This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Saturday, September 15, 2012

မုံရွာမြို့မှ ဖမ်းဆီးခံထားရသူများ ယနေ့ညနေတွင် ပြန်လည်လွတ်မြောက်





မုံရွာ၊ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း ပဋိပက္ခ ကိစ္စအတွက် ကူညီဖြေရှင်းရန်ရောက်ရှိနေကြသော ၈၈မျိုးဆက်ကျောင်းသားများ အဖွဲ့မှ ဂျင်မီဦးဆောင်သော ၄ ဦးအဖွဲ့သည် ယနေ ညနေ(၄း၃၀) နာရီ က စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပြန်လည်လွှတ်ပေးလိုက်သည့် မသွဲ့သွဲ့အေး၊ မဖြူဖြူဝင်း၊ မအေးနက်တို့(၃)ဦးအား မုံရွာအကျဉ်းထောင်မှကြိုဆို၍ ၀က်မှေးကျေးရွာသို့ပြန်လည်ပို့ဆောင်နေကြောင်း သိရှိရသည်။ 
အလားတူ မသွဲ့သွဲ့အေးတို့ကဲ့သို့ဖမ်းဆီးထိန်းသိမ်းခံထားရသော ကိုဝေဠုကိုလည်း ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့မှ ကိုဇော်ဇော်မင်းကချောင်းဦးမှ သွားရောက်ကြိုဆိုနေပြီဟုလည်သိရှိရသည်။

 



စိတ်ပန်းလူပန်းဖြစ်နေသည့် မဖြူဖြူဝင်း

 
မျက်ရည်ကျရလောက်အောင်ထိ ကို ဖြစ်နေကြသည့် လာရောက်ကြိုဆိုနေကြသူများ



မသွဲ့သွဲ့ဝင်း လာကြိုဆိုနေသူများကို လက်ပြနှုတ်ဆက်

လမ်းတစ်လျှောက် လာကြိုကြသည့် ကျေးရွာသူကျေးရွာသားများအား နှုတ်ဆက်နေသည့် မအေးနက်


သတင်း...... 88 Generation Students

 ဓာတ်ပုံ...Aung Nay Myo

“တနိုင်ငံလုံး စစ်ပွဲရပ်” လှုပ်ရှားမှု ပြုလုပ်မည်



by Lu Cifer on Friday, September 14, 2012 at 9:13am 

ကချင်စစ်ပြေး ဒုက္ခသည်စခန်းတခုမှ အဘွားအိုတဦး (ဓာတ်ပုံ – ဧရာဝတီ)
ပြည်တွင်းစစ် ရပ်တန့်ပြီး လူ့အခွင့်အရေး အပြည့်အဝ ရရှိရေး၊ ငြိမ်းချမ်းရေးကို လက်တွေ့အကောင်အထည် ဖော်ရေးတို့အတွက် “တနိုင်ငံလုံး စစ်ပွဲရပ်” ဆိုသည့် အရပ်ဖက် အဖွဲ့အစည်းများ၏ လှုပ်ရှားမှုကို စက်တင်ဘာ ၂၁ ရက်နေ့တွင် တနိုင်ငံလုံး အတိုင်းအတာဖြင့် ပြုလုပ်သွားမည်ဟု သိရသည်။

စက်တင်ဘာလ ၂၁ ရက်နေ့သည် “အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့” ဖြစ်ပြီး စစ်ပွဲနှင့် ပဋိပက္ခဖြစ်ပွားရာ ဒေသများ၌ ငြိမ်းချမ်းရေး ရရှိရန် ရည်ရွယ်ကာ ၁၉၈၂ ခုနှစ်မှ စတင်၍ ကမ္ဘာတဝန်းတွင် နှစ်စဉ်ကျင်းပသည်။
ငြိမ်းချမ်းရေးကွန်ရက်၊ မဲခေါင်ကွန်ရက်၊ အဖြူရောင်တွဲလက်များ၊ နှောင်ကြိုးမဲ့ လူမှုကွန်ရက်၊ ရှမ်းပြည် ကျောက်မဲလူငယ်များကွန်ရက်၊ ရန်ကုန်ဂီတလူငယ်များ ကွန်ရက်၊ ရန်ကုန်အခြေစိုက် ပရဟိတ လူငယ်များကွန်ရက်၊ ပွင့်လင်းလူမှုအဖွဲ့အစည်းကွန်ရက်၊ ပန်းရဲ့လမ်း၊ ကဗျာဆရာများသမဂ္ဂ၊ စိမ်းရောင်စို၊ ကချင်ငြိမ်းချမ်းရေးကွန်ရက်၊ ကာတွန်းဆရာများအဖွဲ့၊ ကရင်ငြိမ်းချမ်းရေးကွန်ရက် စသည့် အဖွဲအစည်းများက လှုပ်ရှားမှုကို ဆောင်ရွက်မည်ဟု ရန်ကုန်မြို့ ရွှေသံလွင်ကွန်ဒိုတွင် ယနေ့ နံနက်က ကျင်းပသော “တနိုင်ငံလုံး စစ်ပွဲရပ်” ငြိမ်းချမ်းရေးလှုပ်ရှားမှု မီဒီယာရှင်းလင်းပွဲမှ သိရသည်။
ပြည်တွင်းစစ်များ အမြန်ဆုံးရပ်တန့်ပေးရေး ဘုံတောင်းဆိုချက်အဖြစ် “တနိုင်ငံလုံး စစ်ပွဲရပ်” အထိမ်းအမှတ် ငြိမ်းချမ်းရေး ကိုယ်စားပြု အပြာရောင်အဝတ်စကို နဖူးစည်း၊ လက်ပတ်များအဖြစ် အသုံးပြုကြမည်ဖြစ်ပြီး စက်တင်ဘာ ၂၁ ရက်နေ့တွင် ယင်းလှုပ်ရှားမှု ဆောင်ရွက်သူများသည် ရောက်ရှိသည့်နေရာ၌ ညနေ ၄ နာရီမှ ၄ နာရီ ၁၅ မိနစ်အတွင်း ငြိမ်သက်စွာ ဆုတောင်းခြင်းများ ပြုလုပ်မည်ဟု ဆိုသည်။
အဆိုပါ လှုပ်ရှားမှုအတွက် သက်ဆိုင်ရာ မြို့နယ်ရဲစခန်းများသို့ တရားဝင် စီတန်းလှည့်လည်ခွင့်အတွက် စာတင်မည်ဖြစ်ပြီး ခွင့်ပြုချက် ပေးသည်ဖြစ်စေ၊ မပေးသည်ဖြစ်စေ အဖွဲ့အစည်းများအားလုံးက လှုပ်ရှားမှုများ ပြုလုပ်ကြမည်ဟု သိရသည်။
“တရားမျှတမှုရှိမှ ငြိမ်းချမ်းရေးဆိုတာ ထာဝရဖြစ်တည်မှာပါ။ ကျမတို့အနေနဲ့ ခွင့်ပြုမိန့် ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ လှုပ်ရှားမှုကို လုံးဝပြုလုပ်မှာဖြစ်တယ်” ဟု ကချင်ငြိမ်းချမ်းရေးကွန်ရက်မှ တာဝန်ရှိသူတဦးဖြစ်သူ မအက်စတာ က ပြောသည်။
လှုပ်ရှားမှုများကို ရန်ကုန်၊ မန္တလေး၊ ကချင်ပြည်နယ်၊ တောင်ကြီး၊ အင်းလေး၊ ဟိုပုန်း၊ အောင်ပန်း၊ ရွှေဘို၊ ပြည်၊ ပေါင်းတည်၊ ဥက္ကံ၊ သာယာဝတီ၊ ဘားအံ၊ ကျောက်ဆည်၊ မြစ်သား၊ မော်လမြိုင်၊ နေပြည်တော်၊ ကျောက်မဲ၊ သံတောင်ကြီး၊ တောင်ငူ စသည့် မြို့များတွင် ပြုလုပ်မည်ဟု သိရသည်။ အနုပညာရှင်များ၊ ကဗျာဆရာများ၊ ကျောင်းသားကျောင်းသူများလည်း ပါဝင်လှုပ်ရှားမည်ဟု ဆိုသည်။
အဖြူရောင်တွဲလက်များအဖွဲ့မှ မဖြူအိသန်းက “ကချင်ပြည်နယ်က မန်ဝင်းကြီး ကချင်စစ်ဘေးရှောင် ဒုက္ခသည်စခန်းမှာ ဆုတောင်းမှုတွေ ဆွေးနွေးမှုတွေ ပြုလုပ်မယ်။ ငြိမ်းချမ်းရေးဖော်ဆောင်မှုကို လူထုသိအောင် You Tube ကနေဖြန့်သွားမယ်။ အဲဒီနေ့မှာ Father တွေကလည်း ၀တ်ပြုဆုတောင်းမှုတွေလုပ်မယ်” ဟု ပြောသည်။
အဆိုပါ လှုပ်ရှားမှု အထိမ်းအမှတ်အဖြစ် ရန်ကုန်မြို့ တံတားဖြူတွင် အဖွဲ့အစည်းများ စုပေါင်းကာ စကျင်ကျောက်တိုင်ငယ် တခုကိုလည်း စိုက်ထူပြီး အပြာရောင် မိုးပျံပူဖောင်းများ လွှတ်တင်မည်ဟု သိရသည်။
“ငြိမ်းချမ်းရေး သီချင်းတွေဖြန့်မယ်၊ စတစ်ကားတွေ ကပ်တာမျိုးတွေကို လှည်းတန်းမီးပွိုင့်မှာ လုပ်မယ်” ဟု တက္ကသိုလ် ခရစ်ယာန်ကျောင်းသားများကွန်ရက်မှ တာဝန်ခံတဦးက ပြောသည်။
ကချင်ပြည်နယ်တွင် အစိုးရတပ်နှင့် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) အကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး သောင်းနှင့်ချီသော ဒုက္ခသည်များ ထွက်ပြေးနေရဆဲဖြစ်သည်။
မေစစ်ပိုင်

အိုင်ယာလန်မှ ကြည်နူးဖွယ်ကောင်းသည့် လမ်းကလေး




http://luckymyotaw.wall.fm/forum/18   (ကာတွန်းနှင့်ရုပ်ပြ)

Core i3,Core i5,Core i7 ကွာခြားချက်များ


ကျွန်တော်တို့ဆိုဒ်မှာ အများအားဖြင့် ကွန်ပျူတာနဲ့ ပက်သက်ရင် အခြေခံနဲ့ ဆိုင်တဲ့အကြောင်းအရာ၊ ၀င်းဒိုးနဲ့ဆိုင်တဲ့ အကြောင်းအ၇ာလေးတွေပဲ အများအားဖြင့် တင်လေ့ရှိပါတယ်။ အခုလည်း ကျတော်ပြန်လည် ဝေမျှလိုတာကတော့ Hard ware နဲ့ဆိုင်တဲ့ အကြောင်းအရာ သိသင့်တာလေးတွေကို အခြေခံကျကျ ရေးသားရှင်းပြထားပေးတဲ့ အကြောင်းအရာလေးတွေကို ကျတော်ဖတ်မိသလို ကျတော့်ဆိုဒ်ကို လာလည်တဲ့ သူငယ်ချင်းများလည်း လေ့လာမှတ်သားလို့ရအောင် တစ်ဆင့်ပြန်လည် ဝေမျှခြင်းဖြစ်ပါတယ်။ ဘယ်အရာမဆို အခြေခံခိုင်ခိုင်မာမာရှိမှ အောက်ခြေခိုင်ခံ့မှ တစ်ဆင့်ပီးတစ်ဆင့် တက်တဲ့အခါ အစစအရာရာ အဆင်ပြေမှာဖြစ်ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း သဘောကျနှစ်သက်မိလို့ မှတ်စုအနေနဲ့ရော တစ်ဆင့်ပြန်လည် ဝေမျှလိုတဲ့ သဘောနဲ့ပါ တင်ပေးလိုက်ပါတယ်။ သိပြီးသား ကျွမ်းကျင်ပီးသား သူများအတွက် လုံးဝမရည်ရွယ်ပဲ မူကြိုအဆင့်များကိုသာ ရည်ရွယ်ပါသည်။ ဘာကြောင့်လဲဆိုတော့ ကျတော်လည်း မူကြိုအဆင့်မှ မတက်နိုင်သေးသောကြောင့်ပါ....:D
Core i3 , core i5 , core i7 အကြောင်းမပြောခင် core i series ထဲမှာ ပါဝင်တဲ့ သုံးထားတဲ့ နည်းပညာ အသုံး အနှုန်းနဲ့  Architecture , code name တွေ အရင်ပြောပြပါ့မယ် ဘာကြောင့်လဲဆိုတော့ အဲဒါကို သိထားပါမှ ကွဲပြားမှုလေးတွေ ပိုမိုပေါ်လွင်မှာဖြစ်ပါတယ်….
Core i series Architecture
Core i series မှာ Nehalem Architecture နဲ့  Sandy bridge Architecture ဆိုပြီးရှိပါတယ်.. ပထမဆုံး စထုတ်တာ Nehalem Architecture ကို base လုပ်ပြီး ထုတ်လုပ်ပါတယ်…Sandy bridge Architecture ကိုတော့ 2011 အစောပိုင်းကာလမှာ စပြီးထုတ်ခဲ့ပါတယ်..
Core i series code name
Core i series code name များမှာ
1.Gulftown,
2.Bloomfield,
3.Lynnfield,
4.Clarkfield,
5.Clarkdale,
6.Arrandale,
7.Sandy bridge(Desktop),
8.Sandy bridge(moblile) တို့ဖြစ်ကြပါတယ်။
Core i series code name အုပ်စုမှာ Nehalem Architecture ကိုအခြေခံတည်ဆောက်ထားတဲ့ code name တွေကတော့ Gulftown,Bloomfield, Lynnfield, Clarkfield,Clarkdale နဲ့ Arrandale တို့ဖြစ်ကြပါတယ်။ Sandy bridge Architecture ကိုအခြေခံတည်ဆောက်ထားတဲ့ code name တွေကတော့ sandy bridge(Desktop) နဲ့ sandy bridge(mobile) တွေဖြစ်ပါတယ်..
Core i series processor မှာ ဘာတွေထူးခြားပြီး ကွာသွားမှာလဲ
Core i series မှာ အောက်ပါအချက်များကွာခြားသွားပါတယ်
1.core အရေ အတွက်ပါဝင်မှု
2.Thread အရေအတွက်
3.Cache ပါဝင်မှု ပမာဏ
4. Turbo Boost Technology
5. Smart Cache
6. QPI
7.Hyper-threading technology
1.Core အရေအတွက်
Core ဆိုတာ တွက်ချက်မှူ real processing unit တစ်ခုဖြစ်ပြီး chip တစ်ခုပေါ်မှာ တည်ဆောက်ထားပါတယ် အဲဒီ core က နှစ်လုံး လေးလုံး စသဖြင့်ပါဝင်ပါတယ်..
2.Thread အရေအတွက်
Thread ဆိုတာ processor ကို instruction ပေးပို့ ရာမှာ လမ်းကြောင်း 1ခု 2ခု 4ခု 8ခု စသဖြင့်ရှိပါတယ် 2ခုနဲ့ 2ခုအထက်ကို multi-thread လို့ ခေါ်ပါတယ်..
3.Cache ပါဝင်မှု ပမာဏ
Cache ပါဝင်မှုပမာဏ အနည်းများပေါ်မူတည်ပြီး ပိုပြီးမြန်သလို cache ပမာဏများတဲ့ processor ကပိုပြီးတော့ဈေးကြီးပါတယ်..(2MB,4MB,6MB,8MB..စသဖြင့်)
4. Turbo Boost Technology
Turbo Boost ဆိုတာ လိုအပ်တဲ့ အချိန်မှာ core တစ်လုံး နဲ့ တစ်လုံး ပေါင်းစည်းလုပ်ဆောင်ပေးပါတယ်.. process တစ်ခုကို core တစ်လုံးတည်းနဲ့ လုပ်ဆောင်နိုင်ပါက core တစ်လုံးတည်းနဲ့ သာ လုပ်ဆောင်ပြီး core တစ်လုံးတည်းနဲ့ လုပ်ဆောင်ရန်မလုံလောက်တဲ့အခါ core တွေ အချင်းချင်းချိတ်ဆက်လုပ်ဆောင်တဲ့ နည်းပညာဖြစ်ပါတယ်..
5. Smart Cache
Smart cache ဆိုတာ core ထဲမှာ ပါတဲ့ cache တွေဟာ လိုအပ်တဲ့အခါမှာ အချင်းချင်း ပေါင်းစည်း လုပ်ဆောင်တဲ့ နည်းပညာဖြစ်ပါတယ်..
6. QPI (Quick Parth Interconnect)
QPI ဆိုတာ processor နဲ့ north bridge ကြားမှာ high speed transfer လုပ်ဆောင်ပါတယ်.. north bridge ကို အရင်ကလို motherboard ပေါ်မှာ chip တစ်ခုအနေနဲ့  သီးသန့် ထုတ်မ ထား တော့ပဲ CPU ထဲကို ဆွဲသွင်း လိုက်ပါတယ်..ဒါကြောင့် point to point ချိတ်ဆက်ပြီး လုပ်ဆောင် နိုင်တယ်..ယခင် FSB နေရာမှာ အစားထိုး ၀င်ရောက်လာပြီး QPI ဖြစ်သွားပါတယ်..cpu အတွင်းမှာ north bridge နဲ့  cpu တို့ ချိတ်ဆက်တဲ့ လမ်းကြောင်း ကို Common Serial Interconnect(CSI) bus လို့ ခေါ်ပါတယ်..
7.Hyper-threading technology
Hyper-threading ဆိုတာ processor တစ်လုံးထဲကမှ အချိန်တစ်ခုထဲမှာပင်လျင် thread နစ်ခုကို တစ်ပြိုင်နက်ထဲ တာဝန်ထမ်းဆောင်နိုင်ပါတယ် ဒီနေရာမှာ Thread ဆိုတာ processor ဟာProgram တစ်ခုမှ လာတဲ့ instruction တစ်ခုလုပ် ဆောင်မှုကို thread တစ်ခုလို့ သတ်မှတ်ပါတယ်…Thread ဟာ 2ခု 4ခု 8ခု စသဖြင့်ဖြစ်နိုင်ပါတယ်..HT ပါတဲ့  processor ဟာ architecture state ကို copyer လုပ်ပြီး logically အရ Processor နှစ်လုံးဖြစ်အောင် ဖန်တီးထားခြင်းပါ..နဂို physical မှာရှိနေတဲ့  cache , execution unit, control unit ,buses စတဲ့  resourses တွေကိုမျှဝေသုံးစွဲခြင်းပါပဲ…သာမန် processor တစ်လုံးနဲ့ စာရင် HT processor အလုပ်လုပ်တာ 30%လောက်ပိုပြီးတော့မြန်ပါတယ်...
Nehalem microarchitecture based
Core i3
ပထမဆုံး Nehalem ကထုတ်တဲ့ core i3 ကို 2010 ခုနှစ် ဇန်န၀ါရီလ မှာ စတင် သုံးစွဲခဲ့ကြပါတယ်..Desktop processor မှာ ရော laptop mobile processor အတွက်ပါ ထုတ်လုပ်ခဲ့ပါတယ်..
Core i5
Nehalem ကိုပဲ base လုပ်ထားတဲ့ core i5 ကို စက်တင်ဘာလ ၈ ရက် ၂၀၀၉ ခုနှစ်မှာ စတင်သုံးစွဲခဲ့ကြပါတယ်..
Core i 7
Nehalem ကိုပဲ base လုပ်ထားတဲ့ corei7 ကို ၂၀၀၈ ခုနှစ်ကုန်ပိုင်းလောက်မှာ စတင်သုံးစွဲခဲ့ကြပါတယ်..အဲတုန်းက စစချင်းထုတ်တုန်းက Bloomfield ကိုစထုတ်ခဲ့ပါတယ်..2009 ခုနှစ်မှာ Lynnfield, clarkfield, Arrandale တို့ကိုထုတ်ပါတယ် 2010 ခုနှစ်မှာတော့ Gulftown ကိုထုတ်လုပ်ပါတယ်..ဒါတွေက Nehalem architecture ကိုအခြေခံထား တဲ့ မျိုးကွဲ code name နဲ့ ထုတ်လုပ်ထားတဲ့ processor series တွေဖြစ်ပါတယ်..
Sandy Bridge microarchitecture based
Core i3
Sandy bridge microarchitecture မှာဆိုရင် code name တွေက sandy bridge(Desktop) နဲ့  sandy bridge(Mobile) ဆိုပြီးလာပါတယ်..sandy bridge ကိုအခြေခံထားတဲ့ core i3 ကို ၂၀၁၁ ဇန်န၀ါရီလ ၂၀ ရက်နေ့ မှာ စတင်သုံးစွဲနိုင်ခဲ့ပါတယ်..
Core i5
ယခုလက်ရှိထုတ်နေဆဲကာလမှာတော့ အောက်ပါ အတိုင်း sandy bridge core i5 series တွေကို တွေ့ ရ မှာဖြစ်ပါတယ်..
Core i7
ယခုလက်ရှိထုတ်နေဆဲကာလမှာတော့ အောက်ပါ အတိုင်း sandy bridge core i7 series တွေကို တွေ့  ရမှာဖြစ်ပါတယ်..
အခု ဖော်ပြခဲ့တဲ့အထဲမှာ တစ်ခြားမျိုးကွဲတွေလည်း ရှိကောင်းရှိပါလိမ့်မယ်..core i series processor တစ်လုံးနဲ့တစ်လုံး ဘာကွာလဲလို့မေးလာရင် တစ်ခုတည်းဖြေလို့ မရတော့ပါဘူး ဒါကြောင့်သူ့ မှာပါတဲ့အမျိုးအစား..အထဲမှာ လုပ်ဆောင်နိုင်တဲ့စွမ်းရည် ပါဝင်မှုတွေကို အထက်တွင်ဖော်ပြ ဆွေးနွေးခဲ့ပြီြး ဖစ်ပါတယ်ခင်ဗျာ..Architecture တစ်ခုတည်းအောက်မှာ ပင်လျင် code name တွေခွဲပြီးတော့ ထုတ်ထားတာ ကိုတွေ့မြင်ခဲ့ရပြီး ဖြစ်ပါလိမ့်မယ်..ညီအစ်ကို မောင်နှများအားလုံး knowledge ရကြပါစေခင်ဗျာ..

ကိုစံငြိမ်း(မြန်မာမိသားစုဖိုရမ်)

ဘုရင် နှင့် သူတော်စင် ( ပုံပြင် )



တစ်ခါတုန်းကနိုင်ငံတစ်နိုင်ငံမှာအုပ်စိုးမင်းလုပ်နေသော ရှင်ဘုရင်ကြီးတစ်ပါးရှိခဲ့ပါတယ်။

အဲဒီဘုရင်ကြီးအုပ်စိုးမင်းလုပ်တဲ့နိုင်ငံမှာစိတ်မနှံသူတစ်ဦးကဲ့သို့သွားလာနေထိုင်သော

သူတော်စင်တစ်ပါး ရှိခဲ့ပါတယ်တဲ့။

၎င်းသူတော်စင်ကြီးကနေစရာနေရာအတည်တစ်ကျမရှိဘဲသွားလာနေထိုင်ခဲ့တယ်။

၎င်းပြင်ထိုသူတော်စင်ကြီးကဘုရင်ကြီးနဲ့လည်း အကျွမ်းတ၀င်ရှိတာကြောင့်

ဘုရင်ကြီးကသူ့ကိုအမြဲနောက်ပြောင်လေ့ရှိခဲ့တယ်။

သူတော်စင်ကြီးကတော့သူရူးတစ်ဦးပမာဝတ်စားဆင်ယင်သော်လည်း

အလွန်တရာမှတန်ဖိုးရှိတဲ့ဆုံးမစကားများကိုပြောဆိုလေ့ရှိတယ်။

ဒါကြောင့်ဘုရင်ကြီးကနန်းတွင်း ထဲအချိန်မရွေးဝင်ထွက်သွားလာနိုင်အောင်ခွင့်ပြုထားတယ်။

တစ်နေ့မှာတော့သူတော်စင်ကြီးနန်းတွင်းထဲရှိသခိုက်မှာ ဘုရင်ကြီးက

မောင်းချဓား တစ်ချောင်းကိုင်ဆောင်ထားချိန်ဖြစ်တယ်။

ဘုရင်ကသူတော်စင်ကြီးကိုနောက်ပြောင်လိုသောသဘောဖြင့်....

မောင်မင်းကိုစကားတစ်ခွန်းပြောမယ်..ဟုအစချီကာ

"ဤဇမ္ဘူတစ်ခွင်၌ မောင်မင်းထက်ပို၍အသိဥာဏ်တုံးသူတစ်ဦးတွေ့ခဲ့လျှင်

ဤဓားကိုလက်ဆောင်အဖြစ်ပေးလိုက်ပါ"

.. ဟုကျီစယ်၍ပေးလိုက်သည်။

သူတော်စင်ကလည်းကောင်းပါပြီဟုဆိုကာဓားအားသိမ်းဆည်းလိုက်သတဲ့..

ဘုရင်ကြီးပြောကြားလိုသောစကားမှာ

"အသင့်ထက်ဥာဏ်တုံးသူနောက်တစ်ယောက်မ ရှိပါ" ဟုပြောလိုခြင်းဖြစ်သည်။

မည်သို့ပင်ဖြစ်စေသူတော်စင်ကြီးကတော့ထိုမောင်းချဓားကိုယူဆောင် ၍ထွက်ခွါသွား လေသည်။

ဤသို့ဖြင့်နှစ်ရှည်လများအတန်ကြာခဲ့ပြီး နောက်တစ်နေ့သောအခါဘုရင်ကြီးနေထိုင်မကောင်း

ဖြစ်သဖြင့်သူတော်စင်ကြီးမှ သွားရောက်၍သတင်းမေးရာ..ဘုရင်ကြီး၏ ကျန်းမာရေးမှာ

အလွန်ဆိုးရွား နေပြီးသမားတော်ကြီးများဖြင့်ကုသသော် လည်းသက်သာပျောက်ကင်းမှု့ မရှိပေ။

ထိုအခါသူတော်စင်ကြီးမှဘုရင်ကြီးအား...

"အိုအရှင်မင်းကြီး,အခြေအနေမည်သို့ရှိပါသနည်း"

ဟုလျှောက်တင်ရာဘုရင်ကြီးက "မကြာခင်ခရီးထွက်ရတော့မယ်"ဟုအဖြေပေးလေသည်။

သူတော်စင်မှ. "အဘယ်အရပ်သို့ထွက်မှာပါလဲ"ဟုမေးရာဘုရင်ကြီးက

"နောင်တမလွန်ခရီးစဉ်ဖြစ်ကြောင်း"ဖြေကြားသည်။

သူတော်စင်ကြီးမှ"ဘယ်နှစ်နှစ်ကြာမှာပါလဲ"ဟုထပ်မံ၍မေးရာဘုရင်ကြီးက

"ဒါဟာတမလွန်ရဲ့ခရီးစဉ်ဖြစ်တယ်၊

ထိုခရီးစဉ်ကိုသွားဖူးသည့် သူတိုင်းပြန်ရောက်လာသည့်အစဉ်အလာမရှိပါ" ဟုဖြေပြန်လေ၏။

တစ်ဖန်သုတော်စင်ကြီးမှ "ကောင်းပါပြီအရှင်မင်းကြီး၊ယခုပြန်မလာတော့ဘူးဆိုပါက-

ထိုခရီးစဉ်အတွက်ကြိုတင်ပြင်ဆင်မှု့ဘာတွေများလုပ်ထားပါသလဲ" ဟုမေးပြန်ရာ...

(မှတ်ချက်..ယခင်ဘုရင်ကြီး၏ခရီးစဉ်တိုင်းတွင်ခရီးမထွက်မီ အရင်ကြိုတင်ပြင်ဆင်မှု့ များနှင့်

စစ်တပ်များကိုကြိုတင်၍စေလွတ်ထားလေ့ရှိသည်)။

ဘုရင်ကြီးက"ဤ(တမလွန်)ခရီးစဉ်အတွက်မည်သည့်စစ်တပ်၊မည်သည့်ပစ္စည်း၊ပစ္စယမှကြိုတင်ပြီး

ပို့၍မရသလိုကိုယ်နဲ့  အတူသယ်ဆောင်သွား၍ လည်းမရပါ"ဟုဖြေလေ၏..

ထိုအခါသူတော်စင်က...

"အို....အရှင်မင်းကြီး"

"ကျွန်တော်မျိုးထံတွင်အရှင်မင်းကြီးအပ်နှံထားသည့်ပစ္စည်းတစ်ခုရှိပါသည်။

မင်းကြီးက ကျွန်တော်မျိုးထက်အသိဥာဏ်တုံးသူတွေ့ခဲ့လျှင် ပေးလိုက်ပါဟု"အမိန်ရှိခဲ့ဘူးပါသည်။

ကျွန်တော်မျိုး...ဥာဏ်အတုံးဆုံး သူကိုနေရာအနှံရှာဖွေသော်လည်း အရှင်မင်းကြီး

ထပ်ဥာဏ်တုံးသောသူ ရှာဖွေ၍မတွေ့ခဲ့ပါ။

အဘယ်ကြောင့်ဆိုသော်အရှင်မင်းကြီးသည် ဤမျှတိုတောင်းလှသောလူ့လောကီခရီးစဉ်အတွက်

ရက်,လ,များစွာကပင်ကြိုတင်ပြင်ဆင်မှု့များပြုလုပ်ခဲ့သည်ကို တွေ့မြင်ခဲ့ရပါသည်။

သို့သော် ယခုကဲ့သို့အလွန်ရှည်လျား၍ပြန်လမ်းမရှိသော (နောင်တမလွန်)ခရီးစဉ်အတွက်ကြိုတင်ပို့ဆောင်မှု့

ဘာတစ်ခုမျှမပြုလုပ်ထားသည်ကို တွေ့မြင်ရသောကြောင့်အရှင်မင်းကြီးထက် ပို၍အသိဥာဏ်တုံးသူ

အခြားတစ်ယောက်မှမ တွေ့ရှိပါ၍ အရှင်မင်းကြီးကျွန်တော်မျိုးအားအပ်နှံထားသောမောင်းချဓားအား

အရှင်မင်းကြီးထံပြန်လည်၍ အပ်နှံလိုက်ပါသည်ဟုပြောကြားလိုက်လေသတည်း။


ဤအဖြစ်ကိုကြည့်ခြင်းအားဖြင့်


သူလိုငါလိုစိတ်၊သူလိုငါလိုအတွေးအခေါ်မျိုး၊နဲ့မပြီးဘဲ သာမန်စိတ်သဘောထက်မြင့်မြတ်တဲ့၊

လူတစ်ယောက်ကို ရေရှည်ပေါင်းသင်းကြည့်မှသာလျှင်သေပျော်၊နေပျော်သောလူ့ဘောင်လောကကြီး

ဖြစ်ပါလိမ့်မယ်ဆိုတာနဲ့ မိမိတို့ရဲ့မိသားစုနှင့်မိမိကျင်လည်ရာ ၀န်းကျင်မှာဘုရင်ကြီးကဲ့သို့

လောကီ ကြီးကိုချည်းမလိုက်ဘဲ အရွယ်မရွေးမိမိယုံကြည်ကိုးကွယ်သောဘာသာတရားပေါ်မှာလည်း

အနည်းနဲ့အများကျင့်ကြံပွားများနိုင်ကြပါစေလို့ဆန္ဒပြုရင်း....

ညချစ်သူ

လက်ရာမြောက်လှသောသိုးမွေးဒီဇိုင်းများ


တကယ်ကိုလက်ရာမြောက်လှပါတယ်
yarn bombing
yarn bombing
yarn bombing
yarn bombing
yarn bombing
yarn bombing
yarn bombing
yarn bombing
yarn bombing
yarn bombing
yarn bombing
yarn bombing
yarn bombing
yarn bombing
yarn bombing
yarn bombing
yarn bombing
yarn bombing
yarn bombing
yarn bombing
yarn bombing
yarn bombing.....ကျေးဇူးတင်စွာဖြင့်  http://www-alwanpayelay.blogspot.com     ကိုထွန်း

ဧကရာဇ်မြစ်၏ဆေးအစွမ်း

ဧကရာဇ်ပင်သည် အညာဒေသ မြေလတ်ပိုင်းတွင် အလေ့ကျ ပေါက်ပါသည်။ ဧကရာဇ်ပန်းသည် မွှေးမြပြီး စိတ်ကို ကြည်လင်လန်းဆန်းစေသည်။ ဧကရာဇ်ရွက်နုများကို ရေနွေးဖြောပြီး နှမ်းလှော်၊ ဆီ၊ ဆား၊ ကြက်သွန်နီ အကွင်းလိုက်လှီးပြီး သုပ်စားကြပါသည်။ အနည်းငယ် ခါးသက်သက်ရှိ၍ ဆီး၊ ၀မ်းကို ရွှင်စေပါသည်။ ယခု တင်ပြလိုသည်မှာ ဧကရာဇ်အမြစ်၏ဆေးအစွမ်းပင် ဖြစ်ပါသည်။ ပျို့အန်သည်။ အော့အန်သည်။ ၀မ်းလည်း ခဏခဏ လျှောသည်။ ရေလည်း ငတ်သည်။ ထိုသို့ အော့အန်ဝမ်းကျ ရေငတ်နာ ဖြစ်ခဲ့သော်- ဧကရာဇ်မြစ် တစ်ထွာခန့် တူးယူပြီး ရေစင်စင်ဆေး၍ ဆန်ဆေးရည်နှင့် ခပ်ပျစ်ပျစ်သွေးပြီး ဟင်းသောက်ဇွန်းတစ်ဇွန်း သောက်ပေးပါ။ အနည်းငယ် အချိန်ခြား၍ သုံးဇွန်းအထိ ဆက်သောက်ပါ။ ရောဂါ သက်သာပျောက်ကင်းသွားပါလိမ့်မည်။ သူ့တစ်မည်တည်းနှင့်ပင် အစွမ်းထက် လွယ်ကူသောဆေးနည်းဖြစ်၍ တင်ပြပေးလိုက်ပါသည်။

KM Company အနေဖြင့် အောက်ပါအတိုင်း ပြန်လည်ဖြေရှင်းချက်

KM Company အနေဖြင့် အောက်ပါအတိုင်း ပြန်လည်ဖြေရှင်းချက်မှာ

ပြင်ဦးလွင် ဂေါက်ကွင်းရှိ KM Golf Center တွင် မည်သူကို မျှ
ဝန်ထမ်းအဖြစ်ခန့်အပ်ထားမရှိပါ။ ကော်မရှင်စား အရောင်းပစ္စည်း အဖြစ်သာ
ပေးအပ်ထားခြင်းဖြစ်ပါသည်။ ထို့ကြောင့် ဖြစ်ပွားနေသော အမှုကိစ္စများသည်
၎င်းတို့၏ ကိုယ်ပိုင် ပြသာနာများ ဖြစ်ပြီး KM Golf Center  ၀န်ထမ်း
လုံးဝ(လုံးဝ) မရှိပါကြောင်း။  padaukchitthusgg
@gmail.com 

 https://www.facebook.com/note.php?note_id=429818483726251

by Wira Thu on Friday,  September 7, 2012 at 12:13pm · 

သြကာသ ကန်တော့ခန်း ရှင်းလင်းချက်

သြကာသ ကန်တော့ခန်း ရှင်းလင်းချက်

https://fbcdn-photos-a.akamaihd.net/hphotos-ak-snc6/221815_222823681078084_4033405_a.jpg
သြကာသ ကန်တော့ချိုး
သြကာသ သြကာသ သြကာသ ကာယကံ ၀စီက မနောကံ သဗ္ဗဒေါသ ခပ်သိမ်းသော အပြစ်တို့ကို ပျောက်ပါစေခြင်း အကျိုးငှာ ပထမ ဒုတိယ တတိယ တစ်ကြိမ် နှစ်ကြိမ် သုံးကြိမ်မြောက်အောင် ဘုရား ရတနာ တရားရတနာ သံဃာရတနာ ရတနာမြတ်သုံးပါးတို့ကို အရိုအသေ အလေးအမြတ် လက်အုပ်မိုး၍ ရှိခိုးပူဇော် ဖူးမြော် မာန်လျှော့ ကန်တော့ပါ၏ အရှင်ဘုရား။

ကန်တော့ရသော အကျိုးအားကြောင့် အပါယ်လေးပါး၊ ကပ်သုံးပါး၊ ရပ်ပြစ်ရှစ်ပါး၊ ရန်သူမျိုးငါးပါး၊ ၀ိပတ္တိတရားလေးပါး၊ ဗျသနတရားငါးပါးတို့မှအခါခပ်သိမ်း ကင်းလွတ်ငြိမ်းသည်ဖြစ်၍ မဂ်တရား ဖိုလ်တရား နိဗ္ဗာန်တရားတော်မြတ်ကို ရပါလို၏ အရှင်ဘုရား။
(သြကာသ ကန်တော့ခန်းရှင်းလင်းချက်)
 သြကာသ    ။    ။     အခွင့်၊ ခွင့်ပြုတော်မူပါ။ (ရှိခိုးခွင့် ပြုတော်မူပါ။ ကန်တော့ခွင့်ပြုတော်မူပါဟု ခွင့်တောင်းခြင်းဖြစ်သည်။ ရိုသေမှုကို အလေးအနက်ပြုလိုသောကြောင့် သြကာသ ကို သုံးကြိမ် ရွတ်ဆိုကြရသည်။)
 ကာယကံ    ။    ။    ကိုယ်ဖြင့် ပြုလုပ်သောအမှု
 ၀စီကံ          ။    ။    နှုတ်ဖြင့် ပြောဆိုသောအမှု
 မနောကံ    ။    ။    စိတ်ဖြင့် ကြံစည်သောအမှု
 သဗ္ဗဒေါသ ။    ။     သဗ္ဗ+ဒေါသ=ခပ်သိမ်းသော+အပြစ်
ခပ်သိမ်းသော အပြစ်တို့ကို    ။    ။    သဗ္ဗဒေါသဟူသော ပါဠိစကားကို မြန်မာဘာသာပြန်ဆို၍  လေးနက်စေရန် ထပ်မံဆိုခြင်းဖြစ်သည်။်
ပျောက်ပါစေခြင်း အကျိုးငှာ    ။    ။     ရတနာသုံးပါးနှင့် မိဘဆရာသမားများအပေါ်၌ ကိုယ်အမူအရာဖြင့် ပြစ်မှားခြင်း၊ အပြောအဆို (နှုတ်) ဖြင့် ပြစ်မှားခြင်း၊ စိတ်ကူး အကြံအစည်ဖြင့် ပြစ်မှားခြင်းတို့တွင် တစုံတခုသော ပြစ်မှားခြင်း ရှိခဲ့သော် ထိုအပြစ်တို့ကို ပပျောက်လျော့ပါး သွားစေရန် တောင်းပန်ဝန်ချကန်တော့ခြင်းဖြစ်သည်။
ပထမ ဒုတိယ တတိယ တစ်ကြိမ် နှစ်ကြိမ် သုံးကြိမ်မြောက်အောင်    ။    ။ ပါဠိနှင့်မြန်မာတွဲဖက်သုံးနှုန်းထားခြင်းဖြစ်သည်။ အနက်အဓိပ္ပာယ် အထူးရှင်းရန်မ လိုပါ။
ရတနာ    ။    ။    အလေးအမြတ်ပြုထိုက်ခြင်း၊ တန်ဖိုးကြီးမားခြင်း၊ ရှားပါး၍  ရခဲခြင်း၊ ရရှိသူ တွေ့ရှိသူအား နှစ်သက်မှုကို ဖြစ်စေနိုင်သောကြောင့် ရတနာဟု ခေါ်ဆိုရသည်။
ဘုရား    ။    ။ အလုံးစုံကို အကုန်အမင် သိမြင်တော်မူသောကြောင့် ဘုရားဟုခေါ်ပါသည်။
တရား    ။    ။    သတ္တ၀ါများကို ဆင်းရဲတွင်းသို့မကျရအောင် ဆောင်ယူတတ်သောကြောင့် တရားဟုခေါ်ပါသည်။
သံဃာ    ။    ။    အယူသီလ တူမျှသော အရိယာပုဂ္ဂိုလ်အပေါင်းနှင့် သမ္မုတိ သံဃာကို သံဃာဟုခေါ်ပါသည်။
 ရတနာမြတ်သုံးပါးတို့ကို     ။    ။ မြင့်မြတ်သော ဘုရားရတနာ၊ တရားရတနာ၊ သံဃာရတနာ တို့ကို
 အရိုအသေ    ။    ။    ၀ပ်တွားကျိုးနွံခြင်း၊ မလေးမခန့်မပြုဘဲ ကြောက်ရွံ့ခန့်ညားမှုကို ဖော်ပြခြင်း၊
အလေးအမြတ်    ။    ။ လေးစားခြင်း၊ မြတ်နိုးခြင်း။
လက်အုပ်မိုး၍     ။     ။ လက်ဝါးနှစ်ဘက်ကို စုံညီပြု၍  နဖူးအထိ ချီမြှောက်ထားခြင်း၊ 
(ဘုရားရှိခိုးရာ၌ လက်အုပ်ကို မေးစေ့ (သို့) ရင်ညွှန့်မျှသာ မြှောက်ချီထားခြင်းသည် အမြင့်ဆုံးအရိုအသေပြုနည်းမဟုတ်၊ 
နဖူးအထိ မြှောက်ချီထားမှသာလျှင် အမြင့်ဆုံး အရိုအသေပြုခြင်း ဖြစ်သည်။)
ရှိခိုးပူဇော်     ။    ။ ရှိခိုးခြင်းကိုပင် ပူဇော်ခြင်း ဟုဆိုလိုသည်။
ဖူးမြော်    ။    ။    မြင်တွေ့ခြင်း၊ ကြည့်ရှုခြင်း၊ ညာဏ်မျက်စိ၌ ထင်ရှားပေါ်လွင် လာအောင် အာရုံပြုခြင်း
မာန်လျှော့ ။    ။    ရှိခိုးခြင်း၊ ကန်တော့ခြင်းကို ပြုရာ၌ မာန်မာနကို လျှော့ချပြီးမှသာ ရှိခိုးကန်တော့နိုင်သည်။ (မိမိကိုယ်ကို ရတနာသုံးပါးအောက် နိမ့်ကျသည်၊ ညံ့သည်ဟု ယူဆပါမှ ရှိခိုးကန်တော့နိုင်သည်။)
ကန်တော့ပါ၏ ။    ။    ၀န်ချတောင်းပန်ပါ၏၊ မြန်မာစကား၌ လူကြီးသူမများကို မတော်တဆ ထိခိုက်မိ တိုက်မိပါက " ကန်တော့ ကန်တော့ " ဟု တောင်းပန်စကား ဆိုလေ့ရှိကြသည်။
                               ရှိခိုးပါ၏ ဟုအဓိပ္ပာယ်ရသည်။

ကန်တော့ရသော အကျိုးအားကြောင့် ။    ။    ကန်တော့ရသော ကုသိုလ်ကံစေတနာကြောင့် ဟု ဆိုလိုသည်။
အပါယ်လေးပါး    ။    ။    အပါယ=(အပ+အယ။    အယ=ချမ်းသာ+အပ=ကင်းခြင်း) ချမ်းသာကင်းသောအရပ်၊ ကုသိုလ်ကောင်းမှုပြုခွင့်မရသော ဖော်ပြပါ အရပ်ဌာန ၄ခုကို အပါယ်ဟုခေါ်သည်။

  1.    ငရဲ=ငရဲထိန်း၊ ငရဲမီး စသည်တို့ဖြင့် အမြဲ နှိပ်စက်ခံရသော ဘုံဌာန၊
  2.    တိရစ္ဆာန်=မဂ်ဖိုလ် နိဗ္ဗာန်တရားတော်နှင့် ဖီလာကန့်လန့် ဖြစ်နေသော သတ္တ၀ါတို့၏ ဘုံဌာန
  3.    ပြိတ္တာ=စားရမဲ့ ၀တ်ရမဲ့ ခိုကိုးရာမဲ့ ဖြစ်နေသူတို့၏ ဘုံဌာန
  4.    အသူရကာယ်=ပြိတ္တာများထက် အခြေအနေဆိုး၍ အမြဲပူလောင် ဆင်းရဲ ခံနေရသူများ၏ ဘုံဌာန
ကပ်သုံးပါး    ။    ။    ကပ္ပ=ကပ်=တစ်ခုသော အချိန်ကာလခေတ်၊ ဆိုးရွားသော ဘေးအန္တရာယ်များကျရောက်ချိန်ကာလကို ကပ်ဟုခေါ်သည်။ ကပ်သုံးပါးမှာ-

  1.    ဒု ဗ္ဘိ က္ခ န္တရကပ်=ငတ်မွတ်ခြင်းဘေးဆိုက်ရောက်နေသည့်ခေတ်ကာလ (ကြီးကျယ်သော ငတ်မွတ်ခြင်းဘေးကို - မဟာသရောကြီး - ဟုခေါ်သည်။) လူသားအများလောဘထူပြောလျှင် ယင်းကပ်ဆိုက်တတ်သည်။
  2.    သတ္တ န္တရကပ်=လက်နက်ဘေး (သို့) စစ်ဘေး အန္တရာယ် ဆိုက်ရောက်သည့်ခေတ်ကာလ လူသားအများဒေါသထူပြောလျှင် ယင်းကပ်ဆိုက်တတ်သည်။
  3.    ရောဂန္တရကပ်= ကူးစက်ရောဂါ ဘေးအန္တရာယ် ဆိုက်ရောက်သည့်ခေတ်ကာလ လူသားအများ မောဟထူပြောလျှင် ယင်းကပ်ဆိုက်တတ်သည်။
ရပ်ပြစ်ရှစ်ပါး    ။    ။  ယင်းအရပ်ဌာနများ၌ ဖြစ်လာသူများသည် မြတ်စွာဘုရားရှင်၏ ဒေသနာတောင်ကို နာကြားခွင့် မ၇ခြင်း၊ နာကြားရသော်လည်း အနက်အဓိပ္ပာယ်ကို သိနိုင်စွမ်း မ၇ှိခြင်းကြောင့်                                              ရပ်ပြစ်ရှစ်ပါး ဟုခေါ်သည်။

  1.    ငရဲ
  2.    တိရ စ္ဆာန်
  3.    ပြိတ္တာ
  4.    လွန်စွာ အသက်တမ်း၇ှည်သော အရူပဗြဟ္မာနှင့် အသညာသတ်ဗြဟ္မာ၊ ( အရူပဗြဟ္မာ=ရုပ်မရှိ၊နာမ်တရားသက်သက်သာရှိသည်။ အသညာသတ်ဗြဟ္မာ=နာမ်တရားမရှိ၊ ရုပ်သက်သက်သာ၇ှိသည်။)
  5.    ပစ္စ န္တရစ်အရပ်သား=တိုင်းစွန်ပြည်ဖျား လမ်းပန်းအဆက်အသွယ်ခက်ခဲ၍  ဝေါဟာရ မပြည့်စုံ မကြွယ်ဝသည့် လူရိုင်းအမျိုးအနွယ်။
  6.    မိစ္ဆာဒိဌိ=မှားယွင်းသော အယူဝါဒရှိသော အမျိုးအနွယ်
  7.    ဒုပ္ပည=အသိညာဏ်လူစဉ်မမီသူ
  8.    သာသနာပ ကာလ
ရန်သူမျိုးငါးပါး၊ ။    ။ရန်သူ ဝေရ။ ရန်၊ ရန်သူ။ ဗုဒ္ဓ ဘာသာဝင်တို့သည် ဘုရားရှိခိုးဆုတောင်းတိုင်း ရန်သူမျိုးငါးပါးမှ ကင်းဝေးအောင် ဆုတောင်းလေ့ရှိကြသည်။ ယင်းရန်သူမျိုးငါးပါးမှာ-

  1.    ရေ၊
  2.    မီး၊
  3.    မင်းဆိုး၊
  4.    ခိုးသူ၊
  5.    အမွေခံသားဆိုး၊ သမီးဆိုး တို့ဖြစ်သည်။
ဝိပတ္တိတရားလေးပါး။    ။ ၀ိပတ္တိ။ မပြည့်စုံခြင်း၊ ချို့တဲ့ခြင်း၊ ပျက်စီးခြင်း။ ဗုဒ္ဓဘာသာဝင်တို့ ဘုရားရှိခိုး ဆုတောင်းသည့်အခါ ၀ိပတ္တိတရားလေးပါးမှ ကင်းလွတ်ငြိမ်းအောင် ထည့်၍ဆုတောင်းလေ့ရှိကြသည်။

   1. မင်းဆိုး မင်းယုတ်အုပ်စိုးသော ကာလ၌ဖြစ်ခြင်း၊
   2. အပါယ်လေးပါး၌ ဖြစ်ရခြင်း၊
   3. ရုပ်ဆင်းအင်္ဂါ ချို့တဲ့ခြင်း၊
   4. အသိအလိမ္မာ ညာဏ်ပညာနှင့် သတိဝီရိယ မ၇ှိခြင်း။


ဗျသနတရားငါးပါး။    ။ ဗျသန။ ပျက်စီးခြင်း၊ ဆုံးရှုံးခြင်း။ ဗျသနတရား ငါးပါးရှိသည်။
   1. ဉာတိဗျသန - ဆွေမျိုးများ ပျက်စီးခြင်း၊
   2. ဘောဂဗျသန - စည်းစိမ်ဥစ္စာ ပျက်စီးခြင်း၊
   3. ရောဂဗျသန - အနာရောဂါဖြစ်၍ ပျက်စီးခြင်း၊
   4. ဒိဋ္ဌိဗျသန - အယူမှား၍ ပျက်စီးခြင်း၊
   5. သီလဗျသန - သီလ ပျက်စီးခြင်း။


မဂ်တရား ။    ။ မဂ်တရားလေးပါး- လောဘစသော ကိလေသာတို့ကို ပယ်သတ်၍ နိဗ္ဗာန်သို့သွားရောက်ကြောင်းဖြစ်သော တ၇ားလမ်းကို မဂ်ဟုခေါ်သည်။
   1. သောတပတ္တိမဂ်
   2. သကဒါဂါမိမဂ်
   3. အနာဂါမိမဂ်
   4. အရဟတ္တမဂ်

ဖိုလ်တရား ။    ။ မဂ်၏ တိုက်ရိုက် အကျိုးတရားကို ဖိုလ် ဟုခေါ်ပါသည်။ ဖိုလ်တရားလေးပါး-

  1.    သောတပတ္တိဖိုလ်
  2.    သကဒါကါမိဖိုလ်
  3.    အနာဂါမိဖိုလ်
  4.    အရဟတ္တဖိုလ်
နိဗ္ဗာန်တရားတော်မြတ်     ။    ။ ဒုက္ခခပ်သိမ်းတို့၏ ကုန်ဆုံးရာ အေးငြိမ်းချမ်းသာသော ဓါတ်သဘောကို နိဗ္ဗာန် ဟုခေါ်ပါသည်။ ရာဂ၏ ကုန်၇ာ၊ ဒေါသ၏ ကုန်ရာ၊ မောဟ၏ ကုန်ရာ သည် နိဗ္ဗာန်မည်၏။

ကန်တော့ခန်းရှင်းလင်းချက် ပြီးပါပြီ။