန်သွယ်ရေး၊ ရင်းနှီးမြုပ်နှံမှု အကူအညီတွေနဲ့ သူရဲ့တည်ရှိမှုကို အိန္ဒိယသမုဒ္ဒရာမှာချဲထွင်နေပါတယ်
မြန်မာနိုင်ငံကိုလည်း တရုတ်ရဲ့ ကိုယ်ပိုင်ကစားကွက်ထဲကနေ အမေရိကန်က ရယူခဲ့ပြီးတော့ သံတမန်ဆက်ဆံမှုတွေ ချဲထွင်နေပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံဖို့ ဆန္ဒကတော့ စစ်မှန်ပေမယ့် အကျိုးစီးပွားကိုလည်း ထည့်တွက်နေပါတယ်။ တစုံတယောက်ကလည်း ၀ီလီယံဟိတ်ကို ပြောပြသင့်ပါတယ်။
တခြားဆောင်ရွက်တာတွေဖြစ်တဲ့ ကုန်ကြမ်းရရှိရေး၊ စီးပွားရေး အရင်းအမြစ်၊ နိုင်ငံရေးလွမ်းမိုးမှု၊ စစ်တပ်အခြေစိုက် တို့အတွက်လည်း အာဖရိကမှာ လုပ်ဆောင်နေပါတယ်။

တရုတ်ကတော့ စီးပွားရေး အကျိးအမြတ်တွေတောင်အာဖရိကကနေ ရရှိနေသလို လူအခွင့်အရေး လွမ်းမိုးမှုတွေအတွက်တော့ ပူပန်စရာတွေ ဖြစ်နေပါတယ်။
အမေရိကန်ရဲ့အပြုအမှုကလည်း အတုယူစရာ ဖြစ်မနေပါဘူး။ ဒီမိုကရေစီလို့ အများကြီးပြောဆိုနေပေမယ့်လည်း အကြမ်း ဖက်မှုနဲ့ လုံခြုံရေးကိုတော့ အမေရိကန်က စိုးရိမ်ပူပန်နေပါတယ်။  မကြာခင်ကလည်း ပင်တဂွန်မှာ အာဖရိကနဲ့ သက်ဆိုင်တဲ့ အဖွဲ့တခု ဖွဲ့စည်းခဲ့ပါသေးတယ်။
တရုတ်ကလည်း သံတမန်ရေးလွမ်းမိုးမှုတွေနဲ့ နိုင်ငံရေး စိန်ခေါ်မှုတွေက မြောက်ကိုးရီးယား၊ ဆီးရီးယား၊ အီရန်နဲ့ ဆူဒန်တို့မှာလည်း ရှိနေပါတယ်။
တရုတ်ကတော့ ကောင်းမွန်တဲ့ နိုင်ငံသားတယောက်ဖြစ်ရေးဆိုတဲ့ တာဝန်ကို လစ်လျူရှုထားလိုက်ပါတယ်။ စီးပွားရေးနဲ့ ငွေကြေးခိုင်မာရေးကို အာရုံစိုက်နေပြီး ဥရောပဇုန် အခက်အခဲကိုတော့ ကူညီဖြေရှင်းဖို့ ပျက်ကွက်နေတယ်လို့လည်း ဝေဖန်သူတွေက ဆိုပါတယ်။
၂၁ ရာစုမှာတော့ တရုတ် အမေရိကန် စစ်အေးတိုက်ပွဲကတော့ မဖိတ်ခေါ်ပဲ ရောက်ရှိလာပါပြီ။ ဆက်ဆံရေးကတော့ ကောင်းတဲ့ ခေါင်းဆောင်မှု၊ ကံကြမ္မာစတဲ့ ၂ ဖက်စလုံးကို အကျိုးရှိစေမှာဖြစ်ပါတယ်။
ဒါပေမယ့် အခြေခံအားဖြင့် ဒီမိုကရေစီ၊ တန်ဖိုး၊ ဘာသာရေး ယုံကြည်မှုနဲ့ စီးပွားရေးပြိုင်ဘက် စတဲ့ ကွဲပြားတဲ့အယူ အဆတွေက အတူတကွလုပ်ဆောင်ဖို့ ရှုပ်ထွေးစေမှာဖြစ်ပါတယ်။
တရုတ်က သူရဲ့စွမ်းအားကြောင့် ၁၉ ရာစု ဗြိတိန်နဲ့ ၂၀ ရာစု အမေရိကလို ယုံကြည်မှုနဲ့ မထိတရီကတော့ အပြည်ရှိနေပါတယ်။
အိုဘားမား ကာကွယ်ရေး ဗျူဟာက အကောင်းဆုံးကို မျှော်လင့်ထားသကဲ့သို့ အဆိုးကိုလည်း ပြင်ဆင်ထားပြီးဖြစ်သည်။ 

Source; WSJ

--

ပြည်သူ၊ အစိုးရ၊ တပ်မတော် နှင့် ယနေ့ KIA

Sat Paing shared ဝေဟင်ချစ်သူ's photo.
ပြည်သူ၊ အစိုးရ၊ တပ်မတော် နှင့် ယနေ့ KIA

www.facebook.com/theuseofforce

ကျွန်တော့်ရဲ့ လက်ရှိဖြစ်နေဆဲဖြစ်တဲ့ KIA ရဲ့ ဗျူဟာတွေကို တင်ပြချင်ပါတယ်။ ကျွန်တော့်ရဲ့ ကိုယ်ပိုင် စစ်ရေးအတွေးအခေါ်ဖြစ်လို့ ကျွန်တော့်ထက်ပိုမိုထက်မြက်တဲ့ စစ်ရေးအမြင်ရှိတဲ့သူများ ၀ိုင်းဝန်းဆွေးနွေးနိုင်ပါတယ်။ လူဆိုတာကလည်း ပုတုဇဉ်ဖြစ်တဲ့အတွက် အစိုးရနဲ့ တပ်မတော်ကို အကြောင်းမဲ့ ကိုယ်လည်းအကျိုးမရှိ သူတပါးလည်းအကျိုးမရှိစေသော စကားများဖြင့် comment ပေးသူများအား ခွင့်မပြုကြောင်းကြိုတင်အသိပေး ပြောကြားပါရစေ။

လက်ရှိ KIA ဟာ စစ်လက်နက် ပိုင်ဆိုင်မှုမှာရော စစ်ပညာ၊ စစ်သည်အရေအတွက်ပါမကျန် တစ်ခုမှ တပ်မတော်ကို မယှဉ်နိုင်ပါ။ ပထမဦးစွာ စစ်သည် အရည်အချင်းကို သုံးသပ်ပါ့မယ်။ တပ်မတော်မှ အရာရှိစစ်သည်များသည် မိမိတို့ တာဝန်ထမ်းဆောင်ရသော ရာထူးနှင့်အညီ သင်တန်းပေါင်းများစွာကို အဆင့်ဆင့်သင်ကြားတတ်မြောက်အောင်မြင်ပြီးမှ အဆင့်တိုးမြှင့်ခံထားရသူများဖြစ်ပါတယ်။ တပ်မတော်အရာရှိမှာဆို တိုက်စည်းသင်တန်း၊ ခွဲမှူး/ရင်းမှူးသင်တန်းတွေ၊ ဥစတ တက္ကသိုလ်တွေ၊ NDC စတဲ့အဆင်မြင့်သင်တန်းကြီးများအပြင် သင်တန်းငယ်ပေါင်းများစွာကိုလည်း မိမိထမ်းဆောင်ရာ အဆင့်အလိုက် မဖြစ်မနေ တက်ရောက်ကြရပါတယ်။ KIA အနေနဲ့ကျတော့ သူတို့က နိုင်ငံတော် အစိုးရတက္ကသိုလ်က ဘွဲ့ရပြီးသူတွေ KIA ထဲဝင်အောင်စည်းရုံးပြီး ဘွဲ့ရတာနဲ့ အရာရှိတန်းပေးပါတယ်။ နောက် သူတို့ကိုယ်ပိုင် ဗိုလ်သင်တန်းတွေဖွင့်ပြီး KIA အရာရှိတွေဖြစ်အောင် သင်ကြားပေးကြပါတယ်။ သူတို့ ဗိုလ်ကြီး တစ်ဦးနဲ့ တပ်မတော်က ဗိုလ်ကြီးတစ်ဦး ရာထူးတူရင်တောင် တတ်ကျွမ်းနားလည်တဲ့ ပညာပိုင်းဆိုင်ရာမှာ မတူနိုင်ပါ။ 

လက်နက်ပိုင်းဆိုင်ရာမှာလည်း သူတို့က တရုတ်လက်နက်တွေကိုအများဆုံးအသုံးပြုပါတယ်။ ဒီအချက်က တရုတ်နိုင်ငံဟာ သူတို့စီးပွားရေးနဲ့ နိုင်ငံခြားရေးတည်ငြိမ်အောင် သူတပါးနိုင်ငံရဲ့ ပုန်ကန်သူကို လက်သပ်မွေးထားတာကိုလည်း တွေ့နိုင်ပါတယ်။ လက်နက်ထောက်ပံ့မယ် မှောင်ခိုလမ်းကြောင်းဖောက်ခိုင်းမယ်၊ နယ်စပ်ကို မတည်ငြိမ်အောင်လုပ်စေပြီး သူတို့ အကျိုးစီးပွားကို ထိန်းမယ်။ KIA ပိုင်တဲ့ ကျောက်စခန်းတွေ သစ်လုပ်ငန်းတွေကို တရုတ်ပြည်ထဲမှာလာပြီး လုပ်ခိုင်းမယ် မြန်မာပြည်က သယံဇာတတွေကို အချောင်ရမယ် အခွန်မလိုဘူး KIA နဲ့ အဆင်ပြေရင်ရတယ်။ နောက် ပြည်တွင်းမှာက ပြည်သူတွေက တရုတ်ကုမ္ပဏီဆို ဆန္ဒပြကြ နောက် အစိုးရကလည်း အနောက်နဲ့ အတော်ကို အဆင်ပြေလာဆိုတော့ အရေးကြုံရင် မြန်မာပြည်ကို သူတို့ရဲ့ နိုင်ငံရေးဗျူဟာ စစ်ရေးဗျူဟာထဲ ဆွဲလို့ရအောင် KIA ကို သေချာလက်သပ်မွေးထား လက်နက်ထောက်ပံ့ပေးထားတာပဲ။ ဒါပေမယ့် သူတို့လက်နက်က တပ်မတော်ရဲ့ စစ်လက်နက်ပိုင်ဆိုင်မှုအင်အားကိုတော့ မယှဉ်နိုင်တာအမှန်ပဲ။

နောက် KIA အနေနဲ့ အစိုးရနဲ့ ငြိမ်းချမ်းရေးဆွေးနွေးလိုက်ရင် ခုလို လုပ်ချင်တိုင်းလုပ်မရတော့ဘူး တရားဝင်စီးပွားရေး ယှဉ်ပြိုင်ရတော့မယ် အခွန်အခဆောင်ရတော့မယ် ဒီတော့ ဆက်လက် လက်နက်ကိုင်ပြီး မဖြစ်လာနိုင်တဲ့ လမ်းစဉ်ကို တောင်းဆိုတာက သူတို့အတွက် ပိုအဆင်ပြေမယ်။ တိုက်ပွဲမှာသေတာက ကချင်နဲ့ ရှမ်းအပါဝင် အခြားတိုင်းရင်းသား လူငယ်တွေလေ သူတို့ဆွေမျိုးတွေမဟုတ်။ လိုအပ်ရင် အလွယ်ရွာတွေမှာစုဆောင်း မူးယစ်ဆေးတိုက်ပြီး သေနပ်ပစ်ခိုင်းတာလောက်က KIA အတွက် လွယ်လွယ်လေးပါ။ 

အဲဒီတော့ စစ်ဗျူဟာအရာ အင်အား လက်နက် အရည်အချင်း အကွာခြားကြီးကွာတဲ့ တပ်မတော်နဲ့ ဘယ်တော့မှ ထိပ်တိုက်တွေ့လို့မရဘူး။ ဆိုတော့က ဘယ်လိုနည်းနဲ့ တပ်မတော်ကို စစ်ဆင်မလဲစဉ်းစားမယ်။ ပထမဦးဆုံး အရင် တပ်မတော်အစိုးရလက်ထက်တုန်းက နိုင်ငံတကာနဲ့ အမြင်မကြည်ဖြစ်တဲ့ ဖြစ်စဉ်တွေ အများအပြားဖြစ်ဖူးတယ်။ ဒါကိုလူတိုင်းသိတယ်။ နိုင်ငံတကာကသိတာ မြန်မာပြည်ဆိုတာ တကယ့်တော စစ်တပ်က အားလုံးကို မလိုရင် အနိုင်ကျင့်သတ်ဖြတ်တယ်။ မြို့ပေါ်မှာ လူစုတာနဲ့ ဖမ်းမယ်။ နောက် မြန်မာပြည်က အရမ်းကို ဆင်းရဲတယ် ဒီလောက်ပဲသိတယ်။ ဒီမှာတင် ဗျူဟာခင်းရတာ လွယ်သွားပြီ။

စစ်မျက်နှာနှစ်ဖက်ဖွင့်မယ် ဘယ်လိုလဲဆိုတော့ မြေပေါ်မြေအောက်ပူးတွဲစစ်ဆင်မယ်၊ နောက် ပြသနာက KIA အနေနဲ့ ရှုံးမယ်ဆိုတောင် ဆက်ပြီး မငြိမ်သက်အောင် လူမျိုးရေးဝါဒဖြန့်မယ်။ ရပြီ ဒီလောက်ဆို။ အဲတော့ သူတို့က ဘာလုပ်လဲဆိုတော့ စ စ ခြင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ပျက်အောင်လုပ်တယ်၊ သူတို့ စစ်ဦးစီးချုပ်က ငြိမ်းချမ်းရေးဆွေးနွေးပွဲကို မလာဘူး။ စစ်ဆိုတာက စစ်သားချင်း မြေပုံကြည့်ဆွေးနွေး တပ်နေရာတွေကို အတည်အထိုင်ချ နယ်မြေတွေသတ်မှတ်ရမှာ သူတို့ စစ်ဦးစီးချုပ်မလာတော့ ဘာမှ ဆက်လုပ်လို့မရဘူး။ နောက်တစ်ခုက မြန်မာပြည်တွင်းက မီဒီယာတွေကို လက်သပ်မွေးတယ်။ မီဒီယာတွေကလည်း စစ်သားဆို ကြည့်မရတော့ သူပုန်လည်း ဒီခေတ်ကျမှ အလိုလိုတိုင်းရင်းသားလက်နက်ကိုင်ဆိုတာ ဖြစ်သွားတော့ အကဲဆန်းချင်တယ်၊ ဟိုကလည်း သူတို့ အလိုလိုက်ရေးမှန်းသိတော့ ဖိတ်တယ် ဧည့်ခံကျွေးမွေးတယ် လက်နက်ကြီးရှိတဲ့နေရာတွေကို လိုက်ပြတယ်။ တပ်မတော်က မီဒီယာနဲ့ ပတ်သက်ပြီး သူပုန်လို လုပ်လို့မရဘူး၊ မီဒီယာတွေရဲ့ အသက်အန္တရယ်ကိုစိုးရိမ်တာလည်းပါဝင်ပါတယ်။ KIA မှာ သတင်းသွားယူလို့ တပ်မတော်က ပစ်တဲ့ ကျည်ဆံထိပြီး ကိစ္စချောရင် တပ်မတော်မကောင်းကြောင်းရေးဖို့ ပိုကောင်းတယ် အဲ တပ်မတော်ရဲ့ စခန်းတွေမှာ သတင်းသွားယူလို့ KIA ပစ်တဲ့ကျည်ဆံနဲ့ ကိစ္စချောလို့ကတော့လား တပ်မတော်ကို တာဝန်အရှိဆုံးဆိုပြီး စွပ်ဆွဲမှာတော့ ကျိန်းသေပဲ။ နောက်သတင်းက ဘယ်ပျောက်လို့ပျောက်မှန်းမသိ ဖြစ်ဦးမှာ။ 

မီဒီယာကလည်း သူတို့သတင်းတိုက် အပိတ်ခံရ အပစ်ခံရတာမှမဟုတ်တာ သူတို့သေတာလည်းမဟုတ် ပြီးတော့ စစ်တပ်မကောင်းကြောင်းဖောင်ဖွဲ့ရေးလို့ရတယ် ဂျာနယ်ကလည်း စောင်ရေတိုးဦးမယ် ပြီး ခရီးလေးဘာလေး အလကားထွက် KIA က စပွန်စာလုပ် အို… ကောင်းရောပဲ။ ပြီးတော့ ပရိတ်သတ်ပေးတဲ့ နံပါတ် ၁ တို့ စတုတ္ထမဏ္ဍိုင်ကြီးတို့ ကိုယ့်ဘာသာကိုယ် ချီးမြင့်ထားတာလဲစုံလို့ပဲ။ 

ကဲ ဒီလောက်တင် KIA ဖက်က သာသာလေး ဘယ်သူမှ မသိ အောင် ထိုးစစ်ဆင်မှန်းမသိဆင်နေတာ။ မြန်မာနိုင်ငံမှာ ပြည်သူတွေက စစ်ဆိုမုန်းလို့ စစ်သားဆိုမုန်းလို့ ဆိုပြီး ဘယ်တော့မှ စစ်ရေးကို နားလည်အောင်မလုပ်ဘူး အဲလို နားမလည်လို့ပဲ  တကယ်ပြသနာဖြစ်ရော ဘာလုပ်ရမှန်းကို မသိတော့တာ သူများ နည်းနည်းပြော ဖွတဲ့ ဗျူဟာအောက် အသာလေးဝင်တယ်။ 

ခုဟာက facebook ခေတ် ကြည့် Jade Land တို့ Lachid Kachin တို့ဆိုတာက အမေရိကန်မှာနေတဲ့ KIA ရဲ့ ၀ါဒဖြန့်ချီရေးသမားတွေ သူတို့အတွက်က အင်တာနက်ကလည်းမြန် လွတ်လပ်မှုကလည်း အပြည့်ဆိုတော့ လုပ်ချင်တာသာ လုပ်ပေတော့ပဲ KIA က တရုတ်က အင်တာနက်ကိုသုံး ပုံတွေပေး သူတို့က သတင်းဌာနတွေကိုဖြန့် အင်တာနက်ကနေ လူမျိုးရေးဝါဒဖြန့် လူမျိုးရေး မုန်တီးအောင်လုပ် သူပုန် အစိုးရစစ်ပွဲကနေ ဗမာနဲ့ ကချင်ပွဲ သဏ္ဍာန်ဖန်တီး။ facebook မှာက ဘာမှ မရင်းရဘူးလေ ကီးဘုတ်လေးရိုက်ရုံနဲ့ စစ်တပ်ကို ဆဲရုံနဲ့တင် အေးဆေးဝါဒဖြန့်လို့ရတာ။ ဒါကို ဖြုတ်ဦးနှောက်သမားတွေကလည်း သံယောင်လိုက် အဲလိုလူတွေကိုသေချာကြည့် ဘာကိုမှ professional ဆန်ဆန် အဖြစ်မရှိတာကိုတွေ့ရမယ်။ နောက် facebook မှာ အစိုးရနဲ့ တပ်မတော်ကို မကောင်းပြောတိုင်း ဘာမှဦးနှောက်မရှိ တကယ်လားမှန်လား မစဉ်းစား လက်ခုပ်တီးသူက ခပ်များများရယ်။ မယုံမရှိနဲ့ အမှန်တခုကို ထောက်ပြတာနဲ့ ကက်ကက်လန်အောင်ရန်တွေ့တာ။ သူတို့က သူတို့ပဲဆဲမယ် ဝေဖန်မယ် သူတို့ပြောတာအကုန်မှန် သူတို့ကို ဝေဖန်ရင်လက်မခံ။ ဒါလား ဒီမိုကရေစီ။ အချက်ကျကျ ပြန်ပြောတဲ့သူတွေ့ရင် ခွေးသား ဘာညာ ဆဲမယ်။ ဒါလေးပဲရင်းလိုက်ရတာလေ။ ပြီးတော့ နိုင်ငံခြားမှာ ဆန္ဒပြစားတဲ့ကောင်တွေလဲပျော်လို့ သူတို့က အလုပ်အကိုင်မရှိ ဒုက္ခသည် နာမည်နဲ့လာတာလေ UN ရဲ့ ထောက်ပံ့မှုနဲ့နေတာဆိုတော့ ဆန္ဒပြတာကို ဓါတ်ပုံရိုက် ပြီးတော့ ပိုက်ဆံတောင်း ခုထိ မငြိမ်းချမ်းလို့ မပြန်တာပါပေါ့။ ဘာညာပေါ့။ KIA က တော့ ပျော်လို့ပေါ့။ 

ပြီးတော့ ထစ်ခနဲဆို ဆန္ဒပြတဲ့အကျင့် ကြည့် ခု FDI လည်း မြန်မာပြည်ကို ကြောက်နေပြီ။ တခြားမကြည့်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုကြည့် သူ လက်ပံတောင်းကိစ္စမှာ မိန့်ခွန်းပြောဖို့လုပ်တယ် အောက်မှာက အဖွဲ့အများကြီး သူ့စကားနားမထောင်ဘူး တစ်ယောက် တစ်ပေါက်နဲ့ လုပ်တယ်။ ကိုယ်ပိုင်စဉ်းစားဥာဏ် တာဝန်ယူနိုင်စွမ်းထက် နားယောင်မှုကပိုတယ် နောက် သိပ်ပြီး သာယာတာကိုကြိုက်တယ် နားသာယာချင်တယ် ဒေါ်အောင်ဆန်းစုကြည်က အစိုးရမကောင်းကြောင်း ပြောတာပဲကြားချင်တယ်။ ဟိုက အမှန်ကို သုံးသပ်ရင်တောင်မကြိုက်ချင်ဘူး။ ရန်ကုန်မှာ ဘာကြောင့်ဆန္ဒပြပြ ပြတဲ့သူက ဒီအဖွဲ့ပဲရှိတယ် သတိထားမိလားမသိဘူး မှတ်တမ်းဓါတ်ပုံတွေအရ အဲဒီအုပ်စုပဲ ဘာကြောင့်ပဲဖြစ်ဖြစ်နော်။ ဒီလူတွေက အလုပ်မရှိတော့ အလွယ်တကူ နေ့တွက်ကိုက်တဲ့ ဆန္ဒပြစားတဲ့လုပ်ငန်းလုပ်နေတာလား မသိဘူး။ ကြည့်ရတာ ကိုယ်က သူတို့ရတဲ့နေ့တွက်ထက်ပိုပေးရင် ကိုယ်ပြစေချင်တဲ့သူကို နေပူမိုးရွာမရှောင်ပြပေးတဲ့ ၀န်ဆောင်မှုပေးနေပုံပဲ။ ကိုမြအေးဆိုတဲ့ ပုဂ္ဂိုလ်ကော ဒီလူက ရခိုင်အရေးမှာ စစချင်း ဘင်္ဂလီဘက်က နာတဲ့သူ သူ့သမီးက ခုထိ ရိုဟင်ဂျာကောင်းစားရေး ပြည်ပမှာအော်နေတုန်း နောက် သူ့ကို ရခိုင်အရေးမှာ မထောက်ခံမှန်းသိရော ဟိုလိုလို ဒီလိုလို ဘက်ပြောင်းသလိုလိုနဲ့ အရူးသိုင်းကနေတယ်။ အခွင့်သာကြည့် ဘင်္ဂလီ ကောင်းစားရေးပြန်လုပ်မယ့်ကောင် လောလောဆယ် လက်ပံတောင်းက ဒေါ်အောင်ဆန်းစုကြည်ကိုင်နေတော့ သူက ၀င်ရှုပ်လို့မလွယ်ဘူး အဲတော့ လွယ်တာ KIA ဒိုးပြီလေ ငြိမ်းချမ်းရေးလား မလားလားတော့ မသိဘူး မှိုရတဲ့မျက်နှာနဲ့ KIA ကို နှုတ်ဆက်နေတာ အဲဒီထဲကမှ သူဘယ်ဖက်ကို ယိမ်းလည်းဆိုတာ အသိသာချည်းလေ။ အစိုးရကို ရခိုင်အရေးမှာ အဆင်မပြေတော့ KIA နဲ့ လှည့်တိုက် ပြီးတော့ ရခိုင်မှာ ဘင်္ဂလီကိုမြှောက်ပေးမယ့်ကောင်လေ။ ဒီလူတွေ အုပ်စုကကောင်တွေကို နိုင်ငံခြားက သူတို့ဘာသာပြန့်ဖို့ရတဲ့ ပိုက်ဆံတွေနဲ့ ထောက်ပံ့ မြန်မာမိန်းကလေးတွေဖျက်စီး မြန်မာမတွေကလည်း ပိုက်ဆံသာပေး ခုချိန်မှာ ကုလားလဲမသိ ဘုရားလဲမသိ။ လုပ်ချင်တာကို လုပ်နေတာ။ သိက္ခာဆိုကာက စာအုပ်မှာပဲကျန်တော့တယ်။ 

အဲဒီမှာတင် KIA က တရားဝင် ထိုးစစ် ကောင်းကောင်းကြီးဆင်နေပြီ။ နောက် စစ်ရေးအနေနဲ့ လက်နက် လူ မယှဉ်နိုင်တော့ KIA က ရွာသားအ၀တ်ဝတ် ရိက္ခာပို့တဲ့တပ်တွေကို ပျောက်ကြားတိုက် တိုက်တာမှ လူ ၅၀ ကို လူ ၄၀၀ လောက်နဲ့ တိုက်တဲ့အဆင့်ဖြစ်ရော သူတို့ပြောတဲ့ ဖြေရှင်းချက်က အရှင်းလေးရယ် ရိက္ခာနဲ့ အတူ လက်နက်ပါလို့တဲ့ ဘယ်သူက ရှေ့တန်းမှာ ရိက္ခာပို့တာ လက်နက်မယူပဲ ပန်းတွေ အစီးလိုက်ယူမလဲ မိမိကိုယ်ကို ကာကွယ်ဖို့ လက်နက်ယူရတာပေါ့ အဲဒါကို မစဉ်းစားပဲ အစိုးရက ထိုးစစ်ဆင်ဖို့ပါလို့ ပြောတိုင်း ယုံတဲ့ ကြပ်မပြည့်ဦးနှောက်ပိုင်ရှင်များလည်း ထုနဲ့ဒေးပဲ။ ပစ်ပြေးတော့ အကျအဆုံးများတယ်။ ကိုယ်က လိုက်ရှင်းရင် သူတို့က အရပ်ဝတ်နဲ့ လက်နက်မှန်လို့သေတာနဲ့ ဓါတ်ပုံရိုက်တဲ့အကျင့်ကတော့ ၀ါဒဖြန့်တာမှာ ဆရာတဆူလားပဲ အရပ်သားကို သတ်ပါတယ်ပေါ့။ တကယ်ရှေ့တန်းကို မလိုက်ဖူးသူတွေကတော့မသိ ဟုတ်ပ ငါတို့တပ်မတော်က အရပ်သားကို သတ်တယ်ပေါ့။ ကလေးစစ်သားကော တပ်မတော်က တရားဝင်အဖွဲ့ဆိုတော့ UN တို့ဘာတို့ တိုင်လို့ရတယ် တပ်ကလည်းခု ကလေးစစ်သားမရှိအောင် စီမံကိန်းတွေနဲ့ဆောင်ရွက်နေတယ်လေ သူပုန်မှာတော့ အိုး အများကြီး မြင်တောင်မကောင်းဘူး နောက် မိန်းကလေးတွေပါ ဆွဲထည့် ပြီးတော့ မြို့ကိုလွှတ် သူတို့ကို ထောက်လှမ်းရေးသတင်းတွေပေးခိုင်း။ သိပ်ရူပါ မရှိတဲ့မိန်းကလေးတွေကို ရှေ့တန်းမှာနေခိုင်း လက်နက်မှန်သေရင် အစိုးရက မိန်မနဲ့ ကလေးပါသတ်တယ်ပေါ့။ အဲတော့ အစိုးရမှာက နိုင်ငံတကာဖိအားကို ရင်ဆိုင်ရတယ်။ နောက် ထိုးစစ်မလုပ်ပါနဲ့ လက်နက်ကြီးမသုံးပါနဲ့ အမိန့်ထုတ်ရတယ်။ KIA က စိတ်ကြိုက် ခြုံခိုတိုက်လို့ရပြီဗျား။ နောက် ပြသနာကြီးလာလို့ ရုတ်တရက် အစိုးရ ထိုးစစ်ဆင်လာခဲ့ရင် ဆိုပြီး တံတားတွေဖျက်စီး ရထားလမ်းတွေ မိုင်းထောင် ရဲစခန်းနဲ့ မြို့တွေဝင်ပစ် ရမ်းချင်တိုင်းကိုရမ်းနိုင်နေတယ်။ နောက် တပ်မတော်သားတွေကို သတ်ထားတဲ့ပုံတွေကိ အင်တာနက်ပေါ်တင်ပြီး စိတ်ဓါတ်စစ်ဆင်ရေးလုပ်။ သူတို့ဖက်ကတော့ မကျဘူးပေါ့။ မကျရအောင် နတ်တွေ သိကြားတွေလား။ သူတို့ကတရားဝင်အဖွဲ့မဟုတ်တော့ သတင်းမထုတ်ပြန်လည်း ဘယ်သူမှ ရိုက်မစစ်ဘူးလေး။ အဲသူတို့ ခံရပြီလား။ advanced jet trainer တက်လာတာတောင် ကြောက်ပြေးပြီး fighter လို့အော်ပြီး ကင်မရာကိုင် တောထဲက လက်တုန်ရိုက်တဲ့သတ္တိလေ။  ဗီယက်နမ်တွေ အမေရိကန်ကို တိုက်သလိုပေါ့ ပျောက်ကြားလုပ်။ တပြိုင်နက် တပ်ရိက္ခာအဖွဲ့တွေ မြို့တွေ သူတို့နိုင်မယ့် ရဲစခန်းတွေ အင်အားမမျှတဲ့စခန်းငယ်တွေ ၀င်စီး တပြိုင်နက် အစိုးရကို လူ့အခွင့်အရေးချိုးဖောက်သယောင် ဘက်စုံကနေ၀ါဒဖြန့် သူတို့ခံရရင် စာနယ်ဇင်းရှင်းပွဲ ဆန္ဒပြပွဲဖန်တီး။ မြို့ထဲမှာ သူတို့ထောက်လှမ်းရေးလူကိုလွှတ် အစိုးရသတင်းကိုနှိုက် ဗုံးခွဲခိုင်း။ အင်တာနက်မှာ ၀ါဒဖြန့်။

ဒါတွေကတော့ ယနေ့လက်ရှိဖြစ်နေတဲ့ KIA ရဲ့ ဗျူဟာတွေပဲ ဒါပေမယ့် သူတို့ခေါင်းဆောင်တွေ အနေအစား ဆင်းရဲနေတယ်ထင်လား မြန်မာပြည်သူတွေပြောတဲ့ ခရိုနီတွေထက်တောင် ချမ်းသာနေကြပါတယ်လို့ပဲ ဆိုလိုရင်း နိဂုံးချုပ်အပ်ပါတယ်။ ဘယ်စစ်သားမှ စစ်မတိုက်ချင်ဘူး။ စစ်သားတွေက ငြိမ်းချမ်းရေးပိုလိုအပ်တယ်။ ဒါကြောင့် KIA ရဲ့ ၀ါဒဖြန့်မှုတွေကို တွန်းလှန်ရင်း သူတို့ငြိမ်းချမ်းရေး စကားဝိုင်းထဲရောက်လာဖို့ ကိုယ်တွေဖက်ကနေ ပြန်လည်ဖန်တီးရမယ်။ ခုပုံအတိုင်းဆို သမ္မတကလည်း ထိုးစစ်ကို ဆင်နွှဲခိုင်းမှာမဟုတ်ဘူး။ ဦးနှောက်အသိဥာဏ်ရှိသော ပြည်သူများကလည်း မိမိတတ်နိုင်တဲ့ဖက်မှ ၀ိုင်းဝန်းကူညီကြပါလို့တိုက်တွန်းအပ်ပါတယ်။ လွတ်လပ်ရေးနေ့မှသည် တိုင်းပြည်ရဲ့ ငြိမ်းချမ်းရေးဆီသို့ အရောက်လှမ်းနိုင်ပါစေလို့ဆုတောင်း လိုက်ပါတယ်။ 

ခုကျွန်တော်တင်ထားတဲ့ပုံက KIA က အတင်းအကြပ်စုဆောင်းခြင်းခံထားရတဲ့ ကလေးစစ်သားလေးတစ်ဦးရဲ့ပုံပါ

ဝေဟင်ချစ်သူ