This is default featured slide 1 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 2 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 3 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 4 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 5 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
Thursday, November 29, 2012
ဘန်ကောက်ရောက် မြန်မာများအတွက် အထူးသတိပေးချက်
မင်္ဂလာပါ
ဧဒင်ဥယျာဉ်ရဲ့ ထုံးစံအတိုင်း အထူးသတင်းနှင့် အခြေအနေများကို အချိန်မှီတင်ဆက်ပေးရာမှာ ယနေ့ ၂၃.၁၁.၂၀၁၂ သောကြာနေ့ ညနေမှာစတင်ပြီး ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ရဲ့ အချက်ချာကျတဲ့ လမ်းအားလုံးကို ကြားဖြတ်အစိုးရ အမိန့်အရ အင်အား ၁၇၀၀၀ (တစ်သောင်းခုနှစ်ထောင်) ရှိသော ရဲအင်အား အားလုံးဖြင့် စတင်ပိတ်ဆို့လိုက်ကြောင်း ဘန်ကောက်ရဲချုပ်မှ ဒီနေ့ညနေ မှာ စတင်ထုတ်ပြန်သွားခဲ့ပါတယ် ။
ထိုသို့ကြားဖြတ်အာဏာသိမ်းယူမှု့များကြောင့် တော်လှန် ဆန္ဒပြကြမည့် သူ ၅၀၀၀၀ (၅သောင်းခန့်) လာမည့် စနေနေ့ ၂၄.၁၁.၂၀၁၂ မှာ ထိုင်းပါလီမာန် အဆောက်အဦးပတ်ဝန်းကျင်တွင် ဆန္ဒပြမည့်အကြောင်း သတင်းရရှိသဖြင့် ယခုကဲ့သို့ ပိတ်ဆို့ထားခြင်းဖြစ်ကြောင်း ယနေ့ ကမ္ဘာ့သတင်း အထူးသတင်းအဖြစ် ကြော်ငြာသွားခဲ့ပါသည်။
ယခု ထိုင်းအိမ်နီးချင်းနိုင်ငံများ က ထိုင်းနိုင်ငံဘန်ကောက်မြို့သို့ သွားရောက်ပါက ဆင်ခြင်သတိထားနိုင်ရန် နှင့် မလိုအပ်ပါက မသွားရန် Alert (သတိပေးချက်များ) ထုတ်ပြန်ကြော်ငြာလိုက်ပြီဖြစ်ပါတယ် ။
သို့ပါသောကြောင့် ထိုင်းနိုင်ငံရောက် မြန်မာ နိုင်ငံသားအားလုံး နနက်ဖြန်နံနက်မှစပြီး ဘန်ကောက်မြို့တွင်းသွားလာမှု့မှ ရှောင်ကြဉ်နိုင်ရန်နှင့် သတင်းများကို သတိထား နားဆင်ကြရန် ၊ ထိုင်းနိုင်ငံရောက် မြန်မာ အချင်းချင်း သတိပေးကာကွယ်ပေးနိုင်ရန် ဧဒင်ဥယျာဉ်မှ အထူးသတိပေးပါသည် ။
ထိုင်းပါလီမာန် အနီးတဝိုက် ပိတ်ဆို့ထားခြင်း သတင်း ဓာတ်ပုံ Router 
ရင်လတ် ရှာရနာဝပ်ထရာ (လက်ရှိထိုင်းဝန်ကြီးချုပ်)
တောင်ငူမြို့မြို့တည်၊နန်းတည် ၅၀၂ နှစ်ပြည့် အထိမ်းအမှတ်ပွဲတော်
 တောင်ငူမြို့မြို့တည်၊နန်းတည် ၅၀၂ နှစ်ပြည့်အထိမ်းအမှတ် ကိုရင် (၅၀၂)ပါး ရှင်ပြုခဲ့ကြသည်။
ဓာတ်ပုံ - ဥက္ကာကိုကို
 တော်ဝင်ကေတုမတီဟိုတယ်အတွင်း ဘုဉ်းပေးနေကြသော ကိုရင်ငယ်များကို တွေ့ရစဉ်။
နိုင်ဝင်ဘာ ၂၆ရက်ည နှစ်ကျိပ်ရှစ်ဆူဘုရားပွဲ လှည့်လည်သည့် မြင်ကွင်းတစ်ခုဖြစ်သည်
တောင်ငူမြို့တည်၊ နန်းတည် (၅၀၂) နှစ်ပြည့် ပွဲတော်ကို ယခုလ ၂၆ ရက်မှ ၂၈ ရက်အထိ တောင်ငူမြို့အ၀ှန်း စည်ကားသိုက်မြို့စွာ ကျင်းပနေရာ နိုဝင်ဘာ၂၇ ရက်နံနက် နွားပြိုင်ပွဲ
ဓာတ်ပုံ - ဥက္ကာကိုကို
             တောင်ငူမြို့တည်နန်းတည် ၅၀၂ နှစ်ပြည့်ပွဲတော်ကြီးကို နိုဝင်ဘာ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့လုံးကျွတ် စည်ကားသိုက်မြိုက်စွာကျင်းပလျှက်ရှိရာ နောက်ဆုံးနေ့ဖြစ်သည့် ၂၈ ရက်နေ့တွင် ၀င်းခင်သဘင်ပွဲတော်ကြီးကို တောင်ငူခေတ်ရိုးရာပုံစံအတိုင်း ဆင်ယင်ကျင်းပပြုလုပ
်ခဲ့သည်။ တောင်ငူမြို့တည်ဘုရင် မဟာသီရိဇေယျသူမင်းကြီးညိုနှင့် မိဖုရားခေါင်ကြီးအဖြစ် အကယ်ဒမီရဲအောင်နှင့် အကယ်ဒမီမို့မို့မြင့်အောင်တို့က ပါဝင်ပေးခဲ့ပြီး အိမ်ရှေ့စံမင်းသားနှင့်ကြင်ယာတော်အဖြစ် သရုပ်ဆောင် ဇေယျ၊ မေကဗျာ၊ အိမ်ရှေ့မင်းသမီးများအဖြစ် အကယ်ဒမီစိုးပြည့်သဇင်၊ မေသက်ခိုင်တို့က ဆောင်ရွက်ပေးခဲ့ကြသည်။ 
 အရှေ့ဖက်အောင်နန်းတံခါးမှ စတင်ထွက်ခွာလာကြစဉ်။
 စီးတော်ဆင်ယာဉ် ရုတ်တရက်ထရပ်သဖြင့် လန့်သွားကြသည့် မင်းသားမင်းသမီး။
ဓာတ်ပုံ - ဥက္ကာကိုကို
 အိမ်ရှေ့စံမင်းသမီးအဖြစ်ဆောင်ရွက်သော အကယ်ဒမီိစိုးပြည့်သဇင်။
 ဗိုလ်မှူးဖိုးကွန်းလမ်းမှ ရောက်ရှိလာသော ၀င်းခင်းသဘင်။
ဗိုလ်မှူးဖိုးကွန်းလမ်းမှ ရောက်ရှိလာသော ၀င်းခင်းသဘင်။
အကယ်ဒမီရဲအောင်နှင့် အကယ်ဒမီမို့မို့မြင့်အောင်။
 မင်းသမီး မေသက်ခိုင်ကို ၀ိုင်းနုတ်ဆက်ကြသော မြို့ခံများ။
 တောင်ငူမြို့တည်၊ နန်းတည် ၅၀၂ နှစ်ပြည့်ပွဲတော်ကြီးကို ယခုလ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့လုံးကျွတ်စည်ကားသိုက်မြိုက်စွာကျင်းပလျှက်ရှိရာ
၂၇ ရက်နေ့ညတွင် မိုင်ဒါအားကစားကွင်းအတွင်း ဖျော်ဖြေနေသော တောင်ငူသားအဆိုတော် အောင်လ
 မိုင်ဒါအားကစားကွင်းအတွင်း ဖျော်ဖြေနေသော တောင်ငူသူ သရုပ်ဆောင် စိုးပြည့်သဇင်
 တောင်ငူမြို့တည်၊ နန်းတည် ၅၀၂ နှစ်ပြည့်ပွဲတော်ကြီးကို ယခုလ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့လုံးကျွတ်စည်ကားသိုက်မြိုက်စွာကျင်းပလျှက်ရှိရာ
၂၇ ရက်နေ့ညတွင် မိုင်ဒါအားကစားကွင်းအတွင်းမှ တောင်ငူပရိသတ် 
ဓာတ်ပုံ - ဥက္ကာကိုကို
မူရင်း=တောင်ငူမြို့တည်နန်းတည် ၅၀၂ နှစ်ပြည့်ပွဲတော်
    စာဖတ်သူနှင့်တကွ ရွှေမြန်မာ အားလုံး အမျိုး ၊ဘာသာ ၊သာသနာ နှင့် အမိမြန်မာနိုင်ငံတော်ကြီးအား
မြတ်နိုး ၊ ချစ်ခင် ၊ပျော်ရွှင် စည်းလုံးစွာ စောင့်ရှောက်နိုင်ကြပါစေ......။
                                                                     လေးစားစွာဖြင့်    ....    မောင်မြင့်
http://satekuupuyar.blogspot.com/2012/11/blog-post_1003.html
အိပ်ရာထ နောက်ကျ၍ သေလုမျောပါး နှိပ်စက်ခံရသော အိမ်ဖော်
မလေးရှား နိုင်ငံ၊ ပီနန် George
 Town တွင် လုပ်ကိုင်နေသော 
အင်ဒို နီးရှား အိမ်ဖော် Syriac 
Abdullah (21-yr) ကို အိမ်ရှင် မှ
ရိုက်နှက်၊ နှိပ်စက် ခဲ့ သည်။ မနက် အိပ်ရာထ နောက်ကျသည် ဟု ဆိုကာ ဦးခေါင်း၊ လက်၊ မျက်နှာ ခန္ဓာကိုယ် အနှံ့ ရိုက်နှက်ခဲ့သည်။
သူမက ပြောသည် မှာ ယခင်နေ့က အလွန်မောပန်းစွာ လုပ်ကိုင်ခဲ့၍ စနေနေ့ (24.11.2012) တွင် အိပ်ရာထ ချိန် အနည်းငယ် နော
က် ကျ သော ကြောင့် သေ လုမျောပါး ရိုက်နှက် ခံရကြောင်း ပြောပါသည်။
သူမသည် မလေးရှားနိုင်ငံ သို့ အိမ်ဖော် အဖြစ် လုပ်ကိုင်ရန် အေဂျင်စီ စာရွက်စာတမ်း အထောက်ထား အပြည့် စုံ ရှိသော အင်ဒိုနီးရှား နိုင်ငံ သူ ဖြစ်သည်။ ယခု ကိစ္စနှင့် ပတ် သက် ၍ အင်ဒိုနီးရှား ဘက်မှ အရေး ယူ ဆောင်ရွက် ရန် စီစဉ်နေ သည် ကြားသိရသော် လည်း၊ သတင်းများ မသိရသေး ပါ။
မလေးရှားတွင် အိမ်ဖော်များကို နှိပ်စက်မှုသည် နိုင်ငံ တကာ ထက် ပိုမို ဆိုးဝါးပြီး၊ များစွာသော အမှုများမှာ တရားရေး ဌာနများကို မရောက်ပါ။
From: utusan.com.my
Photo: Syriac Abdullah (utusan.com.my)
သေချာသည့် အဖြေတခု ရမှ သံဃာတော်များ ပြန်ကြွမည်
lptphoto8လက်ပံတောင်းတောင် ကြေးနီးစီမံ
ကိန်းအား ကန့်ကွက်နေသော
သပိတ်စခန်းများ ဖျက်သိမ်းပေး
 ရန် ပြည်ထဲရေးဝန်ကြီးဌာနမှ
 ကြေညာထားသော်လည်း
တိကျသေချာသည့် အဖြေတခု မရမချင်း ဆက်လက် ဆန္ဒပြ သွားမည်ဖြစ်ကြောင်း ပင်မ သပိတ်စခန်းတွင် ဆန္ဒပြနေသော မန္တလေး မစိုးရိမ်ကျောင်းတိုက်မှ ဦးတေဇ က မိန့်ကြားသည်။
“ဦးဇင်းတို့ ပြန်သွားရင် နောက်က ချိနဲ့သွားမယ့် အင်အားကို မကြည့်ရက်ဘူးလေ။ ပြောင်းပြန် အရွေ့တခုတော့ လိုချင်တယ်” ဟု မိန့်ဆိုသည်။
ဆန္ဒပြ သပိတ်စခန်းများတွင် မန္တလေး၊ ပခုက္ကူနှင့် မုံရွာမှ သံဃာအပါး ၄ဝဝ ခန့်နှင့် လူအင်အား ၁ဝဝ ခန့် ရှိနေသည်။ အင်္ဂါနေ့က ပြည်ထဲရေးဌာနမှ သတိပေးချက် ထွက်ပေါ်လာပြီးနောက် သံဃာ အပါး ၁ဝဝ ခန့် တိုးမြှင့်အားဖြည့်လာ
ခြင်းလည်း ဖြစ်သည်။
လုံခြုံရေး ရဲအင်အားကလည်း ၁ဝဝဝ ခန့်ထိ တိုးမြှင့်ချထားကြောင်း သိရသည်။
သပိတ်ခေါင်းဆောင်တဦးဖြစ်သည့် မအေးနက် ကလည်း “ကျမတို့ လုံးဝ နောက်မဆုတ်ပါဘူး။ တကယ်လို့ ဒီ မှောက်နေတဲ့ သပိတ်ကို လှန်ရမယ်ဆိုရင် ဒီလက်ပန်းတောင်းတောင် စီမံကိန်း ဖျက်သိမ်းမယ်ဆိုတဲ့ စကားပဲ ကြားချင်ပါတယ်” ဟု မဇ္ဈိမကို ပြောသည်။
ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသော ကန့်သတ်နယ်မြေဖြစ်၍ ၎င်းစီမံကိန်းသို့ သတင်း မီဒီယာသမားများ ဝင်ရောက်ခြင်း မပြုရန် ဝမ်ပေါင်ရုံးအတွင်းရှိ လုံခြုံရေး ရဲအရာရှိက နံနက် ၁ဝ နာရီခန့်တွင် အသံချဲ့စက်ဖြင့် သုံးကြိမ်တိုင် သတိပေး ခဲ့သည်။
ဒေသခံများနှင့် သံဃာတော်များမှာ နိုဝင်ဘာလ ၁၉ ရက်နေ့မှ စတင် သပိတ်မှောက်ကြပြီး ယခု သပိတ်စခန်းပေါင်း ၆ ခု ရှိနေသည်။ အဆိုပါ သံဃာတော်များ၏ ဆွမ်းအတွက် မုံရွာမြို့ခံ အလှူရှင်များနှင့် ဒေသခံများက တာဝန်ယူပေး လျက် ရှိသည်။
“စံပယ်တောင်ကို ဖြိုခဲ့တဲ့အတွက် အခု ကံကုန်း(ရွာ)မှာ ရေသောက်လို့ မရတော့ဘူး။ ဒီ လက်ပံတောင်း တောင်တွေ ကို ဖြိုလိုက်မယ်ဆိုရင် မိုးရွာလို့ စီးဆင်းသွားတဲ့ရေတွေဟာ ချင်းတွင်းမြစ်ထဲ ရောက်မယ်။ ပြီးတော့ ဧရာဝတီမြစ်ကို စီးမယ်။ အဲဒီတော့ ဒီရေ သောက်သုံးတဲ့လူတွေ ရောဂါတွေ အမျိုးမျိုးရမယ်” ဟု ဦးဆောင်လှုပ်ရှားသူ မအေးနက် က ပြောသည်။
သတင်းပေးပို့ချိန်အထိ လုံခြုံရေးများနှင့် သပိတ်အင်အားစုအကြား အကြမ်းဖက်မှု တစုံတရာ မရှိသေးပေ။ ထိုသပိတ် စခန်းများအား အကယ်၍ အကြမ်းဖက်ဖြိုခွင်းပါက “ပိုမိုဆိုးရွားသော ရလဒ်များသာ ရလာမည်” ဟု ဗကသများ အဖွဲ့ချုပ်နှင့် မုံရွာခရိုင် ကျောင်းသားများသမဂ္ဂက ကြေညာထားသည်။
ထိုကြေးနီစီမံကိန်းကို မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်နှင့် တရုတ်ဝမ်ပေါင်
ကုမ္ပဏီတို့က ပူးပေါင်းဆောင်ရွက်နေပြီးတောင်ပတ်ဝန်းကျင်ရှိ ကျေးရွာပေါင်း
၂၇ ရွာမှ လယ်မြေ ဧကပေါင်း ၇,၈ဝဝ ကို သိမ်းဆည်းထားသည်။
စီမံကိန်းသို့ သတင်း မီဒီယာသမားများ ဝင်ရောက်ခြင်းမပြုရန် ဝမ်ပေါင်ရုံးအတွင်းရှိ လုံခြုံရေး ရဲအရာရှိက နံနက် ၁၀ နာရီခန့်တွင် အသံချဲ့စက်ဖြင့် သုံးကြိမ်တိုင် သတိပေးခဲ့နေသည်ကို တွေ့ရစဉ် (ဓါတ်ပုံ ဟိန်းထက်/ မဇ္ဈိမ)
  (မဇ္ဈိမ)
Ericsson က Samsung ကို တရားစွဲ
Sony နဲ့ ပါတနာဖွဲ့ပြီး စမတ်ဖုန်း ထုတ်လုပ်နေတဲ့ ဆွီဒင် ဆက်သွယ်ရေး ပစ္စည်းနဲ့ နည်းပညာ ကုမ္မဏီ Ericsson က Samsung ကို တရားစွဲ လိုက်ပြီ ဖြစ်တယ်လို့ သိရပါတယ်။
အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်က တရားရုံးမှာ ဖြစ်ပါ တယ်။ နှစ်ဦးနှစ်ဘက်မှ သက်ဆိုင်ရာ အရာရှိများ တက်ရောက် ကြမှာ ဖြစ် ပါတယ်။ Ericsson က ယခုလို တရားမစွဲခင် ညှိနှိုင်းဆွေးနွေးမှုကို ၂ နှစ်ကြာ ပြုလုပ်ခဲ့ပြီး ဖြစ်တယ်လို့ ဆိုပါတယ်။
Ericsson မှတီထွင် ဖန်တီးသော ကြိုးမဲ့ ဆက်သွယ်ရေး နည်းပညာများကို Samsung မှ ခိုးချနေတယ်လို့ အပြည့်အဝ ယုံကြည်နေပြီး ယခုရက်ပိုင်း အတွင်း စွဲချက် တင်လိုက်ခြင်း ဖြစ်ပါတယ်။ ဒါကြောင့် Patent war ထဲကို Ericsson နဲ့ Sony တို့ ပါ ဝင်ရောက်လာပြီ ဖြစ်ပါတယ်။ ယခု တရားစွဲဆိုမှုမှာ Sony က မပါဝင်ပေမယ့် Sony Ericsson စမတ်ဖုန်း များနဲ့ သက်ဆိုင်တဲ့ အတွက် Sony လည်း မသိသလို နေလို့မရတဲ့ အနေအထား ဖြစ်ပါတယ်။
လက်ရှိ မူပိုင်ခွင့် စစ်ပွဲအတွင်းမှာ Apple နဲ့ Samsung, Apple နဲ့ Google/ Motorolla, Samsung နဲ့ HTC, Samsung နဲ့ Ericsson, Sony အစရှိသဖြင့် တစ်ဖက်စီ ရှိနေကြပြီး ကမ္ဘာ့အင်အားကြီး နည်းပညာကုမ္မဏီများ ဖြစ်ပါ တယ်။
လက်ရှိ Sony Ericsson နဲ့ Samsung တို့အားပြိုင်မှုမှာ ဘယ်သူ နိုင်မလဲ ဆိုတာ ကမ္ဘာ့ နည်းပညာ ကုမ္မဏီကြီးများက စောင့်ကြည့်လျက် ရှိကြောင်း သိရပါတယ်။
--
Ref: thescore.ie
Computerလေးနေတာကိုမြန်ချင်ရင်
Computer ကို မြန်ဆန်စေဖို့  window Registery Repair လုပ်ပါ
ဒီဆော့ဝဲလေးကတော့  စက်နှေးသွားတဲ့သူတွေ အတွက်  တစ်ဖက်တစ်လမ်းကနေ
ပြုပြင်ပေးဖို့  အထောက်အကူပြု ဆော့ဝဲလေးပါ ။အင်စတောလုပ်လိုက်  ဖျက်လိုက်
ကွန်ပျုတာကို   ကလိသူတွေဟာ  Registery ကို   အမှားဖြစ်စေမှာ  သေချာပါတယ်
စက်ကို နှေးကွေးလေးလံစေတဲ့  အကြောင်းထဲမှာ  Registery Error လည်း  ပါတယ်
အဲ့တော့ ဒီဆော့ဝဲလေးနဲ့  အမှားတွေကို ပြင်ပေး ရှင်းပေးလိုက်..သွက်လာမယ်....။
ဒီနေရာမှာဒေါင်းလိုက်ပါ
ဓာတ်ပုံလေးတွေကို Effect တွေ နောက်ခံသီချင်းတွေနဲ့ DVD Slideshow ချပ်ကလေးဖန်တီးမယ်
ဒီနေ့ သူငယ်ချင်းများအတွက် မိမိဓာတ်ပုံလေးတွေကို Effect လေးတွေ နောက်ခံ သီချင်းလေးတွေ
ထည့်ပြီး DVD Slideshow ချပ်ကလေးတစ်ခုဖန်တီးနိုင်ဖို့ အတွက် Wondershare DVD Slideshow Builder
ဆိုတဲ့ Software လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။အသုံးပြုရတာလွယ်ကူရိုးရှင်းလှတာမို့ ကြိုက်နှစ်သက်ကြမယ်
လို့ ထင်ပါတယ်။
(၁)   အထက်ပါပုံအတိုင်းပွင့် လာသောအခါ Standard Mode နဲ့  Advanced Mode ကြိုက်ရာရွေးချယ်အသုံး
ပြုနိုင်ပါတယ်။ဒီ Mode တွေက ဓာတ်ပုံတစ်ပုံနဲ့ တစ်ပုံအကူးအပြောင်းမှာ အသွင်အမျိုးမျိုးနဲ့  Slide လုပ်ပေးနိုင်
တာပါ။
(၂)   ဓာတ်ပုံများစွာကို တစ်ပြိုင်တည်းထည့်သွင်းနိုင်ပြီး Effect များကို Drag ဆွဲ၍ အလွယ်တကူသွင်းနိုင်ပြီး
နောက်ခံသံစဉ်သီချင်းများကို မိမိကြိုက်နှစ်သက်ရာသီချင်းများကို ကြိုတင်ဒေါင်းလော့လုပ်ယူ ထည့်သွင်းနိုင်ပါ
တယ်။မိမိနှစ်သက်ရာ Title များပါရိုက်၍ ထည့်သွင်းနိုင်ပါတယ်။
(၃)   ပြုလုပ်ပြီး Slideshow အား Preview ပြန်လည်ကြည့်ရှုနိုင်ပြီး လိုအပ်သည်များကို Edit လုပ်နိုင်ပြင်ဆင်
နိုင်ပါတယ်။
(၄)   နောက်ဆုံးအဆင့်မှာတော့ Burn လိုလျှင် Burn ပြီး Save လိုလျှင်လည်း မိမိစက်အတွင်း ဒါမှမဟုတ် ဖုန်း
အတွင်းသို့  မိမိသိမ်းလိုသည့် File Type အတိုင်း ပြောင်းလည်း၍ သိမ်းဆည်းထားနိုင်ပါတယ်။သူ့ မှာအားနည်း
ချက်ကလေးကတော့ Save လုပ်ရာမှာ အချိန်နည်းနည်းပေးရတာပါဘဲ။လွယ်ကူစွာသုံးနိုင်တဲ့အတွက် အသုံးပြု
ပုံအသေးစိတ်ကိုတော့ ရေးမပေးဘဲ အကြမ်းဖျင်းသာပြောပြရခြင်းဖြစ်ပါတယ်။စမ်းသပ်သာသုံးကြည့်ကြပါလို့ ပြော
ပါရစေခင်ဗျာ စိတ်ဝင်စားတယ်ဆိုရင်ပေါ့လေ။
အလိုရှိသူများဒီနေရာလေးမှာယူလိုက်ကြပါခင်ဗျာ။Full အသုံးပြုနိုင်ရန်အတွက် Licensed E-mail
နှင့် Registration Coad ပါတစ်ပါတည်း ထည့်သွင်းပေးထားပါတယ်။
လုပ်ကြံသတ်ဖြတ်ရေး ရိုင်ဖယ်များ
ကိုယ့်ဆန့်ကျင်ဘက် အုပ်စုက တစ်ယောက်ယောက် စစ်ရေးမှာသိပ်တော်နေလို့ ဖြစ်ဖြစ်
အထူးလျှို့ဝှက်ချက်သိသွားရင်ပဲဖြစ်ဖြစ်
ကိုယ် ပြိုင်ဆိုင်လို့မရနိုင် အောင် ဖြစ်နေရင်ဖြစ်ဖြစ်
နောက်ဆုံး မဖြစ်မနေ တားဆီးပေးနိုင်တာကတော့ အဲဒီလူကို လုပ်ကြံသတ်ဖြတ်တာပဲပေါ့
လုပ်ကြံပုံလုပ်ကြံနည်းတွေထဲမှာ လူမသိနိုင်တဲ့လုပ်ကြံမှုကတော့ သေစေနိုင်တဲ့ ဓာတုဆေးဝါးတွေ နဲ့ ဇီဝပိုးတွေပေါ့ဗျာ
ဒါပေမယ့်အဲဒီလူနားကပ်နိုင် ကြိုတင်ကြံစည်နိုင်မှပါ ပြီးတော့အကြာကြီးလေ့လာစောင့်ကြည့်ရတယ်
အုပ်စုဖွဲ့ပြီးလုပ်ကိုင်ရတယ် ပါဝင်လုပ်ကိုင်တဲ့သူတွေဟာလည်း လုပ်ငန်းပြီးမြောက်သွားရင် ကိုယ့်ကို ကိုယ် စိတ်မချရတော့ဘူး
အချင်းချင်းစောင့်ကြည့်ပြီး နေနေရတယ် လူများတော့ သတင်းပေါက်နိုင်တယ်
ဒီတော့ အရိုးရှင်းဆုံးနဲ့အထိရောက်ဆုံးက တာဝေးပစ် ရိုင်ဖယ်တွေနဲ့ လုပ်ကြံသတ်ဖြတ်တာပဲပေါ့
အသံထွက်မှာလည်းမပူရဘူး ကျည်ကာတပ်ထားလို့လည်းမပူရဘူး
(အထူးပြုပြင်ထားတဲ့ ကျည်ကာတွေဖေါက်တဲ့ ကျည်ဆံတွေခုခေတ်မှာပေါမှပေါ)
အဓိက အရေးကြီးဆုံးက ဘယ်လိုသေနတ် တာဝေးပစ်ရိုင်ဖယ်ကိုသုံးမလည်းဆိုတာပဲပေါ့
အဲတာတွေကတော့အောက်မှာဆက်ကြည့်လိုက်ပေါ့ဗျာ.....
အဲ.....မှန်ဘီလူးမှာလည်းလိုအပ်ရင် Filter ခံဖို့လည်းလိုသေးတယ်ဗျ အဲတာက Polarizer Filter လို့ခေါ်တယ်
အပြင်မှာဆို ရိုးရိုးအရပ်သားတွေ ငါးဖမ်းရင်ဖြစ်ဖြစ် ကားမောင်းရင်ဖြစ်ဖြစ် တပ်လေ့တပ်ထရှိတယ် မြန်မာပြည်မှာလည်း
ဒီလိုမျက်မှန်တွေရောင်းနေတာကြာလှပြီ ပိုလာရိုက် မျက်မှန်လို့ပြောဝယ်လို့ရတယ်
ပိုလာရိုက် ဟုတ်မဟုတ်စမ်းတဲ့ကပ်လေးတွေရှိတယ်လေ ကဒ်လေးက ဒီတိုင်းကြည့်ရင်ပြောင်ပဲ
မျက်မျန်တပ်ကြည့်မှ ကဒ်မှာအရုပ်တွေ စာတွေမြင်ရတာ ဈေးလည်းမကြီးပါဘူးမျက်မှန်က
ပြောရင်းနဲ့လွဲကုန်ပြီ Polarizer Filterဘယ်လိုအသုံးဝင်လည်းဆိုတာအောက်မှာဆက်ကြည့်လိုက်ဗျာ
တာဝေးပစ် ရိုင်ဖယ်ဆိုတဲ့အတိုင်း တကယ့်အဝေးကြီးက ပစ်မှတ်တွေလည်း ချေမှုန်းလို့ရတွေလည်းရှိတယ်နော်...
မန္တလေးတိုင်း ငါန်းဇွန် မြို့နယ်ကရင်နင့်ဖွယ် သင်ခန်းစာတစ်ခု(လက်ကိုင်ဖုန်း ၁ လုံးကြောင့် လူ ၃ ဦး အသက်ဆုံးရှုံး)
အိမ်သာကျင်းထဲကို ဖုန်းဆင်းကောက်ရာမှ လူ ၃ ဦးသေဆုံးဆိုတဲ့ သတင်းကို ယနေ့ထုတ် ကြေးမုံ သတင်းစာမှာ ဖော် ပြထားပါတယ်။ မန္တလေးတိုင်း ငါန်းဇွန် မြို့နယ် ကမ္မရွာက ဦးချစ်လှိုင်ရဲ့နေအိမ် မှာဖြစ်ခဲ့တာပါတဲ့။ 
သားဖြစ်သူ မောင်ပေါက်ကျိုင်း ၂၅ နှစ် ဆိုသူက အိမ်သာတက်ရင် သီချင်းနားထောင်လေ့ရှိတယ်နဲ့ တူပါတယ်။ မောင်ပေါက်ကျိုင်းက လက်ကိုင် တယ်လီဖုန်းနဲ့ သီချင်းနားထောင်ရင်း အိမ်သာကျင်းထဲကို လက်ကိုင်တယ်လီဖုန်းက ပြုတ်ကျသွားခဲ့ပါတယ်တဲ့။ 
အဲဒီတော့ မောင်ပေါက်ကျိုင်းက ၁၅ ပေအနက်ရှိတဲ့ အိမ်သာ ကျင်းထဲကိုဆင်းပြီးရှာရမှာ ပြန်တက် မလာတော့တာ ကြောင့် သူငယ်ချင်းဖြစ်သူ ကုလား၂၅ နှစ်က ကယ်တင်ဖို့အတွက် အိမ်သာကျင်းထဲကို ဆင်းသွားခဲ့ပြန်ရော။ 
အဲဒီ ၂ ဦးလုံး အိမ်သာကျင်းထဲက ပြန်တက်မလာတော့ ဖခင် ဦးချစ်လှိုင်ကလည်း ဆင်းပြန်ပါရော။ ဒီ လူသုံးဦးလုံး ပြန်တက်မလာတော့ အနားက လူတစ်ဦးက အော်ဟစ် အကူအညီတောင်းလို့ လူတွေ ရောက်လာချိန်မှာတော့ အဆိုပါ လူသုံးဦးလုံး အသက်ဆုံး ရှုံးနေတာပဲ တွေ့ရပါတယ်တဲ့။ 
 ဒါဟာ အိမ်သာကျင်းထဲမှာ အောက်ဆီဂျင်ပြတ်ပြီး သေဆုံးမှုဖြစ်တယ်လို့ ကြေးမုံသတင်းစာမှာ   ဖော်ပြ ထားပါတယ်။ ဒီသတင်း ကိုဖတ်ရပြီး လက်ကိုင်ဖုန်း တစ်လုံးကြောင့် လူ ၃ ဦး အသက်ဆုံးရှုံးခဲ့ရတဲ့ ရင်နင့် ဖွယ်ဖြစ်ရပ်တစ်ခုအဖြစ် ခံစားလိုက်ရ ပါတယ်။ 
 တကယ်တော့ အိမ်သာကျင်းတွေဟာ အောက်ဆီဂျင်ပြတ်လတ်တတ်တယ်ဆိုတာ မသိကြရာက အခုလို တယ်လီဖုန်း တစ်လုံးအကြောင်းပြုပြီး အသက်တွေဆုံးရှုံးကြရတာပါ။ ဒီဖြစ်ရပ်ဟာ ရင်နင့်ဖွယ် သင်ခန်းစာ တစ်ခုလည်းဖြစ်ပါတယ်။ 
from ဧရာဝတီ
အမျိုးသမီးများနှင့် ဘုန်းကံ
စာမိတ်ဆက်
ဆရာတော်ဘုရား တပည့်တော် နောင်နောင်ပါ၊ အမေရိကားမှာနေပါသည်ဘုရား အနောက်တိုင်းသား ဗုဒ္ဒဘာသာကိုယုံကြည့်သောသူများနှင့် ဘာသာရေးအကြောင်းပြောရင် မြန်မာပြည်မှ တန်ခိုးကြီးဘုရားတွေမှာ မိန်းကလေးတွေမ၀င်ရ ဥပမာ ကျိုက်ထီးရိုးတို့လို ဆံတော်ရှင် စေတီတော်တော်များများမှာ မိန်းကလေးတွေမ၀င်ရဘူးဆိုပြီး ပြောကြပါသည်ဘုရား အဲဒါနဲ့စပ်ပြိး သူတို့နဲ့စကားပြောဖြစ်တော့ မိန်းကလေးတွေ ဘာလို့မ၀င်ရတာလဲလို့ မေးတော့ တပည့်တော်များလဲ လွယ်လွယ်ပဲဖြေလိုက် ပါတယ်ဘုရား။
မိန်းကလေးတွေက ယောင်္ကျားတွေလောက် မမြတ်လို့ပဲ ဖြေလိုက်တော့ အနောက်တိုင်းသားတွေက အဲဒါကိုလက်မခံပါဘူးဘုရား။ သူတို့က ယောက်ျားမိန်းမ ဆိုတာအတူတူပဲ မိန်းကလေးတွေကတောင် ဒီနိုင်ငံမှာ အခွင့်ရေးပိုပြီးပေးထားတော့ သူတို့က မိန်းမက သာတောင်သာသလိုပြောပါသည်ဆိုတော့ တပည့်တော်သိလိုသည်မှာ ယောက်ျားတွေကမိန်းမတွေထက် ဘုန်းကံကြီးတယ် မြင့်မြတ်တယ်ဆိုတာကို ဘယ်လိုတိုင်းတာရမလဲဘုရား။ ယောက်ျားတွေက ဘာလို့မိန်းမတွေထက် ဘုန်းကံကြီးတယ် မြင့်မြတ်တယ်လို့ ယူဆပါသလဲ အကြောင်းပြချက်ထုတ်ပြတော်မူပါဘုရား။ မြန်မာနိုင်ငံကဘုရားတွေမှာ မိန်းကလေးတွေ မ၀င်ရဆိုတဲ့နေရာမှာ မ၀င်ရ မတက်ရဆိုတဲ့နေရာမှာ ၀င်ရင် တက်ရင် တကယ်ပဲ မိုးကြိုးပစ်ပါသလားဘုရား။
အဲဒါဘာ့ကြောင့်ပါလဲ မိန်းကလေးတွေကို ဘာလို့ယုတ်ညံ့တယ်လို့ ယူဆကြပါသလဲဘုရား ဥပမာများနှင့်တကွ ကျေနပ်လောက်ပါသောအဖြေကို ဖြေပေးတော်မူပါဘုရား။
ဆရာတော်ရဲ့ သီလ သမာဓိ ပညာကို ရိုသေစွာ ရှိခိုးပါသည်ဘုရား။
ထိုမေးခွန်း၏အာဘော်
အထက်ပါ မေးခွန်းက စာရေးသူထံ အီးမေးလ်ကနေ ရောက်လာတဲ့ မေးခွန်းတစ်ခုဖြစ်ပါတယ်။ ဒီလိုမေးခွန်းတွေကလဲ မကြာမကြာ ကြုံရဖူးပါတယ်။
နံပါတ် (၁) အနေနဲ့ အမျိုးသမီးများ မတက်ရ မ၀င် မဖြတ်ရဆိုတဲ့ ဘုရားတွေ ဘုရားရင်ပြင်တွေ သိမ်တွေမှ ဆိုင်းဘုတ်တွေ တွေ့နေရသောကြောင့် ဗုဒ္ဓဘာသာ လူအများစုမှာ ယောင်ဝါးဝါးတွေ ဖြစ်သွားရတယ်။ ဗုဒ္ဓစာပေကို လုံးဝဆုပ်ကိုင်ထားသူများသာ ဒီအယူဆတွေကို လက်မခံပေမဲ့ ယောင်ဝါးဝါးတွေကတော့ လက်ခံနေကြတယ်။
နံပါတ် (၂)ကတော့ အမျိုးသမီးများသည် ယောက်ျားများထက် ဘုန်းကံနိမ့်တယ်ဆိုတဲ့ အယူအဆပဲ ဖြစ်ပါသည်။ ဒီ ၂ ခုကိုပဲ ဆွေးနွေးကြည့်ကြရအောင်။
စာရေးသူအမြင်များ
နံပါတ် (၁) ဘုရား ကျောင်း သိမ်စတဲ့ နေရာတွေမှာ အမျိုးသမီးများ မတက်ရ မ၀င်ရဆိုတာနဲ့ပတ်သက်ပြီး စာရေးသူ၏ အမြင်ကိုပဲ ပြောပြရမှာဖြစ်ပါသည်။
ထေရ၀ါဒဗုဒ္ဓဘာသာလို့ ယုံကြည်ထားတဲ့ မြန်မာနိုင်ငံမှာ ဒီလိုအယူအဆတွေ ရှိနေပါတယ်။ ဘုရားဟောမဟုတ်၍ ထေရ၀ါဒလမ်းစဉ်မဟုတ်သော အယူအဆတွေဖြစ်ပါတယ်။ သို့သော်လည်း ဘာလို့ မြန်မာနိုင်ငံမှာ ဒီအယူအဆတွေ ရှိနေပါသလဲလို့ မေးရင် tradition ရိုးရာအစဉ်အလာ လက်ခံမှုလို့ပဲ ပြောရမှာ ဖြစ်ပါတယ်။ အစဉ်အဆက်လက်ခံလာကြသည့် အယူအဆဖြစ်သည်။ တချို့နေရာတွေမှာ ဘုရား သို့မဟုတ် ကျောင်း သိမ်များ၏ အဦးဆုံး ဒါယကာများကပဲ သူတို့၏ ဘုရား ကျောင်း သိမ်များအပေါ် အမျိုးသမီးများ မတက်ရဟု သတ်မှတ်ခဲ့သလား၊ ဒါမှ မဟုတ် ဂေါပကများ၏ ဘုရားကို သို့မဟုတ် ဘုရားရှင်၏ ကျောင်းတော်များကို ကြည်ညိုလွန်း၍ ဒီစည်းကမ်းသက်မှတ်ခဲ့လေရော့လား၊ ဗုဒ္ဓဘာသာလူမျိုးများက ကျောင်းထဲတွင် အမြတ်ဆုံး သိမ်တို့ကို အလွန်အလေးထားကြသည်၊ ဘုရားရှင်၏သားတော်များ မွေးဖွားပေးရာ ကျောင်းဖြစ်နေသောကြောင့် ဖြစ်ဟန်တူပါသည်။
မြန်မာပြည် တချို့ နာမည်ကြီး ဘုရားရင်ပြင်တို့၌ အမျိုးသမီးများ မတက်ရ မ၀င်ရဟု ပြောနေကြပေမဲ့ ဘုရားလက်ထက်တော်က သက်တော်ထင်ရှား ဘုရားရှင်၏ ဂန္ဓကုဋီကျောင်းဆောင်ထဲအတွင်း ၀ိသာခါ ခေမာ စတဲ့ အမျိုးသမီးများ ၀င်ထွက် သွားလာနေသည်တို့ကို ထောက်ဆလျှင် ထိုရိုးရာအစဉ်အလာလက်ခံမှုသည် စဉ်းစားစရာဖြစ်လာသည်။ သက်တော်ထင်ရှားဘုရားရှင်၏ ကျောင်းအတွင်းတောင် အမျိုးသမီးများ ၀င်ထွက် သွားလာခွင့်ပြုရသေးတာပဲ ဘုရားရှင်အားရည်စူးပြီးကိုးကွယ်ထားတဲ့ ထိုစေတီ ပုထိုး ကျောင်းများကိုက ဘာလို့ အမျိုးသမီးများဝင်ခွင့် မပြုရမှာလဲ။ ၀င်ရင် တက်ရင် မိုးကြိုးပြစ်သည်တဲ့၊ တကယ် ၀င် တကယ်တက်ကြည့်တော့ မိုးကြိုးမပြစ်ရင် ဘယ့်နှယ်လုပ်မလဲ၊ တချို့နေရာတွေမှာ နာမည်ကြီးအောင် လူအထင်ကြီးအောင် ထွင်ကြတဲ့သူတွေရဲ့ ပြောစကားတွေကြောင့် ဗုဒ္ဓဘာသာမှာ ရှုပ်ထွေးကုန်တယ်။
အမျိုးသမီးနှင့်သိမ်
တချို့နယ်တွေမှာ သိမ်ထဲကို အမျိုးသမီးများ မ၀င်ရဟု ဆိုကြတယ်၊ လူတွေကလဲ အမျိုးသမီးများကို သိမ်ထဲမ၀င်ရဟု ထင်နေကြသည်၊ ၀င်ရင် ဘာဖြစ်မယ် ညာဖြစ်မယ်ပေါ့၊ စာရေးသူ ရဟန်းခံစဉ်က အမရပူရမြို့ မဟာဂန္ဓာရုံကျောင်းတိုက်အတွင်းက သိမ်ကြီးထဲမှာ ရဟန်းပြုခံပါတယ်၊ ယခုလက်ရှိ နာယကချုပ်ဆရာတော် ဘဒ္ဒန္တကုဏ္ဍလာဘိဝံသကို ဥပဇ္ဈာယ်ပြုပြီး ရဟန်းပြုခဲ့တာပါ၊ ထိုရဟန်းခံစဉ်က သိမ်ထဲထွင် ဒကာရော ဒကာမရော ကလေးရော များစွာရှိနေပါတယ်၊ စာရေးသူကို ခေတ်ပညာများ သင်ပေးရာ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဇောတိကာမဟာသိမ်တော်ကြီးအတွင်းမှာလဲ အမျိုးသမီးများ ၀င်ခွင့်ပြုသည်။ ၂၀၀၈ ခုနှစ်က ထိုသိမ်တော်ကြီးအတွင်းမှာပဲ နိုင်ငံတကာ ထေရ၀ါဒတက္ကသိုလ်များ အစည်းအဝေးကြီးကို ကျင်းပခဲ့သည်။ နိုင်ငံပေါင်း ၃၀ ကျော်က အမျိုးသား အမျိုးသမီးများစွာ တက်ရောက်ခဲ့ကြသည်။
ရာဇဂြိုဟ်မြို့သိမ်
ဘုရားလက်ထက်က ရာဇဂြိုဟ်မြို့ကြီးသည် လူဦး ၁၈ ကုဋေရှိသည်။ ငယ်ငယ်က ထို ရာဇဂဟ ပုဒ်ကို တောင် ၅ လုံးက ပတ်ပတ်လည် ကားရံထားလို့ တောင်ငါးလုံးရန် နွားခြံတို့လို ရာဇဂြိဟ်မြို့သို့ဟု နိဿျဆိုခဲ့ကြသည်။ ထိုမျှလောက် လူဦးရေ ထူထပ်သော ရာဇဂြိုဟ်မြို့ကြီး တစ်မြို့လုံးကို သိမ်သမုတ်ထားသည်။ ထိုမြို့ကြီးသည်ပင် သိမ်မည်ပါသည်။ ထိုသိမ်ကြီးထဲမှာ အမျိုးသမီးတွေ အိပ်ကြသည်၊ နေကြသည်၊ ကျင့်ကြီးကျင်ငယ်အမှု ပြုကြသည်၊ ဇနီးခင်ပွန်းတို့ပြုကြသည့်အမှုတွေ ပြုကြသည်။ ထိုဘုရားလက်ထက်ကတောင် အမျိုးသမီးများ သိမ်ထဲမှ နေခွင့်ပြုသေးတယ်ဆိုရင် ဒီခေတ်မှာ သိမ်ထဲ အမျိုးသမီးများမ၀င်ရဟုသော တားမြစ်ချက်သည် ပုဂ္ဂိုလ်ရေးဆန်သော ဆက်ဆံမှုသာဖြစ်သည်။ သိမ်ထဲ ၀င်ခြင်းကြောင့် ဘာမှ မဖြစ်ပါဟု ယူဆပါသည်။ သိမ်မှာပဲဖြစ်ဖြစ် ကျောင်းမှာပဲ ဖြစ်ဖြစ် ဘုရားမှာပဲဖြစ်ဖြစ် အမျိုးသမီးဖြစ်စေ အမျိုးသားဖြစ်စေ ရဟန်းပဲဖြစ်စေ အကုသိုလ်စိတ်နှင့် ၀င်ရင် သွားရင်တော့ အပြစ်ရှိသလို ကောင်းတဲ့စိတ်နဲ့သွားရင်တော့ ကုသိုလ်တွေ ရမှာအမှန်ပင် ဖြစ်ပါသည်။
တချို့က ဘုရားကျောင်းသိမ်တွေမှာ အမျိုးသမီးများ မ၀င်ရခြင်းသည် အမျိုးသမီးများက ဘုန်းကံ မရှိသောကြောင့်ဟု ယူဆထားကြသည်။ တကယ်တော့ ထိုအယူအဆ မမှန်ကန်ဟုဆိုရပါမည်။ အမျိုးသမီးရဟန်းမများ ထွန်းကားသည့်အချိန်အခါက အမျိုးသမီးများကိုယ်တိုင် သိမ်ထဲဝင်ပြီး ရဟန်းပြုကြသည်၊ ကံကြီးကံငယ်ပြုကြသည်၊ သူတို့ကိုယ်တိုင် ရဟန်းများပြုလုပ်နိုင်သည့် ကံကြီးကံငယ်များကို ပြုလုပ်နိုင်သည်မှာ ရဟန်း မဟုတ်သော အမျိုးသားများထက် ဘုန်းကံရှိနေသည်ဟု ဆိုရပေမည်။ အမျိုးသမီးများနှင့်ဘုန်းကံအကြောင်း ဆက်လက် ဆွေးနွေးကြမည်။
အမျိုးသမီးများနှင့်ဘုန်းကံ
အမျိုးသမီးများသည် ယောက်ျားများထက် ဘုန်းကံနိမ့်တယ်ဆိုတဲ့ အယူအဆနှင့်ပတ်သက်ပြီး ပြောရရင် သူများအတင်းပြောသလို ဖြစ်နေမယ်၊ တကယ်တော့ အမျိုးသားလဲ လူသား အမျိုးသမီးလဲ လူသားဆိုတော့ လူဖြစ်ဖို့ရန် ဘုန်းကံအတူပါလာတာခြင်း အတူတူပဲဖြစ်သည်။ သို့သော်လည်း ဘုန်းကံအနဲအများအပေါ် မူတည်ပြီး အမျိုးသား အမျိုးသမီး ကွဲပြားပေမဲ့ သာသနာအတွက်ရော လူမှုရေးအတွက် နိုင်ငံရေးအတွက်တွေပါ အကျိုးပြုပေးနိုင်တာကတော့ တန်းတူ လုပ်နိုင်ကြသည်ဟု ယူဆမိပါသည်။ အကောင်း (positive view) အမြင်ကိုသာ ရေးချင်ပေမဲ့ မေးလာတဲ့သူရှိလာတော့ မေးခွန်းအရ ဘုန်းကံနိမ့်ခြင်းအကြောင်းကို စာပေမှာ ပြဆိုထားတဲ့ စကားအချို့နဲ့ တင်ပြရပါလိမ့်မည်။
အဘိဓမ္မာ ၇ ကျမ်းတွင် အပါအ၀င်ဖြစ်သည့် ဓမ္မသင်္ဂဏီပါဠိတော် အဋ္ဌကထာ (အဋ္ဌသာလိနီ) စာမျက်နှာ ၃၅၈-၃၅၉ တို့၌ ဣတ္ထိလိင်္ဂံ ဣတ္ထိနိမိတ္တံအဖွင့်မှာ အမျိုးသမီးများနှင့် အမျိုးသားများ ခန္ဓာကိုယ်တည်ဆောက် ဖွဲ့စည်းပုံ အသွင်အပြင် မတူပုံနှင့် ထိုအသွင်အပြင်ဖြစ်ပေါ်လာရခြင်း၏အကြောင်းများကို ပြဆိုထားသည်။ သရက်မျိုးစေ့ဗီဇကြောင့် သရက်ပင်အသွင်သဏ္ဌာန်ဖြစ်လာရသလို အမျိုးသမီးပုံသဏ္ဌာန် ဖြစ်လာရခြင်းကလည်း ထိုအသွင်သဏ္ဌာန်ကို ဖြစ်စေ ပဋိသန္ဓေမျိုးစေ့ကြောင့်ဖြစ်သည်။ ဒါကို စာက ကမ္မဇ (ကံကြောင့်)ဟု ခေါ်သည်။ အမျိုးသားများကိုလည်း ထိုနည်းအတူမှတ်လေ။
တခါက သောရေယျအမျိုးသား အလွန်ချောမောလှပသော အရှင်မဟာကစ္စာယန ရဟန္တာမထေရ်ကို မြင်ပြီး အယောနိသောမနသိကာရ (မကောင်းတဲ့စိတ်ကူး) ဖြစ်မိသည်၊ ဒီလောက်လှတဲ့သူ ငါ့မိန်းမဖြစ်ရင် ဘယ်လောက်ကောင်းမလဲဟု အတွေးစိတ်ဝင်လာတဲ့အမျှ ထိုသောရေယျ သူဋ္ဌေးသား သူ၏အမျိုးသားအင်္ဂါများပျောက်ကွယ်သွားပြီး အမျိုးသမီးအင်္ဂါပေါ်ပေါက်လာခဲ့သည်၊ (ဓမ္မပဒအဋ္ဌကထာ သောရေယျဝတ္ထု)။ တခါက ရဟန်းမတစ်ယောက်သည်လည်း အမျိုးသမီးအင်္ဂါများ ပျောက်ကွယ်သွားပြီး အမျိုးအင်္ဂါများပေါ်ပေါက်လာသည်၊ ဘုရားရှင်အားလျှောက်ထားသောအခေါ ဘုရားရှင်က ရဟန်းတော်များ နေသောကျောင်းသို့ ရွှေ့ထားပေးခဲ့ရဖူးသည်။ (ပါရာဇိကဏ်ပါဠိတော်-၄၃)။
ထိုကဲ့သို့ အမျိုးသမီးလိင် (ဣတ္ထိလိင်္ဂ)နှင့် အမျိုးသားလိင် (ပုရိသလိင်္ဂ)နှင့်ပတ်သက်ပြီး ဓမ္မသင်္ဂဏီအဋ္ဌကထာက ဤကဲ့သို့ဆိုထားသည်၊ ‘‘အမျိုးသား လိင် သည် မြတ်၏ (ဥတ္တမ)၊ အမျိုးသမီးလိင်သည် ညံ့၏ (ဟီန)ဟု ဆိုထားသည်။ သောရေယျသူဋ္ဌေးသားကဲ့သို့သော အမျိုးသား လိင်အင်္ဂါ ပျောက်ကွယ်သွားခြင်းသည် အလွန်အားကောင်းသော အကုသိုလ် (ဗလ၀ အကုသလ) အစွမ်းကြောင့် ဖြစ်သည်။ အမျိုးသမီးလိင်အင်္ဂါ ရရှိခြင်းသည်ကား အနဲငယ်သော ကုသိုလ် (ဒုဗ္ဗလ ကုသလ) အစွမ်းကြောင့် ဖြစ်သည်ဟု ဆိုထားသည်။ တဖန် အထက်ပါ ဘိက္ခူနီမကဲ့သို့ အမျိုးသမီးလိင်အင်္ဂါ ပျောက်ကွယ်သွားခြင်းသည် အနဲငယ်သော အကုသိုလ် (ဒုဗ္ဗလ အကုသလ) အစွမ်းကြောင့် ဖြစ်သည်၊ အမျိုးသားလိင်အင်္ဂါပေါ်ပေါက်လာခြင်းသည် အလွန်စွမ်းအားကြီးသော ကုသိုလ် (ဗလ၀ ကုသလ) ကြောင့် ဖြစ်သည်ဟု ပြထာသည်။ အကျဉ်းချုပ်သော် ၂ မျိုးလုံး ကွယ်ပျောက်ခြင်းသည် အကုသိုလ် အနဲအများကြောင့် ဖြစ်သလို ပေါ်ပေါက်လာရခြင်းကလဲ ကုသိုလ် အနဲအများကြောင့် ဖြစ်ရသည်။
ထိုအဋ္ဌကထာဆရာ၏အဆိုများအရ- အမျိုးသမီးများသည် အမျိုးသားများထက် အကုသိုလ်ကြီးခဲ့သလို ကုသိုလ်ကံတွေ နဲခဲ့သော ကြောင့် အမျိုးသမီးဖြစ်ရသည်ဟုဆိုသည့်အတွက် ဘုန်းကံလဲ နဲသည်ဟု ဆိုရပေမည်။ ဘုန်းကံဆိုသည်မှာ ကုသိုလ်ကံကိုဆိုလိုပါသည်။
အမျိုးသမီးများ၏ ခန္ဓာကိုယ်တည်ဆောက်ပုံကိုက အမျိုးသားများကဲ့သို့ ပေါ့ပါးမှုမရှိ၊ လွတ်လပ်မှုမရှိသည့် အပြင် ယောက်ျားများထက် သီးခြား ကိုယ်ဝန်ဆောင်ရခြင်း၊ သားမွေးရခြင်း၊ ဥတုလာခြင်း စတဲ့ဒုက္ခများသည် ယောက်ျားများထက် ဘုန်းကံနဲပါးခြင်းဆိုတဲ့ လက္ခဏာများရှိနေသည့်အတွက် စာနာထောက်ထားသင့်သည်။
အမျိုးသမီးများအခွင့်အရေး
မြတ်ဗုဒ္ဓသာသနာတော်မှာ အမျိုးသမီးများသည် အမျိုးသားများကဲ့သို့ သာသနာ့ဝန်ထမ်းများ ဖြစ်ခွင့်ရှိသည်၊ ဘုရားရှင်၏ လက်ျာ လက်ဝဲများဖြစ်ခွင့်ရှိသည်၊ အရှင်သာရိပုတ္တရာနှင့် အဆင့်တူ ပညာအရာဝယ် ခေမာထေရီ၊ အရှင်မောဂ္ဂလာန်နှင့်အဆင့်တူ တန်ခိုးအရာဝယ် ဥပ္ပလ၀ဏ်ထေရီနှင့် တခြား ဓမ္မကထိကအရာ ဓမ္မဒိန္နာထေရီနှင့် ၀ိနည်းဆောင်အရာမှာ ပဋာစာရီစသော အမျိုးသမီးရဟန်းမများကဲ့သို့ အမျိုးသားများနည်းတူ ရာထူးများ ရရှိကြသည်။ မဂ် ဖိုလ် နိဗ္ဗာန်ဝင်ရာမှာလဲ အမျိုးသားများကဲ့သို့ အမျိုးသမီးများလဲ ၀င်ရောက်နိုင်သည် ဖြစ်ရာကား သာသနာမှာ အမျိုးသား အမျိုးသမီးအဆင့်တူဟု ဆိုနိုင်သည်။ သို့သော်လည်း အမျိုးသမီးများအတွက် ဂရုဓမ် ၈ ပါးကား အမျိုးသားများကဲ့သို့ ခန္ဓာကိုယ် ဖွဲ့စည်းတည်ဆောက်ပုံ မတူရာကား အန္တရာယ်များမှ ကာကွယ်ရန် သတ်မှတ်ထားသည်က လွဲ၍ အားလုံး ခံစားခွင့်တူသည်ဟု ဆိုရမည်။ သာသနာတော်မှာ အခွင့်တူခံစားမှု ရှိသော်လည်း အမျိုးသားများကသာ ဖြစ်ခွင့်ရှိပြီး အမျိုးသမီးများ ဖြစ်ခွင့်မရှိသော အရာများကား ရှိသေးသည်။
ဘုရား၊ ဗြဟ္မာ၊ စကြာဝတေးမင်း၊ မာနတ်မင်း၊ သကြားမင်းဟုသော ထိုနေရာများမှာ အမျိုးသမီးများ ဖြစ်ခွင့်မရှိ။ ‘‘ဘုရား ဗြဟ္မာ မင်းစကြ်ာနှင့် မာရ သက္ကံ မိန်းမမှန် အမှန် မဖြစ်ရာ’’ ဟု ငယ်ငယ် သာမဏေကျော်တန်း ၀င်စဉ်က ရဖူးသည် ကဗျာဆောင်ပုဒ်ဖြစ်သည်။ (အင်္ဂုတ္တရနိကာယ် ပထမအုပ်)။
အဋ္ဌသာလိနီတွင် ဘုရားဖြစ်ဖို့ရန် ပြည့်စုံရမည့်အချက်ထဲမှာ လိင်္ဂသမ္ပတ္တိ ဆိုတာပါသည်၊ ဆိုလိုသည်မှာ ယောက်ျားလိင်အင်္ဂါရှိရမည်ဟု ဆိုသည်။ ‘‘မနုဿတ္တံ လိင်္ဂသမ္ပတ္တိ၊ ဟေတု သတ္ထာရဒဿနံ’’။ ဗုဒ္ဓ၀ံသ-၂-၅၉ နှင့် အဋ္ဌသာလိနီ ဗုဒ္ဓ၀င်အခန်းမှာ လေ့လာနိုင်ပါသည်။
အမျိုးသမီးနှင့်အကုသိုလ်
ကုသိုလ် အကုသိုလ်တို့သည် လူတစ်ယောက်၏ ဘုန်းကံများဟုခေါ်သည်။ ထို့ကြောင့် လူတစ်ယောက်၏ ဘုန်းကံကြီးခြင်း ဘုန်းကံနဲခြင်းကို ကုသိုလ် အကုသိုလ်ကံတို့၏ အနဲအများဖြင့် ဆုံးဖြတ်ကြသည်။ ဘုန်းကံကြီးသူသည် ကုသိုလ်ကံကြီးသူများဖြစ်ပြီး အကုသိုလ်ကံ နဲသူများဖြစ်သည်။ ဘုန်းကံနဲခြင်းဆိုသည်မှာ ကုသိုလ်ကံနဲပါးခြင်းနှင့် အကုသိုလ်ကံ များပြားခြင်းဖြစ်သည်။
ဗလ၀ အကုသလ ၀သေန- များစွာသော အကုသိုလ်အစွမ်းကြောင့် အမျိုးသမီးဖြစ်ရတယ်ဆိုတော့ အမျိုးသမီးများက အမျိုးသားများထက် အကုသိုလ်အဖြစ်များသလား? မေးစရာရှိလာသည်။
တခါက အနုရုဒ္ဓါမထေရ်ကြီး ဘုရားထံရောက်လာပြီး ‘‘အရှင်ဘုရား-တပည့်တော် နတ်မျက်စိနှင့် အမျိုးသမီးတွေ ငရဲကျရောက်နေတာကို တွေ့နေရပါတယ်ဘုရား၊ အဘယ့်ကြောင့် ဒီလိုဖြစ်ရပါသလဲဘုရား’’ မေးလျှောက်သော အခါ ဘုရားရှင်က ‘‘အနုရုဒ္ဓါ အမျိုးသမီးတွေ ငရဲရောက်နေကြတယ်ဆိုတာ အချက်သုံးချက်နှင့် တစ်နေကုန် နေနေကြလို့ဖြစ်တယ်။ အဲဒီ ၃ ချက်က---
၁။ နံက်ပိုင်းမှာ- အမျိုးသမီးတွေက မစ္ဆရိယစိတ်တွေနဲ့ နေကြတယ်။
၂။ နေ့လည်ပိုင်းမှာတော့- ဣဿာ စိတ်နဲ့ နေကြတယ်။
၃။ ညနေပိုင်းမှာတော့- ရာဂစိတ်နဲ့ နေကြတယ်။
‘‘နံနက် မစ္ဆေ နေ့လည် ဣဿာ ညနေ ရာဂ’’ ဆိုတဲ့ ငယ်ငယ်က ရထားတဲ့ ဆောင်ပုဒ်တစ်ပိုင်းတစ်စလေး ဖြစ်ပါတယ်။ (အင်္ဂုတ္တိုရနိကာယ်၊ ပထမအနုရုဒ္ဓါသုတ်၊ နှာ ၂၈၅)။
ဤသုတ်တော်က အမျိုးသမီးများက အမျိုးသားများထက် အကုသိုလ်စိတ် အဖြစ်များတယ်၊ ဖြစ်ချိန် ပိုများတယ်ဆိုတာ ပြဆိုခြင်းပဲ ဖြစ်သည်။ နံက် အိပ်ယာထ မိုးလင်းတာနဲ့ ကိုယ့်ပိုင်ဆိုင်မှုအပေါ်မှာ မစ္ဆရိယစိတ် စဖြစ်တယ်လို့ ဆိုတယ်၊ နေ့လည်ပိုင်းရောက်လာတော့ သူတစ်ပါးပိုင်ဆိုင်မှု အောင်မြင်မှု ပြည့်စုံမှုအပေါ်မှာ ဣဿာစိတ်ဖြစ်တတ်တယ်ဟုဆိုသည်၊ ထို ဣဿာအကြောင်းကို စာရေးသူ၏ဆိုက်တွင် လောကအဖျက်တရား အပိုင်း(၁)တွင် အကျယ်တ၀န့်ပြဆိုထားပြီး မစ္ဆရိယအကြောင်းကိုတော့ လောကအဖျက်တရား အပိုင်း (၂) တွင် ဖော်ပြီးဖြစ်ရကား ထိုပို့စ်များကို လေ့လာနိုင်ပါသည်။ ညပိုင်းတွင် အမျိုးသမီး ရာဂစိတ်ပိုဖြစ်တယ်ဟု ဆိုသည်။
စာရေးသူ၏အယူအဆ မဟုတ်ပါ၊ ဘုရားဟောများကိုသာ ထုတ်ဖော်ပြခြင်းပဲ ဖြစ်သည်။ သို့သော်လည်း ကုသိုလ်ကောင်းမှုပြုနေကြသူများကလဲ အမျိုးသမီးများပင်ဖြစ်သည်၊ စာရေးသူ၏ပညာရေးကို ထောက်ပံ့သူများကားလဲ အမျိုးသမီးက ခက်များများပင်ဖြစ်သည်။ ထို့ကြောင့် နတ်ပြည်မှာ နတ်သားတစ်ယောက် နတ်သမီး ၅၀၀ ဆိုတော့ နတ်ပြည်အရောက်များသူတွေကလဲ အမျိုးသမီးများပင်ဖြစ်သည်။ ထိုသုတ်အဆိုအရ ထိုအင်္ဂါ၃ ရပ်ဖြင့် အဖြစ်များသူများကို ရည်ရွယ်သည်၊ အမျိုးသမီးအားလုံးကို မဆိုလို၊ ဖြစ်တတ်တဲ့သဘောကို ဆိုလိုသည်၊ ငရဲကျရောက်နေသော အမျိုးသမီးများကိုသာ ဆိုလိုပါသည်။ ငရဲကျရောက်တတ်တယ်ဟုဆိုသည်။ တော်ကြာ အမျိုးသမီးထုက ဒီလိုပြောရမလားဆိုပြီး စာရေးသူ ပါးစပ်ပေါက် ပိတ်သွားနိုင်သည်။
နတ်ပြည်ရောက်သူ အရေအတွက်ကြည့်ပြန်တော့ အမျိုးသမီးများက ကောင်းရာဘုံကို အဖြစ်များသလိုဖြစ်သည်အတွက် ကောင်းမှုပြုသူများသည်ဟုလည်း ဆိုနိုင်သည်။ သို့သော်လည်း အမျိုးသမီးဘ၀ကနေ တိုက်ရိုက်အနေနဲ့ ဘုရားအဖြစ် သကြားမင်း လူမင်း နတ်မင်း ဗြဟ္မာ အဖြစ်ကိုတော့ မရနိုင် အမျိုးသားဘ၀ရောက်အောင် ကောင်းမှုပြု အမျိုးသားဘ၀ဖြစ်ချင်သည့်ဆန္ဒဖြင့် ဆန္ဒပြုကြရသည်။ ထိုအမျိုးသားဘ၀ ရရှိပြီးမှသာ ဘုရား သကြားစတဲ့ ဘ၀မျိုးများကို ရနိုင်မည်ဖြစ်ပါသည်။ ဘုရားရှင်၏ မယ်တော်သည်ပင် သန္တုသိတ နတ်သား ဖြစ်ခဲ့သည်ကို သတိပြုသင့်ပေသည်။ အရှင်အာနန္ဒာသည် မိန်းမဖြစ်ခဲ့တဲ့ဘ၀တွေ များစွာရှိခဲ့သည်။ ဘုရားရှင်နှင့် အရှင်သာရိပုတ္တရာစတဲ့ သာဝကကြီးများသည်လည်း လူသားထက် ဘုန်းကံနိမ့်သည့် တိရစ္ဆာန်ဘ၀တို့ဖြင့် များစွာကျင်ခဲ့ရသည်တို့ကို ထောက်ဆ၍ ဘုရားဖြစ်ဖို့ သာဝကကြီးများဖြစ်ဖို့ ဘ၀အမျိုးမျိုး ဘုန်းကံအမျိုးမျိုးတို့ဖြင့် သံသရာကို ဖြတ်သန်းပြီးမှ ဘုရားအဖြစ်၊ သာဝကကြီးများအဖြစ်ကြရသည်ကို ထောက်ဆလျင် အမျိုးသမီးများလဲ ပစ္စုပ္ပန် လက်ရှိဘ၀မှာ ဘုရားအဖြစ်ကို မရနိုင်ပေမဲ့ ဘုရားလောင်းနှင့် သာဝကလောင်းကြီးများနည်းတူ ပါရမီများ ဖြည့်ပြီး ဘုရားအဖြစ် သာဝက (အမျိုးသား)ကြီးများအဖြစ်ကို ရနိုင်ပါသည်။ ဤကား အမျိုးသမီးများ မဖြစ်နိုင်သည့်အရာများကို ရနိုင်သည့် အခွင့်လမ်းဖြစ်သည်။
ယနေ့ခေတ်အမျိုးသမီးများ
ခန္ဓာကိုယ်ဖွဲ့စည်းပုံသည်သာ သို့မဟုတ် ရုပ်ပိုင်းဆိုင်ရာသည်သာ အမျိုးသားများထက် နိမ့်နေသည်ဆိုစေကာမူ စိတ်ဓာတ်ရေးရာ အသိပညာ ပိုင်းဆိုင်ရာမှာကား အဆင့်တူဟု ဆိုနိုင်သည်။ ထို့ကြောင့် သာသနာမှာ အမျိုးသားများကဲ့သို့ ရာထူးများရသည်၊ မဂ် ဖိုလ် နိဗ္ဗာန်ဝင်နိုင်သည်။
ယနေ့ခေတ်မှာ နိုင်ငံ၏ ခေါင်းဆောင်ပိုင်းနေရာများမှာ အမျိုးသမီးများ နေရာယူလာသည်၊ တိုင်းပြည်၏ခေါင်းဆောင်များဖြစ်လာကြသည့်အတွက် ပြည်သူများ အလေးပေးဆက်ဆံရမည့် သူများဖြစ်လာကြသည့်အတွက် လုပ်ရည်ကိုင်ရည် နှလုံးရည်များ တန်းတူ ရှိလာနိုင်သည်ဟု ဆိုနိုင်ပါသည်။
ဤသို့အားဖြင့် အမျိုးသမီးများ ဘုန်းကံနိမ့်သည်ဟု အထင်အမြင်ဖြင့် အမျိုးသမီးများကို အထင်မသေးသင့်။
ဒကာတော် နောင်နောင်ရေ--မောင်ရင်ရဲ့ အမေးကို ဘုန်းဘုန်းတတ်နိုင်သလောက် ဤမျှလောက်ဖြင့်စုစည်းတင်ပြလိုက်ရပါသည်။ ကျေနပ်မှုမရှိသေးပါက ရှေ့ဆက်ပြီး လေ့လာနိုင်ပါသည်။
Posted by အိမ့်မှူးသော်
တစ်နေ့လျင်ခြောက်နာရီအောက်လျော့နည်းအိပ်စက်သူများအသက်တိုနိုင်
အိပ်ရေးဝအောင် အိပ်စက်မှုမရှိသော အလေ့အထ ကြာရှည်စွာ စွဲကပ်နေခြင်းသည် အသက်တိုစေတတ်ကြောင်း ပညာရှင်များက သတိပေးပြောကြားခဲ့သည်။ တစ်နေ့လျင် (၆)နာရီအောက် လျော့နည်းကာ အိပ်စက်ချိန်ရှိသူများသည် သာမန်ထက် ပိုမိုစောစီးစွာ သေဆုံးနိုင်ကြောင်း အီတလီနှင့် ဗြိတိန်မှ သုတေသီများကဆိုသည်။ ၎င်းတို့၏ လေ့လာမှုအရ တစ်နေ့(၆)နာရီအောက်သာ အိပ်စက်သူများသည် ပုံမှန်အားဖြင့် (၈)နာရီကြာ အိပ်စက်သူများထက် ပျမ်းမျှ(၂၅)နှစ်ထိ အသက်ပိုတိုရန် (၁၂)ရာခိုင်နှုန်း ပိုမိုနီးစပ်ကြောင်း သိရသည်။ Sleepဆေးပညာဂျာနယ်က ယခုတွေ့ရှိချက်အား လူပေါင်း(၁.၅)သန်းအား မတူညီသည့် သုတေသနပြုမှု (၁၆)ခုဖြင့် လေ့လာခဲ့ပြီး ကောက်ချက်ဆွဲထားခြင်းဟု ရေးသားဖော်ပြခဲ့သည်။ (၆)နာရီနှင့် (၈)နာရီကြား ကာလသည် လူတစ်ဦး နေ့စဉ်ပုံမှန် အိပ်စက်သင့်သည့် အခြေအနေဖြစ်ပြီး ထို့ထက်ပိုခြင်း၊ လျော့ခြင်းတို့သည် စောစီးစွာ သေဆုံးခြင်းနှင့် ဆက်စပ်နေကြောင်း ဆရာဝန်များကဆိုသည်။ လောင်းဘာရိုး အိပ်စက်မှု သုတေသနစင်တာမှ ပါမောက္ခ ဂျင်မ်ဟုမ်းက “အိပ်စက်ခြင်းဟာ ဓာတ်ခွဲခန်းသုံး လစ်တမတ်စ် စက္ကူလိုပါပဲ။ စိတ်ပိုင်းရော၊ ရုပ်ပိုင်းရောရဲ့ ကျန်းမာရေးနဲ့ ဆက်နွယ်နေပါတယ်။ အိပ်တာကို အလွန်အကျွံဖြစ်ရင်၊ လိုတာထက်လျော့နေရင် တခြားရောဂါတွေ အများကြီး ရလာနိုင်ပါတယ်”ဟု ရှင်းပြခဲ့သည်။ “တချို့တွေက တစ်နေ့ကို (၅)နာရီလောက်ပဲ အိပ်ကြပါတယ်။ ဒါဟာ ကျန်းမာရေး ရှုထောင့်ကကြည့်ရင် အန္တရာယ်များပါတယ်။ အိပ်ချိန်မလုံလောက်တာဟာ ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်စဉ်တွေအတွက် မောင်းနှင်နိုင်စွမ်းနဲ့ ပုံမှန်လည်ပတ်နိုင်စွမ်းကို ကြီးကြီးမားမား ထိခိုက်လာနိုင်ပါတယ်”ဟု ဒေါက်တာဟုမ်းက ပြောကြားသွားသည်။
(ပြန်လည်မျှဝေပါသည်)
မြန်မာ့ဆက်သွယ်ရေးနဲ့ ဖုန်း အင်တာနက်အရှုပ်တော်ပုံ
ဆောင်ပါးရှင် မောင်ပါလ
မြန်မာပြည်ပြန်ရောက်ပြီးနောက်ပိုင်းမှာ ကျနော်လည်း အင်တာနက်သုံးလို့အဆင်ပြေအောင်ဆိုပြီး ဖုန်းကဒ်လေးတခု လုပ်လိုက်ပါတယ်။ မြန်မာပြည်မှာ ဖုန်းနဲ့သုံးရင် အင်တာနက်မြန်နှုန်း အကောင်းဆုံးပါဆိုတဲ့ CDMA 800 လိုင်းပါ။ Redlink စတဲ့ အင်တာနက်ဝန်ဆောင်မှုပေးနေတဲ့ ကုမ္ပဏီတွေရှိပေမယ့် အင်တာနက်ဈေးနှုန်းတွေက တော်ရုံတန်ရုံလူလတ်တန်းစားဝင်ငွေလောက်နဲ့တောင် အနားမကပ်နိုင်ပါဘူး။ ဒါကြောင့် မြန်မာပြည်တွင်းက အင်တာနက်အသုံးပြုသူတော်တော်များများဟာ ဖုန်း SIM ကဒ်နဲ့ အင်တာနက်သုံးကြတာပဲများပါတယ်။
သြော်… ကျနော်သိသလောက် မြန်မာပြည်ကဖုန်းကဒ်တွေအကြောင်း နည်းနည်းပြောချင်တယ်။ CDMA 800 ၊ CDMA 450 ၊ WCDMA နဲ့ GSM ကဒ်တွေဆိုပြီး မြန်မာပြည်မှာ သုံးကြပါတယ်။ CDMA 800 ကို ကမ်းရိုးတန်းဖုန်းလို့ခေါ်ကြပြီး တရုတ်နိုင်ငံကထုတ်တဲ့ ဟမ်းဆက်ကလွဲပြီး ကျန်တဲ့ဟမ်းဆက်တွေနဲ့ သုံးလို့မရပါဘူး။ ရန်ကုန်ကနေထွက်ပြီး ထောက်ကြန့်လောက်လွန်တာနဲ့ လိုင်းမရှိတော့ပါဘူး။ မန္တလေးမြို့တွင်း၊ နေပြည်တော်မြို့တွင်းလောက်ပဲ လိုင်းမိပါတယ်။ တချို့CDMA 450 လိုင်းရှိတဲ့မြို့တွေမှာဆိုရင်တော့ CDMA 800 ကဒ်ကို CDMA 450 ဟမ်းဆက်ထဲထည့်ပြီး သုံးလို့ရပါတယ်။ ဆိုလိုတာကတော့ CDMA 800 ကဒ်သုံးမယ်ဆိုရင် CDMA 800 ဟမ်းဆက်နဲ့ CDMA 450 ဟမ်းဆက်နှစ်ခုဆောင်ထားမှ အဆင်ပြေနိုင်မှာပါ။
CDMA 450 ကိုနေပြည်တော်ဖုန်းလို့ခေါ်ကြပြီး CDMA 800 လိုပဲ တရုတ်ဟမ်းဆက်ကလွဲပြီး ကျန်တဲ့ဟမ်းဆက်တွေ သုံးလို့မရပါဘူး။ WCDMA ကဒ်ကိုလည်း အင်တာနက်သုံးဖို့ အဓိကထုတ်ထားတယ်လို့ ကြားသိရပြီး CDMA တွေအတိုင်းပါပဲ။ လူသုံးနည်းတယ်လို့ ထင်ပါတယ်။
GSM ကဒ်တွေကတော့ ဟိုအရင်ကထုတ်ခဲ့တဲ့ ၁၅ သိန်းတန်၊ ၅ သိန်းတန်ကဒ်တွေအပြင် မကြာခင်ကပဲ နှစ်သိန်းတန်ကဒ်ဆိုပြီး ထပ်မံထုတ်ပါတယ်။ နှစ်သိန်းတန်ဖုန်းကဒ်ထွက်လာတုန်းက 3G GSM ကဒ်ဆိုပြီး နှစ်သိန်းခွဲနဲ့ရောင်းတယ်လို့ ကြားမိပါသေးတယ်။ 2G GSM နဲ့ 3G GSM ကို အကောင့်သား ဆသရက ဘယ်လိုသတ်မှတ်ခွဲခြားထားလည်းတော့ ကျနော်လည်း မသိပါဘူး။ ခုထိတော့ မြန်မာပြည်မှာ 3G ဖုန်းစနစ်အသုံးပြုလို့ မရသေးပါဘူး။
ဖုန်းခေါ်ရတာ အဆင်ပြေမပြေဆိုတာတော့ ကျနော်ပြည်ပမှနေတုန်းက ကာတွန်းလေးတပုဒ်ဖတ်ဖူးပါတယ်။ “ဘယ်ဘက်လက်မှာ ကိုင်ထားတဲ့ဖုန်းကနေ ညာဘက်လက်မှာ ကိုင်ထားတဲ့ဖုန်းကိုခေါ်တာ ဆက်သွယ်မှုဧရိယာပြင်ပရောက်နေတယ်။ ငါ့ကိုဗြောင်လိမ်တယ်” ဆိုတဲ့ကာတွန်းလေးပါ။ မြန်မာပြည်ပြန်ရောက်တော့ အဲဒါကို နဖူးတွေ့ဒူးတွေ့ ကိုယ်တိုင်ကိုယ်ကျ ကြုံခဲ့ရပါတယ်။
GSM ကဒ်တွေကို နှစ်သိန်းနဲ့ ဗုံးဘောလအောစရောင်းကတည်းက GSM ဖုန်းတွေကို ခေါ်ရတာခက်လာပါတယ်။ နည်းပညာပိုင်းကို မြှင့်တင်ပေးခြင်းမရှိဘဲ ကဒ်တွေကိုပဲရောင်းထုတ်နေတာဆိုတော့ လိုင်းကျပ်တယ်ဆိုလား။ ခေါ်လို့မလွယ်တော့ပါဘူး။ အဲတုန်းက CDMA 800 ဖုန်းကဒ်ကိုင်ထားတဲ့ကျနော် မင်းသားခဏဖြစ်လိုက်သေးတယ်။ ရန်ကုန်တွင်းမှာဆို ရေအိမ်ထဲမှာတောင် လိုင်းမိတယ်လေ။ သိပ်မကြာပါဘူးဗျာ။ CDMA 800 အတွက် တာဝါတိုင်တွေ မတိုးချဲ့တော့ဘူးဆိုတဲ့သတင်းထွက်လာတော့ ကျနော်လည်း ဆသရကို ကောင်းကောင်းမေတ္တာပို့တာပေါ့။
စကားမစပ်ပြောရအုံးမယ်။ မြန်မာနိုင်ငံမှာ ဖုန်း SIM Card ကို နှစ်သိန်းနဲ့ဝယ်ပြီးရင် (ယခုဈေးနှုန်း) မပြီးသေးပါဘူး။ အင်တာနက်သုံးချင်ရင် အင်တာနက်လိုင်းထပ်လျှောက်ရပါတယ်။ ယခုပေါက်ဈေး နှစ်သောင်းလောက်ရှိပါတယ်။ နောက်ပိုင်း 3G သုံးလို့ရပြီဆိုရင်လည်း 2G GSM တွေ 3G ကိုအသုံးပြုချင်ရင် ဘယ်လောက်ထပ်မံပေးရမယ်ဆိုတာ လာအုံးမယ်ထင်ပါတယ်။ နောက်တခုအနေနဲ့ကတော့ ဖုန်း SIM Card ကဒ်ရောင်းတာနဲ့ပတ်သတ်ပြီး တော်တော်လေးကို ဂွတီးဂွကျနိုင်တဲ့ စာတကြောင်းကို ကျနော်တွေ့ရပါတယ်။ “နှစ်သိန်းတန်ဖုန်းကဒ်များကို နှစ်သိန်းနှင့်ရောင်းပေးပါသည်” တဲ့ဗျာ။ ဘာကြောင့်၊ ဘယ့်သူချို့ယွင်းမှုလဲတော့ မသိတော့ပါဘူး။
ဖုန်းခေါ်ဆိုခအနေနဲ့တော့ ဟမ်းဖုန်းအားလုံးဟာ ပြည်တွင်းခေါ်ဆိုခ တမိနစ်ကို ၅၀ ကျပ်ဖြတ်ပါတယ်။ Auto Phone လို့ခေါ်ကြတဲ့ အိမ်သုံးကြိုးဖုန်းတွေကတော့ တမိနစ်ကို ၂၅ ကျပ်ဖြတ်ပါတယ်။ အရင်တုန်းက GSM ဟမ်းဖုန်းတွေလည်း postpaid system (လပေးစနစ်)နဲ့ပဲ ရှိနေသေးတဲ့အချိန်မှာ ပိုက်ဆံသွားဆောင်တဲ့အချိန်ဆိုရင် ၁၅ ပေပတ်လည်လောက် ဆသရရုံးထဲမှာ ဖုန်းဖိုးလာဆောင်ကြတဲ့ လူတွေဟာ ပုရွက်ဆိတ်အုံကို တုတ်နဲ့ထိုးထားတဲ့အတိုင်းပါပဲ။ ခုတော့ GSM ဟမ်းဖုန်းကိုင်ကြသူများလည်း Prepaid system ဖြစ်လာတော့ အဲဒီဒုက္ခချုပ်ငြိမ်းသွားကြပါပြီ။ (မြန်မာ့ဖုန်းဝန်ဆောင်မှုနဲ့ ဖုန်းဘေလ်သွင်းတဲ့စနစ်ကို ဟစ်တလာတောင် လက်မြှောက်ပါတယ်ဆိုတဲ့ ဗွီဒီယိုအတိုလေးတောင် အင်တာနက်မှာ ပြန့်နှံ့ခဲ့ပါသေးတယ်) မယုံမရှိကြပါနဲ့။ အဲဒါအမှန်အတိုင်းပါပဲ။
အင်တာနက်အသုံးပြုတာအနေနဲ့တော့ CDMA 800 လိုင်းဟာ အင်တာနက်သုံးရင် တမိနစ်ကို ၄ ကျပ်ဖြတ်ပါတယ်။ GSM ကဒ်နဲ့ သုံးရင်တော့ တမိနစ်ကို ၂ ကျပ်ဖြတ်ပါတယ်။ ဒါပေမယ့် နှေးတာချင်းတော့ တူတူပါပဲ။ ပိုက်ဆံဖြတ်တာပဲ ကွာသွားတာပါ။ တခါတလေဆို Gtalk တောင် ၀င်လို့မရပါဘူး။ ပိုက်ဆံဖြတ်တာတော့ ဘာလို့ကွာသွားသလဲမေးရင် အနှေးပြိုင်ရင်း ကွာသွားတယ်လို့ ပြောရမယ်ထင်ပါတယ်။
နိုင်ငံတကာမှာ အင်တာနက်မြန်နှုန်းတွေ ဖုန်းဝန်ဆောင်မှုတွေကို ကောင်းသထက်ကောင်းအောင် သုံးတဲ့သူတွေ အဆင်ပြေသထက်ပြေအောင် ၀န်ဆောင်ပေးနေကြပြီး အသုံးပြုခတွေ၊ ဖုန်းပြောခတွေကိုတော့ လျှော့သထက်လျှော့ နည်းသထက်နည်းအောင် လျှော့ချပေးနေကြပါတယ်။ ကျနော်တို့မြန်မာနိုင်ငံက မြန်မာ့ဆက်သွယ်ရေးနဲ့တော့ ပြောင်းပြန်အချိုးကျနေပါတယ်။
အခုဆိုရင်ပဲ အင်တာနက်အသုံးပြုခတွေကို Data Usages အနေနဲ့ ဒီဇင်ဘာ ၁-ရက်ကစပြီး ပြောင်းလဲကောက်ခံမယ်ဆိုတဲ့သတင်း ထွက်လာပါတယ်။ အသုံးပြုခလျာထားမှုအရ viber နဲ့အင်တာနက်ဖုန်းခေါ်ဆိုရင် တမိနစ်ကို ၅ ကျပ်နှုန်း၊ Facebook အသုံးပြုရင် တမိနစ်ကို ၂၀ ကျပ်နှုန်း ဆိုပြီး ပညာရှင်များက တွက်ပြပါတယ်။ ယခင်မိနစ်နဲ့ဖြတ်တာနဲ့စာရင် အများကြီးတက်သွားတဲ့ဈေးနှုန်းပါ။ ဖုန်းကဒ်ဈေးနှုန်းတွေ ယခင်အင်တာနက်အသုံးပြုခတွေဟာ မြန်မာပြည်တွင်းမှာ အလုပ်လုပ်နေတဲ့ သာမာန်ပြည်သူတယောက်ရဲ့ဝင်ငွေနဲ့ ဆိုရင် အဆမတန် (အဆမတန်) ကို ကြီးမြင့်နေပါသေးတယ်။
ဖုန်းလိုင်းကောင်းတာမကောင်းတာ ငါတို့အလုပ်မဟုတ်ဘူး။ ဖုန်းကဒ်ရောင်းဖို့က ငါတို့အလုပ်ပဲဆိုတဲ့ပုံစံနဲ့ ပြည်သူတွေဆီကငွေကိုလည်း နှစ်သိန်းတန်ဖုန်းကဒ်ဆိုတာနဲ့ သဲ့ယူပြီးပါပြီ။ နည်းပညာပိုင်းအားနည်းလို့ ဖုန်းခေါ်ရခက် စိတ်ညစ်ဒုက္ခရောက်ရတော့ ပြည်သူတွေပဲဖြစ်ပါတယ်။ မြန်မာ့ဆက်သွယ်ရေးရဲ့ ဖင်မနိုင်ဘဲ ပဲကြီးဟင်းစားလို့ ပါချသမျှချီးက မြန်မာပြည်သူတွေရဲ့ ခေါင်းပေါ်မှာပါ။ ယခုတခါထပ်ပြီး အင်တာနက်အသုံးပြုခကို ပြောင်းလဲတိုးမြှင့်ကောက်ခံမယ်ဆိုပြီး မြန်မာ့ဆက်သွယ်ရေးက ရိုက်စားဂွင်ကြီးနဲ့ ပြည်သူချွေးနည်းစာကို ထပ်မံလိမ်ညာယူကြအုံးမယ်ဆိုရင်။ ။
ကာမဂုဏ်တို့၏ အပြစ်
(၇)
ပါဠိတော်
“ကောစ ဘိက္ခဝေ ကာမာနံ အာဒီနဝေါ။ လ။ ကာမဟေတု ကာမနိဒါနံ ကာမာဓိကရဏံ ကာမာန မေ၀ ဟေတု”
မြန်မာပြန်
“ရဟန်းတို့-ကာမဂုဏ်တို့၏အပြစ်သည် အဘယ်နည်း၊ ရဟန်းတို့--လောက၌ အမျိုးသားသည် လက်ဆစ်ချိုး ရေတွက်ခြင်းအတတ်ဖြင့်ဖြစ်စေ၊ ဂဏန်းသင်္ချာအတတ်ဖြင့်ဖြစ်စေ၊ လယ်လုပ်ခြင်း, ကုန်သွယ်ခြင်းဖြင့်ဖြစ်စေ၊ မင်းမူထမ်းခြင်းဖြင့်ဖြစ်စေ၊ အခြားတစ်ပါးသော အတတ်ဖြင့်ဖြစ်စေ၊ အတတ်ပညာ တစ်မျိုးမျိုးဖြင့် အသက်မွေးဝမ်းကျောင်းရှာရာ၌ အအေးကို ရင်ဆိုင်ရလျက်၊ အပူကိုရင်ဆိုင်ရလျက်၊ မှက်-ခြင်-ယင်-လေပူ-နေပူ-မြွေ-ကင်းတို့၏ အတွေ့အထိကို ခံရလျက်၊ ငတ်မွတ်ခြင်း နှိပ်စက်၍ အသက်ကို အသေခံရလျက် အသက်မွေးရ၏။ ဤသည်ကား ကာမဂုဏ်အရင်းခံ၊ ကာမဂုဏ်လျှင် တည်ရာရှိသော ကာမဂုဏ်တို့ကြောင့်သာလျှင် ဖြစ်သော မျက်မှောက် လက်ငင်း ဆင်းရဲသည့် ကာမဂုဏ်၏ အပြစ်ပေတည်း”
အဓိပ္ပာယ်ရှင်းလင်းချက်
“လောက၌ သတ္တ၀ါတစ်ခုဖြစ်လာလျှင် အာရုံငါးပါး၊ ကာမဂုဏ်တရားအတွက် အနည်းနည်းအဖုံဖုံ ရှာရဖွေရ အသက်မွေးဝမ်းကျောင်းမူပြုရ၏။ ဂဏန်းသင်္ချာအတတ်ကို သင်၍ ၎င်း အတတ်နှင့် အသက်မွေးရန် အလုပ်လုပ်ရ၏။ လယ်လုပ်ခြင်း၊ ကုန်ကူးသန်းရောင်းဝယ်ခြင်း၊ နွားအငှာကျောင်းရခြင်း၊ အခစားလုပ်ရခြင်း၊ လက်နက်ကိုင်အမူထမ်းရခြင်း စသောအားဖြင့် ရေလမ်း၊ ကုန်းလမ်း၊ လေလမ်း ရှောင်နေ၍မရ၊ ချမ်းသည် ပူသည် ငြင်းနေ၍မဖြစ်၊ မြွေ, ကင်း စသည် ကြောက်နေ၍ မပြီး၊ လေပူ-နေပူမခံနိုင်ဆို၍ မနေရ။ ထမင်းဆာသည်၊ ရေငတ်သည်ဟု ရပ်နေ၍လည်းမဖြစ်။ အသက်ကိုပင် အသေခံ၍ နေ့စဉ်လူပ်ရှား သွားလာပြုလုပ်နေသမျှသည် ထိုခေတ္တသာယာ ဖွယ်ဖြစ်သည့် အာရုံဝတ္ထု တိုက်ဆိုင်မူအတွက် မျက်မှောက်ဘ၀ ဆင်းရဲရသည့် ကာမဂုဏ်တို့၏ အပြစ်ဟူ၍ ဘုရားဟောသည်။
“ကိစ္ဆော မနုဿ ပဋိလာဘော၊ ကိစ္ဆံမစ္စာနာဇီဝိတံ”
ဓမ္မပဒတွင် ဧရကပတ္တ နဂါးမင်းအား ဘုရားက…
“မနုဿပဋိလာဘော၊ လူ့အဖြစ်ကို ရခြင်းသည် ကိစ္ဆော၊ ငြိုငြင်ပင်ပန်းဆင်းရဲ၏။ မစ္စာနံ၊ သတ္တ၀ါတို့၏ ဇီဝိတံ၊ အသက်တာရှည်နေနိုင်အောင် ပြုစုလုပ်ကျွေးရခြင်းသည်။ ကိစ္ဆံ၊ ငြိုငြင်ပင်ပန်းဆင်းရဲလှ၏”
ဟု ဟောသည်၊ ငယ်စဉ်ကတည်းက အတတ်ပညာ သင်ရ၏။ အလုပ်လုပ်ဖို့ဖြစ်၏။ အဘယ်ကြောင့် အလုပ်လုပ်သနည်း။ အာရုံငါးပါး ကာမဂုဏ် အတွက်လုပ်သည်။ ဤကာမဂုဏ်အတွက် ရှာဖွေရသည်မှာ ကာမဂုဏ်အတွက်သာ ဖြစ်သည့်အပြင် မတရားစီးပွားရှာခြင်းသည် အကုသိုလ်နှင့် ရင်းနှီးခြင်းသည် ပို၍ ဆိုးပေသည်။ ဆက်လက်၍ မြတ်စွာဘုရားသည်...
(၈)
“တဿစ ဘိက္ခဝေ ကုလပုတ္တဿ ဧ၀ံ ဥဋ္ဌ-ဟတော ဃဋတော ၀ါယမတော။ လ။ ကာမဟေတု ကာမနိဒါနံ ကာမဓိကရဏံ ကာမာန မေ၀ဟေတု”
မြန်မာပြန်
ရဟန်းတို့-ကာမဂုဏ်တို့အတွက် ပစ္စည်းဥစ္စာရှာဖွေသော အမျိုးသားသည် ဤသို့ ထကြွလုံ့လ ၀ီရိယတို့နှင့် စေ့ဆော်အားထုတ်ရှာဖွေပါလျက် မပြည့်စုံငြားအံ့။ ငါ၏ ထကြွလုံ့လ ၀ီရိယနှင့်ရှာဖွေမူသည် အချင်းနှီးပင်ဖြစ်၏။ ငါကြိုးပမ်းသမျှ အကျိုးမဲ့ပါတကားဟု ပူဆွေး၏။ ပင်ပန်း၏၊ ငိုကြွေး၏၊ ရင်ဘတ်စည်တီးဆိုမြည်တမ်း၏၊ တွေဝေခြင်းဖြစ်၏။ ဤသည်လည်း ကာမဂုဏ်တို့ အကြောင်းအရင်းခံကြောင့် မျက်မှောက် လက်ငင်း ဆင်းရဲရသော ကာမဂုဏ်တို့၏ အပြစ်ပေတည်း”
အဓိပ္ပာယ်ရှင်းလင်းချက်
ပစ္စည်းဥစ္စာဟူသည် ကြံစည်တိုင်း၊ ရှာဖွေတိုင်း မိမိတို့အလိုရှိသလို ဖြစ်သည်မဟုတ်၊ ရှာဖွေ၍မရလာ မဖြစ်လာပါကလည်း မိမိကြိုးပမ်းသမျှ လုပ်အားစိုက်၍ ပြုလုပ်ထားရသမျှအတွက် အားအင်ကုန်ခန်း စိတ်ညှိုးနွမ်း၍ ပင်ပန်းခြင်း၊ ပူဆွေးခြင်း၊ ယူကျုံးမရ ငိုကြွေးခြင်း၊ မြည်တမ်းရေရွတ်ခြင်း၊ ရင်ဘတ်စည်တီး စသော သောက ဒုက္ခတို့ကို ရင်ဆိုင်ကြုံတွေ့တတ်ကြလေသည်။
“ဥစ္စာဟူသည် မျက်လှည့်မျိုး”ဟု သူဟောင်းတို့ ဆိုရိုးစကားအရ ရှာဖွေတိုင်းလည်း မရ၊ ပြုလုပ်တိုင်းလည်း မဖြစ် သင်္ခါရ သဘာဝ အနတ္တသဘောဟူ၍ ရှာဖွေပြုလုပ်သူက မသိသော်လည်း ၎င်းတို့ကား အနတ္တနယ်သားတို့ ဖြစ်၍ မစိုးမပိုင် မနိုင်ချေ။
“နတိ စိန္တာမယာဘောဂါ”
“ဘောဂါ၊ ဥစ္စာပစ္စည်းမျိုးသည်။ နစိန္တာမယာ၊ ကြံစည်လုပ်ကိုင်တိုင်း မပြီးရသတည်း”
ဟု နီတိဆိုရိုးမျိုးလည်း ရှိပေသည်။ ဤကဲ့သို့ လုံ့လကြိုးကုတ် အားထုတ်ရှာဖွေပါသော်လည်း အလိုရှိသလို ကိစ္စမပြီးချေက “ငါကိုယ်က ကံမကောင်းလို့”ဟူ၍ မမြင်နိုင်သော အတိတ်ကံကို လုံးဝပုံချလိုက်လေသည်။ ထိုကံဟူသည် အတိတ်ဘ၀က မိမိပြုလုပ်ခဲ့ဖူးသည့် ကောင်းမူကံ(ကုသိုလ်) မကောင်းမူကံ(အကုသိုလ်) တို့ကို ပြန်လည် သိရှိနိုင်သည်လည်း မဟုတ်၍ အတိအကျမသိရဘဲ စိတ်ပြေရုံမျှသာရှိ၏။ အချို့တို့ကား ထိုကုသိုလ်ကံ အကုသိုလ်ကံဟုပင် မသိဘဲ “အနက်အဓိပ္ပာယ် ကင်းသည့်ကံ” ဟူသော စကားတစ်လုံးသာမှတ်ပြီး ယူမှားလေရာ ထိုအယူအဆကြောင့် မှားယွင်းသော မိစ္ဆာနယ်ဘက်ရောက်သွားလေသည်။
“ကံဟူမူလ၊ သမ္ဗုဒ္ဓတို့၊ ဟောပြသည်မှာ၊ အရင်းသာရှင့်၊ ဥစ္စာဘောဂ၊ ဇီဝိတနှင့် သုခပွားရန်၊ ဤလူဌာန်၌၊ ဉာဏ်ဝီရိယ၊ ပယောဂတည့်။”
ဟု မဃဒေ၀ လင်္ကာသစ်တွင် မန်လည်ဆရာတော်ဆိုထားသည်။ ဆိုလိုရင်းမှာ လူဖြစ်ရန်၊ နတ်ဖြစ်ရန်၊ သတ္တ၀ါဖြစ်ရန်မှာ အတိတ်က သင်္ခါရကံကြောင့် ဖြစ်လာရသည်မှာ အထင်အရှားပင် ပဋိစ္စသမုပ္ပာဒ်က ပြသည်။ ကံဟူသည် သတ္တ၀ါတစ်မျိုးမျိုးဖြစ်အောင် ပြုလုပ်ပေးမူဖြစ်၍ သတ္တ၀ါတစ်ခုဖြစ်မူ၌ အရင်းခံမူလ အမှန်ပင်။ ထိုကံက “သင်္ခါရပစ္စယာ ၀ိညာဏ်၊ နာမ်ရုပ်၊ သဠာ ယတန၊ ဖဿ-ဝေဒနာ” ခန္ဓာငါးပါး ဒုက္ခသစ္စာတရားဖြစ်အောင် ပြုလုပ်ပေးလိုက်ပြီးသောအခါ ထိုဖြစ်ရာဘ၀၌ ဥစ္စာပစ္စည်းရမူ၊ ဘေးရန်ကင်းမူ၊ အသက်ရှည်မူ စသည်ကား ဉာဏ်-၀ီရိယတို့နှင့် ယှဉ်တွဲပြုပြင်ပါမှ ဖြစ်မည့် အကြောင်းကို ဖွဲ့ဆိုထားခြင်းဖြစ်လေသည်။
ဆရာကြီး ဦးကြည် (သစ္စာဒီပက-မူလဓမ္မာစရိယ) မဟာဒုက္ခက္ခန္ဓသုတ် အဖွင့်စာအုပ်မှ ပြန်လည်ထုတ်နုတ် ဖော်ပြပေးထားပါသည်။