This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Sunday, October 21, 2012

ရယ်င်္ရမည် မရယ်ရလျှင် ဂလိထိုးရယ်ရမည် (^@^) ဟာသဓါတ်ပုံများ


တောရှိတော့ဝူး
မှတ်သားလောက်ပါပေ့
ပူချက်..
အမငီးအဖြစ်ဆိုးလှချည်လား သယ်ရင်းရဲ.
အား.. နည်းလမ်းအသစ်ဟ မှတ်ထားဦးမှ
မွေးမွေးပြီးချင်း ယောကျားဖြစ်သူကို Suprise ဖြစ်စေသောနည်း
မိန်းမနင့် suprise ကနဲနဲကြမ်းတယ်ဟ
ဒီလိုလေးဖြစ်ဘူးကြတယ်ဟုတ်
မိန်းကလေး များကားမောင်းတော့ ယောကျားလေးများချက်ပြုတ်တော့
အေးရေ ဆရာမမှားတာ
တော်လိုက်တာ သူငယ်တန်းဖတ်စာတောင် သွားပြင်ပေးရမယ် :D

တရုပ်စကားပြောအခြေခံလေး

စက်စီ ဂတ်ဂတ်တို့ အဖွဲ့တွေ အတူတူ... ဂျာ်နီ ဂတ် တို့ ပါတီကို သွားမို့လေ...
အမငီး ဟာသပုံတင်ရတာ ကော်နက်ရှင်ကလဲအရမ်းကောင်းတာဘဲ ဂျွမ်းပြန်နေပြီ
မော်နီကာ

Miss Myanmar နန်းခင်ဇေယျာမှ Missosology မှချီးမြှင့်သော People Choice Award ရုပ်ထုနှင့်အတူတွေ့ရစဉ် ။


http://api.ning.com/files/WERBDz6znvR9u215px3Zmjm4PI*ND-XglqPkIenuI8mkwAyR233QGfdqQXhU8a3LcD14gLzixeZGYj8hH6IMjvZPEJDXPOkW/467976cko9hdq4re.gif

 Missosology ချီးမြင့်သော People Choci Award ဆုကြီးကို
ပိုက်နိုင်ခဲ့ပါပြီ

အားလုံးပဲ ၀မ်းမြောက်ဝမ်းသာစွာ၊ ကျေနပ်စွာ ပီတိဖြစ်လိမ့်လို့ထင်ပါတယ်။
http://api.ning.com/files/WERBDz6znvR9u215px3Zmjm4PI*ND-XglqPkIenuI8mkwAyR233QGfdqQXhU8a3LcD14gLzixeZGYj8hH6IMjvZPEJDXPOkW/467976cko9hdq4re.gif

“ People Choice Award အားနန်းခင်ဇေယျာရရှိယနေ့ညတွင်လက်ခံရယူမည်ဖြစ်ပြီး Miss Internet ဆုအတွက်မနက်ဖြန်ညနေမှ ကြေငြာမည်ဖြစ်ကြောင်းသိရ





Congratulation !!! Nang Khin Zay Yar
ကျနော်တို့မယ် ပရိသတ်ပေးတဲ့ဆုကို ရသွားပါပြီ။
ပရိသတ်ညီညွှတ်မှုနဲ့ အောင်လံထူခဲ့ပါပြီ။
Congratulation !!!

Miss International 2012 မှ ချီးမြင့်မည့်
၁. Miss Internet နဲ့
၂. People's Choice Award
ဆုနှစ်ဆုအား မြန်မာပြည်ကိုချစ်သူများ၏ မဲပေးမှုကြောင့် ဆုရရှိပြီဖြစ်ကြောင်း။ မနက်ဖန်ည တွင် ဆုချီုးမြင့်မှာ ဖြစ်ပါကြောင်း။ ပြည်သူဖက်မှ တာဝန်ကြေပါသည်။

ttp://www.ustream.tv/channel/miss-international-okinawa-2012
တွင် အခမဲ့ ကြည့်ရှုနိုင်ပါသည်။

Miss International 2012 ဆုရရန်မတွက်မူ အလှမယ်ကိုယ်တိုင်၏ ကိုယ်အလှနှင့် အရည်အချင်းပေါ်  တွင်သာ မူတည်ပါသည်။
 
ref: အဘဥက္ကာ ကိုကို 
/////////////////////////////////////////////////////////////////////////////////////////////////////
http://api.ning.com/files/1m6*QJiFHVCRGpBKBHU5zsS7oMY3EjSUVJb2dTkd7MINb5xb0lVAJVB-HSZRVu-WrEv2IDKKMIghBWuXRXIhiAbVebik1pZG/439857hze1vgnqaz.gifhttp://api.ning.com/files/WERBDz6znvR9u215px3Zmjm4PI*ND-XglqPkIenuI8mkwAyR233QGfdqQXhU8a3LcD14gLzixeZGYj8hH6IMjvZPEJDXPOkW/467976cko9hdq4re.gif

မနန်းခင်ဆီမှ စာထပ်ဝင်လာတယ်လို့ Miss Myanmar Organizing အဖွဲ့မှ ပြောကြားပါတယ် ။ အောက်ပါအတိုင်းဖြစ်ပါတယ် ။

“ For the result of the miss internet we will know tomorrow evening . but people choice award i will get the prize tonight
Love all the myanmar people . That prize is all the effect of the Myanmar people on the other hand i am also trying my best to make M

yanmar proud.

Nang."

----------------------------------

“ Miss Internet အဖြေအတွက် မနက်ဖြန်ညနေမှ ကြေငြာမှာဖြစ်ပါတယ် ။ ဒါပေမယ့် People choice ဆုအတွက်တော့ ဒီည ကျွန်မ လက်ခံရရှိမှာပါ ။ မြန်မာပြည်ကလူအားလုံးကို ချစ်မြတ်နိုးကြောင်းပြောလိုပါတယ် ။ ဒီဆုဟာ တကယ်တော့ ကမ္ဘာတ၀ှမ်းက မြန်မာတွေအားလုံး စည်းလုံးညီညွတ်မှုကြောင့်ရခဲ့တာဖြစ်ပါတယ် ။ မြန်မာဆိုတဲ့ ဂုဏ်ကိုယူဖို့အတွက် ကျွန်မအကောင်းဆုံးကြိုးစားသွားပါ့မယ် ။



 
http://api.ning.com/files/mGt8aVjqBvKPaBXu2pLYP-6dQOkmQuNyZEhMztImPfoIMS*QTJf8GZNyI*shTqa3UxFTYqYfm6eB5wntI9hPKNwUuX0fsr-j/2300074jl9qf8g6sp.gif
 


သက်တန့်ချို ဘာသာပြန်ပါသည်

ဒီနေ့တော့ Reharsal လို့သိရပါတယ် ။ အားလုံးပဲ ဒီညရရှိမယ့်ဆုအတွက် ၀ိုင်းပြီး အားပေးလိုက်ကြရအောင်လား ။

သိပ်စေ့စပ်တဲ့တပည့် ရယ်မောပျော်ရွှင်နိုင်ပါစေ



ဆရာ ။ ။ဟေ့ရောင်ငါ့ကိုအအေးတစ်ဘူးလောက်သွားဝယ်ပေးစမ်း။
တပည့် ။ ။ဘာသောက်မလဲဆရာ။
ဆရာ ။ ။ကိုလာ။
တပည့် ။ ။အေးတာယူမလား၊မအေးတာယူမလားဆရာ။
ဆရာ ။ ။အေးတာယူခဲ့။
တပည့် ။ ။သံဗူးလား၊ပလတ်စတစ်ဘူးလားဆရာ။
ဆရာ ။ ။ခွီးးးးပလတ်စတစ်ပဲယူခဲ့။
တပည့် ။ ။1လီတာလား0.5လီတာလားဆရာ။
ဆရာ ။ ။ခွီးးးးတော်တော်ရေတစ်ခွက်ပဲခပ်လာခဲ့။
တပည့် ။ ။ရေသန့်ဗူးထဲကလား၊ရေအိုးထဲကလားဆရာ။
ဆရာ ။ ။ကတောက်ဒီတိရစ္ဆာန်ကတော့ကွာ။
တပည့် ။ ။ခွေးလားနွားလားဟင်။
ဆရာ ။ ။အေဘေးငါ့ရှေ့ကထွက်သွားစမ်း။
တပည့် ။ ။အခုလားခဏနေရင်လားဆရာ။
ဆရာ ။ ။ငါမင်းကိုသတ်မိတော့မယ်နော်.....ဟွင်းဟွင်း။
တပည့် ။ ။ဓားနဲ့ထိုးမှာလားသေနတ်နဲ့ပစ်မှာလားဆရာ။
ဆရာ ။ ။တောင်းပန်ပါတယ်ငါ့ကောင်ရယ်ရှိကြီးခိုးပါတယ်အဟင့်ဟင့်။

(ပုရိသ)

လင်းပိုင်းများသည် ၁၅ ရက်ဆက်တိုက် မအိမ်ဘဲ နေနိုင်ဟုဆို


လင်းပိုင်များသည် (၁၅)ရက်မျှ ဆက်တိုက် မအိပ်ဘဲ နေနိုင်ကြောင်း သိပ္ပံပညာရှင်များက ပြောကြားလိုက်သည်။ ဉာဏ်ရည်မြင့်မားသော တိရစ္ဆာန်များအဖြစ် အသိအမှတ်ပြု ခံထားရသော ရေနေ နို့တိုက် သတ္တဝါများသည် ဦးနှောက်၏ တစ်ဖက်ခြမ်းကို လုပ်ငန်းဆောင်တာများ ရပ်နားထားသည့်အခါ မအိပ်စက်ဘဲ ကာလရှည်ကြာစွာ သွားလာနေထိုင်နိုင်သည်ကို သုတေသီများက အံ့အားသင့်ဖွယ် တွေ့ရှိခဲ့သည်။ ထို့ကြောင့် လင်းပိုင်များသည် ငါးမန်းများ နေထိုင်ကျက်စားလေ့ရှိသည့် ရေမျက်နှာပြင်ပေါ် တက်ရောက် အသက်ရှူသည့်အခါ နိုးနိုးကြားကြား ရှိနေတတ်ကြောင်း ပညာရှင်များက ရှင်းပြခဲ့သည်။



ပုလင်းပုံ နှာခေါင်းနှင့် လင်းပိုင် နှစ်ကောင်ကို မွေးမြူထားသော သုတေသီများက အဆိုပါ တွေ့ရှိချက်ကို အတည်ပြုနိုင်ခဲ့ခြင်း ဖြစ်သည်။ အထီးလေးကို နေးနှင့် အမလေးကို ဆေးဟု အမည်ပေးထားသော လင်းပိုင်မောင်နှံသည် ၎င်းတို့၏ အတုအယောင် သားကောင်ကို မလျှော့တမ်း ဇွဲနဘဲဖြင့် တက်ကြွစွာ လိုက်ဖမ်းနိုင်ကြောင်း သုတေသီများက ဆိုသည်။ ကျန်သက်ရှိများအတွက် ထိုမျှ ပင်ပန်းနွမ်းနယ်သွားပါက လုံးဝ နုန်းချိသွားမည် ဖြစ်သော်လည်း လင်းပိုင်များကမူ မအိပ်မနေ တက်ကြွနေကြောင်း သိရှိရသည်။

ကယ်လီဖိုးနီးယားရှိ ဆန်ဒီယေးဂိုးတွင် ပြုလုပ်သော စမ်းသပ်ချက်အရ (၁၅)ရက်လုံးလုံး သွားလာ လှုပ်ရှားနေသော်လည်း လင်းပိုင်မလေး ဆေး၏ လှုပ်ရှားမှုများ တုံ့ဆိုင်း နှေးကွေးသွားသည်မှာ အလွန်ဖြစ်ခဲသော အခြေအနေမျိုးဟု ပညာရှင်များက မှတ်ချက်ပြုခဲ့သည်။ လင်းပိုင်များ၏ ဦးနှောက်ကို Scanဖတ်ကြည့်ပြီးနောက် လိုအပ်လာလျှင် ၎င်းတို့သည် ဦးနှောက် တစ်ခြမ်းကို လုပ်ငန်းဆောင်တာများ ရပ်ဆိုင်းကာ အနားပေး အိပ်စက်ပြီး ကျန်တစ်ခြမ်းဖြင့် နိုးကြားနေတတ်ကြောင်း အတည်ပြုနိုင်ခဲ့သည်။

တစ်ခါတစ်ရံတွင်မူ မျက်လုံးတစ်ဖက်ကို မှိတ်ထားကာ အိပ်စက်နေပြီး ကျန်တစ်ဖက်ကမူ ကြည်ကြည်လင်လင် နိုးထ သွားလာနိုင်အောင် ကူညီတတ်ကြောင်း သိရသည်။ သုတေသန ပညာရှင် ဘရိုင်ယန် ဘရန်ဆတ္တားက "ဒီအံ့ဩစရာ သတ္တဝါလေးတွေက ပင်လယ်သမုဒ္ဒရာရဲ့ တကယ့်ကို မမှိတ်မသုန် နိုးကြားနေတဲ့ ကင်းစောင့်တပ်သားလေးတွေပါပဲ"ဟု လင်းပိုင်များ၏ ထူးခြားသော စွမ်းရည်ကို ချီးကျူးပြောဆိုသွားသည်။   

Saturday, October 20, 2012

How to play Sony PlayStation 2 Games on your PC (PS2 ဂိမ်းတွေကို ကွန်ပျူတာပေါ်မှာ ကစားချင်ရင်)



 PS2 Game  ဂိမ်းတွေကို  ကွန်ပျူတာပေါ်မှာ
PS2 ခွေနဲ့ပဲဆော့လို့ရအောင်  ဆောင်ရွက်ပေးတဲ့ ဆော့ဖ်ဝဲ လေးပါ  အသုံးပြုပုံ အသေးစိတ်ကို မူရင်းဆိုက်ဒ်မှာ အကျယ်တဝင့်ရှင်းပြပေးထားပါတယ်  ဒီနေရာက  တဆင့်သွားရောက်နိုင်ပါတယ် Window အတွက်တင်မဟုတ်ပဲ  Linus, Mac,Soure တွေအတွက်လည်းဒေါင်းယူနိုင်ပါသေးတယ်...။

  1. Download the version suited for you from our Downloads Section (for beginners, the full installer of the latest stable release is recommended)
  2. Get the BIOS file from your Playstation 2 console. This is not included with PCSX2 since it is a Sony copyright so you have to get it from your console. Visit the tools section to find out how to do this.
  3. Install PCSX2
  4. Configure PCSX2. For beginners the Quick Start configuration guide should help you. For a detailed description of every single option you can always refer to the full guide.
  5. Insert your PS2 game CD/DVD in your DVD rom. You can either run it directly from the disc or create an ISO image of your disc with a program like IMGburn for faster reads.
  6. Enjoy!!!

အသုံးပြုနည်း Video

ခေါ်ဈေးအောက် လျှော့ရောင်းနေရသည့် မန္တလေးမြေဈေးကွက်

ခေါ်ဈေးအောက် လျှော့ရောင်းနေရသည့် မန္တလေးမြေဈေးကွက်


မန္တလေးအိမ်ခြံမြေဈေးကွက်မှာ အမြင့်ဈေးဖြင့် အရောင်းအ၀ ယ်မြင့် တက်ခြင်းမရှိပဲ အရောင်းအ၀ယ်ပြုလုပ်လိုသူများကအမေးသာရှိပြီး အ၀ယ်အေးကြောင်း၊အရောင်းအ၀ယ်ဖြစ်ရန် ခေါ်ဈေးေ အာက် လျှော့ ရောင်းနေရကြောင်း မန်းအိမ်ခြံမြေပွဲစားတို့က ဆိုသည်။ 
မန္တလေးမြေဈေးကွက်မှာ ပြည်ပလုပ်ငန်းရှင်ကြီးများက စက်ရုံလုပ်ငန်း ရင်းနှီးမြှုပ်နှံမှုအတွက် လာရောက် စုံစမ်းဆဲ အဆင့်သာရှိ
သေးကြောင်းနှင့် အရောင်းအ၀ယ်မဖြစ်မည်စိုး၍ မြေဈေးကိုလည်း မတင်ရဲသည့် အခြေအနေဖြစ်နေသည်ဟု အိမ်ခြံမြေပွဲစားများထံက သိရသည်။

“နိုင်ငံခြားလုပ်ငန်းရှင်တွေက စက်ရုံဆောက်ဖို့ဆိုပြီး လာလာမေးကြတယ်၊ အမေးပဲရှိတာ ၀ယ်မသွားဘူး အဲဒါကြောင့် ဈေးကို မတင်ရဲဘူး”ဟု မန္တလေးအိမ်ခြံမြေ၀ါရင့်အကျိုးတော်ဆောင် ဒေါ်တင်တင်အေးက ပြောသည်။

မန္တလေးစက်မှုဇုံ၌အချက်အခြာကျသည့် နေရာကောင်းများ၌သာတစ်ဧက လျှင် ကျပ်သိန်း(၁၂၀၀၀)မှ(၁၅၀၀၀)အထိ ပေါက်ဈေးရှိ
နေခြင်းဖြစ်ပြီးနေရာမကောင်းသောနေရာများ၌တစ်ဧကကျပ်သိန်း(၄)ထောင်ဝန်းကျင်သာရှိနေခြင်းဖြစ်ကြောင်းကိုလည်း သိရှိရ
သည်။

မန္တလေးမြို့တွင်းရှိ ရန်ကုန်မန္တလေးလမ်းမကြီးဘေးတွင် ပေ(၃၀x၆၀) တစ်ကွက်လျှင် ကျပ်သိန်း (၁)သောင်းဝန်းကျင်ရှိကြောင်းကိုလည်း ဒေါ်တင်တင်အေးက ဆက်ပြောသည်။

ယခင်က(၂၆)လမ်းပေါ်ရှိပေ(၄၀x၆၀)တစ်ကွက်လျှင် ကျပ်သိန်းတစ်သောင်း ကျော်အထိ ခေါ်ဈေးရှိခဲ့ သော်လည်း ယခုအခါ ကျပ်
သိန်း(၆)ထောင်ဝန်း ကျင်သာ တန့်နေကြောင်းကိုလည်း သိရှိရသည်။

(၈၂)လမ်း(၃၅)လမ်းနှင့်(၃၆)ကြား၌ပေ(၄၀×၆၀)မြေကွက်တစ်ကွက်လျှင်ကျပ်သိန်း(၃၂၀၀)ဈေးအထိရှိပြီး (၂၆)လမ်းတွင်
 ပေ(၄၀x၆၀)မြေတစ် ကွက်လျှင် သိန်း(၆၅၀၀)အထိ ခေါ်ဈေးရှိနေသည်။

“အရောင်းအ၀ယ်ကတော့သိပ်ပြီးမဖြစ်ဘူး၊ ဈေးတင်ပြီးတော့ ဘယ်သူမှ မရောင်းဘူး၊ လျော့ရောင်းတာပဲ ရှိတယ်၊ လုပ်ငန်းရှင်ကြီး
တွေကတော့လာလာမေးကြပြီဆိုတော့ဈေးပြန်ကောင်းလာမလားတော့မသိဘူး”ဟု အိမ်ခြံမြေအကျိုးတော်ဆောင် ဒေါ်ချစ်စုက
 ပြောသည်။

မြို့သစ်ဘက်၌ကျပ်သိန်(၇)ရာတန်ပေ(၄၀x၆၀)မြေကွက်တစ်ကွက်လျှင်သိန်း(၃)ရာဖြင့်အရောင်းအ၀ယ်ဖြစ်သွားပြီး၊ (၆၂)လမ်းနှင့်
(၆၃)ကြားရှိပေ(၄၀x၆၀)အကျယ်အ၀န်းရှိတစ်ထပ်တိုက်ပါကျပ်သိန်း(၁၆၀၀)တန်အဆောက်အဦးအား သိန်း(၁၂၀၀)နှင့်ဈေးလျှော့
 ရောင်းခဲ့ရကြောင်း ကိုလည်း သိရသည်။

ပြည်တွင်းထုတ်ဂျာနယ်များ၌မန္တလေးမြေဈေးမှာနိုင်ငံခြားရင်းနှီးမြှုပ်နှံလိုသူများကြောင့်အမြင့်ဈေးခေါ်၍ အရောင်းအ၀ယ်ပြုလုပ်
နေကြောင်း ဖော်ပြပါရှိသည်။

Shwe Myitmakha Media Group

ရပ်/ကျေး အုပ်ချုပ်သူများ တိုင်ကြားခံရလျှင် ထိရောက်စွာ အရေးယူမည်

ရပ်/ကျေး အုပ်ချုပ်သူများ တိုင်ကြားခံရလျှင် ထိရောက်စွာ အရေးယူမည်


ရပ်ကွက်နှင့် ကျေးရွာ (ရပ်/ ကျေး) အုပ်ချုပ်ရေးမှူးများ၏ အလွဲသုံးစားမှုများကို တိုင်ကြားလာပါက စိစစ်ပြီး ထိရောက်စွာ ဥပဒေအရ အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း ရန်ကုန်တိုင်း
ဒေသကြီးအစိုးရအဖွဲ့ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် ဦးအောင်ကျော်စိုးက ပြောသည်။

ရပ်ကွက်နှင့် ကျေးရွာများတွင် ရွေးချယ်ထားသော အုပ်ချုပ်ရေးမှူးများသည် ပေးထားသည့် အာဏာကို အလွဲသုံးစားလုပ်ကာ ရပ်ကွက်ပိုင် မြေနေရာများကို ကိုယ်ကျိုးအတွက် အငှားချခြင်း၊ ရောင်းစားခြင်း၊ ရပ်ကွက်ကျေးရွာနေ ပြည်သူများကို အနိုင် အထက်ပြု ဆက်ဆံခြင်းများရှိပါက သက်ဆိုင်ရာသို့ တိုင်ကြားလာလျှင် ထိရောက်သည့် အရေးယူခြင်းများ ပြုလုပ်လျှက် ရှိကြောင်း သိရသည်။

“အာဏာ အလွဲသုံးစား လုပ်တာ၊ ရပ်ကွက်ကျေးရွာပိုင် မြေတွေအလွဲသုံးစားလုပ်တာတွေရှိရင် ဘယ်သူကိုမှ မျက်နှာမလိုက်ဘူး ထောင်ချသင့်တာဆို ချပစ်ဖို့လုပ်တယ်၊ စိစစ်ပြီး ထိထိရောက်ရောက် ဥပဒေအရ အရေးယူတယ်” ဟု ဦးအောင်ကျော်စိုးင ပြောသည်။

လက်ရှိတွင် အလွဲသုံးစား ပြုလုပ်သည့် ပြဿနာများကြောင့် တရားရုံးများတွင် တရားရင်ဆိုင်နေကြရသည့် အုပ်ချုပ်ရေးမှူးများ ရှိနေကြောင်းလည်း သူကဆိုသည်။

ရပ်/ ကျေး အုပ်ချုပ်ရေးမှူးရွေးချယ်ရာတွင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ရပ်မိရပ်ဖ ၅ ဦးတို့က ဦးဆောင်ပြီး ဒေသနေ ပြည်သူများကို ရွေးကောက်ပွဲ ပုံစံ မဲစနစ်ဖြင့် လျှို့ဝှက်ရွေးချယ် တင်မြှောက်ခြင်းဖြစ်ကြောင်း သိရသည်။

သို့သော် ဒေသတချို့၊ မြို့နယ်တချို့တွင် နည်းလမ်းတကျ မဲပေးစနစ်ဖြင့် ရွေးချယ်ခြင်း မဟုတ်သည့် အုပ်ချုပ်ရေးမှူး ရွေးချယ်မှု များရှိနေပြီး အာဏာအလွဲသုံးစား လုပ်ကာ ရပ်ကွက် ကျေးရွာပိုင် မြေနေရာများ၊ ပစ္စည်းများကို ရောင်းချ၊ ငှားစားကာ ကိုယ်ကျိုးအတွက် အသုံးပြုခြင်း၊ ရပ်ကွက်ရန်ပုံငွေဟု ဆိုကာ ပြည်သူများထံမှ နာမည်အမျိုးမျိုး ခေါင်းစဉ်တပ်၍ အခကြေးငွေကောက်ခံခြင်းများ ရှိနေကြောင်း သိရသည်။

“ရပ်ကွက်ပိုင် ဘောလုံးကွင်း မြေနေရာကို တဦးတည်းသဘောနဲ့ ရောင်း၊ ကိုယ်ကျိုးအတွက် သုံးတဲ့ အုပ်ချုပ်ရေးမှူးကို မကျေနပ်လို့ လူထုက သမ္မတ အထိ တိုင်ပေမယ့် သူ့အပေါ် ထိရောက်တဲ့ အရေးယူတာမျိုး မရှိတော့ ပြည်သူက မကျေနပ်ကြဘူး” ဟု ပုသိမ်မြို့နယ် သစ်ပုတ်ကုန်း ကျေးရွာဒေသခံ တဦးက ဆိုသည်။

ရပ်/ ကျေး အုပ်ချုပ်ရေးမှူးများ၏ မမှန်မကန် ဆောင်ရွက်သည့် ပြဿနာများကို တိုင်ကြားသော်လည်း ထိရောက်စွာ အရေးယူပေးခြင်း အားနည်းနေသည့် နေရာများ ရှိနေသောကြောင့် အမှန်တကယ် အရေးယူပေးရန် လိုအပ်နေကြောင်း  ပြောဆိုမှုများ ရှိသည်။

ရန်ကုန်မြို့တွင်းမြို့နယ် တချို့တွင်လည်း အုပ်ချုပ်ရေးမှူးများက ကောက်ခံခိုင်းသည်ဟု ဆိုကာ အုပ်ချုပ်ရေးရုံးက လစဉ် မီးသတ်ကြေး၊ လမ်းမီးကြေး၊ မီးကင်းကြေးများ၊ ရပ်ကွက်ထောက်ခံစာ၊ ဧည့်စာရင်း တိုင်ခြင်းများ ပြုလုပ်ခြင်းကို အခမဲ့ ဆောင်ရွက်ရမည်ဟုဌာနမှ သတ်မှတ်ထားသော်လည်း အလှူငွေ ကောက်ခံနေခြင်းများ ရှိနေကြောင်း သိရသည်။

“ရပ်ကွက်ရုံးမှာ ထောက်ခံစာလုပ်ရင် တစောင် ကျပ် ၅ ရာပဲ၊ ဧည့်စာရင်း တပတ်တခါ တိုင်ရင် ကျပ် ၁ ရာပေးရတယ်။ ရပ်ကွက် တော်တော်များများက မကောက်တဲ့ မီးသတ်ကြေး၊ မီးကင်းကြေး ဆိုတာတွေလည်း ကောက်တယ်၊ ရပ်ကွက်ရုံးက လုပ်ထားတဲ့ အမှိုက်လှည်းနဲ့ပစ်ရင် အမှိုက်တထုပ် ၃၀၀ ကျပ် ပေးရတယ်။ ရပ်ကွက်မှာ အမှိုက်ပုံလည်းမရှိဘူး။ ပိုက်ဆံ မတတ်နိုင်ရင် အိမ်မှာမြေမြှုပ်ပဲ” ဟု မင်္ဂလာဒုံမြို့နယ်နေ ပြည်သူတဦးက ပြောသည်။

ရပ်/ ကျေး အုပ်ချုပ်ရေးမှူးများ ရွေးချယ်ရာတွင် ဥပဒေအတိုင်း တင်မြှောက်ရန် လိုကြောင်း၊ ဥပဒေအထက်တွင် မည်သူမျှ ရှိမနေနိုင်အောင် ဆောင်ရွက်သင့်ကြောင်း၊ လက်ရှိ ဖြစ်ပေါ်နေသော ရပ်ကျေးအုပ်ချုပ်ရေး ပြဿနာများသည် နိုင်ငံ၏ တရားဥပဒေ အခြေအနေကို မီးမောင်းထိုးပြသည်နှင့် တူနေကြောင်း၊ ထို့ကြောင့် အဆိုပါကိစ္စများ လျော့နည်းသွားစေရန် နိုင်ငံရေး အဖွဲ့အစည်းများ၊ နိုင်ငံရေးမဟုတ်သည့် အဖွဲ့အစည်းများ၊ အစိုးရအပါအဝင် အဓိကဖြစ်သည့် ပြည်သူလူထု ကလည်း ပါဝင်ကာ ဆောင်ရွက်သင့်ကြောင်း ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမြအေးက သုံးသပ်သည်။

“စစ်မှန်တဲ့ လူထုကိုယ်စားပြုသူကို ရွေးချယ်သင့်တယ်။ နားမလည်တဲ့ ပြည်သူတွေကို အာဏာအလွဲသုံးစား လုပ်တာ ရှိနေတယ်။ ဒါတွေကို မပြင်ဆင်ရင်တော့ မြန်မာနိုင်ငံမှာ အာဏာကြီးလေလေ၊ ငါသာလျင် အရှင်သခင်ဆိုတဲ့ ဝါဒ ထွန်းကားနေအုံးမှာပဲ” ဟု သူက ဆိုသည်။

အုပ်ချုပ်ရေးမှူးများသည် ပြည်သူများကို ကိုယ်စားပြုသည့် လူတန်းစားတခု ဖြစ်နေသော်လည်း စက်တင်ဘာ လပိုင်းက မန္တလေးတိုင်း ဒေသကြီး ပြည်ကြီးတံခွန်မြို့နယ် ကံကြီးကုန်း ကျေးရွာနှင့် ဇီးအုပ် ကျေးရွာတွင် ဖြစ်ပေါ်ခဲ့သည့် ကျူးကျော် ပြဿနာတွင် အုပ်ချုပ်ရေးမှူးများက အဆိုပါ မြေနေရာများကို ရောင်းစားခဲ့ရာမှ ဖြစ်ပွားခဲ့ရခြင်း ဖြစ်သည်ဟု ကိုမြအေးက ဆိုသည်။

၂၀၀၈ ခုနှစ် ပြည်ထောင်စု မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ရပ်ကွက်သို့မဟုတ်ကျေးရွာအုပ်စု၏ အုပ်ချုပ်ရေးကို ရပ်ကွက်က ကြည်ညိုလေးစားပြီး သိက္ခာသမာဓိရှိသည့် ပုဂ္ဂိုလ်တဦးဦးကို ဥပဒေနှင့်အညီ တာဝန်ပေး ဆောင်ရွက်ရမည်ဟု သတ်မှတ်ပြဌာန်း ထားသည်။

ပြည်ထဲရေးဝန်ကြီးဌာနမှ ရပ်ကွက်သို့မဟုတ် ကျေးရွာအုပ်ချုပ်ရေးမှူး များကို လစဉ်ချီးမြှင့် ထောက်ပံ့ငွေ တဦးလျှင် ကျပ် ၇၀၀၀၀ နှင့် အုပ်ချုပ်ရေးရုံး တရုံးလျှင် လစဉ်အသုံးစရိတ် ကျပ် ၅၀၀၀၀၊ ရပ်ကွက်သို့မဟုတ် ကျေးရွာအုပ်စု ၁၆၆၇၉ စု အတွက် လစဉ်ထောက်ပံ့ကြေးငွေနှင့် ရုံးအသုံးအဆောင် စရိတ်ငွေ တနှစ်လျှင် ကျပ်သန်းပေါင်း ၂၄၀၁၇. ၇၆ သန်း ကုန်ကျ သုံးစွဲနိုင်ရန် အစီအစဉ် ရေးဆွဲနေပြီး ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုများ၏ အုပ်ချုပ်ရေး နည်းဥပဒေကို လုပ်ထုံး လုပ်နည်းများနှင့်အညီ ပြဌာန်းနိုင်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

By Irrawaddy

တရုတ်အမျိုးသားအူထဲက ဆရာဝန်တွေ ခွဲထုတ်ပေးခဲ့ရတဲ့ လိင်တံတု

တရုတ်အမျိုးသားအူထဲက ဆရာဝန်တွေ ခွဲထုတ်ပေးခဲ့ရတဲ့ လိင်တံတု

အသက် (၃၀)နှစ်အရွယ် တရုတ်အမျိုးသားဟာ သူ၏အူအတွင်း ငါးရက်ကြာ ရောက်ရှိနေခဲ့သော လိင်တံတုကို ကူထုတ်ပေးဖို့ ဆေးအကူအညီတွေ တောင်းခံခဲ့ကြောင်း AFP သတင်းတစ်ပုဒ်၌ ဖော်ပြခဲ့သည်။
၂၃ စင်တီမီတာရှည်တဲ့ ထိုလိင်တံတုဟာဆိုရင် လိင်မှုပြုရင်းကနေ ၎င်း၏ အူအတွင်းသို့ ဝင်သွားခဲ့တာဖြစ်ကြောင်းလည်း သိရသည်။
ဒီပစ္စည်းကို အချိန်မီ ခွဲမထုတ်ခဲ့ရင် ထိုအမျိုးသား၏ ကျန်းမာရေးဟာ စိုးရိမ်ရတဲ့ အခြေအနေတွင်ရှိကြောင်း ဆရာဝန်များက ပြောကြားခဲ့သည်။http://wlovestory.blogspot.com/2012/10/blog-post_2249.html?utm_source=feedburner&utm_medium=feed&utm_campaign=Feed%3A+blogspot%2FDbNmmg+%28%E1%80%A7%E1%80%92%E1%80%84%E1%80%B9%E1%80%A1%E1%80%81%E1%80%BA%E1%80%85%E1%80%B9%E1%80%95%E1%80%B6%E1%80%AF%E1%81%BF%E1%80%95%E1%80%84%E1%80%B9%29

၈ မိနစ်အတွင်း ဒေါ်လာ ၂၄ ဘီလျံ Google ဆုံးရှုံးနစ်နာ



စတော့ဈေးကွက်တွင် Google၏ ဆိုးဆိုး
ရွားရွား ယိမ်းယိုင်ထိခိုက်သွားမှုက
ရင်းနှီးမြှုပ်နှံသူများကို အလေးထား စိုး
ရိမ်စေသည့် အခြေအနေတစ်ခု ဖြစ်
လာခဲ့သည်။


Googleသည် ၎င်းတို့၏ နှစ်စဉ်အမြတ်ငွေ ကျဆင်းမှုကို အချိန်စော ကြေညာလိုက်
သည့်နောက် ရှယ်ယာဈေးများ ထိုးကျကုန်ကာ (၈)မိနစ်အတွင်း ဒေါ်လာ (၂၄)
ဘီလျံ နစ်နာသွားကြောင်း သတင်းများက ဖော်ပြခဲ့သည်။

စတော့ဈေးကွက်တွင် Google၏ ဆိုးဆိုးရွားရွား ယိမ်းယိုင်ထိခိုက်သွားမှုက ရင်းနှီးမြှုပ်နှံ
သူများကို အလေးထား စိုးရိမ်စေသည့် အခြေအနေတစ်ခု ဖြစ်လာခဲ့သည်။ Googleသည် ၎င်းတို့၏ နှစ်စဉ်အမြတ်ငွေ ကျဆင်းမှုကို အချိန်စော ကြေညာလိုက်သည့်နောက် ရှယ်
ယာဈေးများ ထိုးကျကုန်ကာ (၈)မိနစ်အတွင်း ဒေါ်လာ (၂၄)ဘီလျံ နစ်နာသွားကြောင်း
သတင်းများက ဖော်ပြခဲ့သည်။

Google၏ ရှယ်ယာဈေးကွက် အခြေအနေကို စီးပွားရေး သုတေသီများက ပူဖောင်းတစ်လုံး ပေါက်ကွဲခြင်းဟု ညွှန်းဆိုထားပြီး ယခုအခါ Google ရှယ်ယာများကို ဝယ်ယူမြှုပ်နှံလိုသူများ တွန့်ဆုတ်ကုန်ကာ ဈေးကွက်အတွင်း Google၏ ရှယ်ယာ
အရောင်းအဝယ် လှုပ်ရှားမှုများပါ ရပ်တန့်ကုန်ကြောင်း သိရသည်။

စတော့ဈေးကွက် သမိုင်းတစ်လျှောက် Googleကြုံရသည့် ထိုးနှက်ချက်သည် အကြီးမား၊ အပြင်းထန်ဆုံး ဖြစ်လာပြီး ဒေါ်လာ (၂၄)ဘီလျံဖိုး တန်ဖိုးထိုးဆင်းသွားခြင်း ဖြစ်သည်။

Googleက ယင်းဖြစ်စဉ်အတွက် အမြတ်အစွန်း လျော့ကျသွားသည့် စာရင်းကို ကြိုတင်
ထုတ်ပြန်သော R.R. Donnelley & Sons Co. (RRD)ကို ဝေဖန် ပြစ်တင်ခဲ့သည်။
RRDက Google၏ တတိယ (၃)လပတ် အမြတ်ငွေ လျော့နည်းသွားခြင်းကို ဖော်ပြခဲ့မိ
သည့်နောက် စတော့ဈေးကွက်တွင် ကမောက်ကမ အခြေအနေများ ပေါ်ပေါက်
လာခြင်းဟု Googleက ဆိုသည်။

အင်တာနက် ရှာဖွေရေး ဝန်ဆောင်မှု လုပ်ငန်းစုကြီး၏ ရှယ်ယာဈေးကွက် ချက်ကောင်း
တစ်ချက် အထိုးနှက် ခံရမှုနှင့် ပတ်သက်ပြီး Cantor Indexမှ လူသိများသော
စာရင်းအင်း ပညာရှင် ဒေးဗစ်ဘာ့ခ်က "ပူဖောင်းကတော့ ကွဲသွားပြီ။ Googleလိုမျိုး
တစ်ရှိန်ထိုး တိုးတက်လာတဲ့ လုပ်ငန်းတွေဟာ တစ်ချိန်မှာ ဒီလို ကြုံရတတ်ပါတယ်"ဟု
ပြောကြားသွားသည်။

၎င်းသည် ရှယ်ယာဈေးကွက်ကို နှစ်ပေါင်း(၅၀)မျှ သုတေသနပြု စောင့်ကြည့်နေခဲ့
သူလည်း ဖြစ်သည်။ Googleပိုင် ပုံနှိပ်လုပ်ငန်း RRDက ကုမ္ပဏီ၏ အမြတ်ငွေ (၂၀)
ရာခိုင်နှုန်း ကျဆင်းသွားသည်ကို ဖော်ပြမိခဲ့သည့်နောက် Google၏ ရှယ်ယာ
တန်ဖိုးသည် (၈)မိနစ်အတွင်း (၉)ရာခိုင်နှုန်း ထိုးဆင်းသွားခြင်း
ဟုသိရှိရသည်။

Planet News

ရွှေမြန်မာ