This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Tuesday, December 11, 2012

လူနေအိမ် တစ်ခုအဖြစ် ပြောင်းလဲ တည်ဆောက်ထားသည့် လန်ဒန်မြို့မှ မျှော်စင်ကြီး


[Image: 2e8bf6f45fb2b01f7bc63e367c45fa81_XL.jpg]
လန်ဒန် ဒီဇင်ဘာ ၉
အင်္ဂလန် နိုင်ငံမှ လေးအော့ စဘွန်းနှင့် ဂရေဟမ် ဗို့စ်တို့ နှစ်ဦးသည် ၎င်းတို့ ပိုင်ဆိုင်သော ၁၉ ရာစုနှစ်က တည်ဆောက် ခဲ့သည့် မျှော်စင် တစ်ခုအား လှပသော လူနေအိမ် တစ်ခု အဖြစ် ပြောင်းလဲဆောက် လုပ်ခဲ့ကြောင်း သိရသည်။
၎င်းမျှော်စင်သည် လန်ဒန်မြို့ အလယ်ပိုင်း၌ တည်ရှိပြီး နေအိမ် အဖြစ် မဆောက်လုပ်မီ ရှေးယခင်က မြို့၏ လှပသော ရှုခင်းတစ်ခု အဖြစ် ရပ်တည် ခဲ့သည်ဟု သိရသည်။

ပြင်ဆင် မွမ်းမံမှုများ ပြုလုပ် ပြီးနောက် ပိုင်းတွင် မျှော်စင်သည် ယခုအခါ ၁၉ ရာစုမှ ဗိသုကာ နည်းပညာနှင့် ခေတ်သစ် နည်းပညာများ ပေါင်းစပ်ထားသည့် အဆောက်အအုံ တစ်ခု ဖြစ်လာ ခဲ့ကြောင်း သိရသည်။
အဆိုပါ အဆောက် အအုံ၌ ကျန်းမာရေး လေ့ကျင့်သည့် အားကစား ရုံတစ်ခု၊ မိုးပေါ်တိုက်ခန်း တစ်ခုနှင့် ဓာတ်လှေ ကားတစ်ခု အပါအဝင် စုစုပေါင်း အခန်း လေးခန်း ပါဝင်ကြောင်း သိရသည်။
ထို့အပြင် ၎င်းတိုက်ခန်း၌ မြို့တော်၏ ရှုမျှော်ခင်း များအား ၃၆ဝ ဒီဂရီမှ ကြည့်ရှု နိုင်ခြင်း၊ နေဝင် ဆည်းဆာ အလှ အပများ ရှုမြင်နိုင်ခြင်းနှင့် သန့်ရှင်းသည့် လေများအား ရှူရှိုက်နိုင်ရန် အတွက် ပြတင်းပေါက် များကိုလည်း တပ်ဆင် ထားခဲ့သည်။
အဆိုပါ မျှော်စင်အား လူနေအိမ် အဖြစ် ပြုပြင် တည်ဆောက်ခြင်းကို ရှစ်လအကြာ လုပ်ဆောင် ခဲ့ရကြောင်း သိရသည်။

ဒီမိုကရေစီနှင့်အတူ ဖြစ်ရသော အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးစံနှုန်းများ------



by Aye Aye Soe Win on Saturday, December 8, 2012 at 5:32pm 

2006 AP Photo by Khin Maung Win: U Shwe Man and two ailing ex-generals Than Shwe and Maung Aye. ၂၀၀၆ အေပီ သတင်းဌာန၏ ဓါတ်ပုံဖြစ်ပါတယ်။
ခု သူတို. ၃ ယောက်မှာ ဦးရွှေမန်း တစ်ယောက်ပဲ လွှတ်တော်မှာတာဝန်ထမ်းဆောင်ဆဲဖြစ်ပါတယ်။
ကျန်တဲ. ၂ ယောက်က အငြိမ်းစားတွေ ဖြစ်ကြပါတယ်။ ထို ၂ယောက် မကျန်းမာကြပါ။
သူတို.သြဇာခံ ထားသူတွေက အပြောင်းအလဲတွေကို ကြောက်ရွံ.စိုးရိမ် နေကြပါတယ်။

သူတို.ဘ၀၊ သူတို. အာဏာစက် ခိုင်သလား၊မြဲသလား။ ဒါကို အချိန်ကပဲ စကားပြောသွားပါလိမ်.မယ်။
ဒီမိုကရေစီနှင်. အတူ ဖြစ်ရသော အကျင်.ပျက်ခြစားမှု တိုက်ဖျက်ရေးစံနှုန်းများ------
Tunisia: ဒီပို.စ်မှာ တူနီး ရှားနိုင်ငံ အကြောင်းနဲနဲပြောချင်ပါတယ်။
--အာရပ်တော်လှန်ရေးတွေ၏ အစ ခေါင်သူကြီး နိုင် ငံက တူနီးရှားဖြစ်ပါတယ်။ တူနီးရှား၏ လူထု လှုပ်ရှားမှု၂ ၀၁၀ ဒီဇင်ဘာ ကနေ -၂၀၁၁ နှစ်ဆန်းလျှင်ဆန်းခြင်း  ထိုနိုင်ငံက ၏ခြစားသမ္မတ အာဏာ ရှင် ဘင်အာလီ က လူထု၏ဒေါသနဲ.ပေါက်ကွဲမှုတွေကို ရင်မဆိုင်နိုင်တဲ.အဆုံး  ဆော် ဒီ အာရေးဘီးယား ကို  ၂၀၁၁ ဂျန်န၀ါရီလမှာ တိမ်းရှောင် ထွက်ပြေးသွားပါတယ်။ ရောက်ပြီး တလအတွင်း၂၀၁၁ ဖေဖေါ်ဝါရီမှာပဲ  ဆော်ဒီနိုင်ငံက ဆေးရုံမှာ နှလုံးရောဂါနဲ.  ဗုန်းဗုန်းလဲပါတယ်။ သူ.ကို တူနီရှားအစိုးရသစ်က အမှုရင်ဆိုင်ဖို. အမြန်ဆုံး မင်းမိန်.နဲ. ဆင်.ခေါ်သည်.တိုင်  တူနီးရှားကို သူပြန်မလာ ရဲပါဘူး။ ဆော်ဒီ အစိုး ရရဲ. စောင်.ရှောက်မှုနဲ.ခုထိ ဆော်ဒီ နိုင်ငံမှာပဲ ခို လှုံနေရပါတယ်။ ဒါပေမဲ. တူနီးရှား အစိုးရသစ်က  ပြီးခဲ.တဲ. ၂၀၁၁ နွေက  တူနီး ရှား ခုံ ရုံးမှာ  တရားခံ မတက်ရောက်တဲ. absentee on trial အနေနဲ.  ရုံး တင် စစ်ဆေး အပြီး ထောင် ၃၅ နှစ်ချလိုက်တယ်။ ဒီနှစ် ၂၀၁၂  ဂျွန်လမှာလည်း ဘင်အာလီကို ၂၀၁၁ တူနိးရှားလူထု အုံကြွမှုမှာ ဆန္ဒပြသူ ၄၃ ဦးကို သတ်ဖြတ်ဖို. အမိန်.ပေးခဲ.တဲ. အတွက် သူ.ကို လွတ်လမ်းမ ရှိ  တသက်တကျွန်းထောင်ဒဏ်ထပ်ချခဲ.ပါသေးတယ်။
ဆော်ဒီသို. ထွက်ပြေးသွားသော တူနီး ရှားသမ္မတဟောင်း ဘင် အာလီနှင်.ဇနီး
ဘင်အာလီကို ကူညီခဲ.တဲ.တူနီးရှား ပြည်ထဲရေးဝန်ကြီးဟောင်းလက်မရွံ. မစ္စတာ ကဆင် လည်း ၂၀၁၂ ဇွန်လမှာ ထောင် ၁၅နှစ်ကျသွားပါတယ်။   ဒီလို  လုပ်ရပ်မျိုး မြန်မာပြည်မှာ ကြားဖူးမြင်ဖူး ချင်လှတယ်။သူများနိုင်ငံတွေမှာ  ဒီမိုကရေစီ ရောင်ခြည်သမ်း ရုံပဲ ရှိသေး။ ခေါင် ဆိုတဲ.ခေါင်တွေ ခွေးပြေးဝက်ပြေး ပြေးနေရ၊ လူကြားထဲ ထွက်လို.မရ။ သူတို.ဆွေမျိုးတွေပါ စတင် အရေးယူခံနေရ အဆွဲခံနေရပြီ ဖြစ်တယ်။  ဘင်အာလီ ၏ ယောက္ဖတော်သူ လည်း မီဒီ ယာ သူဌေးမင်း တိုင်ကုန်း လုပ်ပြီးအာဏာရတွေနဲ.ပူးပေါင်း  ခြစားမှုတွေကြောင်. ၂၀၁၂ မှာ အရေးယူခံရတယ်။
-တူနီူ ရှား--- 
တူနီး ရှား မှာ ဆီကျူလာ ဖြစ်၊ လူမှုဘ၀ဖူလုံရေးကို ဦးစားပေး၊ ၊ လူ ဟာ လူ လို ပဲ ပြည်.ပြည်.စုံစုံ နေရမယ်ဆိုတဲ. ဘာသာရေး အစွန်း မရှိတဲ. အာရပ် နိုင်ငံသား ပညာတတ်တွေရှိတယ်။ စာရေးတတ်တဲ. ဘလော.ဂါတွေ၊ အတိုက်အခံကောင်းတွေ ရှိတယ်။ ပြည်သူ.လူထုဖက်ကပြတ်ပြတ်သားသား ရပ်တည်တဲ. သတင်းစာသမားတွေ  ရှိတယ်။ ၂၀၁၁ အာရပ်နွေဦး တော်လှန်ရေးတွေ အားလုံး၏ ပထမ တွန်း အား က တူနီး ရှား လူထု က  ၂၀၁၁ နှစ်ဆန်းမှာ အာဏာ ရှင် သမ္မတဘင်အာလီ ကို ဖြုတ်ချနိုင်ခြင်းပဲ။ ဒုတိယ အဆင်.က သူ.လူထုက သူ.ကို တလအတွင်း စိမ်ခေါ်တရားစွဲခြင်း ဖြစ်တယ်။ ဒီတော. ဘင်အာလီ ဆော်ဒီအာရေးဗီးယားကို ထွက်ပြေးရ။ ထွက်လေသူ နန်းကခွာ ပြန်လာ လို. မရလေတော. ဆော်ဒီမှာပဲ သေဖြစ်လိမ်.မယ် လို. လူတွေက တွက်ထားကြတယ်။ 
နိုင်ငံတိုင်းမှာ သူရဲကောင်းတွေ ရှိတယ်။
 ၂၀၁၀ ဒီဇင်ဘာ လ မှာ တူနီးရှား နိုင်ငံ ကတောမြို.လေးတခု မှာ (မြန်မာပြည် အာအိုင်တီက ဘုန်းမော် ကျဆုံးခြင်းနဲ. အလားတူ) ကြေကွဲ ထိပ်လန်.စရာ အဖြစ်တခု ပေါ်ပေါက်ခဲ.တယ်။ ဒီ ကြေကွဲစရာဇတ်လမ်း ဟာ တူနီး ရှားနိုင်ငံရဲ.  ခေတ်သစ်တော်လှန်ရေး ဒီမိုကရေစီ တိုက်ပွဲမှာ သိပ်အရေးပါတဲ. ရှေ.ပြေးဖြစ်ရပ် ဖြစ်တယ်။နိုင်ငံတခု ကောင်း ဖို.ရောက်မူ၊ သူရဲ ကောင်းအချို.မှာ ပျက်ရကာရှာ၊ ဓမ္မတာတည်း ဟုလို. စိတ်မကောင်းခြင်းများစွာနှင်.ဆိုရပါမယ်။ ဒီဖြစ်ရပ်ဟာ အခြား အာရပ် နိုင်ငံအမြောက်အမြားမှာ ဒီမိုကရေစီ အသွင်ပြောင်းလဲမှု တွေကို ဆက်တိုက်ဖြစ်စေမဲ.၊ ပထမ မီးပွားဖြစ်ခဲ.တယ်။
မိုဟာမက်ဘိုဇီဇီ  (၁၉၈၄- ၂၀၁၁)
တူနီး ရှား က မိုဟာမက်ဘိုဇီဇီ ၂၀၁၁ ဂျန်န၀ါရီ ၄ ၇က်နေ.မှာ သေဆုံး၊ အာရပ်နွေဦးတော်လှန်ရေး၏ ပထမမီးပွားကို အသေခံပြီးစရှို.ခဲ.သူ၊
ဆိဒီဘူဇိ လို.ခေါ်တဲ.တောမြို.လေးတခုမှာ သစ်သီး တွန်းလှည်းလေးတစ်ခု အရင်းပြုပြီး လူ ၈ ဦး ရှိတဲ.မိသားစု တစ်စုကို လုပ်ကြွေးနေ၇တဲ. ၂၆နှစ်အရွယ် လူငယ်လေး ဖြစ်တယ်။ ဒီဇင်ဘာ ၁၆ ရက်ညမှာပဲ ဘိုဇီဇိ ဟာ ငွေတိုးချေးစားသူတဦးစီက အမေရီကန်ဒေါ်လာ ၂၀၀နဲ. ညီမျှတဲ.ငွေကို ချေးငှားခဲ.ပါတယ်။ နောက်တနေ.ဒီဇင်ဘာ ၁၇ ရက် ၂၀၁၀ မနက်ခင်း၊  ၈နာရီ ၃၀ မိနစ်  လောက်မှာ ချေးထားတဲ. ငွေလေးနဲ. လှည်းအပြည်. ပစ္စည်းဖြည်.၊ ဒီလို အရင်းပြန်မတည်  ဈေး ရောင်းစထွက်ဖို. လမ်းပေါ်ရောက်လာတဲ. ဘိုဇီဇီ သူ. ကြမ္မာဆိုးကို ဖန်တိးမဲ. ရဲမ တဦးနဲ. ထိပ်တိုက်တိုးပါတယ်။   ညက သူ ပိုက်ဆံဒေါ်လာ ၂၀၀ အသစ်ချေးငှားထားတဲ. သတင်း ကိုလည်း အရပ်ထဲက ရဲတွေ သတင်းရထားပြီး ဖြစ်ဟန်ရှိပါတယ်။ ထုံစံအတိုင်းပဲ လမ်းပေါ်မှာ ဖီဒါ ဟမ်မ်ဒီFaida Hamdi အမည် ရှိတဲ. ပုလိပ်မ က စအနိုင်ကျင်. ပါတယ်။ ကောင်လေး ဘိုဇီဇီ က သူ. ၀မ်းစာ ဟင်း ရွက်လှည်းလေးနဲ. ဟင်းသီးဟင်းရွက်တွေသစ်သီးတွေကို မသိမ်းဖို. ပုလိပ်မ  ကို အမျိုးမျိုးတောင်းပန်ရှာပါတယ်။ အရင်ကလည်း ဒီလို ဗိုလ်ကျ အနိုင်ကျင်.တာ ခံနေကြပါ။ သူတို. လို ခေါင်း ရွက် ဗျတ်ထိုးဈေးသည်လေးတွေ၏ တနေ. လုပ်ခ ဆိုတာ အဆင်ပြေပါမှ အမေရိကန်ဒေါ်လာ ၇ဒေါ်လာ (တူနီးရှားငွေနဲ. ၁၁ ဒင်နာ- 11 dinars)ပဲ ရပါတယ်။ ပျမ်းမျှ အရ ဆို ဘိုဇီဇိဟာ တလလုံးဈေးရောင်းမှ အမရိကန် ၁၅၀ နဲ. ၂၀၀ ကြားပဲ ရတာပါ။  ထုံးစံ ဆို ရဲနှောက်ယှက်တာခံရတဲ.အခါ လမ်းဘေးဈေးသည်လေးတွေက သူတို. လုပ်အားခလေးတွေကို တူနီးရှား ရဲကအဓမ္မ တောင်းရင်ကြောက်ကြောက်နဲ. ပေးလိုက် ကြတာပဲ။
ဒါပေမဲ. သမိုင်းဝင် အဖြစ်အပျက်တစ်ခုဖြစ်လာမဲ. ၂၀၁၀ ခုနှစ် ဒီ ဇင်ဘာ ၁၇ ရက် နံနက်ခင်းမှာ--ပုလိပ်မ ဖီဒါ က ဘိုဖီဇိလေး၏ လှည်း၊ ဟင်းရွက် တွေသစ်သီးတွေကို ကောင်လေး အမျိုးမျိုးတောင်းပန်နေတဲ.ကြားထဲက ပစ္စည်းသိမ်းရုံတင်မက ကောင်ကလေးဘိုဇီဇီ ကို ရန်စ စော်ကားမော်ကား လုပ်ပါတယ်။
ဆင်းရဲလို. သစ်သီးရောင်း စားနေရတဲ.ကောင်လေးကို နှိမ်တယ်။ ဟားတယ်။  သေသွားတဲ. သူ. ဖခင် ပါ မကျန် ဆဲဆို စော်ကား၊ လက်နဲ.ပါ နှိပ်စက် ရိုက်ပုတ်ခဲ.ပါတယ်။ပုလိပ်မက သူ. လက်ထောက်တွေနဲ.၊  သူ. အဖေါ်အပေါင်းတွေနဲ.  ကောင်းလေးရဲ.မျက်နှာကို အကြိမ်ကြိမ် ရိုက်ခဲ.၊ အရှက်ခွဲခဲ.ပါတယ်။သူ.လှည်းလေးကိုလည်းရဲတွေ က  ဗိုလ်ကျကျ ဆောင်.တွန်း၊  သူ.ဟင်းရွက်တွေ၊ သစ်သီးတွေကို လမ်းပေါ်မှာဖြန်.ကြဲ ဖျက်ဆီးပစ်ကြတယ်။ (သူတို.ဖျက်ဆီးတဲ. ဟင်းသီး ဟင်း၈ွက်တွေ သစ်သီးတွေ ၏တန်ဖိုးက သူ. တလလုံးလုပ်မှ ရတဲ. လုပ်အားခနဲ.ညီပါတယ်။)  မျက်ရည်တွေကျ စိတ်ထိခိုက်ပေါက်ကွဲနေတဲ. ဘိုဇီဇိ လေးဟာ သူတို.မြို.က မြူနီစပါယ် ရုံးကို တန်းသွားပြီး ဒီ လို ဖြစ်ခဲ.တာကို တိုင်တန်းခဲ.ပါတယ်။ သူ. လှည်းလေးသူပြန်လိုချင်ပါတယ်တဲ.။ လူ၈ ယောက် ရှိသော မိသားစု ၀မ်းရေးအတွက် ဒီ လှည်းလေးပြန်ရဖို. သူ ကြိုးပမ်းခဲ.ပေမဲ.၊ ဘိုဇီဇီ အောင်မြင်မှု မရခဲ.ပါ။
မြို.နယ် အုပ်ချုပ်ရေး ရုံးကလူတွေက လည်း ပုလိပ်မ နဲ. နင်လား ငါလား အတူတူပါပဲ။ ဘိုဇီဇီကို ခပ်ရင်.ရင်. ဆက်ဆံပြီး သူ.အား  မြူနီစပါယ်ရုံး တာဝန်ခံနဲ.တွေ.ခွင်. မပေးခဲ.ပါ။ အဲဒီ.အချိန်မှာ သူ. လှည်းလေး အလုခံအသိမ်းခံရ၊ ပြီးတော. အမျိုးသမီး ရဲမ တဦးစော်ကားတာခံရ အပြီး   စိတ်ခံစားချက်တွေ အမြင်.ဆုံးရောက် ထိခိုက်ပေါက်ကွဲနေပြီဖြစ်တဲ. ဘိုဇီဇီ ဟာ လူမဆန်တဲ. ဒီမြူနီစပယ် အုပ်ချုပ်ရေး ရုံး ရှေ.က ခဏ ခွာပြီး ဓါတ်ဆီတစ်ဗုံးသွား ရှာပါတယ်။ ပြီးတော.--  နောက်တခေါက်ပြန်လာပြီး သူ.ကိုယ်သူ ဓါတ်ဆီလောင်း မီးတင် ရှို.ပြခဲတယ်။ သူ.ကိုယ်သူ  မီးခြစ်ဆံကမီးနဲ. မတို.ခင်မှာ သူ တခွန်းအော် ပြောသွားတယ်။
"ကျနော် ဘယ်လိုလုပ်   အလုပ်လုပ်စား လို.ရပါ.မလဲ၊ ကျနော်တို.လို လူတွေရဲ. ဘ၀ရပ်တည် ခွင်.ဘယ်မှာလဲ၊"
၂၀၁၀ ဒီဇင်ဘာ ၁၇ နံနက် ၁၁ နာရီ မှာ သူ.ကိုယ်သူ မြူနီစပါယ် ရုံးရှေ.မှာမီးတင်ရှို.ခဲ.သူ မိုဟာမက်ဘိုဇီဇီ၊ ၂၀၁၁ ဂျန်န၀ါရီ ၄ ရက် နေ.တွင် ဆေး ရုံမှာ သေဆုံးခဲ.တယ်။
ပြီးတော.။ သူ မီးခြစ်ကို  ခြစ်ပြီး ဓါတ်ဆီတွေ ရွှဲနေတဲ. ပုခုန်းပေါ် အသာတင်လိုက်ပါတယ်။ ဒီဇင်ဘာ ၁၇ရက် ၂၀၁၀ မနက် ၁၁ နာရီ ဆီဒိဘူစိ မြူနီစပါယ် ရုံးရှေ.က (အပေါ်ကပုံထဲကလို) သူ.တကိုယ်လုံးကို ပြင်းထန်စွာလောင်ကျွမ်းစေခဲ.တဲ. မီးညွန်.တွေဟာ ဖေ.ဘွတ်ခ် နဲ. ဆဲလ်ဖုန်း တွေက တဆင်. တူနီးရှားတနိုင်ငံလုံးကို နာရီပိုင်း အတွင်းကူးပြန်.သွားပါတော.တယ်။ တူနီရှားတနိုင်ငံလုံး ၏နိုင်ငံရေးစာမျက်နှာသစ် က ဒီလို မီး လောင်မြိုက်ခံရပြီးသေဆုံးသွားတဲ. ဘိုဇီဇီ  ရဲ.ပုံရိပ်လွှာတွေပဲဖြစ်ပါတယ်။ သူ. တကိုယ်လုံးမှာ မျက်လုံးတွေ၊ နားတွေ၊ ကလီစာတွေ အားလုံး ၉၀% ခန်. ပျက်ဆီး လောင်ကျွမ်းသွားတဲ. မီးလောင်ဒဏ်ကြောင်. ၂၀၁၁ ဂျန်န၀ါရီ ၄ ရက် ညနေ ၅ နာရီမှာ ဘိုဇီဇီ ဆေးရုံမှာပဲသေဆုံးခဲ.ပါတယ်။
ဘိုဇီဇီ မီးပွားကစသော တော်လှန်ရေးမီးတောက် 
ဆီဒိဘူစိမြို.လေးတမြို.က လူငယ်လေးတယောက်၏ ပြင်းထန်မှု က တူနီးရှားနိုင်ငံရဲ. ဒီမိုကရေစီတိုက်ပွဲသာမက အာရပ်နွေဦးတော်လှန်ရေး မီးတောက်အတွဲကြီးတစ်ခုလုံးကို စတင်ခဲ.တဲ.  ပထမဆုံး မီးပွားဖြစ်တယ်။ သူ. ဈာပနက ရိုးရိုးလေးပဲ။ ရွာနီး စပ်ချုပ် စုစုပေါင်း လူ ၅၀၀၀ လောက် တက်ရောက်ဂုဏ်ပြုကြတယ်။ သံလွင်ပင်၊ ဗာဒန်ပင်၊ တွေကြားမှာ တူနီး ရှားနိုင်ငံ၏အလံ အောက်မှာ သူ အိပ်စက်လဲလျောင်းနေတယ်။ သူသေဆုံးသွားပြီး တက်လာတဲ. တူနီး ရှားအစိုးရသစ်လက်ထက်မှာ ဘိုဇီဇီ ကို ဂုဏ်ပြုပြီး တံဆိပ်ခေါင်းတွေ ထုတ် ခဲ.တယ်။
ဘိုဇီဇီ မီးပွားက စခဲ.တဲ. တူနီး ရှား နိုင်ငံ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး တိုက်ပွဲဟာ အချိန်တိုတိုအတွင်း အတော်.ကို အောင်မြင်ခဲ.ပါတယ်။  တစ်နှစ်အတွင်း Tunisia's Corruption Perception's Index (CPI)တူနီး ရှားနိုင်ငံအတွင်းခြစားမှုကိန်းဂဏန်းဖက်ကလည်း ၅ လ အတွင်း ၃ မှတ်တက်လာတယ်။ ၂၀၁၀ နှင်. ၂၀၁၁ မှာ တူနီရှားဟာ လွတ်လပ်တဲ.နိုင်ငံမဟုတ်သေး၊  ၂၀၁၂ အစ က ခု ၂၀၁၂ နှစ် အဆုံးနားမှာ တဖြည်းဖြည်းနဲ.လွပ်လပ်လာစ ပြုနေပြီလို.ပြောလျှင်ရတယ်။ အရင် ၂၀၁၁ မတိုင်ခင်က အမှတ်ပေါင်း ၁၀၀ အနက်  ၄၁ နဲ. ၄၂ ကြားရခဲ.တဲ. တူနီး ရှား နိုင်ငံဟာ ခု ၄၅ မှတ်ရထားတယ်။ ဒါ သူတို.နိုင်င့မှာ ခြစားမှုတွေကို စတင် အရေးယူနေပြီဆိုတဲ. ထင်ရှားတဲ. သက်သေပဲ။ 
တူနီးရှား ဟာ Rank: ၇၅ /၁၇၆
Score: ၄၁ /၁၀၀
ကျွန်ုပ်တို. ဦးသိန်းစိန်၏မြန်မာနိုင်ငံဟာ Rank: ၁၇၂ /၁၇၆
Score: ၁၅/၁၀၀
၁--၁၀၀  ဆိုတဲ. အကျင်.ပျက်မှု ကိန်းပြနှုန်းအမှတ်စဉ်တန်းမှာ အမှတ် နိမ်.လေလေ၊ သိက္ခာ မရှိလေလေ၊ လူ.အခွင်.အရေးမဲ.လေလေ၊ အာဏာ ရှင် ထွန်းကားလေလေ လို. ဘာသာပြန်ရပါမယ်။
ဒီတော.ဦးအောင်မင်း ရှာ အရိုးမပါပဲရှောက်ပြောနေသလို ၊  စစ်အာဏာရှင်တွေ၏ပြန်ကြားရေး ၀န်ထမ်း တပည်.များ၊အခြောင်သမားများ  ၀ိုင်းညာနေကြသလို--သက်သာသာဓကမရှိတဲ.ဒီမိုကရေစီ အသွင်ကူးပြောင်းရေးလမ်းမှာ --အသားပါတဲ. ဥပမာတခုပဲစစ်စစ်မှန်မှန်တွေ.လိုပါတယ်။ အစိုးရအပါအ၀င် အစိုးရက အကာအကွယ်ပေးနေဆဲဖြစ်တဲ. သူခိုးတွေ ဓါးပြတွေကိုအရေးစယူနိုင်မဲ. ဗွေဆော်ဦး ကေ.စ်တစ်ခု မြန်မာပြည်မှာ ပေါ်ပေါက် ခဲ.ပါသလား။ (ကမ္ဘာပေါ်က ၁၇၆ နိုင်ငံ အနက် အဆိုးဆုံးနိုင်ငံတွေ ကတော. ဆိုမားလီးယား ၊မြန်မာနိုင်ငံ ၊ မြောက်ကိုရီးယားနဲ. အာဖဂန်နစ်စတန်နဲ.ဆူဒန် နိုင်ငံတွေပါပဲ )
သူများနိုင်ငံတွေက  ဒီမိုကရေစီ အသွင်ပြောင်းကာလတွေမှာ ကြည်. ချင်စရာ၊ အတု ယူစရာတွေ က မြောက်မြားစွာ။ သူတို. လုပ်နေကြတာတွေက အားရစရာ၊ ၂၀၁၂ ဒိဇင်ဘာ ၈ ရ
က်နေ.က တူနီး ရှားက လူထုက ဆန္ဒပြပွဲမှာ ဘင်အာလီ၏ ခရိုနီ လူတန်းစားကို ထောင်ထဲထည်.၊ အရေးယူကြတဲ.။ ဒီလို ဆော် အောကြတယ်။
ရီမင်က က သံမဏိ အမျိုးသမီးကလေး
မနှစ်က  တာဝါ ကူ ကာ မင် သူမ၏ ရဲဝင်.တဲ. လူထုကြား အခြေခံလှုပ်ရှားမှုတွေ သူမ. ရေးသား ချက်တွေကြောင်. ၂၀၁၁မှာ  ပူးတွဲ ငြိမ်းချမ်းရေး နိုဘယ်လ် ဆု ရသွားတယ်။
From Yemen: Tawakkul Karman, journalist, politician, and human rights activist. Also 2011 Nobel Peace Prize winner
Tawakkul Karman from Yemen.ရီမင် နိုင် ငံသူ တာဝါကူ ကာမင်-- မနှစ်က Liberia က အခြား အမျိုးသမီး ၂ ဦးနဲ. အတူ နိုဘယ် ငြိမ်းချမ်းရေးဆုကို ၂၀၁၁ က ရသွားခဲ.သူ။
ခု ထရန်ပဲ ရန်စီ အင်တာနေရှင်နယ်မှာ သူ.နိုင်ငံအတွက် အလုပ် လုပ်ပေးနေတယ်။တိုင်ပတ်ပြေးနေတဲ. ရီမင် သမ္မတဟောင်း ဆာ.လာ. ကို  အိုင်စီစီမှာ ခုံရုံးတင်ဖို. ကုလသမ္မဂ မှာ လော်ဘီလုပ်တယ်။ ဦးဆောင်တိုက်ပွဲဝင်တယ်။ သူဟာ စစ်မှန်တဲ.သတင်း သမားပီပီ သူ. အလုပ်ပဲသူလုပ်တယ်။ ၂၀၁၁ ဂျန်န၀ါ၇ီ ၁၄ မှာ တူနီး ရှားက ဘင်အာလီ အပြုတ်မှာ သူမ ရေးခဲ.တဲ. စာတွေထဲက ထင်ရှားတဲ. တကြောင်း က "Heroes! We are with you in the line of fire against the evil rulers!"
သူရဲကောင်းတို.--ကမ္ဘာမြေပေါ်က ယုတ်မာ ရိုင်းစိုင်းတဲ. အုပ်ချုပ်သူတွေကို မီး လျှ့များအပြည်.နဲ. ဒီ ရှေ.တန်းမှာ အသေခံပြီး ဆန်.ကျင်ခြင်းအရာမှာ  ငါတို.သည် မင်းတို. နှင်.အတူတူ---တဲ.။ အမေရိကမှာ ဆေးလာကုတဲ. ရီမင် အာဏာ ရှင် အဘဒူ ဆာလာ. ကို ရီမင်က မီဒီယာမှာ ပြန်ပြန်တွေ.နေရလို. သူတို. ၇ီမင် လူထု က ကြီးစွာသော သတိထားကြတယ်။ ပြုတ်သွားတဲ. ရာထူးမရှိတော.တဲ. သမ္မတဟောင်းက ဘာလို.များ ပုန်းအောင်းနေသော်လည်း ( ဦးသန်းရွှေကြီးလို) ဆက် သြဇာရှိနေသေးတာလဲ။
ရီ မင် ကလူထုအုံကြွတော်လှန်မှုကြောင်. အဘဒူ ဆာ လာ. ပြုတ်သွားသလိုလို ရှိပေမဲ. သူ.ကို ယီမင် မီဒီယာတွေ က မကြာမကြာ တင်ပေး နေသေးတယ်။ ဒါကြောင်. ယီမင်မှာ လက်သီးပုန်းပြနေသူများ တပိုင်းတစ အားကောင်းနေဆဲမို.  ရွေးကောက်ပွဲလုပ် နောက်လူသစ် သမ္မတ ကို တင်ထားသည်.တိုင် ( မြန်မာပြည်မှာ ဦး သန်း ရွှေကြီး နောက်က ကြိုးကိုင်သလို) မူလလက်ဟောင်း သြဇာတွေကြွင်းကျန်နေသရွေ.တော. သူတို.နိုင်ငံမှာ တော်လှန်ရေး   မပြီးသေးဘူး လို.  သူတို.ပြည်သူတွေကသိကြတယ်။ (မီဒီယာနဲ. သူယုတ်မာ အာဏာ ရှင် ပူးပေါင်းမိရင် ကမ္ဘာပျက်တတ်တယ်။)
ဒီတော. ဆက်တိုက်ပွဲဝင်နေဆဲ ယီမင်ပြည်သူတွေက တချက်မှ အလစ်မပေးရဲဘူး။  သမ္မတဟောင်း အဘဒူ ဆာလာ.ကို သူ၏ အကြမ်းဖက် သတ်ဖြတ်ထားတဲ. အမှုတွေ၊ တိုင်းပြည်ဘဏ္ဍာ အလွဲသုံးစား လုပ်ထားတဲ.အမှုတွေ၊ အခြားလူ.အခွင်.အရေးဖေါက်ဖျက်မှုတွေကြောင်.၊ ရီမင်ပြည်သူတွေက မဖြစ်မနေ အရေးယူကြပါလိမ်.မယ်။ဒါ ရီမင်ပြည်သူတွေ၏ ဆန္ဒ အစစ်ပဲ။ 
စစ်တပ်အခြေပြု ခရိုနီ စီးပွားရေးခေါင်းပုံဖြတ်စနစ်ပဲ ရှိတဲ. မြန်မာနိုင်ငံမှာ၊ ဘာကို ဘယ်ကစ တွန်းလှန်မလဲ။
ကြေးနီတောင်စီမံကိန်း၊ တရုတ် ကြီးစိုးမှု၊ ဒါတွေက ကြေးနီတောင် မှာ တ ရုတ် ကုမ္ပဏီ ရောက်နေလို. ကြေးနီတောင်တိုက်ပွဲ တ ရုတ်ကြီးစိုးခေါင်းပုံဖြတ်လုပ်ငန်း ဆန်.ကျင်ရေးဆိုတဲ.  အမည် တခုဖြစ်နေခြင်းသာ၊
ခြုံကြည်. ရင် -- တိုင်းပြည်ရဲ. ရန်သူက တစ်မျိုးထဲ၊ တရောင်ထဲ။ ဒီရန်သူကို တချက်သွားပုတ်လိုက်တာနဲ.-- ရန်သူက သံဃာတွေကို မီးလောင်တိုက်သွင်းတယ်။ ဆက်ကြောက်နေဖို.ထက် ၊ ကိုယ်လုပ်ရမှာတွေ ကိုယ်သိနေခြင်း၊ အရွေ.တွေဖြစ်အောင်လုပ်နေခြင်း၊ဒါတွေကသာ  ပို အရေးကြီးပါတယ်။ ။ မြန်မာပြည်မှာ ဘာ ဒီမို ကရေစီမှ မ ရှိသေးဘူး။မရှိသေး မရသေး တဲ.ဒီမိုကရေစီခြောက်ခမ်းသွားမယ်လို.  မခြောက်နဲ.။ ဒီမိုကရေစီကို ဦးတည်နေတယ်လို. ပိုင်နိုင်စွာပြောချင်လျှင်-- မြန်မာ ဥပဒေအထက်က ခြစား၊ လူသတ် လူရမ်းကားကြီးတွေကို ဘယ်လောက် အတိုင်းအတာအထိထိန်းချုပ်နိုင်သလဲ၊ မြန်မာလူထု၏ လူမှု စီးပွား ဘ၀ မည်မျှလွတ်လပ်ခိုင်မာသလဲ ။ ဒီမေးခွန်းတွေကို လုံလောက်စွာဖြေနိုင်မဲ. ဥပမာများနဲ. ဒီမိုကရေစီ ၏စံနှုန်းကို ရှာရမှာ၊ တိုင်းရမှာ  နှိုင်းယှဉ် ရမှာဖြစ်တယ်။
သူတို.ကို တကယ်အရေးယူနိုင်မဲ. ကော်မရှင်မျိုးမြန်မာနိုင်ငံမှာ ဖွဲ.စည်းဖို.အခွင်.အရေး ရှိပါသလား။
တေဇနဲ. မတိမ်းမယိမ်းချမ်းသာတဲ.ဦး အောင်မင်း ၊ ဦးစိုးသိန်း အုပ်စုက ဘာလဲ။ ဇော်ဇော်နဲ.တေဇလို ငတေအုပ်စုတွေကို ရောအရေးယူလို.ရလား။ ဦးသန်းရွှေမိသားစုတွေ၊ ဦး ရွှေမန်းမိသားစု တွေ၊ပြန်ကြားရေးဝန်ကြီး ဌာနနဲ. သူတို.၏လောက်ကောင်များ၊ တိုင်းမှုးများ၏ လုပ်ပိုင်ခွင်.တွေကို မြန်.မာ. ဥပဒေနဲ.  ကန်.သတ်လို. ရလား။ သူတို.လားရာက ဘယ်မှာလဲ။
နိုင်ငံအတွင်းမှာ--ဖြစ်နေတဲ.၊ တဖက်စောင်းနင်း စီးပွားရေး အမြတ်ထုတ်မှု ၊ နှစ်၅၀ လုံးလုံး လူထု ကို အကြမ်းဖက် နှိပ်ကွတ်မှု ဒါတွေကို တိုက်ဖျက်မဲ. အင်အားစုတွေ ရှိနေပါပြီလား။ ရှိနေလျှက် သူတို. ဘယ်လို ရပ်တည်နေကြသလဲ။ အများကြီး မဟုတ်တောင် အတိုင်းအတာတခုအထိ အားကောင်းလာနေပါပြီလား။ ဒီလိုလူမျိုးတွေ လွတ်လပ်စွာ ပြောဆို လှုပ်ရှားနိုင်တဲ. နိုငငံမျိုးမှာပဲ ဒီ မို က ရေစီဆိုတာကို၊ တရားမျှတမှု ဆိုတာ ကို စိတ်ကူး ကြိုယဉ်လို.ရတယ်။ ဥမမာ--တူနိ ရှား။ တူနီး ရှား က ဘလော.ဂါတွေ။ သတင်းသမားတွေ၊ နိုးကြားတဲ. ပညာတတ်တွေဟာ  သူတို.၏လူထု တိုက်ပွဲနဲ. အာဏာ ရှင် သမ္မတ ဘင်အာလီ ကို ဖြုတ်ချနိုင် ရုံသာမက အခြား နိုင်ငံတွေမှာ ပါ အာဏာ ရှင်တွေကို ဒီ လို ဖြုတ်ချလို. ရတယ်လို. နမူနာကောင်းပေးခဲ.တယ်။
တူနီးရှား ကစသော အီဂျစ် ၊လစ် ဗျား၊  နဲ. ရီမင် က အနတ္တနိုင်ငံရေး လက္ခဏာများ။
တူနီရှားမှာလိုပဲ--လစ် ဗျား၊ အီဂျစ် နဲ. ရိမင် မှာ လည်း အာဏာ ရှင်တွေပြုတ်ကျခဲ.တယ်။ ၂၀၁၁ မှာ တူနီး ရှား က မိန်းမလက်ဆွဲပြီး  ထွက်ပြေးတဲ. ဘင်အာလီ က
တလ တတွင်းမှာပဲ မှာပဲ သူတို. လင်မယားခို လှုံနေတဲ.ဆော်ဒီ နိုင်ငံမှာ လေဖြတ် နှလုံး ရော ဂါ ဆိုးဆိုးဝါးဝါးဖြစ် ကြိတ် ကုနေရပါတယ်။ တူနိ ရှား ခုံရုံးက ၂၀၁၁ ဂျွန်မှာ ဘင်အာလီနဲ. သူ.မိန်းမ ကို တိုင်းပြည် ငွေတွေ ခိုးထား လိမ်ထားလို. ထောင် ဒဏ် ၃၅ နှစ် တဲ. ၊ တူနီး ရှားအစိုးရသစ်က   ဆော် ဒီအစိုးရကို  သူတို.စီမှာ ခိုလှုံနေတဲ. တူနီ ရှားသမ္မတဟောင်း ဘင်အာလီ လက်မခံဖို. အကြိမ်ကြိမ် တောင်းဆိုသော်လည်း၊ ဆော်ဒီဘုရင်ဟာ ကမ္ဘာ.ရာဇ၀တ်သားတွေနှင်. သင်.မြတ်အလွမ်းသင်.တဲ. အစဉ်အလာကိုပဲ ထိန်းထားနေဆဲပါ။ သမ္မတဟောင်း ပြည်ပြေး ဘင် အာလီ မပြန် ရဲပါဘူး။ ဒီတော. နိုးကြားသူတွေက ဆက် ဆော်အော်ကြတယ်။ ရှိနေသေးတဲ. ဘင်အာလီ အဆွယ်ပွား ခရိုနီ လက်ကျန်တွေကို ထောင်ထဲ ထဲ.ကြမယ်တဲ.။
Libyan leader Moammar Gaddafi, center, with then-Egyptian President Hosni Mubarak, right, his Yemeni counterpart Ali Abdullah Saleh, center left, and then-Tunisian president Zine El Abidine Ben Ali, far left during a group picture with Arab and African leaders during the second Afro-Arab summit in Sirte, Libya, Sunday, Oct. 10, 2010. (Amr Nabil - AP)
ရှေ.ဆုံးတန်း ၀ဲမှာယာ--တူနီးရှားသမ္မတ ဘင်အာလီ၊ ယီမင် သမ္မတ အဘဒူ ဆာလာ.၊ လစ်ဗျားကအာဏာရှင်ကြီးဂဒါဖီ၊ အီဂျစ်သမ္မတ မူဘာရက်၊ သူတို.အားလုံး၏ အာဏာရှင်စနစ်များ၂၀၁၁ အရောက်မှာ  ဖရိုဖရဲ ပျက်ဆီးသွားခဲ.ပြီ။
ဘာမှ မခိုင်ဘူး။ ဘာမှမမြဲဘူး။အပေါ်က ဒီပုံ ဟာ ၂၀၁၀ နှစ်ကပုံ။ ၂၀၁၁ အာရပ်တော်လှန်ရေးတွေ မစခင် တနှစ်အလိုမှာ ပုံထဲက အာဏာ ရှင် ၄ ဦးဟာ ဟာ ယုံကြည်မှုတွေ အပြည်.နဲ.ပြုံးနေကြတယ်။ တနှစ်ကြာတော.--သူတို. ပြေးရှောင်လို. မရတော.တဲ. ကံ အလှည်.တွေသင်.လာတယ်။ 
ပထမ--တူနီရှား အာဏာ ရှင်သမ္မတ ဘင်အာလီ ပြုတ်တယ်။ ခု ဆော်ဒီရောက် နေပြီး ပြည်ပြေးဘ၀နဲ.ပြင်းထန် တဲ. နှလုံး ရော ဂါ စွဲ ကပ်နေပြီ။
ဒုတိယ--အီဂျစ်သမ္မတမူဘာရက်  ပြုတ်တယ်။ ထောင်ထဲ ရောက်သွားတယ်။  သူ. မတရားယူထားတဲ.ငွေေ မကြာခင်မှာ အီဂျစ်ကလူထု ပြန်ရလိမ်.မယ်။ သူ.ကိုသေဒဏ်ပေးထားတယ်။ ထောင်ထဲမှာနေမကောင်းဘူး။
တတိယ--လစ်ဗျားမှာ တော်လှန်ရေးဖြစ်တယ်။ လစ်ဗျား အာဏာ ရှင် ပြုတ်ရု့သာမက သူ.နောက်ဆုံးရက်တွေမှာ-- ဂဒါဖီ ဟာ အသေဆိုးနဲ. မချိမဆန်. လမ်းဘေးမှာ သေရတယ်။ အသတ်ခံရတယ်လို.ပြောရင်ပိုမှန်မယ်။
စတုတ္ထ--ယီမင်က အာဏာရှင် ပြုတ်တယ်။ အမေရီကမှာဆေးတောင် ဖြောင်.ဖြောင်.မကုနိုင်ရှာဘူး။ ပြင်းထန်တဲ. ယီမင်ပြည်သူလူထုက လမ်းပေါ်အသေခံထွက်ပြီး သူ. ကို ရအောင်ဖြုတ်သွားတယ်။ ကံကောင်းလို.သူ.ကို စက်တင်ဘာက လုပ်ကြံတာ မအောင်မြင်သော်လည်း. သူ တပည်.တွေ လုပ်ကြံခံရတယ်။ ယီမင်က အာဏာ ရှင်အဘဒူဆာလာ. ဟာ ဆင်းသွားရကတည်းက တထိပ်ထိပ်တလန်.လန်.နဲ.။  ခု ဦးသန်းရွှေကြီး တပည်.များလို လို ဖြစ် နေပုံရပါတယ်။ နိုဘယ်ငြိမ်းချမ်းရေးဆုပိုင်ရှင် တာဝါကူ ကာမင် နဲ.တကွ လှုပ် ရှားတက်ကြွတဲ. အဖွဲ.အစည်းတွေက သူ.ကို အိုင်စီစီ မရောက်ရောက်အောင်ပို.ကြမယ်လို. အာမခံထားတယ်။  
မြန်မာပြည်မှာလဲ အဲ သလို တောင်းဆိုတတ်ရမယ်။ တောင်းဆိုစိမ်ခေါ်ရကောင်းမှန်းလည်းသိရမယ်။
မြန်မာနိုင်ငံမှာတော.--ပြည်သူလူထု အကျိုးစီးပွားအတွက် အလုပ် လုပ်နေတဲ. အင်အားစုတွေကို မနေ. တနေ.က အထိ၊ ဒီ နေ. အထိ အကြမ်းဖက် ဖြိုခွဲနေဆဲပဲ။  ဦးသိန်းစိန်နဲ. ဥိးသန်းရွှေ နားမလည်တာက --တော်လှန်သောပြည်သူလူထု၏စိတ်ဓါတ်ကို ဘာနဲ.မှ ဖြိုခွဲလို.မရဘူး ဆိုတဲ.အချက်နဲ. သူတို. နအဖ ထာဝရ မခိုင်မြဲ နိုင်ဘူးဆိုတဲ.ဓမ္မတရားပါ။  ခြစားမှုတွေကို မတိုက်ဖျက်နိုင်ပဲနဲ.တော.၊ အယောင်ဆောင် ဒီမိုကရေစီ ဆိုတာ၊ တော်လှန်ရေး၏အမှိုက်တစ သာ  ဖြစ်ပါလိမ်.မယ်။  ။ဦးပိုင်ဆိုတာ ကိုဖြိုခြင်းဟာ  ခြစားမှုကို ဖြိုတာနဲ.အတူတူ လို. အဓိပ္ပါယ် ရောက်သလို ဒီမိုကရေစီ ၏အခြေခံ အုပ်မြစ်လည်းဖြစ်ပါတယ်။ ဒီအခြေခံအုပ်မြစ်ကိုချဖို. လူထုကြီးက မြန်မာ. လွှတ်တော်ကို စိတ်ရှည်စွာ ထပ်စောင်.ဆိုင်း ပေးနိုင်လိမ်.မယ်လို. မထင်ပါ။
ယီမင်နိုင်ငံက နိုဘယ်လ်ငြိမ်းချမ်းရေးဆုပိုင်ရှင် အမျိုးသမီးလေး တာဝါကူ ကာမင် ၏ တိုက်ပွဲခေါ်သံ စာ တကြောင်းနဲ. ဒီစာကို အဆုံးသတ်ချင်ပါတယ်။ ကြေးနီတောင်တိုက်ပွဲက ဆရာတော်တွေ ရဟန်းတွေအားလုံးကို ဥိးထိပ်ထားပါတယ်။  သူရဲကောင်းတို.--ကမ္ဘာမြေပေါ်က ယုတ်မာ ရိုင်းစိုင်းတဲ. အုပ်ချုပ်သူတွေကို မီး လျှံ့များအပြည်.ရှိနေသော ဒီ ရှေ.တန်းမှာ အသေခံပြီး ဆန်.ကျင်ခြင်းအရာမှာ  ကျွန်ုပ်တို.သည်  အသင်တို.နှင်.အတူတူ---တဲ.။
၂၀၁၂ နှစ်အကူး ၊ ၂၀၁၃ အစက စလို.  မြန်မာနိုင်ငံမှာလည်း အများလိုလားတဲ. အပြောင်းအလဲတွေ ဖြစ်လာကြပါစေ။
ကျေးဇူးပါ။
aye aye soe win
December 9, 2012

Gmail ကနေ ဆော့ဝဲတွေပို့ ချင်တဲ့အခါ ပြုလုပ်နည်း


 

 Gmailကနေ ဆော့ဝဲတွေပို့ ချင်တဲ့အခါမှာ ပုံမှန်အတိုင်းဆို ပို့ လို့ မရပါဘူး အဲ့ကြောင့်

ဆော့ဝဲတွေပို့ ချင်တဲ့အခါမှာ File extensions ကိုပြောင်းပြီးပို့  ရပါတယ် တဖက်လူက

အင်စတောလုပ်ဖို့ အတွက် ဖိုင်နာမည်ကို .exe ဆိုပြီး ပြန်ပြောင်းမှသာ အဆင်ပြေမှာ

ပြီးတော့ Gmail က 25MB အထိပဲ လက်ခံတာဆိုတော့ ကြီးနေရင်ဖိုင်ခွဲဖို့ လိုပါတယ်

အဲ့တော့ 25 အထက်ပို့ ရင်အလုပ်ပိုများပါတယ် Hosting link တစ်ခုခုမှာတင်လိုက်ပြီး

ဒေါင်းခိုင်းရင်လည်းရပါတယ် ပို့ နည်းပေါင်းများစွာရှိပါတယ် သို့ သော်လည်း မေးက

ပိုချင်ရင်တော့ မိမိဆော့ဝဲရဲ့ ဖိုင်နာမည်ကို ပြောင်းလိုက်ပါ ဆော့ဝဲမှာ .exe နဲ့ ဆုံးနေ

တာတွေကို ဖိုင်နာမည် mp3 ဘာညာသရကာပေးပြီးပို့ ရမှာပါ မပြောင်းခင်လုပ်ရမှာ

ရှိပါသေးတယ် Folder Option မှာ သွားပြင်ရမှာ။Control pennel ထဲက သွားလုပ်ရင်

လည်းရသလို အဆင်ပြေတဲ့  နေရာကသွားပါ ။ Folder option မှာ အမှန်ချစ်ဖြုတ်ရမဲ့

စာလေးက Hide extension for know file types ဆိုတာလေးပါ ပြီးရင် Apply = ok

အဲ့တာဆိုရင် Mail ထဲကနေ attach file နဲ့ ပို့ နိုင်ပြီးဖြစ်ပါကြောင်း.........................။

ယောင်္ကျားလေးများအား ခွင့်လွတ်သင့်သောအချက် (၁၀) ချက်


၁။ သူဖွင့်ပြောတာကို ကောင်မလေးတွေငြင်းလိုက်တယ် ဆိုပေမဲ့ သူသင့်ကိုအရမ်းကျေးဇူးတင်နေမှာပါ။

၂။ သင်တကယ်ချစ်ရင် သင့်ရဲ့စိတ်ရင်းကိုပြောပြလိုက်ပါ…စောင့်မနေပါနဲ့။ကောင်လေးတွေဟာအသဲကွဲနာကျင်ရင်ပြန်မကောင်းတတ်လို့ပါ။

၃။ သင်သိပ်မဆိုးပါနဲ့။ သူတို့မှာလည်း အတိုင်းအတာတစ်ခုတော့ရှိတာပေါ့။



၎။ သင့်အပေါ်သူဆိုးနေတယ်ဆိုတာဟာ သင့်ကိုချစ်လို့ပါ… သင့်ကို အရင်းနှီးဆုံး၊နားလည်မှုအပေးဆုံး လို့သတ်မှတ်ထားလို့ပါ။



၅။ သင့်အတွက် ဆိုပြီးပေးတဲ့ ဟာတွေကို သင်ကမကြိုက်ဘူးဆိုပြီးမလုပ်ပါနဲ့ သူတစ်ညလုံးစဉ်းစားထား တဲ့အတွေးတွေပါတယ်။



၆။ သူ့ကိုယုံကြည်ပါ အားပေးပါ သင့်အတွက် လုပ်ဆောင်နေတာချည်းပါပဲ။



၇။ သူ့ကိုသံသယမ၀င်ပါနဲ့ "ဘယ်သွားမလဲ" ဆိုတဲ့မေးခွန်းမေးမဲ့အစား "သတိထားသွားလို့ ပြောပါ။



၈။ ချစ်တယ်ဆိုတာပဲပြောမနေနဲ့ ဒါပေမဲ့ မပြောဘဲနဲ့လဲမနေနဲ့ တခါတရံ သူတို့က ဒီစကားကိုပိုကြား ချင်တယ်။



၉။ သူသင့်အတွက်မျက်ရည်ကျတယ်ဆိုတာ တကယ်ချစ်လို့ပါ.. သူငိုရင် လက်ကလေးကိုကိုင်ပြီး မျက်ရည်တွေကို သုတ်ပေးပါ။



၁၀။ သူကို ယုံကြည်ပါ.. သူသင့်ကို မလိမ်ပါဘူး လိမ်ခဲ့တယ်ဆိုရင်တောင် White lie ပါ။ သင်တို့ရဲ့ အချစ်ခိုင်မြဲဖို့ အတွက်ပါ။



နားလည်မှုတွေပေးရင်း ပျော်ရွှင်နိုင်ပါစေ။

ဆူးလေစေတီတော် သမိုင်း






ဆူးလေစေတီတော်တည်နေရာ ရန်ကုန်မြို့လည်ခေါင်၊ မြို့တော်ခန်းမအနီးဉာဏ်တော် ၁၅၁-ပေ ကျော်ကြားမှု မြို့လည်ခေါင်မှ ကပ်ကျော်ဘုရားဆူးလေစေတီတော်သည် ရန်ကုန်မြို့လည်ခေါင်ရှိ ဆူးလေဘုရားလမ်းနှင့် မဟာဗန္ဓုလမ်းဆုံ (မြို့တော်ခန်းမအနီး)တွင် တည်ရှိသည်။
သမိုင်းကြောင်း
သီဟဒီပမင်းကြီးသည် ရဟန္တာအရှင်သူမြတ်တို့၏ သာသနာပြု ရည်မှန်းချက်အတိုင်း သာသနာတော် ထွန်းကားပြန့်ပွားရေးအတွက် အမတ်သူရဲကောင်းများအား လမ်းညွှန်ချက်ပေး၍ သာသနာခရီးကို စီစဉ်ပေးခဲ့သည်။ အမတ်သူရဲကောင်းတို့သည်လည်း ဘုရင်ညွှန်ကြားချက်အတိုင်း ဗုဒ္ဓမြတ်စွာ၏ ဓာတ်တော်၊ ဆံတော်များအား ပင့်ဆောင်၍ ရွှေတိဂုံ စေတီတော် ကြီးတည်ရာ သိင်္ဂုတ္တရ ကုန်းတော်ပတ်လည်တွင် စေတီတော်များ တည်ထားကိုးကွယ်ရန် ကြိုးစားစွမ်းဆောင်မှုများ ပြုခဲ့ကြသည်။ သမိုင်း အထောက်အထားများအရ ဆူးလေစေတီ တော်အား အသုတ်အမတ် ကြီး တည်ထားသည်ဟုသိရ၏။ သူရဲကောင်း အသုတ်အမတ်ကြီး တည်ထားသဖြင့် သမိုင်းအချို့တွင် “ကျိုက်အသုတ်” ဘုရားဟုတွေ့ရ၏။ ကျိုက် - ဘုရား၊ အသုတ် - အမတ်ကြီးဟု အဓိပ္ပါယ်ရ၏။ အသုတ်အမတ်ကြီး ဘုရား ဟုဖွင့်ဆိုရမည်ဖြစ်၏။ သို့နှယ်ပင် အချို့ပညာရှင်တို့က အသုတ်ဟူသည်မှာ ဆံတော်ဟု ဖွင့်ဆိုကြသဖြင့် “ဆံတော်ဘုရား” ဟု ခေါ်ဆိုနိုင်၏။
သို့နှယ်ပင် အချို့သမိုင်းပညာရှင်တို့က ဥက္ကလာပမင်းကြီး ရွှေတိဂုံဆံတော်ရှင်တည်ထားရာ သိင်္ဂုတ္တရ ကုန်းတော် အားရှာဖွေစဉ် စုဝေးတိုင်ပင်ရာဌာနဖြစ်သဖြင့် “စုဝေးစေတီ”ဘွဲ့မည် တွင်သည်ဟုလည်း ဆိုကြ၏။ ဤကဲ့သို့ပင် အချို့က ဘဒ္ဒကမ္ဘာ၌ ပွင့်တော်မူမည့် ဘုရားရှင်တို့အား မီလိုက်သည့် လေးဆူနတ်ကြီးတို့၏ စုဝေးနေရာ၌တည်ထားသောကြောင့် “လေးဆူစေတီ” ဟုခေါ်တွင် ကြသလို ကာလရွေ့လျားခဲ့ပြီး ပဋိလောမပြန်၍ “ဆူးလေစေတီ” ဟုခေါ်တွင်သည်ဆိုကြ၏။ မည်သို့ဖြစ်စေ ဆူးလေစေတီသည် ရွှေတိဂုံ စေတီတော် ကြီး၏ တောင်ဘက်အရှေ့သို့ စဉ်းငယ်ယွန်း သည့်တာ (၉၀၀) ခန့်အကွာ တောင်ကုန်းအမြင့် တွင်တည်သည်ကမူအမှန်ပင်။
ဆူးလေစေတီတော်၏ ပရိဝှုဏ် အကျယ်အ၀န်းမှာ (၂.၁၈၁)ဧကရှိပြီး အရှေ့နှင့် အနောက်အလျားပေ (၃၂၂)ပေ တောင်မြောက် အလျားပေ (၂၉၁)ပေ၊ ရင်ပြင်မှငှက်မြတ်နား စိန်ဖူးတော်အထိ ဉာဏ်တော်ပေ (၁၅၁)ပေအမြင့်ရှိသည်။ ဆူးလေစေတီတော်သည် ပန်းတင်ခုံဖိနပ်တော်မှစ၍ ငှက်ပျောဖူး အထိ ရှစ်မြှောင်ကိုယ်ထည်ရှိသည်။ အရပ်ရှစ်မျက်နှာ ပူဇော်ခံရာအဖြစ်ရည်မှန်းဟန်တူသည်ဟု ဖွင့်ဆိုကြ၏။ ပန်းတင်ခုံ၊ ဖိနပ်ခုံ၊ ရှစ်ထောင့်မှာ မဂ်္ဂင် တရား ရှစ်ပါးအားရည်မှန်းခြင်းဖြစ်၏။ ကြာဝန်းသုံးရစ်ပါရှိရာ ရတနာသုံးပါးကို ညွှန်းသည်ဟု ဖွင့်ဆိုနိုင်၏။ ခေါင်းလောင်း သပိတ်မှောက်မှာ အရိယာတို့၏ ကျင့်စဉ်ဖြူစင်သည့် ဘ၀ကိုရည်မှန်းခြင်းဖြစ်၏။ ဖောင်းရစ်ကိုးရစ် ပါရှိနေခြင်းသည် လောကုတ္တရာကိုးပါးအား ရည်မှန်းခြင်းဖြစ်၏။ ကြာမှောက်ကြာလှန်၊ ငှက်ပျောဖူးတော်၊ ငှက်မြတ်နားတော် တို့မှ ဗုဒ္ဓဓမ္မစက်တော်သန့်စင်မွန်မြတ်ခြင်းဟု လောကုတ္တရာ တရားအလုံးစုံအား လောကီအမြင်နှင့် စပ်ဟပ် ပေါင်းစပ်ပြီး ရှေးခေတ်ဗိသုကာပညာရှင်များ တင်စားခဲ့သည်ဟု ဆိုရမည်ဖြစ်၏။
သိဖွယ်မှတ်ဖွယ်များ
ဆူးလေစေတီတော်သည် အလောင်းမင်းတရားကြီး ရာမညတိုင်းအား သိမ်းပိုက်စဉ် ဒဂုံမြို့သို့ ၀င်ရောက်နားတော် မူသည့်အခါ ဒဂုံမြို့သည် ယာတောမြေအဖြစ်ရောက်နေပြီဆိုရမည်။ အလောင်းမင်းတရားကြီးသည် ၁၇၅၅-ခုနှစ်၌ ရွှေတိဂုံစေတီတော်အား ဖူးမြင်ပြီး ရန်အပေါင်း ကုန်သော နိမိတ်အဖြစ် ဒဂုံမြို့အား ““ရန်ကုန်မြို့””ဟု ဘွဲ့မည်တပ်ပြီး မြို့သစ် တည်ခဲ့၏။ အလောင်းမင်းတရားတည်သည့် ရန်ကုန်မြို့သည် အကျယ် အ၀န်းအားဖြင့် (၁၁၁၉)တာခန့် ကျယ်ဝန်း၏။ ရန်ကုန်မြို့အား သစ်တပ်မြို့အဖြစ် ကျုံး၊ မြောင်၊ တံခါး၊ ပြအိုး စသော မြို့အင်္ဂါနှင့် တည်ခဲ့သည်။ နယ်နိမိတ်အကျယ်အ၀န်းမှာ မြောက် ဘက်တွင် ဆူးလေဘုရား တောင်ဘက်တွင် ရန်ကုန်မြစ်၊ အရှေ့ဘက်၌ ကုန်သည်လမ်းဝန်းကျင်၊ (ဂျူဒါအီစကယ်လမ်း) အနောက်ဘက်တွင် လမ်း(၃၀)သို့မဟုတ် စစ်ကဲမောင်ထော်လေးလမ်း ၀န်းကျင်ဖြစ်၏။
ထိုစဉ်က ဆူးလေစေတီတော်သည် သစ်တပ်မြို့ရိုး အပြင်တွင် ရှိပြီးရေပတ်လည်ဝိုင်းရံလျှက် ရှိသည်။ ကုန်းမြင့်ပေါ်မှ စေတီတစ်ဆူအဖြစ်ရှိနေ၏။ အလောင်းဘုရားမြို့တည်စက လူဦးရေ တစ်သောင်းခန့်သာရှိသော်လည်း ပင်လယ်ဆိပ်ကမ်းမြို့ဖြစ် ခဲ့သည်အလျှောက် လူဦးရေတိုးတက်လာသည့် အလျှောက် ကူးသန်းရောင်းဝယ်ရေး လုပ်ငန်းများကြီးထွားလာပြီး အချက်အခြာဒေသဖြစ်လာခဲ့၏။ မြန်မာသက္ကရာဇ် (၁၂၀၃)ခုနှစ်၊ ရွှေဘိုမင်း(ခ) ဟံသာဝတီမင်း(ခ) ကုန်းဘောင်မင်း၊ အမရပူရမြို့တော်မှ ဒဂုံ(ရန်ကုန်)သို့ ကြည်းကြောင်းရေကြောင်းနှင့် မဟာဗျူဟာ နည်းဗျူဟာ အပြည့်နှင့် ကြွချီခဲ့၏။ ထိုစဉ်က ရွှေဘို(ခေါ်) သာယာဝတီမင်းနှင့် အလောင်းဘုရားတည်ထားခဲ့သည့် ရန်ကုန်မြို့အား တိုးချဲ့လျှက် အောင်မြေရန်နှင်းမြို့သစ် အဖြစ် ကမ္ဗည်းတင်ခဲ့သည်။ ထိုအခါ ဆူးလေစေတီသည် မြို့သစ်နယ်နိမိတ်အတွင်းသို့ ရောက်ခဲ့၏ ဆူးလေစေတီ၏ ၀န်းကျင်တွင် ရွံ့ဗွက်၊ ရေအိုင် နှင့်တောချုံများ ထူထပ်စွာပေါက်ရောက်နေ၏။ ဒီရေအတက်အကျ ဖြစ်ပေါ်၍ စေတီတော်ဝန်းကျင်ကို ဒီရေလွှမ်းမိုးမှု ရှိခဲ့သည်။ စေတီအနီးဝန်းကျင်ရှိ ဗွက်တောများ အလယ်၌ပင် ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းများတည်ရှိခဲ့သည်ဟုဆို၏။ သစ်ပင်များ အုပ်အုပ်ဆိုင်းဆိုင်းရှိသဖြင့် ရေပြင်ကျယ်နှင့် ကြည်နူးဖွယ် အေးချမ်းနေသည်ဟုဆို၏။
ဆူးလေစေတီ၏ အနောက်ဘက်စောင်းတန်းသည် ယခုတည်ရှိသည့် ဆက်သွယ်ရေးရုံးအထိရှိသည်ဟု ဆို၏။ မြန်မာ သက္ကရာဇ် (၁၂၁၄)ခုနှစ် အင်္ဂလိပ်မြန်မာ ပထမစစ်ပွဲပြီးချိန်အထိ ဗန္ဓုလပန်းခြံ၏ တောင်ဘက်ကျွန်းနေရာများသည် ရေလယ်ကျွန်း ဖြစ်နေသည်။ ဆူးလေဘုရားသို့ကူးရန် ကျောက်တံတား တစ်ခုတည်ဆောက်ထားသည်ဟု အဆိုရှိ၏။ ရေလယ်ကျောင်းများ ယခင်က ဆူးလေလမ်းကိုလျှောတန်းလမ်းဟု ခေါ်ခဲ့ပြီးနောင်တွင် ဆူးလေဘုရားလမ်းဟု တွင်ခဲ့၏။ ကျောက်တံတားလမ်း ဟု ခေါ်လည်းရှိ၏။ ထိုစဉ်က ဆူးလေစေတီတော်၏ အနောက်တောင်ဘက် မနီးမဝေးတွင် ကျိုက်မဲ သံကရော(ခေါ်) ကျိုက်မြတ်သံချို စေတီနှင့် ရဟန္တာသိမ်တော်ကြီးလည်းရှိသဖြင့် ဘုရားဖူးများ စည်ကား နေသည်ဟုဆို၏။
အင်္ဂလိပ်မြန်မာဒုတိယစစ်ပွဲအပြီး၌ အင်္ဂလိပ်တို့သည် ရန်ကုန်မြို့အား အစိုးရရုံးစိုက်ရာဟု သတ်မှတ်ခဲ့၏။ ထို့အတူ ကော်မရှင်နာမင်းကြီး ဆာအာသာဖယ်ရာကာမြို့သစ်တည်ရန် အမိန့်နှင့် အတူတောင်ကုန်းဖြိုခြင်း၊ အနိမ့်ပိုင်းမြေဖို့ခြင်း၊ လမ်းဖောက်ခြင်းများပြုခဲ့သလို စေတီပုထိုးများ၊ ဘုန်းတော်ကြီး ကျောင်းများအား ဖြိုဖျက်ခဲ့သည်။ မြို့ကွက်နှင့် မလွတ်ဟု အကြောင်း ပြကာ ဆူးလေ၀န်းကျင်ရှိ ဘုန်းတော်ကြီးကျောင်း(၅၀)အား သရက်ဥယျာဉ်တည်ရှိရာသို့ ဖယ်ရှားပြောင်းရွှေ့ခဲ့၏။ အင်္ဂလိပ်နယ်ချဲ့တို့သည် ကျိုက်မြတ်သံချို စေတီအား ဖြိုဖျက်ခဲ့ပြီးနောက် တဆင့်လှမ်းတက်ခါ ဆူးလေစေတီကြီးအား ဖြိုဖျက်ရန် ကြိုးပန်းကြ၏။ အာဏာပိုင်တို့အား ဆူးလေစေတီသည် လမ်းဆုံလမ်းခွတွင်ရှိသည့် စေတီဖြစ်သဖြင့် ဖြိုဖျက်သင့်သည်ဟု တင်ပြကြ၏။
သို့သော် အင်္ဂလန်တွင်ရှိသည့် ၀ိတိုရိယ ဘုရင်မကြီးက `ဆူးလေစေတီသည် ထူပါစေတီဖြစ်သဖြင့် မတူးဖြို၊ မဖျက်ဆီးရ ဆူးလေစေတီအားကွေ့ပတ်သွားရမည်´ဟု အမိန့်ပြန်ကြားခဲ့၏။ ယင်းသို့ ပြန်ကြားသော်လည်း အင်္ဂလိပ်နယ်ချဲ့တို့သည် လုပ်ပိုင်ခွင့် အာဏာကို အသုံးပြု၍ ဆူးလေစေတီတော် ၀တ်္တကမြေဖြစ်သည့် ကုန်းတော်အောက်ခြေများအား တူးဖြိုဖဲ့ချကြ၏။ မြေညှိပြီး ၀တ္တကမြေကို မြို့သစ်အတွင်းထည့်ခဲ့၏။ ထို့ကြောင့် ဆူးလေစေတီသည် မှန်ကူကွက်သဏ္ဍာန် ကုန်းတော်ငယ်ဖြစ်နေခြင်းဖြစ်၏။ ဆူးလေစေတီတော်၏ ခြေတော်ရင်း ပတ်လည်တွင်ရှိသည့် ဂန္ဓကုဋိတိုက် တန်ဆောင်းနှင့် စောင်းတန်းစသည့် သာသနိက အဆောက်အအုံများ ပျက်စီးခဲ့ရ၏။ နယ်ချဲ့အာဏာပိုင်များ၏ ဈေးပြိုင်စနစ်ဖြင့် ရောင်းချမှု ကြောင့် ဗန္ဓုလပန်းခြံ(ယခင်ဖိုက်စကွဲယားပန်းခြံ) ဗလီကြီး၊ မြို့တော်ခန်းမ စသည့်အဆောက်အဦးများ ပေါ်ပေါက်ခဲ့ရ ခြင်းဖြစ်သည်။
ဆူးလေဘိုးဘိုးကြီး သမိုင်း
ဤဘဒ္ဒကမ္ဘာတွင် ပွင့်ခဲ့သည့် မြတ်စွာဘုရားရှင် လေးဆူအားမှီလိုက်သည့် သက်တော်ရှည် ““လေးဆူနတ်ကြီး”” ဟု သမိုင်းစဉ်များတွင် တွေ့ရသည်။ လေးဆူနတ်ကြီးသည် ရွှေတိဂုံစေတီတော်အား တည်ထားကိုးကွယ်ရန် နေရာဖြစ်သည့် သိင်္ဂုတ္တရကုန်းမြေအား ညွှန်ပြပေးခဲ့သည့် ဘိုးဘိုးကြီးများအနက် တစ်ပါးဖြစ်၏။ ယခင်က လေးဆူနတ်ကြီး ဟုလူသိများခဲ့ပြီး ထိုနေရာတစ်ဝိုက်တွင် နေထိုင်သူများ၏ ကိုးကွယ်ဆည်းကပ်မှုကို ခံခဲ့ရသည်။ ယုံကြည်မှုလွန်ကဲသည့် မြန်မာလူမျိုးများသည် ယုံကြည်မှုနှင့်အတူ အားကိုးအားထား ပြုခဲ့သည်လည်း ရှိသည်။ လုပ်ငန်းဆောင်တာ လုပ်ကိုင်ရာတွင်ဖြစ်စေ၊ အခက်အခဲ ကြုံခဲ့သည့်အခါတွင်ဖြစ်စေ၊ လေးဆူနတ်ကြီးအား ပသပူဇော် အဓိဋ္ဌာန် ပြုခြင်းများ ပြုလုပ်ခဲ့ကြသည်နှင့်အညီ အောင်မြင်မှုများစွာ ရခဲ့သည့် သာဓကများရှိခဲ့သည် ဟု ဆို၏။
ထို့ကြောင့် လူအများသည် ဤလေးဆူနတ်ကြီးအား ထိုနေရာတွင် နတ်နန်းပြုလုပ်၍ ပူဇော်ခဲ့သည့် အစဉ်အလာ ရှိခဲ့သည်။ ရှေးသူဟောင်းတို့ စကားလည်းရှိ၏။ အချို့၏စကားအရ လေးဆူနတ်ကြီးသည် ရန်ကုန်မြို့လယ် အား ပိုင်သူဟု ဆို၏။ အဓိဋ္ဌာန်နှင့် လုပ်ငန်းလုပ်၍ အောင်မြင်လျှင် တတ်နိုင်လျှင် တတ်နိုင်သလောက် ၀တ်လဲတော် ပုဆိုး၊ အင်္ကျီပုဝါမှ အစ ငွေအသပြာတတ်နိုင်သ၍ ပူဇော်ကြသည်။ လေးဆူနတ်ကြီးသည် နတ်သက်ရှည်သူဖြစ်ပြီး ကောင်းမှု ကောင်းကျိုးပြုသူဟုလည်း ဆို၏။ လူအများသည် လေးဆူနတ်ကြီးသည် လူအများ၏ အပူဇော်ခံ ဘ၀သို့ ရောက်ခဲ့ပြီး လေးဆူနတ်ကြီး နေထိုင်သည့်နယ်တွင် စေတီဘုရား တည်ထား ကိုးကွယ်သည့်အခါ ထိုစေတီဘုရား၌ လေးဆူနတ်ကြီးအား သီးခြား နန်းပြုလုပ်၍ ပူဇော်ကြ၏။
“လေးဆူနတ်ကြီး” အား ဆူးလေစေတီတော် အတွင်း၌ သီးခြားနန်းတည် ကိုးကွယ်၍ ကာလရှည်ကြာ ကိုးကွယ်မှုကြာလာသည့်အခါ လူအများ၏စိတ်ထဲ၌ လေးဆူနတ်ကြီးအား ဆူးလေ စေတီတော်အား အစွဲပြု၍ ““ဆူးလေဘိုးဘိုး ကြီး”” ဟု ခေါ်တွင်လာခဲ့ကြသည်။ စင်စစ် လေးဆူနတ်ကြီးသည် လေးဆူနတ်ဟုခေါ်ခဲ့သော်လည်း သာမန်နတ်မျိုး နတ်နွယ် မဟုတ်၊ ဘဒ္ဒကမ္ဘာတွင် ပွင့်တော်မူသည့် ဘုရားရှင်များအား မှီလိုက်သော နတ်ဖြစ်သည်။
ရှေးသူဟောင်း အချို့က သူတော်စင်နတ်ဟုခေါ်၏။ မကောင်းသူပယ်၊ ကောင်းသူကယ်၏။ သာသနာအတွက် ဘ၀နာတရားကိုးစားသူဟုဆို၏။ ကောင်းမှုကောင်းကျိုးပြုသူများ၊ ဘာသာ သာသနာအကျိုးပြုသူများအား ဆောင်မမည်ဟု ဆို၏။ ဆူးလေဘိုးဘိုးကြီး ၏ နန်းထိမ်းတစ်ဦးက ဆူးလေဘိုးဘိုးကြီးအား ““သက်တော်ရှည် သူတော်စင် နတ်မင်းကြီးတစ်ပါးပဲ၊ ဆူးလေ ဘိုးဘိုးကြီးဟာ ရန်ကုန်မြို့လယ်ကို ပိုင်စိုးထိမ်းသမ်းထားသူ လည်းဖြစ်တယ်။ မြို့လည်တစ်ဝိုက်မှာ လုပ်ငန်းလုပ်သူတွေ၊ အားကိုးအားထားပြု တိုင်တည်အလုပ်လုပ်ရင်း အများကြီး အောင်မြင် ထမြောက်နိုင်တယ်”” ဟုဆို၏။ ထို့အတူ နန်းထိမ်းဟောင်း ကြီးက ဆူးလေဘိုးဘိုးကြီးဟာ ဘာသာသာသနာအတွက် စောင့်ထိန်းသူဖြစ်လို့ ဘာသာသာသနာ အကျိုးပြုသူတွေကို ပိုပြီး စောင်မကြည့်ရှုတယ်။ ဆူးလေဘိုးဘိုးကြီးကို တိုင်တည်အလုပ် လုပ်သူဟာ ကံငါးပါးလုံခြုံရမယ် ဟုဆို၏။
ဘုရားသမိုင်းမှကူးယူလှူဒါန်းပူဇော်သည်။

အတွေးပွားစရာ တွိုင်းလက် ပြဿနာ


ခေါင်းစဉ်ဖတ်ပြီးတော့ တွိုင်းလက်ပျက်တာတို့ ပြင်ချင်တာတို့အကြောင်းပြောတော့မယ်လို့တော့ မထင်လိုက်စေချင်ပါဘူး။ လူတိုင်းတစ်နည်းမဟုတ် တစ်နည်းအခုနောက်ပိုင်း ကြုံချင်လည်းကြုံဖူးမယ့် ကိစ္စလေးကို ဖောက်သည်ချမလို့ပါ။ ဒီနေ့မနက် အိပ်ရာထနောက်ကျတာကော အလုပ်ရှုပ်နေတာကောနဲ့ အဆောင်မှာတင် ကိစ္စမပြီးခဲ့သေးတဲ့ ကျွန်တော် ရုံးရောက်တော့လည်း အလုပ်က တနလာင်္မနက်တို့ရဲ့ ထုံးစံအတိုင်း ဘာရယ်လို့ ပြစရာမရှိတဲ့ အလုပ်တွေနဲ့ပိပြီး နေ့ခင်းလောက်မှ အေးအေးဆေးဆေး ကိစ္စသွားရှင်းနိုင်တော့တယ်။

ရုံးမှာဆိုတော့ မိန်းကလေး ယောက်ျားလေး ခွဲထားပြီး များများလည်း ထားပေးရတဲ့ ထုံးစံအတိုင်း ကျွန်တော်တို့ ရုံးကတော့ ငါးလုံးတွဲလိုက် ဘိုထိုင်ပေါ့နော်။ အဲမှာ ကျွန်တော်လည်း လွတ်နေတဲ့ နေရာတစ်ခုကို ဇိမ်ကျကျနဲ့ ထိုင်မယ်လုပ်လိုက်တဲ့အချိန်မှာပဲ ကျွန်တော်နဲ့ ကပ်ရက် အခန်းကနေ ချွင်ချွတ် ချွင်ချွတ် ဆိုတဲ့အသံ စကြားရတော့တာပဲ။ ဟ ဘာသံလည်းပေါ့။ ကိုယ့်ဘာသာ အာရုံမရတော့ပဲ အဲဒီအသံကိုပဲ လိုက်ပြီး နားစွင့်နေမိတယ်။ ဘယ်လိုလည်းပေါ့။ ရေဆွဲချဖို့ အားယူနေတာလည်းမဟုတ်။ ဘယ်လိုအသံပါလိမ့်ဆိုပြီး စဉ်းစားလိုက်တာ လားလား နောက်ဆုံးမှပဲ သိရတော့တယ်။ ကိုယ်ရွှေချောက ကိစ္စရှင်းတာကော ဖုန်းနဲ့ မက်စိပို့တာကော လုပ်နေလေရဲ့လေ။ ဒါကြောင့် ချွင်ချွတ် ချွင်ချွတ်နဲ့ကို အဆက်မပြတ်ကြားနေရတော့တာ။ အဲကျမှ ကိုယ့်မှာလည်း ကောင်းကောင်း ကိုယ့်ကိစ္စကို အာရုံထားနိုင်တော့တယ်။ အခုနောက်ပိုင်း မိုဘိုင်းဖုန်းတွေ ဘယ်လောက်ထိ ကျယ်ပြန့်လာလည်းဆိုတာ အစောလေးက ကိစ္စကိုကြည့်ရင်ကိုသိနိုင်ပါတယ်။ ငါးမိနစ် ဆယ်မိနစ်ကို ဖုန်းနဲ့ ခွဲမနေနိုင်ဘူးဆိုတဲ့ သဘောမျိုးဖြစ်နေကြတော့တယ်။ အချိန်ရှိခိုက် ဖုန်းနဲ့ လုံ့လစိုက်နေကြတော့တာပါပဲ။

ဟိုးအရင်ကတော့ မိုဘိုင်းဖုန်းတွေ အခုလို တွင်တွင်ကျယ်ကျယ်မသုံးခင်တုန်းကတော့ သတင်းစာတို့ ဂျာနယ်တို့ယူပြီး ဝင်ဝင်သွားကြတာ မြင်ဖူးပါရဲ့။ အခုတော့ ပိုတိုးတက်လာတယ် မိုဘိုင်းဖုန်းတို့ တက်ဘလက်တို့ ယူပြီးဝင်ကြတယ်။ နောက်များဆိုရင်တော့ နက်ဘုတ်တို့ လက်တော့တို့များ ဆင်ထားပေးရမလားမသိဘူး။ ဖုန်းတွေ တွင်ကျယ်လာတာ ကောင်းပေမယ့် အခုလို ကျန်းမာရေးဖြေရှင်းတဲ့ နေရာမျိုးထိတော့ အရေးကြီးကိစ္စမရှိရင်သယ်မလာသင့်ဘူးလို့တော့ ကျွန်တော် မြင်မိတယ်။ လက်ကို ပြောင်အောင် ဘယ်လောက်ပဲဆေးဆေး ဖုန်းမှာ မျက်စိနဲ့ မမြင်ရတဲ့ ရောဂါပိုးမွှားတွေ တွယ်ညှိပြီး ကပ်ပါလာနိုင်ပါတယ်။ မတော်တဆ တွိုင်းလက်ကြွေခွက်ထဲ ကျသွားတာမျိုးလို မလိုလားအပ်တဲ့ ပြဿနာတွေလည်း ဖြစ်တက်ပါသေးတယ်။ ဒါကြောင့် ဖြစ်နိုင်ရင်တော့ ခဏတစ်ဖြုတ်လောက်ဖြစ်ဖြစ် မိုဘိုင်းဖုန်းနဲ့ ခွဲနေပြီး ကိစ္စမြန်မြန်ရှင်းတာ ပိုအဆင်ပြေမယ်လို့ထင်ပါတယ်။ အဲလိုဆိုရင်တော့ အခုဏက ကျွန်တော်ဖြစ်သလို ချွင်ချွတ် ချွင်ချွတ် အသံကြားရလို့ ထိုင်ရမလို ထရမလို ဘာသံလည်းမသိဘူးဆိုတဲ့ ဒွိဟမျိုးတွေလည်း အခြားသူငယ်ချင်းတွေဆီက မကြားရပဲ ဖြစ်ပါလိမ့်မယ်။ ဘာရယ်မဟုတ်ဘူး တွေ့ခဲ့မြင်ခဲ့တာလေးကနေ ပြောချင်တာလေးတွေ ပေါ်လာလို့ ချရေးလိုက်မိတာပါ။ ဖတ်ရှုပေးလို့ ကျေးဇူးတင်ပါတယ်။

ချစ်စမ်းမောင် (သို့)ခြောက်ကြိုးကဝေ အကြောင်း တစေ့တစောင်း (၅)


အနုပညာသမားတွေအောင်မြင်လာပြီဟေ့ဆိုလျှင် ငွေတွေလိုက်လာသည်။ မူးယစ်ဆေးဝါး၊လောင်းကစား ၊မိန်းမ ကိစ္စတွေကပ်ပါလာသည်။ နောက်ဆုံး ကျရှုံးခြင်းပင်လယ်မှာ နောင်တတွေတစ်သီကြီးနှင့် နစ်မြုတ်ကြရသည်။ သာဓကတွေအများကြီးတွေ့ ဖူးကြပါလိမ့်မည်။
ကိုချစ်စမ်းမောင်ကို လေးစားနှစ်သက်သည့်အချက်များ ထဲတွင် သူ့ ဂစ်တာကိုသာမက သူ့ ရဲ့  ကောင်းမွန်တဲ့စာရိတ္တ၊ ခင်မင်နှစ်လိုဘွယ်ကောင်းမှု၊မာန်မာနကင်းမဲ့မှု စသည့်အချက်များလည်းပါဝင်သည်။
သူ့ ကိုခေတ္တခဏသာတွေ့ခဲ့ရသည့်ချိန်တွင်ပင် တွေ့သည့်သူတိုင်းကို ပြုံးပြုံး ပြုံးပြုံးနှင့် တစ်လေးတစ်စားဆက်ဆံပြီး အော်တိုရေးခိုင်းသည့်ချာတိတ်လေးများကိုလည်းမညည်းမညူလက်မှတ်ရေးထိုးပေးနေသည့်ကိုတွေ့ရှိရပါသည်။

သူ့ ဆရာကြီးဦးဘွဲ့ မှူးအပါအ၀င် သူ့ ဝိုင်းတော်သားအားလုံးက သူ့ ကိုညီလေးညီလေးနှင့်ချစ်ကြခင်ကြပါသည်။ နောက်တော့ အနုပညာ ဂီတလောကတစ်ခုလုံးမှပင်သူ့ ကို ကိုညီလေးဟု ချစ်စနိုးခေါ်ကြပါသည်။
သူ့ ဂီတလောကထဲစ၀င်စကတည်းကပင် မူးယစ်ဆေးဝါးသုံးစွဲသည်၊မိန်းမရှုတ်သည်ဟုလည်းလုံးဝမကြားဘူးခဲ့သည် မှာ သူအိမ်ထောင်ကျသည်အထိပင်ဖြစ်ပါသည်။ သူ့ ဆရာ ဦိးဘွဲ့ ကြီးကလည်းသူတို့ အိုင်စီတစ်ဖွဲ့ လုံးကိုထိန်းထိန်း သိမ်းသိမ်းကွပ်ကဲခဲ့ပါသည်။စီးပွားရေးအရ နှင့် ခေတ်၏တောင်းဆိုချက်အရ ROCK Band ဖြစ်သဖြင့် ဆံရှည်ကြီးများထားကြသော်လည်း သူတို့  ၀ိုင်းတော်သားတွေ အကျင့်သိက္ခာဖြူစင်ကြပါသည်။

ကိုချစ်စမ်းမောင် အိမ်ထောင်ကျသည်မှာ ငွေကြေးတောင့်တင်းသည့် ခရစ်ယာန်သင်းအုပ်ဆရာကြီးတစ်ဦး(ဦးဒေးဗစ်ဟုသိရပါသည်။) ၏သမီးနှင့် ဟုသိရှိရပါသည်။ ကိုချစ်စမ်းမောင်၏ဇနီးသည်လည်း စိတ်ကောင်းနှလုံးကောင်း နှင့်လူမှုရေးလုပ်ငန်းများတက်တက် ကြွကြွ လုပ်သူတစ်ဦးဟုကြားသိရပါသည်။ သူတို့ ၏သမီးကလေးသည် ဖခင်ဘက်မှဂစ်တာသွေးပါသည်ထင့်၊ ငယ် ငယ်ရွယ်ရွယ်နှင့်စင်မြင့်ပေါ်တက် ပြီးသီချင်းဆိုတာကိုတွေ့ရှိရပါသည်။ ရုပ်ရည်လေးမှာလည်းချစ်စရာလေးပင်။
ကိုချစ်စမ်းမောင်သည် ရရှိသည့်ဝင်ငွေများကိုလည်းသုံးသုံးဖြုန်းဖြုန်းမဟုတ်ဘဲ စုစုဆောင်းဆောင်းနှင့်စနစ်တကျရှိပုံ ရပါသည်။ သူ့ တွင် စုဆောင်းထားသော ဟော်လို၊ဆောလစ်ဂစ်တာပေါင်း ၂၀ ကျော် ၃၀နီးပါးရှိပါသည်။ တစ်လုံးလျှင်မြန်မာငွေကျပ် သိန်း သုံးလေးဆယ်တန် ဆောလစ် ဂစ်တာများလည်းပါဝင်ပါသည်။
အိမ်ထောင် ကျပြီးနောက် PTL ကိုယ်ပိုင်စတူဒီယိုလေးကိုထူထောင်လာနိုင်ခဲ့သည့်အထိဖြစ်ပါသည်။ သူ့ စတူဒီယိုတွင် ရက်ကော ဒင်းသွားလုပ်ပါကလည်း စိတ်ပါဝင်စားစွာဖြင့်စေတနာထားပြီး သေသေချာချာလေးလုပ်ကိုင်ဆောင်ရွက်ပေးတတ် ကြောင်းလည်းကြားသိရပါသည်။

ကိုချစ်စမ်းမောင်၏ကိုယ်ပိုင်အခန်းတွင်းမှသူ့ စုဆောင်းထားသော ဂစ်တာများစွာနှင့်ပုံကို အထက်တွင်ဖေါ်ပြထားသည်ကို ကြည့်ရှုနိုင် ပါသည်။ သူ့  အနေဖြင့်ဘ၀တွင် ယခုလိုဂစ်တာတွေအများကြီးပိုင်ဆိုင်လိမ့်မည်ဟု အိမ်မက်ပင်မမက်ခဲ့ဘူးပါ
ဟုဆိုခဲ့ပါသည်။

မောင်မောင်ဒီလင့်ခ်သည် ကိုချစ်စမ်းမောင်ကဲ့ သို့ ဂစ်တာ အလုံး ၃၀ ခန့် မပိုင်ပါသော်လည်း ဆောလစ် ဂစ်တာနဲ့ ဟောလိုဂစ်တာစုစုပေါင်း ၈လုံး လောက်ပိုင်ဆိုင်ထားပါသည်။ ဥစ္စာခြောက်ကာ ကြိုးတွေလျှော့ထားလိုက် ကတ္တီပါခင်းထားသောဂစ်တာသေတ္တာတွေထည့်ထည့်သိမ်းလိုက်နဲ့  မြန်မာပြည်တွင် အလုပ်ရှုတ်ခဲ့ဘူးပါသည်။

ကိုချစ်စမ်းမောင်၏အခန်းနှင့်ဂစ်တာများကိုချိတ်ဆွဲ ခင်းကျင်းထားမှုနှင့် ကိုချစ်စမ်းမောင်မှ ဂစ်တာများကိုအလကား နေရင်း ကြိုးလျှော့ထားစရာမလိုပါဘူးဟု မြွတ်ဟခဲ့ဘူးသည့်ကိုဆက်စပ်တွေးခေါ်မိတော့မှ၊အော်-ငါ့နှယ့် ဥစ္စာခြောက်ပြီးဖရက်တံကောက်သွားမှာစိုးလို့  ကြိုးတွေအကုန်ခံပြီိးလျှော့ထားစရာမှမလိုဘဲ သူ့ လိုဘဲ တောက်လျှောက်ချိတ်ဆွဲထားလိုက်ရင် ဂစ်တာ ဘော်ဒီိဝိတ်က ဖရက်တံကို Balance လုပ်ပြီးပြန်ဆွဲချထားသလို ဖြစ်သွားတော့ ဖရက်တံကောက်သွားမှာမပူရတော့ ဘူးပေါ့ လို့  အသိအမြင်မှန်ရလာပါသည်။

လောလောဆယ်တော့ မောင်မောင်ဒီလင့်ခ်ဘေးမှာ Gibson ဂျမ်ဘိုဂစ်တာကြီးတစ်လုံးဘဲရှိပါသည်။ ကျန်ဂစ်တာတွေအားလုံးမြန်မာ ပြည်မှာကျန်ရစ်ခဲ့ပါသည်။ဆောလစ်ဂစ်တာမတီးတာကြာတော့ အက်ဖက်တွေအကြောင်း အကျယ်တ၀ံ့တင်ပြချင်တာ တောင်ပြန်စမ်းသပ်ခွင့် မရသဖြင့်အခက်တွေ့နေရပါသည်။ နောက်ထပ်ဂစ်တာတွေထပ်ဝယ်စုဖို့ အစီအစဉ်ရှိပါသည်။
ပြီိးရင်ကိုချစ်လို ချိတ်ဆွဲသိမ်းဆည်းရေးအစီအစဉ်အကောင်အထည်ဖေါ်ရပါမည်။

ကိုချစ်စမ်းမောင်သည် ဂစ်တာအမျိုးအစားတွေထဲမှာ Ibanez ကို အကြိုက်နှစ်သက်ဆုံးလို့ ကြားသိရပါသည်။ နောက်ပြီးသူ တီိးသည့် Ibanez ဂစ်တာတွေ ၏ဖရက် ဘုတ်ဒီဇိုင်းမှာ နွယ်ပင် တွေဖြစ်ကြောင်းသတိထားမိပါသည်။
ကျွန်တော်တင်ပြခဲ့သလို Entertaining Guitarists ၂ ဦးဖြစ်သော ကိုချစ်စမ်းမောင်နှင့် ကိုတိုးတိုး တို့  ၂ ဦးစလုံး
Ibanez ဂစ်တာများကို အထူးနှစ်သက်သည်ဟုလေ့လာသိရှိရပါသည်။

ကိုချစ်စမ်းမောင်က ကျွန်တော်သိပ်ကြိုက်ပြီး လေးစားခဲ့ရ ၊ အားကျခဲ့ရတဲ့ ဂစ်တာဆရာကြီးတွေက ကျွန်တော့ဆရာ ဦးစောဘွဲ့ မှူး၊ ကိုဇော်မျိုးထွဋ် (မဇ္ဈိမလှိုင်း)နှင့် ကိုပက်ထရစ်မေလာ တို့ ပါဟု ပြောဆိုခဲ့ဖူးပါသည်။ (ဒီနေရာမှာ ဂစ်တာရူး အာပလာ မောင်ဒီလင့်ခ်နဲ့  စိတ်အဟာရချင်းလာတူနေပါလား )

တစ်ခါက ကိုချစ်စမ်းမောင်တို့ ၏ သူရဲကောင်လေးများ တီးဝိုင်းသည် ပြည်ပမှဖိတ်ကြားချက်အရ ဂျပန်နိုင်ငံသို့ သွား ရောက်ဖျော်ဖြေရပါသည်။ ကော်ပီသီချင်းများကို ဂုဏ်သိက္ခာအရ သီဆိုတီးခတ်ရန်မကြိုးစားတော့ဘဲ ကိုလေးဖြူ ကြီိး ကို မသွားကာ ကိုငှက် (ကိုထူးအိမ်သင်) ၏ သမိုင်းဝင် သီချင်း ဧရာဝတီ ကို ရော့ခ်ဗားရှင်းဖြင့်ခမ်းခမ်းနားနားကြီး တီးခတ်တင်ပြခဲ့ကြပါသည်။ အာရှနိုင်ငံအများအပြားမှနံမည်ကြီးတီးဝိုင်းများလာရောက် ကြသည်ဖြစ်ရာ ကိုချစ်စမ်းမောင်တို့  IC Rock Band အား မြန်မာနိုင်ငံမှ သာမာန်တီးဝိုင်းအဆင့်လောက်ဘဲထင်မြင်ပြီး ကိုချစ်တို့  ဂစ်တာကြိုးတွေဘာတွေညှိကြတော့၊ အခြား ဖိလစ်ပိုင် တိုင်ဝမ်နိုင်ငံများမှ Rock Band များမှ အထင်အမြင် သေးချင်သည့်သဘောမျိုးလေးတွေ ပြကြပါသည်။ သီချင်းသည် သွားလေသူ ကိုငှက်၏ နှလုံးသားနှင့် ထုဆစ်ခဲ့ သော ဇာတိသွေးဇာတိမာန်တက်ကြွစေသည့် ဂန္ဓ၀င် သီချင်းတစ်ပုဒ်ဖြစ်သည့် ဧရာဝတီ (သို့ မဟုတ်) ရာဇ၀င်များ၏သတို့ သမီးဖြစ်ပါသည်။ Metallica ကြီး ကိုလေးဖြူ၏ အသံသြဇာကတော့ အထူး စာဖွဲ့ ဖို့ ပင်မလို ပါ။ မြန်မာနိုင်ငံကိုကိုယ်စားပြုပြီး သီချင်းတစ်ပုဒ်တည်းကိုသာ တီးခတ်ဖျော်ဖြေခွင့်ရသည် ဆိုတော့ မြန်မာပြည်၏ဂစ်တာသူရဲကောင်း Entertaining Guitarist ကို ချစ်စမ်းမောင် ဘာတွေဘယ်လိုတီးပြသွားမည်ကို တော့ မှန်း ဆကြည့်ကြပါ။ ၆ကြိုးကဝေကြီး ပညာကုန်ထုတ်တော့မည်မှာ မြေကြီးလက်ခတ်မလွဲပင် ။
(အဲဒီ ဂျပန်ပွဲ အခွေလေးများ ဒီဖိုရမ်ထဲမှာ ဒီပို့ စ်ဖတ်ပြီး တင်ပေးမဲ့သူရှိရင်သိပ်ကောင်းမှာဘဲ၊ ) ^:)^
ပွဲပြီးတော့ အထင်အမြင်သေးချင်သည့်မျက်လုံးများဖြင့် ကြည့်ခဲ့ကြသော အခြားနိုင်ငံများမှ ဂစ်တာသမားများ ကိုချစ်စမ်းမောင် ကို မျက်လုံးအပြူးသားနှင့် တစ်လေးတစ်စား Congratulations ! လာလုပ်ရပါသည်။ အလေးလာပြုကြရပါသည်၊ မြန်မာ့ဂစ်တာကိုကမ္ဘာကသိအောင် ပြသနိုင်ခဲ့သဖြင့်အင်မတန်ဂုဏ်ယူဖွယ်ရာကောင်းလှပါသည်။

ကိုချစ်စမ်းမောင်ကြောင့်ဂစ်တာကိုင်ချင်စိတ်ကုန်ခမ်းသွားပြီိး ဂစ်တာကိုပစ်ချကာ မိုက်ကရိုဖုံးကိုင်လိုက်ရသည့်ဘ၀ ရောက်သွားသည့် ယနေ့  နံမည်ကြီိး Rocker တစ်ဦးရှိပါသည်။ ခေတ်လူငယ်တွေ၏အသဲစွဲ ကိုမျိုးကြီိး ဖြစ်ပါသည်။ ကိုမျိုးကြီးသည် မူလ က အဆိုတော်ကြီးအန်တီ ဒေါ်နွဲ့  ယဉ်ဝင်း၏ သားတော်မောင် ကို မျိုးမျိုးတို့ ၏ Ghost Rider Band တွင် Lead Guitarist တစ်ဦး ဖြစ်ခဲ့ပါသည်။ နောက်တော့ ကိုချစ်စမ်းမောင်နှင့်
တွေ့ ဆုံခင်မင်ကာ ကိုချစ်စမ်းမောင်ထံမှလည်း ဂစ်တာ ပညာများဆည်းပူးသင်ယူ ပြီးသည့် သကာလ ဆရာ ချစ်ကို နောက် ၁၀နှစ် လောက်ကြိုးစားတောင် လိုက်မမှီနိုင်တော့ပါဘူး၊ တော်ပါပြီ ဂစ်တာမတီးတော့ပါဘူး ၊ သီချင်းဘဲဆိုပါတော့မည် ဟု ဖြစ်သွားကာယနေ့ နံမည်ကြီိး ရော့ခ်ကာတစ်ယောက်ဘ၀သို့ အသွင်ပြောင်းရောက်ရှိသွားခဲ့ကြောင်း သိရှိ ရပါသည်။ IC ၏ နှစ်ပတ်လည် Live Show တွင် ကို မျိုးကြီးက ကိုချစ်စမ်းမောင်၏ Acoustic Guitar Solo Skill မပြသမီ ၊ ကျွန်တော့ကို လွန်ခဲ့တဲ့ ၁၀နှစ်ကျော်ကဂစ်တာသင်ပေးခဲ့တဲ့သူတစ်ဦးရှိပါတယ်။သူ့  ကိုကျွန်တော်က ဆရာ ချစ်လို့ ခေါ်ပါတယ် ၊ဆရာချစ်..! ဆိုပြီး ပရိတ်သတ်ကို မိတ်ဆက် ပေးခဲ့တာ ကြည့်ဖူးကြမှာပါ။


ချစ်စမ်းမောင် (၀ါ) ကြိုးခြောက်ချောင်းဖြင့်ဖမ်းစားသူ အပိုင်း(၅)ကိုဒီမှာဘဲရပ်နားလိုက်ပါရစေခင်ဗျာ။

ဗီတာမင် ဒီဓါတ်များခြင်းနှင့် အကောင်း အဆိုး


လူပေါင်း တစ်သိန်းခန့်ကို ခန္ဓာဗေဒ ဆေးပညာရှူထောင့်ဖြင့် သုတေသန ပြုလုပ်ခဲ့ရာ ခန္ဓာကိုယ်တွင်း၌ ဗီတာမင် ဒီဓါတ်ပါဝင်မှုအနေအထား မြင့်မားနေမည်ဆို ပါက နှလုံးရောဂါနှင့် သွေးချိုဆီးချို ရောဂါဖြစ်နိုင်ခြေ ပိုမိုမြင့်မားသည်ကို တွေ့ ရကြောင်း အမေရိကန်ပြည်ထောင်စု အခြေစိုက် ၀ါးရစ်ခ်ဆေးတက္ကသိုလ်မှ သုတေသီ များက သတင်းထုတ်ပြန်သည်။
သက်လတ်ပိုင်းများနှင့် သက်ကြီးရွယ်အိုများ ခန္ဓာကိုယ်တွင်း၌ ဗီတာမင်ဒီဓါတ်ပါဝင်မှု လွန်ကဲနေမည်ဆိုပါက နှလုံးရောဂါနှင့် သွေးချိုဆီးချို ရောဂါဖြစ်နိုင်ခြေ ပိုမိုမြင့်မားသည်။ ဗီတာမင်ဒီဓါတ်ပါဝင်မှုအနေအထား ပုံမှန်ရှိသူများထက် ၄၃ ရာနှုန်း ပိုမိုမြင့်မားသည်ကို တွေ့ရကြောင်း။ လူတိုင်းသည် ရက်စတ္တတပါတ်လျှင် မိနစ် ၃၀ နှစ်ကြိမ်နေပူဆာလှုံခြင်း၊ ဗီတာမင် ဒီဓါတ်ကြွယ်ဝသည့် အစားအစာများစားသုံးခြင်းတို့ကြောင့် ခန္ဓာ ကိုယ်အတွက် လိုအပ်သည့် ဗီတာမင် ဒီဓါတ် ရရှိ နိုင်ပါသည်။
ဗီတာမင်ဒီဓါတ်ချို့တဲ့လျှင် ရောဂါဝေဒနာများကို ခုခံကာကွယ်နိုင်စွမ်း လျှော့နည်းနေမည် ဖြစ်ကြောင်း၊ သို့သော် ပါဝင်မှုလွန်ကဲနေသည့်အတွက် ရောဂါရနိုင် ခြေ မြင့်မားတတ်သည်ကို သတိပြုစေလိုကြောင်း သုတေသီိ ဒေါက်တာ ဒေါက်တာဂျိုဟန်နာပါကာယက ပြောကြားသည်။
ိုခန္ဓာကိုယ်အတွက် လိုအပ်သောဗီတာမင် ဒီဓါတ် ၉၀ ရာခိုင်နှုန်းသည် နေရောင်ခြည်နှင့် တိုက်ရိုက်ထိတွေ့ ခြင်းကြောင့် ရှိနိုင်ကြောင်းလည်း အဆိုပါ သုသေသီက ထပ်လောင်းပြောကြားသည်။
Maturitas ဆေးပညာဂျာနယ်မှ သုတေသန စစ်တမ်း၌ ခန္ဓာတွင်း ဗီတာမင်ဓါတ် ပါဝင်မှုရေချိန် မြင့်မားလွန်းသူ များသည် ကိုယ်တွင်း ကလီစာများနှင့် ဆက်စပ် သော ရောဂါ ဖြစ်နိုင်ခြေ ၃၃ ရာခိုင်နှုန်း ပိုမိုမြင့်မားကြောင်း Reuters သတင်းဌာနကဖော်ပြသည်။
ဗီတာမင်ဒီဓါတ် ကြွယ်ဝစေသည့် အစားအစာများမှာ ဆော်လမွန်ငါး၊ တူနာငါး၊ ငါးကြီးဆီ၊ နွားနို့ တို့ဖြစ်သည်။
ဗီတာမင် ဒီဓါတ်ချို့တဲ့ပါက အရိုးပျော့ခြင်းဝေဒနာ၊ အူမကြီးကင်ဆာ ဖြစ်စေနိုင်သည့်အပြင် အသည်းနှင့် ကျောက်ကပ် ကိုလည်း ထိခိုက်စေနိုင်ကြောင်း ဒေါက်တာ ပါကားက ဆိုသည်။
(ပြန်လည်မျှဝေသည်)

တစ်ပင်လုံးအသုံးဝင် ရွှေရှောက်ပင်


by Nang Kha Yea
ဆေးဖက်ဝင်ရှောက်ရွက်
(၁) လစဉ် မြန်မာ လဆန်း တစ်ရက်နေ့၌ ရှောက်ရွက်နှစ်ရွက်၊ သုံးရွက် ကိုရှာပြီး စားဖြစ်အောင် စားထားရန် အမှာရှိသည်။ ထို့သို့စားပေးခြင်းဖြင့် လေရောဂါများ မ၀င်ရောက်နိုင်၊ လေထိုး၊ လေအောင့်၊ လေငန်းရောဂါများ မ၀င်ရောက်နိုင်။
(၂) လေငန်းရောဂါရှင်များ ရှောက်ရွက်၊ ငရုတ်ကောင်းနှင့် ကြက်သွန်ဖြူတို့ဖြင့် ဟင်းခါးချက်ကာ နေ့စဉ် သောက်သုံး ပေးခြင်းဖြင့် လေငန်းရောဂါမှ သက်သာ ပျောက်ကင်းစေသည်။
(၃) အ၀လွန်သူများ၊ ဗိုက်ခေါက်ထူပြီး လာသော အမျိုးသမီးများအတွက် ပထမဦးစွာ ရှောက်ရွက်ကြမ်းများကို ရှာထားပါ။ ပုလင်းတစ်လုံးစီတွင် ရိုးရိုးသကြား သုံးဇွန်း(ဟင်းစားဇွန်း) စီထည့် ရပါမည်။ ပုလင်းများတစ်လုံးစီတွင် ရှောက်၉ရွက် စီထည့်ပေးပါ။ ရေကျက်အေးများ ပုလင်းများထဲသို့ အပြည့်ထည့်ပြီး အဆို့ ပိတ်လျက် နေပူတွင်ကိုးရက်စီ ထည့်ပေးပါ။ေ၇ကျက်အေးများ ပုလင်းထဲသို့ အပြည့် ထည့်ပြီး အဆို့ပိတ်လျက် နေပူတွင် ကိုးရက်လှန်းပေးပါ။ ကိုးရက်စေ့လျှင် ဆးဝါးအဖြစ် သုံးနိုင်ပြီ။ နံနက် တစ်ကြိမ်၊ ညတစ်ကြိမ် အဆိုပါေ၇ှာက်၇ွက် ဆေးရည်ပုလင်းကို လှုပ်ပြီး လက်ဖက်ရည် အကြမ်းပန်းကန် တစ်ဝက်ခန့်ကို မှန်မှန် သောက်သုံးသွား ပေးပါ။ တစ်လနှစ်လ ရှိသောအခါ အမျိုးသမီးများ ခါးသေးရင်ချီပြီး အဆီပို ဗိုက်ရွှဲမှုများ ကျသွား၍ အသားအရေ စစ်သွားပါမည်။ အဆီကျဓာတ်စာဆေးများစားခြင်း ထက် စိတ်ချရသော ရိုးရာဆေးနည်း ဖြစ်ပါသည်။ မှန်မှန် သောက်သုံးခြင်းဖြင့် အသည်းအဆီဖုံးခြင်းနှင့် နှလုံးအဆီ ပိတ်ခြင်းတို့မှလည်း သက်သာပျောက်ကင်း စေပါသည်။
ဆေးဖက်ဝင်ရှောက်သီး
(၁) အုန်းနို့ခေါက်ဆွဲ၊ ဒံပေါက်၊ မုန့်ဟင်းခါးအ၀စားမိသည်အခါတွင် ရှောက်ဖျော်ရည်ကိုသောက်ပေးခြင်းဖြင့် သွေးတိုး၊ သွေးတက်၊ အစာမကြေ ခြင်းမှ ပြေပျောက်စေသည်။
(၂) အစာအဟာရများကို မမှီဝဲချင်ဘဲ လေခံနေခြင်း။ လေများမကြာခဏ ပျို့အန်ခြင်းနှင့် အစာမကြေခြင်းများ ဖြစ်နေပါက ရှောက်သီးတစ်စိတ်ကိုနုပ်နုပ်စဉ်းကာ ထန်းလျက်တစ်ဆယ်သားခန့်ဖြင့် ကျကျကျို ပြီး မနက်တစ်ကြိမ်၊ ညတစ်ကြိမ် လက်ဖက်ရည် အကြမ်းပန်းကန်တစ်ဝက်ခန့် သောက်ပေးရသည်။ ပြီးမနက် တစ်ကြိမ်၊ ညတစ်ကြိမ် လက်ဖက်ရည် အကြမ်းပန်းကန်တစ်ဝက်ခန့် သောက်ပေးရသည်။ ရင်မရှင်းမလင်း ခြင်းများ၊ အစာမကြေ၊ လေအန် လေဆန်နေခြင်းများ သက်သာသွားမည်။
(၃) ခန္ဓာကိုယ်ရှိ အကြောများ အခံမရပ်နိုင်အောင် တက်ခြင်း။ အကျိတ်အဖု များထွက်ခြင်း၊ ပြင်းထန်စွာ ထိခိုက်လျက် အတွင်းကြေ ဒဏ်ရာ ရရှိခြင်းများ ဖြစ်ခဲ့လျှင် ရှောက်ရည် တစ်ဆ၊ နနွင်းမှုန့်တစ်ဆ၊ ထုံးတစ်ဆတို့ကို ရောလျက် မနက် ညတစ်ကြိမ်စီ လိမ်းပေးဖြင့် သက်သာ ပျောက်ကင်းသည်။
(၄) မီးယပ်အဆင်းများလျှင် မှူးဝေတက်သည်။ ရှောက်သီးနှင့် ထန်းလျက်ရောကာ ကျွေးပေးရသည်။
(၅) သွေးတိုး ရောဂါ၇ှင် များအတွက် ရှောက်သီး အလုံးကြီး တစ်လုံး၏ အတွင်းသားများ၊ ထန်းလျက်စိတ်သား ဆားခါးတစ်ဆယ်သား၊ ကွမ်း၇ွက်သတ္တုရည် တစ်ဆယ်သား တို့ကိုစုရော ထောင်းပြီး နေ့တစ်နေ့ လှန်းပေးရသည်။ မနက် ဟင်းစား ဇွန်းတစ်ဇွန်း၊ ညဟင်းစားတစ်ဇွန်း မှန်မှန် သောက်ခြင်းဖြင့် သွေးတိုးရောဂါမှ ပျောက်ကင်း စေပါသည်။
(၆) ရှောက်ခွံများကို ပါးပါးလှီးကာ အခြောက်လှန်းရသည်။ ခြောက်သွေ့သွားလျှင် မီးတောက် အရက်နှင့် ခုနှစ်ရက်စိမ်ထားရသည်။ လေငန်းကြောင့် ပါး၇ွဲ့၊ ပါးစပ်ရွဲ့၊ လက်ကပ်၊ လက်မြှောက်မရ၊ ခြေတစ်ဖက်ဆွဲများကို နေ့စဉ် မနက်တစ်ကြိမ်၊ ညတစ်ကြိမ် လိမ်းပေးခြင်းဖြင့် သက်သာပျောက်ကင်းသည်။
(၇)သနပ်ခါးကို ပျစ်ပျစ်သွေးပြီး ရှောက်ရည် မပြစ်မကျဲ ညှစ်ထည့်ပါ။ ထိုသနပ်ခါးကို နေ့စဉ်မှန်မှန်လိမ်းပေးခြင်းဖြင့် အသားအရေ ချောမွေ့ပြီး ၀က်ခြံ၊ တင်းတိတ်၊ မှဲ့ခြောက်များ ပျောက်ကင်းစေသည်။
ဆေးဖက်ဝင်ရှောက်မြစ်
(၁) အနာ ပေါက်လာလျှင် ရှောက်ပင်မှ အမြစ်ကို တူးကာ ရေစင်အောင် ဆေးပြီး မကြာခဏ လိမ်းပါ။နုလျှင်ပိန် ရင့်လျှင်ပေါက် အမြန်ပျောက်သည်။
(၂) အကြာခဏအန်လျှင်ေ၇ှာက်မြစ်သွေး၇ည်နှင့် ပျား၇ည်ရောစပ်ကာ ဟင်းစားဇွန်းတစ်ဇွန်း တိုက်ပေးခြင်းဖြင့် အအန်ရပ်သွားမည်။
(၃) ကလေးများမကြာခဏ နို့အန်ရောဂါဖြင့်နေလျှင် ရှောက်မြစ်ကိုသွေးပြီး ၆လသားအတွင်း တစ်ပဲသားအထိ ကော်ဖီဇွန်းဖြင့် တိုက်ကျွေးပါ။
(၄) နှလုံးရောင်၊ လေထိုးလေပွ၊ လက်ပြင် ငုတ်ခြင်းနှင့် နာကျင် ကိုက်ခဲခြင်း တို့အတွက် ရှောက်မြစ်သွေးရည်၊ ပျားရည် ဆတူစပ်၍ ကာဟင်းစားဇွန်းတစ်ဇွန်းစာကို မနက်၊ ညတစ်ကြိမ်စီသောက်ပါ။

ဥသျှစ်သီး၏ ကျန်းမာရေး စွမ်းပကား


by nang kha yea 19.9.2012
ရှေးကတည်းက ဆေးဝါးအဖြစ် အသုံးပြုခဲ့ကြပါတယ်။ ဥသျှစ်သီးက မှည့်သွား တဲ့အခါ ဆေးဖက်ဝင်တန်ဖိုးက အလွန်မြင့်တက်သွားပါတယ်။ ဥသျှစ်သီးက အနံ့မွှေးပြီး အေးမြကာ ဝမ်းပျော့ပျော့သွားစေတဲ့ အာနိသင်ရှိပါတယ်။ ဒါ့အပြင် ဗီတာမင်စီချို့ တဲ့လို့ ဖြစ်တဲ့ရောဂါ (Scurvy) မဖြစ်အောင် ကာကွယ်ကုသရာမှာလည်း အသုံးဝင်ပါတယ်။ အစာအိမ်ကို သန်စွမ်းစေသလို အစာအိမ်ရဲ့  လုပ်ငန်းဆောင်တာတွေကိုလည်း ကောင်းမွန်စေပါတယ်။
ဝမ်းမှန်မှန် သွားစေပါတယ်
ဥသျှစ်သီးမှည့်ဟာ အူလမ်းကြောင်း ကို သန့်စင်ပေးတာကြောင့် အကောင်းဆုံး ဝမ်းပျော့ဆေးလို့ ခေါ်ကြပါတယ်။ အ ကောင်းဆုံးက ဥသျှစ်သီးအမှည့်ကို ထန်း လျက်နဲ့ ရောမွှေပြီး စားပေးရင် ဝမ်းချုပ် တာကင်းဝေးပြီး ဝမ်းမှန်မှန်သွားစေပါ တယ်။ ဝမ်းကိုက်တာကို သက်သာစေပါတယ်
မမှည့်သေးတဲ့ ဥသျှစ်သီးကို ဝမ်း ကိုက်တဲ့ ဝေဒနာတွေအတွက် သုံးရင် သက်သာတယ်လို့ တချို့က ဆိုပါတယ်။ အကောင်းဆုံးရလဒ်ကို ရရှိစေဖို့ ဥသျှစ် သီးခြောက် ဒါမှမဟုတ် ဥသျှစ်သီးအမှုန့် ကို သုံးသင့်ပါတယ်။
အစာအိမ်အနာကို သက်သာစေပါတယ်
ဥသျှစ်ရွက်ကို အစာအိမ်အနာကု သဆေးအဖြစ် သုံးကြပါတယ်။ အကြောင်း ကတော့ ဥသျှစ်ရွက်တွေမှာ တန်နင်ဓာတ် ပါဝင်တာကြောင့် ရောင်ရမ်းမှုကို လျော့ ကျစေပြီး အစာအိမ်အနာကျက်အောင် ကူညီပေးလို့ပါ။
နားရောဂါဝေဒနာတွေကို သက်သာ စေပါတယ်
ဥသျှစ်ပင်ရဲ့အမြစ်ကို နားရောဂါ ဝေ ဒနာတွေ ကုသရေးအတွက် အိမ်သုံးဆေး တစ်လက်အဖြစ် အသုံးပြုကြပါတယ်။ အထူးသဖြင့် ဥသျှစ်ပင်ရဲ့အမြစ်ကို တမာ နားပိုးဝင်တာ၊ နားရောင်ရမ်းတာနဲ့ နား ပြည်ယိုတာစတဲ့ ဝေဒနာတွေကို သက် သာစေပါတယ်။ အကြောင်းကတော့ တ မာရွက်မှာ ပိုးသတ်အာနိသင်ရှိပြီး ဥသျှစ် ပင်အမြစ်ပိုင်းမှာ သွေးတိတ်စေတဲ့ အစွမ်း ရှိလို့ပါ။
အသက်ရှူလမ်းကြောင်း ရောဂါဝေဒနာ တွေကို သက်သာစေပါတယ်
ဥသျှစ်ရွက်ကရလာတဲ့ အဆီကို ရှူ ပေးရင် မကြာခဏ အအေးမိတာ၊ အ သက်ရှူလမ်းကြောင်း ဝေဒနာတွေကို ယာယီသက်သာစေပါတယ်။ ဥသျှစ်ရွက် အဆီကို နှမ်းဆီနဲ့ ဆတူရောပြီး နားထင် မှာ လိမ်းပြီး နှိပ်နယ်ပေးရင် ခေါင်းကိုက် တာကို သက်သာစေသလို အအေးမိဝေ ဒနာကိုလည်း လျော့ပါးစေပါတယ်။ ဥ သျှစ်ရွက်ပြုတ်ရည်ထဲ ငရုတ်ကောင်းနည်း နည်းထည့်သောက်ရင် ချောင်းဆိုးတာနဲ့ အသက်ရှူလမ်းကြောင်း ဝေဒနာတွေကို သက်သာစေပါတယ်။
အစာမကြေတာနဲ့ အူမကြီး ပိုးဝင်မှု ကို သက်သာစေပါတယ်
ဥသျှစ်သီးဟာ အစာအိမ်နဲ့ အူမကြီး ပြဿနာတွေကို သက်သာစေတဲ့ အလွန် အစွမ်းထက် အိမ်သုံးဆေးတစ်လက် ဖြစ် ပါတယ်။ ဒါကြောင့် အစာမကြတာနဲ့ အူ မကြီး ပိုးဝင်တာတွေလို ဝေဒနာတွေကို ကုသရာမှာ သုံးကြပါတယ်။

ကျွန်တော်အကြိုက်ဆုံး Antivirus တစ်ခု ...Symantec.AntiVirus.Corporate.Edition.v10.2.1000.1.Vista32


ဒီ Symantec ကကျွန်တော်ကိုယ်တိုင်လည်းသုံးပါတယ်.......
အခြားနာမည်ကြီး Antivirus တော်တော်များများသုံးဖူးပါတယ်......Bitdefender တို့ဘာတို့ပေါ့....
Bitdefender  ဆို ..နေရင်းထိုင်ရင်းတွေ...ထ,စစ်နေတာ....အခွေတစ်ခွေထည့်လိုက်ရင်..မပြီးတော့ဘူး..စစ်နေတာ...
ကြာတော့...စိတ်ညစ်လာကော....အဲ့ဒါနဲ့...ကျွန်တော်Computer သွားသွားပြင်နေတဲ့.ဆိုင်ကအစ်ကိုတစ်ယောက်က....ငါတစ်သက်လုံးသုံးနေတဲ့..Antivirus ကိုသုံးကြည့်ပါလား..ဆိုပြီး..ပေးလိုက်တာ....အ၇မ်းကောင်းတယ်....
သူ့မှာပါတဲ့..Auto-Protect System ကလည်း..အရမ်းပြည့်စုံပါတယ်....
ကြိုက်တဲ့ကောင်လာခဲ့....တစ်ခါတည်းသတ်ပစ်လိုက်မယ်ဆိုတာမျိုးပါ...
သူကသတ်လား.....မသတ်ဘူးလား.....မမေးပါဘူး..........တစ်ခါတည်း....ချထည့်လိုက်တာပဲ  :)
ဒါကWindow 7 အတွက်ပါ.......   XP အတွက်ကတော့...တောင်းဆိုတဲ့သူရှိရင်တော့..တင်ပေးသွားပါ့မယ်
Install လုပ်ပြီးရင်တော့...Update လုပ်ပေးလိုက်ပါ.....
အဆင်ပြေပါစေ..............


Download ပြုလုပ်ရန်

ဝင်းဒိုးအားလုံးကို Active ပေးနိုင်တဲ့ Microsoft Windows 8,7,XP Activator (All Edition)


ဒီလိုဒါလေးအကြောင်းနည်းနည်ဖောမယ်ဗျာ.......ကျွန်တော်ဝင် ၈ ကိုစတင်တုန်က ကျွန်တော်ဝင်ဒိုးက Active မဖြစ်ဘူးပေါ့ဗျာ.....စမ်းတာလဲ
လိုဒါကုန်သွားတယ်....အက်တစ်မဖြစ်လာဘူးဗျာ.........အဲတာနဲ့ အဲဝင်းဒို 8 ကိုပြန်ချပြီး 7 ကိုပြန်တင်လိုက်ရတယ်.....နောက်ပိုင်းကျွန်တော်လဲ လိုဒါတွေကိုတွေ့သမျှအကုန်လိုက်ဒေါင်းတော့တာပါပဲ.....
ခုကျွန်တော်သုံးတဲ့ဝင်းဒိုး 8 ကိုလိုဒါပေါင်းစုံနဲ့စမ်းပေးမဲ့အဆင်မပြေဘူး...ဒီလိုဒါလေးနဲ့လုပ်မှ အက်တစ်ဖြစ်ပြီး..အဆင်ပြေသွားတော့တယ်....ကျွန်တော်အဆင်ပြေသလိုကျွန်တော်
ဘော်ဘော်တွေကိုလဲအဆင်ပြန်ပြေစေချင်တဲ့အတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်.....လိုချင်တဲ့သူမျာူအောက်ကလင့်လေးမှာ
ယူသွားလိုက်ပါနော်.....စကားလေးတစ်ခွန်းပြောခဲ့ရင်ကျေနပ်ပါပြီး.....အဆင်မပြေရင်လဲ  ပြန်ပြောလို့ရပါတယ်ဗျာ.....
                            ဇွဲကပင်မြေဒေါင်းလို့ယူရန်
ကိုယ်သိထားတာလေးတွေကိုပြန်လည်မျှဝေပေးနေရရင်အမြဲတမ်းကျေနပ်နေတတ်တဲ့.....................
                                                                                                                             (မင်းထက်)

Facebook လုံခြုံရေးမြှင့်ရန်







by Ye Min Tun on Sunday, December 9, 2012 at 12:04pm 

ချစ်ခင်ရပါသော မိတ်ဆွေများအတွက် Hacker လို့ မိမိကိုယ်ကို အမည်ခံတဲ့  ခွေးလေးဂျပိုးများနှင့် စိတ်မညစ်ရအောင်။ တကယ်တော့ အကောင့်ကို လိုက်ခိုးတာက Hacker မဟုတ်ပါဘူး။ Hacker တယောက်ဖြစ်ဖို့ဆိုတာ ပေါက်လို့ပဲစားလုပ်ရလောက်အောင် အရည်ချင်းမနှိမ့်ပါဘူး။ ဒီလိုအဆင့်မျိုးကိုလည်း Hacker တွေက အချိန်မပေးနိုင်ပါဘူး။ မိတ်ဆွေတို့သိရအောင်ပြောရရင် Hacker တွေက အခုဆိုရင် လုပ်ငန်းတွေမှာ ခေါ်ယူအသုံးပြုနေလို့ သူတို့အချိန်က ငွေနှင့်ဆက်ပြီး တန်ဖိုးရှိပါတယ်။ ဒီလို free user အကောင့်လောက်ကို crack လုပ်ပြီး။ Hacker လို့အမည်ခံတာ Hacker တွေ သိက္ခာရပါတယ်။ တခုရှင်းပြမယ်။
Hacker တယောက်ဖြစ်ဖို့ သချာင်္က သိပ်တော်ရမယ်။ လက်ရိုက်တဲ့ အမြန်နှုန်းက sever တွေက Auto update တွေထက် နှစ်ဆနီးပါးမြန်ရမယ်။ ဒီလောက်ဆို Hacker တယောက်၏ အရည်ချင်းကို မှန်းလို့ရပါပြီ။ နောက်တခုက hacker ဖြစ်ဖို့ ပါရမီအခံလေးရှိမှပါ ဘာလို့လည်းဆိုတော့ လေ့ကျင့်တိုင်း ဖြစ်တဲ့ ပညာရပ်မဟုတ်လို့ပါ။ ဦးနှောဏ်သိပ်ကောင်းရပါတယ်။ ဒီတော့ အဲဒီလို လူမျိုးက ဒီလိုခွေးလေးဂျပိုး အလုပ်တွေ လုပ်မလုပ်ကို မိတ်ဆွေတို့ တွေးဆကြည့်ပါတော့။
  
လုံခြုံရေးအတွက် မသိသေးသူများ အောက်မှာ ပြထားတဲ့ ဓါတ်ပုံနှင့် အဆင့်ဆင့်လုပ်သွားပါ။ အရမ်းလွယ်ပါတယ်။ မြန်မာနိုင်ငံက ဖုန်းတွေနှင့် ရမရတော့ မသိဘူး ဖုန်းနှင့် လုပ်မရရင်လည်း အီးမေလ်းနှင့် အတည်ပြုခိုင်းပါ။ ဖုန်းနှင့် ဆိုရင်တော့ သိပ်ကောင်းပါတယ်။ မိမိဖုန်းကို မိမိ Facebook တခါဖွင့်တိုင်း မိမိသုံးနေကျ စက်မဟုတ်တာနှင့် အတည်ပြုဖို့ code ဂဏန်းခြောက်လုံး ပေးပို့မှာဖြစ်ပါတယ်။
ပထမပုံမှာ ပြထားတဲ့အတိုင်း setting ကိုသွားပါ။ ..
.
 
ဒုတိယပုံအတိုင်း Security ကိုသွားပါ
.
တတိယပုံအတိုင်း Login Notifications ကို Email နှင့် Text massage ကိုရွေးလိုက်ပါ။
ပြီးတော့ ယ္ခုပုံအတိုင်း မိမိဖုန်းဖြင့် Login approvals လုပ်ပါ။ မိမိဖွင့်နေကျ မဟုတ်သော ကွန်ပြူတာ မိုဘိုင်းတွေမှ ဖွင့်တိုင်း ဖုန်းဖြင့် အတည်ပြုချက်ရယူရန် အတွက် မိမိဖုန်း နံပါတ်ထည့်ပြီး။ အတည်ပြုသည့် code ကိုစောင့်ရပါသည်။ ထို code ရောက်လာရင် ရိုတ်ထည့်ပေးလိုက်ခြင်းဖြင့် မိမိဖုန်းကို အတည်ပြုပါသည်။  မိမိဖုန်းနံပါတ်ကို အကောင့်မှာ Public မလုပ်ထားချင်ရင် About me မှာသွားပြီး မိမိဆက်သွယ်ရန် information တွေကို me only ကိုရွေးချယ်ထားလိုက်ပါ။
.
ဒါလေးကတော့ အပိုဆုပါ မိမိ Facebook ဖွင့်တိုင်း Internet Browse မှာ http အစား https ဆိုတဲ့ လုံခြုံရေးအဆင့်ပါ။ သူကတော့ မြန်မာပြည်က အင်တာနက်အမြန်နှုန်းနှင့်ဆို မလွယ်ဘူးထင်ပါတယ်။ ရရင်သုံးပေါ့ မရရင် မသုံးပါနှင့် မရရင် မရကြောင်း အသိပေးပါလိမ့်မည်။..
.
https ဖြစ်သွားရင် Facebook ကိုဖွင့်တိုင်း အခုလိုပေါ်နေမှာဖြစ်ပါတယ်။
  
အားလုံးပဲ အဆင်ပြေမှာပါ။ အဆင်မပြေရင်လည်း comment မှာရေးထားလိုက်ပါ။ ကျနော်သိသလောက် ကူညီဖြေရှင်းပေးပါမည်။
  
ချစ်ခင်စွာဖြင့်
ရဲမင်းထွန်း

တွဲဖက်၍ မစားသင့်သော အစာများ


To: lubo601@gmail.com




ဆရာဝန်တွေက သဘောတူထားတာတွေ ဟုတ်ချင်မှ ဟုတ်ပါမယ်။ မြန်မာတွေစားသုံးကြတဲ့ အစားအစာတွေကို လေ့လာမှုတွေ၊ သုတေသနတွေ အလွန်အားနည်းနေသေးလို့၊ သတိသမ္ပဇဉ် ဆင်ခြင်ပြီး စားသုံးသင့်ကြပါတယ်။

• ကကတစ် နှင့် ကြာဟင်း
• ကုန်းကျေး နှင့် ပုစွန်
• ကန့်ချုပ်နီ နှင့် သေရည်သေရက်အမျိုးမျိုး
• ကျွဲခေါင်းသီး နှင့် အချဉ်အမျိုးမျိုး (သံပရာသီး)
• ကျွဲခေါင်းသီး နှင့် လက်ဖက်
• ကြေးခွက် နှင့် အချဉ်အမျိုးမျိုး
• ကုန်းငှက်သား နှင့် ကြက်ဆူဆီ
• ကန်စွန်းမြစ် နှင့် နှမ်းမှုန့်
• ကြာစွယ် နှင့် ဝက်သား
• ကြက်ဆူဆီ နှင့် ခါသား
• ကြက်ဆူသီး နှင့် ငှက်သား
• ကောက်ညှင်း နှင့် ရေငန်သီး
• ကတိုး နှင့် သရက်သီး
• ကြံတင်လဲ နှင့် နှမ်းမှုန့်ဆုပ်
• ကင်းပုံရွက်/သီး နှင့် နှမ်းဆီ
• ကင်းပိတ်ရွက် နှင့် နှမ်းဖတ်ချဉ် နှမ်းဆီ
• ကြာပဒုမ္မာစေ့ နှင့် ငှက်တော်သား
• ကျောက်ဖရုံ နှင့် အိုးမဲ
• ကြောင်လျှာသီး နှင့် ငါးသေတ္တာ
• ကြောင်လျှာသီး နှင့် ကြက်သား
• ကျေးသား နှင့် ဘူးသီး
• ကျွဲသား နှင့် ကြာစွယ်ကြာဥ
• ကြက်သွန်ဖြူ နှင့် နို့ရည်
• ကြံ့သား နှင့် ငါးခူ၊ ငါးဒန်
• ကြက်သား နှင့် အင်ဖူး
• ကြက်ဟင်းခါးသီး နှင့် မှို
• ကြက်ဟင်းခါးသီး နှင့် ကြက်သား
• ကိုင်းဥ နှင့် ပုဇွန်ချဉ်
• ကြက်ဥ နှင့် ခံသီး
• ကြက်ဥ နှင့် တမာရွက်၊ တမာဖူး
• ချင်း နှင့် သင်္ဘောသီး၊ သင်္ဘောပွင့်
• ချောကလက် နှင့် စောင်းလျား
• ချောကလက် နှင့် ပဲမြစ်
• ချိုချဉ် နှင့် ပဲငါးပိ
• ချဉ်ဆီ နှင့် ထောပတ်
• ခရမ်းပိမ့်သီး နှင့် နို့ရည်
• ခရု နှင့် အမဲသား
• ခိုသား နှင့် ချင်းစိမ်း
• ခိုသား နှင့် ခြေလေးချောင်းသား
• ခိုသား နှင့် မုန်ညင်းဆီ
• ခံသီး နှင့် ငရုတ်ကောင်း
• ခံသီး နှင့် နို့ရည်
• ချီးသီး နှင့် နို့ရည်
• ခံသီး နှင့် ပီလောပီနံဥ
• ချိုချဉ်သကြားလုံး နှင့် စိမ်းစားဥ
• ဂွေးရွက် နှင့် နို့ရည်
• ဂွေးသီး နှင့် အာတာလွတ်ဥ
• ဂွေးသီး နှင့် နို့အေးချောင်း
• ဂွေးသီး နှင့် ပီလောပီနံဥ
• ဂျယ်လီ နှင့် ကော်ဖီ
• ငရုပ်ကောင်း နှင့် ခံသီး
• ငွေ နှင့် ရှိန်းခို
• ငါးချက်သောအိုး နှင့် ပိတ်ချင်းရွက်
• ငါးဆီ နှင့် ပိတ်ချင်းရွက်
• ငှက်ပျောသီး နှင့် မှို
• ငါးရံ့သား နှင့် ပွေးသား
• ငုံးသား နှင့် စောင်းလျား
• ငုံးသား နင့် ခိုသား
• ငှက်သား နှင့် ကြက်ဆူဆီ
• ငါးပူတင်းဥများ
• ငှက်ပျောသီး စားပြီရေအေးသောက်ခြင်း
• စတော်ဘယ်ရီ နှင့် သီးသီး
• စားတော်ပဲ နှင့် သီးသီး
• စိန် နှင့် သံပရာသီး
• စိမ်းစားဥ နှင့် ချောကလက်
• စိမ်းစားဥ နှင့် ရေခဲချောင်း
• စပါးကြီးမြွေသား နှင့် ကြောင်လျှာသီး
• စောင်းလျားသီး နှင့် ခိုသား
• စောင်းလျားသီး နှင့် ရှောက်သီး
• ဆေးခြောက် နင့်နနွင်းရည်
• ဆီ နှင့် ဆီခဲစပ်တူ
• ဆင်သမနွယ်ရွက် နှင့် နို့ရည်
• ဆောင်မေခါးရွက် နှင့် နို့ရည်
• ဆိတ်ဖူး နှင့် ငှက်ပျောဖူး
• ဆိတ်သား နှင့် ကျွဲသား
• ဆတ်သား နှင့် ဆူးပန်းရွက်
• ဆတ်သား နှင့် နို့ရည်
• ဆိတ်နို့ နှင့် ဆူးပန်းရွက်
• ဆပ်ပြာ နှင့် အုန်းရည်
• ဆပ်ပြာ နှင့် အချဉ်မျိုး
• ဆိတ်နို့ဆိတ်သား နှင့် ငါးကြီးဆီ
• စောင်းလျားသီး နှင့် ပီလောပီနံဥ
• ဥာဏ်ရွက် နှင့် သေရက် အမျိုးမျိုး
• တလည်းသီး နှင့် နို့ရည်
• တလည်းသီး နှင့် ပဲကြီး
• တောပဲရိုင်း နှင့် နို့
• တောင်ပိန္နဲသီး နှင့် နို့ရည်
• တေဇောဘမ်း နှင့် ခါချဉ်ကောင် ကိုက်သည် ကိုမလိမ်းရ၊
• ထနောင်းရွက် နှင့် မန်ကျည်းသီးမှည့်
• ထုံး နှင့် မြင်းသား
• ထန်းလျက် နှင့် နလင်ကျော်
• ထန်းလျက် နှင့် သပြေသီး
• ထန်းရည်ချို နှင့် ဝက်သား
• ထန်းသီး နှင့် နို့မျိုး ချဉ်
• ထန်းလျက် နှင့် သပြေသီး
• ထောပတ် နှင့် ကြေးခွက်
• ထောပတ် နှင့် ဆီခဲအမျိုးမျိုး
• ထုံးရေတို့တွင် ဖြစ်သောငါး လိပ်အစရှိသည် နှင့် နို့ရည်
• ထန်းရည်ကိုငှက် ပျောသီး စားပြီး သောက်ခြင်း
• ထန်းသီးကိုငှက်ပျော သီးစားပြီး စားခြင်း
• ဒန့်သလွန်ရွက် နှင့် နို့ရည်
• ဒန့်သလွန်သီး နှင့် ကလောဥ
• ဒိန်ချဉ် နှင့် ထန်းသီးမုန့်
• ဒုတ္တာ နှင့် အချဉ်မျိုး
• ဒူးရင်းသီး နှင့် ရှိန်းခို
• ဒေါင်းသား နှင့် နို့ချဉ်
• ဒေါင်းသား နှင့် ပီလောပီနံ
• နလင်ကြော် နှင့် ထန်းလျက်
• နလင်ကြော် နှင့် အချဉ်
• နို့ခဲပျက် နှင့် ပဲဒလက်
• နို့မျိုး နှင့် ဆား
• နို့မျိုး ချဉ် နှင့် ပီလောပီနံဥ
• နို့စိမ်း နှင့် အချဉ်မျိုး
• နို့ရည် နင့် စောင်းလျားသီး
• နို့ရည် နှင့် ကုလားပဲ
• နို့အေးချောင်း နှင့် သခွားသီး
• နို့အေးချောင်း နှင့် ဘူးသီး
• နှမ်းမှုန့်ဆုပ် နှင့် တလည်းသီး
• ပတဲကော နှင့် သံပရာသီး
• ပဒုမ္မာကြာရွက်နု နှင့် ပျားရည်
• ပရုတ်ဆီ နှင့် ကရင်နီကောင်ကိုက်သည့်နေရာကို မလိမ်းပါနှင့်
• ပဲကြီး နှင့် မုန်လာ
• ပဲဒလက်စေ့ နှင့် ဆူးပန်း
• ပဲလင်းမြွေသီး နှင့် လင်းမြွေသား
• ပဲဒလက်စေ့ နင့်ဆိတ်သား
• ပဲစိမ်းစားဥ နှင့် ချိုချဉ်အမျိုးမျိုး
• ပိန္နဲသီး နှင့် ပျားရည်
• ပီလောပီနံ နှင့် ပျားရည်
• ပီလောပီနံ နှင့် ပေအူ
• ပေရည် နှင့် ငှက်သား
• ပျားရည် နှင့် သင်္ကန်းဖွယ် ငှက်သား
• ပျားရည် နှင့် မိုးရည်
• ပျားရည် နှင့် ကင်းပိတ်ရွက်
• ပျားရည် နှင့် ရှားစောင်း
• ပျားရည် နှင့် ပိတ်ချင်းရွက်
• ပုန်းရည် နှင့် ဗျိုင်းအောက်သား
• ပြောင်းသား နှင့် နို့ရည်
• ပိုင်ရီတွန် (Piriton) နှင့် အရက်
• ဖရဲသီး နှင့် နို့မျိုး
• ဖရဲသီး နှင့် ဘဲဥ
• ဖားသား နှင့် မှို
• ဖွတ်သား နှင့် ကြက်ဆူဆီ
• ဖောင်စီးဂဏန်း နှင့် မှို
• ဖန်ခါးသီး နှင့် ပုဒမ္မာကြာရွက်
• ဖန်ခါးသီး နှင့် ပီလောပီနံဥ
• ဗုံလုံသီး နှင့် ပီလောပီနံ
• ဗျိုင်းသား နှင့် ဝက်ဆီ
• ဗျိုင်းအောက်သား နှင့် ဝက်ဆီ
• ဗျိုင်းနှမ်းနှင် သေရည်
• ဘူးသီး နှင့် ကြက်တူရွေးသား
• ဘာစပရိုဆေးပြား နှင့် သံပရာသီး
• ဘာမီတွန် Burmeton ဆေးပြား နှင့် ထန်းလျက်ခဲ
• ဘာမီတွန် Burmeton နှင့် Tiffy တစ်ဖီအစိမ်းရောင် ကတ်
• ဘီလုံးငှက်သား နှင့် ကြက်ဆူဆီ
• ဘာစပရို Buspro ဆေးပြားကို အစာခံမရှိဘဲမသောက်ရ၊
• မဲနယ်အိုး နှင့် သားငါး
• မဲဇလီဖူးရွက် နှင့် လက်ဖက်သုပ်
• မိချောင်းသား နှင့် နနွင်း
• မန်ကျည်းသီး နှင့် နို့ရည်
• မင်းကွတ်သီး နှင့် သကြား
• မတ်ပဲ နှင့် တင်လဲ
• မတ်ပဲ နှင့် မုန်လာ
• မုန်ညှင်းဆီ နှင့် သင်္ကန်းဖွက်ငှက်
• မုန်လာမြစ် နှုင့်ပျားရည်
• မုန်လာ နှုင့် မတ်ပဲ
• မှို နှင့် ရှားစောင်း
• မြေပဲဆန် နှင့် ကြက်ဟင်းခါးသီး
• မြေဇာဥ နှင့် သစ်ကြားသီး
• မျောက်တည်သီး နှင့် နို့ရည်
• မြွေသား နှင့် ငါးရံသား
• မြန်မာလျက်ဆား နှင့် သွားတိုက်ဆေး
• မြင်းခွာရွက် နှင့် သခွားသီး
• မက်ထရိုနီဒါဇော (Meronidazole) နှင့် အရက်
• ယုန်သား နှင့် မှို
• ရာဘာချဉ် နှင့် ဆိတ်သား
• ရှာလကာချဉ် နှင့် ပီလောပီနံ
• ရိုးနီပီလောပီနံ နှင့် အချဉ်မျိုး
• ရေခဲသုပ် နှင့် ချင်းသုပ်
• ရေငန်သီး နှင့် လက်ဖက်
• ရှားစောင်းချဉ် နှင့် အမဲသား
• ရှားစောင်း နှင့် ကုလားဗရာကြော်
• ရှောက်သီး နှင့် စောင်းလျားသီး
• ရှောက်သီး နှင့် ပီလောပီနံ
• ရှောက်သီး နှင့် ပဲစိမ်းစားဥ
• ရှောက်သီး နှင့် ခိုသား
• ရှောက်သီး နှင့် နို့ရည်
• ဝက်သားချဉ် နှင့် မဲနယ်အိုး
• ဝက်သား နှင့် ဒိန်ချဉ်
• ဝက်သား နှင့် နွားနို့
• ဝမ်းဘဲဥ နှင့် ဖရဲသီး
• ဝမ်းဘဲဥ နှင့် ပေသီးပေရည်
• ဝါစေ့/ ဝါဆီ နှင့် သမင်သား
• ဝါးမျှစ် နှင့် အင်ဥ
• သမုန်းမြစ် နှင့် အချဉ်ချက်သောအိုး
• သမုန်းရွက် နှင့် ငါးချက်သောအိုး
• သကြားပြာ နှင့် ပျားရည်
• သမင်သား နှင့် ဝါရွက်
• သပြေသီး နှင့် ပီလောပီနံ
• သံပရာသီး နှင့် ပီလောပီနံ
• သံပရာသီး နှင့် နို့ရည်
• သံပရာသီး နှင့် စိမ်းစားဥ
• သားငါးအဆီ နှင့် ထောပတ်
• သားငါးတို၏အဆီ နှင့် ချဉ်ဆီ
• သားမျိုးဟင်း နှင့် နှမ်းမှုန့်
• သေရက်မျိုး နှင့် သမုန်း ဧကရာဧ်
• သေရည်သေရက် နှင့် နှမ်းမှုန့်ဆုပ်
• သေရက်မျိုး နှင့် ပိတ်ချင်းရွက်
• သေရည် နှင့် ဗျိုင်းအောက်သား
• သေရည်သေရက် နှင့် နို့အမျိုးမျိုး
• သစ်ကြားသီး နှင့် ဝက်မြေဇာဥ
• သည်းခြေ နှင့် သားဟင်းမျိုး
• ဟင်းငန်ရွက် နှင့် နှမ်းဖတ်
• ဟစ်တမင်း (Histamine) နှင့် အရက်
• အင်ဥ နှင့် ပြောင်းဆန်
• အမဲသားချဉ် နှင့် မဲနယ်အိုး
• အရက် နှင့် ဘိန်း
• အရက် နှင့် Burmeton ဘာမီတွန်
• အချဉ်မျိုး နှင့် နို့မျိုး
• အိမ်ဆီးချို နှင့် နို့ရည်
• အုန်းသီး နှင့် နိုရည်
• အုန်းရည် နှင့် ပျားရည်
• အုံတုံဆံ နှင့် ကလောဥ
• ဥသျှစ်သီး နှင့် ပျားရည်
• ဥဒေါင်းသား နှင့် ကြက်ဆူဆီ
• ဥမျိုး နှင့် ကြက်ဆူဆီ
• ဥသျှစ်သီး နှင့် ကင်းပိတ်ရွက်
• သြဇာသီး နှင့် ပျားရည်
• တွဲဖက်စားလျှင်သေစေနိင်သောအစားအစာများ
• ကြက်ဆူသီး + ငှက်သား = သေ
• ကျေးသား + ဘူးသီး = သေ
• ကြောင်လျှာသီး + ငါးသေတ္တာ = သေ
• ကြောင်လျှာသီး + ပဲဒလက် = သေ
• ကြောင်လျှာသီး + စပါးကြီးမြွေ = သေ
• ကျွဲကောသီးး + သံပရာသီး = သေ
• ကျွဲခေါင်းသီး + သံပရာသီး = သေ
• ကိုင်းဥ + ပုစွန်ချဉ် = သေ
• ချောကလက် + စောင်းလျားသီး = သေ
• ချောကလက် + ပဲမြစ် = သေ
• ခိုသား + ချင်း = သေ
• ခိုသား + ဖရုံသီး = သေ
• ချင်း + သင်္ဘောသီး = သေ
• ဂွေးသီး + အာတာလွတ် = သေ
• ငှက်ပျောသီး + ထန်းသီး = သေ
• တညင်းသီး + ရှိန်းခို = သေ
• ထန်းလျက် + နလင်ကျော် = သေ
• ထန်းလျက် + ၂၇ ပါးဆေး = သေ
• နို့ဆီ + ကိုးပါးဆေး = သေ
• နွားနို့ + အချဉ်အမျိုးအမျိုး = သေ
• နွားနို့ + မှို = သေ
• နို့အေးချောင်း + ဂွေးသီး = သေ
• ပျားရည် + သြဇာသီး = သေ
• ပျားရည် + အုန်းသီး = သေ
• ပျားရည် + ဥသျှစ်သီး = သေ
• ပီလောပီနံ + ပဲကြားလှော် = သေ
• ပီလောပီနံ + မျှစ်ချဉ် = သေ
• ပီလောပီနံ + ဒေါင်းသား = သေ
• ပီလောပီနံ + အချဉ်အမျိုးမျိုး = သေ
• မင်းကွတ်သီး + သကြား = သေ
• မှို + တညင်းသီး = သေ
• မိုင်လို + ပဲမြစ် = သေ
• မှို + ဖားသား = သေ
• မှို + လယ်ကဏန်း = သေ
• မှို + ယုန်သား = သေ
• ရေခဲမုန့် + ချင်းသုပ် = သေ
• ရှောက်သီး + နွားနို့၊ နို့ရည် = သေ
• လက်ဖက် + ကျွဲခေါင်းသီး = သေ
• ဝက်သား + ထန်းရည်ချို = သေ
• ဝက်သား + ဗျိုင်းသား = သေ
• ဝက်သား + ကြာရိုးကြာစွယ် = သေ
• သပြေသီး + ထန်းလျက် = သေ
• သိုးသား + စောင်းလျားသီး = သေ
• အမဲသား + ခရု = သေ
• အုန်းနို့ခေါက်ဆွဲ + Pepsy ပက်ပစီ = သေ


--

အလှမွေးငါး ၀ါသနာပါသူများအတွက် ..


သူငယ်ချင်းများအားလုံး မင်္ဂလာပါဗျာ ...
ကျနော့်ကိုတော့ သိကြတော့မယ်မထင်ဘူးဗျ.. ဘာမှမရေးဖြစ်တာ ၁နှစ်နီးပါးတောင်ရှိသွားပြီဆိုတော့ ..
အခုတော့ (ရုံးမှာလဲ အလုပ်ပါးနေတုန်း) ဒီဘလော့်ဂ် မှာရှိတဲ့ အလှမွေးငါး ၀ါသနာပါတဲ့သူငယ်ချင်းများအတွက် ကျနော် သိသလောက်လေး လေ့လာထားရသလောက် တွေကို မျှဝေချင်ပါတယ်။

တိရိစ္ဆာန်အမျိုးအစားတော်တော်များများကို လူတွေ အိမ်မွေးတိရိစ္ဆာန်အဖြစ်မွေးမြူတဲ့အလေ့အထက ရှေးလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက စလာခဲ့တာပါ ..။ အိမ်မွေးတိရိစ္ဆာန်လေးတွေက သဘာဝကိုနှစ်သက်တဲ့သူ စူးစမ်းတဲ့သူ တွေအတွက်တော့ တကယ့်ကို အပန်းပြေစေပါတယ်။ (တိရိစ္ဆာန်တွေကို စိတ်မ၀င်စားတဲ့သူတွေအတွက်ကတော့ တကယ့်ကို အပိုအလုပ် စိတ်ရှုပ်စရာဗျ ဥပမာ ကျနော့်အမး) )
ကျနော်ကိုယ်တိုင်လဲ တိရိစ္ဆာန်တွေကို စိတ်ဝင်စားတဲ့လူတယောက်ဆိုတော့ တော်တော်များများကို အိမ်မွေးတိရိစ္ဆာန်အဖြစ် မွေးဖူးပါတယ်..။ တိရိစ္ဆာန်တွေကတော့ တမျိုးစီစိတ်ဝင်စားဖို.ကောင်းကြတာပါပဲ ..။ ကျနော်က ငယ်ငယ်လေးထဲက တိရိစ္ဆာန်တွေကိုမွေးတာဗျ ပေါက်တိပေါက်ရှာတွေ လိုက်မွေးတား)..။
ခွေး၊ ကြောင်၊ ၀က်၊ ကြက်၊ ဘဲ၊ ငန်း၊ မန်ဒါလီ၊ ရေဘဲ၊ ကြက်ဆင်၊ ရစ်၊ ဒေါင်း၊ ငါး၊ ဖား၊ ငါးရှဥ့်၊ ဂဏန်း၊ ဂုံး၊ လိပ်၊ ကျီးကန်း၊ ဇီးကွက်၊ ကြက်တူရွေး၊ ဇရက်၊ စာကလေး၊ ရှဥ့်၊ ယုန်၊ ပူး... ဟူးး မောလိုက်တား) အခြားအကောင်တွေကျန်သေးတယ် ကျနော်လူမှန်းသိစကထဲက မွေးတဲ့ဟာတွေး)

အခုလောလောဆယ်တော့ ငါးမွေးထားတယ်ဗျ အလုပ်တဖက်နဲ.၊ ပြီးတော့ ကိုယ့်အိမ်မှာလဲမဟုတ်တော့ အခြားအကောင်တွေမွေးမရဘူးဖြစ်နေတယ်..
ကဲ..လေရှည်နေတာများသွားပြီ.. ကျနော် အခုရှဲချင်တာက ငါးမွေးတာဝါသနာပါတဲ့သူတွေအတွက်ဗျ..
ငါးတွေက အိမ်မွေးတိရိစ္ဆာန် တွေထဲမှာစိတ်ဝင်စားဖို.အကောင်းဆုံးထဲမှာပါတယ်ဗျ .. ဘာလို.လဲဆိုတော့ ကိုတွေနဲ.မတူတဲ့ သူတို.ရဲ. သဘာဝပတ်ဝန်းကျင်ကို ပြုလုပ်ဖန်တီးပေးပြီးမွေးမြူရတာဆိုတော့..
အခု ကျနော် လေ့လာသိရှိသလောက်ထဲက ငါးဝါသနာပါတဲသူငယ်ချင်းများ စတင်မွေးမြူချင်တဲ့သူများအတွက် သိသင့်တဲ့အချက်လေးတွေပါ... (ငါးမွေးတာ ကျွမ်းကျင်တဲ့သူငယ်ချင်းများလဲ ဖတ်ပြီးလို. လိုအပ်တာရှိရင် အကြံပေးကြပါဗျ)

၁) ငါးကန်
     ပထမဆုံး ငါးမွေးတော့မယ်ဆိုရင်တော့ မရှိမဖြစ်လိုအပ်တာ ငါးကန်ပါ။ ငါးကန်ဆိုတာမှာလဲ အမျိးအစားမျိုးစုံရှိတဲ့အတွက် ကိုယ်နဲ.သင့်တော်မယ့် ကိုကြိုက်နှစ်သက်တဲ့ ငါးကန်မျိုးကို ရွေးချယ်ဖို.လဲ လိုအပ်ပါတယ်။
ပုံစံတွေအားဖြင့်တော့ - ဖန်အိုးပုံသဏ္ဍာန်၊ လေးထောင့်ငါးကန်နဲ. ထောင့်လုံး ငါးကန်တွေဖြစ်ပါတယ်။

-ဖန်အိုးပုံသဏ္ဍန်ငါးကန်ကတော့ အမြင်မှာတော့ လှတယ်ဗျ ငါးအစဦးဆုံး မွေးချင်တဲ့ သူအများစုကလဲ ဒီဖန်အိုးလေးတွေနဲ.မွေးချင်ကြတာများတယ်ဗျ .. ကျနော်ငယ်ငယ်ကလဲ အဲ့ဒါလေးနဲ.မွေးဖူးတယ်။ ဒါပေမယ့် တကယ်တန်း ငါးမွေးတဲ့အခါ သိပ် မသင့်တော်ပါဘူး ဘာလို.လဲဆိုတော့ ဧရိယာကျဉ်းတဲ့အတွက် ငါး အရေအတွက်နဲ. အမျိုးအစားရွေးချယ်မှူ.မှာ သိပ်များများစားစား ရွေးချယ်လို.မရနိုင်ပါဘူး။ ငါးစမွေးမယ့် သူငယ်ချင်းများကိုလဲ အဲ့လိုကန်မျိုးရွေးဖို. သိပ်အားမပေးချင်ဘူး ခဗျ။

-ကောင်းတာကတော့ လေးထောင့်ပုံသဏ္ဍန်ငါးကန်တွေကသာအကောင်းဆုံးပါ။ ထောင့်လုံးငါးကန်ဆိုတာလဲ ကျနော်ဘယ်လိုခေါ်ရမှန်းမသိလို. အဲ့လိုရေးလိုက်တာဗျ။ ပုံစံကတော့ လေးထောင့်ပဲ ဒါပေမယ့် ထောင့်တွေကို စီလီကွန်နဲ. ဆက်ထားတာမျိုးမဟုတ်ပဲ ဖန်တသားထဲ ထောင့်ကိုကွေးပြီးလုပ်ထားတဲ့ကန်မျိုးပါ အမြင်မှာ ပိုလှပြီး ကော်ဆက်ရာပိုနည်းတဲ့အတွက်လဲ ရေယိုစိမ့်နိုင်မှူ.ပိုနည်းပါတယ်။ ရိုးရိုးကန်တွေထက်တော့ ဈေးပိုများတယ်ဗျ။

-ကျနော်မြင်ဖူးတဲ့ အင်းစိန်က ငါးသားဖောက်ဒိုင်တွေကတော့ အကောင်ရေအများကြီးမွေးရတဲ့အတွက် သစ်သားနဲ. ကန်ဘောင်အကြီးကြီးတွေရိုက်ပြီး မှန်သားတွေကို သစ်သားဘောင်မှာ ပွဲညှက် တွေနဲ.ကပ်ပြီးကန်လုပ်သားဖောက်ကြပါတယ်။ အဲ့လိုလုပ်ချင်သူများ တစ်ချက်သတိထားရမှာတော့ အဲ့လိုကန်မျိုး (ကန်အသစ်ဆိုရင်) ငါးမထဲ့ခင် ရေအပြည့်ဖြည့်ပြီး တပတ်လောက် ပွဲညှက်ဓါတ်တွေမရှိတော့အောင် စိမ်ထားပေးဖို.လိုပါမယ်။

-နောက်တမျိုးကတော့ အုပ်ဘောင်တွေနဲ. ငါးကန်လုပ်ပြီးသားဖောက်ကြပါတယ်။ ဒီလိုကန်ကြီးမျိုးတွေက စီးပွားဖြစ်သားဖောက်လုပ်ငန်းတွေမှာသာ အသုံးများကြတာပါ။ ဒါကြောင့် သာမန်မွေးမြူသူတွေအနေနဲ.တော့ အဲ့ဒီကန်တွေမလိုအပ်ပါဘူး။
-ကိုယ်တိုင် တပိုင်တနိုင်သားဖောက်ချင်သူများအတွက် အကောင်းဆုံး သားဖောက်ကန်လုပ်နည်းလေးကိုလဲ ရှဲချင်ပါတယ်။ ကိုယ်တိုင်လဲ လုပ်ဖူးလို. ငွေကြေးအကုန်အကျသက်သာပြီး အဆင်ပြေပါတယ်၊
လုပ်နည်းကတော့ ။ ။ ကိုယ်နှစ်သက်ရာ ကန်အရွယ်အစားကိုအရင်စဉ်းစားပါ။ (အိမ်နောက်ဖေးမြေကွက်လပ်ရှိသူများမှာပိုအဆင်ပြေပါတယ်)။ ပြီးရင် အဲ့ကန်အရွယ်အစားအတိုင်း မြေကို လက်တမိုက် (၆လက်မ၀င်းကျင်လောက် လေးထောင့်တူးလိုက်ပါ။ ပြီးရင်တော့ အဲ့ဒီလေးဖက်လေးလံမှာ သစ်သားတိုင် ခိုင်ခိုင် လေးတိုင်စိုက်လိုက်ပါ။ ဒါဆိုရင်ပဲ ကန်က ပြီးသလောက်ဖြစ်သွားပြီဗျ။ ပြီးရင်တော့ water proff ဖျင်စ ကို အဲ့ဒီအပေါ်ကနေအုပ်ခင်းပြီး ကြမ်းပြင်ထောင့်တွေအထိ လေးထောင့်ပုံစံဖြစ်အောင် သေချာ ပုံစံချပါ ပြီးရင်တော့ ထောင့်တွေကို သံရိုက် အနားတွေခိုင်အောင်တုပ်လိုက်ရင် ငါးကန်တကန်ဖြစ်ပါပြီ။ ကျနော်ကတော့ ရေပိုလုံအောင်လို. အဲ့ဒီအပေါ်ကနေ ပလပ်စတစ် အကြည်စအထူကို နောက်တထပ်ထပ်အုပ်လိုက်တယ်ဗျ။ အဲ့ဒီနည်းနဲ. ငါးသားဖောက်ကန်ကို အကုန်အကျနဲနဲ နဲ.လုပ်နိုင်ပါတယ်။
မြေကွက်လပ်မရှိသူများကလဲ အိမ်မှာ ရှိတဲ့ စားပွဲခုံအဟောင်းများကို ပက်လက်လှန်ပြီး အပေါ်ကပြောတဲ့နည်းအတိုင်းလုပ်ပြီး အဖိုးနည်း သားဖောက်ကန်လုပ်ယူနိုင်ပါတယ်။
ငါးကန်ပုံစံ တွေးကြည့်ရင်တော့ ရီစရာကြီးဗျ။ ဒါပေမယ့် အဲ့ဒါ တကယ် အလုပ်ဖြစ်တယ်။ သုံးချင်တဲ့အခါခင်းလိုက် မသုံးချင်ရင် ပြန်ဖြုတ်သိမ်းထားလိုက် ဘယ်လောက်မိုက်လဲး) (ဒီနည်းကို လွန်ခဲ့တဲ့ ၁၀နှစ်ကျော်လောက်က အကြံပေးခဲ့တဲ့ အင်းစိန်ရွာမက ငါးဒိုင်ကအန်တီ့ကိုလဲ ကျေးဇူးတင်ပါတယ်း) )
၂) အောက်စီဂျင်စနစ်
     ငါးကန် တကန်အတွက် အရေးအကြီးဆုံးက အောက်စီဂျင်စနစ်ပါ ... ငါးတွေက သဘာဝမှာလိုမဟုတ်ပဲ ဒီရေကန်လေးထဲ မှာပဲ အချိန်အကြာကြီးနေကြရတာဆိုတော့ ဒီမှန်ကန်လေးထဲက ရေမျက်နှာပြင်က သူတို.အတွက်လုံလောက်တဲ့ အောက်စီဂျင်ပမာဏကို ပျော်ဝင်စေနိုင်စွမ်းမရှိပါဘူး။ ဒါကြောင့် အလှမွေးငါးကန်တကန် စတင် တပ်ဆင်တဲ့နေရာမှာ အောက်စီဂျင်စနစ်က မရှိမဖြစ်ကိုအရေးကြီးပါတယ်။ အောက်စီဂျင်စက်ဝယ်တဲ့အခါမှာလဲ လေများကို မုတ်ထုပ်ပေးသော air pump နဲ. ကန်ရေစစ်စနစ်ပါတဲ့ အောက်စီဂျင်စက် ဆိုပြီး အကြမ်းမျဉ်း ၂မျိုးရှိပါတယ်။

-Air pump ကတော့ ရေထဲကို အောက်စီဂျင်ပျော်ဝင်စေဖို.အတွက် လေများကို မှုတ်ပေးသေားစက်ဖြစ်ပြီး

= ရေစစ်စနစ်ပါတဲ့ဟာကတော့ အောက်စီဂျင်အတွက်ပါမကပဲ ကန်အတွင်းမှ ရေကို ကြည်လင် သန်.စင်စေရေးအတွက်ပါ လုပ်ငန်း၂မျိုး လုပ်ဆောင်နိုင်ပါတယ်။
ဒီစက်များကိုလဲ ကန်အရွယ်အစားပေါ်မူတည်ပြီး သူရဲ. power အနဲအများကြည့်ပြီးဝယ်ရပါမယ်။ Air pump များအတွက်ကတော့ လေအား အနည်းအများ ထိန်းချုပ်နိုင်ပြီး ကန်ရေစစ်စနစ် (Filteration) ပါသောစက်တွေဝယ်ရင်တော့ ကန်ကြီးပြီး power နဲနေရင် ကန်အတွက် မထိရောက်သလို၊ ကန်သေးပြီး power များနေရင်လဲ ရေလည်ပတ်မှူ.အားများပြင်းပြီး ငါးတွေအတွက် ဆိုးကျိုးဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကိုယ့်ရဲ.ကန်အတွက် power ဘယ်လောက်လိုလဲမသိရင် စက်ရဲဗူးပေါ်က အသေးစိတ်ကိုဖတ်ကြည့်၊ ဒါမှမဟုတ် ဆိုင်မှရောင်းသောသူတယာက်ယောက်ကို မေးပြီး ၀ယ်နိုင်ပါတယ်ခဗျ။
ဒီတစ်ခေါက် ပို.စ် ကိုတော့ ဒီလောက်နဲ.ပဲဖြတ်လိုက်မယ်ဗျ အရမ်းရှည်နေရင် ဖတ်ရတာပျင်းစရာကြီးး)
ဝါသနာပါသူ သူငယ်ချင်းများအတွက် တစိတ်တပိုင်း အထောက်အကူပြုနိုင်ရင် ၀မ်းသာပါတယ်ဗျာ။
နောက်ထပ် ကျန်သေးတဲ့အချက်တွေကိုလဲ အဆင်ပြေရင်ပြေသလို တင်သွားပါမယ်။
သူငယ်ချင်းများကလဲ အလှမွေးငါးနဲ.ပတ်သက်လို. သိချင်တာရှိရင် ဘာပဲဖြစ်ဖြစ် အောက်က ကွန်းမန်.မှာမေးနိုင်ပါတယ်ဗျ။ ကျနော်သိသလောက် ပြန်ဖြေပေးပါ့မယ် ကျနော် မသိတဲ့ဟာတွေဆိုရင်လဲ ကျနော့်အသိ ၀ါရင့် ငါးမွေးသူများကို မေးပြီး ကြိုးစားပြန်ဖြေပေးပါမယ်။
သူငယ်ချင်းများအားလုံး ကိုယ်ဝါသနာပါရာကို အဆင်ပြေပြေ အောင်အောင်မြင်မြင်လုပ်နိုင်ပြီး ပျော်ရွင်နိုင်ကြပါစေ။
 ...............................................*******************.....................................................
Ref: All images are from Google Image.

Memory ကတ်ကို password နဲ့ပိတ်ပြီး ကိုယ်တစ်ယောက်တည်းသုံးလိုသူတွေအတွက်





ဒီဆောစ့်ဝဲလ်လေးကိုပြောရရင်  Memory ကတ်ထဲမှာ အရေးကြီး Data တွေဖြစ်ဖြစ်

အများမသိစေချင်တဲ့ Data တွေဖြစ်ဖြစ် ထည့်ထားတဲ့သူတွေအတွက် အသုံးဝင်မယ့် ဆောစ့်ဝဲလ်လေးပါ

 ဘာဖြစ်လို့လည်းဆိုတော့ ဒီဆောစ့်ဝဲလ်လေး အသုံးပြုထားရင်

မန်မိုရီကတ် ပျောက်သွားတာတောင် ကတ်ထဲက ဒေတာတွေ အခြားသူတွေ ယူလို့မရနိုင်ပါဘူး

မတော်တဆ မန်မိုရီကတ် ပျောက်သွားလို့ တစ်ခြားတစ်ယောက်က ကောက်ရခဲ့ရင်

ကောက်ရခဲ့သူက ဘယ်ကွန်ပျူတာမှာဘဲထည်ပြီးတော့ ဖွင့်ဖွင့် ဘာဖိုင်မှမြင်ရမှာမဟုတ်ပါဘူး

အပေါ်က ဓာတ်ပုံအတိုင်း သုံးဖိုင်လေးဘဲဖြစ်ရမှာပါ

 ပြီးတော့ မန်မိုရီက 576KB လောက်ဘဲရှိတဲ့ ဖိုင်ဆိုဒ်အနေနဲ့တွေ့ရမှာပါ

တကယ်လို့ format လုပ်လိုက်တယ်ဆိုရင်လည်း 576KB လောက်ရှိတဲ့ ပမာဏကိုတွေမြင်ရမှာဆိုတော့

မန်မိုရီကတ်ကို ကောက်ရတဲ့သူ အနေနဲ့ အသုံးပြုလို့လည်းမရပါဘူး

ဒါကြောင့် သုံးသင့်တယ်လို့အကြံပေးချင်ပါတယ်

သူက free ဖြစ်တဲ့အတွက် 4G အထိဘဲ Password ထည့်လို့အဆင်ပြေပါတယ်

http://kashu-sd.co.jp/en/ မှာ Download လုပ်နိုင်ပါတယ်

လုပ်ဆောင်ချက်တွကို Pdf ဖိုင်နဲ့ တစ်ခါတည်းပါပြီးသားပါ

လုပ်ဆောင်ချက်အနေနဲ့ပြောရင် အရင်ဆုံး ဆောစ်ဝဲလ်ကို Install လုပ်ပါ

ပြီးရင် ကိုယ် password ထည့်မယ် မန်မိုရီကတ်ထဲက ဒေတာတွေကို

(အကုန်လုံး)ကွန်ပျူတာရဲ့တစ်နေရာထားလိုက်ပါ



ပြီးရင် ဆောစ့်ဝဲလ်ကို ဖွင့်ပြီး Update ကိုကလစ်လိုက်ပါ ပုံမှာပြထားတဲ့အတိုင်း

format လုပ်ခိုင်းပါမယ် လုပ်လိုက်ပါ (မလုပ်ခင် ကွန်ပျူတာရဲ့တစ်နေရာမှာ ဒေတာတွေသိမ်းထားပါ)



လုပ်ပြီးသွားရင် Password ထည့်ရပါမယ် ပြီးတော့ ok ကိုကလစ်လိုက်ပါ

အဲဒါဆို မန်မိုရီကတ်က Password ထည်ပြီးသားလေးဖြစ်ပါသွာပြီ

4G ရဲ့ မန်မိုရီက  576KB ဖြစ်သွားပါမှာ မန်မိုရီကတ်ထဲဝင်ကြည့်လိုက်ရင်




အပေါ်ဆုံးက ပုံအတိုင်း ဖိုင်သုံးဖိုင် ဒါမှမဟုတ် နှစ်ဖိုင်ကိုမြင်ရမှာပါ

(ဘယ်ကွန်ပျူတာမှာဘဲ မန်မိုရီကတ်ကို ထည့်ထည့်)

USd Enter ဆိုတဲ့ဖိုင်ကို ကလစ်လိုက်ရင်

အပေါ်ဆုံးက ဓာတ်ပုံအတိုင်း Password တောင်းတဲ့ Box လေးကိုတွေ့ရမှာဖြစ်ပါတယ်

ကိုယ်အရင်ဖြည့်ခဲ့တဲ့ Password လေးကိုရိုက်ထည့်လို၇င် 576KB ကနေ 4G အဖြစ်ပြန်လည် တွေ့ရမှာပါ

အဲဒါဆို ကိုယ်ရဲ့ ဒေတာတွေကို ကွန်ပျူတာကနေ ပြန်ပြီးတော့ မန်မိုရီကတ်ထဲကို ထည့်နိုင်ပါပြီ

ဘယ်ကွန်ပျူတာဘဲ ဖွင့်ဖွင့် အပေါ်ဆုံးက ပုံအတိုင်းပေါ်လာမှာပါ

အဲဒါဆို Password ဖြည့်ပြီး အသုံးပြုနိုင်ပါတယ် အဆင်ပြေပါစေ

နောက်တစ်ခုကတော့ သုံးရတာ အလုပ်ရှုပ်တယ် စိတ်ရှုပ်တယ် မသုံးချင်တာ့ဘူဆိုရင်

ဆောစ့်ဝဲလ်လေးကို Install လုပ်ထားတဲ့ ကွန်ပျူတာထဲမှာ မန်မိုရီကတ်ကို ထည့်လိုက်ပါ

Password လေးနဲ့ဖွင့်ပြီးတော့ ဒေတာတွေကို ကွန်ပျူတာရဲ့တစ်နေရာမှာထားလိုက်ပါ

ပြီးသွားရင် မန်မိုရီကတ်ကိုဖြုတ်ပြီး ကွန်ပျူတာပြန်ထည့်ပါ ပြီးရင်

Insatll လုပ်ထားတဲ့ ဆောစ့်ဝဲလ်ကိုဖွင့်ပါ Operation>>>Ininstall



ထဲဝင်ပြီးတော့ ပုံမှာပြထားတဲ့အတိုင်း ok ကိုကလစ်ပြီးတော့ ပြန်ဖြုတ်နိုင်ပါတယ်
Facbook အသုံးပြုတဲ့သူငယ်ချင်းများခင်ဗျာအမျိုးကောင်းသားထဲဝင်ပြီးတော့ Like ခြင်းဖြင့်အားပေးပါလို့ တောင်းဆိုပါတယ် :)
သူငယ်ချင်းအားလုံးအဆင်ပြေဖို့မျှော်လင့်လျှက်
အမျိုးကောင်းသား