Friday, November 9, 2012
အိုဘားမား မြန်မာသို့ လာလည်မည်
ဒုတိယ သက်တမ်း အတွက် ပြန်လည် ရွေးကောက်ခံ ခဲ့ရသော အမေရိကန် သမ္မတ အိုဘားမားသည် ယခု လကုန်ပိုင်းတွင် မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်ရန် ရှိကြောင်း အမည် မဖော်လိုသူ မြန်မာအစိုးရ တာဝန်ရှိသူ တစ်ဦးက အေအက်ဖ်ပီ သတင်းသို့ ပြောကြားသည်။ သတင်း၌ ယင်းအရာရှိက "သမ္မတ အိုဘားမားဟာ သမ္မတ(ဦးသိန်းစိန်)နဲ့ ဒေါ်အောင်ဆန်း စုကြည် တို့ကို တွေ့ဆုံ သွားမှာပါ။ ---
အဓမ္မ ပြုကျင့်တဲ့ အာဖဂန် ရဲတွေ ထောင်ချခံရ
![]() |
| လိင်ပိုင်းဆိုင်ရာ မတရား ပြုကျင့် ခံရသူ မိန်ကလေး ကိုယ်တိုင် တိုင်တန်း |
အခုနှစ် မေလ တုန်းက ရဲ ဝန်ထမ်း အမျိုးသားတွေ အုပ်စုက သူ့ကို ဖမ်းဆီးပြီး ၅ ရက်ကြာ ဘယ်လို ရိုက်နှက်၊ အတင်း အဓမ္မ ပြုကျင့် ခဲ့တယ် ဆိုတာ အသက် ၁၈ နှစ် အရွယ် အမျိုးသမီး လာလ် ဘီဘီ Lal Bibi က တရားရုံးမှာ ငိုကြွေးရင်း ပြောပြခဲ့ ပါတယ်။
တခြား ရဲဝန်ထမ်း သုံးယောက် ကိုလည်း ပြစ်ဒဏ်တွေ ချမှတ်ခဲ့ ပါတယ်။
အဲဒီ အမျိုးသမီးက သူ့ကို မတရား ပြုကျင့် ခဲ့တာနဲ့ ပတ်သက်လို့ သူကိုယ်တိုင် သွားရောက် တိုင်ကြား ခဲ့တာပါ။
အာဖဂန် နစ္စတန် နိုင်ငံမှာက လိင်ပိုင်း ဆိုင်ရာ မတရား ပြုကျင့်ခံရတဲ့ အမျိုး သမီးတွေဟာ အခုလို ကိုယ်တိုင် ထုတ်ဖော် တိုင်ကြားတယ် ဆိုတာ ဖြစ်ရိုး ဖြစ်စဉ် မဟုတ်တဲ့ ကိစ္စပါ။
သူ့ရဲ့ ထွက်ဆိုချက် တွေကို နိုင်ငံတကာ သတင်း မီဒီယာတွေမှာ စိတ်ဝင် တစား ဖော်ပြ ခဲ့ကြသလို သမ္မတ ကာဇိုင်း ကိုယ်တိုင်က ရာဇဝတ်မှု ဆိုင်ရာ စုံစမ်း စစ်ဆေးဖို့ အမိန့် ပေးခဲ့ ရတဲ့ အထိ ဖြစ်ခဲ့ ပါတယ်။
ဘီဘီစီ (မြန်မာပိုင်း)
အားဖြည့်အချိုရည်နှင့် အရက် တွဲဖက် သောက်သုံးခြင်းကြောင့် ကျန်းမာရေးထိခိုက်နိုင်

အားဖြည့် အချိုရည်များကို အရက်ဖြင့် တွဲဖက်
သောက်သုံးခြင်းသည် ကျန်းမာရေးအတွက်
ဆိုးကျိုးများ ဖြစ်ပေါ်စေနိုင်ကြောင်း သိရှိရသည်။
အချို့သော လူငယ်များသည် အားဖြည့်အချိုရည်ကို အရက်ထဲ
ရောနှော ထည့်သွင်း သောက်
လေ့ရှိရာ ယင်းသည် နှလုံး၏ လုပ်ငန်းဆောင်တာများကို ထိခိုက်စေသလို နှစ်ခြိုက်စွာ
အိပ်မပျော်ဘဲ ရှိစေတတ်ကြောင်း ပညာရှင်များက သတိပေးခဲ့သည်။
ကဖိန်းဓာတ် မြင့်မြင့်မားမား ပါဝင်သော အားဖြည့် အချိုရည်များသည် အရက်နှင့် တွဲဖက်မိပါက နှလုံးတုန်မှုကို သာမန်ထက် (၆)ဆထိ မင့်တက်လာစေတတ်ကြောင်း သုတေသန ရလဒ်တစ်ခုက ဖော်ပြခဲ့သည်။ အရက်ကို သာမန် အချိုရည် တစ်မျိုးမျိုးဖြင့် တွဲဖက်သောက်သုံးခြင်းနှင့် နှိုင်းယှဉ်လျှင် အားဖြည့် အချိုရည်များက သက်ရောက်မှု အလွန်များကြောင်း ပညာရှင်များက ဆိုသည်။
ထို့အပြင် အရက်ကို အားဖြည့်အချိုရည်နှင့် ရောနှော သောက်သုံးပါက အိပ်စက်ရ ခက်ခဲမှုကို (၄)ဆမျှ မြင့်မားစေနိုင်ကြောင်းလည်း ဖော်ထုတ်နိုင်ခဲ့သည်။
Red Bullကဲ့သို့ အချိုရည်များသည် ဈေးကွက်အတွင်း အခိုင်အမာ နေရာရနေပြီး ၎င်းတို့သည် ပျမ်းမျှအားဖြင့် တစ်ဘူးလျှင် ကဖိန်းဓာတ် (၈၀)မီလီဂရမ်မျှ ပါဝင်လေ့ရှိသည်။ တက်စ်မေးနီးယား တက္ကသိုလ်မှ ဒေါက်တာ အန်ဒရီရာကားရ်က "အရက်နဲ့ အားဖြည့်အချိုရည်တွေကို တွဲပြီး သောက်တာဟာ သတိထားရမယ့် အခြေအနေ တစ်ခုပါ။
ကဖိန်းရဲ့ အာနိသင်က အဲီးအချိန်မှာ ပိုပြင်းပြလာပြီး လိုတာထက်ပိုတဲ့ သက်ရောက်မှုတွေ ဖြစ်လာနိုင်တယ်"ဟု ပြောကြားသွားသည်။
သုတေသီများသည် ယခုတွေ့ရှိချက်အတွက် အသက်(၁၈)နှစ်နှင့် (၃၅)နှစ်ကြား အမျိုးသား၊ အမျိုးသမီး (၄၀၃)ဦးကို လေ့လာခဲ့ကြောင်းလည်း သိရသည်။ သုတေသန ရလဒ်များက အားဖြည့် အချိုရည်များသည် အရက်၏ ထိုင်းမှိုင်းစေတတ်သော အာနိသင် အချို့ကို ပယ်ဖျက်ပစ်လိုက်ပြီး အိပ်ပျော်ရန် ခက်ခဲစေတတ်ကြောင်းလည်း ညွှန်ပြလျှက်ရှိကြောင်း သတင်းများက ဖော်ပြသွားသည်။
Source: DailyMail
အချို့သော လူငယ်များသည် အားဖြည့်အချိုရည်ကို အရက်ထဲ
ရောနှော ထည့်သွင်း သောက်
လေ့ရှိရာ ယင်းသည် နှလုံး၏ လုပ်ငန်းဆောင်တာများကို ထိခိုက်စေသလို နှစ်ခြိုက်စွာ
အိပ်မပျော်ဘဲ ရှိစေတတ်ကြောင်း ပညာရှင်များက သတိပေးခဲ့သည်။
ကဖိန်းဓာတ် မြင့်မြင့်မားမား ပါဝင်သော အားဖြည့် အချိုရည်များသည် အရက်နှင့် တွဲဖက်မိပါက နှလုံးတုန်မှုကို သာမန်ထက် (၆)ဆထိ မင့်တက်လာစေတတ်ကြောင်း သုတေသန ရလဒ်တစ်ခုက ဖော်ပြခဲ့သည်။ အရက်ကို သာမန် အချိုရည် တစ်မျိုးမျိုးဖြင့် တွဲဖက်သောက်သုံးခြင်းနှင့် နှိုင်းယှဉ်လျှင် အားဖြည့် အချိုရည်များက သက်ရောက်မှု အလွန်များကြောင်း ပညာရှင်များက ဆိုသည်။
ထို့အပြင် အရက်ကို အားဖြည့်အချိုရည်နှင့် ရောနှော သောက်သုံးပါက အိပ်စက်ရ ခက်ခဲမှုကို (၄)ဆမျှ မြင့်မားစေနိုင်ကြောင်းလည်း
Red Bullကဲ့သို့ အချိုရည်များသည် ဈေးကွက်အတွင်း အခိုင်အမာ နေရာရနေပြီး ၎င်းတို့သည် ပျမ်းမျှအားဖြင့် တစ်ဘူးလျှင် ကဖိန်းဓာတ် (၈၀)မီလီဂရမ်မျှ ပါဝင်လေ့ရှိသည်။ တက်စ်မေးနီးယား တက္ကသိုလ်မှ ဒေါက်တာ အန်ဒရီရာကားရ်က "အရက်နဲ့ အားဖြည့်အချိုရည်တွေကို တွဲပြီး သောက်တာဟာ သတိထားရမယ့် အခြေအနေ တစ်ခုပါ။
ကဖိန်းရဲ့ အာနိသင်က အဲီးအချိန်မှာ ပိုပြင်းပြလာပြီး လိုတာထက်ပိုတဲ့ သက်ရောက်မှုတွေ ဖြစ်လာနိုင်တယ်"ဟု ပြောကြားသွားသည်။
သုတေသီများသည် ယခုတွေ့ရှိချက်အတွက် အသက်(၁၈)နှစ်နှင့် (၃၅)နှစ်ကြား အမျိုးသား၊ အမျိုးသမီး (၄၀၃)ဦးကို လေ့လာခဲ့ကြောင်းလည်း သိရသည်။ သုတေသန ရလဒ်များက အားဖြည့် အချိုရည်များသည် အရက်၏ ထိုင်းမှိုင်းစေတတ်သော အာနိသင် အချို့ကို ပယ်ဖျက်ပစ်လိုက်ပြီး အိပ်ပျော်ရန် ခက်ခဲစေတတ်ကြောင်းလည်း ညွှန်ပြလျှက်ရှိကြောင်း သတင်းများက ဖော်ပြသွားသည်။
Source: DailyMail
နယ်စပ်တွင် မြန်မာဘက်က တပ်အင်အား ဖြည့်တင်း
ဘင်္ဂလာဒေခ်ျ့ နိုင်ငံဘက်ကအမည်မသိလက်နက်ကိုင်တပ်ဖွဲ့တစ်ခုမှဝင် ရောက်ပစ်ခတ်မူ ကြောင့် မြန်မာ ဘက်က တစ်ဦးကျဆုံးပြီး သုံးဦး ဖမ်း ဆီးခံရပြီးနောက် နယ်စပ်ဘက်သို့ မြန်မာ စစ်သားများ ချီတက်နေကြ သည်နေဟု မျက်မြင် ကျေး ရွာသားများက ပြောသည်။
အခင်း ဖြစ်ပွားရာ မောင်တောမြို့နယ် မြောက်ပိုင်း နယ်စပ်မှတ်တိုင် ၅၁ နှင့် ၅၂ အနီးတွင် ယခုအခါ မြန်မာစစ်သားအများအပြားရောက် ရှိနေပြီး ဖမ်းဆီးခေါ်ဆောင်သွားခြင်း ခံရသော တပ်သား ၃ ဦးကို လိုက်လံ ရှာ ဖွေနေကြောင်း သိရသည်။
ဖမ်းဆီးခံရသူမှာ GE ဆောက်လုပ်ရေး တပ်ဖွဲ့မှ တပ်ကြပ်ကြီး ခင်မိုး အောင်နှင့် နောက်တပ် တပ် သား နှစ်ဦးတို့ ဖြစ်ကြသည်ဟု ဆိုသည်။
စစ်တပ်နှင့် နီးစပ်သော ဒေသခံများက အဆိုပါ ဖမ်းဆီးခေါ်ယူခံသွားရသော တပ်သား ၃ ဦးကို ဘင်္ဂ လာဒေခ်ျ့ အာဏာပိုင်များကရှာဖွေပြီး ပြန် လည် ပို့ဆောင်ရန် တောင်းဆိုထားပြီး မပို့ပေးပါက ဘင်္ဂလာဒေခ်ျ့နယ်မြေထဲကို ၀င်ရောက် ရှာဖွေမည်ဟု မြန်မာ စစ်တပ်က ပြောဆို သည်ဟု ဆိုသည်။
သို့သော်လည်း ဤသတင်း ဟုတ်မဟုတ်ကို အတည်ပြုနိုင်ခြင်း မရှိသေးပါ။
မနေ့ညနေက အမည်မသိ လက်နက်ကိုင် တပ်ဖွဲ့မှ ပစ်ခတ်မူကြောင့် သေဆုံးသူသွားသူမှာ ဒေသခံများကလမ်းဗိုလ်ဟုခေါ်ဆိုသည့်စက် ပြင် ဆရာ ကျော်ကျော်ဝေ ဖြစ်ကြောင်း သိရသည်။
စက်ပြင် ဆရာကျော်ကျော်ဝေနှင့် အဖွဲ့သည် လမ်းလုပ်ပြီး မော်တော်ဆိုင်ကယ် နှစ်စီးနှင့် အပြန်တွင် ပစ်ခတ် တိုက်ခိုက်ခံခဲ့ရပြီး ကျော် ကျော်ဝေမှာ အဆိုပါနေရာ၌ ပင် ပွဲချင်းပီး သေဆုံးကာ တပ်ကြပ်ကြီး ခင်မိုးးအောင်နှင့် နောက်ထပ် ၂ ဦးကို ဖမ်းဆီးခေါ်ဆောင်သွား သည်ဟု ဆိုသည်။
ယခုအချိန်ထိ ဖမ်းဆီးခေါ်ဆောင်သွားသူများကို ပြန်လည် ရရှိခြင်း မရှိသေးကြောင်း သိရပါသည်။
( ယခင် ဖေါ်ပြသော သတင်းတွင် မိုင်တိုင်အမှတ် (၁)၊ (၂)နှင့် (၃) အစား နယ်စပ်မှတ်တိုင် ( ၅၁) နှင့် (၅၂) ဟု ပြင်ဆင် ဖတ်ရှု့ပေးပါ ရန်နှင့် စစ်ဗိုလ် တစ်ဦးအစား စက်ပြင်ဆရာ လမ်းးဗိုလ်ဟု ပြင်ဆင် ဖတ်ရှု့ကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။)
လမ်းဖို့ရန်အတွက်မြေတူးစဉ် ဗုံးတစ်လုံးတွေ့ရှိ

၂၀၁၂ခုနှစ်၊ နိုဝင်ဘာလ(၈)ရက် မနက်(၁၀)နာရီခန့်ကကြည့်မြင်တိုင်မြို့နယ်၊ပန်းလှိုင် မီးရထား ၀န်း၊ ကရင် အမျိုးသားရပ်ကွက်တွင် ကလေးငယ်တစ်ဦးမှ
လမ်းပြင်ရန်အတွက် မြေတူး စဉ်ဗုံးတစ် လုံးတွေ့ရှိ ခဲ့ကြောင်း သ တင်းရရှိသည်။ကိုယ်တိုင်တွေ့ကြုံခဲ့သူအသက်(၁၆)နှစ်အရွယ်မောင်အောင်ကိုဦးမှပြောကြားရာတွင်““အဖွားကလမ်းပြင်ဖို့အတွက် မြေသွားတူးခိုင်း
ရင်းနဲ့တွေ့တာပါ။စတွေ့တဲ့အချိန်ကတော့(၉၊၁၀)ခန့်ကပါ။ကျွန်တော်ပထမတော့ဗုံးမှန်းမသိပါဘူး။ ကိုင်ကြည့်လိုက် တော့ လေးနေ
တယ်။အဲဒါနဲ့ ပစ် ချပြီးတော့
အိမ်ပြန်ပြီးလူကြီး သွားခေါ်တယ်””ဟု ပြောကြားခဲ့ သည်။
အဆိုပါရပ်ကွက်ရှိပြည်သူတစ်ဦးမှပြောကြားရာတွင်“သူစတူးတာကတော့ဓားနဲ့တူးတယ်။တွေ့တွေ့ခြင်း ကျွန်တော်တို့ကိုခေါ်တယ်။
ရပ်ကွက်လူကြီးကိုအကြောင်းကြား၊သက်ဆိုင်ရာခေါ်တယ်။အခုသူကဆယ်တန်းတက်နေတယ်။ အထက(၄)ကြည့်မြင်တိုင်မှာတက်
နေတယ်””ဟု ပြောကြားခဲ့သည်။
တွေ့ရှိသည့် ဗုံးအမျိုးအစားမှာ ဒေသအခေါ် နာနတ်သီးဗုံး စစ်အခေါ် အမေရိကန်သုံးဗုံး၊ ဒုတိယကမ္ဘာ စစ်မှကျန်သော လက်ပစ်ဗုံးတစ်လုံးဖြစ် ကြောင်း ယူဆရပါသည်။
အဆိုပါလက်ပစ်ဗုံးကိုသက်ဆိုင်ရာမှ လုံခြုံစိတ်ချစေရန် ပြုလုပ်ပြီးသိမ်းဆည်း သွားကြောင်း သိရသည်။
The Hot News
၂၀၁၂ခုနှစ်၊ နိုဝင်ဘာလ(၈)ရက် မနက်(၁၀)နာရီခန့်ကကြည့်မြင်တိုင်မြို့နယ်၊ပန်းလှိုင် မီးရထား ၀န်း၊ ကရင် အမျိုးသားရပ်ကွက်တွင် ကလေးငယ်တစ်ဦးမှ
လမ်းပြင်ရန်အတွက် မြေတူး စဉ်ဗုံးတစ် လုံးတွေ့ရှိ ခဲ့ကြောင်း သ တင်းရရှိသည်။ကိုယ်တိုင်တွေ့ကြုံခဲ့သူအသက်(၁၆)နှစ်အရွယ်မောင်အောင်ကိုဦးမှပြောကြားရာတွင်““အဖွားကလမ်းပြင်ဖို့အတွက် မြေသွားတူးခိုင်း
ရင်းနဲ့တွေ့တာပါ။စတွေ့တဲ့အချိန်ကတော့(၉၊၁၀)ခန့်ကပါ။ကျွန်တော်ပထမတော့ဗုံးမှန်းမသိပါဘူး။ ကိုင်ကြည့်လိုက် တော့ လေးနေ
တယ်။အဲဒါနဲ့ ပစ် ချပြီးတော့
အိမ်ပြန်ပြီးလူကြီး သွားခေါ်တယ်””ဟု ပြောကြားခဲ့ သည်။
အဆိုပါရပ်ကွက်ရှိပြည်သူတစ်ဦးမှပြောကြားရာတွင်“သူစတူးတာကတော့ဓားနဲ့တူးတယ်။တွေ့တွေ့ခြင်း ကျွန်တော်တို့ကိုခေါ်တယ်။ ရပ်ကွက်လူကြီးကိုအကြောင်းကြား၊သက်ဆိုင်ရာခေါ်တယ်။အခုသူကဆယ်တန်းတက်နေတယ်။ အထက(၄)ကြည့်မြင်တိုင်မှာတက်
အဆိုပါရပ်ကွက်ရှိပြည်သူတစ်ဦးမှပြောကြားရာတွင်“သူစတူးတာကတော့ဓားနဲ့တူးတယ်။တွေ့တွေ့ခြင်း ကျွန်တော်တို့ကိုခေါ်တယ်။ ရပ်ကွက်လူကြီးကိုအကြောင်းကြား၊သက်ဆိုင်ရာခေါ်တယ်။အခုသူကဆယ်တန်းတက်နေတယ်။ အထက(၄)ကြည့်မြင်တိုင်မှာတက်
နေတယ်””ဟု ပြောကြားခဲ့သည်။
တွေ့ရှိသည့် ဗုံးအမျိုးအစားမှာ ဒေသအခေါ် နာနတ်သီးဗုံး စစ်အခေါ် အမေရိကန်သုံးဗုံး၊ ဒုတိယကမ္ဘာ စစ်မှကျန်သော လက်ပစ်ဗုံးတစ်လုံးဖြစ် ကြောင်း ယူဆရပါသည်။
အဆိုပါလက်ပစ်ဗုံးကိုသက်ဆိုင်ရာမှ လုံခြုံစိတ်ချစေရန် ပြုလုပ်ပြီးသိမ်းဆည်း သွားကြောင်း သိရသည်။
The Hot News
တွေ့ရှိသည့် ဗုံးအမျိုးအစားမှာ ဒေသအခေါ် နာနတ်သီးဗုံး စစ်အခေါ် အမေရိကန်သုံးဗုံး၊ ဒုတိယကမ္ဘာ စစ်မှကျန်သော လက်ပစ်ဗုံးတစ်လုံးဖြစ် ကြောင်း ယူဆရပါသည်။
အဆိုပါလက်ပစ်ဗုံးကိုသက်ဆိုင်ရာမ
The Hot News
ကျူးကျော် နေထိုင်လာခဲ့သူများကို တရားဝင် နေထိုင် ခွင့် ပေးတော့မည်ဆိုသည့် သတင်းနှင့် ပတ်သက်ပြီး အတည်ပြုချက်ရယူရန် ရန်ကုန်တိုင်း ဒေသကြီး စည်ပင်သာယာရေး ကော်မတီသို့ ဧရာဝ တီက ဆက်သွယ် မေးမြန်းခဲ့သော်လည်း တိကျသည့် အတည်ပြုပြောဆိုခြင်း မရှိ
ရန်ကုန်တိုင်းဒေသကြီးအတွင်း သိန်းနှင့်ချီပြီးရှိနေသည့် ကျူးကျော်နေထိုင်သူများကို တရားဝင် နေထိုင်ခွင့် (ဂရမ်မြေ) နေရာအစားပေးရန် ရန် ကုန်တိုင်း စည်ပင်သာယာရေး ကော်မတီမှ တိုင်းဒေသကြီးလွှတ်တော် ဥပဒေ ကော်မတီဝင်များနှင့် ညှိနှိုင်း စီစဉ်နေကြောင်း သိရ သည်။
ကျူးကျော် နေထိုင်သူများ ပြဿနာ ဖြေရှင်းနိုင်ရေးအတွက် ဥပဒေတရပ် ရေးဆွဲပြဌာန်းသင့်ကြောင်းဒေါပုံမြို့နယ်တိုင်းဒေသကြီးလွှတ် တော် ကိုယ်စားလှယ် ဦးသောင်းစိန် အဆိုကို လွှတ်တော် ဥက္ကဋ္ဌ၏ ခွင့်ပြုချက်ဖြင့် ရန်ကုန်မြို့ စည်ပင်သာယာရေး ကော်မတီတွင် တာဝန် ရှိသူများက အောက်တိုဘာ ၂၃ ရက်နေ့တွင် ဆွေးနွေးခဲ့ကြကြောင်း တိုင်းဒေသကြီးလွှတ်တော် ဥပဒေ ကော်မတီဝင် ဦးအေးသိန်းက ပြော သည်။
ရန်ကုန်တိုင်း ဒေသကြီးအတွင်း မြို့နယ် ၄၅ မြို့နယ်၌ ၄၄ မြို့နယ်တွင် ကျူးကျော် နေထိုင်သူများရှိနေပြီး မြို့နယ်တိုင်းတွင် ကျူးကျော် ဆိုင် ခန်းများ မပါဘဲ အနည်းဆုံး ကျူးကျော် တဲ၊ အိမ်၊ အဆောက်အဦး ၅ ပုံ ၁ ပုံစီခန့် ရှိနေကြောင်း တိုင်းဒေသကြီး လွှတ်တော် ဥပဒေ ကော်မ တီမှ ခန့်မှန်းခြေ အတည်ပြုထားသည်။
“မြေချ ပါမစ်လည်းမရှိဘူး၊ ဂရမ်လည်း မရှိဘူးဆိုရင် မြေချပါမစ်တွေ၊ ဂရမ်တွေရအောင် ကျူးကျော် နေထိုင်တဲ့မိသားစုတွေ၊အိမ်ထောင်စုတွေ၊ နေအိမ်တွေ ကော်မတီဖွဲ့ပါ၊ စည်ပင်သာယာရေး ကော်မတီကို အမြန်ဆုံးတင်ပါ” ဟု ဦးအေးသိန်းက ဆိုသည်။
ပဉ္စမအကြိမ် တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးမပြုလုပ်ခင် ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ ကျူးကျော်နေထိုင်သူများသည် အ စု အဖွဲ့များ၊ ကော်မတီများဖွဲ့စည်းပြီး ရန်ကုန်မြို့ စည်ပင်သာယာရေး ကော်မတီသို့ အသိပေးစာ တင်ထားရမည်ဖြစ်ကြောင်း သိရသည်။
“နေမြဲတိုင်း ထိုင်မြဲတိုင်းပဲ နေချင်တာပေါ့။ နိုင်ငံတော်ရဲ့ တရားဝင်အမိန့် ဖြစ်လာရင်တော့ အဘတို့က လွန်ဆန်လို့မရဘူး။ အဖေအမေ၊ အဖိုး အဖွားကအစ ဗမာဗုဒ္ဓဘာသာအစစ်၊ ဗမာပြည်မှာမွေးထားတာ။ ဒီနေ့ အဘရဲ့ မိသားစုအနေနဲ့ ဗမာပြည်မှာ မည်သည့်နေရာမဆို နေ ထိုင်ခွင့် တနေရာ ရှိကိုရှိရမယ်” ဟု သာကေတမြို့နယ် ၆ ရပ်ကွက် အနောက်တွင် ၁၅ နှစ်ကျော်ကျူးကျော် နေထိုင်လာခဲ့သည့် အသက် ၆၀ ကျော် အ ရွယ်ရှိ ဦးတင်သိန်းက ဧရာဝတီသို့ ပြောသည်။
သာကေတမြို့နယ် ၆ ရပ်ကွက် အနောက်တွင် ကျူးကျော်နေထိုင်သည့် အိမ်ထောင်စု ၁၁၅ စု၊ အိမ်ခြေ ၁၁၀ နှင့် လူဦးရေ ၇၁၇ ဦးကျော် ရှိပြီး ၁၉၈၈ ခုနှစ် ပြည်လုံးကျွတ် အရေးအခင်းပြီး နောက်ပိုင်းတွင် စတင်နေထိုင်လာခဲ့သူများ ဖြစ်ကြောင်း သိရသည်။
ခေတ်အဆက်ဆက် ပြောင်းရွှေ့ပေးရန်နှင့် ဖျက်သိမ်းပေးရန် အမိန့်ပေး ထုတ်ပြန်ခဲ့သော်လည်း နေစရာနှင့် လုပ်ကိုင် စားသောက်ရန်အ ခက် အခဲ ရှိခြင်းကြောင့် လက်ရှိနေရာတွင် နှစ်ကာလ ကြာမြင့်စွာ ကြောက်လန့်မှုများဖြင့် နေထိုင် လာခဲ့ရကြောင်း ကျူးကျော်နေ ပြည်သူ များက ဆိုသည်။
“ပြောင်းတဲ့လူတွေက ကြိုက်ရင်ကောင်းတာပေါ့။ ကျနော်တို့ မြေယာတွေမှာလည်း ကျူးကျော်တွေ ရှိနေတယ်။ ကျူးကျော်တွေ ဖယ်မရ တော့ စည်ပင်သာယာရေး ကော်မတီက ဒါတွေ ရှင်းပေးမယ်ဆိုရင်လည်း ကောင်းပါတယ်။ တချို့ကျတော့ ကျူးကျော်ပေမယ့် တိုက်တွေ တဲတွေပြန် လုပ်ပေးတယ်။ သူတို့ဘာတွေ ပြန်လုပ်ပေးမယ် ဆိုတာတော့မသိဘူး။ ကောင်းအောင် စီစဉ်ပေးရင်တော့ ကောင်းတာပေါ့” ဟု တန်ဖိုးနည်း အိမ်ရာများ တည်ဆောက်နေသည့် တော်ဝင် မိသားစုကုမ္ပဏီ ဥက္ကဋ္ဌ ဦးကို ကိုထွေးက ဧရာဝတီသို့ ပြောသည်။
မြေရာပိုင်ဆိုင်ခွင့် မရှိဘဲ နှစ်ကာလကြာမြင့်စွာ ကျူးကျော် နေထိုင်လာခဲ့သူများကို လက်ရှိ အစိုးရသစ်လက်ထက်တွင် တရားဝင် နေထိုင် ခွင့် ပေးတော့မည်ဆိုသည့် သတင်းနှင့် ပတ်သက်ပြီး အတည်ပြုချက်ရယူရန် ရန်ကုန်တိုင်း ဒေသကြီး စည်ပင်သာယာရေး ကော်မတီသို့ ဧရာဝ တီက ဆက်သွယ် မေးမြန်းခဲ့သော်လည်း တိကျသည့် အတည်ပြုပြောဆိုခြင်း မရှိခဲ့ပေ။
ရခိုင် နယ်စပ်ခြံစည်းရိုး တာဝန်ကျ အစိုးရ စစ်သား ၃ ဦး ဖမ်းဆီးခံရ
ရခိုင်ပြည်နယ် မောင်တောမြို့ မြောက်ဘက် ကီလိုမီတာ ၁၇၀ အကွာရှိ နယ်စပ် မိုင်တိုင် ၅၀ နှင့် ၅၂ ကြား မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ် စပ်တွင် နိုဝင်ဘာလ ၅ ရက်နေ့ ညနေပိုင်း၌ အမည်မသိ လက်နက်ကိုင်အဖွဲ့တခုက အစိုးရစစ်သား ၃ ဦးကို ဖမ်းခေါ်သွားပြီးအရပ်သား တဦးကိုသတ် ဖြတ်ခဲ့ကြောင်း သိရသည်။
စစ်သား ၃ ဦးမှာ တပ်မတော် ဆောက်လုပ်ရေး အင်ဂျင်နီယာ တပ်ရင်းမှဖြစ်ပြီး မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် ခြံစည်းရိုးကာရံရေးလုပ် ဆောင် နေသည့် အဖွဲ့သို့ ရိက္ခာပို့ဆောင်ရန် သွားစဉ် အဖမ်းခံရခြင်း ဖြစ်ကြောင်း၊ အသတ်ခံရသူမှာ အရပ်သားဖြစ်ကြောင်း ယင်းအခင်း ဖြစ်ပွား ရာသို့ သွားရောက်ကြည့်ရှုခဲ့သူ အောင်သပြေရွာသားတဦးက ပြောသည်။
အဆိုပါ အောင်သပြေရွာသားသည် ဗန္ဓုလကျေးရွာရှိ တပ်မတော် ဆောက်လုပ်ရေး အင်ဂျင်နီယာတပ် စခန်းတွင် အလုပ်လုပ်ကိုင်နေသူ ဖြစ် သည်။
“ကျနော်တို့ ရောက်သွားတာက ၆ ရက်နေ့ပေါ့။ တယောက် အသတ်ခံရပါတယ်။တယောက် အသတ် ခံရတာကသေနတ်နဲ့ပစ်ခဲ့တာပါ။နောက် ၃ ယောက်ကိုတော့ ဖမ်းသွားကြပါတယ်။ ဖြစ်တာကတော့ ခြံစည်းရိုးလမ်းမှာပါ။ ခြံစည်းရိုးကာ နေတဲ့ လူတွေကို ရိက္ခာပို့ သွားတဲ့ အချိန်မှာ ဖြစ်တာပါ။ ဖြစ်တဲ့ အခါကတော့ မမြင်လိုက်ပါ။ လူအလောင်းကို တွေ့ခဲ့ရတာပါ။ သေတဲ့ အ လောင်းကိုတော့ သင်္ဂြိုလ်လိုက်ပါပြီ။ ပျောက်နေတဲ့ လူ ၃ ယောက်ကိုတော့ လိုက်ရှာနေကြပါတယ်” ဟု အဆိုပါ အောင်သပြေ ရွာသားက ပြောသည်။
ဖမ်းဆီးခေါ်ဆောင်ခံရသူများမှာ တပ်ကြပ်ကြီး နိုင်ထူးအောင်နှင့် ရဲဘော် ၂ ဦးဖြစ်ပြီး သေဆုံးသွားသည့် အရပ်သားမှာ ကိုကျော်ကျော်လှ ဖြစ် ကြောင်း နယ်စပ်ဒေသ လုံခြုံရေးနှင့် ကွပ်ကဲရေး (နစက) မှ ရရှိသည့် သတင်းအရ သိရသည်။
ဖမ်းဆီးခံရသူများကို နယ်မြေလုံခြုံရေး ယူထားသည့် ဘူးသီးတောင် အခြေစိုက် ခမရ (၅၃၅) မှ လိုက်လံ ရှာဖွေနေကြောင်း သိရှိရသည်။
စစ်သား ၃ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားသည့် အဆိုပါ လက်နက်ကိုင်အဖွဲ့မှာ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်အခြေစိုက် Rohingya Solidarity Organization (RSO) အဖွဲ့ဟု ဒေသခံများက ယူဆကြသော်လည်း အတည်ပြုနိုင်ခြင်း မရှိပေ။
“ဘယ်သူလဲဆိုတော့ သေသေချာချာ မမြင်လိုက်လို့ မသိရပေမယ့် တပ်မတော်က လိုက်ရှာနေပါ တယ်။ ဒီနေ့အထိမတွေ့သေးဘူး။စိတ်ပူနေ ကြတယ်” ဟု အောင်သပြေရွာသားက ပြောသည်။
ယင်းကိစ္စနှင့် ပတ်သက်၍ ရခိုင်ပြည်နယ် အစိုးရ တာဝန်ရှိသူများသို့ ဧရာဝတီက ဆက်သွယ်မေးမြန်းခဲ့ရာ ပြည်နယ်လုံခြုံရေးအဖွဲ့က ၎င်း တို့ထံ သတင်းပေးပို့ခြင်း မရှိသေးကြောင်း ဖြေကြားသည်။
မြန်မာနိုင်ငံ နယ်ခြားစောင့်တပ် နစက နယ်မြေ (၁) မှ ဗိုလ်မှူး စိန်သာကျော်က အခင်းဖြစ်ပွားသည့် နေရာအနီး ဘင်္ဂလားဒေ့ရှ်နယ်စပ် ဒူ ဆိုးရီ စခန်းအခြေစိုက် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGB) အရာရှိထံသို့ ယမန်နေ့က ဆက်သွယ် အကြောင်းကြားပြီး အကူအညီ တောင်းခံ ထားကြောင်း၊ BGB တပ်မှ ဗိုလ်မှူး အမားဘူး ရိုဟာမန်း၏ တပ်မျာကလည်း ဖမ်းဆီးခံရသူများကို လိုက်လံ ရှာဖွေပေးနေ ကြောင်းဒူးဆိုရီရွာ သူ ကြီးထံမှ သိရသည်။
ကီလိုမီတာ ၃၀၀ ကျော် ရှည်လျှားသည့် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် ခြံစည်းရိုး ကာရံရေးကို စစ်တွေအခြေစိုက် တပ်မတော် ဆောက် လုပ် ရေး အင်ဂျင်နီယာ တပ်ရင်းက လုပ်ကိုင်နေသည်မှာ ၄ နှစ်ကြာပြီဖြစ်သည်။ http://abbsoluteright.blogspot.com/2012/11/blog-post_2807.html