This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Monday, December 10, 2012

ဒေါသမီးကြောင့် မကျွတ်လွတ်မဲ့ဘ၀က အိအိသို.(ဖြစ်ရပ်မှန်)

          နေ.ခင်းကြောင်တောင်ကြီး  လင်မယားစကားများ ရန်ဖြစ်သံတွေကြောင့်  ရပ်ကွက်ထဲက လူတော်တော်များများ စိတ်ဝင်တစား  ၀ိုင်းအုံကြည့်နေကြပါတယ်။  စိတ်ဝင်စားတာလဲ မပြောနဲ.လေ ။ တံခါးအလုံပိတ်ထားတဲ့  ထရံကာအိမ်လေးထဲက အသံတွေက ကြောက်ခမန်းလိလိ ။ ဘယ်လူတစ်ယောက်အော်လို.မှ ဂရုမစိုက်  သူတို.နှစ်ယောက်ထဲပဲ ရှိနေသလို  ထင်တိုင်းကြဲနေကြတာ။ အိမ်ေ၇ှ့ ၀ိုင်းအုံကြည်.ပြီး ( ကြည်.တယ်သာပြောတာပါ  ၊မမြင်၇လို. ၀ိုင်းနားထောင်နေကြတာပါ)  တိုးတိုး တိုးတိုး အချင်းချင်း ထင်၇ာမြင်ရာ ဝေဖန်နေကြပါတယ်။  ၀ုန်း........................ မကြာပါဘူး။ အိမ်ေ၇ှ့ တံခါးနှစ်ချက်ပွင့်သွားပြီး  ကျော်ကျော်က" လုပ်ကြပါဦး။ကျွန်တော့မိန်းမ တက်သွားလို." ။ ဖြစ်မှဖြစ်ရလေ ။ နပန်းသတ်နေကြတုန်းကတော့  ခေါ်မကြား အော်မကြား။ ခုမှ  မျက်လုံးပြူးမျက်ဆံပြူးနဲ. ။ မြန်မာလူမျိုးများ ထုံးစံအတိုင်း ပါးစပ်ကလဲ ဘယ်လိုဖြစ်လဲမေး။  အုပ်စုတအုပ်စုကလဲ  အပြေးတက်သွားကြပါတယ်။ လဲကျနေတဲ့ အိအိ ကိုအပြေးအလွှား ဆိုက်ကားပေါ်တင်ကြပြီး ကားဂိတ်ကို  ထွက်ခဲ့ကြပါတယ်။ ကားဂိတ်က တစ်ဆင့် ကားငှားပြီး သင်္ဃန်းကျွန်းစံပြဆေးရုံကြီးသို. သွားကြပါတယ်။ 
          ဆေးရုံေ၇ာက်ပြီး သိပ်မကြာပါဘူး။  အိအိတစ်ယောက်  ပါးစပ်ထဲက အမြှုပ်တွေထွက်လာပြီး  အသက်ပျောက်သွားရှာပါတော့မယ် ။  ဆရာဝန်ကြီးက " တော်တော်လေး စိတ်မကောင်းဘူးဗျာ ။ ခင်ဗျားတို. တော်တော်ဆိုးကြတာပဲ" ။ အားလုံးကတော့်ဆ၇ာဝန်ကြီးဘ်ာဆက်ပြောမလဲ နားစွင့်လျှက် ။ ယောက်ျားဖြစ်သူ ကျော်ကျော်ကတော့ ခေါင်းငိုက်စိုက် ။  နီ၇ဲနေသော မျက်လုံးအစုံနှင့် ။်ဆရာဝန်ကြီးမှ ဆက်ပြီး  " ကျွန်တော်တို. သူ.ကို ဘာကုသမှုမှ လုပ်မပေးလိုက်၇သေးပါဘူး။ ဘာကြောင့်ဆုံး၇တယ်ဆိုတာတော့ ဆေးစစ်ချက်ထွက်လာ၇င်သိ၇ပါမယ် " ဟု ပြောပြီး  ကျော်ကျော်ကို တစ်ချက်ကြည်.ကာ ထွက်ခွာသွားပါသည်။  အလောင်းနဲ. ပက်သက်ပြီး လုပ်စရာ၇ှိကြ လုပ်ရင်းနဲ.  ဆေးစစ်ချက်စောင့်နေကြပါတယ် ။  နောက်  ကျော်ကျော်က နယ်မှ ယောက္ခမ ဖြစ်သူထံ  ဖုန်းဆက်အကြောင်းကြားရန် ဖုန်းဆက်သို.ထွက်လာခဲ့သည်။  " ဟဲလို  ၊အမေ ။ သား ငကျော်ပါ ။ "  ဒီအချိန်မှာ " ဟဲ့ကောင် ငကျော် ၊ ငါ့သမီးနင်သတ်လို. သေပြီ်ဆို ဟုတ်လား" ဟု ငိုသံစွက်လျှက် ယောက္ခမလုပ်သူ၏ အမေးကြောင့်   ကျော်ကျော်တယောက် ဘာသံမှမထွက်နိုင်ပဲ  အံ့သြတကြီးဖြင့် " အမေ ဘယ်လိုသိလဲ " "  ဟင် ဒါဆို ဟုတ်တယ် ပေါ့ ။ မှန်တယ်ပေါ့ " မေးသံနှင့်အတူ  ယောက္ခမဖြစ်သူမှာ ဟီးချကာငိုပါတော့သည်။  အတန်ကြာမှ " အမေ  ။ ပြောပါဦး  ။  အမေဘယ်လိုသိလဲလို."  "ငါ့သမီး ငါ့ဆီလာတဲ့ဟဲ့  ၊ အမေ  သမိးတော့ ငကျော်သတ်လို.သေပြီတဲ့ ၊ သမီးကို  ထိုးတယ် ကန်တယ်  ၇ိုက်တယ်  ဆံပင်ဆွဲတယ် အမေ တဲ့  "  "သမီး  ရင်ထဲက မခံစားနိုင်ဘူးအမေ၊  ကိုယ်အတွင်းပိုင်းကလဲ မခံနိုင်အောင် အ၇မ်းနာတယ်။ ဒါကြောင့် သူတပြန် ကိုယ်တပြန် သမိးတို. သတ်ကြတယ် အမေ ၊ခုတော့ သမီးသူ.လက်ချက်နဲ. သေပြီ " တဲ့  " သမီးကို ၇က်လည်ဆွမ်းသွပ်ရင်  အမေ့အိမ်မှာပဲလုပ်ပေးပါ အမေရယ် ။သမီးသေတဲ့ သူ.အိမ်မှာ လုပ်မပေးပါနဲ. "တဲံ့  ။  ဆုံးဆုံးခြင်း  အမေလုပ်သူဆီ နယ်လို. ချက်ချင်းရောက်ပြီး သွားေ၇ာက်တိုင်ကြားသော အိအိရဲ. ၀ိဥာဉ်အကြောင်းကို  ကြားလိုက်၇သူတိုင်း  အံ့သြတကြီး ဖြစ်ကြ၇ပါသည်။
             ယောက္ခမ လုပ်သူနှင့်အတူ     ကျော်ကျော်၊အိအိ တို.သားလေး လဲ အသုဘအိမ်သို. လိုက်လာကြသည်။  ညမိုးချူပ်ခါနီးတော့  ရဲစခန်းမှ ကျော်ကျော်ကို လာရောက်ဖမ်းခေါ်သွားကြပါသည်။  ဆေးစစ်ချက်အဖြေကတော့  "သေဆုံးသူ အိအိသည်  နှလုံးကွဲသွားပါသည်။ အဆုတ်ကွာသွားပါသည်။ သ၇က်၇ွက်ပဲ့ကျကုန်ပါသည်။ နှလုးံနှင့် ကျောက်ကပ်၂ခုကြားတွင်  နောက်လတွင် မွေးမည်. သမီးမိန်းကလေး ညပ်လျှက်သေဆုံးနေပါသည်၊"    "ကျွန်တော့ကို ဖမ်းကြပါဗျာ ။  ကျွန်တော်အဖမ်းခံမှာပါဗျာ"  မျက်၇ည်လည်၇ွဲနဲ. ကျော်ကျော် ။   သူချ ကိုယ်ချ  ချကြတုန်းက သူတို.ဘာလို. ဗိုက်ထဲက  နေ.စေ့လစေ့သမီးလေးကို  ထည.်မစဉ်းကြပါလိမ့် ။  ဒေါသမီးက  အားလုံးကို  မျက်ကွယ်ပြူနိုင်တယ်တဲ့လား။  နောက်ဆုံးရလဒ်ကတော့  အိအိတယောက် ကိုယ်အတွင်းပိုင်းတွေ  အကုန်နီးပါးပျက်စီးတယ်။  ကျော်ကျော်ထောင်ကျတယ်။  သမီးလေး  လူ.လောကမေ၇ာက်ခင်  နာကျင်မှုများနဲ. ပြန်ထွက်သွားရတယ်။  နောက်တလဆို သူလူ.လောကထဲေ၇ာက်ပြီလေ ။ နောက်  နယ်မှာ ဘွားအေနဲ.နေရတဲ့ သားအကြီးလေး  မိဘမဲ့ဖြစ်ရမယ် ။ ပတ်ဝန်းကျင်မှာ အများလက်ညှိုးထိုးပြောစ၇ာဖြစ်ရအောင်  အဖြစ်ဆိုးကြီးနဲ. သူကျန်ခဲ့တယ်။    အရာအားလုံးဟာ ဒေါသမီးကြောင့်ပါ။   ၇ ရက်သားသမီးအပေါင်း   ဒေါသမီး  လောဘမီး မောဟမီး   ငြိမ်းနိုင်ကြပါစေ။  
ုယုဇနဥယျာဉ်မြို.တော်  ၉၃ ရပ်ကွက်တွင် မကြာသေးမီ၇က်ပိုင်းက ဖြစ်ခဲ့သော  ဖြစ်ရပ်မှန်ကို   ပြန်လည်ေ၇းသားပါသည်။

လေဆာကီးဘုတ် (Virtual Keyboard)

ပုံမှာ မြင်တွေ့ရတဲ့အတိုင်း လေဆာအလင်းရောင်နဲ့ ပေါ်နေတဲ့ အကွက်ပေါ်မှာ တကယ် typing ရိုက်လို့ရမှာ ဖြစ်
ပါတယ်။


အမေရိကန်အခြေဆိုက် Brookstone - gadgets ပစ္စည်းထုတ် ကုမ္မဏီက ဖန်တီးလိုက်တာ ဖြစ်ပါတယ်။
အော်ဒါမှာယူခွင့်ပေးတဲ့ ရက်ပိုင်းအတွင်း ကုန်သွားပြီး ဒီဇင်ဘာလ လောက်မှ ပြန်လည်ရရှိမယ်လို့ ဆိုပါတယ်။
စမတ်ဖုန်း၊ လပ်(ပ်)တော့၊ Tablet အစရှိသဖြင့် ပစ္စည်း စုံစုံလင်လင်နဲ့ ချိတ်ဆက် အသုံးပြုနိုင်ပါတယ်။ Bluetooth
ပါဖို့တော့ လိုပါတယ်။ သူက Bluetooth နဲ့ အလုပ်လုပ်တာမို့ ဖြစ်ပါတယ်။
ကီးဘုတ်အရွယ်အစား ကြီး/ငယ်ကို ကိုယ်လိုသလို ချိန်ညှိယူနိုင်ပြီး သာမန် ကွန်ပျူတာ တစ်လုံးသုံးသလိုပဲ
အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ဖုန်း နဲ့ Message ပို့တဲ့အခါ အလွယ်တကူ ရိုက်ပို့နိုင်ပါတယ်။
အင်တာနက်သုံးရင် လည်း အဆင်ပြေပါတယ်။ အရွယ်အစားကလည်း သော့ချိတ်သာသာပဲ ရှိပြီး သော့ချိတ်
ပုံစံမျိုးပဲ ထုတ်လုပ်ထားတာ ဖြစ် ပါတယ်။ မြန်မာပြည် မှာလည်း မှာယူပေးမယ့် ကိုယ်စားလှယ်များ ရှိလာနိုင်
ပါတယ်။


မူရင်း အင်တာနက်ကနေ တစ်ဆင့်ရောင်းချတဲ့ Brrokstone ရဲ့  လေဆာကီးဘုတ် (Virtual keyboard) ကို
အောက်ပါ လခ့်မှာ ဝင်ရောက် ကြည့်ရှု နိုင်ပါတယ်။TechSpace Journal မှကူးယူတင်ပြခြင်းဖြစ်သည်....

အမျိုးသားများသိထားသင့်သောအမျိုးသမီး များ၏ရင်တွင်းခံစားချက်အစစ်အမှန်များ

မိန်းမသားတို့အတွက်အကြီးကျယ်ဆုံးသောဖြစ်စဉ်တွေကများသောအားဖြင့်တူညီနေတတ်ကြပါတယ်။

၁။အကောင်းဆုံးနေ့

လက်ထဲမှာငွေကြေးအသပြာတွေလုံလုံလောက်လောက်နဲ့ကိုယ်လုပ်စရာရှိတာတွေကို
မတောင့်မတမကြောင့်မကြလုပ်နေရတဲ့နေ့ပာာမိန်းမသားတွေအတွက်အကောင်းဆုံးနေ့ဖြစ်နေ
တတ်ပါတယ်။ဒါပေမယ့်ဒီလိုအကောင်းဆုံးနေပတွေပာာတလမှာဘယ်နှရက်၊တနှစ်မှာဘယ်နှစ်
လကိုယ့်ဆီမှာကြုံတွေ့ရသလဲဆိုတာကိုတော့မိန်းမသားတို့ကံတရားပေါ့။

၂။အလိုအပ်ဆုံးအရာ

မိန်းမသားတို့အတွက်အလိုအပ်ဆုံးကတော့ကိုယ့်မိသားစုရဲ့ချစ်ခြင်းမေတျွှာပါပဲ။ခင်ပွန်ူသည်ဆီ
ကချစ်ခြင်းမေတ္တာပာာလည်းသူ့အတွက်သိပ်ကိုလိုအပ်တာပါ။သားသမီးဆီကချစ်ခြင်းမေတ္တာကို
လည်းသိပ်ကိုလိုချင်နေတတ်တာပါ။နည်းနည်းပါးပါးလျှော့ရလို့ကတော့ပြသာနာရှာတတ်သူေ
တွမို့လို့သတိသာထား။တခုတော့ရှိပါတယ်။မိန်းမသားပာာမိသားစုဆီကမေတ္တာတရားကိုလိုအပ်သလို သူ့မေတ္တာတရားကိုလည်းမိသားစုကိုအပြည့်အ၀ပြန်ပေးတတ်သူဆိုတာအသေအချာပါပဲ။

၃။အဆိုးဆုံးနေ့ရက်

မိန်းမသားတို့အတွက်အဆိုးဆုံးနေ့ရက်တွေကတော့ကိုယ်ချစ်ခင်နှစ်သက်တဲ့လူကိုလက်
လွှတ်ဆုံးရှူံးရတဲ့နေ့ပါပဲ။သူတို့ပာာဘ၀ရဲ့အခက်အခဲပင်ပန်းကြမ်းတမ်းမူတွေကိုရင်ဆိုင်ဖြတ်ေ
ကျာ်ရဲပေမယ့်ချစ်ရသူကိုလက်လွှတ်ဆုံးရှူံးရတဲ့ဝေဒနာကိုတော့ဘယ်လိုမှမခံစားနိုင်ကြပါဘူး
။မြင်းမိုရ်တောင်ကိုဘယ်တပြန်ညာတပြန်ခုန်ပျံကျော်လွှားပစ်လိုက်မယ်။ဒီလိုဝေဒနာမျိုးကိုတော
ပလာမပေးပါနဲ့ဆိုတာမိန်းမသားတွေရဲ့အမှန်အကန်စိတ်ထားပါ။

၎။အကြည်ညိုဆုံးပုဂ္ဂိုလ်

အဲဒါကတော့ဘာသာအယူသာကွဲချင်ကွဲသွားမယ်။မိန်းမသားတို့ရဲ့မကွဲပြားသေယစိတ်ထားက
မိမိကိုးကွယ်ယုံကြည်ရာဘာသာတရားကိုအကြည်ညိုဆုံးဖြစ်တတ်ပါတယ်။အိမ်တအိမ်မှာ
ဘုရားရှိခိုးသံဝေေ၀စီနေတတ်တာမိန်းမသားတို့ရဲ့အသံပါ။တရားရိပ်သာမှာဘာ
သာတရားရဲ့ဆုံးမမူအောက်သေ၀ပ်ကျနစွာရှိနေတတ်တာမိန်းမသားတွေပါ။သို့သော်
…သို့သော်ငြားလည်းတစ်ဘ၀လွန်မြောက်ပြီးအထက်ဘုံ အောက်ဘုံမှာယော
ကျာ်းနဲ့မိန်းမအချိုးချကြည့်လိုက်ရင်ဘယ်သူပိုများလဲဆိုတာတော့သုတေသနပြုဖို့ရာ
ဘယ်သူ့ကိုတာဝန်ပေးရပါ့။

၅။အကြီးဆုံးအားနည်းမူ

မိန်းမသားတွေအတွက်အကြီးမားဆုံးအားနည်းမူကမျက်ရည်လွယ်ခြင်းပါ။မျက်ရည်
ဘဏ်တိုက်ဖွင့်ထားသလိုဝမ်းသာနာပဲဖြစ်ဖြစ်၊ ၀မ်းနည်းတာပဲဖြစ်ဖြစ်မျက်ရည်အရွယ်အစားမျိုးစုံကိုမနားတမ်းထုတ်လွှင့်နိုင်
သူပာာမိန်းမသားတွေပါ.။ဒါပေမယ့်ငိုတတ်တဲ့မျက်ဝန်းပာာပိုလှတယ်လို့တောင်
ဆိုရိုးစကားရှိသေးတာမို့ကျောက်ခေတ်မှသည်ယနေ့ခေတ်တိုင်အောင်မိန်းမသားတို့
ကတော့မမောနိုင်အောင်ငိုနေဆဲပါ။

၆။အသုံးမကျဆုံးပိုင်ဆိုင်မူ

အဲဒါကတော့မခြွင်းမချန်ဝန်ခံရမှာပါ။မိန်းမတွေလောက်တုပပြိုင်ဆိုင်မူများတာ
မိန်းမတွေပဲရှိပါတယ်။မိန်းမသားစိတ်ဆိုတာကိုကဘာလေးပဲဖြစ်ဖြစ်ပြိုင်လိုက်
ဆိုင်လိုက်ရမှနေသာထိုင်သာရှိသွားတာကိုး။နောက်ဆုံးပြိုင်စရာမရှိရင်တောင်
မှနင့်ယောကျာ်းအရပ်ထက်ငါ့ယောကျာ်းအရပ်ကပိုရှည်တယ်ဆိုတာမျိုးလောက်တော့ပြောရမှနေ
သာသူတွေဆိုတော့အစဉ်အလာမပျက်ဆက်လက်ပြီးသာပြိုင်ကြပေတော့ပေါ့။

Women ‘s word ဂျာနယ်မှပြန်လည်ကူးယူတင်ပြမျှဝေပါသည်။

မီးလောင် ဒဏ်ရာရ သံဃာတော်များအတွက် မန်းအစ္စလာမ်ဘာသာဝင်များမှ သိန်း (၂၀) လှူဒါန်း


မင်းမင်းလတ် – မန္တလေး (မြစ်မခ)
ဒီဇင်ဘာ ၄၊ ၂၀၁၂
လက်ပံတောင်းတောင်သပိတ်စခန်းများ ဖြိုခွင်းမှုကြောင့် မန္တလေးမြို့သို့ လာရောက်ကုသနေသော သံဃာများအတွက် မန္တလေးမြို့ရှိ အစ္စလာမ်ဘာသာဝင်များစုပေါင်း၍ ငွေကျပ်သိန်း(၂၀)လှူဒါန်းခဲ့ ကြောင်း သိရသည်။
မန္တလေးမြို့သို့ လာရောက်ကုသနေသော သံဃာများ ဒုက္ခခံစားနေရသည်မှာ မိမိတို့လူမျိုးများဖြစ်နေ သကဲ့သို့ခံစားရကြောင်း အစ္စလာမ်ဘာ သာဝင်များ စုပေါင်း၍ သံဃာတော်များအား အလှူငွေ ပေးအပ်ပွဲတွင် ဦးသန်းညွန့်က ပြောကြားလိုက်သည်။
မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ၊ ၈၁လမ်းပေါ်ရှိ ဂဠုန်နီဆရာတော် ဦးကာဝိယ၏ ငွေငါးကျောင်း တိုက်တွင် ပြုလုပ်သော အလှူငွေပေး အပ်ပွဲတွင် ယခုကဲသို့ပြောကြားလိုက်ခြင်းဖြစ်သည်။
“သံဃာတွေခုလိုမျိုးဒုက္ခတွေဖြစ်နေတော့ ၊ အစ္စလာမ်ဘာသာဝင်တွေက ကိုယ်ဖြစ်သလိုပဲခံစားရပါတယ် ´´ ဟု ဦးသန်းညွန့်က ပြော သည်။
ဆေးကုသမှုခံယူနေသူသံဃာတော်များအား ဦးဆောင်ကူညီနေသူ ငွေငါးကျောင်းတိုက်မှ ဂဠုန်နီဆရာတော်ဦးကာဝိရက ယခုကဲ့သို့ဆိုသ ည်။
“ တကယ်လိုအပ်တဲ့လူကိုပဲ တကယ်ကူညီမယ် မလိုအပ်သေးဘူးဆိုရင်တော့ ဦးဇင်းတို့စောင့်ကြည့်မယ် ´´ ဟု ဆရာတော်က မိန့်ကြားခဲ့ သည်။
မန္တလေးပြည်သူ့ဆေးရုံကြီးတွင် သံဃာ (၉၈)ပါးနှင့် အမျိုးသား (၄)ဦးနှင့် အမျိုးသမီး(၅)ဦးတက် ရောက်ကုသလျှက်ရှိသည်။
အဆိုပါငွေလှူဒါန်းမှုကို မန္တလေးမြို့ရှိ ဦးကာဝိရ၊ ဦးဝိသုတ၊ ဦးဇင်းဂျောင်းဂျောင်းနှင့် အခြား ဆရာတော် တစ်ပါး တက်ရောက်ခဲ့ပြီး မန္တလေး မြို့ရှိ အစ္စလာမ်ဘာသာဝင်များ၊ လူမှုကူညီရေးအဖွဲ့များ တက်ရောက်ခဲ့သည်။
မြစ်ခမ မီဒီယာဂရုဖ်ဘ်မှ ကူးယူဖော်ပြပါသည်။  

အိမ်ထောင်ရှင်မများသိသင့်သည့်အချက်များ

အမျိုးသမီးတို့အနေနဲ့အိမ်ထောင်ရက်သားကျပြီးသော
အခါတွင်အိမ်ထောင်ရှင်မတဦးဧ။်ကျင့်ဝတ်ကိုသိထားသင့်ပါသည်။၎င်းတို့မှာ -
မယားဝတ္တရားငါးပါး
(၁)အိမ်တွင်းမူချက်ပြုတ်ချုပ်လုပ်စသောအမူကြီးငယ်ကိုကောင်းစွာစီရင်ခြင်း
(၂)နှစ်ဖက်သောဆွေမျိုးတို့ကိုချီးမြှောက်ခြင်း
(၃)မိမိလင်မှတပါးအခြားယောကျာ်းကိုကျူးလွန်သောအကျင့်မှကင်းခြင်း။
(၄)ရှာဖွေစုဆောင်းရရှိသည့်ဥစ္စာကိုထိန်းသိမ်းစောင့်ရှောက်ခြင်း။
(၅)အလုံးစုံသောကိစ္စတို့တွင်လိမ္မာရ်ျပျင်းရိမူကင်းခြင်း။

ထိုအခြင်းအရာတို့ကိုဆောင်ပုဒ်အနေနဲ့သင်္ဂဇာဆရာတော်က အိမ်တွင်းမူလုပ်၊သိမ်းထုတ်သေချာ၊မိစ္ဆာကြဉ်ရှောင်၊လျော်အောင်ဖြန့်ချိ၊ပျင်းရိမမူ၊၀တ်ငါးဆူ
၊အိမ်သူကျင့်အပ်ရာ ပာုဖွဲ့ဆိုထားပါသည်။

လောကနီတိ

သို့တင်မအိမ်ထောင်ရှင်မတစ်ဦးမှာ မိမိသည်မည်ကဲ့သို့သောကြင်ဖက်မျိုးဖြစ်သည်ကိုသိရှိလိုပါကအောက်ပါအချက်များနှင့်ဆန်းစ်နိုင်ပါသည်။
ယင်းတို့မှာ-

မယားအပြားခုနှစ်ပါး

(၁) အမျက်ဒေါသကြီးလျက်လင်ကိုပြစ်မှားတတ်သော သူသတ်နှင့်တူသောမယား
(၂)လင်ဖြစ်သူရှာဖွေသောပစ္စည်းမှသိုဝှက်ထားတတ်သော သူခိုးနှင့်တူသောမယား
(၃)လင်ကိုနှိမ့်ချရ်ျအစေအပါးသဖွယ်ပြုတတ်သော အရှင်နှင့်တူသောမယား

အဆိုပါမယား(၃)မျိုးတို့မှာငရဲကျတတ်ဧ။် ။
(၄)ဥစ္စာစီးပွားကိုစောင့်ရှောက်ကာထိန်းသိမ်းစီမံတတ်သောမိခင်နှင့်တူသောမယား
(၅)နှမအသွင်လင်ယောကျာ်းအပေါ်ရှက်ကြောက်ရိုသေလျက်လင့်အလိုသို့လိုက်တတ်သောမယား
(၆)ချစ်ခင်သောအမူအရာဖြင့်ကျင့်ဝတ်နှင့်အညီနေကာလွန်စွာမြတ်နိုးတတ်သောမိတ်ဆွေနှင့်တူသောမယား
(၇)အမျက်မထားစကားမလှန်သည်းညည်းခံပြီးလင့်အလိုကိုသာလိုက်နာပြုမူတတ်သောကျွန်နှင့်တုသောမယား

က်ျမျှမပာုတ်

အိမ်ထောင်ရှင်မတစ်ဦးအနေနှင့်မိမိခင်ပွန်းသည်မှာမည်သို့သောယောကျာ်းမျိုးဖြစ်နေသည်ကို
လည်းသိထားအပ်ပါသည်။
လေ့လာကြည့်မည်ဆိုလျှင်တွေ့နိုင်မည့်ယောကျာ်းအမျိုးအစားတို့မှာ………………..

(၁)အသွယောကျာ်း -  ပစ္စည်းတပ်မက်၏လိမ်ညာတတ်၏။သစ္စာမဲ့၏။အရှက်အကြောက်မရှိ
(၂)ပြသာဘယောကျာ်း -  အပျော်အပါးမက်၏။ငြူစူစောင်းမြောင်းတတ်၏။မေထုန်အမူတွင်လွန်ကဲ၏။
(၃)မြီဂယောကျာ်း -  သည်းခံ၏။သနားတတ်၏။ရိုသေထိုက်သူကိုရိုသေ၏။ပညာကိုလိုလား၏။ကောင်းသောစကားကိုဆို၏။
(၄)အသာဂယောကျာ်း- အသားအရေနူးညံ့၏။လက်ချောင်းခြေချောင်းရှည်သွယ်၏။ရင်ဘတ်ကျယ်၏။သနားတတ်၏။သီလရှိ၏။

ထို့အပြင်အိမ်ထောင်ရှင်မမှာမိမိခင်ပွန်း၏ကျင့်ဝတ်များကိုလည်းသိရှိထားထိုက်ပါသည်။
သို့မှသာတာဝန်ကျေပွန်မူကိုတိုက်ဆိုင်ကြည့်ရ်ျရပါမည်။

လင့်ကျင့်ဝတ်ငါးပါးမှာ

(၁)မြတ်နိုးကြင်နာမူရှိခြင်း
(၂)နှိမ့်ချရ်ျမဆက်ဆံခြင်းမထီမဲ့မြင်မပြုခြင်း
(၃)မယားအငယ်အနှေင်းမထားခြင်း
(၄)စည်းစိမ်ဥစ္စာကိုအပ်နှံခြင်း
(၅)အ၀တ်တန်ဆာပေးခြင်း

နောက်ထပ်အိမ်ထောင်ရှင်မများအနေနှင့်မိမိခင်ပွန်းကိုသုံးသပ်ကြည့်ရ်ျရနိုင်ပါသေးသည်။
ခင်ပွန်းယုတ်အပြစ်ခြောက်ပါး
(၁)လောင်းကစားကြူးသူ
(၂)ကာမဂုဏ်ကြူးသူ
(၃)သေသောက်ကြူးသူ
(၄)အတုပြုရ်ျလိမ်လည်လှည့်ဖြားသူ
(၅)ပရိယာယ်ဖြင့်မျက်မှောက်တွင်ပင်လိမ်လည်လှည့်ဖျားတတ်သူ
(၆)အနိုင်အထက်ပြုတတ်သူ

အဆိုပါအချက်များကိုပြုမူကျင့်သုံးသူကိုခင်ပွန်းဆိုးအဖြစ်ကောက်ချက်ချနိုင်သည်။

Women”s world  journal မှကူးယူတင်ပြမျှဝေသည်။

ဟာသအတိုအထွာ ရယ်စရာ

ဒါ ရှင့်ရဲ့ ပထမဆုံးအကြိမ်နော်..

တစ်ခါတုန်းက လင်မယားနှစ်ယောက်ဟာ သူတို့ရဲ့၂၅နှစ်မြောက် မင်္ဂလာနှစ်ပတ်လည်နေ့ကိုကျင်းပကြတယ်။
သူတို့စုံတွဲဟာ အိမ်ထောင်သက်၂၅နှစ်အတွင်းမှာ တစ်ခါမှ ကတောက်ကဆ မဖြစ်ဖူးဘူးလို့ မြို့မှာနာမည်ကြီးပါတယ်။
ဒါကြောင့်နယ်ခံသတင်းစာရဲ့အယ်ဒီတာချုပ်က အဲ့ဒီပျော်ရွှင်ချမ်းမြေ့တဲ့ အိမ်ထောင်ရေး လျို့ဝှက်ချက်ကို မေးမြန်းဖော်ထုတ်ဖို့ အစီအစဉ်တစ်ခု လုပ်လိုက်ပါတယ်။အယ်ဒီတာက ""ဒီအဖြစ်အပျက်က မယုံနိုင်စရာ အံ့အားသင့်ဖို့ကောင်းလွန်းပါတယ်။ ဒီလိုအိမ်ထောင်ရေးကို ဘယ်လိုတည်ဆောက်ခဲ့ကြပါသလဲခင်ဗျာ""''''
ယောကျာင်္းဖြစ်သူကသူ့တိုရဲ့ Honeymoom နေ့ရက်တွေကို ပြန်တွေးရင်း ပြောပါတယ်။
"""""ကျွန်တော်တို့တွေ Honeymoon ခရီးအတွက် ရှီမလာကိုသွားခဲ့ကြပါတယ်။အဲ့ဒီမှာ မြင်းစီးသွားမယ်ဆိုပြီး မြင်းတစ်ကောင်စီ စီးကြတာပေါ့ဗျာ။အဲ့ဒီမှာကျွန်တော့်မြင်းက စီးရတာအဆင်ပြေပေမဲ့ ကျွန်တော့်မိန်းမစီးတဲ့မြင်းက နည်းနည်းရိုင်းပုံရတယ်ဗျ။လမ်းမှာသွားနေရင်းနဲ့ပဲ အဲ့ ဒီမြင်းက ရုတ်တရက်ထ ခုန်လိုက်တော့ ကျွန်တော့်မိန်းမဒယိဒယိုင်ဖြစ်ပြီး ပြုတ်ကျပါလေရော။ဒါပေမဲ့ သူမြေကြီးပေါ်ကနေလူးလဲထပြီး မြင်းရဲ့ကျောကုန်းလေးကိုအသာ
ပွတ်ပြီးမြင်းကို ဒါမင်းရဲ့ ပထမဆုံးအကြိမ်နော် လို့ပြောပါတယ်။ပြောပြီးတော့သူလည်း မြင်းပေါ်ပြန်တက်ပြီး ခရီးဆက်ခဲ့တာပေါ့ဗျာ။ ခဏအကြာမှာ စောစောကလိုဖြစ်ပြန်ပါတယ်။ဒီတစ်ခါမှာလည်း ကျွန်နော်မိန်းမက တည်တည်ငြိမ်ငြိမ်ဘဲ ဒါမင်းရဲ့ဒုတိယအကြိမ်နော်လို့ ပြောပြီးဆက်သွားပြန်တယ် တတိယအကြိမ်မြောက် မြင်းကချလိုက်တဲ့အခါမှာတော့ ကျွန်တော့်မိန်းမဟာဘာမှ မပြောဘဲ ခြောက်လုံးပြူးသေနတ်ကို ပိုက်ဆံအိတ်ကနေထုတ်ကာ မြင်းကို အသေသတ်ပစ်လိုက်ပါလေရော။ ကျွန်တော်လည်း ဒေါသထွက်ထွက်နဲ့"" မင်းဘယ်လိုလုပ်လိုက်တာလဲကွ သနားစရာကောင်းတဲ့တိရစ္ဆာန်လေးကို မင်းသတ်ပစ်လိုက်ပြီ။
မင်းရူးနေလား '" လို့အော်လိုက်မိတယ်။အဲ့ဒီအခါ ကျွန်တော်မိန်းမက ကျွန်တော့်ကို အေးစက်စက်ပြန်ကြည့်ပြီးနူးညံ့တဲ့လေသံနဲ့ ဘာပြောလဲဆိုတော့ """ဒါ ရှင့်ရဲ့ ပထမဆုံးအကြိမ်နော်"""တဲ့။အဲ့ဒီနေ့ကစပြီး ကျွန်တော်တို့ဘာပြဿနာမှ မရှိဘဲ နှစ်ယောက်တူတူ ပျော်ပျော်ရွှင်ရွှင်နေလာခဲ့ကြတာပါပဲဗျာ....


အမေ့သား

အမျိုးသမီးတစ်ဦး သူမဧ။် ကျောင်းနေဘက် သူငယ်ချင်းကိုပြောပြတယ်။
"'အိုင့် ယောကျာင်္းလေ အင်မတန်မှကို စိတ်ညစ်စရာ ကောင်းတဲ့ လူ သိလား။ တစ်ချိန်လုံး သူ့အမေအကြောင်းကိုပဲ
သတိတရပြောနေတယ်။မေမေဆိုရင် ဒီလိုလုပ်မှာ မဟုတ်ဘူး။မေမေမြင်စမ်းချင်တယ်။ မေမေဆိုကြိုက်မှာ မဟုတ်ဘူးဆိုတဲ့စကားဘဲကြားနေရတယ်။အမေကိုရှေ့တန်းတင်လွန်းတယ်။ အိုင့်ကို လုံးဝဂရု မစိုက်ဘူးအိုင့်စိတ်ညစ်လှပြီ"""
"''မိန်းမတစ်ယောက်အနေနဲ့ ယူကို သူစိတ်ဝင်စားလာအောင်လုပ်ဖို့ လိုတယ်။အဲ့ဒါဆို သူ့အမေကိုသတိရမှာ မဟုတ်တော့ဘူး။ ညနေသူရုံးကနေ ပြန်လာတဲအချိန် သူ့ကိုဆွဲဆောင်နိုင်တဲ့ အဝတ်အစားဝတ်ပြီး ကြို ကြည့်စမ်းပါ။"""
သူငယ်ချင်းအကြံပေးသည့်အတိုင်း တစ်ညနေတွင် အမည်းရောင်ဘရာဇီယာ အမည်းရောင်ခြေအိတ် အမည်းရောင်
ဇာလက်အိတ်ကိုဝတ်ပြီး ယောကျာင်္းကို ခရာတာအမူအရာဖြင့်ကြိုသည်။ ယောကျာင်္းဖြစ်သူကမြင်မြင်ချင်း စိုးရိမ်တကြီးမေးသည်။
""မင်းတစ်ကိုယ်လုံးအမည်းရောင် နဲ့ပါလား။မေမေ ဘာဖြစ်လို့လဲကွ ဟေ"''


မ သဘာဝ
အမျိုးသမီးတစ်ယောက်ဘူတာရုံမှ တည်းခိုခန်းသို့ရောက်လာသည်။မန်နေဂျာအား အခန်းရဦးမလားမေးသည်။ မန်နေဂျာမှ """ဟာ အခန်းကုန်သွားပါပြီ မရှိတော့ဘူး"""'အမျိုးသမီးက အို ရအောင်လုပ်ပေးပါ အချိန်လည်းမရှိတော့ဘူး တခြားကိုသွားဖို့လည်းမလွယ်တော့လလို့ပါ...
ထိုအခါ မန်နေဂျာမှ"''အင်း ခင်ဗျား လိုချင်ရင်အခန်းတစ်ခန်းတော့ရှိတယ် ဒါပေမဲ့အဲ့ဒီ အခန်းမှာယောကျာင်္း
၃ယောက်ရှိတယ် သူတို့မေးတဲ့မေးခွန်းကို ဖြေနိုင်ရင် ခင်ဗျားတစ်ယောက်ထဲ အေးအေးဆေးဆေး အိပ်လို့ရမယ်
အဲ့ မဖြေနိုင်ရင် သူတို့တွေနဲ့အိပ်ရလိမ့်မယ် ဘယ်နှယ်ဘဲ'"'
အမျိုးသမီးက ရတယ်လေ အဲ့အခန်းကိုဘဲပေးပါ အခန်းထဲရောက်တော့ ယောကျာင်္း၃ယောက်က အမျိုးသမီးကိုမေးသည်။အပင်ပုပု အသီးနီနီ အဲ့ ဒါ ဘာသီးလဲ အဖြေမှန်မှာ စတော်ဘယ်ရီသီး ဖြစ်သည်။ အမျိုးသမီးကလည်းအဖြေကိုသိသည်။ သို့သော် ခရမ်းချဉ်သီးဟုဖြေလိုက်သည်။ သို့နှင့် သူတို့နဲ့အတူအိပ်လိုက်သည်။နောက်တစ်ကြိမ်ထို မေးခွန်းဘဲမေးသည်အမျိုးသမီးကခရမ်းချဉ်သီးဘဲဖြေသည်။ နောက်တစ်နေ့မိုးလင်းသော် အခန်းထဲမှအမျိုးသမီးရော ယောကျာင်္း၃ယောက်ပါ ထွက်မလာသေးသဖြင့်မန်နေဂျာကဘာတွေများ ဖြစ်နေသလဲလို့ သွားကြည့်သည်။ထိုအခါ ယောကျာင်္းသုံးယောက်က ဒူးတုပ်ကာကုတင်အောက်တွင်ထိုင်ပြီး အမျိုးသမီးအားတောင်းပန်နေသည်။
""'လုပ်ပါအမရယ် စတော်ဘယ်ရီသီးလို့ပြောပေးပါ ""'
'''ဟင့်အင်း ခရမ်းချဉ်သီးဘဲ"''



တစ်ခါကဥာဏ်ကြီးရှင်ဖြေဆိုပွဲကျင်းပလေသည်။
အပျော်ရွှင်ဆုံးအိမ်ထောင်ရေးဟာ ဘယ်လိုအိမ်ထောင်မျိုးဖြစ်မယ်ထင်လဲ

ယောကျာင်္းနားမကြားဘူး။မိန်းမကမျက်စိ မမြင်ရင်အပျော်ရွှင်ဆုံးအိမ်ထောင်ပါ


မိန်းမနဲ့ယောကျာင်္းအတူတူလိမ်ညာကြတာဘဲဆိုတာ အမှန်ဘဲလား
မှန်တယ်။တစ်ခုဘဲကွာတယ် ယောကျာင်္းကပိုလိမ်တယ်။မိန်းမကပိုကျွမ်းကျင်တယ်


အရက်သမားဆိုတာ ဘယ်သူလဲဟင်
ခင်ဗျားထက်ပိုသောက်တဲ့လူ

မီးတစ်ဆယ့်တစ်ပါးနှင့် ပညာရှိကို ပေါင်းသင်းရခြင်း အကျိုးကျေးဇူး ၄ မျိုး


** မီးတစ်ဆယ့် တစ်ပါး **

(၁) တပ်မက်မှုကို နှစ်သက်သဖြင့် ပူလောင်ရခြင်း ။

(၂) စိတ်ဆိုးရသဖြင့် ပူလောင်ရခြင်း ။

(၃) အဟုတ်အမှန် အကောင်း၊အဆိုး စသည့်ဖြင့် မဝေဖန်နိုင်သဖြင့် ပူလောင်ရခြင်း ။

(၄) ဘ၀အသစ်တွင် မည်သည့်ဘုံဘ၀ကိုမဆိုရောက်ရှိရသဖြင့် ပူလောင် ရခြင်း ။

(၅) အိုမင်းလွယ်သဖြင့် ပူလောင်ရခြင်း ။

(၆) သေကြေပျက်စီးရသဖြင့် ပူလောင်ရခြင်း ။

(၇) စိုးရိမ်သောကကြောင့် ပူလောင်ရခြင်း ။

(၈) ငိုကြွေးရသဖြင့် ပူလောင်ရခြင်း ။

(၉) ဒုက္ခ ဆင်းရဲရသောကြောင့် ပူလောင်ရခြင်း ။

(၁၀) စိတ်ကိုမှီ၍ မသာယာသဖြင့် ပူလောင်ရခြင်း ။

(၁၁) စိတ်ပင်ပန်း ဆင်းရဲရခြင်းကြောင့်ပူလောင်ရခြင်း ။



** ပညာရှိကို ပေါင်းသင်းရခြင်း အကျိုးကျေးဇူး **

ပညာရှိကိုပေါင်းသင်းရခြင်းအကျိုးကျေးဇူးများမှာ------------

(၁) ကျော်စောထင်ရှားလျှက် အခြွေအရံပေါများတတ်ဧ။် ။

(၂) ပစ္စည်းဥစ္စာရတနာ ပေါများကြွယ်ဝတတ်ဧ။် ။

(၃) ခက်ခဲသော အမှုကိစ္စတို့ကို အလုံးစုံ ဖြေရှင်းနိုင်ဧ။် ။

(၄) ကွယ်လွန်လေပြီးသောအခါ နတ်ရွာသုဂတိကောင်းရာမွန်ရာသို့လားရာ ဧ။် ။

(၃၈) ဖြာ မင်္ဂလာ


(၁) ရတနာသုံးပါး ရှိရာအရပ်သို့ သွားခြင်းသည် သူယုတ်အား ရှောင်ကြဉ် ရသောကြောင့် အသေ၀နာစ မင်္ဂလာမည်ဧ။် ။

(၂) သူတော်ကောင်း တို့ထံ ဆည်းကပ်ရသော ကြောင့် ပဏ္ဍိတသေ၀န မင်္ဂလာ မည်ဧ။်။ ။

(၃) ရတနာသုံးပါးတို့အား ပူဇော်ရခြင်းသည် ပူဇနေယျ မင်္ဂလာမည်ဧ။် ။

(၄) ရတနာသုံးပါးရှိရာ အရပ်သို့ ရောက်ခြင်းသည် ပဋိရူပဒေသ၀ါသ မင်္ဂလာ မည်ဧ။်။ ။

(၅) ရှေးကောင်းမှုပြုသောကြောင့် ပုဗ္ဗေစကတပုညတ မင်္ဂလာမည်ဧ။်။ ။

(၆) ကိုယ်စိတ်ဖြင့် ခြိုးခြံ၍ စောင့်ရှောက်ခြင်းသည် အတ္တသမ္ပာပဏိဓိ မင်္ဂလာမည်ဧ။်။ ။

(၇) အကြားအမြင် ဆည်းပူးခြင်းသည် ဗဟုသုတ မင်္ဂလာမည်ဧ။်။ ။

(၈) သူတော်ကောင်းတို့ လေ့လာအပ်သောတရားကို မှတ်သားဖြင်းသည် သိပ္ပဉ္စ မင်္ဂလာ မည်ဧ။် ။ ။

(၉) အကုသိုလ်တရားတွင် မငြိစွန်းစေမှု ဤကိုယ်နှုတ်နှလုံးသုံးပါးစောင့်
ရှောက်ခြင်းသည် ၀ိနယသုသိက္ခိတ မင်္ဂလာမည်ဧ။်။ ။

(၁၀) ထိုတရားကို စောင့်ရှောက်သောနေ့တွင် သူတော်ကောင်းဆိုသော တရားကို နာလွယ်ခြင်းသည် သုဘာသိတ မင်္ဂလာမည်ဧ။် ။

(၁၁) ထိုနေ့တွင် အမိ၊အဖ တို့အား အရိုအသေပြု၍ လုပ်ကျွေးခြင်းသည် ဥပဠာန မင်္ဂလာ မည်ဧ။်။ ။

(၁၂) သားမယားတို့အား တရားနှင့် ပဲ့ပြင်ခြင်း ၊ တရားတော်ကို လေ့ကျက်စေခြင်းသည် ပုတ္တဒါရသာာ မင်္ဂလာမည်ဧ။်။ ။

(၁၃) ထိုဥပုသ်နေ့တွင် အကုသိုလ်နှင့်စပ်သော အမှုကို မပြု ၊ ကုသိုလ်နှင့်စပ်ခြင်းကိုသာ ပြုခြင်းသည် အနကုလ မင်္ဂလာ မည်ဧ။်။ ။

(၁၄) အလှုပေးရခြင်းသည် ဒါနစရိယ မင်္ဂလာ မည်ဧ။်။ ။

(၁၅) တရားကိုစောင့်ခြင်းသည် ဓမ္မစရိယ မင်္ဂလာမည်ဧ။်။ ။

(၁၆) ဆွေမျိုးတို့အား တရားနှင့် အညီ ဟောပြောခြင်းသည်လည်းလည်းေ ကာင်း၊ သင်ကြားခြင်းသည်၎င်း၊ ဥာတကာနဉ္စ မင်္ဂလာမည်ဧ။်။ ။

(၁၇) မုသာဝါဒ အစရှိသော အပြစ်တို့မှ ကင်းစေ၍ တရားနှင့်အညီ ရောင်း ၀ယ်ခြင်းအမှုသည်အန၀ဇ္ဇကမ္မ မင်္ဂလာမည်ဧ။်။ ။

(၁၈) ပဉ္စသီ ကျူးလွန်အပ်သော ၀တ္တုမှ ရှောင်ကြဉ်ခြင်းသည် အ၀ိရတီ မင်္ဂလာမည်ဧ။်။ ။

(၁၉) ၀တ္တုမရောက်မီ အဓိဠာန်စောင့်ရှောက်ခြင်းသည် ၀ိရတီ မင်္ဂလာ မည်ဧ။်။ ။

(၂၀) သုရာမေရစသော ယစ်မျိုးကို ရှောင်ကြဉ်ရခြင်းသည် သံယမောဓ မင်္ဂလာမည်ဧ။်။ ။

(၂၁) ကုသိုလ် ကမ္မပဖထတို့တွင် မမေ့မလျှော့ခြင်းသည် အပ္ပမာဒေါစ မင်္ဂလာ မည်ဧ။်။ ။

(၂၂) ရတနာသုံးပါးနှင့် ကြီးသူတို့အား ရိုသေခြင်းသည် ဂါရဝေါစ မင်္ဂလာ မည်ဧ။်။ ။

(၂၃) မိမိကိုယ်ကို နှိမ့်ချခြင်းသည် နိဝါတောစ မင်္ဂလာ မည်ဧ။်။ ။

(၂၄) ဥပုသ်နေ့တွင် ပလွှားခြင်းမရှိ ရောင့်ရဲခြင်းသည် သန္တုဠိ မင်္ဂလာ မည်ဧ။်။ ။

(၂၅) ကျေးဇူးရှိသော သူတို့ဧ။် ကျေးဇူးဂုဏ်ကို အောက်မေ့ခြင်းသည် ကတညုတာစ မင်္ဂလာ မည်ဧ။်။ ။

(၂၆) လျှောက်ပတ်သောအခါတွင် တရားနာခြင်းသည် ဓမ္မသေ၀န မင်္ဂလာ မည်ဧ။်။ ။

(၂၇) သည်းခံခြင်းသည် ခန္တီ မင်္ဂလာ မည်ဧ။်။ ။

(၂၈) သူတော်ကောင်းတို့စကားကို နာလွယ်ခြင်းသည် သောဝစ မင်္ဂလာ မည်ဧ။်။ ။

(၂၉) ရဟန်းသံဃာတို့အား ပူဇော်ခြင်းသည် ဒသာာနဉ္စ မင်္ဂလာ မည်ဧ။်။ ။

(၃၀) တရားမဓ္ဓတို့ကို ဆွေးနွေးခြင်းသည် ဓမ္မသာကစ္ဆ မင်္ဂလာ မည်ဧ။်။ ။

(၃၁) ခြိုးခြံစွာ ကျင့်ခြင်း၊ ဆောက်တည်ခြင်းသည် တပေါစ မင်္ဂလာ မည်ဧ။်။ ။

(၃၂) မြတ်သောအကျင့်ကို ဆောက်တည်ခြင်းသည် ဗြဟ္မာစရိယ မင်္ဂလာ မည်ဧ။်။ ။

(၃၃) သစ္စာလေးပါးကို ဆင်ခြင်ခြင်းသည် အရိယသစ္စနဒသာာန မင်္ဂလာ မည်ဧ။်။ ။

(၃၄) နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်းသည် သစ္ဆိကရိယ မင်္ဂလာ မည်ဧ။်။ ။

(၃၅) လောဘ၊ ဒေါသ၊ မောဟ အာရုံတို့တွင် တပ်မက်ဖြင်းမရှိ မတုန် လှုပ်ခြင်းသည် နကမ္ပတိ မင်္ဂလာမည်ဧ။်။ ။

(၃၆) သားမယားတို့အပေါ်တွင် စိုးရိမ်မှုမရှိခြင်းသည် အသောက မင်္ဂလာ မည်ဧ။်။ ။

(၃၇) ကာမရာဂတို့တွင် တပ်မက်မှု ကင်းခြင်းသည် ၀ိရဇ မင်္ဂလာ မည်ဧ။်။ ။

(၃၈) ဥပုသ်နေ့တွင် ကိလေသာဘေးမှ ကင်းခြင်းသည် ခေမမင်္ဂလာ မည်ဧ။်။

ဤ ( ၃၈ )ဖြာ မင်္ဂလာတရားကို သတိနှင့်တကွယှဉ်တွဲ၍ ဥပုသ်ဆောက် တည်သောနေ့တွင်ကျက်သရေ မင်္ဂလာအပေါင်းနှင့် ပြည့်စုံစေလေသည်။

ဖျက်စီးခြင်း (၄)မျိုး နှင့် ရခဲခြင်း (၆)မျိုး

ဖျက်စီးခြင်း (၄)မျိုး

(၁) ပညာဂုဏ် ၊ဥစ္စာဂုဏ် ၊ ဆွေမျိုးဂုဏ် မရှိသောသူများသည် အဆင်းကို ဖျက်စီးသည် မည်ဧ။် ။

(၂) အကျင့်သီလမကောင်းသောသူတို့သည် အမျိုးအနွယ်ကို ဖျက်စီးသည် မည်ဧ။် ။

(၃) ပညာတတ်ပါလျှက်နှင့် ပညာကို အသုံးမချသူသည် ပညာကို ဖျက်စီး သည် မည်ဧ။်။

(၄) ပစ္စည်းဥစ္စာရှိပါလျှက်နှင့် မသုံးဆောင် မခံစားနိုင်သော သူသည် မိမိဧ။် ဥစ္စာကို ဖျက်စီးသည် မည်ဧ။် ။



ရခဲခြင်း (၆)မျိုး

(၁) လောကမှာ ဖြောင့်မှန်သော သစ္စာစကားကို ရခဲဧ။် ။

(၂) မိဘတို့ စိတ်ချမ်းသာအောင် ရွက်ဆောင်ကျွေးမွေးတတ်သော သားကောင်းရတနာကို ရခဲဧ။် ။

(၃) အေးအတူ ၊ ပူအမျှ ၊ သေအတူ၊ ရှင်မကွာ စိတ်တူကိုယ်မျှ မယားကောင်းကို ရခဲဧ။်

(၄) ရဟန်းဝတ်ကာ ဘာခက်သလဲ လူအ၀တ်စွန့်ပြီး သင်္ကန်းဝတ်လိုက်ရင် ရဟန်းဖြစ်တာပဲလို့ပေါ့ပေါ့မတွက်နဲ့ ၊ သင်္ကန်းဝတ်တိုင်းလည်း ရဟန်း အဖြစ်ကို ရခဲ့ဧ။်

(၅) “ မဂ္ဂဗီဇံဘာဝေယံ “ မဂ်မျိုးစေ့၊ ဘာဝနာ မျိုးစေ့များ စုဆောင်းနိုင်ခြင်း ကို ရခဲဧ။် ရရှိအောင်လည်း စုဆောင်းကြရပေမည် ။

(၆) လူ့ဘ၀ချမ်းသာခြင်းဆိုသည်မှာ ရောင်ရဲတင်းတိမ်မှုပင် ဖြစ်လေသည် ။
ထိုရောင့်ရဲ တင်းတိမ်မှုကိုလည်း ရခဲပေသည် ။

အဘိုးပြောတဲ့ရာဇ၀င်ပုံပြင် ( ၇ ) ရှင်မွေးလွန်း + မင်းနန္ဒာ

အဘိုးပြောတဲ့ရာဇ၀င်ပုံပြင် ( ၇ )
ရှင်မွေးလွန်း + မင်းနန္ဒာ
”ဟော သားတို့သမီးတို့ရောက်လာကြပြီ ကိုး---လာ ထိုင်ကြ -ထိုင်ကြ ”
” ဒီနေ့ ရှင်မွေးလွန်း နဲ့ မင်နန္ဒာအကြောင်းဆက်ပြောရမယ်နော် အဘိုး
အဘိုး ဟိုတနေ့က ကောင်ခန်းကျမှ ရပ်သွားတာ ”
” အေးအေး ဟုတ်ပါပြီ အရင်တပတ်က ဘယ်ရောက်သွားလဲ ”
” သမီးတော်ကလေးကို နာမယ်ပေးမဲ့နေ့ ရောက်တဲ့အခါမှာ မွေးမဲ့မွေးတော့ထူးထူးဆန်းဆန်း
မယ်တော်သေပြိးမှဝမ်းထဲမှာအသက်ရှင်ပြိးမွေးလာတဲ့အတွက်၊ မွေးမှမွေးလွန်း ရှင်မွေးလွန်း လို့နံမယ်
ပေးလိုက်တယ်၊နောက်ပြီးသီးခြားဆောက်ထားတဲ့တစ်ပင်တိုင်မြနန်းမှာအထိန်းတော်တွေနဲ့ အတူ
ထားလိုက်တယ်လေ အဘိုး ”
အေး ဟုတ်တယ် ၊
” ရှင်မွေးလွန်းလေးကိုစာသင်တဲ့အရွယ်ရောက်ရင်စာသင်ပေးတယ်၊မိန်းခလေးတွေတက်သင့်
တဲ့ပညာတွေကိုသင်ပေးဘို့ အကသင်ပေးတယ်၊စောင်းတီးသင်ပေးတယ်၊စာပေကျမ်းဂန်တွေကိုစုံလင်
အောင်ဆရာတွေကိုခေါ်ပြိးသင်ပေးထားတယ်၊အဲဒီလိုနဲ့ရှင်မွေးလွန်းကလေးပျိုမြစ်နုနယ်ချစ်စဘွယ်
အရွယ်ကလေးရောက်လာတယ်၊သူကလေးကလဲသူ့ ရဲ့ မိခင်သုဝဏ္ဏဒေ၀ီလိုဘဲလှပကြော့ရှင်းခြောက်
ပြစ်ကင်းကလေးဖြစ်လာဘဲ၊
ညနေခင်းဆိုရင် ဥယျာဉ်ပန်းခြံထဲဆင်းပြီးပန်းခင်းတွေထဲမှာသီချင်းဆိုရင်းကစားနေလေ့ရှိတယ်
ညဘက်ဆိုရင် ကိုယ်တိုင်စောင်းတီးပြိးသီချင်းဆိုနေတက်တယ်။
”ပန်းသတင်းလေညှင်းဆောင် လူသတင်းလူချင်းဆောင်ဆိုသလို၊ရှင်မွေးလွန်းကလေးရဲ့ ချောမောလှပ
တဲ့သီတင်းကဥက္ကပတိုင်းနိုင်ငံအထိသင်းပျန့်လာတယ်၊ ဥက္ကလပနေပြည်တော်မှာလဲမင်းနန္ဒာကလေးအရွယ်ရောက်လာလို့ လူပျိုကလေးဖြစ်လာတယ်၊
မင်းနန္ဒာကလေးမွေးစဉ်ကဘုရင်ကြီးကပုဏ္ဏဖြူ+ပုဏ္ဏညီုတွေကိုခေါ်ပြီးကံဇာတာစစ်ခိုင်းတော့မင်းသား
လေးဟာရေလမ်းခရီးသွားမှာအသက်အန္တရယ်ရှိတယ်လို့ဟောထားတယ်၊
ဥက္ကလာပမင်းကြီးကသာတော်လေးဟာမွေ နန်းမွေဆက်ခံရမဲ့သားတော်လေးဖြစ်လို့၊အသက်အန္တရယ်
မဖြစ်အောင်အထိန်းတော်အစောင့်အရှောက်တွေနဲ့သေသေချာချာပြုစုစောင့်ရှောက်ထားစေတယ်၊
သားတော်ကလေးအန္တရယ်ကြုံရင်ကာကွယ်ဘို့သိကြားမင်းပေးထားတဲ့ကြိမ်စကြ်ာကိုပေးထားတယ်၊
(အဲဒီကြိမ်စကြ်ာကရေကိုရိုက်လိုက်ရင်ရေထဲကအကြီးဆုံးသတ္တ၀ါကလာခစားရတယ်၊လေထဲမှာရိုက်
လိုက်ရင်လေထဲကအကြီးဆုံးသတ္တ၀ါကလာခစားရတယ်၊)
အဲဒီအချိန်မှာငမိုးရိပ်ကိုက်သတ်လို့သေသွားရှာတဲ့ဖိုးထောလပန်းကလဲသူ့ဆုတောင်းအတိုင်း လူ့ဘ၀ရောက်လာပြီးမောင်ပေါက်ကျိုင်းဆိုတဲ့အမည်နဲ့ဥက္ကလာပမင်းကြီးထံမှာမင်းမှုထမ်းလာဖြစ်တယ်
” အဘိုး မောင်ပေါက်ကျိုင်းဆိုတာ ဟိုနဂါးကိုနိုင်တဲ့မောင်ပေါက်ကျိုင်းဆိုတာလား ”
” မဟုတ်ဘူး ကွဲ့  - အဲဒီမောင်ပေါက်ကျိုင်းဆိုတာက ” သတိုးနဂါးနိုင်မင်း ” သူကဒုတိယ
တကောင်းမင်းဆက်( ၁၇ ) ဆက်မှာ သတ္တမမြောက်မင်းကွဲ့ 
( အင်းအဘိုးက ငါ့မြေးတို့ကိုမြန်မာမင်းတွေရဲ့ ရာဇ၀ပင်ပုံပြင်တွေကိုသက္ကရဇ် အစဉ်လိုက်ပြောပြချင်
တာကွဲ့  ဒါပေမဲ့ ပထမတကောင်းမင်ဆက်ရဲ့( ၃၃ ) ဆင်နောက်ဆုံးမင်းသတိုးမဟာရာဇာ ကနေ
သရေခေတ္တရာမင်းဆက်ကိုရောက်သွားတော့(မဟာသမ္ဘ၀ တို့ စူဠသမ္ဘ၀ တို့အကြောင်းပြောရတော့
တာပေါ့ ) ဒုတိယတကောင်းမင်းဆက်မှာလဲ ပြူစောထီးတို့ မောင်ပေါက်ကျိုင်းတို့ဆိုတာလဲစိတ်ဝင်
စားဘို့ကောင်တယ်ကွဲ့ ) နောက်တော့ အချိန်ရ ရင်ပြောပြမယ်နော်
”ဟုတ် - ပြောပြနော် အဘိုး သမီးတို့က ကြားတာကြားဘူးတာ သေသေချာချာမသိဘူး”
” အခု မောင်ပေါက်ကျိုင်းဆိုတာက ငမိုးရိပ်ကို ဂလဲ့စားချေဘို့လူဝင်စားဖြစ်လာတာ ၊သူက
ဥက္ကလာပမင်းကြီးထံမှာမင်းမှုထမ်းဖြစ်လာတဲ့အခါမှာ၊မင်းနန္ဒာကလေးကိုအနီးကပ်စောင့်ရှောက်ရတဲ့
အမတ်ဖြစ်လာတယ်၊သူကကျေးငှက်တိရစ္ဆာန်ကလေးတွေကိုယဉ်ကျေးအောင်စကားသင်ပေးတက်
တယ်၊ နန္ဒာမင်းသားကလေးအရွယ်ရောက်လာတဲ့အချိန်မှာသံလျင်ကျွန်းကရှင်မွေးလွန်းကလေးရဲ့ 
အလှသတင်းကလေးကလဲမွေးလာတော့ မင်းနန္ဒာကလေးကစိတ်ဝင်စားလာတယ်၊
လသာတဲ့ညတွေမှာမင်းနန္ဒာကလေးတယောက်ထဲသလွန်ပေါ်ကနေ-လမင်းကြီးကိုမျှော်
ကြည့်နေတုန်း-သံလျင်ကျွန်းဘက်ကနေစောင်းသံကလေးနဲ့ အတူသီချင်းသံကလေးကလေတစ်
ချက်ဝှေ့ လိုက်ရင်သွဲ့ သွဲ့ ပြောင်းပြောင်း ငြိမ့်ငြိမ့်ညောင်းညောင်းပျံ့ လွင့် ပြန့် လိုလာတယ်---
သီချင်းတပုဒ် စိန်ချူးကြာညောင် - ခေတ္တရာခင်မာချို -

မင်းနန္ဒာကလေးက-စောင်းသံနဲ့ အသံရှင်ကလေးကိုစိတ်ကူးနဲ့ ကြည်နူးပြိးစွဲလန်းနေတယ်
တခါတလေ စောင်းသံမကြားရတဲ့နေ့ ဆိုရင် ---
” သူ ဒီနေ့ ဘာများဖြစ်နေလို့ လဲ နေထိုင်မကောင်းလို့ လား ---- အတွေးတွေ ဝေပြီး အိပ်မပျော်နိုင်
ဖြစ်နေတယ်၊
အဲဒီမအကြောင်းကို မင်းသားလေးကအထိန်းတော်အမတ်ကြီးပေါက်ကျိုင်းကိုဖွင့်ပြီးပြောပြ
တယ် -
” အမတ်ကြီး ကျွန်တော် တော့ ဒီအသံရှင်မင်းသမီးကလေးကိုစွဲလန်းနေပြီ အမတ်ကြီးမကူ
ညီနိုင်ဘူးလား ” လို့ ပြောတယ်
အမတ်ကြီးပေါက်ကျိုင်းကမပူပါနဲအရှင်မင်းနန္ဒာကျွန်တော်မျိုးနီးစပ်အောင်ရွက်ပေးပါ့မယ်၊
အသင်မင်းသားချစ်ခင်စွဲလန်းနေတဲ့မင်းသမီးကလေးအတွက်ချစ်သ၀ဏ်လွှာတစ်ဆောင်ရေးပေးပါ
ကျွန်တော်မျိုးရောက်အောင်ပို့ပေးပါမယ်လို့ပြောလိုက်တယ်၊
မင်းသားကလေးက အမတ်ကြီးစကားကိုကြားတော့ အားရ၀မ်းသာဖြစ်သွားပြိး --
ရှင်မွေးလွန်းအတွက်ချစ်သ၀ဏ်လွှာတစ်ဆောင်ရေးပေးလိုက်တယ်၊
အမတ်ကြီးကကျေးငှက်ကလေးတကောင်ကိုမွေးပြီးစကားသင်ပေးတယ်
အချိန်တော်တော်ကြာလာပြီးကျေးငှက်ခလေးကလူစကားနားလည်လာပြီဆိုတော့
” အမောင်ကျေးသားလေးဒီမြို့ မှတောင်ဘက်မြစ်ကြီးကိုဖြတ်သန်းပြီးသွားရင်သံလျင်ကျွန်းကို
ရောက်လိမ့်မယ်၊အဲဒီကျွန်းမှာကြီးကျယ်ခမ်းနားတဲ့နန်းတော်ကြီးတခုတွေ့ လိုက်မယ်၊အဲဒီနန်းတော်
ကြီးရဲ့ အပြင်ဘက်မှာတပင်တိုင်မြနန်းပြသာဒ်တစ်ဆောင်ရှိတယ်၊
အဲဒီပြသာဒ်ထဲမှာမင်းသွားနားပေတော့၊အဲဒီနန်းပြသာဒ်ထဲကသခင်မလေးကိုဒီစာဆက်ရမယ်
သခင်မလေးကတခုခုပြန်ပေးလိုက်ရင်မင်းပြန်ယူခဲ့၊မင်းပြန်ရောက်တဲ့အခါဆုကောင်းကောင်းချမယ်”
ကဲသွားပေတော့ ” ဆိုပြီးလွှတ်လိုက်တယ်
ကျေးငှက်ခလေးက
” ဟုတ်ကဲ့ ခင်ဗျ ”
ဆိုပြီး ပျံသွားတယ်
အဲဒီအချိန်မှာ ရှင်မွေးလွန်းကလေးက ဥယျာဉ်ထဲဆင်းပြီးပခက်စီးလို့ သီချင်းဆိုနေတယ်
” သောင်ခြေဦးမှာလ - ပျော်မြူးကြငှက်ဇင်ယော်-လည်ယှက်ခါမောင်မယ်တွဲလို့ရယ်-
နွဲကြပျော်ပျော် -ဒီမယ့်မှာနော်-ပျော်နိုင်ပေဘူး-ရည်သံစောရုံမျှ-မကြည်ရန်-သည်ကံဝေးလှတယ်
ဆွေးစိတ်နဲ့ ရူး ”
” ပန်းသဇင် မနွမ်းခင်-ဘယ်သူဆွတ်ပါ့ -ပျိုညွှတ်မယ်လေး - တွေးလို့သာ -လေးပျိုမှာ-
နေ့စဉ်မောရတယ်-ပြောပါ့ရွှေကျေး ”
ကျေးငှက်ကလေးလဲ အမတ်ကြီးသင်ပေးလိုက်တဲ့အတိုင်းဒဂုံမြစ်ကြီးကိုဖြတ်ပြီးပျံသွား
လိုက်တာသံလျင်မြို့တော်ကိုရောက်တယ်၊ဒါပေမဲ့ တပင်တိုင်မြနန်းဆိုတာရှာမတွ့ဘဲဖြစ်နေလို့
ဥယျဉ်တခုထဲမှာခေတ္တနားနေဘို့ဝဲခါဝဲခါပျံဝဲပြီးရှာနေတုန်း
သီချင်းဆိုနေတဲ့အသံကြားတစ်သံကိုကြားလိုက်တယ်-ငှက်ကလေးက ဒီသီချင်းရှင်ဟာသူချစ်သူ
ကိုမျှော်နေပုံရတယ်-အမတ်ကြီးပြောတဲ့မင်းသမီးကလေးဘဲဖြစ်မယ်ဆိုပြီး
မင်းသမီးကလေးသီချင်းဆိုနေတဲ့ ပခက်မှာသွားနားတယ်၊
” ဟယ် ကျေးငှက်ခလေးပါလား ချစ်စရာလေး ”
” ဟယ် လည်မှာ လဲ ကြုတ်ကလေးတခုဆွဲထားပါလား - ဘာများပါလိမ့်”
မင်းသမီးကလေးက ငှက်ကလေးကိုအစာကလေးပြပြီအသာကလေးချော့ပြီးခေါ်တယ်
ငှက်ကလေးကလဲ မင်းသမီးကလေးလက်ထဲကိုတက်လိုက်တယ်”
” ဟယ် လိမ်မာလိုက်တာ - လာလိုက်ခဲ့ သခင်မအဆောင်ကိုလိုက်ခဲ့နော် ”
” ဟုတ်ကဲ့ သခင်မလေး”
” အမယ် စကားတက်တယ်နော် ”
လို့ ဆိုပြိး ငှက်ကလေးကို သူနေတဲ့ မြနန်းဆောင်ထဲခေါ်သွားတယ်
အဆောင်ကိုရောက်တော့ လည်မှာဆွဲထားတဲ့ကြုတ်ကလေးကိုဖြုတ်ယူပြီးဖြည်ကြည့်
လိုက်တော့ အထဲမှာ စာလွှာကလေးထွက်လာတယ်
ချစ်ခွင့်ပန်လွှာ -
သို့ -
ချစ်နှမ ခင်လွန်း
နန်းပင်တိုင်ဗွေအမြင့်ရယ်က-လေအသင့်လွင့်ရာ
ငွေသဇင့်ပွင့်လွှာငယ် -၀င့်ကာသာကြူမွေး
ခူးချင်ရက်ဖြင့်မကူးသာတယ်-လူးကာသာတွေးလို့မောင်ငေး
မြူးအလွင့်ဖူးပွင့်မေကို-ထူးတင့်မလေအိုအတွေးတွေနှင့်
ကျူးရင့်ကာရေးဆို ပေးသကွဲသည်စာ့ -သဉ်ဇာညောင်မှာမြင်ယောင်လှတာမို့
ရွှင်အောင်ပပေးပို့ပြန်လွှာ-နန်းနွယ်ဖွားသဇင်ညှာကို-အသွင်သာတက်လှမ်း၍
ဖက်ရမ်းကာပွေ့ဆွတ်ချင်လှပေါ့-ညွှတ်ပါတော့ခင်လွန်းကညာရယ်
အပင်မြင့်ဇင်ပွင့်ရှင်ကို-ရင်ခွင်တွင်တင်စမ်းချင်လို့လေး
မင်းနန္ဒာ - ဒဂုံမြိုတော်
”မင်းနန္ဒာ - ဒဂုံမြို့ တော် ဆိုပါလား ”
”ဖက်ရမ်းကာပွေ့ဆွတ်ချင်လှပေါ့-ညွှတ်ပါတော့ခင်လွန်းကညာရယ် တဲ့ - ကဲ လိုက်တာ
သူ့ ကို ဘယ်သူကချစ်တယ်ပြောလို့လဲ ”
” သခင်မလေး ချစ်တယ်ဆိုတဲ့ သ၀ဏ်လွှာ ပြန်ရေးပေးလိုက်နော် ”
” ဟဲ့ ရွှေကျေး ဘာတွေလာပြောနေတာလဲ ”
” ဟုတ်တယ် လေ သခင်မလေး ပန်းခြံထဲမှာ သီချင်းဆိုတုန်းကတော့
”ပန်းသဇင် မနွမ်းခင်-ဘယ်သူဆွတ်ပါ့ -ပျိုညွှတ်မယ်လေး - တွေးလို့သာ -လေးပျိုမှာ-
နေ့စဉ်မောရတယ်-ပြောပါ့ရွှေကျေး - လို့ ဆိုတယ်လေ
” အမယ် ရွှေကျေး ငါလုပ်လိုက်ရ ”
”နေ အုံးငါ အထိန်းတော်ကြီးနဲ့ တိုင်ပင်ရအုံးမယ် ”
” အချစ် သ၀ဏ်လွှာရေးလိုက်ပါ သခင်မလေးရယ် ကိုယ်တော်လေးက သခင်မလေးစိတ်နဲ့ 
စားမ၀င် အိပ်မရဖြစ်နေတာ ”
” အောင် မယ် အောင်မယ် ကြက်တူရွေးကတော်တော် မယ်တော်က ကဲ လို့သာငါကြားဖူးတာ
အခု တော့ မောင်တော်က တော်တော် ကြက်တူရွေးကကဲ နေပါလားဟဲ့  ”
” တကယ်ပြောတာ ပါ သခင်မလေး ”
” နေ အုံး အထိန်းတော်ကြီးနဲ့ တိုင်ပင်ရအုံးမယ်
”ကဲ ကဲ ခဏစောင့် သခင်လေး စာပြန်ရေးပေးလိုက်မယ် ”
ရှင်မွေးလွန်းကလေးက အထိန်းတော်ကြီးကိုအကျိုးအကြောင်းပြောပြလိုက်တော့
5
”အမယ်လေး ဒဂုံမြို့ တော်ဆိုတာ အင်မတန်ခမ်းနားတယ်-ဘုရင်ဥက္ကလာပမင်းကြီးကတန်ခိုးအလွန်
ကြီးတယ်၊သားတော်လေးမင်းနန္ဒာဆိုတာလိမ်မာယဉ်ကျေုးပြီးအလွန်ချောမတာတဲ့သခင်မလေးရဲ့ ”
အထိန်းတော်ကြီးကအဲဒီလိုပြောလိုက်တယ်ဆိုရင်ဘဲ၊ရှင်မွေးလွန်းကလေးကနဂိုကထည်းက
ညွှတ်ချင်နေတာနဲ့ 
” ကဲ ဒါဆို သခင်မလေးစာပြန်ရေးလိုက်မယ်နော် - အထိန်းတော်ကြီးနော် ”
” ရေးလိုက်ပါ သခင်မလေး ရေးလိုက်ပါ - ဒီကလဲချစ်နေပါတယ်လို့ ”
” အို အထိန်းတော်ကြီးကလဲ ”
ရှင်လွန်းကလေးက စာတစောင်အမြန်ရေးလိုက်တယ်
” ရော့ ဒီစာကို သေသေချာချာ မောင်တော်ထံ ဆက်သလိုက်နော် ”
” ရော့နင့်အတွက်ဆုတော် ”
အစာတွေကောင်းကောင်းချကြေွးတယ်
” သွားတော့နော် ရွှေကျေးလေး ဘေးကင်းစွာနဲ့မောင်တော်ထံရောက်ပါစေကွယ် ”
” ကျေးဇူးပါ သခင်မလေး ”
ကျေးငှက်ကလေး လဲ စာကိုယူပြီးမင်းနန္ဒာထံပြန်ရောက်လာခဲ့တယ်၊
” ဟောအမတ်ကြီး ကျေးငှက်လေးပြန်ရောက်လာပြီ-လည်မှာလဲကြုတ်ကလေးပြန်ပါတယ်
ဘာများလဲ ဖွင့်ကြည့်ပါအုံး အမတ်ကြီးရဲ့  ”
အမတ်ကြီးက ကြုတ်ကလေးဖွင်လိုက်တော့ ခင်လွန်းလက်ရေးနဲ့ စာကလေးတစ်စောင်
ထွက်လာတယ်၊
သို့ 
ချစ်သ၀ဏ်လွှာပါးလိုက်ပါသည်မောင်တော် မင်းနန္ဒာ
ခတ်ဖြာပင်အမြင့်-သဇင်ပွင့်ငုံအာ-ဆင်အသင့်မှုံမာလာမှာ-ထုံကာသာကြူမွှေး-ပန်းအပွင့်ဆန်းတင့်ဝေမယ်-လှမ်းချင့်စေလို့ယဉ်ကျေး-လန်းနိုင်တဲ့ဂွမ်းစိုင်လို-
-ပန်းတခိုင်ဖြူဖွေး-နန်းပင်တိုင်သူလေးမို့-မြူသွေးလို့မောင်ဆွယ်-သ၀ဏ်လွှာမွန်စွာဖွဲ့ 
့ -ညွှန်းကာကွဲ့လွှတ်လိုက်သူရယ်-ပျိုတမွတ်ငိုညွတ်ချင်တယ်-အိုဆွတ်လျှင်ကွယ်ကြွေမကျစေဘို့
မေအလှလှမ်းရပ်စရာပင်-ပန်းကလာပ်သာပြင်-နောင်မမုန်းနဲ့ မောင်ဘုန်းသခင်ရယ်-
ရှောင်ပုန်းမှာပျိုစိုးမိသေး -
တညင်ကျွန်းက ခင်ခင်လွန်း
မင်းနန္ဒာက ခင်လွန်းရဲ့ စာကိုအခေါက်ခေါက်အခါခါပြန်ဖတ်ပြီး-ပျော်နေတယ်
တညင်ကျွန်းက ခင်ခင်လွန်း ဆိုပါလားအမတ်ကြီးရဲ့
” အမတ်ကြီး ကျွန်တော်မျိုးခင်လွန်းကို သွားတွေ့ ချင်တယ် သွားလို့ ဖြစ်နိုင်မလားအမတ်
ကြီးကူညီစမ်းပါအုံး ”
” အမလေး မြစ်ကိုကူးသွားရမှာ မင်းသားလေးရဲ့ ခမည်းတော် သိရင်ခွင့်ပြုမှာမဟုတ်ဘူး
အသက်အန္တရယ်များတယ် ”
” ဒါဖြင့်ဘယ်လို လုပ်မလဲ အမတ်ကြိး ကျွန်တော်မျိုးတော့ခင်လွန်းကိုမတွေ့ရရင်သေမှာဘဲ
အမတ်ကြီး ကျုပ် ပွဲတော် အတည်တော့ဘူး ”
မင်းသားလေးက အစာမစားဘဲ နေတော့ အမတ်ကြီးကလဲ စိတ်မကောင်းဖြစ်နေပြီးအကြံ
ဥာဏ်တွေထုတ်ရတော့တာပေါ့
ကဲ မင်းသားလေး ပွဲတော်မတည်ဘဲတော့မနေပါနဲ့ အကျွန်ုပ် စီစဉ်ပေးပါမယ်-အသင်မင်း
သားကို ဖခမည်းတော်ပေးထားတဲ့ ကြိမ်စကြ်ာရှိတယ်မဟုတ်လား - အဲဒီကြိမ်စကြ်ာနဲ့ ရေထဲကိုတစ်
ခါရိုက်လိုက်ရင် ရေထဲက အကြီးဆုံးသတ္တ၀ါလာခစားရတယ်- ဒီချောင်းထဲမှာ ငမိုးရိပ်ဆိုတဲ့မိချောင်း
တစ်ကောင်ရှိတယ် ဒီသတ္တ၀ါကိုခေါ်ပြိး သံလျင်ကျွန်းက ခင်လွန်းဆီ ပို့ခိုင်းရင် ရပါတယ်မင်းသားလေး
” ဒါဆို အခု ဘဲ ခေါ်ပေတော့ အမတ်ကြီး ဟောဒီမှာ ကြိမ်စကြ်ာ ရော့ ”
အမတ်ကြီး လဲ ကြိမ်စကြ်ာတခါဆွဲပြီး ရေထဲကိုရိုက်လိုက်တဲ့အခါ -------
”အမလေး အမလေး လုပ်ပါ အုံး ဗျ - လုပ်ပါအုံးဗျ ”
ငမိုးရိပ်က လူယောင်ဖမ်းဆင်းပြီး အိမ်ထောင်ကျနေတော့ သူဇနီးနဲ့ ထမင်းစားနေတဲ့အချိန်
ဖြစ်နေတယ် ရုတ်တရက် သူ့ကျောပြင်ကို ကြိမ်စကြ်ာနဲ့ အရိုက်ခံလိုက်ရတော့-
အမလေးဆိုပြိး ထအော်တော့ပေါ့ ”
”မဖြစ် ဘူး မဖြစ်ဘူး ရှင်မရေ ကျုပ်သွားရတော့မယ် ရှင်မရေ ကျုပ်သွားတော့မယ်ဗျ”
လို့ အော်ပြိး မြစ်ချောင်းထဲအတင်းပြေးဆင်းသွားရတော့တာပေါ့ ၊
” အမလေး ကို မိုး - ကိုမိုး ဘယ်လိုဖြစ်တာလဲ ကျုပ်ကိုထားခဲ့တော့မလား တော့ ”
ဆိုပြိး သူ့ မိန်းမ ကနောက်က လိုက်ပေမဲ့ ငမိုးရိပ်လဲ မြစ်ထဲဆင်းပြီး မင်းနန္ဒာ နဲ့ အမတ်ကြီးရှိတဲ့
မြစ်ဆိပ်ကိုအရောက်အခစားဝင်လိုက်ရတယ် ၊
” ဟဲ့ ငမိုးရိပ် - ရောက်ပြိလား ”
” ရောက်ပါပြီ ခင်ဗျာ့  ”
” အေး ဟော့ဒီက နန္ဒာမင်းသားလေးကို ကျော်ပေါ်တင်ပြိး - ဟိုတဘက်သံလျင်ကျွန်းက
မင်းသမီးလေးခင်လွန်းရှိတဲ့ဆီအရောက်ပို့ပေးရမယ် ကြားလား”
တံငါသည် ထော်လပန်းဘ၀ ကနေ ဆုတောင်းပြည့်လာတဲ့ အမတ်ကြီးပေါက်ကျိုင်းက အခု
တော့ သူ့ အလှဲ့ ရောက်ပြိဆိုတော့ ကျေးဇူးကန်းတဲ့ ငမိုးရိပ်ကို ကြိမ်စကြ်ာနဲ့ ရိုက်ပြိးကောင်းကောင်း
ခိုင်းတော့တာပေါ့ ၊
ငမိုးရိပ် မိချောင်း က အမတ်ကြီးခိုင်းတဲ့အတိုင်း မင်းနန္ဒာကိုကိုကျောပေါ်တင်ပြိး ခင်မွေးလွန်း
ရှိတဲ့သံလျင်ကျွန်းကိုအရောက်ပို့ရတော့တယ် ၊
” သခင် မင်းသားလေး ကောင်းကောင်းကိုင်ထားပါ ဘုရား ဒီနေရာက ရန်သူတွေပေါတယ်”
” ဘာမှ မကြောက် နဲ့ ငါကိုယ်တော်မြတ်မှာ သံလျက်နဲ့ ကြိမ်စကြ်ာပါတယ် ”
ငမိုးရိပ်မိချောင်းမင်းသားလေးကိုကျောပေါ်တင်ပြိးသံလျင်ကျွန်းဘက်ကူးနေတာကို မလက်တို
တို့ အဖွဲ့ တွေ့ တယ် လိုက်ပြိးတိုက်ခိုက်ဘို့ ကြံပေမဲ့ မင်းနန္ဒာရဲ့ ဘုန်းလက်ရုန်းနဲ့ လက်ထဲကကြိမ်စကြ်
အစွမ်းထက်တော့ အနားမကပ်နိုင်ဘဲဖြစ်နေတယ် ၊
ငမိုးရိပ်လဲ မင်းနန္ဒာကို ချောချောမောမောဘဲ သံလျင်ကျွန်းကို အရောက်ပို့ပေးနိုင်ခဲ့တယ်၊
မင်းသမီးကလေးရှင်မွေးလွန်းကတော့အချစ်သ၀ဏ်လွှာကိုကျေးငှက်ကလေးနဲ့ပေးလိုက်ပြီး
တဲ့နောက် ၊မင်းနန္ဒာဆီက နောက်ထပ် ကျေးစေတမန်များရောက်လာအုံးမလားလို့မျှော်ရင်းပန်းခြံထဲ
ဆင်းပြီး သီချင်းဆိုနေတယ်၊
နန္ဒာမင်းသားကလေးကလဲ သံလျင်ကမ်းခြေကိုရောက်တာနဲ့ စိတ်ထဲမှာအလွန်ပျော်သွားပြီး၊
နန်းတော်ပြသာဒ်နဲ့ တစ်ပင်တိုင်မြနန်းကိုစူးစမ်းသလိုအကြည့်နဲ့ ကုန်းပေါ်တက်လာတယ်၊
တဖြေးဖြေးနဲ့ တပင်တိုင်မြနန်းအနီးက ဥယျာဉ်ထဲရောက်လာတော့ သီးချင်းသံကလေး သဲ့သဲ့ကြား
လာတယ်၊
နန္ဒာမင်းသားကလေးက သီချင်းသံကြားတဲ့ဆီကို မှန်းပြိးလျောက်လာရင်း --နဲ့ ရှင်မွေးလွန်း
မင်းသမီးကလေး ပုခတ်ဆီးပြိး သီချင်းဆိုနေတာ တွေ့သွားတယ်၊
” အော် ဒီကရှင်လွန်းဆိုတာလား ဒီမှာမောင်တော် နန္ဒာလေ ”
” နှမတော်ခင်လွန်းကလှလိုက်တာ နတ်ဒေ၀ီလေးတမျှပါလား ”
” ဟယ် မောင်တော် - မောင်တော် နန္ဒာရောက်လာတယ် ”
”၀မ်းသာလိုက်တာမောင်တော်ရယ် - ခင်လွန်းက မောင်တော့်ဆီက ကျေးစေတမာငှက်
ကလေးမလာလို့ မျှော်နေတာမောင်တော်ရဲ့  အခုတော့ လူကိုယ်တိုင်ရောက်လာတယ် -ပျော်လိုက်
တာ မောင်တော်ရယ် ခင်လွန်းသိပ်ပျော်တာဘဲ ”
” လာလေ မြနန်းပေါ်သွားအောင် ”
ရှင်လွန်းက မင်းနန္ဒကို လက်ဆွဲပြီး ခေါ်သွားတယ် ၊
နှစ်ယောက်သားတွေ့ ကြတော့ အချစ်တွေပြိုင်ကြတယ်
သစ္စာတွေတိုင်ကြတယ်-အလွမ်းတွေမြိုင်ကြတယ်လေ
သီချင်းရှင်မွေးလွန်း+မင်းနန္ဒာ - မေဆွိ -သုမောင်

မင်းနန္ဒာ က တနေ့ တခေါက်အရောက်လာပါမယ်လို့ ဂတိပေးတယ်၊
ရှင်မွေးလွန်းက နေ့စဉ်ရက်ဆက်အမြံမျှော်နေပါမယ်လို့ ဂတိတွေအပြန်အလှန်ပေးကြတယ်၊
မင်းနန္ဒာကလေး နေ့တိုင်းလိုလိုရောက်လာတက်တော့ မြစ်ထဲက မလက်တို မိချောင်းမက စုံစမ်းရေး
ဆင်းလိုက်တာ ရှင်မွေးလွန်းနဲ့ မင်းနန္ဒာတို့ချစ်ကြိုက်နေကြတယ်ဆိုတာသိသွားတယ်၊
ငမိုးရိပ်က မင်းနန္ဒာကိုကျောပေါ်တင်ပြိးလာပို့ ရတာဆိုတော့-ငမိုးရိပ်ကိုသူတိုက်ခိုက်ဘို့အတွက်စဉ်း
8
စားလိုက်တဲ့အခါမှာ မင်းနန္ဒာကိုယ်တော်လေးရဲ့ ဘုန်းတန်ခိုးနဲ့ ကြိမ်စကြ်ာရှိနေတာရယ်၊
ရှိနေတော့ငမိုးရိပ်ကိုတိုက်လို့မရဘူးဖြစ်နေတယ်၊
မလက်တို အကြံတခုရလာတယ် -” ယောက်ျာတို့ဘုန်ညာလက်ရုံးတဲ့ ”
အင်း မင်းနန္ဒာကိုဘုန်းနိမ့်အောင်င့ါလုပ်ရမယ်-ယောက်ျာညာလက်ရုံးကိုမိန်းမကခေါင်းအုံး
အိမ်လိုက်ရင် ဘုန်းတန်ခိုးတွေပျောက်ကုန်သတဲ့ --- ဟဲ ဟဲ ငါကြံမယ် --ဆိုပြီး မလက်တိုက
လူယောင်ဖန်ဆင်းပြိး-ရှင်မွေးလွန်းမင်းသမီးကလေးထံမှာအခစားဝင်ဘို့ရောက်လာတယ်။
” သခင်မလေးဖုရား ကျွန်တော်မျိုးမဟာ သခင်မလေးရဲ့ သုဝဏ္ဏြပည်ကဖြစ်ပါတယ်၊
သမီးတော်ရဲ့ဘခမည်းတော်ကသခင်မလေးကိုစောင့်ရှောက်ဘို့ လွှတ်လိုက်တာပါသခင်မလေး ”
အဲဒီလို့ပြောတော့ မင်းသမီးကလေးက ဘခမည်းတော်ကလွှတ်လိုက်တာဆိုပြီးလက်ခံထားရ
တာပေါ့-မလက်တိုကလဲရှင်မွေးလွန်းကလေးယုံကြည်အောင်ပြုစုပေးပြီး၊ရင်းရင်းနှီးနှီးဖြစ်လာ
အောင်ကျိုးစားတယ်၊တဖြည်းဖြည်းနဲ့ ရင်းနှီးပြီးတိုင်ပင်ဖေါ်တိုင်ပင်ဖက်အထိဖြစ်လာခဲ့တယ်၊
နန္ဒမင်းသားကလေးကလဲ အခွင့်သာရင်သာသလိုရှင်မွေးလွန်းကလေးဆီကိုရောက်နေ
လေ့ရှိတယ်-တစ်နေ့ တော့
ဥက္ကလာပနေပြည်တော်မှာညစာစားပွဲတော်တည်ခင်းကျင်းပတဲ့အချိန်မှာနန္ဒာမင်းသားလေး
ပြန်ရောက်မလာလို့နေရာမှာလွတ်နေတဲ့အတွက်ဘုရင်ကြီးကအထိန်းတော်အမတ်ကြီးကိုမေးတယ်၊
” အထိန်းတော်အမတ်ကြီး သားတော်နန္ဒာမင်းသားလေးစားတော်ပွဲမတက်၊ဘယ်များသွား
နေလဲ ”
အမတ်ကြီးလဲ မကွယ်ဝန့် တော့ဘဲ
”သံလျင်ကျွန်းကခင်လွန်းထံသွားနေကြောင်းပါဘုရား ”
” အလို အမတ်ကြီး ဒီရေလမ်းခရီးကိုဘယ်လိုသွားနိုင်သလဲအမတ်ကြိး”
” ကြိမ်စကြ်ာနဲ့ ငမိုးရိပ်မိချောင်းကိုခေါ်ပြိးသွားပါတယ် ဘုရား ”
လို့အမှန်တိုင်းထုတ်ဖေါ်လျှောက်တင်လိုက်ရတယ် ”
ဒီချိန်မှာ နန္ဒာမင်းသားလေပြန်ရောက်လာတယ်၊
ဘုရင်ကြီးက မင်းသားလေးကိုခေါ်ပြိး
” သားတော် သံလျင်ကျွန်းက ခင်လွန်းထံနေ့ တိုင်းသွားနေတယ်ဆိုတာဟုတ်ပါသလား”
” မှန်လှပါ - ဟုတ်ပါတယ် ဘခမည်းတော်ဘုရား ”
” သားတော် ဟာ ရေလမ်းခရီးမှာ အသက်အန္တရယ်ရှိတယ်လို့ ပုဏ္ဏဖြူ+ပုဏ္ဏညိုများက
ဟောထားတယ် သားတော်ရေလမ်းခရီးသွားလို့မဖြစ်ဘူး ”
” အမတ်ကြီးလျှောက်တင်တာက သားတော်ဟာကြိမ်စကြ်ာနဲ့ ငမိုးရိပ်ကိုလိုက်ခေါ်ပြီးပို့
ခိုင်းတယ်ဆိုတာမှန်ပါသလား”
” မှန်ပါတယ် ဘုရား ”
”ဒါဆို ကြိမ်စကြ်ာကို ဖခမည်းတော်ပြန်သိမ်းလိုက်မယ် - သားတော်လေးအသက်အန္တရယ်
ကိုစိုးရိမ်လို့ဖြစ်တယ်၊နောက်ပြိးသားတော်ဟာဖခမည်းတော်ရဲ့ ထီးနန်းကိုဆက်ခံရမဲ့သားတော်ဖြစ်
တယ်ကွဲ့  ”
” မှန်လှပါ - အမိန့်တော်မြတ်အတိုင်းနာခံပါမယ်-ခမည်းတော်ဘုရား ”
အဲဒီလို ဘုရင်ကြီးက ကြိမ်စကြ်ာကိုပြန်သိမ်းလိုက်တော့မင်းနန္ဒာလေးခမြာ၊ရှင်မွေးလွန်းထံ
မသွားနိုင်ဘဲဖြစ်နေတာပေါ့၊
အချိန်ကတစ်ရက် နှစ်ရက်ကနေ ရက်တွေများစွာကြာလာတော့၊မင်းနန္ဒာကလေးက၊ရှင်မွေး
လွန်းကလေးကိုမတွေ့ရလို့မစားနိုင်မသောက်နိုင်နဲ့ အလွမ်းဝေဒနာကျနေရှာတယ်၊
အဲဒီအချိန်မှာရှင်မွေးလွန်းကလေးကလဲနန္ဒာမင်းသားလေးလိုဘဲ၊ပူဆွေးသောကရောက်နေ
ရတာပေါ့၊
” မောင်တော် ဘာဖြစ်လို့များရောက်မလာပါလိမ့်နော်-ရွှေနန်းတော်မှာတိုင်းရေးပြည်ရေးများ
ရှုတ်ထွေးလို့အလုပ်ရှုတ်နေလို့လား-ဒါမှမဟုတ်ငါ့ကိုမေ့ပြိးနောက်ထပ်ချစ်ရမဲ့သူအသစ်တစ်ယောက်
များတွေ့ နေလို့ လား ----- ” သို့လော သို့လော နဲ့ အတွေးတွေချာချာလည်နေတာပေါ့
သီချင်း မယ်ခုမျှော်- မာမာအေး

ရှင်မွေးလွန်းလေးလွမ်းနေတာတွေ့ တော့ မလက်တိုကလဲ သူဆင်တဲ့အကွက်ထဲဝင်အောင်ဆို
ပြီးမင်းသမီးကလေးကိုဝင်လျှောက်တယ်၊
” သခင်မလေး မောင်တော်ကို တော်တော်လွမ်းနေလား ”
” ဟဲ့ မလက်တိုရဲ့  လွမ်းတာပေါ့ဟဲ့  နင်ဘယ်လိုမေးလိုက်တာလဲ ငါ့မှာဖြင့်သေတော့မယ်”
” သခင်မလေးမောင်တော် လာမှာပါ ဒါပေမဲ့ ဒီတခါလာရင် နောက်တခါဒီလိုအကြာကြီး
ခွဲမထားရဘူး - သခင်မလေးကိုတယ်ချစ်ရင်-နှမလေး - မောင်တော်ရဲ့ ညာလက်ရုံး
ပေါ်မှာခေါင်းအုံးပြိးအိပ်ချင်တယ်လို့ ပူစာရမယ် - သိလားသခင်မလေး ”
” ဟဲ့  မလက်တို ရဲ့ နင့်စကားကလဲ အဆန်းပါလား ဘယ်လိုလဲဟဲ့  ”
” အို သခင်မလေးကလဲ ယောက်ျာတွေကလေ သူတို့ညာလက်ရုံးကိုမိန်းမကခေါင်းအုံးမယ်
ဆိုရင်သိပ်ကြောက်တာသခင်မလေရဲ့ -ခွင့်မြ့ပုချင်ကြဘူး - အဲဒါသခင်မလေးက မောင်တော်ဟာ
နှမလေးကို တကယ်ချစ်မချစ်ဘူးဆိုတာသိရအောင် ဒီနည်းနဲ့ စမ်းပေတော့သခင်မလေး ”
” နှမလေးကိုတကယ်ချစ်တယ်ဆိုရင် မောင်တော့်ညာလက်ရုံးမှာခေါင်းအုံးအိမ့်ခွင့်ပြုပါလား
ဒါမှမောင်တော်အချစ်ကို -နှမလေးယုံမှာ လို့ နွဲ့ ဆိုး ဆိုးလိုက်ပေါ့သခင်မလေး ရယ်”
”နောက်ပြီး သခင်မလေး နဲ့ မင်းသားလေး အိပ်ရမှာလေ ”
” ဟဲ့  ဟဲ့  လက်တို တော်တော့ နင်ဘာတွေလျောက်ပြောနေတာလဲသွားသွား ”
မင်းသမီးကလေးက မလက်တိုကို ငေါက်သာ လွှတ်လိုက်တယ်
”ဒီတခါမောင်တော်လာရင် တော့ စမ်းကြည့်ရမယ်လို့ တွေးနေလေရဲ့  ”
ငမိုးရိပ်မိချောင်းလဲသူ့မိန်းမထံမပြန်ရဘဲဖြစ်နေတာရက်တွေကြာလာတယ်၊
ရက်သတ္တတစ်ပတ်လောက်သူကိုမခေါ်ဘဲခွင့်လွှတ်ထားဘို့ တောင်းပန်ရရင်ကောင်းမလား
ဆိုပြီးခွင့်တောင်းဘို့ကမ်းစပ်ကိုရောက်လာတယ်၊
နန္ဒာမင်းသားလေးကလဲခင်လွန်းကိုသတိရလွန်းလို့ကမ်းစပ်မှာလာပြီးသံလျင်ကျွန်းဘက်ကို
မျှော်ငေးနေတယ်၊
မမျှော်လင့်ဘဲငမိုးရိပ်မိချောင်းကိုတွေ့ သွားတော့ ---
” ဟဲ့  ငမိုးရိပ် လာစမ်း လာစမ်း ငါ့ကို ရှင်လွန်းထံပိုပေးစမ်း - လာလာမြန်မြန် ဘယ်သူမှ
မမြင်ခင် မြန်မြန်လာ ”
ဆိုပြိး ငမိုးရိပ်ကိုလှမ်းခေါ်တာနဲ့ ငမိုးရိပ်လဲ ခွင့်တောင်းစရာရှိတာမတောင်းနိုင်တော့ဘဲ
ကုန်းပေါ်ထိုးတက်ပေးလိုက်တယ် မင်းသားကလေးက ၀မ်းသာလွန်းလို့ အလောတကြီးနဲ့ 
လှမ်းတက်လိုက်တာ လက်ထဲက သံလျက် ရေထဲကျသွားတယ် ၊
( အခု သံလျက်စွန်းလို့ ခေါ်တဲ့နေရာပေါ့ )
( ဟုတ်တယ်အဘိုး တချို့ က Monkey Point လို့ ခေါ်ကြတယ်- အဲဒါအင်္ဂလိပ်လက်ထက်
ကျတော့ အဲဒီနေရာကို Monkey Point လို့ခေါ်တာ သံလျက်စွန်းဆိုတာ မင်းနန္ဒာ သံလျက်လွတ်ကျ
သွားတဲ့နေရာပေါ့ ) အဲဒီနေရာ ဟာ ဥက္ကလာပ(ဒဂုံမြို့ ရဲ့ ဆိပ်ကမ်းတနေရာဘွဲ့  )
အဲဒါနဲ့ ငမိုးရိပ်က မင်းသားလေးကို သံလျင်ကျွန်းဘက်အရောက်ပို့ပေးလိုက်တာပေါ့
လကလေးကလဲသာသာ ညဦးကလေးမှာ ရောက်သွာတယ်၊ခင်လွန်းကလဲမမျှော်လင့်ဘဲနန္ဒာ
မင်းသားလေးရောက်လာတော့အားရ၀မ်းသားဆီးကြိုတာပေါ့ ၊
နှစ်ယောက်သားရက်တွေအကြာကြီးခွဲနေရတော့ အလွမ်းတွေသယ်နေကြတာပေါ့ ၊
” မောင်မောင်တော် ဘာလို့နှမလေးကိုအကြာကြီးခွဲထားရတာလဲ ဟင် ”
” မဟုတ်ပါဘူး နှမလေးရယ်- ခမည်းတော်ဘုရားမောင်တော်ကို ရေလမ်းသွားရင်အန္တရယ်
ရှိတယ်မသွားရဆိုပြီအမိန့် ထုတ်ထားလို့ပါကွယ် ”
”ဟင့် အင်း ဟင့်အင်း မယုံပါဘူး မောင်တော်- မောင်တော်ညာပြောနေတာ ”
”မောင်တော် နောက်ထပ် အသစ်တစ်ယောက်နဲ့ တွေ့ နေတယ်မဟုတ်လား ”
” မဟုတ်ပါဘူးကွယ် တကယ်ပါကွယ် မောင်တော်အမှန်ပြောတာပါ ”
” ဒါဆို ဒီလိုလုပ် မောင်တော် နှမလေးကို တကယ်ချစ်ရင် ဒီည နှမလေးနဲ့ အတူစက်တော်
ခေါ်ရမယ် - နောက်ပြီး နှမလေးကလေ မောင်တော့ညာလက်ရုံးပေါ်မှာခေါင်းအုံးပြိးအိပ်ရမှကျေနပ်
မယ်သိလား ”
ရှင်မွေးလွန်းကလေးကလဲ မလက်တိုသင်ထားတဲ့အတိုင်းပြောတော့တာပေါ့
” နှမလေး ဘာတွေလာပြီးခွင့်ပန်နေတာလဲ ထူးထူးဆန်းဆန်း ”
” အို မရဘူး -မရဘူး - အိပ်မလား မအိပ်ဘူးလားပြော - ပေးမအိပ်ရင် နှမလေးကိုမချစ်လို့
နော် ဒါဘဲ ”
” ကဲပါဗျာ - ပေးအိပ်ပါမယ် -ဗျာ ပေးအိပ်ပါမယ် - ”
သီချင်း - အုံးစက်ပါ့ဘုန်းလက်ညာ

ရှင်မွေးလွန်းနဲ့  နန္ဒာမင်းသာလေးတို့ အိပ်စက်သွားကြတဲ့အချိန်မှာ မလက်တိုက ရေထဲဆင်း မိချောင်း
ဘ၀ပြန်ဖြစ်အောင်လုပ်ပြီးသူ့ အဖေါ်များရှိရာသို့ပြန်သွားတယ်၊
ငမိုးရိပ်အပြန်ကိုစောင့်ပြီးတိုက်ခိုက်ဘို့ စီစဉ်ကြတယ်၊
ရှင်မွေးလွန်းမင်းသမီးကလေးက မောင်တော်ရဲ့ ညာလက်ရုံးကိုခေါင်းအုံးပြီးနှစ်နှစ်ခြိုက်ခြိုက်
အိပ်ပျော်နေစဉ်မှာ ---
” အမလေး မလုပ်ကြပါနဲ့  မလုပ်ကြပါနဲ့  ”
နန္ဒာမင်းသားကလေးကိုသရဲသဘက်ကြီးများက အတင်းဆွဲခေါ်ပြီး မြနန်းဆောင်ထဲကဆွဲထုတ်
သွားလို့ မင်းသမီးကလေး က မလုပ်ကြပါနဲ့  မလုပ်ကြပါနဲ့  လို့နောက်က လိုက်ဆွဲပေမဲ့မရဘဲ - မင်းသားကလေးခမြာရုန်းကန်ရင်းပါသွားတယ် လို့ အိပ်မက် ဆိုးကြီး မက်တယ်
နောက်တော့ လန့် နိုးလာတယ်
” အမလေး မလုပ်ကြပါနဲ့  မလုပ်ကြပါနဲ့  ”
” နှမလေး ဘာတွေ အော်နေတာလဲ - ဘာတွေအော်နေတာလဲ ”
မင်းသမီးကလေးက သူအိပ်မက် ဆိုး မက်တာကို မောင်တော် စိတ်မကောင်းမှာစိုးလို့မပြော
ဘဲ ဘာမှ မဟုတ်ပါဘူးမောင်တော် - ဂယောင် ဂတမ်းတွေ အိပ်မက်နေတာပါ ”
လို့  ပြောလိုက်တယ်
” မောင်တော် အပြန်ကျရင် သတိ ထားပြန်ပါနော် နှမတော် မျက်ခုံးတွေလုပ် နေတယ် ”
ဆိုပြီးငိုပြောတယ်၊ ”
” စိတ်ချပါ နှမတော်ရယ် မောင်တော် သတိ ၀ီရိယနဲ့ပြန်မှာပါကွယ် ကဲကဲ မိုးလဲလင်း
တော့မယ် ဘခမည်းတော်တို့ မနိုးခင်ပြန်ရမယ် မောင်ကြီးပြန်မယ်နော် နှမတော် ”
ရှင်မွေးလွန်းကလေးက နန္ဒာမင်းသားလေးကိုမြစ်ဆိပ်အထိလိုက်ပို့ ပြိး စိတ်လက်လေးလေး
နဲ့ အဆောင်ကိုပြန်လာခဲ့တယ် ၊
မင်းနန္ဒာလဲ ငမိုးရိပ်ကို စီးပြီးပြန်လာခဲ့တယ်
”ဟေး ဟေး ဟိုမှာ ငမိုးရိပ်လာနေပြီ လာနေပြီ ၀ိုင်း တိုက်ကြဟေ့ ”
မြစ်ခလယ်ရောက်တော့ ကြိုတင်စောင့်နေတဲ့ မလက်တိုတို့အဖွဲ့ က ငမိုးရိပ်ကိုမြင်တာနဲ့ ဝိုင်းတိုက်ကြတယ်၊
မိချောင်အုပ်စုကြီးတစုဝိုင်းပြီး ငမိုးရိပ်ကို ၀ိုင်းကိုက်တော့ မင်းနန္ဒာ သံလျက်ကိုစမ်းလိုက်တယ် ၊ သံလျက်ကမပါလာဘူး၊ကြိမ်စကြ်ာလဲမရှိတော့ ဘာမှလုပ်လို့ရဘူးဖြစ်နေတယ်၊
ရုတ်တရက် မလက်တိုက ငမိုးရိပ်ကို ကိုက်လိုက်တော့ ငမိုးရိပ် လိမ့်သွားတယ် ၊ မင်းသားလေး
ရေထဲထိုးကျသွားတယ်၊ငမိုးရိပ်လဲ အလူးအလဲခံလိုက်ရတော့ မဖြစ်ဘူးဆိုပြီး-မင်းသားလေးကိုပါးစပ်ထဲ
ငုံပြိး-ဒဂုံဆိပ်ကမ်းအရောက်ပြေးလာခဲ့တယ်၊
ဒဂုံဆိပ်ကမ်းရောက်တော့ လင်းအာရုံတက်နေပြိး-ငမိုးရိပ်လဲ မင်းသားလေးကိုပါးစပ်ထဲငုံထား
ခဲ့ရတာဆပ်ကမ်းရောက်တော့-အန်ထုတ်လိုက်တာ မင်းသားကလေးမြာအသက်မြော့မြော့လေးဘဲကျန်
တော့တယ်၊
မိုးလင်းတော့ မင်းချင်းတစ်ယောက်က ကမ်းနားဆင်းလာရင်းမင်းသားလေးကုန်းပေါ်မှာမေ့
မြောနေတာတွေ့ တယ်
” ဟယ် ကမ်းစပ်မှာ မင်းသားလေး တင်နေတယ် လာကြပါအုံး အမတ်ကြီးတို့ ”
” အို ကိုယ်တော်လေး မသွားပါနဲ့ လို့ တားထားတာမရဘူး ဘယ်တုန်းက ထွက်သွားတာလဲ
အမတ်ကြီး ” အမတ်ကြီးကို အပြစ်ပေးရမယ် ”
” ကျွန်တော်မျိုး လဲ မမြင်လိုက်ရပါဘုရား အမိန့်တော်မြတ်အတိုင်းနာခံပါမယ်ဘုရား ”
” ဟော ဟော သားတော်လေး လှုတ်လာတယ် - စကားပြောလိုက်မယ် ”
” မှန်လှပါ ဘုရား သားတော် ရှင်မွေးလွန်း ကို မတွေ့ ရင်မနေနိုင်လွန်းလို့ တိတ်တဆိတ်သွားမိပါတယ်
အမတ်ကြီးမှာ အပြစ်မရှိပါ ဘုရား ”
”အမတ်ကြီး မွေးလွန်းကို စာလွှာပါးလိုက်ပါ မောင်တော် နှမလေးကိုအသက်တမျှချစ်လှပါတယ် - အထက်မိုးတိမ်လွှာမှာမောင်တော်ရှိနေတယ် လာခဲ့ပါလို့ ”
ပြောပြီး ငြိမ်သက်သွားတယ် -တခါထဲ ဇီဝိန်ချုပ်သွားရှာတယ် ”
” အမလေး ကိုယ်ကျိုး ဖြင့်နဲပါပေါ့ သားတော်လေးရဲ့  ”
ဘုရင်ကြီး နဲ့ မယ်တော်ကြီးတို့ က ချူံးပွဲချပြိးငိုရှာတယ်
အမတ်ကြီးလဲချက်ခြင်းဆိုသလိုစာတစောင်ရေးပြိး ရှင်မွေးလွန်းထံကျေးငှက်ကလေးနဲ့ ပို့လိုက်တယ်
” ဟယ် စောစောစီးစီး ကျေးငှက်ကလေး ရောက်နေပါလား လည်မှာလဲ စာကြုတ်ကလေးနဲ့ 
မောင်တော် ဘာများဖြစ်လို့ပါလိမ့် အမလေး ရင်တွေတုန်လိုက်တာ ”
ကျေးငှက်ကလေး လည်က ကြုတ်ကလေးကိုဖြုတ်ပြိး စာကိုထုတ်ဖတ်လိုက်တယ်
ရှင်လွန်း
မောင်တော် နန္ဒာမင်းသားလေ အပြန်မှာအန္တရယ်ဆိုးနဲ့ တွေ့ လို့ ကံတော်ကုန်သွား
ပြီ - နှမလေးကို အသက်တမျှချစ်လှပါတယ် အထက်မိုးတိမ်လွှာမှာမောင်တော်ရှိမယ်လို့--
-ပြောရင်း
ဇီဝိန်ချုပ်သွားပါတယ် ”
အထိန်းတော်အမတ်ကြီးပေါက်ကျိုင်း
” အမလေး မောင်တော် ရဲ့  ”
ရှင်မွေးလွန်း ကလေးလဲ စာကိုဖတ်ပြီး လဲကျသွာတယ်
” နှမတော်လေး ကိုပြစ်မထားခဲ့ပါနဲ့  နှမတော် လဲ မနေတော့ဘူး မောင်တော်ရှိရာလိုက်ခဲ့မယ် ”
စာဘတ်ပြီးတော့ ရှင်မွေးလွန်းကလေးက ရင်စို့ ပြီး ဇီဝိန်ချုပ်သွားတယ်
”ဟယ် ဒီမှာ ရှင်မွေးလွန်း သခင်မလေး လဲကျသွားတယ် လာကြပါအုံး လာကြပါအုံး ”
” ဟဲ့  ဟဲ့ လုပ်ကြပါအုံး ထူလိုက်ပါ ထူးလိုက်ပါ ဟဲံ့ ”
” ဒီမှာ အသက်မရှိတော့ဘူး အထိန်းတော်ကြီးရဲ့  ”
ဒါဖြင့်ခမည်းတော်ကိုသံတော်ဦိးတင်လိုက် မြန်မြန် လုပ်ကြ
ဒဂုံဘက် ဥက္ကပမင်းနဲ့ သံလျင်ဘက်က ရှင်မွေးလွန်းရဲ့ ခမည်းတော်တို့ဟာ မင်းသားကလေးနဲ့
မင်းသမီးကလေးကိုသဂြိုလ်ဘို့ အစီအစဉ်တွေလုပ်ကြတယ်
မင်းနန္ဒာ ရဲ့ ရုပ်အလောင်းကို မီးသဂြိုလ်တဲ့ အချိန်မှာ ရှင်မွေးလွန်းကလေးကိုလဲ သံလျင်ဘက်
က တချိန်ထဲမီးသဂြိုလ်ကြတယ် ၊
မီးခိုးလုံးတွေဟာ ကောင်းကင်ကိုတက်သွားတယ် -
သံလျင်ဘက်က ရှင်မွေးလွန်းကလေး ရဲ့ မီးခိုးလုံးတွေ နဲ့  ဒဂုံဘက်က မင်းနန္ဒာရဲ့
မီးခိုးလုံးတွေဟာ ဒဂုံမြစ်ကောင်းကင်ထက်မှာ အချစ်သင်္ကေတအမှတ်အသားနဲ့ ပေါင်းဆုံသွားကြတယ၊်
ဘ၀ချင်း မဆုံရပေမဲ့ ကောင်းကင်မှာ မီးခိုးချင်းတော့ ဆုံဖြစ်လိုက်ကြပါတယ် ကွယ်
သီချင်း -တင်တင်မြ - ရှင်းမွေးလွန်း+ မင်းနန္ဒာ







” ဟဲ့  သမီးတို့ ပုံပြောပြိး ပြီလေ ပြန်ကြတော့လေ ”
” နေပါအုံး အဘိုးရဲ့  ဒီမှာမျက်ရည်တွေ နဲ့  လမ်းမှာကာလသားတွေတွေ့ ရင်နောက်မှာစိုးလို့”
” အဟင့် အဟင့် ”
မောင်သုည
မှီငြမ်းကိုးကားသောစာအုပ်များ
၁ - ရှင်မွေးလွန်း+မင်းနန္ဒာဇာတ်ညွှန်း - ရွှေနှင်းဆီ

Tem/ Prefetch/Recent/ ဖိုင်တွေကို icon လေးလုပ်ပြီး ကွန်ပျူတာ သန့် ရှင်းရေး လုပ်ချင်ရင်

Run box မှာ Tem/ Prefetch/Recent တစ်ခုချင်းရိုက်ထည့်ပြီး ဖျက်နေရင် ကြာပါတယ်။အဲ့တော့ အိုင်ကွန်လေးလုပ်ပြီး အမြန်ဖျက်ကြမယ်နော်။
စမ်းသပ်ကလိချင်လျှင် အောက်ကအဆင့်လေးတွေအတိုင်းလုပ်ကြည့်လိုက်ကြပါနော်။

(၁) Start>>>Run(or) Win+R နှိပ်ပြီ Runbox ဖွင့်လိုက်ပါ။


(၂) Run box မှာ notepad ကိုရိုက်ထည့်ပြီ Enter(or) OK နှိပ်လိုက်ပါ။


(၃) အောက်မှာပေးထားတဲ့ ကုဒ်တွေ့ကို Copy ကူးထည့်လိုက်ပါ။ပြီးရင် Save လိုက်ပါ။


    

File name: မှာ (ဥပမာ kyawzin.bat) ရိုက်ထည့်ပြီ Save လိုက်ပါ။
     kyawzin နေရာမှာ မိမိကြိုက်တဲ့အမည်ပေးပြီး Saveလို့ရပါတယ်။
    နောက်က(.bat) ဖြစ်ရင်ရပါပြီ။

save ထားတဲ့အိုင်ကွန်လေးကို ကလစ်ပြီးသန့် ရှင်းရေးလုပ်နိုင်ပါပြီ။


@ECHO off

color DE

title AuToClEaNeR-kyawzin

SET T1=Done By kyawzin


DEL %systemroot%\prefetch\ /Q /S

DEL ''%USERPROFILE%\Local Settings\Temporary Internet Files" /Q /S /F

DEL "%USERPROFILE%\Local Settings\Temp" /Q/S /F

DEL "%USERPROFILE%\Local Settings\Historique" /Q /S /F


DEL "%USERPROFILE%\RECENT"
/Q /S /F


DEL "%USERPROFILE%\Cookies" /Q /S /F

Echo ******* *******
Echo ****** ******

Echo ***** *****
Echo ****Finished ****
Echo ***** *****
Echo ****** ******
Echo ******* *******

EXIT

သူငယ်ချင်းများအားလုံးအဆင်ပြေပါစေနော်.....

လုပ်ကြည့်ရမှာပျင်းရင်ဒီလင့်ကိုကလစ်ပြီးဒေါင်းပါ။ :)

◘◘ကွန်ပျူတာ System Speed ကိုမြန်ဆန်စေရန် သိထားသင့်သောအရာများ...◘◘

ကွန်ပျူတာSystem Speed ကိုမြန်ဆန်စွာအသုံးပြုနိုင်ရန်အတွက် အောက်ဖော်ပြပါအတိုင်း ဆောင်ရွက်နိုင်ပါသည်-
၁။ ကွန်ပျူတာတွင် Application တစ်ခုကိုအသုံးပြုပြီးတိုင်း Desktop ပေါ်တွင် Right Click ဖြင့် Refresh ပြုလုပ်ပေးရပါမည်။ Refresh ပြုလုပ်ပေးခြင်းအားဖြင့် RAM အတွင်းမလိုအပ်သည့် File များကိုဖယ်ထုတ်ပေးနိုင်ပြီး System Speed ကိုမြန်ဆန် စေပါသည်။

၂။ File Size ကြီးမားသောပုံများကိ Wallpaper အဖြစ်အသုံးမပြုသင့်ပါ။ Wallpaper ကို File Size ကြီးမားသောပုံကိုအသုံးပြုခြင်းအားဖြင့် RAM ၏လုပ်ဆောင်မှုကို နှေးကွေးစေပါသည်။

၃။ Desktop ပေါ်တွင် Shortcuts များကိုထားရှိပြီး အသုံးပြုခြင်းမှရှောင်ကျဉ်ရပါမည်။ Desktop ပေါ်ရှိ Shortcuts တစ်ခုသည် RAM အတွင်း ၌ ၅၀၀ Bytes နေရာယူအသုံးပြု စေပါသည်။

၎။ Recycle Bin ကိုနေ့တိုင်း Empty ဖြစ်စေရန်ရှင်းလင်းပေးရပါမည်။ Recycle Bin ကို Empty
မပြုလုပ်သေးသမျှ မိမိ Delete လုပ်လိုက် သည့် File များသည် Hard Drive တွင်နေရာယူနေပါသည်။ Delete လုပ်ရန်သေချာသည့် File များကို Shift + Delete ဖြင့် Recycle Bin အ တွင်းမရောက်စေပဲ တိုက်ရိုက် Delete လုပ်နိုင်ပါသည်။

၅။ Temporary Internet File များကို ပုံမှန် Delete ပြုလုပ်ပေးရပါမည်။

၆။ Defragment ပြုလုပ်ခြင်းကို ၇ ရက်လျင်တစ်ကြိမ်ခန့်ပြုလုပ်ပေးရပါမည်။ Defragment ပြုလုပ်ပေးခြင်းအားဖြင့် Hard Drive အတွင်း Free Space ကိုတိုးမြင့်လာစေပြီး File များကိုပြန်စီပေးသည့်အတွက် ကွန်ပျူတာကိုအသုံးပြုရာတွင် ပိုမိုမြန်ဆန်စေပါသည်။

၇။ ကွန်ပျူတာတွင် Partition ကိုအနည်းဆုံးနှစ်ခုထား၍ အသုံးပြုသင့်ပါသည်။ File Size ကြီးမားစွာအသုံးပြုရမည့် Photoshop၊ 3DS Max ကဲ့သို့သော Software များကို Run ၍အသုံးပြုသည့်အခါတွင် Window တင်ထားသည့် Partition ကိုအသုံးမပြုပဲ၊ ဒုတိယ Partition တွင် Run ၍အသုံးပြုရပါမည်။ Window တင်ထားသည့် Partition တွင် Data များထားရှိခြင်း၊ Software များ Run ၍အသုံးပြုခြင်းများကို တက် နိုင်သမျှရှောင်ကျဉ်၍ Free space များစေရန်ဆောင်ရွက်ရပါမည်။ Window တင်ထားသည့် Partition တွင် Free space နည်းနေပါက ကွန်ပျူတာလုပ်ဆောင်မှုကိုနှေးကွေးစေပါသည်။

၈။ Software တစ်ခုကိုအသုံးပြုရန်အတွက် Run ပြီးပါက Tray Icon များထားရှိ အသုံးပြုခြင်းကို မပြုလုပ်သင့်ပါ။ ထို Tray Icon များထားရှိ အသုံးပြုခြင်းသည် RAM ကို ပိုမိုအလုပ်လုပ်စေပြီး ကွန်ပျူတာ System ကိုနှေးကွေးစေနိုင်ပါသည်။

၉။ Software များကို ကွန်ပျူတာစဖွင့်သည်နှင့်တပြိုင်နက်တည်း Automatically အလုပ် လုပ်စေခြင်းမပြုလုပ်သင့်ပါ။ ထိုသို့ပြုလုပ်ရန်အတွက် Run တွင် msconfig ဟုတ်ရိုက်ပြီး Startup Tab တွင် Disable All ကို Click ပြုလုပ်၍ ကွန်ပျူတာကို Restart ပေးရပါမည်။
mmmsss
Disable start program

၁၀။ ကွန်ပျူတာတွင်း ဖုန်များဝင်ရောက်ခြင်းကိုကာကွယ်ပေးရပါမည်။ ဖုန်များသည် ကွန်ပျူတာ Cooling Fan ကိုနှေးကွေးလာစေကာကွန်ပျူတာ CPU ကိုတဖြည်းဖြည်းချင်း ပူလာစေပါသည်။ ထိုသို့ပူလာသည်နှင့်အမျှ ကွန်ပျူတာ၏ ပုံမှန်စနစ်တကျလုပ်ဆောငမှုများကို ထိခိုက်လာစေကာ System Speed ကိုနှေးကွေးလေးလံလာစေနိုင်ပါသည်။
၁၁။ ကွန်ပျူတာ CPU အတွင်းရှိဖုန်များကိုဖယ်ရှားရန်အတွက် ဖုန်စုပ်စက်များကို လုံးဝအသုံးမပြုရပါ။ နူးညံ့သောအ၀တ်စများ၊ ကွန်ပျူတာဖုန်သုတ် သည့် အ၀တ်စများကိုသာ အသုံးပြုရပါမည်။

၁၁။ ကွန်ပျူတာကို System Restore Function ကိုဖွင့်ထားခြင်းသည် CPU ၏ စွမ်းဆောင်မှု ကိုအသုံးပြုမှုများပြားစေပါသည်။ ထို့ကြောင့် System Restore ကိုပိတ်ထားသင့်ပါသည်။ System Restore ကိုပိတ်ထားရန်အတွက် My Computer \ Properties သို့ဝင်ရောက်၍ ၄င်းမှ System Restore Tab သို့ဝင်ရောက်ကာ အောက်ဖော်ပြပါပုံအတိုင်း Turn off system restore on all drives ကို Select လုပ်၍ ပိတ်ထားနိုင်ပါသည်။
turn off system restore
turn off system restore

၁၂။ Search Indexing ကို Disable ပြုလုပ်ထားခြင်းသည် ကွန်ပျူတာ System Speed ကို မြန်ဆန်စေပါသည်။ Search Function ကိုပိတ်ထားရန်အတွက် My Computer မှ Window တင်ထားသည် C Drive ကို Right Click နှိပ်၍ Properties သို့ဝင်ရောက်ရပါမည်။ ထို့နောက် အောက်ဖော်ပြပါပုံအတိုင်း Allow indexing Services to index this disk ကို uncheck ပေး၍ Apply ပေးရပါမည်။
Disable Search Indexing
Disable Search Indexing

၁၃။ Error Checking Utility ကိုအသုံးပြုခြင်းဖြင့် ကွန်ပျူတာ System Speed ကိုမြန်ဆန်စေပါသည်။ Error Checking Utility ကိုအသုံးပြုရန်အတွက် ကွန်ပျူတာအတွင်းဖွင့်ထားသော File များကိုပိတ်ရပါမည်။ My Computer မှ Drive တစ်ခုကို Right Click နှိပ်၍ Properties သို့ဝင်ရောက်ရပါမည်။ ထို့နောက် Tools Tab သို့ဝင်၍ အောက်ဖော်ပြပါပုံအတိုင်း Check now ကို Click ၍ Scan for and attempt recovery of bad sectors ကို Check ပေး၍ Start ကို နှိပ်ရပါမည်။

၁၄။ ကွန်ပျူတာအတွင်းရှိ Spyware များသည် ကွန်ပျူတာသုံးစွဲသူ၏ Personal Data များကို ခွင့်ပြုချက်မရှိပဲခိုးယူရုံသာမက ကွန်ပျူတာသုံးစွဲရာတွင် ကွန်ပျူတာကိုနှောင့်နှေးစေပြီး မကြာခဏရပ်တန့် စေခြင်းခြင်းများကိုပါဖြစ်ပေါ်စေပါသည်။ ထို့ကြောင့် ကွန်ပျူတာအတွင်းရှိ Spyware များကိုရှင်းလင်းပေးရပါမည်။ Antivirus Software ကိုအသုံးပြုခြင်းမရှိသေးပါက Online Free Service တစ်ခုဖြစ်သော http://onecare.live.com/ သို့ဝင်ရောက်၍ ကွန်ပျူ တာ ကိုစစ်ဆေးခြင်းဖြင့် Virus များကိုဖယ်ရှားနိုင်ပါသည်။

၁၅။ Window တင်ရာတွင် NTFS အမျိုးအစား File Type ကိုအသုံးပြုရပါမည်။ FAT32 ကို အသုံးမပြုရပါ။ မိမိအသုံးပြုနေသည့် Window တွင်မည်သည့်အမျိုးအစားကိုအသုံးပြုထား သည်ကို သံသယဖြစ်ပါက Window တင်ထားသည့် C Drive ကို Right Click ဖြင့်နှိပ်၍ Properties သို့ဝင်ရောက်၍ကြည့်ရှုနိုင်ပါသည်။ အကယ်၍ FAT32 ဖြစ်နေပါက NTFS File Type သို့ပြောင်းလဲပေးရပါမည်။ ထိုသို့ပြောင်းလဲရန်အတွက် ပထမဆုံးအရေးကြီးသည့် Data များကို Back Up ပြုလုပ်ထားရပါမည်။ ထို့နောက် Start \ Run တွင် CMD ဟုရိုက်နှိပ်၍ Prompt တွင် CONVERT C: /FS:NTFS ဟုရေး၍ Enter ပေးရပါမည်။ ထို့နောက် ခေတ္တ စောင့်ပေးရပါမည်။ NTFS ကိုအသုံးပြုခြင်းအားဖြင့် Security မြင့်မားခြင်း၊ Folder ပမာဏကို ကြီးမားစွာအသုံးပြုနိုင်ခြင်းနှင့် Computer System Speed ကိုမြန်ဆန်စွာအသုံးပြုနိုင်ခြင်းနှင့် အခြားအကျိုးရလဒ်များကို ရရှိစေပါသည်။
check file type
check file type

၁၆။ ကွန်ပျူတာကို တစ်လလျင်အနည်းဆုံးတစ်ကြိမ်ခန့် Disk Cleanup ပြုလုပ်ပေးသင့်ပါ သည်။ Disk Cleanup ပြုလုပ်ပေးခြင်းဖြင့် Temporary Files များကိုဖယ်ရှားပေးနိုင်ပြီး ကွန်ပျူတာ System Speed ကိုမြန်ဆန်စေပါသည်။ C Drive ကို Right Click ဖြင့်နှိပ်၍ Properties သို့ဝင်ရောက်ပြီး Disk Cleanup Bottom ကိုနှိပ်၍ ပြုလုပ်နိုင်ပါသည်။

၁၇။ ကွန်ပျူတာအတွင်းမလိုအပ်သည့် Program များကိုဖယ်ရှားပေးရပါမည်။ ဖယ်ရှားရာတွင် Window တွင်ပါရှိသည့် Add or Remove Program မှတစ်ဆင့်ဖယ်ရှားနိုင်သကဲ့သို့ Your Uninstaller ကဲ့သို့ Uninstaller တစ်မျိုးမျိုးကိုအသုံးပြု၍ဖယ်ရှားနိုင်ပါသည်။ Software ကို အသုံးပြု၍ဖယ်ရှားပါက Add or Remove Program ကိုအသုံးပြု၍ဖယ်ရှား၍ ပျက်သွားခြင်း မရှိသည့် Registry အတွင်းရှိ File များကိုပါ ဖယ်ရှားနိုင်မည်ဖြစ်ပါသည်။

ဗဟုသုတတိုးပွားကြပါစေနော်.....
ဇနကတော့ အွန်လိုင်းပင်လယ်မှာ ဆက်ပြီးလက်ပစ်ကူးလိုက်ဦးမယ် ကောင်းတဲ့အရာလေးတွေဆို ဆယ်ပြီး မျှဝေပေးပါ့မယ်နော်။  :) :) :)
သူငယ်ချင်းတို့ ရဲ့ Like အား ကွန်မက်အားနဲ့  ဆက်လက်ပြီး အွန်လိုင်းပင်လယ်ပြင်မှာ လက်ပစ်ကူးဖို့ အားအင်ပေးပါနော်....:) :)

◘◘ကွန်ပျူတာ Passwords မေ့လို့ဖွင့်လို့မရခဲ့လျှင်◘◘

ကိုယ့်ရဲ့ကိုယ်ပိုင် ကွန်ပျူတာလေးမှာ သူများမသိစေချင်တဲ့အကြောင်းအရာလေးတွေရှိလို့ Passwords နဲ့
ပိတ်ထားကာမှ အချိန်ကြာလာသောအခါ အမှုမဲ့အမှတ်မဲ့ နဲ့မေ့သွားတတ်ပါတယ်။ ထိုအခါ ကိုယ့်အတတ်နဲ့
ကိုယ် ကွိုင်တက်တော့တာပါဘဲဗျာ..။ ထိုအဖြစ်မျိုးကြုံတွေ့နေရသူတွေအတွက်ကော ၊ Passwords ဖွင့်နည်း
သိချင်သူတွေအတွက် နည်းလမ်းလေးများဖြစ်နိုင်သလောက်ဖော်ပြပေးလိုက်ရပါတယ်..။

◘◘
နည်းလမ်း(၁)◘◘

ကွန်ပျူတာစသုံးတဲ့အခါ သို့မဟုတ် ၀င်းဒိုးတင်တဲ့အခါတွေမှာ Username မဖြစ်မနေပေးခဲ့
ရပါတယ်။ ထိုအခါ ကွန်ပျူတာမှာ Username နဲ့ Administrator ဆိုပြီးအကောင့်နှစ်ခုဖြစ်
သွားပါတယ်။ ဥပမာ Username မှာ MgMg လို့ပေးခဲ့ရင် MgMg နဲ့အတူ Administrator
ဆိုတဲ့အကောင့်က ပူးတွဲပါရှိလာပါတယ်။ မိတ်ဆွေက MgMg မှာ passwords ပေးထားခဲ့တယ်
ဒါပေမယ့် မေ့သွားပြီဆိုလျှင် ကွန်ပျူတာကို Restart ချလိုက်ပါ။ Restart ချလိုက်တာနဲ့တပြိုင်
နက် F8 ဆိုတဲ့ Key ကိုအဆက်မပြတ်နှိပ်ပေးထားပါ။ နှိပ်ပါဟုဆိုရာတွင် ဖိထားခိုင်းခြင်းမဟုတ်
ပါ။ ထိုအခါ Safe Mode မြင်ကွင်းကိုရောက်ရှိသွားပါမယ်။ Safe Mode ဆိုတဲ့စာသားနေရာကို
Arrow Key နဲ့ရွှေ့ပြီး Enter ခေါက်လိုက်ပါ။ အချိန်အနည်းငယ်တော့စောင့်ရပါမယ်။ ထိုအခါ
ကွန်ပျူတာသည် Safe Mode မြင်ကွင်းနဲ့ပွင့်လာပါလိမ့်မယ်။၎င်းတွင် Administrator နှင့်
Username ( MgMg) ကိုတွေ့ရပါမယ်။ Username ( MgMg) သည် passwords မေ့နေသူရဲ့
အကောင့်ပါ။ယခု Administrator အကောင့်ကိုဖွင့်လိုက်ပါ၊ Safe Mode နဲ့ဝင်ထားတာဖြစ်တဲ့အ
အတွက် MgMg အကောင့်ကိုတော့ဝင်လို့ရမည်မဟုတ်ပါ။ Start> Control Panel မှ User
Accounts ( icon ) ကို ကလစ်လုပ်ဖွင့်ပါ။
User Account (box) ပေါ်လာပါမယ်။ ၄င်းတွင် "or pick an account to change" လို့တွေ့ရ
ပါမယ်။ ထိုအခါMgMg ဆိုတဲ့အကောင့်ကို ကလစ်လုပ်လို့ရနိုင်ပါပြီ။ထိုအခါနောက်ထပ်မြင်ကွင်း
တစ်ခုပေါ်လာပါမယ်။ ၄င်းတွင် "What do you want to change about
account လို့တွေ့ရပါမယ်။ ၄င်းတွင် "Change the password" ကိုရွေးချယ်ပြီး password အ
သစ်တစ်ခုပေးပါ။ အရင်စဉ်းစားလို့မရတဲ့ password ကို ပင်ပန်းခံမစဉ်းစားပါနဲ့.။မေ့လိုက်ပါ
အရင်ကဇာတ်လမ်းလေး…..အဲ..ယောင်လို့.. တကယ်လို့ "Remove the password" ကိုရွေး
ရင် ဘာpassword မှထည့်စရာမလိုတော့ဘဲ ကွန်ပျူတာပွင့်လာပါလိမ့်မယ်။ "Type a new
Password" မှာ passwords အသစ်ထည့်ပေးပါ။ မထည့်ချင်လဲ ဒီအတိုင်းထားပါ။
Change password ခလုပ်ကိုနှိပ်ပါ။ ကွန်ပျူတာကို ပုံမှန်အတိုင်း Restart လုပ်ပါ။ အကောင့်
မှာ password တောင်းရင်လဲ ပတ်ဝေါ့ ပေးပြီးဝင်နိုင်ပါတယ်။ မတောင်းရင်လဲ ဒီအတိုင်းဘဲ
ပွင့်သွားပါလိမ့်မယ်။

◘◘နည်းလမ်း(၂)◘◘

ကွန်ပျူတာမှာ အခြားသူတစ်ဦးဦးက၀င်လို့ရရင် (အခြား User ရှိရင် သူ့အနေနဲ့ဝင်ပါ)။
ပထမနည်းအတိုင်းဆောင်ရွက်နိုင်ပါတယ်။

◘◘နည်းလမ်း(၃)◘◘

ယခုနည်းတွင် ကွန်ပျူတာရဲ့ CD Drive မှာ ၀င်းဒိုးစီဒီကိုထည့်ထားပါ။ BIOS သို့ဝင်ပြီး
First Boot ကို CD-ROM သို့ပြောင်းပါ။ ကွန်ပျူတာကို ပြန် Restart လုပ်ပါ။ ကွန်ပျူတာ ပြန်ပွင့်တာနဲ့
Press any Key to boot from CD ဆိုတဲ့စာသားပေါ်လာတာနှင့် တစ်ပြိုင်နက် ကီးခလုပ်တစ်ခုခုကို နှိပ်
လိုက်ပါ။ Screen ကိုသေသေချာချာကြည့်ပြီး ပေါ်လာတဲ့ ညွှန်ကြားချက်များအတိုင်း သေသေချာချာပြုလုပ်
ပါ။ ဥပမာ - Licensing Agreement ပေါ်ရင် F8 ကီးကိုနှိပ်တာမျိုးဖြစ်ပါတယ်။ မကြာခင် To set up Windows
XP … To repair a Windows XP..လို့ပေါ်လာရင် (R=Repair) ကိုရွေးချယ်လိုက်ပါ။ R ကီးကိုနှိပ်ပါ။ ဆက်ပြီးဆောင်ရွက်မှုများကိုကြည့်နေပါ။ ၀င်းဒိုးစ် reboot တစ်ချက်ပြန်ဖြစ်ရင် မည့်သည့်ကီးကိုမျှ ၀င်မနှိပ်ပါနဲ့။
ဆိုလိုတာက " Press any Key to boot from CD" ဆိုပြီးပြန်ပေါ်ရင် ကီးခလုပ်ကိုမနှိပ်ပါနဲ့။ အလိုလို install လုပ်နေပါလိမ့်မယ်။
မြင်ကွင်းဘယ်ဘက် အောက်ခြေကို သတိပြုကြည့်ပါ။ အဲဒီမှာ "Installing Device" progress bar ဆိုတာပေါ်ရင် "Shift+F10" ကီးများကိုနှိပ်လိုက်ပါ။ ၄င်းသည် အဓိကပြင်ရမယ့် နေရာဖြစ်ပါတယ်။
Command console ပွင့်လာပြီး အဲဒီမှာပြင်ရပါ့မယ်။ "NUSRMGR.CPL" လို့၇ိုက်ထည့်ပြီး Enter ကီးကိုနှိပ်ပါ။
သင့်ရဲ့ User Account (box) ကိုမြင်ရပါမယ်။ ၄င်းတွင် password ကိုပြောင်းလိုကပြောင်း.. ဖယ်လိုက ဖယ်ထုတ်နိုင်ပါပြီ။ တကယ်လို့ password အသစ် မပေးချင်ရင် "Control user-passwords2" လို့ရိုက်ထည့်နိုင်
ပါတယ်။ မြင်ကွင်းများကို ပိတ်၊ command box ကနေထွက်ပြီး Repair လုပ်ငန်းစဉ်ကို ဆက်လုပ်ပါ။ လုပ်ငန်းအားလုံးပြီးရင် ကွန်ပျူတာကို သုံးနိုင်ပါပြီ..။

အားလုံးပဲအဆင်ပြေပါစေ...
ဗဟုသုတတိုးပွားကြပါစေနော်.....

ဇနကတော့ အွန်လိုင်းပင်လယ်မှာ ဆက်ပြီးလက်ပစ်ကူးလိုက်ဦးမယ် ကောင်းတဲ့အရာလေးတွေဆို ဆယ်ပြီး မျှဝေပေးပါ့မယ်နော်။  :) :) :)

သူငယ်ချင်းတို့ ရဲ့ Like အား ကွန်မက်အားနဲ့  ဆက်လက်ပြီး အွန်လိုင်းပင်လယ်ပြင်မှာ လက်ပစ်ကူးဖို့ အားအင်ပေးပါနော်....:) :)

Window 8 ကို 9 MB ပဲဗျို့

ဇွဲက သူငယ်းချင်တို့အတွက်ဝင်ဒိုး ၈ ကိုအပြင်မှာမဝယ်ရအောင်လို့....ဒေါင်းရတာလဲအဆင်ပြေအောင်...ကျွန်တော်ရှာပြီးတင်ပေးလိုက်ပါတယ်...
Active ဖြစ်တဲ့ lodar လေးကိုလဲကျွန်တော်တင်ပေးပါ့မယ်....ကျွန်တော်စမ်းပြီးသာပါ....ဒေါင်းလို့အဆင်ပြေကျမှာပါ..
အဆင်မပြေလဲ...ကျွန်တော်အိမ်မှာလာအော်ပေါ့နော်...အကောင့်အပ်ပြီးတော့လဲပြောလို့ရပါတယ်........
                  ဇွဲကပင်မြေဒေါင်းလို့ယူရန်
မြန်မြန်တော့ဒေါင်းလိုက်ကျပါဗျာ...............အဆင်ပြေကြပါစေနော်........

ဖုန်းသုံးတဲ့သူငယ်ချင်းများတွက် phone software Free Download

မင်္ဂလာပါသူငယ်ချင်းတို့
အာကာဟိုနေ့ကဖုန်းဆော့ဝဲလေးတစ်ခုတင်ပေးပြီးသုံးမရရင်ပြောပါရှာပေးပါ့မယ်လို့ကတိပေးထားတယ်
လူတိုင်းလူတိုင်းကဖုန်းတစ်ယောက်မျိုးဆီဆိုတော့ရှာရခတ်ပါတယ်
ဒီအောက်ကပေးထားတဲ့လေးတွေဝင်ရောက်မွှေနှောက်ပြီးမိမိသုံးနေတဲ့ဖုန်းအမျိုးအစားတိုင်းရှာဖွေကြည့်လိုက်ပါနော်
အာကာသိသလောက်ဆိုဒ်တွေဖော်ပြပေးလိုက်ပါတယ်
Androidဖုန်းသုံးတဲ့သူများဆိုရင်ဒီအောက်ကကောင်လေးဒေါင်းပြီးမိမိစက်ထဲကနေတဆင့်ဒေါင်းယူနိုင်ပါတယ်
ဝက်ဆိုဒ်တွေဝင်စရာမလိုတော့ဘူးပေါ့

Androidဖုန်းသုံးတဲ့သူဆိုရင်ဒီအောက်ကကောင်းတွေဒေါင်းပြီးဖုန်းထဲမှာထည့်ပြီးလိုရာဒေါင်းနိုင်ပါတယ်

အခြားဖုန်းသမားတွေဆိုရင်တော့အောက်မှာပေးထားတဲ့ဟာတွေမှာသွားရောက်လေ့လိုက်ကြပါနော်






ကဲအားလုံးပဲအစဉ်ပြေနိုင်ပါစေဗျာ
အရင်ကတော့ဆိုဒ်တော်တော်များများရှိ တယ်bookmark မှာမှတ်မှတ်ထားတာအခုပျက်ကုန်ပြီ
မြန်မာပြည်မှာလည်းဖုန်းတွေခေတ်စားလာတော့ဆရာကြီးတွေများလာပြီနော်
နော်တို့တော့ဖုန်းနည်းပညာလောက်တော့စိတ်ကိုမ၀င်စားဘူး..ဟီးးးတတ်မှမတတ်တာကိုးးးး
Facebook မှာလည်းရန်တွေဖြစ်နေကြတယ် Googleplay ကိုမြန်မာပြည်ကသုံးလို့ရအောင်ငါ့ကလုပ်တယ်
ဟေးးးငါတို့မြန်ဘာတွေလည်းပါတယ်ကွ..တဲ့....ဟိဟိ..ဖုန်းရူး....တွေ..ဖုန်း..တွေ
အာကာလည်းနောက်မှစက်သစ်လေးဝယ်ပြီးမှရွှေထဲမှာ app market လေးလုပ်ပေးပါ့မယ်
အခုတော့အပင်ပန်းခံလိုက်အုံးနော်