Friday, November 9, 2012
ရခိုင်ပြည်နယ်အရေး ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသားများ ကြေညာချက် ထုတ်
တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသား လွှတ်တော် ကိုယ်စားလှယ် တချို့က ရခိုင်ပြည်နယ် ပဋိပက္ခများ ချုပ်ငြိမ်းရေးအတွက် အစိုးရအနေဖြင့် လက်တွေ့ကျသည့် ဖြေရှင်းမှု အမြန်ဆုံး အကောင်အထည် ဖော် ရန် ကြေညာချက် ထုတ်ပြန် တိုက်တွန်းလိုက်သည်။
ရခိုင်ပြည်နယ် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို အမြန်ဆုံး ပြန်လည်ရရှိရန် အစိုးရအနေဖြင့် “ပဋိပက္ခများ ဖြစ်ပွားနေသော၊ ပဋိပက္ခများ ဖြစ် နိုင်ခြေရှိသော ဒေသများတွင် လုံခြုံရေး လိုအပ်ချက်အရ တပ်ဖွဲ့ဝင်များ အင်အားမြှင့်တင်ခြင်း၊ လုံခြုံရေး အစီအစဉ်များ အဆင့်တိုး မြှင့် ခြင်းတို့ကို အချိန်နှင့် တပြေးညီ ဆောင်ရွက်ရန် လိုအပ်ပါသည်” ဟု ယမန်နေ့ နေ့စွဲဖြင့် ကြေညာ ချက်တွင် ဖော်ပြထားသည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသား နိုင်ငံရေးပါ တီ များမှ လွှတ်တော်ကိုယ်စားလှယ်များသည် နေပြည်တော်တွင် နိုဝင်ဘာလ ၅ ရက်နေ့က ရခိုင်ပဋိပက္ခကိစ္စ အပြန်အလှန် အကြိတ်အ နယ် ဆွေး နွေးပြီးနောက် ဤသဘောထား ကြေညာချက်ကို ထုတ်ပြန်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။
ရခိုင်ပြည်နယ်အရေးသည် ပြည်ထောင်စု အရေးဖြစ်၍ လွန်ခဲ့သည့် အောက်တိုဘာလ ၂၆ ရက်နေ့ကလည်း ပြည်သူ့လွှတ်တော်၌ အရေး အ ကြီးအဆိုအဖြစ် တင်ပြဆွေးနွေးခဲ့ကြောင်း၊ ပဋိပက္ခနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဖွား ဌာနေ တိုင်းရင်းသား ရခိုင်လူမျိုးများ၏ စိုးရိမ်ပူ ပန် ကြောင့်ကြမှုများကို အသိအမှတ် ပြုရမည်ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။
“သာမန် ဆူပူလှုပ်ရှားမှုဖြစ်စဉ်များမှ လက်နက်ကိုင် အကြမ်းဖက်မှုအခြေအနေသို့ ကူးပြောင်းတော့မည်တို့ကို နိုင်ငံပိုင် သတင်းစာများ မှတ ဆင့် သိရှိရ” ကြောင်း၊ “လူများစုနှင့် လူနည်းစု ဟူ၍လည်းကောင်း၊ လူမျိုးရေးနှင့် ဘာသာရေးကို အခြေ ခံ ၍လည်းကောင်း၊ ခွဲခြားဆက်ဆံ ခြင်း မပြုဘဲ လူသားအားလုံးက လူ့အခွင့်အရေးများကို လေးစားလိုက်နာကြရန် တာဝန်ရှိကြောင်း” လည်း ကြေညာချက်ကတိုက်တွန်း ထား သည်။
နော်ဝေနိုင်ငံနှင့် ဥရောပ ခရီးစဉ်တလျှောက် ဒေါ်အောင်ဆန်းစုကြည်သည် ရခိုင်ပဋိပက္ခနှင့် ပတ်သက်၍ ဆန္ဒပြ ကန့်ကွက်မှုတချို့နှင့် ပြင်း ထန်သော မေးခွန်းများစွာကိုလည်း ရင်ဆိုင်ခဲ့ရသည်။ ယင်းခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်က ရခိုင်ပဋိပက္ခအပေါ် တရားဥ ပဒေ စိုးမိုးရေး မရှိ၍ ယခုကဲ့သို့ ဖြစ်ရကြောင်းသာ ပြောဆိုခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်သည် ရခိုင်ပြည်နယ် ပဋိပက္ခနှင့် ကချင်စစ်ပွဲများကိစ္စအပေါ် သဘောထားတရပ် ရှင်းလင်းမြင်သာစွာ ထုတ်ဖော် ပြော ဆိုခြင်း မလုပ်ဆောင်ခဲ့ဟု ထောက်ပြဝေဖန်နေချိန်တွင် ပထမဆုံးအနေဖြင့် ယခုကဲ့သို့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော တိုင်ရင်းသား အမတ်တချို့၏ သဘောထား ကြေညာချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် အာဏာရှိသူလည်း မဟုတ်ပဲ အလွန်ခက်ခဲသိမ်မွေ့သည့် နေရာတွင် ရှိနေခြင်းဖြစ်ပြီး အရာရာကို ထိမ်း ထိမ်း သိမ်းသိမ်း ကိုင်တွယ် ဖြေရှင်းနေရသည်ကို နားလည်စေလိုကြောင်း NLD ပါတီ နာယကတဦးဖြစ်သူ ဦးဝင်းတင်က ဧရာဝတီကို ပြော သည်။
“ဒေါ်အောင်ဆန်းစုကြည်က အစိုးရလည်း မဟုတ်ဘူး။ နောက်ပြီး ဒေါ်စုက တဖက်ဖက်က ရပ်ပြီး ပြော တာမျိုးလည်း လုပ်မှာ မဟုတ်ဘူး။ သူ့နေရာက အလွန်သိမ်မွေ့တယ်” ဟု သူက ဆိုသည်။
ယခုကြေညာချက် ထွက်ပေါ်ရေး ရခိုင်တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်များ အပါအ၀င် တိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ် များ နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ရခိုင်ပြည်နယ် ပဋိပက္ခ ပြဿနာ ချုပ်ငြိမ်းရေးနှင့် ဖြေရှင်းရေး၊ ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေဆိုင်ရာ ကိစ္စများ စသည်ဖြင့် အကြိတ်အနယ် ဆွေးနွေးခဲ့ရကြောင်း သိရသည်။
“ရခိုင်ကိစ္စ ဆွေးနွေးပွဲမှာ ရခိုင်လွှတ်တော်အမတ်တွေက အတူယှဉ်တွဲနေထိုင်ဖို့ကိစ္စ ပြင်းပြင်းထန်ထန် ကန့်ကွက်မှုတွေကိုတော်တော်ပြေလည် အောင် ဒေါ်အောင်ဆန်းစုကြည်က ညှိနှိုင်းဆွေးနွေးခဲ့ရတယ်လို့ သိရတယ်” ဟု အ မည်မဖော်လိုသူ လွှတ်တော်အမတ်တဦးက ဧရာဝတီကို ပြောသည်။
အနာဂတ်တွင် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး၊ ပဋိပက္ခများထပ်မံ မဖြစ်ပေါ်ရေး၊ ဒုက္ခသည်အရေးတို့ အပေါ် ဒေါ်အောင်ဆန်းစု ကြည် အ နေဖြင့် သိမ်မွေ့စွာ ညှိနှိုင်းခဲ့ရသည်ဟုလည်း သူကဆက်ပြောသည်။
၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေနှင့်ပတ်သက်ပြီး ရှင်းလင်းစွာ ပြည်သူအား အသိပေးချပြရန်နှင့် ရခိုင်ပဋိပက္ခကို အစိုးရက မည်သည့်မူဝါဒ နှင့် ကိုင်တွယ်ဖြေရှင်းမည် ဆိုသည်ကိုလည်း ပြည်သူအား အသိပေးရန်လိုအပ်သည်ဟုလည်း ကြေညာချက်တွင် ထောက်ပြထားသည်။
၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေသည် ဘင်္ဂါလီပေါင်း ၈ သိန်းဝန်းကျင်ခန့်နှင့် ပတ်သက်ပြီး အလွန်တင်းကျပ်မှုများ ရှိကြောင်းနှင့်တခြားအ ငြင်း ပွားမှုများ ယနေ့အထိရှိနေပြီး နိုင်ငံမဲ့ဖြစ်နေသည့် ၄င်းတို့အား မြန်မာနိုင်ငံသား သတ်မှတ်ရေး၊ မသတ်မှတ်ရေး၊ အဆိုပါ ဥပဒေနှင့် ငြိစွန်း ပါက မည်သို့ အရေးယူ ဆောင်ရွက်မည်တို့နှင့် ပတ်သက်၍ ရှင်းလင်းသဲကွဲမှု မရှိကြောင်း ထောက်ပြဝေဖန်နေကြသူများ ရှိသည်။
မကြာသေးမီကပင် အဆိုပါ နိုင်ငံသား ဥပဒေအား အသစ်ပြင်ဆင်ရေးဆွဲရေးကို အမျိုးသားလွှတ်တော်တွင် အဆိုတင်ခဲ့သော်လည်းကန့်ကွက် ခံခဲ့ရပြီး လွှတ်တော်တွင် မှတ်တမ်းတင်ခြင်းသာ အဆုံးသတ်ခဲ့သည်။
နောက်ကွယ်မှ ကြိုးကိုင်လှုပ်ရှားနေသော၊ အားပေးကူညီနေသော လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများ၊ အကြမ်းဖက်သူများ၊ ဥပဒေ ချိုးဖောက် သူ များ၊ လူ့အခွင့်အရေး ချိုးဖောက်ခြင်းများနှင့် စပ်လျဉ်း၍လည်း ဥပဒေအရ ထိရောက်စွာ စစ်ဆေး အရေးယူမှု၊ စီရင်ဆုံးဖြတ်မှုတို့ကိုပွင့် လင်း မြင်သာစွာ ပြည်သူအား အသိပေးရမည်ဖြစ်ကြောင်း၊ လူသားချင်း စာနာထောက်ထားသော အကူအညီများနှင့် ပတ်သက်၍ အကူ အညီလို အပ်နေသူ အားလုံးအတွက် ၂ ဦး ၂ ဖက် လက်ခံနိုင်သော နည်းလမ်းနှင့် အမြန်ဆောင်ရွက်ပေးရန် လိုကြောင်း၊ နယ်စပ်လုံခြုံ ရေးနှင့် ပတ် သက်၍လည်း နယ်မြေ ထိစပ်နေသည့် ၂ နိုင်ငံ အစိုးရများက တာဝန်ရှိကြောင်းလည်း ကြေညာချက်တွင် ထည့်သွင်းဖော်ပြ ထားသည်။
ထပ်မံဖြစ်ပွားခဲ့ရသည့် ရခိုင်ပြည်နယ် ပဋိပက္ခကြောင့် အိုးအိမ်မဲ့ ဖြစ်ရသည့် လူပေါင်း ၃ သောင်းကျော်နှင့် လူပေါင်း ၈၉ ဦး သေဆုံးခဲ့ရ သည့် အပေါ် အစိုးရ၏ ကိုင်တွယ်မှု မူဝါဒများကို ပွင့်လင်းမြင်သာမှုရှိရေး အစိုးရက ရှင်းလင်းပြောကြားရန် လိုအပ်ကြောင်းကြေညာ ချက် တွင် တောင်း ဆိုထားသည်။
ယခင် မေလနှင့် ဇွန်လပိုင်းက ဖြစ်ပွားခဲ့သော ရခိုင်ပြည်နယ် ပဋိပက္ခကြောင့် လူ ၈၀ ခန့် သေဆုံးခဲ့ပြီး အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့သူပေါင်း ၇၅၀၀၀ ခန့် ရှိခဲ့သည်။ http://abbsoluteright.blogspot.com/2012/11/blog-post_6128.html
Windows 8ပုံစံအသုံပြုချင်တဲ့သူငယ်ချင်းများ ယူသွားနိုင်ပါတယ်Windows 8 for Android
ထားဝယ်ကန်ပေါက်သို့ ရောက်ရှိလာသော ဘင်္ဂလီ ၁၅၀ အား နိင်ငံတကာ ရေပိုင်နက်သို့ ပြန်ပို့
photo by - thithtoolwin
နိုဝင်ဘာ ၇ ရက်နေ့ နေ့လည်ပိုင်းက တနင်္သာရီတိုင်းဒေသကြီး ၊ ထားဝယ်ခရိုင် ကန်ပေါက်မြို့သို့ ဘင်္ဂလီလူမျိုး ၁၅၀ခန့် တင်ဆောင်လာေ သာ ကွန်တိန်နာ သင်္ဘောတစ်စီး ၀င်ရောက်လာခဲ့ကြောင်း တနင်္သာရီ တိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။
ယင်းသင်္ဘောပေါ်တွင် ဘင်္ဂလီလူမျိုး အမျိုးသား ၁၅၀ ပါဝင်ပြီး မြန်မာစကားပြောတတ်သူ သုံးဦးခန့်သာပါဝင်ကြောင်းသိရသည်။ ၄င်းတို့သင်္ဘော အနေဖြင့် မလေးရှားနိုင်ငံသို့ သွားစဉ် မြန်မာ ရေပိုင်နက် အတွင်းလမ်းမှား ၀င်ရောက်လာခြင်း ဖြစ်ကြောင်း ပြော ခဲ့သည်ဟုသိရသည်။
တပ်မတော်(ရေ) မှ အဆိုပါသင်္ဘောကိုရိက္ခာများဖြည့်တင်းပေး၍ မြန်မာနိုင်ငံအတွင်း ယခုကဲ့သို့ထပ်မံဝင်ရောက်ခြင်းမြ ပုရန် သတိပေးကာ နိုင်ငံတကာရေပိုင်နက်အတွင်းသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း အစိုးရအဖွဲ့မှာတာဝန်ရှိသူတစ်ဦး က နိုဝင်ဘာ ၈ရက်နေ့တွင်ပြောသည်။
ထို့ပြင် နိုဝင်ဘာလ ၄ရက်နေ့ကလည်း ဘင်္ဂလီလူမျိုး ၇၉ ဦးလိုက်ပါလာသော
စက်လှေတစ်စီးသည် ကော့သောင်းမြို့သို့ ရောက်ရှိခဲ့သည့်အတွက် တပ်မတော်(ရေ) မှ
နိုင်ငံတကာရေပိုင်နက်သို့ ပြန်လည်ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။
Copy from - Popular Myanmar News Journal
တပ်သား (၃) ဦး လွှတ်မြောက်ရေး အပေးအယူလုပ်မည့် ကမ်းလှမ်းချက် မြန်မာဘက်က ပယ်ချ
အောက်တိုဘာလ ၆ ရက်နေ့က ဖမ်းဆီး
ခေါ်ဆောင်သွားခြင်း ခံရသူ မြန်မာဘက်မှ တပ်သား (၃) ဦးကို အပေးအယူဖြင့်
ပြန်လည် လွှတ်ပေးမည်ဟု လက်နက်ကိုင် အဖွဲ့မှ ကမ်းလှမ်းချက်ကို မြန်မာ ဘက်က
ပယ်ချ လိုက်သည်ဟု မြန်မာ စစ်တပ်နှင့် နီးစပ်သူ တစ်ဦးက နိရဉ္စရာသို့
ပြောကြားသည်။
“ အဲဒီ တပ်မတော်သား (၃) ဦးက အခုအချိန်ထိ အသက်ရှင် ရှိနေသေးတယ်။ ဒီကနေ့
နောက်ဆုံး သတင်းရတာက ဖမ်းဆီးခေါ်ဆောင် ခံသွားရတဲ့ တပ်သား (၃) ဦးကို အပေးအယူ
လုပ်ပြီး ပြန်လွှတ် ပေးမယ်လို့ အဲဒီ လက်နက်ကိုင် အဖွဲ့က ကမ်းလှမ်းတယ်။
ဒါကို မြန်မာဘက်က ပယ်ချလိုက်ပါတယ်” ဟု သူက ပြောသည်။
လက်နက်ကိုင် အဖွဲ့ကို အာရ်အက်စ်အို အဖွဲ့ဟု အများက သံသယ ဖြစ်နေသော်လည်း အဖွဲ့၏ အမည်ကို ထုတ်ဖေါ် ပြောဆိုရန် သူက ငြင်းဆိုသည်။
မြန်မာဘက်က ဖမ်းဆီး ခေါ်ဆောင်သွားသော တပ်သား (၃) ကို ချွင်းချက် မရှိ ပြန်လည် လွှတ်ပေးရန်နှင့် မလွှတ်ပေးပါက ဘင်္ဂလာဒေခ်ျ့ စစ်တပ်၏ ခွင့်ပြုချက်ဖြင့် လက်နက်ကိုင် အဖွဲ့ စခန်းများကို ၀င်ရောက်
တိုက်ခိုက်သွားမည်ဟု တုန့်ပြန် ပြောဆိုထားကြောင်း သိရသည်။
မြန်မာ စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ဘင်္ဂလာဒေခ်ျ့ စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူများ နယ်စပ်တွင် မြန်မာ စစ်သား (၃) ဦး ပြန်လည် ရရှိရေး အတွက် ဆွေးနွေးမူများ ပြုလုပ်နေကြသည်ဟု နယ်စပ်က လာသောသတင်းများက ဆိုသည်။
နိုဝင်္ဘာလ ၆ ရက်နေ့ ညနေပိုင်းက မြန်မာ စစ်တပ် ဆောက်လုပ်ရေး အင်ဂျင်နီယာတပ် GE မှ တပ်သား ၄ ဦး အလုပ်ခွင်မှ မော်တော်ဆိုင်ကယ် (၂) စီးဖြင့် ပြန်လာစဉ် အမည်မသိ လက်နက်ကိုင် အဖွဲ့တစ်ခုမှ သေနတ်ဖြင့် ၀င်ရောက် ပစ်ခတ်ခဲ့သည်။
အဆိုပါ ပစ်ခတ်မူကြောင့် GE တပ်ဖွဲ့မှ စက်ပြင်ဆရာ ကျော်ကျော်ဝေမှာ ပွဲချင်းပီး သေဆုံးသွားခဲ့ပြီး တပ်ကြပ်ကြီး ခင်မိုးအောင်နှင့် နောက်ထပ် တပ်သား ၂ ဦးတို့ ဖမ်းဆီးခံခဲ့ရသည်။
ပစ်ခတ်ခဲ့သည် နေရာမှ အေကေ ကျည်ခွံ (၃) ခုနှင့် ကျည်ဆံ တစ်တောင့် သိမ်းဆည်း ရမိသဖြင့် မြန်မာ အာဏာပိုင်များမှ တဘက်နိုင်ငံတွင် ခိုအောင်းနေသော မွတ်ဆလင် လက်နက်ကိုင် အဖွဲ့အစည်း တစ်ခု အပေါ် သံသယ ဖြစ်နေသည်ဟု ဆိုသည်။
ယခုအခါ ပစ်ခတ်မူ ဖြစ်ပွားရာ နယ်စပ် တလျှောက်တွင် နှစ်ဘက်နိုင်ငံမှ တပ်များကို တိုးချကာ လုံခြုံရေးကို တိုးမြှင့်ထားသည်ဟု သတင်း ရရှိသည်။
Copy from - Narinjara
လက်နက်ကိုင် အဖွဲ့ကို အာရ်အက်စ်အို အဖွဲ့ဟု အများက သံသယ ဖြစ်နေသော်လည်း အဖွဲ့၏ အမည်ကို ထုတ်ဖေါ် ပြောဆိုရန် သူက ငြင်းဆိုသည်။
မြန်မာဘက်က ဖမ်းဆီး ခေါ်ဆောင်သွားသော တပ်သား (၃) ကို ချွင်းချက် မရှိ ပြန်လည် လွှတ်ပေးရန်နှင့် မလွှတ်ပေးပါက ဘင်္ဂလာဒေခ်ျ့ စစ်တပ်၏ ခွင့်ပြုချက်ဖြင့် လက်နက်ကိုင် အဖွဲ့ စခန်းများကို ၀င်ရောက်
တိုက်ခိုက်သွားမည်ဟု တုန့်ပြန် ပြောဆိုထားကြောင်း သိရသည်။
မြန်မာ စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ဘင်္ဂလာဒေခ်ျ့ စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူများ နယ်စပ်တွင် မြန်မာ စစ်သား (၃) ဦး ပြန်လည် ရရှိရေး အတွက် ဆွေးနွေးမူများ ပြုလုပ်နေကြသည်ဟု နယ်စပ်က လာသောသတင်းများက ဆိုသည်။
နိုဝင်္ဘာလ ၆ ရက်နေ့ ညနေပိုင်းက မြန်မာ စစ်တပ် ဆောက်လုပ်ရေး အင်ဂျင်နီယာတပ် GE မှ တပ်သား ၄ ဦး အလုပ်ခွင်မှ မော်တော်ဆိုင်ကယ် (၂) စီးဖြင့် ပြန်လာစဉ် အမည်မသိ လက်နက်ကိုင် အဖွဲ့တစ်ခုမှ သေနတ်ဖြင့် ၀င်ရောက် ပစ်ခတ်ခဲ့သည်။
အဆိုပါ ပစ်ခတ်မူကြောင့် GE တပ်ဖွဲ့မှ စက်ပြင်ဆရာ ကျော်ကျော်ဝေမှာ ပွဲချင်းပီး သေဆုံးသွားခဲ့ပြီး တပ်ကြပ်ကြီး ခင်မိုးအောင်နှင့် နောက်ထပ် တပ်သား ၂ ဦးတို့ ဖမ်းဆီးခံခဲ့ရသည်။
ပစ်ခတ်ခဲ့သည် နေရာမှ အေကေ ကျည်ခွံ (၃) ခုနှင့် ကျည်ဆံ တစ်တောင့် သိမ်းဆည်း ရမိသဖြင့် မြန်မာ အာဏာပိုင်များမှ တဘက်နိုင်ငံတွင် ခိုအောင်းနေသော မွတ်ဆလင် လက်နက်ကိုင် အဖွဲ့အစည်း တစ်ခု အပေါ် သံသယ ဖြစ်နေသည်ဟု ဆိုသည်။
ယခုအခါ ပစ်ခတ်မူ ဖြစ်ပွားရာ နယ်စပ် တလျှောက်တွင် နှစ်ဘက်နိုင်ငံမှ တပ်များကို တိုးချကာ လုံခြုံရေးကို တိုးမြှင့်ထားသည်ဟု သတင်း ရရှိသည်။
Copy from - Narinjara
Thursday, November 8, 2012
CyberCafe Management Software နှစ်ခုတင်ပေးလိုက်ပါတယ်။
CyberCafe Management Software လိုချင်တယ်ဆိုတဲ့ သူများအတွက် အများစုသုံးတဲ့ အလွယ်ကူးဆုံး Software နှစ်ခုတင်ပေးလိုက်ပါတယ်။ တစ်ခုကတော့ Cafe Suite ပါ။ Hacker တွေသုံးတဲ့ Shell ပုံနဲ့ဆင်တူပါတယ်.ကျနော် ပုဂံရောက်တုန်းမှာ အင်တာနက်ဆိုင်တစ်ဆိုင်မှာ တင်ထားတာတွေ့တာပါ..တော်တော်လေး လန်းပါတယ်။
Download Here ===> Mediafire ၊ Mirror
နောက်တစ်ခုက Handy Cafe ပါ.ရိုးရှင်းလွယ်ကူတဲ့အသွင်အပြင်ရှိပါတယ်.အင်တာနက်ဆိုင်တော်တော်
များများအသုံးပြုကြပါတယ်။ အရင်သုံးနေကျ Version အဟောင်းကိုဘဲပြန်တင်ပေးလိုက်ပါတယ်။
Server နဲ့ Client ဆိုပြီး တစ်ခါတည်းတွဲပါပါတယ်။
Download Here ===> Mediafire ၊ Mirror
နောက်တစ်ခုက Handy Cafe ပါ.ရိုးရှင်းလွယ်ကူတဲ့အသွင်အပြင်ရှိပါတယ်.အင်တာနက်ဆိုင်တော်တော်
များများအသုံးပြုကြပါတယ်။ အရင်သုံးနေကျ Version အဟောင်းကိုဘဲပြန်တင်ပေးလိုက်ပါတယ်။
Server နဲ့ Client ဆိုပြီး တစ်ခါတည်းတွဲပါပါတယ်။
Download Here ===> Mediafire ၊ Mirror
http://winkabarkyaw.blogspot.com/2012/11/cybercafe-management-software.html?utm_source=feedburner&utm_medium=feed&utm_campaign=Feed%3A+blogspot%2FYoKiT+%28%E1%80%9D%E1%80%84%E1%80%B9%E1%80%B8%E1%80%80%E1%80%99%E1%80%AC%E1%81%BB%E1%80%B1%E1%80%80%E1%80%BA%E1%80%AC%E1%80%B9++%28%E1%80%94%E1%80%8A%E1%80%B9%E1%80%B8%E1%80%95%E1%80%8A%E1%80%AC%E1%80%99%E1%80%BD%E1%80%90%E1%80%B9%E1%80%90%E1%80%99%E1%80%B9%E1%80%B8%29%29
တာချီလိတ်မြို့တွင် စိတ်ကြွရူးသွပ်ဆေးပြား ၊ ဒေါ်လာ ၊ ရွှေချောင်းနှင့် လက်နက်တွေ ဖမ်းမိ
တာချီလိတ်မြို့တွင် စိတ်ကြွရူးသွပ်ဆေးပြား ၊ ဒေါ်လာ ၊ ရွှေချောင်းနှင့် လက်နက်တွေ ဖမ်းမိ
တာချီလိတ်မြို့တွင် စိတ်ကြွရူးသွပ်ဆေးပြား ၅၈၄၀၀၀ ပြားနှင့် စိတ်ကြွရူးသွပ်ဆေးပြားရိုက်စက်နှင့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိ၎-၁၁-၂၀၁၂ ရက်နေ့ ၁၄၃၀ အချိန် တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး အုန်းကျော် ဦးစီး အ
ဖွဲ့၊ ခမရ (၃၅၉)မှ ဗိုလ်မှူး ညီညီနိုင် ဦးစီးအဖွဲ့၊ တာချီလိတ်(မူးယစ်)မှ ရဲအုပ် ဝင်းနိုင် ဦးစီးအဖွဲ့တို့ ပါဝင်သော
ပူးပေါင်းအဖွဲ့သည် တာချီလိတ်မြို့၊ ဆန်ဆိုင်း(က)ရပ်ကွက်၊ ခေတ္တာလမ်း၊ အိမ်အမှတ် (၄/၉၃) နေ စိုင်းဝန်းတစ်၏နေအိမ်အား ရှာဖွေရာ WY စာတမ်းပါ နီညိုရောင် စိတ်ကြွရူးသွပ်ဆေးပြား ၅၈၄၀၀၀ ပြား ၊ အလေးချိန် ၅၈.၄ ကီလို (တစ်ပြားလျှင် ၂၈၀၀ ကျပ်နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် ၁၆၃၅၂ သိန်း) နှင့်အတူ အောက်ပါ စိတ်ကြွရူးသွပ်ဆေးပြားရိုက်စက်နှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ပါသည် -
(က) Hino တံဆိပ်ပါ မော်တာတပ်လျက် စိတ်ကြွရူးသွပ်ဆေးပြားရိုက်စက်
၁ လုံး၊
( ခ) Champ တံဆိပ်ပါ စိတ်ကြွရူးသွပ်ဆေးပြား
အခြောက်ခံ လေမှုတ်ပန်ကာတပ် ဗန်းစင် တစ်ခု၊
(ဃ) WY စာတမ်းပါ မှို (၃) ချောင်းတပ် ရိုက်ခေါင်း (၁)ခု၊ WY စာတမ်းပါ
ရိုက်ခေါင်းမှို ဆိုဒ်စုံ (၁၁) ခု၊
( င) မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင် အသုံးပြုသည့် အဖြူရောင်ကော်မှုန့်
၂၅ ကီလိုပါတစ်အိတ်၊
( စ) မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင် အသုံးပြုသည့် Food Colour
တံဆိပ်ပါ ဆိုးဆေး အမှုန့်တစ်ဗူးလျှင် ၄၅၀ ဂရမ်စီပါ အပြာရောင်
ကော်ဗူး ၁၅ ဗူး၊ ၁၀၀ ဂရမ်စီပါ ၇ ဗူး၊ စုစုပေါင်းအလေးချိန် ၇.၄၅
ကီလို၊
(ဆ) ထိုင်းနိုင်ငံသုံး ဘတ်ငွေ ၆၂၀ သိန်း၊
( ဇ) အမေရိကန်နိုင်ငံသုံး ဒေါ်လာငွေ ၇၇၀၀ ဒေါ်လာ၊
( ဈ) နဂါးတံဆိပ်ပါရွှေချောင်း ၃၇ ချောင်း စုစုပေါင်း အလေးချိန် ၄ ပိဿာ
၁၄ ကျပ်သား၊
(ည) ရွှေထည်ပစ္စည်းမျိုးစုံ ၁၂ မျိုး၊ စုစုပေါင်းအလေးချိန် ၃၆ ကျပ်သား ၇ ပဲ
( ဋ) မော်တော်ယာဉ် ၉ စီး၊
( ဌ) သုံးဘီးဆိုင်ကယ် တစ်စီး၊
( ဍ) မော်တော်ဆိုင်ကယ် ၇ စီး၊
( ဎ) ဘရာဇီးနိုင်ငံလုပ် မိန်းမကိုင် ပစ္စတို .၂၅ ပစ္စတိုတစ်လက်၊ ၎င်းကျည်
၅၀ တောင့်၊
စိုင်းဝန်းတစ်၊ ၃၈ နှစ်၊ (ဘ) ဦးနန်းကွမ်းစိန်၊ ရှမ်း/ဗုဒ္ဓ၊ အမှတ်(၄/၉၃)၊
ခေတ္တာလမ်း၊ ဆန်ဆိုင်း(က)ရပ်ကွက်၊ တာချီလိတ်မြို့နေသူအား တာချီလိတ်ရဲစခန်း မယ(ပ)၆၆/၂၀၁၂၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/ ၂၀(က)/၂၂(ခ) အရ အမှုဖွင့်အရေးယူထားရှိပါသည်။
Myanmar Police Force
![]() |
| ၄-၁၁-၂၀၁၂ ရက်နေ့တွင် တာချီလိတ်မြို့၌ တရားခံ စိုင်းဝန်းတစ်အား စိတ်ကြွရူးသွပ် ဆေးပြား ၅၈၄၀၀၀ ပြား၊ စိတ်ကြွရူးသွပ် ဆေးပြားရိုက်စက်၊ ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိမှု |
လုံခြုံရေး အကြောင်းပြ၍ အင်တာနက်၊ ဖုန်းစသည့် ဆက်သွယ်မှု များကို ကြားဖြတ် ဖမ်းယူနိုင်
ဝင်းကမ္ဘာကျော်

သိထားသင့်တယ်ထင်လို့ www.thithtoolwin.com ကတဆင့် Share ပေးလိုက်တာပါ....။
ရန်ကုန်၊ နိုဝင်ဘာ ၇ ရက်
တိုင်းပြည် လုံခြုံရေး နှင့် တရားဥပဒေ စိုးမိုးရေး (သို့) ရပ်ရွာ အေးချမ်း သာယာရေး ကို ထိခိုက် စေနိုင်သော သတင်း အချက်အလက် နှင့် ဆက်သွယ်ရေး စနစ်များ ကို အစိုးရ က ကြားဖြတ် ဖမ်းယူခြင်း နှင့် ဝင်ရောက် စစ်ဆေး ကြည့်ရှု နိုင်ကြောင်း ယနေ့ထုတ် နိုင်ငံပိုင် သတင်းစာ များတွင် ဖော်ပြ ထားသော ဆက်သွယ်ရေး ဥပဒေကြမ်း တွင် ပါရှိသည်။
ထို့အပြင် လျှို့ဝှက်၊ ညစ်ညမ်း သတင်းများ ဖြန့်ချိလျှင် အရေး ယူမည်ဟု ဖော်ပြ ထားပြီး မည်သူမဆို ညစ်ညမ်းသော သတင်း အချက်အလက် များကို ပေးပို့ခြင်း (သို့) ဖြန့်ချိခြင်း (သို့) ပါဝင် ဆောင်ရွက်ခြင်း၊ သိုမှီး ထိန်းသိမ်း ထားသည့် သတင်း အချက်အလက် များ တစ်ရပ်ရပ် ကို ဖြစ်စေ၊ လျှို့ဝှက်ချက် နှင့် သက်ဆိုင်သော သတင်း အချက် အလက် တစ်ရပ်ရပ် ကို ဖြစ်စေ ပိုင်ရှင်၏ ခွင့်ပြုချက် (သို့) သဘော တူညီချက် မရှိဘဲ ဝင်ရောက် ကြည့်ရှုခြင်း၊ ရယူခြင်း၊ ကူးယူခြင်း၊ ထုတ်နုတ်ခြင်း၊ ပျောက်ဆုံး စေခြင်း (သို့) ပေးပို့ ဖြန့်ချိခြင်း၊ မူပိုင်ခွင့် ပိုင်ရှင် ၏ ခွင့်ပြုချက် မရှိဘဲ စာပေ အနုပညာ လက်ရာ ကို ဖြစ်စေ၊ မူပိုင်ခွင့် နှင့် ဆက်နွယ်သည့် အခွင့်အရေး တစ်ရပ်ရပ် ကို ဖြစ်စေ စီးပွားရေး အလို့ငှာ မူပွားခြင်း၊ အရုပ်နှင့် အသံ တို့ကို ပေါင်းစပ်ခြင်း၊ ရောင်းချခြင်း၊ ဖြန့်ချိခြင်း၊ ထုတ်လွှင့်ခြင်း နှင့် ပြည်တွင်း (သို့) တင်သွင်းခြင်း တို့ကို သိလျက်နှင့် တမင်တကာ ကျူးလွန်ခြင်း တို့ကို ကျူးလွန်ကြောင်း ပြစ်မှု ထင်ရှား စီရင်ခြင်း ခံရလျှင် သုံးနှစ် ထက် မပိုသော ထောင်ဒဏ် ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ် နှစ်ရပ်လုံး ဖြစ်စေ ကျခံ ရမည် ဟု ယင်း ဥပဒေကြမ်း တွင် ဆက်လက် ဖော်ပြသည်။
"လုံခြုံရေး အခြေအနေ အရ ဆိုတာ ကိုတော့ အတိုင်းအတာ တစ်ခု လောက် လက်ခံ ပါတယ်၊ အကြောင်း ရှိတိုင်း လုံခြုံရေး ကို အကြောင်းပြ နေရင် ဘယ်လို လုပ်မလဲ၊ ဒီမိုကရေစီ နိုင်ငံ တစ်နိုင်ငံ ဆိုရင် လူ တစ်ဦးချင်း လွပ်လပ်ခွင့် ဆိုတာကို ထည့်သွင်း စဉ်းစား ရပါမယ်" ဟု IT လုပ်ငန်း လုပ်ကိုင် နေသူ ဦးဖြိုးဝေမြင့် က ပြောကြားသည်။
ပြည်သူ့ အကျိုး ဆောင်ရွက်ရန် အခြေအနေ ပေါ်ပေါက်သည့် အခါတိုင်း အစိုးရ အဖွဲ့ သဘော တူညီ ချက် ဖြင့် ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်း များအား ယာယီ ရပ်ဆိုင်းရေး၊ ဆက်သွယ်မှု အမျိုးအစား တစ်ရပ်ရပ် ကို မပြုလုပ်ရေး၊ တားဆီး ထိန်းသိမ်း ထားရှိရေး၊ ကြားဖြတ် ဖမ်းယူရေး၊ ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းများ နှင့် ဆက်သွယ်ရေး ပစ္စည်း များကို ယာယီ ထိန်းသိမ်း သုံးစွဲရေး တို့ကို လုပ်ငန်း လိုင်စင် ရှိသူက ခွင့်ပြု ပေးရမည် ဟု ဖော်ပြ ပါရှိသည်။
ယခု ဆက်သွယ်ရေး ဥပဒေကြမ်း တွင် ယခင်က အသုံး ပြုခဲ့သော ဆက်သွယ်ရေး ဥပဒေများ ဖြစ်သည့် ၁၈၈၅ မြန်မာ့ ကြေးနန်း အက်ဥပဒေ The Myanmar Telegraph (1885) နှင့် ၁၉၃၄ မြန်မာ့ ကြိုးမဲ့ကြေးနန်း အက်ဥပဒေ The Myanmar Wireless Telegraphy (1934) တို့ကို ဖျက်သိမ်း တော့မည် ဖြစ်ကြောင်း လည်း ဖော်ပြ ပါရှိသည်။
တိုင်းပြည် လုံခြုံရေး နှင့် တရားဥပဒေ စိုးမိုးရေး (သို့) ရပ်ရွာ အေးချမ်း သာယာရေး ကို ထိခိုက် စေနိုင်သော သတင်း အချက်အလက် နှင့် ဆက်သွယ်ရေး စနစ်များ ကို အစိုးရ က ကြားဖြတ် ဖမ်းယူခြင်း နှင့် ဝင်ရောက် စစ်ဆေး ကြည့်ရှု နိုင်ကြောင်း ယနေ့ထုတ် နိုင်ငံပိုင် သတင်းစာ များတွင် ဖော်ပြ ထားသော ဆက်သွယ်ရေး ဥပဒေကြမ်း တွင် ပါရှိသည်။
ထို့အပြင် လျှို့ဝှက်၊ ညစ်ညမ်း သတင်းများ ဖြန့်ချိလျှင် အရေး ယူမည်ဟု ဖော်ပြ ထားပြီး မည်သူမဆို ညစ်ညမ်းသော သတင်း အချက်အလက် များကို ပေးပို့ခြင်း (သို့) ဖြန့်ချိခြင်း (သို့) ပါဝင် ဆောင်ရွက်ခြင်း၊ သိုမှီး ထိန်းသိမ်း ထားသည့် သတင်း အချက်အလက် များ တစ်ရပ်ရပ် ကို ဖြစ်စေ၊ လျှို့ဝှက်ချက် နှင့် သက်ဆိုင်သော သတင်း အချက် အလက် တစ်ရပ်ရပ် ကို ဖြစ်စေ ပိုင်ရှင်၏ ခွင့်ပြုချက် (သို့) သဘော တူညီချက် မရှိဘဲ ဝင်ရောက် ကြည့်ရှုခြင်း၊ ရယူခြင်း၊ ကူးယူခြင်း၊ ထုတ်နုတ်ခြင်း၊ ပျောက်ဆုံး စေခြင်း (သို့) ပေးပို့ ဖြန့်ချိခြင်း၊ မူပိုင်ခွင့် ပိုင်ရှင် ၏ ခွင့်ပြုချက် မရှိဘဲ စာပေ အနုပညာ လက်ရာ ကို ဖြစ်စေ၊ မူပိုင်ခွင့် နှင့် ဆက်နွယ်သည့် အခွင့်အရေး တစ်ရပ်ရပ် ကို ဖြစ်စေ စီးပွားရေး အလို့ငှာ မူပွားခြင်း၊ အရုပ်နှင့် အသံ တို့ကို ပေါင်းစပ်ခြင်း၊ ရောင်းချခြင်း၊ ဖြန့်ချိခြင်း၊ ထုတ်လွှင့်ခြင်း နှင့် ပြည်တွင်း (သို့) တင်သွင်းခြင်း တို့ကို သိလျက်နှင့် တမင်တကာ ကျူးလွန်ခြင်း တို့ကို ကျူးလွန်ကြောင်း ပြစ်မှု ထင်ရှား စီရင်ခြင်း ခံရလျှင် သုံးနှစ် ထက် မပိုသော ထောင်ဒဏ် ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ် နှစ်ရပ်လုံး ဖြစ်စေ ကျခံ ရမည် ဟု ယင်း ဥပဒေကြမ်း တွင် ဆက်လက် ဖော်ပြသည်။
"လုံခြုံရေး အခြေအနေ အရ ဆိုတာ ကိုတော့ အတိုင်းအတာ တစ်ခု လောက် လက်ခံ ပါတယ်၊ အကြောင်း ရှိတိုင်း လုံခြုံရေး ကို အကြောင်းပြ နေရင် ဘယ်လို လုပ်မလဲ၊ ဒီမိုကရေစီ နိုင်ငံ တစ်နိုင်ငံ ဆိုရင် လူ တစ်ဦးချင်း လွပ်လပ်ခွင့် ဆိုတာကို ထည့်သွင်း စဉ်းစား ရပါမယ်" ဟု IT လုပ်ငန်း လုပ်ကိုင် နေသူ ဦးဖြိုးဝေမြင့် က ပြောကြားသည်။
ပြည်သူ့ အကျိုး ဆောင်ရွက်ရန် အခြေအနေ ပေါ်ပေါက်သည့် အခါတိုင်း အစိုးရ အဖွဲ့ သဘော တူညီ ချက် ဖြင့် ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်း များအား ယာယီ ရပ်ဆိုင်းရေး၊ ဆက်သွယ်မှု အမျိုးအစား တစ်ရပ်ရပ် ကို မပြုလုပ်ရေး၊ တားဆီး ထိန်းသိမ်း ထားရှိရေး၊ ကြားဖြတ် ဖမ်းယူရေး၊ ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းများ နှင့် ဆက်သွယ်ရေး ပစ္စည်း များကို ယာယီ ထိန်းသိမ်း သုံးစွဲရေး တို့ကို လုပ်ငန်း လိုင်စင် ရှိသူက ခွင့်ပြု ပေးရမည် ဟု ဖော်ပြ ပါရှိသည်။
ယခု ဆက်သွယ်ရေး ဥပဒေကြမ်း တွင် ယခင်က အသုံး ပြုခဲ့သော ဆက်သွယ်ရေး ဥပဒေများ ဖြစ်သည့် ၁၈၈၅ မြန်မာ့ ကြေးနန်း အက်ဥပဒေ The Myanmar Telegraph (1885) နှင့် ၁၉၃၄ မြန်မာ့ ကြိုးမဲ့ကြေးနန်း အက်ဥပဒေ The Myanmar Wireless Telegraphy (1934) တို့ကို ဖျက်သိမ်း တော့မည် ဖြစ်ကြောင်း လည်း ဖော်ပြ ပါရှိသည်။
ref:http://www.thithtoolwin.com
Wednesday, November 7, 2012
မြန်မာနိုင်ငံအတွင်း တရားမ၀င် စိုက်ပျိုးထုတ်လုပ်သည့် ဘိန်းဖြူကို တရုတ်နိုင်ငံမှ အများဆုံး ၀ယ်ယူနေ
ကမ္ဘာပေါ်တွင် ဘိန်းဖြူ စိုက်ပျိုးမှု ဒုတိယ အများ ဆုံးဖြစ်သည့် မြန်မာနိုင်ငံမှ ထွက်ရှိသော ဘိန်းဖြူ အား တရုတ်နိုင်ငံမှ အဓိက ၀ယ်ယူနေကြောင်း သိရှိရပါသည်။မြန်မာနိုင်ငံ အတွင်း ဘိန်းစိုက်ပျိုးမှုမှာ ၂၀၁၁ ခုနှစ်တွင် ဟတ်တာ ပေါင်း ၃၉၈၀၀ ခန့် စိုက်ပျိုးခဲ့ပြီး ဘိန်းစိမ်းတန် ၆၁၀ ခန့် ထွက်ရှိကာ ၂၀၁၂ ခုနှစ်တွင် ဟတ်တာပေါင်း ၅၁၀၀၀ ခန့်စိုက်ပျိုးခဲ့ပြီး ဘိန်းစိမ်း တန် ၆၉၀ ခန့်အထိ ထွက်ရှိနိုင်ကြောင်းလည်း သိရှိရပါသည်။၁၉၉၂ ခုနှစ်မှ စတင်၍ လက်ရှိကာလအထိ ဆယ်နှစ်တာ ကာလ အတွင်း ဘိန်းဖြူ ဖမ်းဆီးမိခဲ့သည့် အကြိမ် အရေအတွက်ပေါင်း ၇၉ ကြိမ်ရှိခဲ့ပြီး တန်ဖိုး အမေရိကန်ဒေါ် လာ ၁၈ ဘီလျံကျော် ဖျက်ဆီးမှု များပြု လုပ်ခဲ့ကြောင်း ပြည်ထဲရေးဝန် ကြီးဌာန ဒုတိယ၀န်ကြီး ရဲချုပ် ဦးကျော်ကျော်ထွန်းက ပြောပါသည်။ “မြန်မာနိုင် ငံကထွက်တဲ့ ဘိန်းဖြူကို တရုတ်ဈေးကွက်ထဲ အများဆုံး တင်ပို့နေပြီး ကျန်တဲ့ဘိန်းဖြူတွေက အရှေ့တောင်အာရှကနေ တခြားကမ္ဘာ့ နိုင်ငံတွေကို ထွက်သွား ပါတယ်။ ပြည်တွင်းသုံး စွဲမှု က တော်တော် နည်းပါတယ်”ဟု ပြည်ထဲရေးဝန်ကြီးဌာန မှ တာဝန်ရှိသူတစ်ဦးက ပြောကြား ခဲ့ပါသည်။“မြန်မာနိုင်ငံမှာ ဘိန်းဖြူနဲ့ပတ်သက်ပြီး တရားဝင်စစ်တမ်းတွေ အရ မှတ်ပုံတင်သုံးစွဲသူနဲ့ တခြားအထောက်အထားတွေ အရ လူဦးရေ ၇၅၀၀၀ လောက်အထိ ဘိန်းဖြူ သုံးစွဲနေပါတယ်။ နောက်ပြီး ၁၉၉၂ ခုနှစ်ကနေ လက်ရှိကာလအထိ ဘိန်းဖြူဖမ်းဆီးမိခဲ့တဲ့အမှုပေါင်း ၇၉ ကြိမ်ရှိပြီး ဖမ်း ဆီးရမိခဲ့တဲ့ ဘိန်းဖြူတွေကို ဖျက်ဆီးခဲ့တဲ့ တန်ဖိုးပေါင်းက အမေရိကန် ဒေါ်လာ ၁၈ ဘီလျံကျော်အထိရှိ နေပါတယ်”ဟု ဦးကျော်ကျော်ထွန်း က ပြောကြားခဲ့ပါသည်။မြန်မာနိုင်ငံတွင် နှစ်စဉ် ဘိန်းစိုက်ပျိုးမှုနှင့် အထွက်နှုန်းမှာ အရှေ့တောင်အာရှတွင် အများဆုံး ဖြစ်နေသော်လည်းပြည်တွင်းဘိန်းဖြူသုံးစွဲမှုနည်းပါးပြီး မြန်မာနိုင်ငံမှ ထွက်ရှိနေသည့် ဘိန်းဖြူများကို တရုတ်နိုင်ငံဈေးကွက်အတွင်း အများဆုံးရောက် ရှိသွားကြောင်းလည်း ဦးကျော်ကျော်ထွန်းက ဆက်လက်ပြောကြားခဲ့သည်။မြန်မာနိုင်ငံအတွင်း ဘိန်းစိုက်ပျိုးမှု နှစ်စဉ်မြင့်တက် လာနေသော်လည်းပြည်ထဲရေးဝန်ကြီးဌာနမှ ဘိန်းစိုက်ပျိုးမှု လျှော့ချနိုင်ရေးအတွက် နှစ်စဉ် ကြပ်မတ်စစ်ဆေးမှုများ ဆောင်ရွက်နေကြောင်းလည်း သိရှိရ ပါသည်။မြန်မာနိုင်ငံတွင် ဘိန်းအများ ဆုံး စိုက်ပျိုးသည့်ဒေသမှာ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မြောက်ပိုင်း၊ တောင်ပိုင်းနှင့် ကချင်ပြည်နယ် စသည့်ဒေသ များဖြစ်ပြီး ၂၀၁၂ ခုနှစ်တွင် ခန့်မှန်း စိုက်ဧကမှာ ၅၁၀၀၀ ဟတ်တာအထိ ရှိနေကြောင်းလည်း သိရှိရပါသည်။ဘိန်းစိုက်ပျိုးမှုအပေါ် မှီခိုနေရသည့် မိသားစုဝင်ဦးရေမှာ သုံးသိန်း ခန့်ရှိနေပြီး ၂၀၁၂ ခုနှစ်အတွင်း ခန့် မှန်း ဘိန်းစိမ်းထွက်ရှိမှုမှာ ၆၉၀ မက်ထရစ်တန်အထိ ရှိနေကြောင်းလည်း သိရှိရပါသည်။
မြန်မာနိုင်ငံ၏ ဘိန်းစိုက်ပျိုးမှု ဧရိယာ ၅၁၀၀၀ ၀န်းကျင်အနက် ဟတ်တာပေါင်း ၄၆၀၀၀ ခန့်မှာ ရှမ်းပြည်နယ်တွင် စိုက်ပျိုးနေပြီး ကျန်စိုက်ဧကများမှာ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ မကွေးတိုင်း
ဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး နှင့်အခြားဒေသများတွင် စိုက်ပျိုး နေကြောင်း သိရသည်။လယ်မြေ သိမ်းဆည်းခံရမှုများ နှင့် ပြည်တွင်း လက်နက်ကိုင်များ ရှိနေသည့် ရှမ်းပြည်နယ်၊ ကချင် ပြည်နယ်နှင့် အခြားဒေသများတွင် ဘိန်းစိုက်ပျိုးမှုမှာ နှစ်စဉ်မြင့်တက်လာနေပြီး ထိုကဲသို့ မြင့်တက်လာမှု အားလျှော့ ချနိုင်ရန် အတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း များနှင့် ပြည်ထဲရေး ၀န်ကြီးဌာန ပူးပေါင်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီး ဌာန ဒုတိယ၀န်ကြီး ရဲချုပ် ဦးကျော်ကျော်ထွန်း က အောက်တိုဘာလ ၃၁ ရက် နေ့က ပြောကြားခဲ့သည်။ “ဘိန်းစိုက်ပျိုးမှု ပြဿနာ က မြန် မာနိုင်ငံရဲ့ ပြဿနာတစ်ခု မဟုတ်တော့ဘဲ ဒေသတွင်း ပြဿနာတစ်ခု ဖြစ်လာနေပါတယ်။ ဘိန်းစိုက်ပျိုးနေတဲ့ ကျေးရွာတွေက လူတွေကို ဘိန်းအစား ၀င်ငွေရသီးနှံစိုက်ဖို့၊ လယ်ယာ စိုက်ပျိုး မှုတွေလုပ်ဖို့၊ ဈေးကွက်ရှာဖို့အတွက် နိုင်ငံတကာအကူ အညီတွေအများကြီး လိုအပ်ပါတယ်။ နောက်ပြီး မူးယစ်ဆေးဝါး တိုက်ဖျက် ရေးစီမံချက်ကာလကိုလည်း ငါးနှစ်ထပ်တိုးထားပြီး ၂၀၁၉ ခုနှစ်အထိ လုပ်သွားဖို့ ရှိပါတယ်။ အခုဆို ရှမ်း ပြည်နယ်တောင်ပိုင်းမှာ အစားထိုး သီးနှံ လုပ်ငန်းတွေလုပ်ဖို့ စီမံကိန်း လေးခုချထား တာတွေ ရှိတယ်။ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့လည်း ညှိနှိုင်းပြီး လယ်ယာ ကဏ္ဍကို ပြန်လည် မြှင့်တင်ပါ မယ်”ဟု ဦးကျော်ကျော် ထွန်းက ပြောကြားခဲ့သည်။ကမ္ဘာတစ်ဝန်း ဘိန်းစိုက်ပျိုး မှုတွင် မြန်မာနိုင်ငံ၏ ဘိန်းစိုက်ပျိုးမှုမှာ အာဖဂန်နစ္စတန်နိုင်ငံ၏ နောက်ဒုတိယနေရာတွင် ရှိနေကြောင်းလည်း သိရှိရပါသည်။၂၀၁၂ ခုနှစ်အတွင်း ဘိန်းစိုက်ပျိုးမှုဆိုင်ရာ စစ်တမ်းများအရ အရှေ့တောင် အာရှနိုင်ငံများတွင် မြန်မာနိုင်ငံသည် ဘိန်းစိုက်ပျိုးမှု ဟတ်တာ ပေါင်း ၅၁၀၀၀၊ လာအိုနိုင်ငံသည် ဟတ်တာပေါင်း ၆၈၀၀ နှင့် ထိုင်း နိုင်ငံသည် ဟတ်တာပေါင်း ၂၀၉ ဟတ်တာအထိ စိုက်ပျိုးလျက်ရှိပြီး အဆိုပါပမာဏမှာ ကမ္ဘာ့ဘိန်းပန်းပင် စိုက်ပျိုးမှု၏ ၂၅ ရာခိုင်နှုန်းဖြစ်ကြောင်းလည်း သိရှိရပါသည်။“ဘိန်းဖြူ ဖြစ်လာစေမယ့်ဘိန်း စိုက်ပျိုးမှုက မြန်မာနိုင်ငံမှာ အများဆုံးဖြစ်နေပေမယ့် တကယ်ကို စီးပွားဖြစ် ဘိန်းဖြူအဆင့် ရောက်ရှိအောင် ဓာတုဆေးဝါးတွေ အသုံးပြု ချက်လုပ်နေတဲ့ အဖွဲ့အစည်းတွေကို လည်း အမြစ်ပြတ်ချေမှုန်းရပါမယ်။ ဒါမှလည်း ဘိန်းစိုက်ပျိုးမှုကို လျှော့ချနိုင်ပါမယ်”ဟု UNODC မှ Country Manager Mr.Jason Eligh က ပြောကြားခဲ့သည်။
Copy From Eleven Media
ထိုင်း Lady boy ၊ မြန်မာ မိုးကြိုး ငှက်ငယ်ကလေးများနဲ့ နန်းခင်ဇေယျာကို စိုးရိမ် တယ်
ထိုင်း Lady boy ၊ မြန်မာ မိုးကြိုး ငှက်ငယ်ကလေးများ
ရန်ကုန်မြို့ MCC ခန်းမမှာ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၅ နဲ့ ၂၆ ရက် တွေက “ထိုင်းလုလင်ပျိုတို့ရဲ့ ဣတ္ထိ ယအသွင်ကကြိုးသဘင်” ဆိုပြီး ထိုင်း နိုင်ငံက Lady boy အလှပဂေးတွေ ခြိမ့်ခြိမ့်သဲ လာရောက်ဖျော်ဖြေခဲ့ကြတာ အားလုံး လည်း အသိပါ။
အဲဒီဖျော်ဖြေပွဲမှာ သူတို့ရဲ့ ၀တ်စားဆင်ယင် တင်ဆက်မှုတွေကို မြန်မာ ပွဲကြည့် ပရိသတ်တွေကလည်း တအံ့တသြ ကြည့်ရှုခဲ့ကြ တာပါ။
Lady boy တွေရဲ့ဖျော်ဖြေတင်ဆက်မှုကို ထိုင်းနိုင်ငံမှာတော့ နိုင်ငံခြားသားတွေတောင် ဈေးကြီးကြီးပေးပြီး မက်မက်စက်စက်လာရောက် ကြည့် ရှု ကြရတယ်။
အဲ့ဒီ ဖျော်ဖြေပွဲကို တွေ့တော့ မစပ်စု သတိရမိသွားတာလေး တခုကို ရေးချင်မိပါတယ်။
အခုလိုပဲ မစပ်စုတို့ မြန်မာပြည်ကြီးမှာလည်း ဟိုးလွန်ခဲ့တဲ့နှစ်ပေါင်း ၄၀ ကျော်လောက် ကတည်းက လိင်တူချစ်သူ (မိန်းမလျာ) တွေရဲ့ ဖျော် ဖြေ တင်ဆက်မှုဟာ မြန်မာပြည်အနှံ့ ရာသီအလိုက် ဘုရားပွဲတွေမှာ ပရိသတ်ကို ဆွဲဆောင် အောင်မြင်ခဲ့တာမျိုး ရှိခဲ့ဖူး ပါတယ်။
“မိုးကြိုး ငှက်ငယ်ကလေးများ”ဆိုတဲ့ အလွန်နာမည်ကြီး ကျော်ကြားခဲ့တဲ့ လိင်တူချစ်သူများ အဖွဲ့ပါ။
မစပ်စု သိသလောက်တော့ ၁၉၆၇ ခုနှစ်ကတည်းက စတင် တနည်ထောင်ခဲ့တဲ့ အဖွဲ့ပါ။ အဲဒီခေတ်အခါက နာမည်ကြီး မင်းသားမင်းသမီး တွေ နဲ့ ခွဲမရအောင်တူတဲ့ စတိုင် တွေ၊ ၀တ်စား ဆင်ယင်မှုတွေ၊ တေးသီချင်းတွေ၊ တေးသရုပ်ဖော်၊ စတိတ်ရှိုး စတာတွေနဲ့ ပရိသတ်ကို ဖမ်းစားနိုင် ခဲ့တဲ့ အဖွဲ့ ဖြစ်ပါတယ်။
ထိုင်း Lady boy တွေက ကြေးကြီးကြီးနဲ့ တင့်တောင့်တင့်တယ် ဖျော်ဖြေလာနိုင်တဲ့ အချိန်မှာ မစပ်စုတို့ မြန်မာပြည်က“မိုးကြိုး ငှက် ငယ် က လေးများ” အဖွဲ့ရဲ့ ဖျော်ဖြေ တင်ဆက်မှု ကဏ္ဍကတော့ ပါမစ် အခက်အခဲတွေ၊ နေရာ အခက် အခဲတွေနဲ့ အများကြီး ရင်ဆိုင် ခဲ့ရလို့ အခု နောက်ပိုင်းမှာ ဘုရားပွဲတိုင်းကို လိုက် မကနိုင်တော့ဘဲ အဖွဲ့တွင်း စားဝတ်နေရေး အခက်အခဲနဲ့ ကြုံတွေ့နေရ တယ်လို့ “မိုးကြိုး ငှက်ငယ်က လေးများ” အဖွဲ့ ခေါင်းဆောင် စောနန္ဒာ က ပြောပြပါတယ်။
“အခုဆို ပွဲတိုင်း လိုက်မကနိုင်တော့ဘူး။ ရုံကြီးသွင်းဖို့ အရမ်းခက်ခဲလာပါတယ်။ ရုံခတွေ မြေခတွေ၊ သစ်၊ ၀ါး၊ ဓနိ တွေ အရမ်း ဈေးကြီး တာပဲ။ အရမ်း ခက်ခဲတာပဲ။ ဂေါပကတွေ မဟုတ်ဘူး၊ လောပကတွေ၊ လောဘ ကြီးတာတွေများတော့ မ နိုင်တော့ဘူး။ အဲ့ဒီမှာတင် အနုပညာကြေးက ဘာမှမရှိတော့ဘူး။ တချို့ ဘုရားပွဲတွေကျတော့ ဟိုတုန်းကဆို ဇာတ်ရုံသုံးနေရာ၊ လေးနေ ရာလေ။ အခု ဆိုရင် တရုံပဲ ပေးတော့တယ်။ အဲ့ဒီ တရုံတောင် နာမည်ကြီးဇာတ်ကြီးတွေ ၀င်လာရင် ကိုယ်က လုံးဝ နေရာမရတော့ဘူး။ အဲ့တော့ ကိုယ့်ဘာသာ ရုံဆောက်ပြီဆိုရင် ရုံခ၊ မြေခတွေ က ဈေးတွေကြီးတော့ မ၀ယ်နိုင်၊ မ၀ယ်နိုင်တော့ နားရတာ များလာတယ်။ ပွဲ ကြီး တွေ ပဲ ဦးစားပေးပြီး နှိမ်တဲ့ သဘောပေါ့”လို့ သူက ဆိုပါ တယ်။
အဲဒါတွေထက် ဇာတ်ရုံကြီးတွေမှာ လိင်တူချစ်သူတွေ ရဲ့ ဖျော်ဖြေတင်ဆက်မှုတွေကို လက်မခံနိုင်တဲ့ အနေအထားလည်း ရှိပါသေး တယ်။
“ကျနော်တို့ နိုင်ငံအနေနဲ့က ဖိလည်း မဖိနှိပ်ဘူး။ အားလည်း မပေးဘူး။ ပုံမှန်ပဲ ထားထားတာ။ ဒီတော့ လုပ်ရတာလည်း သိပ် အဆင် မပြေဘူး။ ကျနော်တို့မှာ အနုပညာအားရှိတယ်။ ပံ့ပိုးမှုအား လုံးဝ မရှိဘူး။ ပံ့ပိုးဖို့နေနေသာသာ အမျိုးသား ဇာတ်ရုံကြီး ကို ကိုယ့်ပိုက်ဆံနဲ့ ကိုယ်ငှား က မယ်ဆိုတောင် အခြောက်မ တွေကို ပေး မကဘူး။ အဲ့တော့ ဇာတ်ရုံကြီးတွေမှာ ဖျော်ဖြေဖို့ မပြောနဲ့ တန်ဆောင်တိုင် သီတင်းကျွတ် ဘုရားပွဲ တွေ မှာတောင် ဒီအတိုင်းဆို ပါမစ် မပေးချင်ဘူး။
ကာရာအိုကေ လိုမျိုး ရပ်ကွက်ထဲက ဆိုတဲ့သူလေးတွေ ထည့်ရတယ်။ ကိုယ်က ပစ္စည်းတွေ ယူပြီးသွား ဟိုကျတော့မှ ပါမစ် မရလို့ဆိုတော့ စားဝတ်နေရေးတွေခက် ဒုက္ခတွေရောက်လို့။ ဘာကြောင့်လဲဆိုတဲ့ အကြောင်းပြချက်ကလည်း ခိုင်လုံအောင် မရှိဘူး”လို့ စောနန္ဒာ က ပြောပါတယ်။
ဆိုတော့ လိင်တူချစ်သူတွေရဲ့ ဖျော်ဖြေတင်ဆက်မှုဟာ ကျေးလက် တောရွာ ဘုရားပွဲဈေးတွေမှာ ဖျော်ဖြေတင်ဆက် ရတဲ့ အနေ အထား ကနေ ထပ်ပြီး တဆင့်တက် မလာနိုင်ခဲ့တာတော့ အမှန်ပါ။
ဘာကြောင့် အခုလိုခွင့်မပြုရတာလဲလို့ စောနန္ဒာကို မေးကြည့်တော့“သိပါဘူး။ တတိုင်းပြည်လုံး မိန်းမ လျာဖြစ်မှာ စိုးလို့ နေမှာပေါ့” လို့ သူက ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၀၉ ခုနှစ်က Miss Red Ribbonဆိုတဲ့ခေါင်းစဉ်နဲ့ လိင်တူချစ်သူတွေရဲ့ အလှမယ်ရွေးပွဲကို စည်းစည်းကားကား ကျင်းပ လာ လေ တော့ အားလုံးပဲ တအံ့တသြဖြစ်ခဲ့ရပါသေးတယ်။ ဒီပြိုင်ပွဲ ကျင်းပနိုင်ဖို့အတွက် အစိုးရနဲ့ နီးစပ်တဲ့အသိုင်းအ၀ိုင်းကြီးကြီးကလူတဦးရဲ့ အား ပေး ကူညီမှုကြောင့် ကျင်းပခွင့် ပါမစ်ရခဲ့တာ လို့လည်း အဲ့ဒီအချိန်တုန်းက အသံသိုးသိုးသန့်သန့် ထွက်လာပါသေး တယ်။ နောက် နှစ် ၂၀၁၀ မှာလည်း ဒီပွဲမျိုး ထပ်ကျင်းပဖို့ ကြိုးစားခဲ့ပေမယ့် ပါမစ်မရလို့ မကျင်းပနိုင်တော့ပါဘူး။
လိင်တူချစ်သူတွေရဲ့ အခွင့်အရေးဟာလည်း လူ့အခွင့်အရေး တရပ်လို့ဆိုသမို့ ဒီမိုကရေစီလမ်းကို လျှောက်လှမ်းနေပြီလို့ ဆိုတဲ့ မစပ်စုတို့ မြန် မာပြည်ကြီးလည်း ဒီအခွင့်အရေးများ ထွန်းကား လာပေလိမ့်ဦးမလား ဆိုတာ စောင့်ကြည့်ရ မလို ဖြစ်နေပါပြီ။
နန်းခင်ဇေယျာကို စိုးရိမ်တယ်
ဂျပန်နိုင်ငံ အိုကီနာဝါမှာ မကြာခင်ကမှ ကျင်းပခဲ့တဲ့ မယ်နိုင်ငံတကာ ပြိုင်ပွဲမှာ မယ်အင်တာနက်နဲ့ People choice ဆုကို ပူပူနွေးနွေး ပိုင် ဆိုင် ထားတဲ့ မြန်မာမယ် နန်းခင်ဇေယျာကို အနုပညာအလုပ်တွေ လုပ်ကိုင် လာလို့ သူ့ရဲ့ပရိသတ်တွေက အလွန်စိုးရိမ်နေကြ ပါတယ်။
နန်းခင်ဇေယျာဟာ သူ့ရဲ့ ဖေ့စ်ဘုတ် စာမျက်နှာပေါ်မှာ သူနေ့စဉ်လှုပ်ရှား လုပ်ကိုင်နေတဲ့ အကြောင်းအရာ တွေကို စဉ်ဆက်မပြတ် ဖော် ပြသူ တဦးပါ။
မယ်အင်တာနက်ဆုကို ရရှိပြီးနောက် နန်းခင်ဇေယျာဟာ မြန်မာနိုင်ငံက စီးပွားရေး ကြော်ငြာလုပ်ငန်းတွေ ဖြစ်တဲ့ Blue Mountain အချို ရည်ရဲ့တနှစ်တာ Brand Ambassador နဲ့ Daw Win Garment Center i-MAX, Giorenzo & U’JASS အ၀တ်အထည်များ အ တွက် ၁၄ လတာ Brand Ambassador တယောက် အဖြစ် လုပ်ကိုင်တော့မှာပါ။
ပြီးခဲ့တဲ့ အပတ် ဗုဒ္ဓဟူးနေ့မှာတော့ ဒါရိုက်တာ စင်ရော်မောင်မောင်နဲ့ Blue Mountain အချိုရည် ကြော်ငြာ ရိုက်ကူးမှု အခြေအနေ ကို တွေ့မြင် ကြရတဲ့ ဖေ့စ်ဘုတ်၊ အင်တာနက် စာမျက်နှာပေါ်က ပရိသတ်တွေက သူ လုပ်ကိုင်လာတဲ့ အနုပညာလုပ်ငန်းအပေါ် စိုးရိမ်ကြီးစွာနဲ့ သ တိ ပေး ပြောဆိုတာတွေ ရှိလာပါတော့တယ်။
နန်းခင်ဇေယျာကတော့ သူအနုပညာ အလုပ် လုပ်ကိုင်လာတဲ့အပေါ် ပရိသတ်တွေအနေနဲ့ မစိုးရိမ်ဖို့ကို သူ့ ဖေ့စ်ဘုတ်ပေါ်မှာပြန်ပြီးရှင်းပြ ထား တာကို တွေ့ရပါတယ်။
“ညီမရဲ့ အနုပညာ လုပ်ငန်းလုပ်ကိုင်မှုအပေါ်မှာ ညီမကို ချစ်တဲ့စိတ်နဲ့ စိုးရိမ်နေကြတဲ့ ပရိသတ်ကြီးကို ညီမအနေနဲ့ ရှင်းပြချင် ပါတယ်။ ညီမက Miss Myanmar, (Miss Internet, Miss People’s Choice) တယောက်အနေနဲ့သာ စီးပွားရေး ကြော်ငြာ၊ စာစောင် မျက်နှာဖုံးများ၊ ပြက္ခဒိန် များကို ရိုက်ကူးနေခြင်း ဖြစ်ပါတယ်။ တဖက်ကလည်း ပရဟိတ လုပ်ငန်းများကို ပရိသတ်များ နဲ့ အတူလုပ်ဆောင်သွားမှာ ဖြစ်သလို၊ ညီမအ နေနဲ့ သရုပ်ဆောင် လုပ်ဖို့ကို အခုအချိန်မှာ လုံးဝ မစဉ်းစား သေးပါဘူးရှင့်။ Tourist Guide အနေ နဲ့လည်း ညီမ ဆက်လက်လုပ်ကိုင်သွားမှာပါ”လို့ ရေးထားတာပါ။
Miss Myanmar နန်းခင်ဇေယျာဟာ လတ်တလောမှာ အနုပညာအလုပ်အပြင် ပရဟိတ လုပ်ငန်းတွေပါ လုပ်ကိုင်နေသူပါ။ ရှေ့လျှောက်လည်း ပရဟိတလုပ်ငန်းတွေ ဆက် လုပ်သွားဖို့ ရှိတယ်လို့လည်း ပြောဆို ထားပါသေးတယ်။
သူ့ကို ချစ်တဲ့ပရိသတ် အများအပြား ပိုင်ဆိုင်ထားသူ Miss Internet, People Choice Award ဆုရှင် နန်းခင်ဇေယျာ တယောက်ဘယ်လို ပရ ဟိတ လုပ်ငန်းတွေ၊ အနုပညာအလုပ်တွေ ဆက်လုပ်သွားဦးမလဲ ဆိုတာလည်း စောင့်မျှော် ကြည့်ကြပါဦး …။
ဒုန်ဝေါ့ တိုက်ပွဲတွင် အစိုးရတပ်နှင့် KIA နှစ်ဖက် ကျရှုံးမှုရှိ
ရှမ်းပြည်မြောက်ပိုင်းရှိ ဒုန်ဝေါ့ (Dung Waw) တွင်ဖြစ်သော တိုက်ပွဲတွင် မြန်မာအစိုးရတပ်ဖွဲ့နှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) နှစ်ဖက် ဘက်မှ ကျရှုံးမှုများရှိခဲ့သည်။
ယမန်နေ့ နိုဝင်ဘာ ၅ ရက် တွင် အစိုးရတပ်ဖွဲ့နှင့် KIA လက်အောက် MHH ပြည်သူ့စစ် တပ်ခွဲ ၅ တို့ ပန်ဆိုင်း တိုက်နယ် ဒုန်ဝေါ့ (Dung Waw) တွင် တိုက်ပွဲဖြစ်ပွားခဲ့သည်။ ထိုသို့ ဖြစ်ပွားချိန် အစိုးရတပ်ဖက်မှ ၈ ဦးကျဆုံးခဲ့ရာတွင် ဗိုလ်ကြီးအဆင့် တစ်ဦးလည်းပါကြောင်း ပန်ဆိုင်းမှ KIA ဗိုလ် ဇော်ဆိုင်းကပြောသည်။
၎င်းတွင် KIA ဖက်မှလည်း ဒု-တပ်ကြပ် စင်ယူလဆန် (Tsin-yu La San) နှင့် မောင်ဂွန်နော် (Gun Naw) ကျဆုံးသွားကြောင်း ဗိုလ် ဇော် ဆိုင်း ပြောသည်။ ဒု-တပ်ကြပ် လဆန်သည် မောင်ဂွန်နော်ကို သွားရောက်ကယ်ယူရန်ကြိုးစားနေချိန် သေနတ်ကျည် ထိမှန်ကာ ကျဆုံး သွားခြင်း ဖြစ် ကြောင်း သိရသည်။
မြန်မာအစိုးရတပ်ပေါင်းစုတွင် ခလရ ၆၉၊ ၁၃၂ နှင့် ၁၂၅ တပ်ဖွဲ့များဖြစ်ပြီး မုန်ဘော် (Mungbaw) ပြည်သူ့စစ်(ဒု မွန်း အဖွဲ့) နှင့်ကွတ်ခိုင် ပြည် သူ့စစ်(ဦးတီ ခွန်းမြတ် အဖွဲ့) တို့ပါဝင်ကြောင်း သိရသည်။
အစိုးရ တပ်ပေါင်းစု တပ်ဖွဲ့တို့သည် တိုက်ပွဲဖြစ်ပွားပြီးနောက် ပန်ဆိုင်းသို့ ပြန်လည် ဆင်းသွားကြောင်း စုံစမ်းသိရှိရသည်။
သုံးစားမရတဲ့ GSM Internet Connection ကို အလန်းဆုံး WCDMA Connection ဖြစ်အောင် ပြောင်းနိုင်တဲ့ Network v 1.1.apk
အခုကျွန်တော်မျှဝေပေးချင်တဲ့ Application လေးကတော့
သုံးစားမရတဲ့ GSM Internet Connection ကို အလန်းဆုံး WCDMA Connection
ဖြစ်အောင် ပြောင်းနိုင်တဲ့ Network v 1.1.apk
ဆိုတဲ့ Android Application လေးဖြစ်ပါတယ်။ အသုံးပြုရာလည်းတော်တော်လေး လွယ်ကူအဆင်ပြေ
ပါတယ်။ Set preferred network type: ရဲ့ အောက်မှာ WCDMA only ဆိုတာလေးကိုပြောင်းပေး
လိုက်ရင်ရပါပြီ။ အောက်က ပုံလေးအတိုင်းပါ GSM only နေရာမှာ WCDMA only ဆိုဒါလေးကို ပြောင်း
ပေးလိုက်ရင်ရပါပြီ။ ဒါဆိုရင် ဘယ်အချိန်ဘဲ Internet ဖွင့်ဖွင့် အနိမ့်ဆုံး H ဆိုတာ တန်းပေါ်ပြီး WCDMA
ရဲ့ ကွန်နရှင်အတိုင်းသုံးရမှာပါ။
ဆိုတဲ့ Android Application လေးဖြစ်ပါတယ်။ အသုံးပြုရာလည်းတော်တော်လေး လွယ်ကူအဆင်ပြေ
ပါတယ်။ Set preferred network type: ရဲ့ အောက်မှာ WCDMA only ဆိုတာလေးကိုပြောင်းပေး
လိုက်ရင်ရပါပြီ။ အောက်က ပုံလေးအတိုင်းပါ GSM only နေရာမှာ WCDMA only ဆိုဒါလေးကို ပြောင်း
ပေးလိုက်ရင်ရပါပြီ။ ဒါဆိုရင် ဘယ်အချိန်ဘဲ Internet ဖွင့်ဖွင့် အနိမ့်ဆုံး H ဆိုတာ တန်းပေါ်ပြီး WCDMA
ရဲ့ ကွန်နရှင်အတိုင်းသုံးရမှာပါ။
WCDMA ရဲ့ ကွန်နရှင်အတိုင်းသုံးရတယ်ဆိုပြီး WCDMA လိုမျိုး တစ်မိနစ်ကို 4ကျပ်ပေး
ရလိမ့်မယ်တော့မထင်နဲ့နော်။ 2ကျပ်ဘဲပေးရမှာပါ။ ဘယ်လောက်အဆင်ပြေလည်းဗျာ။ ဖိုင်ဆိုဒ်က
လည်း 5kb ဘဲရှိတယ်ဗျာ။ Android v 1.5 နှင့် အထက်ဖုန်းများမှာသာ အသုံးပြုရအဆင်ပြေမှာဖြစ်ပါ
တယ်ဗျာ။ အပန်းမကြီးတဲ့အတွက် စမ်းသပ်အသုံးပြုမယ်ဆိုရင် မမှားဘူးလို့ အကြံပေးချင်ပါတယ်ဗျာ။
သူငယ်ချင်းများအားလုံးအဆင်ပြေကြပါစေ...။ Credit to: www.pyaephyo.com
http://winkabarkyaw.blogspot.com/2012/11/gsm-internet-connection-wcdma.html?utm_source=feedburner&utm_medium=feed&utm_campaign=Feed%3A+blogspot%2FYoKiT+%28%E1%80%9D%E1%80%84%E1%80%B9%E1%80%B8%E1%80%80%E1%80%99%E1%80%AC%E1%81%BB%E1%80%B1%E1%80%80%E1%80%BA%E1%80%AC%E1%80%B9++%28%E1%80%94%E1%80%8A%E1%80%B9%E1%80%B8%E1%80%95%E1%80%8A%E1%80%AC%E1%80%99%E1%80%BD%E1%80%90%E1%80%B9%E1%80%90%E1%80%99%E1%80%B9%E1%80%B8%29%29




















