This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Friday, June 8, 2012

သီလ၀ါ စက်မှုဇုန် ဆုလတ်ရတနာ အထည်ချုပ်စက်ရုံ လုပ်ခတိုးဖို့ ဆန္ဒပြ


Posted: 06 Jun 2012 03:46 PM PDT
အလုပ်သမားအရေး ဆွေးနွေးအဖြေရှာနေစဉ်
ဇွန်လ ၆ ၊ ၂၀၁၂ -YPI

သီလ၀ါ စက်မှုဇုန်ရှိ ဆုလတ်ရတနာ အထည်ချုပ်စက်ရုံရှိ အလုပ်သမားများ လုပ်ခလစာတိုးပေးရေးနှင့် အလုပ်သမား အခွင့်အရေးတို့တောင်းဆို ဆန္ဒပြလျှက်ရှိသည်ဟု ဆန္ဒပြ အလုပ်သမားများက ပြောသည်။
“ကျွန်တော်တို့ ဒီနေ့မနက်မှာ စပြီး လုပ်ခလစာနဲ့ အလုပ်သမားအခွင့်အရေး ရဖို့ တောင်းဆိုပြီး ဆန္ဒပြတာပါ။ အလုပ်သမားဦးစီးမှူးရုံးကို အကြောင်းကြားထားတယ်၊ ကျွန်တော်တို့ကလည်း ကိုယ်စွမ်းရှိသရွေ့လုပ်တာ အတွက် လုပ်ခရဖို့ပါ ” ဟု အလုပ်သမားတဦး က ပြောသည်။
ယင်းစက်ရုံရှိ အလုပ်သမားများ၏ လက်ရှိလစာမှာ အနိမ့်ဆုံး စီအဆင့်ရှိသူအဖို့ နေ့ကြေး ၄၀၀ ကျပ်နီးပါးမှ အမြင့်ဆုံး အေအဆင့်အဖို့ ကျပ် ၅၀၀ နီးပါး ရရှိသည်ဟု စက်ရုံအလုပ်သမားများက ဆိုသည်။ ယင်း နေ့ကြေးနှုန်းနှင့် အခြားသော ခံစားခွင့်များ အပါအ၀င် တလကို ကျပ် ၄ သောင်းမှ အများဆုံး ၆ သောင်းအထိ ရရှိနေသည်ဟုလည်း ၎င်းတို့ကဆိုသည်။
ဆန္ဒပြ အလုပ်သမားများ တောင်းဆိုချက်အရ ယခုလတွင် ကျပ်တသောင်း တိုးပေးရန်နှင့် နောက်သုံးလအတွင်း ကျပ် ၃ သောင်းကို တဖြည်းဖြည်းချင်း တိုးပေးသွားရန် တောင်းဆိုထားသည်။
ယင်းစက်ရုံတွင် အလုပ်သမား ၇၀၀ ကျော်ရှိပြီး အားလုံးနီးပါး ဆန္ဒပြလျှက်ရှိသည်ဟုလည်း ပြောသည်။ ယင်းအထည်ချုပ် စက်ရုံမှာ ကိုးရီးယား နိုင်ငံသားပိုင်ရှင် ဖြစ်သော်လည်း မြန်မာအမည်ခံ ဒေါ်နီနီထက်ခိုင် ပိုင်အထည်ချူပ်စက်ရုံဖြစ်သည်။
အလုပ်သမားရုံးသို့ အကြောင်းကြားထားသော်လည်း နေ့ခင်း ၁၂ နာရီဝန်းကျင်ထိ လာရောက်ခြင်း မရှိသေးကြောင်း သိရသည်။

ထောင်ထဲသွားတဲ့ မိုဘိုင်းလ်ဖုန်း....


ဒီပုံတွေကတော့ ဘရာဇီးနိုင်ငံရှိ အကျဉ်းထောင်တွေထဲက အကျဉ်းသားတွေဆီကို မိုဘိုင်းလ်ဖုန်းတွေ လျှို့ဝှက်ပို့ဆောင်ပေးတဲ့ နည်းလမ်းတွေဖြစ်ပါတယ်....ထောင်ထဲရောက်နေတဲ့ အကျဉ်းသားတွေအနေနဲ့ ပြင်ပက သူတို့ရဲ့လုပ်ငန်းတွေကို ဆက်လက်လုပ်ဆောင်နိုင်ဖို့ ရည်ရွယ်ပြီးတော့ သူတို့ကို ထောင်ဝင်စာလာတွေ့တဲ့ ဧည့်သည်တွေနဲ့ အကျင့်ပျက်ထောင်အာဏာပိုင်တွေရဲ့ အကူအညီနဲ့ အခုလို့ လျှို့ဝှက်သွင်းယူတာဖြစ်တယ်လို့ ဆိုပါတယ်....။








internet/izismile/dailymail

ထူးထူးခြားခြားပုံနှင့် ဟာသပုံများ... ရယ်မောခြင်းသည်အသက်ရှည်၏......








ဘယ်သူက သူတောင်းစားလဲ....ဟဲ.....


ထူးခြား ကား Accidents များ....


internet/widelec

လောပိတ တည်ရှိရာ ကယားပြည်နယ် သုံးမြို့နယ်တွင် လျှပ်စစ်မီးမရ



လောပိတ တည်ရှိရာ ကယားပြည်နယ် သုံးမြို့နယ်တွင် လျှပ်စစ်မီးမရလောပိတ ရေအား လျှပ်စစ် တည်ရှိရာ ကယားပြည်နယ် အတွင်း ငါးမြို့နယ် သာ လျှပ်စစ် ရရှိ သောကြောင့် ဒေသခံများက တိုင်းရင်းသား ရေးရာနှင့် ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်မှု ကော်မတီသို့ တင်ပြလိုက်ကြောင်း သိရသည်။

“လျှပ်စစ်မြို့တော် တို့လွိုင် ကော်၊ ဖယောင်းတိုင်ဆောင်ထား တို့ကယား-ဖြစ်နေတယ်”ဟု လွိုင် ကော်မြို့၊ အစိုးရရုံးလမ်းတွင်နေ ထိုင်သည့် ဈေးဆိုင်ပိုင်ရှင် အမျိုးသမီး တစ်ဦးက ဆိုသည်။ ကယားပြည်နယ်တွင် လွိုင် ကော်၊ ဒီမော့ဆို၊ ဖရူဆို၊ ဘောလခဲ နှင့် ဖားဆောင်းမြို့နယ်များသာ လျှပ် စစ်မီးပုံမှန်ရရှိပြီး ရှားတော့၊ မယ်စဲ့နှင့် ရွာသစ်မြို့နယ်ခွဲ တို့တွင် လျှပ်စစ် ဓာတ်အားပေးစက်များဖြင့် တစ်နေ့ လျှင်သုံးနာရီသာ လျှပ်စစ်ဓာတ် အားသုံးစွဲနေရကြောင်း သိရသည်။

“ကျွန်တော်တို့ ကယားပြည် နယ်မှာ ကျေးရွာပေါင်း ၅၁၁ ရွာရှိ တယ်။ လျှပ်စစ်မီးကို ၉၂ ရွာပဲ ရပြီးတော့ဆောင်ရွက်ဆဲရွာလေးရွာ ရှိပါတယ်။ လျှပ်စစ်လုံးဝ မရရှိသေး တာ ၄၁၅ ရွာ ရှိနေသေးတယ်”ဟု လွိုင်ကော်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးခင်မောင်ညို က ပြည်တွင်းငြိမ်းချမ်းရေးကော်မတီ သို့ တင်ပြ ခဲ့သည်။ ယင်း တင်ပြချက်များတွင် ကျေးလက်မီးလင်းရေးမူ ၂၄ ချက် ကို ဖြေလျော့လျက် ဓာတ်အားပေး နိုင်ရေး အဓိကထားပြောကြားခဲ့ပြီး အောင်ပန်း၊ လွိုင်ကော်၊ ဘော်လခဲ ကားလမ်းတစ်လျှောက် လျှပ်စစ်မီး ရရှိရန် လိုအပ်နေပြီဖြစ်ကြောင်း ၄င်းက ထပ်လောင်းပြောသည်။

“တစ်နိုင်ငံလုံးရဲ့ သုံးပုံ နှစ်ပုံ လောက်ကို ဖြန့်ဝေပေးနေတဲ့မြို့နယ် ကမီးမရတော့ ကျန်တဲ့ တိုင်းနဲ့ ပြည် နယ်တွေကိုတော့ မပြောပလောက် ဘူး။ အခုအခြေအနေ ကတော့ ပြောင်းလဲလာမယ့် အခြေအနေတွေ ဖြစ်လာမှာပါ”ဟုပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ထောက်ပြ သည်။

လက်ရှိ အခြေအနေတွင် ကယားပြည်နယ် စီးပွားရေး ဖွံ့ဖြိုးတိုး တက်ရေး အတွက် မယ်စဲ့ မြို့နယ် တွင် နယ်စပ်ကုန်သွယ်ရေး လုပ် ငန်းများ လုပ်ကိုင်တော့မည် ဖြစ်သောကြောင့် ယခုရရှိနေသော 50 kw ဓာတ်အားမှ 100kw ဓာတ်အား ပေးစက်သို့တိုးမြှင့်ပေးရန် တောင်း ဆိုခဲ့ကြောင်း သိရသည်။

ကယားပြည်နယ် လွိုင်ကော် မြို့တွင် လောပိတရေတံခွန်မှထုတ် လုပ်သော ဘီလူးချောင်း အမှတ် ၁၊ ၂ ရေအားလျှပ်စစ်စီမံကိန်းတို့ ဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လွှတ် ပေးလျက်ရှိပြီး ယခုအခါအမှတ် ၃ လျှပ်စစ်ဓာတ် အားပေးစက်ရုံကို တည်ဆောက်နေပြီဖြစ်ကြောင်း သိရသည်။

Popular Myanmar News,rangonnewsdaily.blogspot.com

ဆန်၊ ဆီ ၀ယ်ထား



ကာတွန်း - Cartoon Aung Maw

ထိုးမှာလား မထိုးရဘူးလား ....?



~



ကာတွန်း - လိုင်လုဏ်

Thursday, June 7, 2012

ပြည်ထောင်စုမြန်မာနိုင်ငံတော်ဗဟိုဘဏ်မှယနေ့စတင်ထုတ်ဝေလိုက်သော ကျပ်တစ်သောင်းတန်ငွေစက္ကူ

                                             နောက်ကျာဘတ်
                              မျက်နှာဘတ်

                              မြန်မာနှိင်ငံတော် ဗဟိုဘဏ်
                           နေပြည်တော်
                         ရက်စွဲ၊ 7.6.2012

မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ တစ်သောင်းကျပ်တန် ငွေစက္ကူ အမျိုးအစားသစ်ကို
2012ခုနှစ် ဇွန်လ၁၅ရက်နေ့တွင် စတင်ထုတ်ဝေပါမည်။ ငွေစက္ကူကိုပြည်သူများအား ဘဏ်ဖွင့်ချိန်အတွင်း
မြန်မာနိုင်ငံတော် ဗဟိုဘဏ်ငွေကြေးဌာနတွင် လည်ကောင်း ၊ ဘဏ်များနှင့် အစိုးရငွေတိုက်များတွင်
လည်းကောင်းထုတ်ပေးပါမည်။
လက်ရှိတရားဝင်လှည့်လည်သုံးစွဲလျှ
က်ရှိသော ငွေစက္ကူများနှင့် ငွေအကြွေများသည်လည်း တရားဝင်
သုံးစွဲငွေအဖြစ် ဆက်လက်တည်ရှိနေမည်ဖြစ်ပါသည်။
ငွေစက္ကူအသစ်နှင့် ပတ်သက်သည့် အချက်အလက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

တစ်သောင်းကျပ်တန်ငွေစက္ကူ

အရွယ်အစား   ။   ။ ၁၅x၇ စင်တီမီတာ
ပေါ်လွင်သောအရောင် ။   ။ အပြာရောင်

မျက်မှာစာဘက်   ။   ။ ထိပ်ပိုင်းတွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ် စာတမ်းရိုက်နှိပ်ထားပါသည်။အလယ်ပိုင်းတွင် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် မြေပုံ ၊ ၄င်းကို ၀န်းရံထားသော
သပြေခက် နှစ်ခက်၊ မျက်နှာချင်းဆိုင်တည်ရှိနေသည့် မြန်မာ့အနုပညာလက်ရာမြောက် ဆင်ဖြူတော်
နှစ်စီးနှင့် ထိပ်တွင် ကြာဖြူတစ်ပွင့် ရိုက်နှိပ်ထားပါသည်။ငွေစက္ကူ တန်းဖိုးကိုဖော်ပြထားသည့် မြန်မာ
စာတန်း တစ်သောင်းကျပ် ကိုလည်း ရိုက်နှိပ်ထားပါသည်။ လက်ယာဘက်ပိုင်းတွင် မြန်မာ့အနုပညာ
လက်ရာမြောက်ကနုတ်ပန်းခက်များကို ရိုက်နှိပ်ထားပါသည်။ ထောင့်သုံးထောင့်တွင် ငွေစက္ကူတန်းဖိုးကို
ဂဏန်းများဖြင့် ရိုပ်နှိပ်ထားပါသည်။ငွေစက္ကူတန်ဖိုးကို မြန်မာ၊ အင်္ဂလိပ်ဂဏန်းများဖြင့် ရိုက်နှိပ်ထားပါသည်။
လက်ဝဲဘက်ပိုင်းတွင် ကြာဖြူပွင့်ပုံရေစာပါရှိပါသည်။ ငွေစက္ကူတွင် လုံခြုံရေးကြိုးတစ်ချောင်းကို ဒေါင်းလိုက်
ထည့်သွင်းထားပါသည်။

ကျောဘက်   ။   ။ ထိပ်ပိုင်းတွင် CENTRAL BANK OF MYANMAR စာတန်းကို ရိုက်နှိပ်ထားပြီး
၎င်းစာတန်း၏အောက်တွင် TEN THOUSAND KYATS ဟူသော စာတန်းပါရှိပါသည်။အလယ်ပိုင်းတွင် ရတနာပုံ မန္တလေး နန်းတော်၏မြို့ရိုးနှင့် ကျုံးပုံကို ရိုက်နှိပ်ထားပါသည်။ ဘေးဘောင်များတွင် မြန်မာ့ အနုပညာလက်ရာမြောက် ကနုတ်ပန်းခက်များကို ရိုက်နှိပ်ထားပါသည်။ ထောင့်သုံးထောင့်တွင် ငွေစက္ကူ၏
တန်းဖိုးကို ဂဏန်းများဖြင့် ရိုက်နှိပ်ထားပါသည်။

မူရင်းလင့်လေးပါ
  http://www.ministryofinformation.gov.mm/index.php?option=com_cont...

ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် တောင်ကုတ် အကြမ်းဖက် အသတ်ခံရသူ မွတ်ဆ လင် ၁၀ ဦး ဓါတ်ပုံ ဖြန့်ဝေ


(ကုလားတန်)

ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် တောင်ကုတ်၌ ရခိုင် အစွန်းရောက်သမား များ၏ အကြမ်းဖက် အသတ်ခံရသူ မွတ်ဆလင် ၁၀ ဦး ဓါတ်ပုံများ ကို ရိုဟင်ဂျာ လူငယ်များ က ၎င်းဒေသ နေ ရိုဟင်ဂျာလူထုအား ဇွန်လ ၆ ရက် နေ့ တွင် ဖြန့်ဝေဖြန့်ဖြူးနေကြောင်း မောင်တောမြို့မှ ကျောင်း သားတဦးက ပြောပြသည်။

ဇွန်လ ၃ ရက်နေ့တွင် ဖြစ်ပွါးသောခဲ့သော ရခိုင် အစွန်းရောက်သမား ၏ အကြမ်းဖက်သတ်ဖြတ်ခံရသော မွတ်ဆလင် ၁၀ ဦး ၏ အကြောင်း ကို အင်တာနက် ဝတ်ဆိုက် နှင့် လူမှုကွန်ယက်တို့တွင်ဖတ်ရှု ကြည့်ကြောင်း၊ ၎င်း စာမျက်နှာ ပေါ်တွင် အကြမ်းဖက်အသတ်ခံရသော မွတ်ဆ လင် ၁၀ ဦး၏ ဓါတ်ပုံများကိုလည်း ရရှိခဲ့ ကြောင်း ၊ ၎င်း ဓါတ်ပုံများကို နီးစပ်ရာ ကွန်ပျူတာဆိုင်များ တွင် သွားရောက်ပုံနှိပ် ထုတ်ဝေ၍ မိမိတို့ လူမျိုးစုများ အား ဖြန့်ဝေခဲ့ကြောင်း ၎င်းကပင် ပြောပြသည်။

သို့သော် ဘူးသီးတောင် ရဲစခန်းမှ ရိုဟင်ဂျာ လူငယ်တဦးနှင့် ကွန်ပျူတာဆိုင် ပိုင်ရှင်တဦး ကို အကြမ်းဖက် အသတ်ခံရသူများ၏ ဓါတ်ပုံများကို ပုံနှိပ်ထုတ်ဝေနေစဉ် ဖမ်းဆီးသွားကြောင်း မောင်တောမြို့မှ လူကြီးတဦး၏ ပြောပြချက်အရ သိရသည်။

သေဆုံးသွားသော မွတ်ဆလင် ၈ ဦး အလောင်း ( ဓါတ်ပုံ http://mandalaygazette.com )

ဘူးသီးတောင်မြို့မှ ရိုဟင်ဂျာ လူထုများသည် ရဲစခန်းသို့သွားပြီး၊ နာရီဝက်ခန့်ကြာ ငြိမ်းချမ်းသွာ ရိုဟင်ဂျာ လူငယ်နှစ်ဦးအား လွှတ်ပေးရန် တောင်းဆိုခဲ့ကြောင်း၊ ရဲစခန်းမှ တာဝန်ရှိ အရာရှိ၏ ပြောပြချက်ကြောင်း ရိုဟင်ဂျာ လူထုများအား လူစုကွဲပြီး ပြန်သွားခဲ့ကြောင်း၊ ညအချိန်တွင် ၎င်းရိုဟင်ဂျာ လူငယ်နှစ်ဦးအား လွှတ်ပေးခဲ့ကြောင်း ၎င်း လူကြီးကပင် ပြောဆိုသည်။

မောင်တောမြို့နယ် ကျေးရွားများရှိ ရိုဟင်ဂျာ အများစုမှာ ရိုဟင်ဂျာ လူငယ်များ ကူးယူ ပုံနှိပ်ခဲ့သော အကြမ်းဖက် အသတ်ခံရသူများ၏ ဓါတ် ပုံများကို ကြည့်ရှုခွင့် ရရှိ ခဲ့ကြောင်း သိရသည်။

ထို့နည်းတူ ဘင်္ဂါလာဒေရှ်နိုင်ငံရှိ နော်ယာဖါရာ ဒုက္ခသည်စခန်းတွင် တောင်ကုတ် အကြမ်းဖက် အသတ်ခံရ သူများ ၏ ဓါတ်ပုံများကို ဖြန့်ဝေ ဖြန့်ဖြူးခဲ့ကြောင်း ဒုက္ခသည်စခန်းမှ လူကြီးတဦး၏ ပြောပြချက် အရ သိရသည်။

သေဆုံးသွားသော မွတ်ဆလင် အလောင်း အချို့( ဓါတ်ပုံ http://mandalaygazette.com )

ယ္ခုလို ဓါတ်ပုံများဖြန့်ဝေခြင်းမှဲာမန်မာနိုင်ငံတွင် မွတ်ဆလင်များ ခံစားနေရသော အခြေအနေများကို ဒုက္ခသည်စခန်းနှင့် အနီးပတ်ဝန်းကျင်ရှိ ဒေသခံလူများ သိရှိရန်ဖြစ်ကြောင်း ၎င်းကပင် ပြောပြသည်။

အင်းစိန်ထောင် ၀မ်းပျက် ဝမ်းလျှော ဖြစ်နေ


ဇာနည်မာန်

ရန်ကုန်မြို့ရှိ အင်းစိန်ထောင်တွင်း၌ အကျဉ်းသားများ ၀မ်းပျက် ဝမ်းလျှော ဖြစ်ပွားမှုကြောင့် ပြင်ပဆေးရုံများသို့ပါ ပို့ဆောင်၍ ဆေး ကုသမှု ပြုလုပ်နေရကြောင်း သတင်းရရှိသည်။

ထောင်တွင်း အစား အသောက်များ မသန့်ရှင်း မှုကြောင့် အဆောင် ၅ နှင့် ၆ တွင် ဝမ်းပျက်မှုများ ပြီးခဲ့သည့် အပတ်အတွင်း စတင်ဖြစ် ပွားခဲ့ပြီးနောက် အခြား အဆောင်များပါ ဆက်လက် ဖြစ်ပွား၍ သေ ဆုံးမှုပင် ရှိခဲ့ကြောင်း ထောင်နှင့် နီးစပ်သူများက ပြောသည်။

“အင်းစိန်ဆေးရုံကို တင်ရတဲ့ အထဲက တယောက် မနေ့က ဆုံးသွားတယ်။ ဘယ်နယ်ကလဲ ဆိုတာတော့ မသိရသေးဘူး။ အင်းစိန် ဆေးရုံမှာ ၁၅ ယောက်ကျော်၊ ရန် ကုန် ဆေးရုံကြီးမှာ ၁၀ ယောက်ကျော် တင်ထားရတယ်။ ထောင်ထဲက ဆေးရုံမှာ ၂၀၀ ကျော် တင်ထားရတယ်။ အ ဆောင် တွေထဲက ၀မ်းပျက်တဲ့ သူတွေကို အဆောင် သီးသန့် ခွဲထားပြီး ကုပေးနေ ကြ တယ်”ဟု ထောင်နှင့် နီးစပ်သူ တဦးက ပြောသည်။

အမျိုးသားဆောင်မှ စတင်ခဲ့သော ၀မ်းပျက် ဝမ်းလျှော ဖြစ်ပွားမှုသည် အမျိုးသမီး အဆောင်များတွင်လည်း ဖြစ်ပွားနေကြောင်း သိရ သည်။

“မိန်းကလေးဆောင်မှာလည်း ဖြစ်နေတယ်။ အဆောင်တော်တော်များများမှာလည်း ဖြစ်နေတယ်။ ၀မ်းပျက်တဲ့သူကို အဆောင်မှာ မထားဘဲ သီးသန့်ဆောင်ထဲ ခွဲထား တယ်။ တချို့က ဂိတ်ဝ ဖျားနာဆောင်မှာ။ ကျနော့် ညီမလည်း ၀မ်းပျက်နေတယ် ပြောတယ်။ ဓာတ်ဆားတွေ ဘာ တွေ ပို့ရမလားဆိုတော့ အဲ့ဒါတော့ မလိုသေးဘူးလို့ ပြောတယ်”ဟု ထောင်ဝင် စာတွေ့ခဲ့သည့် အကျဉ်းသား မိသားစုဝင် တဦးက ပြောပြ သည်။

ထိုသို့ ဝမ်းပျက် ဝမ်းလျှော ဖြစ်ပွားနေမှုကြောင့် ထောင်ဝင်စာပေးပို့သည့် အစားအသောက်များကို ကန့်သတ်ကြပ်မတ်မှုများ ပြုလုပ် နေသည် ဟု လည်း သူက ဆိုသည်။

“အချဉ် ထုတ်တို့၊ အချဉ် ပါတာတို့၊ ငရုတ်သီး ပါတာတွေ မသွင်းရဘူး။ ဘာလချောင်ကြော်တို့ ငါးပိ၊ ငါးခြောက်ကြော်တို့မှာတောင် ငရုတ်သီးပါ ရင် မသွင်းရဘူး။ ထောင် က ညွှန်ချုပ်တွေရော၊ ညွှန်မှူးတွေရော ထောင်ထဲလာကြည့်တယ်။ ဆေးရုံတွေ သွားကြည့် တယ်”ဟု ထောင်ဝင်စာ တွေ့ခဲ့ သည့် အကျဉ်းသား မိသားစုဝင် က ပြောသည်။

အင်းစိန်ထောင်တွင်း အစားအသောက်များ မသန့်ရှင်းမှု၊ ကျန်းမာရေးနှင့် မညီညွတ်မှု၊ ကျန်းမာရေး စောင့်ရှောက်မှု လိုအပ်ချက် သတင်းများ မ ကြာခဏထွက်ပေါ်လေ့ရှိသော်လည်း ၂၀၁၁ ခု ဒီဇင်ဘာလ အတွင်းက အစိုးရသစ် လက်အောက်ခံ လူ့အခွင့်အရေး ကော်မရှင်၏ ထောင် တွင်းသွားရောက် စစ်ဆေးမှု အစီရင်ခံစာတွင် ကျန်းမာရေး စောင့်ရှောက်မှုများ ကောင်းမွန်ကြောင်း၊ အစားအသောက်များ ကျန်းမာရေး နှင့် ညီညွတ်ကြောင်း ဖော်ပြထားသည်။

အင်တာနက်ချစ်သူများသတိထား

အင်တာနက်မှာတွေ့တော့ ကြူတာပေါ့
ကြူရင်းကြူရင်းရည်းစားဖြစ်တယ်
အပြင်မှာမတွေ့ မမြင်ဘူးဗေမဲ့
ရည်းစားမိုလို့ ချစ်ကြည့်မိတယ်
သူငယ်ချင်းတွေကိုကြွားလိုက်သေး
ငါ့ရည်းစား အသစ်လေးအကြောင်း
ဗွီဇက်ချက်ဖို့ ပြောပြန်တော့
စက်မကောင်းတာ အကြောင်းပြပေါ့.......။။

ရက်တွေသာကြာလာတယ်
မမြင်ဖူးတော့တွေ့ချင်မိ
ရန်ကုန်လာဖို့သူလေခေါ်
အညာသားတို့ ရန်ကုန်တက်ပြီနော်
ဟဟဟိဟိ ပျော်နေပါ၏
ရည်းစားလေးနဲ့တွေ့ဖို့ရာ
အားတက်သရောလေးလှမ်းလာ
သူချိန်းတာက အင်းယားကန်မှာ
အပြေးကလေးသွားတွေ့တာ....။။

မိုးစက်ဆိုတာ ဟုတ်တယ်နော်
လာတိုင်တော့ မြင်ဖူးသလိုနော်
သြော်.. မျက်နှာဝိုင်းလေးနဲ့ချစ်သူ
အပေါ်အောက်တောက်ရှောက်ကြည့်တော့
ရင်၄၀တင်၄၀ ခါးဘယ်နေရာမယ်မသိ
အော်ဟစ်လို့ ငိုချင်လာမိ အမေ့သားလေးမှားပါဘိ
တော်ပါပြီ အင်တာနက်......
နောက်တစ်ခါမကြူရဲတော့ပါဟဲ့......။။။

တပ်မတော်၏ နိုင်ငံရေးမှ နောက်ဆုတ်မည့် ခြေလှမ်းကို ကြိုဆိုကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြော မြန်မာနိုင်ငံရေးတွင် တပ်မတော်မှ သင့်တော်သည့် အချိန်တွင် နောက်ဆုတ်ပေးမည်ဟု ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး လှမင်း၏ ပြောကြားချက်ကို ကြိုဆိုကြောင်း မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ယနေ့ ပြောဆိုလိုက်သည်။“ တပ်မတော်နှင့် အတူ သိက္ခာရှိတဲ့ ခြေလှမ်းတွေကို အတူလက်တွဲပြီးတော့ လှမ်းချင်ပါတယ်။ ဗိုလ်ချုပ်ကြီးလှမင်းက ပြောတယ်ဆိုတော့ ကျွန်မ အင်မတန်မှ သဘောကျပါတယ်။ တပ်မတော်ဟာ အစဉ်အမြဲရနေတဲ့ အခွင့်အရေးကို ထိန်းသိမ်းချင်တဲ့ တပ်မတော်မဟုတ်ဘူး။ နိုင်ငံနဲ့ သင့်တော်တဲ့ အခြေအနေတစ်ခုကို ဖန်တီးပေးဖို့ လိုလားတဲ့ တပ်မတော်ဆိုတာ ပြလိုက်တဲ့အတွက် ကျွန်မအနေနဲ့ အများကြီး ကြိုဆိုပါတယ်”ဟု Venus News Weekly၏ မေးမြန်းချက်ကို ဒေါ်အောင်ဆန်းစုကြည်က ပြန်လည် ဖြေကြားခဲ့သည်။




မြန်မာနိုင်ငံရေးတွင် တပ်မတော်မှ သင့်တော်သည့် အချိန်တွင် နောက်ဆုတ်ပေးမည်ဟု ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး လှမင်း၏ ပြောကြားချက်ကို ကြိုဆိုကြောင်း မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ယနေ့ ပြောဆိုလိုက်သည်။“ တပ်မတော်နှင့် အတူ သိက္ခာရှိတဲ့ ခြေလှမ်းတွေကို အတူလက်တွဲပြီးတော့ လှမ်းချင်ပါတယ်။ ဗိုလ်ချုပ်ကြီးလှမင်းက ပြောတယ်ဆိုတော့ ကျွန်မ အင်မတန်မှ သဘောကျပါတယ်။ တပ်မတော်ဟာ အစဉ်အမြဲရနေတဲ့ အခွင့်အရေးကို ထိန်းသိမ်းချင်တဲ့ တပ်မတော်မဟုတ်ဘူး။ နိုင်ငံနဲ့ သင့်တော်တဲ့ အခြေအနေတစ်ခုကို ဖန်တီးပေးဖို့ လိုလားတဲ့ တပ်မတော်ဆိုတာ ပြလိုက်တဲ့အတွက် ကျွန်မအနေနဲ့ အများကြီး ကြိုဆိုပါတယ်”ဟု Venus News Weekly၏ မေးမြန်းချက်ကို ဒေါ်အောင်ဆန်းစုကြည်က ပြန်လည် ဖြေကြားခဲ့သည်။