Friday, November 2, 2012
မိုဘိုင်း အင်တာနက် အသုံးပြုခကို ဒေတာ ပမာဏဖြင့် ပြောင်းလဲ ကောက်ခံရန် စီစဉ်
မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း အနေဖြင့် မိုဘိုင်း အင်တာနက် အသုံးပြုရာတွင်
ကောက်ခံသည့် အင်တာနက် အသုံးပြုခကို မိနစ်နှင့် ကောက်ခံမည့် အစား ဒေတာ
ပမာဏဖြင့် ကောက်ခံခြင်းကို နိုဝင်ဘာလတွင် စတင်ကာ ပြောင်းလဲ ကောက်ခံနိုင်ရန်
စီစဉ်လျက် ရှိကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း မိုဘိုင်း
အင်ဂျင်နီယာချုပ် ဦးဌေးဝင်းက ပြောကြားသည်။ ---

ကျောက်မဲမှ လူငယ်များအကြား မူးယစ်ဆေးဝါး သုံးစွဲ နှုန်းမြင့်တက်နေ
၂၀၁၂ ခုနှစ် သြဂုတ်လဆန်း ပိုင်းမှစတင်၍ ရှမ်းပြည်တောင်ပိုင်း၊ကျောက်မဲမြို့တွင်းမူးယစ်ဆေးဝါးသုံးစွဲမှုများ သိသာစွာများပြားလာ
ကြောင်း ကျောက်မဲမြို့ခံများထံကသိရသည်။
မူးယစ်ဆေးဝါးသုံးစွဲ သူများမှာများသောအားဖြင့် ဆယ် ကျော်သက်အရွယ်
များဖြစ်နေပြီး အသက် ၁၄ နှစ်အရွယ်မှ အသက် ၃၅ နှစ်အရွယ်ဝန်းကျင်းအထိ
သုံးစွဲသူများပါဝင်ကြောင်း သိရှိရ သည်။
“ကျွန်တော်တွေ့ဖူးတဲ့ ကောင်လေးတစ်ယောက်ဆို (၁၄) နှစ်လောက်ပဲရှိဦးမှာ
အဖြူသုံး တက်နေပြီ၊ ဘယ်ကဘယ်လိုရ တယ်ဆိုတာကို မပြောပြဘူး၊ မိဘ တွေကလဲကလေးငယ်သေးတော့ ဘယ်လိလုပ်ရမလဲမသိဘူးဖြစ်နေ တာ
”ဟု အမှတ် (၉) ရပ်ကွက်တွင် နေထိုင်သူ ကိုအောင် (အမည်လွဲ) ကပြောသည်။
မူးယစ်ဆေးဝါးရောင်း ချသူများမှာ တိုက်ရိုက်ရောင်းချ ခြင်းမဟုတ်ပဲ ဖုန်းဖြင့်အချိတ် အဆက်ပြုလုပ်ရောင်းချကြောင်း အသက် ၂၃ နှစ်အရွယ် ကျောက်မဲ ဒေသခံလူငယ်
တစ်ဦးကဆိုသည်။ “တစ်ဆင့်ဆက်သွယ်ပေးတဲ့လူတွေ က လက်ဖက်ရည်ဆိုင်တွေမှ
ထိုင်နေတတ်တယ်။
သုံးနေကြလူ တွေက ဖုန်းဆက်ပြီးပြောပေးတယ်။ သူတို့က အချိန်နဲ့နေရာကိုချိန်ပြီး
တစ်ဆင့်ရောင်းတာ၊ သုံးတဲ့သူ ကိုယ်တိုင်က ဘယ်သူရောင်းပေး တယ်ဆို
တာတော မသိရဘူး၊ အဲလို နည်းနဲ့ပဲ လူငယ်တွေကြားထဲ ရောက်လာတာ”
ဟု ၎င်းကဆက် လက်ပြောသည်။
ကလေးသူငယ်နာရင်လူးဆေး ဗူးတစ်ဗူးအရွယ်အစားရှိဗူးတစ်ဗူး လျှင် ငွေကျပ်
ရှစ်ထောင်မှ တစ်သောင်းဝန်းကျင်ခန့်ဖြင့် အရောင်းအ၀ယ်ပြုလုပ်နေကြောင်း ယခင်သုံးစွဲဖူးသူအမည်မဖော်လိုသူ လူငယ်တစ်ဦကပြေသည်။ “အစ်မ တို့ရပ်ကွက်
ထဲတော့ ဟိုတစ်လော က လာဖမ်းသွားတာတွေ့တယ်၊
အမျိုးသမီးတစ်ယောက်ရဲ့ အိမ်မှာ အဖြူတွေနဲ့ အတူမိတာ၊ ဒါပေမဲ့ အခုနေရာ
တိုင်းမှာကို ကြားနေရ တာ များများထပ်ဖမ်းစေချင်တယ်” ဟု အမှတ် (၈) ရပ်ကွက်နေ
အသက် ၃၁ နှစ်အရွယ်ဈေးသည် အမျိုးသမီးတစ်ဦးကပြောသည်။ မူးယစ်ဆေးဝါးများမှာ
ဘိန်ဖြူ၊ ဘိန်းမဲ၊ ရာမ (စိတ်ကြွဆေးပြား) ဆေးခြောက်နှင့် ဘိန်းဆီဟူ၍ အမျိုး
အစားပေါင်းများစွာရှိပြီး သုံးစွဲမှုပမာဏပေါ်မူတည်၍ စိတ်ရောဂါအမျိုးမျိုးဖြစ်ပွားတတ် ပြီး ခုခံအားကျဆင်းမှုရောဂါများ ကူးစက်ရောဂါများဖြစ်ပွားတတ် ကြောင်း အထွေထွေရောဂါဟု ဆရာဝန်များ၏ပြောဆိုချက်အရ သိရသည်။
အဆိုပါမူးယစ်ဆေး ၀ါးများကို ကျောက်မဲသက်ဆိုင်ရာ မှ လိုက်လံဖမ်းဆီးအရေးယူပေးဖို့ ကျောက်မဲမြို့ဒေသခံတွေထံမှ သတင်းရရှိသည်။
ကိုစိုင်း(လားရှိုး)
By Hot News Weekly
သံတွဲမြို့ ဂျာမဲ့ဗလီမှ လက်နက်များ ဖမ်းဆီးရမိ
နိုဝင်ဘာလ(၁)ရက်နေ့နံနက် (၁၀)နာရီတွင် သံတွဲမြို့ရှိ ဗလီများနှင့် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းများအား စစ်တပ်နှင့်ရဲပေါင်းပြီး ရှောင်တခွင် ဝင်ရောက်စစ်ဆေးခဲ့ရာ သံတွဲမြို့ရှိ ဂျာမဲ့ဗလီအတွင်း
သိမ်းဆည်းဝှက်ထားသည့် လက်နက်များ ဖမ်းဆီးရမိကြောင်း ဒေသခံတစ်ဦး၏ သတင်းပေးပို့ချက်အရ သိရသည်။
အဆိုပါ ဖမ်းဆီးရမိသော လက်နက်များမှာ ဓါး၊ လှံချွန်၊ ဂျင်ကလီနှင့် ပေါက်ကွဲစေတတ်သည့် လက်နက်တစ်ချို့အား ဖမ်းဆီးရမိကြောင်းနှင့် ဗလီပိုင်ရှင် မော်လဝီတစ်ဦးအားလည်း ဖမ်းဆီးထားကြောင်းသိရသည်။
အကြောင်းစုံသိရှိရန် သံတွဲမြို့ရဲစခန်းအား တယ်လီဖုန်းဖြင့် ဆက်သွယ်ရာတွင်လည်း ဆက်သွယ်ရေးလိုင်းများ ကျပ်နေသည့်အတွက် ဆက်သွယ်၍မရှိသေးကြောင်းနှင့် သတင်းအပြည့်အစုံကို ဆက်လက်ဖော်ပြပါမည်။
By Arakan Times
မိုဘိုင်းမျိုးစုံ Root လုပ်နည်းနှင့် အခြေခံလိုအပ်ချက်များ
မင်္ဂလာပါခင်ဗျာ.... မိုဘိုင်းမျိုးစုံ Root လုပ်နည်းနှင့် အခြေခံလိုအပ်ချက်များ စာအုပ်ကို ကျွန်တော်မိတ်ဆွေ Pyae Phyo (MMiTD) မှာတင်ထားတာလေးတွေ့လို့  ပြန်လည်မျှဝေပေးလိုက်ပါတယ်... လေ့လာလိုတဲ့သူငယ်ချင်းများ အတွက် Mediafire နှင့် Minus နှစ်နေရာတင်ပေးထားပါတယ် ... ယူသွားလိုက်ပါခင်ဗျာ....http://pyayblogger.blogspot.com/2012/11/root.html
Mdiafire
Download ယူနည်းများ













