This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Saturday, October 6, 2012

ရက္ခိုင့်တပ်မတော် အခြေခံစစ်ပညာသင်တန်း အမှတ်စဉ် (၈) သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပပြီးစီး


 

05 October 2012
ရက္ခိုင့်တပ်မတော်၊ စစ်ရုံးချုပ်မှ ကြီးမှူးဖွင့်လှစ်သော အခြေခံစစ်ပညာသင်တန်း အမှတ်စဉ် (၈) သင်တန်း ဆင်းပွဲအခမ်းအနားကို ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ (၄) ရက်၊ ကြာသပတေးနေ့နံနက်ပိုင်းတွင် လှိုင်းစရာ စစ်သင်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
 
အခမ်းအနားသို့ မဟာမိတ်အဖွဲ့အစည်းအသီးသီးမှ ထိပ်ပိုင်း ခေါင်းဆောင်ကြီးများ၊ ရက္ခိုင့် တပ်မတော် စစ်ရုံးချုပ် စစ်ဦးစီးအရာရှိများ၊ တပ်မှူးများ၊ အရာခံ၊ အကြပ်၊ စစ်သည်များ၊ စစ်ဖက်နယ်ဖက်ဆိုင်ရာ တာဝန်ရှိလူကြီးများ၊ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ရက္ခိုင်ပြည်သူများ၊ ပြည်တွင်း၊ ပြည်ပရက္ခိုင် အဖွဲ့အစည်း အသီးသီးမှ ကိုယ်စားလှယ်များ၊ သတင်းဌာနများနှင့် သင်တန်းဆင်း ကျောင်းသားများ အပါအဝင် စုစုပေါင်း ၄၀၀ ခန့် တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
 
အခမ်းအနားတွင် ဒုတိယ စစ်ဦးစီးချူပ် ဒေါက်တာ ညိုထွန်းအောင်က"မျိုးချစ်စိတ် ပြည့်ဝစွာဖြင့် အမျိုးသားရေး တာဝန်ကျေပွန်တဲ့ ရက္ခိုင်စစ်သည်တော်များအဖြစ် ရဲရင့်ပြတ်သားစွာ တိုက်ပွဲဝင်ပြီးတော့ တိုင်းပြည်နှင့် လူမျိုးအတွက် အောင်ပန်းကို မရမက ဆွတ်ခူးကြရန်၊ အမျိုးသားရေး ရည်မှန်းချက်အတွက် သန္နိဋ္ဌာန်ခိုင်မာသည့် ရက္ခိုင် စစ်သည်တော်များပီပီ သမိုင်းပေး တာဝန်ကျေပွန်အောင် ကြိုးစား အားထုတ်ကြရန်"ဟု သင်တန်းဆင်း မိန့်ခွန်း ပြောကြားခဲ့သည်။
 
ယင်းနောက် မြောက်ပိုင်း မဟာမိတ် အဖွဲ့အစည်းများကိုယ်စား ထိပ်ပိုင်း ခေါင်းဆောင် တစ်ဦးက ဂုဏ်ပြုဝမ်းမြောက် အားပေးစကားများ ပြောကြားပြီး အောင်စစ်သည်ဆု၊ လက်ဖြောင့်ဆု၊ စစ်ရေးပြ ထူးချွန်ဆု၊ စာပေ ထူးချွန်ဆု အပါအဝင် ဆုပေါင်း (၁၁)ဆု ကိုလည်း ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။
 
နံနက် ၉ နာရီခွဲတွင် အခမ်းအနားကို အောင်မြင်စွာပြီးဆုံးခဲ့ပြီး တက်ရောက်လာကြသော ပရိသတ်များကို နေ့လည်စာဖြင့် တည်ခင်းဧည့်ခံပြီး ညနေဖက်တွင် သင်တန်းဆင်းကျောင်းသားများ၏ ဖျော်ဖြေရေးအစီအစဉ်ကို ကျင်းပခဲ့ကြောင်းသိရှိရသည်။

အခြေခံစစ်ပညာသင်တန်း အမှတ်စဉ် (၈) ကို ၃၀-၈-၂၀၁၂ မှ ၃-၁၀-၂၀၁၂ အထိ ဖွင့်လှစ်ခဲ့ကာ သင်တန်း သား စုစုပေါင်း (၇၉) ယောက် တက်ရောက်ခဲ့ပြီး ရက္ခိုင့်တပ်မတော်သည် မျက်မှောက် ကာလတွင် ရက္ခိုင် ပြည်သူလူထု ပိုင်ဆိုင်ထားသည့် စည်းလုံးညီညွတ်မှု၊ အင်အား အခိုင်ခန့် အကျစ်လျစ်ဆုံးသော တပ်မတော် ဖြစ်သည်ဟု စုံစမ်းသိရှိရသည်။
 
သတင်းရင်းမြစ် - အာရ်ကန်တိုင်းမ်စ် 

တောင်ကိုရီးယား ခရီးစဉ်မှာ ဘာတွေ မျှော်လင့်နိုင်မလဲ


သမ္မတ ဦးသိန်းစိန်က လာမယ့် အောက်တိုဘာလ ၈ ရက်နေ့မှာ တောင်ကိုရီးယား နိုင်ငံကို ချစ်ကြည်ရေး ခရီး သွားရောက်ဖို့ ရှိပါတယ်။

တောင်ကိုရီးယား သမ္မတ လီမြောင်ဘတ်ရဲ့ ဖိတ်ကြားချက် အရ သွားရောက်မယ့် အဲဒီ ခရီးစဉ် အတွင်း နှစ်နိုင်ငံ ကုန်သွယ်ရေးနဲ့ ရင်းနှီး မြှုပ်နှံမှု၊ အခြေခံ အဆောက်အဦ တည်ဆောက်ရေး ကိစ္စရပ် တွေကို ဆွေးနွေး ကြမှာ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၁၉၈၉ ခုနှစ် မြန်မာ နိုင်ငံမှာ ဈေးကွက် စီးပွားရေး စတင် ကျင့်သုံး ကတည်းက တောင်ကိုရီးယား နိုင်ငံက မြန်မာ နိုင်ငံ အတွင်း အထည်ချုပ် လုပ်ငန်းတွေ ထူထောင်ခဲ့ပြီး လျှပ်စစ် ပစ္စည်း ပူးတွဲ ထုတ်လုပ်မှု တွေ ရှိခဲ့တယ်လို့ မြန်မာ နိုင်ငံ စက်မှုနဲ့ လုပ်ငန်းရှင်များနဲ့ ကုန်သည်ကြီးများ အသင်း တွဲဘက် အထွေထွေ အတွင်းရေးမှူး ဦးမြင့်စိုးက ပြောပါတယ်။

မြန်မာ နိုင်ငံမှာ တောင်ကိုရီးယား နိုင်ငံရဲ့ ရင်းနှီး မြှုပ်နှံမှုဟာ အဆင့် ၁၀ နေရာမှာ ရှိနေတယ်လို့ သူက ပြောပါတယ်။

 တောင်ကိုရီးယား နိုင်ငံဟာ လုပ်သား အင်အား များတဲ့ အထည်ချုပ် လုပ်ငန်း၊ နိုင်ငံရဲ့ အခြေခံ အဆောက်အဦ ပိုင်း ဖြစ်တဲ့ သဘာဝ ဓါတ်ငွေ့ စက်ရုံတွေ တည်ဆောက်ပြီး လျှပ်စစ် မီး ထုတ်လုပ်ရေး၊ ရေနက် ဆိပ်ကမ်း တည်ဆောက်ရေးနဲ့ အကြီးစား စက်မှု လုပ်ငန်းတွေ ထူထောင်ရေး တို့မှာ ရင်းနှီး မြှုပ်နှံဖို့ စိတ်ဝင်စားတယ်လို့ ဦးမြင့်စိုးက ပြောပါတယ်။

သူ့ အဆိုအရ ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ်က မြန်မာ့ အထည်ချုပ် လုပ်ငန်း ကနေတောင်ကိုရီးယား နိုင်ငံကို တင်ပို့တဲ့ ပမာဏဟာ အမေရိကန် ဒေါ်လာ သန်း ၂၃၀ ကျော်ဖိုး ရှိပြီး ဂျပန် နိုင်ငံ ပြီးရင် ဒုတိယ အကြီးဆုံး ဈေးကွက် ဖြစ်တယ်လို့လည်း သိရ ပါတယ်။

မြန်မာ နိုင်ငံ ကုန်သည်ကြီးများ အသင်း အနေနဲ့ တောင်ကိုရီးယား ဘက်က အကြီးစား စက်မှု လုပ်ငန်းတွေ အပြင် စိုက်ပျိုးရေးသုံး အပေါ့စား လယ်ယာသုံး စက်ပစ္စည်းတွေ ကုန်သွယ်မှုကို လိုလားပြီး နိုင်ငံတော် တည်ဆောက်ရေးပိုင်း မှာတော့ လျှပ်စစ် စွမ်းအင်နဲ့ ရေနက် ဆိပ်ကမ်း လုပ်ငန်း တို့ကို လုပ်စေချင်တယ်လို့ သမ္မတရဲ့ တောင်ကိုရီးယား ခရီးစဉ်နဲ့ ပတ်သက်ပြီး မေးမြန်းရာမှာ ကုန်သည်ကြီးများ အသင်း တွဲဘက် အထွေထွေ အတွင်းရေးမှူး ဦးမြင့်စိုးက ပြောပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)


တောင်ကိုရီးယား သမ္မတရဲ့ ဖိတ်ကြားချက်အရ သမ္မတ ဦးသိန်းစိန် သွားရောက်မှာဖြစ်

ဒို့လူမျိုးတွေ ဂျုံကို အဓိကထား မစားပေမဲ့ ဂျုံ၏ ကျန်းမာရေး အကျိုးကျေးဇူးများတော့ သိထားမှနော်


ဂျုံ၏ ကျန်းမာရေး အကျိုးကျေးဇူးများ
by nang kha yea on 04.10.2012

အခွံချွတ်မထားတဲ့ ဂျုံနဲ့လုပ်ထားတဲ့ ပေါင်မုန့်၊ ခေါက်ဆွဲ၊ ဘီစကွတ်မုန့်နဲ့ ကွတ်ကီးမုန့်တွေမှာ  ဗီတာမင်  B1၊ B2၊ B3၊ ဗီတာမင်အီး၊ ဖောလစ်အက်စစ်၊ ကယ်လ်စီယမ်၊ ဖော့စ်ဖရပ်စ်၊ ဇင့်၊ ကြေးနီ၊ သံဓာတ်နဲ့ အမျှင်ဓာတ်တို့ ပါဝင်ပါတယ်။ အခွံချွတ်ထားတဲ့ ဂျုံနဲ့လုပ်ထားတဲ့ အစားအစာတွေမှာတော့ ဒီအာဟာရဓာတ်တွေရဲ့ တစ်ဝက်ကျော်က ဆုံးရှုံးသွားတာကို တွေ့ရပါတယ်။ ဒါကြောင့် သင့်ကျန်းမာရေးအတွက် (၁၀၀ ရာခိုင်နှုန်း အခွံချွတ်မထားတဲ့) ဂျုံစေ့နဲ့လုပ်ထားတဲ့ အစားအစာမျိုးကို စားပေးသင့်ပါတယ်။


ဂျုံစေ့ကဲ့သို့ ကောက်နှံတစ်ခုလုံးစာ စားသော အမျိုးသမီးများ ကိုယ်အလေးချိန်တက်နှုန်း နည်းပါး

အမေရိကန် အာဟာရဆေးပညာ ဂျာနယ်ရဲ့ လေ့လာမှုအရ အခွံချွတ်ထားတဲ့ ကောက်နှံစာထက် ကောက်နှံတစ်ခုလုံးနဲ့ လုပ်ထားတဲ့အစာကို စားတဲ့သူတွေက ကျန်းမာရေးကောင်းတဲ့ ကိုယ်အလေးချိန်ကို ထိန်းထားနိုင်တယ်လို့ တွေ့ရပါတယ်။ အကြောင်းကတော့ အမျှင်ဓာတ်ပါဝင်မှု ပိုများလို့ပါ။

Metabolic Syndrome ရောဂါစု ဖြစ်နိုင်ခြေ လျော့နည်း

အရင်တုန်းက ကိုယ်ခန္ဓာသွယ်လျချင်ရင် အဆီမစားနဲ့လို့ ဆိုခဲ့ကြပါတယ်။ တကယ်တော့ အဆီက အမျိုးမျိုးရှိပါတယ်။ ပြည့်ဝဆီနဲ့ ထရန့်စ်ဖက်စ်တွေက နှလုံးသွေးကြော ရောဂါတွေကို ဖြစ်စေနိုင်ပြီး အိုမီဂါ ၃ ဖက်တီးအက်စစ် အဆီကတော့ နှလုံးသွေးကြောရောဂါ ဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။ အလားတူ အခွံချွတ်ထားတဲ့ဂျုံနဲ့ လုပ်တဲ့ အစားအသောက်တွေကို များများစားရင် ကိုယ်အလေးချိန် မြင့်တက်စေနိုင်ရုံသာမက အင်ဆူလင် ခုခံအားများကာ Metabolic Syndrome ရောဂါစု (ဥပမာ- နှလုံးသွေးကြောရောဂါနဲ့ ဆီးချိုရောဂါ) တို့ကို ဖြစ်စေနိုင်ပါတယ်။ Metabolic Syndrome ဆိုတာ ခါးမှာအဆီများတာ၊ သွေးတိုးတာ၊ သွေးတွင်းအဆီဓာတ် များတာ စတဲ့လက္ခဏာစုကို ဆိုလိုပါတယ်။ အခွံချွတ်မထားတဲ့ဂျုံနဲ့ လုပ်ထားတဲ့ အစားအစာတွေကို စားပေးရင်တော့ အင်ဆူလင်ခုခံအား များတာနဲ့ Metabolic Syndrome ဖြစ်တာကို သိသိသာသာ လျော့ကျစေပါတယ်။

အမျိုးအစား (၂) ဆီးချိုရောဂါ ဖြစ်နိုင်ခြေကို သိသိသာသာ လျော့ကျစေ

အခွံချွတ်မထားတဲ့ ဂျုံနဲ့လုပ်ထားတဲ့ အစားအစာတွေမှာ မဂ္ဂနီဆီယမ်များစွာ ပါဝင်ပြီး ခန္ဓာကိုယ်ရဲ့ ဂလူးကို့စ် အသုံးပြုမှုနဲ့ အင်ဆူလင်ထွက်ရှိမှု အတွက်ပါဝင်တဲ့ အင်ဇိုင်းတွေနဲ့ တွဲဖက် လုပ်ဆောင်ပါတယ်။ ဒါကြောင့် အခွံချွတ်မထားတဲ့ ဂျုံနဲ့လုပ်ထားတဲ့ အစာကို ပုံမှန်စားတာဟာ အမျိုးအစား (၂) ဆီးချိုရောဂါ ဖြစ်နှုန်းကို လျော့ကျစေတယ်လို့ လတ်တလော လေ့လာမှုတစ်ခုက ဆိုပါတယ်။

သည်းခြေကျောက်တည်မှု မဖြစ်အောင် ကာကွယ်နိုင်

ဂျုံနဲ့လုပ်ထားတဲ့ အညိုရောင်ပေါင်မုန့်ကို စားရင် မပျော်ဝင်တဲ့ အမျှင်ဓာတ် မြင့်မားစွာပါဝင်တာကြောင့် သည်းခြေကျောက်တည်မှု မဖြစ်အောင် ကာကွယ်နိုင်တယ်လို့ အမေရိကန် အစာအိမ် အူလမ်းကြောင်း ဂျာနယ်မှာ လေ့လာ ဖော်ပြထားပါတယ်။ အမျိုးသမီး ၆၉၀၀၀ ကို ၁၆ နှစ်ကြာ လေ့လာမှုအရ အမျှင်ဓာတ် အများဆုံးစားတဲ့ အမျိုးသမီးတွေဟာ အမျှင်ဓာတ် အနည်းဆုံး စားသူတွေထက် သည်းခြေကျောက်တည်နိုင်ခြေ ၁၃ ရာခိုင်နှုန်း လျော့ကျမှုရှိကြောင်း သိရပါတယ်။ မပျော်ဝင်တဲ့ အမျှင်ဓာတ်ဟာ အူထဲကို အစာ မြန်မြန်ရွေ့လျားမှု ဖြစ်စေရုံသာမက သည်းခြေအက်စစ် စွန့်ထုတ်မှုကို လျော့ကျစေတာ၊ အင်ဆူလင် Sensitivity တိုးစေတာနဲ့ သွေးတွင်းမကောင်းတဲ့ အဆီ လျော့ကျစေတာ စတဲ့အာနိသင်တို့ကို ရရှိစေပါတယ်။

ဝမ်းမှန်မှန်သွားစေနိုင်

ဂျုံနဲ့လုပ်ထားတဲ့ အစာလို အမျှင်ဓာတ်များတဲ့ အစာတွေဟာ အူရောင်ရမ်းတဲ့ရောဂါ (ဗိုက်နာတာ၊ ပျို့ချင်အန်ချင်တာ၊ လေပွတာ၊ ဝမ်းချုပ်တာ) ခံစားနေရသူတို့ကို ၈၉ ရာခိုင်နှုန်း သက်သာစေတယ်လို့ လေ့လာမှုအရ သိရပါတယ်။ အခွံချွတ်မထားတဲ့ဂျုံနဲ့ လုပ်ထားတဲ့ အစာတွေဟာ ဝမ်းချုပ်မှုကင်းဝေးပြီး ဝမ်းမှန်မှန် သွားစေနိုင်ပါတယ်။

နှလုံးရောဂါ မဖြစ်အောင် ကာကွယ်နိုင်

အခွံချွတ်မထားတဲ့ ဂျုံနဲ့လုပ်ထားတဲ့ အစာမှာ အပင်ထွက် လစ်ဂနင်ဆိုတဲ့ ဖိုင်တိုနျူးထရီးရန့်တစ်မျိုး ပါဝင်ပြီး အူထဲမှာ အကျိုးပြု လစ်ဂနင်အဖြစ် ပြောင်းလဲကာ ရင်သားနဲ့တခြားဟော်မုန်းနဲ့ ဆက်စပ်နေတဲ့ ကင်ဆာတွေမဖြစ်အောင်နဲ့ နှလုံးရောဂါမဖြစ်အောင် ကာကွယ်နိုင်ပါတယ်။

သွေးဆုံးပြီး အမျိုးသမီးများတွင် နှလုံးသွေးကြော ကျန်းမာရေး ကောင်းမွန်စေနိုင်

အခွံချွတ်မထားတဲ့ ကောက်နှံစာတစ်ခွက်ကို တစ်ပတ်မှာ ခြောက်ကြိမ်စားတာက သွေးဆုံးပြီး အမျိုးသမီးတွေမှာ နှလုံးသွေးကြောဆိုင်ရာ ရောဂါလက္ခဏာ သိသိသာသာ လျော့ကျမှုရှိတာကို တွေ့ရပါတယ်။ နှလုံးသွေးကြောဆိုင်ရာ ရောဂါရှိသူ သွေးဆုံးပြီး အမျိုးသမီး ၂၂၉ ဦးကို သုံးနှစ်ကြာ လေ့လာခဲ့ရာ ဂျုံနဲ့လုပ်တဲ့အစာကို အနည်းဆုံး တစ်ပတ်ခြောက်ကြိမ် စားတာကြောင့် သွေးကြောကျဉ်းစေပြီး သွေးစီးဆင်းမှုကို ထိခိုက်စေတဲ့ သွေးခဲဖတ်ဖြစ်ပေါ်မှု နှေးစေတာ၊ သွေးကြောကျဉ်းမှု နှေးတာတို့ ဖြစ်တာကို တွေ့ရပါတယ်။

ကြယ်စင်Ref: Good Health
Source:http://www.yatanarpon.com.mm/news/news-68507

{အီဂျစ်မှ..မံမီ(Mummies) ရုပ် အလောင်းများ}


အားလုံးပဲ ..ဗဟုသုတ များ တိုးပွါးနိုင် ကြပါစေဗျာ**YTZK***

((((( ထုလုပ်ဆဲံဗုဒ္ဓဆင်းတုတော်၏ဦးခေါင်းတော်တွင်လူဦးဏှောက်ပုံသဏ္ဍန်ပ်ါထွက်လာ )))))


မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ်ရှိ သစ္စဝေဒဂူ မိုးကုတ်ဝိပဿနာ ဓမ္မရိပ်သာဝင်း အတွင်းတွင် ထုလုပ်နေသော လျောင်းတော်မူ ဗုဒ္ဓဆင်းတုတော်၏ ဦးခေါင်းတော်နေရာ၌ လူ၏ဦးနှောက်ပုံသဏ္ဌာန် ပေါ်ထွက်လာသောကြောင့် လူအများအပြား သွားရောက်ဖူးမြော်လျက် ရှိကြသည်။
ပြီးခဲ့သည့်မေလအတွင်း လေပြင်းတိုက်သဖြင့် လဲကျသွားသည့် ကုက္ကိုပင်ကြီးကို ဘုရားဆင်းတုတော် ထုလုပ်နေခြင်းဖြစ်ပြီး ယင်းသို့ ဆင်းတုတော် ထုလုပ်နေသည့် ကုက္ကိုပင်ကြီး၏ ပင်စည်အတွင်းတွင် ထူးဆန်းစွာ အမြစ်များဝင်ရောက်ဆန်တက်နေကြကာ အမြစ်များက လူဦးနှောက်ပုံ ဖြစ်နေခြင်း ဖြစ်ကြောင်း မျက်မြင်
ကိုယ်တွေ့ ဖူးမြော်ခဲ့ရသူ ပုသိမ်ကြီးမြို့ခံတဦးက ရှင်းပြသည်။
မန္တလေးသားတဦးကလည်း “ကျနော်တို့ကတော့ ဦးနှောက် ပေါ်တယ်ဆိုလို့ သွားတယ်။ တကယ်လည်း ကြည်ညိုစရာကောင်းတယ်။ ပန်းပုထုနေသူတွေကတော့ မကြာခင် ပြီးမယ် ပြောပါတယ်” ဟု ပြောသည်။
အသက် (၆၀) အရွယ်ရှိ ပန်းပုဆရာတဦးက “ဒီအပင်က လွန်ခဲ့တဲ့ မေလတွင်းက လေပြင်းတိုက်တော့ မန္တလေး အောင်မြေသာဇံရပ်၊ ယွန်းဝင်းဓမ္မာရုံဝင်းအတွင်းမှာ လဲကျသွားတဲ့ အပင်ကြီးပဲ။ အနှစ် (၁၀၀) ကျော်လောက်ပြီ။ ထူးဆန်းတာက အမြစ်က မြေကြီးမှာပဲ ရှိရမှာ ဖြစ်ပေမယ့် အခုက အမြစ်တွေအားလုံး အပင်ရဲ့ အတွင်းထဲမှာပဲ ပြန်ဝင်နေကြတယ်။ ဆန်တက်နေကြတဲ့ သဘောပေါ့။ လောကီ သဘောအရတော့ ဒီလိုဖြစ်စဉ်မျိုးကို အကောင်း သဘောပြတယ်။ ဒါ့ကြောင့် လောကီသားတွေအနေနဲ့ အဆောင်လို အသုံးပြုဖို့ကို အားသန်ကြတယ်” ဟု ပြောသည်။
အနှစ် (၃၀) ခန့်  ပန်းပုထု အတွေ့အကြုံရှိသူတဦးက “ဒီလို ကိစ္စမျိုးဆိုတာက သဘာဝအရ ဖြစ်တတ်တယ်။ ဒါပေမယ့် တွေ့ဖို့က ခဲယဉ်းတယ်။ အသက် (၈၀) လောက် လူတွေတောင် ဒီလိုဖြစ်ရပ်မျိုးကို မကြုံဖူးကြဘူး။ ပန်းပုဆရာတွေ ဆိုရင်လည်း ဒီအတိုင်းပါပဲ။ မန္တလေးမှာကတော့ မကြုံဖူးကြတာ အမှန်ပါ” ဟု ပြောသည်။
ယခုအခါ အဆိုပါ ဘုရားဆင်းတုတော် ထုလုပ်နေသော ပင်စည်အတွင်းသို့ ဆန်တက်နေသော အမြစ်တို့အား မန္တလေးမြို့ ကြံ့ဖွံ့အဖွဲ့အစည်းတို့က လာရောက် ကြည့်ရှုကြကြောင်း၊ ဗုဒ္ဓဆင်းတုတော်နဲ့ ပတ်သက်၍ မည်သို့ ညွှန်ကြားမည်ကို မသိရသေးကြောင်း ဘုရားထုလုပ်နေသူများနှင့် နီးစပ်သူများထံမှ သိရသည်။
“အခု ကြံ့ဖွံ့တွေ လာတယ်လေ။ အဆောင်လိုမျိုး ဆောင်ဖို့အတွက် အမြစ်တွေကို လိုချင်သူတွေ ရှိနေတယ်လို့ သိရတယ်။ ရာထူး၊ အာဏာတွေ တည်မြဲရေးအတွက်ကျတော့ ဒီလိုဖြစ်ရပ်တွေက လောကီ အယူအဆအရတော့ အဆောင်ကောင်းတခုပါပဲ” ဟု မန္တလေး မဟာမြတ်မုနိ ဘုရားကြီးအနီးမှ ဗေဒင်ဆရာတဦးက ပြောသည်။
စစ်ဖက်ဆိုင်ရာ အာဏာပိုင်များအနေဖြင့် အပေါ်သို့ ဆန်တက်သော အမြစ်အား အဆောင်အဖြစ် ယူလိုဟန်ရှိပြီး ဗုဒ္ဓဆင်းတုတော်အားလည်း တနေရာတွင် ပင့်ဆောင် ပူဇော်လိမ့်မည်ဟု ဒေသခံများက ယူဆနေကြသည်။
ဒီနေရာလေးမှ ယူသည်။
(တချိန်က..ကိုစနေမောင်မောင်၏...ဘလော့များပြန်လည်မျှဝေတာပါ...ဗဟုသုတပေါ့ဗျာ)
မသိသေးတဲ့သူများကိုရည်ရွယ်ရင်းဖြင့်...

(ခေါင်းနှစ်လုံးနဲ့ မြွေများ )(ဗဟုသုတ)



Two Headed Snakes - Strange Creatures
Two Headed Snakes - Strange Creatures
Two Headed Snakes - Strange Creatures
Two Headed Snakes - Strange Creatures
Two Headed Snakes - Strange Creatures
Two Headed Snakes - Strange Creatures
Two Headed Snakes - Strange Creatures
Two Headed Snakes - Strange Creatures

Two Headed Snakes - Strange Creatures
Two Headed Snakes - Strange Creatures
Two Headed Snakes - Strange Creatures
Two Headed Snakes - Strange Creatures
ဗဟုသုတများ တိုးပွါးနိုင်ကြပါစေ။YTZK******

ပြည်သူ့လွှတ်တော် နှင့် ၀န်ကြီးများ မရိုးသားဟု ထုတ်ဖော်ပြောပြီ



     ၈၈မျိုးဆက်ကျောင်းသားကိုမင်းကိုနိုင် မှ ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၂ ရက်နေ့မှ ၄ ရက်နေ့ အထိမိတ္ထီလာ ၊ မလှိုင် ၊ ကျောက်ဆည် ၊ သဲတော့ဝမ်းဝ ၊ သာစည် ၊ ယင်းမပင် ၊ ဘုရားငါးဆူ ၊ ရမည်းသင်း ၊ ပျော်ဖွယ် ၊ အစရှိသော မြို့ကြီးများ တွင် ငြိမ်းချမ်းရေး နှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတွေ့ဆုံသော ဆွေးနွေးပွဲများတွင် ၈၈ မျိုးဆက်ကျောင်းသားကိုမင်းကိုနိုင်မှ ပြည်သူ့လ
ွှတ်တော်ကိုယ်စားလှယ်များ နှင့် ၀န်ကြီးများသည် မိမိတို့ မရိုးသားလို့သာ မိမိတို့၏ ပိုင်ဆိုင်မှုကို ထုတ်မပြတာဖြစ်ကြောင်း ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့်လည်း လျှိ့ဝှက်မဲခွဲဆုံးဖြတ်ရာတွင် ၎င်း ရှုံးနှိမ့်ခဲ့ရသည့် အတွက် ၎င်းတို့သည်လည်း မရိုးသာကြောင်းယခုကဲ့သို့ပြောဆိုခဲ့သည်။ “နိုင်ငံတော်သမ္မတကိုယ် တိုင်ကိုယ်က သိလို့ပြောင်းတယ်။ အရပ်ဘက်လူ့အဖွဲ့အစည်းတွေ အလားလာကောင်းဖို့လိုတယ် ၊ ပါဝင်ဖို့လိုတယ် ၊ နိုင်ငံတော်သမ္မတကိုယ်တိုင်က ပြောတယ် ၊ ဒါဟာ တော်တော်လေး အမျှော်အမြင်ရှိတဲ့စကားပါ။ အရင်တုန်းကလို ငါသဘောမကောင်းဘူး ၊ အစိုးရတင်မကပါဘူးဗျာ ၊ သူတို့ ခြေထောက်လည်းထိန်းကျောင်းပေးဖို့ပြောပါတယ်။ ဒီစကားကလည်းနိုင်ငံတော် သမ္မတိုက်ရိုက်ထုတ်လွှင့်တဲ့ မိန့်ခွန်း ကိုပြောတာ အရင် အရင် သမ္မတတွေဆီကတော့ တစ်ခါမှ တော့ မကြားဘူးခဲ့ဘူး ။ အဲဒီလိုမကြားဘူးတဲ့လူတွေ တွေ့လာလို့ နောက်ဆုံးကျတော့အဖြစ်ဆိုးခြင်း နဲ့ ကြုံပြီး မရှုမလှကျရှုံးရတယ်။ အခုကျွန်တော်တို့ ပြည်သူတွေကို အသိအမှတ်ပြုတဲ့စကားတွေပြောတယ် လက်တွဲပါပြောတယ်။ အစိုးရအဖွဲ့တွေကိုတောင် ထိန်းကျောင်းပေးဖို့တောင်ပြောတယ်။ ကောင်းမွန်တဲ့အစိုးရ ၊ ကောင်းမွန်တဲ့အုပ်ချုပ်ရေး ၊ သန့်ရှင်းသောအစိုးရဖြစ်အောင် ကြိုးစားပါမယ်ပြောတယ်။ သန့်ရှင်းတဲ့ အစိုးရဆိုတာ ဘာလည်း ၊ ရေချိုးပြီးတော့ ဆပ်ပြာတွေကိုတိုက်ထားတာကိုပြောတာမဟုတ်ဘူး။ မဟုတ်မမှန်းတဇိုးလက်ဆောင်လဘ်လာဘတွေ နဲ့ ငွေမည်းတွေ နဲ့ ချမ်းသာနေတဲ့ အစိုးရမျိုးမဟုတ်ဘူးလို့ပြောချင်တာ ဒါ ရှင်းရှင်းလေး အဲဒီလိုသန့်ရှင်းတဲ့ အစိုးရဖြစ်အောင် ကြိုးစားပါမယ့် ၀ိုင်းဝင်းတည့်မတ်ပေးကျပါလို့ သမ္မတက ကြွေးကျော်နေတဲ့ အချိန်မှာ လွှတ်တော်ထဲမှာ အစိုးရအဖွဲ့ဝင်တွေရဲ့ ပိုင်ဆိုင်မှုစာရင်းကိုကြေငြာကြမည်လို့ မဲခွဲဆုံးဖြတ်ကျတော့ ကိုယ်တော်မြတ်များက မထောက်ခံဘူး ၊ တကယ်နော် လွှတ်တော်မှာ မဲခွဲတဲ့ အခါ ကျွန်တော် သဘောကတော့ ဗျောင်ခွဲဝေချင်တယ်။ မတ်တပ်ထရပ်တာမျိုး ၊ လျှို့ဝှက်မဲခွဲတယ်ဆိုတာ ဒါမရိုးမသားကိစ္စကြီး အများစု ကန့်ကွက်လိုက်တယ် ဆိုတာ မရိုးမသားဆက်လုပ်နေမယ်ဆိုတဲ့ အဓိပ္ပာယ်ကြီးဟာ ဘယ်နေမလည်း။ တကယ်ရိုးသားပြီး အစစ်ဆေးခံနိုင်တဲ့ ရဲရင့်တဲ့ပြည်သူ့ဘက်တော်သားတွေဟာ ဘယ်သူလဲဆိုတာကွဲပြားအောင် ဗျောင်ခွဲစေချင်တယ်။ ဒါမျိုးက ဗျောင်ခွဲ မှ ကောင်းမှာ။တကယ်တော့ အမှီးအမောက်မတည့်တဲ့အခါ ဘယ်သတ္တ၀ါလည်းဆိုတာပြောရတာတော်တော်လေးခက်ပါတယ်။ သူတို့က အမှန်တကယ်ရိုးသားတယ်ဆိုရင် သူတို့ရဲ့ ပိုင်ဆိုင်မှုကို တင်ပြရဲရမှာပေါ့ ၊ သူတို့က မရိုးမသားလို့ ပြည်သူကိုချမပြရဲတာ´´ဟု ၈၈ မျိုးဆက်ကျောင်းသားကိုမင်းကိုနိုင်မှပြောကြားခဲ့သည်။အဆိုပါကဲသို့ အစိုးရ၀န်ကြီးများ နှင့် သာမန်ရပ်ကွက်အုပ်ချုပ်ရေးမှ ဟိုးအထက်အဆင့်အထိထိ၏ ပိုင်ဆိုင်မှုစာရင်းများသည် မည်မျှရှိသည် ၊ မည်ကဲ့သို့ မျှခန့်မှန်းခြေတောငမသိရှိနိုင်ပဲ အချို့သောပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အချို့သည် ပါတီထဲမှပြည်သူ့ထဲမှ ထွက်လာသော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ ရှိသလို အစိုးရအဖွဲ့ထဲမှပါတီဝင် ပါတီထဲမှ ရွေးကောက်ပွဲ ရွေးကောက်ပွဲမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဖြစ်ကျသလို ၊ ခရိုနီတစ်စုမှ ပါတီဝင် ထိုအထဲမှ ရွေးကောက်ပွဲဝင် ရွေး ၊ ကောက်ပွဲ မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ် စီးပွားရေး ခရိုနီတစ်စုပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ ဖြစ်နေခြင်းမှာ လည်း အထက်ကဲသို့ အားနည်းချက်ဖြစ်ကြောင်းသိရှိရသည်။
  မှတ်ချက်။  ။ဖေ့ဘွတ်မှပြန်လည်ဖော်ပြသည်။