This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Sunday, June 17, 2012

မင်းသမ္မတသို့ အရပ်လုလင် ပေးစာ

Inbox
x

မု ယော tycoonlay1@gmail.com



သို့ ဘုန်းရေမြေ့သခင် မင်းတရားကြီး ဘုရား

မြန်မာပြည်မှ အနောက်သို့သွားသော်...ပင်လယ်တစ်လျှောက်...ငြိမ်းအေးလှပသော...ကမ်းခြေတည်ပါ၏
ဘုရား။ မင်းတရားလက်အောက်ခံ အခွန်ထမ်း တိုင်းရင်းသား အာရက္ခန်
တို့ရှိ အမျိုးဘာသာကို စောင့်ရှောက်လျှက် ရှိကြောင်းပါ ဘုရား။
ထိုသူမျိုးတို့သည် ရက္ခိတ
စိတ်ပြင်းထန်ရကား တိုင်းတပါးတို့ ၏ မဆိုထားနှင့် အကြင်သူသည်
တိုင်းရင်းသားပင်ဖြစ်လင့်
ကစား ၄င်းတို့ကို ပေါင်းသင်း နှီးနှောခြင်း မှာ
များစွာခက်ခဲလျှက်အမှန်ပင် ရှိကြောင်းပါ။
ကျွန်ုပ်တို့ မြန်မာပြည် ကို လူမျိုးရေး အရ ထိုးဖောက်ခြင်း မှ ကာကွယ်ပေးထားသည်ဟု
ဆိုနိုင်သော ထိုသူမျိုးတို့ တွင် ယခုအခါ အလွန်စိတ်မချမ်းမြေ့ဖွယ်
ခြိမ်းခြောက်မှုများစွာ ကြုံတွေ့
နေရကြောင်းပါ ဘုရား။နယ်ခြား ဘင်္ဂလီမင်း ပိုင်ပြည်နယ် တစ်ချို့မှ ဘင်္ဂလီဟုခေါ်သော မဲသော
အသား ၊ ခြားသော ကိုးကွယ်ယုံကြည်မှု ၊ ကွဲသော ယဉ်ကျေးမှု စရိုက်၊ မတူသော စကားဘာသာ၊
ပြားသော ဓလေ့ ပင်ရှိလင့်ကစား သူတို့ကိုယ်သူတို့ ရိုဟင်ဂျာ ဟုဆိုလျှက်
ကျူးကျော် ရန်စ စော်ကား
ပြီး အာရက္ခန် တို့၏ မြေကို သူတို့မြေ ၊ အာရက္ခတို့ ကို စိုးရွံ့စေခြင်းငှာ
မီးတိုက်ခြိမ်းခြောက်လျှက် နှင်ထုတ်နေပါပြီ၊ ဘုရား။အာရက္ခန် တို့ ၏
သည်းဘ၀င်ကို နာကျင်ပူလောင်စေပါပြီ ဘုရား။


ဘုန်းတော်ကြီးသော အရှင်မင်းတရားကြီးဘုရား
အာရက္ခန်တို့၏ မျက်ရည်သည် ကျွန်ုပ်တို့ မျက်ရည်မည်ပါသည် ။အာရက္ခန်တို့ကို
စောင့်ရှောက်ခြင်း
သည် ကျွန်ုပ်တို့ကို စောင့်ရှောက်ခြင်းမည်ပါသည်။အာရက္ခန်တို
့စိတ်အေးလက်အေးအိပ်ရခြင်းငှာ
ကြိုးစားဆောက်ရွက်ခြင်းသည် ကျွန်ုပ်တို့ ကို အိပ်စေခြင်းငှာ
စွမ်းနိုင်ပါသည်။ မင်းတရားကြီး၏ ကျော
သားရင်သားမခွဲခြင်းသည် မြင့်မြတ်လှပေသည်။ သို့ပင်ဆိုစေကာမူ ဤအရေးသည်
မုန့်လုံးစက္ကူ ကပ်
သကဲ့သို့ ဖြစ်ပြီးရင်းဖြစ် သတ်ပြီးရင်းသတ် သံသရာဆုံးနိုင်တော့မည်
မဟုတ်ပါ။ဤအရေးသည် အာရက္ခန် တို့အမှု မှလွန်သော် တိုင်းပြည်တစ်ဝှမ်း
မီးဟုန်းဟုန်းတောက်မည်ကို တွေးဆ ယုံဖြင့်
သိနိုင်ပါလျှက် မင်းချင်းတို့၏ လာဘ်ယူမှုကြောင့် မင်းတရားကြီး၏ ဘုန်းတော်
ကိုပင်ထိပါးလာနိုင်အောင်
စိုးပူစရာအဖြစ် မြင်မိကြောင်းပါ။ထို့ထက်စိုးရိမ်ဖွယ်မှာ အာရက္ခန်တို့သည်
မင်းကြီး၏ အစောင့်အရှောက်
ကိုမယုံ၍ ပုန်ကန်ခြားနားလာပါလိမ့်မည်။ ကိုယ်ပိုင်မြေကို
အသက်တို့မြောက်များစွာပေး၍ ကာကွယ်ကြ
ပါလိမ့်မည်။သမိုင်းကို သွေးဖြင့်ရေးပါလိမ့်မည်။မင်းကြီး
အစီအစဉ်ကောင်းကောင်းဆွဲ၍ ဖြေရှင်းနိုင်ခြင်းငှာ
နောက်ဆုံးမျှော်လင့်နေကြပါသည်။ အာရက္ခန်တို့ မင်းကြီးကို ပုန်ကန်သော်
တိုင်းရင်း
သား များစွာတို့သည် မင်းကြီးကို မထောက်ခံ ၊ မင်းကြီးကို
စိတ်အနှောင့်အယှက်ပေးခြင်းဖြင့် အာရက္ခန်
တို့ကိုသာ ထောက်ခံကြပါလိမ့်မည်။ မင်းကြီးဘုရား။

ယနေ့ နိုဗဲလ်ဆု ပေးပွဲ မှတ်တမ်း ( ၁)

နော်ဝေနိုင်ငံ အော်စလိုမြိုနော်ဝေနိုင်ငံ အော်စလိုမြို့တွင် ကျင်းပလျှက်ရှိသော ငြိမ်းချမ်းရေးနိုဘယ်ဆုချီးမြင့်ပွဲတွင် မိန့်ခွန်းပြောကြားလျှက်ရှိသော ဒေါ်အောင်ဆန်းစုကြည်။ ပြောကြားလျှက်ရှိသော မိန့်ခွန်းကို http://www.nobelprize.org/ တွင် တိုက်ရိုက်ကြည့်ရှု့နိုင်ပါသည်။


နော်ဝေနိုင်ငံ အော်စလိုမြို့တွင်ကျင်းပလျှက်ရှိသော ငြိမ်းချမ်းရေးနိုဘယ်ဆုပေးပွဲမိန့်ခွန်းပြောကြားလျှက်ရှိသော ဒေါ်အောင်ဆန်းစုကြည်။
နော်ဝေနိုင်ငံ အော်စလိုမြို့တွင်ကျင်းပလျှက်ရှိသော ငြိမ်းချမ်းရေးနိုဘယ်ဆုပေးပွဲတွင် တွေ့ရသော ဒေါ်အောင်ဆန်းစုကြည်။


နော်ဝေနိုင်ငံ အော်စလိုမြို့တွင် ကျင်းပလျှက်ရှိသော ငြိမ်းချမ်းရေးနိုဘယ်ဆုချီးမြင့်ပွဲသို့တက်ရောက်လျှက်ရှိသော ဒေါ်အောင်ဆန်းစု ကြည်၏သားငယ် ကိုထိန်လင်း(ခ) ကင်မ် (အလယ်) ။


နော်ဝေနိုင်ငံ အော်စလိုမြို့တွင်ကျင်းပလျှက်ရှိသောငြိမ်းချမ်းရေးနိုဘယ်ဆုပေးပွဲအ ခမ်းအနား။ အခမ်းအနားသို့ နော်ဝေဘုရင်နှင့်အတူ တော်ဝင်မိသားစုဝင်များလည်း တက်ရောက်လျှက်ရှိကြသည်။


နော်ဝေနိုင်ငံ အော်စလိုမြို့တွင်ကျင်းပလျှက်ရှိသော ငြိမ်းချမ်းရေးနိုဘယ်ဆုပေးပွဲအခမ်းအနားတွင် တွေ့ရသော ဒေါ်အောင်ဆန်းစုကြည်။




ဒေါ်အောင်ဆန်းစုကြည်ကို ငြိမ်းချမ်းရေးနိုဗယ်လ်ဆုချီးမြှင့်သည့်အခမ်းအနားတွင် လန်ဒန်မြို့ မြန်မာသံရုံး ၀န်ထမ်းတစ်ဦးလည်းဖြစ်သေူ စောင်းမောင်နေ၀ါက မေတ္တာရွှေစောင်းသီချင်းဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုတီးခတ်ဖျော်ဖြေစဉ်။ ကိုးကား-BBC


နိုဗဲလ် ငြိမ်းချမ်းရေး ဆုပေးပွဲ အဖွင့် ခရာမှုတ်၍ ကြိုဆိုပုံ

နိုဗဲလ် ငြိမ်းချမ်းရေး ဆုပေးပွဲ မှတ်တမ်း

တယောပညာရှင်၏ အဖွင့်ဖျော်ဖြေမှု

ဆုပေးပွဲ ခမ်းမ နှင့် ဧည့်ပရိတ်သတ်များ









တည်းခိုမည့် ဟိုတယ်သို့ ရောက်ရှိလာသော အန်တီစုအား ကြိုဆိုနေပုံများ




နော်ဝေနိုင်ငံ အော်စလိုမြို့တော်ရှိ Grand Hotel
သို့ ရောက်ရှိလာသော မြန်မာ့ဒီမိုကရေစီအရေး ခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်အား နော်ဝေနှင့် ဥရောပတလွှားရောက်
မြန်မာဒီမိုကရေစီအရေး လှုပ်ရှားသူများက ကြိုဆိုကြပုံများ ...

ကိုအောင် (Pyustate)






နော်ဝေး၀န်ကြီးချုပ်နဲ့ ဒေါ်စု ပူးတွဲသတင်းစာရှင်းလင်းပွဲပြုလုပ်



ဓာတ်ပုံ ASSOCIATED PRESS
နော်ဝေးမြို့ သတင်းစာရှင်းလင်းပွဲအတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့် နော်ဝေးဝန်ကြီးချုပ် Jens Stoltenberg (ဂျွန်လ ၁၅ ရက်၊ ၂၀၁၂။)

မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေး ရင်ဆိုင်ရမယ့် အခက်အခဲတွေကို အမျိုးသားပြန်လည် သင့်မြတ်ရေး စိတ်ဓာတ်နဲ့ ညှိနှိုင်းဖြတ်ကျော်သွားမယ်လို့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်က မနေ့က နော်ဝေးနိုင်ငံကို ရောက်ရောက်ချင်း နော်ဝေး၀န်ကြီးချုပ် Jens Stoltenberg နဲ့ ပူးတွဲ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေး ကြိုးပမ်းမှုတွေဟာ လမ်းဆုံးမှာ မရောက်သေးသလို ဖြောင့်ဖြောင့်ဖြူးဖြူး လမ်းကြောင်းပေါ်မှာ ရှိချင်မှရှိလိမ့်အုံးမယ်လို့
လည်း သတိပေးပြောဆိုပါတယ်။ သတင်းစာ ရှင်းလင်းပွဲ အကြောင်း ကိုသိန်းထိုက်ဦးက ဆက်ပြီး တင်ပြပါလိမ့်မယ်။

လွန်ခဲ့တဲ့အနှစ် ၂၀ ကျော် နိုဗယ်ငြိမ်းချမ်းရေးဆုနဲ့ Rufto လူ့အခွင့်အရေးဆုတွေ ချီးမြှင့်ခဲ့ကြတဲ့ အချိန် ကတည်းက နော်ဝေးပြည်သူတွေဟာ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ရောက်လာမယ့်အချိန်ကို စောင့်ဆိုင်းခဲ့ကြတာပါဆိုပြီး နော်ဝေနိုင်ငံ ၀န်ကြီးချုပ် Jens Stoltenberg က ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုပါတယ်။ အခု ကိုယ်တိုင်ရောက်လာ တာဟာ မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီနဲ့ တရားမျှတမှုအတွက် နှစ်ရှည်လများ ရုန်းကန်ကြိုးစား ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အားထုတ်မှုတွေ အရာထင်လာပြီဆိုတာကို ပြသလိုက်တာလို့ သူက ဆိုပါတယ်။ မြန်မာနိုင်ငံအပြောင်းအလဲတွေနဲ့ ပတ်သက်လို့လည်း သူက အခုလို ပြောပါတယ်။

“မြန်မာပြည်မှာ အရှိန်အဟုန်နဲ့ အပြောင်းအလဲတွေ  ပေါ်လာနေပြီဆိုပေမယ့်လည်း လုပ်ဆောင်စရာတွေ အများကြီး ကျန်ရှိနေပါသေးတယ်။  နှစ်ပေါင်းများစွာ တည်ရှိခဲ့တဲ့ အာဏာရှင်စနစ်နဲ့ လက်နက်ကိုင် ပဋိပက္ခတွေကို အတိတ်မှာချန်ထားနိုင်ခဲ့ဘို့ဆိုတာ ပြည်သူတွေအတွက် အချိန်ယူရပါလိမ့်မယ်။  ကျနော်တို့ အနေနဲ့ ပကတိအနေအထားကို သိမြင်ဖို့လိုပါတယ်။ ရရှိပြီးသား တိုးတက်လာတဲ့ ဖြစ် စဉ်တွေ နောက်ကြောင်းပြန် မလှည့်ဖို့ လိုပါတယ်။”

ဒီလိုအခြေအနေတွေ နောက်ကြောင်းပြန်လှည့်မသွားဖို့အတွက် နိုင်ငံတကာအသိုင်းအ၀ိုင်းအနေနဲ့ အပြောင်း အလဲတွေ ဖော်ဆောင်နေတဲ့ သူတွေကို အားပေးထောက်ခံပြီး တက်တက်ကြွကြွ ထိတွေ့ဆက်ဆံဖို့ လိုမယ် လို့ နော်ဝေး၀န်ကြီးချုပ်က ပြောပါတယ်။ နော်ဝေဂျီယံ စီးပွားရေး ကုမ္မဏီတွေကို မြန်မာနိုင်ငံမှာ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံကြဖို့ နော်ဝေး ၀န်ကြီးချုပ်က ပြော ဆိုပါ တယ်။ ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောပါတယ်။

နော်ဝေး၀န်ကြီးချုပ် ပြောတဲ့အတိုင်း မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေး ကြိုးပမ်းမှုတွေဟာ လမ်းဆုံးမှာ မရောက်သေးသလို ဖြောင့်ဖြောင့်ဖြူးဖြူး လမ်းကြောင်းပေါ်မှာ ရှိချင်မှ ရှိလိမ့်အုံးမယ်ဆိုတာကို ပြောဆိုပြီး အခက်အခဲတွေကို ကျော်ဖြတ်နိုင်ဖို့ အမျိုးသားပြန်လည်သင့်မြတ်ရေး စိတ်ဓာတ်နဲ့ ညှိညှိနှိုင်းနှိုင်း ဆောင် ရွက်သွားမယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ နော်ဝေးစီးပွားရေး ကုမ္မဏီတွေနဲ့ ပတ်သက်လို့-

“လူ့အခွင့်အရေး၊ ဒီမိုကရေစီရေးအတွက် အထောက်အကူပြုစေမယ့် ရင်းနှီးမြှုပ်နှံမှုတွေကို ကျမတို့ လိုချင်ပါ တယ်။ ဘယ်လို ရင်းနှီးမြှုပ်နှံမှု မျိုးပဲလုပ်လုပ် ပွင့်လင်းမြင်သာပြီး တာဝန်ယူမှုရှိတဲ့ ရင်းနှီးမြှုပ်နှံမျိုး ဖြစ်ရပါ လိမ့်မယ်။ အစိုးရက ဘာလုပ်မယ် မလုပ်ဘူးဆိုတာတွေကို နှစ်ဘက် ရှင်းရှင်းလင်းလင်း စာချုပ်စာတမ်းမှာ ထည့်သွင်းရပါလိမ့်မယ်။ ရင်းနှီးမြှုပ်နှံမှုတွေဟာ အစိုးရက စီးပွားရေး ထိမ်းချုပ်မှုကို ပိုပြီး အားဖြည့်တာ မျိုးထက် ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းတွေကို ပိုပြီးအားကောင်းအောင် မြေတောင်မြှောက်ပေးနိုင်မယ့် လုပ်ငန်းတွေဖြစ်ဖို့ လိုအပ်ပါတယ်။”

နိုဗယ်ငြိမ်းချမ်းရေးဆုကို လက်ခံယူဖို့ ပြင်ဆင်ထားတဲ့ မိန့်ခွန်းဟာ လွန်ခဲ့တဲ့ အနှစ် ၂၀ သူဖြတ်သန်းခဲ့တဲ့ ဘ၀ ကို ထင်ဟပ်တဲ့ မိန့်ခွန်းတခု ဖြစ်လိမ့်မယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ နိုင်ငံတကာ ခရီးစဉ်အတွင်း နိုင်ငံတွေရဲ့ လက်ခံကြိုဆို အားပေးထောက်ခံမှုတွေ ကြောင့် လက်ရှိသမ္မတ ဦးသိန်းစိန် အပါအ၀င် အစိုးရအဖွဲ့ဝင်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်အကြား ဆက်ဆံရေးမှာ လာပြီး ထိခိုက်နိုင်မယ် ထင်ပါသလားလို့ သတင်းထောက်တွေက မေးခဲ့ကြပါတယ်။

“ကျမ နိုင်ငံခြားကို ခရီးထွက်တာနဲ့ ပတ်သက်လို့ ကန့်ကွက်သင့်တဲ့ ခိုင်လုံတဲ့အကြောင်း ရှိမယ်လို့ ကျမမမြင် မိပါဘူး။ လက်ခံတဲ့နိုင်ငံတွေ ဘယ်လို ကြိုဆိုကြတယ်ဆိုတာကလည်း သက်ဆိုင်ရာနိုင်ငံတွေအပေါ်မှာ မူတည် ပါတယ်။ ဒီမိုကရေစီကို ကျမတို့ ယုံတယ်။ နိုင်ငံတခုချင်း စီရဲ့ အချုပ်အခြာကို ကျမတို့ယုံတယ်။ သက်ဆိုင် ရာနိုင်ငံတွေက သူတို့မှန်တယ်ထင်တဲ့ပုံစံနဲ့ ကျမကို ကြိုဆိုမှာပါ။ ဒါသူတို့ သဘောပါ။ ဒါကို သမ္မတ ဦးသိန်းစိန် အနေနဲ့ရော၊ အစိုးရအဖွဲ့နဲ့ စစ်တပ်အနေနဲ့ပါ ကန့်ကွက်စရာရှိမယ်လို့ ကျမ လုံးဝ မမြင်မိပါဘူး။ တခြားနိုင်ငံတွေ က ကျမနဲ့ ကျမပါတီအပေါ် သဘောထားနဲ့ ပတ်သက်လို့ သူတို့အနေနဲ့ စိုးရိမ်စရာလည်း မရှိပါဘူး။ ကျမတို့အနေနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး အတွက် ဆောင်ရွက်ချင်တယ် ဆိုတာ ပြောထားပြီးသားပါ။”

သတင်းထောက်တယောက်က သူ့ရဲ့အမေးမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စစ်တပ်ကို ဆန့်ကျင်တဲ့ လှုပ်ရှားမှု ဆိုပြီး သုံးနှုန်းသွားတာကို သူက ငြင်းဆိုသွားပါတယ်။ သူနဲ့ NLD ဟာ စစ်တပ်ကို ဂုဏ်သိက္ခာ ရှိရှိ၊ ပြည် သူတွေ ချစ်ခင်လေးစားတဲ့ တပ်မတော်သားကောင်းတွေ ပီပီ ရပ်တည်တာကို တွေ့လိုတဲ့ အကြောင်း၊ ဒီလို ရပ်တည် တာဟာ ဒီမိုကရေစီ လူ့အဖွဲ့အစည်းအတွက် အကောင်းဆုံးဖြစ်တယ်ဆိုတာကို တိုင်းပြည်မှာရှိတဲ့ လူငယ်တွေ လည်း လက်ခံယုံကြည်ထားတဲ့ အကြောင်း ပြောဆိုသွားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ တနေ့နေ့တချိန်ချိန် နော်ဝေးကို အခုလို ရောက်လာမယ်ဆိုတာ တကယ်ပဲ ယုံကြည်ခဲ့ပါသလားလို့ သတင်းထောက်တယောက်က မေးပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က ဒါကို အမြဲ တစေ ယုံကြည်ခဲ့တဲ့အကြောင်း၊ ဒါကြောင့်လည်း နော်ဝေး နိုင်ငံကို ပထဆုံးသွားချင်တယ်လို့ သူပြောခဲ့တဲ့ အကြောင်း ပြန်ဖြေသွားပါတယ်။ ကျမတော့ ဘယ်တုန်းကမှ သံသယမရှိခဲ့ဘူး။ ရှင်ရော မယုံမကြည်ဖြစ် ခဲ့မိလား။ ရှင်က မယုံခဲ့လို့လားဆိုပြီး သတင်းထောက်ကို ပြန်မေးခွန်းထုတ်သွားပါတယ်။

By ကိုသိန်းထိုက်ဦး (ဗွီအိုအေ မြန်မာပိုင်း)

ကညန မှ အခွန်လျော့ပေးသည့် ထုတ်ပြန်ချက် ကြေညာ



ဇွန် ၁၅၊ ၂၀၁၂၊ YPI

ရထားပို့ဆောင်ရေး ၀န်ကြီးဋ္ဌာနလက်အောက်ရှိ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဋ္ဌာန (ကညန) မှ ယာဉ်အိုယာဉ်ဟောင်း လဲလှယ်ရေး အစီအစဉ်အပြင် အခြားသော ယာဉ်တင်သွင်းမှုများနှင့် ပတ်သက်၍ ကညန၏ အခွန်ကောက်ခံမှုနှုန်းထား  ကြေညာချက် တရပ်ကို ယနေ့နေ့စွဲဖြင့်ထုတ်ပြန်လိုက်
သည်။

ယင်းကြေညာချက်များတွင် ယာဉ်အိုယာဉ်ဟောင်း လဲလှယ်ရေး အစီအစဉ်အရ ပ အက္ခရာမှ အထိ ကားအစီးရေ ငါးသောင်းကျော်အနက် ၄သောင်း ၉ ထောင်ကျော် လဲလှယ်ပြီးကြောင်း၊ ဘအက္ခရာမှ နှစ်စဉ် မှတ်ပုံတင် သက်တမ်း နှစ် ၂၀ ပြည့်ယာဉ်များကိုလည်း လဲလှယ်သွားရာတွင် ကညန အခွန်ကို ယာဉ်ဆိပ်ကမ်းရောက် တန်ဖိုး၏ ၆၀ ရာခိုင်နှုန်း လျော့ပေးမည် ဖြစ်ကြောင်း ပါရှိသည်။

ကားပြပွဲတွင် ပြသထားသည့် ဂျပန်တပတ်ရစ် ကားတစီး

ထို့ပြင် ယာဉ်အိုယာဉ်ဟောင်း စီမံချက်တွင် မပါရှိသော်လည်း အငှား တက်စီယာဉ်ဖြစ်ပါက အစားထိုးတင်သွင်းမည့်ယာဉ်ကို အငှားတက်စီအဖြစ်သာ သုံးစွဲမည်ဟု ဆိုပါက ၈၀ ရာခိုင်နှုန်းလျော့ပေးမည့်ဟု ကာ သက်ဆိုင်ရာ ပြည်နယ်တိုင်းအစိုးရများက လိုအပ်ချက်အရ  အငှားတက်စီယာဉ်အဖြစ် တင်သွင်းခွင့်ပြုပါက ကာ အက္ခရာ အမဲမပြောင်း၊ မရောင်းချရ ကန့်သတ်ချက်ဖြင့် တင်သွင်းခဲ့လျင် ၅၀ ရာခိုင်နှုန်း လျော့ချပေးမည်ဖြစ်သည်ဟု ပါရှိသည်။

ယာဉ်အိုယာဉ်ဟောင်း လဲလှယ်ရေး အစီအစဉ်တွင် မပါရှိသည့် အက္ခရာမြင့် တပ်မတော်လေလံ၊ အစိုးရလေလံကားများကိုလည်း ပိုင်ရှင်ဆန္ဒအရ လဲလှယ်လိုပါက ကညနခွန်ကို ၆၀ ရာခိုင်နှုန်း လျော့ချပေးမည်ဟုလည်း ကြေညာချက်တွင်ဖေါ်ပြထားသည်။

လူနာတင်ယာဉ်များမှာ အခကြေးငွေယူကာ သယ်ပို့ခြင်းဖြစ်၍ မှတ်ပုံတင်ခွန် ၁၀ ရာခိုင်နှုန်း၊ နိဗ္ဗာန်ယာဉ်ဆိုပါက မှတ်ပုံတင်ခွန် ကင်းလွတ်ခွင့်ပြုမည်ဖြစ်ကာ အက္ခရာတွင် နိဗ္ဗာန် ဆိုသည့် အက္ခရာဖြင့် သတ်မှတ်ခွင့်ပြုမည်ဟု လည်းပါရှိသည်။

မော်တော်ဆိုင်ကယ်များကိုလည်း ဇွန်လ ၄ ရက်နေ့မှ အခွန်ဆောင်ကာ မှတ်ပုံတင်ခွင့် ပြန်လည်ပြုထားကြောင်းလည်း ယင်းကြေညာချက်တွင် ဖေါ်ပြပါရှိသည်။

ယမန်နှစ်က စတင်ကြေညာခဲ့သည့် ယာဉ်အိုယာဉ်ဟောင်းလဲလှယ်ရေး အစီအစဉ်ကြောင့် အဆမတန်မြင့်မားခဲ့သည့် ပြည်တွင်းကားဈေးနှုန်းများ တဖြည်းဖြည်း ကျဆင်းခဲ့ရာမှ လွန်ခဲ့သည့်မေလဆန်းက နိုင်ငံခြားငွေ စာရင်းရှိသူတိုင်း ၂၀၀၇ ခုနှစ် မိုဒယ်နှင့်အထက် တစီးစီ တင်သွင်းခွင့်ရှိကြောင်း ကြေညာလိုက်ချိန်မှစ၍ ဆယ်စုနှစ် တခုကျော်အတွင်း အနိမ့်ဆုံးသို့ကျဆင်းလာခဲ့သည်။      ။
by Yangon Press International