This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Friday, December 21, 2012

အွန်လိုင်း ကျင့်ဝတ်

by Thanda Win on Tuesday, December 18, 2012 at 2:40am 

(လူမှုဆက်ဆံရေး ပတ်ဝန်းကျင်မှာ လိုက်နာစောင့်စည်းအပ်တဲ့ လောကနီတိ ရှိသလိုပဲ လူ လူချင်း တိုက်ရိုက်ထိတွေ့ဆက်ဆံတာမဟုတ်တဲ့ အွန်လိုင်းပေါ်မှာလည်း အလေးထား လိုက်နာသင့်တဲ့ စည်းမျဉ်းကလေးတွေ ရှိတဲ့အကြောင်း ဗာဂျီးနီးယားရှား ကတင်ပြထားတာဖြစ်ပါတယ်။ ဘာသာပြန်မျှဝေဖို့ တိုက်တွန်းတဲ့ ဆရာမောင်မောင်မြင့်ကို ကျေးဇူးတင်ပါတယ်။) 
  • အွန်လိုင်းယဉ်ကျေးမှုနယ်ပယ်ထဲမှာ ကိုယ်ပိုင်သင်္ကေတတွေရှိနေပါတယ်။ ဒါကို သတိမပြုမိတဲ့အခါ အဆင်မပြေတာလေးတွေ ဖြစ်တတ်တာပေါ့။ တဖက်ကပြောချင်တဲ့ ဆိုလိုရင်းကို မသိပဲ ရန်တွေ့မိတာလည်း ဖြစ်နိုင်တယ်။ စာသားတွေချည်း မြင်နေရတော့ တဖက်က လူသားစစ်စစ်ဆိုတာ မေ့သွားရင် ပိုဆိုးသွားတတ်ပါတယ်။ ဒါကြောင့် လူလူချင်းဆက်ဆံပုံနဲ့ကွဲပြားတဲ့ အွန်လိုင်းဆက်သွယ်ရေးဟာ လူသစ်တွေအတွက်တော့ အမှားတွေအများကြီး ဖြစ်နိုင်ပါတယ်။
  • ဒီဆောင်းပါးက လူသစ်တွေကို အမှားနည်းစေဖို့နဲ့ လူဟောင်းတွေက လူသစ်တွေကို လမ်းပြဖို့ ရည်ရွယ်ပါတယ်။ မိတ်ဆွေတိုးပွားပြီး ရန်သူနည်းစေဖို့ပါ။ နည်းလမ်းလေး နည်းနည်းသိသွားတာနဲ့ စိတ်အနှောင့်အယှက်မဖြစ်ရအောင် ရှောင်ရှားနိုင်မှာပါ။ ပြသနာအကုန်လုံးကို ရှင်းမပေးနိုင်ပေမယ့် ပြသနာရှင်းနည်းလေးတွေကိုတော့ ဝေမျှထားပါတယ်။
ဥပဒေသ (၁) လူသားများဖြစ်ကြောင်း သတိပြုပါ။
  • ငယ်ငယ်တုန်းက သင်ခဲ့ရတဲ့အတိုင်းပါပဲ။ ကိုယ်လိုချင်တာ သူများကို ပေးပါ။ ကိုယ်မလိုချင်တာ သူများကို မပေးပါနဲ့။ ကိုယ်ချင်းစာစိတ်မွေးပါ။ သူတပါးခံစားချက်တွေကို ပြက်ရယ်မပြုပါနဲ့။
  • အွန်လိုင်းပေါ်မှာတော့ ပိုပြီးသတိထားရပါတယ်။ တဖက်က မျက်နှာအမူအရာ၊ ကိုယ်ဟန်အနေအထား၊ အသံအနိမ့်အမြင့်တွေကို မသိရပဲ စာလုံးတွေချည်း မြင်နေရတာနဲ့ပဲ လူသားတွေဆိုတာကို မေ့ပစ်လိုက်လို့ မဖြစ်ပါဘူး။
  • အွန်လိုင်းပေါ်မှာ စကားပြောကြ၊ ဆွေးနွေးကြတဲ့အခါ တဖက်လူရဲ့ ဆိုလိုရင်းကို အဓိပ္ပါယ်မပေါက်တာ၊ ကောက်ချက်လွဲသွားတာတွေ ဖြစ်တတ်ပါတယ်။ တယောက်နဲ့ တယောက်လည်း မသိကြ၊ မဆုံဖူးကြဘူး။ ကွန်ပြူတာကတဆင့် သိကြတာဆိုတော့ ပင်ကိုယ်စရိုက် မဟုတ်တာတွေလည်း ဖြစ်တတ်ပါတယ်။ ဥပမာ - ကားမောင်းတဲ့အခါ တဖက်က မောင်းသူကို ဆဲဆိုတာမျိုး၊ ရိုင်းစိုင်းတာမျိုးတွေ လုပ်မိတတ်ကြတယ်။ ဒါပေမယ့် အလုပ်ထဲမှာ၊ အိမ်မှာတော့ အများအားဖြင့် ဒါမျိုးဘယ်တော့မှ မလုပ်ကြပါဘူး။ အွန်လိုင်းပေါ်မှာတော့ အလွယ်တကူ လုပ်မိတတ်ပြန်ရော။ ဒါဟာ လက်သင့်ခံစရာ၊ လိုက်လျောစရာမဟုတ်ပါဘူး။
  • အွန်လိုင်းသုံးတယ်ဆိုတာ ကိုယ့်ကိုယ်ကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ဖို့၊ နယ်မြေသစ်တွေကို ရှာဖွေဖို့နဲ့ ရဲရဲရင့်ရင့် တခြားကမ္ဘာအထိ အရောက်သွားဖို့ပါပဲ။ ဒါပေမယ့်လည်း တဖက်က လူသားပကတိဆိုတာ သတိပြုရပါမယ်။ တကယ်လို့များ မျက်နှာချင်းဆိုင်ဆိုရင် ဒါမျိုးပြောဖြစ်မလား လို့ စဉ်းစားသင့်ပါတယ်။အဖြေက ဟင့်အင်းဆိုရင်တော့ အသစ်တခုသာ ပြန်ရေးပါတော့။ သက်ရှိလူသားတယောက်ကို ပြောလို့အဆင်ပြေတဲ့အဆင့်ကို မရောက်မချင်း ထပ်ကာ ထပ်ကာပြန်ရေးပါ။
  • မျက်နှာတည့်တည့်ကြည့်ပြီး ပက်ပက်စက်စက် ပြောပစ်လိုက်ရမှ အရသာရှိတယ် ထင်နေရင်တော့လည်း မတတ်နိုင်ဘူးပေါ့လေ။ ဒါမျိုးဆိုရင်တော့ ဒီဆောင်းပါးကလည်း မကူညီနိုင်ပါဘူး။ ယဉ်ကျေးလိမ္မာသင်တန်း ပြန်တက်ဖို့သာ ပြောရတော့မှာပဲ။
  • ရိုင်းစိုင်းတဲ့ စကားလုံးတွေ မသုံးသင့်တဲ့ နောက်တကြောင်းကတော့ စာလုံးတွေက အွန်လိုင်းပေါ်မှာ မှတ်တမ်းတင်ပြီးသားဖြစ်နေလို့ပါ။ လက်လှမ်းမမှီတဲ့ တနေရာမှာ သိမ်းပြီးသားဖြစ်သွားရင် အရိပ်လိုလိုက်လာတတ်တယ်လေ။
  • အမေရိကန်သမ္မတအိမ်ဖြူတော်က အိုလီဗာနော့ဆိုရင် ရေးထားသမျှ ဂရုတစိုက်ပြန်ဖျက်တာပဲ။ သူမသိတာက တခြားကွန်ပြူတာတခုက ဖျက်သမျှပြန်သိမ်းနေတာလေ။ နောက်ဆုံး တရားရုံးရောက်တော့ အကုန်လုံးလက်ပူးလက်ကြပ် မိကုန်ပါရောလား။ ဒီလို ရာဇ၀တ်မှုမျိုးတွေနဲ့ မပတ်သက်ဘူးဆိုရင်တောင် ပို့လိုက်သမျှသော စာတွေ၊သတင်းတွေဟာ တနေရာမှာ သိမ်းထားနိုင်တယ်ဆိုတာ သိထားရပါမယ်။
ဥပဒေသ (၂ ) အတွင်း နဲ့ အပြင် တူပါစေ
  • တကယ့်ဘ၀ထဲမှာ လူများစုဟာ ဥပဒေကို လေးစားကြပါတယ်။ အဖမ်းခံရ၊ ဖယ်ကျဉ်ခံရမှာစိုးတာကြောင့် ထင်ပါတယ်။ အွန်လိုင်းပေါ်မှာတော့ မဟုတ်တာလုပ်ပေမယ့် မိတဲ့အကြိမ်ကနည်းပါတယ်။ ဒါကြောင့်လည်း တခါတလေ ကွန်ပြူတာတဖက်မှာ လူရှိနေတာ သတိမထားမိပဲ ကျင့်ဝတ်မထိန်းတာ၊ ပုဂ္ဂိုလ်ရေး ထိခိုက်တာတွေကို လုပ်လို့ရတယ်လို့ ထင်မိတတ်တယ်။
  • လက်တွေ့ဘ၀နဲ့ အွန်လိုင်းဘ၀ကြားထဲမှာ ဇဝေဇ၀ါဖြစ်တတ်တာကို နားလည်ပေးလို့ရပေမယ့် အမှားကတော့ အမှားပါပဲ။ အတွင်းနဲ့ အပြင် အတူတူပါပဲ။ ကျင့်ဝတ်ဆိုတာ စောင့်စည်းဖို့ပါ။ တစုံတယောက်ကများ ဘာမှစောင့်စည်းနေစရာ မလိုပါဘူးလို့ ဆိုလာခဲ့ရင် မယုံပါနဲ့။  အွန်လိုင်းပေါ်မှာ ဒွိဟဖြစ်စရာတွေပေါ်ခဲ့ရင် အပြင်လောကမှာ လိုက်နာနေကျအတိုင်းပဲ လိုက်နာရမှာပါပဲ။ အဖြေရှာရမှာပါပဲ။
  • တကယ်လို့ ပိုက်ဆံပေး ရှဲ လုပ်ရတာမျိုးဆိုရင် ပေးလိုက်ပါ။ ဒါမှလဲ စာရေးတဲ့လူ ပိုများလာမယ်။ မဖြစ်စလောက်ငွေလေးက နောင်အရှည်သဖြင့်မှာ အွန်လိုင်းတခုလုံးအတွက် အကျိုးရှိစေနိုင်ပါတယ်။
  • ဥပဒေချိုးဖောက်တယ်ဆိုတာ မကောင်းတဲ့အကျင့်ပါပဲ။ အွန်လိုင်းပေါ်မှာ ဥပဒေမဲ့ လုပ်တာဟာလည်း အတူတူပါပဲ။ တချို့ဥပဒေတွေကတော့ ရှူပ်ထွေးပြီး နားလည်ဖို့ခက်ပါတယ်။ မူပိုင်ခွင့်တွေနဲ့ ပတ်သက်ပြီးလည်း ဥပဒေတွေထုတ်ထားပါတယ်။ ဒီဆောင်းပါးက ဥပဒေစာအုပ်ကြီးတော့ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း အပြင်လောကမှာကော၊ အွန်လိုင်းမှာပါ ဥပဒေဘောင်ထဲမှာ သတိထားနေဖို့ တိုက်တွန်းပါရစေ။
ဥပဒေသ (၃) မိမိနေရာ မိမိသိပါစေ။
  • အွန်လိုင်းတနေရာမှာ လက်ခံနိုင်တာတခုက နောက်တနေရာမှာ ရိုင်းချင်ရိုင်းနေမှာပါ။ ဥပမာ - ရုပ်မြင်သံကြားက အိမ်ရှင်မများ သတင်းပလင်း အစီအစဉ်မှာ အတင်းအဖျင်းတွေ ပြောတာ လက်ခံလို့ရပါတယ်။ ဒါပေမယ့် ဂျာနယ်သမားတွေရဲ့ စာပုံးထဲကို ကောလဟာလမျိုးစုံ လျှောက်ထည့်ရင်တော့ ဘယ်သူမှ မကြိုက်ပါဘူး။ တနေရာနဲ့ တနေရာ မတူဘူးဆိုတာကို နားလည်ရပါမယ်။
  • ဒါကြောင့်မို့ နေရာအသစ်တခုကိုရောက်ရင် သူများတွေ ပြောနေ၊ ရေးနေတာတွေကို အရင်ကြည့်ပါဦး။ ဘယ်လိုလူမျိုးတွေလည်းလို့ လေ့လာပါဦး။ ပြီးမှသာ ၀င်ပြောသင့်ပါတယ်။
ဥပဒေသ (၄) သူတပါးအချိန်ကို မဖြုန်းပါနဲ့။  
  • အခုခေတ်မှာ လူတိုင်းအချိန်ရှားပါတယ်။ အိပ်ချိန်နဲနဲ အလုပ်ချိန်များများဖြစ်နေကြတယ်။ ဆွေးနွေးဖို့ အကြောင်းအရာတခု တင်ပြထားရင် ဒါကိုဖတ်ဖို့ အချိန်ပေးရပါတယ်။ ဒါကြောင့် သူများအချိန်ကို ဖြုန်းသလိုဖြစ်စေနိုင်တဲ့ ပို့စ်တွေ မတင်တာကောင်းပါတယ်။ အွန်လိုင်းပေါ်မှာ သတင်းစီးဆင်းနှုန်းနဲ့ သိမ်းဆည်းထားဖို့ နေရာကလည်း အကန့်အသတ်ရှိပါတယ်။ ကိုယ်တယောက်တည်း သုံးနေတာမှ မဟုတ်တာ။ ဒါကြောင့် သတင်းတခုထဲကို မတော်တဆ ၅ ကြိမ်ပို့မိတယ်ဆိုရင် အချိန်ကိုကော နေရာကိုပါဖြုန်းတာပါပဲ။
  • နားထောင်လို့တော့ သိပ်မကောင်းဘူးပေါ့လေ။ ဒါပေမယ့်လည်း ကိုယ်တိုင်လည်းအလုပ်တွေထဲ ခေါင်းနှစ်နေရရင် ကျန်တာတွေ မေ့တတ်တာပါပဲ။ ဒါကြောင့် ကိုယ့်မေးခွန်းတွေကို တဖက်က ချက်ချင်းပြန်ဖြေဖို့ မမျှော်လင့်ပါနဲ့။ ကိုယ်က အားတက်သရောပြောနေပေမယ့် အားလုံးက သဘောတူခေါင်းငြိမ့်လိမ့်မယ်၊ အရေးလုပ်လိမ့်မယ်လို့လည်း မထင်ပါနဲ့။
ဥပဒေသ (၄) အုပ်စုဖွဲ့ ဆွေးနွေးခန်းမှာ ဂရုပြုစရာ
  • အများအားဖြင့် အုပ်စုအဖွဲ့ဝင်တွေဟာ ကွန်ပြူတာသုံးချိန်၊ မိသားစုနဲ့ နေချိန်၊ ကိုယ်ပိုင်အိပ်ချိန်စားချိန် စသဖြင့် အားချိန်နည်းပါတယ်။ ပြီးတော့ စာတပုဒ်ကို ဖတ်တော့မယ်ဆိုတာနဲ့ ဖွင့်ဖို့ကလည်း အချိန်ယူပါသေးတယ်။ နိဒါန်းပျိုးနေတာတွေကို ဖတ်ပြီးမှ သော့ချက်ကိုရောက်ရတာပါ။ တကယ်လို့များ ကြိုးစားပမ်းစားဖတ်ပြီး ဘာမှလည်းမဟုတ်ဘူးဆိုရင် အစာမကျေဘူး ဖြစ်တတ်ပါတယ်။
  • အရင်ခေတ်ကတော့ ကာဘွန်စက္ကူတွေသုံးပြီး မိတ္တူပွားရတာပါ။ တခါပွားရင် ၅ စုံထက်မပိုပါဘူး။ ဒါကြောင့် ဒီစာကို ဘယ်သူ့ဆီအဓိကပို့မလဲဆိုတာ သေသေချာချာစဉ်းစားရပါတယ်။ အခုတော့ ဒါတွေမလိုတော့ပါဘူး။ ကူးချင်သလောက်ကူး၊ ပွားချင်သလောက်ပွားလို့ရပါပြီ။ ဒါကြောင့်လည်း အကျင့်ပါပြီး ပွားချင်တိုင်း ပွားနေမိတတ်ပါတယ်။ လူတွေမှာ အချိန်ရှားပါတယ်။ သတင်းကလည်း စုံလွန်း များလွန်းပါတယ်။ ဒါကြောင့် အုပ်စုဝင်တွေ ဘာကြောင့်သိသင့်တာလဲလို့ ကိုယ့်ဘာသာ အရင်မေးကြည့်တာ ကောင်းပါတယ်။ မလိုအပ်ဘူးထင်ရင် မပို့ပါနဲ့။ လိုချင်လည်း လိုနိုင်တယ် ဆိုရင်တောင်မှ မပို့ခင် ၂ ခါပြန်စဉ်းစားပါဦးလေ။
ဥပဒေသ (၅) ကြည့်ပျော်ရှူပျော်ဖြစ်ပါစေ။
  • အွန်လိုင်းပေါ်မှာ အေးတိအေးစက်၊ စော်ကားမော်ကားလုပ်တတ်သူတွေနဲ့ ပြည့်နေတာပဲလို့ ထင်ကုန်ကြရင် မကောင်းပါဘူး။ ဒီလောက်ကျယ်တဲ့ ကမ္ဘာကြီးမှာ အွန်လိုင်းသုံးသူအများစုဟာ တခြားသူတွေက like လုပ်သွားတာ လိုချင်တတ်ကြပါတယ်။ တခါမှ မသိဖူးသူတွေနဲ့ ဆုံခွင့်ရတယ်။ သူတို့ကလည်း ကိုယ့်ကိုမမြင်နိုင်။ ကိုယ့်အပေါ်မှာ ဆံပင်အရောင်၊မျက်လုံးအရောင်၊ ကိုယ်ခန္ဓာအချိုးအဆက်၊ အသက်အရွယ်၊ အ၀တ်အစား စတာတွေနဲ့ မဆုံးဖြတ်ပဲ စာအရေးအသားနဲ့သာ ဆုံးဖြတ်မှာပါ။ စာလုံးတွေကို မသုံးချင်ရင် ဘယ်သူမှ အွန်လိုင်းမလာပါဘူး။ ဒါကြောင့် စာလုံးပေါင်းနဲ့ သဒ္ဒါကလည်း အရေးပါ ပါတယ်။
  • အွန်လိုင်းလည်း အသုံးများတယ်၊ ဒီဟာတွေကိုလည်း စိုးရွံ့တယ်ဆိုရင်တော့ အွန်လိုင်းပေါ်မှာပဲ လမ်းညွှန်စာအုပ်တွေ ဖတ်ရင်း၊ လေ့လာသင်ယူရင်း ပျော်စရာကောင်းလာမှာပါ။ အွန်လိုင်းသင်တန်းတွေ၊ ပြင်ပသင်တန်းတွေရှိရင်လဲ တက်လို့ရပါတယ်။ အသက်အရွယ်ကြီးရင့်သူများဆိုရင်တော့ အသိအကျွမ်းတွေပိုရလာပြီး ပိုပျော်စရာကောင်းပါလိမ့်မယ်။
  • ကိုယ်ရေးချင်တဲ့အကြောင်းအရာကို အဓိပ္ပါယ်ပေါက်အောင် ရေးပါ။ ကိုယ်တကယ်သိတဲ့ ကိစ္စဖြစ်ပါစေ။ ကိုယ်ကိုယ်တိုင် သဘောပေါက် နားလည်ထားတာလား၊ သူများပြောလို့ ယုံထားတာလားဆိုတာ အရင်မေးကြည့်ပါဦး။ ပို့စ်မတင်ခင်၊ အချက်အလက်တွေကို ပြန်မစစ်ခင် တကယ်တင်ချင်ရဲ့လားလို့ ထပ်မေးပါဦး။ သတင်းဆိုးတွေဟာ တောမီးလိုပျံ့လွယ်ပါတယ်။ တဆင့်စကား တဆင့်နားဖြစ်သွားရင် မူလဆိုလိုရင်း ပျောက်သွားတတ်ပါတယ်။ အွန်လိုင်းပဲဟာ၊ မှန်ကန်တိကျစရာမလိုဘူးလို့ ပြန်ငြင်းချင်လည်းငြင်းပါ။ ဒါပေမယ့် ကိုယ့်တာဝန်တော့ ကိုယ်ယူတတ်ရမှာပေါ့လေ။
  • နောက်တချက်ကလည်း မှတ်စုတွေရေးတဲ့အခါ ရှင်းရှင်းလင်းလင်း ကျိုးကြောင်းဆက်စပ်တာမျိုးတွေ ဖြစ်ဖို့လိုပါတယ်။ စာတပိုဒ်လုံးမှာ သတ်ပုံ၊ သဒ္ဒါတလုံးမှ မမှားပေမယ့်လည်း ဘာပြောမှန်းမသိတာတွေ ဖြစ်တတ်ပါသေးတယ်။ အထူးသဖြင့် ကိုယ့်ကို အထင်ကြီးစေချင်တာနဲ့ စကားလုံးအကြီးကြီးတွေ သုံးမိတဲ့အခါမျိုးတွေမှာပေါ့။ ရိုးရိုးပဲရေးတာကောင်းပါတယ်။
  • တို့မီး၊ ရှို့မီးတွေ မရေးပါနဲ့။ ယဉ်ယဉ်ကျေးကျေး၊ လှလှပပလေးတွေရေးပါ။ ညစ်ညမ်းတဲ့စကားတွေ မသုံးပါနဲ့။ ဆန့်ကျင်လိုတာသက်သက်နဲ့ ဆန့်ကျင်ဘက်တွေမရေးပါနဲ့။
  • အွန်လိုင်းပေါ်မှာ ဆဲလို့ရသလား လို့ မေးကြပါတယ်။ အမှိုက်ကို ရွှေထင်တဲ့ နေရာတွေမှာတော့ လက်ခံမှာပါ။ ဆဲဆိုလိုက်ဖို့ လိုတယ်ထင်ရင်လည်း စာလုံးဖျောက်ပြီးသုံးနိုင်ပါတယ်။ ---င်၊ ----ာ စသည်ဖြင့်။ လူတိုင်းက ကိုယ်ဘာဆိုလိုတယ်လို့ သိမှာပါပဲ။ မလိုအပ်ပဲ သူများစိတ်အနှောင့်အယှက်ဖြစ်အောင် မလုပ်တာကောင်းပါတယ်။
ဥပဒေသ (၆) အဖိုးတန် ဗဟုသုတတွေကို ဝေမျှပါ။
  • ဆိုးတာတွေပြောပြီးသွားတော့ ကောင်းတာလေးတွေပြောပါရစေ။ အွန်လိုင်းရဲ့ မူလဘူတအစွမ်းက လူမျိုးစုံ အသုံးများတာပါ။ မေးခွန်းတွေကို အွန်လိုင်းပေါ်မှာ မေးလိုက်ရင် ဗဟုသုတကြွယ်ဝသူတွေ အများကြီးရှိနေတာမို့ အဖြေရနိုင်ပါတယ်။ တယောက် နှစ်ယောက်လောက်က ၀င်ပြောပေးလိုက်တာနဲ့ အကြံကောင်း ဥာဏ်ကောင်းတွေ တိုးလာပါတယ်။ အင်တာနက်ဆိုတာကို ရှာဖွေတွေ့ရှိပြီး ဖန်တီးတည်ဆောက်ခဲ့တဲ့ မူလရည်ရွယ်ချက်ကိုက သိပ္ပံပညာရှင်တွေဟာ သူတို့အချင်းချင်း ပညာဖလှယ်ချင်လို့ပါ။ တဖြည်းဖြည်းနဲ့မှ လူတွေအားလုံးပါလာကြတာပါ။
  • ဒါကြောင့်မို့ ကိုယ်သိတာလေး ကိုယ်ဝင်ပြောဖို့ မတွန့်ပါနဲ့။ မေးခွန်းတခုမေးလိုက်လို့ အဖြေတွေရလာတယ်ဆိုရင် အကျဉ်းချုပ်ကလေး ပြန်ရေးပြီး ဆွေးနွေးခန်းမှာ ပြန်တင်ပေးပါ။ ဒါမှလည်း တတ်သိသူတွေက အချိန်ကုန်ခံရေးပေးထားတဲ့ ဗဟုသုတတွေကို အားလုံးအတွက် အကျိုးရှိအောင် ပြန်သုံးနိုင်မှာပါ။
  • ကိုယ်တိုင်က တတ်သိပညာရှင်ဆိုရင်တော့ ပိုတောင်မှလုပ်ပေးနိုင်ပါဦးမယ်။ ကိုယ်တိုင်ဦးဆောင်ဆွေးနွေးတာတွေ၊ အများစိတ်ဝင်စားမယ့် အကြောင်းအရာကို ရေးတင်တာမျိုးတွေ၊ မေးခွန်းထုတ်တာတွေ လုပ်နိုင်ပါတယ်။ ဗဟုသုတဝေမျှတယ်ဆိုတာ ပျော်စရာကြီးပါ။ ဒါဟာအွန်လိုင်းရဲ့ ရိုးရာဓလေ့ထုံးစံပါ။ ကမ္ဘာကြီးကိုလည်း ပိုကောင်းစေတယ်လေ။
ဥပဒေသ (၇) ၀င်ရောက်ဖြန်ဖြေပါ။
  • တခြားသူတွေက ပြင်းပြင်းထန်ထန်ရေးနေကြပြီ၊ အခိုင်အမာတွေ ဆုပ်ကိုင်ငြင်းနေပြီဆိုရင် သွေးဆူလာတတ်ကြပါတယ်။ ဒီအချိန်မှာ နဲနဲအရှိန်ဝင်လျှော့ပေးဖို့ လိုပါတယ်။ အွန်လိုင်းမှာ သွေးဆူ၊ သွေးပူခွင့်မရှိဘူးလားဆိုတော့ ရှိတာပေါ့။ သွေးဆူတယ်ဆိုတာ အွန်လိုင်းရဲ့ ရိုးရာပါပဲ။ ဒါကို အပြောင်အပျက် ရယ်စရာ မောစရာလုပ်ပေးလိုက်ရင် ပျော်စရာဖြစ်သွားပါရော။ တခါတလေတော့လည်း အရှိန်မသေသေးရင် ဆက်ဖြစ်ပေါ့လေ။
  • ဒါပေမယ့်လည်း အွန်လိုင်းကျင့်ဝတ်မှာ တဖက်နဲ့တဖက် မပြီးနိုင် မစီးနိုင် တိုက်ခိုက်နေတာတွေ၊ ရန်စနေတာတွေ၊ စော်ကားနေတာတွေကိုတော့ ခွင့်မပြုသင့်ပါဘူး။ ဒါက အဖွဲ့တခုလုံးကို စိတ်ပျက်စေပါတယ်။ တခြားမဆိုင်သူတွေအပေါ်မှာလည်း မတရားရာရောက်ပါတယ်။ အစပိုင်းမှာတော့ စကားနိုင်လုနေတာကို ၀ိုင်းကြည့်ရတာ ပျော်စရာကောင်းသလိုလိုပေါ့။ နောက်ပိုင်းမှာတော့ ၀င်မပါတဲ့သူတွေက ပျင်းသွားတာပါပဲ။ ကိုယ်တွေချည်းပဲ လက်ဝါးကြီးအုပ်ထားသလိုဖြစ်နေတာ မသင့်တော်ပါဘူး။
ဥပဒေသ (၈) တခြားသူများရဲ့ အတွင်းရေးကို မစပ်စုပါနဲ့၊
  • လုပ်ဖော်ကိုင်ဖက်ရဲ့ အံဆွဲကို ခွင့်မတောင်းပဲ ဖွင့်ကြည့်ဖို့ မသင့်တော်သလိုပဲ သူများစာတွေကို ဖွင့်မဖတ်ပါနဲ့။ နမူနာတခုကတော့ ဂျာနယ်တိုက်တခုမှာ စာတွေဖွင့်ဖတ်ခံရတယ်လို့ သံသယရှိတဲ့အခါ သတင်းအတုတခုကို ထည့်ထားလိုက်ပါတယ်။ ဖတ်တဲ့လူက အဲဒီသတင်းအတုအကြောင်း မေးလာတဲ့အခါ မိသွားတာပေါ့။ ဒါနဲ့ သူ့ကို တခြားနေရာပို့ပစ်လိုက်ပါတယ်။ သူများအတွင်းရေးစပ်စုတာ အလုပ်ပြုတ်တဲ့အထိ ဒုက္ခပေးနိုင်ပါတယ်။
ဥပဒေသ (၉) လုပ်ပိုင်ခွင့်ကို အလွဲသုံးစားမလုပ်ပါနဲ့။
  • တချို့လူတွေဟာ အင်တာနက်မှာ ဆရာကြီးတွေပါ။ ကွန်ပြူတာစနစ်နဲ့ အင်တာနက်ကို သူများတွေထက် ပိုကျွမ်းကျင်ရုံနဲ့ သူများဆီက အခွင့်အရေးပိုယူဖို့ မသင့်ပါဘူး။ ဥပမာ -- ဌာနမှုးက လက်အောက်ငယ်သားတွေရဲ့ ကိုယ်ပိုင်စာတွေကို မဖတ်ရပါဘူး။
ဥပဒေသ (၁၀) သူများအမှားတွေကို ခွင့်လွှတ်လိုက်ပါ။
  • လူတိုင်းက အွန်လိုင်းမှာ လူသစ်ဖြစ်ဖူးကြတာပါပဲ။ ဒီဆောင်းပါးကိုလည်း လူတိုင်းဖတ်ဖူးတာမှ မဟုတ်တာ။ ဒါကြောင့် သတ်ပုံမှားတာ၊ အူကြောင်ကြောင်မေးတာ၊ မလိုအပ်ပဲ စကားကြောရှည်တာတွေကို သည်းခံလိုက်ပါ။ အသေးအဖွဲဆိုရင် ပြောနေဖို့တောင် မလိုပါဘူး။ ပြောဖို့လိုတယ် ထင်ရင်တောင် ၂ ခါပြန်စဉ်းစားပါ။ ကိုယ်တော်တာနဲ့ပဲ သူများကိုဆရာလုပ်တာ ဘယ်ကောင်းပါ့မလဲ။ မှားနေတယ်လို့ ပြောတော့မယ်ဆိုရင် ယဉ်ယဉ်ကျေးကျေးပြောပါ။ အများရှေ့မှာမပြောပဲ တဦးထဲကို စာပို့ပြောပါ။ ဘယ်လိုပြောပြော သူ့ဘက်က ဒီထက်ကို ပိုမသိတော့တာလည်း ဖြစ်နိုင်ပါသေးတယ်။ ဆရာကြီးလေသံ မဖမ်းပါနဲ့။ သူ့အမှားကို ကိုယ့်အမှားမဖြစ်ပါစေနဲ့။ ကျင့်ဝတ်နဲ့ ညီ မညီငြင်းကြရင်းနဲ့ ကျင့်ဝတ်နဲ့မညီပဲကို ရန်ဖြစ်တတ်ကြောင်း သတြိပုတော်မူကြပါကုန်။

clean government, good governance ဆိုပြီး လစာနဲ့မတန်လောက်အောင်ကိုချမ်းသာနေကြ

Soe Min and 10 other friends shared Thit Htoo Lwin blog's photo.
ဟိုးရှေးရှေးတုန်းက နေပြည်တော်မှာ ညွှန်းချုပ်တစ်ဦးဟာ လစာ နှစ်သိန်းရယုံနဲ့ ဘီလီယံနဲ့ချီပြီးချမ်းသာနေသတဲ့

နေပြည်တော်ဖြစ်ရပ်မှန်

ကျွန်မ အခုတင်ပြချင်တာကတော့ စက်မှု ၀န်ကြီးဌာန ယခင် စက်မှု(၁) ၀န်ကြီးဌာန၏ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းမြင့်အကြောင်းလေး တင်ပြချင်ပါတယ်။

အောက်ခြေ၀န်ထမ်းတစ်ယောက်အနေနဲ့ ဘယ်လိုမှ မခံစားနိုင်တော့လို့တင်ပြရတာပါ။

 ကျွန်မတို့ ရုံးဝန်ထမ်းတွေရဲ့ ဘ၀က အမြဲတမ်းမြေနိမ့်ရာလှံစိုက်ခံရပါတယ်၊ အမြဲတမ်းလိုလို လူကြီးမျက်နှာတကြည့်ကြည့်နဲ့  ကျီးလန့်စာစားပီးနေနေ ရတာပါ၊ ကျွန်မတို့တွေ အောက်ခြေ၀န်ထမ်းဘ၀နဲ့  ချို့ချို့ငဲ့ငဲ့နေထိုင်နေပီး နိုင်ငံ့တာဝန်ထမ်းဆောင်နေရတာကို ကျွန်မတင်ပြချင်တာမဟုတ်ပါဘူး။

 ကျွန်မတို့နေပြည်တော်မှာ အိမ်တလတခါ ပြန်ဖို့ကို မနဲခြစ်ကုတ်ပီး စုဆောင်းနေရတဲ့ အချိန် ကျွန်မတို့အထက်လူကြီးတစ်ယောက်က သူ့လစာနဲ့မတန်လောက်အောင်ကိုချမ်းသာနေတာကို ကျွန်မတင်ပြချင်ပါတယ်။

ကျွန်မတို့အကြိမ်ကြိမ်တိုင်ဖို့ကြိုးစားခဲ့ ပေမယ့်လည်း ကျွန်မလိုဘာမှမဟုတ်တဲ့ အောက်ခြေဆင်းရဲတဲ့  ၀န်ထမ်းလေးရဲ့ တိုင်စာက သမ္မတ ရုံးမပြောပါနဲ့  ကျွန်မတို့ရဲ့ ဝန်ကြီးရုံးတောင်မရောက် လိုက်ပါဘူးဘာလို့လဲဆိုတော့ ညွှန်ကြားရေးမှူးချုပ်အခန်း မှာတင် ဖြတ်သိမ်းထားတာခံနေရလို့ပါပဲ။

ကျွန်မကိုယ်တိုင် ရုံးပေါ်အထိတက်ပီးတိုင်စာကို တစေ့တစ် စောင်းလေ့လာလိုက်တော့ ကျွန်မတို့တိုင်စာတွေကော သူများတွေတိုင်ထားတာတွေကောပါ ဖိုင်တွဲပီးသိမ်းထားတာကို ကျွန်မ၀မ်းနည်းစွာ တွေ့ လိုက်ရပါတယ်။ 

ကျွန်မအရမ်းအားငယ်သွားမိတယ် ။ ကျွန်မတို့ဘက်မှာ ရပ်တည်ပေးမဲ့ လူမရှိဘူး ။ ကျွန်မတို့စကားကို နားထောင်ပေးမဲ့ လူမရှိဘူး။ အခုဒီ ဆိုဒ်ကိုတင်ရင်ရတယ် ။လူကြီးတွေကအစ ဒီ ဆိုဒ်ကို ၀င်ကြည့်ကြတယ်ပြောလို့ကျွန်မတင်လိုက်တာပါရှင်။

ဒီလိုပါ ဦးဝင်းမြင့် ညွှန်ကြားရေးမှူးချုပ်ကြီး ကျွန်မတို့ စက်မှု(၁) ၀န်ကြီးဌာနရဲ့  ငွေရပေါက်ရလမ်းအများဆုံးအင်ဂျင်နီယာ ဌာနဖြစ်တဲ့ ပြင်/ ထိန်းဌာန ကို ဦးစီးခဲ့ ရပါတယ်။ အဲဒီမှာတင် သူ့ဘ၀က တဆစ်ချိုးပြောင်းလဲလာတာပါ ။

 ဦးဝင်းမြင့်ဟာ ဌာနပိုင် ငွေတွေကိုအလွဲသုံးစားလုပ်ထားပီး ထိုငွေတွေနဲ့ အိမ်တွေတလုံးပြီးတလုံး ဆောက်ထားပါတယ်။ သူငွေတွေရရချင်းမှာ နေပြည်တော် ဥတ္တရသီရိမြို့နယ်မှာ သိန်း ၄၀၀၀ ကျော်တန်မြေကွက်နဲ့အိမ်တစ်လုံးချက်ချင်းဆောက်ခဲ့ပါတယ် ။ 

ပုဂံ(၁)လမ်း၊ ခြံအမှတ် ( ၃၂၁၅ ) ဖြစ်ပါတယ်။ လက်ရှိခေတ်ကာလ ပေါက်ဈေး သိန်း ၄၀၀၀ ကျော်တန်ပါတယ်၊ ဒီအိမ်ရဲ့ ဓါတ်ပုံကိုလဲပူးတွဲပီးတင်ပြပေးထားပါတယ်။ 

ဒါတောင် နေပြည်တော်ကအိမ်ပဲရှိပါသေးတယ်။ ရန်ကုန်မှာတင် အိမ် ၃ လုံးရှိပါသေးတယ်။ အသေးစိတ်ကိုလည်းနောက်ထပ်တင်ပြပေးပါဦးမယ်။
DG တယောက်ရဲ့တရားဝင်လစာက ၂၀၀၀၀၀/-ဖြစ်ပါတယ်။

 (၁)နှစ်မှ (၂၄)သိန်းပဲ ရှိတယ်။ စားသောက်စရိတ်(၄)သိန်းနုတ်ရင် သိန်း(၂၀)အသားတင်ကျန်ပါတယ်။ ဒါဆို ဘယ်လိုလုပ်ဒီလိုသိန်း ၄၀၀၀ ကျော်တန်အိမ်ကို ဆောက်နိုင်ပါသလဲရှင်။ စဉ်းစားကြည့်ပေးပါ။

သူ့ပါးစပ်ကနေ clean government, good governance ဆိုပီး တဖွဖွပြောနေပေမယ့်လည်း သူကိုယ်တိုင်လဲမကင်းနိုင်ပါဘူး။
ကျွန်မတို့လို လူတွေကိုအမြဲဆူနေ၊ဆဲနေ၊ မာန်နေ၊ မဲနေပေမယ့် သူ့ ရဲ့အထူးအခွင့်အရေးကိုခံနေရတဲ့ အမျိုးသမီးငယ်တစ်ဦးလည်းဌာနမှာ ရှိပါတယ်။

ထိုအမျိုးသမီးကို လည်းဖုန်းနဲ့ မြေကွက်တစ်ကွက်ဝယ်ပေးထားပါတယ်။ ထိုအမျိုးးသမီးရှေ့ မှာ ဦးဝင်းမြင့် မကောင်းကြောင်းပြောမိလို့ ထိုအမျိုးသမီးရဲ့  ထီးနှင့်ရိုက်တာကိုလည်း ကျွန်မတို့ မျက်စိရှေ့ မှာတင် မြင်ခဲ့ဖူးပါတယ်။ 

အမျိုးသမီးချင်း ကိုယ်ချင်းစာနာသဖြင့် အမည်နာမကို ထုတ်ဖော်မပြောတာပါ။
ထို့ပြင် ဌာနပိုင်ဖုန်းကိုလည်း သမီးဖြစ်သူကိုပေးကိုင်ထားပါတယ်။ ၀န်ကြီးဌာန အကျိုးစီးပွားအတွက် ဆက်သွယ်ရေးလွယ်ကူစေရန် ပေးထားသော ဖုန်းကို သမီးဖြစ်သူအားပေးကိုင်ထားသည်မှာလည်းအမြင်မသင့်တော်စရာဖြစ်ရပါတယ်။

 ဌာနပိုင် ကားများကိုလည်း ဦးဝင်းမြင့်၏ သမီး ကျောင်းအကြို အပို့ နှင့် သူ၏ ဇနီးဖြစ်သူ ဈေးဝယ် ထွက်ရန်၊ အိမ်ခြံမြေအရောင်းအ၀ယ် ကိုယ်ကျိုးစီးပွားအတွက် အသုံးပြုနေခြင်းမှာ လည်း ထောက်ပြ စရာတွေဖြစ်နေ ပါတယ်ရှင်။

 ကျွန်မတို့ လစာ ၆၀၀၀၀ လောက်နဲ့  ချို့ချို့တဲ့တဲ့ နေထိုင်နေရတဲ့အချိန် ကျွန်မတို့အထက်လူကြီးတစ်ယောက်က နိုင်ငံတော်ပိုင်ပိုက်ဆံများနဲ့ အိမ်ပေါင်း များစွာဝယ်ယူပြီး၊

 မိန်း မ ကိစ္စ ပွေရှုပ်နေခြင်းများကို ကျွန်မတို့အသဲနာလို့တင်ပြရခြင်းဖြစ်ပါတယ်ရှင်။
ဒီစာကို အကြိမ်ကြိမ် အထောက်အထားများနှင့် တိုင်ကြားသော်လည်း ထိရောက်ခြင်းမရှိသည့်အတွက် အင်တာနက်သုံးသော အများပြည်သူများမှ ကျွန်မတို့ စက်မှုဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းမြင့်အရှုပ်တော်ပုံကို သိရှိနိုင်ရန်တင်ပြခြင်းဖြစ်ပါတယ်ရှင်။

Post by အဖြူရောင်မီဒီယာ
ဟိုးရှေးရှေးတုန်းက နေပြည်တော်မှာ ညွှန်းချုပ်တစ်ဦးဟာ လစာ နှစ်သိန်းရယုံနဲ့ ဘီလီယံနဲ့ချီပြီးချမ်းသာနေသတဲ့

ကျွန်မ အခုတင်ပြချင်တာကတော့ စက်မှု ၀န်ကြီးဌာန ယခင် စက်မှု(၁) ၀န်ကြီးဌာန၏ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းမြင့်အကြောင်းလေး တင်ပြချင်ပါတယ်။
အောက်ခြေ၀န်ထမ်းတစ်ယောက်အနေနဲ့ ဘယ်လိုမှ မခံစားနိုင်တော့လို့တင်ပြရတာပါ။

ကျွန်မတို့ ရုံးဝန်ထမ်းတွေရဲ့ ဘ၀က အမြဲတမ်းမြေနိမ့်ရာလှံစိုက်ခံရပါတယ်၊ အမြဲတမ်းလိုလို လူကြီးမျက်နှာတကြည့်ကြည့်နဲ့  ကျီးလန့်စာစားပီးနေနေ ရတာပါ၊ ကျွန်မတို့တွေ အောက်ခြေ၀န်ထမ်းဘ၀နဲ့  ချို့ချို့ငဲ့ငဲ့နေထိုင်နေပီး နိုင်ငံ့တာဝန်ထမ်းဆောင်နေရတာကိုကျွန်မတင်ပြချင်တာမဟုတ်ပါဘူး။

ကျွန်မတို့နေပြည်တော်မှာ အိမ်တလတခါ ပြန်ဖို့ကို မနဲခြစ်ကုတ်ပီး စုဆောင်းနေရတဲ့ အချိန် ကျွန်မတို့အထက်လူကြီးတစ်ယောက်က သူ့လစာနဲ့မတန်လောက်အောင်ကိုချမ်းသာနေတာကို ကျွန်မတင်ပြချင်ပါတယ်။

ကျွန်မတို့အကြိမ်ကြိမ်တိုင်ဖို့ကြိုးစားခဲ့ ပေမယ့်လည်း ကျွန်မလိုဘာမှမဟုတ်တဲ့ အောက်ခြေဆင်းရဲတဲ့  ၀န်ထမ်းလေးရဲ့ တိုင်စာက သမ္မတ ရုံးမပြောပါနဲ့  ကျွန်မတို့ရဲ့ ဝန်ကြီးရုံးတောင်မရောက် လိုက်ပါဘူးဘာလို့လဲဆိုတော့ ညွှန်ကြားရေးမှူးချုပ်အခန်း မှာတင် ဖြတ်သိမ်းထားတာခံနေရလို့ပါပဲ။

ကျွန်မကိုယ်တိုင် ရုံးပေါ်အထိတက်ပီးတိုင်စာကို တစေ့တစ် စောင်းလေ့လာလိုက်တော့ ကျွန်မတို့တိုင်စာတွေကော သူများတွေတိုင်ထားတာတွေကောပါ ဖိုင်တွဲပီးသိမ်းထားတာကို ကျွန်မ၀မ်းနည်းစွာ တွေ့ လိုက်ရပါတယ်။

ကျွန်မအရမ်းအားငယ်သွားမိတယ် ။ ကျွန်မတို့ဘက်မှာ ရပ်တည်ပေးမဲ့ လူမရှိဘူး ။ ကျွန်မတို့စကားကို နားထောင်ပေးမဲ့ လူမရှိဘူး။ အခုဒီ ဆိုဒ်ကိုတင်ရင်ရတယ် ။လူကြီးတွေကအစ ဒီ ဆိုဒ်ကို ၀င်ကြည့်ကြတယ်ပြောလို့ကျွန်မတင်လိုက်တာပါရှင်။

ဒီလိုပါ ဦးဝင်းမြင့် ညွှန်ကြားရေးမှူးချုပ်ကြီး ကျွန်မတို့ စက်မှု(၁) ၀န်ကြီးဌာနရဲ့  ငွေရပေါက်ရလမ်းအများဆုံးအင်ဂျင်နီယာ ဌာနဖြစ်တဲ့ ပြင်/ ထိန်းဌာန ကို ဦးစီးခဲ့ ရပါတယ်။ အဲဒီမှာတင် သူ့ဘ၀က တဆစ်ချိုးပြောင်းလဲလာတာပါ ။

ဦးဝင်းမြင့်ဟာ ဌာနပိုင် ငွေတွေကိုအလွဲသုံးစားလုပ်ထားပီး ထိုငွေတွေနဲ့ အိမ်တွေတလုံးပြီးတလုံး ဆောက်ထားပါတယ်။ သူငွေတွေရရချင်းမှာ နေပြည်တော် ဥတ္တရသီရိမြို့နယ်မှာ သိန်း ၄၀၀၀ ကျော်တန်မြေကွက်နဲ့အိမ်တစ်လုံးချက်ချင်းဆောက်ခဲ့ပါတယ် ။

ပုဂံ(၁)လမ်း၊ ခြံအမှတ် ( ၃၂၁၅ ) ဖြစ်ပါတယ်။ လက်ရှိခေတ်ကာလ ပေါက်ဈေး သိန်း ၄၀၀၀ ကျော်တန်ပါတယ်၊ ဒီအိမ်ရဲ့ ဓါတ်ပုံကိုလဲပူးတွဲပီးတင်ပြပေးထားပါတယ်။

ဒါတောင် နေပြည်တော်ကအိမ်ပဲရှိပါသေးတယ်။ ရန်ကုန်မှာတင် အိမ် ၃ လုံးရှိပါသေးတယ်။ အသေးစိတ်ကိုလည်းနောက်ထပ်တင်ပြပေးပါဦးမယ်။
DG တယောက်ရဲ့တရားဝင်လစာက ၂၀၀၀၀၀/-ဖြစ်ပါတယ်။

(၁)နှစ်မှ (၂၄)သိန်းပဲ ရှိတယ်။ စားသောက်စရိတ်(၄)သိန်းနုတ်ရင် သိန်း(၂၀)အသားတင်ကျန်ပါတယ်။ ဒါဆို ဘယ်လိုလုပ်ဒီလိုသိန်း ၄၀၀၀ ကျော်တန်အိမ်ကို ဆောက်နိုင်ပါသလဲရှင်။ စဉ်းစားကြည့်ပေးပါ။

သူ့ပါးစပ်ကနေ clean government, good governance ဆိုပီး တဖွဖွပြောနေပေမယ့်လည်း သူကိုယ်တိုင်လဲမကင်းနိုင်ပါဘူး။
ကျွန်မတို့လို လူတွေကိုအမြဲဆူနေ၊ဆဲနေ၊ မာန်နေ၊ မဲနေပေမယ့် သူ့ ရဲ့အထူးအခွင့်အရေးကိုခံနေရတဲ့ အမျိုးသမီးငယ်တစ်ဦးလည်းဌာနမှာ ရှိပါတယ်။

ထိုအမျိုးသမီးကို လည်းဖုန်းနဲ့ မြေကွက်တစ်ကွက်ဝယ်ပေးထားပါတယ်။ ထိုအမျိုးးသမီးရှေ့ မှာ ဦးဝင်းမြင့် မကောင်းကြောင်းပြောမိလို့ ထိုအမျိုးသမီးရဲ့  ထီးနှင့်ရိုက်တာကိုလည်း ကျွန်မတို့ မျက်စိရှေ့ မှာတင် မြင်ခဲ့ဖူးပါတယ်။

အမျိုးသမီးချင်း ကိုယ်ချင်းစာနာသဖြင့် အမည်နာမကို ထုတ်ဖော်မပြောတာပါ။
ထို့ပြင် ဌာနပိုင်ဖုန်းကိုလည်း သမီးဖြစ်သူကိုပေးကိုင်ထားပါတယ်။ ၀န်ကြီးဌာန အကျိုးစီးပွားအတွက် ဆက်သွယ်ရေးလွယ်ကူစေရန် ပေးထားသော ဖုန်းကို သမီးဖြစ်သူအားပေးကိုင်ထားသည်မှာလည်းအမြင်မသင့်တော်စရာဖြစ်ရပါတယ်။

ဌာနပိုင် ကားများကိုလည်း ဦးဝင်းမြင့်၏ သမီး ကျောင်းအကြို အပို့ နှင့် သူ၏ ဇနီးဖြစ်သူ ဈေးဝယ် ထွက်ရန်၊ အိမ်ခြံမြေအရောင်းအ၀ယ် ကိုယ်ကျိုးစီးပွားအတွက် အသုံးပြုနေခြင်းမှာ လည်း ထောက်ပြ စရာတွေဖြစ်နေ ပါတယ်ရှင်။

ကျွန်မတို့ လစာ ၆၀၀၀၀ လောက်နဲ့  ချို့ချို့တဲ့တဲ့ နေထိုင်နေရတဲ့အချိန် ကျွန်မတို့အထက်လူကြီးတစ်ယောက်က နိုင်ငံတော်ပိုင်ပိုက်ဆံများနဲ့ အိမ်ပေါင်း များစွာဝယ်ယူပြီး၊

မိန်း မ ကိစ္စ ပွေရှုပ်နေခြင်းများကို ကျွန်မတို့အသဲနာလို့တင်ပြရခြင်းဖြစ်ပါတယ်ရှင်။
ဒီစာကို အကြိမ်ကြိမ် အထောက်အထားများနှင့် တိုင်ကြားသော်လည်း ထိရောက်ခြင်းမရှိသည့်အတွက် အင်တာနက်သုံးသော အများပြည်သူများမှ ကျွန်မတို့ စက်မှုဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းမြင့်အရှုပ်တော်ပုံကို သိရှိနိုင်ရန်တင်ပြခြင်းဖြစ်ပါတယ်ရှင်။

Post by အဖြူရောင်မီဒီယာ


--

Thursday, December 20, 2012

ညှို့မဂ္ဂဇင်းတွင် ခွင့်မတောင်းဘဲ ရေးသားခဲ့သော ဆောင်းပါးနှင့် ပုံများအတွက် နန်းခင်ဇေယျာ ကန့်ကွက်


From : popular




လိင်ပညာပေးမဂ္ဂဇင်းဟူသော ခေါင်းစဉ်ဖြင့် ပြည်တွင်း၌ပထမဆုံးထွက်ရှိလာသော ညှို့မဂ္ဂဇင်းအပေါ် ဝေဖန်မှုများနှင့် ကန့်ကွက်မှုများစွာ ထွက်ပေါ်နေသည့်အချိန်အတွင်း

နိုင်ငံတကာ အလှမယ်ပြိုင်ပွဲတွင် အင်တာနက်မယ်နှင့် ပရိတ်သတ်အားပေးမှုအများဆုံး ဆုရရှိခဲ့သည့် နန်းခင်ဇေယျာကလည်း သူမ၏ ပုံများအသုံးပြုမှုအတွက် ကန့်ကွက်သတိပေးလိုက်ပြီဖြစ်သည်။

အဆိုပါကန့်ကွက်မှုကို သူမ၏ဖေ့ဘွတ်၌ ဖော်ပြထားပြီး ညှို့မဂ္ဂဇင်း အမှတ်(၁) ၊ အတွဲ(၁) တွင် ရိုက်ထောင့်နှင့်ရိုက်ချက်၊ မြင်ထောင့်နှင့်မြင်ချက်
ဟူသော ကဏ္ဍ၌နန်းခင်ဇေယျာ၏ အကြောင်းကို ရေးသားထားခြင်းဖြစ်ပြီး သူမအနေဖြင့်မူ အဆိုပါဆောင်းပါးတွင် ဆောင်းပါးရှင်
်(ဇော်မင်းဝင်း-ဥပဒေ) ညွှန်းဆိုထားသော ဆောင်းပါး၏ ဆိုလိုရင်းရည်ရွယ်ချက်မှာ နိုင်ငံတကာပြိုင်ပွဲများတွင်ကြိုးစားယှဉ်ပြိုင်ခဲ့သော ညီမ၏
လုပ်ရပ်အပေါ်တွင် ချီးကျူးညွှန်းဆိုထားခြင်းဖြစ်ပြီး ဆောင်းပါးရှင်(ဇော်မင်းဝင်း-ဥပဒေ)၏ ဤကဲ့သို့ အသိအမှတ်ပြု ရေးသားဖော်ပြမှုအတွက်လည်း
ဂုဏ်ယူဝမ်းမြောက်မိကြောင်းဖော်ပြထားသည်။
သို့သော် ညီမ(နန်းခင်ဇေယျာ)သည် ပရိသတ်၊ ပြည်သူများနှင့် အနုပညာရှင်တို့အား အဓိကပေါင်းကူးဆက်သွယ်ပေးနေသော
ပုံနှိပ်မီဒီယာ၊ ရုပ်သံမီဒီယာများနှင့် အွန်လိုင်းမီဒီယာများအားလုံးကို အစဉ်အမြဲလေးစားတန်ဖိုးထားပြီး လိုအပ်သလို ပူးပေါင်းကူညီ ဆောင်ရွက်ခြင်းများကို
အခွင့်သင့်သလို ပြုလုပ်ပေးလျက်ရှိပါသည်။ ဂျာနယ်၊ မဂ္ဂဇင်း၊ စာစောင် အစရှိသော မည်သည့်ပုံနှိပ်မီဒီယာများကိုမှ ညီမ၏သတင်းလှုပ်ရှားမှုများ၊
ဆောင်းပါးများနှင့် အခြားဖော်ပြမှုများအတွက် ကန့်သတ်ထားခြင်း၊ တစ်စုံတစ်ရာတောင်းဆိုထားခြင်းများ လုံးဝမရှိပါ။

သို့ပါသော်လည်း ယခုထွက်ရှိလာသော ညှို့မဂ္ဂဇင်းသည် မြန်မာပရိသတ်အချို့၏အမြင်တွင် သာမန်ထက်ပိုမိုထူးခြားနေခြင်း၊
ပထမဆုံးအကြိမ်ဖြန့်ချီထုတ်ဝေသော စာအုပ်အမျိုးအစားဖြစ်နေခြင်းနှင့် လက်ရှိထုတ်ဝေဖြန့်ချီလျက်ရှိသော အခြားပုံနှိပ်မီဒီယာများနှင့်
အမျိုးအစားကွဲပြားနေခြင်းတို့ကြောင့် အသုံးပြုမည့်ဆောင်းပါးနှင့် ဖော်ပြလိုသည့်ဓါတ်ပုံများအတွက် ကာယကံရှင်(အနုပညာရှင်)အား
ကြိုတင်အသိပေးသင့်သည်ဟု ယုံကြည်ယူဆပါသည်။ ထိုသို့ကြိုတင်အသိပေးထားခြင်း မရှိသည့်အတွက်လည်း ညီမ၏ပရိသတ်များနှင့်
ထပ်တူ အံ့သြ၀မ်းနည်းမိပါသည်။

ညီမအနေဖြင့်ပရိသတ်၊ ပြည်သူတို့၏အားပေးမှုဖြင့်ရရှိလာသောအောင်မြင်မှုနှင့် ရပ်တည်နေရသော အနုပညာရှင်တစ်ဦးအနေဖြင့်သာမက
Miss Myanmar တစ်ဦးအနေဖြင့်ပါ ကြိုးစားရပ်တည်နေဆဲဖြစ်ပါသည်။ ထို့ကြောင့် ပရိသတ်နှင့် ပြည်သူများ၏အထင်လွဲမှားမှုများဖြစ်ပွားနိုင်သော
အကြောင်းအရာတစ်ခုဖြစ်လာနိုင်သည့် ညီမ၏ဓါတ်ပုံများကို ကြိုတင်အသိပေးခြင်းမပြုလုပ်ဘဲ ညှို့မဂ္ဂဇင်းတွင် အသုံးပြုဖော်ပြခြင်းအတွက်
ဆောင်းပါးရှင် အပါအ၀င် ညှို့မဂ္ဂဇင်းမှတာဝန်ရှိသူများကို လေးစားစွာအသိပေး အကြောင်းကြားကန့်ကွက် သွားမည်ဖြစ်ကြောင်း
ကြိုတင်အသိပေးကြေငြာအပ်ပါသည်ဟု ရေးသားထားခြင်းဖြစ်သည်။
အဆိုပါမဂ္ဂဇင်းတွင် ယင်းသို့ ဖော်ပြပါရှိခဲ့သည့်အတွက် သူမ ပရိသတ်များ၏ ဝေဖန်ကန့်ကွက်မှုများစွာ ကြုံတွေရကြောင်းလည်း နန်းခင်ဇေယျာက
ရေးသားထားခဲ့သည်။

၂၀၁၂-၂၀၁၃ အတွက် ကမ္ဘာ့ထိပ်တန်းဝင် ဈေးအကြီးဆုံးကားများ...


SSC Ultimate Aero $654,400
 
Pagani Zonda C12 F $667,321
Ferrari Enzo $670,000
McLaren F1 $970,000
Hennessey Venom GT Spyder $1,100,000
Zenvo ST1 $1,225,000
Maybach Landaulet $1,380,000
Koenigsegg Agera R $1,600,000
Lamborghini Reventon $1,600,000
Pagani Zonda Cinque Roadster $1,850,000
Aston Martin One-77 $1,850,000
Bugatti Veyron Super Sports $2,400,000
funofart/izismile/internet

ကဲ......လာပြီနော်..ဗေဒင်ဟောစာတမ်း(အပျင်းလည်းပြေဘို့ ) ဟာသ


 
“နွေ” ကာလရောက်လာချိန်တွင် “တနင်္ဂနွေ” သားသမီးများသည် မီးနားနေရသလို
ပူစပ်ပူလောင်ဖြစ်လတ္တံ့။ တနင်္ဂနွေနံနိုင်ငံဖြစ်သော အမေရိကန်တွင် တနင်္ဂနွေသား
အိုဘားမားသမ္မတဖြစ်လာသော်လည်း အကျယ်ချုပ်ကျခံနေရသော တနင်္ဂနွေနံ နာမည်ရှိ
အမျိုးသမီးသည် အိမ်ထဲတွင်ပင် ဆက်နေရဦးအံ့။ နံတူအကျိုးပေးလုပ်ငန်းများကို
ထင်ရှားစွာတွေ့မြင်နေရသဖြင့် အိမ်သာကျင်းတူးခြင်း၊ အုတ်ဂူဆောက်ခြင်းတို့ကို
အင်တာပရိုက်စ်တည်ထောင်လုပ်ကိုင်
သင့်သည်။ ကျန်းမာရေးတွင် အော်ဟစ်ညည်းညူရမည့်
ရောဂါကြီးများကို အောင်မြင်စွာလက်ခံနိုင်သည့် အခြေအနေများရှိနေသည်။
အချစ်ရေးတွင် အထာကျသည့် ချစ်သူလေးများရခါနီးကာမှ အူကြောင်ကြားများနှင့်
အကြောင်းပါသွားသဖြင့် အုတ်အော်သောင်းနင်း ဖြစ်တတ်သည်။ ယတြာချေလိုသူများအနေဖြင့်
အသုဘတစ်ခုသို့သွားပြီး အလောင်းနှင့်အတူ ၂ ရက်ခန့် ယှဉ်အိပ်နေပါ။

“ကျားဆိုမှကျား” တနင်္လာသားသမီးများသည် ယခုလအတွင်း ကြောင်တောင်တောင်နိုင်ခြင်း၊
ကျပ်မပြည့်ခြင်းတို့ကြောင့် ကျက်သရေမရှိဖြစ်တတ်သည်။ ခြေထောက်၊ ခါး၊ ခေါင်းစသည့်
တနင်္လာနံအင်္ဂါအစိတ်အပိုင်းများ ခွဲစိတ်ခံရကိန်းရှိသည်။ ကိုယ်ပိုင်အရည်အချင်းဖြင့်
ဘာအလုပ်မှ မရနိုင်သဖြင့် ဘာမှ မလုပ်ပါနှင့်။ ချစ်သူနှင့် ချိန်းတွေ့စဉ်
ချောင်းရိုက်ခံရတတ်သဖြင့် သတိပြုပါ။ ချက်တင်း (Chatting) ဝင်သူများ
ချူစားခံရလတ္တံ့။ ပညာရေးတွင် ကျောင်းထုတ်ခံရခြင်း၊ စာမေးပွဲကို
ခွေးကျကျခြင်းများဖြစ်တတ်သဖြင့် ဖြစ်နိုင်လျှင် ကျောင်းမသွားပါနှင့်။
ဂေါ်လီရိုက်ခြင်း၊ ဂက်စ်မီးခြစ်ဂက်စ်ထည့်ခြင်း၊ ကူလီထမ်းခြင်းများကို ယခုလအတွင်း
တနင်္လာသားသမီးများအတွက် ဝင်ငွေကောင်းသော လုပ်ငန်းများအဖြစ် မြင်နေရသည်။
အဆိုးများပျောက်ကင်းစေမည့် ယတြာမှာ (အင်လျားကန်ကဲ့သို့သော) ကန်ဘောင်တစ်ခုသို့
အဝတ်အစားလုံးဝမဝတ်ဘဲ သွားကာ “ကံတွေ ဟောဒီလို လွတ်လွတ်ကျွတ်ကျွတ် တက်လာပြီ” ဟု
သက်စေ့ကြွေးကြော်ပါ။

 ယခုလအတွက် အကောင်းဆုံး ဇာတာရှင်များမှာ အင်္ဂါသားသမီးများပင်ဖြစ်သည်။ မကြာခဏ
အလှူအဖိတ်ခံရခြင်း၊ လိုင်းကားပေါ်တွင် ထိုင်စရာရတတ်ခြင်းတို့ကြောင့်
အနေအစားချောင်နေနိုင်သည်။ စုတ်ပြတ်နေသည့်တိုင်အောင် “ဆရာကြီး” ဟု
အထင်ခံရနိုင်သည်။ ဆွဲကြိုးချသတ်သေသည့်တိုင် ဇက်မကျိုးဘဲ လှလှပပ
အသက်ထွက်သွားမည့် အင်္ဂါသားသမီးများဖြစ်သည်။ စစ်သားများ ဆီးသွားရာတွင်
ဇယားကပ်နိုင်သည်။ စီးပွားရေး ကောင်းနေစဉ် ညရေးညတာ သွားလာရေးအဆင်ပြေစေရန်
ဆင်တစ်ကောင် ဝယ်ထားသင့်သည်။ ကျန်းမာရေးတွင်မူ
ဆိုးဆိုးရွားရွားကြီးမဟုတ်သော်လည်း ဆေးများ ဆက်တိုက်ဆိုသလို သောက်နေရတတ်သည်။
နှလုံးသားရေးရာတွင် စိတ်ဖောက်ပြန်နေသူများ၊ ဇိမ်မယ်များ၊ ဇီဇာကြောင်သူများ၊
ညစောင့်များနှင့် စွဲစွဲမြဲမြဲချစ်သွားဖွယ်ရှိနေသည်။ ယတြာအနေဖြင့်
ဇော်ဂျီအဝတ်အစားများဝတ်ပြီး ဈေးဝယ်ထွက်ပါ။

ကံဇာတာမှေးမှိန်နေခြင်း မဟုတ်သည့်တိုင် တောက်ပနေခြင်းမျိုးလည်း
မဟုတ်သဖြင့် ဗုဒ္ဓဟူးသားသမီးများ အလယ်တွင် လတ်နေတတ်သည်။ ယမကာကြိုက်တတ်သူများ
ရန်များအံ့။ လေထိုးကျွတ်ဖာလုပ်ငန်း လုပ်ကိုင်နေသူများ လျှမ်းလျှမ်းတောက်
အောင်မြင်အံ့။ လောင်းကစားကြောင့် ယောက္ခမနှင့် ရင်ဆိုင်ရဖွယ်ရှိသည်။ ဝ သောသူများ
ဝိတ်မချနိုင်ပါက ဝက်နှင့်တူလတ္တံ့။ ပညာရေးတွင် ယောင်ချာချာဖြစ်နေသူများ
လျက်ဆားပြောင်းရောင်းသင့်သည်။ ရုပ်ဆိုးသော၊ ယုတ်မာသော၊ လော်မာသော
အိမ်ထောင်ဘက်သည် သင့်အားအကျိုးပေးလတ္တံ့။ အကန်းလည်း ပေးလတ္တံ့။ ယတြာချေလိုပါက
တစ်ခုသော ဗုဒ္ဓဟူးနေ့တွင် ရထားလာနေချိန်၌ ရထားလမ်းပေါ် ခဏလေးလှဲအိပ်ပါ။

မူယာမာယာများတတ်သောကြာသပတေး သားသမီးများအတွက် ပြတ်ပြတ်သားသား
ကြိုးစားရမည့်အချိန်ပင်ဖြစ်သည်။ ပြဿဒါးကိန်းထဲရောက်သဖြင့်
ပြောင်ချော်ချော်လုပ်ခဲ့သမျှ ပြဿနာတတ်နိုင်သည်။ စီးပွားရေးတွင်
ပူဖောင်းရောင်းခြင်း၊ ဖိနပ်စောင့်ခြင်း၊ ဖဲရိုက်ခြင်းများ အမြတ်များအံ့။
ကျန်းမာရေးတွင် ပန်းနာရင်ကြပ်မှသည် ပန်းညှိုးပန်းသေ၊ မျက်စိကွယ်၊
ဖုတ်လှိုက်ဖုတ်လှိုက်နှင့် အသက်သေသည်အထိဖြစ်တတ်သဖြင့် ဘုရားတရားလုပ်ချိန်တန်ပြီဟု
ဆိုချင်သည်။ ပညာရေးတွင် ပထမရရန်ကြိုးစားခဲ့သော်လည်း အခြေအနေမပေးသဖြင့်
ပန်းရံဆရာဖြစ်သွားအံ့။ နှလုံးသားရေးတွင် ချစ်ရေးဆိုလာသူကို ပဲများပြီး
ပါးရိုက်မိပါက မိုက်မဲခြင်းသာဖြစ်ပြီး မည်သူ့ကိုမဆို
မြန်မြန်လက်ခံလိုက်သင့်သည်။ ကံကောင်းစေမည့် ယတြာမှာ ပိတ်စတစ်ခုတွင်
“ဘိန်းဖြူရောင်းသည်” ဟုရေးပြီး မ.ယ.က ရုံးသို့ ပျော်ပွဲစားထွက်ပါ။

သောကြာသားသမီးများ ကြွက်ကလေးများလို တွင်းအောင်းနေရအံ့။
အပြင်ထွက်လာသူများသည်လည်း ကြွက်ကလေးများလို ထောင်ချောက်မိကာ ထောင်ကျအံ့။
အလုပ်အကိုင် အကြံအစည်များကို သိုသိုသိပ်သိပ် ကြံစည်သည့်တိုင်အောင်
သောကများနေနိုင်သည်။ ကျန်းမာရေးတွင် သေလောက်သည့် ကံများမရှိသော်လည်း
သစ်ပင်ပိခြင်း၊ ဟီးနိုးကားအတိုက်ခံရခြင်းတို့ကြောင့်
ဆေးရုံဆေးခန်းရောက်ရန်ရှိသည်။ “သိပ်ချစ်မိနေပြီ ကလေးရယ်” ဟု ပြောလာသူရှိပါက
“ရူးချင်ယောင် ဆောင်မနေနဲ့” “ရှေ့မှာ သေခြင်းရဲ့ တံခါးများ” ဟု ပြန်ပြောရန်
ဝန်မလေးပါနှင့်။ ကံတက်စေမည့် ယတြာမှာ - တစ်ခုသော သောကြာနေ့တွင် သိက္ခာရှိ
သူတော်ကောင်းတစ်ဦးကို သဲနှင့်ပက်ပြီး “သိပ်တတ်နေတယ်ပေါ့လေ” ဟု သက်စေ့ရေရွတ်ပါ။

* *တင့်တောင့်တင့်တယ်နေချင်သော စနေသားသမီးများ “ဒုက္ခ” ဆိုသော စကားလုံးနှင့်
ရင်းနှီးပြီး တဲထိုးနေရကိန်းများရှိနေသဖြင့် သတိရှိစေချင်သည်။
နိုင်ငံရေးသမားများ ထောင်ကမလွတ်လာသေးသည့်တိုင်အောင် တရားရုံးထပ်တက်ရဖွယ်ရှိသည်။
နိဗ္ဗာန်ယာဉ်လုပ်ငန်းများ နေပြည်တော်တွင် အောင်မြင်အံ့။ ပညာရေးလိုက်စားသူများ
နိုင်ငံခြားမထွက်နိုင်ပါက ပြည်တွင်းတွင်ပဲ နေရလတ္တံ့။ နေမကောင်းသူများ
နှုတ်ဆက်ချိန်ပင်မရလိုက်ဘဲ အသက်ပါသွားအံ့။ တရားဝင်လက်ထပ်ထားသည့်သူ
ရှိနေသည့်တိုင်အောင် တောင့်တောင့်ဖြောင့်ဖြောင့် အငယ်အနှောင်း
ထပ်ရရန်ရှိနေသဖြင့် အိမ်ထောင်ဘက်ကို အလစ်မပေးသင့်ပေ။ အဆိုးများ
ပြေပျောက်သွားမည့် ယတြာမှာ နှာစေးနေသူတစ်ဦးထံမှ နှပ်ချေးနည်းနည်းတောင်းပါ။
အပျော်လေးပါ


မွန်ပြည်နယ် သထုံမြို့နယ်တွင်ကိုယ်ဝန် ၇ လ ဆောင်ထားသူ အသက် ၂၄ နှစ်အရွယ် အမျိုးသမီးတစ်ဦးရဲ့ရင်နင့်ဖွယ်ဖြစ်ရပ်


မွန်ပြည်နယ် သထုံမြို့နယ် ဇရစ်ချောင်ကျေးရွာရှိ အမည်မသိကွမ်းခြံတစ်ခုအတွင်းရှိ
 ရေတွင်းပျက်ထဲ၌(၄-၁၂-၂၀၁၂)တွင် လူသေအလောင်းတစ်လောင်းအားတွေ့

ရှိကြောင်း သတင်းအရ သထုံမြို့နယ်


တွဲဘက်တရားသူကြီး ဒေါ်ခင်နွယ်၊သထုံဆေးရုံမှာ ဒေါက်တာ ပြည့်ဖြိုးမောင်၊ သထုံရဲတပ်ဖွဲ့ရုံးမှ တာဝန်ရှိသူများ၊ သထုံရဲစခန်းမှူး ရဲအုပ်ညွှန့်ဝင်းနှင့်အဖွဲ့ဝင်များသည် သက်သေများနှင့်အတူ အခင်းဖြစ်ပွားရာ သွားရောက်စစ်ဆေးရာ သေဆုံးသူမှာအမျိုးသမီးဖြစ်ပြီး ၄င်းနှင့်အတူ မွေးကင်းစ ကလေးငယ် အလောင်းပါတွေ့ရှိသဖြင့် 


သထုံရဲစခန်းက သေမှုသေခင်းအမှတ် ၁၆/၂၀၁၂ဖြင့်ဖွင့်လှစ်ပြီး ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်မဟုတ် ဆက်လက်စုံစမ်းရာမှာ (၆-၁၂-၂၀၁၂)ရက်နေ့တွင် မှုခင်းဗဟုသုတ နည်းပါးမှုကြောင့် အလောင်းဖျောက်ဖျက်ခြင်းဖြစ်ကြောင်းပေါ်ပေါက်ပြီး အပျော်လွန်သော ကိုယ်ဝန်သည်နှင့် လိုက်ပါပို့ဆောင်သူ သူငယ်ချင်းဦးလေးတို့၏ အဖြစ်ဆန်းကိုသိခဲ့ရသည်။



    ဖြစ်စဉ်မှာ သထုံမြို့နယ် နောင်ဘိုကျေးရွာ၊ရေပြွန်ပိုင်းတွင်နေထိုင်သူ မသဇင်ဦး (၂၄)နှစ်(ကိုယ်ဝန် ၇ လ ဆောင်ထားသူ) နှင့် သူငယ်ချင်းဖြစ်သူ မသန်းထွေး(၂၄)နှစ်တို့သည် (၂၈-၁၁-၂၀၁၂-တန်ဆောင်းမုန်း လပြည့်နေ့)ည (၈း၀၀)နာရီခန့်တွင်ရွာနှင့် (၂)မိုင်ခန့်ဝေးသောဇရစ်ချောင်ကျေးရွာရှိ အလံတစ်ရာ ဘုရားပွဲသွားရန် ပြင်ဆင်နေခိုက် မသန်းထွေး၏ ဦးလေးဖြစ်သူ ဇရစ်ချောင်ကျေးရွာတွင်နေထိုင်သည့် ဘ၀င်း(ခ)ပေတံရောက်ရှိလာပြီး ၄င်းလည်းရွာပြန်ရန်ရှိသဖြင့် လမ်းကြုံလိုက်နိုင်ကြောင်းပြောသဖြင့် မသဇင်ဦးနှင့် ဘ၀င်း(ခ)ပေတံ ကျားစီးစက်ဘီးဖြင့်လည်းကောင်း၊ မသန်းထွေးက မစီးစက်ဘီးဖြင့် လည်းကောင်း၊ အသီးသီးသွားကြသည်။


ယင်းနောက် အလံတစ်ရာဘုရားသွားရာလမ်းတွင် မသန်းထွေး၏ စက်ဘီးမှာဘီးပေါက်၍ ကျန်ရစ်ခဲ့ပြီး မသဇင်ဦးနှင့် ဘ၀င်းမှာဆက်လက်ထွက်ခွာခဲ့သည်။

 နောင်ဘိုကွင်းစပ် သင်းထော်တံတားအနီးတွင် စက်ဘီး တစ်ကြိမ်တိမ်းမှောက်ရာ မသဇင်ဦးမှာ ထိခိုက်ဒါဏ်ရာရရှိမှု မရှိဘဲဆက်လက်ထွက်ခွာခဲ့သည်။

ဇရစ်ချောင်ကျေးရွာ သင်းထော်ဘုရားလမ်းကုန်းကမူနှင့် တိုက်မိပြီး၊စက်ဘီးထပ်မံလဲကျရာ မသဇင်ဦးမှာ မှောက်လျှက်အနေအထားဖြင့် ပြုတ်ကျပြီး၊ သန္ဓေသားထွက်ကျကာ သန္ဓေသားနှင့် မသဇင်ဦးမှာ နေရာတွင် သေဆုံးသွားခဲ့သဖြင့် ဘ၀င်း(ခ) ပေတံမှာ ကြောက်လန့်ပြီး သန္ဓေသားနှင့် မသဇင်ဦး၏ ဖိနပ်အားလုံချည်တွင်ထည့်ပြီး အလောင်းအားဝှက်ရန် ခြုံပုတ်အားလိုက်ရှာစဉ် အမည်မသိကွမ်းခြံအတွင်း ခြုံနွယ်များပိတ်နေသော ရေတွင်းကိုတွေ့ရ၍ ရေတွင်းထဲပစ်ချ မသဇင်ဦး(၂၄)နှစ်နှင့် သန္ဓေသားအလောင်းအား ဖျောက်ဖျက်ခဲ့ကြောင်း ပေါ်ပေါက်သဖြင့် ဘ၀င်း(ခ)ပေတံ (ဘ)ဦးချစ်ဆွေ၊ အသက်(၄၀)နှစ်၊ ပအိုဝ်း/ဗုဒ္ဓ၊ ဇရစ်ချောင်ကျေးရွာနေသူအား သထုံရဲစခန်း သေမှုသေခင်းအမှတ်စဉ် ၁၆/၂၀၁၂ မှ စခန်းမှူးရဲအုပ်ညွှန့်ဝင်းက တရားလိုပြုလုပ်၍ (ပ)/၁၄၉/၂၀၁၂ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၀၄(က)-၂၀၁ ဖြင့် ပြောင်းလဲအမှုဖွင့်ခဲ့ကြောင်း သိရှိရသည်။
    


(မင်းနန္ဒကျော်)

ရွှေမြန်မာမီဒီယာဂရု

(၁၃) လမ်း၊ တန်ဆောင်တိုင်ညနှင့် မရယ်ရသော ကာတွန်း - သူရဿဝါ -



(၁)
“ရယ်စရာ မောစရာ ဆိုတဲ့ အတွက် ရယ်စရာ ပြီးသွားရင် မောစရာ ပါလာတယ်”
“တခါတလေမှာ ဟာသ ဆိုတာ တွေ့မြင်ရသူ အဖို့ ရယ်စရာ ကောင်းပေမယ့် အရယ်မော ခံရသူ အဖို့တော့ နာကျင်ဒုက္ခ ဖြစ်နေတတ်တယ်”

(၂)
ကာတွန်း တွေကို ငယ်ငယ်တုန်းကတော့ ကျွန်တော် တို့ရဲ့ ရယ်မော ပျော်ရွှင် လိုစိတ် တစ်ခု အတွက် အသုံးပြု ခဲ့ကြတယ်။ ကလေး ဘဝက ဖတ်ခဲ့ရတဲ့ တွတ်ပီ၊ မောင်မောင်ဇာ၊ ဘဲဥ၊ အရိုင်း အစရှိတဲ့ ကာတွန်း စာအုပ် တွေနဲ့ အဲဒီ အထဲက ဇာတ်ကောင် တွေဟာ ကျွန်တော်တို့ ငယ်ဘဝရဲ့ အရင်းနှီးဆုံး သူငယ်ချင်း တွေသဖွယ် ဖြစ်နေ ခဲ့တယ်။ အဲဒီ ကာတွန်း တွေဟာ ကျွန်တော်တို့ အတွက် ရယ်စရာ၊ ပျော်စရာ အတိ။ အသက် ကြီးလာတော့ ငယ်တုန်းကလို ကလေးဖတ် ကာတွန်းတွေ မဖတ်ဖြစ် တော့ပေမယ့် ကာတွန်း ဆိုတဲ့ ဝေါဟာရနဲ့ ပုံရိပ်တွေ ကတော့ ကျွန်တော်တို့ရဲ့ အဝေးကို ရောက်ရှိ သွားတာ မဟုတ် ပါဘူး။ လစဉ်ထုတ် မဂ္ဂဇင်းတွေ၊ အပတ်စဉ် ထုတ်တဲ့ ဂျာနယ်လ် တွေမှာ ပါဝင်တဲ့ ကာတွန်း တွေကို ဆက်လက် မြင်တွေ့ နေဖြစ် ခဲ့တယ်။ အဲဒီ ကာတွန်း တွေဟာ ကျွန်တော်တို့ရဲ့ ငယ်ဘဝ ကာတွန်း တွေနဲ့ သိပ်ကို ကွာခြား သွားခဲ့ပြီ။ ဒီ ကာတွန်း တွေဟာ ငယ်ငယ် ကလို ရယ်စရာ သက်သက် ကာတွန်းတွေ မဟုတ် တော့ဘူး။ ကျွန်တော်တို့ ပြည်သူတွေ မနေချင်တဲ့၊ မနေနိုင်တဲ့ အခြေအနေ တွေနဲ့ အဆင်မပြေတဲ့ ကိစ္စတွေကို မကျွတ် မလွတ် သေးတဲ့ အတားအဆီးတွေ ရှိတဲ့ ကြားကနေ ရသလောက် ထုတ်ဖော် တင်ပြ ပေးတဲ့၊ ခေတ်နဲ့ စနစ်ကို သရော်တဲ့ “တာဝန်သိ ကာတွန်း” တွေ ဖြစ်နေ ခဲ့ပြီ။

ကျွန်တော်တို့ မြင်နေ ရတဲ့ မဂ္ဂဇင်း၊ ဂျာနယ်လ် တွေပေါ်က ကာတွန်း တွေဟာ ကျွန်တော် တို့နဲ့ လိုက်လျော ညီထွေ မဖြစ်နိုင်တဲ့ ခေတ်၊ စနစ် တွေကို သရော် လှောင်ပြောင်ရင်း သူတို့ကို လေထဲ လွင့်သွားအောင် တိုက်ခတ် ပစ်လိုက်မယ့် စာပေ စိစစ်ရေး ဆိုတဲ့ ယပ်တောင်ကြီး ရှိနေတဲ့ ကြားထဲ ကတောင် အဲဒီ အန္တရာယ် တွေကို လွတ်အောင် ရှောင်ပြီး ကျွန်တော် တို့ရဲ့ စိတ်သန္တာန် အသားစိုင် တွေပေါ် ရောက်တဲ့အထိ ခိုင်ခိုင်မြဲမြဲ တွယ်ကပ်လို့ ခြင်သတ္တဝါ များလို ကျွန်တော်တို့ လက်ဖျံရိုး ထဲမှာရှိတဲ့ ခံစားမှု သွေးစက် တွေကို မရ ရအောင် စုပ်ယူ နိုင်ခဲ့ ကြတယ်။ အချို့ ကာတွန်း တွေဟာ သိပ်ကို ရယ်ရ ပါတယ်။ ဒါပေမယ့် အဲဒီ ရယ်ရတာကို ဆက်ပြီး တွေးမိရင် ရင်မော စရာတွေ အများကြီး။ တချို့ ကာတွန်း တွေဟာ ရယ်စရာ ကောင်းအောင် ရေးဆွဲ ထားပေမယ့် ရယ်စရာကို အရင် မတွေးမိဘဲ မောစရာ တွေကိုသာ အရင်ဆုံး လက်ခံ တွေ့ထိ သွားနိုင် လောက်တဲ့ အခြေအနေပါ။ ရယ်စရာ... ပြီးရင် မောစရာ လာပါသလား။ ဒါမှမဟုတ် မောစရာဟာ ရယ်စရာ တွေနဲ့ အတူတူ ရောထွေး ကပ်ငြိ ပါလာ တတ်သလား။ သေချာတာ ကတော့ ကျွန်တော့်မှာ အဲဒီ ကာတွန်းတွေ အပေါ် မမြင်နိုင်တဲ့၊ ပြောမပြ တတ်တဲ့ စွဲလမ်းတွယ်တာစိတ် တစ်မျိုး ရှိနေခဲ့တယ် ဆိုတာပါပဲ။

အခု ဒီဘက် နှစ်ပိုင်း မှာတော့ ကျွန်တော် ချစ်တဲ့ ကာတွန်း တွေဟာ ပြောင်းလဲ လာတဲ့ နိုင်ငံရေး အခြေအနေ၊ ပြောင်းလဲ လာတဲ့ အုပ်ချုပ်ရေး စနစ် တစ်ခုနဲ့ အတူ အရင်ကထက် စာရင် အတိုင်းအတာ တစ်ခုအထိ လွတ်လပ် ပွင့်လင်းပြီး အားအင် ပြည့်ဝတဲ့ တောင်ပံခတ်သံ တွေနဲ့ ပျံသန်း လာကြတဲ့ “ပြည်သူ့အသံ စစ်စစ်” တွေ ဖြစ်လာ နေခဲ့ ပါပြီ။ မဂ္ဂဇင်း၊ ဂျာနယ်လ် တွေပေါ် ရောက်ရှိ နေတဲ့ ကာတွန်း တွေဟာ ရှိရင်းစွဲ အနုပညာ အဆင့်အတန်း အောက်ကို နိမ့်ကျ မသွားတဲ့ အပြင် ပုံနှိပ် စာမျက်နှာ တွေရဲ့ ပြင်ပကို ရဲရဲဝံ့ဝံ့ တိုးထွက် လာကြတယ်။ တန်ဆောင်တိုင်လို ရာသီ အချိန်အခါ မျိုးမှာ ကျွန်တော်တို့ ငယ်စဉ်က တခုတ်တရ ဖြစ်ခဲ့ကြတဲ့ ဦးဘဂျမ်း ကာတွန်း ပြပွဲလို ကြီးကျယ် မြိုင်ဆိုင်တဲ့ ကာတွန်း ပြပွဲတွေ ပြန်လည် အသက်ဝင် လာခြင်းနဲ့ အတူ အခြားသော နေရာဒေသ အချို့မှာလည်း အဲဒီလို တန်ဆောင်တိုင် မီးထွန်း ကာတွန်း ပြပွဲတွေ ပြုလုပ် လာကြတာကို ဝမ်းသာစရာ တွေ့ရတယ်။ ဒါ့အပြင် အခု ကျွန်တော်တို့ စွဲစွဲလမ်းလမ်း အသုံးပြု နေကြတဲ့ လူမှု ကွန်ယက် ဝက်ဘ်ဆိုက် တစ်ခု ဖြစ်တဲ့ Facebook လို နေရာမျိုး မှာလည်း တဖြည်းဖြည်းနဲ့ ကာတွန်း ဆရာ တွေရဲ့ Personal Account တွေကို မြင်တွေ့ လာရပြီ ဖြစ်သလို သူတို့ရဲ့ ထိမိရှတတဲ့ ကာတွန်း လက်ရာ တွေကိုလည်း သူတို့ ကိုယ်တိုင်ရဲ့ တခုတ်တရ တင်ဆက် ပေးမှုနဲ့ Facebook ထဲမှာတင် မြင်တွေ့ ဖတ်ရှုခွင့် ရလာ ခဲ့ပြီ ဖြစ်ပါတယ်။

ဖန်ကြိုးမျှင် ဆက်သွယ်ရေး ဧရိယာ ဖြစ်တဲ့ အွန်လိုင်း စာမျက်နှာပြင်တွေ ပေါ်မှာတော့ ကာတွန်း တွေဟာ တကယ်ကို အသက်ဝင် လှုပ်ခတ် လာနေ ကြပါပြီ။ နိုင်ငံရေး စီးပွားရေး၊ လူမှုရေး အခြေအနေ တစ်ခု လှုပ်ခတ်ရုန်းကန် လာတိုင်း၊ စိတ်ကသာ ခံစားတတ်ပြီး နားလည်အောင် ပြန်မပြောပြ တတ်တဲ့ ပြည်သူလူထု ကိုယ်စား ကာတွန်း ဆရာ တွေဟာ ကလောင်တံနဲ့ စာရွက် ကနေ ကွန်ပျူတာသုံး နည်းစနစ် တစ်ခု ဖြစ်တဲ့ Scan ဖတ်ပြီးသား Image တစ်ခု ဖြစ်လာတဲ့ အထိ အဆင့်ဆင့် ဖြတ်သန်းပြီး အင်တာနက် စာမျက်နှာ တွေပေါ်ကို အမြန်ဆုံး လွှင့်တင် ပေးလိုက် ကြဖို့ ဘယ်တုန်းကမှ ဝန်လေး မနေ ခဲ့ကြပါဘူး။ အင်တာနက် စာမျက်နှာ တွေပေါ်က ထိမိပြောင်မြောက်တဲ့ ကာတွန်းကွက် ကလေး တွေဟာ အနုပညာ လှံသွားနဲ့ ရန်သူကို တွန်းထိုး တိုက်ခိုက်ဖို့၊ အနုပညာ လွှာဒိုင်းနဲ့ ရန်သူကို ခုခံကာကွယ်ဖို့ ကြိုးစားရင်း အနုပညာ စွမ်းအားနဲ့ ပြည်သူတွေ အပေါ် တာဝန်ကျေ ခဲ့ကြတယ်။ အရေး အကြောင်း တစ်ခုခု ကြုံတိုင်း အွန်လိုင်းပေါ် အချိန်ကိုက် ရောက်လာတဲ့ ကာတွန်း တွေနဲ့ ပရိသတ်ဟာ အချိုးညီ သဘောမျှ နေတဲ့ အတွက် ခေတ်၊ စနစ် အခြေအနေကို ထိထိမိမိ သရော် လှောင်ပြောင် ထားတဲ့ ကာတွန်း ပုံရိပ်များရဲ့ Facebook စာမျက်နှာ တွေဟာ မှတ်ချက် အထွေထွေ၊ ဝေမျှမှု အလီလီနဲ့ စည်ကား သက်ဝင် နေတာမို့ နောက်ဆို Facebook လူမှုကွန်ယက် ဝက်ဘ်ဆိုက် ပေါ်မှာ ကာတွန်း ယဉ်ကျေးမှု လှိုင်းလုံးကြီး တစ်ခု အရှိန် အဟုန်နဲ့ ဖြတ်သန်း ဖြစ်ထွန်း လာနိုင်တယ် လို့တောင် ကျွန်တော်က တွေးတော ယူဆ နေမိပါတယ်။

(၃)
ကာတွန်း တွေအပေါ် သာမာန်ထက် ပိုတဲ့ ခံစားချက် ရှိနေတဲ့ ကျွန်တော်ဟာ ပြီးခဲ့တဲ့ တန်ဆောင်တိုင် မီးထွန်း ပွဲတော် ကာလတုန်းက ရန်ကုန် မြို့လယ်ခေါင် (၁၃)လမ်းမှာ “ဦးဘဂျမ်း ကာတွန်း ပြပွဲ” ရှိတယ်လို့ ကြားရတော့ မပျက်မကွက် ရောက်သွား ခဲ့တယ်။ ဒီနှစ်ဟာ မနှစ်ကထက် ပိုမို ပြောင်မြောက်တဲ့ ကာတွန်း ပြပွဲ တစ်ခု ဖြစ်မှာပဲ ဆိုတဲ့ မျှော်လင့်ချက်နဲ့ သွားခဲ့တဲ့ ကျွန်တော့် အတွက်တော့ တကယ်ပဲ စိတ်ကျေနပ် စရာ ဖြစ်ခဲ့ ပါတယ်။ မနှစ်က ပြပွဲထက် ပိုပြီး ကာတွန်း ဆရာတွေ စုံလာ သလို မမြင်ရတာ ကြာပြီ ဖြစ်တဲ့ (ကျွန်တော် နှစ်သက် သဘောကျတဲ့) ကာတွန်းဆရာ အချို့ရဲ့ လက်ရာ တွေကိုပါ ပြန်လည် ထိတွေ့ခွင့် ရခဲ့လို့ပါ။ လူစုံ တက်စုံ ကာတွန်းပြပွဲ တစ်ခု ဖြစ်ရုံတင် မကပါဘူး။ လက်ရှိ ဖြစ်နေတဲ့ နိုင်ငံတွင်း အခြေအနေတွေ အားလုံးကို ဘက်ပေါင်းစုံ ကနေ ထိထိမိမိ ထင်ဟပ်တဲ့၊ လူ့သဘောကို ရိုက်ခတ်တဲ့ သရော် ရေးဆွဲမှု တွေကိုပါ မြင်တွေ့ခွင့် ရခဲ့ပြန် ပါတယ်။ ကျွန်တော်တို့ ရုတ်တရက် မတွေး ထားမိတဲ့ ရှုထောင့် အမြင်တွေ၊ သပ်ရပ် ထိမိတဲ့ အလိမ် အလှည့် ကလေးတွေ ပါဝင်တဲ့ စကားလုံး ကစားမှုတွေကို ပျော့ပျောင်းပြီး ချစ်စရာ ကောင်းတဲ့ ကာတွန်းရုပ် ကလေးတွေနဲ့ တွဲစပ် ပေးလိုက်တဲ့ အခါမှာ သိပ်ကို ကျစ်လျစ် မာကျောပြီး တိကျထိရှတဲ့ သရော်မှုတွေ၊ စုတ်ချက်တွေ ထွက်ပေါ် လာတာ ပါပဲ။ အဲဒီ ကာတွန်းတွေ တစ်ခုချင်းကို သဘောကျ နှစ်သက်မှုနဲ့ ရယ်မော ဖတ်ရှု နေခဲ့မိတဲ့ ကျွန်တော် ဟာ တစ်နေရာ အရောက်မှာတော့ (ကျွန်တော့် အတွက်) သိပ်ကို စွဲငင်ညှို့ယူမှု ကောင်းတဲ့ ကာတွန်း တစ်ကွက်ကို သွားတွေ့ မိတယ်။

(၄)
“ပန်းကလေးများ ပွင့်တော့မည်၊ ဖူးတံ ဝင့်လို့ချီ၊ နေခြည်မှာ ရွှေရည်လောင်း၊ ငါတို့ စာသင်ကျောင်း” တဲ့။
ကလေး ငယ်လေး သုံးယောက် အပြစ် ကင်းစင်စွာ၊ စိုးရိမ် ကြောင့်ကြ မဲ့စွာ စာကျက် နေကြပုံပါ။ သူတို့ ထိုင်နေကြတဲ့ နေရာ ပတ်ဝန်းကျင်နဲ့ သိပ် အလှမ်း မဝေးတဲ့ နေရာမှာ မီးခိုး ရနံ့တွေ၊ မီးခိုး ငွေ့တွေ ဝေ…လို့။ သူတို့ရဲ့ ခေါင်းပေါ်ကနေ ဒုံး၊ ကျည်ဆန် လက်နက်တွေ လူးလာ ခေါက်တုံ့ ဖြတ်သန်းလို့။ သူတို့ အနားမှာ အသက် အန္တရာယ် သတိပေး ဆိုင်းဘုတ်နဲ့ မြေပြင်ပေါ် ပြန့်ကျဲ နေတဲ့ ဗုံးဆံတွေ၊ အမြောက် ကျည်ခွံတွေ။ သူတို့ စာဆို နေတဲ့ အနားကို လောလော လတ်လတ် ကျလာတဲ့ လက်ပစ်ဗုံး တစ်လုံး။ အဲဒါဟာ တစ်ကွက် ကာတွန်းလေး တစ်ခု ဖြစ်နေတာ ကျွန်တော့် အတွက်ရော၊ ကာတွန်း ထဲက ကလေးငယ်တွေ အတွက်ရော သိပ်ကို ကံကောင်း ပါတယ်။ ဇာတ်လမ်း တစ်ခုထဲမှာ ပါတဲ့ ကာတွန်း တစ်ကွက်သာ ဆိုရင် အဲဒီကနေ ရှေ့ဆက် ရေးဆွဲရမယ့် ကာတွန်းကွက်ဟာ ဘယ်လို ဖြစ်သွား လေမလဲ…။ ကာတွန်းမှန်း သိနေလျက် နဲ့တောင်၊ စိတ်ကူးလေး နဲ့ပဲ ဖြစ်ဖြစ် ကျွန်တော် ဆက်ပြီး မတွေးရဲ ပါဘူး။ ဒီကာတွန်းမှာ ကျွန်တော် မြင်ခဲ့ရတဲ့ အခြေအနေ နောက်ခံ အကြောင်းအရာကို ဖတ်ကြည့်မိရင် “ဒါ .. ဘယ်နေရာ မှာလဲ၊ ဘာဖြစ် နေတာလဲ၊ ဘာကို ဆိုလို ချင်သလဲ” ဆိုတာကို စာဖတ်သူများ သဘောပေါက် ကြမှာပါ။


ကျွန်တော့် ရင်တွေ တဆတ်ဆတ် ခုန်လာတယ်။ အဲဒီ ကာတွန်းဟာ ကျွန်တော့်ရဲ့ မျက်လုံး တွေကနေ တဆင့် ကျွန်တော့် နှလုံးသား ထဲကို ခုန်ပေါက် ဝင်ရောက် သွားတယ်။ အဲဒီ ကာတွန်း လေးကို ကြည့်အပြီးမှာ ကျွန်တော် သိပ်ကို ငြိမ်သက် သွားခဲ့ ပါတယ်။ စာသားလေး အနည်းငယ်သာ ပါဝင်တဲ့ ကာတွန်းကွက် သေးသေး လေးကို ကျွန်တော် အကြာကြီး ရပ်ကြည့် နေမိတယ်။ ဒါပေမယ့် ကျွန်တော့် မျက်လုံး ထဲမှာ အဲဒီ ကာတွန်းကို မြင်မနေ တော့ပါဘူး။ ဒါ့အပြင် ရှေ့မှာ ကြည့်ခဲ့ ရတဲ့ ထိမိပြီး ရယ်ရတဲ့ ကာတွန်း တွေကိုလည်း ဘယ်လိုမှ သတိမရ နိုင်တော့ပါဘူး။ ကျွန်တော့် အတွေး ပေါင်းစုံဟာ ကျွန်တော့် မျက်လုံး ကနေ တဆင့် အဲဒီ ကာတွန်း စာမျက်နှာပေါ် ခုန်ပေါက် ရောက်ရှိပြီး လျှောက်သွား နေခဲ့တယ်။ မဖြစ်နိုင်မှန်း သိလျက်နဲ့ အဲဒီ ကာတွန်း ထဲက ကလေးငယ် တွေရဲ့ လွတ်ရာ လွတ်ကြောင်း၊ သူတို့ရဲ့ အနာဂတ် နဲ့ သူတို့ ဘဝအတွက် ရှေ့ဆက်မယ့် ကံကြမ္မာ မျှော်လင့်ချက် တွေကို တွေးတော နေခဲ့ မိတယ်။ အဲဒီ ကာတွန်းလေး ရှေ့မှာ ကျွန်တော်ဟာ အသက်မရှိ တော့သူ တစ်ဦးလို ငြိမ်သက်မျောပါပြီး အကြာကြီး ရပ်တန့် နေခဲ့တယ်။ သေချာတာက ကျွန်တော် သိပ်ကို ဝမ်းနည်း နေခဲ့ပါတယ်။ အရမ်း ရယ်ရတဲ့ ကာတွန်းတွေ ကြားထဲမှာ အရမ်းကို ဝမ်းနည်းစရာ ကောင်းတဲ့ ကာတွန်းငယ် တစ်ကွက်ဟာ တကယ်ပဲ အထီးကျန် ဆန်ပြီး ကူရာကယ်ရာ မဲ့နေတယ်လို့ ကျွန်တော် ခံစား နေရပါတယ်။

(၅)
“ရယ်စရာ မောစရာ ဆိုတဲ့ အတွက် ရယ်စရာ ပြီးသွားရင် မောစရာ လာပါတယ်” တဲ့။
“တခါတလေမှာ ဟာသ ဆိုတာ တွေ့မြင်ရသူ အဖို့ ရယ်စရာ ကောင်းပေမယ့် အရယ်မော ခံရသူ အဖို့တော့ နာကျင်ဒုက္ခ ဖြစ်နေတတ်တယ်” တဲ့။
ကျွန်တော် ကြားခဲ့ ဖတ်ခဲ့ ဖူးတဲ့ အဆို နှစ်ခုဟာ ကျွန်တော့် မျက်စိ ရှေ့မှာ ရှိနေတဲ့ ကာတွန်းကွက် ကလေးနဲ့ တကယ်ကို အံဝင်ခွင်ကျ တိုက်ဆိုင် နေရုံမက အဲဒီထက် ပိုမိုတဲ့၊ ခက်ခဲတဲ့ အဓိပ္ပါယ်နဲ့ အခြေအနေမှာ ရောက်ရှိ နေခဲ့တယ်။ အဲဒီ ကာတွန်းလေးဟာ ရယ်စရာ ကောင်းပါသလား။ ဒါမှမဟုတ်.. ရယ်ရပြီးနောက် မောရမယ့် အခြေအနေလား။ ဒါမှ မဟုတ် သေးရင် ရယ်စရာနဲ့ တွဲခို ပါလာတဲ့ မောစရာ ကိစ္စလား။ အဲဒီ ကာတွန်းကို ကြည့်ပြီး သူတို့ရဲ့ နာကျင်မှုနဲ့ ခက်ခဲမှုဟာ တွေ့မြင် ရတဲ့ ကျွန်တော်တို့ အတွက် ရယ်စရာ ကောင်းနေ ပါသလား။ ဟင့်အင်း … တစ်ခုမှ မဟုတ်ပါဘူး။ ဒီကာတွန်းဟာ လုံးဝ မရယ်ရတဲ့ ကာတွန်းပါ။ ရယ်စရာ လုံးဝ မပါဘဲ (ရင်)မောစရာ သက်သက်နဲ့ တည်ဆောက် ရေးဆွဲ ထားတဲ့ ကာတွန်းပါ။ သူတို့ရဲ့ နာကျင်ခက်ခဲ မှုဟာ သူတို့နဲ့ ထပ်တူ ထပ်မျှ ကျွန်တော်တို့ ရင်ထဲကို သံရည်ပူ တွေလို စီးဝင် သွားခဲ့ တာပါ။

ဒီကာတွန်းကို ရေးဆွဲသူက ကာတွန်းဒီရေ ပါတဲ့။ ဆရာ ဟာလည်း ဒီကာတွန်းကို ခက်ခက်ခဲခဲ ဝမ်းပမ်းတနည်း ရေးဆွဲ ခဲ့ပုံပါ။ ဒီကာတွန်းကို ရယ်စရာ အဖြစ်အပျက် တစ်ခုလို သဘော ထားခဲ့တာ ဟုတ်ပုံ မရသလို ဖတ်သူတွေ ရယ်ရပါစေ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ရေးဆွဲ ခဲ့တာလည်း မဟုတ်နိုင် ပါဘူး။ ဆရာ ဒီရေဟာ သူ့ရဲ့ ရင်ထဲမှာ ရှိနေတဲ့ နာကျင်ခံစားမှု တစိတ် တပိုင်းကို လှစ်ဟ ဖော်ထုတ်ပြီး ကာတွန်း ဖတ်သူ ပရိသတ်နဲ့ မျှဝေ ခံစားချင်တဲ့ သဘောနဲ့ စာရွက်ပေါ် ရေးဆွဲ လိုက်တာ ဖြစ်မှာပဲလို့ ကျွန်တော် တထစ်ချ ယုံကြည်ပါတယ်။ အဲဒီ ယုံကြည်မှုကို ကျွန်တော်ပါ မျှဝေ ခံစား ရရှိတဲ့ အတွက်လည်း ဆရာဒီရေကို ကျေးဇူး တင်သလို သူ့အတွက် လေးစား ဂုဏ်ယူတဲ့ ဘဝင်စိတ်လည်း ဖြစ်မိပါတယ်။ ဆရာ့ အနေနဲ့ ပြည်သူလူထု အတွက် ရယ်စရာ တင်မက အသိပညာနဲ့ ရသတစ်ခုခု ကိုပါ ဝေမျှ ပေးနိုင်တဲ့ အခုလို ကာတွန်းမျိုး တွေကို ရှေ့လျောက် ဆက်လက် ရေးဆွဲ နိုင်ပါစေ လို့လည်း ဆန္ဒ ပြုမိတယ်။

(၆)
လှိုက်လှိုက်လှဲလှဲ … ကျွန်တော် ဆုတောင်းပါတယ်။
ရယ်စရာ မကောင်းတဲ့ ဝမ်းနည်း ရင်မောဖွယ်ရာ သက်သက် အဲဒီ ကာတွန်းလေး တစ်ပုံကို စာဖတ် ပရိသတ်၊ ကာတွန်း ပရိသတ် များနဲ့တကွ ဒီကလေး တွေနဲ့ သက်ဆိုင် ပတ်သက်တဲ့၊ ကလေးတွေရဲ့ ပတ်ဝန်းကျင်မှာ ဖြစ်ပျက် နေတဲ့ အကြောင်းကိစ္စ များနဲ့ ပတ်သက် ဆက်နွယ် သူများလည်း မြင်တွေ့ ခံစား နိုင်ပါစေ။
လူကြီး တွေရဲ့ အာဃာတနဲ့ အမုန်းတရား တွေဟာ အပြစ်မဲ့တဲ့ ကလေးတွေရဲ့ အနာဂတ်နဲ့ ကံကြမ္မာ အပေါ် ဖုံးလွှမ်း မသွား ပါစေနဲ့။
အပြန်အလှန် ရန်ငြှိုး စစ်မက် တွေဟာ အပြစ် မရှိတဲ့ ကလေးငယ် တွေရဲ့ မျက်ရည်နဲ့ အသက်ဇီဝ တွေအပေါ် လောင်ကျွမ်း စွန်းပေ မသွား ပါစေနဲ့။
ကျွန်တော်တို့ရဲ့ ကလေးငယ်တွေ စိုးထိတ် ကြောက်ရွံ့စိတ် ကင်းစွာနဲ့၊ ဖြူစင် သန့်ရှင်း စွာနဲ့ ရှင်သန် နိုင်ပါစေ။
အပြစ်မဲ့ ကလေးငယ် တွေကို ဒုက္ခပင်လယ် ဝေစေတဲ့ ပြည်တွင်းစစ်များ ရပ်တန့်ပြီးဆုံးသွားပါစေ။
မြန်မာပြည် ဘေးဘယာ ပယောဂ ကင်းပါစေ … အနာရောဂါ ကင်းပါစေ..။
မြန်မာပြည် … ငြိမ်း ချမ်း ပါ စေ .. ။

၁၇ - ဒီဇင်ဘာ -၂၀၁၂

********* မိန်းမကောင်းဖြစ်ဖို့အတွက်လိုအပ်တဲ့ ( ၂၁ ) ချက် *********


********* မိန်းမကောင်းဖြစ်ဖို့အတွက် လိုအပ်တဲ့ ( ၂၁ ) ချက် *********
၁***** အပြောအဆို ဆက်ဆံရေး ယဉ်ကျေးသိမ်မွေ့ခြင်း။
၂***** ပညာဥာဏ် ဗဟုသုတကိုစုဆောင်းဖို့ မမေ့လျော့သူဖြစ်ခြင်း။
၃***** ကုသိုလ်ကောင်းမူ့ကို ပြုဖို့မမေ့လျော့သူအဖြစ် အမြဲရှိခြင်း။
၎***** သန့်သန့်ပြန့်ပြန့်ဖီးလိမ်းခြင်းနှင်း သူနေရာနှင့်သူစနစ်တကျဝတ်
စားဆင်ယင်တတ်ခြင်း။
၅***** မြန့်မာယဉ်ကျေးမူ့အလှအပကိုဦးစားပေး၍မယုတ်မလွန် ၀တ်စားတတ်ခြင်း။
၆***** အလှအပကို တရားလွန်မက်မောမူ့မရှိခြင်း။
၇***** အတွင်းစကားအပြင်ပို့ အပြင်စကားကို အတွင်းပို့ပြောဆိုတက်
သည့် အလေ့အထ မရှိခြင်း။
၈***** ကောက်ကျစ်စဉ်းလဲမူ့မရှိခြင်း။
၉***** အသွားအလာအပျော်အပါးကို ဆင်ခြင်မူ့ဖြင့်သွားလာတက်ခြင်း။
၁၀***** ဖွယ်ဖွယ်ရာရာ ချက်ပြုတ်တတ်ခြင်းနှင့်အိမ်တွင်းသန့်ရှင်းစွာ
နေထိုင်တတ်ခြင်း။
၁၁***** အသုံးအစွဲ ဆင်ခြင်တတ်ခြင်းနှင့် ချွေတာစုဆောင်းတတ်ခြင်း။
၁၂***** မိဘ ( သို့ ) အုပ်ထိန်းသူ၏ သွန်သင်ဆုံးမမူ့ကိုလိုက်နာခြင်း။
၁၃***** မိမိပြုလုပ်တာဝန်ဖြစ်သော လုပ်ငန်းရပ်များကို ပျင်းရိမူ့မရှိပဲ
သေသပ်ဖျက်လတ်စွာ လုပ်ကိုင်ဆောင်ရွက်တတ်ခြင်း။
၁၄***** အချစ်ရေးကိုမျက်စိနှင့်ရွေးချယ်တတ်ခြင်း မရှိဘဲ နားနှင့် ရွေးချယ်
တတ်ပြီးအလွယ်တကူလက်ခံမူ့မရှိခြင်း။
၁၅***** ကြင်ဖော်ရှိပါက ကြင်ဖော်ကိုပြုစုယုယတတ်ခြင်းနှင့် အိမ်ထောင်ေ၇း
ကိုထိန်းသိမ်းတတ်ခြင်း။
၁၆***** မိမိကြင်ဖော်မဟုတ်သောယောကျာ်းများနှင့် အေ၇ာတ၀င် မနေ
တတ်ခြင်း။
၁၇***** ဇနီးကောင်းတစ်ယောက်ဖြစ်အောင် ကြိုးစားရုံမျှမက မိခင်ကောင်း
ဖြစ်အောင် ကြိုးစားခြင်း။
၁၈***** သားသမီးများအပေါ် နားလည်အောင်ကြိုးစားခြင်း။
၁၉***** နေထိုင်ရာ ပတ်ဝန်းကျင် အိမ်နီးနားချင်းနှင့် အဆင်ပြေအောင်
နေထိုင်ခြင်း။
၂၀***** အိမ်ထောင်သည်ဘ၀ရောက်သည့်အခါ သျှောင်နောက်ဆံထုံးပါ
ပါမြဲ လင်သားနောက်သို့ လိုက်ပါရပြီး လင်၏မိဘယောင်းမ လင်
၏ပတ်ဝန်းကျင်နှင့်သင့်တင့်အောင် အကင်းပါးစွာ နေထိုင်ပြော
ဆိုတတ်ခြင်း။
၂၁***** တစ်လင်တစ်မယား အဖြစ်နှင့် ဆိုးတူကောင်းဘတ် အိုအောင်မင်း
အောင်ရာသက်လုံး နေထိုင်သွားခြင်း တို့ပဲဖြစ်ပါတယ်။

ကျမတို့ မြန်မာမိန်းကလေးတွေဟာ ယောက်ျားကောင်းတစ်ယောက်ဖြစ်ဖို့
ထက် မိန်းမကောင်းတစ်ယောက်ဖြစ်ဖို့ဆိုတာသိပ်ခတ်ပါတယ် အရာရာကို
ထိန်းသိမ်းတန်ဘိုးထားတက်ပါမှ တော်ကာလောက်ပဲရှိပါတယ် ။ ဒါကြောင့်
မိန်းမကောင်းတစ်ယောက်ဖြစ်ဖို့ အရာရာကို တတ်သိနားလည်ရမယ်လေ့
လာလိုက်စားရမယ် ဗာဟုသုတပေါကြွယ်ဝအောင် စာပေတွေ ကျမ်းဂန်တွေ
ကိုလေ့လာရမယ် ပညာပေးတွေကို သင်ယူလေ့လာရမယ် ပြင်ဆင်ရမယ်
အိမ်ထောင်ရှင်မဖြစ်လာရင်လည်း တစ်လင်တစ်မယားစနစ်ကိုကျင့်သုံရမယ်
ကိုယ့်၇ဲ့ခင်ပွန်းလင်က ဆိုးသွမ်းသူဖြစ်ခဲ့ရင်တောင်ပြုပြင်ပေးနိုင်၇မယ်သီး
ခံနိုင်၇မယ်မိခင်ကောင်းတစ်ယောက်ဖြစ်ဖို့သားသမီးတွေကို ပြုပြင်နိုင်သူ
သင်ပြပေးနိုင်သူ ရှေ့ဆောင်လမ်းပြကြယ်တစ်ပွင့်ဖြစ်နေရမယ် ကိုယ့်သားသမီး
ကကိုယ့်ကို စံနမူနာ ယူလေးစားလောက်သူမိခင်အရည်အချင်းတေ၊ွပြည့်ဝနေ
ရမယ်လေ။ ခင်ပွန်းပတ်သက်တဲ့ပတ်ဝန်းကျင် မှာကျင်လည်ရရင်လည်း သင့်
တင့် အောင်ပြောဆိုတက်နေထိုင်တက်သူတွေဖြစ်ရမယ်လေ ကျမတို့မှာ လိုအပ်ချက်တွေရှိကောင်းရှိနိုင်ပါတယ်နော် ဒါပေမဲ့ဒါတွေကိုကျမတို့ ပြုပြင်
ပြင်ဆင်နိုင်သူတွေဖြစ်ရမယ် မိန်းမကောင်းဆိုတဲ့ဂုဏ်ပုဒ်နဲ့ညီအောင်စောင့်
ထိန်းရမဲ့တာဝန်တွေက ကျမတို့မှာ သိပ်ကိုများပြားလှပါတယ် ယောက်ျားတစ်
ယောက်က နောက်ထပ်မိန်းမတစ်ယောက်ကို သူ့ရဲ့ဂုဏ်သိက္ခာကိုမငဲ့ဘဲယူ
လိုက်လို့ကဘာမှဖြစ်မသွားပါဘူးလေ အဆိုတောင်ရှိသေးတ.ယ်လေ ယောက်ျားကောင်းတော့ မောင်းမတစ်ထောင်
တဲ့ ကျမတို့ မိန်းကလေးတွေမှာသာ လင်မကောင်းလို့နောက်တစ်လင်
ပြောင်းကြည့်လိုက်ပါလား သူများရဲ့တံတွေးခွက်ထဲမှာ ပတ်လက်မျောသွားမယ်လေ ဒါက မိန်းမကောင်းတစ်ယောက်ရဲ့လုပ်ရပ်မှမဟုတ်တာကိုး။ ဒါကြောင့်မိန်းမကောင်းတစ်ယောက်ဖြစ်ဖို့က ယောက်ျားကောင်းတစ်ယောက်ဖြစ်ဖို
့ထက်သိပ်ကိုခတ်ခဲလွန်းပါတယ်။အစစအရာရာကို ထိန်းသိမ်းနိုင်မှတန်ကာလောက်ကျပါတယ်။ဒီလိုခတ်ခဲမူ့တွေနဲ့ပြည့်ကျပ်နေတဲ့ 
 မိန်းမကောင်းဘ၀လေးကို ရဖို့ မိမိရဲ့ကိုယ့်ကျင့်သိက္ခာကို အသက်နဲ့ထပ်
တူ တသက်လုံးထိန်းသိမ်းကျင့်ကြံသွားမှ မိန်းမကောင်းဘ၀ကို တကယ်ရရှိမှာ
ဖြစ်ပါတယ်လို့။

တော်ဝင်တဲ့မိန်းမကောင်း မိန်းမမြတ်တွေဖြစ်ကြပါစေ ။ ကိုယ့်ချစ်သူကိုယ့်
ခင်ပွန်းလင်ကိုတန်ဘိုးထားမြတ်နိုးတဲ့ မိန်းမကောင်းများဖြစ်ပါစေလို့။

******* တော်ဝင်နှင်းဆီ*******

~~~~မိန်းကလေးတွေအတွက် တကယ့်အဖြစ်အပျက်~~~~ မိန်းကလေးတွေအတွက်သင်ခန်းစာ


မိန်းကလေးတွေ သင်ခန်းစာယူသင့်တဲ့ကိစ္စ ကလေးတစ်ခုကို ပြောပြချင်ပါတယ် လွန်ခဲ့သော ၇ နှစ်လောက်က တက္ကသိုလ်တက်နေတဲ့ကျောင်းသူကလေး
တယောက်ဟာ ကိုယ်ဝန်ဖျက်ချရင်းသေဆုံးသွားခဲ့ပါတယ၊် ဖြစ်ပုံကတော့ သူမမှာ ချစ်သူရှိပါတယ် ကိုယ်ဝန်ရလာတော့ သူ့ချစ်သူကောင်လေးက တာဝန်မယူချင်ဘူးထင်ပါတယ် ဖျက်ချဖို့ကြိုးစားရပါတယ် ၊ သူမက တခြားမြို့က ကျောင်းလာတက်ပါတယ် သူ့ချစ်သူကလဲ ကျမတို့မြို့ကမဟုတ်သလို သူမတို့မြို့ကလဲမဟုတ်ပါဘူး နောက်ထပ်တခြားမြို့က ကျောင်းလာတက်ကြတာပါ ကိုယ်ဝန်ဖျက်ချဖို့ ဘယ်လိုစုံစမ်းတယ်မသိပါဘူး ကိုယ်ဝန်ဖျက်ချပေးတဲ့လက်သည်ကို ရှာတွေ့ခဲ့ကြပါတယ် ဖျက်ချတဲ့နေ့ကတော့ ဘယ်သူနဲ့သွားလဲမသိပါဘူး ဖျက်ချပြီးတော့ ၃ရက်လောက်ထိသွေးတွေဆင်းတာများနေတော့ သူမက ဖျက်ချတဲ့အိမ်ကို နောက်တခါ သူမရဲ့သူငယ်ချင်းယောင်္ကျားလေးတယောက်ကိုဆိုင်ကယ်နဲ့ လိုက်ပို့ခိုင်းပါတယ် အဲဒီတခေါက်ကတော့သူမအတွက် နောက်ဆုံးနေ့ဖြစ်သွားတာပါပဲ သူမကသွေးလွန်တာများနေတော့ လက်သည်ကလဲ ဘယ်လိုလုပ်ပေးတယ်မသိပါဘူး သူမကို ကယ်လို့မရတော့ပါဘူး၊သူမနဲ့အတူပါလာတဲ့ ယောင်္ကျားလေးကို သူမအကြောင်းပြောပြပြီး နှုတ်ပိတ်တဲ့အနေနဲ့ သူမမှာပါလာတဲ့ လက်ဝတ်လက်စားတွေပေးပြီး ပြန်ခိုင်းလိုက်ပါတယ် သူမမိဘတွေက ပိုက်ဆံချမ်းသာတဲ့ပုံပါပဲ သူမကိုတော့ အဲဒီအိမ်မှာပဲ မြေမြှုပ်လိုက်ပါတယ၊် တကယ်တမ်းဆိုရင်တော့ ဒီကိစ္စကပြီးသွားပြီပေါ့နော် ဘယ်သူမှမသိနိုင်တော့ဘူးပေါ့ ဒါပေမယ့် မကောင်းမှုကိုလုပ်ထားရင် ဥပဒေတွေ ငရဲတွေကနောက်မှ အပြစ်ပေးမယ် အရင်ဆုံးက ကိုယ့်စိတ်က အရင်ဆုံး အပြစ်ပေးပါတယ် ဒါ မကောင်းတာလုပ်တဲ့သူတွေအားလုံး ခံရတဲ့အပြစ်ပါ အပြင်ပန်းမှာ ဘာမှမဖြစ်သယောင်နေပေမယ့် သူတို့စိတ်က ခြောက်တာကို သူတို့ခံနေရပါတယ၊် ခုလဲ အစောက ကျောင်းသူလေးကို လိုက်ပို့ပေးတဲ့ ကျောင်းသားလေးကို သူ့စိတ်က အပြစ်ပေးပါပြီ သူ့ဘာသာမလုံတာလဲဖြစ်မယ် သူငယ်ချင်းမိန်းကလေးအတွက်လဲ စိတ်မကောင်းဖြစ်မယ်ထင်ပါတယ်၊ သူ ညအိပ်တော့လဲ သူ မအိပ်နိုင်ပါဘူး ကယောင်ကတမ်းတွေဖြစ်တယ် နောက်ဆုံး သူဟာ အဲဒီအကြောင်းတွေကို ရဲစခန်းသွားတိုင်တယ၊် ရဲတွေက သူပြောတဲ့အတိုင်း အဲဒီအိမ်ကို သွားရှာကြတယ် ကျောင်းသူလေးအလောင်းကို တွေ့ပါတယ၊် သူ့အလောင်းအပြင် အဲဒီအိမ်ဝိုင်းရဲ့မြေတွေကိုတူးတာ လသားကလေးအလောင်းတွေ အများကြီးတွေ့တယ် အဲဒီအိမ်ကတော့ ကျမတို့မြို့လယ်ခေါင်မှာပါ ကျမတို့လဲ ဒီသတင်းကိုကြားမှ အဲဒီအိမ်က အဲလိုလုပ်တယ်ဆိုတာသိတော့တယ် အဲဒီအလောင်းဖော်တဲ့နေ့က တကယ့်သတင်းထူးတစ်ရပ်ပါပဲ လက်သည်နဲ့ ကြံရာပါ သူ့သမီးကော ထောင်ကျတယ် အစောက ကျောင်းသားလေးတော့ စိတ်မမှန်တော့ဘူးလို့ကြားတယ် နောက်သတင်းတွေကြားရတာတော့ ကျောင်းသူလေးက သူ့အမေကိုအိပ်မက်ပေးတယ်တဲ့ သူဟာ မသေသေးပဲ မြေမြှုပ်ခံရတာလို့ပြောတယ်တဲ့ ကျမကတော့ အဲဒီမိန်းကလေးရဲ့သတင်းကိုကြားတဲ့နေ့ကတည်းက တွေးရင်းတွေးရင်းအရမ်းသနားမိတာပဲ သူမကို မြင်လဲမမြင်ဖူးဘူး နာမည်လဲမသိဘူး သူမကလဲကိုယ့်ကို မသိ၊ ကိုယ်ကလဲသူမကို မသိ၊ ဒါပေမယ့် သူမရဲ့နေရာဝင်ခံစားရင်း သနားလိုက်တာ ချစ်သူရဲ့တာဝန်မဲ့တာကိုခံရတဲ့အပြင် အသက်ပါဆုံးရှုံးလိုက်ရတယ် မသေခင် သူမ ဘယ်လိုခံစားနေရမလဲ ဆိုပြီး ကျမ ရင်ထဲမှာ အပူတွေလောင်နေမိတယ် ပြီးတော့ သူမရဲ့မိဘတွေ ဘယ်လိုဖြစ်နေမလဲ သမီးသေလို့ဝမ်းနည်းနေမယ့်အပြင် ပတ်ဝန်းကျင်ကိုလဲ ရှက်နေကြမှာပဲ သမီးအတွက် ဂုဏ်ယူနေရမယ့်မိဘတွေက ဒီလိုရှက်စရာကောင်းတဲ့အဖြစ်နဲ့ သေဆုံးသွားတယ်ဆိုတော့ မိဘတွေနေရာဝင်ပြီးတော့လဲ မိဘတွေကို သနားလိုက်တာ ကျောင်းသူလေးရဲ့နေရာမှာ ကျမသမီးလေးသာဆိုရင်လို့တွေးလိုက် မိဘတွေနေရာမှာ ကျမသာဆိုရင်လို့တွေးလိုက်နဲ့ ကျမမှာ ၃ရက်လောက် မစားနိုင် မသောက်နိုင်ဖြစ်မိပါတယ် ညအိပ်ရာဝင်လဲ သူမအကြောင်းပဲတွေးပြီး မအိပ်နိုင်ဖြစ်မိတယ် သြော်အပူတွေ အပူတွေ ကိုယ်နဲ့လဲ မသိပဲ စိတ်ဆင်းရဲလိုက်တာ ကျမ အဲလိုဖြစ်မိတာကို ကျမကိုယ်ကျမတောင် မယုံနိုင်ပါဘူး နောက်တော့ ကျမနဲ့ အရင့်အရင်ဘဝတွေက ချစ်ခင်ခဲ့တဲ့သူဖြစ်မယ်ထင်တယ်လို့ တွေးမိတယ် စိတ်ဆင်းရဲတယ် စိတ်ချမ်းသာတယ်ဆိုတာ မိမိကိုယ်တိုင်လုပ်ရတာလေ ခုချိန်ထိ အဲဒီအကြောင်းကို သတိရတိုင်းစိတ်မကောင်းဖြစ်မိတယ် ဒါကိုတွေးမိတော့ မိန်းကလေးတွေနဲ့ပက်သက်ပြီး ပြောပြစရာတွေပေါ်လာပါတယ် မိန်းကလေးတွေ သင်ခန်းစာယူကြပါ အစကတည်းက ပြဿနာမဖြစ်အောင် ဆင်ခြင်ကြပါ ကိုယ့်တာဝန်ကိုယ် ယူနိုင်မှ ရှေ့ဆက်တိုးချင်တိုးကြပါလို့ ပြောချင်ပါတယ်

Phone အတွက် Ringtone လေးများ (၂)



ဒီနေ့ လည်း Ringtone လေးတွေပဲ ထပ်တင်ပေးလိုက်ပါတယ်။ :) ထုံစံအတိုင်း မိမိကြိုက်နှစ်သက်တဲ့ ရင်းတုန်းပေါ်မှာ ကလစ်ပြီး ဒေါင်းနိုင်ပါတယ်။
Oppa Gannam Style Ringtone လေးတင်ပေးပါဆိုလို့  ရှာဖွေပြီး Upload ပြန်တင်ပေးလိုက်တာပါ။
gangnam metal style
gangnam party style
gangnam style(1)
gangnam style(2)
gangnam style(3)
gangnam style(4)
gangnam style(5)
gangnam style(6)
gangnam style bline
gangnam style cool
gangnam style effect
gangnam style dubstep
psy-gangnam style
gangnam style remix
oppa gangnam style
christmas gangnam style
best gangnam style
ခရစ္စမတ် ringtone များ နှင့် အခြား ringtone များ

you are my everything
window 8 song
ခရစ္စမတ်ရင်းတုန်း(၁)
whatapp massage
what make u so beautiful
ခရစ္စမတ်ရင်းတုန်း(၂)
titanic new version
thousand year
thai song
thai song(2)
someone like you
skyfall 007
shalala
samsung mix 2013
samsung galaxy 2013
တယောသံလေး
dj-3
police 2013
oh my darling i love you
note 2 rain drop
ခရစ္စမတ်ရင်းတုန်း(၃)
ခရစ္စမတ်ရင်းတုန်း(၄)
ဂျနီဖာ ရဲ့ going in
i phone 5 ringtone
im missing u
guitar 2013
glory glory man u
galaxy note 2
ခရစ္စမတ်ရင်းတုန်း(၅)
fantastic baby
disco tencho
dance ringtone 2012
ခရစ္စမတ်ရင်းတုန်း(၆)
best ringtone 2012
ခရစ္စမတ်ရင်းတုန်း(၇)
android vs nokia
အဆင်ပြေကြပါစေ....သူငယ်ချင်းတို့ ကြိုက်နှစ်သက်တယ်ဆိုရင် ကျွန်တော်ရှာဖွေရကျိုး  နှင့် Upload တင်ရကျိုးနပ်ပါတယ်...:)

Malwarebytes Anti-Malware PRO (Version: 12.12.19.06)



ကွန်ပျူတာကို ဝင်ရောက်နိုင်တဲ့ Malware တွေကိုအထိရောက်ဆုံးနဲ့ သတ်နိုင်တဲ့ဆော့ဝဲလ်တစ်ခုပါပဲ Update လေးထွက်လာလို့ တင်ပေးလိုက်တာပါ။
မူရင်းဝက်ဆိုဒ်မှာလည်းလေ့လာနိုင်ပါတယ်။
ဆော့ဝဲလ်ရဲ့တန်ဖိုးက $24.95 ပါ။

ကျော်ဇင်ပေးတဲ့လင့်ကနေဒေါင်းရင်တော့ ထုံးစံအတိုင်း Free ပေါ့ဗျာ...:)
ဖိုင်ဆိုဒ်က 10.17 MB ရှိပါတယ်။
လိုအပ်ခဲ့လျှင်   ဒီကနေသွားပြီးဒေါင်းလိုက်ပါ။
◘◘အသုံးပြုပုံ◘◘
ဒေါင်းလာတဲ့ဖိုင်လေးကိုဖွင့်လိုက်ပါ။Finsh (or) open ထိရောက်အောင်သွားလိုက်ပါ။လိုင်းမကောင်းသည့်အတွက် (Version2012.09.29.05) ဖိုင်လေးပဲထည့်ပေးလိုက်လို့ (Version: 12.12.19.06) ဖြစ်အောင် ဆော့ဝဲလ်ကို Update လုပ်ပေးလိုက်ပါ။ :)


အသုံးပြုပုံကတော့လွယ်ပါတယ်။မပြောပြတော့ဘူးနော်(လိုင်းမကောင်းလို့ ပါ)။serial key က ဒေါင်းထားတဲ့ဖိုင်ထဲမှာပါပါတယ်။
အဆင်ပြေကြပါစေ...အဆင်မပြေရင်  ကွန်မက်ပေးခဲ့ကြပါ.....လိုင်းမကောင်းလို့  မစမ်းကြည့်လိုက်ရလို့ ပါ....:)

လူမျက်နှာအကဲခတ်နည်း... (ဟာသ)


လူတစ်ယောက်ရဲ့မျက်နှာကို ကြည့်ပြီးတော့ သူဘယ်လိုစိတ်ထား ဘယ်လိုအမြင် ရှိတယ်ဆိုတာ အကဲခတ်လို့ရပါတယ်။ဘယ်လိုမျိုးလဲဆိုတော့
ဥပမာ....လူတစ်ယောက်က မျက်လုံးပြူးတယ်ဆိုရင် အမြင်ကျယ်သူတစ်ယောက်ဖြစ်ပြီး မျက်စိမှေးနေမယ်ဆိုရင်တော့ အမြင်ကျဉ်းသူတစ်
ယောက်ဖြစ်တယ်။ပါးလေးတွေ ဖောင်းနေမယ်ဆိုရင် လူပါးဝသူဖြစ်ပြီး ပါးလေးတွေပိန်နေရင်တော့ လူပါးမဝသူဖြစ်ပါတယ်။လူတစ်ယောက်ရဲ့
နားရွက်ကို ကြည့်လိုက်လို့ နားရွက်လေးတွေက ထူနေမယ်ဆိုရင်တော့ နားထူသူဖြစ်ပြီး နားရွက်လေးတွေ ပါးနေမယ်ဆိုရင်နားပါးသူပါ။နားရွက်ကို ဆွဲကြည့်လို့ လိမ်ပြီးပါလာမယ်ဆိုရင် နားလည်လွယ်သူ ဖြစ်ပါတယ်။အဲဒီလိုမှမဟုတ်ရင်တော့ နားလည်လွယ်သူမဟုတ်ပါဘူး။ပါးစပ်ကကြီးနေမယ်ဆိုရင် အစားပုပ်သူဖြစ်ပြီး ပါးစပ်ပေါက်က ကျဉ်းနေမယ်ဆိုရင်အစား နည်းသူဖြစ်ပါတယ်။
ခေါင်းကိုခေါက်ကြည့်လိုက်လို့ ဒေါင်ဒေါင်မြည်ရင် ခေါင်းမာသူဖြစ်ပြီး မမြည်ရင်တော့ ခေါင်းမမာဘူးလို့ ယူဆလို့ရပါတယ်။အရပ်ရှည်ရင် အမျှော်အမြင်ရှိပြီး အရပ်ပုရင်တော့ အမျှော်အမြင်မရှိသူ ဖြစ်ပါတယ်။ကိုင်း...ဒီလောက်ဆိုရင် လူတွေရဲ့မျက်နှာကို ဘယ်လိုအကဲခတ် ရတယ်ဆိုတာ သိလောက်ပြီပေါ့နော်။
                                                                                                             မဟုတ်တန်းတာတွေအမြဲတွေးနေတဲ့
                                                                                                              တရုတ်တန်းဆရာပွေ
                                                                (မှတ်ချတ်....ဒီဟောနည်းကိုမှန်သည်ဟုအထင်ရှိသူများ စိတ်ကျန်းမာရေးဆေးရုံသို့ ခပ်မြန်လေး သွားပြစေလိုပါသည်။)
                                                                                                      

ကမ္ဘာပေါ်မှာ ဒုတိယ အချမ်းသာဆုံး သူဋ္ဌေးကြီး Warren Buffett ဘ၀ကို ရှုမြင်သုံးသပ်ပုံများ


ကမ္ဘာပေါ်မှာ ဒုတိယ အချမ်းသာဆုံး သူဋ္ဌေးကြီး Warren Buffett ဘ၀ကို ရှုမြင်သုံးသပ်ပုံများ ▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬ “အရိုးဆုံးက အဆန်းဆုံးလို့ လူတွေပြောလေ့ရှိကြပါတယ်။ ရိုးရှင်းစွာနေထိုင်ခြင်းကလည်း ဘ၀အတွက် အကောင်းဆုံး ဆိုတာ အောက်မှာဖေါ်ပြမယ့် Interview တစ်ခုမှာ အထင်အရှား တွေ့ရမှာဖြစ်ပါတယ်။ ပိုင်ဆိုင်မှုတွေထဲက ဒေါ်လာ (၃၁) ဘီလီယံကို ရက်ရက်ရောရောလှူဒါန်းခဲ့တဲ့ ကမ္ဘာပေါ်မှာ ဒုတိယ အချမ်းသာဆုံး သူဋ္ဌေးကြီး Warren Buf fett နဲ့ တစ်နာရီကြာ အင်တာဗျူးမှာ CNBC ကိုပြောသွားတဲ့ သူ့ရဲ့ ဘ၀ကို ရှု့မြင်သုံးသပ်ပုံတွေက အရမ်းစိတ်ဝင်စားဖို့ကောင်း လို့ ဘာသာ ပြန်ပြီးမျှဝေလိုက်ပါတယ်။ ၁) သူ့အသက် (၁၁)နှစ်မှာသူ့ရဲ့ ပထမဆုံး ရှယ်ယာကို ၀ယ်ယူခဲ့ပါတယ်။ ဒါပေမယ့် အဲ့ဒီလို ၀ယ်တာနောက်ကျလို့ အခု နောင်တ ရနေပါတယ်။ (အဲ့ဒီအချိန်တုန်းက အခုထက် အများကြီးဈေးနှုန်းတွေ သက်သာလို့ပါ။ ဒါကြောင့် ကိုယ့်သားသမီး ကိုလည်း ရင်းနှီးမြုတ်နှံဖို့ တိုက်တွန်းအားပေးပါ။) ၂) သူအသက် (၁၄)နှစ်မှ သတင်းစာပို့ပြီး ရတဲ့ပိုက်ဆံတွေနဲ့ ယာမြေလေး တစ်ခုဝယ်ခဲ့ပါတယ်။ (စုဆောင်းထားတဲ့ ငွေ လေးတွေပေါင်းပြီး ပစ္စည်းအများကြီးဝယ်လို့ ရပါတယ်။ အဲ့ဒါကြောင့် ကိုယ့်သားသမီးကိုလည်း စီးပွါးရေးတစ်ခုခုလုပ်ဖို့ တိုက်တွန်းအားပေးပါ။) ၃) သူဟာအခု အချိန်အထိ လွန်ခဲ့တဲ့ အနှစ် (၅၀) မင်္ဂလာဦးတုန်းက ၀ယ်ခဲ့တဲ့ Midtown Omaha က အခန်းသုံးခန်းပဲ ပါတဲ့ အိမ်ကလေးမှာနေတုန်း ပါပဲ။ သူလိုအပ်တာတွေအားလုံး အဲ့ဒီအိမ်လေး ထဲမှာရှိတယ်လို့ သူကပြောပါတယ်။ သူအိမ်မှာအကာအရံတွေ ခြံစည်းရိုးတွေလဲ မရှိပါဘူး။ (ကိုယ်တကယ်လိုအပ်တာထပ် ဘယ်တော့မှ ပိုပြီးတော့ မ၀ယ် ပါနဲ့၊ ကိုယ်သားသမီးတွေကိုလဲ အဲ့ဒီလို တွေးဖို့ လုပ်ဖို့ တိုက်တွန်း အားပေးပါ။) ၄) သူ ဘယ်သွားသွား ကားကို ကိုယ်တိုင်မောင်း သွားတတ်ပြီး သူ့မှာ ကားမောင်းသမားရော သက်တော်စောင့်ရော တစ်ယောက်မှ မရှိပါဘူး။ (သင်က သင်ပါပဲ) ၅) သူဟာ ကမ္ဘာပေါ်မှာ အကြီးမားဆုံး ပုဂ္ဂလိက ဂျက်လေယာဉ် ကုမဏီကို ပိုင်ဆိုင်ပေမယ့် ပုဂ္ဂလိက ဂျက်လေယာဉ်နဲ့ ခရီးသွားလေ့ ဘယ်တော့မှမရှိပါဘူး။ (ကိုယ်လုပ်စရာရှိတာကို ခြိုးခြံချွေတာစွာနဲ့ ဘယ်လိုပြီးမြောက်အောင် လုပ်မလဲဆို တာအမြဲစဉ်းစားပါ။) ၆) သူ့ရဲ့ Berkshire Hathaway ကုမ္မဏီက ကုမ္မဏီပေါင်း (၆၃) ခုကို ပိုင်ဆိုင်ပါတယ်။ အဲ့ဒီကုမ္မဏီတွေက CEO တွေ ဆီကို သူက (၁)နှစ်ကို စာတစ်စောင်ပဲ ပို့ပါတယ်။ စာထဲမှာ လာမည့်နှစ်အတွက် ရည်းမှန်းချက်တွေကိုပဲ ရေးပေးလိုက် ပါတယ်။ အဲ့ဒါကလွဲလို့ သူတို့ဆီ ပုန်မှန်ဖုန်းဆက်ခြင်း၊ အစည်းအဝေးလုပ်ခြင်းတွေ ဘယ်တော့မှ သူမလုပ်ပါဘူး။ (သင့်တော်တဲ့ လူကိုသင့်တော်တဲ့ နေရာပေးပါ။) ၇) အဲ့ဒီ CEO တွေကိုစ စည်းကမ်းချက် (၂) ခုပဲထုတ်ထားပါတယ်။ စည်းကမ်းချက်(၁) သင့် ရှယ်ယာဝင်တွေရဲ့ ငွေ တွေကိုလုံးဝ မဆုံးရှုံးပါစေနဲ့။ စည်းကမ်းချက်(၂) စည်းကမ်းချက် (၁) ကို မမေ့ပါနဲ့။ (ရည်မှန်းချက်ပန်းတိုင်တွေ ချမှတ် ပါ၊ ပြီးရင်အဲ့ဒီအပေါ် လူတွေ (လက်အောက်ငယ်သားတွေ၊) အာရုံစူးစိုက်တာ သေချာပါစေ။ ၈) သူ အထက်တန်းလွှာက လူတွေနဲ့ ပေါင်းသင်းသွားလာခြင်း မရှိပါဘူး။ အိမ်ပြန်ရောက်တဲ့ အချိန်မှာ သူ လုပ်လေ့ ရှိတာက ပြောင်ဖူးပေါက်ပေါက်တွေ ကိုယ်တိုင်လုပ်ပြီး TV ထိုင်ကြည့်တာပါပဲ။ (မကြွားဝါပါနဲ့ ကိုယ်နေတတ်သလိုသာ နေပါ။ ကိုယ်နှစ်သက်တာတွေ လုပ်ပါ။) ၉) သူဟာ ဆဲလ်ဖုန်း သယ်လေ့ မရှိသလို သူ့ အလုပ်စားပွဲပေါ်မှာလဲ ကွန်ပျူတာ မရှိပါဘူး။ ၁၀) ကမ္ဘာ္ဘပေါ်မှာ အချမ်းသာဆုံးဖြစ်တဲ့ Bill Gates က သူနဲ့ လွန်ခဲ့တဲ့ (၅)နှစ်ကမှ တွေ့ဆုံဖြစ်ခဲ့ပါတယ်။ Bill Gates က သူနဲ့ Warren Buffett ဘာမှ တူညီတာသိပ်မရှိဘူး (ပြောစရာ သိပ်မရှိဘူးထင်တာနဲ့) နာရီဝက်ပဲတွေ့ ဆုံဖို့စီစဉ်ခဲ့ပါ တယ်။ တကယ်တမ်း တွေ့ဆုံတော့ တွေဆုံမှုဟာ (၁၀)နာရီအထိ ကြာမြင့်ပြီး Bill Gates ဟာ သူ့ကို အထူးချစ်ခင်လေး စားသူ တစ်ယောက်ဖြစ်သွား ပါတော့တယ်။ လူငယ်တွေအတွက် Warren Buffett ရဲ့ အကြံပေးချက်တွေကတော့.... Credit Card (ဘဏ်ချေးငွေ) တွေကို ဝေးဝေးကရှောင်ပြီး ကိုယ့်အတွက် ကိုယ်ရင်းနှီး မြှုတ်နှံပါ- မှတ်မိနေရမယ့် အရာတွေကတော့ . . . . . (၁) ငွေက လူကိုဖန်တီးခဲ့တာ မဟုတ်ဘဲ လူကပဲငွေကို ဖန်တီးခဲ့တာပါ။ (၂) ဘ၀ကို ကိုယ့်အရှိအတိုင်း ရိုးရိုးရှင်းရှင်း နေထိုင်ပါ။ (၃) သူများတွေပြောတိုင်း လိုက်မလုပ်ပါနဲ့။ နားတော့ထောင်ပါ။ ဒါပေမယ့် ကိုယ်ကောင်းမယ် ထင်တာကိုသာလုပ်ပါ။ (၄) အ၀တ်အစားနဲ့ ပတ်သက်ရင်လဲ နံမည်ကြီးတံဆိပ်တွေနောက်ကို မလိုက်ပါနဲ့ ကိုယ်ဝတ်ရတာ သက်တောင့် သက်သာ ရှိတာတွေကိုပဲ ၀တ်ပါ။ (၅) မလိုအပ်တဲ့ အရာတွေအတွက် ပိုက်ဆံကို မဖြုန်းတီးပါနဲ့၊ တကယ်လိုအပ်နေတဲ့ သူတွေအတွက် သာသုံးပါ။ (၆) ဘာပဲပြောပြော ဒါဟာ ကိုယ့်ရဲ့ ဘ၀ပါပဲ။ ဘာလို့ သူများတွေကို ထိန်းချုပ်ချယ်လှယ်ခွင့် ပေးရမှာလဲ။ အပျော်ဆုံးလူတွေဟာ အကောင်းဆုံးတွေကိုချည်းပဲ ရထားကြတာ မဟုတ်ပါဘူး၊ သူတို့ရဲ့ ဘ၀လမ်းမှာ ကြုံတွေ့ရတဲ့ အရာတွေကိုပဲ တန်ဖိုးထား နှစ်သက်ကြတာပါ။ Credit: Soup for Soul (motivational essays)
ကမ္ဘာပေါ်မှာ ဒုတိယ အချမ်းသာဆုံး သူဋ္ဌေးကြီး Warren Buffett ဘ၀ကို ရှုမြင်သုံးသပ်ပုံများ
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
“အရိုးဆုံးက အဆန်းဆုံးလို့ လူတွေပြောလေ့ရှိကြပါတယ်။ ရိုးရှင်းစွာနေထိုင်ခြင်းကလည်း ဘ၀အတွက် အကောင်းဆုံး ဆိုတာ အောက်မှာဖေါ်ပြမယ့် Interview တစ်ခုမှာ အထင်အရှား တွေ့ရမှာဖြစ်ပါတယ်။ ပိုင်ဆိုင်မှုတွေထဲက ဒေါ်လာ (၃၁) ဘီလီယံကို ရက်ရက်ရောရောလှူဒါန်းခဲ့တဲ့ ကမ္ဘာပေါ်မှာ ဒုတိယ အချမ်းသာဆုံး သူဋ္ဌေးကြီး Warren Buf
fett နဲ့ တစ်နာရီကြာ အင်တာဗျ
ူးမှာ CNBC ကိုပြောသွားတဲ့ သူ့ရဲ့ ဘ၀ကို ရှု့မြင်သုံးသပ်ပုံတွေက အရမ်းစိတ်ဝင်စားဖို့ကောင်း လို့ ဘာသာ ပြန်ပြီးမျှဝေလိုက်ပါတယ်။

၁) သူ့အသက် (၁၁)နှစ်မှာသူ့ရဲ့ ပထမဆုံး ရှယ်ယာကို ၀ယ်ယူခဲ့ပါတယ်။ ဒါပေမယ့် အဲ့ဒီလို ၀ယ်တာနောက်ကျလို့ အခု နောင်တ ရနေပါတယ်။ (အဲ့ဒီအချိန်တုန်းက အခုထက် အများကြီးဈေးနှုန်းတွေ သက်သာလို့ပါ။ ဒါကြောင့် ကိုယ့်သားသမီး ကိုလည်း ရင်းနှီးမြုတ်နှံဖို့ တိုက်တွန်းအားပေးပါ။)
၂) သူအသက် (၁၄)နှစ်မှ သတင်းစာပို့ပြီး ရတဲ့ပိုက်ဆံတွေနဲ့ ယာမြေလေး တစ်ခုဝယ်ခဲ့ပါတယ်။ (စုဆောင်းထားတဲ့ ငွေ လေးတွေပေါင်းပြီး ပစ္စည်းအများကြီးဝယ်လို့ ရပါတယ်။ အဲ့ဒါကြောင့် ကိုယ့်သားသမီးကိုလည်း စီးပွါးရေးတစ်ခုခုလုပ်ဖို့ တိုက်တွန်းအားပေးပါ။)


၃) သူဟာအခု အချိန်အထိ လွန်ခဲ့တဲ့ အနှစ် (၅၀) မင်္ဂလာဦးတုန်းက ၀ယ်ခဲ့တဲ့ Midtown Omaha က အခန်းသုံးခန်းပဲ ပါတဲ့ အိမ်ကလေးမှာနေတုန်း ပါပဲ။ သူလိုအပ်တာတွေအားလုံး အဲ့ဒီအိမ်လေး ထဲမှာရှိတယ်လို့ သူကပြောပါတယ်။ သူအိမ်မှာအကာအရံတွေ ခြံစည်းရိုးတွေလဲ မရှိပါဘူး။ (ကိုယ်တကယ်လိုအပ်တာထပ် ဘယ်တော့မှ ပိုပြီးတော့ မ၀ယ် ပါနဲ့၊ ကိုယ်သားသမီးတွေကိုလဲ အဲ့ဒီလို တွေးဖို့ လုပ်ဖို့ တိုက်တွန်း အားပေးပါ။)

၎) သူ ဘယ်သွားသွား ကားကို ကိုယ်တိုင်မောင်း သွားတတ်ပြီး သူ့မှာ ကားမောင်းသမားရော သက်တော်စောင့်ရော တစ်ယောက်မှ မရှိပါဘူး။ (သင်က သင်ပါပဲ)

၅) သူဟာ ကမ္ဘာပေါ်မှာ အကြီးမားဆုံး ပုဂ္ဂလိက ဂျက်လေယာဉ် ကုမဏီကို ပိုင်ဆိုင်ပေမယ့် ပုဂ္ဂလိက ဂျက်လေယာဉ်နဲ့ ခရီးသွားလေ့ ဘယ်တော့မှမရှိပါဘူး။ (ကိုယ်လုပ်စရာရှိတာကို ခြိုးခြံချွေတာစွာနဲ့ ဘယ်လိုပြီးမြောက်အောင် လုပ်မလဲဆို တာအမြဲစဉ်းစားပါ။)
၆) သူ့ရဲ့ Berkshire Hathaway ကုမ္မဏီက ကုမ္မဏီပေါင်း (၆၃) ခုကို ပိုင်ဆိုင်ပါတယ်။ အဲ့ဒီကုမ္မဏီတွေက CEO တွေ ဆီကို သူက (၁)နှစ်ကို စာတစ်စောင်ပဲ ပို့ပါတယ်။ စာထဲမှာ လာမည့်နှစ်အတွက် ရည်းမှန်းချက်တွေကိုပဲ ရေးပေးလိုက် ပါတယ်။ အဲ့ဒါကလွဲလို့ သူတို့ဆီ ပုန်မှန်ဖုန်းဆက်ခြင်း၊ အစည်းအဝေးလုပ်ခြင်းတွေ ဘယ်တော့မှ သူမလုပ်ပါဘူး။
(သင့်တော်တဲ့ လူကိုသင့်တော်တဲ့ နေရာပေးပါ။)

၇) အဲ့ဒီ CEO တွေကိုစ စည်းကမ်းချက် (၂) ခုပဲထုတ်ထားပါတယ်။ စည်းကမ်းချက်(၁) သင့် ရှယ်ယာဝင်တွေရဲ့ ငွေ တွေကိုလုံးဝ မဆုံးရှုံးပါစေနဲ့။ စည်းကမ်းချက်(၂) စည်းကမ်းချက် (၁) ကို မမေ့ပါနဲ့။ (ရည်မှန်းချက်ပန်းတိုင်တွေ ချမှတ် ပါ၊ ပြီးရင်အဲ့ဒီအပေါ် လူတွေ (လက်အောက်ငယ်သားတွေ၊) အာရုံစူးစိုက်တာ သေချာပါစေ။


၈) သူ အထက်တန်းလွှာက လူတွေနဲ့ ပေါင်းသင်းသွားလာခြင်း မရှိပါဘူး။ အိမ်ပြန်ရောက်တဲ့ အချိန်မှာ သူ လုပ်လေ့ ရှိတာက ပြောင်ဖူးပေါက်ပေါက်တွေ ကိုယ်တိုင်လုပ်ပြီး TV ထိုင်ကြည့်တာပါပဲ။ (မကြွားဝါပါနဲ့ ကိုယ်နေတတ်သလိုသာ နေပါ။ ကိုယ်နှစ်သက်တာတွေ လုပ်ပါ။)
၉) သူဟာ ဆဲလ်ဖုန်း သယ်လေ့ မရှိသလို သူ့ အလုပ်စားပွဲပေါ်မှာလဲ ကွန်ပျူတာ မရှိပါဘူး။

၁၀) ကမ္ဘာ္ဘပေါ်မှာ အချမ်းသာဆုံးဖြစ်တဲ့ Bill Gates က သူနဲ့ လွန်ခဲ့တဲ့ (၅)နှစ်ကမှ တွေ့ဆုံဖြစ်ခဲ့ပါတယ်။ Bill Gates က သူနဲ့ Warren Buffett ဘာမှ တူညီတာသိပ်မရှိဘူး (ပြောစရာ သိပ်မရှိဘူးထင်တာနဲ့) နာရီဝက်ပဲတွေ့ ဆုံဖို့စီစဉ်ခဲ့ပါ တယ်။ တကယ်တမ်း တွေ့ဆုံတော့ တွေဆုံမှုဟာ (၁၀)နာရီအထိ ကြာမြင့်ပြီး Bill Gates ဟာ သူ့ကို အထူးချစ်ခင်လေး စားသူ တစ်ယောက်ဖြစ်သွား ပါတော့တယ်။

လူငယ်တွေအတွက် Warren Buffett ရဲ့ အကြံပေးချက်တွေကတော့....
Credit Card (ဘဏ်ချေးငွေ) တွေကို ဝေးဝေးကရှောင်ပြီး ကိုယ့်အတွက် ကိုယ်ရင်းနှီး မြှုတ်နှံပါ- မှတ်မိနေရမယ့်
အရာတွေကတော့ . . . . .
(၁) ငွေက လူကိုဖန်တီးခဲ့တာ မဟုတ်ဘဲ လူကပဲငွေကို ဖန်တီးခဲ့တာပါ။
(၂) ဘ၀ကို ကိုယ့်အရှိအတိုင်း ရိုးရိုးရှင်းရှင်း နေထိုင်ပါ။
(၃) သူများတွေပြောတိုင်း လိုက်မလုပ်ပါနဲ့။ နားတော့ထောင်ပါ။ ဒါပေမယ့် ကိုယ်ကောင်းမယ် ထင်တာကိုသာလုပ်ပါ။
(၄) အ၀တ်အစားနဲ့ ပတ်သက်ရင်လဲ နံမည်ကြီးတံဆိပ်တွေနောက်ကို မလိုက်ပါနဲ့ ကိုယ်ဝတ်ရတာ သက်တောင့် သက်သာ ရှိတာတွေကိုပဲ ၀တ်ပါ။
(၅) မလိုအပ်တဲ့ အရာတွေအတွက် ပိုက်ဆံကို မဖြုန်းတီးပါနဲ့၊ တကယ်လိုအပ်နေတဲ့ သူတွေအတွက် သာသုံးပါ။
(၆) ဘာပဲပြောပြော ဒါဟာ ကိုယ့်ရဲ့ ဘ၀ပါပဲ။ ဘာလို့ သူများတွေကို ထိန်းချုပ်ချယ်လှယ်ခွင့် ပေးရမှာလဲ။

အပျော်ဆုံးလူတွေဟာ အကောင်းဆုံးတွေကိုချည်းပဲ ရထားကြတာ မဟုတ်ပါဘူး၊
သူတို့ရဲ့ ဘ၀လမ်းမှာ ကြုံတွေ့ရတဲ့ အရာတွေကိုပဲ တန်ဖိုးထား နှစ်သက်ကြတာပါ။

Credit: Soup for Soul (motivational essays)
FB မှတဆင့်ပြန်လည်ဖော်ပြပါသည်။

တရုတ် က တိုက်ရိုက်ထောက်ပံ့နေပြီလား ကေအိုင်အေ

ဦးအောင်မင်းပြောသည့် တရုတ်ကိုလည်းကြောက်ရတယ်ဆိုတဲ့ စကားအတိုင်း ဖြစ်လာပါတော့မယ်။ ကေအိုင်အေသည် ၈၈ မတိုင်ခင်က ဗကပ ဆီမှ အကူအညီများ ရရှိရန် ဗကပဆိုပြီး လုပ်ခဲ့ကာ တရုတ်မှ အကူ အညီများ ယူခဲ့ဖူးသည်။ ၈၈ နောက်ပိုင်း ကာလတွင်လည်း ကေအိုင်အေ၏ အဓိက ၀င်ငွေ စီးဆင်း သည့် နိုင်ငံမှ တရုတ်နိုင်ငံ ဖြစ်သည် ဆိုတာကလည်း ငြင်းစရာမရှိ။

ကေအိုင်အေ စိုးမိုးသည့် နယ်နိမိတ်အတွင်း အံ့သြသင့်ဖွယ် တရုတ်ဖုန်းများ လွယ်ကူစွာ အသုံးပြု၍ ရနေကြောင်း၊ ကေအိုင်အေတို့၏ ဆက်သွယ်ရေး စနစ် အရမ်းမြင့်ကြောင်း ရှေ့တန်းမှ ပြန်လာသည့် အရာရှိတစ်ဦးမှ ပြောဆိုခဲ့သည်။ အစက ကျွန်တော်တို့ ထင်ထားတာ ကေအိုင်အေက တောထဲက သူပုန်လို့ပဲ ထင်ထားတာ၊ အခုမှ ဒီကောင်တွေက FM တွေ၊ အင်တာနက် နည်းပညာတွေနဲ့၊ နောက်ဆုံး တိုက်ပွဲမှာ ထိခိုက် ဆုံးရှုံးမှုတွေ ရှိရင်တောင် ချက်ချင်း ရိုက်ပြီး ဌာနချုပ်ကို ပို့ပေးနိုင်တယ်လို့ ပြောကြ တယ်။ ဒီလို နည်းပညာတွေက တရုတ်ကလွဲပြိး ဘယ်သူမှ ထောက်ပံ့မှာ မဟုတ်ဘူး ဟု ၄င်းက ဆက်ပြောခဲ့သည်။
သူတို့မှာ လက်နက်သစ်တွေလည်း အများကြီးပဲ။ အထူးသဖြင့် တရုတ်က လက်နက်တွေကို ပိုပြီး အသုံးပြု တယ် ထင်တယ်။ ပြီးခဲ့တဲ့ အခေါက် ကျွန်တော်တို့ သိမ်းမိတုန်းက ရတဲ့ ကေအိုင်အေရဲ့ ရိက္ခာခြောက်ေ တွက သေချာထုပ်ပိုးထားတာ၊ ရေးထားတဲ့ စာတွေကလည်း တရုတ်စာတွေနဲ့။ ကျွန်တော့်အထင်တော့ တရုတ် က တိုက်ရိုက်ထောက်ပံ့နေပြီလို့ ထင်တာပဲ ဟု အဆိုပါ အရာရှိနှင့် ပါလာသည့် အဖွဲ့ဝင် တစ်ဦးမှ ပြောခဲ့ သည်။
ကေအိုင်အေအဖွဲ့သည် တစ်ပတ်အတွင်း လူသစ် ၃၀၀ ကျော်ကို ဖမ်းဆီးစုဆောင်းကာ တပ်သားသစ် အဖြစ် သိမ်းသွင်းခဲ့ကြောင်း၊ ယခင်ကျေးရွာများမှသာ စုဆောင်းခဲ့သော်လည်း ယခုအခါ ကားလမ်းများနှင့် လုပ်ငန်း များအထိ တိုးချဲ့စုဆောင်းနေသဖြင့် ကချင်ပြည်နယ်အတွင်း အထိတ်တလန့် ဖြင့် နေထိုင်နေ ရသည်။
ပိုမိုယုတ်မာသော အကြံအစည်ကား ကေအိုင်အေမှ စုစည်းဖွဲ့စည်းထားသည့် ဂေါ်ရခါးတပ်ရင်း ခေါ် ဘင်္ဂလီ တပ်ရင်း အား ဒုက္ခသည်များ အဖြစ် ၄င်းတို့မှ စောင့်ရှောက်ထားရကြောင်း မှတ်တမ်း ရိုက်ကူး မည်ဖြစ်ပြီး အထောက် အပံ့များ တောင်းခံသွားမည် ဖြစ်ကြောင်း သိရသည်။
ဦးအောင်မင်းပြောသည့် တရုတ်ကိုလည်းကြောက်ရတယ်ဆိုတဲ့ စကားအတိုင်း ဖြစ်လာပါတော့မယ်။ ကေအိုင်အေသည် ၈၈ မတိုင်ခင်က ဗကပ ဆီမှ အကူအညီများ ရရှိရန် ဗကပဆိုပြီး လုပ်ခဲ့ကာ တရုတ်မှ အကူ အညီများ ယူခဲ့ဖူးသည်။ ၈၈ နောက်ပိုင်း ကာလတွင်လည်း ကေအိုင်အေ၏ အဓိက ၀င်ငွေ စီးဆင်း သည့် နိုင်ငံမှ တရုတ်နိုင်ငံ ဖြစ်သည် ဆိုတာကလည်း ငြင်းစရာမရှိ။
 
ကေအိုင်အေ စိုးမိုးသည့် နယ်နိမိတ်အတွင်း အံ့သြသင့်ဖွယ် တရုတ်ဖုန်းများ လွယ်ကူစွာ အသုံးပြု၍ ရနေကြောင်း၊ ကေအိုင်အေတို့၏ ဆက်သွယ်ရေး စနစ် အရမ်းမြင့်ကြောင်း ရှေ့တန်းမှ ပြန်လာသည့် အရာရှိတစ်ဦးမှ ပြောဆိုခဲ့သည်။ အစက ကျွန်တော်တို့ ထင်ထားတာ ကေအိုင်အေက တောထဲက သူပုန်လို့ပဲ ထင်ထားတာ၊ အခုမှ ဒီကောင်တွေက FM တွေ၊ အင်တာနက် နည်းပညာတွေနဲ့၊ နောက်ဆုံး တိုက်ပွဲမှာ ထိခိုက် ဆုံးရှုံးမှုတွေ ရှိရင်တောင် ချက်ချင်း ရိုက်ပြီး ဌာနချုပ်ကို ပို့ပေးနိုင်တယ်လို့ ပြောကြ တယ်။ ဒီလို နည်းပညာတွေက တရုတ်ကလွဲပြိး ဘယ်သူမှ ထောက်ပံ့မှာ မဟုတ်ဘူး ဟု ၄င်းက ဆက်ပြောခဲ့သည်။
သူတို့မှာ လက်နက်သစ်တွေလည်း အများကြီးပဲ။ အထူးသဖြင့် တရုတ်က လက်နက်တွေကို ပိုပြီး အသုံးပြု တယ် ထင်တယ်။ ပြီးခဲ့တဲ့ အခေါက် ကျွန်တော်တို့ သိမ်းမိတုန်းက ရတဲ့  ကေအိုင်အေရဲ့ ရိက္ခာခြောက်ေ တွက သေချာထုပ်ပိုးထားတာ၊ ရေးထားတဲ့ စာတွေကလည်း တရုတ်စာတွေနဲ့။ ကျွန်တော့်အထင်တော့ တရုတ် က တိုက်ရိုက်ထောက်ပံ့နေပြီလို့ ထင်တာပဲ ဟု အဆိုပါ အရာရှိနှင့် ပါလာသည့် အဖွဲ့ဝင် တစ်ဦးမှ ပြောခဲ့ သည်။
ကေအိုင်အေအဖွဲ့သည် တစ်ပတ်အတွင်း လူသစ် ၃၀၀ ကျော်ကို ဖမ်းဆီးစုဆောင်းကာ တပ်သားသစ် အဖြစ် သိမ်းသွင်းခဲ့ကြောင်း၊ ယခင်ကျေးရွာများမှသာ စုဆောင်းခဲ့သော်လည်း ယခုအခါ ကားလမ်းများနှင့် လုပ်ငန်း များအထိ တိုးချဲ့စုဆောင်းနေသဖြင့် ကချင်ပြည်နယ်အတွင်း အထိတ်တလန့် ဖြင့် နေထိုင်နေ ရသည်။
ပိုမိုယုတ်မာသော အကြံအစည်ကား ကေအိုင်အေမှ စုစည်းဖွဲ့စည်းထားသည့် ဂေါ်ရခါးတပ်ရင်း ခေါ် ဘင်္ဂလီ တပ်ရင်း အား ဒုက္ခသည်များ  အဖြစ် ၄င်းတို့မှ စောင့်ရှောက်ထားရကြောင်း မှတ်တမ်း ရိုက်ကူး မည်ဖြစ်ပြီး အထောက် အပံ့များ တောင်းခံသွားမည် ဖြစ်ကြောင်း သိရသည်။

အယုဒ္ဓရမြို့က သမိုင်း အထိမ်းအမှတ် ပြည်သူ့ပန်းခြံထဲမှာ ဗမာစစ်သား ရုပ်တု မှ ကြေးဓါးများ အခိုးခံရ

မြန်မာ့သမိုင်းမှာ ဗမာစစ်သားတွေက ထိုင်းနိုင်ငံ အယုဒ္ဓရမြို့ကို တက်တိုက် ခဲ့တဲ့ သမိုင်း ကြားဖူး ပါရော လား။ အယ် ... အဲဒီ အယုဒ္ဓရမြို့က သမိုင်း အထိမ်းအမှတ် ပြည်သူ့ပန်းခြံထဲမှာ ဗမာစစ်သား ရုပ်တုေ တွရှိ တယ်ေ လ ။ အယုဒ္ဓရ ဆင်ဥယာဉ်လို့ အမည်ပေးထားတဲ့ ပန်းခြံထဲမှာ ဆင်တပ်တွေနဲ့ စစ်ထိုးနေကြတဲ့ သမိုင်း ၀င်ြ ပကွက် နေရာပေါ့။ အဲဒီ ဗမာစစ်သားတွေရဲ့ လက် ထဲက ဓါးတွေဟာ ကြေးနဲ့ သွန်းလုပ် ထား တာ တဲ့။ အခုတော့ အလက် (၃၀) ပျောက်သွားပြီ။ သူခိုး အခိုးခံရတယ်လို့ ဆိုတယ်။ ခိုးတာကလည်း ဓါးတွေ ကို ရသေ လာက်ဖြတ်ခိုးသွားတာ။ ပန်းခြံတာဝန်ရှိသူတွေ ကတော့ ကြေးကို ပြန်ရောင်းစားဖို့ လာခိုး သွားတယ်လို့ ယူဆနေတယ်။
ဆင်တွေပေါ်က ဗမာစစ်သားတွေ လက်ထဲမှာ ရှိနေတဲ့ ဓါးတွေ ကိုတော့ ခိုးမသွားဘူးတဲ့.. အဲဒီပန်းခြံထဲက ရုပ်တုတွေ ကို အသက် ပိုဝင်အောင် သဘာဝအချိုးအစားအတိုင်း ထုထားတာ ဆိုတော့ ဆင်ရုပ်တုတွေက အမြင့်ကြီးေ လ။ ၃ မီတာမြင့်တာ။ လူရုပ်ဆိုလဲ တကယ့် လူတွေ အရွယ်အစားအတိုင်းပဲ ၁၇၀ စင်တီမီတာ အမြင့် နဲ့။ စစ်သား တယောက်ကို လက်ထဲမှာ ကြေးဓါး ၂လက်စီနဲ့ .. အခုတော့ ဓါးအခိုးခံလိုက် ရပြီ။ တရားခံ ဘယ်သူမှန်း မသိသေး။
www.MyanmarExpress.net
မန်မာ့သမိုင်းမှာ ဗမာစစ်သားတွေက ထိုင်းနိုင်ငံ အယုဒ္ဓရမြို့ကို တက်တိုက် ခဲ့တဲ့ သမိုင်း ကြားဖူး ပါရော လား။ အယ် ... အဲဒီ အယုဒ္ဓရမြို့က သမိုင်း အထိမ်းအမှတ် ပြည်သူ့ပန်းခြံထဲမှာ ဗမာစစ်သား ရုပ်တုေ တွရှိ တယ်ေ လ ။ အယုဒ္ဓရ ဆင်ဥယာဉ်လို့ အမည်ပေးထားတဲ့ ပန်းခြံထဲမှာ ဆင်တပ်တွေနဲ့ စစ်ထိုးနေကြတဲ့ သမိုင်း ၀င်ြ ပကွက် နေရာပေါ့။ အဲဒီ ဗမာစစ်သားတွေရဲ့ လက် ထဲက ဓါးတွေဟာ ကြေးနဲ့ သွန်းလုပ် ထား တာ တဲ့။ အခုတော့ အလက် (၃၀) ပျောက်သွားပြီ။ သူခိုး အခိုးခံရတယ်လို့ ဆိုတယ်။ ခိုးတာကလည်း ဓါးတွေ ကို ရသေ လာက်ဖြတ်ခိုးသွားတာ။ ပန်းခြံတာဝန်ရှိသူတွေ ကတော့ ကြေးကို ပြန်ရောင်းစားဖို့ လာခိုး သွားတယ်လို့ ယူဆနေတယ်။
ဆင်တွေပေါ်က ဗမာစစ်သားတွေ လက်ထဲမှာ ရှိနေတဲ့ ဓါးတွေ ကိုတော့ ခိုးမသွားဘူးတဲ့.. အဲဒီပန်းခြံထဲက ရုပ်တုတွေ ကို အသက် ပိုဝင်အောင် သဘာဝအချိုးအစားအတိုင်း ထုထားတာ ဆိုတော့ ဆင်ရုပ်တုတွေက အမြင့်ကြီးေ လ။ ၃ မီတာမြင့်တာ။ လူရုပ်ဆိုလဲ တကယ့် လူတွေ အရွယ်အစားအတိုင်းပဲ ၁၇၀ စင်တီမီတာ အမြင့် နဲ့။ စစ်သား တယောက်ကို လက်ထဲမှာ ကြေးဓါး ၂လက်စီနဲ့ .. အခုတော့ ဓါးအခိုးခံလိုက် ရပြီ။ တရားခံ ဘယ်သူမှန်း မသိသေး။ 
www.MyanmarExpress.net

လက်ပံတောင်းအရေး သပိတ်စခန်းမှ သံဃာတော်များ ထိခိုက်မှုအတွက် စိတ်မကောင်း ဖြစ်ရကြောင်း သမ္မတ ပထမဆုံးအကြိမ်ပြောကြား.........

Sa Maung shared Ponnya Swe / ပုညဆွေ's photo.
လက်ပံတောင်းအရေး သပိတ်စခန်းမှ သံဃာတော်များ ထိခိုက်မှုအတွက်  
စိတ်မကောင်း ဖြစ်ရကြောင်း သမ္မတ ပထမဆုံးအကြိမ်ပြောကြား.........

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ကန့်ကွက်ဆန္ဒပြနေသည့် သပိတ်စခန်းမှ သံဃာတော်များ ထိခိုက်မှုအတွက် စိတ်မကောင်းဖြစ် ရကြောင်း သမ္မတဦးသိန်းစိန်က ပြောသည်။

အောက်ခြေတွင် ညှိနှိုင်းမှု အဆင်မပြေခြင်းကြောင့် ညှိနှိုင်းဖြေ ရှင်းရမည့် အစား တရားဥပဒေစိုးမိုးမှု လုပ်ထုံးလုပ်နည်းအတိုင်း ဆောင်ရွက် ခဲ့သောကြောင့် သံဃာတော်များကို ထိခိုက်ခဲ့ရကြောင်း ၄င်းက ဒီဇင်ဘာ ၁၆ ရက်နေ့တွင် ပြောကြားခဲ့သည်။
''မထိခိုက်သင့်တဲ့ သံဃာတွေ ထိခိုက်သွားတော့ ကျွန်တော်လည်း စိတ်မကောင်း အများကြီးဖြစ်ရပါတယ်''ဟု သမ္မတက ဆိုသည်။သမ္မတ ဦးသိန်းစိန်သည် သပိတ် စခန်းဖြိုခွင်းမှုအပြီး ၁၉ ရက်အကြာ မြန်မာနိုင် ငံ တောင်ပိုင်း မွန်၊ တနင်္သာရီ ခရီးစဉ်အတွင်း ထားဝယ်တက္ကသိုလ်ရှိ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့်တွေ့ဆုံစဉ် ထိုသို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် သမ္မတက ''ဒါတွေကလည်း တရားဥပဒေကို လေးစား လိုက်နာကြ မယ်ဆိုရင် ဒီပြဿနာ တွေဟာ ဖြစ်စရာအကြောင်း မရှိပါဘူး။ တရား ဥပဒေနဲ့အညီ ဆောင်ရွက်နေတာ အချိန်ကာလအားဖြင့် တစ်နှစ်လောက် ရှိပါပြီ'' ဟု ပြောသည်။ သို့သော် တရားဥပဒေ မလိုက်နာသူမှာ မည်သူမည်ဝါ ဟု ထည့်သွင်းပြောဆိုခဲ့ခြင်း မရှိပေ။
စီမံကိန်းရပ်နားရန် ဆက် တိုက် တောင်းဆိုဆန္ဒပြသူများနှင့် သံဃာတော် များ၏ သပိတ်စခန်းကို အကြိမ်ကြိမ် သတိပေးပြီး တန်ဆောင်မုန်းလပြည့် ည နံနက် ၃ နာရီခန့်တွင် အကြမ်းဖက်နှိမ်နင်း ရာ၌ သံဃာတော်များ မီးလောင် ဒဏ်ရာရခဲ့ကြသည်။

ဆန္ဒပြသူ များ ဥပဒေမလိုက်နာသည် ဆိုခြင်းကို လက်ခံသော်လည်း အခြားတစ် ဖက်တွင်လည်း နှိမ်နင်းသူများနှင့် ပတ်သက်၍ မေးခွန်းထုတ်ရန် လိုကြောင်းတရားလွှတ်တော် ရှေ့နေဦးကိုနီက ပြောသည်။
''ဆန္ဒပြသူတွေကို နှိမ်နင်း တဲ့သူတွေကရောဥပဒေကိုလိုက်နာ ပါသလား။ ဒီလိုပဲမေးချင်တယ်''ဟု ဦးကိုနီက ဆိုသည်။ သမ္မတအနေ နှင့် တာဝန် ထမ်းဆောင်ချိန်တွင် တာဝန်ရှိပြီး အကြမ်းဖက် နှိမ်နင်းသူများကို အရေး ယူရန် လိုကြောင်း လက်ပံတောင်းတောင် သပိတ်ဖြိုခွင်းခံ ထိခိုက်ဒဏ်ရာ ရသူများအား ကျန်းမာရေး ပြုစုစောင့်ရှောက်မှု ကော်မတီမှ သံဃာတော် တစ်ပါး ဖြစ်သော ဦးဝီရသူက မိန့်ကြားသည်။

''ဒီလို ရာဇဝတ်မှု ကျူးလွန်သူကို အရေးယူပေးရမယ်'' ဟု ဆရာတော်က မိန့်ကြားသည်။ သပိတ်စခန်း ဖြိုခွင်းမှုကြောင့် သံဃာတော်နှင့် လူပုဂ္ဂိုလ် အများအပြား မီးလောင်ဒဏ်ရာရခဲ့ပြီး ယင်းကိစ္စနှင့်ပတ်သက်၍ ပြီးခဲ့ သည့် ရက်ပိုင်းက ပြည်ထောင်စုဝန်ကြီး နှစ်ပါးနှင့် စစ်ကိုင်းတိုင်း ဝန်ကြီးချုပ် အပါအဝင် အစိုးရ တာဝန်ရှိသူအချို့မှ အစိုးရကိုယ်စား သံဃာတော်များကို တရားဝင်အခမ်းအနားဖြင့် တောင်းပန်ခဲ့သည်။

သမ္မတဦးသိန်းစိန်သည် ထား ဝယ်မြို့ကို ဒီဇင်ဘာ ၁၆ ရက်နေ့ က ရောက်ရှိ လာပြီး ဒေသခံများနှင့် တွေ့ဆုံခဲ့ကာနောက်တစ်ရက်ဒီဇင် ဘာ ၁၇ ရက်တွင် ထိုင်းဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ်နှင့် တွေ့ ဆုံပြီး ထားဝယ်စီမံကိန်းကို အတူတကွ သွားရောက်ကြည့်ရှုခဲ့သည်။

Dawei Watch/ Popular Myanmar News


လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ကန့်ကွက်ဆန္ဒပြနေသည့် သပိတ်စခန်းမှ သံဃာတော်များ ထိခိုက်မှုအတွက် စိတ်မကောင်းဖြစ် ရကြောင်း သမ္မတဦးသိန်းစိန်က ပြောသည်။

အောက်ခြေတွင် ညှိနှိုင်းမှု အဆင်မပြေခြင်းကြောင့် ညှိနှိုင်းဖြေ ရှင်းရမည့် အစား တရားဥပဒေစိုးမိုးမှု လုပ်ထုံးလုပ်နည်းအတိုင်း ဆောင်ရွက် ခဲ့သောကြောင့် သံဃာတော်များကို ထိခိုက်ခဲ့ရကြောင်း ၄င်းက ဒီဇင်ဘာ ၁၆ ရက်နေ့တွင် ပြောကြားခဲ့သည်။
''မထိခိုက်သင့်တဲ့ သံဃာတွေ ထိခိုက်သွားတော့ ကျွန်တော်လည်း စိတ်မကောင်း အများကြီးဖြစ်ရပါတယ်''ဟု သမ္မတက ဆိုသည်။သမ္မတ ဦးသိန်းစိန်သည် သပိတ် စခန်းဖြိုခွင်းမှုအပြီး ၁၉ ရက်အကြာ မြန်မာနိုင် ငံ တောင်ပိုင်း မွန်၊ တနင်္သာရီ ခရီးစဉ်အတွင်း ထားဝယ်တက္ကသိုလ်ရှိ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့်တွေ့ဆုံစဉ် ထိုသို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် သမ္မတက ''ဒါတွေကလည်း တရားဥပဒေကို လေးစား လိုက်နာကြ မယ်ဆိုရင် ဒီပြဿနာ တွေဟာ ဖြစ်စရာအကြောင်း မရှိပါဘူး။ တရား ဥပဒေနဲ့အညီ ဆောင်ရွက်နေတာ အချိန်ကာလအားဖြင့် တစ်နှစ်လောက် ရှိပါပြီ'' ဟု ပြောသည်။ သို့သော် တရားဥပဒေ မလိုက်နာသူမှာ မည်သူမည်ဝါ ဟု ထည့်သွင်းပြောဆိုခဲ့ခြင်း မရှိပေ။
စီမံကိန်းရပ်နားရန် ဆက် တိုက် တောင်းဆိုဆန္ဒပြသူများနှင့် သံဃာတော် များ၏ သပိတ်စခန်းကို အကြိမ်ကြိမ် သတိပေးပြီး တန်ဆောင်မုန်းလပြည့် ည နံနက် ၃ နာရီခန့်တွင် အကြမ်းဖက်နှိမ်နင်း ရာ၌ သံဃာတော်များ မီးလောင် ဒဏ်ရာရခဲ့ကြသည်။

ဆန္ဒပြသူ များ ဥပဒေမလိုက်နာသည် ဆိုခြင်းကို လက်ခံသော်လည်း အခြားတစ် ဖက်တွင်လည်း နှိမ်နင်းသူများနှင့် ပတ်သက်၍ မေးခွန်းထုတ်ရန် လိုကြောင်းတရားလွှတ်တော် ရှေ့နေဦးကိုနီက ပြောသည်။
''ဆန္ဒပြသူတွေကို နှိမ်နင်း တဲ့သူတွေကရောဥပဒေကိုလိုက်နာ ပါသလား။ ဒီလိုပဲမေးချင်တယ်''ဟု ဦးကိုနီက ဆိုသည်။ သမ္မတအနေ နှင့် တာဝန် ထမ်းဆောင်ချိန်တွင် တာဝန်ရှိပြီး အကြမ်းဖက် နှိမ်နင်းသူများကို အရေး ယူရန် လိုကြောင်း လက်ပံတောင်းတောင် သပိတ်ဖြိုခွင်းခံ ထိခိုက်ဒဏ်ရာ ရသူများအား ကျန်းမာရေး ပြုစုစောင့်ရှောက်မှု ကော်မတီမှ သံဃာတော် တစ်ပါး ဖြစ်သော ဦးဝီရသူက မိန့်ကြားသည်။

''ဒီလို ရာဇဝတ်မှု ကျူးလွန်သူကို အရေးယူပေးရမယ်'' ဟု ဆရာတော်က မိန့်ကြားသည်။ သပိတ်စခန်း ဖြိုခွင်းမှုကြောင့် သံဃာတော်နှင့် လူပုဂ္ဂိုလ် အများအပြား မီးလောင်ဒဏ်ရာရခဲ့ပြီး ယင်းကိစ္စနှင့်ပတ်သက်၍ ပြီးခဲ့ သည့် ရက်ပိုင်းက ပြည်ထောင်စုဝန်ကြီး နှစ်ပါးနှင့် စစ်ကိုင်းတိုင်း ဝန်ကြီးချုပ် အပါအဝင် အစိုးရ တာဝန်ရှိသူအချို့မှ အစိုးရကိုယ်စား သံဃာတော်များကို တရားဝင်အခမ်းအနားဖြင့် တောင်းပန်ခဲ့သည်။

သမ္မတဦးသိန်းစိန်သည် ထား ဝယ်မြို့ကို ဒီဇင်ဘာ ၁၆ ရက်နေ့ က ရောက်ရှိ လာပြီး ဒေသခံများနှင့် တွေ့ဆုံခဲ့ကာနောက်တစ်ရက်ဒီဇင် ဘာ ၁၇ ရက်တွင် ထိုင်းဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ်နှင့် တွေ့ ဆုံပြီး ထားဝယ်စီမံကိန်းကို အတူတကွ သွားရောက်ကြည့်ရှုခဲ့သည်။

Dawei Watch/ Popular Myanmar News