This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Monday, September 24, 2012

Laptop Battery ကို ကြာရှည်စွာအသုံးပြုနိုင်ရန်


အကြောင်းအမျိုးမျိုးကြောင့် Laptop များကိုမီးမရရှိပဲ Laptop ၏ Battery ကိုသာ အသုံးပြု၍ ကွန်ပျူတာကိုသုံးစွဲမည်ဆိုပါက Laptop Battery ကြာရှည်စွာ အသုံးပြုနိုင်ရန် အတွက် အောက်ပါ အတိုင်းဆောင် ရွက်နိုင်ပါသည်။
၁။ Screen Brightness ကိုလျော့ချအသုံးပြုခြင်း။
Screen ၏ Brightness ကိုပိုမိုအသုံးပြုပါက Laptop ၏ Battery ကိုပိုမိုမြန်ဆန်စွာကုန်ဆုံးစေပါသည်။ ထို့ကြောင့် Laptop ၏ Scan Brightness ကိုလျော့ချ၍သုံးစွဲရန်လိုအပ်ပါသည်။ Brightness ကိုလျော့ချရန်အတွက် Laptop Battery icon ကို Right Click နှိပ်၍ More Power Option ကိုဝင် ရောက်ရပါမည်။
More power options
More power options
Power options window ပွင့်လာသောအခါ အောက်ဖော်ပြပါပုံအတိုင်း screen brightness ကို အနည်းဆုံးသို့လျော့ချရန်အတွက် ဘယ်ဘက် အဆုံးထိပြောင်းပေးရပါမည်။ ထိုသို့ screen brightness ကို အနည်းဆုံးသို့လျော့ချအသုံးပြုခြင်းသည် မျက်လုံးများအတွက်လည်း ကောင်းမွန်စေပါသည်။
decrease screen brightness
decrease screen brightness
၂။ Screensavers အသုံးပြုခြင်းကို ပိတ်ထားခြင်း။
Screensavers များအသုံးပြုခြင်းသည်လည်း Laptop ၏ Battery များကိုလျင်မြန်စွာကုန်ဆုံးရခြင်း၏ အကြောင်းရင်းတစ်ရပ်ပင်ဖြစ်သည်။ Screensavers များကို ပိတ်ထားပါက Laptop ၏ Battery ကိုပိုမိုကြာရှည်စွာအသုံးပြုနိုင်ပါသည်။ Screensavers များကိုပိတ်ထား ရန်အတွက် Desktop ပေါ်တွင် Right click နှိပ်၍ Properties ကိုဝင်ရောက်ရပါမည်။ ထို့နောက် Screensavers tab သို့ဝင်ရောက်၍ None ကိုရွေးချယ်၍ Ok ပေးရပါမည်။
Screensavers
Screensavers
၃။ Defragmentation ပြုလုပ်ပေးခြင်း။
Computer ၏ hard disk drive များကို Defragmentation ပြုလုပ်ပေးခြင်းသည် ကွန်ပျူတာ၏စွမ်းဆောင်မှုကိုမြင့်တက်စေသလို Laptop ၏ Battery သုံးစွဲခြင်းကိုလျော့နည်းစေသည့်အတွက် ပြုလုပ်ပေးရန်လိုအပ်ပါသည်။ Defragmentation ပြုလုပ်ပေးရန်အတွက် Window တွင်ပါဝင်သော Defragmente ကိုအ သုံးပြုနိုင်သကဲ့သို့၊ အခြား Defragmentation ပြုလုပ်ပေးသည့် Software များကိုလည်းအသုံးပြုနိုင်ပါသည်။ Defragmentation ပြုလုပ်ရန် အတွက် hard disk drive တစ်ခုကို Right click နှိပ်၍ properties သို့ဝင်ရောက်ရပါမည်။ ထို့နောက် Tools tab ကိုဝင်ရောက်၍ Defrayments now ကိုနှိပ်၍ hard disk drive တစ်ခုခြင်းစီကို Defragmentation ပြုလုပ်ပေးရပါမည်။
defrag
Defragmentation ပြုလုပ်ရန်ဝင်ရောက်ပုံ
defrag2
Defragmention ပြုလုပ်ခြင်း
၎။ အသုံးမလိုသည့် Applications များကို Disable ပြုလုပ်ထားခြင်း။
အချို့ သော Applications များသည် ကွန်ပျူတာစတင်အလုပ်လုပ်သည်နှင့်တစ်ပြိုင် နက်တည်းအလုပ်လုပ်ရန်မလိုအပ်ပါ။ ဥပမာအားဖြင့် Adobe reader, Zune, iTunes and Google desktop အစရှိသည့် Applications များဖြစ်ပါသည်။ အဆိုပါ Applications များကို Startup menu တွင် Disable ပြုလုပ်ထားခြင်းဖြင့် Laptop ၏ Battery ကိုကြာရှည်စွာ အသုံးပြုနိုင်ပါသည်။ Startup menu တွင် မလိုအပ်သည့် Applications များကို Disable ပြု လုပ်ရန်အတွက် Start မှ Run ကိုဝင်ရောက်ရပါမည်။ Run box တွင် Msconfig ဟုရိုက်ကာ Startup tab သို့ဆက်လက်ဝင်ရောက်ရပါမည်။ ထို့နောက်မလိုအပ်သည့် Applications များကို Uncheck ပြုလုပ်ပေး၍ ok ပေးပြီးနောက် Restart ချပေးရပါမည်။
startup
startup
၅။ External USB devices များကိုအသုံးမပြုခြင်း။
External USB devices များကိုအသုံးပြုခြင်းသည် Laptop ၏ Battery များကိုလျင် မြန်စွာကုန်ဆုံးစေပါသည်။ ထို့ကြောင့် External USB Devices များဖြစ်သော external hard drive, pen drive, mouse), memory card, iPod or iPhone အစရှိသည်တို့ကို အသုံးပြု ခြင်း၊ ချိတ်ဆက်ထားခြင်းတို့ကို ရှောင်ကျဉ်ရပါမည်။
၆။ RAM ကိုတိုးမြှင့်ခြင်း။
အကယ်၍ကွန်ပျူတာတွင်အသုံးပြုသည့် RAM သည် Window ၏လိုအပ်ချက်နှင့် မကိုတ်ညီပဲ စွမ်းဆောင်မှုနိမ့်နေပါက အဆိုပါ RAM ၏လိုအပ်ချက်သည်လည်း Laptop ၏ Battery ၏ ခံနိုင်ရည်အားကို ထိခိုက်စေနိုင်ပါသည်။ ထို့ကြောင့် System ၏လိုအပ်ချက်နှင့် အညီ RAM ကို တိုးမြှင့်ပေးရန်လိုအပ်ပါသည်။
၇။ CD/DVD အသုံးမပြုခြင်း။
Laptop တစ်လုံးကို Battery ဖြင့်အသုံးပြုနေပါက CD/DVD အသုံးပြုခြင်းကိုရှောင် ကျဉ်ရပါမည်။ CD/DVD အသုံးပြုခြင်းသည် Laptop ၏ Battery ကိုလျင်မြန်စွာကုန်ဆုံးစေနိုင် ပါသည်။
၈။ အသုံးမပြုသည့်အချိန်တွင် Sleep or standby ပြုလုပ်ခြင်း။
ကွန်ပျူတာကိုသုံးခြင်းမှ ခေတ္တခဏရပ်နားသည့်အခါမျိုးတွင် Standby သို့မဟုတ် sleep ပြုလုပ်ထားခြင်းသည် power သုံးစွဲမှုကိုလျော့နည်းစေပြီး Battery ကိုကြာရှည်စွာသုံးစွဲ နိုင်စေပါသည်။ Standby သို့မဟုတ် sleep ပြုလုပ်ထားခြင်းသည် ကွန်ပျူတာကိုပြန်လည်အ သုံးပြုလိုသည့်အခါတွင် လွယ်ကူလျင်မြန်စွာအသုံးပြုနိုင်ပါသည်။
၉။ Laptop ကိုအေးသောနေရာတွင်ထားရှိအသုံးပြုခြင်း။
Laptop ကို အပူချိန်မြင့်သောအခန်းများတွင်အသုံးပြုပါက Laptop တွင်ပါဝင်သော Fan သည်အပူကိုချေဖျက်ရန်အတွက် အလုပ်ပိုမိုလုပ်ဆောင်ရပြီး Laptop Battery ကို လျင်မြန်စွာကုန်ဆုံးစေပါသည်။ ထို့ကြောင့် Laptop ကို အပူချိန်နည်း၍ အေးမြသော အခန်းများတွင် အသုံးပြုရန်လိုအပ်ပါသည်။
၁၀။ Screen resolution ကိုလျော့ချအသုံးပြုခြင်း။
Screen resolution ကိုအနည်းဆုံးသို့လျော့ချအသုံးပြုပါက Laptop ၏ Battery ကို အချိန်ကြာကြာအသုံးပြုစေရန် အထောက်အကူပြုပါသည်။ Screen resolution ကိုလျော့ချ ရန်အတွက် Desktop ပေါ်တွင် Right click ဖြင့် Properties သို့ဝင်ရောက်ရပါမည်။ ထို့နောက် Display Properties Panel တွင်းမှ Settings tab သို့ဝင်ရောက်၍ Screen resolution ကို ဘယ်ဘယ်သို့ရွေ့ ပြောင်း၍ အနည်းဆုံးသို့လျော့ချပေးနိုင် ပါသည်။
Screen resolution
Screen resolution
၁၁။ Switch off Wireless။
Laptop အများစုတွင် Internet နှင့်ချိတ်ဆက်အသုံးပြုရန်အတွက် Wireless connection ပါရှိပါသည်။ Internet အသုံးမပြုပါက Wireless connection ကိုပိတ်ထားသင့်ပါ သည်။ Wireless connection ကိုပိတ်ထားခြင်းဖြင့် Laptop ၏ Battery ကိုကြာရှည်စွာ အသုံးပြုနိုင်ပါသည်။
၁၂။ Visual Effects များကိုပြင်ဆင်ပေးခြင်း။
ကွန်ပျူတာတွင် Visual Effects များကိုပြင်ဆင်ပေးခြင်းဖြင့် Laptop ၏ Battery ကိုကြာရှည်စွာအသုံးပြုစေနိုင်ပါသည်။ Visual Effects ကိုပြင်ဆင်ရန်အတွက် my computer ကို Right click နှိပ်၍ properties သို့ဝင်ရောက်ရပါမည်။ ထို့နောက် အောက်ဖော်ပြပါ ပုံအတိုင်း advance tab မှ performance ရှိ Settings ကိုနှိပ်၍ ၀င်ရောက်ရ ပါမည်။ Adjust the appearance and performance of window ကိုနှိပ်၍ Performance Options အတွင်းမှ Visual Effects သို့ဝင်ရောက်ရပါမည်။
Change Visual Effects
Change Visual Effects
“Visual Effects” tab အတွင်း၌ “Adjust for best performance” ကို check ပေးလိုက် သည့်အခါ Visual Effects များကိုပြင်ဆင်ပြီးဖြစ်ပါသည်။ (ထိုသို့ပြုလုပ်ရာတွင် Visual Effects များအားလုံးအလုပ်မလုပ်တော့ပဲ သာမန်ရိုးရှင်းသည့် Window ပုံစံ ဖြစ်သွားမည့်အတွက် ကွန်ပျူတာကိုလှလှပပဖြစ်စေရန် Effects များကို အသုံးပြုသူများအတွက် သတိထားရန်လိုအပ်ပါသည်။)
Adjust for best performance
Adjust for best performance
၁၃။ Laptop Battery ကိုအားကုန်အသုံးပြုခြင်း။
Laptop Battery ကိုနှစ်လလျင်တစ်ကြိမ်ခန့် အားကုန်အောင်သုံးစွဲပြီးနောက် ပြန်လည် အားဖြည့်သင့်ပါသည်။ ထိုအချက်သည်လည်း Laptop Battery ကိုကြာရှည်အသုံးပြုနိုင်ရန်အ တွက် အထောက်အကူပြုပါသည်။ ကွန်ပျူတာဝယ်သည့်အခါ ပါရှိသည့် Battery နှင့်ပတ်သက် သည့်အညွှန်းကိုလည်း သေချာဖတ်ကြည့်ရန်လိုအပ်ပါသည်။
၁၄။ Background color ရွေးချယ်အသုံးပြုခြင်း။
Background color အသုံးပြုရာတွင် အနက်ကိုအသုံးပြုပြီး Wallpapers များကိုဖြုတ် ထားခြင်းသည်လည်း Laptop Battery ကိုကြာရှည်စွာအသုံးပြုနိုင်ပါသည်။ အဖြူရောင်များကို Background color အဖြစ်အသုံးများလေ Laptop Battery အားကိုလျင်မြန်စွာကုန်ဆုံးလေ ဖြစ်ပါသည်။
၁၅။ Battery ကိုအားသွင်းနေစဉ် Laptop ကိုအသုံးမပြုခြင်း။
Battery ကိုအားသွင်းနေစဉ် Laptop ကိုအသုံးပြုခြင်းသည် Battery ၏အသုံးပြုနိုင်ရန် သတ်မှတ်ထားသည့်ကြာချိန်ကို လျော့ကျစေနိုင်ပါသည်။ ထို့ကြောင့် Laptop Battery များကို ပထမဦးစွာအားဖြည့်ပြီးမှသာ အသုံးပြုသင့်ပါသည်။

★`•☂ •´ငြိမ်းချမ်းရေး ဆုတောင်း`•☂•´★


              ငြိမ်းချမ်းစေချင်..ကမ္ဘာမြေတခွင်....
               စစ်ပွဲတွေကို..ပပျောက်ချင်....
               ယမ်းငွေ့တွေကို..မိုးသို့တင်....
               တပ်မက်မှုနဲ့..စစ်မြေပြင်....
               လိုချင်မှုကို..ရှေ့တန်းတင်....
               တိုက်ပွဲတွေနဲ့..စိန်ခေါ်ရင်....
               အောက်ခြေလူသား..ပြည်သူများအား....
               တချက်လောက်..ငှဲ့ကွက်ကြည့်ပါလား....
               ပူလောင်မှုနဲ့..ပြည်သူ့ရင်ခွင်....
               အိပ်ပျက်ညတွေ..များလို့ပင်....
               စည်းပွါးရေးနဲ့..အကြပ်တည်းကြား....
               တိုက်ပွဲတွေကြောင့်..ပြေးရလွှား....
               တိုက်ပွဲတွေသာ..ဖြစ်နေရင်....
               တိုးတက်မှုက..နှောင့်နှေးချင်....
               နောက်ဆုံးရလဒ်..အကျိုးတွင်....
               ကမ္ဘာစစ်က..အဖြေပင်....
               တိုက်ပွဲတွေကြောင့်..အဆုံးရှုံးများ....
               မျက်ရည်ပေါက်တွေ..အဖတ်တင်သွား....
               ငယ်ရွယ်သေးတဲ့..ကလေးတွေ....
               မိဘတွေက..မဲ့လို့လေ....
               ပြေးလွှားနေတဲ့..ကျည်ဆံကြား....
               သူတို့ငိုသံ..ကြားရဲ့လား....
               တိုးတက်တော့မယ့်..ငါတို့ပြေ....
               လက်တကမ်းသာ..အလိုပေ....
               ပြည်ထောင်စုနေ..ငါတို့တတွေ....
               စည်းလုံးညီညွတ်..ကြစို့လေ....
               ယမ်းငွေ့တွေကြား..တို့ပြည်အား....
               ငြိမ်းချမ်းမှုအမြန်..ရစေသား....။
             (ယမ်းငွေ့ ဟာ ပန်းမွေ့ ယာဖြစ်မလာနိုင်ပါ)           
                   ဆက်လက်ကြိုးစားပါအုံးမည်
          ★`•☂ •´လင်းလင်း(Punk.သခင်)`•☂•´★ 
                       ကျေးဇူးတင်ပါသည်။

=== ရယ်စရာရွှင်စရာ ဟာသစုံလင် အပိုင်း ( ၁၂ ) ===


    “ ဒါမှ အမတ်အစစ် ”
ရွေးကောက်ပွဲဝင်ပြိုင်ပြီးပြန်
လာသော ယောက်ျားကိုမိန်းမက မေးလိုက်သည်။
မိန်းမ။ ။မောင်ရေ အခြေအနေဘယ်လိုလဲ။
ယောက်ျား။ ။ အခြေအနေကတော့ တော်တော်ကိုကောင်းနေပြီ။
မိန်းမ။ ။ ရှင်ညာတာတော့ မဟုတ်ပါဘူးနော်။
ယောက်ျား။ ။ ဟိုမှာ တနေကုန် ညာပြီးပြီပဲ ဘာညာစရာ လိုတော့လို့လဲကွ။
    “ ပုဇွန်မျက်လုံးပြူးရခြင်းအကြောင်းရင်း ”
ဆရာမ။ ။ ကလေးတို့ရေ။ ငါးဖယ်ဘာကြောင့် ပြားသလဲ သိကြလား။
ပီတာ။ ။ ဝေလငါးနဲ့အိပ်လို့ပါ။
ထိုအခါဆရာမက စိတ်ဆိုးပြီး ပီတာလေးကို အပြင်သို့ထွက်သွားခိုင်းလေသည်။ ထို့နောက် အတန်းကိုနောက်ထပ်မေးခွန်းတစ်ခု
မေးလေသည်။
ဆရာမ။ ။ ကလေးတို့ရေ။ ပုဇွန်ဘာကြောင့်မျက်လုံးပြူးသလဲ။
အတန်းတံခါးဝမှ ပီတာလေးက ထပ်ဖြေလိုက်ပြန်သည်။
ပီတာ။ ။ ဝေလငါးနဲ့ငါးဖယ်နဲ့အိပ်တာကိုတွေ့သွားလို့ပါ။
    “ ဒီညတော့ အိပ်ရတော့မယ် ”
ခရီးသည်တင်လေယာဉ်တစ်စီးတွင် အလွန်ကို ထုံအလွန်းသော ချူချာနှစ်ယောက် လိုက်ပါလာသည်။
ထိုစဉ်လေယာဉ်မယ်က ‘လေယာဉ်အင်ဂျင်တစ်လုံး ပျက်သွားပါတယ်။ ဒါပေမယ့် ကျန်တဲ့သုံးလုံးနဲ့ ဆက်လက်ပြီး သွားနိုင်ပါတယ်။ ဒါပေမယ့် ခရီးစဉ်အဆုံးကို တစ်နာရီ
နောက်ကျပြီးမှ ရောက်ပါမယ်။ မစိုးရိမ်ကြပါနဲ့’ ဟု ကြေညာလေသည်။
နောက်နာရီဝက်ခန့်အကြာတွင် လေယာဉ်မယ်က ‘နောက်ထပ်အင်ဂျင်တစ်လုံး ပျက်သွားပြန်ပါတယ်။ ကျန်သေးတဲ့အင်ဂျင်နှစ်လုံးနဲ့ ဆက်လက်သွားနေပါတယ်။
ခရီးစဉ်အဆုံးကိုတော့ နောက်ထပ် သုံးနာရီကြာမှ ရောက်ပါမယ်။ မစိုးရိမ်ပါနဲ့’
ဟု ထပ်မံ ကြေညာလေသည်။
နောက်တစ်နာရီခန့် အကြာတွင် လေယာဉ်မယ်က ‘ကျန်တဲ့ အင်ဂျင်နှစ်လုံးပါ ပျက်စီးသွားပါပြီ’ ဟုကြေညာလေသည်။
ထိုအခါ ချူချာတစ်ယောက်က နောက်ထပ်ချူချာကို ပြောလိုက်ပုံက ‘သေချာပြီ။ အဲဒါဆို ဒီညတော့ လေယာဉ်ပျံပေါ်မှာပဲ အိပ်ရတော့မယ်’

     “ ကျေးဇူးပါ  ”

ကုမ္ပဏီပိုင်ရှင်တစ်ယောက်က ၃လ အတွင်း မန်နေဂျာရာထူးအထိရောက်ရှိလာသော လူငယ်တစ်ယောက်အား ခေါ်ယူကာ ချီးကျူးပြောဆိုလေသည်။
ပိုင်ရှင်။ ။ မင်းဟာ ဒီအလုပ်ကို လွန်ခဲ့တဲ့ ၃ လမှ စလုပ်တယ်။ ၂ ပတ်အတွင်းမှာပဲ
ရာထူးတက်တယ်။ နောက် ၁ လ အကြာမှာ လက်ထောက်မန်နေဂျာဖြစ်လာတယ်။ နောက် ၆ ပတ်
အကြာကြတော့ မင်း မန်နေဂျာရာထူးအထိ ရောက်လာတယ်။ မင်းတော်တော်ကြိုးစားတဲ့
သူငယ်ပဲ။ မင်းကိုပိုင်ဆိုင်ရတဲ့အတွက် ဂုဏ်ယူတယ်ကွာ။ ကဲ… ဘာပြောချင်သေးလဲ။
လူငယ်။ ။ ကျေးဇူးပါအဖေ။

      “ နံရံတွေ ပြိုနေလို့ ”
အရူးထောင်တွင် အရူးများ ထောင်ဖောက်ပြေးရန် တိတ်တဆိတ် အစည်းအဝေး လုပ်နေကြသည်။
နောက်ဆုံးတွင် ကြက်များကဲ့သို့ ပျံကာ ထောင်နံရံကို ကျော်ဖြတ်ကြမည်ဟု
ဆုံးဖြတ်လိုက်ကြပြီး ကြက်သားများများစားရန်လဲလိုအပ်ေ
ကြာင်း ဆုံးဖြတ်လိုက်ကြသည်။ထို့နောက် ၃ လ အကြာအတွင် အရူးများ ပျံသန်းနိုင်လာကြသည်။ ထို့ကြောင့် ထောင်ဖောက်မပြေးခင် အရူးတစ်ယောက်ကို ကင်းထောက်အနေဖြင့်
ကြည့်ခိုင်းလိုက်သည်။ ကင်းထောက်အရူးမှာ စိတ်ပျက်လက်ပျက်ဖြင့် ပြန်လာသည်။
ကျန်အရူးများက အကြောင်းအရင်းကိုမေးသောအခါ
‘ငါတို့ထောင်ဖောက်ပြေးလို့မရတော့ဘူး။ ငါတို့ပျံပြီးကျော်ရမယ့် နံရံတွေပြိုနေပြီ’

“ ပိုတောင်ကောင်းသွားပါတယ် ”
တစ်နေ့တွင် စတာလင်စီးလာသောကားသည် မြင်းစီးလာသောလူတစ်ယောက်အား အရှိန်နှင့် တိုက်မိသေကြောင့် မြင်းရောလူပါ ပြုတ်ကျသွားပြီး ဒဏ်ရာအပြင်းအထန်
ရရှိသွားလေသည်။
ကားပေါ်မှ စတာလင်ဆင်းလာပြီး သေလုဆဲဆဲဖြစ်နေသော မြင်းအားသေနတ်နှင့်တေ့ကာ ပစ်သတ်လိုက်သည်။
ထို့နောက် မြင်းပိုင်ရှင်အား အခြေအနေကောင်းပါသလား မေးမြန်းရာ မြင်းပိုင်ရှင်မှာ ကမန်းကတန်း လူလဲထပြီး အဖြေပေးလိုက်လေသည်။
‘အဟဲ…ကောင်းပါတယ်။ တော်တော်ကို ကောင်းပါတယ်။ ကားနဲ့ အတိုက်မခံရခင်ထက်ကို ပိုကောင်းပါတယ်’

      “ ကြိုက်ရာလမ်းရွေး ”
နိုင်ငံတော်အကြီးအကဲတစ်ယောက် နောက်ဆုံး အသက်ထွက်ခါနီးတွင် သူ၏ နေရာဆက်ခံမည့် လူကို မေးလေသည်။
‘ငါ့လူ ငါလဲသေတော့မယ် မင်းတိုင်းပြည်ကို ဆက်လက်ပြီးဘယ်လိုအုပ်စိုးမလဲ’
ထိုအခါ နိုင်ငံတော် အကြီးအကဲနေရာ ဆက်ခံမည့်သူက
‘ကျွန်တော့်နောက်ကို သူတို့လိုက်အောင် လုပ်မှာပေါ့’
နိုင်ငံတော်အကြီးအကဲက ထပ်မေးသည်။
‘မင်းနောက်ကို မလိုက်ရင် ဘယ်လိုလုပ်မလဲ’
နိုင်ငံတော်အကြီးအကဲနေရာ ဆက်ခံမည့်သူက
‘ကျွန်တော့်နောက် မလိုက်ရင် ခေါင်းဆောင်ကြီးနောက် လိုက်အောင် လုပ်မှာပေါ့’
   “ မထူးပါဘူး. .”
ငရဲ နှင့် နတ်ပြည်သို့သွားမည့် တံခါးပေါက်ရှေ့တွင်မိန်းမများ အားလုံးကို
သိကြားမင်းကစုရုံးစေသည် ။
“အားလုံး တန်းစီလိုက်ကြစမ်း ၊ ကိုင်း…ဟုတ်ပြီ ၊ကိုယ့်ယောကျာ်းကို
တစ်ကြိမ်လောက်ပဲဖြစ်ဖြစ် သစ္စာဖောက်ခဲ့တဲ့သူ ရှေ့တစ်လှမ်းတိုးလိုက်စမ်း”
မိန်းမအားလုံးလိုလို ရှေ့တိုးလိုက်ကြသည် ၊သစ္စာရှိသော မိန်းမတစ်ဦးသာ
နေရာမှမရွေ့ဘဲရပ်နေသည် ၊ သိကြားမင်း က အမိန့်ပေးသည်။
” အားလုံးကို ငရဲပြည်ပို့လိုက် ၊ ဟေ့… ဟို “ဆွံ့အနားမကြားမ” ကိုပါပို့လိုက် ”
    “ အကြောင်းအရင်း.. ”
“ပီတာ…မင်းဘာဖြစ်လို့ ကျောင်းနောက်ကျ ရတာလဲ”
“ကျွန်တော် ငါးသွားမျှားမလို့ဥစ္စာ ဖေဖေကခွင့်မပြုလို့ ”
“မင်းအဖေ မှန်တာပေါ့ ၊ ဒါနဲ့ဘာကြောင့် ကျောင်းမပျက်သင့်ဘူးလဲ
ဆိုတာကိုမင်းအဖေက ရှင်းပြတယ် မဟုတ်လား ”
“ဟင့်အင်း ၊ ရှိတဲ့ တီကောင်က တို့နှစ်ယောက်စာ မလောက်ဘူး လို့ပဲ ပြောပါတယ် ”
    “ ဘာကောင်လဲ. .”
ချာတိတ်. . .မင်းဘာဖြစ်လို့ ငိုနေရတာလဲကွ ”
“မေမေက ဖေဖေ့ကို ဆင်ရိုင်းကြီးလို့ပြောတယ်
ဖေဖေက မေမေ့ကို ကြက်မကြီးလို့ ပြန်ပြောတယ်”
“အဲဒါနဲ့ ငိုရရောလား ကလေးရဲ့”
“စဉ်းစားကြည့်လေ ၊ ကျွန်တော် ဘာကောင်ဖြစ်မလဲ ”
   “ လိုချင်လို့. .”
“ပီတာ….မင်းဘာဖြစ်လို့ ကျောင်းနောက်ကျရတာလဲ”
“မေမေ ပိုက်ဆံ တစ်ကျပ် ပျောက်သွားလို့”
“အဲဒါနဲ့ မင်းကျောင်းနောက်ကျတာနဲ့ ဘာဆိုင်လို့တုန်း”
“အဲဒီ တစ်ကျပ်တန် ပေါ်မှာ ကျွန်တော် ရပ်နေလို့”
( ဝန်ခံချက် ) သူငယ်ချင်းတို့ရေ တချို့ဟာသလေးတွေကထပ်နေတယ်ထင်တယ် သည်းခံပေးကြပါရန်တောင်းပန်အပ်ပါသည်ခင်ဗျားးးးးးးးးးးးးးးးးးးးး.........................
*************************************************************************
         “သင့်ရဲ့ကွန်မန့်တစ်ချက်ဟာ စာရေးသူတွေရဲ့အားကိုဖြစ်စေပါတယ် ”
                                    ခင်တက်တဲ့  လူကဲလေး :p

ဆေးလိပ်ဖြတ်ခြင်း

 



အမျိုးသား၊ အမျိုးသမီး ဆေးလိပ်စွဲနေကြတဲ့အဖြစ်ဟာ လူငယ် ဆယ်ကျော်သက်အရွယ်ကတည်းက
လက်တည့်စမ်းခဲ့ကြတဲ့ အဖြစ်ကြောင့်ပါ။ ဘယ်သူမပြု မိမိမှု ကိစ္စပါ။ ဘယ်သူမပြု မိမိမှုကိစ္စမို့
မကောင်းတဲ့အကျင့်ဆိုးကို ပယ်ဖျောက်ဖို့ ဆေးလိပ်စွဲနေကြသူတိုင်း အသိတရား ရှိထားပါတယ်။
လက်တွေ့ ဆေးလိပ်ဖြတ်ကြည့်ကြပါတယ်။ ဒါပေမယ့် မအောင်မြင်နိုင်ကြသေးဘဲ ပြန်ပြန်သောက်
ဖြစ်နေတဲ့ အဖြစ်တွေလည်း ဒုနဲ့ဒေးပါ။

ဆေးလိပ်ဖြတ်တယ်ဆိုတာ ဆေးလိပ်တွေကို လွှင့်ပစ်လိုက်တာ၊ စီးကရက်ဘူးထဲက လက်ကျန်အလိပ်တွေကို လိမ်ချိုးဖျက်ဆီးပစ်လိုက်တာလောက်နဲ့ ပြီးစီးသွားတာ မဟုတ်ပါဘူး။ ဆေးလိပ်ဖြတ်ပြီဆိုတဲ့အသိဟာ မိမိနှစ်သက်မြတ်နိုးလွန်းတဲ့ အဖိုးတန်ပစ္စည်းတစ်ခု ပျောက်ရှသွားသလိုမျိုး၊ ဒီထက် ပိုတင်စားရရင် မိမိရဲ့ ချစ်ခင်ကြင်နာစွာ ပေါင်းသင်းလာခဲ့ရတဲ့ ဇနီးသည်ကို စွန့်လွှတ်လိုက်ရသလိုမျိုး တလှိုက်လှိုက် ခံစားရတယ်လို့ ဆိုကြပါတယ်။ ဆေးလိပ်ကို လေးငါးခြောက်ကြိမ်ထက်မနည်း ဖြတ်ဖြတ်နေပေမယ့် မပြတ်နိုင်မစဲနိုင်တဲ့ သူတွေ ရှိနေတာ ဒါကြောင့်ပဲ ဖြစ်မှာပါ။

လေ့လာသုတေသန ပြုချက်တွေအရ ဆေးလိပ်သောက်သုံးသူအားလုံးရဲ့ ၇၀% လောက်ဟာ
အနည်းဆုံး တစ်ကြိမ်တော့ ဆေးလိပ်ဖြတ်ဖူးကြောင်း တွေ့ရပါတယ်။ ဆေးလိပ်ဖြတ်ကြရမှာ
လူအများစုကြီးဟာ ဖြတ်ဖို့အခက်အခဲတွေနဲ့ မလွဲမသွေ ရင်ဆိုင်ကြရတယ်။ ရင်ဆိုင်ကြရလိမ့်မယ်။
အဲဒီထဲကမှ လူနည်းစုကလေးကသာ အလွယ်တူနဲ့ ဖြတ်လို့ရသွားကြောင်း ဖော်ပြထားပါတယ်။

ဒါကြောင့် ဆေးလိပ်ဖြတ်ဖို့ တော်တော်နဲ့ မရနိုင်တာဟာ ဆေးလိပ်ဖြတ်ရာမှာ ကြုံတွေ့ရတဲ့
အခက်အခဲတွေကို မကျော်လွှားနိုင်ဘဲ လက်လျော့လိုက်ရာကနေ
ပြန်ပြန်သောက်ဖြစ်နေတော့တာပါလို့ ကောက်ချက်ချထားပါတယ်။

ဒီစာအုပ်ကတော့ ဆေးလိပ်ဖြတ်ဖို့ စဉ်းစားထားတဲ့သူတိုင်းအတွက် အကောင်းဆုံး စာအုပ်တစ်အုပ် ဖြစ်ပါတယ်။

ဆေးလိပ်ဘာကြောင့်စွဲနေရသလဲ၊ ဆေးလိပ် ဖြတ်တဲ့အခါ ကြုံတွေ့ရတဲ့ အခက်အခဲတွေ၊ ဝေဒနာတွေကို ဘယ်လို အလွယ်တကူ ကျော်လွှားမလဲ၊ ဆေးလိပ်ဖြတ်နေစဉ်မှာ သတိပြုစရာတွေ၊ အထောက်အကူဖြစ်မယ့် အကြံပြုချက်များ … စတာတွေကို ဖော်ပြ လမ်းညွှန်ထားပါတယ်။

ကိုယ်တိုင် ဆေးလိပ်ဖြတ်ဖို့အတွက်ပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် သူငယ်ချင်းမိတ်ဆွေတွေကို အခွင့်သင့်တဲ့အခါ မျှဝေနိုင်အောင်ပဲဖြစ်ဖြစ် ရှိထားသင့်တဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။

စာအုပ်ကို ဒီနေရာမှာ ဒေါင်းလုတ် ရယူနိုင်ပါတယ်။




Your Life Success
Happiness, Success & Useful Tips for YOUR Life ...
www.yourlifesuccess.blog.com

Sunday, September 23, 2012

ABC ဘီယာအရောင်းမြှင့်တင်ပွဲမှာ တွေ့ရတဲ့ မြန်မာမလေးများ လိုတာထက် ပိုဖော်နေ (သတင်းဓာတ်ပုံ)များ

















http://wlovestory.blogspot.com/2012/09/abc.html?utm_source=feedburner&utm_medium=feed&utm_campaign=Feed%3A+blogspot%2FDbNmmg+%28%E1%80%A7%E1%80%92%E1%80%84%E1%80%B9%E1%80%A1%E1%80%81%E1%80%BA%E1%80%85%E1%80%B9%E1%80%95%E1%80%B6%E1%80%AF%E1%81%BF%E1%80%95%E1%80%84%E1%80%B9%29
ပြည်တွင်းသတင်း

ယုံကြည်ချက်ကြောင့် ပုသိမ် NLD အများစုပါတီမှ နှုတ်ထွက်ရန် ပြင်ဆင်


ပုသိမ်မြို့၊ စကားဝါလမ်းရှိ NLD နာယက ဦးတင်ဦးကိုယ်တိုင်လာရောက်ဖွင့်လှစ်ပေးခဲ့သော မြို့နယ်၊ ခရိုင်၊ NLD ရုံးအား တရားမ၀င်ကြောင်းနှင့် ပုသိမ်NLD ပါတီဝင်များထောက်ခံသော
ခေါင်းဆောင်(၃)ဦးအား ပါတီဝင်အဖြစ်မှ ရပ်ဆိုင်းခဲ့သော
ဗဟိုမှထုတ်ပြန်ကြေညာမှုကြောင့် ပုသိမ် NLD ပါတီဝင်အများစုမှာ ပါတီဝင်အဖြစ်မှ နှုတ်ထွက်ရန် ပြင်ဆင်နေကြောင်း သိရှိရသည်။

“ကျွန်တော်တို့ ဒီစာတွေကို မယုံပါဘူး၊ ဒီလှိုင်းဂျာနယ်မှာပါပေမဲ့လည်း ဘယ်သူထုတ်ပြန်ကြောင်းကို အမည် မတပ်ထားတဲ့အတွက် ပါတီကို ဖြိုခွဲဖို့ ကြံစည်နေတဲ့သူတွေက လုပ်ကြံဖန်တီးထားတဲ့ စာတွေလို့ပဲ မြင်ပါတယ်” ဟု ကြားဖြတ်ရွေးကောက်ပွဲတွင် ပုသိမ်လူငယ်ခေါင်းဆောင်အဖြစ်တာဝန်ယူခဲ့သောဦးမြင့်စိုးက ပြောသည်။

ပုသိမ် NLD ရုံးအား တရားမ၀င်ကြောင်းနှင့် ပါတီခေါင်းဆောင် (ပုသိမ်)မှ သုံးဦးအား ထုတ်ပယ်သော ကြေညာ ချက်ကို မြို့နယ်ပါတီဝင်အများစုက မယုံကြည်မှုကြောင့် ပါတီရုံးရှေ့တွင် ထုတ်ပြန်ကြေညာချက်များကို ပြန်လည် ထုတ်ပြန်ထားကြောင်းကိုလည်း သိရှိရသည်။

“ဒေါ်စု ဒီလ ၁ရက်နေ့က လာပြီးတော့ ဖြေရှင်းပေးပေမဲ့ သူ့အနီးအနားကလူတွေရဲ့ စကားကို နားယောင်ခဲ့တော့ မြို့နယ်ပါတီဝင်အများစုက အခုလိုခံခဲ့ရတာပါ၊ ကျနော်တို့လည်း မကြာခင် ပါတီဝင်ကဒ်ပြားတွေကို ပြန်အပ်ပြီး ပါတီဝင်အဖြစ်က နှုတ်ထွက်မှာပါ” ဟု ပုသိမ်မြို့ရှိတပ်နယ်မြေဟု လူသိများသော (၁၁)ရပ်ကွက်အောင်နိုင်ရေး လူငယ်ခေါင်းဆောင်ကိုရဲလေးက ပြောပြသည်။

ဧရာဝတီတိုင်းရှိ ဖြစ်ပေါ်နေသော အကြောင်းအရာများနှင့် ပတ်သက်ပြီး NLD ပါတီ၏ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သူ ဒေါ်ဖြူဖြူသင်းက ယခုကဲ့သို့ဆိုသည်။

“ဒါတွေက အသစ်တွေကို နေရာပေးတဲ့အပေါ်မှာ အဟောင်းတွေက အမြင်မရှင်းတာရယ်၊ လူငယ်တွေကို နေရာပေးမှုတွေကို လူကြီးတွေက လက်မခံတာရယ်ကြောင့်ပါ” ဟု ဒေါ်ဖြူဖြူသင်းက ပြောသည်။

NLD တွင် လက်ရှိအဖြစ်အပျက်များမှာ လူငယ်လူကြီးပြသာာမဟုတ်ကြောင်း ယုံကြည်မှုနှင့်သာဆိုင်ကြောင်း ပါတီဝင်တစ်ဦးက ပြောသည်။

‘’ဒါတွေကလူငယ်လူကြီးပြဿနာမဟုတ်ပါဘူး၊ အသစ်အဟောင်းပြဿနာလည်း မဟုတ်ပါဘူး၊ ၉၀ ပြည့်နှစ် ကတည်းက NLD ကို အနစ်နာခံပြီး လုပ်ခဲ့တဲ့လူတွေကို ပါတီက ယုံကြည်မှုမရှိကြောင်း ပြတာကြောင့် မြို့နယ် ပါတီဝင်တွေက လုံးဝလက်မခံနိုင် တာကြောင့် နှုတ်ထွက်ကြမှာပါ”ဟု ပုသိမ် NLD ပါတီဝင်တစ်ဦးဖြစ်သူ ကိုဝင်းနိုင်က ပြောသည်။

မြောင်းမြမြို့ NLDပါတီဝင်များသည် တိုင်းညီလာခံကျင်းပရေးကောင်မတီဖွဲ့စည်းမှုကို ကန့် ကွက်ဆန္ဒပြပြီး နောက် ပုသိမ် NLDမှလည်းတိုင်းအတွင်းမှ ပါတီခေါင်းဆောင်များသည်ဗဟိုကို အသုံးချကာ ဆရာမွေး၊ တပည့်မွေးအထိ ပြုလုပ်နေကြောင်းနှင့် ယခု ဖွဲ့စည်းလိုက်သော တိုင်းအတွင်းရှိ ညီလာခံကော်မရှင်ကို လက်မခံကြောင်း သတင်းစာရှင်းလင်းပွဲကို သြဂုတ်လအတွင်း က ပြုလုပ်ခဲ့ကြသည်။

“ကျွန်တော်တို့ ခေတ်အဆက်ဆက် ထောက်ခံလာတဲ့ ပါတီက အခုလို ဗဟိုဦးစီးစနစ်နဲ့သွားနေတာတော့ စိတ်မကောင်းစရာပဲ၊ အခု ပုသိမ် NLD က ကလေးလိုဖြစ်နေပြီး အဖေက မိထွေးစကားကို နားထောင်ပြီး သားအရင်းရဲ့ စကားကို အသိအမှတ်မပြုပေး သလို ဖြစ်နေတာလို့ မြင်ပါတယ်”ဟု NLD ပါတီကို ထောက်ခံမှုအမြဲရှိခဲ့သော ပုသိမ်မြို့ခံတစ်ဦးကတော့ မှတ်ချက်ပြုခဲ့သည်။

REF: Myit Makha Media Group
Posted by Admin-HWH

By News of Myanmar

မြိတ်တွင် ၈၈ အဖွဲ့ အတုပေါ်



ကျောက်မီးသွေး စက်ရုံနှင့် ပတ်သက်၍
မြိတ်မြို့တွင် ၈၈ မျိုးဆက်ကျောင်းသား
များဟုဆိုကာ အဖွဲ့တု တစ်ခုပေါ်ပေါက်
နေကြောင်း မြိတ်မြို့အခြေစိုက် ၈၈ မျိုး
ဆက်ကျောင်းသားများအဖွဲ့က ယနေ့ သတင်းထုတ်ပြန်
လိုက်သည်။

ကျောက်မီးသွေး စက်ရုံဆောက်လုပ်မည့် ကိစ္စနှင့် ပတ်သက်၍ ဒေသခံများက
စိုးရိမ်နေချိန်တွင် ယင်းအဖွဲ့သည် ကျောက်မီးသွေး စက်ရုံ၏ ကောင်းကျိုးများကိုသာ
လူထုကို ပြောဆို စည်းရုံးနေကြောင်း အထက်ပါ အဖွဲ့မှ ၈၈ မျိုးဆက်ကျောင်းသား
ဦးအောင်နိုင်ဦးက ရှင်းပြသည်။

ယင်းသို့ မြိတ် ၈၈ အတုအဖွဲ့ ပေါ်လာခြင်းကြောင့် မလိုလားအပ်သည့်
ပြဿနာများ၊ ဆူပူမှုများ ပေါ်ပေါက်လာနိုင်ကြောင်း ၊ မြိတ်မြို့ ၈၈ မျိုးဆက်ကျောင်း
သားများက မလုပ်ဆောင်သည့် ကိစ္စများကို ပြည်သူလူထုက အထင်မှား
လာနိုင်ကြောင်း ၄င်းကဆိုသည်။

ရန်ကုန်မြို့တော်ရှိ ၈၈ မျိုးဆက်ကျောင်းသားများရုံးအနေနှင့် မြိတ်ဒေသရှိ ၈၈
မျိုးဆက်ကျောင်းသား နှစ်ဦးဖြစ်သော ဦးတင်ကိုကိုဦးနှင့် ဦးအောင်နိုင်ဦးတို့နှင့်
အဓိက ဆက်သွယ်ဆောင်ရွက်ကြောင်း ယင်းရုံးမှ တာဝန်ရှိသူတစ်ဦးက
ပြောကြားသည်။

၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့နှင့်ပတ်သက်ပြီး ပုံသဏ္ဍန်အမျိုးမျိုးဖြင့်
နာမည်ပျက်စေရန် အလွဲသုံးစားပြုလုပ်ခြင်း မကြာခဏ ကြုံတွေ့ရကြောင်း
၎င်းကဆိုသည်။

၈၈ မျိုးဆက်ကျောင်းသားများ ( မြိတ်ခရိုင်) အား အဖွဲ့ဝင် ၈ ဦးဖြင့် လက်ရှိ ဖွဲ့
စည်းထားပြီး ဦးပေါ်အင်၊ ဦးလှမော်၊ ဦးအောင်နိုင်ဦး၊ ဦးတင်ကိုကိုဦး၊ ဦးမိုးသူအောင်၊
ဦးအောင်ကိုယု၊ ဦးသူရအောင် နှင့် ဦး ကိုကိုနိုင် တို့က သက်ဆိုင်ရာ မြို့နယ်များကို
ကိုယ်စားပြုကာ ဖွဲ့စည်းထားကြောင်း မြိတ် ၈၈ မျိုးဆက်ကျောင်းသားများက တရားဝင် သတင်းထုတ်ပြန်သည်။

The Voice Weekly

ကွမ်းယာဆိုင်များတွင် ရောင်းချဆဲ ကင်ဆာဖြစ်နိုင်သည့် အိန္ဒိယကွမ်းယာထုပ်များ



 အိန္ဒိယနိုင်ငံမှတင်သွင်းလာသော ကွမ်းယာအထုပ်ငယ်များအား မြန်မာနိုင်ငံအနှံရှိ ကွမ်းယာဆိုင်အများ အပြားတွင်   ရောင်းချမှုများရှိနေဆဲဖြစ်သဖြင့် ပြည်သူများ၏ကျန်းမာရေးအတွက် စီစစ်တားမြစ်မှု များပြုလုပ်သင့်ကြောင်း ပြည်သူများထံက သိရှိရသည်။


ထိုအိန္ဒိယကွမ်းယာအခြောက်ထုပ်များမှာ ထိုနိုင်ငံတွင်ပင် ကင်ဆာရောဂါဖြစ်နိုင်သည့် ရာခိုင်နှုန်း တိုးပွားစေသည့်အတွက် ပိတ်ပင်ခံထားရသည့် ကွမ်းထုပ်များဖြစ်သည်။

အဆိုပါကွမ်းယာထုပ်များအား ဓာတ်ခွဲစမ်းသပ်စစ်ဆေးချက်များအရ ဖြစ်နိုင်သည့် ကင်ဆာရောဂါများမှာ များပြားလွန်းသည့် အတွက် ရောင်းချမှုအား ပိတ်ပင်တားမြစ်သင့်ကြောင်း ရန်ကုန်အထွေထွေ ရောဂါကုဆေးရုံကြီးမှ ပါမောက္ခဆရာဝန်ကြီးတစ်ဦးက အကြံပြုပြောဆိုသည်။

“ ဓာတ်ခွဲစမ်းသပ်ချက်ကို လေ့လာကြည့်တာဖြစ်နိုင်တဲ့  ကင်ဆာရောဂါတွေက အများကြီးပဲ၊ လည် ချောင်း၊ ပါး၊ ခံတွင်းနဲ့ အူလမ်းကြောင်းတစ်လျှောက်ဖြစ်နိုင်တဲ့ ရောဂါတွေ အများကြီးပဲလေ၊ မြန်မာ နိုင်ငံမှာလည်း နယ်စပ်တွေမှာ ဒါတွေတင်သွင်းတာတွေကို ပိတ်သင့်ပြီ၊ သူတို့နိုင်ငံမှာ မစားတော့ဘူး ဆိုတာနဲ့ ဈေးပေါပေါနဲ့ အများကြီး မှောင်ခိုကနေ ၀င်လာနိုင်တယ်လေ၊ အခုဆို ရန်ကုန်မှာ ဆိုင်တိုင်း လိုလို အဲ့ဒီဆေးတွေ တွေ့လာရပြီလေ၊ လူတွေလည်း ကောင်းကောင်းစားတတ်နေပြီ ” ဟု ရန်ကုန် အထွေထွေရောဂါ ကုဆေးရုံကြီးမှ ပါမောက္ခ ဆရာဝန်ကြီးတစ်ဦးမှ ပြောသည်။

အိန္ဒိယတွင် ကင်ဆာဖြစ်ပွားသူများတွင် ၃၀ ရာခိုင်နှုန်းမှာ ဆေးရွက်ကြီးပါဝင်သော ကွမ်းစားဆေးများ ကို စားသုံးခြင်းကြောင့်   ဖြစ်သည်ဟု သိရှိရသည့်အတွက် အိန္ဒိယကျန်းမာရေးဝန်ကြီးဌာနမှ အစိုးရ သို့တင်ပြကာ ၂၀၁၂ခုနှစ် သြဂုတ်လ(၂၂)ရက်က စတင်  ပိတ်ပင်တားဆီးခဲ့သည်။

ကွမ်းစားဆေးများ အဓိကထုတ်လုပ်နေသည့် အိန္ဒိယနိုင်ငံတွင် အစိုးရမှ ပိတ်ပင်တားဆီးထား သော်လည်း မြန်မာနိုင်ငံသို့ တမူးနယ်စပ် ကုန်သွယ်ရေးဂိတ်မှ အများဆုံးဝင်ရောက်နေခြင်းဖြစ်ကြောင်း ကြောင်း ဈေးကွက်အတွင်းက သိရှိရသည်။

အိန္ဒိယနိုင်ငံတွင် ကွမ်းဆေး ထုတ်လုပ်ရောင်းချမှုအား ပိတ်ပင်ခဲ့ခြင်းကြောင့် တိုင်းပြည်ဝင်ငွေ နှစ်စဉ် ရူပီးငွေကုဋေ(၄၀)နီးပါး ဆုံးရှုံးလျက်ရှိသည်။ သို့သော် ပြည်သူလူထု၏ ကျန်းမာရေးအတွက် များစွာ အထောက်အပံ့ဖြစ်စေမည်ဟု ယုံကြည်ကြောင်း အိန္ဒိယအစိုးရမှ တရားဝင် ထုတ်ပြန်ကြေညာသည်။

ယခုနောက်ပိုင်းတွင် အိန္ဒိယတွင် ရောင်းချခွင့်မရှိတော့သောကြောင့် မီဇိုရမ်ပြည်နယ်မှတဆင့် မြန်မာနိုင်ငံသို့ ယခင်ထက် အဆမတန်တင်သွင်းနေသော်လည်း နယ်စပ်စစ်ဆေးရေးဂိတ်များမှ တားဆီးမှုမရှိသေးကြောင်း သိရှိရသည်။

“ ဒီဆေးတွေက နေ့တိုင်းလိုလို ၀င်နေတာပဲ၊ဆေးဝါးနဲ့ ပတ်သက်ပြီး ၀င်တာ မဟုတ်ဘဲနဲ့ စားသောက်ကုန်နဲ့ ပတ်သက်ပြီး ၀င်တာလေ၊ ပြီးတော့ အထက်က အမိန့်ရမှ ကျွန်တော်တို့က ဖမ်းခွင့် ရှိတာလေ”  ဟု နယ်စပ်အရာရှိတစ်ဦးက ပြောသည်။

အိန္ဒိယမှ တင်သွင်းလျက်ရှိသော ကွမ်းစားဆေးအထုပ်များတွင် ဆေးရွက်ကြီးအပါအဝင် ကင်ဆာဖြစ်စေ နိုင်သော ဓာတုပစ္စည်း (၂၅)မျိုး ပါဝင်ကြောင်းကိုလည်း သိရှိရသည်။

ထိုဆေးများကို ကွမ်းယာအတွင်းထည့်သွင်းစားသုံးမှုကြောင့် နှစ်စဉ်ခံတွင်းကင်ဆာအပါအဝင် အခြား ကင်ဆာရောဂါ များနှင့် နှလုံး၊သွေးတိုးနှင့် အစာအိမ်ရောဂါဖြစ်ပွားသူ ဦးရေပမာဏမှာလည်း မြင့်မား လျက်ရှိကြောင်း သိရှိရသည်။

မြန်မာနိုင်ငံတွင် ကွမ်းစားသူများ၏ ၇၅ ရာခိုင်နှုန်းမှာ အိန္ဒိယမှဝင်ရောက်လာသော ကွမ်းစား ဆေးများကို ကွမ်းယာအတွင်း ထည့်သွင်းစားသုံးသူများဖြစ်သည့်အတွက် ပြည်သူများ၏ ကျန်းမာရေး ထိခိုက်မည်ကို စိုးရိမ်လျက်ရှိကြောင်း ပြည်သူများထံက သိရသည်။

စစ်တမ်းများအရ မြန်မာနိုင်ငံ၌ ကွမ်းစားသူဦးရေမှာ နိုင်ငံရှိ လူဦးရေပမာဏ၏ သုံးပုံတစ်ပုံခန့် ရှိသည်။

အဆိုပါကွမ်းထုပ်များမှာ ယခင်ကငါးရာဖိုးသုံးထုပ်ရောင်းချခဲ့ရာမှ လက်ရှိအချိန်တွင် တစ်ရာဖိုးသုံးထုပ်အထိ လက်လီကွမ်းယာဆိုင်များတွင် ရောင်းချလျှက်ရှိကြောင်းသိရသည်။အိန္ဒိယကွမ်းထုပ်ငယ်များမှာ တိပ်မျိုးစုံနှင့် အမျိုးအစားမျိုးစုံရှိကြောင်းသိရသည်။

မြတ်မိုးကျော်(မြစ်မခ)
by Myit Makha Mediagroup

သစ်ထူးလွင်

ဒေါသထွက်နေသော တရုတ်လူအုပ်က အမေရိကန် သံအမတ်ကို ၀ိုင်းတိုက်ခိုက်



တရုတ်က ပိုင်ဆိုင်သည်ဟု ကန့်ကွက်လျက် ရှိသောကျွန်းကို ဂျပန်ကလည်း ပိုင်ဆိုင်ကြောင်း ပြသနေမှု အတွက် ဂျပန်ဘက်မှ ဘက်လိုက်သည်ဟု အမေရိကန်ကို ဒေါသ ထွက်နေသောလူအုပ်ကြီးက
အမေရိကန် သံအမတ်ကြီး စီးနင်း လိုက်ပါလာသော ကားကို ဝိုင်းဝန်း တိုက်ခိုက် ခဲ့ကြကြောင်း Telegraph သတင်းတစ်ရပ်က ဖော်ပြထားသည်။

လူအင်အား ၅၀ ခန့်ရှိသော လူအုပ်သည် သံအမတ်ကြီး ကားကို ဝိုင်းဝန်း တိုက်ခိုက် ခဲ့သော်လည်း လုံခြုံ ရေး အစောင့်များက ကာကွယ်နိုင်သဖြင့် သံအမတ်ကြီး ဂယ်ရီလော့ကီ လွတ်မြောက် သွားခဲ့ပြီး ကားတွင် အနည်းငယ်ထိခိုက် မှု ရှိခဲ့သည်။ တရုတ်နိုင်ငံ အမေရိကန် သံရုံးက ကြေညာချက် တစ်စောင်ကို အဆိုပါ ကိစ္စရပ်နှင့် ပတ်သက်၍ ထုတ် ပြန်ခဲ့သည်။

“သံရုံး အရာရှိများ အနေနှင့် စိုးရိမ် မှုများကို တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဌာနကို တင်ပြထားကြောင်း၊ အမေ ရိကန် ပိုင်ဆိုင်မှုများနှင့် နိုင်ငံသားများကို ကာကွယ် ပေးပါရန် တိုက်တွန်းကြောင်း” ကြေညာချက်တွင် ဖော်ပြထားသည်။
အမေရိကန် သံရုံး အနီးရှိ ဂျပန် သံရုံးကို တရုတ် လူအုပ်ကြီးက ဆန္ဒပြ နေစဉ် အမေရိကန် သံအမတ်ကြီးကားကို ဆန္ဒပြသူများ၏ ဒေါသက မြားဦး လှည့်သွားခြင်း ဖြစ်သည်။

အငြင်းပွားနေသောကျွန်းကို ဂျပန်က ဝယ်မည့် အစီအစဉ်အတွက် နောက်တက်မည့် တရုတ်ခေါင်းဆောင် ဟု တစ်ပြေးနေသူ ဒုတိယသမ္မတ ရှီချီပင်းကလည်း ရှုတ်ချ စကား ပြောဆို လိုက်ပြီး “ဂျပန်အနေနဲ့ တရုတ်ရဲ့ အချုပ် အခြာကို ထိပါးမယ့် အပြောအဆို၊ အမူ အရာတို့ကို ထိန်းချုပ် သင့်ပါတယ်” ဟု ဝေဖန် လိုက်သည်။

တရုတ် ပညာရှင်များက ကျွန်းအရေးတွင် ဂျပန်ဘက်၌ အမေရိကန်ရှိ နေကြောင်း သုံးသပ်ပြောဆိုကြကာ အမျိုးသားရေး စိတ်ဓာတ် အားကောင်း နေသည်နှင့် အမျှ အမေရိကန် မုန်းတီးရေး စိတ်ဓာတ်သည်လည်း ရေချိန်မြင့်လာ သည်။ တရုတ် အတိုက်အခံ အနုပညာရှင် ‘အိုင်ဝေဝေ’ ကပင်လျှင် ၎င်းင်း၏ Twitter ၌ ]အမေရိကန် နယ်ချဲ့ဝါဒ ကျဆုံးပါစေ၊ ငါတို့အကြွေးတွေပြန်ပေး’ ဟု ရေးသား ဖော်ပြထားသည်။

အမေရိကန် သံရုံးများသည် အာရပ် ကမ္ဘာတွင်လည်း အစ္စလာမ်ဘာသာကို စော်ကားသည့် ရုပ်ရှင်ကားကြောင့် အန္တရာယ် ကြုံနေရလျက် ရှိသည်။ 

By The Voice Weekly

မွန်တွေကလည်း ကချင်စစ်ရပ်စဲရေး လိုလား



စံခလပူရီ (မဇ္ဈိမ)။ ။ မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ် ပြည်တွင်းစစ်ပွဲများ ရပ်တန့်ရေး ဟောပြောပွဲနှင့် စုပေါင်း လက်မှတ်ရေးထိုးပွဲတခုကို သောကြာနေ့က ကျင်းပခဲ့ကြသည်။

ပွင့်လင်း ကွန်ယက် (မွန်ပြည်နယ်) မှ စီစဉ်သည့် အဆိုပါ အခမ်းအနားသို့ မွန်ပြည်နယ်မှ နိုင်ငံရေးပါတီများနှင့် လူမှုအဖွဲ့အစည်း အသီးသီးမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ (AMDP)၊ မွန်ဒီမိုကရေစီပါတီ (MDP)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ တိုင်းရင်းသား စည်းလုံး ညီညွှတ်ရေးပါတီ၊ ကရင်ပြည်သူ့ပါတီနှင့် တက္ကသိုလ် ကျောင်းသူ/
သားများ အပါအဝင် စာပေယဉ်ကျေးမှု အဖွဲ့အစည်းများမှ ပရိသတ် ၃၀၀ ကျော် တက်ရောက်ခဲ့ကြကြောင်း အခမ်းအနား စီစဉ်သူတဦးက သည်။

“ကျနော်တို့ လူငယ်တွေ စစ်ပွဲတွေကို လက်မခံဘူး။ အဓိကကတော့ ကချင်မှာ ဖြစ်နေတဲ့ စစ်ပွဲဟာ ဘယ်သူမှန်သည်
ဖြစ်စေ၊ မှားသည် ဖြစ်စေ။ ဖြစ်ပွားနေတဲ့ စစ်အားလုံး ချက်ချင်း ရပ်ပေးဖို့၊ လက်ရှိ ခံနေရတဲ့ ကချင်ပြည်သူ လူထုတွေ
အတွက် ငြိမ်းချမ်းရေးကို လိုလိုလားလား ထောက်ခံတယ်။ ကျနော်တို့ မွန်ပြည်သူ လူထုတွေ အားလုံးကလည်း
ထောက်ခံတဲ့အကြောင်း မွန်ပြည်နယ်အသံနဲ့ လုပ်တာပါ” ဟု ကိုကြည်ဇော်လွင် က မဇ္ဈိမကို ပြောသည်။

လွန်ခဲ့သည့် ရက်ပိုင်းအတွင်း ရန်ကုန်မြို့တွင် လူမှုအဖွဲ့ပေါင်း ၄၀ ကျော် စုပေါင်း ဆွေးနွေးပြီး တနိုင်ငံလုံး အတိုင်းအတာဖြင့် လုပ်ဆောင်ရန် ဆုံးဖြတ်ခဲ့ကြသည်။

မော်လမြိုင် အခမ်းအနားတွင် ငြိမ်းချမ်းရေးနှင့် ပတ်သက်သည့် ဟောပြောခြင်း၊ စာတမ်း ဖတ်ခြင်း၊ စုပေါင်း လက်မှတ်ရေးထိုးခြင်း၊ ကာတွန်းပြပွဲ၊ ငြိမ်းချမ်းရေး ကဗျာ ရွတ်ဆိုခြင်းနှင့် သီချင်းဆိုခြင်းများကိုလည်း ပြုလုပ်ခဲ့
ကြသည်။

“ကျနော်ကတော့ ငြိမ်းချမ်းရေးအတွက် တဘက်နဲ့ တဘက် ဗြဟ္မစိုရ်တရား ထားသင့်တဲ့အကြောင်းကို အခမ်းအနား
ဖွင့်ပွဲမှာ ပြောခဲ့ပါတယ်” ဟု AMDP မှ နိုင်ငွေသိမ်း က ပြောသည်။

အခမ်းအနား တက်ရောက်သူများက ပြည်တွင်းစစ်ပွဲများ ရပ်တန့်ရေးအတွက် စုပေါင်း လက်မှတ်ရေးထိုးခဲ့ကြပြီး အခြား ပြည်နယ်/တိုင်းများမှ ရရှိသော လက်မှတ်များနှင့် ပူးတွဲကာ သမ္မတထံ ပေးပို့ကြမည်ဖြစ်ကြောင်း သိရှိရ
သည်။

နံနက်ပိုင်းတွင် အရှေ့တပ်မြေလမ်း မွန်ဓမ္မာရုံတွင် AMDP၊ MDP၊ မွန်ပြည်သစ်ပါတီ နှင့် မွန်လူမှုအသင်းအဖွဲ့များက အင်အား ၅၀ ကျော်က စစ်ရပ်စဲရေးအတွက် ဟောပြောခဲ့ကြပြီး ငြိမ်းချမ်းရေး မီးပုံးပျံများ လွှတ်တင်ခဲ့ကြောင်း
မော်လမြိုင် တက္ကသိုလ် ကျောင်းသားတဦး ဖြစ်သည့် မင်းစီစွမ်း က ပြောသည်။

“ကျနော်တို့ မွန်လူငယ်တွေ စစ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးကို လိုလိုလားလား လက်ခံတယ်။ အစိုးရက တနိုင်ငံလုံး ငြိမ်းချမ်းရေး တည်ဆောက်နေတယ်လို့ ပြောပေမယ့် ကချင်မှာ စစ်ပွဲတွေ ဖြစ်နေတုန်းပဲ။ ဒီကချင်စစ်ပွဲတွေ ရပ်တန့်ဖို့ ကျနော်တို့ လက်တွဲပြီး လုပ်ဆောင်သွားဖို့အတွက် ဒီအခမ်းအနားကို ကျင်းပတာ ဖြစ်တယ်” ဟု မဇ္ဈိမကို ပြောသည်။

By Mizzima

မညီညွတ်သူတွေ ချန်ခဲ့မည်ဟု NLD ပြော


ကျော်ခ

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီက ညီလာခံခေါ်ယူရေး ပြင်ဆင်လျက်ရှိရာ အောက်ခြေအဆင့်ဆင့်တွင် အငြင်းပွားမှုများ ဖြစ် ပွား နေပြီး ညှိနှိုင်းဆောင်ရွက်နိုင်ခြင်း မရှိဘဲ တင်းမာနေသူများကို ချန်ခဲ့တော့မည်ဖြစ်ကြောင်း သိရသည်။

ပြည်နယ်နှင့်တိုင်း အများစုတွင် NLD ညီလာခံ ခေါ်ယူနိုင်ရေးအတွက် ရပ်/ကျေး၊ မြို့နယ်၊ ခရိုင်နှင့် တိုင်းအဆင့်ဆင့် လူရွေးချယ်မှု ပြုလုပ် ရာ ၌လူသစ်များအချင်းချင်း၊ လူဟောင်းများအချင်းချင်း၊ လူသစ်နှင့် လူဟောင်းအကြား၊ လူကြီးနှင့် လူငယ်များအကြား အငြင်းပွားမှုများ ဖြစ်ပွား နေသည်။

ယင်းသို့ ဖြစ်ပွားနေခြင်းကို အချင်းချင်း ညီညွတ်ရေးရရှိရေး ညှိနှိုင်းရန် ဗဟိုက အကြောင်းကြားထားကြောင်း၊ သို့ရာတွင်ညှိနှိုင်းနိုင်မှုမရှိ သော နေရာများကို ညီလာခံသို့ ခေါ်မည်မဟုတ်ဘဲ ချန်ခဲ့မည်ဟု NLD တနိုင်ငံလုံး ပါတီဝင် စုဆောင်းရေး တာဝန်ရှိသူ ဦးစိုးဝင်းက ပြော သည်။

“ကျနော်တို့က သူတို့ကို မညီညွတ်လို့ရှိရင် ညီညွတ်အောင်လုပ်ဖို့ တာဝန်ပေးထားတယ်၊ မညီညွှတ်သူ တွေကို ဖွဲ့မပေးတော့ဘူး၊ ညီညွတ်တဲ့ ထိအောင်စောင့်၊ သူများတွေဆီမှာ ညီညွှတ်လို့ ညီလာခံတွေ ပေါ်လာတယ်၊ အဲဒီလိုသူတို့ဆီမှာ ညီ ညွတ်အောင် မလုပ်နိုင် ဘူးဆိုရင် သူတို့ကို ထားပစ်ခဲ့မှာပဲ” ဟု ဦးစိုးဝင်းက ဧရာဝတီနှင့် တွေ့ဆုံရာတွင် ပြောဆိုသည်။

ညီလာခံ အစီအစဉ်အရ ရပ်/ကျေး ညီလာခံမှစ၍ မြို့နယ်အဆင့်၊ ထိုမှတဆင့် ခရိုင်အထိ အဆင့်ဆင့် ရွေးချယ်ဖွဲ့စည်း သွားမည်ဖြစ်ပြီး နောက် ဆုံးတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ညီလာခံကို ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

“အဓိကကတော့ ဒီမိုကရေစီနည်းကျကျ အောက်ခြေကနေ ဗဟိုကိုတက်လာတယ်ဆိုတဲ့ နည်းကို ကျ နော် တို့က ဖော်ဆောင်တာပဲ၊ ဒီမိုကရေ စီနည်းကျကျ ဒီမိုကရေစီရဲ့ မူဝါဒအတိုင်း လိုက်နာဆောင် ရွက်သွားမှာ ဖြစ်တယ်” ဟု ဦးစိုးဝင်းက ပြောသည်။

ညီလာခံခေါ်ယူရေးကိစ္စနှင့် ပတ်သက်၍ အောက်ခြေအဆင့်ဆင့်၌် သဘောထားကွဲလွဲမှုများ ဖြစ်ပွားရာတွင် NLD ကို ပြန်လည် ဆန္ဒပြသူ များ၊ တိုင်စာပို့သူများ၊ လူကိုယ်တိုင် လာရောက်တိုင်းကြားသူများ ရှိကြောင်း NLD နာယက ဦးတင်ဦးက ပြောသည်။

“ရုံးကိုစာတွေပို့လာတာလည်း ရှိတယ်၊ ဖုန်းဆက်ပြီး ဆန္ဒပြမယ်ပြောတာလည်းရှိတယ်၊ တချို့ကဒီရုံးချုပ် ကိုလာပြီး ကျနော့စားပွဲကိုလက်သီး နဲ့ ထုပြီးပြောတာတောင် ရှိတယ်ဗျ” ဟု ဦးတင်ဦးက ဧရာဝတီနှင့် တွေ့ဆုံရာတွင် ပြောဆို သည်။

ယင်းသို့ဖြစ်ပွားနေမှုများကို ပါတီတွင်း ညီလာခံပြုလုပ်ရာ ရပ်/ကျေး၊ မြို့နယ်၊ ခရိုင်၊ တိုင်းရှိ သက်ဆိုင်ရာနေရာ အသီးသီးတွင် ညီညီ ညွတ် ညွတ်ဖြင့် အချင်းချင်း ညှိနှိုင်းအဖြေရှာကြရန်နှင့် လူထုယုံကြည်လေးစားသည့် ပါတီတရပ်အဖြစ်သက်သေပြရန်လိုအပ်ကြောင်း သူ ကဆက် ပြောသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ခိုင်ရေးပါတီ) အပါအဝင် အခြားသောပါတီများကလည်း ၂၀၁၅ရွေးကောက်ပွဲအတွက်ကြို တင် ပြင်ဆင်မှုများ ရှိလာမည်ဖြစ်ကြောင်း၊ သို့ဖြစ်၍ NLD အနေဖြင့် အဆင့်ဆင့် ညီညွှတ်နေရန် လိုအပ်ကြောင်း ပါတီဗဟိုအဖွဲ့ခေါင်း ဆောင်များ က ပြောသည်။

ယခုအခါ NLD သည် ပါတီအနာဂတ်အတွက် လူငယ်များကို ဦးစားပေးလုပ်ဆောင်သွားမည်ဖြစ်သည်ဟု သိရသည်။ ထို့အတူ ပါတီ ဗဟို အဖွဲ့ချုပ်တွင်လည်း ယခုလမှ စတင်ကာ ပြည်နယ်နှင့် တိုင်းအသီးသီးရှိ အဖွဲ့ချုပ်အဖွဲ့ဝင် လူငယ်များကိုလည်း နိုင်ငံရေး စွမ်းရည်မြှင့်တင် ရေးသင် တန်းများ လစဉ်ပြုလုပ်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

၂၀၁၅ ခုနှစ်တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် NLD ပါတီ၏ အဓိက ပြိုင်ဘက်ဖြစ်မည်ဟု ပြောဆိုနေကြသော ကြံ့ခိုင်ရေးပါ တီ သည် ကြားဖြတ်ရွေးကောက်ပွဲ အပြီး ဧပြီလ ၁၆ ရက်နေ့မှ စ၍ အောက်ခြေမှစ၍ တိုင်းအဆင့်ထိ ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်နေ ကြောင်း သိရသည်။

ကြံ့ခိုင်ရေးပါတီသည် ကြားဖြတ်ရွေးကောက်ပွဲ ပြုလုပ်ခဲ့သော ၄၅ နေရာ၌ နေရာအားလုံး အနိုင်ရမည်ဟု မျှော်လင့် ထားသော်လည်း ရွေး ကောက်ပွဲအပြီးတွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော NLD ပါတီက နေရာအများစုတွင် အပြတ်အသတ်အနိုင်ရရှိခဲ့ပြီး NLD ဝင် ရောက် ယှဉ်ပြိုင်ခြင်းမရှိသော တနေရာသာ ကြံ့ခိုင်ရေးပါတီက အနိုင်ရရှိခဲ့သည်။

ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ နှင့် တိုက်ပွဲများတွင် အစိုးရတပ် အကျများနေ



ကချင်ပြည်နယ် မြစ်ကြီးနား-ဗန်းမော်လမ်း ဒေါ့ဖုန်းယန်မှ မုန်လိုင်ခ (Munglai Hka) အောက် လွန်ဂျယ်ဘွမ် (Loi Je Bum) တွင် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ တပ်မဟာ (၅) လက်အောက်ခံတပ်ရင်း (၂၄) ကချင်ကာ ကွယ်ရေးတပ်ဖွဲ့သည် မြန်မာအစိုးရတပ် ခမရ (၃၂၀)နှင့် (၃၈၄) ကို ယမန့်နေ့ စက် တင်ဘာ ၂၁ ရက် ညနေတွင် ဗုံးဖြင့်ပစ်ခတ် တိုက်ခိုက်ရာ အစိုးရတပ်မှ ၁၀ ဦး ကျော် သည် သေဆုံး ဒဏ်ရာရရှိခဲ့ကြောင်း ရှေ့ တန်းမှ အရာရှိတဦး KNG ကချင်သတင်း ဌာနသို့ပြောသည်။ 
တိုက်ခိုက်မှုတွင် သေဆုံး ဒဏ်ရာရရှိသူ များကို ထမ်းပြီးပြန်လာသော အစိုးရတပ် အင်အား ၃၀ ကျော်ကိုလည်း ဆားကျွန်း ရွာဦးတွင် ည ၉ နာရီ ချိန်ခန့်တွင် KIA တပ် များ ထပ်မံ တိုက်ခိုက်ခဲ့ရာ ထပ်၍သေဆုံးမှု များရှိကြောင်း ရှေ့တန်းမှဆိုသည်။ “ဘယ်နှစ်ယောက် ထပ်ပြီး သေတာမသိ တော့ဘူး။ ဒဏ်ရာရသူတွေနဲ့ သေဆုံးမှုက များတယ်။ ညအရမ်းမိုး ချုပ်လာတော့ ပြန် သွားလိုက်တယ်။ ဒီမနက်မှပြန်သွားကြည့် တယ်။” 
ထို့အတူ ဒေါ့ဖုန်းယန်အထက် ဘွမ်ဆောန် ဘွမ်တွင်လည်း ယမန်နေ့က ကချင်လွတ် မြောက်ရေးတပ်ဖွဲ့ တပ်မဟာ (၅) အောက် တပ်ရင်း (၂၄) ကချင်ကာကွယ်ရေးတပ်ဖွဲ့များ နှင့် မြန်မာအစိုးရ ခမရ (၃၈၈) တပ်တို့
တိုက် ခိုက်ပွဲဖြစ်ပွားခဲ့ရာ အစိုးရတပ်မှ အကျများ ကြောင်း အရာရှိ တဦး KNG ကချင်သတင်း ဌာနသို့ပြောသည်။
“သေဆုံးတာနဲ့ ဒဏ်ရာရတာ ၁၅ ယောက် လောက်ရှိတယ်။ တိတိကျကျတော့ မသိနိုင်သေးဘူး။ သူတို့ဘက်က Bazooka အမြောက် ဆံများလည်း ရရှိတယ်။ သေနတ်ကျည်ဆံများ လည်း အနည်းအကျဉ်းတော့ရတယ်။ ဒီမနက်မှ ပြန်သွားကြည့်ကြတယ်။ များတော့များမယ် ထင်တယ်။” ဟုပြောသည်။ 
ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA ဗဟို ဌာနချုပ် လိုင်ဇာအနီးတွင်လည်း စစ်အင်အား များ ဖြည့်တင်းတိုးချ နေသော မြန်မာအစိုးရ တပ်များနှင့် ယမန်နေ့ ည ၃ နေရာတွင် တိုက်ခိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး လက်နက်ကြီးများနှင့် ပစ်ခတ် တိုက်ခိုက်မှုတွင် အစိုးရတပ်ဖက်မှ သေဆုံး ထိခိုက်ဒဏ်ရာရရှိသူ ၃၀ ကျော် ရှိကြောင်း KIA အရာရှိတဦး ပြောသည်။ နှစ်ဖက် တိုက်ပွဲများ ပြင်းထန်နေဆဲဖြစ်ပြီး အစိုး ရဖက်မှ အကျအဆုံး ဒဏ်ရာရသူ များကြောင်း ပြောဆိုသော်လည်း အတိအကျ အတည်ပြုမှုကို မသိရသေးပေ။ 

သတင်းရင်းမြစ် - ကချင်သတင်းဌာန

နှစ်ပေါင်း ၂၀ ကျော် အိမ်ထဲမှာ သံကြိုးခတ်ခြင်း ခံထားရသူ



မိခင်တဦးအနေနဲ့ ကိုယ့်ရင်က လွယ်မွေးထားတဲ့သားဖြစ်သူကို အိမ်ထဲမှာဘဲ နှစ်ပေါင်း ၂၁ နှစ်ကျော် သံကြိုးနဲ့ ခတ်ထားတယ်ဆိုရင် သာမန်အားဖြင့် မယုံနိုင်စရာပါ။

ဒါပေမယ့် တရုတ်ပြည်အရှေ့ပိုင်း ကျန်စုပြည်နယ်၊ နန်ကျင်းမှာ တကယ်ဖြစ်နေပါတယ်။
အသက် ၇၁ နှစ်ရှိ ချန်ကြုဖန် ဆို တဲ့ မိခင်က အသက် ၃၇ နှစ်ရှိ သားဖြစ်သူ ဟောင်
ချန်လင်းကို သူ ၁၆ နှစ်သား ကတည်းက သံကြိုးခတ်ပြီး အိမ်ထဲမှာ ထားခဲ့ပါတယ်
လို့ မေးလ် အွန်လိုင်း သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။


ချန်လင်း၏ မိခင် 
အခုလို လုပ်ထားရတာလည်း မိခင်တယောက်အနေနဲ့ ရင်နာနာနဲ့ လုပ်ရတာပါတဲ့။
 တကယ်လို့ ချန်လင်းကို သံကြိုးတွေနဲ့ မခတ်ထားရင် သူက အိမ်နီးချင်းတွေကို
ကိုယ်ထိလက်ရောက် ကြမ်းတော့တာပါဘဲတဲ့။



ချန်လင်းရဲ့လက်ညာဖက် လက်ကောက်ဝတ်မှာ သံကြိုးတန်းလန်းနဲ့ နေခဲ့ရတာ
 နှစ်တွေ ကြာလွန်း လာ တာကြောင့် အသာမာတွေကလည်း တက်နေတာပေါ့။



အမေဖြစ်တဲ့သူက သူ့ သားဖြစ်သူ ချန်လန်း အနေနဲ့ အခုလို စိတ်ဝေဒနာ ခံစားရတာ
အသက် ၁၆ နှစ်၊ ဆယ်ကျော်သက် အရွယ် ချစ်သူရည်စားနဲ့ လမ်းခွဲခဲ့အပြီး အသည်း
ကွဲဝေဒနာတွေနဲ့ စိတ်ဖိစီးမှုတွေ အများကြီး ဖြစ်တာက စခဲ့တာလို့ ယုံကြည်
 နေပါတယ်။

ချန်လင်းမိသားစုက ပြောတာကတော့ သူ့ချစ်သူနဲ့ လမ်းခွဲတဲ့နေ့က ချန်လင်းရဲ့ ကောင်
မလေးက အနီရောင် ၀တ်ခဲ့တာ ကြောင့် ချန်လင်းဟာ အနီရောင်မြင်တာနဲ့ ဒေါသတွေ
 ထွက်ပြီး ကြမ်းတော့တာပါဘဲ တဲ့။
 ပြောရရင် အချစ်ကြောင့် ရူးခဲ့ရတာပါ။



ချန်လင်းရဲ့ မိခင်က ပြောတာကတော့ သာမန် လယ်သမား မိသားစုဖြစ်တာကြောင့်
စိတ္တဇဆေးရုံကို ပို့တာတို့ ကျွမ်းကျင်တဲ့ ဆရာဝန်နဲ့ သေချာ ပြပြီး ကုသတာမျိုးလည်း
မလုပ်ဖူးပါဘူးတဲ့။ ဒီလိုနဲ့ အခု လို နှစ်တွေ ကြာလာခဲ့တော့တာပါဘဲ။

“ကျမ လုပ်နိုင်တာ အားလုံးကတော့ သူ့ကို သန့်ရှင်းရေး လုပ်ပေးမယ်။
အန္တရာယ်မဖြစ်အောင်ထားမယ်။ အစာကျွေးမယ်” လို့ ချန်လင်းရဲ့ မိခင်က
 ပြောတာပါ။

သံကြိုးတန်းလန်းနဲ့ သားဖြစ်သူကို မြင်တိုင်း ရင်ထဲ မချိတင်ကဲခံစားရပေမယ့် ပိုက်ဆံ
မရှိတာကြောင့် လည်း ဆေးမကုနိုင်ခဲ့ဘူး၊ သားဖြစ်သူကို နေကောင်းစေချင်တာ
သူ့ရင်ထဲက ဆန္ဒပဲလို့ သူက ဆက်ပြော ထားပါတယ်။

 မိခင်ဖြစ်တဲ့သူက တခါတလေ သားဖြစ်သူ ချန်လင်းကို  သံကြိုးဖြုတ်ပေးလိုက်ရင်
 ရွာထဲလျှောက်သွားပြီး ကြမ်းတော့တာပါဘဲတဲ့။ အထူးသဖြင့် အ၀တ်အစား
 အနီ ရောင် ၀တ်တဲ့ မိန်းကလေးတွေဆိုရင် ဒေါသ တကြီးနဲ့ ရန်လိုပြီး ကိုယ်ထိ
 လက်ရောက် အနာတရဖြစ်အောင် လုပ်တော့ မိခင် ဖြစ်သူ အနေနဲ့ တခါ တလေ
သားဖြစ်သူအပေါ် သနားစိတ်နဲ့ သံကြိုးဖြေ လွှတ်ပေးလိုက်တဲ့ အတွေ့ အကြုံကို
 ပြောပြတာပါ။



ဒီလိုနဲ့ သားဖြစ်သူကို ပြန်ဖမ်း၊ သံကြိုးခတ်ပြီး ဓာတ်ပုံတွေမှာ မြင်ရတဲ့အတိုင်း ထားရင်းနဲ့
၂၁ နှစ်ကျော် လာခဲ့တော့ တာပါဘဲတဲ့။By Irrawaddy

လိုအပ်ရင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ပေးမယ်လို့ ဝန်ကြီးဦးအောင်မင်းပြော



2012-09-22


မြန်မာနိုင်ငံမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ အပစ်အခတ်ရပ် ငြိမ်းချမ်းရေး ပေါ်ပေါက်ဖို့အတွက် လိုအပ်တဲ့ အပေးအယူ မှန်သမျှကို မြန်မာအစိုးရက လုပ်ဆောင်သွားဖို့ ရှိတယ်လို့ သမ္မတရုံး ဝန်ကြီးဖြစ်သူ ဦးအောင်မင်းက အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့ကို ရောက်စဉ် မနေ့က ပြောကြား လိုက်ပါတယ်။


နယူးယောက်မြို့က ကုလသမဂ္ဂဌာချုပ်ကို ဝန်ကြီး ဦးအောင်မင်းနဲ့အဖွဲ့ ရောက်ရှိစဉ် ရိုက်တာ သတင်းဌာနကို ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

ဦးအောင်မင်းရဲ့ ပြောဆိုချက်နဲ့ ပတ်သက်ပြီး ထိုင်း-မြန်မာနယ်စပ် အခြေစိုက် UNFC လို့ခေါ်တဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီ အထွေထွေအတွင်းရေးမှူး နိုင်ဟံသာက အခုလို မှတ်ချက်ပေးပါတယ်။


"ဒါကတော့ ဦးအောင်မင်း တစ်ယောက်ထဲရဲ့ အပြောပဲလေ။ ဦးအောင်မင်းနဲ့ စကားပြောလိုက်ရင် ဘာမဆို အားလုံး လွယ်နေတာချည်းပဲဗျ။ ဒါပေမဲ့ လက်တွေ့ကြတော့ ဒါကအများနဲ့ကိစ္စ၊ ဘာမှဖြစ်ဖို့ မလွယ်ဘူးလေ။ အဲဒီတော့ အစိုးရ တစ်ဖွဲ့လုံးရဲ့ကိစ္စ၊ တပ်မတော် ကိစ္စဆိုတဲ့ဟာမှာ အမှန်က လက်တွေ့အရ ပြောင်းလဲဖို့ မလွယ်ဘူး"


ဒါ့အပြင် ကချင် KIA တပ်တွေနဲ့ အပစ်ရပ်ရေး ပဏာမ သဘောတူညီချက် ရထားပေမယ့် လာမယ့် ဒီဇင်ဘာလ UNFC လက်နက်ကိုင် တပ်ပေါင်းစုအဖွဲ့နဲ့ ဦးအောင်မင်း ဦးဆောင်တဲ့ အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်မှုအဖွဲ့တို့ တွေ့ဆုံချိန်မှာ အပြီးသတ် လက်မှတ်ရေးထိုး နိုင်လိမ့်မယ်လို့မျှော်လင့်ကြောင်း ဝန်ကြီးဦးအောင်မင်းက (ရိုက်တာ) သတင်းဌာနကို ပြောဆိုပါတယ်။

Copy from - RFA Burmese

""၁၂နှစ်အရွယ် မိန်းကလေးတစ်ဦးအား မုဒိမ်းကျင့်ကာ လည်လှီးသတ်ဖြတ် "


ဇော်ဇော်(ရွှေမြန်မာမီဒီယာဂရု)
ဘင်္ဂလားဒေ့ခ်ျနိုင်ငံ ဂျာမာပူမြို့နယ် စာရီရှာ
ဘာရီ ဒေသ၌ အလုပ်ခွင်အတွင်းတွင်
၁၂နှစ်အရွယ် မိန်းကလေးတ ဦးအား
မုဒိမ်းပြုကျင့်ကာ လည်လှီးသတ်ဖြတ်
ထားသော အလောင်ကို စက်တင်ဘာ ၂၀ရက်(ကြာသပတေး)နေ့ ကတွေ့ရှိ
သည်ဟု သတင်းရရှိသည်။

သတ်ဖြတ်ခံရသော ဆာရူဖာသည် ဆိုဘရာအာလီ၏ နောက်ဆုံး သမီးငယ်ဖြစ်ပြီး
ဂျာမာပူမြို့နယ် ကာဝါမာရာ ရွာမှ ဖြစ်သည်ဟု ဆိုသည်။

သူမအား သတ်ဖြတ်ခံမှုနှင့် ဆက်စပ်၍ အလုပ်ရှင်လည်းဖြစ် Pingna Sujat Ali Degree
College ၏ကတိက ဖြစ်သည့် Md Benjamin Hossain နှင့် သူ့မိခင်ကိုပါ အဆို
ပါညဥ့်တွင် ရဲတပ်ဖွဲ့မှ ဆမ်းဆီးခဲ့သည်ဟု ဆိုသည်။

ယခုအခါ Benjamin သားမိနှစ်ယောက်နှင့် Benjamin၏ညီဖြစ်သူ Harun-ur-Rashid
အား မုဒိမ်းပြုကျင့် သတ် ဖြတ်ခံရသည့် မိခင် Hena Begum က ရဲဌာန၌ အမူဖွင့်
တရားစွဲထားသည်ဟု ဆိုသည်။

ကြာပတေးနေ့က Benjamin နဲ့သူ့မိသားစုတွေ အပြင်ကိုသွားတဲ့အချိန်မှာ Sarufa
 တယောက်ထဲ အဲဒီအိမ်မှာရှိ နေခဲ့တယ်။ Saharaအိမ်သည် အိမ်နီးနားချင်း
အိမ်ဖြစ်ပါတယ်။

 ညနေ ၆နာရီခွဲမှာ အဲဒီအိမ်ကအပြင် ရေကန်နား မှာ လူတဦးက မုဒိမ်းပြုကျင့်ပြီး လည်လှီးသတ်ဖြတ်ထားတဲ့ အဲဒီမိန်းကလေးကို တွေ့ရှိတာဖြစ်တယ်လို့ ဒေသခံ
 တွေပြောပြချက် အရသိရကြောင်း သတင်းကဖေါ်ပြသည်။

ပြုကျင့်သတ်ဖြတ် ခံရသည့် မိန်းကလေး၏ မိခင် Hanaက Benjamin ၏ညီ Harun
 ကမုဒိမ်းပြုကျင့် သတ်ဖြတ် ရာတွင် သူနှင့်အတူ မိသားစုပါ ပါဝင်နိုင်သည့်အတွက်
 အဆိုပါမှုကို ၄င်းတို့ဘက်မှ ဖုံးဖိထားသည်ဟု စွပ်စွဲထား သည်။

“အဖြစ်မှန်ကို ဖေါ်ထုတ်နိုင်ဖို့အတွက် ကြိုးစားနေပါတယ်” ရဲဌာနမှ အရာရှိ Kamrul
 Ahsan ကပြောသည်။

အဆိုပါ အလောင်းကို ရဲအဖွဲ့မှ လက်ခံရရှိပြီးနောက် ဂျာမာပူ ဆေးရုံသို့
ပို့ဆောင်းလိုက်သော်လည်း ဆေးရုံ၌ သေဆုံးသွားသည်ဟု
သိရသည်။

ဇော်ဇော်(ရွှေမြန်မာမီဒီယာဂရု)

ကားစလစ် ဈေးနှုန်းများမှာ ကျပ်သိန်း ၉၀ ကျော်အထိ မြင့်တက်လာ



ဗ အက္ခရာ အိုဟောင်း ယာဉ်များကို သက်ဆိုင်ရာမှ အပ်နှံမှုများ လက်ခံပြီး နောက်ပိုင်းမှာ ကားစလစ် ဈေးနှုန်းများဟာ ငွေကျပ် သိန်း ၉၀ ကျော်ထိ မြင့်တက် လာခဲ့တယ်လို့ ဟံသာဝတီ ကားပွဲစားဝန်း
အတွင်ရှိ ကားဝယ်ရောင်း အကျိုးတော်ဆောင်များ ထံမှ သိရပါတယ်။ ပြီးခဲ့တဲ့ လပိုင်းအတွင်း အိုဟောင်း ကားများ အပ်နှံတဲ့ ကားစလစ် ဈေးနှုန်းများဟာ ငွေကျပ်သိန်း ၇၀ ကျော် သာရှိပြီး ယခု ရက်ပိုင်းမှာ ဈေနှုန်းများ စတင် မြင့်တက် လာတာ ဖြစ်ပါတယ်။

ယခုလို ကားစလစ် ဈေးနှုန်းတွေ မြင့်တက် လာတဲ့ အတွက် ကားဈေးနှုန်း များဟာလည်း အနည်းငယ် မြင့်တက် လာတယ်လို့ သိရပါတယ်။ ဒါပေမယ့် အခုလို အောက်ကား ဈေးနှုန်းများ မြင့်တက် လာပေမယ့်လည်း ဈေးကွက် အတွင်းမှာ အမြင့်ကားတွေ ဖြစ်တဲ့ ပရာဒို၊ လန်ခရူဇာ၊ Rap- 4 ၊ ပရိုပေါက်၊ အစရှိတဲ့ ကားများမှာလည်း အ၀ယ်များလျက် ရှိတယ်လို့ သိရပါတယ်။ အမြင့်ကား ဈေးနှုန်းတွေ ကတော့ ပရာဒိုကားများဟာ ငွေကျပ် သိန်း ၄၀၀ ကျော်၊ လန်ခရူဇာကား များဟာ သိန်း ၃၀၀ ကျော်၊ Rap- 4 ကားများဟာ ငွေကျပ်သိန်း ၂၆၀ မှ ၂၇၀ ၀န်းကျင် အထိရှိပြီး ပရိုပေါက်ကား များကတော့ ငွေကျပ် သိန်း ၁၄၀ ခန့်နဲ့ AD ဘမ်ကား ကတော့ သိန်း ၁၀၀ ကျော် ရှိတယ်လို့ သိရပါတယ်။ ဒါပေမယ့်ကား ၀ယ်ရောင်း အကျိုးတော်ဆောင် တစ်ဦးရဲ့ ပြောကြားချက် အရ ကားဝယ်တဲ့ သူတွေဟာ ကားများ ၀ယ်ယူပါက ကားဝယ်ရောင်း ဈေးကွက်က ကားတွေထက် Showroom တွေမှာ ရောင်းချတဲ့ ကားတွေကို ပိုမိုဝယ်ယူမှုများ များပြားတယ် လို့လည်းသိရပါတယ်။

Reference and Credit to -MRTV-4
Posted By Admin Team[NOM]

မြန်မာလိင်လုပ်သားများအတွက် အခွင့်အရေး







မြန်မာလိင်လုပ်သားများအတွက် အခွင့်အရေးနှင့်ထိန်းချုပ်မှုများပါဝင်သည့် လိင်လုပ်သားဆိုင်ရာဥပဒေများအား ပြင်ဆင်ပြဋ္ဌာန်းရန်လိုအပ်လျက်ရှိကြောင်း လိင်လုပ်သားများအရေးဆောင်ရွက်ပေးနေသူများထံက သိရှိရသည်။

လိင်လုပ်သားများအား အခွင့်အရေးနှင့် ထိန်းချုပ်မှုများ ပေးလိုက်ပါက HIV / AIDS ပြဿနာများမှာ လျော့နည်းသွားနိုင်ပြီး၊ လျှို့လျှို့ဝှက်ဝှက်ဖြင့် လိင်အလုပ်သမားများလုပ်ဆောင်နေလျှင် တိုင်းပြည်အတွက်ဆိုးရွား သည့် အြေ
ခအနေများ ဖြစ်ပေါ်နိုင်ကြောင်းကိုလည်း သိရသည်။

“ဒီ sex worker တွေနဲ့ပတ်သက်လို့ အခွင့်အရေးတွေပေးသင့်သလို့ တဖက်ကလည်း စည်းကမ်းတွေ ချသင့်တယ်လို့ထင်တယ့် အခုဆိုလို့ရှိရင် အမမြင်ရသလောက်ကတော့ ဒီ sex worker တွေနဲ့ပတ်သက်လို့ ဘာအခွင့်အရေးမှ မရှိဘူးပေါ့နော် ပြောရမယ်ဆိုလို့ရှိရင် အနီးစပ်ဆုံးထိုင်းနိုင်ငံမှာတောင်မှ ဒီ sexworker တွေနဲ့ပတ်သက်လို့ အခွင့်အရေးတွေ ပေးထားတယ် တဖက်ကလည်း ထိန်းချုပ်ထားတာတွေရှိတယ် ” ဟု မင်္ဂလာတောင်ညွှန့်၊ ဒီချုပ်ပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းမှပြောဆိုခဲ့သည်။

ထိုကဲ့သို့ တရားဝင်လုပ်ကိုင်ခွင့်များချမပေးဘဲ ယဉ်ကျေးမှုအား ဖက်တွယ်ထားလျှင်လည်း တိုင်းပြည်သည်ရောဂါများဖြင့် အခက်အခဲတွေ့လာနိုင်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက ဆက်ပြောသည်။

လိင်လုပ်သားတွေပပျောက်ရေးအတွက် နိုင်ငံတော်မှ ၁၉၄၉ ခုနှစ်တွင် ပြည့်တန်ဆာနှိပ်ကွပ်ရေးအက်ဥပဒေ အားပြဌာန်းခဲ့ပြီး ၊ လိင်လုပ်သားများအား တစ်နှစ်ထက် မပိုသည့်ထောင်ဒဏ်ချမှတ်နိုင်ပြီးယခုအချိန်တွင် သုံးနှစ်ထက်မပိုသော ထောင်ဒဏ်အဖြစ် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုအစိုးရတက်ပြီးချိန်၌ ပြောင်းလဲသတ်မှတ်ခဲ့သည်။

“ဥပဒေပိုင်းတွေ ဘာတွေကိုလည်း သေချာလုပ်သင့်တယ်လို့ ထင်တယ်၊ အမတို့ကစိုးရိမ်တာပေါ့နော် တရားဝင်လုပ်ခွင့်လည်း တောင်းချင်တယ်၊ အဲ့ဒီမှာ ပြဿနာရှိပြန်တယ် အမတို့က ယဉ်ကျေးမှုအရပေးမှာလား မပေးဘူး လား ပိုသတိထားပြီး အမတို့အတွက် ပိုကျပ်သွားမလား ဘာလားကိုလည်း ကြောက်နေရတယ်” ဟု မြန်မာနိုင်ငံလိင်လုပ်သားများ ကွန်ယက်မှ ဥက္ကဌ ဒေါ်နှင်းနှင်းယု က ပြောသည်။

အဆိုပါလိင်လုပ်သားများကွန်ဆက်မှ မြို့ပေါင်း(၁၃)မြို့နှင့်ဆက်သွယ်ထားပြီး၊ အမျိုးသမီးလိင်လုပ်သားအဖွဲ့ဝင်ဦးရေ (၇၀၀)၀န်းကျင်ရှိကြောင်း သိရသည်။

လိင်လုပ်သားများအနေဖြင့်လည်း လူသားများဖြစ်သဖြင့် ၎င်းတို့အား လူ့အခွင့်အရေးများအပြည့်အ၀ပေးစေချင်ကြောင်း ကိုလည်း ပြောကြားခဲ့သည်။

“ကျွန်မတို့ဆိုရင် ကိုယ်ရှာတာက ကိုယ့်အတွက်မဟုတ်ဘဲ ရဲတွေအတွက်ဖြစ်နေတယ်၊ နေ့တိုင်းဒီနေရာကိုရောက်ရင် ရင်တထိတ်ထိတ်နဲ့ ဘုရားတပြီးလာနေရတယ်” ဟု ရန်ကုန်မြို့တွင်းမှ အသက် ၂၅ နှစ်ဝန်းကျင်လိင်အလုပ်သများတစ်ဦးက လက်ရှိ၎င်းတို့ကြုံတွေ့နေ ရသည့်  အဖြစ်အပျက်အား ရှင်းပြသည်။

အဆိုပါ လိင်အလုပ်သမားများအတွက်ပြဌာန်းထားသော ၁၉၄၉ ခုနှစ် ပြည့်တန်ဆာနှိပ်ကွပ်ရေးအက်ဥပဒေအား ပြောင်းလဲရန် အတွက်မူ လွှတ်တော်အတွင်းတွင် အမျိုးသမီး အရေအတွက် နည်းပါးနေခြင်းကြောင့်မြန်မာနိုင်ငံတွင်း၌ ငြိမ်းငြိမ်းချမ်းချမ်းဖြစ်သွားပါက ဆွေးနွေးနိုင်မည်ဖြစ်ကြောင်း အင်ဂျန်းယန် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဒွဲဘူက ဆိုသည်။

စကတ်တိုနဲ.စတိုင်မိုက်တဲ့မိန်းကလေးတွေဖတ်စေချင်ပါတယ် (အချိန်မတန်ခင် တန်ဖိုးမဲ့မသွားရအာင်)


ဒီစာစောင်လေးကို မိန်းကလေးအားလုံးကို ဖတ်စေချင်ပါတယ် ...
♥♪♥
အဖေ့သမီးအတွက်
သမီးအတွက်..ဖခင်ရဲ့ ဥပမာကောင်းလေးတစ်ခု.............
ဖခင်ဖြစ်သူက သမီးဖြစ်သူကို ခေါ်ပြီးပြောတာကနေ စကြရအောင်…. ဖခင်။
အဖေသမီးကိုတစ်ခုပြမယ်.အရေးကြီးတယ်နော်.. ပြီးတော့ ဖခင်ဖြစ်သူက တစ်စုံတစ်ခုကို အင်္ကျီအိပ်ထဲကနှိက်ပြီး လက်ထဲဆုပ်ကိုင်ထားလိုက်ပါတယ်။

ဘာလဲဆိုတာသိချင်လားလို့သမီးဖြစ်သူကိုမေးတယ်။

သမီးဖြစ်သူက ခေါင်းညှိက်တဲ့အခါမှာတော့ ဒါဆို သမီး ထိုင်ထ ၁ခေါက်လုပ်.. သမီးဖြစ်သူက ထိုင်ထ လုပ်လဲပြီးရော ဖခင်ဖြစ်သူက ၃ ခေါက်လုပ်မှပြမယ်လို့ဆိုပြန်တယ်။

သမီးဖြစ်သူလုပ်လဲပြီးရော ၅ ခေါက်လုပ်မှပြမယ်လို့ဆိုပြန်တယ်။
သမီးဖြစ်သူကလဲ ၅ခေါက်လုပ်ပြန်ပါတယ်။ ပြီးတော့ ဖခင်ဖြစ်သူက ၁၀ ခေါက်အထိ ဆိုလာပြန်တယ်။
ထိုအခါ သမီးဖြစ်သူက ၁၀ခေါက်လုပ်ပြီးတော့..အဖေရယ် သမီးကို ဘာလဲဆိုတာသိအောင်ပြပါတော့လို့ဆိုတယ်။ အဲ့ဒီတော့မှ ဖခင်ဖြစ်သူက လက်ထဲမှာဆုပ်ကိုင်ထားတာလေးကိုဖွင့်ပြလိုက်တော့ အကြွေတစ်မတ်စေ့ ဖြစ်နေတယ်။

အဲ့ဒီအကြွေစေ့လေးကိုပဲ လက်ထဲမှာနောက်တစ်ခေါက်ပြန်ဆုပ်ကိုင်လိုက်ပြီးတော့ သမီးဖြစ်သူကို ထိုင်ထ ၁၀ ခေါက်လုပ်ရင်ပြမယ်လို့ပြောတယ်။ သမီးဖြစ်သူက မတွေ့ချင်ပါဘူး.. သမီးတွေ့ပြီးပြီပဲဟာ..လို့ပြန်ပြောလိုက်တယ်။

ထိုအခါ ဖခင်ဖြစ်သူက ၁ ခေါက်ပဲလုပ်ပါသမီးရယ်..အဖေပြပါ့မယ်လို့ဆိုသတဲ့။ ၁ခေါက်လဲမလုပ်နိုင်ဘူး..တွေ့ပြီးမြင်ပြီးသားပဲဟာလို့ သမီးကပြန်ပြောသတဲ့။
ဒါဆို အလကားပဲပြမယ်သမီးရယ်..ကြည့်မလားလို့ဖခင်ကပြန်မေးတယ်။

အလကားလဲ မတွေ့ချင်ပါဘူး..တွေ့ပြီးမြင်ပြီးသွားရင်ဘာတန်ဖိုးရှိတော့တာမှတ်လို့… ဆိုပြီးသမီးဖြစ်သူကပြန်ပြောတယ်။

အဲ့ဒီတော့မှဖခင်ဖြစ်သူက.. ဒီဥပမာလေးလိုပဲသမီးရယ်.မတွေ့ခင်မမြင်ခင်က တန်ဖိုးကြီးမားပြီးလိုသလို ခိုင်းလို့ရတဲ့ ဒီမတ်စေ့လေးဟာ တွေ့မြင်သွားပြီးတဲ့နောက်မှာ တန်ဖိုးမရှိတော့ဘူးမဟုတ်လား…

" ဒီလိုပဲသမီးရေ..ထိန်းသိမ်းစောင့်ရှောက်ထားသင့်တဲ့အရာတွေကိုလဲ အချိန်မတန်ခင်မှာ တန်ဖိုးမဲ့သွားအောင် သူတစ်ပါးကို ပေးမမြင် ပေးမတွေ့သင့်ဘူး.."

သမီးတို့ရဲ့ အပျိုစင်ဘ၀ကိုလဲဒီမတ်စေ့လေးလိုပဲ အချိန်မတန်ခင် တန်ဖိုးမဲ့သွားအောင် သူတစ်ပါးကိုပေးမမြင် ပေးမတွေ့သင့်ဘူး။
 
ကဲ.ဒါဆို..သူငယ်ချင်းတို့ရဲ့မတ်စေ့လေးကရော တန်ဖိုးရှိသေးရဲ့လား*

တန်းဖိုးသိမှ တန်ဖိုးရှိတယ်...

တန်ဖိုးရှိမှ တန်ဖိုးထားတတ်မယ်...

တန်ဖိုးရှိတဲ့ လူတော် လူကောင်း သူတော်ကောင်းတွေ ဖြစ်ကြပါစေ....

အားလုံးပဲ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းများနဲ့ ပြည့်စုံပြီး ကောင်းကျိုး လိုအင်ဆန္ဒတွေ ပြည့်ဝကြပါစေ.....
....
... ♥♪♥ ...အခုခေတ်မြန်မာမိန်းကလေးတွေကို ဦးတည်ပြီး ပြောတာထင်တယ်နော် ... အမျိုးကောင်းသမီးများ ပေါ်ထွန်းလာရေးအတွက် ရည်ရွယ်ပါတယ် ........ ..
 
... ♥♪♥ ...မော်နီကာ... ♥♪♥ ...
 

အွန်လိုင်းသတင်းဖတ်တဲ့သူတွေ သတိထားဖို့


ကျွန်တော့် ဘလော့ဂါ သမားမဟုတ်ပါဘူး
အေးအေးဆေးဆေး  ကဗျာရေးပြီး ဘ၀ကို ဖြတ်သန်းနေတဲံသူတစ်ယောက်ပါ။အခုတလော ဖိတ်မိတဲ့သတင်းတစ်ခုကို တွေးကြည့်ပြီး
မြန်မာပြည် သူ မြန်မာသားတွေကို နဲနဲတော့ရင်လေးမိတယ်
တစ်စတစ မြင့်မားလာတဲ့ အင်တာနက် ဆက်သွယ်မှု ကွန်ယက်တွေကြောင့်လဲ
ဒီခေတ်မှာ သတင်းတွေ အချိန်နဲ့တစ်ပြေးညီ ပြည်သူတွေ သိလာရတာတော့အမှန်ပဲ
တစ်ဖတ်မှာလဲ ဆိုးကျိုးလေးတွေနဲနဲပါလာတတ်ကိုတော့ သိပ်တော့သတိထားမိမဲ့ပုံတော့မပေါ်ဘူး။
ကျွန်တော် နိုင်ငံရေးကို အားသန်တဲ့သူတော့မဟုတ်ပါဘူး
ဒါပေမဲ့ လုံးဝပစ်ပယ်ထားတဲ့ သူလဲ မဟုတ်ပါဘူး။ တစ်ချို့က လူမှူရေးအားသာတဲ့အပိုင်းတွေရှိမယ်
တစ်ချို့ကနိုင်ငံရေးအားသာတဲ့အပိုင်းတွေရှိမယ်။ တစ်ချို့ကတော့ စီးပွားရေးအပိုင်းပေါ့။ တစ်ချို့ကလဲ အားကစား
တီထွင် မှု  လေ့လာရေးအပိုင်း စညည်ဖြင့် အပိုင်းတွေ အမျိုးမျိုးရှိမယ်။
ဒါပေမဲ့ ဘယ်လိုပဲ အပိုင်းတွေခွဲထားခွဲထား သီးသန့် ရပ်တည်လို့တော့ မရပါဘူး.
နိုင်ငံရေးလုပ်ဖို့ စီးပွားရေးရှိရမယ် စီးပွားရေးကောင်းဖို့ လှူမှုရေးရှိရမယ်
စသည်ဖြင့် အဲလိုလေးတွေနွယ်ပတ်နေမယ်..။ ထားလိုက်ပါ ဒါက နဲနဲလေး နိဒါန်းပျိုးထားတာပါ

ကျွန်တော်ဖတ်မိတဲ့သတင်းကတော့
(ဥက္ကဌ ဇင်ဝိုင်းကို ဆန့်ကျင်သည့် နိုင်ငံတော် အလံကို အလေးမပြုချင်သော (ရန်ရန်ချမ်း) တဲ့။)
ဒီဘလော့မှာ ရန်ရန်ချမ်းပြောခဲ့တာက
"အခုတစ်လောရုပ်ရှင်ရုံတွေမှာနိုင်ငံတော်အလံကိုအလေးပြုခြင်းမပြုခြင်းတွေပြောနေကြလို့ တစ် ခုလောက်ပြောကြည့်ချင်လို့ 
ရုပ်ရှင်လာကြည့်တာရုပ်ရှင်ကိုခံစားချင်လို့ လာတာအလံကိုလေးပြုခြင်းမပြုခြင်းကအဓိကမကျဘူးထင်တယ်
ရုပ်ရှင်လာကြည့်တဲ့လူတွေအားလုံးကိုယ့်တိုင်းပြည်ကိုမချစ်တဲ့လူတစ်ယောက်မှမပါလောက်ပါဘူး ဒီအလံကိုအလေးမပြုလို့ 
တိုင်းပြည်ကိုမချစ်ဘူးလို့ တော့သတ်မှတ်လို့ မရပါဘူး .........တိုင်းပြည်ချစ်မချစ်ကိုဒီရုပ်ရှင်ရုံထဲမှာမှဘာလို့ 
လာစမ်းနေရတာလဲ အလံပေါ်လာလို့ မတ်တတ်ထရပ်တဲ့အထဲကဘယ်နှစ်ယောက်လောက်များတိုင်းပြည်အတွက်
တစ်ကယ်လိုအပ်ရင်စစ်ဝင်တိုက်ရဲမလဲ...အလံပေါ်လာရင်မတ်တတ်ရပ်ရမယ်လို့ ဘယ်သူထွင်တာလဲမသိလို့ ပါ သိတဲ့လူရှိရင်တစ်စိပ်လောက်၇ှင်းပြပေးပါ"

အဲလို ပြောခဲ့တယ်လို့ သတင်းမှာ တင်ထားပါတယ်
ဒီမှာ ကျွန်တော်ပြောချင်တာက
အဲလိုပြောခဲ့တာဆိုရင်တော့ ရန်ရန်ချမ်း သိပ်ကို မှားပါတယ် တိုင်းပြည်တစ်ပြည်မှာ လူတစ်ယောက်က ကိုယ့်အလံကိုမှ မလေးစားရင်
တစ်ခြားတိုင်းပြည်က ၀င်လာမဲ့နိုင်ငံခြားသားတွေ ဘယ်လေးစားတော့မတုန်း။ အလံဆိုတာကမျိုးက တစ်ချိန်က လွတ်လပ်ရေးယူပေးခဲ့တဲ့
အာဇာနည် ခေါင်းဆောင်ကြီးတွေရဲ့ အသည်းနှလုံးတွေ မြုပ်နှံထားပါတယ်။ ဒီအလံကို တွေ့မိတဲ့လူတစ်ယောက်က ကိုယ်ဘာလူမျူိးဆိုတာကိုလဲ
ဘယ်အရပ်ဒေသရောက်ရောက် အမြဲမှတ်မိစေတာမျိုးလဲ စွမ်းတယ် ဒါကြောင့် အလံ ကို ဘာကြောင့်အလေးပြုရမှာတုန်း ရုပ်ရှင်လာကြည့်တာ
အလံကို အလေးပြုဖို့မှမဟုတ်တာဆိုပြီး ကိုယ်ပြောတတ်တိုင်း လူစိတ်ဝင်စားအောင် လျှောက်ပြောနေရင်တော့ လူမုန်းခံရရုံပဲ ရှိမှာပါ။

ကဲနောက်တစ်ခုကတော့ ကျွန်တော်ဒီသတင်းကိုကြည့်ပြီး တော်တော်တော့ ဒေါသထွက်သွားတာအမှန်ပဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ နီးစပ်တဲ့
လူတစ်ယောက်က ဒီလိုစကားမျိုးပြောတာဆိုတော့ ပိုပြီး ဒေါသတွေ စွေ့စွေ့ခုန်တာ အမှန်ပဲ
ဒါပေမဲ့ ကျွန်တော် က တော်ရုံ ယုံတတ်တဲ့လူတော့မဟုတ်ပါဘူး ဒီသတင်းမှန်မမှန် တစ်ခြားဆိုက်တွေ လျှောက်ကြည့်မိပါတယ်
မတွေ့ပါဘူး တွေ့မိတဲ့ သူရှိရင်လဲ ကျွန်တော့်ကို ပြောနိုင်ပါတယ်
ဒါပေမဲ့ဒီသတင်းရဲ့ မူလ ဇစ်မြစ်က myanmarexpress.net တဲ့  ဒီဆိုက်က ကူးလာပြီးတင်တော့မှ ကျွန်တော်ကောင်းကေင်းကြီး
သဘောပေါက်သွားပါတယ် ။  ဒီ myanmarexpress.net အကြောင်းကို မြန်မာလူမျိုး တော်တော်များများ လဲသိမှာပါ ။
သတင်းမှားတွေလျှောက်ဖြန့်တဲ့ နာမည်ကြီး ဒေါ်လာစား ဆိုက်ကြီးပါပဲ ခင်ဗျာ ကျွန်တော့်တို့နိုင်ငံအိုင်ကွန် ဖြစ်တဲ့ အမေစု အကြောင်း
ကောင်းကြောင်းနဲနဲမှမဖြန့်ပဲ သတင်းလိမ်တဲ့ မဟာ ဒေါ်လာစားဆိုက်ကြီးပါပဲ သတင်းတင်တဲ့ သူကိုတော့ မပြောတော့ပါဘူး
ဒါပေမဲ့ ကိုယ်တင်တဲ့ သတင်းက မှားလားမှန်လား ဟုတ်လားမဟုတ်လား ဖြစ်နိုင်လား မဖြစ်နိုင်လားဆိုတာကို ဝေဖန်ပိုင်းခြားတတ်ဖို့တော့
လိုပါတယ် ကိုယ်တင်တဲ့ သတင်းက မှန်ခဲ့သည် ဆိုခဲ့ရင်တောင် တင်သင့်လားမတင်သင့်လား နဲနဲလေး ချင့်ချိန်တတ်ဖို့လိုပါတယ်။
ဆက်ပြောရင် အများကြီးပါ ကျွန်တော်သူတစ်ပါးကို မထိခိုက်စေချင်ပါဘူး ။ သူတစ်ပါးအကြောင်းလဲမပြောချင်ပါဘူး။ သတင်းတင်ပေးတဲ့သူမှာပါ
စိတ်ကောင်းစေတနာတွေအများကြီး ပါခဲ့မှာပါ။ ဒါပေမဲ့ အမှားကိုကြည့်ပြီး အမှန်ပြင်နိုင်ခဲ့ပါစေလို့
ဘာပဲဖြစ်ဖြစ် တစ်ချက်လောက်အရင်စဉ်းစားပါ.တွေးကြည့်ပါ အမှားဖြစ်စေ အမှန်ဖြစ်စေပ့ါ
တစ်ခုခုတော့ အဖြေထွက်လာမှာပါ..
မြန်မာ express ဆိုက်ကြီးကို လဲ အောက်မှာ သွားကြည့်နိုင်ပါတယ်
အဲဆိုက်ကြီး အကြောင်း ကောင်းကောင်းသိသွားမှာပါ
http://www.myanmarexpress.net
ကိုယ်ဒီနေရာရောက်လာတာ
ခဏတဖြုတ်ပါ
ခိုဝင်ခွင့်ရတုန်း
ပန်းရနံ့လေးတွေတော့ ရှုရှိက်သွားစမ်းပါ
(ကိုတေကာ)