This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Tuesday, October 16, 2012

samsaunggalaxy note, s3 တွေ အတွက် မြန်မာစာ အဆင်မပြေကြသူတွေအတွက်ပါ


့handphone တွေမှာ samsaunggalaxy series အတွက် note နှင့် S3 ကတော့ မြန်မာစာ အဆင်မပြေကြတာများပါတယ်....မြန်မာစာရှိပြီး gtalk မှာပဲ အဆင်ပြေကြပြီးတော့ website တွေမှာ အဆင်မပြေတာများပါတယ်...အဲဒီတော့ အဆင်ပြေအောင် စမ်းကြည့်ကြတာပေါ့ ဟုတ်ဘူးလား...ဆရာတော့ မဟုတ်ပါဘူး....ဟိုလူ့ဆီနည်း၂ ဒီလူ့ဆီ နည်း၂ယူပြီးတော့ မသိသေးတဲ့ သူတွေအတွက် ရည်ရွယ်ပြီး တင်ပြမယ်နော်..ဗဟုသုတပေါ့......
ကျွန်တော်က samsaunggalaxy note ကို ကိုင်ထားပါတယ်..ကြွားတာအဟီးးး အဆင်မပြေတာ ရှိတယ်..အပေါ်က ရှင်းပြသလိုပဲ..အဆင်မပြေဘူးကွာ....စိတ်ညစ်ခဲ့ရတာပေါ့..အခုတော့ အဆင်ပြေပါပြီ...သူငယ်ချင်းတို့ အောက်က ( fontomizer) လို့ ခေါ်တဲ့
ဖိုင်လေးကို ဒေါင်းလိုက်ပါ
http://slideme.org/mobileapp/download/9ebbde82-35a4-11e1-a703-00505...
ဒါက ဖုန်းထဲ့မှာ မြန်မာစာ ရနည်း ကို ဒေါင်းလိုက်တာပါ နောက်ဆက်တွဲကိုတော့ အောက်မှာကြည့်လိုက်ပါ သူငယ်ချင်းတို့...ဒေါင်းပြီးတာနဲ့
ဖုန်းရဲ့ (Setting) ထဲ့ကို သွားလိုက်ပါ..အောက်က ပုံအတိုင်း

အဲမှာ လက်ကလေးနဲ့ တချက်ထောက်လိုက်ပါ..( click to start)လေးကို လက်လေးနဲ့ ထောက်လိုက်ပါ..( fontomizer) နဲ့ ပတ်သက်တဲ့ (font) တွေကို တွေ့ပါလိမ်မယ်...အောက်ဆုံးက( zawgyi one) ဆိုတာလေးကို ရွေးလိုက်ပါ..ပြီးရင် (this is sample text in english) လေးကို ရွေးလုက်ပါ..(install) လုပ်ဖို့ တောင်းပါလိမ့်မယ်...(install) လုပ်လိုက်ပါ...ပြီးရင် (done) ကို နှိပ်လိုက်ပါ..
ဖုန်းရဲ့ (setting) ကို သွားလိုက်ပါ..အောက်ကပုံလေးအတိုင်းအဆင့်ဆင့် လုပ်သွားလိုက်ပါ...












ဒါဆိုရင် ဖုန်းအတွက် မြန်မာစာ အဆင်ပြေပါပြီ...ဖုန်းရဲ့ ကီးဘုတ်ကိုတော့ အောက်မှာ ဒေါင်းလိုက်ပါ...
http://www.mediafire.com/download.php?5xsailoojbslckf

ပြီးရင် (setting) ထဲ့ကို ၀င်ရပါမယ်...ပုံနဲ့တော့ မပြတော့ဘူးနော်...အဲမှာ ( language and keyboard ကို နှိပ်ပြီးတော့ ( frozen keyboard) လေးကို အမှန်ခြစ်ပေးပါ..( select input method) မှာ ၂စက္ကန့်လောက် ဖိထားပြီးရင် keyboard တွေ ပေါ်လာပါမယ်..(frozen)လေးပဲ အမှန်ခြစ်ပေးလိုက်ပါ....ဒါဆို၇င် အိုကေပါပြီ... အဆင်ပြေကြပါစေ...
ဒါနဲ့တင်မပြီးသေးဘူး ဒါတွေက samsaung galaxy S2 ထိ့ပါပဲ....note နှင့် S3 တွေကတော့ ( website) တွေမှာ အခက်ခဲ ရှိပါသေးတယ်....note နှင့် S3 အတွက်အတွက်တော့ အောက်မှာ အထူး (ဘောင်ဆာ) အသစ်လေးပါပဲ
ဒါလေးက အထူးပေါ့
http://db.tt/v3blApBh
ဖုန်းရဲ့ ( SD) ကဒ်ကိုထည့်ပြီး install လုပ်လိုက်ပါ....ဘာပဲရှာရှာ 1st mm ရှာလိုက်ပါ...ဒါဆိုရင် အားလုံးအဆင်ပြေပါပြီ....
ဒီနည်းတွေက သိပြီးသားလူတွေများပါတယ်...ကျွန်တော်က မသိသေးတဲ့ လူတွေအတွက် ရည်ရွယ်ပြီး တင်ပေးလိုက်ပါတယ်နော်..
ဘော်ဘော်တို့ အဆင်ပြေကြပါစေ....

ကိုရီးယား ခေါက်ဆွဲခြောက်ထုပ် များနှင့် ဓါတု အညစ်အကြေးမျာ


ကိုရီးယား ခေါက်ဆွဲခြောက်ထုပ် များနှင့် ဓါတု အညစ်အကြေးများ
BURMAPRESS
ဇွန်လ (၁၁)ရက် ကွာလာလမ်ပူ ။ ။ စားသုံးသူများမှ နံမည်ကြီး ကိုရီးယား ခေါက်ဆွဲခြောက် (Shin Ramen) ကို ဝယ်ယူစားသုံးခြင်း မပြုကြရန် စားသုံးသူများအကြား တိုက်တွန်း နှိုးဆော်မှုများ ရှိလာသည့်အတွက် ကျန်းမာရေး ဝန်ကြီးဌါနမှ စစ်ဆေးမှုများ ပြုလုပ်ပေးခဲ့သည်။
၎င်းခေါက်ဆွဲခြောက်များကို စစ်ဆေးမှုများ ပြုလုပ်ဖို့ ကြပ်မတ်မှုများ ပြုလုပ်ခဲ့ပြီးနောက် ကင်ဆာရောဂါ ဖြစ်စေနိုင်သော ပလပ်စတစ်နှင့် ဓါတ်သုံးမျိုး (2-ethylheyl) (DEHP) (DINP) ပါရှိနိုင်ကြောင်းကို သင်္ကာမကင်း ဖြစ်ရခြင်းကြောင့် “စမ်းသပ် စစ်ဆေးမှုများမှ ဓါတုဗေဒပစ္စည်းများ ကင်းစင်ကြောင်း အတည်ပြုချက်မပေးခင် အချိန်အထိ အဆိုပါ ခေါက်ဆွဲခြောက်များကို စားသုံးခြင်း မပြုကြရန် အသိပေးချင်ပါတယ်” ဟု ကျန်းမာရေးဝန်ကြီး ဒါတွတ် ဆရီ လျောင်တန်းလိုင် မှ ပြောကြားခဲ့ပါသည်။
ကိုးရီးယား ခေါက်ဆွဲခြောက် (Shin Ramyun) ကိုလည်း ၎င်းကုမ္မဏီမှ ထုတ်လုပ်လျှက် ရှိသောကြောင့် ဝန်ကြီးမှ စီမံ ခန့်ခွဲ စမ်းသပ်ခြင်းများ ပြုလုပ်လျှက်ရှိပါသည်။
တိုင်ဝမ်နိုင်ငံ စားသောက်ကုန်များ ကိုလည်း မလေးရှားစားသောက်ကုန် သတင်းအချက်အလက် (FoSIM)မှ အဆင့် (၄) သတ်မှတ်မှု ပြုလုပ်ထားပြီး ဓါတုဗေဒ ကင်းစင်မှုရှိမရှိ စစ်ဆေးခဲ့ပြီး ဈေးကွက်တွင်းသို့ ဖြန့်ချိခွင့်ပေးကြောင်း ထပ်မံ ပြောကြားသွားသည်။
နိုင်ငံတကာ စားသောက် သွင်းကုန်များကို အဆင့် ခြောက်ဆင့် ခွဲခြား သတ်မှတ်ထားပြီး အဆင့် (၄) ရှိ စာသောက်ကုန် အားလုံးကို စစ်ဆေးမှု အောင်မြင်သည့် စားသောက်ကုန်များ အဖြစ် သတ်မှတ်ကြောင်းနှင့် အဆင့် (၁) သတ်မှတ် ခံရသော ကုန်ပစ္စည်းများမှာ ပြည်တွင်းသို့ ဝင်ရောက်လာသည့် စစ်ဆေးမှု မပြုလုပ်ရသေးသော ကုန်ပစ္စည်းများ ဖြစ်ကြပြီး အဆင့် (၂) နှင့် (၃) မှာ သင်္ကာမကင်းဖြစ်ဖွယ် ကုန်ပစ္စည်းများကို စစ်ဆေးမှုများ ပြုလုပ်ခြင်းဖြစ်ကြောင်း၊ အဆင့် (၅) မှာ စစ်ဆေးပြီး ဈေးကွက်တွင်းသို့ မရောက်ရှိသေးသော ကုန်ပစ္စည်းများ ဖြစ်ကြောင်း၊ အဆင့်(၆) သတ်မှတ်ထားသော ကုန်ပစ္စည်းများမှာ ပြည်တွင်းသို့ သွင်းကုန်အဖြစ် ယူဆောင်ခွင့် ပိတ်ပင်ခံထားရသော စားသောက်ကုန်များ ဖြစ်ကြောင်း သိရှိရပါသည်။

ဈေးကွက်တွင်း ပျံ့နှံ့နေသော လိင်စိတ်ကြွ ကော်ဖီများ အသက်အန္တရာယ်ရှိ


ဈေးကွက်တွင်း ပျံ့နှံ့နေသော လိင်စိတ်ကြွ ကော်ဖီများ အသက်အန္တရာယ်ရှိ
BURMAPRESS
ပုလဲနှင့် ကနုကမာခွံများမှ ထုတ်ယူရရှိ ထားသော ဓါတ်ပစ္စည်းဖြင့် ရောနှောထားသော ဆေးတောင့်များတွင် လိင်စိတ်တက် ကြွစေသည့် Tadalafil ခေါ် ဓါတုဗေဒ ဆေးဝါးတမျိုးဖြင့် ရောနှောထားသည်ဟု မလေးရှား အာဏာပိုင်များ ကဆိုသည်။
အဆိုပါ လိင်စိတ်ကြွရန် နှိုးဆော်သည့် ဆေးဝါးထုတ်ကုန်ပစ္စည်းများကို သောက်သုံးပါက ဦးနှောက်ဆဲလ်များ ပျက်ဆီးခြင်း၊ နှင့် သွေးကြော ပေါက်ပြီး သေဆုံးသည့်အထိ ဖြစ်နိုင်ကြောင်း ကျန်းမာရေးဌာနက သတိပေးထားသည်။
ရောင်းချသော ကုမ္ပဏီများက ၎င်းတို့ ၏ ကော်ဖီနှင့် အခြားလိင်စိတ်တက်ကြွ စေသော ဆေးတောင့်များတွင် ဓါတုဗေဒ ပစ္စည်းမသုံးပဲ ထုတ်လုပ်ထားသော သဘာဝသစ်ဥ၊ သစ်ဖုများဖြင့် လိင်ကျန်းမာရေးကို တိုးမြှင့်ပေးသည်ဟု ကြော်ငြာရောင်းချသည်။ ကျန်းမာရေးဌာနသို့ စစ်ဆေးပေးရန် တင်ပြသော နမူနာပစ္စည်းထုတ်များတွင်လည်း ဘေးဥပဒ်ဖြစ်စေသော လိင်စိတ်တက်ကြွစေသည့် ”တာဒါလာဖီးလ်”ကို ထည့်သွင်းထားခြင်း မရှိသဖြင့် ဈေးကွက်အတွင်း ထည့်သွင်းရောင်းခွင့် ရရှိသွားဖြင်း ဖြစ်သည်ဟု သိရသည်။
ကျန်းမာရေးဝန်ကြီးဌာန၏ ဆေးဝါးပစ္စည်း ထိမ်းသိမ်းကြီးကြပ်ရေးဌာန ဒုညွှန်ကြားရေးမှူး ”ဝမ်ဟာမစ်ဝမ် အီဘရာဟင်” က အဆိုပါ ဆေးဝါးများသည် သောက်သုံးသူ၏ အကြိုက်ဖြစ်သော်လည်း ဦးဏှောက်ကို ထိခိုက် ပျက်စီးစေနိုင်ကြောင်း၊ သွေးကြောများ ပြတ်ထွက်စေကာ အသက်သေနိုင် သည်အထိ ဖြစ်နိုင်ကြောင်း သတိပေး ပြောကြားသည်။
စားသုံးသူများက တိုင်ကြားသဖြင့် စစ်ဆေးသော အခါတွင်မှ ကော်ဖီထည့်သွင်း ထုတ်လုပ်ထား သော ကုန်ပစ္စည်းများကို တွေ့ရသည်ဟု ဆိုသည်။ လက်ရှိတွင် ကျန်းမာရေးဌာန၏ အရေးယူခံထား ရသော ကုမ္ဗဏီအချို့ ရှိနေကြောင်း၊ အထူးသဖြင့် တိုက်ရိုက်ရောင်းချသော ကုမ္ဗဏီများ နှင့် ကျန်းမာရေး ဌာနကို လှည့်ဖျားကာ ဘေးဖြစ်စေတတ် သည့် တာဒါလာဖီးလ်ကို ထည့်သွင်းရောင်းချသော ကုမ္ဗဏီ များ ဖြစ်ကြောင်း ပြောသည်။ ”တာဒါလာဖီးလ်” ကို သောက်သုံးလိုပါက ဆရာဝန်၏ ညွှန်ကြားချက်ဖြင့် အတိုင်းအတာ တစ်ခုအထိ သတ်မှတ်ခွင့်ပြု ကြောင်း သိရှိရသည်။

အမျိုးမျိုးသုံးလို့ရနေတဲ့ ကိုကာကိုလာအချိုရည်


ကိုကာကိုလာအချိုရည်၏ အသုံးဝင်ပုံ


ကိုကာကိုလာအချိုရည်ဟာ အားဖြည့်အချို ရည်တစ်မျိုး ဖြစ်ပြီး အခြား အသုံးပြုလို့ရ တဲ့ နည်းလမ်းများလည်း ရှိနေပါသေးတယ်။

သံချေးများ ဖယ်ရှားခြင်း

ကိုကာကိုလာအချိရည်ကလည်း အက်ဆစ်တစ်မျိုးဖြစ်ပါတယ်။ သံချေးစား ထားတဲ့ ဝက်အူရစ်၊ ပလယ်ရာ အစရှိသဖြင့် သံတိုတဆ အစိတ်အပိုင်းများ အားလုံးကို ကိုကာကိုလာအရည်နဲ့ ဆေးချပြီး သေချာ သုတ်ပေးရင် သံချေး များ ပြောင်စင်သွားပါတယ်။


ဖိုက်ဘာ၊ကြွေတို့မှ အပေအကြံများ ဖယ်ရှားခြင်း

ဖိုက်ဘာ၊ ကြွေအလွာတို့မှာ ကပ်ပြီး ကျန်ရှိတတ်တဲ့ အညစ်အကြေးများကို ကိုကာကိုလာနဲ့ ဆေးထုတ်ရင် ပြောင်ပါတယ်။ အဝတ်လျှော်စက်တွင် ညစ်ပတ်နေတာမျိုး၊ လက်ဆေး ကြွေခွက်တို့မှာ အစွန်းအထင်းပေနေ တာမျိုး၊ မည်းနေတာမျိုးဆိုရင် ကိုကာကိုလာအချိုရည်နဲ့ ဆေးကြောလို့ ရပါတယ်။

ဆေးဝါးအဖြစ် သုံးစွဲခြင်း

ဝမ်းလျှောရောဂါအပြင် ဝမ်းနဲ့ ပက်သက်တဲ့ ရောဂါအချို့ ကို ကိုကာကိုလာ အချိုရည်သောက်ပြီး ပျောက်ကင်းစေ နိုင်ပါတယ်။ ဗိုက်မအီမသာဖြစ်နေတာ၊ အစာမကြေတာ၊ လေအောင့်တာဆိုရင် ကိုကာကိုလာအချိုရည်သောက်ချပြီး သက်သာစေပါတယ်။ ဝမ်းပျက်၊ဝမ်းလျှော ဖြစ်နေသူများလည်း ကိုကာကို လာ အချိုရည်သောက်ပြီး ကုသလို့ ရပါတယ်။

ပိုးသတ်ဆေးအဖြစ် သုံးစွဲခြင်း

အိမ်မှာ ကပ်တွယ်တတ်တဲ့ ပိုးကောင်တွေ၊ ခရုတွေ၊ အင်းစက်တွေကို ကိုကာကိုလာ အချိုရည်လောင်းပြီးတော့ လည်း ဖယ်ရှားပါတယ်။ ပထမတော့ သကြားဓာတ်ပါတဲ့အတွက် သောက်သုံးမိပြီး ပါဝင်တဲ့ အတွင်း အက်ဆစ်ဓာတ်ကို ပိုးကောင်တို့ မခံနိုင်ပါဘူး။ ကားမှန်နဲ့ ကားတွေပေါ်မှာ ကပ်နေတတ်တဲ့ အင်းဆက်များလည်း ဖယ်ရားနိုင်ပါတယ်။

ဟင်းချက်ရာတွင် အသုံးပြုခြင်း

ဗနီကာ၊ ရှာလကာရည် တစ်မျိုးပဲ ဖြစ်ပါတယ်။ အသားဟင်းချက်ရာမှာ ကိုကာကိုလာအချိုရည်ကို ရှာလကာရည် ထည့်သလို အချိးအစား မှန်မှန် ထည့်သွင်း အသုံးပြုနိုင်ပါတယ်။ အသားရဲ့  မကျက်နိုင်တဲ့အစိုင် အခဲတွေကြားကို ဖောက်ပေးပြီး ဟင်းအနှစ်အားလုံးကို အသားတွေထဲ ထိ ပြန့်နှံ့စေမှာ ဖြစ်ပါတယ်။ ပိုမို အရသာ ရှိတဲ့ အသားဟင်း တစ်ခွက် ရရှိစေတယ်လို့ ဆိုပါတယ်။

ကိုကာကိုလာအချိုရည်ဟာ ကာဘွန်နိုက်အချိုရည် တစ်မျိုးဖြစ်ပြီး ရေ ဓာတ်ဖြည့်ဆည်းပေးသလို အစာအိမ်တွင်းက မကြေညက်တဲ့အစား အစာများကို ချေဖျက်ပေးပါတယ်။ သကြားဓာတ်လည်း ကြွယ်ဝတဲ့အ တွက် သွေးထဲကို ဂလူးကိုစ့်ဓာတ် ကောင်းကောင်း ထောက်ပံ့ပေးပါတယ်။ သူ့မှာ ပါဝင်တဲ့ ဓာတ်များက သောက်သုံးရန်အပြင် အခြား အသုံးဝင် တဲ့ နေရာများလည်း ရှိနေတာကို ယခုလို သိရပါတယ်။
---
Ref:unusualfacts
source>>> http://innewsmyanmar.blogspot.com/2012/10/blog-post_5580.html
shared by>>http://natureenergycare.blogspot.com/2012/10/blog-post_15.html#more

ကွန်ပျူတာတွင်ရှိသင့်သော Free Program ၁၀ မျိုး


ကွန်ပျူတာတွင်ရှိသင့်သော Free Program ၁၀ မျိုး

ကွန်ပျူတာမှာအသုံးပြုဖို့အတွက် အခကြေးငွေပေးပြီးအသုံးပြုရသည့် Software များရှိသည့်နည်းတူ Free အသုံးပြုနိုင်သည့် Software များလည်းအမြောက်အမြားပင်ရှိပါသည်။ ၄င်းတို့အနက် ကွန်ပျူတာတွင် ထားရှိအသုံးပြုသင့်သည့် အသုံးဝင်သည့် Free Software 10 ခုကိုရွေးချယ်ဖော်ပြလိုက်ပါသည်။
Anti-virus and malware protection
ကွန်ပျူတာအသုံးပြုသူတွေအနေဖြင့် မိမိရဲ့ကွန်ပျူတာကို Virus များအန္တရာယ်မှ ကာကွယ်ရန် အတွက် Anti-Virus Software များအသုံးပြုရမည်ဆိုသည်ကို သိရှိသော်လည်း အသုံးပြုသူအများစု သည် မည်သည့် Free Antivirus Software နှင့် Malware Protection များအသုံးပြုရမည်ကိုသေချာ မဝေခွဲနိုင်ကြပေ။ ၄င်းတို့အတွက် အကောင်းဆုံးအသုံးပြုနိုင်သည့် Free Anti-virus Software မှာ Avast သို့မဟုတ် AVG ဖြစ်ပြီး malware protection Software မှာ Malwarebytes ဖြစ်ပါသည်။ အောက်ဖော်ပြပါ Link များတွင် Download ချအသုံးပြုနိုင်ပါသည်။
Anti-virus program: Avast! or AVG
Malware / Spyware protection: Malwarebytes
Backup solutions
ကွန်ပျူတာကျွမ်းကျင်သူများသည် အသုံးပြုသူများအား အမြဲတမ်းလိုလိုအကြံပေးသည့် အ ချက်မှာ ကွန်ပျူတာကို Backup ပြုလုပ်ထားရန်ဖြစ်ပါသည်။ ကွန်ပျူတာကို Backup ပြုလုပ်ထားခြင်း သည် အကြောင်းအမျိုးမျိုးကြောင့်ကြုံတွေ့နိုင်သည့် အရေးကြီးသည့် Data အချက်အလက်များ ပျက်ဆီးပျောက်ဆုံးခြင်းများအတွက် အကောင်းဆုံးနည်းလမ်းပင်ဖြစ်ပါသည်။ ကွန်ပျူတာအသုံးပြုသူ များသည်လည်း Backup ပြုလုပ်ခြင်းကို အမြဲလိုလိုပင်မေ့လျော့နေတတ်ကြပါသည်။ Backup ပြုလုပ် ရန်အတွက် Free Software များသည်လည်း ဒါဇင်မကရှိပါသည်။ သို့ရာတွင် အဆိုပါ Software များ သည်လည်း မိမိကွန်ပျူတာအတွင်း၌ပင် Backup ပြုလုပ်ခြင်းဖြစ်ပြီး ထိုသို့ Local အတွင်းတွင် Backup ပြုလုပ်ခြင်းသည်ပင်လျင် အချို့သော Data များကိုပျောက်ဆုံးစေနိုင်ပါသည်။ Backkup ပြုလုပ်လိုသူများအတွက် အကောင်းဆုံးအကြံပေးချက်မှာ မိမိအတွက် အသုံးဝင်မည့်အရေးကြီး အချက်အလက်များကို Online တွင် Backup ပြုလုပ်ရန်ဖြစ်ပါသည်။ အောက်ဖော်ပြပါ Website များ တွင် Online Backup ပြုလုပ်ထားနိုင်ပါသည်။
Online backup solution: Mozy * or Dropbox
Browsers
ကွန်ပျူတာတွင် Internet အသုံးပြုရန်အတွက် Microsoft Internet Explorer ပါရှိပြီးဖြစ်ပါ သည်။ သို့ရာတွင် Microsoft Internet Explorer ထက်ပိုမိုလွယ်ကူအဆင်ပြေစွာအသုံးပြုနိုင်မည့် အခြား Web Browsers များလည်းရှိပါသည်။ ၎င်းတို့အနက် လူသုံးအများဆုံးနှင့် အကောင်းမွန်ဆုံး Browsers မှာ Mozilla Firefox နှင့် Google Chrome တို့ဖြစ်ပါသည်။
Internet Browser: Mozilla Firefox or Google Chrome
Compression utility
Compression utility ဆိုသည်မှာ File များ၏ အရွယ်အစားကို ချုံ့ရာတွင်အသုံးပြုခြင်းဖြစ် ပါသည်။ Internet မှ Download ပြုလုပ်ရာတွင်၎င်း၊ Data များကို Sharing ပြုလုပ်ရာတွင်း၎င်း မူရင်း Size ပမာဏကို ချုံ့၍ပြုလုပ်ခြင်းဖြင့် ပိုမိုလျင်မြန်မှုရှိစေနိုင်ပါသည်။ Compression ပြုလုပ်ရန်အတွက် Zip၊ Rar စသည်တို့ကိုအသုံးပြုနိုင်သော်လည်း 7-zip သည်ပိုမိုစွမ်းဆောင်ရည်ကောင်းမွန်ပါသည်။
File compression utility: 7-Zip
Disc ripper and creation utility
Data နှင့် Audio များကို CD/DVD များသို့ Burn ခြင်း၊ CD များမှ Audio များကို Rripping ပြုလုပ်ခြင်းများနှင့် ISO File များကိုပါ CD/DVD များသို့ကူးယူနိုင်သည့် CDBurnerXP ကိုအသုံးပြု သင့်ပါသည်။
CD burner / ripper utility: CDBurnerXP
E-mail
E-mail အသုံးပြုမှုသည် ယနေ့ခောတ်ကာလတွင် လူမှုကွန်ရက်အတွင်း၌မရှိမဖြစ်အသုံးပြု လာကြသည့် ဆက်သွယ်မှုစနစ်တစ်ခုဖြစ်လာခဲ့သည်။ ကွန်ပျူတာအတွင်း Microsoft Outlook ကဲ့သို့ E-mail စနစ်ပါဝင်သည့်တိုင် လူသုံးများလာသည့် Gmail ကိုအသုံးပြုသင့်ပါသည်။
Online e-mail: Gmail
FTP Utility
မိမိတို့၏ကိုယ်ပိုင်ဝက်ဘ်ဆိုဒ်များကို ပြုပြင်ပြင်ဆင်ခြင်း၊ ကွန်ပျူတာအတွင်းမှ File များကို Upload ပြုလုပ်ခြင်း၊ Internet မှ Download ပြုလုပ်ခြင်းများတွင် လျင်မြန်စွာဆောင်ရွက်နိုင်ရန်အ တွက် အသုံးပြုသည့် FTP Utility များအနက် လွယ်ကူစွာအသုံးပြုနိုင်သည့် Filezilla ကိုရွေးချယ်သင့် ပါသည်။
FTP client: Filezilla
Image editor, paint program, and picture organizer
ဓာတ်ပုံများကိုပြုပြင်ခြင်းများအတွက် ကောင်းမွန်သည့် Free software များစွာအနက် သုံးရ လွယ်ကူပြီး ပေါ့ပေါ့ပါးပါးအသုံးပြုနိုင်သည့် အောက်ဖော်ပြပါ Software များကိုအသုံးပြုသင့်ပါသည်။
Image editor: GIMP
Paint program: Paint.net
Picture organizer: Google Picasa
Multimedia
Video File များကိုကြည့်ရူခြင်း၊ Audio များကိုပြုပြင်ခြင်းများအတွက် VLC Multimedia Player နှင့် Audacity တို့ကိုအသုံးပြုသင့်ပါသည်။
Audio editing and creating tool: Audacity
Video and DVD Player: VLC
Office Suite
Office Tools တွေအသုံးပြုမည်ဟုစဉ်းစားလိုက်သည်နှင့် ကျွန်တော်တို့တစ်တွေ Install ပြုလုပ်ကြသည်မှာ Microsoft Office သာဖြစ်ပါသည်။ သို့ရာတွင် အဆိုပါ Software များထက် Free အသုံးပြုနိုင်သည့် Open Office နှင့် Notepad++ တို့ကိုလည်းအသုံးပြုနိုင်ပါသည်။
Office suite: OpenOffice
Notepad / Source code editor: Notepad++

Monday, October 15, 2012

အိမ်တွင်းပုန်းရခိုင်အမျိုးသမီးတို့အတွက် သမိုင်းဝင်မယ့်နေ့


ရခိုင်အမျိုးသမီးသုံးရာကျော်သည် 
လမ်းမပေါ် တန်းစီဖြတ်လျှောက်
လာနေကြသည်။ သူတို့ကို လက်ခုပ်သြ
ဘာပေးနေကြသော ပရိသတ် (၅၀၀၀)
 ကျော်ရှေ့သို့  ခြေလှမ်းမြန်မြန်
နဲ့အမျိုးသမီး တစ်ဦး ဦးဆောင်ကာ

 ထွက်လာခဲ့သည်။  တီရှပ်အင်္ကျီအဖြူရောင် ၊ထမီအနက်ရာင်ဝတ်စုံဝတ်ဆင်
ထား သည်။ ထိုအဝတ်အစားသည် ရခိုင်အမျိုးသမီး ဆန္ဒထုတ်ဖော်ပွဲကို 
ဦးဆောင်သူ ဒေါ်မညိုအေး အား ပေါ်လွင်စေနေသည်။ 
သူသည် ပတ်ဝန်းကျင်၏ သြဘာပေးသံနှင့် ထောက်ခံအားပေးမှုကို 
သတိမထားမိ။ သူ့၏ စိတ်ထဲ၌ ပီတိသာ ဖြစ်ပေါ်နေမိသည်။ ''ဒီလိုမျိုး   
အမျိုးသမီး ဆန္ဒထုတ်ဖော်ပွဲမှာပါဝင်တာ ပထမဆုံးအကြိမ်ဘဲ။'' 
ဟု သူက ဆိုသည်။
ရခိုင်တိုင်းရင်းသူ အများစုသည် လမ်းမပေါ်စုရုံးကာထွက်မည် မဆိုထားနှင့် 
အိမ်ပြင်တောင် သိပ်မထွက် ကြသူများဖြစ်သည်။ သို့သော် မိမိတို့ အခွင့်
အရေးအတွက် သူတို့မှာ ရွေးချယ်စရာမရှိပါ။ နိုင်ငံတော်အုပ်ချုပ်သူတွေကို အခွင့်အရေးတောင်းဆိုဖို့အတွက် ခုတော့သူတို့သည် စစ်တွေမြို့၏  အထင်
ကရနေရာဖြစ်သည် လမ်းမကြီးအတိုင်း ချီတက်ခဲ့ကြသည်။
စစ်တွေမြို့တွင် အောက်တိုဘာ (၁၀) ရက် ပြုလုပ်ခဲ့သည့် ရခိုင်အမျိုးသမီးများ 
ဆန္ဒထုတ်ဖော်ပွဲတွင်  သူတို့အချင်းချင်းကြား ကတိကဝတ်များပြုကာ 
စုရုံးထွက်လာကြခြင်းဖြစ်သည်။
နှစ်ကာလမြောက်များစွာ နိုင်ငံရေးလှုပ်ရှားနေသူ ဒေါ်မညိုအေး၏
 ဦးဆောင်သည့် အမျိုးသမီး ဆန္ဒထုတ်ဖော်သူရာပေါင်းများစွာသည် စစ်တွေမြို့မိဇံရပ်ကွက်ဧစေတီဘုရားအနီးမှ လမ်းမကြီးအတိုင်း လွတ်
လပ်ရေမီးရှူးတန်ဆောင် ဦးဥတ္တမရုပ်ထုရှိ ရာ ဦးဥတ္တမပန်းခြံသို့ 
ချီတက်လာကြသည်။
အမျိုးသမီးများ၏ ဘဝလုံခြုံရေးအတွက် ရခိုင်အမျိုးသမီးဘဝ၏ ဆန္ဒထုတ်ဖော်
မှုကို ပြည်သူရော အစိုးရပါသိစေရန် ပိုစတာများ ကိုင်ပြီးတောင်း
ဆိုခဲ့ကြခြင်းဖြစ်သည်။
ဆန္ဒထုတ်ဖော်ပွဲတွင်ပါဝင်သည့် အမျိုးသမီးများမှာ နိုင်ငံရေးအရ အတွေ့
အကြုံမရှိ၊  အသက်ငယ် ရွယ်သည့် အမျိုးသမီးငယ်များလည်း များပြားနေ
သည်။ ၎င်းတို့မှာ မြန်မာနိုင်ငံ ဒီမိုကရေစီ၏ အသီး အပွင့်တွင် 
အစပျိုးနေကြသည်။
''ဘာပဲပြောပြော အမျိုးသမီးတွေ ခုလိုစုစည်းစွာ လှုပ်ရှားကြတယ်။ ခုလို 
မလုပ်ဘူးဆိုရင် ကျွန်မတို့ အမျိုးသမီးတွေရဲ့ ဦးဆောင်မှုအခန်းကဏ္ဍက
 မှေးမှိန်သွားမယ်။ နောင်လာမဲ့ အမျိုးသမီးမျိုးဆက်တွေ အတွက် ခွန်အား
တစ်ခုပေါ့။' ဟု ဆန္ဒထုတ်ဖော်ရာတွင်ပါဝင်သည့် အသက် ၄၀ အရွယ်ရှိ 
အိမ်ရှင်မ တစ်ဦးက ဆိုသည်။
လက်ရှိရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော ပဋိပက္ခဖြစ်စဉ်အချို့ကို ရခိုင်
အမျိုးသမီးများအနေဖြင့် ထုတ်ဖော်ရန် ရက်ပေါင်းများစွာ ကြိုးစားခဲ့ရသည်။ 
ရခိုင်အမျိုးသမီးများကို စည်းရုံးသည်။ သက်ဆိုင် ရာသို့ ခွင့်ပြုချက်အကြိမ်ကြိမ်
 တင်ပြတောင်းဆိုခဲ့သည်။ ကြိုးစားမှု၏ ရလာဒ်ကမူ သတ်မှတ်ထားသည့် ရက်
 အတိုင်း သက်ဆိုင်ရာမှ ဆန္ဒထုတ်ဖော်ရန် ခွင့်ပြုချက်ပေးခဲ့ခြင်းဖြစ်သည်။
ရခိုင်အမျိုးသမီးဆန္ဒ ထုတ်ဖော်မှုသည် ရခိုင်ပြည်နယ်တွင် ပထမဆုံးအကြိမ်ဟု
 ဆိုနိုင်သည်။ ခေတ် အဆက်ဆက် ရခိုင်အမျိုးသမီးများသည် အိမ်တွင်းပုန်း
ဘဝဖြင့် ဖြတ်သန်းခဲ့ရသည်။
''ဝမ်းသာတယ်၊ လမ်းလျှောက်ရတာလဲ ပင်ပမ်းပေမယ့် ကျမတို့ အမျိုးသမီးတွေ 
အတွက်  အကျိုးရှိတယ်။'' ဟု ဆန္ဒထုတ်ဖော်ပွဲတွင် ပါဝင်သည့်  အသက်
 ၂၀ အရွယ် မဆန်းဦးက ဆိုသည်။
နိုင်ငံရေးလှုပ်ရှားမှုသည် အမျိုးသားရေး၏မွေးရာပါ စိတ်ဝင်စားမှုတစ်ခုဖြစ်သော်
လည်း ယခု အမျိုး သမီးများ မွေးရာပါ စိတ်ဝင်စားဖို့လိုပြီဖြစ်ကြောင်း    
မဆန်းဦးက ဆိုသည်။
 "အခုဆက်သွယ်ရေးကွန်ယက်တွေ ကောင်းလာပြီဆိုတော့၊ တစ်ယောက်နဲ့ 
တစ်ယောက် ချိတ်ဆက်လို့ရတယ်၊ အရင်ထက်စာရင် ပိုကောင်းလာတယ်ပေါ့၊
 အခု ဒီမိုကရေစီပြောင်းလာပြီဆိုရင် အခွင့်အရေးကို တောင်းဆိုဖို့ တွန်းအားတွေက
 ရှိလာမှာဘဲ။' ဟု မင်းဂံရပ်ကွက်မှ အသက် ၅၀ အရွယ် ဒေါ်နုယဉ်က ဆိုသည်။
ဆန္ဒထုတ်ဖော်သူများသည် ရခိုင်အမျိုးသမီးဘဝလုံခြုံရေး၊ ရခိုင်အရေးအခင်းနှင့် 
ပတ်သက်၍ ရခိုင် အမျိုးသမီး များ၏ ဆန္ဒကိုရဲဝံ့စွာ ထုတ်ဖော်ခဲ့ကြသည်။
ဆန္ဒထုတ်ဖော်ရာတွင် အလွှာမျိုးစုံမှ ရခိုင်အမျိုးသမီးများပါဝင်သည်ကို တွေ့ရသည်။ 
၎င်းတို့ ကိုင်ဆောင်လာခဲ့သည့် ပိုစတာများသည် ပြည်သူများ၏ ဆန္ဒကို 
ထင်ဟပ်စေသည်ဟု အမျိုး သမီးများက ယုံကြည်ကြသည်။
ဆန္ဒထုတ်ဖော်ရာတွင်သက်ဆိုင်ရာမှ အရေအတွက်ကန့်သတ်ထားသည့်အတိုင်း
 ငြိမ်းချမ်းစွာစီတန်း လှည့်လည်ခဲ့ကြသည်။ တူညီသောဝတ်စုံ၊ တူညီသော 
အယူအဆဖြင့် ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်။
မြန်မာတိုင်းရင်းသားများစည်းလုံးညီညွတ်ကြ၊ ရခိုင်အရေးနှင့်ပတ်သက်၍ 
သမ္မတမိန့်ခွန်း ထောက်ခံ သည် OIC အလိုမရှိ၊ ရခိုင်အမျိုးသမီးများ ဘဝလုံခြုံမှုရှိပါစေစသည့်စာတမ်းပိုစတာများကို  ကိုင်ဆောင်ပြီး ရခိုင်အမျိုး
သမီးများသည် ရဲရဲဝံ့ဝံ့ ဆန္ဒထုတ်ဖော်ခဲ့ကြခြင်းဖြစ်သည်။
လူမှုနယ်ပယ်တွင် အိမ်တွင်းဘဝဖြင့် ကျင်လည်နေရသော ရခိုင်အမျိုးသမီးများ
သည် ယနေ့ အဖို့  အမျိုးသားများနှင့် တန်းတူ စွမ်းရည်ရှိသည်ကိုပြသနိုင်ခြင်းဟု ဝါရင့်နိုင်ငံရေးသမားတစ်ဦးက သုံးသပ်သည်။
ရခိုင်ပြည်နယ်၏ လူမှုဘဝနှင့် အဖွဲ့အစည်းနိုင်ငံရေးနယ်ပယ်တွင် အမျိုးသမီး
ဦးဆောင်မှု မရှိသော် လည်း အောက်တိုဘာ(၁၀)ရက်နေ့ ဆန္ဒထုတ်ဖော်မှုသည်  ရခိုင်သမိုင်းတစ်လျှောက်တွင် ပထမဆုံးဦး အမျိုးသမီးစွမ်းဆောင်မှုလုပ်ရပ်ဟု
 ရခိုင်လူထုက ယုံကြည်ခဲ့ကြသည်။
''ကျမတို့လဲ  အမျိုးသားနဲ့အတူ  လူမှုနယ်ပယ်မှာ စွမ်းဆောင်နိုင်ပါတယ်ဆိုတဲ့ 
အချက်ကိုပြဖို့ အတွက် အခု ဆန္ဒထုတ်ဖော်ပွဲက သက်သေခံနေပါပြီ။'' 
ဟု ကုန်တန်းရပ်ကွက် (၅) မှ အသက် (၅၀) အရွယ် အိမ်ရှင်မ
တစ်ဦးက ဆိုသည်။
ဆန္ဒထုတ်ဖော်ရာတွင် အင်အားသုံးရာကျော်ရှိသည့် ရခိုင်အမျိုးသမီးများသည်
 တော်သလင်းလ ရခိုင်မိုးသည်းကြား ထီးမဆောင်းဘဲ ၄င်းတို့၏ယုံကြည်ချက်ကိုပြတ်သားစွာထုတ်ဖော်ခဲ့ကြသည်။
''အကြောက်တရားတွေ မရှိတော့ဘူး၊ အားလုံးက ရည်ရွယ်ချက်တူညီစွာနဲ့ 
ချီတက်ကြတာဟာ ရခိုင့်သမိုင်းမှာ မော်ကွန်းသစ် တင်တာဘဲ''ဟု အသက်၆၀
အရွယ်ရှိ  မိဇံရပ်ကွက်မှ အမျီုးသမီး တစ်ဦးက ဖွင့်ဟခဲ့သည်။
''ကလေးကိုတော့ အိမ်မှာထားခဲ့တယ်၊ ဒီနေ့တော ကျွန်မတို့ရဲ့ယုံကြည်ချက်
 ခံယူချက်ကို မိုးသဲကြားထဲမှာ ကမ္ဘာကို သက်သေပြလိုက်တာပါဘဲ''အသက်
 (၂၇) အရွယ် ကလေးအမေတစ်ဦးက ဆိုသည်။
မည်သို့ဆိုစေ အောက်တိုဘာ (၁၀) ရက်နေ့ စစ်တွေမြို့တွင်ပြုလုပ်ခဲ့သော
 ရခိုင်အမျိုးသမီးတို့၏ ဆန္ဒ ထုတ်ဖော်မှုသည်  သမိုင်းတွင်ခဲ့သလို အမျိုးသမီးများ၏စွမ်းရည်များကို ဖော်ထုတ်ပြသလိုက်ခြင်း ဖြစ်သည်။
Views: 89

Saturday, October 13, 2012

တပ်မတော်ခန်းမ ပြပွဲ (ဓါတ်ပူံ)





































http://kopaelay.blogspot.com/