This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Friday, June 8, 2012

စကပ်တိုဝတ်ပြီး အင်တာနက်ဆိုင်မှာ အင်တာနက်သုံးမယ်ဆိုရင်သတိထားပါ........

တစ်ခါ့က ကျွန်တော် အင်တာနက် သုံးဖို့ဆိုင်ကိုသွားတယ်... ဆိုင်တစ်ခုပေါ့ဗျာ.... ဆိုင်လေးက တော်တော်သန့်တယ်...
ဆိုင်ရဲ့ဖွဲ့စည်းပုံရော ... သုံးထားတဲ့အရောင်တွေရော... မိုက်တယ်ဆိုပါတော့ဗျာ။ ဒီလိုနဲ့သုံးနေရင်း နာရီဝက်လောက်ကြာတော့ ကျွန်တော့်ဘေးစက်ကိုလူတစ်ယောက် လာသုံးတယ်ဗျ.... သူဟာသူသုံးလိုက် ဆိုင်မှာရှိတဲ့သူနဲ့သိတဲ့ ကောင်လေးတွေကို သူသုံးနေတဲ့စက်ကိုခေါ်ပြလိုက်နဲ့..... အော်ကျယ်အော်ကျယ်နဲ့ပေါ့.... ကျွန်တော်လည်းကိုယ့်အာရုံနဲ့ ကိုယ်မို့လို့သူ့ကို ပထမတော့သတိမထားမိဘူး.... နောက်တော့ ကိုယ့်ဆရာကဘယ်ဟုတ်မလဲဗျ ... vzo ကိုဖွင့်ပြီး web cam ကို
သူ့ခြေမ နဲ့ ခြေညှိုးကြားမှာညှပ်ပြီး အောက်ကနေ ရှေ့ကကောင်မလေးတွေကိုကြည့်နေတာကိုဗျ.... ကောင်မလေးတွေက စကပ်တိုလေးတွေနဲ့ဆိုတော့ ကိုယ့်ဆရာသမားက အကြိုက်တွေ့နေတော့တာပဲ....ဓါတ်ပုံတွေလဲရိုက်လိုက်တာတဖျပ်ဖျပ်နဲ့..... နောက်တော့ ကောင်မလေးတွေပြန်သွားတယ်... ကျွန်တော်လည်းသူ့ကို သတိထားလိုက်မိတယ်... သူလုပ်တာကို ကိုယ်ကမြင်နေပေမယ့်
ဟိုကောင်မလေးတွေက လုံးဝမသိဘူး... နောက်ထပ်ရောက်လာတဲ့ကောင်မလေးကတော့ ထမီတွေနဲ့ဆိုတော့ ငနဲကတွက်ချေမကိုက်တော့ဘူး... နောက်ကျွန်တော်လည်းသူ့ကို သေချာဘုရှိုးရှိုးလိုက်တယ်...
ခဏကြာတော့ငနဲထလစ်သွားတယ်... ဒီဘဲက အင်တာနက်တောင်ဖြစ်ဖြစ်မြောက်သုံးတတ်တာမဟုတ်ဘူး....
ဘာ web site မှကြည့်တာမဟုတ်ဘူး... vzo ကို full screen လုပ်ပြီးကြည့်တာ....vzo ကိုလည်းဆိုင်ကကောင်လေးတွေကိုဖွင့်ခိုင်းပြီးသုံးတာ... ဥာဏ်တော့ တော်တော်ကောင်းပဲ.... ကျွန်တော်လည်းယောကျာ်းလေးပါ... ဒါပေမယ့် ဒီဘဲလုပ်ပုံက တော်တော်အောက်တန်းကျတဲ့လုပ်ရပ်ပဲ... ကျွန်တော့်သူငယ်ချင်းမလေးတွေလဲ သတိထားလို့ရအောင် သိထားအောင်လို့ သတိပေးလိုက်ပါတယ်နော်.....

သီလ၀ါ စက်မှုဇုန် ဆုလတ်ရတနာ အထည်ချုပ်စက်ရုံ လုပ်ခတိုးဖို့ ဆန္ဒပြ


Posted: 06 Jun 2012 03:46 PM PDT
အလုပ်သမားအရေး ဆွေးနွေးအဖြေရှာနေစဉ်
ဇွန်လ ၆ ၊ ၂၀၁၂ -YPI

သီလ၀ါ စက်မှုဇုန်ရှိ ဆုလတ်ရတနာ အထည်ချုပ်စက်ရုံရှိ အလုပ်သမားများ လုပ်ခလစာတိုးပေးရေးနှင့် အလုပ်သမား အခွင့်အရေးတို့တောင်းဆို ဆန္ဒပြလျှက်ရှိသည်ဟု ဆန္ဒပြ အလုပ်သမားများက ပြောသည်။
“ကျွန်တော်တို့ ဒီနေ့မနက်မှာ စပြီး လုပ်ခလစာနဲ့ အလုပ်သမားအခွင့်အရေး ရဖို့ တောင်းဆိုပြီး ဆန္ဒပြတာပါ။ အလုပ်သမားဦးစီးမှူးရုံးကို အကြောင်းကြားထားတယ်၊ ကျွန်တော်တို့ကလည်း ကိုယ်စွမ်းရှိသရွေ့လုပ်တာ အတွက် လုပ်ခရဖို့ပါ ” ဟု အလုပ်သမားတဦး က ပြောသည်။
ယင်းစက်ရုံရှိ အလုပ်သမားများ၏ လက်ရှိလစာမှာ အနိမ့်ဆုံး စီအဆင့်ရှိသူအဖို့ နေ့ကြေး ၄၀၀ ကျပ်နီးပါးမှ အမြင့်ဆုံး အေအဆင့်အဖို့ ကျပ် ၅၀၀ နီးပါး ရရှိသည်ဟု စက်ရုံအလုပ်သမားများက ဆိုသည်။ ယင်း နေ့ကြေးနှုန်းနှင့် အခြားသော ခံစားခွင့်များ အပါအ၀င် တလကို ကျပ် ၄ သောင်းမှ အများဆုံး ၆ သောင်းအထိ ရရှိနေသည်ဟုလည်း ၎င်းတို့ကဆိုသည်။
ဆန္ဒပြ အလုပ်သမားများ တောင်းဆိုချက်အရ ယခုလတွင် ကျပ်တသောင်း တိုးပေးရန်နှင့် နောက်သုံးလအတွင်း ကျပ် ၃ သောင်းကို တဖြည်းဖြည်းချင်း တိုးပေးသွားရန် တောင်းဆိုထားသည်။
ယင်းစက်ရုံတွင် အလုပ်သမား ၇၀၀ ကျော်ရှိပြီး အားလုံးနီးပါး ဆန္ဒပြလျှက်ရှိသည်ဟုလည်း ပြောသည်။ ယင်းအထည်ချုပ် စက်ရုံမှာ ကိုးရီးယား နိုင်ငံသားပိုင်ရှင် ဖြစ်သော်လည်း မြန်မာအမည်ခံ ဒေါ်နီနီထက်ခိုင် ပိုင်အထည်ချူပ်စက်ရုံဖြစ်သည်။
အလုပ်သမားရုံးသို့ အကြောင်းကြားထားသော်လည်း နေ့ခင်း ၁၂ နာရီဝန်းကျင်ထိ လာရောက်ခြင်း မရှိသေးကြောင်း သိရသည်။

ထောင်ထဲသွားတဲ့ မိုဘိုင်းလ်ဖုန်း....


ဒီပုံတွေကတော့ ဘရာဇီးနိုင်ငံရှိ အကျဉ်းထောင်တွေထဲက အကျဉ်းသားတွေဆီကို မိုဘိုင်းလ်ဖုန်းတွေ လျှို့ဝှက်ပို့ဆောင်ပေးတဲ့ နည်းလမ်းတွေဖြစ်ပါတယ်....ထောင်ထဲရောက်နေတဲ့ အကျဉ်းသားတွေအနေနဲ့ ပြင်ပက သူတို့ရဲ့လုပ်ငန်းတွေကို ဆက်လက်လုပ်ဆောင်နိုင်ဖို့ ရည်ရွယ်ပြီးတော့ သူတို့ကို ထောင်ဝင်စာလာတွေ့တဲ့ ဧည့်သည်တွေနဲ့ အကျင့်ပျက်ထောင်အာဏာပိုင်တွေရဲ့ အကူအညီနဲ့ အခုလို့ လျှို့ဝှက်သွင်းယူတာဖြစ်တယ်လို့ ဆိုပါတယ်....။








internet/izismile/dailymail

ထူးထူးခြားခြားပုံနှင့် ဟာသပုံများ... ရယ်မောခြင်းသည်အသက်ရှည်၏......








ဘယ်သူက သူတောင်းစားလဲ....ဟဲ.....


ထူးခြား ကား Accidents များ....


internet/widelec

လောပိတ တည်ရှိရာ ကယားပြည်နယ် သုံးမြို့နယ်တွင် လျှပ်စစ်မီးမရ



လောပိတ တည်ရှိရာ ကယားပြည်နယ် သုံးမြို့နယ်တွင် လျှပ်စစ်မီးမရလောပိတ ရေအား လျှပ်စစ် တည်ရှိရာ ကယားပြည်နယ် အတွင်း ငါးမြို့နယ် သာ လျှပ်စစ် ရရှိ သောကြောင့် ဒေသခံများက တိုင်းရင်းသား ရေးရာနှင့် ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်မှု ကော်မတီသို့ တင်ပြလိုက်ကြောင်း သိရသည်။

“လျှပ်စစ်မြို့တော် တို့လွိုင် ကော်၊ ဖယောင်းတိုင်ဆောင်ထား တို့ကယား-ဖြစ်နေတယ်”ဟု လွိုင် ကော်မြို့၊ အစိုးရရုံးလမ်းတွင်နေ ထိုင်သည့် ဈေးဆိုင်ပိုင်ရှင် အမျိုးသမီး တစ်ဦးက ဆိုသည်။ ကယားပြည်နယ်တွင် လွိုင် ကော်၊ ဒီမော့ဆို၊ ဖရူဆို၊ ဘောလခဲ နှင့် ဖားဆောင်းမြို့နယ်များသာ လျှပ် စစ်မီးပုံမှန်ရရှိပြီး ရှားတော့၊ မယ်စဲ့နှင့် ရွာသစ်မြို့နယ်ခွဲ တို့တွင် လျှပ်စစ် ဓာတ်အားပေးစက်များဖြင့် တစ်နေ့ လျှင်သုံးနာရီသာ လျှပ်စစ်ဓာတ် အားသုံးစွဲနေရကြောင်း သိရသည်။

“ကျွန်တော်တို့ ကယားပြည် နယ်မှာ ကျေးရွာပေါင်း ၅၁၁ ရွာရှိ တယ်။ လျှပ်စစ်မီးကို ၉၂ ရွာပဲ ရပြီးတော့ဆောင်ရွက်ဆဲရွာလေးရွာ ရှိပါတယ်။ လျှပ်စစ်လုံးဝ မရရှိသေး တာ ၄၁၅ ရွာ ရှိနေသေးတယ်”ဟု လွိုင်ကော်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးခင်မောင်ညို က ပြည်တွင်းငြိမ်းချမ်းရေးကော်မတီ သို့ တင်ပြ ခဲ့သည်။ ယင်း တင်ပြချက်များတွင် ကျေးလက်မီးလင်းရေးမူ ၂၄ ချက် ကို ဖြေလျော့လျက် ဓာတ်အားပေး နိုင်ရေး အဓိကထားပြောကြားခဲ့ပြီး အောင်ပန်း၊ လွိုင်ကော်၊ ဘော်လခဲ ကားလမ်းတစ်လျှောက် လျှပ်စစ်မီး ရရှိရန် လိုအပ်နေပြီဖြစ်ကြောင်း ၄င်းက ထပ်လောင်းပြောသည်။

“တစ်နိုင်ငံလုံးရဲ့ သုံးပုံ နှစ်ပုံ လောက်ကို ဖြန့်ဝေပေးနေတဲ့မြို့နယ် ကမီးမရတော့ ကျန်တဲ့ တိုင်းနဲ့ ပြည် နယ်တွေကိုတော့ မပြောပလောက် ဘူး။ အခုအခြေအနေ ကတော့ ပြောင်းလဲလာမယ့် အခြေအနေတွေ ဖြစ်လာမှာပါ”ဟုပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ထောက်ပြ သည်။

လက်ရှိ အခြေအနေတွင် ကယားပြည်နယ် စီးပွားရေး ဖွံ့ဖြိုးတိုး တက်ရေး အတွက် မယ်စဲ့ မြို့နယ် တွင် နယ်စပ်ကုန်သွယ်ရေး လုပ် ငန်းများ လုပ်ကိုင်တော့မည် ဖြစ်သောကြောင့် ယခုရရှိနေသော 50 kw ဓာတ်အားမှ 100kw ဓာတ်အား ပေးစက်သို့တိုးမြှင့်ပေးရန် တောင်း ဆိုခဲ့ကြောင်း သိရသည်။

ကယားပြည်နယ် လွိုင်ကော် မြို့တွင် လောပိတရေတံခွန်မှထုတ် လုပ်သော ဘီလူးချောင်း အမှတ် ၁၊ ၂ ရေအားလျှပ်စစ်စီမံကိန်းတို့ ဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လွှတ် ပေးလျက်ရှိပြီး ယခုအခါအမှတ် ၃ လျှပ်စစ်ဓာတ် အားပေးစက်ရုံကို တည်ဆောက်နေပြီဖြစ်ကြောင်း သိရသည်။

Popular Myanmar News,rangonnewsdaily.blogspot.com

ဆန်၊ ဆီ ၀ယ်ထား



ကာတွန်း - Cartoon Aung Maw

ထိုးမှာလား မထိုးရဘူးလား ....?



~



ကာတွန်း - လိုင်လုဏ်