This is default featured slide 1 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 2 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 3 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 4 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 5 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
Saturday, September 1, 2012
SSPP/SSA နှင့် ပတ်သက် ဆက်နွယ်သည်ဟု သင်္ကာမကင်း ဖြစ်သူများကို မြန်မာစစ်တပ်က ဆက်တိုက် ဖမ်းဆီး နေ -
( ဒေသခံရွာသားများအား ပေါ်တာထမ်း လမ်းပြဖို့ ဖမ်းခေါ်လာသည့် မြန်မာအစိုးရစစ်ကြောင်း( ဓါတ်ပုံ- အင်တာနက်)
သြဂုတ်လ ၃၁ရက် ၂၀၁၂။
သျှမ်းပြည် တပ်မတော်၏ အမာခံလူဟုဆိုကာ ဖမ်းဆီးသွားသော နမ္မတူဒေသခံ စိုင်းကျော်အေးခေါ် အား ပြန် မလွှတ်ပေးသေးသည့်အပြင် သျှမ်းတပ်နှင့် ပတ်သက် ဆက်နွယ်နေသူများကို လိုက်ပြပေးရန် ဆက်လက် ခေါ်ဆောင်သွားသဖြင့် ဒေသခံများ စိတ်လက်မအေး ဖြစ်နေရကြောင်း ဒေသခံများ သတင်းရပ်ကွက်က ဆိုပါသည်။
 “၂၃ ရက်နေ့က ဖမ်းတဲ့ ပိန်းထော်(န်) ရွာသား စိုင်းကျော်အေးကို သူတို့စစ်ကြောင်းကို လမ်းပြပေးဖို့ခေါ်သွား တယ်။ ပိန်းထော်န် ရွာသူကြီး စိုင်းအောင်ညွန့် ကိုလည်း ဖမ်းသွားတယ်။ ၂၇ ရက်မှာ ည ၈ နာရီ မန်စံရွာထဲ ဝင်တယ်။ နမ့်ပိုင်သူကြီး စိုင်းထွေး ညွန့်၊ ရွာသား စိုင်းဝဏ္ဏကို ကို ထပ်ဖမ်းတယ်။ ၂၈ ရက်နေ့ ပန်လှ၊ ပန်ဆော့ရွာဖက် ဆက်သွားတယ်။ ဆန်ခါဘက်ဖြတ်သွား တော့ ဆန်ခါရွာသား တွေကို သူတို့ကို နားဟုတ် နောင်ငင်းရွာကို ပို့ခိုင်းတယ်။ ဆန်ခါမှာ ဗမာစစ်တပ် လူစုခွဲပြီး နောင်ငင်းကို ၉၄ ယောက် ရောက်တယ်။ ၂၉ ရက် နားဟုတ်ကနေ မန်စံ တောင်ဖက်ဆင်း တယ်။ စိုင်းကျော်အေးနဲ့ စိုင်းအောင်ညွန့်ကို ဗမာ စစ်အင်္ကျီ နဲ့ ပုဆိုးနဲ့ ဝတ်ပေးပြီး လက်ထိပ်ခတ်ကြီးနဲ့ေ ခ်ါသွားတယ်။ အဲဒီစစ်သားတွေကျတော့ သျှမ်းစစ်သား ဝတ်စုံတွေ ဝတ်ကြတယ်လို့လဲ ရွာသားတချို့ပြောကြတယ် ” ဟု နမ္မတူသား စိုင်းခမ်းက
ပြောသည်။
ယခုလ ၂၃ ရက်နေ့က ပိန်းထော်န်ရွာသားစိုင်းကျော်အေးနှင့် နောင်အော့ရွာသား စိုင်းကမ်တို့ နှစ်ယောက် နမ္မတူမြို့နယ် ဝမ့်စန် ကျေးရွာအုပ်စုမှ နောင်အော့်ရွာသို့ ဆိုင်ကယ်ဖြင့် အပြန် နောင်အော့ နတ်စင်အနီး၌ နမ္မတူအခြေစိုက် ၃၂၄ နှင့် နောင်ချိုအခြေစိုက် ၅၀၄ ပူးပေါင်းတပ် အင်အား ၁၀၀ ခန့်က ဖမ်းဆီးခဲ့ရာမှစ၍ ယနေ့တိုင် သင်္ကာမကင်းဖြစ်သူများကို ဆက်လက်ဖမ်းဆီးနေခြင်း ဖြစ်သည်ဟု မန်စန်ဒေသခံများက ပြောပါသည်။
အဆိုပါ မြန်မာစစ်တပ်၏ပူးပေါင်းစစ်ကြောင်း ဝင်ရောက်မွှေနှောက်နေသော နယ်မြေများသည် သျှမ်းပြည် တပ်မတော် SSPP/SSA ထိန်းချုပ်နယ်မြေအတွင်းဖြစ်ပြီး ပစ်ခတ်တိုက်ခိုက်မှုမရှိသေးသကဲ့သို့သျှမ်းပြည် တပ်မတော်မှ ဝင်ရောက် ပြောဆို ဖြေရှင်းပေးခြင်းလည်းမရှိသေးကြောင်း စိုင်းခမ်းက ဆက်လက်ပြောပြသည်။
၎င်းနှင့်ပတ်သက်၍လည်း သျှမ်းပြည်တပ်မတော် SSPP/SSA ဌာနချုပ် ဝမ့်ဟိုင်း မှ အရာရှိတဦးက အဆိုပါ အကြောင်း ကိစ္စမသိရှိရသေး ကြောင်းပြောဆိုခဲ့သည်။
“ ဒီစစ်ကြောင်းတွေကနေ လူတွေလိုက်ဖမ်းနေတာ လွယ်လွယ်နဲ့ရပ်မယ်မထင်ဘူး။ စစ်သားတိုင်းဟာ သျှမ်းစကားကိုမွှတ် နေအောင်ပြောတတ်တယ်။ ရွာသားတွေကို သျှမ်းစစ်တပ်နဲ့ မပတ်သက်စေချင်တဲ့စီမံကိန်း နဲ့ ရှင်းလင်းနေတာဖြစ်နိုင်တယ်။ သူတို့ဖမ်းသွားတဲ့လူတိုင်း ညိုမဲဒဏ်ရာတွေပြည့်နေတယ်လို့ မြင်တဲ့လူတွေက ပြောပြတယ်။ ဒီတိုင်းဆက်လုပ်နေမယ်ဆို ရင်တော့ မကြာခင်ရွာသားတွေ ပြောင်းကြရွှေ့ကြမယ့်အနေအထား မှာရှိတယ်” ဟု ခေတ်ပညာတတ် နမ္မတူလူငယ် တဦး ကလည်းပြောသည်။
ထိုသို့ ခြေလျင်စစ်ကြောင်းများအပြင် စစ်ယာဉ်တန်းဖြင့်လည်း လားရှိုးမှ နမ္မတူဘက်သို့ အင်အားပို့ဆောင် နေကြောင်း ဒေသ ခံများကပြော၏။
အဖမ်းခံရသူ၏ မိဘဆွေမျိုးများက စိုးရိမ်ပူပန်မှုဖြင့် ဒေသတွင်းရှိ နိုင်ငံရေးပါတီများ အုပ်ချုပ်ရေးအာဏာ ပိုင်များမှတဆင့် အကူအညီတောင်းဆိုထားသော်လည်း ဗျူဟာမှူးများက တိုင်းမှလာသောအမိန်ဖြစ်သဖြင့် မတတ်နိုင်ကြောင်းသာ ပြန်ပြော သည်ဟု ဆို၏။
သျှမ်းပြည်တပ်မတော် မြောက်ပိုင်းတပ်ဖွဲ့ဟုလူသိများသည့် သျှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA သည် ဦးသိန်းစိန် အစိုးရနှင့် ၂၀၁၂ ဂျန္နဝါရီ ၂၈ ရက်နေ့၌ ပြည်နယ်အဆင့်နှင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး သဘောတူညီချက်ရယူ ထားသည့် အဖွဲ့ဖြစ်ပါသည်။
သတင်းရင်းမြစ် - သျှမ်းသံတော်ဆင့်
မြန်မာ့စက်မှုဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာန ဖျက်သိမ်းဖို့ သမ္မတတောင်းဆို
မြန်မာ့စက်မှု ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာနကို ပြည်ထောင်စု လွှတ်တော်က အတည်ပြု ဖျက်သိမ်းပေးဖို့ သမ္မတ ဦးသိန်းစိန်က လွှတ်တော်ကို ဒီကနေ့ သ၀ဏ်လွှာပေးပို့ တောင်းဆိုလိုက်ပါတယ်။
Photo:Myanmar President Office
၂၀၁၂ ခုနှစ် ဇွန်လ ၂၅ ရက်က နေပြည်တော်တွင် ကျင်းပနေသည့် လူမှုကာကွယ် စောင့်ရှောက်ရေးဆိုင်ရာ ညီလာခံ၌ သမ္မတ ဦးသိန်းစိန် မိန့်ခွန်းပြောကြားနေစဉ်။
မြန်မာ့စက်မှု ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာနဟာ ယခင်စစ်အစိုးရ လက်ထက် နောက်ဆုံးသက်တမ်းမှာ ဖွဲ့စည်းခဲ့တာဖြစ်ပြီး နယ်စပ်ရေးရာ ဝန်ကြီးဌာနနဲ့ မြန်မာ့စက်မှု ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာန (၂) ခုကို ဒုဗိုလ်ချုပ်ကြီး သိန်းဌေးက ဝန်ကြီးအဖြစ် ဦးဆောင် လုပ်ကိုင်ခဲ့တာပါ။
အခုလို မြန်မာ့စက်မှု ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာနကို ဖျက်သိမ်းဖို့ ဖြစ်လာရတာဟာ ဒီဝန်ကြီးဌာနရဲ့ ဘတ်ဂျက်သုံးစွဲမှုနဲ့ ပတ်သက်ပြီး လွှတ်တော်နှစ်ရပ်စလုံးက ကန့်ကွက် ဆွေးနွေးခဲ့တာကြောင့် ဖြစ်ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဖြစ်သူ ဒေါက်တာအေးမောင်က RFA ကို ရှင်းပြပါတယ်။
" နယကရဲ့ လက်ထက်က အတည်ပြုခဲ့တဲ့ ဘတ်ဂျက်မှာ မပါဘဲနဲ့ ဘတ်ဂျက်မဲ့ သုံးစွဲတာဖြစ်တယ် ဆိုပြီးတော့ အခါမှာ အခြေအတင် ဆွေးနွေးမှုတွေ အလီလီဖြစ်ခဲ့ပါတယ်။ အဲဒီမှာ နဘူးအိုင် စီမံကိန်းတို့မှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုနဲ့လုပ်မဲ့ မြန်မာ့စက်မှု ဖွံ့ဖြိုးရေးဋ္ဌာနကလုပ်မဲ့ အစီအစဉ်တွေကို ဗိုလ်ချုပ်ကြီးသိန်းဌေးက ပြည်ထောင်စု လွှတ်တော်ကို တင်ပြတဲ့အခါမှာ လွှတ်တော်အမတ်တွေက ဘယ်ဘတ်ဂျက်နဲ့ သုံးသလဲ၊ အဲဒီလိုမေးခွန်းတွေ မေးတာတို့၊ အဆိုပြုတာတို့ ရှိခဲ့ပါတယ်။ သူတို့ဖြေတာကတော့ဖြင့် သမ္မတရုံးရဲ့ အထူးရန်ပုံငွေထဲက သုံးတယ်ဆိုတဲ့ သဘောပဲ ရှိတဲ့အခါကျတော့ ပြည်ထောင်စုလွှတ်တော် တစ်ခုလုံးကပဲ ဒီဝန်ကြီးဋ္ဌာနကိုဖျက်ဖို့ ကျွန်တော်တို့ ဆွေးနွေး အဆိုပြုခဲ့ကြတာ ရှိပြီးတဲ့နောက်မှာ ဒီဝန်ကြီးဋ္ဌာနရဲ့ ဘတ်ဂျက် အကုန်လုံးကို ဆက်မပေးတော့ဘူး ဆိုတဲ့သဘောနဲ့ ဆွေးနွေးခဲ့ကြတာ ရှိပါတယ်"
တရုတ်နိုင်ငံမှာ စက်မှုဖွံ့ဖြိုးရေး ဆောင်ရွက်ပြီး စီးပွားရေး ပြုပြင်ပြောင်းလဲခဲ့တဲ့ စံနမူနာတွေအတိုင်း လုပ်ဆောင်ဖို့ အခုဖျက်သိမ်းတော့မယ့် မြန်မာ့စက်မှု ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာနကို ဖွဲ့စည်းခဲ့တာ ဖြစ်တယ်လို့ သိရပြီး ဒီဝန်ကြီးဌာနအတွက် သမ္မတရဲ့ အထူးဘဏ္ဍာငွေထဲက သုံးစွဲနေတာ ဖြစ်ကြောင်း သိရပါတယ်။
RFA Burmese
""အကြမ်းဖက် ရိုဟင်ဂျာလူမျိုး တစ်စုက ရိုတ်သက်မူကြောင့် အတွင်းလူနာအဖြစ် နှစ်လကျော်ကုသခဲ့သော်လည်းသေဆုံး""
မလေးရှားနှိုင်ငံဂျိုဟိုပြည်တွင်နေထိုင်
သောရခိုင် လူမျိုးသုံးဦးကိုအမည်မသိရိုဟင်
ဂျာလူမျိုး တစ်စုက အကြမ်းဖက်ရိုက်သက်
မူကြောင့် နှုစ်ဦးပြင်းထန်စွာဒဏ်ရာရရှိကာ
 တစ်ဦးသေဆုံးသွားကြောင်းသတင်းရရှိသည်။
 ဖြစ်စဉ်မှာ ၆ လ ပိုင်း ၁၁ နေ့ က ""ဂျိုဟိုပြည်ကိုတာသိမ်ဂိမ် မှ"အိမ်မှာနေရင်း ရိုဟင်ဂျာလူတစ်စုက၀င်ရောက်အကြမ်းဖက်သွားကြောင့်သေဆုံးသွားသူ၏
အတူနေ ကိုထွန်းဝင်းက ရွှေမြန်မာမီဒီယာသို့ ယခုလို ပြောသည်။
 ""ပထမတော့ လူနှုစ်ယောက် ကျနော်တို့  အိမ်ကို တခါးလာခေါက်ပါတယ်။ မြန်မာလူမျိုးပါတဲ့ ရခိုင်လိုပြောပြီးတော့အိမ်ထဲမှာစကားပြောချင်ပါတယ်။ ၀င်ပါရစေနော်ဆိုပြီးပြောပါတယ် ။။
ပထမတော့အေးဆေးပြောပါတယ်။
(  သေဆုံးသွားသူ အောင်ဇော်မိုး၏အလောင်း)
(ဓါက်ပုံရွေမြန်မာမီဒီယာ)
စကားတွေ ပြောရင်းနဲ့  တစ်ယောက် ကအိမ်သာသွားချင်တယ်တဲ့ ။တစ်ယောက်
ကျနော်တို့ နဲ့ စကားပြောနေတယ်။
အိမ်သာထဲမှာဖုန်းခေါ်သံတော့ကြားရပါတယ်။သိပ်မကြာပါဘူး။လူအုပ်တစုရောက်လာပြီး.
တုတ်တွေဓါးတွေနဲ့ ရောက်လာကြတယ်။အခန်းထဲကို ရှိတဲ့ လူတွေ အကုန်ဝင်
ရိုက်ပါတယ်။
မင်းတို့  ရခိုင်တွေ ကိုအကုန်အပြတ်ရှင်းမယ်ဆိုပြီးအကုန်ရိုက်သက်ပါတယ်။
သုံး ယောက်ကအပြင်းအထန် ဒဏ်ရာရှိသွားပါတယ်"ဟုကိုထွန်းဝင်းပြောသည်။
အဆိုပါရိုက်နှက်သက်မူကြောင့် သေဆုံးသွားသူမှာ အောင်ဇော်မိုးအသက်၂၄ ဖြစ်ပြီး။
သံတွဲမြို့ နယ် စပါးတန်ကျေးရွာဦးဖြူလှအောင်ရဲ့ သားဖြစ်သည်ဟုသိရသည်.။
အောင်ဇော်မိုးကို  ဂျိုးဟိုးဆေးရုံးကြီးတွင်အတွင်းလူနာအဖြစ် နှုစ်လကျော်ကူးသ
ခဲ့သော်လည်းအတွင်းဒဏ်ရာ ပြင်းထန်းသောကြောင့်၂၄ ရက်နေ့  ညနေတွင်သေဆုံးသွားပြီး ယခုလ၂၉ရက်နေ့ တွင်သဂြိုလ်ခဲ့သည်ဟုသိရသည်။
သွားသည်ဟုသိရသည်။
အဆိုပါပြင်းထင်ဒဏ်ရာရသွားသူနှုစ်ဦးများ မှာ"ပျိုချေ"ဖြစ်ပြီး ဦးကျော်ဖြူရဲ သားဖြစ်သား
ရွေမြန်မာမီဒီယာဂရု
KIA အား လေကြောင်းဖြင့် တိုက်ခိုက်ရန် အစိုးရ ရှေ့တန်း တပ်များက တောင်းဆိုလာ
  -
( KIA ၏ခံကတုတ်များ (ဓါတ်ပုံ KIA)
 Friday 31 August 2012
ထိုးစစ်အတွက် ရှေ့မတိုးသာဖြစ်နေသော အစိုးရ တပ်ဖွဲ့များသည် စစ်ဆင်ရေး အခြေအနေကို ပြောင်းလဲပစ်ရန် လေကြောင်း စစ်ဆင်မှုကိုပါ အသုံးပြုလာဖွယ် ရှိသည်ဟု ကချင်ပြည် လွတ်မြောက်ရေး တပ်မတော် (KIA) စစ်ဌာနချုပ်မှ တပ်မှူး တဦးက ရွှေဟင်္သာသတင်း ဌာနကို ပြောကြား ခဲ့ပါသည်။
“ KIA ကလည်း တန်ပြန်နေတယ်လေ။ သူတို့ကတော့ ရှေ့မတိုးနိုင်ဘူးဖြစ်နေတယ်။ ဒါကိုကျော်လွှားဖို့ ထင်ပါတယ်။ အရေးကြီးတဲ့ ပွိုင့် တွေကိုလေကြောင်းနဲ့ ဗုံးကျဲ ဖို့လိုအပ်တယ်ဆိုပြီး၊ အချင်းချင်း ဆက်သွယ်ရေးစက်နဲ့ အကူအညီတောင်းနေ တယ်။ နေပြည်တော်ကတော့ ဘာအမိန့်ချမလဲတော့ မသိဘူး။ လောလောတော့ငြိမ်နေတယ်။ စောင့်ကြည့်နေတယ်။ ကျနော်တို့ကတော့ အဲဒီအတွက် အစကတည်းက ပြင်ထားပြီးသားပါ ”ဟုဆိုပါသည်။
အထူးသဖြင့် လိုင်ဇာ စစ်မျာက်နှာရှိ KIA တပ်များနေရာယူထားသော တောင်ကုန်းပွိုင့်များကို ဗုံးကြဲဖွယ် ရှိသည်ဟု KIA ဖက် မှခန့်မှန်း ထားပါသည်။ သို့သော် KIA ၏ အစိုးရရှေ့တန်း စစ်တပ်အတွက် ထောက်ပံ့ရေး ရိက္ခာ လမ်းကြောင်းများကို ဖြတ် တောက်သည့် တိုက်ပွဲများကြောင့် ရှေ့တန်း တပ်ဖွဲ့များတွင် ရိက္ခာ ပြသနာဖြစ်ဖွယ် ရှိနေပါသည်။ ဤပြသနာကို အစိုးရဖက်က လေကြောင်းနည်းဖြင့် ရိက္ခာနှင့် ခဲယမ်းမီးကျောက်များ ချပေးနိုင်ဖွယ်ရှိ နေပါသည်။
KIA သည် ၄င်းတို့၏ တန်ပြန် ထိုးစစ်ကို၊ စခန်းသိမ်း ချေမှုန်းရေး တိုက်ပွဲများ အပါဝင် ပျောက်ကျား စနစ်နှင့်၊ မိုင်းစစ်ဆင်ရေး နည်းလမ်းများကို အသုံးပြုပြီး အစိုးရ တပ်ဖွဲ့များအား ပြန်လည် တိုက်ခိုက်
နေသည်ဟု ဆိုပါသည်။ အထူးသဖြင့် လိုင်ဇာစစ် မျက်နှာ၊၀ိုင်းမော်နှင့် တပ်မဟာ (၅) ဧရိယာ၊ တပ်မဟာ (၃)နှင့် တပ်မဟာ (၄) ဧရိယာ နှင့် ဖါးကန့်နယ်ရှိ KIA တပ်ရင်း (၃) ဧရိယာ၌ နေ့စဉ် တိုက်ပွဲများဖြစ်ပွားနေပါသည
်။
အစိုးရ တပ်ဖွဲများသည်လည်း KIA တပ်ဖွဲ့များ၏ တန်ပြန်မှုကို တန်ပြန်စစ်ဆင်ရေးဖြင့် တုန့်ပြန်နေသည်ဟုဆိုပါသည်။ ဤ ကဲ့သို့ ပြင်းထန်လာနေသော စစ်ရေးအခြေအနေကြောင့် ကချင် စစ်ပြေး ဒုက္ခသည်များ တိုးလာနေပြီး ယခုဆိုလျှင် ဒုက္ခသည်များ တသိန်းဝန်းကျင်ခန့် ရှိလာနေ ပြီးဟု ဒုက္ခသည်ကော် မီတီ များက ခန့်မှန်းနေပါသည်။ အထူးသဖြင့် ဖါးကန့်ဒေသ၌ ကျေးရွာ (၁၁) ရွာမှ လူထုများ ပြောင်းရွှေ့ပေးရန် အစိုးရ တပ်ဖွဲ့များက ထပ်မံ အမိန့်ပေးထားသည်ဟု ဒေသခံများကဆိုပါ သည်။
ဤကဲ့သို့ KIA နှင့်အစိုးရတို့၏ ရှေ့မတိုးသာ ဖြစ်နေသော ပြသနာကို ၀ိုင်းဝန်း ကူညီဖြေရှင်းပေးရန် အမေရိကန်နိုင်ငံက တ ရုတ်နိုင်ငံအား တောင်းဆိုထားကြောင်း အမေရိကန် အစိုးရ ထုတ်ပြန်ချက်တခု၌ တွေ့ရပါသည်။ ထို့အပြင် ကချင်စစ်ပြေး ဒုက္ခသည်များကို နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့များက အကူအညီပေးနိုင်ရန် တရုတ်နယ်မြေကို အသုံးပြု ခွင့်ပေးရန် လည်းတောင်းဆိုထားပါသည်။
ဤစစ်ပွဲသည်၊ တိုင်းရင်းသားများအပေါ် အစိုးရသဘောထား၏ နောက်ဆက်တွဲပြသနာဟု KIA ကခံယူသလို မြန်မာနိုင်ငံ ငြိမ်းချမ်းရေးအတွက် အကူအညီပေးနေသော နော်ဝေးနိုင်ငံမှ Myanmar Peace Support Initiative (MPSI) ကလည်း မြန်မာ့ငြိမ်းချမ်းရေးသည် အစိုးရမှ KIA အပေါ် ထားရှိသောသဘောထား၌ မူတည်သည်ဟု မှတ်ချက်ပြုခဲ့ပါသည်။
သတင်းရင်းမြစ် - ရွှေဟင်္သာသတင်းဌာန
မိုဘိုင်းဖုန်းမှ Wi-Fi hotspot တည်ဆောက်ပြီး အင်တာနက်ကွန်နက်ရှင် မျှဝေအသုံးပြုခြင်း
အင်တာနက်ရရှိသော မိုဘိုင်းဖုန်းမှ တခြားကွန်ပျူတာ, မိုဘိုင်းဖုန်းနှင့်Tablet များထံသို့ အင်တာနက်
ကွန်နက်ရှင်ကို မျှဝေ အသုံးပြုလို့ ရပါတယ်။ အင်တာနက် ရရှိတဲ့ ဖုန်းကနေပြီးတော့ Wi-Fi hotspot တစ်ခု တည်ဆောက်ပေးလိုက်ရင်တော့ ကွန်ပျူတာ၊ မိုဘိုင်းဖုန်းနဲ့ Tablet တွေမှာ အရေအတွက် ရှစ်လုံးအထိ အင်တာနက် မျှဝေ အသုံးပြုနိုင်ပါတယ်။ ပထမဦးဆုံး အင်တာနက် ရရှိတဲ့ မိုဘိုင်းဖုန်းရဲ့ အင်တာနက် ကွန်နက်ရှင်ကို On ပေးပါ။ Wi-Fi hotspot တစ်ခု တည်ဆောက်မှာဖြစ်တဲ့အတွက်ကြောင့် ဖုန်းရဲ့ Settings ကို ဖွင့်လိုက်ပါ။ Wireless & networks တွေ့ရင်တော့ select လုပ်ပါ။ အင်တာနက် ကွန်နက်ရှင်ကို Share ပေးမှာဖြစ်တဲ့ အတွက်ကြောင့် Tethering & portable hotspot ကို ရွေးပေးပါ။ Portable WLAN
hotspot ကို တွေ့ရင်တော့ check box မှာ အမှန်ခြစ်ပြီး Portable WLAN hotspot settings ထဲသို့ ၀င်လိုက်ပါ။ အခြား devices
များနှင့် ချိတ်ဆက်မှာဖြစ်တဲ့အတွက်ကြောင့် မိမိရဲ့ အင်တာနက် ကွန်နက်ရှင် လုံခြုံစိတ်ချရစေဖို့အတွက် Configure WLAN hotspot ထဲကို ၀င်ပြီး
Security Password ပေးရပါမယ်။ Configure WLAN hotspot ထဲမှာ Network SSID, Security, Passwordဆိုပြီး tabs သုံးခုကို တွေ့ရပါမယ်။
Network SSID မှာ မိမိစိတ်ကြိုက် SSID Name ပေးလို့ ရပါတယ်။ Security ထဲမှာတော့ WPA2 PSK ကို ရွေးပေးလိုက်ပါ။ Password ကတော့ မိမိ
စိတ်ကြိုက်ပေးလို့ ရပြီး အနည်းဆုံး characters အရေအတွက် ရှစ်လုံး အထိ ရိုက်ထည့်ပေးရပါမယ်။ အာလုံးလုပ်ပြီးသွားရင်တော့ Save လုပ်လိုက်ပါ။
တဖက်မှာလည်း အင်တာနက် လက်ခံအသုံးပြုမယ့် မိုဘိုင်းဖုန်းနဲ့ Tablet မှာ WLAN Settings ထဲကို ၀င်ပြီး အင်တာနက် လွှင့်ထားတဲ့ SSID
Name ကို တွေ့တာနဲ့ Password ရိုက်ထည့်ပြီး အင်တာနက် အသုံးပြုနိုင်ပါတယ်။ ကွန်ပျူတာနဲ့ အင်တာနက် အသုံးပြုချင်ရင်တော့ ကွန်ပျူတာရဲ့
Control Panel > Network and Internet > Manage Wireless Networks ထဲမှာ အင်တာနက် လွှင့်ထားတဲ့ SSID Name ထဲ ၀င်ပြီး Password
ရိုက်ထည့်ကာ အင်တာနက် အသုံးပြုနိုင်ပါပြီ ခင်ဗျာ။ 
မျိုးဇင်ကို 
Ref : ICT ဂျာနယ်
ဖုန်းငွေဖြည့်ကတ် အွန်လိုင်းမှ ဝယ်နိုင်တော့မည်
မိုဘိုင်းလ်ဖုန်း ကြိုတင်ငွေဖြည့်ကတ်တွေကို စက်တင်ဘာလ ဒုတိယပတ်ကစပြီး အွန်လိုင်းကနေ ဝယ်ယူနိုင်တော့မယ်လို့ သိရတယ်။ ဂျီအက်စ်အမ်နဲ့ စီဒီအမ်အေ 450/800MHz မိုဘိုင်းလ်ဖုန်းတွေအတွက် ကြိုတင်ငွေဖြည့်ကတ်တွေကို
ဝယ်ယူနိုင်မှာပါ။ အွန်လိုင်းက ဝယ်ယူလိုတဲ့သူတွေ အနေနဲ့ http://www.prepaidcard.com.mm/ ကနေတစ်ဆင့် ကိုယ်ဝယ်လိုတဲ့ ကြိုတင်ငွေဖြည့်ကတ်တွေကို ဝယ်ယူနိုင်မှာပါ။ ကြိုတင်ငွေဖြည့်ကတ်ရဲ့ အချက်အလက် နံပါတ်တွေကို ငွေပေးချေပြီးရင် အီးမေးလ်နဲ့ ချက်ချင်းပို့ပေးမှာ ဖြစ်တယ်လို့ သိရတယ်။ နောက်ပိုင်းမှာတော့ မြန်မာနိုင်ငံမှာ သုံးနေတဲ့ ကြိုတင် ငွေဖြည့်ကတ်တွေ၊ နိုင်ငံတကာမှာ သုံးနေတဲ့ အိုင်ကျွန်းကတ်တွေကိုပါ ဝက်ဘ်ဆိုက်မှာ ရေးချပေးသွားမယ်လို့ ဝန်ဆောင်မှုကို စီစဉ်နေတဲ့ တာဝန်ရှိသူတစ်ဦးက အီးမေးလ်ကတစ်ဆင့် ပြောပါတယ်။ ငွေပေးချေမှု စနစ်အတွက် Myanpay အွန်လိုင်း ငွေပေးချေမှုစနစ်ကို သုံးထားပြီး အွန်လိုင်းကနေ ဝယ်ယူတဲ့သူတွေ အနေနဲ့ ငွေပေးချေပြီးတာနဲ့ သူတို့ရဲ့ အီးမေးလ်မှာ ကြိုတင်ငွေဖြည့်ကတ်ရဲ့ အချက်အလက်တွေ ရရှိမှာ ဖြစ်တယ်လို့ ပြောပါတယ်။ ကြိုတင်ငွေဖြည့်ကတ်တွေရဲ့ ဈေးနှုန်းကိုလည်း အပြင်ဈေးထက်ပိုပြီး သက်သာအောင် စီစဉ်ထားတယ်လို့ သိရတယ်။ ကြိုတင်ငွေဖြည့်ကတ်ကို အွန်လိုင်းက စရောင်းချပေးမယ့် http://www.prepaidcard.com.mm/ ကို စက်တင်ဘာလ ဒုတိယပတ်ကစပြီး လည်ပတ်မယ်လို့ သိရတယ်။ Myanpay အွန်လိုင်းငွေပေးချေမှုစနစ်နဲ့ ချိတ်ထားတဲ့အတွက် အွန်လိုင်းကနေ ကြိုတင်ငွေဖြည့်ကတ် ဝယ်ယူချင်သူတွေ အနေနဲ့ Myanpay အကောင့်ရှိဖို့ လိုအပ်တယ်လို့ သိရကြောင်း ၂၀၁၂ခုနှစ် သြဂုတ်လ ၃၁ ရက်နေ့ထုတ် မော်ဒန် ဂျာနယ်တွင် ဖော်ပြထားပါသည်။
By International Social Network Myanmar
ဒေါ်လာ ၉၀ ဝန်းကျင် တန်ဖိုးရှိသော ကမ္ဘာ့ ဈေးအပေါဆုံး Laptop
ဒေါ်လာ ၉၀ ဝန်းကျင် တန်ဖိုးရှိသော ကမ္ဘာ့ ဈေးအပေါဆုံး Laptop
ကမ္ဘာ့ ဈေးအပေါဆုံး Laptop ကိုစာဖတ်သူအချို့ သိရှိပြီး ဖြစ်မယ် ထင်ပါတယ်။
ယခုနှစ် ဇွန်လ ၂၆ ရက်နေ့က အိန္ဒိယနိုင်ငံ၊ မွမ်ဘိုင်းမြို့ မှာ ထုတ်ဖော်ပြသခဲ့ တာ ဖြစ်ပါ တယ်။ ဗြတိန်နိုင်ငံမှ နည်းပညာ ကုမ္မဏီကြီး Allied Computers International မှ ဆင်းရဲသားများအတွက် ရည်ရွယ်ပြီး ထုတ်လုပ်ထားတဲ့ Laptop ဖြစ်ပါတယ်။
ဈေးနှုန်းအားဖြင့် အိန္ဒိယ ရူပီ ၄၉၉၉ တန်ဖိုးပဲ ရှိပါတယ်။ အမေရိကန်ဒေါ်လာ နဲ့တွက်ကြည့်မယ်ဆိုရင် $90 ဝန်းကျင် ရှိပါတယ်။ မြန်မာငွေနဲ့ တွက်ရင် ၈သောင်း ဝန်းကျင်ပဲ ရှိမယ်ထင်ပါတယ်။
သို့ပေမယ့် အဲဒီ Laptop တွေမြန်မာပြည်မရောက်နိုင်သေးပါဘူး။ အိန္ဒိယမှာပဲ ရောင်းချတာ ဖြစ်ပါတယ်။
မျက်နှာပြင် - ၁၀.၂လက်မ LED (1024 x 768 resolution)
Memory - 512MB (1.0GB RAM အထိ တိုးမြင့်နိုင်)
Storage - 4GB (32GB အထိ ထပ်မံတိုးမြင့်နိုင်)
အသံထွက်စနစ် -- High Definition Audio
Communication - 10/100 Ethernet Adaptor , Wireless Adaptor , 3G ready (Optional) via USB dongle
Ports - USB 2.0 ၃ ပေါက်
Card Reader - Push Card Reader - MMC / SD - ၁ပေါက်
Imaging Device - Web ကင်မရာ
အရွယ်အစား - 11.0 x 7.25 x 1.0 လက်မ
အလေးချိန် - ၀.၇ ကီလိုဂရမ်
------
ပညာရေးမှာ အသုံးပြုရန် ရည်ရွယ်ပြီး ထုတ်လုပ်ထားခြင်း ဖြစ်ပါတယ်။ အိန္ဒိယကျောင်းသားလူငယ်များတအတွက် ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံဟာ ဆော့ဖ်ဝဲထုတ်လုပ်မှုအများဆုံး နိုင်ငံတွေထဲက တစ်ခုအပါ အဝင်ဖြစ်ပါတယ်။ အဓိက ဖောက်သည်များ ဖြစ်တဲ့ အာရှမှာဆိုရင် ဂျပန်နိုင်ငံ၊ ဥရောပမှာဆိုရင် ဗြိတိန် နှင့် အခြား အမေရိက နိုင်ငံများမှ မှာယူမှုကြောင့် ဆော့ဖ်ဝဲများ ထုတ်လုပ်ပေးနေရပါတယ်။
ဒီလို ဆော့ဖ်ဝဲဖန်တီးခြင်း အတတ်ပညာအား လူငယ်တွေကို သင်ကြား ပြုစု ပျိုးထောင်ပေးဖို့အတွက် အခြေခံ လိုအပ်ချက် ဖြစ်တဲ့ ကွန်ပျူတာကို ထောက်ပံ့ပေးရန် လိုအပ်လာပါတယ်။ ဒါကို ရှေးရှုပြီးတော့ ဗြိတိန်အခြေဆိုက် Aci မှ ယခုလို ဈေးပေါပေါ ဖန်တီးပေးခြင်း ဖြစ်တယ်လို့ သိရပါတယ်။ 
Be Faster 4.2 (အင်တာနက် Connection ကိုမြှင့်ဖို့)
 Be Faster ဆိုတဲ့ နာမည်လေးအတိုင်းပါပဲ ... အင်တာနက် Connection ကိုမြှင့်တင်ပေးတဲ့ Software လေးပါ ... စမ်းသုံးကြည့်နိုင်ဖို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်....:)
Common Features
  • Automatic optimization. All users can easily choose connection type and click optimize button to be faster.
  • Optimization for online/network gaming. This will reduce "ping" timeouts at your connections.
  • It supports all popular connection types: AOL, Opera, IE, Symantec PcAnyWhere, DUN, Dial-up connections, ISDN connections, LAN connections, Cable Modem connections, Wireless connections, T1 or T3 conections, DirecPC (satellite) connections, xDSL connections (ADSL, SDSL, HDSL, VDSL, IDSL), Cable or xDSL that are running PPPoE, Cable or xDSL that are running PPPoA.
  • Super-Ping tool. It prevents connection drops.
  • Ping-Now function. It awakes suspended modems. Sometimes you wait page loading but it is slow. In that cases just use this function instead of refreshing your browser.
  • Multi-language interface. Over 27 languages : Arabic, Bulgarian, Catalan, Chinese-big5, Croatian, Czech, Danish, Dutch, English, French, German, Greek, Hungarian, Italian, Japanese, Latvian, Lithuanian, Polish, Portuguese-Br, Romanian, Russian, Serbian, Slovak, Spanish, Swedish, Turkish, Ukrainian.
  • Live Update property to check new versions or updated help files.
  • Safe mode support. You can optimize your settings in program's safe mode. This will prevent incompabilities.
  • Online help support. You can always check online help or offline help. If you are registered user, our support team will respond you faster.32bit Windows
  • Windows support. It can run on 64bit Windows but natively it is designed for 32bit Windows. It does not support Linux, Macintosh and Windows 3.1.
  • 15 days trial period. After you use 15 days, you must either register (order) this program or delete it from your disk.
ဖားကန့် ပေါက်ကွဲမှု အစိုးရတပ်ဖွဲ့ဝင် ၇၀ ကျော် သေဆုံးဟုဆို
August 31, 2012
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ထဲတွင် အစိုးရတပ်များနှင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တိုက်ပွဲကြောင့် ယမ်းဂိုဒေါင်တခု ပေါက်ကွဲခဲ့ကာ အစိုးရတပ်မှ တပ်ဖွဲ့ဝင် ၇၀ ကျော် ကျဆုံးသွားကြောင်း KIA မှ အရာရှိတဦးက ပြောသည်။
သြဂုတ်လ ၂၉ ရက်နေ့က ဖားကန့်မြို့နှင့် ၄ မိုင်ခန့်အကွာ စိုင်းဂျာဘုံကျေးရွာ၏ အရှေ့ဘက်ရှိ ဝေအောင်ကမ္ဘာ ကျောက်စိမ်းတူးဖော်ရေး ကုမ္ပဏီအနီးတွင် အနောက်မြောက်တိုင်း စစ်ဌာနချုပ် လက်အောက်ခံ ခလရ ၂၆၉ တပ်ရင်းနှင့် KIO တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၆ တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားရာမှတဆင့် ယမ်းဂိုဒေါင်ပေါက်ကွဲကာ ကုမ္ပဏီအဆောက်အအုံကို အကာကွယ်ယူ တိုက်ခိုက်နေသော အစိုးရတပ်များ သေဆုံးသွားခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
“သူတို့တပ်တွေနဲ့ ကျနော်တို့ တပ်တွေက မျက်နှာချင်းဆိုင် သတိအနေအထားနဲ့ တိုက်နေတဲ့အချိန် ကုမ္ပဏီကို အကာကွယ်ယူပြီး သူတို့က တိုက်တယ်။ ကျနော်တို့ ပစ်လိုက်တဲ့ ပစ်မှတ်က ကုမ္ပဏီဘက်ကျပြီး ယမ်းစိမ်းတွေ လှောင်ထားတဲ့ ဂိုဒေါင်ပေါက်ကွဲသွားတော့ အုပ်စုလိုက် ကျကုန်တာ” ဟု KIA တပ်မဟာ ၂ လက်အောက်ခံ ရှေ့တန်း စစ်မြေပြင်မှ ဗိုလ်ကြီး လဒွဲက ဧရာဝတီသို့ ပြောသည်။
ပေါက်ကွဲမှုကြောင့် ကုမ္ပဏီ အဆောက်အအုံများ အားလုံးနှင့် ကျောက်စိမ်းတူး စက်ကိရိယာများ ပျက်စီးကုန်ကြောင်း၊ ထို့အတူ KIA တပ်သားအချို့လည်း ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ပေါက်ကွဲမှု ဖြစ်ပွားခဲ့သော ယမ်းများမှာ ၃ တန်အထက်တွင် ရှိကြောင်း KIA ရှေ့တန်း တပ်ဖွဲ့များက ခန့်မှန်း ပြောဆိုသည်။
သိုလှောင်ထားသော အဆိုပါယမ်းများသည် ကျောက်စိမ်းတူးဖော်ရာတွင် စက်များဖြင့် ဖြိုခွဲ၍ မရသော ကျောက်တုံး ကျောက်ဆောင်များကို ဖောက်ခွဲရန် အတွက် အသုံးပြုသည့် ယမ်းများဖြစ်ကြောင်း သိရသည်။
ပေါက်ကွဲမှုဖြစ်ပွားရာ နေရာသို့ နောက်တနေ့တွင် KIA တပ်ရင်းတပ်ဖွဲ့များ သွားရောက် စစ်ဆေးရာတွင် အစိုးရတပ်ရင်းမှ ကျဆုံးသွားသော တပ်ဖွဲ့ဝင်များ၏ ရုပ်အလောင်း ၂၀ ကျော်နှင့် ရုရှားနိုင်ငံထုတ် ၇၃ မမ ဒုံးကျည်အခွံများ၊ ပျက်စီးနေသော လက်နက်များတွေ့ရှိခဲ့ရကြောင်း ရုပ်အလောင်းအများစုမှ ပေါက်ကွဲမှုကြောင့် မြေဖုံးလွှမ်းသွားကြောင်း ဗိုလ်ကြီး လဒွဲက ပြောသည်။
ပေါက်ကွဲမှုဖြစ်ပွားခဲ့သော ကုမ္ပဏီအနီးရှိ စိုင်းဂျာဘုံ၊ ဗလခ၊ မြောက်ဖြူ၊ ရှရှော်ခ စသည့် ကျေးရွာများရှိသော်လည်း ထိုကျေးရွာခံများကို ယခုလ ၂၄ ရက်နေ့ မတိုင်ခင်ကတည်းက နှစ်ဖက်တပ်များက သတိပေးထားသဖြင့် ဖားကန့်မြို့ပေါ်သို့ ရွှေ့ပြောင်း ခိုလှုံနေကြသဖြင့် ဒေသခံများ ထိခိုက်မှု မရှိခဲ့ကြောင်းသိရသည်။
ပေါက်ကွဲမှုအရှိန်ကြောင့် အနီးရှိကျေးရွာများမှ အိမ်တချို့ ပြိုကျပျက်စီးကုန်ကြောင်း လုံးခင်းကျေးရွာသူတဦးက ပြောသည်။ ထို့အတူ ပြင်ထန်သည့် ပေါက်ကွဲမှု၏ တုန်ခါမှုကြောင့် ဖားကန့်မြို့ပေါ်ရှိ အဆောက်အအုံတချို့မှ မှန်ပြတင်းတခါးများလည်း ပျက်စီးကုန်ကြောင်း မြို့ခံများက ပြောသည်။
ဗလခ ရွာသူတဦးကလည်း “ကျမတို့ ဈေးဆိုင်ပေါ်ကိုလည်း ခဲလုံးတွေကျလို့ ပျက်စီးကုန်တယ်လို့ အစောင့်ကျန်ခဲ့တဲ့ လူတွေက တဆင့်သိရတယ်။ ပြန်တော့ မကြည့်ဖြစ်ဘူး။ ရွာကလူတွေက မြို့ပေါ်ကို အကုန်လုံးလိုလို ထွက်ပြေးလာတော့ လူတွေတော့ ထိခိုက်မှု မရှိပါဘူး” ဟု ပြောသည်။
ပေါက်ကွဲမှု၊ သေဆုံးမှုများနှင့် ပတ်သက်၍ နှစ်ဖက်အတည်ပြုနိုင်ရန် အနီးစပ်ဆုံးဖြစ်သော ဖားကန့်မြို့နယ် ရဲစခန်းကို ဧရာဝတီက ဆက်သွယ်မေးမြန်းခဲ့ရာ ပေါက်ကွဲမှုကို အတည်ပြုသော်လည်း မြို့တွင်းလုံခြုံရေးကို ဂရုစိုက်နေရသဖြင့် အစိုးရတပ်များ ကျဆုံးမှုကို သိရှိခြင်း မရှိကြောင်း ဖြေကြားသည်။
သို့သော် ပြည်တွင်း အခြေစိုက် The Voice Weekly ဂျာနယ်၏ Facebook စာမျက်နှာတွင် အဆိုပါ ပေါက်ကွဲမှုသည် KIA အဖွဲ့များ ထောင်ထားသည့် အတွဲလိုက်ပေါက်ကွဲသော မိုင်းပဒေသာ ပေါက်ကွဲမှုဖြစ်ကြောင်း၊ ထိုပေါက်ကွဲမှုတွင် အစိုးရတပ် ခလရ ၂၆၉ မှ အရာရှိ ၆ ဦးအပါအဝင် စုစုပေါင်း ၄၈ ဦး ကျဆုံးသွားကြောင်း ဗန်းမော်အခြေစိုက် စစ်ဆင်ရေးနှင့် ကွပ်ကဲမှု ဌာနချုပ် (စကခ) (၂၁) ကို ကိုးကား၍ ဖော်ပြထားသည်။
ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အနောက်မြောက်တိုင်း စစ်ဌာနချုပ် လက်အောက်ခံ တပ်ရင်းများ၊ ဖားကန့်မြို့နယ် အတွင်းရှိ စိုင်းတောင်၊ လုံးခင်းနှင့် စမား စသည်နေရာများတွင် အခြေချထားသည့် အစိုးရတပ်စခန်းများကို လက်နက်ခဲယမ်းနှင့် တပ်အင်အားများ တိုးချဲ့နေကြောင်း ယခုအခါ နှစ်ဖက် အသင့်အနေအထားတွင် ရှိနေကြောင်း KIA က ပြောသည်။
ယခင်က ဖားကန့်မြို့နယ်ထဲတွင် အစိုးရတပ်များအနေဖြင့် KIA အပေါ် ယခုကဲ့သို့ ထိုးစစ်ဆင် တိုက်ခိုက်မှုများ မရှိခဲ့သော်လည်း ယခုလ ၂၄ ရက်နေ့မှ စတင်ကာ တိုက်ပွဲများ ဖြစ်ပွားခဲ့သဖြင့် ဒေသတွင်းရှိ ဗလခ၊ စိုင်းတောင်၊ မှော်မောင်းကုန်း၊ မှော်ဝန်းကြီး၊ မှော်ဝန်းလေး၊ ရှရော်ခ၊ စိုင်းဂျာဘုံ၊ လမောင်းကုန်း၊ မြောက်ဖြူနှင့် သန်းကြွယ် အပါအဝင် ကျေးရွာပေါင်း ၂၀ ကျော်မှ ဒေသခံ ၈ ထောင်ကျော်သည် အိုးအိမ်များကို စွန့်ကာ ဖားကန့်မြို့ပေါ်ရှိ ကယ်ဆယ်ရေး စခန်းများတွင် ခိုလှုံနေကြသည်။
Copy from - Irrawaddy News
ပြန်ကြားရေး ဒုဝန်ကြီးသစ်ရဲ့ အံထွက်လာတဲ့ စကားများ
ဒု ၀န်ကြီး အဖြစ် ရာထူးတိုးမြှင့်ခံလိုက်ရတဲ့ ပြန်ကြားရေး ညွှန်ကြားရေးမှူးချုပ် ဦးရဲထွဋ်က သတင်းကြေညာ
အပြီး မိနစ်ပိုင်းမှာဘဲ သူ့ကို ရာထူး တဆင့် တိုးပေးလိုက်တဲ့ သမ္မတကြီးကို လေးစားကျေးဇူးတင်ကြောင်း
သူ့ ရဲ့ ဖေ့ဘုတ် စာမျက်နှာမှာ ရေးသား ထားပါတယ်။
ဒု ၀န်ကြီးဖြစ်သွားပေမယ့် သူ့ဖေ့စ်ဘုတ် စာမျက်နှာကိုလည်း ဆက်လက်ထားရှိမှာ ဖြစ်ပြီး ဖေ့စ်ဘုတ်က အကြံပြုမှုတွေကိုလည်း ကြိုဆိုနေမယ်လို့ သူက ရေးထားပါတယ်။
သူကတိပေးထားတဲ့ အတိုင်း စောင့်ကြည့်သွားကြရမည်သာဖြစ်ပါကြောင်း။
"ကျွန်တော့်ကို တစ်ဆင့်မြင့်ရာထူးအတွက် ယုံယုံကြည်ကြည်နဲ့ တာဝန်ပေးခဲ့တဲ့ သမ္မတကြီး ကို လေးစား ကျေးဇူး တင်ပါတယ်။
ဒီလို တာဝန်မျိုးကိုထမ်းဆောင်နိုင်အောင် စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာလေ့ကျင့်ပျိုးထောင်ပေးခဲ့တဲ့ ဗိုလ်လောင်းဘ၀ကနေ ဒီကနေ့အထိ ကြုံတွေ့ခဲ့ရတဲ့ သင်ဆရာ၊ မြင်ဆရာအားလုံးကို ကျေးဇူး တင်ပါတယ်။
နိုင်ငံနဲ့လူမျိုးကိုချစ်တတ်အောင်၊ စာပေလေ့လာဖတ်ရှုလိုစိတ်ရှိအောင် တိုက်တွန်းအားပေးခဲ့သော မိဘ နှစ်ပါးကို ကျေးဇူးတင်ပါတယ်။
ကျွန်တော်ဘာလုပ်လုပ် အမြဲနားလည်ပေးသော ချစ်ဇနီးနဲ့ သမီးများကိုလည်း ကျေးဇူးတင်ပါတယ်။
ကျွန်တော့်ကို ဂုဏ်ယူကြောင်း ဖုန်းဖြင့်၊ message , comment များဖြင့် အကြောင်းကြားခဲ့သော မိတ်ဆွေများကိုလည်း ကျွန်တော့်အပေါ် ထားရှိသည့်ယုံကြည်မှုများအတွက် ကျေးဇူးတင်ပါတယ်။
အကြောင်းအမျိုးမျိုးကြောင့် ဝေဖန်တိုက်ခိုက်ခဲ့သူများကိုလည်း လောကဒဏ်ကိုနားလည်အောင် လုပ်ပေး တဲ့အတွက် ကျေးဇူးတင်ပါတယ်။
ပြန်ဆက်ဒုညွှန်ချုပ်၊ ညွှန်ချုပ်တာဝန်ထမ်းဆောင်စဉ်ကာလ၊ တပ်မတော်အတွင်းတာဝန်ထမ်းဆောင်စဉ် ကာလတွင် ကျွန်တော်နှင့်လက်တွဲခဲ့သော လက်အောက်ဝန်ထမ်းများကိုလည်း သူတို့ရဲ့ ပူးပေါင်း ဆောင်ရွက်မှုအတွက် ကျေးဇူးတင်ပါတယ်။ သူတို့သာမရှိရင် ကျွန်တော်လည်း ဒီနေရာမှာ ရှိနေမှာမဟုတ်ပါဘူး။
ဒီလိုပဲ လက်တွဲလုပ်ဆောင်ခဲ့သော ရဲဘော်ရဲဘက်များကိုလည်း ကျေးဇူးတင်ပါ တယ်။ သူတို့ရဲ့ ပူးပေါင်း ကူညီမှုများသာမရှိရင် ကျွန်တော်အခက်အခဲတွေကို ကျော်လွှားနိုင်ခဲ့မှာမဟုတ်ပါဘူး။
ရာထူးတိုးမြှင့်ခံရခြင်းသည် အခွင့်အရေးကို တိုးမြှင့်ခံစားရန်မဟုတ်ဘဲ တာဝန်ကို ပိုမိုထမ်းဆောင်ရန် ဖြစ် သည်ဟု ခံယူပါတယ်။
ဒါ့ကြောင့် သမ္မတကြီး၏ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များတွင် ကိုယ်စွမ်းဥာဏ်စွမ်းရှိသရွေ့ ပါဝင်ထမ်းဆောင် သွားမည်ဖြစ်ကြောင်း ကတိသစ္စာပြုပါတယ်။
မိတ်ဆွေများ၊ သံသယရှိနေဆဲသူများအားလုံးနှင့် ပူးပေါင်းပြီး နိုင်ငံနှင့်လူမျိုးအတွက် ကြိုးစားဆောင်ရွက် သွားပါမယ်။
ကျွန်တော့် FB ကိုလည်း ဆက်ထားပါတယ်။ အကြံပေးလိုသူများ၊ ဝေဖန်လိုသူများ ဒီနေရာ ကနေ စောင့်ကြည့်ပြုပြင်ပေးသွားဖို့ မေတ္တာရပ်ခံအပ်ပါတယ်။" လို့ ဦးရဲထွဋ်က ဆိုထားပါတယ်။
By Irrawaddy
သမ္မတရုံးညွှန်ကြားရေးမှူး ဦးဇော်ဌေး(မှူးဇော်)က ထိုင်းနိုင်ငံ အာဏာသိမ်းမှုအကြောင်း ဖော်ပြလာ
လွှတ်တော်နှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ခုံရုံးအကြား အငြင်းပွားမှု ပြင်းထန်နေချိန်တွင် သမ္မတရုံး၏ ပြောရေးဆိုခွင့်ရှိသူ သမ္မတရုံးညွှန်ကြားရေးမှူး ဦးဇော်ဌေး(မှူးဇော်)က ထိုင်းနိုင်ငံ အာဏာသိမ်းမှုအကြောင်း ဖော်ပြလာ
လွှတ်တော်နှင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေခုံရုံးအကြား အငြင်းပွားမှု ပြင်းထန်နေချိန်တွင် သမ္မတရုံး၏ ပြောရေးဆိုခွင့်ရှိသူ သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေး(မှူးဇော်)က ထိုင်းနိုင်ငံ အာဏာသိမ်းမှုအကြောင်း ဖော်ပြလာသည်ကို တွေ့ရှိရပါသည်။
သမ္မတရုံး၏ ပြောရေးဆိုခွင့်ရှိသူ သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေး(မှူးဇော်)က ၎င်း၏ Facebook စာမျက်နှာတွင် "၀ီကီပီးဒီးယားက ထိုင်းနိုင်ငံရေး သမိုင်းကြောင်းပါ" ဟူသည့် ခေါင်းစဉ်ဖြင့် "မြန်မာနိုင်ငံနဲ့ ရေမြေဆက်စပ်နေတဲ့ နိုင်ငံပါ။ ထိုင်း ဒီမိုကရေစီဟာ အာဏာသိမ်းမှုပေါင်း ဂဏန်းနှစ်လုံးရှိပါတယ်။ ရွေးလိုက်-ဖြုတ်ချလိုက်-သိမ်းလိုက်-ရွေးလိုက် သံသရာလည်ခဲ့တာပါ။ ဒီလို လည်နေရင်းနဲ့ပဲ ထိုင်းဒီမိုကရေစီ ရင့်ကျက်လာတယ်လို့ ဆိုပါတယ်"ဟု ရေးသားထားကာ ထိုင်းနိုင်ငံ၏ အာဏာသိမ်းမှုဖြစ်စဉ်များ ပါဝင်သည့် ၀ီကီပီးဒီးယား၏ ဖော်ပြချက်ကို ထည့်သွင်းဖော်ပြထားခြင်း ဖြစ်သည်။
ဖားကန် အနီးမိုင်းထိ၍ မြန်မာ့ တပ်မတော် အရာရှိ ၆ ဦးပါဝင် ၄၈ ဦးကျဆုံး
ရန်ကုန် ဩဂုတ် ၃၁
အစိုးရတပ်ဖွဲ များနှင့်ကေအိုင်အေတို့တိုက်ပွဲ များဖြစ်ပွါးနေသော မြန်မာနိုင်ငံမြောက်ပိုင်းကချင်
ပြည်နယ် ဖားကန့် နယ်မြေအနီးတွင် မြန်မာ့တပ်မတော် ခလရ (၂၆၉) တပ်ရင်းသည်ဩဂုတ်လ ၂၉ ရက်နေ့က ကေအိုင်အေ များခိုအောင်းနေထိုင်နေသည် ကျေးရွာ ကိုဝင်ရောက်ရှင်းလင်းရာ ကေအိုင်အေ တို့ထောင်ထား သည် မိုင်းပဒေ သာအတွဲလိုက် ထိမှန်ပြီးအရာရှိ ၆ ဦးနှင့် အခြားအဆင့် တပ်သားစုစုပေါင်း ၄၂ ဦး စုစုပေါင်း ၄၈ ဦးကျဆုံးသွားကြောင်း အမှတ် (၂၁) စစ်ဆင်ရေး ကွပ်ကဲမှုဌာန ချုပ် မှတစ်ဆင့်သတင်းများရရှိ သည်။
The Voice Weekly
အင်ဒိုနီးရှား သဘာဝ ဘေးအန္တရာယ် ကာကွယ်ရေး အကြီးအကဲ စစ်တွေ သို့ရောက်ရှိ
ရန်ကုန် သြဂုတ် ၃၁
အင်ဒိုနီးရှားနိုင်ငံ သဘာဝဘေးအန္တရာယ် ကာကွယ်ရေးဌာနမှ အကြီးကဲဖြစ်သူ (Mr.Arifin Muh Hadi ) မစ္စတာ အာရီမူဟာဒီ နှင့် အဖွဲ့ သည် သြဂုတ်လ ၃၀ ရက်နေ့တွင် စစ်တွေမြို့သို့ ရောက်ရှိနေပြီး ဒုက္ခသည်စခန်းများကို သွားရောက် လေ့လာလျှက် ရှိကြောင်း ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ထံမှ သိရှိရသည်။
“ဘင်္ဂါလီ ဒုက္ခသည် စခန်းတွေကို အရင် သွားတယ်။ပြီးမှ ရခိုင်ဒုက္ခသည် စခန်းတွေကို သွားမယ်လို့ ပြောတယ်“ဟု ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ သတင်း ပြန်ကြားရေး အဖွဲ့ဝင် တစ်ဦးက ပြောကြားသည်။
အဆိုပါ(Mr.Arifin Muh Hadi ) မစ္စတာ အာရီမူဟာဒီ နှင့် အဖွဲ့သည် စစ်တွေမြို့ရှိဒုက္ခသည်များ၏  ကျန်းမာရေး စောင့်ရှောက်မှု အခြေအနေများအတွက် ပြည်နယ် ကျန်းမာရေး တာဝန် ရှိသူများနှင့်ပါ  တွေ့ဆုံရန် ရှိကြောင်း ၄င်း ကဆိုသည်။
"၂ ရက် ၃ ရက် ကြာမယ်လို့တော့ပြောတယ်။ ပြန်မယ့်ရက်ကိုတော့ အတိအကျ မသိရသေးဘူး။ လောလောဆယ်တော့ Camp တွေအတွင် လိုအပ်တာတွေထောက်ပံ့ဖို့လုပ်နြေ
ကပါတယ်။“ဟု ၄င်းက ရှင်းပြသည်။
သြဂုတ်(31)ရက်နေ့ဘလော့ဂါဒေးအမှတ်တရ(ဘလော့ဂါ(စာရေးသူအားလုံးကိုဂုဏ်ပြုလိုက်ပါတယ်)
အားလုံးမင်္ဂလာပါရှင့်
သြဂုတ်(၃၁)ရက်နေ့ဘလော့ဂါဒေးအမှတ်တရအနေနဲ့
ဘလော့ဂါအားလုံးကိုလေးစားမိပါတယ်။
ဘလော့ဂါဒေးဆိုတာဘာလည်း
တကယ်တော့ကျွန်မလည်းအရင်ကမသိခဲ့ပါဘူး။
စာရေးဖန်များလာ
စာဖတ်ဖန်များလာတဲ့အခါ
ဘလော့ဂါဆိုတာဘာလည်းသိလာပါတယ်
ဘလော့ဂါဆိုတာစာရေးသူများကိုဆိုလိုတာပါ
ကဗျာပဲရေးရေး၊သုတပဲရေးရေး၊ဆောင်းပါးပဲရေးရေး
စာရေးသူတိုင်းအားလုံးကဘလော့ဂါတွေပါပဲ။
ဘလော့ဂါတိုင်း(စာရေးသူတိုင်း)စိတ်ထဲမှာ
ရည်ရွယ်ချက်ကတော့တူညီပါလိမ့်မယ်။
စာဖတ်သူများကို ပညာတခုခု၊အသိတခုခု၊ရသတခုခုပေးဖို့ရေးကြခြင်းဖြစ်ပါတယ်။
ဘလော့ဂါတိုင်းအားလုံးလိုလို
ကိုယ့်ရဲ့အသိပညာ၊ ဗဟုသုတ၊အတွေ့အကြုံ၊ စိတ်ခံစားချက်ကို
ဘလော့ဂ်ပေါ်မှာမျှဝေကြသူတွေပါ။
စာရေးသူတွေကစာမရေးရရင်ကိုမနေနိုင်သူတွေပါ
ဘယ်လောက်ကွန်နက်ရှင်ကျကျ
ဘယ်လိုပဲဖြစ်နေဖြစ်နေစာအလွန်ရေးချင်သူတွေပါ
ဝေဖန်ဒဏ်လည်းခံရလည်းပျော်ပျော်ပဲ
ကိုယ်မသိလို့ပြောတာပဲလေ.ပိုကြိုးစားလိုက်မယ်
ဒီလိုစိတ်လေးနဲပေါ့
အားပေးစကားများကလည်း အားဆေးတခွက်ပါပဲ
စာရေးသူများအတွက်တော့
(စာရေးသူတိုင်းအတွက်ကော်မက်တခုကအားဆေးတခွက်ပါပဲ)
ကိုယ်ရေးတဲ့စာတွေ သူတစ်ပါးကို မထိခိုက်စေချင်သလို
စိတ်ညစ်တာတွေလည်း မကူးစက်ချင်သူပါ
စာဖတ်သူတွေ ဘလော့တွေဖန်တီးပေးနေရတာကိုကျေနပ်နေသူတွေပါ။
ဤစာဖြင့်ဒီနေ့
သြဂုတ်(၃၁)ရက်နေ့ဘလော့ဂါဒေးမှာ
Forverfriendsတွင်းရှိစာရေးသူ ဘလော့ဂါအားလုံးကိုဂုဏ်ပြုလိုက်ပါတယ်။
စာပေအကျိုးဆထက်တိုးလို့ထမ်းရွတ်နိုင်ပါစေ။
ဖတ်ကြပေတော့...စာအုပ်တွေ
ဧဒင်က ချစ်ခင်လေးစားရသောမောင်နှမများအတွက်..ကျနော်ကူးလာခဲ့ ပါတယ်။
  1. မဟာသေနာပတိ (ချစ်ဦးညို)
  2. လင်္ကာဒီပချစ်သူ (ချစ်ဦးညို)
ABSDF (မြောက်ပိုင်း) အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု ကျောင်းသားဟောင်းများ ကြေညာချက်ထုတ်
ရန်ကုန်၊ သြဂုတ် ၃၁
စစ်အာဏာရှင် စနစ်ကို တွန်းလှန်ရန် အတွက် လက်နက်စွဲကိုင် တိုက်ပွဲဝင်ရန် ရည်ရွယ် ဖွဲ့စည်းခဲ့သည့် ကျောင်းသား တပ်မတော် ABSDF (မြောက်ပိုင်း) ၌ တပ်ဖွဲ့ဝင် အချင်းချင်း အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံရမှုနှင့် ပတ်သက်၍ လွတ်မြောက်လာသည့် ကျောင်းသား ရဲဘော်ဟောင်းများက ယနေ့ ရက်စွဲဖြင့် ကြေညာချက် တစ်စောင် ထုတ်ပြန်သည်။
၁၉၉၂ ခုနှစ်က ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် ပါဂျောင်ဒေသ၌ တပ်ဖွဲ့ဝင် အချင်းချင်း  ထောက်လှမ်းရေးဟု စွပ်စွဲ ဖမ်းဆီး ညှဉ်းပန်း သတ်ဖြတ်မှု အပေါ် တရားမျှတသော တရားစီရင်ရေး ရှေ့မှောက် ပို့ဆောင် ပေးခြင်းဖြင့် နိုင်ငံသားတိုင်း တရားမျှတသော ဥပဒေ ထိန်းသိမ်း စောင့်ရှောက်မှု ရရှိနိုင်မည် ယူဆကြောင်း ယင်းကြေညာချက်တွင် ဖော်ပြ ထားသည်။
အဆိုပါ ကာလက တစ်ပြိုင်နက်တည်း အသတ်ခံရသူ ၁၅ ဦး၊ စစ်ကြောရေး စခန်း၌ သေဆုံးသူ ၁၄ ဦး၊ တစ်ဦးချင်း အသတ်ခံရသူ ၉ ဦး ရှိပြီး ယင်းပါဂျောင် အချုပ်ထောင်မှ ၅၅ ဦးတစ်ပြိုင်နက်တည်းထွက်ပြေးလွ
တ်မြောက်ခဲ့ကြောင်း ABSDF ကျောင်းသားရဲဘော်ဟောင်းများ၏ စာရင်းများအရသိရသည်။
ယင်းအချိန်က ABSDF (မြောက်ပိုင်း) ဥက္ကဌမှာ ရော်နယ်အောင်နိုင်ဖြစ်ပြီး ဗဟိုဥက္ကဌမှာ ဒေါက်တာနိုင်အောင် ဖြစ်သဖြင့် အဆိုပါ သတ်ဖြတ်မှုများ အတွက် အပြည့်အဝ တာဝန်ယူရမည်ဖြစ်ကြောင်း သတ်ဖြတ်မှုမှ လွတ်မြောက်လာသူများ ကပြောကြားသည်။
ယနေ့မှာပင် မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိလာသည့် ဒေါက်
လွှတ်တော်တွင်း မေးခွန်းများ တိုက်ရိုက် မေးဖြေ စနစ် ကျင့်သုံးပါက အကောင်းဆုံး ဖြစ်ဟုဆို
မန္တလေး၊ သြဂုတ် ၃၁
အစိုးရသစ် လက်ထက်တွင် ပြည်သူ့လွှတ်တော် ၊ အမျိုးသား လွှတ်တော် အစည်းအဝေးများ ကျင်းပ ပြုလုပ်လျက် ရှိရာ သက်ဆိုင်ရာ လွှတ်တော် ကိုယ်စားလှယ်များက မေးခွန်းများ တိုက်ရိုက် မေးမြန်းပြီး သက်ဆိုင်ရာ ၀န်ကြီးဌာန အကြီးအကဲများက တိုက်ရိုက်ဖြေကြားသည့် စနစ် ကျင့်သုံးပါက အကောင်းဆုံး ဖြစ်ကြောင်း ရှမ်းတိုင်းရင်းသား ဒီမိုကရက်တစ် ပါတီ တာဝန်ရှိသူ ဦးရဲထွန်းက ပြောကြားသည်။
မန္တလေးမြို့တော် ၊ မြစ်ဖျားဧရာ ဟိုတယ်၌ သြဂုတ်လ ၃၀ ရက်နေ့ နံနက်ပိုင်းတွင် ပြုလုပ်သော မန္တလေးမြို့စာနယ်ဇင်း များနှင့် ပထမဆုံးအကြိမ် တွေ့ဆုံရာတွင် ရှမ်းပြည်နယ် မြောက်ပိုင်း သီပေါမြို့နယ် ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းက The Voice Weekly ၏ သီးသန့်မေးမြန်းမှုကို ဖြေကြားသည်။
“တိုက်ရိုက်မေး ၊ တိုက်ရိုက်ဖြေကြား စနစ် အသုံးပြုရင် သူတို့ရဲ့ အရည် အသွေးတွေလည်း တိုးတက် စေပါတယ်။တချို့ မေးခွန်း တွေကတော့ ကိန်းဂဏန်း အချက်အလက်တွေ ပါနိုင်တယ် ဆိုရင် ကြိုတင် ပြင်ဆင် သင့်ပါတယ်” ဟု ၄င်းက ဆိုသည်။
ယင်းကဲ့သို့ မေးခွန်းများကို ကြိုတင် ရေး၍ ဖြေသော ပုံစံသ
Mumbai အကြမ်းဖက်မှုအတွက် သေဒဏ်စီရင်ချက်ကို တရားရုံးချုပ်အတည်ပြု (နယူးဒေလီ) သြဂုတ်၃၀ *
Inbox
x
to mrsorcerer
Boxbe
အိန္ဒိယနိုင်ငံ Mumbaiမြို့၌ ၂၀၀၈ ခုနှစ်က ဖြစ်ပွားခဲ့သော အကြမ်းဖက်တိုက်ခိုက်မှုတွင် တစ်ဦးတည်း အသက်မသေပဲ ကျန်ရှိခဲ့သော အကြမ်းဖက်သမားတစ်ဦးအား သေဒဏ်စီရင်ချက်ချမှတ်မှုကို တရားရုံးချုပ်က  သြဂုတ် ၂၉ ရက်တွင် ထောက်ခံအတည်ပြုပေးလိုက်ကြောင်း ဒေသဆိုင်ရာသတင်းဌာနများက သြဂုတ် ၂၉ ရက်တွင် သတင်းထုတ်ပြန်သည်။
အကြမ်းဖက်တိုက်ခိုက်ခဲ့သူ အသက် ၂၅ နှစ်ရှိ မိုဟာမက် အာဂျမယ်ကာဆက် ကျုးလွန်ခဲ့သောပြစ်မှုသည်  အိန္ဒိယနိုင်ငံအား စစ်ဆင်နွှဲတိုက်ခိုက်သည့်ပြစ်မှုဖြစ်သဖြင့် သေဒဏ်ကြခံရမည်ဖြစ်ကြောင်း တရားရုံးချုပ်၏ ဆုံးဖြတ်ချက်ကိုဖော်ပြသည်။
မိုဟာမက် အာဂျမယ်ကာဆက်သည် အခြားသောပါကစ္စတန် နိုင်ငံသားကိုးဦးနှင့်အတူ ကရာချိမြို့မှ မွမ်ဘိုင်းမြို့သို့  ၂၀၀၈ ခုနှစ် နိုဝင်ဘာ ၂၆ ရက်တွင် ရောက်ရှိလာခဲ့သည်။
အဆိုပါ အကြမ်းဖက်သမားအုပ်စုသည် Mumbai မြို့
မြန်မာမိန်းကလေးများ online ပေါ်တွင် sex ကိစ္စပြောဆိုခြင်း၊ပြသခြင်းမှ ရှောင်ကြဉ်ပါ(ပေးစာ)
ဒီလို Chatting မျိုးကအနောက်တိုင်း
မှာအင်မတန်ရေပန်းစားပါတယ်။
အနောက်တိုင်းရယ်လို့တောင်
မဟုတ်ပဲ ဂျပန်၊တောင်ကိုရီးယား၊ 
ဖိလစ်ပိုင်၊ အစရှိသဖြင့် အာရှနိုင်ငံများမှာပါ ရေပန်းစားလာတဲ့ 
Chatting ဖြစ်ပါတယ်။
စကားပြောဆိုရုံ Chatting, ရုပ်မြင်ရုံ ဗီဒီယိုChatting တင်မဟုတ်တော့ပဲ မမြင်သင့်တာတွေကိုပါ မြင်အောင် ပြတဲ့ Chatting အမျိုးအစား ဟာမြန်မာပြည်မှာပါ ရေပန်းစားလို့နေပါပြီ။ 
အများစု က နိုင်ငံခြားရောက်နေ တဲ့ ချစ်သူနဲ့ စကားပြော ဆက်သွယ်တဲ့အခါမှာဖြစ်ပါတယ်။
အနောက်တိုင်းမှာ ခေတ်စားတာကတော့ မဆန်းပြားပါဘူး။ ဒီလိုတွေခေတ် စားသလို Video Chatting က Record လုပ်ထားတာတွေဟာလည်း ပလူပျံနေတတ်ကြပါတယ်။
မြန်မာဖြစ် Sexy Chatting – မှတ်တမ်းတင် ထားမှုတွေဟာလည်း အနောက်တိုင်းနဲ့ ရင်ဘောင်တန်းလို့ အင်တာနက်စာမျက်နှာတွေမှာပလူပျံနေပါပြီ။
ချစ်သူချင်းမဟုတ်ပဲ အွန်လိုင်းမှာ သိပြီး စိတ်ဝင်စားတဲ့ သူအချင်းချင်းတောင်
Friday, August 31, 2012
ဆက်သွယ်ရေးနှင့် အင်တာနက် ၀န်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်ရန် အတွက် အဖွဲ့အစည်း ၁၁ ခုကို ပဏာမ ရွေးချယ်
မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ ပြည်တွင်းရဲ့ ဆက်သွယ်ရေးနဲ့ အင်တာနက် ၀န်ဆောင်မှု လုပ်ငန်းများ
ဆောင်ရွက်ဖို့ အတွက် ပုဂ္ဂလိက ကုမ္ပဏီတွေကို တင်ဒါခေါ်ယူ ထားရာမှာ တင်ဒါ တင်သွင်းတဲ့ အဖွဲ့အစည်း ၁၁ ခုကို ပမာဏ ရွေးချယ်ထားပြီး ဖြစ်တယ်လို့ သိရပါတယ်။ ဒီလို ပမာဏ ရွေးချယ်ထားရာတဲ့ အဖွဲ့အစည်း ၁၁ ခုဟာ ပြည်တွင်း အဖွဲ့အစည်းများ သာမက ပြည်ပက အဖွဲ့အစည်း တွေလည်း ပါဝင်တာ ဖြစ်ပါတယ်။
အခုလို ဆက်သွယ်ရေးနဲ့ အင်တာနက် ၀န်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်ဖို့ အတွက် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ တင်ဒါ ခေါ်ယူခဲ့ရာမှာ တင်ဒါ တင်သွင်းတဲ့ အဖွဲ့အစည်း ၆၄ ခုရှိခဲ့ပြီး အဲ့ဒီအထဲကမှ အဖွဲ့အစည်း ၁၁ ခုကို ပဏာမ အနေနဲ့ ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ ဒီလိုရွေးချယ် ထားတဲ့ အဖွဲ့အစည်း ၁၁ ခုထဲကမှ International Telecomunication Union (ITU) မှချမှတ် ထားတဲ့ စည်းကမ်းချက်တွေ အတိုင်း အမှတ်ပေး စနစ်နဲ့ အဆင့်ဆင့် ထပ်မံရွေးချယ် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း အနေနဲ့ အခုလို
ဥပဒေပိုင်း ဆိုင်ရာများ ပိုမိုခိုင်မာမှု ရှိစေရန် ဆက်သွယ်ရေး၊ ဥပဒေမူကြမ်း ရေးဆွဲမှု ဆောင်ရွက်လျက်ရှိ ဥပဒေပိုင်း ဆိုင်ရာများ ပိုမိုခိုင်မာမှု ရှိစေရန် ဆက်သွယ်ရေး၊ ဥပဒေမူကြမ်း ရေးဆွဲမှု ဆောင်ရွက်လျက်ရှိ
ဆက်သွယ်ရေး စာတိုက်နှင့် ကြေးနန်း ၀န်ကြီး ဌာနမှ ဆက်သွယ်ရေး ဥပဒေ မူကြမ်းနဲ့ ပတ်သက်ပြီး ဥပဒေပိုင်းမှ အတတ်နိုင်ဆုံး ခိုင်မာမှု ရှိအောင် ဆောင်ရွက်
လျက်ရှိတယ်လို့ သိရပါတယ်။ ဒီလို ဆောင်ရွက်ရ တာဟာ ခိုင်မာမှု မရှိဘဲ နိုင်ငံတကာ အဖွဲ့အစည်း ကုမ္ပဏီများနဲ့ တွဲဖက် လုပ်ကိုင် ပါက မလိုလား အပ်တဲ့ ဆိုးကျိုးများ မဖြစ်စေဖို့ ရည်ရွယ်ပြီး အဆိုပါ ဥပဒေ မူကြမ်းကို ထပ်မံကာ ဥပဒေနဲ့ ပတ်သက်တာ တွေကို ပိုမိုပြီး ခိုင်မာစေဖို့ ဆောင်ရွက်တာ ဖြစ်တယ်လို့ သက်ဆိုင်ရာ ဌာန ဆိုင်ရာမှ ထုတ်ပြန်ချက်များ အရ သိရပါတယ်။
လက်ရှိ အချိန်မှာ ပြည်တွင်းရှိ ဆက်သွယ်ရေး ကဏ္ဍကို ပြည်တွင်း၊ ပြည်ပမှ လုပ်ငန်းရှင်များရဲ့ ပူးပေါင်း ဆောင်ရွက်မှု များနဲ့ ရင်းနှီးမြှုပ်နှံမှု များကို ဖိတ်ခေါ်ပြီး ယှဉ်ပြိုင် ဆောင်ရွက်မယ့် Competition Business Model အဖြစ် ပြောင်းလဲဖို့ ဆောင်ရွက် လျက်ရှိတာ ဖြစ်ပါတယ်။
ဒါကြောင့် အဆိုပါ ဥပဒေနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ ၀န်ကြီးဌာနမှ တာဝန်ရှိ သူများနဲ့ ပြည်ထောင်စု ရှေ့နေချုပ် ရုံးမှ တာဝန်ရှိသူများ ပါဝင်တဲ့ ဆက်သွယ်ရေး ဥပဒေ ရေးဆွဲလျက်ရှိတဲ့ အဖွဲ့ဟာ အပြည်ပြည် ဆိုင်ရာ ကြေးနန်း ဆက်သွယ်ရေး အဖွဲ့ချုပ် ITU ရဲ့ အကူအညီကို ရယူပြီး ဆက်သွယ်ရေး ဥပဒေ မူကြမ်းကို ရေးဆွဲပြုစု ထားပြီး ဖြစ်တယ်လို့ သိရပါတယ်။ အခုလို ရေးဆွဲခဲ့တဲ့ ဥပဒေ မူကြမ်းကို ပြည်ထောင်စု ရှေ့နေချုပ် ရုံးသို့ သဘောထား မှတ်ချက် တောင်းခံ
သေဆုံးပြီးသူများ မြန်မာပြည်သွားနိုင်ပြီ
~
Black List ထဲကနေပယ်ဖျက်လိုက်တဲ့ နိုင်ငံခြားသားအမည် တထောင်ကျော်ကို သမ္မတရုံးက ဒီကနေ့ ထုတ်ပြန်လိုက်ရာမှာ သေဆုံးသူတချို့ရဲ့ နာမည်တွေကို တွေ့ရပါတယ်။
ကွယ်လွန်သွားပြီးဖြစ်တဲ့
- ဖိလစ်ပိုင်သမ္မတဟောင်း ကိုရာဇန်အကွီနို၊
- သတင်းစာဆရာ ကြေးမုံ ဦးသောင်း၊
- ပါမောက္ခဒေါက်တာအေးကျော်၊
- အမေရိကန် လွှတ်တော်အမတ်ဟောင်း Sonny Bono တို့ရဲ့ အမည်တွေ ပါဝင်နေပါတယ်။
နာမည်ပျက်တခုကတော့ တက္ကသိုလ်တခုရဲ့ အမည်ပါ။ Mcgill University တဲ့။ နံပါတ် ၄၉၈ မှာပါ။ တက္ကသိုလ်တခုလုံးကို အမည်ပျက်ထဲ ထည့်ထားရတဲ့အကြောင်းရင်းကို မသိရသေးပါဘူး။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေခေတ်တုန်းက အဲဒီလိုထည့်ခဲ့ခြင်းဖြစ်ပုံရပါတယ်။
Black List တွေကို ပုံမှန်အားဖြင့် လျှို့ဝှက်ထားတတ်ကြပါတယ်။ အရာရာလျှို့ဝှက်ခဲ့တဲ့ မြန်မာပြည်မှာတော့ ဒီစာရင်းက ထိပ်တန်းလျှို့ဝှက်ချက်တခု ဖြစ်ခဲ့ပုံပါပဲ။ "အရပ်သား"အစိုးရ တက်လာပြီး တနှစ်ကျော်ကြာမှ ဒီစာရင်းကို တ
ဂျွန်ယက်ထော မြန်မာဝင်ခွင့်လျှောက်တော့မလား
-
သမ္မတရုံးရဲ့ ထုတ်ပြန်ချက်အရ ဆိုရင် ဂျွန်ယက်ထော ဆိုတဲ့ အမေရိကန်ကြီး အင်းလျားကန်မှာ ရေသွားကူးဖို့ အခွင့်အရေး ရသွားပါပြီ။
ဒီကနေ့ ပေါ်ပေါက်လာတဲ့ Black List ထဲကနေပယ်ဖျက်လိုက်တဲ့ နိုင်ငံခြားသားအမည် တထောင်ကျော်ထဲမှာ သူ့နာမည် ပါဝင်နေပါတယ်။
သူ့ရဲ့ မြန်မာပြည်နောက်ဆုံးခရီးစဉ်အတွင်း အဲဒီတုန်းက အထိန်းသိမ်းခံနေရတဲ့ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်အတွင်း အင်းလျားကန်ကိုဖြတ်ပြီး တိတ်တဆိတ် ၀င်ရောက်မှုကြောင့် သူ့ကို မြန်မာစစ်အစိုးရက ထောင်ချခဲ့သလို လွတ်ရက်စေ့တော့မယ် ဒေါ်အောင်ဆန်းစုကြည်နဲ့လက်ထောက် ၂ ယောက်လည်း နှစ်ရှည် ဆက်လက်ထိန်းသိမ်းခံလိုက်ရပါတယ်။
အဲဒီကတည်းက သူ့ကို ပြည်နယ်ဒဏ်ပေးခဲ့တာပါ။ ခုတော့
ABSDF ခေါင်းဆောင်ဟောင်း ပြန်တော်ပြန်စဉ် အနှိပ်စက်ခံ ကျောင်းသားဟောင်းများ ရှင်းလင်းပွဲ ပြုလုပ်
ရန်ကုန်၊ သြဂုတ် ၃၀
မြန်မာ တစ်နိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး ABSDF ခေါင်းဆောင်များ အဖြစ်တာဝန်ယူခဲ့သော ဒေါက်တာ နိုင်အောင်နှင့် အဖွဲ့ဝင် အချို့ မနက်ဖြန် မြန်မာနိုင်ငံသို့ ခေတ္တပြန်လာချိန်တွင် ညှပ်ပမ်းနှိပ်စက်ခံခဲ့ရသည်ဆိုသော မြောက်ပိုင်း ABSDF ကျောင်းသားဟောင်းများက ၁၉၉၂ ခုနှစ်တွင် ကချင်ပြည်နယ်၌ ဖြစ်ပွားခဲ့သော သတ်ဖြတ်မှုများ အကြောင်းရှင်းလင်းမည်ဖြစ်သည်။
အစိုးရ၏ ဖိတ်ကြားချက်အရ ဒေါက်တာနိုင်အောင် အပါအ၀င် အခြားအဖွဲ့ဝင် နှစ်ဦး နိုင်ငံအတွင်း ပြန်လည် ရောက်ရှိမည်ဖြစ်ပြီး မိုးသီးဇွန်က သန်ဘက်ခါတွင် အသီးသီး ရန်ကုန်မြို့တော်သို့ ရောက်ရှိမည် ဖြစ်သည်။
ထို့အတူ မနက်ဖြန်တွင် မြောက်ပိုင်း ABSDF ကျောင်းသားဟောင်းများက ၁၉၉၂ ခုနှစ်တွင် ဖြစ်ပွားခဲ့သော ကျောင်းသားများကို သတ်ဖြတ်ခဲ့မှုများနှင့် ပတ်သက်၍ ရှင်းလင်းပွဲတစ်ရပ် ရန်ကုန်မြို့တော်၊ တော်ဝင်နှင်းဆီ စားသောက်ဆိုင်တွင် ပြုလုပ်သွားမည်ဖြစ်သည်။
အစိုးရ သူလျှိုဟု စွပ်စွဲခံရပြီး တောတွင်းရောက် ကျောင်း
မိုဘိုင်းဖုန်းလိုင်းတွေကို အလကားပေးမယ်လို့ အကြံပြုခဲ့သူ ဆက်သွယ်ရေးဝန်ကြီးဌာန ဒုဝန်ကြီးဖြစ်လာ
(ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်း ၀န်ကြီးဌာန) ဒုဝန်ကြီး ခန့် အပ်ခံရသူ ဦးသောင်တင် (ဓါတ်ပုံ - Internet Journal )
KMD Group ရဲ့  အမှုဆောင် အရာရှိချုပ် ဦးသောင်းတင်ကို နိုင်ငံတော် သမ္မတရုံးမှ အမျိုးသားစီးပွားရေးနှင့် လူမှုရေး အကြံပေး ကောင်စီဝင် ကနေ  ဒုဝန်ကြီး (ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန) အဖြစ် ခန့်အပ်လိုက်ပါတယ်။
အရပ်ဖက် ပညာရှင် တစ်ဦးအနေဖြင့် အစိုးရ အဖွဲ့အစည်း (ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်း ၀န်ကြီးဌာန) အတွင်းသို့ ပထမဦးဆုံး ရောက်ရှိ လာခဲ့သူပါ။
 ဦးသောင်းတင်ဟာ ၁၉၉၀ ပြည်နှစ် လောက်ကတည်းက မြန်မာနိုင်ငံရဲ့ ကွန်ပျူတာလောကကို ဦးဆောင် လမ်းပြအဖြစ် လုပ်ကိုင်လာခဲ့ သူလည်းဖြစ်ပါတယ်။ ဒါ့အပြင် မကြာသေးမီက အလုပ်ရုံဆွေးနွေးပွဲတစ်ခုမှာ မိုဘိုင်းဖုန်းလိုင်းတွေကို အလကားပေးမယ်လို့ ဆက်သွယ်ရေးဝန်ကြီးဌာနကို အကြံအဥာဏ် ပြုခဲ့သူလည်းဖြစ်ကြောင်း Internet Journal -
လျှပ်စစ်ဓါတ်အား ဖြန့်ဝေရေးလုပ်ငန်း ပုဂ္ဂလိကသို့ စတင်ပေး
ရန်ကုန်(မဇ္ဈိမ) ။        ။ မန္တလေးတိုင်း၊ ချမ်းမြသာစည်ရှိ လျှပ်စစ်ဓါတ်အား ဖြန့်ဝေရေး လုပ်ငန်းကို စက်တင်္ဘာ လဆန်းမှ စတင်၍ ပုဂ္ဂလိက ကုမ္ပဏီတခုအား လုပ်ကိုင်ခွင့် ပြုလိုက်ကြောင်း တိုင်းဒေသကြီး မြန်မာ့ လျှပ်စစ်ဓါတ်အား လုပ်ငန်းက ပြောသည်။
လျှပ်စစ်ဓါတ်အား ဖြန့်ဝေသည့် ဝန်ဆောင်မှုလုပ်ငန်းနှင့် ပတ်သက်၍ ပုဂ္ဂလိက ကုမ္ပဏီသို့ ယခုလို လုပ်ကိုင်ခွင့်ပြုခြင်း မှာ မြန်မာနိုင်ငံတွင် ပထမဦးဆုံးအကြိမ် ဖြစ်ကြောင်း တိုင်းအင်ဂျင်နီယာ ဒေါ်အေးအေးမင်း က မဇ္ဈိမကို ပြောသည်။ လုပ်ကိုင်ခွင့် ရရှိသွားသူမှာ မန္တလေး အခြေစိုက် ပစိဖိတ် အီလက်ထရောနစ် ကုမ္ပဏီ ဖြစ်သည်။
“လျှပ်စစ် ဓါတ်အားကို ပုံမှန်နဲ့ ဗို့အားအပြည့် ဖြန့်ဝေနိုင်ဖို့ လောလောဆယ် 315 KTA ဗို့အားရှိ ထရန်စဖော်မာ ၂၂ လုံး ထပ်တပ်ဆင်ဖို့ စီစဉ်နေတယ်” ဟု ဒေါ်အေးအေးမင်း က ဆိုသည်။
လျှပ်စစ်ဓါတ်အားခကို ယခင်အတိုင်း အိမ်သုံး တယူနစ်လျှင် ၃၅ ကျပ်နှုန်းနှင့်