This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Tuesday, June 12, 2012

ဘင်္ဂလီတွေ မြန်မာပြည်ထဲတောင်မကဘူး... လွတ်တော်ထဲတောင် ဝင်ရောက် နေရာယူနေကြပြီ...



သို့
 
ဥက္ကဌပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နေပြည်တော်


ရက်စွဲ။ ။ ၂၀၁၂ ခုနှစ်၊မတ်လ(၁၄)ရက်


အကြောင်းအရာ။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေပုဒ်မ ၃၉၆(က) (၄)ပါ ပြဌာန်းချက်များနှင့် ငြိစွန်းသည် လွှတ်တော်ကိုယ်စားလှယ်များ အား တာဝန်များမှ ပြန်လည် ရုပ်သိမ်းပေးပါရန် ပုဒ်မ ၃၉၆ (ခ)ပါ ပြဌာန်းချက် အရ တင်ပြလျှောက်ထားခြင်း။


မောင်တောမြို့နယ် မဲဆန္ဒရှင် စုစုပေါင်း (၂၅၇၄၄၁)၏ ၁%ရာခိုင်နှုန်းကျော်ဖြစ်သော ပူးတွဲစာရင်း၌ လက်မှတ်ရေး
ထိုးထားသည့် ပုဂ္ဂိုလ်များက အောက်ပါအတိုင်း လေးစားစွာ 
တင်ပြလျှောက်ထားအပ်ပါသည်။




၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ
ပုဒ်မ-၁၂၀(ခ)၊ ပုဒ်မ-၁၅၂(ခ)နှင့် ပုဒ်မ-၁၆၉ (က)တို့တွင် သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်အရည်အချင်းနှင့် ပတ်သက်၍ ‘‘နိုင်ငံသားမိဘ နှစ်ပါး မှ မွေးဖွါးသော နိုင်ငံသားဖြစ်သူ’’
 ဖြစ်ရမည်ဟု ပြဌာန်းထားပါသည်။ 

သို့ရာတွင် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေပုဒ်မ - ၁၀ (င)၊ အမျိုးသားလွှတ်တော်ရွေးကောက်ပွဲ ဥပဒေပုဒ်မ-၁၀(င)၊ တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲဥ
ပဒေပုဒ်မ-၁၀(င)တို့တွင်‘‘မွေးဖွါးစဉ်ကနိုင်ငံသားမဖြစ်သေးသော မိဘတစ်ပါးပါးမှ ဖြစ်စေ နှစ်ပါးစလုံးမှ ဖြစ်စေ မွေးဖွါးသည့် နိုင်ငံသား’’ ရွေးကောက်ပွဲတွင် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့် မရှိစေရဟု ကန့်သတ်ထားပါသည်။ 

ဆိုလိုသည်မှာ ရွေးကောက်ပွဲကျင်းပချိန်တွင် ရွေးကောက်ခံသူသည်နှင့် ၎င်း၏မိဘနှစ်ပါးစလုံး သည် တနည်းနည်းဖြင့် နိုင်ငံသားများအဖြစ် ရရှိနေစေကာမူရွေးကောက်ခံသူမွေးဖွါးသည့်အချိန်ကရွေးကောက်ခံ
သူ ၏ မိဘတစ်ပါးပါးသည်နိုင်ငံသားအဖြစ်သို့မရောက်သေးပါက
ရွေးကောက်ခံပိုင်ခွင့်မရှိကြောင်းပြဌာန်းထားခြင်းဖြစ်ပါသည်။




၂။ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေ ပုဒ်မ-၃တွင် အောက်
ပါအတိုင်းပြဌာန်းထားပါသည်။ ‘‘နိုင်ငံတော် တွင်ပါဝင်သော နယ်မြေတစ်ခုခု၌ မြန်မာသက္ကရာဇ် ၁၁၈၅-ခုနှစ် ခရစ်သက္ကရာဇ် ၁၈၂၃ ခုနှစ် မတိုင်မီကာလမှစ၍ ပင်ရင်းနိုင်ငံအဖြစ် အမြဲနေထိုင်ခဲ့သော ကချင်၊ကယား၊ကရင်၊ ချင်း၊ဗမာ၊ မွန်၊ရခိုင်၊ရှမ်းစသည့် တိုင်းရင်းသားများနှင့် မျိုးနွယ်စုများသည် မြန်မာနိုင်ငံသားဖြစ်သည်။’’




အထက်ပါပြဌာန်းချက်နှင့်ပတ်သက်၍ ပြည်ထောင်စုဆိုရှယ်လစ်
သမ္မတမြန်မာနိုင်ငံတော် ၀န်ကြီးအဖွဲ့ မှ (၂၀-၉-၁၉၈၃)ရက်စွဲပါ အမိန့်ကြော်ငြာစာ ၁၃/၈၃အရ ထုတ်ပြန်ထားသည့်
 မြန်မာနိုင်ငံသားဥပဒေဆိုင်ရာ လုပ်ထုံး လုပ်နည်း (နိုင်ငံသားဆိုင်ရာ လုပ်ထုံးလုပ်နည်း)အပိုဒ်(၄)တွင် ‘‘၁၈၂၄ ခုနှစ်တွင် အင်္ဂလိပ်မြန်မာ ပထမစစ်ပွဲ ဖြစ်ပွါးခဲ့ပါသည်။ထိုကာလနောက်ပိုင်းတွင်နိုင်ငံခြားသားအများအပြားနိုင်ငံတော်အတွင်းသို့ ၀င်ရောက်နေထိုင်လာခဲ့ ကြသည်။

ထို့ကြောင့်မြန်မာသက္ကရာဇ်၁၁၈၅-ခုနှစ်၊ခရစ်သက္ကရာဇ်
၁၈၂၃ခုနှစ်မတိုင်မီကာလကိုပိုင်းခြား သတ်မှတ်ခြင်း ဖြစ်သည် ’’ ဟုထပ်ဆင့် ရှင်းလင်းထားပါသည်။

ထိုဥပဒေပုဒ်မ - ၅ အရတိုင်းရင်းသားတိုင်းသည် လည်းကောင်း၊ တိုင်းရင်းသား မိဘနှစ်ပါးမှ မွေးဖွါးသူတိုင်းသည် လည်းကောင်း
 မွေးရာပါ နိုင်ငံသားများဖြစ်ကြပါသည်။




၃။ ၁၉၈၂ ခုနှစ်၊ မြန်မာနိုင်ငံသား ဥပဒေပုဒ်မ-၃တွင် ဖော်ပြထားသည့် တိုင်းရင်းသားများနှင့် မျိုးနွယ်စု မဟုတ်သော လူမျိုးများသည် လူမျိုးအရ မြန်မာနိုင်ငံသားများမဟုတ်ပါ။

 ထိုအခြားလူမျိုးများအနေဖြင့် ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ပုဒ်မ-၁၁(ဃ)အရ ၁၉၄၈ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံသား ပြစ်မှုအက်ဥပဒေ၊ ၁၉၄၈ ခုနှစ်ပြည်ထောင်စုမြန်မာနိုင်ငံသား (ရွေးချယ်ရေး)အက်ဥပဒေများနှင့် အညီသာလျှင် ပုဂ္ဂိုလ်တစ်ဦးချင်းအလိုက် နိုင်ငံသား
အဖြစ်ကိုရခွင့်ရှိကြပါသည်။ထိုဥပဒေများနှင့်ညီညွတ်သူများသည်ပင်
လျှင်၁၉၈၂ခုနှစ်၊မြန်မာနိုင်ငံသား ဥပဒေ အာဏာတည်ပြီးနောက်
တွင်ပုဒ်မ-၂၃အရဧည့်နိုင်ငံသားအဖြစ်ကိုသာ ရရှိကြမည်ဖြစ်ပါသည်။




၎။ အထက်ပါ တင်ပြချက်များအရ ရခိုင်ပြည်နယ်အတွင်း
 နေထိုင်လျက်ရှိကြသော ‘‘ဘင်္ဂလီ’’လူမျိုးများ သည် လူမျိုးအရ နိုင်ငံသားများမဟုတ်ကြောင်း ထင်ရှားနေပါသည်။

 ထို ဘင်္ဂလီလူမျိုးများအနေဖြင့် နိုင်ငံသားအဖြစ် ရယူလိုပါက အပိုဒ်(၃)ပါ ဥပဒေပြဌာန်းချက်များနှင့်အညီသာလျှင်
 လျှောက်ထားပိုင်ခွင့်ရှိပါသည်။




၅။ ထို ဘင်္ဂလီတချို့က ၎င်းတို့သည် နှစ်ပေါင်း ထောင်နှင့်ချီ၍ ရခိုင်ပြည်နယ်အတွင်း နေထိုင်လာကြသော ‘‘ရိုဟင်ဂျာ’’
လူမျိုး မြန်မာတိုင်းရင်းသားဖြစ်သည်ဟု ကမ္ဘာ့နိုင်ငံများတွင်
လည်းကောင်း၊ မြန်မာနိုင်ငံအတွင်း၌လည်း ကောင်း သမိုင်းလိမ်ဖြင့် ၀ါဒဖြန့်ချိတင်ပြနေကြပါသည်။ 

ထိုကိစ္စကို လူကြီးမင်းတို့က မျက်စိကြီး နားကြီးဖြစ်၍ ပိုမိုသိရှိ ကြလိမ့်မည်ဟု ယုံကြည်သဖြင့် အကျယ်ချဲ့၍ တင်ပြခြင်း မပြုလိုတော့ပါ။

 သို့သော် ထိုသမိုင်းလိမ်ကိစ္စသည် ရခိုင်တိုင်း ရင်းသားများနှင့်သာ သက်ဆိုင်သော ကိစ္စမဟုတ်ဘဲ မြန်မာနိုင်ငံတော်တစ်ခုလုံး၏ အချုပ်အခြာအာဏာကို ထိပါးနေ သည့် ကိစ္စတရပ်ဖြစ်ကြောင်း
 လေးနက်စွာ တင်ပြလိုပါသည်။




၆။ ‘‘ရိုဟင်ဂျာ’’လူမျိုးဆိုသည်ကို ၁၉၈၂ ခုနှစ်၊ မြန်မာနိုင်ငံသား ဥပဒေပုဒ်မ-၄ အရ တိုင်းရင်းသားမျိုးနွယ် စုဖြစ်သည်ဟု
 ကြေငြာဆုံးဖြတ်ထားခြင်း မရှိပါ။

 ပြည်ထောင်စု မြန်မာနိုင်ငံတော်၊ နိုင်ငံတော်
 အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အစိုးရကလည်း မြန်မာနိုင်ငံအတွင်း၌ ‘‘ရိုဟင်ဂျာ’’ဟု ခေါ်သော တိုင်းရင်းသားမရှိကြောင်း ကမ္ဘာသိ အတိအလင်း
 ကြေငြာခဲ့ပြီး ဖြစ်ပါသည်။




၇။ သို့ပါလျှက် ဘင်္ဂလီလူမျိုးများဖြစ်ကြသည့် ရခိုင်ပြည်နယ်
 မောင်တောမြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဇော်ဝင်းနှင့် ဘူးသီးတောင်မြို့နယ်မဲဆန္ဒနယ်မှ
 ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရွှေမောင်တို့က ‘‘ကျွန်တော်တို့ ရိုဟင်ဂျာလူမျိုးများ’’ကို တိုင်းရင်းသားနိုင်ငံသားများသို့ ထုတ်ပေးနိုင်သည့် နိုင်ငံသား စိစစ်ရေးကဒ်(ပန်းရောင်)ကို ထုတ်ပေးသင့်ကြောင်း ပြည်သူ့လွှတ်တော်
 နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီ ရေးနှင့် လူ့အခွင့်အရေးကော်မတီ ဒုဥက္ကဌထံသို့ (၁၁-၂-၂၀၁၂)ရက်စွဲပါ စာဖြင့် တင်ပြတောင်းဆို ဖော်ပြသည်ဟု သိရှိ ရပါသည်။




၈။ ရခိုင်ပြည်နယ်မောင်တော မဲဆန္ဒနယ်မှ-
(၁) ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဇော်ဝင်း (ခ) ဇော်ကီးအာမတ်သည် ယခုအခါ နိုင်ငံသား စီစစ်ရေးကဒ်ပြား အမှတ် ၁၂/ပဘတ(နိုင်)၀၂၉၉၅၁ ကိုင်ဆောင်ထားသော်လည်း ၎င်း၏ မိဘများဖြစ်သော ဘင်္ဂလီလူမျိုး(ဘ)ဦးနူရ်အာ
လမ်(၁၁/မတန(ယ)၀၉၂၂၂၆)နှင့် (အမိ) ဒေါ်ခေါ်တီဇာ (၁၁/မတန(ယ)၀၉၂၂၂၈)တို့မှမောင်တောမြို့နယ်
၊ငါးခူရကျေးရွာတွင်(၂၉-၅-၁၉၆၄)နေ့ မွေးဖွါးခဲ့သူ ဖြစ်ပါသည်။

၎င်းသည်တရားဥပဒေနှင့်အညီ မဟုတ်ဘဲ ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ ယောမင်းကြီးလမ်း၊ အိမ်အမှတ် (၆)၊ အခန်း (၉)သို့ရောက်ရှိနေထိုင်လျှက်ရှိပြီးနိုင်ငံသားစီစစ်ရေးကဒ်ပြားကို တနည်းနည်း ဖြင့်ရယူထားသူသာဖြစ်ပါသည်။မည်သို့ပင်ဆိုစေ၎င်း
၏မိဘများသည်ယခုတိုင်၁၁/မတန(ယ)ကိုသာ ရရှိထားသူများ ဖြစ်သဖြင့်နိုင်ငံသားမဟုတ်သူများ ဖြစ်ကြပါသည်။




(၂) မောင်တောမြို့နယ်၊ အမျိုးသားလွှတ်တော်ကိုယ်
စားလှယ်ဦးဌေးဝင်း(ခ)ဇာယာဒ်ရော်မန် သည် ယခင်က အမျိုးသားမှတ်ပုံတင်လက်မှတ်များကိုင်ဆောင်ကြသည့်ဘင်္ဂလီလူမျိုး (ဘ) ဦးအိုဆီဒူရော်မံ (AK၀၄၇၂၇၇)နှင့်(အမိ)ဒေါ်ဇီနူဘာဟာရ်(AK၁၀၈၃၆၈)တို့မှမောင်တောမြို့နယ်၊ ဟာဘီကျေးရွာတွင် (၃-၄-၁၉၆၂)ခုတွင် မွေးဖွါးသူဖြစ်ပါသည်။

 ၎င်း၏ယခင်အမျိုးသားမှတ်ပုံတင်အမှတ်မှာ (MDW ၂၄၇၄၇၇)ဖြစ်ပါသည်။ ယခုအခါ ၁၁/မတန(ယ)များကို ကိုင်ဆောင်ခွင့်ရသော်လည်း နိုင်ငံသားများ မဟုတ်ပါ။ သို့ရာတွင် တနည်းနည်းဖြင့် အမှတ်(၂၆)၊ ၆ ရပ်ကွက်၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့၌ နေထိုင်ခွင့် ရရှိနေပါသည်။




(၃) မောင်တောမြို့နယ်၊ ရခိုင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မျိုးမင်း(ခ)ဇာဟိန်းဂိရ် သည် ဘင်္ဂလီလူမျိုး (အဖ)ဦးရော်ရှီးအာမတ် (AK၀၁၅၆၁၈)နှင့် (အမိ)ဒေါ်ဒူဘာဟာရ် (AK ၀၁၅၆၁၉) တို့မှ မောင်တောမြို့နယ်၊စံပါယ်ကုန်းကျေးရွာတွင်(၂-၆-၁၉၅၀)နေ့၌ မွေးဖွါးသူဖြစ်ပါသည်။ ၎င်း၏ ယခင်အမျိုးသားမှတ်ပုံတင်ကဒ်ပြားအမှတ်မှာ (AK 195265)ဖြစ်ပါသည်။ ယခုအခါ ၁၁/မတန(ယ)ကို ကိုင်ဆောင်ခွင့်ရသော်လည်း နိုင်ငံသားများမဟုတ်ပါ။




၉။ ၁၉၄၉-ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း နေထိုင်သူများ မှတ်ပုံတင်ရေး အက်ဥပဒေနှင့် ၁၉၅၁ ခုနှစ် ပြည်ထောင်စုမြန်
မာနိုင်ငံအတွင်းနေထိုင်သူများ မှတ်ပုံတင်ရေး နည်းဥပဒေတို့အရ ယခင်က ထုတ်ပေးခဲ့သော အမျိုးသားမှတ်ပုံတင်ကဒ်ပြားသည် ‘‘မည်သူ မည်ဝါ ဖြစ်ကြောင်း’’သက်သေခံအတွက်သာ ဖြစ်ပါသည်။

 မြန်မာနိုင်ငံ သား အဖြစ်အသိအမှတ်ပြု၍ ထုတ်ပေးခဲ့ခြင်းမဟုတ်ပါ။ ထို့အပြင်ဧည့်နိုင်ငံသားအဖြစ်သို့ပင် မရောက် ရှိသေးပါ။ အထက်ပါပုဂ္ဂိုလ်များအနေဖြင့်အထက်အပိုဒ်(၃)တွင်တင်ပြခဲ့သောဥပဒေများအရနိုင်ငံသားအဖြစ်ကို ရရှိထားသူများ လည်း မဟုတ်ကြပါ။

 ထိုပုဂ္ဂိုလ် သုံးဦး၏ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရပ်တည်နေ
မှုသည် အထက် အပိုဒ်(၁)တွင် တင်ပြခဲ့သော ဥပဒေများနှင့် ငြိစွန်းနေသူများသာ ဖြစ်ကြောင်း တွေ့ရှိရပါသည်။




၁၀။ မြန်မာနိုင်ငံသားဖြစ်မှုသည် နိုင်ငံတော်၏ အချုပ်အခြာအာ
ဏာနှင့် ဆက်စပ်နေသဖြင့် ပုဂ္ဂိုလ်တစ်ဦးဦး ၏ အကျိုးအတွက်သော် လည်းကောင်း၊ အဖွဲ့အစည်းတစ်ခုခု၏ အကျိုးအတွက်သော် လည်းကောင်း၊ အလွဲအသုံးပြု ခြင်းသည် ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ အမျိုးဘာသာ၊ သာသနာနှင့်စပ်လျဉ်း၍ အလွန်အန္တရာယ်
များသော ဆောင်ရွက်ချက် တရပ်ဖြစ်ပါသည်။ 

ယခုပင်လျှင် နိုင်ငံတော်၏ တရားဝင်ရပ်တည်ချက်ကို မျက်ကွယ်ပြုပြီး မရှိသော လူမျိုးတစ်မျိုးကို ဖန်တီးလျက် ပြည်သူ့လွှတ်တော်
သို့ ပြောင်ပြောင်တင်းတင်း စိန်ခေါ်တင်ပြလာနေကြပြီ ဖြစ်ပါသည်။




၁၁။ ယခုအခါ မည်သည့် (လ၀က)ဌာနကမှ မိမိတို့ကိုယ်ကို ‘‘ရိုဟင်ဂျာ’’လူမျိုးဖြစ်ကြောင်း ဖော်ပြလျှောက် ထားသူကို (ယ)ဖြစ်စေ (ဧည့်)ဖြစ်စေ (နိုင်)ဖြစ်စေလျှောက်ထားသော လျှောက်လွှာတွင် (ဘင်္ဂလီ)လူမျိုးဖြစ်ကြောင်း ဖော်ပြထားသူများက မိမိတို့သည် (ဘင်္ဂလီ)လူမျိုးမဟုတ်ဘဲ (ရိုဟင်ဂျာ) လူမျိုးဖြစ်သည်ဟု တင်ပြလာခြင်းမှာ သက်ဆိုင်ရာဌာနကိုလိမ်လည်ခြင်း၊
မထီမဲ့မြင်ပြုခြင်းများပြုရာရောက်နေသည့်အပြင်ဖွဲ့စည်းပုံအခြေခံဥ
ပဒေ ပုဒ်မ-၃၉၆ (က) (ခ)ပါနိုင်ငံတော်၏ ကျေးဇူးသစ္စာတော်ကို
 ဖောက်ဖျက်ရာလည်းရောက်ပါသည်။




ထို့ကြောင့် အထက်ပါလွှတ်တော်ကိုယ်စားလှယ်(၃)ဦးအား ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ-၃၉၆ (က)(၄) နှင့်အညီ လွှတ်တော်ကိုယ်စားလှယ်တာဝန်များမှပြန်လည်ရုတ်သိမ်းပေးပါရန်၊ ပုဒ်မ-၃၉၆(ခ) အရပူးတွဲပါ မောင်တောမြို့နယ်မဲဆန္ဒရှင်များ
ကလျှောက်ထားတင်ပြအပ်ပါသည်။




(မူရင်းရေးထိုးထားသော လက်မှတ်များကိုပြည်ထောင်စုရွေးကောက်
ပွဲကော်မရှင်ထံသို့ပေးပို့ထားပြီးဖြစ်သည်)


လေးစားစွာဖြင့်-
မောင်တောမြို့နယ်မှ မဲဆန္ဒရှင်ပြည်သူများ
(Copy)

စစ်တွေမြို့ ဗျိုင်းဖြူရွာတွင် လူသုံးဦး သေဆုံး


ရခိုင်ပြည်နယ် စစ်တွေမြို့အနီး မကျည်းမြိုင် ရပ်ကွက် (၅) တွင်းက လွန်ခဲ့သော မိနစ်ပိုင်းအတွင်းက မီးလောင်မှု ဖြစ်ပွား
ဇွန်လ (၁၁) ရက်နေ့ 
ဆူပူအကြမ်းဖက်မှုများ ဆက်လက်ဖြစ်ပွားနေသော စစ်တွေမြို့ မြောက်ဘက်ရှိ ဗျိုင်းဖြူရွာတွင် ယနေ့ နံနက်ပိုင်းတွင် ဘင်္ဂါလီများက နေအိမ်များအား မီးရှို့ကာ ဒေသခံများကို သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ရခိုင်တိုင်းရင်းသားသုံးဦးသေဆုံးပြီး ဆယ်ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ ဇွန်လ ၁၁ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်တွင် စုံစမ်းသိရှိရသည်။

အဆိုပါကျေးရွာသို့ ယခုအချိန်ထိ လုံခြုံရေးတပ်ဖွဲ့ဝင်များ မရောက်ရှိသေးကြောင်း ၄င်းတို့က ဆိုသည်။

“ဘင်္ဂါလီတွေက သေနတ်ပစ်ပြီးတော့ ရွာကို မီးရှို့ဖို့ ၀င်လာတဲ့အခါ ရခိုင်တွေက ဓားနဲ့ ပြန်ခုတ်တယ်။ အဲ့ဒီမှာ ဘဂါင်္လီဘက်က လူအင်အားအတော်များတော့ ဒဏ်ရာရတဲ့သူတွေမှာ ရခိုင်တွေ ပိုများတယ်” ဟု ဗျိုင်းဖြူရွာမှ ဒေသခံအမျိုးသားတစ်ဦးက ပြောကြားသည်။

The Voice Weekly

ဂျာနယ်များသတိ၊ ထောင်ဒဏ် ၉ နှစ်အထိ ချမှတ်နိုင်သည်


အောင်သက်ဝိုင်း|

ပြည်တွင်းအခြေစိုက် သတင်းမီဒီယာများ အနေဖြင့် ရခိုင်ပြည်နယ် ပဋိပက္ခသတင်းများ ရေးသားရာတွင် ဆူပူမှု ဖြစ်ပွားစေရန် လှုံ့ဆော်သည့် အရေးအသားများပါရှိပါက ထောင်ဒဏ် ၉ နှစ်အထိ ချမှတ် အရေးယူနိုင်ကြောင်း ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးမြင့်ဆွေက သတိပေးလိုက်သည်။

ဇွန်လ ၁၀ ရက်နေ့ ည ၇ နာရီက ရန်ကုန်အစိုးရအဖွဲ့ရုံးတွင် သတင်းမီဒီယာအားလုံးကို ခေါ်ယူသတိ ပေးလိုက်ခြင်းဖြစ်ပြီး ယင်းပွဲကို “ရခိုင် ကိစ္စ သတင်းစာ ရှင်းလင်း ပွဲ” ဟု ခေါင်းစဉ် တပ်ထားသည်။

အဆိုပါ ရှင်းလင်းပွဲတွင် ဦးမြင့်ဆွေက ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားလျက်ရှိသော သတင်းများကို ရေးသားဖော်ပြရာတွင် တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန် လှုံ့ဆော်သည့် အရေးအသားများ မပါရှိစေရေး သတိထားရန်နှင့် ဆူပူမှု ဖြစ်ပွားစေရန် လှုံ့ဆော်သည့် ရေးသားမှုများ ပါရှိပါက ဥပဒေပုဒ်မ ၅ (ည)၊ ပုဒ်မ ၅၀၅ (ခ) အရ ထောင်ဒဏ် ၉ နှစ်အထိ ချမှတ် အရေးယူနိုင် သည်ဟု ဆိုသည်။

“သတင်းမီဒီယာတွေရဲ့ လက်ဦးရလိုမှုကြောင့် သတင်းတွေကို ပြိုင်ဆိုင်ဖော်ကြရာမှာ ပိုပြီးတော့ မတည်မငြိမ် မှုတွေ ဖြစ်လာတယ်။ အခုအချိန် က တိုင်းပြည်အတွက် အရေးကြီးတဲ့ အချိန်ဖြစ်တယ်။ ရေးသားတဲ့ အခါမှာလည်း ကိုယ့်ဂျာနယ် ရောင်းရဖို့ တိုင်းပြည် ဘာဖြစ်ဖြစ်၊ လူမျိုး ဘာဖြစ်ဖြစ် ရေးကြ သားကြ တာတွေရှိတယ်။ ဒါတွေက တိုင်းပြည် မငြိမ်မသက် ဖြစ်သွား နိုင်တယ်” ဟု ၀န်ကြီးချုပ်ဦးမြင့်ဆွေက ပြော သည်။

လက်ရှိမီဒီယာများသည် အဓိကရုဏ်းများ ဖြစ်ပွားနိုင်အောင် လှုံ့ဆော်ရေးသား နေသည်ဟု ပြောဆိုပြီး မီးလောင်ရာ လေပင့် လုပ်ဆောင် သည်ကို တွေ့ရကြောင်း၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် လွတ်လပ်စွာ ထုတ်ဖော်ရေးသားခွင့် ပြဋ္ဌာန်းထား သော်လည်း တရား ဥ ပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးကို မထိခိုက်ရဟု ပြဋ္ဌာန်းထားကြောင်း၊ ထို့ကြောင့် ဥပဒေ မလိုက်နာ သော သတင်း မီဒီယာ များကို အရေးယူ ရမည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

“ပြန်ကြားရေးအပိုင်းက စာပေဆိုင်ရာ အချက်တွေ ချိုးဖောက်လို့ အရေးယူတာရှိသလို အုပ်ချုပ်မှုပိုင်းဆိုင်ရာ၊ ပြစ်မှုပိုင်း ဆိုင်ရာနဲ့ ပတ်သက်ပြီးတော့ အရေးယူသင့်တာ ယူရမှာ ဖြစ်ပါတယ်။ ကြိုတင် ပြောတာဖြစ်ပါတယ်” ဟု ၀န်ကြီးချုပ်က ဆိုသည်။

သတင်းမီဒီယာအပေါ် အရေးယူမည့် တည်ဆဲဥပဒေများမှာ ပုဒ်မ ၅ (ည) ဖြစ်ပြီး ထောင်ဒဏ် ၇ နှစ်အထိ ပြစ်ဒဏ်နှင့် ငွေဒဏ် ထောင်ဒဏ် များ ချမှတ်နိုင်ကြောင်း၊ ယင်းအပြင် ပုဒ်မ ၅၀၅ (ခ) အရလည်း ဆူပူမှုဖြစ်အောင် လှုံ့ဆော်မှုအတွက် ထောင်ဒဏ် ၂ နှစ်အထိ ချမှတ် နိုင် ကြောင်း ၎င်းက ရှင်းလင်းသည်။

ပြန်ကြားရေး ၀န်ကြီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးတင့်ဆွေကလည်း သတင်းများအားလုံး စာပေစိစစ်ရေး၏ စိစစ်ဖြတ်တောက်မှု အောက်တွင်သာ ဖော်ပြရမည်ဖြစ်ပြီး စာပေစိစစ်ရေးကို တင်ပြခြင်း မရှိဘဲ ဖော်ပြလျှင် ၁၉၆၂စိစစ်ရေးဥပဒေနှင့် အရေးယူမည် ဖြစ်ကြောင်း ပြောသည်။

“သတင်းတွေအားလုံး စာပေစိစစ်နဲ့မှတ်ပုံတင်ဌာနကို မပျက်မကွက် တင်ပြပြီး ခွင့်ပြုချက်အတိုင်းပဲ ဖော်ပြရမယ်။ အဲဒါမှ ဥပဒေကို လိုက်နာ တယ်လို့ မှတ်ယူ ရပါမယ်။ ၁၉၆၂ ဥပဒေက မဖျက်ရသေးဘူး။ အဲဒီဥပဒေအတိုင်း အရေးယူမယ်” ဟု ဦးတင့်ဆွေက ဆိုသည်။

ပြည်သူ့ခေတ် ဂျာနယ်၏ အယ်ဒီတာချုပ် ဦးဖေမြင့်က ၀န်ကြီးချုပ်သည် ရခိုင် သတင်းစာရှင်းလင်းပွဲဟု ခေါ်ယူ ပြောဆိုပြီး သတင်း မီဒီယာ များကို ခေါ်ယူကြိမ်းမောင်းခြင်း ဖြစ်ကြောင်း၊ ကျင့်ဝတ်နှင့်အညီ မဖော်ပြသော ဂျာနယ်ကို သီးခြား ခေါ်ယူမပြောဆိုဘဲ ဂျာနယ် အားလုံး ကို ဝါးလုံးရှည်ဖြင့် သိမ်းကျုံး သတိပေးသည်ဟု ခံစားရကြောင်း ထုတ်ဖော် ပြောကြားသည်။

“မေးခွင့်လည်းမရှိဘူး။ ပြောချင်ရာပြောပြီး ပြန်သွားတယ်။ အဲဒါတော့ ကျနော်တို့ စိတ်မကောင်းဘူး” ဟု ဦးဖေမြင့်က ပြောသည်။

စာပေ စိစစ်ရေးဌာနမှ တာဝန်ရှိသူတဦးကမူ လျှပ်တစ်ပြက်ဂျာနယ်က အစ္စလမ် ဘာသာဝင်များနှင့် မြန်မာများအကြား ဆူပူမှု ဖြစ်ပွားစေနိုင် လောက်သော သတင်းနှင့်ဓာတ်ပုံများ ထည့်သွင်း ဖော်ပြ ခဲ့ခြင်း ကြောင့် ယခုကဲ့သို့ ဂျာနယ်များ အားလုံးကို အစိုးရက ခေါ်ယူ သတိပေး ခြင်းဖြစ် သည်ဟု ဆိုသည်။

စာပေစိစစ်ရေး အနေနှင့် သတင်းဂျာနယ်အများစုက စိစစ်ရေးမတင်တော့ဘဲ လုပ်ကိုင်ဆောင်ရွက်နေမှုများ အပေါ် မချင့်မရဲဖြစ်ကာ လျှပ် တစ်ပြက်ဂျာနယ်၏ အမှားမှ စာနယ်ဇင်းအားလုံးကို ပြန်လည် ထိန်းချုပ် လာခြင်း ဖြစ်နိုင်ကြောင်းပြည်တွင်း သတင်းသမားများက သုံးသပ်သည်။

“မီဒီယာ တော်တော်များများ ကျင့်ဝတ်နဲ့အညီ ထိန်းကြတယ်။ စုန်းပြူးတော့ ရှိတာပေါ့။ အဲဒီစုန်းပြူးကို အရေးမယူဘဲ အားလုံးကို တပြေးညီ သတ်မှတ်ပြီး ပြန်ထိန်း ချုပ်တာပဲ။ စာပေစိစစ်ရေး ကိုယ်တိုင်ပြောနေတဲ့ ဇွန်လကုန်ဆိုရင် စာပေစိစစ်ရေး ဖျက်ပြီဆိုတာက အခုပုံစံ အတိုင်း ဆိုရင်တော့ မဖြစ်နိုင်တော့ဘူး” ဟု ပြည်တွင်းသတင်းထောက် တဦးက ဆို သည်။

ရခိုင်ပြည်နယ် အရေးကိစ္စကြောင့် ပြည်တွင်းဈေးကွက်တွင် သတင်းဂျာနယ်အများစု လက်မလည်အောင် ရောင်းချ နေရသည်ဟု ဖြန့်ချိရေး သတင်းရပ်ကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

အလားတူ ရခိုင်ပြည်နယ် ကိစ္စ ဖြစ်ပျက်ပြီး နောက်ပိုင်း ပြည်တွင်းနေ မြန်မာများသည် အင်တာနက်ပေါ်မှ သတင်းများကို စိတ်ဝင်စားမှု ပိုမို များပြားလာကြောင်းလည်း ကြားသိရသည်။

သတင်းဂျာနယ်တချို့သည် လူထုအကြား ထုတ်ဝေဖြန့်ချိသည့် စာမျက်နှာများပေါ်တွင် ကျင့်ဝတ်နှင့်အညီ ဖော်ပြ ကြသော်လည်း ၎င်းတို့၏ ကိုယ်ပိုင် အင်တာနက် စာမျက်နှာများပေါ်တွင်မူ ကျင့်ဝတ်နှင့်အညီ ဖော်ပြခြင်းမရှိဘဲ ဆူပူမှုကို လှုံ့ဆော်သည့် အရေးအသားများ မြင်တွေ့နေရကြောင်း ဝေဖန်မှုများလည်း ရှိသည်။

ယမန်နေ့ညက သတင်းစာရှင်းလင်းပွဲသို့ လာရောက်သည့် အယ်ဒီတာတဦးက “အင်တာနက်က မီးလိုပဲ၊ သုံးတတ်ရင်ဆေး၊ မသုံးတတ်ရင် ဘေးဖြစ်မယ်။ မီဒီယာတွေ အင်တာနက်ပေါ်မှာ သတင်းဖြန့်တာ တအားမြန်လာတယ်။ မြန်တာ ကောင်းပေမယ့် ရေးတဲ့သားတဲ့ နေရာမှာ ထိန်းချုပ်သင့်တယ်” ဟု ပြောသည်။

ဘင်္ဂါလီအပေါ် နိုင်ငံတော်အစိုးရ၏ သဘောထား


‎မြန်မာနိုင်ငံတွင် တိုင်းရင်းသားလူမျိုးပေါင်း (၁၀၀) ကျော် ရှိသည့်အနက် ရိုဟင်ဂျာ ဟူသော အမျိုးအနွယ် မပါပါဘူး။ ဘယ်တုန်းကမှလည်း ရိုဟင်ဂျာကို နိုင်ငံသားအဖြစ် အသိအမှတ် မပြုပါဘူး။
(ဦးခင်ရီ၊ ပြည်ထောင်စုဝန်ကြီး)

“ပြည်ထဲရေးဝန်ကြီးဌာန၊ သတင်းစာရှင်းလင်းပွဲ(၁၄-၁-၂၀၁၂)"

မေး-ခင်မောင်ညို(ဘောဂဗေဒ) - တာလီဘန်ကိစ္စ စိတ်ဝင်စားပါတယ်။ လုံခြုံရေးအရ ပြော လို့ရမယ်ဆိုတာ တာလီဘန်နဲ့ မြန်မာနိုင်ငံ မည်ကဲ့သို့ ဆက်နွယ်နေသည်ကို သိလိုပါတယ်။

ဖြေ-ပြည်ထောင်စုဝန်ကြီး - တာလီဘန် ၀င်ရောက်သော နေရာ ဘယ်နေရာဖြစ်မယ်လို့ ခန့် မှန်းပါသလဲ။ အဲဒီနေရာကနေ ထိုးဖောက်ဝင်ရောက်လာပြီး စည်းရုံးခြင်း၊ သင်တန်းပေးခြင်း များ ရှိ၍ ဖော်ထုတ်ဖမ်းဆီး အရေးယူလိုက်ရပါတယ်။ ၀င်ရောက်ဖမ်းဆီးချိန်တွင် အကုန် မမိဘဲ တစ်ချို့တစ်ဝက်မှာ ထွက်ပြေးလွတ်မြောက်သွားပါတယ်။ နိုင်ငံအတွက်လည်း တာလီ ဘန်ကိစ္စသည် အရေးကြီးပါတယ်။

(နိုင်ငံတော် သမ္မတရုံးမှ အကြီးတန်းအရာရှိတစ်ဦး၏ Facebook စာမျက်နှာတွင် လွန်ခဲ့သော မိနစ်ပိုင်းအတွင်း ရေးသားဖော်ပြထားသည်။)

ရခိုင်ပြည်နယ် အရေး ပြည်ပ မီဒီယာများကို ဆန့် ကျင်ကန့် ကွက်


ဓါတ်ပုံ - The Voice Weekly
ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော အကြမ်းဖက်မှု့များကို ဆန့်ကျင်ရှုံ့ချကြောင်းနှင့် နိုင်ငံတကာမီဒီယာများဖြစ်သော BBC, RFA ,VOA,DVBသတင်းဌာနများ၏ဘက်လိုက်ရေးသားမှု့များကိုဆန့်ကျင်ကန့်ကွက်ကြောင်းနှင့်အကြမ်းဖက်မှု့များကိုဥပဒေအရ နှိမ်နင်းအရေးယူနေ သောတပ်မတော်၊ ရဲတပ်ဖွဲ့ဝင်များနှင့် တစ်သားတည်းရှိကြောင်း ပြသရန် ငြိမ်းချမ်းစွာစုဝေးဆန္ဒဖော်ထုတ်မှု့တစ်ရပ် ယနေ့နံနက် ၁၀နာရီ မှ ၁၁နာရီအထိ ဆူးလေ၊မြို့တော်ခန်းမအနီးဖြစ်ပွားခဲ့သည်။ ဆန္ဒဖော်ထုတ်သူများမှာပါတီ၊နိုင်ငံရေးအဖွဲ့အစည်းစွဲများမရှိဘဲ မြန်မာနိုင်ငံကိုချစ်မြတ်နိုးကြသော မျိုးချစ်မြန်မာများဖြစ်သည်ဟု ရည်ညွှန်းထားကြသည်။

7Day News Journal

ယနေ့မနက် သိမ်ကြီးဈေးအကျော်တွင် ကားတိုက်မှုဖြစ်ပွား -


google image
ယနေ့ မနက် ၉ နာရီခန့်က တောင်းအေ့ကားတစ်စီးကားတိုက်မှု ဖြစ်ပွားခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။ တိုက်ခံရသူကတော့ ကျွန်မစီးလာတဲ့ကား အနားရောက်တော့ အဘွားအိုလို ယူဆရပြီး ပွဲချင်းပြီး သေဆုံးနေတာကို မြင်ရပြီး အပေါ်က မလုံ့တလုံ ဖုံးအုပ်ထားပါတယ်။ ကားကတော့ ရွှေဘုံသာ မီးပွိုင့်မရောက်ခင်မှာ ကန့်လန့်ဖြတ်ဖြစ်နေပါတယ်။ ကျွန်မလည်း ဓာတ်ပုံရိုက်မလို့ ပြင်ဆင်နေချိန်မှာ ကားကြောကို
အမြန်မောင်းဖို့ ပြောနေတော့ စီးလာတဲ့ကားက တောက်လျှောက် ဆူးလေကို မောင်းတော့ မရိုက်လိုက်ရပါဘူး။ နောက်တစ်ချက် ကျွန်မ မြင်မိပြီးတော့ ရင်ထဲမကောင်းလို့ ဓာတ်ပုံရိုက်မိရင် အမြဲမြင်ပြီး ပိုဆိုးမယ်လို့ ကိုယ့်ဘာသာလည်း စိတ်ထဲမှာဖြစ်မိသွားပါတယ်။ ရဲတွေကော ပုလိပ်တွေကော ရပ်ကြည့်နေတဲ့ လူတွေပါ အများကြီး ၀ိုင်းအုံနေပါတယ်။ ကားလမ်းဖြတ်ကူးတဲ့အခါ လူတိုင်း သတိထားကြဖို့ ပြောချင်မိပါတယ်။
by- mandalaygazette

ရခိုင်ပြည်နယ် အခြေအနေနှင့် ပတ်သတ်ပြီး ဇွန်လ (၁၁)ရက်နေ့ နောက်ဆုံးရ သတင်းများ


 သတင်း-ဓါတ်ပုံ Eleven Media
news-eleven.com

ရခိုင်ပြည်နယ် အခြေအနေနှင့် ပတ်သက်ပြီး ဇွန်လ (၁၁) ရက်နေ့ နောက်ဆုံးရ သတင်းများကို စုစည်းဖော်ပြထားပါသည်။
24
ယနေ့ မွန်းလွဲ ၂ နာရီခန့်အချိန်က ရာဂဏန်းခန့်ရှိသော ဘင်္ဂါလီများမှာ အဆိုပါ ကွင်းပြင်ကို ဖြတ်ပြီး တစ်ဖက်ရှိ စစ်တွေမြို့ အာကျိတ်တော်ကုန်းစေတီနှင့် ဘုန်ကြီးကျောင်းများအနီးသို့ ချဉ်းကပ်လာသဖြင့် ရခိုင်တိုင်းရင်းသားများ ထပ်မံချဉ်းကပ်မှု မရှိစေရန် ယခုကဲ့သို့ လုံခြုံရေး တာဝန်ယူနေကြခြင်း ဖြစ်ပါသည်။


23
ယနေ့ မွန်းလွဲ ညနေ ၄ နာရီအချိန်က စစ်တွေမြို့ရှိ ဓည၀တီရပ်ကွက် မီးလောင်ကျွမ်းနေသည်ကို တွေ့ရစဉ်

ဇွန်လ ၁၁ ရက်၊ နေ့လည် ၄:၀၀ နာရီ
မီးလောင်ကျွမ်းမှုဖြစ်နေသော ဓည၀တီရပ်ကွက်၌ ဒေသခံ ရခိုင်လူမျိုးများက "မကြောက်ကြနဲ့ မကြောက်ကြနဲ့၊ စုပေါင်း ခုခံ ကာကွယ်ကြပါ"ဟု အော်ဟစ်သံများ ကြားနေရကြောင်း အခင်းဖြစ်ပွားရာနေရာသို့ ရောက်ရှိနေသည့် Eleven Media Group သတင်းထောက်က ပြောကြားခဲ့သည်။
ဇွန်လ ၁၁ ရက်၊ နေ့လည် ၄:၀၀ နာရီ
ယခုအချိန်တွင် စစ်တွေမြို့တွင် နေရာ ၃ နေရာ၌ မီးလောင်ကျွမ်းမှု တစ်ပြိုင်နက်တည်း ဖြစ်ပွားနေပြီး သံတော်နီ ရွာ နှင့် ဓည၀တီ ရပ်ကွက်များ၏ မီးလောင်ကျွမ်းမှုမှာ ပိုမိုဆိုးရွားလာလျက်ရှိကြောင်း သိရသည်။ ထို့အပြင် စစ်တွေမြို့တွင် လုံခြုံရေးတပ်ဖွဲ့မှ သေနတ်ပစ်ခတ်မှုများ ဖြစ်ပေါ်နေသည်မှာ မဟုတ်ကြောင်းနှင့် ၀ါးပိုး ၀ါးရုံများ မီးလောင် ပေါက်ကွဲခြင်းသာဖြစ်ကြောင်း စစ်တွေမြို့သို့ ရောက်ရှိနေသည့် Eleven Media Group သတင်းထောက်က ပြောကြားခဲ့သည်။
22
စစ်တွေမြို့ ဓည၀တီ ရပ်ကွက်အနီး မီးလောင်ကျွမ်းနေသည်ကို ယနေ့ မွန်းလွဲ ၃ နာရီ မိနစ် ၂၀ အချန်က တွေ့ရစဉ်။
ဇွန်လ ၁၁ ရက်၊ နေ့လည် ၃:၀၀ နာရီ
စစ်တွေမြို့ မြောက်ဘက် ဗျိုင်းဖြူရွာနှင့် သံတော်လီရွာ အကြားတွင် ရခိုင်တိုင်းရင်းများနှင့် ဘင်္ဂါလီတို့အကြား တင်းမာမှု ဖြစ်ပွားနေပြီး ထိုနေရာသို့ စစ်တပ်နှင့် လုံထိန်းတပ်ဖွဲ့ဝင်များ သွားရောက်နေပြီ ဖြစ်ကြောင်း သိရပါသည်။

အဆိုပါ ရွာနှစ်ရွာအကြားတွင် မွန်းလွဲပိုင်းအချိန်က ထိပ်တိုက်တွေ့မှုဖြစ်ခဲ့ပြီး ရခိုင်တိုင်းရင်းသားသုံးဦးမှာ ဘင်္ဂါလီ တို့၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ပါသည်။ သေဆုံးခဲ့သူ သုံးဦး အနက် နှစ်ဦး၏ အလောင်းကို ဘင်္ဂါလီများက သံတော်လီရွာအတွင်း ဆွဲယူသွားသဖြင့် ရခိုင် တိုင်းရင်းသားများက အလောင်း ပြန်ရရေးအတွက် သံတော်လီရွာအတွင်း ၀င်ရောက်ရန် ကြိုးစားရာမှ တင်းမာမှု ဖြစ်ပေါ်နေခြင်း ဖြစ်ကြောင်း ထိုနေရာသို့ ရောက်ရှိနေသည့် Eleven Media Group မှ သတင်းထောက်က ပြောပါသည်။

သံတော်လီရွာသည် ဘင်္ဂါလီများနေထိုင်သည့် ရွာတစ်ရွာဖြစ်ပါသည်။ တင်းမာမှု စတင် ဖြစ်ပွားနေချိန်၌ ထိုနေရာတွင် ရှိနေသော လုံခြုံရေးအင်အားမှာ နည်းပါးပြီး မလုံလောက်တော့သည့်အတွက် စစ်တပ်နှင့် လုံထိန်းများ ထပ်မံသွားရောက်နေခြင်း ဖြစ်သည်။
ဇွန်လ ၁၁ ရက်၊ နေ့လည် ၂:၃၀ နာရီ
စစ်တွေမြို့ မြောက်ဘက် ဗျိုင်းဖြူရွာအနီးတွင် ရခိုင် တိုင်းရင်းသားများနှင့် ဘင်္ဂါလီများ ထိပ်တိုက်တွေ့မှု ဖြစ်ခဲ့ပြီး ဘင်္ဂါလီများက သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် ရခိုင် တိုင်းရင်းသား သုံးဦး သေဆုံးကြောင်း အခင်းဖြစ်ပွားရာနေရာသို့ ရောက်ရှိနေသည့် Eleven Media Group မှ သတင်းထောက်က ပြောပါသည်။ အဆိုပါဖြစ်စဉ်၌ သေဆုံးခဲ့ရသူ ရခိုင်တိုင်းရင်းသား သုံးဦးမှာ ဦးကျော်သိန်း၊ ကိုဌေးနှင့် အောင်ဇေယျ ရွာသားတစ်ဦးတို့ ဖြစ်ကြောင်း ဗျိုင်းဖြူရွာသား တစ်ဦးက ပြောပါသည်။ ဗျိုင်းဖြူရွာအနီးတွင် ဘင်္ဂါလီများ နေထိုင်သည့် သံတော်လီရွာ တည်ရှိနေပါသည်။
15
19

20
စစ်တွေမြို့မြောက်ဘက် ဇေယျသိန္ဓိ ကျောင်းတိုက်သို့ ရောက်ရှိနေသော အဖွားအိုတစ်ဦးအား တွေ့ရစဉ်
21
စစ်တွေမြို့မြောက်ဘက် ဇေယျသိန္ဓိ ကျောင်းတိုက်သို့ ရောက်ရှိနေသော ရခိုင်တိုင်းရင်းသားများ

ဇွန်လ ၁၁ ရက်၊ နေ့လည် ၂:၁၀ နာရီ
မေလ ၂၈ ရက်က ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ကျောက်နီမော်ကျေးရွာမှ မသီတာထွေးအား မုဒိမ်းကျင့်၊ လူသတ်၊ ပစ္စည်းလုယက်မှု ကျူးလွန်ခဲ့သော တရားခံများကို ယနေ့နံနက် ၁၀ နာရီက ကျောက်ဖြူမြို့နယ် တရားရုံးတွင် ရုံးချိန်းစစ်ဆေး ကြားနာရာတွင် အသိသက်သေ ၂၀ ကျော် လာရောက်ကြပြီး လက်ရှိ သက်သေ ၃ ဦး ထွက်ဆိုပြီးနောက် မွန်းလွဲ ၁၂ နာရီတွင် ခေတ္တရပ်နားခဲ့ကြောင်း သိရသည်။
အဆိုပါ တရားခံ(၃)ဦး အနက် တစ်ဦးဖြစ်သူ တရားခံ ရော်ရှီး (ခ) ထက်ထက်မှာ ဇွန်လ ၉ရက် ညနေပိုင်းက ကျောက်ဖြူအကျဉ်းထောင် အတွင်း ကိုယ့်ကိုကိုယ်ကြိုးဆွဲချ သေဆုံးခဲ့ကြောင်း သိရှိရသည်။
11
စစ်တွေ-ရေချမ်းပြင် ရထားလမ်းမပေါ်မှာ မင်းဂံရပ်ကွက်များကို လုံခြုံရေး စောင့်ကြပ်ပေးနေသည့် တပ်မတော်သားများ။ (အဆိုပါ ရထားလမ်း အရှေ့ဘက်တွင် မင်းဂံရပ်ကွက်များရှိနေပြီး ရထားလမ်း၏ အနောက်ဘက်တွင် ဘင်္ဂါလီရွာများ ရှိနေပါသည်။)
10
9
စစ်တွေမြို့မြောက်ဘက် ဇေယျသိန္ဓိ ကျောင်းတိုက်သို့ ရောက်ရှိနေသော ရခိုင်တိုင်းရင်းသားများ
1
စစ်တွေမြို့မြောက်ဘက် ဇေယျသိန္ဓိ ကျောင်းတိုက်သို့ ရောက်ရှိနေသော ရခိုင်တိုင်းရင်းသားများ
2
စစ်တွေမြို့မြောက်ဘက် ဇေယျသိန္ဓိ ကျောင်းတိုက်သို့ ရောက်ရှိနေသော ရခိုင်တိုင်းရင်းသားများ
3
စစ်တွေမြို့မြောက်ဘက် ဇေယျသိန္ဓိ ကျောင်းတိုက်သို့ ရောက်ရှိနေသော ရခိုင်တိုင်းရင်းသားများ

6
စစ်တွေ-ရေချမ်းပြင် ရထားလမ်းမပေါ်မှာ မင်းဂံရပ်ကွက်များကို လုံခြုံရေး စောင့်ကြပ်ပေးနေသည့် တပ်မတော်သားများ။ (အဆိုပါ ရထားလမ်း အရှေ့ဘက်တွင် မင်းဂံရပ်ကွက်များရှိနေပြီး ရထားလမ်း၏ အနောက်ဘက်တွင် ဘင်္ဂါလီရွာများ ရှိနေပါသည်။)
ဇွန်လ ၁၁ ရက်၊ နေ့လည် ၁:၂၀ နာရီ
စစ်တွေမြို့ပေါ်ရှိ ပုဂ္ဂလိက ဘဏ်များကို လုံခြုံရေးအခြေအနေကြောင့် ယနေ့မှ စတင်၍ ခေတ္တပိတ်ထားမည် ဖြစ်ကြောင်း သိရှိရပါသည်။
ဇွန်လ ၁၁ ရက်၊ နေ့လည် ၁၂:၂၅ နာရီ
စစ်တွေမြို့ မြောက်ဘက်တွင်ရှိသော ဘင်္ဂါလီရွာဖြစ်သည့် နာဇီရွာကို ဖြတ်သန်းသွားသော အဆိုပါ ရေပိုက်လိုင်းသည် စစ်တွေမြို့တစ်မြို့လုံးသို့ ရေပေးဝေသည့် ပိုက်လိုင်းဖြစ်သောကြောင့် ကြိုတင်ကာကွယ်ခြင်းအားဖြင့် စစ်တွေမြို့ ရေပေးဝေမှုကို ထိန်းချုပ်ထားရခြင်း ဖြစ်ကြောင်း စစ်တွေ ဒေသခံများက ပြောပါသည်။ လက်ရှိ အချိန်တွင် နာဇီရွာ၌ ဘဂါင်္လီများသာ ရှိနေပြီး ရွာတွင်ကျန်ရှိနေသော ရခိုင်တိုင်းရင်းသား အိမ်များနှင့် ဘုန်းတော်ကြီးကျောင်း တစ်ကျောင်းကို ယနေ့နံနက်ပိုင်း ဘင်္ဂါလီများက မီးရှို့ခဲ့ကြောင်း စစ်တွေ ဒေသခံများက ပြောပါသည်။

jun11sittway1
ဇွန်လ ၁၁ ရက်၊ နေ့လည် ၁၂:၁၀ နာရီ
မောင်တောမြို့ ရပ်ကွက်(၅)နှင့် ဗိုလ်မှူးရွာ ကို ဘင်္ဂါလီရိုဟင်ဂျာများက ဇွန်လ ၁၁ ရက် နံနက် ၉ နာရီ ခွဲခန့်က မီးရှိုခဲ့ကြောင်း သိရှိရပါသည်။ အဆိုပါနေရာကို လုံခြုံရေးတပ်ဖွဲ့များက သွားရောက်ထိန်းသိမ်းထားကြောင်း သိရသည်။မောင်တောမြို့နယ်တွင် လာရောက် တာဝန်ထမ်းဆောင်နေသော ကျောင်းဆရာ၊ ဆရာမ ၄၃ ဦးကို နေရပ်အသီးသီးသို့ ပြန်လည်ပို့ဆောင်နေကြောင်း သိရှိရပါသည်။ယနေ့ ဇွန်လ ၁၁ ရက် ဘူးသီးတောင်မြို့ရှိ ဒုက္ခသည် စခန်း ၂ ခုတွင် ရခိုင်တိုင်းရင်းသား ဒုက္ခသည် ၁၀၀၀ ခန့်ရှိနေကြောင်း သိရသည်။
ဇွန်လ ၁၁ ရက်၊ နေ့လည် ၁၂:၀၀ နာရီ
လက်ရှိအခြေအနေတွင် စစ်တွေမြို့ မြောက်ဖက် ရွာသာယာရွာနှင့် ဗျိုင်းဖြူရွာတို့ စိုးရိမ်ရသည့် အခြေအနေရှိနေကြောင်း၊ အဆိုပါရွာနှစ်ရွာ၏ အလယ်တွင် ဘင်္ဂါလီများ၏ ရွာရှိနေပြီး ရွာသာယာရွာကို သွားရန် စစ်တွေမြို့မှ ဒေသခံများ ပြင်ဆင်နေပြီဖြစ်ကြောင်း စစ်တွေမြို့ခံတစ်ဦးက ပြောကြားခဲ့သည်။
ဇွန်လ ၁၁ ရက်၊ နံနက် ၁၁:၄၀ နာရီ
ရခိုင်ပြည်နယ် စစ်တွေမြို့ နှင့် သံတွဲမြို့သို့ ပြေးဆွဲနေသော အဲကမ္ဘောဇ လေကြောင်းလိုင်းသည် လုံခြုံရေး အခြေအနေများကြောင့် တစ်ပတ်ခန့် ခရီးစဉ်များ ရပ်နားထားမည်ဖြစ်ကြောင်း သိရှိရပါသည်။ အခြားလေကြောင်းလိုင်းများဖြစ်သည့် မြန်မာ့လေကြောင်း၊ အဲမန္တလေးနှင့် အဲပုဂံတို့မှာ ရခိုင်ပြည်နယ်သို့ ခရီးစဉ်များ ပုံမှန်ပြေးဆွဲလျှက်ရှိကြောင်း သိရှိရပါသည်။
ဇွန်လ ၁၁ ရက်၊ နံနက် ၁၁ နာရီ
စစ်တွေမြို့ အပြင်ဘက်ရှိ နာဇီရွာမှ ရွာသားများသည် ဘင်္ဂါလီများ၏ ရန်ကြောင့် ဇွန်လ (၁၀) ရက်နေ့ညက ရွာကို စွန့်ခွာထွက်ပြေးခဲ့ကြကြောင်း သိရှိရပါသည်။ အဆိုပါရွာတွင် အိမ်ခြေ ၂၇၀၀ ခန့်ရှိပြီး ရခိုင်တိုင်းရင်းသား အိမ်ခြေ ၂၈၀ ခန့်နှင့် ဘုန်းကြီးကျောင်းငါးကျောင်း ရှိကြောင်း သိရသည်။
အဆိုပါ နာဇီရွာတွင် ဇေယျမင်္ဂလာ၊ စေတီပြင်၊ စန္ဒာလောက၊ ဓမ္မ၀ိဟာရ၊ ဂြစ်ချောင်း ဘုန်းကြီးကျောင်းတို့အနက်မှ ဇေယျမင်္ဂလာ၊ စေတီပြင်၊ စန္ဒာလောကစသည့် ဘုန်းကြီးကျောင်း ၃ ကျောင်းနှင့် ရခိုင်ရွာသားများ၏ နေအိမ်များကို ဇွန်လ ၁၁ ရက်နေ့ နံနက်ပိုင်းတွင် မီးရှို့ဖျက်ဆီးခံနေရကြောင်း သိရှိရပါသည်။
စစ်တွေမှာ တရားဝင် ကယ်ဆယ်ရေးစခန်းများ မရှိသော်လည်း စစ်တွေမြို့အနီးအနားရှိ ရခိုင်ရွာများမှ ပြည်သူများသည် စစ်တွေမြို့ပေါ်ရှိ ဘုန်းကြီးကျောင်း ၁၀ ကျောင်းခန့်တွင် ခိုလုံနေကြပြီး လူ ၅၀၀၀ ခန့်ရှိကြောင်း သိရသည်။
ဇွန်လ ၁၁ ရက်၊ နံနက် ၉း၂၀ နာရီ
မောင်တောမြို့ ဗိုလ်မှူးရွာကို ဘင်္ဂါလီ ရိုဟင်ဂျာများက ဇွန်လ ၁၁ ရက် ၉ နာရီ ၂၀ မိနစ်ခန့်တွင် မီးရှို့နေကြောင်း သိရသည်။
ဇွန်လ ၁၁ ရက်၊ နံနက် ၉း၀၅ နာရီ
ဇွန်လ ၁၁ရက် နံနက်ပိုင်း ရရှိသော သတင်းများအရ တပ်မတော်လုံခြုံရေး တပ်ဖွဲ့ဝင်များသည် စစ်တွေမြို့အတွင်း ကင်းလှည့်နေကြောင်း၊ ယမန်နေ့ကကဲ့သို့ အခြေအနေမျိုးမရှိဘဲ အေးချမ်းနေကြောင်း သတင်းရရှိပါသည်။

နယ်စပ်မှ တင်သွင်းလာသည် မုန့်ကြောင့် ကလေးငယ်တစ်ဦး အစာအဆိပ်သင့်



ကလေးငယ်တစ်ဦးသည် နယ်စပ်မှတင်သွင်လာသည့် မုန့်ကိုစားမိပြီး မကြာမီတွင်ပင် အစာအဆိပ်သင့်ဝေဒနာ ခံစားရသဖြင့် အရေးပေါ်ဆေးကုသမှုများ ခံယူလိုက်ရကြောင်းသိရသည်။

အဆိုပါကလေးငယ်မှာ ပြင်ဦးလွင်မြို့နေ အသက်၆ နှစ်ရှိသူ မ၀င့်သူသူထက်ဖြစ်ပြီး အဆိုပါမုန့်ထုတ်ထဲမှ မုန့်ချောင်းငယ်လေး ၁၀ ချောင်းမျှစားပြီးနောက်ဝယ် အစာအဆိပ်သင့်သည့် ရောဂါလက္ခဏာများပြလာကာ ပြို့အန်လာသဖြင့် နီးရာဆေးခန်းသို့ သွားရောက်ပြသကာ အရေးပေါ်ဆေးကုသမှုများ ခံယူလိုက်ရခြင်းဖြစ်သည်။

"ကျွန်မတို့ဆီမှာတော့ အဲဒီမုန့်ကို 'အစပ်ချောင်း' လို့ခေါ်ကြပါတယ်။ မုန့်ထုတ်ထဲမှာ မီးခြစ်ဆံချောင်းလုံးပတ်လောက်ရှိတဲ့ စားစရာအချောင်းလေးတွေ အချောင်း ၅၀ လောက်ပါတယ်။ မုန့်ထုတ်ပေါ်မှာတော့ တရုတ်စာတွေချည်းပဲရေးထားတော့ ဘာတွေ ဘယ်လိုပါဝင်နေတယ်ဆိုတာ ကျွန်မတို့မသကြဘူးလေ။ သမီးလေးကတော့ အဲဒီအချောင်းလေး ၁၀ ချောင်းလောက်စားပြီးတဲ့နောက် ၂ နာရီလောက်ကြတော့ ရေတောင်မသောက်နိုင်တော့ပဲ ပြို့သလို အန်သလိုလိုဖြစ်လာတာကြောင့် အနီးဆုံး ဆေးခန်းကိုသွာပြီး ပြရတော့တာပါပဲ။ အကောင်းကြီါ်ကနေ ချက်ခြင်းဆိုသလိုဖြစ်လာတာနော်" ဟု ကလေးငယ်၏ မိခင် ဒေါ်ခင်ခင်လေးကပြောသည်။

ထိုသို့ ပြို့အန်ပြီးနောက် ညနေပိုင်းသို့ရောက်သော် ကလေးငယ်မှာ ကိုယ်ပူရှိန်တက်ခါ အဖျားဝင်လာကြောင်း၊ ညဖက်ရောက်သည်တွင် ကိုယ်ပူချိန်မှာ ၁၀၅၊ ၁၀၆ လောက်အထိတက်လာကြောင်း၊ ထို့ကြောင့် နောက်တစ်နေ့တွင် ဆေးခန်းသို့သွားပြကာ ဆရာဝန်၏ ညွှန်ကြားအချက်အတိုင်း ပြုစုကုသရကြောင်း ကလေးငယ်၏ မိခင်ကပြောပါသည်။ ဆရာဝန်ကလည်း အစာအဆိပ်သင့်သည့် ရောဂါလက္ခဏာဖြစ်ကြောင်းပြောသည်ဆို၏။ ထိုသို့ကုသပြီး ၃ ရက်ခန့်ကြာသည်တွင်မှ မူလအခြေအနေသို့ပြန်ရောက်ကြောင်းသိရသည်။

အဆိုပါ မုန့်ထုတ်ထဲမှ အချောင်းလေးများကို မီးရှို့ကြည့်သောအခါ ပလပ်စတစ်ချောင်းလေးများအား မီးရှို့သကဲ့သို့တွေ့မြင်ရပြီး အနံ့မှာလည်း ပလပ်စတစ်မီးလောင်သည့် အနံ့ကဲ့သို့ပင်ဖ်ြစ်ကြောင်း ကလေးငယ်၏ မိခင် ကပြောသည်။

Popular Myanmar News Journal