This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Tuesday, December 4, 2012

သူတောင်းစားတစ်ယောက်က ပေးတဲ့သင်ခန်းစာ


သူတောင်းစားတစ်ယောက်က ပေးတဲ့သင်ခန်းစာ (ပုံပြင်လေးက မိုက်တယ်.. ရှည်တော့နဲနဲရှည်တယ်၊ စိတ်ဝင်စားရင်တော့ဖတ်ပေါ့ ဖတ်ရတန်ပါတယ်...) စီးပွားရေးသမားတွေ ဖတ်သင့်တယ် =D ကျွန်တော်ဟာ ၀ယ်ပြီးခါစ Levi's ကိုဆွဲပြီး Shopping Mall ထဲကထွက်လာတယ်..။ အပေါက်ဝမှာ သူငယ်ချင်းတစ်ယောက်ကို စောင့်နေတုန်း professional သူတောင်းစားတစ်ယောက် ကျွန်တော့်ကို တွေ့သွားတယ်.။ ကျွန်တော့်ရှေ့မှာ လာရပ်တယ်..။ သူအဲလို ရပ်လိုက်တာ နောက်ဆက်တွဲ ရမယ့် သင်ခန်းစာ ပုံပြင်ရဲ့ အစဖြစ်လာတယ်.။ Market research သင်ခန်းစာတစ်ခုကို တက်လိုက်ရသလိုပါပဲ..။ အဲဒီ သူတောင်းစားရဲ့ မူရင်း အဓိပ္ပါယ် မပျောက်ရလေအောင် ကျွန်တော် အတတ်နိုင်ဆုံး ပြန်စဉ်းစားပြီး သူ့စကားအတိုင်း ပြန်ပြောပြပါမယ်..။ "ညီလေးရယ်.....သနားပါကွယ်..။ နည်းနည်းလောက် သနားခဲ့ပါ" ကျွန်တော်လည်း ပျင်းပျင်းနဲ့ အိပ်ကပ်ထဲက အကြွေစေ့တစ်စေ့ ထုတ်ပေးလိုက်တယ်.။ ပြီးတော့ သူနဲ့ စကားပြောဖြစ်သွားတယ်.။အဲဒီသူတောင်းစားက အရမ်းစကားပြောလို့ကောင်းတယ်.။ ".........ကျွန်တော်က ဒီဘက်တစ်ကြောမှာပဲ တောင်းဖြစ်တယ်.။ သိလား။ ခင်ဗျားကို ကျွန်တော် အစောတည်းက တွေ့တယ်။ ဒီShopping Mall မှာ Levi's ၀ယ်တည်းက ပိုက်ဆံမနှမျောဘူးဆိုတာ ကျွန်တော်သိတယ်..............." ကျွန်တော် အရမ်းအံ့သြသွားပြီး ပြောပိတယ်..."ခင်ဗျား နားလည်တာ များသားပဲ.." "သူတောင်းစား လုပ်တယ်ဆိုတာလဲ၊ သိပ္ပံနည်းကျ လုပ်ရတယ်ဗျ"လို့သူကပြောတယ်..။ ကျွန်တော်ကြောင်သွားတယ်...။ စိတ်ဝင်စားသွားပြီး သူ့ကို "ဘယ်လို သိပ္ပံနည်းကျလဲဗျ၊ လုပ်စမ်းပါဦး"လို့ မေးလိုက်တယ်..။ သူက "ကျွန်တော့်မှာ တစ်ခြား သူတောင်းစားနဲ့ မတူတဲ့အချက် ဘာတွေရှိလဲ ခင်ဗျား အရင် ကြည့်ပါဦး" လို့ပြန်ပြောတယ်.။ ကျွန်တော် သူ့ကို စေ့စေ့စပ်စပ် အကဲခတ်လိုက်တယ်.။ ဆံပင်တွေ ရှုပ်ပွနေတယ်၊ အင်္ကျီအ၀တ်အစားတွေ စုတ်ပြတ်နေတယ်.။ အရမ်းပိန်တယ်..။ ဒါပေမယ့် ပေရေမနေကြဘူး.။ သူကကျွန်တော့်အတွေးတွေကို စကားသံနဲ့ ဖြတ်လိုက်တယ်..။ "လူတွေက သူတောင်းစားဆို ရွံကြတယ်ဗျ၊ ဒါပေမယ့် ခင်ဗျားကျွန်တော့်ကို မရွံဘူးဆိုတာ ကျွန်တော် ပြောရဲတယ်..။ အဲဒါက ကျွန်တော် တစ်ခြားသူတောင်းစားတွေနဲ့ မတူတဲ့အချက်ပဲ..။" ကျွန်တော် ခေါင်းငြိမ့်ဝန်ခံလိုက်တယ်.။ အဟုတ်ကို ရွံစရာမကောင်းပါဘူး..။ မဟုတ်ရင် ကျွန်တော် ဘယ်လိုလုပ် သူတောင်းစား တစ်ယောက်နဲ့ စကားလက်ဆုံကျနေပါ့မလဲ..။ " ကျွန်တော် SWOT (Strengths, Weaknesses, Opportunities and Threats) ခွဲခြမ်းစိတ်ဖြာနည်းကို နားလည်တယ်။ ကျွန်တော့်ရဲ့ ပြိုင်ဘက်တွေကြားမှာ ကျွန်တော့်ရဲ့ strength ဟာ ရွံစရာကောင်းမနေတာပါ။ Opportunities နဲ့ Threats ကတော့ အပြင်က အခြေအနေတွေပါ။ ဒီမြို့မှာ လူဦးရေများတာတို့၊ မြို့ရဲ့ အင်္ဂါရပ်ကို မြှင့်တင်မှာတို့ပေါ့ဗျာ" "ကျွန်တော် အသေးစိတ်တွက်ချက်ဖူးတယ်ဗျ။ ဒီနေရာမှာ တစ်နေ့ကို လူဦးရေ သောင်းဂဏာန်းလောက် ဖြတ်သန်းသွားလာနေတာ.။ ဆင်းရဲတဲ့သူတွေများတယ်။ ဒါပေမယ့် ပိုက်ဆံချမ်းသာတဲ့သူတွေ ပိုများတာပေါ့ဗျာ.. သီအိုရီအရ ပြောရရင် အကယ်၍ ကျွန်တော်ဟာ တစ်ရက်ကို လူ၁ယောက်ဆီက တစ်ကျပ်ပဲတောင်းဦးတော့၊ ၁လကို သုံးသိန်းလောက်ဝင်နိုင်တယ်..။ ဒါပေမယ့် လူတိုင်းက ပေးမှာမဟုတ်ဘူးလေ၊ ပြီးတော့ ကျွန်တော်လည်းတစ်နေ့တည်းနဲ့ လူအဲလောက်အများကြီးဆီက တောင်းဖို့ဆိုတာ မဖြစ်နိုင်ဘူး.။ အဲဒါကြောင့် ကျွန်တော် ခွဲခြမ်းစိတ်ဖြာရတယ်၊ ဘယ်ဟာတွေကတော့ target customer၊ ဘယ်ဟာတွေကတော့ potential customers ဆိုတာပေါ့ဗျာ" သူက တံတွေးမျိုပြီး ဆက်ပြောပြန်တယ်.."ဒီဘက်ပိုင်းမှာ ကျွန်တော့်ရဲ့ target customers က စုစုပေါင်း ဖြတ်သန်းသွားလာနေတဲ့လူအရေအတွက်ရဲ့ ၃၀ရာခိုင်နှုန်းပေါ့..၊ အောင်မြင်နိုင်ခြေက ၇၀%ရှိတယ်..။ potential customers က ၂၀% ရှိတယ်၊ အောင်မြင်နိုင်ချေက ၅၀%၊ ကျန်တဲ့ ၅၀%ကတော့ကျွန်တော် လက်လျှော့ဖို့ ရွေးချယ်လိုက်တယ်.။ ကျွန်တော့်မှာ သူတို့နဲ့ ကံစမ်းနေဖို့ အချိန်မလောက်လို့""အဲဒါဆို ခင်ဗျားရဲ့ customer ကို ခင်ဗျား ဘယ်လို သတ်မှတ်လဲ" ကျွန်တော် မေးလိုက်မိတယ်..။ "အရင်ဆုံး target customer ကို ပြောပြမယ်။ ခင်ဗျားတို့လို လူငယ်တွေပေါ့၊ ၀င်ငွေရှိတယ်.။ ရက်ရောတယ်။ ဒါ့အပြင် စုံတွေရောပဲ။ သူတို့က တစ်ဖက်သားရှေ့မှာ မျက်နှာပျက်မခံချင်လို့၊ ရက်ရက်ရောရော ပေးတတ်ကြတယ်၊ ဒုတိယအနေနဲ့က တစ်ယောက်တည်းဖြစ်နေတဲ့ မိန်းမလှလေးတွေကို ကျွန်တော်က potential customer လို့ သတ်မှတ်ထားတယ်..။ သူတို့က ရှုပ်ရှုပ်ယှက်ယှက်တွေကြောက်တတ်ကြတော့၊ အများအားဖြင့် ပေးတတ်ကြတယ်။ အဲဒီ လူအုပ်စု၂မျိုးလုံးကို အသက် ၂၀ကနေ ၃၀ကြားကို ထားတယ်.။ သိပ်အသက်ငယ်ရင်လည်း ၀င်ငွေသိပ်မရှိတတ်ကြဘူးလေ။ အသက်အရမ်းကြီးရင်လည်း အိမ်ထောင်ကျပြီးလောက်ပြီ။ ငွေရေးကြေးရေး မိန်းမက ထိန်းချုပ်နေပြီ။ အဲလို လူတွေက ဘာမှ မျှော်မှန်းစရာ သိပ်မရှိဘူး" "အဲဒါဆို ခင်ဗျားတစ်နေ့ကို ဘယ်လောက်လောက် ရတတ်သလဲ"ကျွန်တော် မေးလိုက်တယ်.။ "Monday to Friday ကတော့ နည်းနည်း ပါးတယ်ဗျ၊ ၂၀၀လောက်တော့ ရတာပေါ့..။ စနေ၊ တနင်္ဂနွေဆိုရင် လေးငါးရာလောက်တော့ ရတာပေါ့ဗျာ" "အဲလောက်တောင် များများ ရလား" ကျွန်တော်နည်းနည်း သံသယရှိနေတာ တွေ့တော့ သူက ကျွန်တော့ကို တွက်ပြတယ်..။"ခင်ဗျားတို့လိုပဲ ကျွန်တော်လည်း ၁ရက်ကို ၈နာရီ အလုပ်လုပ်တယ်ဗျာ။ မနက် ၁၁နာရီကနေ ည ရနာရီထိ၊ စနေ၊တနင်္ဂနွေလည်း မနားဘူး။ ကျွန်တော် တခါတောင်းတဲ့ ကြာချိန်က ၅မိနစ်ပေါ့။ လမ်းလျှောက်ပြီး ပစ်မှတ်ရှာတဲ့ အချိန်တွေကို နှုတ်လိုက်ရင်၊ အကြမ်းအားဖြင့် ၁မိနစ်ကို ၁ယောက်၊ ၁ကျပ်နှုန်းနဲ့ရတယ်။ ၈နာရီဆိုတော့ ၄၈၀ ရတာပေါ့။ ပြီးတော့မှ အောင်မြင်နိုင်ခြေ ၆၀% (၅၀%+၇၀%)/၂ နဲ့ မြှောက်လိုက်ရင် ၊ ၃၀၀ နီးပါးလောက်ရတာပေါ့။ customer ကို အမြီးဆွဲပြီး တစ်လမ်းလုံး လျှောက်လိုက်နေလို့ လုံးဝမဖြစ်ဘူး၊ ဘာလို့လဲဆိုတော့ သူသာ ပေးချင်ရင် အစောတည်းက ပေးပြီးနေပြီလေ။ အဲဒါကြောင့် ဇွတ်လိုက်နေလည်း အောင်မြင်ချင်မှ အောင်မြင်မှာကိုး။ အဲဒါကြောင့် အကန့်အသတ်ရှိတဲ့ အချိန်တွေကို မပေးချင်တဲ့ customer ဆီမှာ မဖြုန်းပစ်ရဘူး။ နောက်တစ်ယောက် ရှာတာကမှ ဟုတ်သေးတယ်။" ကောင်းလှချည်လား။ ဒီသူတောင်းစားမခေဘူးပဲ။ ရုပ်နဲ့တောင်မလိုက်ဘူး။ ပြောတဲ့စကားတွေက ၀ါရင့် Marketing Supervisor လားကျနေတာပဲ..။ "ခင်ဗျား ဆက်ပြောပါ။" ကျွန်တော် ပိုစိတ်ဝင်စားလာတယ်..။ ဒီနေ့တော့ ပညာတွေရပြီ..။ "တစ်ချို့က သူတောင်းစားဟာ ကံကိုမှီပြီး စားရတယ်လို့ ပြောကြတယ်။ ကျွန်တော်ကတော့ အဲလို မသတ်မှတ်ဘူး။ ဥပမာ ပြောမယ်ဗျာ..။ မိန်းကလေးပစ္စည်းတွေချည်းပဲ ရောင်းတဲ့ဆိုင်ရှေ့မှာ အမျိုးသားချောချော၁ယောက်နဲ့၊ ကောင်မလေး ချောချောလေး ၁ယောက်ရပ်နေရင် ဘယ်၁ယောက်ကို ခင်ဗျား တောင်းမလဲ။" ကျွန်တော်စဉ်းစားလိုက်ပြီး၊ မသိဘူးလို့ ဖြေလိုက်တယ်..။ "ခင်ဗျား ယောက်ျားလေးကို သွားတောင်းသင့်တယ်.။ ဘေးမှာ မိန်းမချောလေး ရပ်နေတော့၊ သူမပေးဘဲ နေရမှာ ရှက်လိမ့်မယ်။ ကောင်မလေးသာ သွားတောင်လို့ကတော့ ကြောက်ချင်ယောင်ဆောင်ပြီး ဝေးဝေး ရှောင်သွားလို့ရတာပေါ့။" "ခင်ဗျားကို နောက်ဥပမာ၁ခု ထပ်ပေးမယ်။ တစ်နေ့က shopping mall ၁ခု ရှေ့မှာ ပစ္စည်းဝယ်ပြီးခါစ ထွက်လာတဲ့ အထုပ်တွေနဲ့ မိန်းမငယ် ၁ယောက်ရယ်၊ ရေခဲမုန့်စားနေတဲ့ လူငယ်ပိုင်း စုံတွဲ၁တွဲရယ်၊ သပ်သပ်ရပ်ရပ် ၀တ်စားထားတဲ့ laptop အိတ်ဆွဲထားတဲ့ လူငယ်တစ်ယောက်ရယ်ရှိနေတယ်။ ကျွန်တော် လူတစ်ယောက်ကို သုံးစက္ကန့်စာလောက်ပဲ အကဲခတ်လိုက်တယ်.။ ပြီးတော့ ကောင်မလေးဆီကို သွားတောင်းလိုက်တယ်။ သူက အိတ်ထဲက အကြွေစေ့ ၂စေ့ကို နှိုက်ပေးပြီး ထူးဆန်းတကြီးကျွန်တော့်ကို ဘာလိုသူ့မှတောင်းတာလဲလို့ မေးတယ်။ ကျွန်တော်က ဟိုစုံတွဲက ရေခဲမုန့်စားနေကြတာ၊ ပိုက်ဆံနှိုက်ဖို့လက်မအားဘူး၊ ဟို ယောက်ျားကတော့ အရာရှိပိုင်း ကုမ္ပဏီ ၀န်ထမ်းဆိုတော့ အကြွေမပါလောက်ဘူး၊ မင်းကတော့ ခုမှ ပစ္စည်းဝယ်ပြီးထွက်လာတာဆိုတော့၊ သေချာပေါက် အကြွေပါမှာကြောင့်လို့ ပြန်ဖြေလိုက်တယ်.။" ယုတ္တိရှိသား! ကျွန်တော်နားထောင်လေ စိတ်ဝင်စားလေ ဖြစ်လာတယ်.။ "သိပ္ပံနည်းကျ တောင်းရမယ်။ နေ့တိုင်း ဂုံးတံတားပေါ် သွားထိုင်နေလို့ ဘယ်ဖြစ်ပါ့မလဲ။ ဂုံးတံတားပေါ်က ဖြတ်ကြတဲ့သူတွေက အလျင်စလိုတွေချည်းပဲ။ ဘယ်သူက ဂုံးတံတားပေါ်အားယားယား သွားလျှောက်နေမလဲ။ လှေကား တက်လိုက် ဆင်းလိုက်နဲ့ မောကမောသေး၊ ကိုယ့်ကို ကိုယ် ပညာနဲ့ တန်ဆာဆင်ထားရမယ်ဗျ၊ ဗဟုသုတလိုက်စားတာ လူတစ်ယောက်ကို ထက်မြက်လာစေတယ်။ ထက်မြက်တဲ့သူဟာ အဆက်မပြတ် ဗဟုတ်သုတ ရှာမှီးနေမှ လူတော်ဖြစ်လာမှာပေါ့။၂၁ရာစုမှ အလိုအပ်ဆုံးက လူတော်တွေပဲလေဗျာ" "တစ်ခါက လူတစ်ယောက် ကျွန်တော်ကို ငွေငါးဆယ်ပေးပြီး တိုက်အောက်ကနေ နီရေ လွမ်းလိုက်တာလို့ အခါ၁၀၀ သွားအော် ပေးရမတဲ့။ ကျွန်တော် တွက်ကြည့်လိုက်တယ်။ တစ်ခါအော်ရင် ငါးစက္ကန့်လောက်အော်ရမယ်။ ကျွန်တော် တစ်ခါတောင်းတာနဲ့ ညီမျှတယ်။ ရတာကကျတော့ ပြား၅၀ပဲရတယ်။ အဲဒါနဲ့ ကျွန်တော် ငြင်းလိုက်တယ်။" "ဒီ စိန်းကျိန့်မြို့မှာ သာမာန် သူတောင်းစားဆိုရင် ၁လကို ၈၀၀/တစ်ထောင် ရအောင် တောင်းနိုင်တယ်။ ကံကောင်းရင်တော့ ၂၀၀၀ စွန်းစွန်းရတာပေါ့..။ စိန်းကျိန့် ၁မြို့လုံး သူတောင်းစား အယောက်၁သိန်းမှာ ၁၀ယောက်လောက်ပဲ ၁လကို ၁သောင်းအထက်ရအောင် တောင်းနိုင်တယ်။ ကျွန်တော်က အဲဒီ ၁၀ယောက်ထဲက တစ်ယောက်ပဲ..။ ပြီးတော့ ၀င်ငွေက ငြိမ်တယ်။ အများအားဖြင့် အရမ်းကြီး အတက်အကျမရှိဘူး။" မိုက်လှချည်လား။ ကျွန်တော် ဒီသူတောင်းစားကို တော်တော် လေးစားသွားတယ်။ "ကျွန်တော်က ကျွန်တော့်ကို ကျွန်တော် ပျော်ရွှင်တဲ့ သူတောင်းစားလို့ အမြဲပြောတယ်။ အခြားသူတောင်းစားတွေကတော့ ကျွန်တော့်ကို အဲဒါ ပိုက်ဆံများများ ၀င်လို့ပျော်တာလို့ ပြောကြတာပေါ့။ ကျွန်တော်က သူတို့ကို ပြန်ပြောတယ်။ ခင်ဗျားတို့ မှားနေတယ်။ ကျွန်တော့်မှာ ပျော်ရွှင်တက်ကြွတဲ့ စိတ်ရှိနေလို့ ၀င်ငွေများနေတာလို့။" အပြောကောင်းချက်ဗျာ "တောင်းတယ်ဆိုတာ ကျွန်တော့်အလုပ်ပဲဗျ။ အဲဒီတော့ အလုပ်ကပေးလာတဲ့ ပျော်ရွှင်မှုလေးတွေကို ခံစားတတ်ရတယ်.။ မိုးရွာတဲ့နေ့ လူသွားလူလာနည်းတဲ့အခါ၊ တခြား သူတောင်းစားတွေက ညည်းတဲ့သူညည်း အိပ်တဲ့သူ အိပ်နေကြတယ်။ အဲလို လုပ်လို့ လုံးဝမဖြစ်ဘူးဗျ။ စိတ်ထဲကနေ ဒီမြို့ရဲ့ အလှကို ခံစားရမယ်..။ ညအလုပ်သိမ်းလို့ အိမ်ပြန်တဲ့အခါ မိန်းမနဲ့ ကလေးကို ခေါ်ပြီး ဈေးလေးဘာလေးပတ်၊ အစားလေးဘာလေးစားပေါ့၊ ညရှုခင်းလေးခံစားရင်း တစ်မိသားစုလုံး ပျော်ပျော်ပါးပါးပေါ့..။ အဲလိုဆိုရင် ဒီဘ၀ အသက်ရှင်ရတာ အဓိပ္ပါယ်မမဲ့တော့ဘူးပေါ့ဗျာ။ အကယ်၍များ လုပ်ငန်းတူတွေ့လို့ တစ်ခါတစ်လေလည်း အကြွေလေး ဘာလေး ပစ်ပေးလိုက်တာပေါ့။ သူတို့ ပျော်ပျော်ရွှင်ရွှင်နဲ့ ကျေးဇူးတင်စကားပြောရင်း ထွက်သွားတာကို တွေ့တော့လည်း ကိုယ့်ကို ကိုယ် ပြန်မြင်နေသလိုပေါ့" "ခင်ဗျားက မိန်းမနဲ့ ကလေးနဲ့?" ကျွန်တော်အလန့်တကြားမေးလိုက်မိတယ်။ လမ်းသွားလမ်းလာတွေတောင် ငဲ့ကြည့်သွားကြတယ်။ "ကျွန်တော်မိန်းမက အိမ်ရှင်မ တာဝန်ကို အပြည့်ယူထားတယ်။ ကလေးက မူလတန်းတက်နေပြီ။ ကျွန်တော် ဖူထျန် ရပ်ကွက်ဘက်မှာ တိုက်ခန်းလေးတစ်ခန်း installment နဲ့ ၀ယ်ထားတယ်.။ ၁၀နှစ်ခွဲပေးရမယ်.။ နောက် ၆နှစ်ဆို ကြေပြီဗျ.။ ကျွန်တော် ကြိုးစားမှဖြစ်မယ်။ ကျွန်တော့သားလေး ကြီးလာရင် တက္ကသိုလ်မှာ Marketing Major ယူခိုင်းရမယ်။ ပြီးရင် အဖေ့အမွေဆက်ခံပြီး ကျွန်တော့်ထက်သာတဲ့ သူတောင်းစားဖြစ်အောင် ကြိုးစားခိုင်းရမယ်.။" "လွန်ခဲ့တဲ့ ၅နှစ်တုန်းက PROFIBUS ဆိုတဲ့ ကုမ္ပဏီမှာ Market planning လုပ်ခဲ့ဖူးတယ်။ လွန်ခဲ့တဲ့ ၂နှစ်တုန်းကတော့ Sales Manager အဖြစ် promotion ရတယ်ဗျ။ ၁လကို ၅၀၀၀နဲ့ပေါ့..။ အဲချိန်တုန်းက ၁သောင်းကျော်တန် Samsung Laptop ၁လုံးကို installment နဲ့ ၀ယ်ခဲ့တယ်။ ၁လကို ၂၀၀၀သွင်းရတယ်။ သေမလိုရှင်မလိုပဲဗျာ..။ နောက်တော့ ကျွန်တော် စဉ်းစားတယ်။ ဒီလိုသာဆက်သွားရင်တော့ ၁သက်လုံး လူမွှေးလူတောင် ပြောင်မှာ မဟုတ်ဘူးလို့။ အဲဒါနဲ့ အလုပ်ထွက်လိုက်တာ။ ပြီးတော့ ကျွန်တော်ဒီမြို့ကို ပြောင်းလာပြီး သူတောင်းစားလာလုပ်နေတာ။ ကျွန်တော်က အဆင့်မြင့် သူတောင်းစားတစ်ယောက်ဖြစ်ချင်တာဗျ.. " သူ့စကားလည်း ဆုံးရော ကျွန်တော် စိတ်လှုပ်ရှားစွာနဲ့ ပြောလိုက်မိတာက..."ကျွန်တော့်ကို တပည့်အဖြစ်လက်ခံနိုင်မလားဗျာ...." :D credit to Serein Ma Yu Hninn

(ပုံပြင်လေးက မိုက်တယ်.. ရှည်တော့နဲနဲရှည်တယ်၊ စိတ်ဝင်စားရင်တော့ဖတ်ပေါ့
ဖတ်ရတန်ပါတယ်...) စီးပွားရေးသမားတွေ ဖတ်သင့်တယ် =D

ကျန်တော်ဟာ ၀ယ်ပြီးခါစ Levi's ကိုဆွဲပြီး Shopping Mall ထဲကထွက်လာတယ်..။ အပေါက်ဝမှာ သူငယ်ချင်းတစ်ယောက်ကို စောင့်နေတုန်း professional သူတောင်းစားတစ်ယောက် ကျွန်တော့်ကို တွေ့သွားတယ်.။ ကျွန်တော့်ရှေ့မှာ လာရပ်တယ်..။ သူအဲလို ရပ်လိုက်တာ နောက်ဆက်တွဲ ရမယ့် သင်ခန်းစာ ပုံပြင်ရဲ့ အစဖြစ်လာတယ်.။
Market research သင်ခန်းစာတစ်ခုကို တက်လိုက်ရသလိုပါပဲ..။ အဲဒီ သူတောင်းစားရဲ့ မူရင်း
အဓိပ္ပါယ် မပျောက်ရလေအောင် ကျွန်တော် အတတ်နိုင်ဆုံး ပြန်စဉ်းစားပြီး သူ့စကားအတိုင်း ပြန်ပြောပြပါမယ်..။

"ညီလေးရယ်.....သနားပါကွယ်..။ နည်းနည်းလောက် သနားခဲ့ပါ" ကျွန်တော်လည်း ပျင်းပျင်းနဲ့ အိပ်ကပ်ထဲက အကြွေစေ့တစ်စေ့ ထုတ်ပေးလိုက်တယ်.။ ပြီးတော့ သူနဲ့ စကားပြောဖြစ်သွားတယ်.။အဲဒီသူတောင်းစားက အရမ်းစကားပြောလို့ကောင်းတယ်.။ ".........ကျွန်တော်က ဒီဘက်တစ်ကြောမှာပဲ တောင်းဖြစ်တယ်.။ သိလား။ ခင်ဗျားကို ကျွန်တော် အစောတည်းက တွေ့တယ်။ ဒီShopping Mall မှာ Levi's ၀ယ်တည်းက ပိုက်ဆံမနှမျောဘူးဆိုတာ ကျွန်တော်သိတယ်..............."

ကျွန်တော် အရမ်းအံ့သြသွားပြီး ပြောပိတယ်..."ခင်ဗျား နားလည်တာ များသားပဲ.."
"သူတောင်းစား လုပ်တယ်ဆိုတာလဲ၊ သိပ္ပံနည်းကျ လုပ်ရတယ်ဗျ"လို့သူကပြောတယ်..။
ကျွန်တော်ကြောင်သွားတယ်...။ စိတ်ဝင်စားသွားပြီး သူ့ကို "ဘယ်လို သိပ္ပံနည်းကျလဲဗျ၊ လုပ်စမ်းပါဦး"လို့ မေးလိုက်တယ်..။
သူက "ကျွန်တော့်မှာ တစ်ခြား သူတောင်းစားနဲ့ မတူတဲ့အချက် ဘာတွေရှိလဲ ခင်ဗျား အရင် ကြည့်ပါဦး" လို့ပြန်ပြောတယ်.။
ကျွန်တော် သူ့ကို စေ့စေ့စပ်စပ် အကဲခတ်လိုက်တယ်.။ ဆံပင်တွေ ရှုပ်ပွနေတယ်၊ အင်္ကျီအ၀တ်အစားတွေ စုတ်ပြတ်နေတယ်.။ အရမ်းပိန်တယ်..။ ဒါပေမယ့် ပေရေမနေကြဘူး.။
သူကကျွန်တော့်အတွေးတွေကို စကားသံနဲ့ ဖြတ်လိုက်တယ်..။ "လူတွေက သူတောင်းစားဆို ရွံကြတယ်ဗျ၊ ဒါပေမယ့် ခင်ဗျားကျွန်တော့်ကို မရွံဘူးဆိုတာ ကျွန်တော် ပြောရဲတယ်..။ အဲဒါက ကျွန်တော် တစ်ခြားသူတောင်းစားတွေနဲ့ မတူတဲ့အချက်ပဲ..။"

ကျွန်တော် ခေါင်းငြိမ့်ဝန်ခံလိုက်တယ်.။ အဟုတ်ကို ရွံစရာမကောင်းပါဘူး..။ မဟုတ်ရင် ကျွန်တော် ဘယ်လိုလုပ် သူတောင်းစား တစ်ယောက်နဲ့ စကားလက်ဆုံကျနေပါ့မလဲ..။
" ကျွန်တော် SWOT (Strengths, Weaknesses, Opportunities and Threats) ခွဲခြမ်းစိတ်ဖြာနည်းကို နားလည်တယ်။ ကျွန်တော့်ရဲ့ ပြိုင်ဘက်တွေကြားမှာ ကျွန်တော့်ရဲ့ strength ဟာ ရွံစရာကောင်းမနေတာပါ။ Opportunities နဲ့ Threats ကတော့ အပြင်က အခြေအနေတွေပါ။ ဒီမြို့မှာ လူဦးရေများတာတို့၊ မြို့ရဲ့ အင်္ဂါရပ်ကို မြှင့်တင်မှာတို့ပေါ့ဗျာ"
"ကျွန်တော် အသေးစိတ်တွက်ချက်ဖူးတယ်ဗျ။ ဒီနေရာမှာ တစ်နေ့ကို လူဦးရေ သောင်းဂဏာန်းလောက် ဖြတ်သန်းသွားလာနေတာ.။ ဆင်းရဲတဲ့သူတွေများတယ်။

ဒါပေမယ့် ပိုက်ဆံချမ်းသာတဲ့သူတွေ ပိုများတာပေါ့ဗျာ.. သီအိုရီအရ ပြောရရင် အကယ်၍ ကျွန်တော်ဟာ တစ်ရက်ကို လူ၁ယောက်ဆီက တစ်ကျပ်ပဲတောင်းဦးတော့၊ ၁လကို သုံးသိန်းလောက်ဝင်နိုင်တယ်..။ ဒါပေမယ့် လူတိုင်းက ပေးမှာမဟုတ်ဘူးလေ၊ ပြီးတော့ ကျွန်တော်လည်းတစ်နေ့တည်းနဲ့ လူအဲလောက်အများကြီးဆီက တောင်းဖို့ဆိုတာ မဖြစ်နိုင်ဘူး.။ အဲဒါကြောင့် ကျွန်တော် ခွဲခြမ်းစိတ်ဖြာရတယ်၊ ဘယ်ဟာတွေကတော့ target customer၊ ဘယ်ဟာတွေကတော့ potential customers ဆိုတာပေါ့ဗျာ"

သူက တံတွေးမျိုပြီး ဆက်ပြောပြန်တယ်.."ဒီဘက်ပိုင်းမှာ ကျွန်တော့်ရဲ့ target customers က စုစုပေါင်း ဖြတ်သန်းသွားလာနေတဲ့လူအရေအတွက်ရဲ့ ၃၀ရာခိုင်နှုန်းပေါ့..၊ အောင်မြင်နိုင်ခြေက ၇၀%ရှိတယ်..။ potential customers က ၂၀% ရှိတယ်၊ အောင်မြင်နိုင်ချေက ၅၀%၊ ကျန်တဲ့ ၅၀%ကတော့ကျွန်တော် လက်လျှော့ဖို့ ရွေးချယ်လိုက်တယ်.။ ကျွန်တော့်မှာ သူတို့နဲ့ ကံစမ်းနေဖို့ အချိန်မလောက်လို့""အဲဒါဆို ခင်ဗျားရဲ့ customer ကို ခင်ဗျား ဘယ်လို သတ်မှတ်လဲ" ကျွန်တော် မေးလိုက်မိတယ်..။

"အရင်ဆုံး target customer ကို ပြောပြမယ်။ ခင်ဗျားတို့လို လူငယ်တွေပေါ့၊ ၀င်ငွေရှိတယ်.။ ရက်ရောတယ်။ ဒါ့အပြင် စုံတွေရောပဲ။ သူတို့က တစ်ဖက်သားရှေ့မှာ မျက်နှာပျက်မခံချင်လို့၊ ရက်ရက်ရောရော ပေးတတ်ကြတယ်၊ ဒုတိယအနေနဲ့က တစ်ယောက်တည်းဖြစ်နေတဲ့ မိန်းမလှလေးတွေကို ကျွန်တော်က potential customer လို့ သတ်မှတ်ထားတယ်..။ သူတို့က ရှုပ်ရှုပ်ယှက်ယှက်တွေကြောက်တတ်ကြတော့၊ အများအားဖြင့် ပေးတတ်ကြတယ်။ အဲဒီ လူအုပ်စု၂မျိုးလုံးကို အသက် ၂၀ကနေ ၃၀ကြားကို ထားတယ်.။ သိပ်အသက်ငယ်ရင်လည်း ၀င်ငွေသိပ်မရှိတတ်ကြဘူးလေ။ အသက်အရမ်းကြီးရင်လည်း အိမ်ထောင်ကျပြီးလောက်ပြီ။ ငွေရေးကြေးရေး မိန်းမက ထိန်းချုပ်နေပြီ။ အဲလို လူတွေက ဘာမှ မျှော်မှန်းစရာ သိပ်မရှိဘူး"
"အဲဒါဆို ခင်ဗျားတစ်နေ့ကို ဘယ်လောက်လောက် ရတတ်သလဲ"ကျွန်တော် မေးလိုက်တယ်.။
"Monday to Friday ကတော့ နည်းနည်း ပါးတယ်ဗျ၊ ၂၀၀လောက်တော့ ရတာပေါ့..။ စနေ၊ တနင်္ဂနွေဆိုရင် လေးငါးရာလောက်တော့ ရတာပေါ့ဗျာ"

"အဲလောက်တောင် များများ ရလား"
ကျွန်တော်နည်းနည်း သံသယရှိနေတာ တွေ့တော့ သူက ကျွန်တော့ကို တွက်ပြတယ်..။"ခင်ဗျားတို့လိုပဲ ကျွန်တော်လည်း ၁ရက်ကို ၈နာရီ အလုပ်လုပ်တယ်ဗျာ။ မနက် ၁၁နာရီကနေ ည ရနာရီထိ၊ စနေ၊တနင်္ဂနွေလည်း မနားဘူး။ ကျွန်တော် တခါတောင်းတဲ့ ကြာချိန်က ၅မိနစ်ပေါ့။ လမ်းလျှောက်ပြီး ပစ်မှတ်ရှာတဲ့ အချိန်တွေကို နှုတ်လိုက်ရင်၊ အကြမ်းအားဖြင့် ၁မိနစ်ကို ၁ယောက်၊ ၁ကျပ်နှုန်းနဲ့ရတယ်။ ၈နာရီဆိုတော့ ၄၈၀ ရတာပေါ့။ ပြီးတော့မှ အောင်မြင်နိုင်ခြေ ၆၀% (၅၀%+၇၀%)/၂ နဲ့ မြှောက်လိုက်ရင် ၊ ၃၀၀ နီးပါးလောက်ရတာပေါ့။ customer ကို အမြီးဆွဲပြီး တစ်လမ်းလုံး လျှောက်လိုက်နေလို့ လုံးဝမဖြစ်ဘူး၊ ဘာလို့လဲဆိုတော့ သူသာ ပေးချင်ရင် အစောတည်းက ပေးပြီးနေပြီလေ။ အဲဒါကြောင့် ဇွတ်လိုက်နေလည်း အောင်မြင်ချင်မှ အောင်မြင်မှာကိုး။ အဲဒါကြောင့် အကန့်အသတ်ရှိတဲ့ အချိန်တွေကို မပေးချင်တဲ့ customer ဆီမှာ မဖြုန်းပစ်ရဘူး။ နောက်တစ်ယောက် ရှာတာကမှ ဟုတ်သေးတယ်။"

ကောင်းလှချည်လား။ ဒီသူတောင်းစားမခေဘူးပဲ။ ရုပ်နဲ့တောင်မလိုက်ဘူး။
ပြောတဲ့စကားတွေက ၀ါရင့် Marketing Supervisor လားကျနေတာပဲ..။
"ခင်ဗျား ဆက်ပြောပါ။" ကျွန်တော် ပိုစိတ်ဝင်စားလာတယ်..။ ဒီနေ့တော့ ပညာတွေရပြီ..။
"တစ်ချို့က သူတောင်းစားဟာ ကံကိုမှီပြီး စားရတယ်လို့ ပြောကြတယ်။ ကျွန်တော်ကတော့ အဲလို မသတ်မှတ်ဘူး။ ဥပမာ ပြောမယ်ဗျာ..။ မိန်းကလေးပစ္စည်းတွေချည်းပဲ ရောင်းတဲ့ဆိုင်ရှေ့မှာ အမျိုးသားချောချော၁ယောက်နဲ့၊ ကောင်မလေး ချောချောလေး ၁ယောက်ရပ်နေရင် ဘယ်၁ယောက်ကို ခင်ဗျား တောင်းမလဲ။" ကျွန်တော်စဉ်းစားလိုက်ပြီး၊ မသိဘူးလို့ ဖြေလိုက်တယ်..။

"ခင်ဗျား ယောက်ျားလေးကို သွားတောင်းသင့်တယ်.။ ဘေးမှာ မိန်းမချောလေး ရပ်နေတော့၊ သူမပေးဘဲ နေရမှာ ရှက်လိမ့်မယ်။ ကောင်မလေးသာ သွားတောင်လို့ကတော့ ကြောက်ချင်ယောင်ဆောင်ပြီး ဝေးဝေး ရှောင်သွားလို့ရတာပေါ့။"
"ခင်ဗျားကို နောက်ဥပမာ၁ခု ထပ်ပေးမယ်။ တစ်နေ့က shopping mall ၁ခု ရှေ့မှာ ပစ္စည်းဝယ်ပြီးခါစ ထွက်လာတဲ့ အထုပ်တွေနဲ့ မိန်းမငယ် ၁ယောက်ရယ်၊ ရေခဲမုန့်စားနေတဲ့ လူငယ်ပိုင်း စုံတွဲ၁တွဲရယ်၊ သပ်သပ်ရပ်ရပ် ၀တ်စားထားတဲ့ laptop အိတ်ဆွဲထားတဲ့ လူငယ်တစ်ယောက်ရယ်ရှိနေတယ်။ ကျွန်တော် လူတစ်ယောက်ကို သုံးစက္ကန့်စာလောက်ပဲ အကဲခတ်လိုက်တယ်.။ ပြီးတော့ ကောင်မလေးဆီကို သွားတောင်းလိုက်တယ်။ သူက အိတ်ထဲက အကြွေစေ့ ၂စေ့ကို နှိုက်ပေးပြီး ထူးဆန်းတကြီးကျွန်တော့်ကို ဘာလိုသူ့မှတောင်းတာလဲလို့ မေးတယ်။ ကျွန်တော်က ဟိုစုံတွဲက ရေခဲမုန့်စားနေကြတာ၊ ပိုက်ဆံနှိုက်ဖို့လက်မအားဘူး၊ ဟို ယောက်ျားကတော့ အရာရှိပိုင်း ကုမ္ပဏီ ၀န်ထမ်းဆိုတော့ အကြွေမပါလောက်ဘူး၊ မင်းကတော့ ခုမှ ပစ္စည်းဝယ်ပြီးထွက်လာတာဆိုတော့၊ သေချာပေါက် အကြွေပါမှာကြောင့်လို့ ပြန်ဖြေလိုက်တယ်.။"

ယုတ္တိရှိသား! ကျွန်တော်နားထောင်လေ စိတ်ဝင်စားလေ ဖြစ်လာတယ်.။
"သိပ္ပံနည်းကျ တောင်းရမယ်။ နေ့တိုင်း ဂုံးတံတားပေါ် သွားထိုင်နေလို့ ဘယ်ဖြစ်ပါ့မလဲ။ ဂုံးတံတားပေါ်က ဖြတ်ကြတဲ့သူတွေက အလျင်စလိုတွေချည်းပဲ။ ဘယ်သူက ဂုံးတံတားပေါ်အားယားယား သွားလျှောက်နေမလဲ။ လှေကား တက်လိုက် ဆင်းလိုက်နဲ့ မောကမောသေး၊ ကိုယ့်ကို ကိုယ် ပညာနဲ့ တန်ဆာဆင်ထားရမယ်ဗျ၊ ဗဟုသုတလိုက်စားတာ လူတစ်ယောက်ကို ထက်မြက်လာစေတယ်။ ထက်မြက်တဲ့သူဟာ အဆက်မပြတ် ဗဟုတ်သုတ ရှာမှီးနေမှ လူတော်ဖြစ်လာမှာပေါ့။၂၁ရာစုမှ အလိုအပ်ဆုံးက လူတော်တွေပဲလေဗျာ"
"တစ်ခါက လူတစ်ယောက် ကျွန်တော်ကို ငွေငါးဆယ်ပေးပြီး တိုက်အောက်ကနေ နီရေ လွမ်းလိုက်တာလို့ အခါ၁၀၀ သွားအော် ပေးရမတဲ့။ ကျွန်တော် တွက်ကြည့်လိုက်တယ်။ တစ်ခါအော်ရင် ငါးစက္ကန့်လောက်အော်ရမယ်။ ကျွန်တော် တစ်ခါတောင်းတာနဲ့ ညီမျှတယ်။ ရတာကကျတော့ ပြား၅၀ပဲရတယ်။ အဲဒါနဲ့ ကျွန်တော် ငြင်းလိုက်တယ်။"

"ဒီ စိန်းကျိန့်မြို့မှာ သာမာန် သူတောင်းစားဆိုရင် ၁လကို ၈၀၀/တစ်ထောင် ရအောင် တောင်းနိုင်တယ်။ ကံကောင်းရင်တော့ ၂၀၀၀ စွန်းစွန်းရတာပေါ့..။ စိန်းကျိန့် ၁မြို့လုံး သူတောင်းစား အယောက်၁သိန်းမှာ ၁၀ယောက်လောက်ပဲ ၁လကို ၁သောင်းအထက်ရအောင် တောင်းနိုင်တယ်။ ကျွန်တော်က အဲဒီ ၁၀ယောက်ထဲက တစ်ယောက်ပဲ..။ ပြီးတော့ ၀င်ငွေက ငြိမ်တယ်။ အများအားဖြင့် အရမ်းကြီး အတက်အကျမရှိဘူး။"
မိုက်လှချည်လား။ ကျွန်တော် ဒီသူတောင်းစားကို တော်တော် လေးစားသွားတယ်။
"ကျွန်တော်က ကျွန်တော့်ကို ကျွန်တော် ပျော်ရွှင်တဲ့ သူတောင်းစားလို့ အမြဲပြောတယ်။ အခြားသူတောင်းစားတွေကတော့ ကျွန်တော့်ကို အဲဒါ ပိုက်ဆံများများ ၀င်လို့ပျော်တာလို့ ပြောကြတာပေါ့။ ကျွန်တော်က သူတို့ကို ပြန်ပြောတယ်။ ခင်ဗျားတို့ မှားနေတယ်။ ကျွန်တော့်မှာ ပျော်ရွှင်တက်ကြွတဲ့ စိတ်ရှိနေလို့ ၀င်ငွေများနေတာလို့။"
အပြောကောင်းချက်ဗျာ

"တောင်းတယ်ဆိုတာ ကျွန်တော့်အလုပ်ပဲဗျ။ အဲဒီတော့ အလုပ်ကပေးလာတဲ့ ပျော်ရွှင်မှုလေးတွေကို ခံစားတတ်ရတယ်.။ မိုးရွာတဲ့နေ့ လူသွားလူလာနည်းတဲ့အခါ၊ တခြား သူတောင်းစားတွေက ညည်းတဲ့သူညည်း အိပ်တဲ့သူ အိပ်နေကြတယ်။ အဲလို လုပ်လို့ လုံးဝမဖြစ်ဘူးဗျ။ စိတ်ထဲကနေ ဒီမြို့ရဲ့ အလှကို ခံစားရမယ်..။ ညအလုပ်သိမ်းလို့ အိမ်ပြန်တဲ့အခါ မိန်းမနဲ့ ကလေးကို ခေါ်ပြီး ဈေးလေးဘာလေးပတ်၊ အစားလေးဘာလေးစားပေါ့၊ ညရှုခင်းလေးခံစားရင်း တစ်မိသားစုလုံး ပျော်ပျော်ပါးပါးပေါ့..။ အဲလိုဆိုရင် ဒီဘ၀ အသက်ရှင်ရတာ အဓိပ္ပါယ်မမဲ့တော့ဘူးပေါ့ဗျာ။ အကယ်၍များ လုပ်ငန်းတူတွေ့လို့ တစ်ခါတစ်လေလည်း အကြွေလေး ဘာလေး ပစ်ပေးလိုက်တာပေါ့။ သူတို့ ပျော်ပျော်ရွှင်ရွှင်နဲ့ ကျေးဇူးတင်စကားပြောရင်း ထွက်သွားတာကို တွေ့တော့လည်း ကိုယ့်ကို ကိုယ် ပြန်မြင်နေသလိုပေါ့"

"ခင်ဗျားက မိန်းမနဲ့ ကလေးနဲ့?" ကျွန်တော်အလန့်တကြားမေးလိုက်မိတယ်။ လမ်းသွားလမ်းလာတွေတောင် ငဲ့ကြည့်သွားကြတယ်။
"ကျွန်တော်မိန်းမက အိမ်ရှင်မ တာဝန်ကို အပြည့်ယူထားတယ်။ ကလေးက မူလတန်းတက်နေပြီ။ ကျွန်တော် ဖူထျန် ရပ်ကွက်ဘက်မှာ တိုက်ခန်းလေးတစ်ခန်း installment နဲ့ ၀ယ်ထားတယ်.။ ၁၀နှစ်ခွဲပေးရမယ်.။ နောက် ၆နှစ်ဆို ကြေပြီဗျ.။ ကျွန်တော် ကြိုးစားမှဖြစ်မယ်။ ကျွန်တော့သားလေး ကြီးလာရင် တက္ကသိုလ်မှာ Marketing Major ယူခိုင်းရမယ်။ ပြီးရင် အဖေ့အမွေဆက်ခံပြီး ကျွန်တော့်ထက်သာတဲ့
သူတောင်းစားဖြစ်အောင် ကြိုးစားခိုင်းရမယ်.။"

"လွန်ခဲ့တဲ့ ၅နှစ်တုန်းက PROFIBUS ဆိုတဲ့ ကုမ္ပဏီမှာ Market planning လုပ်ခဲ့ဖူးတယ်။ လွန်ခဲ့တဲ့ ၂နှစ်တုန်းကတော့ Sales Manager အဖြစ် promotion ရတယ်ဗျ။ ၁လကို ၅၀၀၀နဲ့ပေါ့..။ အဲချိန်တုန်းက ၁သောင်းကျော်တန် Samsung Laptop ၁လုံးကို installment နဲ့ ၀ယ်ခဲ့တယ်။ ၁လကို ၂၀၀၀သွင်းရတယ်။ သေမလိုရှင်မလိုပဲဗျာ..။ နောက်တော့ ကျွန်တော် စဉ်းစားတယ်။ ဒီလိုသာဆက်သွားရင်တော့ ၁သက်လုံး လူမွှေးလူတောင် ပြောင်မှာ မဟုတ်ဘူးလို့။ အဲဒါနဲ့ အလုပ်ထွက်လိုက်တာ။ ပြီးတော့ ကျွန်တော်ဒီမြို့ကို ပြောင်းလာပြီး သူတောင်းစားလာလုပ်နေတာ။
ကျွန်တော်က အဆင့်မြင့် သူတောင်းစားတစ်ယောက်ဖြစ်ချင်တာဗျ.. "
သူ့စကားလည်း ဆုံးရော ကျွန်တော် စိတ်လှုပ်ရှားစွာနဲ့ ပြောလိုက်မိတာက..."ကျွန်တော့်ကို တပည့်အဖြစ်လက်ခံနိုင်မလားဗျာ...."

:

watercress(ခေါ်)တောင်ကြာကလေးပင်(ဆေးဘက်ဝင်ပုံ)


တောင်ကြာကလေးပင်
POSTED BY စိမ့်စမ်းရေ

ရှေးခေတ် ဂရိလူမျိုးတွေ အသုံးပြု ခဲ့တဲ့ ဆေးဘက်ဝင် အပင်တမျိုး ဖြစ်တယ်။ ဥရောပတိုက်မှာ စတင် တွေ့ရှိခဲ့ သော်လည်း နောက်ပိုင်း တကမ္ဘာလုံး ပျံ့နှံ့ ပေါက်ရောက် ခဲ့တယ်။ နှစ်ရှည်ခံ အပင် ဖြစ် တယ်။ ရေစပ်စပ်မှာ စိုက်ပျိုး ရတဲ့ အပင် အမျိုးအစား ဖြစ်ပြီး အစိမ်းရောင် ရှိတဲ့ အတွက် အသုပ်အဖြစ် စားသုံး ကြတယ်။
အရေပြားကျန်းမာရေး။
နေရောင်ခြည် ဒဏ် ကနေ ကာကွယ် ပေးနိုင်တဲ့ အရေးကြီး ဓာတ်သတ္တိ နှစ်မျိုး ပါဝင်တဲ့ အတွက် အသား အရေကို ထိန်းသိမ်း ပေးတယ်။ အသက်ကြီးမှု ကြောင့် ဖြစ်ပေါ် လာတဲ့ အရေပြား ပျက်ဆီးမှု ကို ကာကွယ် နိုင်တဲ့ သော့ချက် တခုလည်း ဖြစ်တယ်။ ၀က်ခြံ၊ နှင်းခူနာ အစရှိတဲ့ အရေပြား ရောဂါ များကို ကာကွယ် ကုသ နိုင်ပြီး၊ အခြား အဖြစ်များတဲ့ အရေပြား ရောဂါ တွေကို ကုသရာမှာလည်း ကူညီ ပေးတယ်။
အဆိပ်အတောက်ကို ကာကွယ်နိုင်ခြင်း။
ကင်ဆာ ရောဂါကို ကာကွယ် နိုင်တဲ့ ပါဝင် ပစ္စည်း တွေထဲမှာ တခု အပါအ၀င် ဖြစ်တယ်။ (Antioxidants) ဒြပ်ပေါင်းဟာ ခန္ဓာကိုယ် အတွင်းပိုင်း မှာရှိတဲ့ ဆဲလ်တွေ ပျက်စီးခြင်းကို ကာကွယ် ပေးတယ်။ ကင်ဆာ ဖြစ်စေတဲ့ ဆဲလ် အရင်းအမြစ် ကိုလည်း ရပ်တန့် ပေးတယ်။ အဲ့ဒီ့ ဒြပ်ပေါင်း တွေ မှာ ဗီတာမင် (C, A, E) နဲ့ ဗီတာမင် ဘီ အမျိုးအစားပေါင်း မြောက်များစွာ ပါဝင်တယ်။ တောင်ကြာကလေးပင်မှာ ပါဝင် တဲ့ ဓာတ်သတ္တိ တွေဟာ အဆိပ်အတောက် ဖြစ်ခြင်းကို ကာကွယ် နိုင်တယ်။ အထူးသဖြင့်တော့ ဆေး လိပ် သောက်ခြင်း ကြောင့် ဖြစ်ပေါ် လာတဲ့ ဆဲလ် ပျက်စီးမှုကို ကာကွယ် ပေးတယ်။ အဆုတ်နဲ့ လည် ချောင်း ကင်ဆာ ခံစားနေရမှု ကိုလည်း သက်သာ စေတယ်။
အလေးချိန်လျော့ကျခြင်း။
တောင်ကြာကလေးပင်ရဲ့ အရွက်မှာ ပိုတက်စီယမ် ပါဝင်တဲ့ အတွက် ကိုယ်ခန္ဓာ အတွင်းက ပိုနေတဲ့ ရေတွေကို ဖယ်ထုတ် ပေးတယ်။ သူ့မှာ အမျှင် အမြောက်အများ ပါရှိ တဲ့အတွက် ၀မ်းချုပ်ခြင်းနဲ့ အူသိမ်အူမမှာ ဖြစ်တတ်တဲ့ အခြားရောဂါ တွေကို ကာကွယ် ကုသ ပေးတယ်။ ပေါ့ပါး ကျန်းမာတဲ့ ကိုယ်ခန္ဓာကို ထိန်းသိမ်း ထားရန် အတွက် အစာခြေအင်္ဂါ စနစ် ကောင်းမွန်ရန် အလွန် အရေးကြီးတယ်။ ဒီအပင်မှာ ပါဝင်တဲ့ အိုင် အို ဒင်း ဓာတ်ဟာ သိုင်းရွိုက် ဂလင်း ကောင်းမွန် စေရန် အကူအညီ ပေးတယ်။ သိုင်းရွိုက် ဆိုတာက ခန္ဓာ ကိုယ် ကြီးထွားမူကို ထိန်းသည့် ဒြပ်တမျိုးကို ထုတ်ပေးသော အကျိတ် ဖြစ်တယ်။ (လည်မျို ရှေ့ ပိုင်း တွင် တည်ရှိသည်)။ အဓိက အချက် ကတော့ တောင်ကြာကလေးပင်ဟာ ခန္ဓာကိုယ်တွင်းမှာ ဖြစ်ပျက် နေတဲ့ ဇီဝဖြစ်စဉ်ကို ကောင်းမွန် မှန်ကန် စေရန် ကူညီ ထိန်းသိမ်း ပေးတယ်။
အမှန်တော့ တောင်ကြာကလေးပင်ဟာ ဗီတာမင် မျိုးစုံကို ပေါင်းစု ပေးထားတဲ့ သဘာဝ ဆေးဘက်ဝင် အရွက်လည်း ဖြစ်တယ်။
၁) ဗီတာမင် ( A, K, D, E and several B )
၂) သံဓာတ်
၃) ပိုတက်ဆီယမ်
၎) ကယ်လ်စီယမ်
၅) ဂလူးလ်ကို့စ်
၆) ပရိုတိမ်း
၇) အိုင်အိုဒင်း
၈) အမျှင်ဓာတ်
၉) ဆာလ်ဖာ
စားသုံးပုံ။
လတ်ဆတ်တဲ့ အရွက် သို့မဟုတ် ရိုးတံကို ခူးယူပြီး အစိမ်း စားသုံး ခြင်းဟာ အာဟာရဓာတ် ပိုမို ရရှိစေတယ်။ အသုပ် အဖြစ် စားသုံး နိုင်သလို အသားညှပ် ပေါင်မုန့် ထဲမှာလည်း ထည့်သွင်း စားသောက် နိုင်တယ်။ တနှစ်ပတ်လုံး ခူးယူ စားသုံး နိုင်တဲ့ အပင် ဖြစ်ပါတယ်.......

အညာမှာပေါတဲ့ ဆီး (ဇီး) သီး တန်ဘိုး ဒီ(၉)မျိုး


ဆီးသီးမှာ ကာဗိုဟိုက်ဒရိတ်၊ ဆိုဒီယမ်၊ သတ္တုဓာတ်၊ အမိုင်နိုအက်စစ်၊ သကြားဓာတ်၊ ဗီတာမင်၊ ပျော်ဝင်တဲ့ အမျှင်ဓာတ်နဲ့ မပျော်ဝင်တဲ့ အမျှင်ဓာတ်၊ ဖက်တီးအက်စစ်နဲ့ တခြား အာဟာရဓာတ်တွေ ပါဝင်တာကြောင့် အောက်ပါ ကျန်းမာရေး အကျိုးကျေးဇူးတွေကို ရရှိနိုင်ပါတယ်။
(၁) အောက်ဆီဂျင် ရယ်ဒီကယ်ကြောင့် ထိခိုက်မှု မဖြစ်အောင် ကာကွယ်ခြင်း
ဆီးသီးမှာ ကိုယ်တွင်း ထိခိုက်မှုတွေ မဖြစ်အောင် ကာကွယ်ပေးတဲ့ဓာတ်တွေ ပါဝင်တာကြောင့် အောက်ဆီဂျင်အခြေခံတဲ့ ထိခိုက်မှု မဖြစ်အောင် ကာကွယ်ပေးပါတယ်။
(၂) သံဓာတ်စုပ်ယူမှု ကောင်းပြီး အင်တီအောက်ဆီးဒင့် ကာကွယ်မှု ရရှိစေခြင်း
ဆီးသီးရဲ့ အကျိုးကျေးဇူးတစ်မျိုးက ခန္ဓာကိုယ်မှ သံဓာတ်စုပ်ယူမှုကို ကောင်းစေတာပဲ ဖြစ်ပါတယ်။ အကြောင်းကတော့ ဗီတာမင်စီများစွာ ပါဝင်လို့ပါ။ ဒါကြောင့် ကိုယ်ခံစွမ်းအား စနစ်ကို ကောင်းမွန်စေပြီး တစ်သျှူးတွေကို ကျန်းမာစေပါတယ်။ နားတွင်း ပိုးဝင်မှု မကြာခဏ မဖြစ်အောင် ကာကွယ်ပေးကာ ဖရီး ရယ်ဒီကယ်တွေကိုလည်း တွန်းလှန်ပေးပါတယ်။ ဒါကြောင့် ပန်းနာရင်ကျပ်ရောဂါ၊ ရိုးဆစ်ရောင်ရမ်းနာ၊ အူမကြီးကင်ဆာနဲ့ ရူမတွိုက်အဆစ်ရောင်နာတို့ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဗီတာမင်စီပါတဲ့ သစ်သီးတွေ စားတာကြောင့် လေဖြတ်တာ၊ နှလုံးရောဂါနဲ့ ကင်ဆာရောဂါတို့ကြောင့် သေဆုံးမှုဖြစ်နှုန်းကို လျှော့ချပေးနိုင်ပါတယ်။
(၃) မက်ကူလာယိုယွင်းမှုကြောင့် မျက်စိထိခိုက်မှု မဖြစ်အောင် ကာကွယ်ခြင်း
တစ်နေ့ ဆီးသီး သုံးခွက်စားတာကြောင့် အသက်ကြီးလို့ဖြစ်တဲ့ မက်ကူလာ ယိုယွင်းပျက်စီးမှု (AMRD) ဖြစ်နှုန်းကို လျော့ကျစေပါတယ်။
(၄) ကယ်လိုရီနည်းသော အစာအဖြစ် သတ်မှတ်ခြင်း
ဆီးသီးတွေက ကယ်လိုရီပါဝင်မှု နည်းပါးပြီး အန္တရာယ်ရှိတဲ့ မပြည့်ဝဆီလည်း မပါဝင်တာကြောင့် ဘေးထွက်ဆိုးကျိုးကင်းတဲ့ အစာအဖြစ် ရွေးချယ်စားနိုင်ပါတယ်။ ကြေးနီ၊ မဂ္ဂနိစ်၊ ပိုတက်စီယမ်၊ ဖော့စ်ဖရပ်စ်နဲ့ မဂ္ဂနီဆီယမ်တို့လို သတ္တုဓာတ်ပါဝင်မှု များတာကြောင့် နှလုံးနဲ့ သွေးကြောတွေကို ကျန်းမာစေပါတယ်။
(၅) အစာခြေစနစ်ကို ကျန်းမာစေခြင်း
ဆီးသီးမှာပါတဲ့ အမျှင်ဓာတ်တွေက မကောင်းတဲ့ ကိုလက်စထရောကို လျော့နည်းစေပြီး ဝမ်းချုပ်တာမျိုး မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဆီးသီးမှာပါတဲ့ အမျှင်ဓာတ်တွေက အစာခြေစနစ်ရဲ့ လုပ်ငန်းဆောင်တာတွေ မှန်ကန် ကောင်းမွန်နေအောင်လည်း ထိန်းထားပေးနိုင်ပါတယ်။ အူတွေကို သန့်စင်စေကာ အစာခြေစနစ်ကို ကျန်းမာစေပါတယ်။
(၆) အရွယ်မတိုင်ခင် အိုမင်းရင့်ရော်မှုကို လျော့ကျစေခြင်း
ဆီးသီးမှာပါတဲ့ လူတင်၊ ဇီဇန်သင်းနဲ့ ခရစ်ပတိုဇန်သင်းတို့ဟာ ဖလေဗွိုးနွိုက် အင်တီအောက်ဆီးဒင့် ဂုဏ်သတ္တိ ရှိပါတယ်။ ဒီ အင်တီအောက်ဆီးဒင့်တွေက ဖရီးရယ်ဒီကယ်တွေကို တွန်းလှန်နိုင်ပြီး အိုမင်းမှုနဲ့ အိုမင်းမှုကြောင့်ဖြစ်တဲ့ ရောဂါတွေကို ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် အရေးကြောင်းဖြစ်တာနဲ့ ပါးရေတွန့်တာတို့ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။
(၇) ဦးနှောက်ကျန်းမာပြီး အားပြည့်စေခြင်း
လေ့လာမှုများစွာအရ ဆီးသီးမှာပါတဲ့ Asphenols ဆိုတဲ့ အင်တီအောက်ဆီးဒင့် အာနိသင်တွေကြောင့် ဦးနှောက်ဆဲလ်နဲ့ တခြားဆဲလ် အမြှေးပါးနေရာတွေမှာ တွေ့ရတဲ့ အဆီတွေကို ထိခိုက်မှုမဖြစ်အောင် ကာကွယ် တွန်းလှန်ပေးနိုင်တယ်လို့ သိရပါတယ်။ ဆီးသီးကို နေ့စဉ်စားတာကြောင့် ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာတွေကို မှန်ကန်ကျန်းမာစေပြီး မှတ်ဉာဏ်ကို ကောင်းမွန်စေပါတယ်။ ဆီးသီးဟာ စိတ်ဓာတ်ကျတာကို ပြန်ကောင်းလာအောင် ကူညီနိုင်စွမ်းလည်း ရှိပါတယ်။
(၈) စိတ်ဖိစီးမှုနှင့် နုံးချည့်ညောင်းညာမှုကို တွန်းလှန်နိုင်ခြင်း
ဆီးသီး ငါးလုံး-ခြောက်လုံးကို ပုံမှန်နီးပါး စားပေးရင် မောပန်းမှုနဲ့ နွမ်းနယ်မှုတို့ကို တွန်းလှန်ပေးနိုင်ပါတယ်။ ဆီးသီးဟာ အာရုံကြောတွေကို ငြိမ်းအေးစေပြီး သဘာဝအတိုင်း နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျတဲ့ အဆင့်ကို ရောက်ရှိစေနိုင်ပါတယ်။
(၉) အမြင်အာရုံကို ကောင်းမွန်စေခြင်း
ဆီးသီးမှာပါတဲ့ ဗီတာမင်အေဟာ အမြင်အာရုံကို ကောင်းမွန်စေတဲ့အပြင် သွားပိုးစားတာနဲ့ အဆုတ်ကင်ဆာတို့ မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။ ဆီးသီးရဲ့ တခြားကောင်းကျိုးတစ်ခုက အသားအရေကို ကြည်လင်တောက်ပစေတာပဲ ဖြစ်ပါတယ်။ ဆီးသီးမှာပါတဲ့ ပိုတက်စီယမ်ဓာတ်ဟာ နှလုံးခုန်နှုန်းကို ကောင်းမွန်စေပြီး သွေးဖိအားကို ပုံမှန်အတိုင်း ထိန်းထားပေးနိုင်ပါတယ်။ ဆီးသီးမှာပါတဲ့ သံဓာတ်ဟာ သွေးနီဥတွေကိုဖြစ်ပေါ်စေပြီး ဗီတာမင်ကေဟာ သွေးခဲအောင်ကူညီပေးကာ အယ်လ်ဇိုင်းမားရောဂါ မဖြစ်အောင် ကာကွယ်ပေးပါတယ်။
ကြယ်စင်
Ref: Good Health

မင်းဒင်ရဲ့ သက်ခိုင် ( 1 + 2 + 3 )

Inbox
x

ဇာတိ -ဖျာပုံ-
3:05 AM (1 minute ago)

to bcc: me
"မင်းဒင်ရဲ့သက်ခိုင်"



မင်းဒင်ရဲ့သက်ခိုင်ကို ရှာနေတာ တော်တော်ကြာနေပါပြီ
ဒီကနေ့မှာတော့ ကိုသားဆွေဆီကနေ ရလိုက်ပါတယ် ၊
လွန်ခဲ့တဲ့ တစ်နှစ်ကျော် လောက်ကတည်းက ကျနော့်မေလ်းထဲမှာ ရှိနေတာပါ
ဖတ်မယ် ဖတ်မယ်နဲ့မဖတ်အားပဲ နောက်တော့ မှားဖျက်မိလိုက်တဲ့အထဲ ပါသွားပါတယ်
ခု လိုတဲ့အခါကျမှ အသည်းအသန်လိုက်ရှာရတော့ တော်တော်အာရုံနောက်သွားပါတယ်

ကျနော်အာရုံနောက်တာ တန်အောင် ခင်ဗျားတို့က  ဖတ်ပေးရပါမယ်
ပြီးရင် လျှဲပေးရပါမယ် သဘောတူပါရဲ့လားး))
 
http://www.kopaelay.blogspot.com/

4 attachments — Download all attachments (zipped for )  
မင်းဒင်ရဲ့ သက်ခိုင် 1 (1).pdfမင်းဒင်ရဲ့ သက်ခိုင် 1 (1).pdf
3179K   View   Download  
မင်းဒင်ရဲ့ သက်ခိုင် 1 (2).pdfမင်းဒင်ရဲ့ သက်ခိုင် 1 (2).pdf
4235K   View   Download  
မင်းဒင်ရဲ့ သက်ခိုင် 1 (3).pdfမင်းဒင်ရဲ့ သက်ခိုင် 1 (3).pdf
4712K   View   Download  
မင်းဒင်ရဲ့ သက်ခိုင် 1 (4).pdfမင်းဒင်ရဲ့ သက်ခိုင် 1 (4).pdf
1424K   View   Download  

နဂါးမောက်သီး အသုံးဝင်ပုံ......



(၁) နဂါးမောက်သီးထဲမှာ Antioxidant တွေ ပါဝင်ပြီး ကင်ဆာမဖြစ် အောင် ကာကွယ်ပေးနိုင်ပါတယ်။
(၂) သုတေသနပြုလုပ် ချက်များအရ သွေးလှည့်ပတ်မှုစနစ်အတွက် အလွန်ကောင်းပြီး စိတ်လှုပ်ရှား မှုကြောင့်ဖြစ်သော သွေးဖိ အားတက်ခြင်း ကို လျော့ နည်းစေပါတယ်။ သွေးတိုးမဖြစ်အောင် ကာကွယ်ပါတယ်။ မျက်စိ အမြင်အာရုံကောင်းစေပြီး သွေးထဲက အဆိပ်အတောက်များကိုလည်းခြေဖျက်ပေးပါ တယ်။
(၃) အမျှင်ဓာတ်မြင့်မားစွာ ပါဝင် သောကြောင့် ကိုယ်လက်စထရောလ် ကျစေပါတယ်။ (၄) ပိုတက်စီယမ်၊ ဆိုဒီယမ်၊ သံဓာတ်၊ အသားဓာတ်တို့ ကြွယ်ဝစွာ ပါဝင်ပါတယ်။
(၅) အစာအိမ်ရောဂါများနှင့် ဟော် မုန်း အကျိတ်ရောဂါများကုသရန် အတွက်လည်း အသုံးဝင်ပါတယ်။
(၆) ဗီတာမင် C လည်း အများကြီး ပါဝင်တာမို့ အနာကျက်မြန်စေခြင်း အညိုအမည်းစွဲခြင်းများကို မြန်မြန် အားကိုလည်း မြှင့်တင်ပေးပါတယ်။
(၇) ဘီတာကယ်ရိုတင်းပါဝင်တဲ့ အတွက် မျက်စိအမြင်ကောင်းခြင်း၊ မျိုးပွားနိုင်စွမ်းကောင်းခြင်းနှင့် အခြားသော ဇီဝရုပ်ဖြစ်ပျက်မှု များကိုလည်း ကောင်းစေ ပါ တယ်။
(၈) ဗီတာမင် B1, B2, B3 ကြွယ်ဝစွာ ပါဝင်ပါတယ်
(၉) သွေးတွင်းသကြားဓာတ် ပမာဏ ကို ထိန်းညှိပေးနိုင်တဲ့အတွက် အမျိုး အစား (၂) ဆီးချိုသွေးချိုရောဂါ ရှိသူ များအတွက် သင့်တော်ပါတယ်။
(၁၀)သူ့ထဲမှာပါတဲ့ ပမာဏက ဇီဝ ရုပ် ဖြစ်ပျက်မှုကို မြှင့်တင်ပေးပါတယ်။ နှလုံးသွေးကြောကျန်းမာရေးကို ထိန်း သိမ်းပေးပါတယ်။
(၁၁)နဂါးမောက်သီးပုံမှန်စားပေး မယ်ဆိုရင် ရင်ကျပ်ရောဂါနှင့် ချောင်း ဆိုးခြင်းကို သက်သာပျောက်ကင်း စေနိုင်တယ်လို့ သိရပါတယ်။
Ref: Health Digest

ခွင့်လွတ်သည်းခံခြင်းနှင့် ကျန်းမာရေးအကျိုးကျေးဇူးများ…


WRITTEN BY HEALTH. POSTED IN ဆောင်းပါး
…တစ်စုံတစ်ယောက်က ကိုယ့်ကို ထိခိုက် နာကျင်စေတဲ့ စကားမျိုး၊ အပြုအမူမျိုး ပြုလုပ် ခံရတဲ့ အခါ အလွယ် တကူ ခွင့်လွတ် သည်းခံနိုင်ဖို့ ဆိုတာ သိပ်တော့ မလွယ်ပါဘူး။ ဒါပေမယ့် ခွင့်လွှတ် သည်းခံ တတ်အောင် ကြိုးစား သင့်ပါတယ်။ အကြောင်းကတော့ ခွင့်လွှတ် သည်းခံတဲ့ စိတ်ရှိတာဟာ ကျွန်မတို့ရဲ့ စိတ်နဲ့ ခန္ဓာကိုယ် ကျန်းမာရေးကို အံ့သြစရာ ကောင်းလောက်အောင် အကျိုးကျေးဇူး ဖြစ်စေ တာကြောင့်ပါပဲ။ တစ်စုံ တစ်ယောက် က ကိုယ့်ကို ဒေါသထွက်လောက်တဲ့ စကားမျိုး ပြောလာတဲ့အခါ ဒေါသတကြီးကိုယ်ထိလက်ရောက် တုံ့ပြန် လိုက်မယ် ဆိုရင် နောက် ဆက် တွဲ ဖြေရှင်း ရမယ့် ကိစ္စတွေ ရှိလာ နိုင်ပါတယ်။
ဒီအဖြစ်အပျက် တွေကို တရားရုံးက အမှုတွဲတွေ၊ မှုခင်းသတင်း ဂျာနယ်ပေါ်က ဖြစ်ရပ်မှန် သတင်း တွေကို သာဓက အဖြစ် တွေ့နေ ရတာပဲ မဟုတ်ပါလား။ ဒေါသနဲ့ တုံ့ပြန် လိုက်တဲ့ အခါ နောက်ဆက် တွဲ ဖြေရှင်းရမယ့် တခြားကိစ္စ တွေထက် ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လို ထိခိုက် စေနိုင်တယ် ဆိုတာကို ဆွေးနွေး တင်ပြ လိုပါတယ်။
…ခွင့်လွှတ်သည်းခံမှုဆိုသည်မှာ…
…ခွင့်လွှတ် သည်းခံမှု ဆိုတာ ကိုယ့်ကို ထိခိုက် နာကျင် စေတဲ့ စကားလုံး တွေနဲ့ အပြုအမူ တွေကို မေ့ပျောက် ကျေအေး လိုက်တာပါ။ လူတစ်ဦးနဲ့တစ်ဦးမှာ ခွင့်လွှတ်သည်းခံနိုင်စွမ်းရှိတဲ့ အတိုင်းအတာ ပမာဏကတော့ မတူညီ တတ်ပါဘူး။ ခွင့်လွှတ် သည်းခံ တယ်ဆိုတဲ့ စိတ်သဘောထားဟာ ပညာရှိဆန်သလို စိတ်ထား ကြီးမြတ်မှု ကိုလည်း ဖော်ညွှန်း နေပါတယ်။ ဒါကြောင့် ခွင့်လွှတ်သည်းခံနိုင်စွမ်း မြင့်မားလေလေ၊ ငြိမ်းချမ်း အေးဆေးတဲ့ ဘ၀ကို ပိုင်ဆိုင် ရရှိ လေလေ ပါပဲ။
…နာကြည်းစိတ်များနေမယ်ဆိုရင်…
…တချို့လူတွေက အတိတ်က ကိုယ့်ကို နာကျင်စေတဲ့ ဖြစ်ရပ်တွေကို ပြန်ပြောင်း တွေးတောရင်း အဲဒီအတိတ်ထဲမှာ ကိုယ့်ဘ၀တစ်ခုလုံး ပိတ်မိနေတာ၊ ဒေါသ၊ အာဃာတ၊ မလိုမုန်းထားခြင်းဆိုတဲ့ ၀ဲကယက်ကနေ ရုန်းမထွက်နိုင်အောင် ဖြစ်နေတတ်ပါတယ်။ အဲဒီအခါ ကျန်းမာရေးကို ထိခိုက်ပြီး နာတာရှည်ခံစားရတဲ့ ရောဂါတွေ စွဲကပ်လာနိုင်ပါတယ်။ ဒီအကြောင်းကို သမားတော်ကြီး ပါမောက္ခ ဦးကိုကိုလှက အခုလို ရှင်းပြပါတယ်။
“ဒေါသထွက်တာကိုမထိန်းချုပ်နိုင်ဘူးဆိုရင် ရုတ်တရက်ဖြစ် တတ်တာက နှလုံးခုန်မြန်တတ်ပါတယ်၊ သွေးဖိအားက ဆောင့်တိုးသွားတတ် ပါတယ်၊ နှလုံးရောဂါလို ရောဂါ အခံရှိသူတွေမှာ အခန့်မသင့်ရင် နှလုံးရောဂါထခြင်း (Heart Attack) ဖြစ်သွားနိုင်ပါတယ်။ ဒေါသဖြစ်တဲ့အခါ ဘာကိုမှ သတိမမူမိတော့ဘဲ ကိုယ့်ကို ဒေါသဖြစ်စေတဲ့သူကို အနာတရဖြစ်အောင် တုံ့ပြန်မိရင် ရာဇ၀တ်မှု ကျူးလွန်သလို ဖြစ်သွားနိုင် ပါတယ်…”
…“ခွင့်မလွှတ်ပဲ နာကြည်း စိတ်များ နေမယ် ဆိုရင်တော့ အိပ်မပျော်ခြင်း၊ သောက ရောက်ခြင်း၊ မကျေ နိုင်မချမ်းနိုင် ဒေါသ ထွက်နေခြင်း၊ ခေါင်းကိုက်ခြင်း၊ စိတ်ဓါတ်ကျခြင်း စတာတွေ ခံစားရပြီး ခန္ဓာကိုယ် အင်္ဂါ အစိတ် အပိုင်းတွေ ထိခိုက် လာကာ ကိုယ်ခံ စွမ်းအား စနစ် ကျဆင်း လာတတ်ပါတယ်…”
…တခြား သူတစ်ဦးကို ဒေါသ ထွက်ကာ ခွင့်မလွတ် နိုင်တာကြောင့် ကိုယ့်မှာ ထိခိုက်စေနိုင်တဲ့ ကျန်းမာရေး အန္တရာယ် တွေ က ကြောက်စရာ ကောင်းလှ ပါတယ်။
….ခွင့်လွတ်ကျေအေးလိုက်မယ်ဆိုရင်…
…တစ်စုံတစ်ယောက်က သူပြောမိ ပြုမိတဲ့ အရာအတွက် တောင်းပန် တဲ့အခါ သဘောထား ကြီးမားစွာနဲ့ ခွင့်လွှတ်ကျေအေး တတ်ဖို့ လိုပါတယ်။ ခွင့်လွှတ် ကျေအေး တတ်ပြီး စိတ်ထား အေးချမ်းတဲ့ သူတွေဟာ စိတ်ဖိစီးမှု၊ ရန်လိုမှု၊ စိတ်ဓါတ်ကျခြင်း၊ ပူပင်သောက ရောက်ခြင်း၊ နာတာရှည် နာကျင်ခြင်း၊ အရက်နဲ့ မူးယစ်ဆေးဝါး စွဲခြင်း၊ သွေးတိုးခြင်း စတဲ့ စိတ်နဲ့ ဆက်စပ်ပြီး ဖြစ်လာတဲ့ ရောဂါပြဿနာတွ ကင်းဝေးပြီး ဘ၀မှာ သက်ရှည် နေပျော်စွာ ဖြတ်သန်း နိုင်မှာပါ။
…ခွင့်လွှတ် သည်းခံ တတ်သူတိုင်း ရရှိလာမယ့် ကျန်းမာရေး အကျိုး ကျေးဇူးတွေ အကြောင်းကို ပါမောက္ခ ဦးကိုကိုလှက အခုလို ရှင်းပြ ပေးထား ပါတယ်။
“ဒေါသကို အလွယ်တကူ မောင်းထုတ် နိုင်မယ်ဆိုရင် စိတ်ဖိစီးမှု ဆိုင်ရာ Stress Hormone တွေ လျော့နည်း သွားပြီး စိတ်အေးချမ်းမှု ရရှိမှာပါ၊ စိတ်အေးချမ်းတဲ့သူဟာ သွေးတိုး၊ နှလုံး စတဲ့ နာတာရှည် ရောဂါဘယတွေ ကင်းဝေးတဲ့အပြင် အိုမင်းရင့်ရော်ခြင်းတွေ လျော့ပါးပြီး အရွယ်တင်နုပျိုနေမှာ ဖြစ်ပါတယ်”
…ခွင့်လွှတ် သည်းခံတတ်တဲ့ လုပ်ရပ်ဟာ ကောင်းမှန်း၊ မြင့်မြတ်မှန်း သိပေမယ့် ဒေါသထွက်အောင် ပြောဆိုပြုမူတဲ့အခါ အလွယ်တကူ သည်းခံနိုင်ဖို့ဆိုတာ လူတိုင်းအတွက် ခက်ခဲနေမှာပါ။ ကိုယ်မှားမှန်း သိပေမယ့် ကိုယ့်အမှားကို ၀န်ချ တောင်းပန် တတ်ဖို့ မလွယ်ကူ သလိုပါပဲ၊ ဒါပေမယ့် သည်းခံ ခွင့်လွှတ် တတ်ခြင်းနဲ့ အမှားကို တောင်းပန်တတ်ခြင်း တွေဟာ မင်္ဂလာရှိတဲ့ လုပ်ရပ်တွေပါ။ ဒါကြောင့် တစ်စုံ တစ်ယောက်ကြောင့် စိတ်ဆိုး မိရတဲ့ အခါ စိတ်ထား တတ်အောင် လုပ်ဆောင် နိုင်ဖို့ အောက်ပါ နည်းလမ်း တွေကို ဝေမျှ လိုက်ပါတယ်…
…စိတ်ကို တည်ငြိမ်အောင်ထားပါ…
…ဒေါသကို လျော့ချ နိုင်ဖို့ ရိုးစင်း လွယ်ကူတဲ့ နည်းလမ်းကို ကျင့်သုံးပါ။ ထိုနည်းတွေကတော့ အသက်ပြင်းပြင်း ရှူသွင်း၊ ရှုထုတ်ပြီး သင့်ကို ကြည်နူးစေတဲ့ အရာကို တွေးတောခြင်း ဒါမှမဟုတ် လှပတဲ့ရှုခင်းကို ကြည့်ခြင်း၊ ဒါမှမဟုတ် သင်ချစ်တဲ့သူကို ကြည့်ခြင်း တွေပဲ ဖြစ်ပါတယ်။
တောင်းပန်သည့်အထိ မစောင့်ပါနှင့်…
…သင့်ကို နာကျင်အောင်လုပ်တဲ့ လူတိုင်းမှာတော့ တောင်းပန်ချင်တဲ့စိတ်ရှိလိမ့်မယ်လို့ မျှော်လင့်မထားပါနဲ့။ သူတို့မှာ အစကတည်းက သင့်ကို နာကျင်စေချင်တဲ့ ရည်ရွယ်ချက်ရှိနေနိုင်တာကြောင့်ပါ။ ဒါပေမယ့် သူတို့ဖြစ်စေချင်တဲ့အတိုင်း မဖြစ်စေရဘူးဆိုပြီး သင့်စိတ် ကို အေးချမ်း တည်ငြိမ်အောင် ထားလိုက်ပါ။ ဒါက သူတို့ကို ပြေလည်အောင် ပြန်ဆက်ဆံ ရမယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။ သူတို့ကို လစ်လျူရှုပစ်လိုက်ဖို့ကို ဆိုလိုတာပါ။
တခြားသူများ၏ အမြင်ကို ဂရုစိုက်ပါ…
…သင့်ကို နာကျင်နစ်နာအောင် လုပ်သူကြောင့် သင့်ကိုသင် ယုံကြည်မှု၊ သင့်ဘ၀ရပ်တည်မှုနဲ့ သင့်စိတ်ဓါတ် ယိမ်းယိုင် ထိပါးသွားတယ် ဆိုရင် သင့်ကို တန်ဖိုးထား ယုံကြည်သူတွေ အများကြီးကို လှည့်ကြည့် လိုက်ပါ။
ခွင့်လွှတ်ခြင်း၏ အကျိုးကျေးဇူးကို နားလည်ပါ…
…ခွင့်လွှတ် တတ်တာဟာ စွမ်းအင် ပိုရှိစေပြီး အစာ ချေဖျက် အားကောင်းကာ နှစ်နှစ်ခြိုက်ခြိုက် အိပ်မော ကျစေကြောင်း သုတေ သန တွေက လေ့လာ ဖော်ပြ ပြီးပါပြီ။ ဒါကြောင့် ခွင့်လွှတ်ခြင်းရဲ့ အကျိုး ကျေးဇူးကို အရ ယူပါ။
…သင့်ကိုယ်သင် ခွင့်လွှတ်ပါ…
…ကိုယ့်ကိုယ်ကိုယ် ခွင့်လွှတ် နိုင်ဖို့ စိန်ခေါ်မှုကြီး တစ်ရပ်လို ဖြစ်နေသူတွေ လောကမှာ အများကြီး ရှိပါတယ်။ လူတိုင်း အမှားနဲ့ မကင်း နိုင်ပါဘူး။ ကိုယ့်အမှားကို သိပြီး အမှန်ကို ပြင်နိုင် တာကသာ လူတော်လူကောင်း တွေရဲ့ လုပ်ရပ်ဖြစ် တာကြောင့် ကိုယ့်ကိုယ်ကိုယ် ခွင့်လွှတ် ခြင်းအားဖြင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကို တည်ဆောက် ယူသင့် ပါတယ်။
…လူတိုင်း ခွင့်လွှတ် သည်းခံ တတ်ပြီး ကိုယ်၊ စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ ကြပါစေ

...........မြွေဟောက် မြွေပွေး ပိစိကွေး............



ဗုဒ္ဓသာသနာထွန်းကားရာ မြန်မာနိုင်ငံတော်ကြီးမှာ ယနေ့မျက်မှောက်အချေအနေမှာတော့
ဗုဒ္ဓသာသနာတည်းဟူသောအဆိုအဆုံးအမကို မျက်ကွယ်ပြု ဗုဒ္ဓဘာသာဝင်ဟု အမည်ခံယူ
ထားသော်လည်းပဲ ဘုရား၊တရား၊သံဃာ ရတနာသုံးပါးဆိုတာ အယုံအကြည်မရှိသလို ပြုမူ
နေထိုင်နေကြတာတွေ တစ်နေ့တစ်ခြားများပြားလာနေတာကိုတွေ့နေရပါပြီ၊
ဘုရားတည်းဟူသောရတနာ၊တရားတည်းဟူသောရတနာ၊သံဃာတည်းဟူသောရတနာသုံးပါး
ထဲကတစ်ပါးပါးကို ပြစ်မှားကျူးလွန်ခဲ့ရင် အပါယ်ငရဲမှာဘယ်၍ဘယ်မျှ ခံရမယ်ဆိုတာမသိနိုင်ပါဘူး..။
ဒီရတနာသုံးပါးထဲမှာမှ တစ်ပါးအပါအ၀င်ဖြစ်တဲ့ သံဃာရတနာထဲမှာ မထီမဲ့မြင်အပြုခံရဆုံး...၊
အထင်သေးအမြင်သေးနဲ့ပြစ်မှားခံရဆုံး ပုဂ္ဂိုလ်ကိုပြပါဆိုရင် ရှင်သာမဏေငယ်လေးတွေကိုပြရမှာပါပဲ..၊
ရှင်သာမဏေ ငယ်လေးတွေဆိုတာ ခလေးလေးတွေသာဖြစ်တဲ့အတွက် အရိုအသေပေးဆက်ဆံရမှာကို
မပြုချင်ကြပါဘူး၊ ခလေးတစ်ယောက်အမြင်နဲ့သာ ပေါ့ရှန်ရှန် ဆက်ဆံလိုက်ကြတာများပါတယ်..။
ထားပါတော့ ရှင်သာမဏေငယ်လေးတွေက ခလေးသာသာ ခလေးလေးတွေမိုလို့ မလေးစားဘူးဆိုလည်းပဲ
ရတနာသုံးပါးအပြစ်ကတော့မလွတ်နိုင်ပါဘူး ၊ကြီးမားလေးလံတဲ့ ငရဲခံရမှာပါပဲ ၊
ပြောချင်တာကတော့ ဒီလိုခလေးအရွယ်ရှင်သာမဏေငယ်လေးတွေကို ငယ်တယ်ဆိုပြီးသာသနာဘာသာအရ
ရိုရိုသေသေ မဆက်ဆံရုံမျှမက ခုဆိုရင် ထောရ်ကြီးဝါကြီး ဆရာတော် သံဃာတော်ကြီးတွေကိုပါ မထီမဲ့မြင်
ပြုလာနေကြတာကို တွေ့မြင် ကြားသိနေရပါပြီ ၊ ဒါကြောင့်မဖြစ်သင့်တာမဖြစ်ကြရလေအောင် သူတော်ကောင်း
အပေါင်းတို့ကို အောက်က ကဗျာလေးနဲ့ ကူးယူတင်ပြသတိပေးလိုက်ရပါတယ်....။
ကိုရင်ကလေး ထင်မသေးနှင့်
ကိုရင်ကလေး ထင်မသေးနှင့်
သင်္ကန်းညစ်ထပ် မျက်ချေးနှပ်နှင့်
မသပ်မပယ် ကိုရင်ငယ်ဟု
စိတ်ဝယ်မလေး ထင်မသေးနှင့်
ခေါင်းမှာပွေးဒက် အနာစက်နှင့်
မရှက်တတ်ပေ သာမဏေဟု
ရိုသေကင်းဝေး ထင်မသေးနှင့်
ဆူညံပြေးလွှား ဆော့ကစားလျက်
နေငြားကိုပင် မဆင်ခြင်ဘဲ
စိတ်ထွေပြစ်ထွေး ထင်မသေးနှင့်
မြွေဟောက် မြွေပွေး ပိစိကွေးဟု
အရေးမထား ကိုင်တွယ်ငြားက
ဆိပ်များပြင်းပြ ကုမရသို့
တူလှလေအင် မောင်ကိုရင်ဝယ်
ကျင့်စဉ်သီလ ဆိပ်ပြည့်ဝလျက်
သံဃာ့ဂုဏ်ပန်း ထုံပြည့်လျှမ်း၏
ကိုရင်ကလေး ပိစိကွေးလည်း
ဖြူဖွေးသီလ ကျင့်ဆောင်ရသည်
ဒသလိင်ဒဏ် သေခံယံနှင့်
တစ်ဖန် ခန္ဓက စုဒ္ဒသ ဟု
သီလဆိပ်မျိုး တစ်ရာ့ကိုးနှင့်
ပြည့်ဖြိုးစုံလင် ဂုဏ်ပန်းလွင်၏
ဆင်ခြင်ရှုက လူ့သီလမှာ
ငါးပါးသာတည့် ညစာသောက်စား
သားမယားနှင့် မော်ကြွားနေ့စဉ်
ပျော်ပွဲဆင်လည်း ကိုရင်ကလေး
ပိစိကွေးကား စာရေးစာအံ
တညံညံနှင့် ဆာပြန်သော်လည်း
ထန်းလျက်ခဲမျှ မစားရဘဲ
ပျော်ပွဲကင်းကွာ နေရရှာ၏
သေချာစဉ်းစား ဆင်ခြင်ပွားက
ဘုရားမြေးတော် ကိုရင်မော်ကား
အဟော်ဝတ ကြည်ညိုရာ့မို့
တွေးဆဆင်ခြင် ဉာဏ်သက်ဝင်လျက်
ကိုရင်ကလေး ထင်မသေးနှင့်
ဇိနေးရှင်ချစ် မြေးပါတကား။
Unknown, Photo by Ko Kyaw thu.
ကိုရင်ကလေး ထင်မသေးနှင့် သင်္ကန်းညစ်ထပ် မျက်ချေးနှပ်နှင့် မသပ်မပယ် ကိုရင်ငယ်ဟု စိတ်ဝယ်မလေး ထင်မသေးနှင့် ခေါင်းမှာပွေးဒက် အနာစက်နှင့် မရှက်တတ်ပေ သာမဏေဟု ရိုသေကင်းဝေး ထင်မသေးနှင့် ဆူညံပြေးလွှား ဆော့ကစားလျက် နေငြားကိုပင် မဆင်ခြင်ဘဲ စိတ်ထွေပြစ်ထွေး ထင်မသေးနှင့် မြွေဟောက် မြွေပွေး ပိစိကွေးဟု အရေးမထား ကိုင်တွယ်ငြားက ဆိပ်များပြင်းပြ ကုမရသို့ တူလှလေအင် မောင်ကိုရင်ဝယ် ကျင့်စဉ်သီလ ဆိပ်ပြည့်ဝလျက် သံဃာ့ဂုဏ်ပန်း ထုံပြည့်လျှမ်း၏ ကိုရင်ကလေး ပိစိကွေးလည်း ဖြူဖွေးသီလ ကျင့်ဆောင်ရသည် ဒသလိင်ဒဏ် သေခံယံနှင့် တစ်ဖန် ခန္ဓက စုဒ္ဒသ ဟု သီလဆိပ်မျိုး တစ်ရာ့ကိုးနှင့် ပြည့်ဖြိုးစုံလင် ဂုဏ်ပန်းလွင်၏ ဆင်ခြင်ရှုက လူ့သီလမှာ ငါးပါးသာတည့် ညစာသောက်စား သားမယားနှင့် မော်ကြွားနေ့စဉ် ပျော်ပွဲဆင်လည်း ကိုရင်ကလေး ပိစိကွေးကား စာရေးစာအံ တညံညံနှင့် ဆာပြန်သော်လည်း ထန်းလျက်ခဲမျှ မစားရဘဲ ပျော်ပွဲကင်းကွာ နေရရှာ၏ သေချာစဉ်းစား ဆင်ခြင်ပွားက ဘုရားမြေးတော် ကိုရင်မော်ကား အဟော်ဝတ ကြည်ညိုရာ့မို့ တွေးဆဆင်ခြင် ဉာဏ်သက်ဝင်လျက် ကိုရင်ကလေး ထင်မသေးနှင့် ဇိနေးရှင်ချစ် မြေးပါတကား။
Unknown, Photo by Ko Kyaw thu.

သူခိုးက သူ့ခိုးရာပါပစ္စည်းပျောက်မှာ စိုးရိမ်နေသလိုမျိုး




Writer by ကယ်ပါတိုင်းသား၊

(တရုတ်သံရုံးကြေညာချက်နှင့်ပတ်သက်၍)


“ မုံရွာကြေးနီ စီမံကိန်းဟာ တရုတ် မြန်မာ ၂ ဖက် စီးပွားရေး အသိုင်းအဝိုင်းတွေအတွက် အကျိုးရှိမဲ့ စီမံကိန်းဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။ မြန်မာ့စီးပွားရေး ဦးပိုင် လီမိတက်နဲ့ တရုတ်နိုင်ငံက မြန်မာဝမ်ပေါင်ကုမ္ပဏီတို့ အကျိုးတူလုပ်နေကြတဲ့ ကြေးနီစီမံကိန်းကို ရည်ရွယ်တဲ့ သဘောထား သုံးသပ်ချက်ထဲမှာ မြန်မာလူမှုအလွှာအသီးသီးအနေနဲ့ စီမံကိန်း အဆင်ပြေချောမွေ့အောင် ဥပဒေနဲ့အညီ အနေအထားကောင်းတွေ ဖန်တီးနိုင်မယ်လို့ မျှော်လင့်တယ်လို့ ဖော်ပြထားပါတယ် ”

တရုတ်သံရုံးရဲ့ကျေညာချက်ထဲမှာ “ မုံရွာကြေးနီ စီမံကိန်းဟာ တရုတ် မြန်မာ ၂ ဖက် စီးပွားရေး အသိုင်းအဝိုင်းတွေအတွက် အကျိုးရှိမဲ့ စီမံကိန်းဖြစ်တယ်” လို့ အတိအလင်းဆိုထားပါတယ်။ နှစ်ဖက်စီးပွားရေးအသိုင်းအဝိုင်းအတွက်နော်။ စီးပွားရေးအသိုင်းအဝိုင်းမဟုတ်တဲ့သူတွေအတွက်မပါဘူး။

မြန်မာပြည်တည်ကထဲက ဘိုးစဉ်ဘောင်ဆက်နေလာကြတဲ့၊ အဲဒီကြေးနီမြေတွေကို စောင့်ရှောက်ပိုင်ဆိုင်ခဲ့ကြတဲ့သူတွေအတွက် မပါဘူး။

ဒေသခံတွေအတွက်မပါဘူး။

ဒီမြေကို တခါမှ ခြေမချဘူးတဲ့ တရုပ်ဝမ်ဘောင်ကုမ္ပဏီအကျိုးစီးချင်တိုင်းစီး၊ ပွားချင်တိုင်းပွားမယ်။

ဒီမြေကို ဘာမှ စီမံခန့်ခွဲခွင့်မရှိတဲ့ ဦးပိုင်ကုမ္ပဏီအကျိုးစီးချင်တိုင်းစီး၊ ပွားချင်တိုင်းပွားမယ်နော်။

အဲဒီမြေကို တသက်လုံးဖက်တွယ်ထွန်ယက်စိုက်ပျိုးနေသူတွေက အဲဒီကုမ္ပဏီနှစ်ခုအတွက် မြေတွေကို စွန့်ခွါပေးရမယ်။

ဒီမြေနဲ့ ပသို့မျှမသက်ဆိုင်သူတွေအတွက်။

ဒီမြေပေါ်မှာ ဘာမှတည်မှီမနေသူတွေအတွက်။၊

ဒီမြေမရှိလဲ ဘာမှမဖြစ်တဲ့သူတွေအတွက် ဒီမြေကိုစွန့်ခွါပေးရမယ်။

ဒီရေတွေ အဆိပ်သင့်ခံပေးရမယ်။

ေ****သောက်တဲ့ရေတွေ သောက်ပေးရမယ်။

လူစဉ်မမှီတွေ မွေးပေးရမယ်။

သက်တမ်းတွေ တိုပေးရမယ်။

ဒီပတ်ဝန်းကျင် အပျက်ခံပေးရမယ်။

ဝမ်ပေါင်နဲ့ ဦးပိုင်ကတော့ ဒီကရတဲ့ကြေးနီတွေနဲ့ လက်နက်ထုတ်မယ်၊ အနိုင်ကျင့်မယ်၊ ဗိုလ်ကျမယ်။

ဒီကရတဲ့ဒေါ်လာတွေနဲ့ သောက်ကြမယ်၊ စားကြမယ်၊ ပျော်ကြမယ်၊ ပါးကြမယ်၊ ငွေထုတ်ပိုက်ပြီးကမ္ဘာပတ်မယ်။

ရိုင်းရိုင်းပြောရင် ဖာချမယ်၊ လင်ငယ်ထားမယ်၊ မယားငယ်ထားမယ်၊ သမီးရဲ့ဦးမယ်၊ ဦးရဲ့သမီးမယ်၊၊ ဖဲရိုက်မယ်၊ ဂျင်ထိုးမယ်၊ ဘောလုံးပွဲလောင်းမယ်၊ တိုက်ဆောက်မယ်၊ ကားစီးမယ်။ သားသမီးကို နိုင်ငံခြားကျောင်းထားမယ်။ ပုဂ္ဂလိကကျောင်းထားမယ်။

အဲဒီလိုတွေလုပ်ဖို့အတွက် ဒေသခံရွာသားတွေက တနယ်ပြီးတနယ်၊ တနေရာပြီးတနေရာ၊ အိုးအိမ်တွေစွန့်ပေးရမယ်၊ မြေတွေစွန့်ပေးရမယ်၊ ရေတွေအဆိပ်သင့်ပြီး ဒေသတခုလုံးအပျက်ခံရမယ်။ ကကြီးခကွေး ကောင်းကောင်းမသင်ရဘူး။

အဲဒီအတွက် ဝမ်ပေါင်နဲ့ဦးပိုင်ကလူတွေက ဒေသခံတွေကို သူတို့တိုက်တာနေအိမ်တွေ အစားပေးတာမဟုတ်၊ နေရာချင်းလဲပြီး ဒေသခံတွေ ရန်ကုန်ပို့၊ နေပြည်တော်ပို့၊ ပီကင်းပို့။ သူတို့က လက်ပတောင်းတောင်ခြေမှာလာနေ၊ အဆိပ်သင့်ရေလေးသောက်။ လူမပီမသကလေးလေးတွေမွေး။ အဲဒီလိုနေကြတာမဟုတ်။

ဘယ်ဥပဒေနဲ့ညီသလဲ တရုတ်သံရုံးကြီးရဲ့။

မြန်မာလူမှုအလွှာအသီးသီးက ဝမ်ဘောင်နဲ့ဦးပိုင်ကိုယ်ကျိုးစီးပွား မတရားရှာကြတဲ့ကိစ္စမှာ ဘာလုပ်ပေးရမှာပါလိမ့်။

ဒို့ဒေသခံတွေကို ဝိုင်းသတ်ပေးရမှာလား။

ကြေးနီတွေကို လုပ်အားပေးခေါ်ပြီးထုတ်ပေးရမှာလား။

အောင်မင်းက ကျေးဇူးဆပ်ရမယ်ပြောလိုက်လို့ မြန်မာ့ဇာတိသွေး၊ ဇာတိမာန်တွေ ချွတ်ခြုံကျသွားပြီထင်နေသလား။

အောင်မင်းက ကြောက်နေရပါတယ်ပြောလိုက်လို့ မြန်မာတပြည်လုံး တုံးလုံးလှဲပေးရမှာလား။ ပြောပါအုံး သံရုံးကြီးရယ်။

အဲဒီကုမ္ပဏီ ၂ ခုအကျိုးစီးပွားအတွက် ဒေသခံတွေဘဝပျက်ပေးဖို့ ဘယ်လူလုပ်တဲ့ဥပဒေမှာမှ မရှိဘူး။

သံရုံးကြီးတို့လို ကြောင်ဖြူနဲ့ခုတ်ခုတ်၊ ကြောင်မဲနဲ့ခုတ်ခုတ်၊ ကြွက်ရဖို့အဓိကပေါ်လစီမှာတော့ ဒီဥပဒေမျိုးတွေ ရှိနိုင်တာပေါ့။

သေချာပါတယ်။ သံရုံးကြီးတို့မှာတော့ ရှိပါတယ်။

ဒို့သာသနာရဲ့ကျေးဇူးရှင်လယ်တီဆရာတော်ကြီး အထိမ်းအမှတ်တွေ လွယ်လွယ်နဲ့ဖျက်ဆီးဖို့ လုပ်ကြတယ်လေ။ သံရုံးကြီးတို့မှာ ယဉ်ကျေးမှုတန်ဖိုးနဲ့ အကျိုးစီးပွားကို ခြားမှ မခြားနိုင်တော့ဘဲ။ တားရကောင်းမှန်း မသိခဲ့ကြတာဘဲ။

နတ်နေကိုင်း မချိုင်ရဘူးဆိုတာ သိမှ မသိတာဘဲ။

ကမ္ဘာ့ဒဿနပညာရှင်တွေ တော်တော်များများ ကျေးဇူးသိရတဲ့ဆရာတော်ကြီးလေ။

ဝိပဿနာဆရာကြီးဦးဂိုအင်ကာ ကမ္ဘာ့ဘယ်နေရာမဆို တရားပြတိုင်း ဒီဆရာတော်ကြီးကျေးဇူးကို ထုတ်ထုတ်ဆပ်နေကြ။

လယ်တီဆရာတော်ဟာ မြန်မာ့ဗုဒ္ဓသာသနာရဲ့အဆက်ထုံးကြီးဆိုတာကို စီးပွားရေးအကျိုးအမြတ် သက်သက်လောက်သာ နုားလည်တဲ့၊ စီးပွားရေးအကျိုးအမြတ်ကို တရားဥပဒေလို့တောင်ထင်နေတဲ့ ယဉ်ကျေးမှုအဆင့်အတန်းမဲ့ ကုမ္ပဏီ၂ ခုက ဘာမှ မသိဘူး။ သိရကောင်းမှန်းလဲ သိပုံမရဘူး။

ဒို့ဆီမှာတော့ ဥပဒေနဲ့ညီစရာကို အကြောင်းမရှိဘူး။

ယဉ်ကျေးမှုနဲ့ညီစရာအကြောင်းမရှိဘူး။

ကိုးကွယ်ရာဘာသာတန်ဖိုးထားမှုနဲ့ ဘာမှမညီဘူး။

ဒို့တန်ဖိုးထားတဲ့လူမှုပုံစံနဲ့လဲ တခြားစီ။

မွေးရာပါအသိတရားနဲ့လဲ မညီဘူး။

လူ့ဂုဏ်သိက္ခာနဲ့လဲ မညီဘူး။

ကုန်ကုန်ပြောရရင် လမ်းဘေးအကြော်တဲယဉ်ကျေးမှုနဲ့တောင် မညီဘူး။ အကြော်တဲကမှ သူ့နောက်က အိမ်ရှင် အဝင်အထွက်မထိခိုက်အောင် ဘယ်လိုနေပေးရမယ်ဆိုတာရှိသေးတယ်။

ဦးပိုင်အတွက်လဲ ဘာဥပဒေမှမရှိဘူး။ အဲဒီကုမ္ပဏီဟာ အောက်ခြေတပ်မတော်မိသားစုလေးတွေ အဆင်ပြေဖို့တဲ့။ တပ်မတော်အငြိမ်းစားကြီးတွေအတွက်တဲ့။ အဲဒီလိုရည်ရွယ်ချက်နဲ့ထောင်ထားတာလို့ လွှတ်တော်ထဲမှာတောင် ဗိုလ်ချုပ်ဝေလွင် တရားဝင်ပြောသွားသေး။

တပ်မတော်မိသားစုလေးတွေ ဗိုက်ဝဖို့ အရပ်သားမိသားစုလေးတွေ ငတ်သေကြဥပဒေမရှိဘူး။

တပ်ထွက်တွေ အသက်ရှည်ဖို့ တပ်မထွက်တွေ မြန်မြန်သေကြဥပဒေမရှိဘူး။

ပြည်သူတွေ သက်သာချောင်ချိဖို့ဆိုတာတောင် ပါလိုက်သေး။ အဲဒါကြောင့် မသက်သာ မချောင်ချိတာတွေလုပ်မယ်ဆိုရင်ကို ဥပဒေချိုးဖောက်ပြီးသားဘဲ။

အဲဒါကြောင့် “သုံးသပ်ချက်ထဲမှာ မြန်မာလူမှုအလွှာအသီးသီးအနေနဲ့ စီမံကိန်း အဆင်ပြေချောမွေ့အောင် ဥပဒေနဲ့အညီ အနေအထားကောင်းတွေ ဖန်တီးနိုင်မယ်လို့ မျှော်လင့်တယ် ” လို့ဆိုပြီး မျှော်လင့်နေစရာကို အကြောင်းမရှိဘူး။

အဲဒီမြေတွေဟာ ဦးပိုင်၊ ဝမ်ဘောင်ကုမ္ပဏီ ၂ ခုလုံးနဲ့ကို ဘာမှမဆိုင်ဘူး။ ဘာ့ကြောင့်ဆို ကုမ္ပဏီဖြစ်နေလို့ဘဲ။ နောက်ပြီး ဝမ်ဘောင်က တရုတ်ပြည်က။ မြန်မာပြည်နဲ့ ဘာမှကိုမဆိုင်။ လက်ပတောင်းတောင်နဲ့ဆိုဝေးရော။

ဦးပိုင်က တပ်မတော်ကလူတွေ။ အငြိမ်းစားတွေ။ လုံလောက်တဲ့လုပ်ခလစာ၊ ပင်စင်လစာ၊ ယူထားပြီးသား။ ပင်စင်အပြင် နောက်ဆက်တွဲ အရပ်ဖက်ရာထူးပါ ပေးထားပြီးသား။ နိုင်ငံတော်က လုံလုံလောက်လောက်ပေးထားပြီးသား။ နေစရာတိုက်၊ စီးစရာကား၊ မာလီ၊ မာလီအတွက်လစာ၊ ကူလီ၊ ကူလီအတွက်လစာ၊ ထမင်းချက်၊ ထမင်းချက်အတွက်လစာ၊ အလုပ်၊ အကုန်၊ အကုန်၊ တတိုင်းပြည်လုံးကြွေးတင်ခံပေးထားပြီးသား။ လက်ရှိတပ်မတော်သားတွေအတွက်လဲ လုံလုံလောက်လောက်ပေးထားပြီးသား။

ဒီပြည်မှာ ကာကွယ်ရေးဟာ တပ်မတော်ဟာ စရိတ်အသုံးဆုံး။ ကြိုက်သလောက်သုံး။ စာရင်းတောင် မစစ်ဘူး။ လိုသေးရင် လွှတ်တော်ရှိတယ်။ ထပ်တောင်း။ လွှတ်တော်က တပ်ထွက်တွေရဲ့မာလီ၊ ကူလီဖိုးတောင်ပေးသေးတာ။ လက်ရှိ တာဝန်ထမ်းနေသူအတွက်တော့ ပြောကို မနေနဲ့တော့။ ကျန်တဲ့ဝန်ထမ်းတွေထက် လစာ၊ ရိက္ခာ၊ နေစရာပိုလို့တောင် ပေးထားပြီးသား။

ဦးပိုင်ထဲမှာလဲ လက်ပတောင်းသားတယောက်မှမပါဘူး။ အဲဒီနေဖူးတဲ့သူ တယောက်မှမပါဘူး။ လက်ပတောင်းနဲ့ ဘာမှကို မဆိုင်ဘူး။ မင်းတို့ဖယ်ကြ၊ ဒို့ မင်းတို့မြေအောက်က ကြေးတွေတူးရောင်းမယ်လုပ်လို့ကို မရဘူး။ ရောင်းချင်းရောင်း သူတို့ဖာသာတူးရောင်းရမှာပေါ့။ ကြည့်လေ၊ ဦးပိုင်ကုမ္ပဏီအမြတ်တွေတောင် တပ်မတော်မိသားစုတွေအတွက်တဲ့။ ပြည်သူတွေအတွက်၊ လက်ပတောင်းဒေသခံတွေအတွက်မှ မပါတာ။

သံရုံးကပြောသေးတယ်၊ “ဒီစီမံကိန်းဟာ သေးသေးဖွဲဖွဲ စီမံကိန်းလေး မဟုတ်ဘူးဆိုတာကို မမေ့ပါနဲ့၊ ၂ ဖက်လုံးအတွက် အကျိုးရှိစေတဲ့ စီမံကိန်းလို့ ကျွန်တော်တို့ နားလည်ထားပါတယ်၊ ၂ ဖက်လုံးအတွက်လဲ အကျိုးအမြတ်တွေ ဖန်တီးပေးနေပါပြီ၊ ဒေသခံအလုပ်သမား ၂ ထောင်ကျော်လောက်ကိုလဲ အလုပ်ခန့်ထားတာပါ၊ တကယ်လို့ တခုခုများဖြစ်ခဲ့ရင် လူတွေအများကြီး အလုပ်ပြုတ်ကုန်မှာပါ ” တဲ့။ လူနှစ်ထောင်ကြီးများတောင် အလုပ်ပေးထားဆိုကိုး။ တခုခုဖြစ်ခဲ့ရင် အလုပ်ပြုတ်သွားမယ်တဲ့၊ ဖြဲတောင်ချောက်လိုက်သေး။ ရီစရာကြီးဘဲ။

သိမ်းခံရထားရတဲ့၊ မင်းတို့ မြေစာပုံနေတဲ့စိုက်ပျိုးမြေ ဧက ခုနှစ်ထောင်မှာ လူနှစ်သောင်းလောက်အလုပ်လုပ်လို့ရတယ်ဟဲ့၊ သံရုံးကြီးရဲ့။ တသက်လုံး၊ ဘာအန္တရာယ်မှမရှိ၊ လွတ်လွတ်လပ်လပ်အလုပ်လုပ်လို့ရတယ်။

ဘာတဲ့ “ တရုတ်ရင်းနှီးမြှုပ်နှံသူတွေရဲ့ ဥပဒေကြောင်းအရ ရပိုင်ခွင့်တွေ အခိုင်အမာ အကာအကွယ်ရအောင် ဘယ်လိုလုပ်မှာလဲ ” တဲ့။

သိတတ်လွန်းရန်ကော သံရုံးကြီးရယ်။

သိပ်တော်တဲ့သံရုံးကြီး။

ဒေသခံတွေဖက်ကသာ အဲလိုလေး တချက်ဝင်စဉ်းစားလိုက်ရင် ဝမ်ပေါင်ကို သံရုံးကြီးကိုယ်တိုင် ပြန်ပို့လိုက်မိမှာဘဲ။

အင်း .. သူခိုးက သူ့ခိုးရာပါပစ္စည်းပျောက်မှာ စိုးရိမ်နေသလိုမျိုးဖြစ်နေတာတော့ အမြင်မတော်ပါဘူး။

ဒေါ်စုပြောသလို သံရုံးကြီးတို့ပါ နိုင်ငံကြီးသားပီသကြဖို့ကောင်းတယ်။

ကယ်ပါတိုင်းသား

မလေးရှားရောက် ဆိုင်ကယ် စီးသူများ မော်တော်ယာဉ်မောင်းသူများ အားလုံးအတွက်


မလေးရှားလိုင်စင်ဥပဒေအရ နိုင်ငံ 32 နိုင်ငံအား JPJ တွင်လိုင်စင်မလျှောက်ပဲ အလိုလျှောက် ယဉ်မောင်ခွင့်သတ်မှတ်ပေး တယ်လို့ ပြီးခဲ့တဲ့ အပတ်က JPJ့  ပို့ဆောင်ရေးဝန်ကြီးရဲ့ အမိန့်ကြော်ငြာစာ အပြီးမှာ မြန်မာနိုင်ငံသား ယာဉ်မောင်းနှင်သူတွေအတွက် သတိထားစရာ အချက်တစ်ချက်ကို ပြောပြဖို့ လိုအပ်လာပါပြီ ။
Deputy Transport Minister Jelaing Mersat က နိုင်ငံပေါင်း 32 နိုင်ငံမှ ထုတ်ပေးသော ယဉ်မောင်းလိုင်စင်များ မလေးရှားတွင် အလိုလျှောက် မှတ်ပုံတင်ပြီးဖြစ်ကြောင်းနှင့် တရားဝင် မောင်းနှင်နိုင်ကြောင်း ပြီးခဲ့တဲ့ တနင်္လာနေ့က ပြောကြားသွားခဲ့ပါတာကိုတွေ့ရသလို ။
ဂျနီဗာ တွင် 1949 နဲ့ 1968 ခုနှစ်များက ကျင်းပခဲ့သော အစည်းအဝေးရဲ့ ဆုံးဖြတ်ချက်များ အရ အတည်ပြုခြင်းခံထားရတဲ့ နိုင်ငံအားလုံး ပါဝင်ပါတယ်လို့ ပို့ဆောင်ရေးဝန်ကြီးက အတည်ပြုပြောကြားသွားခဲ့ခြင်းဖြစ်ပါတယ် ။ ဒီလို ဆိုတော့ အဆိုပါ 32 နိုင်ငံထဲမပါတဲ့ မြန်မာနိုင်ငံသားများအဖို့ ယာဉ်မောင်းနှင်ရေးမှာ သတိထားစရာဖြစ်လာတာက မြန်မာနိုင်ငံက ထုတ်ပေးတဲ့ နိုင်ငံတကာ ယာဉ်မောင်းလိုင်စင် ပြလို့မရတော့တာကို သတိထားရတော့မည်ဖြစ်ပါတယ် ။
ပို့ဆောင်ရေးဝန်ကြီးဌာနရုံးမှာ ပြုလုပ်တဲ့ အဆိုပါ သတင်းကြော်ငြာချက်မှာ အခြား 115 နိုင်ငံအတွက်တော့ ယခု အတည်ပြုပေးတဲ့ အလိုလျှောက် လိုင်စင်မှတ်ပုံတင်ပြီးစနစ်မှာ မပါဝင်ကြောင်း သို့သော် အဆိုပါနိုင်ငံသားများအနေဖြင့်ပို့ဆောင်ရေးဝန်ကြီးရုံးများမှာ လိုင်စင်တရားဝင်ပြောင်းလဲလျှောက်ထားနိုင်ကြောင်း JPJ ဒါရိုက်တာ ကဖြေကြားသွားခဲ့တာကို လည်းသိခဲ့ရပါတယ် ။
ထိုသို့တရားဝင်လိုက်စင်လျှောက်ဖို့မြန်မာနိုင်ငံသားတွေ အဆင်ပြေပါ့မလားဆိုတဲ့ စဉ်းစားချက်အရ အောက်ပါ အချက်လက်များကို တတ်နိုင်သလောက်မေးမြန်းစုံစမ်းပြီး ရွှေမြန်မာတို့သိစေရန် အတတ်နိုင်ဆုံးဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ် ။
 ဘယ်လိုလိုင်စင်လျှောက်ကြမလဲ ?
သတင်းထောက် အာမက် ရဲ့မေးခွန်းဖြစ်တစ်ခုဖြစ်တဲ့ အခြားနိုင်ငံတွေအတွက် ကော ဘယ်လို ဥပဒေအရ တရားဝင်လျှောက်ထားနို်င်မည်လဲ ဆိုတဲ့မေးခွန်းကို ဖြေကြားတဲ့နေရာမှာ နိုင်ငံခြားသား တွေအတွက် တရားဝင်လိုင်စင်ထုတ်ပေးတဲ့နေရာမှာ Reject ဖြစ်ရတဲ့ အကြောင်းအရင်းက JPJ ရဲ့ လိုအပ်ချက် စည်းကမ်းများနဲ့ မကိုက်ညီလို့ဖြစ်ကြောင်း ။
These requirements involve visa and passport validity period, valid driving licence, a translation of the driving licence if it is not written in English, verification of the driving licence from the embassy of the issuing country or verfication from the licence's issuing authority, as well as completing the JPJ form with supporting doc**ents including coloured photo.
လိုအပ်သောစည်းကမ်းများအနေဖြင့်
  1. သက်တမ်းအပြည့်ရှိသော ပတ်စပို့ နှင့် နေထိုင်ခွင့်ဗီဇာ 
  2. မူရင်း မိခင်နိုင်ငံမှ လိုင်စင် အား အင်္ဂလိပ်လို ဘာသာပြန်ထားသော ဘာသာပြန်နိုထရီ ( အင်္ဂလိပ်ဘာသာဖြင့်မဟုတ်ပါက)
  3. သက်ဆိုင်ရာ သံရုံးများ (သို့) နိုင်ငံမှ ထုတ်ပေးသည့်လိုင်စင်မှာ အစစ်အမှန်ဖြစ်ကြောင်းထောက်ခံစာ
  4. JPJ မှ ထုတ်ဝေသည့် ဖောင်ဖြည့်စွက်မှု့နှင့် ကာလာလိုင်စင်ပုံ စသည့် အချက်များသည်  နိုင်ငံခြားသားများအား လိုင်စင်ထုတ်ပေးရာတွင် အဓိကလိုအပ်ချက်များဖြစ်ကြောင်း
 ဆက်လက်ရှင်းပြသွားခဲ့ပါတယ် ။ မြန်မာတွေအတွက်တော့ ထူးခြားချက်များရှိပါကဆက်လက်စုံစမ်းပြီး သိရှိသည်နှင့် တင်ဆက်ပေးသွားမည်ဖြစ်ပါတယ် ။
"For the conversion, applications will be imposed an annual fee of RM30 for the licence and a processing fee of RM20," said Jelaing.
လိုင်စင်အတွက် ကုန်ကျစရိတ်မှာ လိုင်စင်ကြေး 30 ရင်းဂစ်နှင့် ဆောင်ရွက်မှု့ အဆင့်ဆင့်အတွက် ကုန်ကျစရိတ် 20 စုစုပေါင်း 50 သာ လိုအပ်ကြောင်းကိုလည်း ဆက်လက်ရှင်းပြသွားခဲ့ပါတယ်။
He added that JPJ records show that of 13,252 applications, 8,469 were approved between 2010 and Oct 30 this year.
ဆက်လက်ပြီး ပြီးခဲ့တဲ့ အောက်တိုဘာလ 30 ရက်နေ့ 2012 ခုနှစ်မှ ယနေ့ထိတိုင် နိုင်ငံခြားသား 13252 ဦးလျှောက်ထားရာမှ တရားဝင်သော လူ 8469 ဦးအား လိုင်းစင်ထုတ်ပေးနိုင်ခဲ့ကြောင်းကိုလည်းဆက်လက်ရှင်းပြသွားခဲ့ပါတယ် ။
အလိုလျှောက် မောင်းနှင်ခွင့်ရရှိသော နိုင်ငံများ အနေဖြင့် Australia, Iraq, Papua New Guniea, Belgium, Italy, France, Holland, Japan, Poland Brunei, German, Russia, China, Korea, Spain, Denmark, Laos, Singapore, Fiji, Libya, Switzerland, Philippines, Mauritius, Thailand, Finland, Egypt, Turky, Hong Kong, New Zealand, Taiwan, Iran and Nigeria နိုင်ငံများ ဖြစ်ကြောင်း ရွှေမြန်မာတို့အတွက် တင်ဆက်ပေးလိုက်ရပါတယ် ။
အထက်ပါ ကြော်ငြာချက်ကြောင့် ယခင်ကဲ့သို့ နိုင်ငံတကာ လိုင်စင်ပြပြီးမောင်းနှင်နေကြသော ရွှေတို့အတွက် သတိထားရန် လိုကြောင်း မလေးရှား ဧဒင်ရဲ့ မြန်မာတို့အတွက် အထူးသတင်းများကို ဆက်တိုက်တင်ဆက်နေကျအတိုင်း တင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာ ။
Editor Group
www.edinooyin.com

စိန်​စီ​ထား​သည့်​​ ​ဂြိုလ်​တစ်​လုံး​​ ​ရှာ​ဖွေ​တွေ့



နက္ခတ်ဗေဒ ပညာရှင် အဖွဲ့တစ်ခုသည် စိန်စီ ထားသော ဂြိုဟ် တစ်လုံးကို ရှာဖွေ တွေ့ရှိ ခဲ့ကြောင်း သိရသည်။ ကာဘွန်ရင်းမြစ် အလွန် ပေါကြွယ်ဝသော အဆိုပါ ဂြိုဟ်ကို WASP-12b ဟု အမည် ပေးထားပြီး ကမ္ဘာမှ အလင်းနှစ် ၁၂၀၀ အကွာတွင် တည်ရှိ နေသည်ဟု ဆိုသည်။
ယင်းဂြိုဟ်သည် ကာဘွန် အသွင်ကွဲ တစ်မျိုး ဖြစ်သည့် စိန်များ ဖွေးဖွေးလှုပ် ကြွယ်ဝစွာ ရှိနေမည် ဟု ယူဆ ရကြောင်း သုတေသီများက ပြောကြားခဲ့သည်။ ကမ္ဘာဂြိုဟ်သည် ကာဘွန် ပါဝင်​ ဖွဲ့စည်းမှု နည်းပါးပြီး အောက်စီဂျင် ဓာတ်ငွေ့ များပြားသော်လည်း ယင်းဂြိုဟ်ကမူ အောက်စီဂျင် ပြတ်လပ်နေပြီး ကာဘွန် ဖွဲ့စည်းမှုက ရာခိုင်နှုန်း အများဆုံး ပါဝင်​ လျက်ရှိသည်။ WASP ပရောဂျက်က တွေ့ရှိခဲ့သဖြင့် ဂြိုဟ်အမည်ကို WASP-12b ဟု အမည် ပေးခဲ့ခြင်း ဖြစ်ပြီး အမေရိကန် နိုင်ငံ၊ မက်ဆာ ချူးဆက် နည်းပညာ ကျောင်းမှ ပညာရှင် နီကူမန်ဟွန်ဟန်းနှင့် အပေါင်းအဖော်များက ရှာဖွေ နိုင်ခဲ့ခြင်း ဖြစ်သည်။
ဂြိုဟ်တစ်ခုလုံးမှာ အလွန် ပူပြင်းပြီး ကာဘွန်ဓာတ်များနှင့် ဖွံစည်းထားကြောင်း၊ ဂြိုဟ်မျက်နှာပြင်မှာ ကျောက်သား အလွန် များပြားသည်ဟု ယုံကြည် ရကြောင်း နီကူမန်က ရှင်းပြခဲ့သည်။ WASP-12b သည် မိမိတို့အတွက် အလွန် အရေးပါသော စူးစမ်းရှာဖွေ တွေ့ရှိမှု ဟုလည်း ၎င်းက ဆိုသည်။ အဆိုပါ ဂြိုဟ်သည် ၎င်း ဗဟိုပြု လှည့်ပတ်နေသည့် ကြယ်တာရာနှင့် အလွန် နီးကပ် သဖြင့် အပူချိန်မှာ ပြင်းထန် လှကြောင်း သိရသည်။ ထို့အပြင် ကြယ်တာရာကို လှည့်ပတ်သည့် မြန်နှုန်းလည်း မြင့်မားလှရာ တစ်ပတ်တွက် (၂၆) နာရီသာ ကြာမြင့်သည်။
ကမ္ဘာ ဂြိုဟ် သည် ၎င်းဗဟိုပြုရာ ကြယ်တာရာ ဖြစ်သည့် နေကို တစ်ပတ်ပြည့်အောင် လှည့်ပတ်ရန် အချိန် ၃၆၅.၂၅ ရက် ကြာမြင့်ကြောင်း သိရှိရသည်။
@လူထုအသံ

*** သီလငယ် နှစ်ဆယ့်လေးပါး (စူဠ သီလ) ***


(၁) သတ္တ၀ါ တို့ဧ။် အသက်ကို မသတ်ခြင်း ။

(၂) သူတပါးဧ။် ပစ္စည်း မခိုးယူခြင်း ။

(၃) မေထုန် မမှီဝဲခြင်း ။

(၄) လိမ်လည် ၊ မုသား မဆိုခြင်း ။

(၅) ဂုံးချော စကားမပြောခြင်း ။

(၆) ကြမ်းတမ်းသော စကား မပြောဆိုခြင်း ။

(၇) သိမ်ဖျင်းသော စကားကို မဆိုခြင်း ။

(၈) မျိုးစေ့ သစ်ပင်များကို မဖျက်ဆီးခြင်း ။

(၉) နေ့လွဲ ညစာ မစားခြင်း ။

(၁၀) သီဆို တီးမှုတ်ခြင်း မပြု ၊ သူတပါးကိုလည်း မတိုက်တွန်းခြင်း ။

(၁၁) ပန်းပန်ခြင်း၊ နံ့သာ လိမ်းခြင်း မပြုခြင်း ။

(၁၂) မြင့်မြတ်သော နေရာမှာ မထိုင်ခြင်း၊ မအိပ်ခြင်း ။

(၁၃) မချက် ၊ မပြုတ်၊ မကြော်၊ မလှော်ရသေးသော ဆန်စပါးများကို အလှူမခံခြင်း ။

(၁၄) ရွှေ၊ ငွေ၊ ပိုက်ဆံတို့ကို ကိုယ်တွယ် ခြင်းမှ ရှောင်ကြဉ်ခြင်း ။

(၁၅) သားစိမ်း ၊ ငါးစိမ်း များကို ခံယူ ကိုင်တွယ်မှုမှ ရှောင်ကြဉ်ခြင်း ။

(၁၆) မိန်းမပျို ၊ မိန်းမအို စသည်တို့နှင့် ခံယူကိုယ်တွယ်မှုမှ ရှောင်ကြဉ်ခြင်း။

(၁၇) ကျွန်ထီး ၊ကျွန်မ တို့ကို ခံယူခြင်းမှ ရှောင်ကြဉ်ခြင်း ။

(၁၈) ကြက် ၊ ၀က် ၊ ဆိတ် တို့ကို အလှု မခံခြင်း ။

(၁၉) လယ်ယာ ကိုင်းကျွန်းတို့ကို ခံယူခြင်းမှ ရှောင်ကြဉ်ခြင်း ။

(၂၀) သံတမန် အမှုကို မပြု ခြင်း ၊ အစေအပါး ခံယူခြင်းမှ ရှောင်ကြဉ်ခြင်း ။

(၂၁) အရောင်းအ၀ယ် ပြုလုပ်ခြင်းကို ရှောင်ကြဉ်ခြင်း ။

(၂၂) ချိန်ခွင်စဉ်းလဲ ၊ ခွက်စဥ်းလဲ ပြုလုပ်ခြင်း တို့မှ ရှောင်ကြဉ်ခြင်း ။

(၂၃) လာဘ်စားခြင်း ။ လှည့်ပတ်ခြင်းမှ ရှောင်ကြဉ်ခြင်း ။

(၂၄) လုယက်ခြင်း ။ ဖျက်ဆီးခြင်းမှ ရှောင်ကြဉ်ခြင်း ။
“အိုခြင်း တရားကို “ သီလ၊ သဒ္ဓါ၊ ပညာ၊ နဲ့  ကုသိုလ်ကောင်းမူ့ ” နဲ့  တန်ဆာဆင်ပါ။

တရားဗဟုသုတ တိုးပွါးနိုင်ကြပါစေ...။“

အမေ့အလွမ်းပြေ


ရေခြားမြေခြား
တစ်ပါးတိုင်းတွင်
သင်ယူပညာ
စေရာတာဝန်
ကျေပွန်စေရာ
ကြိုးစားပါလည်း
သည်းခိုက်တုန်မျှ
ချမ်းအေးလှသည့်
ညအမှောင်ထဲ
မျက်ရည်ဝဲလျက်
ငယ်စဉ်ကာလ
အညာဒေသ
ဆောင်းကာလတွင်
အမေ့ရင်ခွင်
ခိုဝင်မှေးစက်
အိပ်ခဲ့ရက်တွေ
ပြန်လည်တမ်းတ
လွမ်းနေရတယ်
အမေရယ်.....

မန္တလေး....(ရွှေအလင်္ကာ)ပြိုင်ပွဲဝင်ကဗျာ


ပဒေသရာဇ်  ရနံ့နဲ့  ကျော်ကြားဖူးတယ်....
တစ်ချိန်ကနန်းဟန်နဲ့ မန္တလေး......။
ဘုရာကြီးနဲ့ မန္တလေးတောင်
မြင်းလှည်းလေးနဲ့၊ရွှေခြေကျင်းခတ်တဲ့    မန္တလေး.......။
စစ်အကြိမ်ကြိမ်ခင်းဖူးတယ်......
စစ်တလင်းက....ပြာ.....
ခေါင်းမော့လို့  ခေါင်းလျှော်ခဲ့ဖူးတယ်.....။
အပျိုရည်ပျက်လည်းသွေးမပျက်ဘူး......
အံခဲရင်းထိုးမုန့်စားနေတဲ့  မန္တလေး.........။
ပြီးတော့......
ပစ္စုပ္ပန်ထဲကမန္တလေး......
မနှူံးမနှပ်၊အိပ်မက်နဲ့ စိန်စီ
ဇာတိသားတို့ရဲ့  မလှုံမခြုံအတွေးနဲ့  မန္တလေး...။
ကျွန်တော်  ကျွန်တော်နဲ့  အသံလေး
မော်စီတုံးလား  နေရူးလား
တကယ်ပဲ  မြို့လုံးကျွတ်ဝဲသွားတဲ့  မန္တလေး...။
နန်းတော်ရှေ့နဲ့  ဟောင်းလျက်သစ်လိုတဲ့ မြို့သစ်တွေနဲ့
နေပျော်လာတဲ့
နာရီစင်  ငိုရရှာတဲ့မန္တလေး...။
အဓိပတိ  လမ်းတွေလည်း
အမည်မပြောင်းခဲ့
ဒါပေမယ့်
လမ်းမထက်က  အချက်ပေးသံ
နေရေးကိုစိန်ခေါ်လာပေါ့။
အခုတော့..အမည်မဲ့ဘူတာရုံလေးမှာ
တိမ်ပေါ်ရထားစောင့်ရင်း
ကိုယ့်အမည်  ကိုယ်ပြန်ရှာနေတဲ့
မန္တလေး......။
မန္တလေး...။

ပတ္တမြားရွှေဂူ( လေးဆစ်ကဗျာ)


ပြစ်မရှိ ပြစ်ရှာ

လမင်းကို ခွေးဟောင်လို့
ရွှေလရောင် ပြောင်မပျက်တယ်
ထွန်းလျက်ပင်သာ။

မြရွှေဂူ ပတ္တမြားကိုလ
ဝက်များက ငြူစူစွာ
ညွန်လူးကာတိုက်နဲ။

ပွတ်လေလေ
ဂူရွှေမှာ အရောင်ထွက်တယ်
ရှေးကထက်ကဲ။

(လေးဆစ်)
မန်လည်ဆရာတော်

"ပတ္တမြားရွှေဂူ" ကဗျာသည် "မန်လည်ဆရာတော်" ရေးဖွဲ့ခဲ့သော လေးဆစ်ကဗျာဖြစ်သည်။ လေးဆစ်ကဗျာဆိုသည်မှာ အချိုးအဆစ်လေးခု ပါဝင်သော ကဗျာမျိုးဖြစ်သည်။

လူမျိုး(၁၀၁)ပါး (အချုပ်တန်းဆရာဖေ)



မြန်မာသတ္တ ၊ မွန်လေးဝနှင့်
ရှမ်းကသုံးဆယ် ၊ ခြောက်ဆယ်ကုလား
ရာ့တစ်ပါး ။ ။


သည်ခေတ်တွင်သည်ကာလ
ငွေစတဲ့ရှေ့ဆောင် မွဲလျင်ဖြင့် လူ့ဘောင်မှာ
ခွေးတောင်မှမလေး ။ ။
ဆွေမျိုးကိုမဆိုထားနှင့်
ငွေအားသာဖြစ်ပါတော့သည်
ပုံဆိုသော်မဝေး ။ ။
(အချုပ်တန်းဆရာဖေ)

မိန်းမချောချောလှလှပိုးပန်းလိုလျှင်လိုက်နာရမည့်အချက် (၁၀)ချက်



( ၁ ) ယဉ်ကျေးပျူငှာစွာ ဆက်ဆံပါ။
( ၂ ) ကိုယ် ပြောချင်တာထက် သူပြောချင်တာကို အရင်နားထောင်ပေးပါ။
( ၃ ) သူစိတ်ကောက်နေလျှင် စိတ်ပြေသည့်အထိ စိတ်ရှည်ရှည်ထားပြီး နူးညံ့ပျော့ပျောင်းသော ကိုယ်နှုတ်အမူအရာဖြင့် ပြန်ချော့ပါ။
( ၄ ) အခါအားလျော်စွာ သင်တတ်နိုင်သလောက် လက်ဆောင်ပစ္စည်းများ ၀ယ်ပေးခြင်းဖြင့် သူ၏ ယုံကြည်မှုကို ရယူပါ။
( ၅ ) သူနှင့် သွားနေစဉ် (သို့ ) တွေ့ နေစဉ် အခြားမည်သည့် မိန်းမကိုမှ မည်မျှပင်ချောနေ လှနေသည် ဖြစ်စေ လုံးဝစိတ်ဝင်စားမှု မပြပါနှင့်။
( ၆ ) သင့်ကိုယ်သင် ငွေကြေးချမ်းသာပြည့်စုံမှုထက် ရိုးသားကြိုးစားပြီး ထက်မြတ်သူဖြစ်ကြောင်း သူလက်ခံလာအောင် ပြပေးပါ။
( ၇ ) သင်မဟုတ်တာ (သို့ ) မလုပ်သင့်တာ တစ်ခုကို သူသိထားလျှင် ဇွတ်အတင်း ညာပြီး ငြင်းမနေပါနှင့်။ မိမိအမှားကို ယောက်ျားပီပီ လက်ခံပြီး နောက်မဖြစ်စေရဘူးဟု သူယုံကြည်လာအောင် ပြောဆိုဖြောင်းဖြပြီး ကတိပေးပါ။
( ၈ ) ငါကယောက်ျား နင်ကမိန်းမ ငါပြောသမျှ နင်နားထောင်ရမယ် ၊ လုပ်ရမယ် ဆိုတဲ့ အယူအဆကို လုံးဝစွန့် လွှတ်ပြီး နှစ်ဦးနှစ်ဘက် တရားမျှမျှတတ ဖြစ်အောင် အမြဲ သတိပြုပြောဆိုသွားလာလုပ်ဆောင်ပါ။
( ၉ ) သူနှင့် သွားတွေ့ လျှင် တကိုယ်ရေသန့် ရှင်းအောင် လုပ်ပြီး သပ်သပ်ရပ်ရပ် ၀တ်စားဆင်ယင် ပြီးမှ သွားတွေ့ ပါ။
( ၁၀ ) သင်နှင့်သူ လာတွေ့ စဉ် (သို့ ) သင့်အား သူ့ ဓာတ်ပုံပို့ လိုက်လျှင်ဖြစ်စေ သူပြင်ဆင်မထားလျှင် ကြည့်မကောင်း ဖြစ်နေလျှင်သော၎င်း ၊
       ပြင်ဆင်ထားသော်လည်း တစ်ခုခု လိုအပ်နေရင်ကြည့်မကောင်းဖြစ်နေလျှင်သော်၎င်း ကဲ့ရဲ့ ဝေဖန်ခြင်းမပြုပါနှင့်။ အမြဲလှတယ်၊ တအားချစ်စရာကောင်းတယ်လို့ သာပြောပေးပါ။



(ဆရာတင်လိုပါက ရန်ကင်းသို့လာပီး လမ်းမှာတွေ့သည့်အလန်းလေးများမည်သူ့ကိုမဆို.ရန်ကင်းသားအိမ်သွားချင်လို့ဟု မေးလိုက်ပါက ကိုယ်တိုင်လိုက်ပို့ပေးပါလိမ့်မည်)

Desktop ကိုအလှဆင်တဲ့ Software တစ်ခုပါ......

.
ပုံကိုကြည့်လိုက်နော်.....အလွှာလေးတွေ  လေထဲလွင့်နေသလိုပဲ...မိုက်တယ်.....
ခိုက်ရင်တော့..ယူသွားလိုက်ပါ....
ပေါ့ပေါ့ ပါးပါးလေးပါပဲ..........Keygen ...Crack.....Serial ဘာမှမပါဘူး.....
Install လုပ်ပြီး.သုံးရုံပဲ......
Download ပြုလုပ်ရန်

လူမှုရေးဖောက်ပြန်မှု ၊ ငါးပါးသီလ နှင့် အပျိုစင် လူပျိုစင် .....


သတင်းနှစ်ပုဒ်ကို ဆက်စပ်ပြီးတော့ ဖတ်လိုက်ရပါတယ်လေ.။ စိတ်မကောင်းခြင်းကြီးစွာနဲ့ ဆင်ခြင်ဥာဏ်လေး သတိတရားလေး ရရန်အတွက် မျှဝေလိုက်ပါတယ်.။

လူမှုရေးဖောက်ပြန်ပြီး စကားများရာမှ လူသတ်မှု ဖြစ်ပွား
ရန်ကုန် ဒီဇင်ဘာ ၂
         လူမှုရေးဖောက်ပြန်ပြီး မခံချင်အောင် စကားပြောဆိုရာမှ ရန်ဖြစ်ပြီး ဓားချက်ပေါင်းများစွာဖြင့် ထိုးသတ်ခဲ့သည့် လူသတ်မှုတစ်ခု နိုဝင်ဘာ ၂၅ ရက်က ဒေါပုံမြို့နယ် ဟိုတယ် တစ်ခု၌ ဖြစ်ပွားခဲ့ကြောင်းသိရသည်.။
               ပြစ်မှုကျူးလွန်သူ မောင်မောင်လေး (ခ)မောင်လေး(ခ)ဟာနစ် (၄၇)နှစ် သင်္ဃန်းကျွန်းမြို့နယ်နှင့် သေဆုံးသူ မစမ်းစိမ့်ယဉ် (ခ)မစိမ့်ဆန်းရင် (၃၁) နှစ်မှာ လှိုင်သာယာမြို့နယ်တွင် နေထိင်သူများဖြစ်ကာ ၎င်းတို့နှစ်ဦးသည် လွန်ခဲ့သော နှစ်နှစ်က တွေ့ဆုံရင်းနှီးချစ်ကြိုက်၍ လူမှုရေးဖောက်ပြန်ကာ  ဟိုတယ်တည်းခိုခန်း များတွင် မကြာခဏ တွေ့ဆုံလေ့ရှိကြောင်း သိရသည်.။
             အခင်းဖြစ်ပွားသည့်နေ့က ၎င်းတို့နှစ်ဦးမှာ စကားများပြီး မောင်မောင်လေးက ဓားဖြင့်အချက်ပေါင်းများစွာ ထိုးခဲ့ရာမှ မစိမ့်စမ်းယဉ်မှာ သေဆုံးသွားကြောင်း သိရသည်.။            
ယနေ့ထုတ်ကြေးမုံ သတင်းစာ..


နောက်ဆက်စပ်သတင်းတစ်ခု..

ဒေါပုံလူသတ်မှု သံသယရှိသူ ၁၄ နာရီအတွင်းဖမ်းမိ
ရန်ကုန် နိုဝင်ဘာ ၂၉

           ဒေါပုံမြို့နယ်ရှိ သီရိစံအိမ် ဟိုတယ်တွင် ထိုးသွင်းဒဏ်ရာ ၁၅ ချက်ဖြင့် သေဆုံးခဲ့သော အမျိုးသမီးကို သတ်ခဲ့သည်ဟု သံသယရှိသူကို ၁၄ နာရီအကြာတွင် ဖမ်းမိခဲ့ပြီး စစ်ဆေးဖော်ထုတ်နေပြီးဖြစ်ကြောင်း ဒေါပုံမြို့နယ် ရဲတပ်ဖွဲစခန်း ရဲအရာရှိတစ်ဦးက အတည်ပြု ပြောကြားခဲ့သည်.။
      ယင်းသံသယရှိသူကို နိုဝင်ဘာ ၂၆ ရက်နေ့ ညနေ ၃ နာရီအချိန်ခန့်တွင်  ပခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ်ရှိ ၎င်း၏ဆွေမျိုးတော်စပ်သူ   နေအိမ်၌ ဖမ်းဆီးရမိခဲ့ကြောင်း ဒေါပုံမြို့နယ်ရဲစခန်းထံမှ စုံစမ်းသိရှိရသည်.။ 
       ယင်းအမှုနှင့်ပတ်သက်၍ ဖမ်းမိထားသူကို ခရိုင်ရဲတပ်ဖွဲ့ရုံးမှ ဆက်လက်စစ်ဆေးနေပြီး အကြောင်းရင်းကို မသိရှိရသေးကြောင်း ယင်းရဲစခန်းထံမှ သိရသည်.။သီရိစံအိမ် ဟိုတယ်တွင် နိုဝင်ဘာ ၂၄ ရက်နေ့ ညနေ  ၆နာရီကျော်၌ လှိုင်သာယာ မြို့နယ်နေထိုင်သူ အသက် (၃၁)အရွယ် ဒေါ်စိမ့်ဆန်းရင် နှင့် သင်္ဃန်းကျွန်းမြို့နယ်တွင်   နေထိုင်သူ အသက် (၄၆) နှစ်အရွယ် မောင်မောင်လေး (ခ)မောင်လေး(ခ)ဟာနစ် တို့လာရောက်ခဲ့ကြောင်း  အမျိုးသားဖြစ်သူသည် ညပိုင်းတွင် မုန့်သွားဝယ်မည်ဟု ဟိုတယ်ဝန်ထမ်းကို ပြောပြီး ထွက်သွားရာမှ ပြန်မရောက်၍ နောက်တစ်နေ့ နေ့လယ်ပိုင်းတွင် အခန်းငှား မငှားကို ဖုန်းဖြင့်မေးမြန်းရာမှ ပြန်မဖြေသဖြင့် ဟိုတယ် မန်နေဂျာနှင့်  သန့်ရှင်းရေးဝန်ထမ်း တစ်ဦးက အခန်းကိုသော့ဖွင့်ကြည့်ရာ ခုတင်အောက်၌ သေဆုံးနေသည့် အမျိုးသမီးကိုတွေ့ရှိခဲ့ကြောင်း ယင်းဟိုတယ်ထံမှ သိရသည်.။
           သေဆုံးသူ အမျိုးသမီးကို ပက်လက်ပုံစံ၊ စောင်ဖြင့်အုပ်ထားပြီး ယင်းအမျိုးသမီးတွင် ရင်ဘတ်နှင့် ၀မ်းဗိုက်များတွင် ထိုးသွင်းဒဏ်ရာ ၁၁ ချက်နှင့် နောက်ကျော    ထိုးသွင်းဒဏ်ရာ သုံးချက် ၊ ယာလက်ဖျံပွန်းရှဒဏ်ရာများ အပါအ၀င် ဒဏ်ရာ ၁၅ ချက်ဖြင့် တွေ့ရှိကြောင်း ဒေါပုံမြို့နယ် ရဲစခန်းထံမှ သိရသည်။ သေဆုံးသူအမျိုးသမီးမှာ လှိုင်သာယာမြို့နယ်တွင် ၎င်း၏အမျိုးသားနှင့် အတူတကွနေထိုင်ကာ ကလေးငယ် တစ်ဦးရှိကြောင်း သေဆုံးသူအမျိုးသမီးမှာ ရပ်ကွက်ထဲ၌ နာမည်ပျက်မရှိကြောင်း ယင်းရပ်ကွက် အုပ်ချုပ်ရေးမှူးက  The Voice Weekely သို့ပြောကြားသည်.။
              တရားခံဟု ယူဆရသော မောင်မောင်လေး (ခ)မောင်လေး(ခ)ဟာနစ် (၄၆) ကို ဒေါပုံရဲစခန်းက နိုဝင်ဘာလ ၂၅ ရက်နေ့တွင် (ပ) ၄၆၇/၁၂ ၊ ပုဒ်မ ၃၀၂ ဖြင့်  အမှုဖွင့်ထားကြောင်း ဟိုတယ်တာဝန်ရှိသူတစ်ဦးနှင့် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ စံစမ်းသိရှိရသည်..။
The Voice Weekely

အထက်ပါ သတင်းနှစ်ပုဒ်ကို မူရင်းအတိုင်းကူးယူဖော်ပြခြင်းဖြစ်ပါသည်.။





             သူငယ်ချင်းတို့ရေ အစကတော့ သတင်းနှစ်ပုဒ်ကို မဆက်စပ်မိဘူး.။ နောက် ဆက်စပ်မိသွားတော့ စိတ်ထဲမှာ တော်တော်သံဝေဂ ရသွားတယ်ဗျာ.။
ဖောက်ပြန်မှုလေ..။ ရင်ထဲမကောင်းဘူးဗျာ..။

          သူငယ်ချင်းတို့လည်း ဘယ်လိုအကြောင်း မျိုးမျိုးကြောင့်ပဲ ဖြစ်ဖြစ် ဘယ်လောက်ပဲ ဝေးနေဝေးနေ ဘယ်လိုအခြေနေတွေပဲပေးပေး  ကိုယ့်ချစ်သူ ကိုယ့်ခင်ပွန်း  မိမိဇနီးမယားအပေါ်မှာ သစ္စာထားနိုင်ကြပါစေလို့ သတိပေးလိုပါတယ်.။

အကောင်းနဲ့အဆိုးဒွန်တွဲနေသလို.. ယနေ့ခေတ်မှာ လူသူတော်ကောင်းတွေလည်း ရှိပါသေးတယ်.။
ငါးပါးသော သီလတော်မြတ်ကို လုံခြုံစွာစောင့်ထိန်းနိုင်ဖို့ ကြိုးစားကြစေချင်တယ်.။ ငါးပါးသီလ လုံရင် မိမိ အလိုရှိရာ ဖြစ်လာတယ်.။ သောတာပန်တစ်ယောက်လိုတော့ ဘယ်လုံနိုင်မလဲဗျာ သတိထားပြီး ဆင်ခြင်ရတာပေါ့လေ..။ သစ္စာပြုပြီး ဆုတောင်းပေါ့ .။ မယုံမရှိနဲ့ ကိုယ်တွေ့ပါ.။

အနည်းဆုံးတော့ ကာမေသုနဲ့ သူရာကို အကြောင်းပြချက်မရှိစောင့်ထိန်းစေချင်တယ်ဗျာ..။ ဘာလို့လဲဆိုတော့ အဲ့ဒီကံနှစ်ပါးကို ကျူးလွန်မိတာနဲ့ ကျန်တယ့် ကံတွေ အားလုံး ကျွဲကူးရေပါ ပါလာတယ်လေ.။ အထက်ပါ သတင်းလေးကိုပဲ ဖတ်ပြီး ဆင်ခြင်ကြည့်ကြနော်.။

ချစ်သူတွေလည်း နှစ်ဦးသဘောတူဆိုတယ့် ခေါင်းစဉ်တပ်ပြီးတော့ ကျူးလွန်မနေကြနဲ့နော်.။ ကာမေသုကံဟာ ကာမေသုပါပဲ.။


ဒီခေတ်ကြီးမှာ အပျိုစင် လူပျိုစင်ဆိုတာ တော်တော်ရှားသွားပါပြီ.။ နောက်ဆေးပညာ သဘောအရ ကူးစက်ရောဂါ ဖြစ်ပွားနိုင်ခြေမှာ
အကာကွယ်မဲ့ ဆက်ဆံဖူးသူ( အပျိုရည် ပျက်ပြီးသား လူပျိုရည်ပျက်ပြီးသား ) များဟာ ရာခိုင်နှုန်းများကြောင်းပါ .။
တစ်ကြိမ်တစ်ခါမှ မဆက်ဆံဖူးသူ.. အပျိုစင် လူပျိုစင် တို့မှာ ကူးစက်ရောဂါကူးနှုန်းဟာ မရှိသလောက်ကို တော်တော်ကြီးကို ရှားလွန်းပါတယ်.။
ဒါကြောင့် တစ်သက်မှာ တစ်ခါသာရတယ့် အပျို ဆိုတယ့် ဂုဏ်လေး လူပျိုဆိုတယ့် ဂုဏ်လေးကို မက်မောနိုင်ကြပါစေလို့လည်း ပြောလိုပါတယ်.။
အပျိုစစ်တယ် လူပျိုစစ်တယ်ဆိုတာ (လိင်ဆက်ဆံမှုမှရနိုင်တယ့် )ကူးစက်ရောဂါကင်းတယ်ဆိုတယ့် သက်သေတစ်ခုပါပဲဗျာ.။ ဂုဏ်ယူလိုက်ကြစမ်းပါ.။
အခုချိန်မှာ living logether တွေနေကြ  ဖောက်ပြန်ကြ ရူပ်ကြတယ့် သူတွေ နောက်လေးငါးဆယ်နှစ်ဆိုရင် တဖြုတ်ဖြုတ် ဘယ်လောက်ကြွေမလဲဆိုတာ မသိနိုင်ဘူးနော်......................။ ကျောချမ်းစရာ..................။


အထက်ပါ လူမှုရေးဖောက်ပြန်မှု့ သတင်းလေးကို ဖတ်ပြီးရင် မိမိစိတ်ထဲပေါ်သမျှ မှတ်ချက်ပြုခဲ့ကြနော်..။

အပျိုစစ်တယ် လူပျိုစစ်တယ်ဆိုတာ (လိင်ဆက်ဆံမှုမှရနိုင်တယ့် )ကူးစက်ရောဂါကင်းတယ်ဆိုတယ့် သက်သေတစ်ခုပါပဲဗျာ.။ ဂုဏ်ယူလိုက်ကြစမ်းပါ.။
အပျိုစစ်တယ် လူပျိုစစ်တယ်ဆိုတာ (လိင်ဆက်ဆံမှုမှရနိုင်တယ့် )ကူးစက်ရောဂါကင်းတယ်ဆိုတယ့် သက်သေတစ်ခုပါပဲဗျာ.။ ဂုဏ်ယူလိုက်ကြစမ်းပါ.။
အပျိုစစ်တယ် လူပျိုစစ်တယ်ဆိုတာ (လိင်ဆက်ဆံမှုမှရနိုင်တယ့် )ကူးစက်ရောဂါကင်းတယ်ဆိုတယ့် သက်သေတစ်ခုပါပဲဗျာ.။ ဂုဏ်ယူလိုက်ကြစမ်းပါ.။


ရာဇ၀တ်မှုလူနာ



၁။ မရေးတော့ဟု ဆုံးဖြတ်မိသော်လည်း ဆရာတစ်ပါးမှ အကူအညီတောင်းသဖြင့် တစ်ကြောင်း၊ ဂျာနယ်လစ်တစ်ဦး၏ တာဝန်မဲ့အဖြေကို စိတ်ထဲတွင် ခိုးလိုးခုလုဖြစ်သဖြင့် တစ်ကြောင်းကြောင့် ရေးမိရပါသည်။ ရှေ့တစ်လှမ်းတိုး၊နောက်နှစ်လှမ်းဆုတ်စမ်းဟု စိုင်းထီးဆိုင် သီချင်းပင် ညည်းချင်လာပါသည်။

၂။ ဝေေ၀စီစီ လက်ပတောင်းကိစ္စ ပင်ဖြစ်ပါသည်။ မုံရွာမှ မန္တလေးသို့ သံဃာများပြောင်းရွေ့ကြသည်။ ဆေးရုံက ဆေးမှတ်တမ်းတွင် ရာဇ၀တ်မှု လူနာဟု တုံးထုပေးလိုက်သည်။ ဖေ့စ်ဘုတ်ပေါ်တင်၍ ဖွသူက ဖွသည်။ ဆဲသူကဆဲသည်။ ဆရာဝန်များကို အမျိုးနှင့်ချီ၍ ငါကိုင်တုတ်သူက တုတ်သည်။ ကောင်းပါသည်။ ဇာတိမာန်ထက်သန်ကြပါလေဟု မပြောပဲနေမိပါသည်။ ဂျာနယ်လစ်တစ်ယောက်က ရှယ်ပေးသည်။ သိသူက ရှင်းသောအခါ၊ မသိဘူးလေ၊ သူပြောတဲ့အတိုင်းတင်ပေးတာပဲဟု ဆိုသည်။ အလွန်အင်မတန် တာဝန်ယူမှုပြည့်ဝပါပေသည်။

၃။ ရာဇ၀တ်မှုလူနာသည် ရာဇ၀တ်သားလူနာဟုပြောခြင်းမဟုတ်ပါ။ ဘာသာပြန်လည်းလိုပါလိမ့်မည်။ ယခင်က ရဲအရေးယူပိုင်ခွင့်ရှိသော အမှုကိုပြောခြင်းလားမသိ။ အမှန်တော့ police case ကို ပြန်ထားခြင်းဖြစ်ပါသည်။ ရာဇ၀တ်သားကိုမှ ဆေးရုံက တံဆိပ်တုံးထုပေးခြင်းမဟုတ်ပါ။ ကားတိုက်ခံရသူဖြစ်စေ၊ အရိုက်ခံရသူဖြစ်စေ ရဲစစ်ချက်ယူနိုင်ရန် မှတ်တမ်းတင်ထားခြင်းဖြစ်ပါသည်။ ဆေးရုံတွင် တာဝန်ကျသောရဲမှ မှတ်တမ်းစစ်ချက်ယူထားနိုင်ရန်ဖြစ်သည်။ ခံရသူကဖြစ်ဖြစ်၊ လုပ်သူက ဖြစ်ဖြစ် တိုင်ချက်ဖွင့်လာလျှင် သက်သေသက္ကာယရှိနေစေရန်ဖြစ်သည်။ လူနာအတွက် အထောက်အကူရစေရန်သာဖြစ်သည်။ ကျူးလွန်ခံရသူက ကျူးလွန်သူအပေါ် ထိရောက်စွာတိုင်တန်းနိုင်ရေးအတွက်သာ ဖြစ်ပါသည်။

၎။ ထိုမျှလောက်ကိစ္စကိုတော့ ဂျာနယ်လစ် ဆိုသူများ သိသင့်ပါသည်။ မသိလျှင်လည်း သိအောင်လုပ်ရပါမည်။ “သိဘူးလေ သူပြောတဲ့ အတိုင်းတင်ပေးတာ” ဆိုသည်ကတော့ တာဝန်မဲ့လွန်းပါသည်။ ကျုပ်က ဂျာနယ်လစ်အနေနဲ့တင်တာမှမဟုတ်ပဲ။ ဖေ့ဘုတ်မှာ ပြန်ရှယ်တာပဲဗျာဟု ပြောလိုကပြောပါ။ ပြည်သူကမူ ဂျာနယ်လစ်တင်သောစာကို ပို၍တိကျသော အမှန်တရားအဖြစ် လက်ခံပါသည်။ ပို၍ လေးစားစွာ အမှန်ဟု ခံယူပါသည်။ ထို့အတွက် တာဝန်မယူသည့်တိုင် တာဝန်ကမူ ရှိနေပါမည်။

၅။ မြန်မာတို့၏ ဆွမ်းကြီးလောင်းချင်သော စိတ်ဓာတ်ကိုလည်း အံ့သြရပါသည်။ ဆဲပါသည်။ ရေရေလည်လည်ဆဲပါသည်။ နှစ်ပေါင်းများစွာ ခါးစည်းခံရသူတို့က နိုင်ငံအတွက် ခ၀ါချ၍ လက်တွဲနေသည့်တိုင် အရေးအခင်းကာလတွင် မွေးပင်မမွေးသေးသော သူလေးတို့က ဇာတိမာန်ဇာတိသွေး ထက်သန်ပြနေသည်မှာ ရယ်စရာလည်းကောင်း၊ စိတ်ညစ်စရာလည်းကောင်းပါသည်။ ပိုဆိုးသည်မှာ ငါနှင့် မတူ ငါ့ရန်သူစိတ်ဖြင့် လွတ်လပ်စွာ တွေးကြည့် တောကြည့်သူများအား ပယ်ပယ်နယ်နယ် ဆဲနေကြခြင်းကို စိတ်မချမ်းသာစရာမြင်နေရပါသည်။

၆။ ဖေ့စ်ဘုတ်တွင် မပြောရဟု မရှိပါ။ ပြောနိုင်ပါသည်။ မြန်မာပြည်နိုင်ငံရေးတွင် ဖေ့စ်ဘုတ်သည် နေရာတစ်ခုရလာခဲ့ပါပြီ။ သို့သော် သံကို သံကပင်ဖျက်၍ သံချေးတက်ခဲ့ရပါသည်။ ကိုယ့်ကိုယ်ကို မင်းလောင်းဟု ပြောသူကပြော၊ သဘောတူလျှင်ဖွ၊လက်ခုပ်တီး သဘောမတူလျှင် အားရပါးရဆဲနှင့် ဖြစ်ချင်တိုင်းဖြစ်နေသည်ကတော့ ရုပ်ပျက်လွန်းပါသည်။ နင်က ဘယ်လောက်တတ်လို့တုန်းဟု သူရို့နားမလည်လျှင်မေးမည်။ လက်ဝေခံများအကြောင်းပြောလျှင် ဟိုလူကြီးက စားထားတာ ဒီထက်မကများသေးဟု ကြေးတိုက်မည်။ လိုသောစကားရရန် ဆရာတော်ကြီးများပင်မချန်ကိုးကားမည်။ ဆူရာရွေးနှုတ် သည်းခြေထုတ်၍ ကောက်နှုတ်မည်။ ကောင်းပါသည်။

၇။ ကောင်းပါသည်။ ကိုယ့် အရည်အချင်း အဆင့်အတန်းကိုများများ ပြကြရန် တိုက်တွန်း လိုသည်မှတပါး အခြားဆိုရန်မရှိ။ 

share ထားခြင်းမျှသာဖြစ်ပါသည်။
စာပေဝေမျှသူ(မော်နီကာ)

သံဃာတော်တွေအခြေနေဆိုးရွာနေပြီ


 credit to Shae Shae Century

မန္တလေးမြို..သတင်း....။
မန္တလေးဆေးရုံကြီး.ရောက်နေတဲ့..သံဃာတော်တွေ.ဟာ.မီးလောင်းဗုံလိုပြောနေ
တာလုံးဝမဟုတ်ပါဘူး...အခုဖြစ်နေတာ
.သံဃာတော်တွေမှာ.အရေးပြားတွေမှာ.အထဲထိ.လှိုက်စားနေပါပြီး.အသားတွေ.ဟာ
.ပဲပါနေတာကိုတွေနေရပါပြီ.
.ဓာတုလက်နက်နဲ.သုံးတာအမှန်ပဲဆိုတာ.သိသာ.ထင်ရှားနေကြောင်းပါ
အခု.ဆိုရင်.မန္တလေးဆေးရုံကြီး.ကို.တက်ရောက်..ကုသ.ရန်အတွက်.ံသံဃာတော်တွေ
..အခြေအနေ.ဆိုးဝါးနေကြောင်း.သတင်းရရှိပါတယ်.
နိုင်ငံတကာ ဆေးပညာရှင်များ အလှူငွေ၊အကြံဉာဏ်နှင့် ဆေးဝါးများ နာရေးကူညီမှုအသင်း နဲ့ သီတဂူဆရာတော်ထံ ပေးပို့လှူဒါန်းကြပါ။ လက်ရှိ နာရေးကူအသင်းက တက်တက်ကြွကြွကူညီပေးနေပါတယ်။ ဒါပေမဲ့ ရင်ဆိုင်နေရတဲ့ အခက်ခဲတွက် အတွေ့ကြုံမရှိပါ။ နိုင်ငံခြားက ဓာတုလောင်မီးကုပေးနိုင်တဲ့ဆေးပညာရှင်များကယ်တင်ပေးကြဖို့ လူတိုင်းသိအောင် ရှဲပေးကြပါ။

ပုံရဲ့ ဘယ်အပေါ်ပုံက ပထမ၊ ဘယ်အောက်ပုံက ဒုတိယ၊ ညာပေါ်ပုံက ခု နောက်ဆုံးပုံဖြစ်ပြီး ဦးဇင်းရဲ့အ
သားတော်တွေတတိတိနဲ့ ပြုတ်ပြတ်ကြွေကျနေတာမို့ ကူညီပေးကြပါဗျာ။

ကိုမင်းကိုနိုင်က
"ဦးဇင်း ဘယ်လိုခံစားနေရလဲ"လို့မေးတော့
"ကျုပ်ဘယ်လိုခံစားနေရသလဲဆိုတော့ ဒကာကြီး ကျုပ်အမြန်ဆုံး သေချင်တာပဲ၊ ဆက်မခံစားချင်တော့ဘူး။" တဲ့

ဦးဇင်းအဖြစ်ကို ရင်ထဲမှာနင့်နေအောင် ခံစားရပါတယ်။

ဂျပန်မှာရှိတဲ့ ညီကို ကိုထွန်းဝေကို လက်လှမ်းမှီသူများ ပြောပေးကြပါ။ ဂျပန်က ဓာတုလက်နက်လောင်မီးကို စနစ်တကျလေ့လာထားတဲ့ ဆေးပညာရှိပါတယ်။ အကူညီလှမ်းတောင်းကြည့်ပေးပါလို့။

အကူညီမရရင် ကျတော်တို့ရဲ့ ထေရဝါဒဗုဒ္ဓဘာသာ၊သာသနာကို မြန်မာလူမျိုးအားလုံးတွက် ကြံ့ကြံ့ခံတိုက်ပွဲဝင်ပေးတဲ့ ဦးဇင်း ပျံလွန်သွားရပါလိမ့်မယ်။

ညီမလေး နန်းခင်ဇေယျာတုန်းက လူညီခဲ့သလို မျိုးချစ်မြန်မာတွေ အားလုံး ဝိုင်းကူညီပေးကြပါဦးဗျာ။

စလုံးနေ ညီကိုမောင်နှမအားလုံးကိုလည်း ကျနော်ဒီကနေ မေတ္တာရပ်ခံချင်တာက ဆရာတော့်ကို စလုံးမှာကုသခွင့်ရနိုင်မရနိုင် စုံစမ်းပေးကြည့်ကြပါလို့။

မနန်းခင်ဇေယျာတုန်းကလို ကလစ်တချက်စီနှိပ် အားပေးကြသလို ကျတော်တို့ အားလုံး တယောက်စလုံး$၁၀လောက် စုလိုက်ရင် ဆရာတော်အသက်ကို ကယ်တင်နိုင်မှာပါ။
KFC တပွဲစာကုန်ကျသလောက်ပါ

ဓမ္မကိုပောာပေးတဲ့ ဆရာတော်ကြီးတပါးမပာုတ်ပါဘူးဗျာ။ အညတရဆရာတော်လေးပါ။ ဘွဲ့မည်တော်တောင် ကျနော်မသိပါ။

ဒါပေမဲ့ သူပာာ ကျနော်တို့ကိုယ်စား ကျနော်တို့ ရှေ့က ဦးပိုင်တရုတ်ပေါင်းပြီးယုတ်တဲ့ လက်ပံတောင်းအရေးမှာ စတေးခဲ့တာပါ။
လယ်တီဆရာတော်ဘုရားကြီး သိမ်နဲ့ကျောင်းကို စောင့်ရှောက်ပေးခဲ့တဲ့ သူတွေပါ။ အနစ်နာခံပြီး အရေးဆိုခဲ့သူပါ။

ခု သူ့အရေတွေ အလွှားလိုက်ကွာကျပြီး အသားတွေပဲ့ကျနေတဲ့ချိန် သေရာပါဒဏ်ရာတွက် အသက်ကိုလုနေရချိန် ကျနော်တို့ ဝိုင်းပြီး မေတ္တာပို့ပေးကြရအောင်လားဗျာ။

အညတရဆရာတော်လေးနဲ့တကွ ရပာန်းရှင်လူ ၂ကျိပ်၂ယောက် အမြန်ပြန်လည် ကျန်းမာလာကြပါစေ။
အနာနဲ့ဆေး ကိုက်ညီတဲ့ ထိထိမိမိဆေးကုသခွင့် အမြန်ဆုံးရရှိကြပါစေ။
 
လက်ပံတောင်းတောင် အရေးထိခိုက်ဒဏ်ရာရသံဃာတော်များအား The Action Time ဖောင်ဒေးရှင်းနှင့် ၉၄-၉၅ စီးပွားရေးဘွဲ့ရ အသင်းတို့ ပူးပေါင်း၍ ဆေးရုံမှ မဆင်းမချင်း ဆွမ်းဆက်ကပ်လှူဒါန်းသွားမည်

========================================
ရဲလင်းထက်
========================================
လက်ပန်းတောင်းတောင်ဆန္ဒ ပြပွဲဖြိုခွင်းခံရမှုတွင် ထိခိုက်ဒဏ်ရာ ရကာဆေးကုသမှုခံယူနေသည့် သံဃာ တော်များ အား The Action Time
ဖောင်ဒေးရှင်းနှင့် ၉၄-၉၅စီးပွားရေးဘွဲ့ရအသင်း တို့ပူးပေါင်း ပြီး ဆေးရုံမှ မဆင်းမချင်း ဆွမ်းဆက်ကပ်လှူဒါန်းသွား မည် ဖြစ်ကြောင်းသိရသည်။

အဆိုပါဆွမ်းဆက်ကပ် လှူဒါန်းမှုတွင်ဆေးရုံတက် သံဃာ တော်များသာမက လာရောက်စောင့် ရှောက်သည့်သံဃာတော်များကို ပါဆက်ကပ်သွား မည်ဖြစ်ကြောင်း The Action Time ဖောင် ဒေးရှင်းမှကိုစံကျော်သူကပြော သည်။

''ဒီဇင်ဘာ ၂ ရက်နေ့ ကနေစပြီးစီစဉ်ဖြစ်တာပါ။ဆွမ်းကို တော့မချက်ပဲ ဝယ်ပြီးကပ်တယ်။ တစ်ပါးစာ တစ်နေ့ဆွမ်းစား ရိတ် တစ်ထောင်၊ထောင့်နှစ်ရာ ဝန်းကျင် ကျတယ်''ဟု ယင်းကဆိုသည်။
ဆွမ်းဆက်ကပ်လှူဒါန်း ခြင်းအား မုံရွာနှင့်မန္ထလေးဆေး ရုံ နှစ်နေရာလုံးတွင်တာဝန်ယူဆက် ကပ်သွားမည်ဖြစ်သော်လည်း ယနေ့(ဒီဇင်ဘာ ၃ရက်) တွင်ဆေး ကုသမှုခံယူနေသည့် သံဃာတော် အများစုမှာမန္ထလေးဆေးရုံကြီးသို့ ပြောင်းရွှေ့ပြီးဖြစ်ကြောင်းသိရသည်။

''ဒီနေ့အထိသံဃာတော် အားလုံးနီးပါးကို မန္ထလေးဆေးရုံ ကိုပြောင်းလာပြီ။အားလုံးကိုဆေး ရုံမဆင်းမချင်းဆက်ကပ်သွားမှာပါ။ လက်ရှိမှာတော့တစ်နေ့စာအတွက် ၁၇၅ပါးစာပြင်ဆင်ထား ပါတယ်'' ဟုကိုစံကျော်သူကဆိုသည်။

အဆိုပါဆွမ်းဆက်ကပ် လှူဒါန်းခြင်းနှင့်ပတ်သက်ပြီး လက်ပံတောင်းတောင် အရေး တွင်ပါဝင်လှုပ်ရှား ဆောင်ရွက် နေသူ ဆရာတော် ဦးသုခေါ် ဦးဝိမလက ''ဒီလိုလူမှုအသင်းအဖွဲ့တွေပါဝင် ကူညီလှူဒါန်း လာတဲ့ အတွက် အားရကျေနပ်ပါတယ်။သာဓု လည်း ခေါ်ပါတယ်''ဟု မိန့်ကြား သည်။

ဆေးရုံတွင်ကုသခံယူ နေသည့်သံဃာတော်များအတွက် ဆွမ်း၊ဆေးနှင့် အခြားသောလှူဒါန်း မှုများ အတွက်ပြင်ပ လူမှုအဖွဲ့အစည်းများသာမက တစ်ဦးချင်း ပါဝင် ပူးပေါင်းလိုပါကလည်း လက်ခံ သွား မည်ဖြစ်ကြောင်း ကိုစံကျော် သူကပြောကြားသည်။

့Yangon Media Group

အေးချမ်းမွန်မှ ခေတ်သတင်း တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :ခေတ်သတင်း
 
နိုင်ငံတော်ရဲ့ သြ၀ါဒပေးပွဲက သာဓုခေါ်သံများ
ကာတွန်း ဘီရုမာ
( မိုးမခ သတင်းဌာနမှ ကူးယူဖေါ်ပြပါသည် )
 
 
 
21ရာစုကိုရောက်တဲ့အခါ
ဖုန်းတွေမှာဝါယာကြိုးမဲ့လာတယ်
အ၀တ်စားတွေမှာအရှက်မဲ့လာတယ်
လူငယ်တွေမှာအလုပ်မဲ့လာတယ်
ပညာရေးတွေမှာ တန်ဘိုးမဲ့လာတယ်
မွေးကင်းစကလေးတွေမှာ အဖေမဲ့လာတယ်
ခေါင်းဆောင်တွေမှာစာနာစိတ်မဲ့လာတယ်
နှလုံးသားမှာ တရားမဲ့လာတယ်
အဲ့ဒီလိုနဲ.ဘဲ လူတိုင်းလူတိုင်း မျှော်လင့်ချက်တွေလဲအဆုံးစမဲ့လာတယ်
 
 
စာပေဝေမျှသူ(မော်နီကာ)
 


ကိုယ့်အသားကို ပြန်စားသော ရောဂါ - LNS


Monday, 03 December 2012


Lesch-Nyhan syndrome (LNS) အမည်ရ ရောဂါဟာ အင်မတန် ကြောက်စရာ ကောင်းတဲ့ ရောဂါ ဖြစ်ပါတယ်။ တကယ်ပဲ ကိုယ့်အသားကိုယ်ပြန်စားတဲ့ ရောဂါဖြစ်ပါတယ်။ အဆိုးဆုံး အခြေအနေကတော့ ကိုယ့်ကိုယ်ကို ပြန်သက်သေခြင်း ဖြစ်ပါတယ်။
လူအယောက် ၃၈၀၀၀၀ မွေးရင် တစ်ယောက်မှာ ဖြစ်နိုင်ချေ ရှိတဲ့ ရောဂါ ဖြစ်ပါတယ်။ သို့ပေမယ့် ပတ်ဝန်းကျင်မှာ တွေ့ရခဲပါတယ်။ စိတ်ရောဂါနဲ့လည်း ဆက်စပ်ပါတယ်။ ရောဂါဖြစ်ရတဲ့
အကြောင်းအရင်း ကတော့ မွေးကတည်က သွေးထဲမှာ Uric အက်ဆစ်တစ်မျိုး ဓာတ်လွန် ကဲနေခြင်း ဖြစ်ပြီး ကိုယ်ရော၊ စိတ်ရဲ့ လုပ်ဆောင်ချက်အားလုံးကို ကမောက် ကမ ဖြစ်စေတဲ့ ရောဂါ ဖြစ်ပါတယ်။ အမေက ဖြစ်ရင် သူမွေးတဲ့ ကလေးမှာ ဖြစ်တတ်ပြီး တစ်ခါတစ်ရံ မွေးလာတဲ့ ကလေးမှ သီးခြား ဖြစ်တာ မျိုးလည်း ရှိပါတယ်။

LNS ရှိသူကို ခြေရော၊လက်ပါ ကြိုးတုတ်ထားရပါတယ်။ ပါးစပ်ကိုလည်း ပိတ်ပြီး ချည်ထားရပါတယ်။ ရောဂါရဲ့ ပထမ အဆင့်အနေနဲ့ ကိုယ့်အသား ကို ပြန်ဆွဲကုတ်ပါတယ်။ သွေးများ ယိုစီးသည့်တိုင်အောင် မရပ်မနားကို ဆွဲကုပ်ပါတယ်။ အလိုလိုနေရင်းနဲ့လည်း ကိုယ့်နှုတ်ခမ်း ကိုယ် ပြန်ုကိုက် စားတတ်ပြီး နာကျင်မှုကို Uric အက်ဆစ်က လှည့်စားပါ တယ်။ ကျောက်ကပ်နဲ့လည်း ဆိုပါတယ်။ ကုစရာ ဆေးလည်း မရှိပါဘူး။

ယင်းရောဂါကို လေ့လာတွေ့ရှိပြီး အမည်ပေးခဲ့သူကတော့ ဒေါက်တာ Michael Lesch ဖြစ်ပါတယ်။ ဒါကြောင့် ရောဂါနာမည်မှာ သူ့နာမည်တောင် ထည့်ထားပါသေးတယ်။ သူ့ဆီမှာ LNS ဝေဒနာခံစားရသူ များ စွာရှိခဲ့ပြီး တစ်ယောက်မှ ကုမပေးနိုင်ခဲ့ပါဘူး။ ဖြေဆေး မရှိပါဘူး။ စိတ်ရောဂါနဲ့ ဆက်စပ်ရောဂါတစ်ခုလည်း ဖြစ်တဲ့အတွက် စိတ်ရောဂါ အုပ်စုထဲ ထည့်သွင်း ထားပါတယ်။

ရောဂါကို ငယ်ငယ်တုန်းက ဘာမှမဖြစ်ပေမယ့် အသက်ကြီးမှ LNS လက္ခဏာ ပြတာမျိုးလည်း ရှိပါတယ်။ ယနေ့တိုင် ကုစရာ ဆေး မတွေ့ သေးတဲ့ Lesch-Nyhan sydrome ကို ကမ္ဘာ့ခြောက်ခြားဖွယ် အကောင်းဆုံး ရောဂါ စာရင်းထဲ ထည့်ထားတယ်လို့ သိရပါတယ်။
--
Ref:wiki
International news for myanmar
စာပေဝေမျှသူ(မော်နီကာ)

ဗိုက်ခေါက်ထူ အ၀လွန်သူတွေအတွက် ဆေးနည်း


မိန်းခလေးဘဲဖြစ်ဖြစ် ယောင်္ကျားလေးဘဲဖြစ်ဖြစ်... အလှအပကို မြတ်နိုးတတ်ကြတာ...သဘာဝပါ... ဒါ့ကြောင့် ဗိုက်ခေါက်ထူ/ဗိုက်ပူပြီး အဆီ များနေသူတွေအတွက်... လက်တွေ့... ၇ ရက်အတွင်း... သိသိသာသာ ဗိုက်ချပ်ပြီး အဆီကျစေတဲ့ဆေးနည်းလေးကို မျှဝေလိုက်ပါတယ်...
ဆေးနည်းက အလွန်လွယ်ပြီး အကုန်အကျလည်း အလွန်သက်သာပါတယ်... အိမ်မှာ ရှိတတ်တဲ့ ပစ္စည်းလေးတွေကို ရောစပ်ပြီး အသုံးပြုရမှာပါ..
ပါဝင်တဲ့ ပစ္စည်းတွေကတော့... သံပုရာသီး၊ အုံးဆီ၊ ဆေးပူ(ဒဏ်ကြေလိမ်းဆေး) တို့ကို တစ်ခါလိမ်းရုံ... ရောစပ်ပြီး လိမ်းပေးရမှာပါ...
ဖေါ်စပ်နည်း
သံပုရာသီး တစ်လုံးရဲ့ ၅ ပုံ တစ်ပုံလောက်ကို လှီးပြီး... အကြမ်းပန်းကန်လုံးထဲကို အရည်ညှစ်ပါ... အကြမ်းပန်းကန်လုံးထဲသို့ အုံးဆီ သုံးလေးစက်လောက် ထည့်ပေးပါ... ထို့နောက် .... ဂဠုန်ရာဇာ/မိဂသီ/ရှမ်းရိုးမ/လင်ဇီး(လိမ်းထေည့်ဆး)တစ် မျိုးမျိုးကို တစ်ခါလိမ်းစာ အနေတော်ထည့်ပြီး... မွှေပေးပါ...
အသုံးပြုနည်း
ညအိပ်ယာဝင်ခါနီးတိုင်း......ဆေးကို ရင်ခေါင်းမှ ၀မ်းဗိုက်သို့ အထက်မှအောက်သို့ ဆွဲချပြီး အသားထဲ စိမ့်ဝင်အောင် ပွတ်လိမ်းပေးပါ... ခါးတွင်အဆီရှိပါက ခါးမှ ချက်သို့ ပွတ်လိမ်း ပေးနိုင်ပါတယ်...
တစ်ပါတ်အတွင်း သိသာစွာ... ဗိုက်ချပ်လာသည်ကို... လက်တွေ့... တွေ့မြင် ခံစားရမှာပါ...(ယခုမိတ်ဆွေ.. ၃ /၄ ယောက်လောက်မှ လက်တွေ့ လိမ်းနေပြီး... ကျေးဇူးတင်ကြောင်း... ထောက်ခံချက်ပေးလာသောကြောင့်... သူငယ်ချင်းတို့ကို မျှဝေလိုက် ပါတယ်)
မှတ်ချက်- ညစာကို ပုံမှန်ထက်... လျှော့စားပေးရင်... ပိုပြီး သိသိသာသာ ဗိုက်ချပ်စေပါတယ်... တစ်ပါတ်အတွင်း သိသိသာသာ အဆီနှင့် အခေါက်များ လျှော့ကျသွားမှာဖြစ်ပါတယ်.....မိတ်ဆွေများထံမှ သိရခြင်းဖြစ်ပါသည်။
အားလုံးအတွက် စေတနာထားပြီး တွေ့သမျှ သိသမျှလေးတွေကို ပြန်လည်မျှဝေနေပါမည်... Facebook မှာလဲ Like ပေးခဲ့ပါက ဖတ်နိုင်ပါပြီ...တုန့်ပြန်မှုအနေဖြင့် စကားလေးတစ်ခွန်းတော့ ချန်ပေးစေလိုပါတယ်....
လေးစားစွာဖြင့်.. လယ်တီမြေသား။..............။
မျှဝေသူ အောင်အောင်(မကစ)

အဝလွန်သူများအတွက် ရှောက်ရွက်၏ အစွမ်း


အ၀လွန်သူများ၊ ဗိုက်ခေါက်ထူပြီး လာသော
အမျိုးသမီးများအတွက် ပထမဦးစွာ
ရှောက်ရွက်ကြမ်းများကို ရှာထားပါ။
ပုလင်းတစ်လုံးစီတွင် ရိုးရိုးသကြား
သုံးဇွန်း(ဟင်းစားဇွန်း) စီထည့် ရပါမည်။
ပုလင်းများတစ်လုံးစီတွင် ရှောက်၉ရွက် စီထည့်ပေးပါ။ ရေကျက်အေးများ ပုလင်းများ
ထဲသို့အပြည့်ထည့်ပြီး အဆို့ ပိတ်လျက် နေပူတွင်ကိုးရက်စီ ထည့်ပေးပါ။
ေ၇ကျက်အေးများ ပုလင်းထဲသို့ အပြည့် ထည့်ပြီး အဆို့ပိတ်လျက် နေပူတွင် ကိုးရက်
လှန်းပေးပါ။
ကိုးရက်စေ့လျှင် ဆေးဝါးအဖြစ် သုံးနိုင်ပြီ။ နံနက် တစ်ကြိမ်၊ ညတစ်ကြိမ် အဆိုပါေ၇ှာက်၇ွက် ဆေးရည်ပုလင်းကို လှုပ်ပြီး လက်ဖက်ရည် အကြမ်းပန်းကန် တစ်ဝက်ခန့်ကို မှန်မှန်
သောက်သုံးသွား ပေးပါ။
တစ်လနှစ်လ ရှိသောအခါ အမျိုးသမီးများ ခါးသေးရင်ချီပြီး အဆီပို ဗိုက်ရွှဲမှုများ ကျသွား၍
အသားအရေ စစ်သွားပါမည်။
အဆီကျဓာတ်စာဆေးများစားခြင်း ထက် စိတ်ချရသော ရိုးရာဆေးနည်း ဖြစ်ပါသည်။ မှန်မှန် သောက်သုံးခြင်းဖြင့် အသည်းအဆီဖုံးခြင်းနှင့် နှလုံးအဆီ ပိတ်ခြင်းတို့မှလည်း သက်သာ
ပျောက်ကင်း စေပါသည်။
လစဉ် မြန်မာ လဆန်း တစ်ရက်နေ့၌ ရှောက်ရွက်နှစ်ရွက်၊ သုံးရွက် ကိုရှာပြီး စားဖြစ်အောင်
စားထားရန် အမှာရှိသည်။ ထို့သို့စားပေးခြင်းဖြင့် လေရောဂါများ မ၀င်ရောက်နိုင်၊ လေထိုး၊
လေအောင့်၊ လေငန်းရောဂါများ မ၀င်ရောက်နိုင်။
လေငန်းရောဂါရှင်များ ရှောက်ရွက်၊ ငရုတ်ကောင်းနှင့် ကြက်သွန်ဖြူတို့ဖြင့် ဟင်းခါးချက်ကာ
နေ့စဉ်သောက်သုံး ပေးခြင်းဖြင့် လေငန်းရောဂါမှ သက်သာ ပျောက်ကင်းစေသည်။
Health Articles
အားလုံးအတွက် စေတနာထားပြီး တွေ့သမျှ သိသမျှလေးတွေကို ပြန်လည်မျှဝေနေပါမည်... Facebook မှာလဲ Like ပေးခဲ့ပါက ဖတ်နိုင်ပါပြီ...တုန့်ပြန်မှုအနေဖြင့် စကားလေးတစ်ခွန်းတော့ ချန်ပေးစေလိုပါတယ်...
လေးစားစွာဖြင့်.. လယ်တီမြေသား။..............။
မျှဝေသူ အောင်အောင်(မကစ)

၁၅ ဒေါ်လာတန် Simcard များ Sea Game မှာရောင်းချပေးမည်



https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7wAo30ykarHohKUpfpwHFmFuuDsyb79mDbGg2EOROf-81Wh1dwMkXHVS2Eo4dQxg3gratTh5XaNs9xKERypcmLb3-17PLK8hD2x3-xz3cP0DfmibDSH3Qb6zeXqaL2rhVYjECAqBGQhs/s1600/mobile_29_2.jpg
 
လာမည့်နှစ် တွင် မြန်မာနိုင်ငံ က အိမ်ရှင်နိုင်ငံ အဖြစ် လက်ခံ ကျင်းပမည့် အရှေ့တောင် အာရှအား ကစား ပြိုင်ပွဲတွင် ပြည်ပနိုင်ငံ များမှ လာရောက်သူ များကို အမေ ရိကန်ဒေါ်လာ ၁၅ ဒေါ်လာတန် SimCard များ ကို  ရောင်းချပေး သွားမည်ဖြစ်ကြောင်း မြန်မာ့ဆက် သွယ်ရေး လုပ်ငန်းမှ သိရသည်။အဆိုပါ SimCard များ ကို ရောင်းချရာတွင် SimCard တန် ဖိုးမှာ ၅ ဒေါ်လာသာဖြစ်ပြီး ကျန် ၁၀ ဒေါ်လာသည် ဖုန်းပြောနိုင် ရန် ကြို တင်ပေးသွင်း ထားရသည့် ငွေကြေးဖြစ်ကြောင်း သိရသည်။ ယင်း SimCard များအတွက် ပြော ဆိုခကို လည်း ထပ်မံဖြည့်သွင်းနိုင် ပြီး အားကစားပွဲသို့ လာရောက်သူ များမှဝယ်ယူရန်ဆန္ဒရှိပါကရောင်း ချပေး မည်ဖြစ်ကြောင်း သိရသည်။ထို့အပြင် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအနေဖြင့် လာမည့် SEA Game တွင် ကမ္ဘာ့အဆင့်မှီ ဆက် သွယ်ရေး ရရှိရန် အတွက် ဆောင် ရွက် သွား မည်ဖြစ်ပြီး ပြိုင်ပွဲကျင်းပ မည့် နေပြည်တော်ရှိ အားကစား ကွင်းများတွင် သီးသန့် Fiber cable ကွန် ရက် များတပ်ဆင်သွား မည်ဖြစ်ကြောင်း သိရပါသည်။ အဆိုပါ အားကစားပွဲတော် ကျင်းပမည့်နေပြည်တော်၊ ရန်ကုန်၊ မန္တလေးမြို့များတွင် ရုပ် သံ များ ဆောင် ရွက်နိုင် ရန် Fiber Cable နှင့် Satellite များတပ်ဆင်သုံးစွဲ သွားမည်ဖြစ်ကြောင်း သိရပါသည်။ ထို့အပြင် အားကစားကွင်း များတွင်WiFi နှင့်Wi max အင်တာ နက်ဆက်သွယ်ရေးစနစ်များကို တိုးချဲ့ ချထားပေးနိုင်ရန် ဝန်ဆောင်မှုပေး မည့် ကုမ္ပဏီများ ကိုရွေး ချယ် ဆောင် ရွက်လျက်ရှိကြောင်းလည်း သိရပါသည်။ “လာ မယ့် SEA Game မှာ အင်တာနက် အမြန်နှုန်းကောင်းဖို့ က တော်တော် အရေးပါပါတယ်။ ဘာလို့ လည်း ဆိုတော့ ဒီကိုလာပြီး သတင်းယူ ကြမယ့် လူတွေနဲ့ လာပြီး ကြည့်မယ့်သူတွေအတွက် အင်တာ နက် သုံး တဲ့နေ ရာမှာ အမြန်နှုန်း ကောင်းဖို့ လိုပါတယ်။ ဒါမှသူတို့ သတင်း အချက်အလက်တွေ ကို ပေးပို့တာတို့ ရယူ တာ တို့က အဆင် ပြေမှာပေါ့။ တစ်ခုရှိတာက အဲဒီ ကစားပွဲပြီးသွားရင်လည်း အင်တာ နက်မြန်နှုန်းကို ဒီထက် ပိုကောင်း အောင် တော့ ဆောင်ရွက်ပေးထား ရင်သုံးရတဲ့သူတွေ အဆင်ပြေမှာ ပေါ့”ဟု အိုင် တီ လုပ် ငန်းဆောင် ရွက်နေသူတစ်ဦးက ဆိုပါသည်။ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း မှ တရားဝင် ထုတ်ပြန်ချက် များအရ UMTS (3G) စခန်းပေါင်း ၂၄ ခုနှင့် GSM (2.75) တယ်လီဖုန်း ဆက် သွယ် ရေး စခန်းပေါင်း ၅၁ ခု စုစုပေါင်း ၇၅ ခု ၂၀၁၂-၂၀၁၃ ခုနှစ်တွင် UMTS (3G) စခန်းပေါင်း ၄၀ ခုနှင့် GSM (2.75)တယ်လီဖုန်းဆက်သွယ်ရေးစခန်းပေါင်း၁၂၀ခုအထိတိုးချဲ့ဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရပါသည်။                                               
http://thihasitthu.blogspot.com/2012/11/simcard-sea-game.html