Monday, June 4, 2012
ချစ်စရာကလေးလေးတွေပါ(ဒီပုံလေးတွေကြည့်ရင်းနဲ့ပြုံးသွားစေရမယ်) အပိုင်း(2)
အပိုင်း(1)မှာကွန့်မန်းပေးအားပေးခဲ့တဲ့အတွက်ဆုရခဲ့ပါတယ်၊ခုအပိုင်း(2)ကိုလဲအားပေးကြပါအုန်း။
သူငယ်ချင်းတွေအားလုံးကိုကျေးဇူးတင်ပါတယ်။
ချစ်စရာလေးနော်
သူတို့ဓါတ်ပုံရိုက်ချင်တာနဲ့ဘဲလူကနေရေသူမဖြစ်ရပြီ
သားသားကအဲ့လိုသပ်သပ်ရပ်ရပ်စားတက်တာ :)
စားမှာဘဲစားမှာဘဲငါကိုလာမတားနဲ့
ဂိုက်ပေးကြမ်းနေပုံလေးက
မီးမီးကစိတ်ကြီးတယ်နော်လာမစနဲ့
မမတွေကိုဘဲမျက်လုံးမှိတ်ပြတာနော်ကိုကိုတွေမပါဘူး
ခုထိမလာသေးဘူးစောင့်ရတာညောင်းလာပြီ
ပျင်းလိုက်တာနော်
ကြမ်းကြမ်းလေးလွှဲပေးပါ
မင်းကငါကိုစိန်ခေါ်နေတာလားကွ
အောင်မလေးမှန်ထဲမှာဘာကြီးလဲမသိဘူး
ဟိုမှာငါတို့ကိုကြည့်နေကြတယ်ကွ

လှအောင်ရိုက်ပေးနော်
စိတ်တိုနေတယ်နော်လာမကြည့်ကြနဲ့
မေမေသိရင်ငါကိုဆူတော့မှာဘဲမြန်မြန်စားမှ
မေမေစတိုင်အတုခိုးထားတာလေ
အပြိုင်ပဲများနေကြတာ
ဆေးထိုးအပ်လောက်တော့သနားတယ်
ဟိုကောင်ငါဒီမှာချောင်းနေတာလာမရူပ်နေနဲ့
တော်ပြီဘာမှမကြားချင်၊မမြင်ချင်တော့ဘူး
မီးမီးအရုပ်ကလေးနဲ့မီးမီးနဲ့ဘယ်သူပိုလှလဲ
အပိုင်း(2)ပြီးပါပြီ။

မီးမီးအရုပ်ကလေးနဲ့မီးမီးနဲ့ဘယ်သူပိုလှလဲအပိုင်း(2)ပြီးပါပြီ။
စစ်တွေမြို့ မှာ ဆန္ဒပြနေသူများ အကြမ်းဖက်ပစ်ခတ်နိမ်နင်းခံရ (အထူးသတိပေးချက် - နှလုံးရောဂါရှိသူများနှင့် လန့် တက်သူများ - ဓါတ်ပုံများကိုမကြည့်ပါနှင့်)
![]() |
| စစ်တွေ မြို့ အမှတ်(၁)ရဲစခန်းရှေ့ မှာ ဆန္ဒပြနေသူများ - ဓါတ်ပုံ (ကိုစန်းလွင်-ဖေ့စ်ဘုတ်) |
စစ်တွေမြို့အနီး
နာဇီကျေးရွာ မှအမျိုးသားတစ်ဦး အသတ်ခံရ သည်ဟုယူဆရသောအမှုအား
ဖော်ထုတ်ပေးရန်စစ်တွေမြို့အမှတ်(၁)ရဲစခန်းတွင် မြို့ခံများဝိုင်းဝန်းတောင်း
ဆိုရာမှ တဖြည်းဖြည်းလူများလာပြီ လူုစုကွဲစေရန်အတွက် အဆိုပါရဲစခန်းရှိ
ရဲများမှသေနတ်ဖြင့် ပစ်ခတ်ခဲ့မှုဖြစ်ပွားခဲ့ ကြောင်း စစ်တွေမြို့ခံတစ်ဦးက
The Voice Weekly သို့ပြောကြားသည်။
အဆိုပါ ပစ်ခတ်မှုမှာ ဇွန်လ၃ရက်နေ့ ည ၁၀ နာရီအချိန်တွင် စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ၄င်းကဆက်လက်ပြောကြားသည်။
“ပထမတော့မိုးပေါ်ထောင် ပစ်တယ် ။နောက်တော့လူအုပ်ကြီးထဲပစ်တယ် ။အချက်လေးဆယ်
လောက်ရှိတယ် ပစ်တာ” ဟု အဆိုပါ The Voice Weekly သတင်းရင်းမြစ်ကဆိုသည်။
ထိုသို့စစ်တွေအမှတ် (၁)ရဲစခန်းမှ လူစုခွဲစေရန် လူအုပ်
အတွင်းပစ်ခတ်မှုကြောင့် စစ်တွေ့မြို့ ခံငါးဦးထိ
မှန်ကာနှစ်ဦးမှာဦးခေါင်း နှင့် ၀မ်းဗိုက် သို့ထိမှန်ခဲ့ပြီး
စစ်တွေဆေးရုံအရေးပေါ် ကုသဆောင် သို့ပို့ဆောင် ထားရပြီး သုံးဦးမှာ
ခြေထောက်သို့ထိမှန်ခဲ့ကြောင်း အဆိုပါ ပစ်ခတ်မှုဖြစ်ပွားရာရဲစခန်း
အနီးသို့ရောက်ရှိနေသည့် စစ်တွေမြို့ခံတစ်ဦးကပြောကြားသည်။
ယနေု့ညတစ်နာရီခွဲ အချိန်တွင် The Voice Weekly က စစ်တွေမြို့
သို့ဆက်သွယ်မေးမြန်းရာ ပစ်ခတ်မှု များဆက်လက်ဖြစ်ပွားနေပြီး
စစ်တွေမြိုခံများမှ ရဲစခန်း သို့ဝိုင်းထားကြောင်း ။ရဲများက မျက်ရည်ယိုဗုံး
များ ။သေနတ်များဖြင့်ဆက်တိုက်ပစ်ခတ်လျက်ရှိကြောင်း
စစ်တွေမြို့ခံများကဆိုသည်။
“တမြို့လုံးဗြောင်းဆန်နေပြီအိမ်တွေကိုပါ
သေနတ်ထိတယ်။အပေါ်ထပ်တွေ ထိတယ်”ဟုစစ်တွေ
မြို့တွင်သီတင်းသုံးလျက်ရှိသောရဟန်းတစ်ပါးကမိန့်ကြားသည်။
နောက်ဆုံးဆက်သွယ်မေးမြန်းချက်များအရ ရခိုင်တိုင်းရင်းသားဖွံဖြိုးရေးပါတီ
ဥက္ကဌဒေါက် အေးမောင် အပါအ၀င်ပါတီဝင်ငါးဦးနှင့်ရခိုင်ပြည်နယ်
နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှုးကြီးထိန်လင်းတို့ အဆိုပါရဲစခန်းသို့
သွားရောက်ညှိနိုင်းမှုများပြုလုပ်လျက်ရှိကြောင်း စစ်တွေမြို့ဒေသခံ
များကဆိုသည်။
လူသတ်မှုဖော်ထုတ်ပေးရန်တောင်းဆိုရာသို့ လာရောက်သောပြည်သူများကို စစ်တွေရဲကသေနတ်ဖြစ်ပစ်ခတ် လူအများအပြားဒဏ်ရာရ
နဂါးမောက်သီးထဲမှာ Antioxidant တွေ ပါဝင်ပြီး ကင်ဆာမဖြစ် အောင် ကာကွယ်ပေးနိုင်ပါတယ်။
(၁) နဂါးမောက်သီးထဲမှာ Antioxidant တွေ ပါဝင်ပြီး ကင်ဆာမဖြစ် အောင် ကာကွယ်ပေးနိုင်ပါတယ်။
(၂) သုတေသနပြုလုပ် ချက်များအရ သွေးလှည့်ပတ်မှုစနစ်အတွက် အလွန်ကောင်းပြီး စိတ်လှုပ်ရှား မှုကြောင့်ဖြစ်သော သွေးဖိ အားတက်ခြင်း ကို လျော့ နည်းစေပါတယ်။ သွေးတိုးမဖြစ်အောင် ကာကွယ်ပါတယ်။ မျက်စိ အမြင်အာရုံကောင်းစေပြီး သွေးထဲက အဆိပ်အတောက်များကိုလည်းခြေဖျက်ပေးပါ တယ်။
(၃) အမျှင်ဓာတ်မြင့်မားစွာ ပါဝင် သောကြောင့် ကိုယ်လက်စထရောလ် ကျစေပါတယ်။
(၄) ပိုတက်စီယမ်၊ ဆိုဒီယမ်၊ သံဓာတ်၊ အသားဓာတ်တို့ ကြွယ်ဝစွာ ပါဝင်ပါတယ်။
(၅) အစာအိမ်ရောဂါများနှင့် ဟော် မုန်း အကျိတ်ရောဂါများကုသရန် အတွက်လည်း အသုံးဝင်ပါတယ်။
(၆) ဗီတာမင် C လည်း အများကြီး ပါဝင်တာမို့ အနာကျက်မြန်စေခြင်း အညိုအမည်းစွဲခြင်းများကို မြန်မြန် အားကိုလည်း မြှင့်တင်ပေးပါတယ်။
(၇) ဘီတာကယ်ရိုတင်းပါဝင်တဲ့ အတွက် မျက်စိအမြင်ကောင်းခြင်း၊ မျိုးပွားနိုင်စွမ်းကောင်းခြင်းနှင့် အခြားသော ဇီဝရုပ်ဖြစ်ပျက်မှု များကိုလည်း ကောင်းစေ ပါ တယ်။
(၈) ဗီတာမင် B1, B2, B3 ကြွယ်ဝစွာ ပါဝင်ပါတယ်
(၉) သွေးတွင်းသကြားဓာတ် ပမာဏ ကို ထိန်းညှိပေးနိုင်တဲ့အတွက် အမျိုး အစား (၂) ဆီးချိုသွေးချိုရောဂါ ရှိသူ များအတွက် သင့်တော်ပါတယ်။
(၁၀)သူ့ထဲမှာပါတဲ့ ပမာဏက ဇီဝ ရုပ် ဖြစ်ပျက်မှုကို မြှင့်တင်ပေးပါတယ်။ နှလုံးသွေးကြောကျန်းမာရေးကို ထိန်း သိမ်းပေးပါတယ်။
(၁၁)နဂါးမောက်သီးပုံမှန်စားပေး မယ်ဆိုရင် ရင်ကျပ်ရောဂါနှင့် ချောင်း ဆိုးခြင်းကို သက်သာပျောက်ကင်း စေနိုင်တယ်လို့ သိရပါတယ်။
Ref: Health Digest