This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Friday, May 18, 2012

ရွှေမြန်မာဥယျာဉ်Fri, May 18, 2012













Posted: 17 May 2012 10:07 AM PDT
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးမိုင်တိုင် ၂၅၈ အနီးတွင် ခရီးသည်တင်ယာဉ်နှင့် ၀ါးလုံးများ တင်ဆောင်လာသော ယာဉ်တစ်စီးတိုက်မိရာမှ လူငါးဦးသေဆုံး
ယာဉ်တိုက်မှု ဖြစ်ပွားပြီးနောက် ခရီးသည်တင်ယာဉ်အား တွေ့ရစဉ်
ရန်ကုန်မှထွက်ခွာလာသော Gi  ရန်ကုန်-မန္တလေး-မူဆယ် ခရီးသည် တင်ယာဉ်သည်  မေလ ၁၅ ရက်နေ့ ည နှစ်နာရီခွဲခန့်တွင် ၀ါးတင်ဆောင်လာသော ယာဉ်တစ်စီးအား မိုင်တိုင် ၂၅၈ အနီး၌ ၀င်ရောက်တိုက်မိခဲ့ရာ လူငါးဦးသေဆုံးပြီး ခရီးသည် အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
''ကျွန်တော်က လပွတ္တာကနေ ရန်ကုန်၊ ရန်ကုန်ကနေမှ ဆက်စီးလာတာဆိုတော့ ပင်ပန်းပြီးကားပေါ်မှာ အိပ်ပျော်နေတယ်။ ဖြစ်လိုက်တော့ ၀ုန်းဆို ဘာမှန်း မသိလိုက်ဘူး။ နောက်မှ ကားတိုက်မှန်းသိတယ်။ ကားတိုက် တာပြင်းလွန်းတော့ ဟိုဘက်လမ်းမပေါ်တောင် ကျော်ပြီး ရောက်သွားတယ်။ ညဆိုတော့ ဘယ်ကားမှ မကူညီကြဘူး။ နောက်ဆုံး အဲဒီအနားက ရဲစခန်းတွေက ကားခေါ်ပေးမှ မိတ္ထီလာဆေးရုံကို မနက်ခုနစ်နာရီခွဲမှ ရောက်လာတယ်။
ကျွန်တော်အပါအ၀င် လူ ၁၀ ဦး မိတ္ထီလာဆေးရုံ တက်ရတယ်။ ခြောက်ယောက်က ဒဏ်ရာသက်သာလို့ ခရီးဆက်သွားပြီ။ လေးယောက် ဆေးရုံပေါ်မှာ ကျန်သေးတယ်။ တချို့လူနာတွေလည်း ဒဏ်ရာပြင်းလို့ မန္တလေး ဆေးရုံကြီးကို ဆက်လွှဲတယ်လို့ ကြားတယ်။ ကျွန်တော်ကတော့ ခြေထောက်မှာ ထိသွားတယ်''ဟု မိတ္ထီလာ ဆေးရုံကြီးတွင် တက်ရောက်ကုသနေသော ခရီးသည်တစ်ဦးမှ ပြောပြသည်။
''ကျွန်တော်တို့ မိတ္ထီလာလမ်းဆုံက မိုင်တိုင် ၂၈၅ ဆိုတော့ ကားတိုက်တဲ့ နေရာနဲ့ ၂၇ မိုင်ဝေးတယ်။ လမ်းဆုံကနေ မြို့ပေါ်ကို ၇ မိုင်ဆိုတော့ အကုန်လုံး ၃၄ မိုင်လောက်ပဲ ဝေးတယ်။ ဒီ ၃၄ မိုင်က ပုံမှန်မောင်းတာတောင် လေးဆယ့် ငါးမိနစ်လောက်ပဲ ကြာသင့်တယ်။ အခုတော့ မိတ္ထီလာဆေးရုံကို မနက် ခုနစ်နာရီခွဲမှ ရောက်လာတာဆိုတော့ ကြာလွန်းတယ် ထင်တယ်။
အမြန်လမ်းပေါ်မှာ တစ်ခုခုဖြစ်ရင် ကူညီမယ့်လူမရှိတာ အချိန်ကြာလွန်းတဲ့အတွက် မသေသင့်ပဲ သေရတာများနေတော့ သက်ဆိုင်ရာအနေနဲ့ တစ်ခုခုတော့ စီစဉ်ပေးသင့်တယ်''ဟု ကိုယ်တိုင် သွားရောက်လေ့လာခဲ့သူက ဆိုသည်။
EMG Media
ကိုလတ်(ပန်ဘဲတန်း)
Posted: 17 May 2012 09:34 AM PDT
အမှတ် (၈) ရဲတပ်ရင်းမှ လုံခြုံရေးရဲများ ပတ္တမြားမြို့သစ်တွင် လက်ဘက်ရည်ဆိုင်ထိုင်နေသောလူငယ်များကိုအကြောင်းမဲ့ ၀င်ရောက်ရိုက်နှက် လူငယ် ၁၀ ဦးခန်ဒဏ်ရာရ




ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ပတ္တမြားမြို့သစ်အနီးတွင် တပ်စွဲထားသော အမှတ် (၈) ရဲတပ်ရင်းမှ ရဲတပ်သားများသည် ယနေ့ ည ၇ နာရီခွဲခန့်တွင် ပတ္တမြားမြို့သစ်၊ အောင်စည်တော် လက်ဘက်ရည်ဆိုင်သို့ ၀င်ရောက်ပြီး ရပ်ကွက်နေလူငယ်များအား ရိုက်နှက်ခဲ့ကြောင်း ရပ်ကွက်နေပြည်သူများက ပြောသည်။

ထိုသို့ရိုက်နှက်မှုကြောင့် ယင်းလက်ဘက်ရည်ဆိုင်တွင်ထိုင်နေသော လူငယ် ၁၀ ဦးခန့်ဖူးယောင်ဒဏ်ရာရခဲ့ပြီး တစ်ဦးမှာ ဦးခေါင်းပေါက်ပြဲ ဒဏ်ရာရခဲ့ကြောင်း ရိုက်နှက်ခံရသူလူငယ်တစ်ဦးဖြစ်သည့် ရဲထူးဇော်ကပြောသည်။

'' သားတို့က လက်ဘက်ရည်ဆိုင်မှာ ထိုင်နေတုန်း အနောက်ကနေ၀င်ရိုက်တာ။ လူတွေကိုတော့ မမှတ်မိလိုက်ဘူး။ သူတို့နဲ့သားတို့နဲ့ ဘာပြသနာမှဖြစ်တာလည်းမဟုတ်ဘူး " ဟု ၎င်းကပြောသည်။

ထိုသို့ဝင်ရောက်ရိုက်နှက်သည့်အပြင် ရပ်ကွက်တွင်းမှ ရဲတပ်ရင်းသို့ ပြန်ရာ လမ်းတစ်လျှောက်တွင်လည်း အော်ဟစ်ဆဲဆို ကြိမ်းမောင်းမှုများပြုသည့်အပြင် လမ်းတစ်လျှောက်ရှိ ဈေးဆိုင်အချို့အား တုတ်၊ ခဲ စသည်တို့ဖြင့်ပစ်ခတ်ခြင်း၊ ရေအိုးများ ရိုက်ခွဲခြင်း၊ ဆိုင်းဘုတ်များကို ဖျက်ဆီးခြင်း စသည်တို့ကို ပြုလုပ်ခဲ့ကြောင်း၊ ၎င်းတို့မှာ အင်အား ငါးဆယ်ခန့်ရှိကြောင်း မျက်မြင်သက်သေများကပြောသည်။

လုံခြုံရေးရဲများ၏ တုတ်ဖြင့်ပစ်ခတ်မှုကြောင့် ခြေထောက်တွင် ဒဏ်ရာရရှိသွားသည့် မအေးအေးနိုင်က " သူတို့က လမ်းမှာ တွေ့တဲ့သူရိုက်ကွာလို့ပြောပြီး ဆိုင်ရှေ့ထွက်နေတဲ့ ကျွန်မကို ၀ါးရင်းတုတ်နဲ့ပစ်သွားတယ်။ အခုလိုခံလိုက်ရတာကို မကျေနပ်ဘူး။ အရမ်းဒေါသထွက်တယ် " ဟု YPI  ပြောသည်။

ယခုကဲ့သို့ ၀င်ရောက် ရမ်းကားခြင်းအား လုံခြုံရေးရဲများမှ ကြိုတင်ပြင်ဆင်လူစုထားခြင်းဖြစ်ကြောင်း၊ ယခုဝင်ရောက်ရိုက်နှက်ရာတွင် ၎င်းတို့အနေဖြင့် ချိန်းကြိုး၊ တုတ်၊ ခဲ၊ လေးခွ စသည်တို့ကို ကြိုတင်ယူဆောင်လာကြကြောင်း မျက်မြင်သက်သေများကပြောသည်။

ဒဏ်ရာရရှိသူတစ်ဦးဖြစ်သည့် မောင်စိုးဝေလင်း၏ ဖခင် ဦးနွေဦးက " ပြည်သူတွေကို ကာကွယ်ရမယ့် ပြည်သူ့ဝန်ထမ်းလူတန်းစားက ပြည်သူတွေကို ဒုက္ခပေးမယ်လို့ကြိမ်းသွားတယ်။ သူတို့ပါးစပ်ကိုက ရပ်ကွက်ကို မီးနဲ့ ရှို့မယ်လို့ပါ ကြိမ်းမောင်းသွားတယ်။ ကျွန်တော်တို့ မခံစားနိုင်ဘူးဗျာ " ဟုပြောသည်။

ပတ္တမြားမြို့သစ်နေ ဒေါ်စောတင်တင်ကလည်း အမှတ် (၈) ရဲတပ်ရင်းမှ ရဲတပ်သားများသည် ယခင်ကလည်း ပတ္တမြားမြို့သစ်အတွင်းသို့ သုံးကြိမ်ခန့် ၀င်ရောက်ရမ်းကားခဲ့ဖူးကြောင်း၊ ယခုကဲ့သို့ ရမ်းကားခြင်းခံရသဖြင့် မိမိစိတ်တွင် မလုံခြုံဟု ခံစားရကြောင်းပြောသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး ရိုက်နှက်ခြင်းခံရသည့် လူငယ်အချို့မှ မင်္ဂလာဒုံမြို့နယ် ထောက်ကြံ့ရဲစခန်းသို့ သွားရောက်ပြီး အမှုဖွင့်တိုင်ကြားလျက်ရှိသည်။        ။
YPI News Media
ကိုလတ်(ပန်ဘဲတန်း)

This posting includes an audio/video/photo media file: Download Now
Posted: 17 May 2012 09:12 AM PDT
အရည်အချင်းမပြည့်မှီတဲ့ တက္ကသိုလ်တန်းဝင်စာမေးပွဲစနစ် ကြောင့် မြန်မာ့ပညာရေးအဆင့်အတန်းနိမ့်ကျနေရ
တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်း များကို ထုတ်ပြန်ကြေညာခဲ့ရာ အောင်စာရင်းကြည့်ရှုနေသူများကို တွေ့ရစဉ်။
မြန်မာပြည်ပညာရေးနိမ့်ကျရခြင်း၏ အဓိကတရားခံ  တက္ကသိုလ်ဝင်တန်းစာမေးပွဲစနစ် ကြောင့်ပဲဖြစ်နေတာကိုတွေ့ရပါတယ်။
ဘောလုံးအသင်းတစ်သင်းတွင်ဂိုးသမားနှင့် နောက်တန်းဘောလုံးသမားများက ဂိုးမဝင်အောင်ကာကွယ်ပြီး ၊ ရှေ့တန်းသမားများက ဂိုးသွင်းနိုင်အောင် ပို့ဆောင်ပေးရာတွင် အလယ်တန်းသမားများမှ တဆင့် ပို့ပေးရသည် ။ အလယ်တန်းသမား တစ်ယောက်ကောင်းမှ ကိုယ်လိုချင်သော ပန်းတိုင်ကို ဂိုးသွင်းနိုင်ရန် ရှေ့တန်းသမားများ ဂိုးကောင်းကောင်းသွင်းနိုင်မည် ဖြစ်သကဲ့သို့ အလယ်တန်းသမားမကောင်းပါက ကိုယ်လိုချင်သော ပန်းတိုင်ဂိုးရလိမ့်မည်မဟုတ်ပေ။ ဒါကြောင့်လည်း အလယ်တန်းသမားများကို (Key Player ) လို့ခေါ်ကြတယ်။
မြန်မာနိုင်ငံပညာရေး စနစ်မှာလဲ တက္ကသိုလ်ဝင်တန်း(၁၀)တန်းဟာ ကိုယ်လိုချင်တဲ့ပန်းတိုင်ကို ရောက်ဖို့ အတွက်အဓိကကျတဲ့နေရာပါ။ ဒါကြောင့် ကိုကြီးသောင်းကတော့ ဒီနေရာကို (Key Player ) လို့ သတ်မှတ်ချင်ပါတယ်။မြန်မာနိုင်ငံမှာ ရှိတဲ့လူငယ်တွေရဲ့ ဘဝ အကောင်းအဆိုး ၊ အနိမ့်အမြင့် ဒီနေရာတကြိမ်တည်း နဲ့ သတ်မှတ်ပေးလိုက်တာပါ။

နောက်တကြိမ်လည်းပြန်လည် ကြိုးစားခွင့် မရနိုင်တဲ့နေရာပါ။ ဒီတက္ကသိုလ် (၁၀တန်း) ဝင်တန်း စာမေးပွဲမှာ ရရှိတဲ့ ရမှတ်အပေါ်မူတည်ပြီး ဆရာဝန်၊အင်ဂျင်နီယာ၊တရားသူကြီး၊ကျောင်းဆရာ၊စာရေး၊စစ်ဗိုလ်၊စိုက်ပျိုးရေး၊သစ်တော စသည် ဖြင့် တက္ကသိုလ်တက်ရောင့်ခွင့်တွေကို သတ်မှတ်လိုက်တာပါဘဲ။ ဒါကြောင့်လဲ ကျောင်းသား၊ကျောင်းသူ တွေကလည်း မိမိဘဝနောင်အေးရဖို့ ၊ မိဘ တွေနဲ့ ဆရာဆရာမတွေကလည်း ကိုယ့်သားသမီး ၊ ကိုယ့်တပည့် ဒီစာမေးပွဲမှာ ကိုယ်လိုချင်တဲ့အကောင်းဆုံးဆိုတဲ့ တက္ကသိုလ်မှာ တက်ရပြီးနောင်တချိန်မှာ ချမ်းချမ်းသာသာနေရဖို့ ဆိုတဲ့ စိတ်ကူးကိုယ်စီနဲ့ တက်ညီလက်ညီလှော်ခတ်ခဲ့ကြတာပေါ့။
ဒါရဲ့ ရလဒ်ကတော့ ကျောင်းတစ်ကျောင်း ကောင်း ၊ မကောင်း ဆရာတစ်ယောက် တော်မတော် ဆိုတာကို ရမှတ်တွေ၊ဂုဏ်ထူးတွေ နှင့် သတ်မှတ်ကြတော့တာပါဘဲ၊ ခက်နေတာက ကိုကြီးသောင်းအပါဝင် မြန်မာနိုင်ငံမှာ ရှိတဲ့ မိဘ ၉၉.၉၉% ဟာ ကိုယ့်သားသမီးကို ဆရာဝန်ဖြစ်စေချင်ကြတဲ့သူတွေချည်းပါဘဲ.. ဒီတော့ အမှတ်ကောင်းမှ ၊ ဂုဏ်ထူးထွက်မှ ဆရာဝန်လိုင်းရမှာဆိုတော့ ကျောင်းသား၊ကျောင်းသူကလည်း နားလည်ဖို့ မလို စာရဖို့သာလိုတယ်ဆိုပြီး အချိန်ရှိသရွှေ့ စာဘဲတွန်းကျက်သလို ဆရာတွေကလည်း စာသင်ဖို့ မကြိုးစားတော့ ဘဲ .. တစ်ခောက်လောက်ဘာသာပြန်ပီး အချိန်ရှိသရွေ့ နှုတ်တိုက်ချပေးနေတာကိုတွေ့ရပါတယ်။
၊ပြီးတော့ အပြန်ပြန်အလှန်လှန်လေ့ကျင့်…..ပြီး တလုံးမကျန်ပြန်ချရေး….. ဒါဆို အမှတ်ကောင်းပီကွ. ဒါမျိုးကျောင်းမှ ကျောင်းအောင်း .. ဒီလို သင်နိုင်တဲ့ ဆရာ မှ ဆရာကောင်း ၊ ဒီလို ကျက်မှတ်နိုင်တဲ့ ကျောင်းသား လူတော်ဆိုပြီး မိဘရော ပါတ်ဝန်းကျင်ရော ၊နိုင်ငံတော် ကပါ မြိုင်မြိုင်ဆိုင်ကြီး အနှစ်(၂၀) လောက်မြှောက်စားလိုက်ကြတာ ဒီနေ့ ကျောင်းသား၊ကျောင်းသူတွေ စာမတတ်ဘူးဆိုတဲ့ပြသနာ ပေါ်လာတာပါဘဲ။

အောင်စာရင်းထွက်လာတဲ့အခါ ကိုယ့်သားသမီး အမှတ်ကောင်းနှင့်အောင်ဖို့မိဘများကလည်း နည်းပေါင်းစုံ နဲ့ ရှိသမျှပုံအောပြီး ဘောင်အတွင်းကရော၊ဘောင်အပြင်ကရောပေါ့…။ ဒီမှာတင် အေးချမ်းစွာ နေလာခဲ့ကြတဲ့ ဆရာ ဆရာမတွေဟာ ငွေနဲ့ ရင်းနှီးကုန်ကြတယ်။  ငွေနဲ့ပျော်မွေ့လာကြတယ်…….. ငွေကို သိက္ခာနဲ့ လဲတတ်လာကြတယ် ။ တိုင်ပြည်တစ်ပြည်မှာ ပညာအမွေပေးတဲ့ ဆရာဆရာမ ဖောက်ပြန်ရင် ဒီပညာရေးစနစ်ကျဆုံးတာပါဘဲ…..။ ဒီလို (၁၀) တန်း တက္ကသိုလ်ဝင်တန်းက စလိုက်တဲ့ ဇတ်လမ်းက သူငယ်တန်းမှ ပါရဂူဘွဲ့အထိ အကျိုးသက်ရောက်ပါတယ် ။
ဒီနေ့ မိဘများသားသမီး အရွယ်ရောက်လို့ ကျောင်းစထားကတည်းက ကလေးတွေကို လူရှေ့သူရှေ့ကို ရောက်ရင် သားသား၊မီးမီး ကြီးလာရင် ဘာလုပ်မှာလဲလို့ မေးရင် သားသားက ဆရာဝန်လုပ်မှာ ၊ အင်ဂျင်နီယာကြီးလုပ်မှာ စသည်ဖြင့် ပြောခိုင်းပြီး စတင်ပုံသွင်းလာကြတယ်…..။ ကျောင်းထားတဲ့ အခါမှာလည်း အမှတ်နဲ့အဆင့်ကို ပိုမိုခုံမင်လာအောင် စာတတ်ဖို့ ထက် ဒါတွေရဖို့ သက်ဆိုင်ရာ ဆရာ၊ဆရာမ များကိုနည်းပေါင်းစုံနှင့် ချဉ်းကပ်ကြတယ်။ ငွေပေးပြီး ကျူရှင်သင်ခိုင်းတယ်၊ ပါတိတ်ကန်တော့ကြတယ်၊မုန့်ပုံး ကန်တော့ကြတယ် ။ ဒီအခါမှာ လိုတရသည်ရှိ မရသည်လည်းရှိပေါ့…….. ။ ရသည့်အခါ ပြုံးပြုံး နှင့် မရသည့်အခါ တော့ ကုန်းကုန်းဆဲပေါ့….။

ဒီလို နှင့် စဉ်ဆက်မပြတ်အကဲဖြတ်အတန်းတင် စာမေးပွဲစနစ်လည်းစရော စာမေးပွဲမှာ ပါမှာလေး ပြောလိုက် .. ၊ ကျက်လိုက် ၊ အမှတ်တွေကောင်းလိုက် ။ အဆင့်တွေရလိုက် နှင့်မိဘတွေ ပျော်ပျော်ကြီး ဖြတ်သန်းလာခဲ့လိုက်တာ တစ်နိုင်ငံလုံး ပညာရေး စုန်းစုန်းမြုပ်ပါလေရောလား ။ နောက်ဆုံးအဆင့် ကုန်ကုန်ပြောရရင် သင်္ချာ ကိုတောင် စဉ်းစားတွက်ချက်တာ မဟုတ်တော့ပဲ အလွတ်ကျက်တဲ့အထိ ဖြစ်လာကြတယ်။ သေသေချာချာမေးကြည့်ကြစမ်းပါ .. သင်္ချာမှာ ရာပြည့်တို့ ၊ ဂုဏ်ထူး တို့ ရတဲ့ သူတွေတောင်မှ သင်္ချာကို ကျက်ပီးဖြေကြတယ်။
တန်းစဉ်စာတတ်ဖို့ ထက် အမှတ်ကောင်းဖို့ ၊ ဂုဏ်ထူးရဖို့ မက်လိုက်ကြတာ ဒီဆယ်တန်းစာမေးပွဲပြီး အမှတ်ကောင်းမှ လိုင်းကောင်းရမယ်ဆိုတဲ့ တက္ကသိုလ်ဝင်တန်း စာမေးပွဲစနစ်ကြောင့်ပါ။ အံ့သြစရာပြောရဦးမယ် ဒီအဖြစ်ပျက် အများစုက ရန်ကုန် ၊ မန္တလေးလိုမြို့ကြီးတွေမှာဘဲ အဖြစ်များတာ ၊ ကျန်တဲ့ တပြည်လုံး ဘာသံမှ မကြားရသလောက်ပါဘဲ။ ဘာသာရပ်ဆိုင်ရာသင်ကြားတဲ့ ဆရာဆရာမကလည်း မပြည့်စုံ ၊ တစ်ယောက်တည်း နှစ်ဘာသာ သုံးဘာသာ တတ်တတ်မတတ်တတ် ၊ ကြိုးစားသင် ၊ ကျောင်းမလာလာချင်အောင် ၊ ကျောင်းသားကိုချော့မော့ ပေးကျွေးသင်ပြီး အောင်မြင်သွားကြတဲ့ ကျောင်းသားကျောင်းသူတွေ လည်းရှိမှရှိ ၊ ပေါမှပေါပါခင်ဗျ။ ဒီအကြောင်းတွေ ဒီလောက်ဖြစ်နေရလောက်အောင် တက္ကသိုလ်ဝင်တန်း (၁၀) တန်းစာမေးပွဲစနစ်မှာ ဘာတွေ မှားခဲ့ကြတုန်း ဆက်လက်ပြီးလေ့လာကြည့်ရအောင်…………………

(၁) တက္ကသိုလ်ဝင်တန်း အမှတ်ဖြင့် လူငယ်များ၏ဘဝကို အဆုံးဖြတ်ပေးနေခြင်း
၁၉၈၀ မတိုင်ခင်က တက္ကသိုလ်ဝင်တန်းအမှတ်တခုတည်းနှင့် မိမိတို့ သင်ကြားလိုသော ဘာသာရပ်ကိုသင်ကြားရခြင်းမဟုတ်ဘဲ ( Regional) ခေါ် ဒေသကောလိပ်မှ အမှတ်နှင့်ပေါင်းပြီးမှ မိမိတို့စိတ်ကြိုက် တက္ကသိုလ် တက်ရောက်ခွင့်ပြုတဲ့အတွက်ကြောင့်တက္ကသိုလ်ဝင်တန်းမှာ ချွတ်ချော်မှူ တစ်စုံတစ်ရာ ဖြစ်ခဲ့ရင်တောင်မှ ကျောင်းသားကျောင်းသူဟာ ထပ်မံကြိုးစားခွင့်ရနေကြပါတယ်။
ဒီနောက်ပိုင်းမှာတော့ တက္ကသိုလ်ဝင်တန်း အမှတ်တခုတည်းနှင့်သတ်မှတ်လိုက်တော့ ဒီတစ်ကြိမ်အမှတ်မကောင်းရင် ဘဝပျက်သလောက်နီးနီးမိဘနှင့်ကျောင်းသားကျောင်းသူ များက ခံစားပစ်လိုက်ကြတော့တယ်…။ နိုင်ငံတကာမှာတော့ ဘာသာရပ်တွေကို အမှတ်မကောင်းလို့ ရှိရင် အမှတ်ကောင်းတဲ့အထိ အကြိမ်ကြိမ်ပြန်ဖြေဆိုခွင့်ပြုထားတယ်၊
စာမေးပွဲကြေးထပ်မံပေးသွင်းပြီးတော့ပေါ့ ။
ပြီးတော့ နှစ်သက်ရာ ဘာသာကိုလည်း ခွဲခြားဖြေဆိုခွင့်ပြုထားသေးတယ် ။ ပြီးတော့ ကျွန်တော်တို့ နိုင်ငံမှာ ကျင်းပတဲ့စာမေးပွဲမှာ ( ၆ - ဂ ) ရက်အတွင်းမှာ ကျင်းပတဲ့အတွက် သိပ်ပြီးတော့ ပင်ပန်းပါတယ်. ပြီးတော့ တစုံတစ်ရာ ချို့ယွင်းမှူကြောင့် အမှတ်မကောင်းခဲ့ရင် လည်းပြန်လည်ဖြေဆိုခွင့်မပေးပါဘူး .။ နိုင်ငံတကာမှာ လနှင့်ချီပြီးဆောင်ရွက်ပေးပါတယ်။ ကျွန်တော်တို့ ဆီမှာလည်း အလွန်ကောင်းတဲ့စာမေးပွဲစနစ်တခုရှိပါတယ် ။ ကောင်းမှန်းသိရက်နဲ့ ခေတ်ပညာတတ်တွေ အတုမယူတတ်ကြဘူး ။ အဲဒါကတော့ တိပိဋက စာမေးပွဲပါ ၊ ကိုယ့်ဝန်ကိုယ့်အားနိုင်သလောက် တစ်ကျမ်းချင်းခွဲဖြေလို့ ရပါတယ် ။နှစ်အကန့်အသတ်မရှိပါဘူး ။ နိုင်ငံတကာမှာလည်း ဖြေဆိုနေကြတဲ့ ( GCE ‘O’ ‘A’ level ) လို့ခေါ်တဲ့နိုင်ငံတကာ တက္ကသိုလ်ဝင်စာမေးပွဲတွေလည်းထို့နည်းတူပါဘဲ ။

(၂) တက္ကသိုလ်ဝင်တန်းသင်ရိုးညွှန်းတမ်းမကြာခဏပြောင်းလဲခြင်း
ဒေသကောလိပ် စနစ်စတင်ဖျက်သိမ်းသော ၁၉၈၀ခုနှစ်ကျော်လောက်မှ စတင်၍ တက္ကသိုလ်ဝင်တန်းစာမေးပွဲ မတည်မငြိမ် အကြိမ်ကြိမ်ပြောင်းလဲခဲ့ခြင်းသည်လည်း ပညာရေးညံ့ဖျင်းရခြင်းတွင် အကြောင်းတခု ဖြစ်သည်။ ပြောင်းလဲခြင်းဆိုရာဝယ် ခေတ်နှင့်ညီသော အကြောင်းအရာကိုပြောင်းခြင်းမဟုတ်ဘဲ ဘာသာရပ်များကို မြန်မာလို သင်ကြားနေရာမှ အင်္ဂလိပ်လို ပြောင်း ၊ အင်္ဂလိပ်လိုမှ မြန်မာလို ပြောင်းလိုပြောင်း ၊ ပထဝီ ၊ သမိုင်း ၊ ဘောဂဗေဒ ပေါင်းလိုက်ခွဲလိုက် ၊ ဓါတု၊ရူပ၊ဇီဝ ပေါင်းလိုက်ခွဲလိုက် နှင့် အကြိမ်ကြိမ် ဆောင်ရွက်ခဲ့ခြင်းသည် မြန်မာ့ပညာရေး ကို များစွာ နိမ့်ကျနောက်ကျစေခဲ့သည်။ ကျောင်းသားကျောင်းသူများအတွက် အစမ်းသပ်ခံပညာရေးသက်သက်ဖြစ်ခဲ့ရသည်။

(၃)တက္ကသိုလ်ဝင်စာမေးပွဲမေးခွန်းပုံစံညံ့ဖျင်းခြင်း
နိုင်ငံတကာ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲများစစ်ဆေးရာတွင် နားလည်တတ်ကျွမ်းမှူကို သာ အဓိကထားစစ်ဆေးသော မေးခွန်းပုံစံဖြစ်သည်။ ဥပမာဆိုရသော် - ဓာတု၊ရူပ၊ဇီဝ ဘာသာရပ်များတွင် ( Easy Type ) မေခွန်းများထက် ( Multiple Choice) ( True or False) (Matching) စသော နားလည်မှူကိုသာ အဓိက မေးမြန်းစစ်ဆေးအမှတ်ပေးကြသည် ။သင်္ချာဘာသာရပ်တွင်လည်းသတ်မှတ်ထားသော တွက်နည်းတမျိုးတည်းမဟုတ်ဘဲ မိမိနှစ်သက်ရာ လမ်းကြောင်းဖြင့် အဖြေရောက်သည့် တိုင် တွက်ချက်လျှင် အမှတ်ပေးကြသည်။
ထို့ကြောင့် ဆရာ ဆရာမ နှင့် ကျောင်းသား ကျောင်းသူ များကလည်း အလွတ်ကျက်ဖို့ ထက် နားလည်နိုင်သမျှ နားလည်အောင် ၊ တတ်ကျွမ်းသည်ထက် ပိုမို တတ်ကျွမ်းအောင်ကြိုးစားကြရသည် ။ ပင်ပင်ပမ်းပမ်း မရှိလှပေ။ ကျွန်တော်တို့ နိုင်ငံရှိ တက္ကသိုလ် ဝင်တန်း စာမေးပွဲ မေးခွန်းလွှာအများစုမှာ ( Essay Type ) များကိုသာမေးလေ့မေးထရှိသည် ။ထို့အတွက်ကြောင့် အင်္ဂလိပ်စာ အားနည်သော ကျောင်းသားကျောင်းသူ အများစုမှာ နားလည်ရန်ထက် ( Parrot Learning ) စာကို အလွတ်ရရန်သာ ကြိုးစားကျက်မှတ်ကြတော့သည်။ဘာသာရပ်တစ်ခု တိုးတက်သိမြင်ရန်အတွက် တီထွင်ကြံဆခြင်း ၊ တိုးတက်ခြင်းရှိအောင် မဆောင်ရွက်လိုကြတော့ပေ။ဒါ့အပြင် ၁၉၈၈ ခုနှစ်ပတ်ဝန်းကျင်မှစတင်၍မေးခွန်းပေါက်ကြားမှူမရှိစေရန်ဟူသော မမှန်ကန်သည့် အကြောင်းပြမှူ ဖြင့် မြန်မာနိုင်ငံတစ်နိုင်ငံလုံးမေးခွန်း တစ်စုံသာထုတ်ဝေစစ်ဆေးရာမှ ပြည်နယ်နှင့် တိုင်းအလိုက် မေးခွန်း (၁၁)စုံဖြင့် ခွဲခြားစစ်ဆေးခဲ့ကြသည် ။ ပြီးတော့ အခြေခံပညာအထက်တန်းစာမေးပွဲ (Matriculation Exam ) မှ တက္ကသိုလ်ဝင်စာမေးပွဲ (University Entrance ) ဟုပြောင်းလဲပြီး စာမေးပွဲနှင့် ပက်သက်သမျှကို တက္ကသိုလ်မှ အပြီးအပိုင် ထိန်းချုပ်ခဲ့သည် . ။
ဒီအတွက် ထူးခြားမှူ မရှိမဆိုနိုင်သော်လည်း ပညာရေး ဘတ်ဂျက်များသည်ကား ပိုမိုကုန်ကျခဲ့သည်ကိုတွေ့ခဲ့ရသည်။ ထိုစနစ်မှ အမြတ်ရခဲ့သည်မှာ နိုင်ငံတော်လည်း မဟုတ် ကျောင်းသားကျောင်းသူများလည်မဟုတ် မေးခွန်းထုတ်ဝေရာ တက္ကသိုလ်များရှိ ပါမောက္ခချုပ်ကြီးများသာလျှင် ဖြစ်သည် ၊ တစ်နှစ် သိန်း (၁၀၀) နှင့် အထက် မြတ်စွန်းရယူခဲ့ကြသည်မှာ တက္ကသိုလ်အသိုင်းအဝိုင်းတခုလုံးအသိပင် ။ ကျောင်းသားကျောင်းသူ များအား သင်ရိုး ဘောင်အတွင်းမှ မေးမြန်းသည်ဆိုသော်လည်း မေးခွန်းမတူသဖြင့် ရမှတ်များလည်းမတူခဲ့ကြသည့်အပြင် မိမိလိုရာပန်းတိုင်နှင့်လွဲချော် နစ်နာဆုံးရှုံးခဲ့ကြသည်များမှာလည်း ဒု နှင့် ဒေး ။ ဒီလို မညီမျှမှူများ လစ်ဟာချက်များရှိနေသော မေးခွန်း (၁၁)စုံ မှ မေးခွန်းတစ်စုံသို့ပြောင်းလဲ၇န် ကျင်းပနေသော ပြည်သူ့လွတ်တော် တွင် အဆိုပြုရာတွင် မေးခွန်းတစ်စုံထက် မေးခွန်း (၁၁) စုံမှ ပိုမိုလုံခြုံသည်ဟူသော အဖြေဖြင့်ပြန်လည်ဖြေကြားရာ ကြားရသူတိုင်းပြုံးခဲ့ကြရသည် ။ ကျောင်းသားကျောင်းသူ များနစ်နာဆုံးရှုံးမှူထက် မိမိတို့ အတွက် အခွင့်အရေးများ ဆုံးရှုံးရန် မလိုလား သော ပါမောက္ခချုပ်ကြီးများ နှင့် ညွှန်ချုပ် ၊ ဝန်ကြီး တို့ အားလုံး အကွက်ဆင် ဂွင်ရိုက်ထားခြင်း ဖြစ်သည် ။

(၄) တက္ကသိုလ်ဝင်စာမေးပွဲအဖြေလွှာမျာစစ်ဆေးပြီး အောင်စာရင်းထုတ်ပြန်မှူ ညံ့ဖျင်းခြင်း
နိုင်ငံတဝှမ်း ပြည်နယ်နှင့်တိုင်းအလိုက် မေးခွန်းများဖြင့် ဖြေဆိုပြီးခဲ့ကြသော အဖြေလွှာများကို သက်ဆိုင်ရာ တက္ကသိုလ်အသီးသီးတွင်စစ်ဆေးရာတွင်လည်း -
(က) စာစစ်မှူးချုပ်များသည် သင်ရိုးအပေါ်တွင် စူးစမ်းလေ့လာမှူအားနည်းကြသည် ၊ထို့အတွက်ကြောင့် မေးခွန်းထုတ်ရာတွင်လည်းကောင်း ၊ ဖြေဆိုခဲ့သော  အဖြေလွှာများကို စစ်ဆေးရန်အတွက် အမှတ်ပေးစည်းမျဉ်းများကို ရေးဆွဲခဲ့ရာတွင် အမှားအယွင်းများရှိခဲ့ကြသည် ၊ သိနားလည်သူများမှ ပြင်ဆင်ရန်တင်ပြခဲ့သော်လည်းမိမိအမှားအတွက် တာဝန်မယူဘဲ ပြင်ဆင်မပေးခြင်း (၉၅%)

(ခ) စာစစ်သူအများစုမှာလည်း တက္ကသိုလ်ဝင်တန်းသင်ရိုးနှင့် ပက်သက်၍ ရင်းနှီးကျွမ်းဝင်မှူ မရှိခြင်း လေ့လာမှူ မရှိခြင်း (၉၀%) ထို့အတွက် အမှတ်ပေးရာတွင် အခက်အခဲများရှိခြင်း ။ အမှားအယွင်းများခြင်း ။

(ဂ)သက်ဆိုင်ရာ ဘာသာရပ်များကို စစ်ဆေးရာတွင်လည်း အစိုးရမှ ပြဋ္ဌာန်းထားသော ပြဋ္ဌာန်းစာအုပ်ထဲမှ အတိုင်း ၏ ၊ သည် မလွဲ ဖြေဆိုမှသာ အမှတ်ပေးခြင်း ၊ တစ်လုံးတလေ မှားလျင်တောင်မှ အမှတ်လျော့ခြင်းကြောင့် အမှတ်ပေးစည်းမျဉ်းဟုပင်မခေါ်ကြဘဲ အမှတ်လျော့စည်းမျဉ်းဟု ပင်ခေါ်ကြခြင်း ၊ ပြဋ္ဌာန်းစာအုပ်နှင့် တိုက်ဆိုင်စစ်ဆေးသည် ဆိုရာတွင်လည်း ပြဋ္ဌာန်းစာအုပ်များကို ပုံနှိပ်ထုတ်ဝေသည့် နေရာများဖြစ်ကြသော နေပြည်တော်ပုံနှိပ်စက်ရုံ ၊ အထက်မြန်မာပြည်ပုံနှိပ်စက်ရုံ၊ စာပေဗိမာန်ပုံနှိပ်စက်ရုံ များမှ အသီးသီးထုတ်ဝေသော ပြဋ္ဌာန်း စာအုပ်များသည်ပင် တစ်အုပ်နှင့် တစ်အုပ်ပါသည့်စာသားများ လွဲချော်ခြင်း ။

(ဃ) ကျောင်းသားကျောင်းသူ မှ မိမိတတ်ကျွမ်းမှူအား မိမိနားလည်သလို (Sentences) ဖြင့် ရေးသားခြင်းကို လုံးဝအမှတ်မပေးခြင်း ၊ သင်္ချာ ဖြေဆိုရာတွင်လည်း သတ်မှတ်ထားသော တွက်နည်းမှ လွဲ၍ အခြား နည်းဖြင့်တွက်လာပါက အဖြေရောက်သော်လည်း အမှတ်မပေးခြင်း

(င) အောင်စာရင်းပြုစုရာတွင်လည်း ကျွန်တော်တို့ ခေတ်တုန်းက တစ်နိုင်ငံလုံးအောင်ချက် ရာခိုင်နှုန်း (၈ - ၁၂% ) ခန့်မှ ယနေ့အချိန်တွင် အောင်ချက်ရာခိုင်နှုန်း (၄၀%) ကျော်ရှိခြင်းမှာ ပညာရေးတိုးတက်မှူ မဟုတ်ပဲ သက်ဆိုင်ရာ ပညာရေးအစီအမံများကိုဖော်ဆောင်ခဲ့ကြသူများမှ မိမိတို့ဖေါ်ဆောင်ထားသော စနစ်မအောင်မြင်မှူ့ကိုဖုံးကွယ်ရန်အတွက် ( Moderation Marks ) များပေးကာ အောင်မှတ်နှိမ့်ချထားခြင်း ။ ထို့အပြင် တက္ကသိုလ်များ အမြောက်အများဖွင့်လှစ်ကာ ကျောင်းသားမရှိခြင်းဟူသော ပြသနာကို ဖြေရှင်းခြင်း ထိုသို့ဆောင်ရွက်ခြင်းရလာဒ်မှာ တက္ကသိုလ်တွင် စာလုံးဆင့်ပါလျှင်တောင် မဖတ်တတ်သော ကျောင်းသားများ ဖြစ်လာကြခြင်း ။ (ဥပမာဆိုရသော် ပညာရေးဝန်ကြီး ဦးသန်းအောင်လက်ထက်တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်စာရင်းထွက်ပြီးနောက် တိုင်ကြားစာ တစ်ခု ကိုစစ်ဆေးရာတွင် အများစုမှာ တအံ့တဘြ ဖြစ်ကြရသည် ။

ထိုကျောင်းသားတိုင်ကြားရခြင်းမှာ စာမေးပွဲအောင်မြင်သော ကြောင့် တိုင်ကြားခြင်းဖြစ်သည် ။ အမှန်မှာ ထိုကျောင်းသားသည် မိမိရလိုသော အမှတ်မရနိုင်သော ကြောင့်နောက်ဆုံး ဘာသာရပ်ဖြစ်သော ဇီဝဗေဒ တွင် ဖြေဆိုသမျှ အဖြေအားလုံး အားကန့်လန့်ဖြတ်ခြစ်၍ ကျရှုံးအောင် လုပ်ထာပါလျှက် အောင်မြင်လာသောကြောင့် တိုင်ကြားရခြင်းဖြစ်သည်။ဖြစ်စဉ်များကို ပြန်လည်စစ်ဆေးရာတွင် ထိုကျောင်းသား ခြစ်ချထားသည်မှာလည်းမှန်သည် ၊ စာစစ်သူမှ ခြစ်ချထားသည်မှ လွတ်နေသော စာအားစစ်ဆေးရာတွင် ရမှတ် (၂)မှတ်ရှိနေပါသည် ။
ယင်းနှစ်စာမေးပွဲစစ်ဆေးမှူအရ ကျောင်းမှန်မှန် ပုံမှန်တက်သည်ဟု စာရင်းပို့ထားသူ အား ကျရှုံးဘာသာရပ်တွင် ( CPR) အမှတ် (၂၅) မှတ် ထည့်ပေါင်းရန်ညွှန်ကြားထားသော ကြောင့် ထိုကျောင်းသား သည် စုစုပေါင်း ၂၇ မှတ်ရရှိသွားပြီး ထိုနှစ်က ဇီဝဗေဒ (Moderation Marks ) မှတ်အား (၂၇) မှတ်အထိလျော့ချလိုက်သော ကြောင့် ထိုကျောင်းသားဖြေဆိုရာ ကျရှုံးခြင်သော ကြောင့် ခြစ်ချရာတွင် ၂ မှတ်ရပြီးစားမေးပွဲအောင်သွားခြင်းကို အံ့ဘြဘွယ်တွေ့ရှိရသည် ။(ကိုယ်တွေ့)၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အမှားများပြောရရင် တစ်ထောင့် တညပုံပြင်ကဲ့သို့ဆုံးနိုင်ဘွယ်ရာမမြင် ။

ဒါကြောင့် မြန်မာနိုင်ငံပညာရေးနိမ့်ကျရခြင်းအဓိကအကြောင်းရင်းများထဲတွင် တက္ကသိုလ် ဝင်တန်း စာမေးပွဲစနစ်သည် တစ်ခု အပါအဝင်ဖြစ်ကြောင်းကို လွတ်လပ်စွာသဘောထားကွဲလွဲနိုင်ပါသည် ။ ယခုပုံစံဖြင့် ကျင်းပနေသော တက္ကသိုလ်ဝင်တန်း စာမေးပွဲပုံစံအား ပြုပြင်ပြောင်းလဲမှူမပြုသမျှ မပြင်ဆင်သမျှ မိဘများရော ကျောင်းသားကျောင်းသူများရော ဆရာဆရာမ များအားလုံးအမှတ်ကောင်းရေးကိုသာ ဆက်လက်ဦးတည် သင်ကြားကြမည်သာ ဖြစ်သည်။

မြန်မာနိုင်ငံပညာရေးမှာလည်းနိမ့်ပြီးရင်းနိမ့်သွားမည်မှာ မြေကြီးလက်ခတ်မလွဲပေ ။ ထိုအခါ ယခုနိုင်ငံတော်က ပညာရေးတိုးတက်မှူအတွက်ဆောင်ရွက်နေသော ( Students Centre Approch ) ကျောင်းသားဗဟိုပြုသင်ကြားရေး ဆိုသည်မှာ ရယ်ရွှင်ဖွယ်ရာ အကြောင်းရာတစ်ရပ် ဖြစ်ယုံမှ တပါး အခြားမရှိနိုင်ပေ ။
 
မြန်မာပြည်ပညာရေးအဆင့်အတန်းကိုမြင့်မားစေချင်တဲ့ ကိုကြီးသောင်းမှတဆင့်
ကိုလတ်(ပန်ဘဲတန်း)
This posting includes an audio/video/photo media file: Download Now
Posted: 17 May 2012 08:05 AM PDT
သန့်ရှင်းသော အစိုးရ၊ ကောင်းမွန်သော အစိုးရ လက်ထက် လာဘ်ငွေရှာနေသော ယာဉ်ထိန်းများ


...အခုပုံကို 15.5.2012 နေ့ နေ့လည် ၁၁ နာရီမှာ ရန်ကုန်မြို့ ရွှေတိဂုံဘုရားလမ်း နဲ့ အနော်ရထာလမ်း(ကျုံးကြီးလမ်း) ထောင့် လသာမြို့နယ် မီးပွိုင့်မှာ ၇ိုက်ခဲ့တာပါ။

ခိုးရိုက်ခဲ့တာ ဖြစ်လေတော့ ပုံတော့ မကောင်းဘူးပေါ့။

အဲ့ဒီမီးပွိုင်ရဲ့ ယာဉ်ထိန်း ကင်းတဲထဲမှာ အရပ်ဝတ်နဲ့ ကောင်လေးတစ်ယောက်က အိပ်ပြီး ပုန်းကာ မီးပွိုင့်မီးခလုပ်ကို ကလိပေးတယ်။ အရှိန်နဲ့ လာတဲ့ ကားတွေမြန်မြန်သွားချင်အောင် မီးစိမ်းပေးထားပြီး မီးပွိုင့်ေ၇ှ့ေ၇ာက်မှ မီးကို ရုတ်တ၇က်နီလိုက်တဲ့အလုပ်ကို လုပ်တယ်။

အဲ့ဒီကားတွေဖြတ်လာမယ့် လမ်းမပေါ်မှာ ဓါတ်ပုံထဲက ယာဉ်ထိန်းက ချောင်းနေတယ်။

ပွိုင့်ကလိလိုက်လို့ မီးနီဖြတ်သလို ဖြစ်သွားတဲ့ကားတွေကို ပုံပါအတိုင်း ယာဉ်ထိန်းက တားပြီး မရပ်တဲ့ကားကို နံပါတ်မှတ်ချင်ယောင် ဆောင်ရေးလေ့ရှိတယ်။ ရပ်ပေးတဲ့ကားကို ရစ်၊ ညစ်ပြီး ငွေတောင်းတယ်။
(တစ်စီးကို သုံးထောင်လောက်ရတယ်။)

ကားသမားနဲ့ ယာဉ်ထိန်း ဘယ်သူက ဥပဒေချိုးဖေါက်တာလဲ..
This posting includes an audio/video/photo media file: Download Now
Posted: 17 May 2012 08:01 AM PDT
ပရဟိတ လုပ်ကိုင်နေသူများသည် သူတစ်ပါး အကျိုးပြု လုပ်ငန်းများကို လုပ်ကိုင်ပေးနေသူများ ဖြစ်ကြသည်။ ပရဟိတ လုပ်ငန်း လုပ်ကိုင်သူများ ဆိုရာတွင် ရဟန်းရှင် လူ ပုဂ္ဂိုလ် အားလုံးကို အကျုံးဝင်စေသည်။

ထိုကဲ့သို့သော လုပ်ငန်းတွင် ပါဝင်လုပ်ကိုင်ပေးနိုင်ဖို့ရန် တော်ရုံတန်ရုံ စိတ်ဓာတ်ဖြင့် မဖြစ်နိုင်ပေ။ အဘယ်ကြောင့် ဆိုသော် ပရဟိတ လုပ်ငန်းလုပ်ကိုင်သူသည် ကာယကံ အားဖြင့်လည်း အပင်ပန်းခံရသည်။ ၀စီကံအားဖြင့်လည်း အနားမနေရ။ မနောကံအားဖြင့်လည်း စီစဉ်နေရသည်။ လူအားကိုလည်း ရင်းနှီးရသည်။ အချိန်အားကို စိုက်ထုတ်ရသည့်အပြင် တစ်ခါတစ်ရံ ငွေအားကိုပါ အကုန်ကျ ခံရသေးသည်။ ထို့အပြင် ပတ်ဝန်းကျင်မှ အဝေဖန်ပင် ခံရတတ်သေးသည်။

ထိုထိုသော အဆင့်များစွာကို ကျော်ဖြတ်နိုင်မှ သာလျှင် ပရဟိတ လုပ်ကိုင်နိုင်သော အဆင့်သို့ ရောက်ရှိရသည်။ မြတ်စွာဘုရားသည် ပါရမီ ဖြည့်စဉ် ဘ၀များစွာတွင်လည်း ပရဟိတ လုပ်ငန်းများစွာကို လုပ်ကိုင်ခဲ့သည်။ ဘုရားဖြစ်တော်မူပြီး နောက်တွင်လည်း သတ္တ၀ါများအကျိုးအတွက် ပရဟိတ လုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့သည်။ သတ္တ၀ါများစွာကို နိဗ္ဗာန် အထိပင် ပို့ဆောင်ပေးခဲ့ပေသည်။ ကျေးဇူးကြီးမားလှပေစွ။

အများအကျိုး ပရဟိတ လုပ်ကိုင်ရင်း မိမိ အတ္တအကျိုးအတွက် ဦးစားပေး ပြုလုပ်သွားကြသော ပုဂ္ဂိုလ်များလည်း ရှိသည်။ ပရဟိတ ဟု အမည်ခံကာ မိမိအတွက် အကျိုးစီးပွား ဖြစ်ထွန်းရေးကိုသာ လုပ်ဆောင်သွားတတ် သောကြောင့် ထိုသူကို ပရဟိတ ပုဂ္ဂိုလ်ဟု ခေါ်ဆို၍ မရနိုင်ပေ။ အတ္တဟိတ ပုဂ္ဂိုလ် သာလျှင် ဖြစ်သည်။

ထိုကြောင့် ပရဟိတ လုပ်ကိုင်နေသူများသည် ထိုအချက်ကိုလည်း သတိကြီးစွာ ဂရုပြုသင့်ပေသည်။

ပရဟိတ လုပ်ကိုင် ကူညီနေကြသော ပုဂ္ဂိုလ်များသည် အခြေခံ အားဖြင့် အောက်ပါ အချက်များကို လေ့လာပြီး မိမိ၏ စိတ်သန္တာန်ကို စိစစ်ပေးနေရမည် -

(၁) သာသနာကို ကြည်ညိုမြတ်နိုး ယုံကြည်သော သဒ္ဓါအား ထက်သန်ရမည်။

(၂) အများအကျိုးအတွက် ဆန္ဒ ပြင်းပြရမည်။

(၃) ဒေါသ မကြီးရ။

(၄) စိတ်ရှည်၊ သည်းခံနိုင်ရမည်။

(၅) လူသားများကို မေတ္တာဓာတ်ဖြင့် ကြည့်နိုင်အောင် ကြိုးစားရမည်။

(၆) မိမိ လုပ်တာသာလျှင် အမှန်ဟု မဖြစ်စေရ။

(၇) အဖွဲ့တွင် လုပ်ကိုင်နေသူ ပုဂ္ဂိုလ်များနှင့် တိုင်ပင်ရမည်။

(၈) အဖွဲ့ဝင် အချင်းချင်း လုပ်ငန်းနှင့် ပတ်သက်၍ လျှို့ဝှက်ချက် မထားရ။

(၉) အဖွဲ့ဝင်အားလုံး ရိုးသားမှုနှင့် ပွင့်လင်းမှုကို အခြေခံထားရမည်။

(၁၀) တစ်ဦးနှင့် တစ်ဦး မာန မရှိစေဘဲ အပြန်အလှန် လေးစားမှု ရှိရမည်။

(၁၁) အဖွဲ့အစည်း အထဲတွင် သူ့လူ၊ ငါ့လူ ဟူ၍ မရှိစေရ။

(၁၂) မိမိကိုယ်တိုင်လည်း အဖွဲ့အစည်းတွင် အရေးကြီးသော လုပ်ငန်းနေရာ ယူတတ်ရသလို သူတစ်ပါးကိုလည်း နေရာ ပေးနိုင်ရမည်။

(၁၃) အလုပ်နှင့် ပုဂ္ဂိုလ် နှစ်ခုတွင် ပုဂ္ဂိုလ်ထက် အလုပ်ကိုသာ ဦးစားပေး ကြည့်ရမည်။

(၁၄) အလှူရှင် လှူဒါန်းထားသော အလှူငွေကို သော်လည်းကောင်း၊ အလှူပစ္စည်း ကိုသော်လည်းကောင်း ရည်ရွယ်ချက် မှန်မှန်ဖြင့် ပြီးမြောက်အောင် အချိန်နဲ့ တပြေးညီ လုပ်ဆောင်ပေးရမည်။

(၁၅) ငါ့ နာမည်အတွက် မဖြစ်စေရဘဲ အဖွဲ့နာမည်အတွက်၊ သာသနာ အတွက်သာ ဖြစ်ရမည်။

(၁၆) ရှေ့လုပ်ငန်းစဉ်များအတွက် ကြိုတင် စီမံချက် ဆွဲထားရမည်။

(၁၇) မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ ဟူသော ဗြဟ္မစိုရ်တရား လေးပါးကို လက်ကိုင်စွဲထားရမည်။

(၁၈) အဖွဲ့ဝင် အားလုံးသည် ကောင်းသည့် စေတနာဖြင့် လုပ်ဆောင် ပေးနေကြသည် သာ ဖြစ်သည့်အတွက် တစ်ဦးနှင့် တစ်ဦး နားလည်မှု အပြည့်အ၀ ပေးရမည်။

(၁၉) မိမိ လုပ်ကိုင်နေသော အလုပ်သည် အများအကျိုးအတွက် လုပ်ကိုင်ရင်း ကုသိုလ်အရေး ဖြစ်သောကြောင့် အကုသိုလ် ဖြစ်စေမည့် ကိစ္စရပ်များကို ရှောင်ရှားရမည်။

(၂၀) ငါကတော့ အဲဒါကို လုပ်ထားတယ်၊ သူကတော့ ငါ့လောက် မလုပ်ဘူး ဆိုသည့် အတွေးမျိုးထက် ငါကလည်း ဒီလို လုပ်ထားတယ်၊ သူကိုလည်း ငါ့လို လုပ်နိုင်အောင် ကူညီ တွန်းအားပေးသွားမယ် စသည့်ဖြင့် အချင်းချင်း လက်တွဲ ခေါ်ဆောင်သွားရမည်။

(၂၁) အချို့သော အခြေအနေမျိုးတွင် အလုပ်ပြီးစီးဖို့သာ အဓိက ဖြစ်သည့်အတွက် သူ့အလုပ်၊ ငါ့အလုပ် ဟု မခွဲခြားဘဲ အချင်းချင်း ကူညီကြရမည်။

(၂၂) အလုပ်လုပ်ရာတွင် တစ်စုံတစ်ဦးမှ တိုက်တွန်းစရာ မလိုဘဲ မိမိ၏ ဆန္ဒနှင့် လုပ်ကိုင်နိုင်အောင် ကြိုးစားရမည်။

(၂၃) သူတစ်ပါး ထိခိုက်စေသော ကိစ္စရပ်များကို ရှောင်ကြဉ်နိုင်၍ အသိ ဉာဏ်ပညာဖြင့် နှိုင်းဆ ချင့်ချိန်ကာ အလုပ်လုပ်တတ်ရမည်။

(၂၄) ကိုယ်ကျင့်တရား ပြည့်စုံအောင် ကြိုးစားနေရမည်။

(၂၅) ပေးဆပ်ခြင်းမှာ ပျော်မွေ့နေသူများ ဖြစ်နေရမည်။

အထက်ပါ အရည်အချင်းများကို အတတ်နိုင်ဆုံး ပြည့်စုံအောင် ကြိုးစားလာနိုင်ပါက ပရဟိတ စိတ်ဓာတ် ပြည့်ဝသော အရည်အချင်းရှိသည့် ပုဂ္ဂိုလ် တစ်ဦး ဖြစ်လာပေမည်။ ကာယကံ၊ ၀စီကံ၊ မနောကံ ကံသုံးပါးလုံးဖြင့် ကုသိုလ်များ ရရှိနေသည်။ ထိုကဲ့သို့ စိတ်ထား ရှိသည့် ပုဂ္ဂိုလ်များသည် ဒါန ပါရမီအစ၊ ဥပေက္ခာ ပါရမီ အဆုံး အစရှိသည့် ပါရမီ ဆယ်ပါးကို ဖြင့်ကျင့်ခြင်းဖြင့်ပင် တူပေသည်။ ဘုရားအလောင်းတော် တို့၏ စိတ်ဓာတ်ပင် ဖြစ်သည်။ နိဗ္ဗာန်သို့လည်း လွယ်ကူစွာ ဆိုက်ရောက်နိုင်သည်။

ထိုကြောင့် ပရဟိတ လုပ်ကိုင်နေသူတို့ လျှောက်လှမ်းနေသော ခြေလှမ်းများသည် နိဗ္ဗာန်သို့ဦးတည် လျှောက်လှမ်းနေ ကြသော ခြေလှမ်းများပင် ဖြစ်နေသည်ဟု ဆိုချင်ပေတော့သည်။
Posted: 17 May 2012 07:05 AM PDT
သူကြွယ်သား - ကောင်းသော စိတ်နှလုံးရှိသော ဤမိတ်ဆွေလေးယောက်တို့ကို သိအပ်ကုန်၏ ။
(၁) ကျေးဇူးပြုတတ်သော ကောင်းသော စိတ်နှလုံးရှိသည့် မိတ်ဆွေစစ်ကို သိအပ်၏ ။                         
(ဥပကာရ မိတ်ဆွေ)
(၂) ချမ်းသာအတူ ဆင်းရဲလည်းအတူဖြစ်သော ကောင်းသော စိတ်နှလုံးရှိသည့် မိတ်ဆွေစစ်ကို သိအပ်၏ ။
(သမာနသုက္ခဒုက္ခ မိတ်ဆွေ)
(၃) အကျိုးစီးပွားကို ပြောကြားတတ်သော ကောင်းသော စိတ်နှလုံးရှိသည့် မိတ်ဆွေစစ်ကို သိအပ်၏ ။      
(အတ္ထက္ခာယီ မိတ်ဆွေ)
(၄) အစဉ်သနားတတ်သော ကောင်းသော စိတ်နှလုံးရှိသည့် မိတ်ဆွေစစ်ကို သိအပ်၏ ။                       
(အနုကမ္ပက မိတ်ဆွေ)

ဥပကာရ မိတ်ဆွေ
သူကြွယ်သား -  ကျေးဇူးပြုတတ်သော ကောင်းသော စိတ်နှလုံးရှိသည့် မိတ်ဆွေစစ်ကို
လေးပါးသော အကြောင်းတို့ဖြင့် သိအပ်၏ ။
(၁) မူးယစ်နေသော မိတ်ဆွေကို စောင့်ရှောက်တတ်၏ ။                            
(၂) မူးယစ်မေ့လျော့နေသော မိတ်ဆွေ၏ ပစ္စည်းဥစ္စာကို စောင့်ရှောက်တတ်၏ ။
(၃) ကြောက်ရွံ့နေသော မိတ်ဆွေ၏ အားကိုးရာ ဖြစ်၏ ။                            
(၄) ပြုဖွယ်ကိစ္စ ဖြစ်ပေါ်လာပါက အကူအညီ တောင်းခံသည်ထက်                
နှစ်ဆတက်သော စည်းစိမ် အထောက်အပံ့ကို ပေးတတ်၏ ။              
ဤလေးပါးသော အကြောင်းတို့ဖြင့် ကျေးဇူးပြုတတ်သော
ကောင်းသောစိတ်နှလုံးရှိသည့် မိတ်ဆွေစစ်ကို သိအပ်၏ ။
သမာနသုခဒုက္ခ မိတ်ဆွေ
သူကြွယ်သား -  ချမ်းသာအတူ ဆင်းရဲအတူဖြစ်သော ကောင်းသော စိတ်နှလုံးရှိသည့် မိတ်ဆွေစစ်ကို
လေးပါးသော အကြောင်းတို့ဖြင့် သိအပ်၏ ။
(၁) ထိုမိတ်ဆွေအား လျို့ဝှက်အပ်သည့် အမှုကိစ္စကို ပြောကြား၏ ။ 
(၂) ထိုမိတ်ဆွေ၏ လျို့ဝှက်အပ်သည့် အမှုကိစ္စကို လျို့ဝှက်ထား၏ ။
(၃) ဘေးရန် ဖြစ်ပေါ်လာလျှင် မစွန့်ပစ်။                                  
(၄) ထိုမိတ်ဆွေအတွက် အသက်ပင်သော်လည်း စွန့်လွှတ်၏ ။      
ဤလေးပါးသော အကြောင်းတို့ဖြင့် ချမ်းသာအတူ ဆင်းရဲအတူဖြစ်သော
ကောင်းသောစိတ်နှလုံးရှိသည့် မိတ်ဆွေစစ်ကို သိအပ်၏ ။
အတ္ထက္ခာယီ မိတ်ဆွေ
သူကြွယ်သား -  အကျိုးစီးပွားကို ပြောကြားတတ်သော ကောင်းသော စိတ်နှလုံးရှိသည့် မိတ်ဆွေစစ်ကို
လေးပါးသော အကြောင်းတို့ဖြင့် သိအပ်၏ ။
(၁) မကောင်းမှုမှ တားမြစ်တတ်၏ ။                                
(၂) ကောင်းမှု၌ သက်ဝင်စေ၏ ။ တိုက်တွန်းတတ်၏ ။           
(၃) မကြားဖူးသော တရားစကားကို ပြောကြားတတ်၏ ။        
(၄) နတ်ပြည်ရောက်ကြောင်း ခရီးလမ်းကို ပြောကြားတတ်၏ ။
ဤလေးပါးသော အကြောင်းတို့ဖြင့် အကျိုးစီးပွားကို ပြောကြားတတ်သော
ကောင်းသောစိတ်နှလုံးရှိသည့် မိတ်ဆွေစစ်ကို သိအပ်၏ ။
အနုကမ္ပက မိတ်ဆွေ
သူကြွယ်သား -  အစဉ် သနားတတ်သော ကောင်းသော စိတ်နှလုံးရှိသည့် မိတ်ဆွေစစ်ကို
လေးပါးသော အကြောင်းတို့ဖြင့် သိအပ်၏ ။
(၁) ထိုမိတ်ဆွေ၏ ဆုတ်ယုတ်ပျက်စီးခြင်းကို မနှစ်သက်။                           
(၂) ထိုမိတ်ဆွေ၏ ဖြစ်ထွန်းတိုးတက်ခြင်းကို နှစ်သက်၏ ။                          
(၃) ထိုမိတ်ဆွေအား ကဲ့ရဲ့စကား ပြောကြားသူကို ကန့်ကွက်တားမြစ်တတ်၏ ။
(၄) ထိုမိတ်ဆွေအား ချီးမွမ်းစကား ပြောကြားသူကို ထောက်ခံချီးမွမ်းတတ်၏ ။  
ဤလေးပါးသော အကြောင်းတို့ဖြင့် အစဉ် သနားတတ်သော
ကောင်းသောစိတ်နှလုံးရှိသည့် မိတ်ဆွေစစ်ကို သိအပ်၏ ။
(သာသနာတော် ထွန်းကားပြန့်ပွားရေး ဦးစီးဌာန၊
ဗုဒ္ဓဘာသာကောင်းတစ်ယောက်စာအုပ်၊ သိင်္ဂါလသုတ်မှ ... )
                                                                      ရှာဖွေတင်ပြသူ - မာလာထွေး
    
  
          
This posting includes an audio/video/photo media file: Download Now
Posted: 17 May 2012 04:59 AM PDT
သူငယ်ချင်းတို့ရေ၊ ကောင်းသောနေ့လေးပါနော်၊ ကျနော့် သူငယ်ချင်းတွေနဲ့အတူ စာပေတွေထဲက တစ်ခုကို ဒီနေ့ ထုတ်နှုတ်ပြီး အတွေး နယ်ချဲ့ကြမယ်ဗျာ.....
          မနေ့ကညနေပိုင်းမှာ ကျနော် အရမ်းပျော်ခဲ့တယ်၊ ကျနော်နဲ့ စီးပွားဖက်လို့ ပြောလို့ရတဲ့ သူငယ်ချင်း လိုလည်း ခင်မင်ပြီး၊ အစ်ကိုကြီးလိုလည်း လေးစားရတဲ့ လုပ်ငန်းရှင် တစ်ယောက်က သူတို့ စီးပွားရေး လုပ်ငန်း စတင် ထူထောင်တဲ့ (၅)နှစ်မြောက် အထိမ်းအမှတ် ညစာ စားပွဲလေးနဲ့ One Table လုပ်တော့ ကျနော့်ကို ဖိတ်တာနဲ့ ကျနော် သွားရောက် စားသောက်ခဲ့ပြီး ပျော်ရွှင်ခဲ့တာပါ၊ အဲ့ဒီ အစ်ကိုကြီးက ညစာ စားပွဲကို အရမ်းကောင်းတဲ့ Black & Blue Label  ကြက်သား/ ၀က်သားတွေနဲ့ စီမံထားတဲ့ ယိုးဒယား စားဖွယ်တွေ၊ ပင်လယ်စာတွေနဲ့ စုံလင်အောင် စီမံထားတော့ သူငယ်ချင်းအားလုံး တက်ညီ လက်ညီနဲ့ အမုန်းဆွဲခဲ့ကြပါတယ်၊ ကျတော်တို့ သူငယ်ချင်း တွေလည်း တော်တော့ကို စုံနေတာမို့ သောက်ကြ စားကြ၊ ပြောကြ ဆိုကြ၊ မပီမသနဲ့ ဂီတကို စာလိုဆိုကြတဲ့ ကောင်မလေးတွေရဲ့ ဖျော်ဖြေမှုနဲ့ ၀ိုးတ၀ါး အလှတွေကလည်း အဲ့ဒီအချိန်မှာတော့ ရီဝေေ၀ ယစ်မူးနေတဲ့ ဦးဏှောက်နဲ့မို့လား မသိပါဘူးဗျာ၊ အမြင် တင့်တယ်ပြီး တေးသံကလည်း ချိုသာနေသလိုပါပဲ၊ ဒီလိုနဲ့ ပျော်ပျော်ကြီး စားသောက် ပျော်ပါး လိုက်ကြရတော့ သူငယ်ချင်း အစ်ကိုကြီးရဲ့ စေတနာကို ဘယ်တော့မှ မမေ့ဘူးလို့ ကျနော့ အတွေးမှာ မှတ်သားပြီး အဲ့ဒီညက (၁၂)နာရီ ထိုးခါနီးမှ ကျနော်တို့ အိမ်ပြန်ခဲ့ကြပါတယ်။
          ကျနော်တို့အိမ်မှာ ဓလေ့တစ်ခုရှိတယ်၊ မနက်စောစော အိပ်ယာထကြတဲ့ အကျင့်ပါ၊ မနက် ၄း၃၀ ဆိုရင် ကျနော်နဲ့ ညီမလေးက အိပ်ယာထကြတယ်၊ ကျနော်က ဘုရားခန်း သန့်ရှင်းရေးနဲ့ ဘုရားမှာ ဆွမ်း၊ ရေချမ်း၊ ပန်း၊ ဆီမီး ကပ်လှူတယ်၊ ညီမလေးက အိမ်ရဲ့ သန့်ရှင်းရေး လုပ်တယ်၊ နံက်စာအတွက် ပြင်ဆင်တယ်၊ မနက် (၅)နာရီထိုးရင် မေမေက ဘုရားဝတ်ပြုတယ်၊ ပြီးတော့ (၆)နာရီ ထိုးရင် ထမင်းစာခန်းမှာ မိသားစုတွေ ဆုံပြီး နံနက်စာ စားကြတယ်၊ အဲ့ဒီနေ့လုပ်မယ့် လုပ်ငန်းတွေကို အစီအစဉ်ဆွဲတယ်၊ မိသားစု စကား ၀ိုင်းလေး တစ်ခုအဖြစ် ပွင့်ပွင့်လင်းလင်း ပြောဆိုကြတယ်၊ ဒီနေ့မနက် ကျနော့မှာ မပြောရင် မနေနိုင်လောက်အောင် ပြောချင်နေတဲ့ ညတုန်းက သူငယ်ချင်း အစ်ကိုကြီး ဧည့်ခံတဲ့ ညစာ စားပွဲအကြောင်းကို ဖွင့်ပြောမိပါတယ်၊ ညတုန်းက သူငယ်ချင်း အစ်ကိုကြီးရဲ့ ဧည့်ခံပွဲမှာ ကျွေးတဲ့ အစားအသောက်တွေ အကြောင်းကိုပေါ့၊ ""မေမေရယ် အဲ့ဒီ အစ်ကိုကြီးရဲ့ ဧည့်ခံမှုကတော့လေ ယိုးဒယား အစားအစာတွေ၊ ပင်လယ်စာတွေနဲ့ ကောင်းလည်း ကောင်း ကြိုက်လည်း ကြိုက်မို့  သားအတွက်တော့ တစ်သက် မမေ့စရာ လို့တောင် ပြောလို့ရပါတယ်"" လို့လည်း ၀င်္က၀ုတ္တိ အလင်္ကာ လေးနဲ့ ပြောလိုက်မိပါတယ်၊ မေမေကတော့ ကျနော့ကို ပြုံးပြုံလေး ကြည့်နေတယ်ဗျ၊ ကျနော်လည်း မေမေ့ရဲ့ သားပေမို့ မေမေဟာ တစ်ခုခု ပြောချင်နေပြီ ဆိုတာ သိပါတယ်၊ အလိုက်သိတဲ့ ညီမလေးကလည်း ""ကိုကြီးရယ် မကြွားပါနဲ့ ညီမလေးရဲ့ သူငယ်ချင်းအိမ်မှာ အိမ်သစ်တက်ပွဲ တုန်းကလည်း အဲ့ဒီလို အစားကောင်းတွေ စုံစုံလင်လင် စားခဲ့ရပါတယ်၊ ကိုကြီးလိုမျိုး တစ်သက် မမေ့စရာပေါ့"" လို့ ၀င်ပြောပါတယ်၊ ကျနော် ထင်မိတာက ညတုန်းက ကျနော် အရက်သောက်မယ် ဆိုတာကို မေမေ့ကို ကြိုပြောထားတယ်၊ မေမေဟာ လုပ်ငန်းကိစ္စနဲ့ တစ်ခါတစ်ရံ ကျနော် အရက်သောက်တာမျိုးကို အရင်ကတည်းက ခွင့်ပြုတယ်၊ ညကလည်း ခွင့်ပြုတာပါပဲ၊ ဒါပေမယ့်... ညက အချိန်မတော်မှ အိမ်ပြန်ရောက်တာကိုများ မေမေ မကြိုက်တာလား ဆိုပြီး အသာလေး ငြိမ်နေလိုက်ပါတယ်။
          အဲ့ဒီအချိန်မှာ မေမေဟာ စကား စပြောပါတော့တယ်... ""အင်း.... မင်းတို့တွေ အခုလို ကြီးပွားကြတာ၊ ပျော်နိုင်ကြတာ၊ စားနိုင် သောက်နိုင် ကြတာတွေဟာ အရမ်းပဲ ၀မ်းသာစရာတွေပါ၊ ဒါဟာလည်း ကိုယ့်ရဲ့ ၀ါသနာနဲ့ ကိုယ်လုပ်တဲ့ စီးပွားရေး အံဝင်ဂွင်ကျ ဖြစ်တယ်လို့ ပြောရမှာပါပဲ၊ ဒါပေမယ့် တစ်ခုတော့ မေမေက သတိပေးချင်ပါတယ်၊ သမီးလည်း နားထောင်ပါ၊ သားကပြောတယ်၊ သူ့သူငယ်ချင်း အစ်ကိုကြီး ကျွေးမွေးတဲ့ မနေ့ညက One Table ဟာ ဘယ်လိုမျိုး စားလို့ကောင်းကြောင်း၊ ဘယ်လိုမျိုး ပျော်စရာ ကောင်းကြောင်း၊ သူငယ်ချင်းကို ဘယ်လို ကျေးဇူးတင်ပြီး တစ်သက် မေ့မရကြောင်းတွေကို အူလှိုက် သည်းလှိုက် ခံစားပြီး  ၀မ်းပန်း တသာနဲ့ ပြောခဲ့တယ်နော်၊ မေမေ့ သား/သမီးတွေ ကြိုက်တာကို စားရလို့ ပျော်တယ်ဆိုတော့ မေမေလည်း ပျော်တာပေါ့၊ သူငယ်ချင်းကို ကျေးဇူး တင်တယ် ဆိုတာလည်း မှန်ပါတယ်.. တစ်လုပ်စားဖူး သူ့ကျေးဇူး ဆိုတဲ့ စကားပုံတောင် ရှိသေးတာပဲ၊ အခုဟာက တစ်လုပ်မှ မဟုတ်တာ One Table ကိုးကွ၊ အဲ့ဒီလိုပါပဲ.. သားတို့/ သမီးတို့ကို မေမေက နေ့စဉ် နေ့တိုင်း ကျွေးခဲ့တဲ့၊ ကျွေးနေတဲ့၊ ကျွေးဦးမယ့် Three Tables ကို မေမေ့ သားနဲ့သမီး ပျော်ပျော်ကြီး စားနေကြတာ မြင်ရတိုင်း မေမေလည်း အရမ်းပျော်ခဲ့ပါတယ်၊ ဒါပေမယ့်.. မေမေ့ သားနဲ့ သမီးက မေမေ နေ့စဉ်ကျွေးနေတဲ့ Three Tables ကိုတော့ အဲ့သလို ကောင်းကြောင်း ပျော်ကြောင်း ပြောဆိုသံတွေကို မေမေ မကြားမိသလိုပဲနော်"" တဲ့ဗျာ။
          သူငယ်ချင်းတို့ရေ.... အရမ်းချစ်စရာကောင်းတဲ့ မေမေပါ၊ မေမေ ပြောတဲ့စကားကြောင့် ကျနော် လန့်သွားပါတယ်၊ မေမေ ပြောတာတွေ မှန်ပါတယ်၊ ကျနော်တို့ဟာ တစ်သက်မှာ တစ်ခါလောက်သာ ကျွေးဖူးတဲ့ သူငယ်ချင်း တစ်ယောက်ရဲ့ One Table ကိုတော့ ပြောလို့မဆုံး၊ ကျေးဇူးတင်လို့ မဆုံး ဖြစ်နေမိပြီး၊ နေ့စဉ် နေ့တိုင်း စားပွဲခုံပေါ်မှာ မရေတွက်နိုင်အောင် ကျွေးခဲ့တဲ့ မိဘတွေရဲ့ Tables တွေကိုတော့ တန်ဖိုး မထားခဲ့ကြသလိုပဲနော်....။
Posted: 17 May 2012 04:36 AM PDT
မိဘဂုဏ်(၁၂)ပါးဂုဏ်တွေသိတော့ပိုပြီးလေးစားတက်လာတာပေါ့။မြတ်စွာဘုရား ဟောကြားတော်မူခဲ့သော သောဏနန္ဒဇာတ်လာ မိဘဂုဏ်(၁၂)ပါး။
၁။ မိဘ ဆိုတာ ကိုးကွယ်ရာ ဗြဟ္မာဖြစ်တော့သည်။
၂။ သွန်သင်ပြသ ဆိုဆုံးမ မိဘ ဆရာ ဖြစ်တော့သည်။
၃။ အလှူခံ ပုဂ္ဂိုလ် မိဘဆို လှူကို လှူရမည်။
၎။ အိမ်စောင့် အိမ်ဦး နတ်မြတ်ထူး အထူးပူဇော်မည်။
၅။ ခြင်ဆီရိုးထဲ လွန်စွာကဲ ချစ်လည်းချစ်ကြသည်။
၆။ မွေးဖွားပို့ဆောင် ဤလူ့ဘောင် ဂုဏ်ရောင်လင်းစေသည်။
၇။ နို့ချို တိုက်ကျွေး မွေးမြူပေး အလေးထားရမည်။
၈။ ယုယ ကြင်နာ ပိုးပမာ မွေးရှာခဲ့ကြသည်။
၉။ ပူပန်ကြီးစွာ စောင့်ရှောက်ကာ ကာကွယ်ပေးကြသည်။
၁၀။ လောကအကြောင်း လူ့အကြောင်း ကောင်းကောင်းညွှန်ပြသည်။
၁၁။ ယုယပိုက်ထွေး ချော့မြှူပေး နွေးထွေး ကြင်နာသည်။
၁၂။ ရတဲ့ ဥစ္စာ သားသမီးဖို့ပါ ဖွေရှာ ထိန်းသိမ်းသည်။
မိဘတို့သည် သားသမီးအပေါ်တွင် မည်မျှကောင်းကြောင်းကို ထင်ရှားစေသောစာသားများဖြစ်သည်။အချို့သော သားသမီးတို့သည် မိဘကို ပစ်ပယ်၍ဘိုးဘွားရိပ်သာ သို့ပို့ထားကြသည်။အချို့ သော သားသမီးများက မိဘတို့ကိုစော်ကားကြသည်၊ ထိုသို့သာ သားသမီးများက မိဘကိုစော်ကားနေလျှင်ငရဲရောက်မည်မှာ ဧကန်ဖြစ်သည်။ ထိုသို့ မဖြစ်ရလေအောင် လူတိုင်းသိရှိပြီးလိုက်နာနိုင်ရန်ရေးသားလိုက်ရပါသည်။
အထက်ပါစာသားများ၏အကျယ်ရှင်းလင်းချက်မှာ
၁။ သားသမီးအပေါ်တွင် ထာဝစဉ် မေတ္တာထားသောကြောင့် ဗြဟ္မာ ဖြစ်ပါသည်.
၂။ ငယ်စဉ်ကတည်းက ဒီလိုစား၊ဒီလိုသွား၊ဒီလိုနေ ဟူ၍သင်ကြားပြသပေးသောကြောင့်လက်ဦးဆရာ ဖြစ်သည်။
၃။ မိဘသည် ရပ်ဝေးတွင် စီးပွားရှာ၍ သားသမီးကိုကျွေးမွေးသည်။သားသမီးကလည်းထိုသို့ ပြန်လည် လုပ်ကျွေး ထိုက်သော အာဟုနေယျ ပုဂ္ဂိုလ် ဖြစ်သည်။
၎။ သားသမီး ရှာဖွေသည်ကို မပျောက်ပျက်အောင် တိုးတက်အောင်စောင့်ရှောက်ပေးသော ပုဗ္ပဒေဝတာ ဖြစ် သည်။
၅။ သားသမီးမမွေးခင် ကတည်းက ကြိုတင်ချစ်ခင်လွန်းသောကြောင့် သုဟဒ ဟုမည်သည်။
၆။ လူဖြစ်အောင် မွေးဖွားပေးခဲ့သော မိခင်၏ ဂုဏ်ကို ဇနေတ္ထိ ဟုခေါ်သည်။
၇။ နို့ချိုတိုက်ကျွေးခဲ့သော မိခင်၏ ဂုဏ်ကို ပေါသက ဟုခေါ်သည်။
၈။ ယုယကြင်နာစွာ မွေးဖွားပေးခဲ့သော မိခင်၏ဂုဏ်ကို ပေါသေန္တ ဟုခေါ်သည်။
၉။ အမြဲတစဉ် စောင့်ရှောက်နေတတ်သောကြောင့် အာပါဒက ဟုမည်သည်။
၁၀။ လူအကြောင်း၊လောကအကြောင်းကိုမိဘများ သိသမျှ သားသမီးများသိရအောင်ပြောပြသောကြောင့် ဒေဿတာရ ဟုခေါ်သည်။
၁၁။ သားသမီးများကို ချော့ပြော၊နားဝင်အောင် ပြောသောကြောင့် တောသယန္တိ ဂုဏ်မည်သည်။
၁၂။ ကိုယ်သုံးဖို့ ရှာထားသောပစ္စည်းကို ကိုယ် ကိုယ်တိုင်မသုံးရက်၊မစားရက်အောင်
သားသမီး အတွက် ချန်ထားသောကြောင့် ရသော ဂုဏ်ကို ဂေါပယန္တိဟုခေါ်သည်
ပါဠိစာပေကို များစွာ ကျွမ်းကျင်မှု မရှိသောကြောင့် အချို့ သောပါဠိစာသားများမှားယွင်းမှု ရှိနေပါတယ်။
ဘာသာရေးစာအုပ်တစ်အုပ်မှ ပြန်လည်ကောက်နှုတ် ဖော်ပြထား ဖြစ်ပါသည်။
Posted: 17 May 2012 02:56 AM PDT

တိုရှင်း ပြတ်သားသော သြ၀ါဒများ

၁။ လောကမှာ အချစ်ဆုံးသော အရာသည် ဒုက္ခအပေးဆုံးပဲ၊ ချစ်စရာ တစ်ခုရှိလျင် ဒုက္ခတစ်ခု၊ ချစ်စရာများလျင် ဒုက္ခများတယ်၊ ချစ်စရာ မရှိလျင် ဒုက္ခ မရှိတော့ဘူး မှတ်ပါ။

၂။ စိတ်ကြီးဝင်ပြီး အောက်ခြေလွတ်နေတယ် ဆိုတာ ဟိုလူကိုငေါက်၊ ဒီလူကို ငေါက်နဲ့ တချို့များ ပိုက်ဆံပေါလို့ ၊ အာဏာရှိလို့ ရာထူးကြီးလို့ အဖက်မလုပ်ပဲ ဘ၀င်လေဟပ်နေကြတာပဲ။ အဲဒါ စိတ်ကြီးဝင်တာ မဟုတ်ဘူး၊ သံသရာမှာ အောက်ကျ နောက်ကျ ဖြစ်ဖို့အတွက် စိတ်ကလေးဝင်တာ၊ အဲဒီလို စိတ်မျိုး မမွေးမိစေနဲ့။
၃။ လူတွေဟာ သာသနာရဲ့ အနှစ် သီလ သမာဓိ ပညာကို မကြည်ညိုတတ်ကြပဲ ကျောင်းကောင်း ကန်ကောင်းတွေမှပဲ ကြည်ညိုတတ်ကြတယ်၊

၎။ လောကမှာ ဒါန ရှိမှ လူချစ်ခင်တယ်၊ သီလ ရှိမှ လူကြည်ညို ခံရတယ်၊ ပညာတတ်မှ လေးစား ကြပြန်တယ်။

၅။ ပညာ ဆိုတာ စာပေကိုသာ ပြောတာမဟုတ်ဘူး၊ သူ့အရွယ် နှင့် အသက်မွေးဝမ်းကျောင်း ဆိုင်ရာ လက်မှု့အတတ် အားလုံး ပါဝင်တယ်၊

၆။ ဆရာ ဆိုတာ တပည့်ကို တော်တော်များများမြင်မှ ဆရာလုပ်ရတယ်၊ ဘယ်သူ ဟာ ဘယ်လို အရည်အချင်း ရှိတယ် ဆိုတာ မြင်၇တယ်။ တချို့ တပည့်တွေဟာ ဆရာထက် အရည်အချင်း ပိုသေးတယ်၊ ဘယ်လောက်ပင် ဥာဏ်ကောင်းနေပါစေ ဆရာက မကောင်းလျင် လုံးလည်လိုက်ပြီး မတိုးတက်တော့ဘူး။

၇။ လူတွေဟာ ကောင်းကျိုးကိုသာ မျှော်ကြတယ်၊ ကောင်းတာကိုပဲ ခံစားချင်ကြတယ်၊ အကြောင်းကောင်းအောင်တော့ မလုပ်ချင်ကြဘူး၊ အကြောင်းမကောင်းလျင်တော့ အကျိုးလဲ ခံစားရမှာ မဟုတ်ဘူး၊

၈။ ယခု ဘုန်းကြီးတို့ သာသနာမှာ ငွေ ကုန်တွေ များနေတယ်၊ ဘုရားပွဲ အလှူပွဲ ကထိန်ပွဲ တွေမှာ မလိုအပ်တဲ့ ပျော်ပွဲ ရွှင်ပွဲတွေ များနေပြီး သုံးဖြုန်းနေကြတာပဲ။

၉။ အလှူလုပ်တဲ့ အခါမှာ လူချီးမွမ်း ခံချင်တာ လောဘ၊ ဂုဏ်လိုချင်တာ လောဘ၊ နတ်ပြည်ရောက်ချင်တာလဲ လောဘပဲ။

၁၀။ သူတော်ကောင်း ဆိုတာ သူများနဲ့ ဆက်ဆံလျင် ကိုယ်က အနာခံရတယ်၊ လောဘ ဒေါသတွေကို တတ်နိုင်သမျှ လျော့ချ ထားရတယ်။

၁၁။ သံသရာ အရှည် နှင့် ပုထုဇဉ် အရူး -
ခရီးက ရှည်၊ အရူးတွေ၊ စာရေ ( ရိက္ခာ )က သိုး၊ အဖော် ဆိုးသနင့်၊ အမျိုးမျိုး ကာမဂုဏ် အာရုံတွေ အလွန်နောက်တာကြောင့်၊ အပါယ်ဘုံ ခါခါ ရောက်သော်လည်း လွတ်မြောက်ဖို့ ဝေး။

(က) သံသရာ ခရီးက အလွန် ရှည်၏။
(ခ) ခရီးသွားသူတွေက အရူးအနှမ်းတွေသာ၊
(ဂ) သူတို့၏ ဂုဏ် ပကာသန ဒါန သီလ ဘာဝနာ စားနပ် ရိက္ခာသည် နိဗ္ဗာန် မရောက်ခင် ပုပ်သိုးလိမ့်မည်။
(ဃ) သူတို့၏ အဖော်ကား အမြဲပါနေသော တဏှာ ဖြစ်၏။
(င) ထို့ကြောင့် အပါယ်ငရဲ ရောက်သော်လည်း တဏှာ မပျောက်သောကြောင့် သံသရာမှ လွတ်မြောက်ဖို့ အဝေးကြီး ဖြစ်နေ၏။

၁၂။ ကုသိုလ် အကုသိုလ် ဘာကိုပဲဖြစ်ဖြစ် လုပ်မိတဲ့ အခါ သေးငယ်တယ်၊ အကျိုးပေးမှာ မဟုတ်ဘူးလို့ အထင်မသေးကြနဲ့။ တံစက်မြိတ် အောက်မှာ ချထားတဲ့ ရေအိုးစရည်းကြီးဟာ တစက်ချင်း ကျသော်လည်း မကြာမီ ပြည့်လာသလို နောင်တချိန်မှာ အကျိုးပေးမှာပဲ။

၁၃။ မွေးနေ့ ဆိုတာ အသက်ကြီးလာတဲ့ အထိမ်းအမှတ် ဖြစ်တယ်၊
ငါသည် တနှစ်ပို၍ သေဖက် နီးလာပြီ လို့ ဆင်ခြင်ရမယ်၊ အောက်က လင်္ကာလေးကို မရသေးရင် ရအောင် ရွတ်ပြီး မရဏာ နုဿတိ ဘာဝနာဖြစ်အောင် ရွတ်ပါ၊

ငါနှင့် ရွယ်တူ ငါ့အောက်လူ ကြီးသူသေကြ များလှပြီ၊
ခဏမစဲ အိုစမြဲ၊ ကိုယ်လဲ သေဘက် နီးခဲ့ပြီ၊
မသေရမီ ပါရမီ ငါသည် ဖြည့်မှ သင့်တော့မည်၊
အနိစ္စ အနိစ္စ၊ ဒုက္ခ ဒုက္ခ၊ အနတ္တ အနတ္တ။

၁၄။ သီလ မကောင်းဘဲ ဘာဝနာကို တက်ဖို့ စိတ်မကူးနဲ့၊
သီလ မကောင်းရင် ဒါနတောင် မသန့်ရှင်းဘူး၊
သူများအထင် မသေးအောင် ဂုဏ်ရှိအောင် ပြုတဲ့ ဒါနဟာ အလွန်ညံ့တဲ့ ဒါနဖြစ်တယ်။

၁၅။ မင်းစည်းစိမ် ကို မင်းရဲ့သားက စိတ်ကူးတယ်၊ သူတောင်းစားက စိတ်မကူးပါ၊ ရဟန္တာ အဖြစ်ကို သူတော်ကောင်းကသာ စိတ်ကူးတယ်၊ သူယုတ်မာက သတိပင် မရပါ။
 
တောင်မြို့ မဟာဂန္ဓာရုံ ဆရာတော် ဘုရားကြီး၏ သြ၀ါဒများကို ကောင်းနိုးရာရာ သင့်သလို ဖော်ပြပါသည်။
Posted: 17 May 2012 02:34 AM PDT
သူကြွယ်သား  -  မိတ်ဆွေစစ်မဟုတ်သည့် ဤမိတ်ဆွေတု လေးယောက်တို့ကို သိအပ်ကုန်၏ ။
(၁) ယူသာယူတတ်သော မိတ်ဆွေစစ်မဟုတ်သည့် မိတ်ဆွေတုကို သိအပ်၏ ။                                 
(အညဒတ္ထုဟရ မိတ်ဆွေတု)
(၂) နှုတ်မျှဖြင့်သာလျှင် (လောကွတ်) ပေးတတ်သော မိတ်ဆွေစစ်မဟုတ်သည့် မိတ်ဆွေတုကို သိအပ်၏ ။
(၀စီပရမ မိတ်ဆွေတု)
(၃) အကြိုက်ကိုလိုက်၍ ပြောဆိုတတ်သော မိတ်ဆွေစစ်မဟုတ်သည့် မိဆွေတုကို သိအပ်၏ ။                
(အနုပ္ပိယဘာဏီ မိတ်ဆွေတု)
(၄) ပျက်စီးကြောင်း၌ အပေါင်းအဖော်ဖြစ်သော မိတ်ဆွေစစ်မဟုတ်သည့် မိတ်ဆွေတုကို သ်အပ်၏ ။        
(အပါယသဟာယ မိတ်ဆွေတု)
အညဒတ္ထုဟရ မိတ်ဆွေတု
သူကြွယ်သား - စင်စစ် ယူသာယူတတ်သော မိတ်ဆွေစစ်မဟုတ်သည့် မိတ်ဆွေတုကို
လေးပါးသော အကြောင်းတို့ဖြင့် သိအပ်၏ ။
(၁) ယူသာ ယူတတ်၏ ။                                                     
(၂) နည်းသောဥစ္စာကို ပေးခြင်းဖြင့် များစွာသော ဥစ္စာကို အလိုရှိ၏ ။
(၃) မိမိဘေးဖြစ်မှ ထိုသူ့ကိစ္စကို ပြုလုပ်ပေးတတ်၏ ။                  
(၄) အကျိုးစီးပွား ရလိုသောကြောင့် ဆည်းကပ်၏ ။                    
ဤလေးပါးသော အကြောင်းတို့ဖြင့် စင်စစ် ယူသာယူတတ်သော
မိတ်ဆွေစစ်မဟုတ်သည့် မိတ်ဆွေတုကို သိအပ်၏ ။
ဝစီပရမ မိတ်ဆွေတု
သူကြွယ်သား - နှုတ်မျှဖြင့်သာလျှင် ပေးတတ်သော မိတ်ဆွေစစ်မဟုတ်သည့် မိတ်ဆွေတုကို
လေးပါးသော အကြောင်းတို့ဖြင့် သိအပ်၏ ။
(၁) လွန်ပြီးသော အကြောင်းအရာဖြင့် ချီးမြှောက်၏ ။   
(၂) မဖြစ်သေးသော အကြောင်းအရာဖြင့် ချီးမြှောက်၏ ။
(၃) အချည်းနှီး လောကွတ်အားဖြင့် ချီးမြှောက်၏ ။       
(၄) ဖြစ်ဆဲကိစ္စတို့၌ ပျက်ဆီးခြင်းကို ပြသ၏ ။           
  ဤလေးပါးသော အကြောင်းတို့ဖြင့် နှုတ်မျှဖြင့်သာလျှင် ပေးတတ်သော
မိတ်ဆွေစစ်မဟုတ်သည့် မိတ်ဆွေတုကို သိအပ်၏ ။
အနုပ္ပိယဘာဏီ မိတ်ဆွေတု
သူကြွယ်သား - အကြိုက်ကိုလိုက်၍ ပြောဆိုတတ်သော မိတ်ဆွေစစ်မဟုတ်သည့် မိတ်ဆွေတုကို
လေးပါးသော အကြောင်းတို့ဖြင့် သိအပ်၏ ။
(၁) ထိုသူအား မကောင်းမှုကိုလည်း ခွင့်ပြု၏ ။     
(၂) ထိုသူအား ကောင်းမှုကိုလည်း ခွင့်ပြု၏ ။       
(၃) ထိုသူ၏ မျက်မှောက်၌ ချီးမွမ်းစကားကို ဆို၏ ။
(၄) ထိုသူ၏ မျက်ကွယ်၌ ကဲ့ရဲ့စကားကိုဆို၏ ။   
ဤလေးပါးသော အကြောင်းတို့ဖြင့် အကြိုက်ကိုလိုက်၍ ပြောတတ်သော
မိတ်ဆွေစစ်မဟုတ်သည့် မိတ်ဆွေတုကို သိအပ်၏ ။
အပါယသဟာယ မိတ်ဆွေတု
သူကြွယ်သား - ပျက်စီးကြောင်း၌ အပေါင်းအဖော်ဖြစ်သော မိတ်ဆွေစစ်မဟုတ်သည့် မိတ်ဆွေတုကို
လေးပါးသော အကြောင်းတို့ဖြင့် သိအပ်၏ ။
(၁) သေရည်သေရက် သောက်ခြင်း၌ အပေါင်းအဖော်ဖြစ်၏ ။        
(၂) အခါမဲ့ ခရီးသွားခြင်း၌ အပေါင်းအဖော်ဖြစ်၏ ။                     
(၃) ပွဲလမ်းသဘင် ကြည့်ရှု့နားထောင်ခြင်း၌ အပေါင်းအဖော်ဖြစ်၏ ။
(၄) လောင်းကစားခြင်း၌ အပေါင်းအဖော်ဖြစ်၏ ။                       
ဤလေးပါးသော အကြောင်းတို့ဖြင့် ပျက်စီးကြောင်း၌ အပေါင်းအဖော်ဖြစ်သော
မိတ်ဆွေစစ်မဟုတ်သည့် မိတ်ဆွေတုကို သိအပ်၏ ။

(သာသနာတော် ထွန်းကားပြန့်ပွားရေး ဦးစီးဌာန၊
ဗုဒ္ဓဘာသာကောင်းတစ်ယောက် စာအုပ်၊ သိင်္ဂါလသုတ်မှ ...)
                                                                ရှာဖွေတင်ပြသူ - မာလာထွေး


  


This posting includes an audio/video/photo media file: Download Now
Posted: 17 May 2012 02:27 AM PDT

အမျိုးသမီးများသည် ယောက်ျားများထက် ဘုန်းကံနိမ့်သလော


ဆရာတော်ဘုရား တပည့်တော် နောင်နောင်ပါ၊ အမေရိကားမှာနေပါသည်ဘုရား အနောက်တိုင်းသား ဗုဒ္ဒဘာသာကိုယုံကြည့်သောသူများနှင့် ဘာသာရေးအကြောင်းပြောရင်
မြန်မာပြည်မှ တန်ခိုးကြီးဘုရားတွေမှာ မိန်းကလေးတွေမ၀င်ရ ဥပမာ ကျိုက်ထီးရိုးတို့လို ဆံတော်ရှင် စေတီတော်တော်များများမှာ မိန်းကလေးတွေမ၀င်ရဘူးဆိုပြီး ပြောကြပါသည်ဘုရား အဲဒါနဲ့စပ်ပြိး သူတို့နဲ့စကားပြောဖြစ်တော့ မိန်းကလေးတွေ ဘာလို့မ၀င်ရတာလဲလို့ မေးတော့ တပည့်တော်များလဲ လွယ်လွယ်ပဲဖြေလိုက် ပါတယ်ဘုရား။

မိန်းကလေးတွေက ယောင်္ကျားတွေလောက် မမြတ်လို့ပဲ ဖြေလိုက်တော့ အနောက်တိုင်းသားတွေက အဲဒါကိုလက်မခံပါဘူးဘုရား။ သူတို့က ယောက်ျားမိန်းမ ဆိုတာအတူတူပဲ မိန်းကလေးတွေကတောင် ဒီနိုင်ငံမှာ အခွင့်ရေးပိုပြီးပေးထားတော့ သူတို့က မိန်းမက သာတောင်သာသလိုပြောပါသည်ဆိုတော့ တပည့်တော်သိလိုသည်မှာ ယောက်ျားတွေကမိန်းမတွေထက် ဘုန်းကံကြီးတယ် မြင့်မြတ်တယ်ဆိုတာကို ဘယ်လိုတိုင်းတာရမလဲဘုရား။
ယောက်ျားတွေက ဘာလို့မိန်းမတွေထက် ဘုန်းကံကြီးတယ် မြင့်မြတ်တယ်လို့ ယူဆပါသလဲ အကြောင်းပြချက်ထုတ်ပြတော်မူပါဘုရား။ မြန်မာနိုင်ငံကဘုရားတွေမှာ မိန်းကလေးတွေ မ၀င်ရဆိုတဲ့နေရာမှာ မ၀င်ရ မတက်ရဆိုတဲ့နေရာမှာ ၀င်ရင် တက်ရင် တကယ်ပဲ မိုးကြိုးပစ်ပါသလားဘုရား။ အဲဒါဘာ့ကြောင့်ပါလဲ မိန်းကလေးတွေကို ဘာလို့ယုတ်ညံ့တယ်လို့ ယူဆကြပါသလဲဘုရား ဥပမာများနှင့်တကွ ကျေနပ်လောက်ပါသောအဖြေကို ဖြေပေးတော်မူပါဘုရား။
ဆရာတော်ရဲ့ သီလ သမာဓိ ပညာကို ရိုသေစွာ ရှိခိုးပါသည်ဘုရား။


နံပါတ် (၁) အနေနဲ့ အမျိုးသမီးများ မတက်ရ မ၀င် မဖြတ်ရဆိုတဲ့ ဘုရားတွေ ဘုရားရင်ပြင်တွေ သိမ်တွေမှ ဆိုင်းဘုတ်တွေ တွေ့နေရသောကြောင့် ဗုဒ္ဓဘာသာ လူအများစုမှာ ယောင်ဝါးဝါးတွေ ဖြစ်သွားရတယ်။ ဗုဒ္ဓစာပေကို လုံးဝဆုပ်ကိုင်ထားသူများသာ ဒီအယူဆတွေကို လက်မခံပေမဲ့ ယောင်ဝါးဝါးတွေကတော့ လက်ခံနေကြတယ်။

နံပါတ် (၂) ကတော့ အမျိုးသမီးများသည် ယောက်ျားများထက် ဘုန်းကံနိမ့်တယ်ဆိုတဲ့ အယူအဆပဲ ဖြစ်ပါသည်။ ဒီ ၂ ခုကိုပဲ ဆွေးနွေးကြည့်ကြရအောင်။
စာရေးသူအမြင်များ

 နံပါတ် (၁) ဘုရား ကျောင်း သိမ်စတဲ့ နေရာတွေမှာ အမျိုးသမီးများ မတက်ရ မ၀င်ရဆိုတာနဲ့ပတ်သက်ပြီး စာရေးသူ၏ အမြင်ကိုပဲ ပြောပြရမှာဖြစ်ပါသည်။

ထေရ၀ါဒဗုဒ္ဓဘာသာလို့ ယုံကြည်ထားတဲ့ မြန်မာနိုင်ငံမှာ ဒီလိုအယူအဆတွေ ရှိနေပါတယ်။ ဘုရားဟောမဟုတ်၍ ထေရ၀ါဒလမ်းစဉ်မဟုတ်သော အယူအဆတွေဖြစ်ပါတယ်။ သို့သော်လည်း ဘာလို့ မြန်မာနိုင်ငံမှာ ဒီအယူအဆတွေ ရှိနေပါသလဲလို့ မေးရင် tradition ရိုးရာအစဉ်အလာ လက်ခံမှုလို့ပဲ ပြောရမှာ ဖြစ်ပါတယ်။ အစဉ်အဆက်လက်ခံလာကြသည့် အယူအဆဖြစ်သည်။ တချို့နေရာတွေမှာ ဘုရား သို့မဟုတ် ကျောင်း သိမ်များ၏ အဦးဆုံး ဒါယကာများကပဲ သူတို့၏ ဘုရား ကျောင်း သိမ်များအပေါ် အမျိုးသမီးများ မတက်ရဟု သတ်မှတ်ခဲ့သလား၊ ဒါမှ မဟုတ် ဂေါပကများ၏ ဘုရားကို သို့မဟုတ် ဘုရားရှင်၏ ကျောင်းတော်များကို ကြည်ညိုလွန်း၍ ဒီစည်းကမ်းသက်မှတ်ခဲ့လေရော့လား၊ ဗုဒ္ဓဘာသာလူမျိုးများက ကျောင်းထဲတွင် အမြတ်ဆုံး သိမ်တို့ကို အလွန်အလေးထားကြသည်၊ ဘုရားရှင်၏သားတော်များ မွေးဖွားပေးရာ ကျောင်းဖြစ်နေသောကြောင့် ဖြစ်ဟန်တူပါသည်။

မြန်မာပြည် တချို့ နာမည်ကြီး ဘုရားရင်ပြင်တို့၌ အမျိုးသမီးများ မတက်ရ မ၀င်ရဟု ပြောနေကြပေမဲ့ ဘုရားလက်ထက်တော်က သက်တော်ထင်ရှား ဘုရားရှင်၏ ဂန္ဓကုဋီကျောင်းဆောင်ထဲအတွင်း ၀ိသာခါ ခေမာ စတဲ့ အမျိုးသမီးများ ၀င်ထွက် သွားလာနေသည်တို့ကို ထောက်ဆလျှင် ထိုရိုးရာအစဉ်အလာလက်ခံမှုသည် စဉ်းစားစရာဖြစ်လာသည်။ သက်တော်ထင်ရှားဘုရားရှင်၏ ကျောင်းအတွင်းတောင် အမျိုးသမီးများ ၀င်ထွက် သွားလာခွင့်ပြုရသေးတာပဲ ဘုရားရှင်အားရည်စူးပြီးကိုးကွယ်ထားတဲ့ ထိုစေတီ ပုထိုး ကျောင်းများကိုက ဘာလို့ အမျိုးသမီးများဝင်ခွင့် မပြုရမှာလဲ။ ၀င်ရင် တက်ရင် မိုးကြိုးပြစ်သည်တဲ့၊ တကယ် ၀င် တကယ်တက်ကြည့်တော့ မိုးကြိုးမပြစ်ရင် ဘယ့်နှယ်လုပ်မလဲ၊ တချို့နေရာတွေမှာ နာမည်ကြီးအောင် လူအထင်ကြီးအောင် ထွင်ကြတဲ့သူတွေရဲ့ ပြောစကားတွေကြောင့် ဗုဒ္ဓဘာသာမှာ ရှုပ်ထွေးကုန်တယ်။
အမျိုးသမီးနှင့်သိမ်
တချို့နယ်တွေမှာ သိမ်ထဲကို အမျိုးသမီးများ မ၀င်ရဟု ဆိုကြတယ်၊ လူတွေကလဲ အမျိုးသမီးများကို သိမ်ထဲမ၀င်ရဟု ထင်နေကြသည်၊ ၀င်ရင် ဘာဖြစ်မယ် ညာဖြစ်မယ်ပေါ့၊ စာရေးသူ ရဟန်းခံစဉ်က အမရပူရမြို့ မဟာဂန္ဓာရုံကျောင်းတိုက်အတွင်းက သိမ်ကြီးထဲမှာ ရဟန်းပြုခံပါတယ်၊ ယခုလက်ရှိ နာယကချုပ်ဆရာတော် ဘဒ္ဒန္တကုဏ္ဍလာဘိဝံသကို ဥပဇ္ဈာယ်ပြုပြီး ရဟန်းပြုခဲ့တာပါ၊ ထိုရဟန်းခံစဉ်က သိမ်ထဲထွင် ဒကာရော ဒကာမရော ကလေးရော များစွာရှိနေပါတယ်၊ စာရေးသူကို ခေတ်ပညာများ သင်ပေးရာ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဇောတိကာမဟာသိမ်တော်ကြီးအတွင်းမှာလဲ အမျိုးသမီးများ ၀င်ခွင့်ပြုသည်။ ၂၀၀၈ ခုနှစ်က ထိုသိမ်တော်ကြီးအတွင်းမှာပဲ နိုင်ငံတကာ ထေရ၀ါဒတက္ကသိုလ်များ အစည်းအဝေးကြီးကို ကျင်းပခဲ့သည်။ နိုင်ငံပေါင်း ၃၀ ကျော်က အမျိုးသား အမျိုးသမီးများစွာ တက်ရောက်ခဲ့ကြသည်။
ရာဇဂြိုဟ်မြို့သိမ်

ဘုရားလက်ထက်က ရာဇဂြိုဟ်မြို့ကြီးသည် လူဦး ၁၈ ကုဋေရှိသည်။ ငယ်ငယ်က ထို ရာဇဂဟ ပုဒ်ကို တောင် ၅ လုံးက ပတ်ပတ်လည် ကားရံထားလို့ တောင်ငါးလုံးရန် နွားခြံတို့လို ရာဇဂြိဟ်မြို့သို့ဟု နိဿျဆိုခဲ့ကြသည်။ ထိုမျှလောက် လူဦးရေ ထူထပ်သော ရာဇဂြိုဟ်မြို့ကြီး တစ်မြို့လုံးကို သိမ်သမုတ်ထားသည်။ ထိုမြို့ကြီးသည်ပင် သိမ်မည်ပါသည်။ ထိုသိမ်ကြီးထဲမှာ အမျိုးသမီးတွေ အိပ်ကြသည်၊ နေကြသည်၊ ကျင့်ကြီးကျင်ငယ်အမှု ပြုကြသည်၊ ဇနီးခင်ပွန်းတို့ပြုကြသည့်အမှုတွေ ပြုကြသည်။ ထိုဘုရားလက်ထက်ကတောင် အမျိုးသမီးများ သိမ်ထဲမှ နေခွင့်ပြုသေးတယ်ဆိုရင် ဒီခေတ်မှာ သိမ်ထဲ အမျိုးသမီးများမ၀င်ရဟုသော တားမြစ်ချက်သည် ပုဂ္ဂိုလ်ရေးဆန်သော ဆက်ဆံမှုသာဖြစ်သည်။ သိမ်ထဲ ၀င်ခြင်းကြောင့် ဘာမှ မဖြစ်ပါဟု ယူဆပါသည်။ သိမ်မှာပဲဖြစ်ဖြစ် ကျောင်းမှာပဲ ဖြစ်ဖြစ် ဘုရားမှာပဲဖြစ်ဖြစ် အမျိုးသမီးဖြစ်စေ အမျိုးသားဖြစ်စေ ရဟန်းပဲဖြစ်စေ အကုသိုလ်စိတ်နှင့် ၀င်ရင် သွားရင်တော့ အပြစ်ရှိသလို ကောင်းတဲ့စိတ်နဲ့သွားရင်တော့ ကုသိုလ်တွေ ရမှာအမှန်ပင် ဖြစ်ပါသည်။

တချို့က ဘုရားကျောင်းသိမ်တွေမှာ အမျိုးသမီးများ မ၀င်ရခြင်းသည် အမျိုးသမီးများက ဘုန်းကံ မရှိသောကြောင့်ဟု ယူဆထားကြသည်။ တကယ်တော့ ထိုအယူအဆ မမှန်ကန်ဟုဆိုရပါမည်။ အမျိုးသမီးရဟန်းမများ ထွန်းကားသည့်အချိန်အခါက အမျိုးသမီးများကိုယ်တိုင် သိမ်ထဲဝင်ပြီး ရဟန်းပြုကြသည်၊ ကံကြီးကံငယ်ပြုကြသည်၊ သူတို့ကိုယ်တိုင် ရဟန်းများပြုလုပ်နိုင်သည့် ကံကြီးကံငယ်များကို ပြုလုပ်နိုင်သည်မှာ ရဟန်း မဟုတ်သော အမျိုးသားများထက် ဘုန်းကံရှိနေသည်ဟု ဆိုရပေမည်။ အမျိုးသမီးများနှင့်ဘုန်းကံအကြောင်း ဆက်လက် ဆွေးနွေးကြမည်။
အမျိုးသမီးများနှင့်ဘုန်းကံ

အမျိုးသမီးများသည် ယောက်ျားများထက် ဘုန်းကံနိမ့်တယ်ဆိုတဲ့ အယူအဆနှင့်ပတ်သက်ပြီး ပြောရရင် သူများအတင်းပြောသလို ဖြစ်နေမယ်၊ တကယ်တော့ အမျိုးသားလဲ လူသား အမျိုးသမီးလဲ လူသားဆိုတော့ လူဖြစ်ဖို့ရန် ဘုန်းကံအတူပါလာတာခြင်း အတူတူပဲဖြစ်သည်။ သို့သော်လည်း ဘုန်းကံအနဲအများအပေါ် မူတည်ပြီး အမျိုးသား အမျိုးသမီး ကွဲပြားပေမဲ့ သာသနာအတွက်ရော လူမှုရေးအတွက် နိုင်ငံရေးအတွက်တွေပါ အကျိုးပြုပေးနိုင်တာကတော့ တန်းတူ လုပ်နိုင်ကြသည်ဟု ယူဆမိပါသည်။ အကောင်း (positive view) အမြင်ကိုသာ ရေးချင်ပေမဲ့ မေးလာတဲ့သူရှိလာတော့ မေးခွန်းအရ ဘုန်းကံနိမ့်ခြင်းအကြောင်းကို စာပေမှာ ပြဆိုထားတဲ့ စကားအချို့နဲ့ တင်ပြရပါလိမ့်မည်။

အဘိဓမ္မာ ၇ ကျမ်းတွင် အပါအ၀င်ဖြစ်သည့် ဓမ္မသင်္ဂဏီပါဠိတော် အဋ္ဌကထာ (အဋ္ဌသာလိနီ) စာမျက်နှာ ၃၅၈-၃၅၉ တို့၌ ဣတ္ထိလိင်္ဂံ ဣတ္ထိနိမိတ္တံအဖွင့်မှာ အမျိုးသမီးများနှင့် အမျိုးသားများ ခန္ဓာကိုယ်တည်ဆောက် ဖွဲ့စည်းပုံ အသွင်အပြင် မတူပုံနှင့် ထိုအသွင်အပြင်ဖြစ်ပေါ်လာရခြင်း၏အကြောင်းများကို ပြဆိုထားသည်။ သရက်မျိုးစေ့ဗီဇကြောင့် သရက်ပင်အသွင်သဏ္ဌာန်ဖြစ်လာရသလို အမျိုးသမီးပုံသဏ္ဌာန် ဖြစ်လာရခြင်းကလည်း ထိုအသွင်သဏ္ဌာန်ကို ဖြစ်စေ ပဋိသန္ဓေမျိုးစေ့ကြောင့်ဖြစ်သည်။ ဒါကို စာက ကမ္မဇ (ကံကြောင့်) ဟု ခေါ်သည်။ အမျိုးသားများကိုလည်း ထိုနည်းအတူမှတ်လေ။
တခါက သောရေယျအမျိုးသား အလွန်ချောမောလှပသော အရှင်မဟာကစ္စာယန ရဟန္တာမထေရ်ကို မြင်ပြီး အယောနိသောမနသိကာရ (မကောင်းတဲ့စိတ်ကူး) ဖြစ်မိသည်၊ ဒီလောက်လှတဲ့သူ ငါ့မိန်းမဖြစ်ရင် ဘယ်လောက်ကောင်းမလဲဟု အတွေးစိတ်ဝင်လာတဲ့အမျှ ထိုသောရေယျ သူဋ္ဌေးသား သူ၏အမျိုးသားအင်္ဂါများပျောက်ကွယ်သွားပြီး အမျိုးသမီးအင်္ဂါပေါ်ပေါက်လာခဲ့သည်၊ (ဓမ္မပဒအဋ္ဌကထာ သောရေယျဝတ္ထု)။ တခါက ရဟန်းမတစ်ယောက်သည်လည်း အမျိုးသမီးအင်္ဂါများ ပျောက်ကွယ်သွားပြီး အမျိုးအင်္ဂါများပေါ်ပေါက်လာသည်၊ ဘုရားရှင်အားလျှောက်ထားသောအခေါ ဘုရားရှင်က ရဟန်းတော်များ နေသောကျောင်းသို့ ရွှေ့ထားပေးခဲ့ရဖူးသည်။ (ပါရာဇိကဏ်ပါဠိတော်-၄၃)။

ထိုကဲ့သို့ အမျိုးသမီးလိင် (ဣတ္ထိလိင်္ဂ)နှင့် အမျိုးသားလိင် (ပုရိသလိင်္ဂ)နှင့်ပတ်သက်ပြီး ဓမ္မသင်္ဂဏီအဋ္ဌကထာက ဤကဲ့သို့ဆိုထားသည်၊ ‘‘အမျိုးသား လိင် သည် မြတ်၏ (ဥတ္တမ)၊ အမျိုးသမီးလိင်သည် ညံ့၏ (ဟီန)ဟု ဆိုထားသည်။ သောရေယျသူဋ္ဌေးသားကဲ့သို့သော အမျိုးသား လိင်အင်္ဂါ ပျောက်ကွယ်သွားခြင်းသည် အလွန်အားကောင်းသော အကုသိုလ် (ဗလ၀ အကုသလ) အစွမ်းကြောင့် ဖြစ်သည်။ အမျိုးသမီးလိင်အင်္ဂါ ရရှိခြင်းသည်ကား အနဲငယ်သော ကုသိုလ် (ဒုဗ္ဗလ ကုသလ) အစွမ်းကြောင့် ဖြစ်သည်ဟု ဆိုထားသည်။ တဖန် အထက်ပါ ဘိက္ခူနီမကဲ့သို့ အမျိုးသမီးလိင်အင်္ဂါ ပျောက်ကွယ်သွားခြင်းသည် အနဲငယ်သော အကုသိုလ် (ဒုဗ္ဗလ အကုသလ) အစွမ်းကြောင့် ဖြစ်သည်၊ အမျိုးသားလိင်အင်္ဂါပေါ်ပေါက်လာခြင်းသည် အလွန်စွမ်းအားကြီးသော ကုသိုလ် (ဗလ၀ ကုသလ) ကြောင့် ဖြစ်သည်ဟု ပြထာသည်။ အကျဉ်းချုပ်သော် ၂ မျိုးလုံး ကွယ်ပျောက်ခြင်းသည် အကုသိုလ် အနဲအများကြောင့် ဖြစ်သလို ပေါ်ပေါက်လာရခြင်းကလဲ ကုသိုလ် အနဲအများကြောင့် ဖြစ်ရသည်။

ထိုအဋ္ဌကထာဆရာ၏အဆိုများအရ- အမျိုးသမီးများသည် အမျိုးသားများထက် အကုသိုလ်ကြီးခဲ့သလို ကုသိုလ်ကံတွေ နဲခဲ့သော ကြောင့် အမျိုးသမီးဖြစ်ရသည်ဟုဆိုသည့်အတွက် ဘုန်းကံလဲ နဲသည်ဟု ဆိုရပေမည်။ ဘုန်းကံဆိုသည်မှာ ကုသိုလ်ကံကိုဆိုလိုပါသည်။
အမျိုးသမီးများ၏ ခန္ဓာကိုယ်တည်ဆောက်ပုံကိုက အမျိုးသားများကဲ့သို့ ပေါ့ပါးမှုမရှိ၊ လွတ်လပ်မှုမရှိသည့် အပြင် ယောက်ျားများထက် သီးခြား ကိုယ်ဝန်ဆောင်ရခြင်း၊ သားမွေးရခြင်း၊ ဥတုလာခြင်း စတဲ့ဒုက္ခများသည် ယောက်ျားများထက် ဘုန်းကံနဲပါးခြင်းဆိုတဲ့ လက္ခဏာများရှိနေသည့်အတွက် စာနာထောက်ထားသင့်သည်။
အမျိုးသမီးများအခွင့်အရေး

မြတ်ဗုဒ္ဓသာသနာတော်မှာ အမျိုးသမီးများသည် အမျိုးသားများကဲ့သို့ သာသနာ့ဝန်ထမ်းများ ဖြစ်ခွင့်ရှိသည်၊ ဘုရားရှင်၏ လက်ျာ လက်ဝဲများဖြစ်ခွင့်ရှိသည်၊ အရှင်သာရိပုတ္တရာနှင့် အဆင့်တူ ပညာအရာဝယ် ခေမာထေရီ၊ အရှင်မောဂ္ဂလာန်နှင့်အဆင့်တူ တန်ခိုးအရာဝယ် ဥပ္ပလ၀ဏ်ထေရီနှင့် တခြား ဓမ္မကထိကအရာ ဓမ္မဒိန္နာထေရီနှင့် ၀ိနည်းဆောင်အရာမှာ ပဋာစာရီစသော အမျိုးသမီးရဟန်းမများကဲ့သို့ အမျိုးသားများနည်းတူ ရာထူးများ ရရှိကြသည်။ မဂ် ဖိုလ် နိဗ္ဗာန်ဝင်ရာမှာလဲ အမျိုးသားများကဲ့သို့ အမျိုးသမီးများလဲ ၀င်ရောက်နိုင်သည် ဖြစ်ရာကား သာသနာမှာ အမျိုးသား အမျိုးသမီးအဆင့်တူဟု ဆိုနိုင်သည်။ သို့သော်လည်း အမျိုးသမီးများအတွက် ဂရုဓမ် ၈ ပါးကား အမျိုးသားများကဲ့သို့ ခန္ဓာကိုယ် ဖွဲ့စည်းတည်ဆောက်ပုံ မတူရာကား အန္တရာယ်များမှ ကာကွယ်ရန် သတ်မှတ်ထားသည်က လွဲ၍ အားလုံး ခံစားခွင့်တူသည်ဟု ဆိုရမည်။ သာသနာတော်မှာ အခွင့်တူခံစားမှု ရှိသော်လည်း အမျိုးသားများကသာ ဖြစ်ခွင့်ရှိပြီး အမျိုးသမီးများ ဖြစ်ခွင့်မရှိသော အရာများကား ရှိသေးသည်။

ဘုရား၊ ဗြဟ္မာ၊ စကြာဝတေးမင်း၊ မာနတ်မင်း၊ သကြားမင်းဟုသော ထိုနေရာများမှာ အမျိုးသမီးများ ဖြစ်ခွင့်မရှိ။ ‘‘ဘုရား ဗြဟ္မာ မင်းစကြ်ာနှင့် မာရ သက္ကံ မိန်းမမှန် အမှန် မဖြစ်ရာ’’ ဟု ငယ်ငယ် သာမဏေကျော်တန်း ၀င်စဉ်က ရဖူးသည် ကဗျာဆောင်ပုဒ်ဖြစ်သည်။ (အင်္ဂုတ္တရနိကာယ် ပထမအုပ်)။

အဋ္ဌသာလိနီတွင် ဘုရားဖြစ်ဖို့ရန် ပြည့်စုံရမည့်အချက်ထဲမှာ လိင်္ဂသမ္ပတ္တိ ဆိုတာပါသည်၊ ဆိုလိုသည်မှာ ယောက်ျားလိင်အင်္ဂါရှိရမည်ဟု ဆိုသည်။ ‘‘မနုဿတ္တံ လိင်္ဂသမ္ပတ္တိ၊ ဟေတု သတ္ထာရဒဿနံ’’။ ဗုဒ္ဓ၀ံသ-၂-၅၉ နှင့် အဋ္ဌသာလိနီ ဗုဒ္ဓ၀င်အခန်းမှာ လေ့လာနိုင်ပါသည်။
အမျိုးသမီးနှင့်အကုသိုလ်

ကုသိုလ် အကုသိုလ်တို့သည် လူတစ်ယောက်၏ ဘုန်းကံများဟုခေါ်သည်။ ထို့ကြောင့် လူတစ်ယောက်၏ ဘုန်းကံကြီးခြင်း ဘုန်းကံနဲခြင်းကို ကုသိုလ် အကုသိုလ်ကံတို့၏ အနဲအများဖြင့် ဆုံးဖြတ်ကြသည်။ ဘုန်းကံကြီးသူသည် ကုသိုလ်ကံကြီးသူများဖြစ်ပြီး အကုသိုလ်ကံ နဲသူများဖြစ်သည်။ ဘုန်းကံနဲခြင်းဆိုသည်မှာ ကုသိုလ်ကံနဲပါးခြင်းနှင့် အကုသိုလ်ကံ များပြားခြင်းဖြစ်သည်။

ဗလ၀ အကုသလ ၀သေန - များစွာသော အကုသိုလ်အစွမ်းကြောင့် အမျိုးသမီးဖြစ်ရတယ်ဆိုတော့ အမျိုးသမီးများက အမျိုးသားများထက် အကုသိုလ်အဖြစ်များသလား?  မေးစရာရှိလာသည်။

တခါက အနုရုဒ္ဓါမထေရ်ကြီး ဘုရားထံရောက်လာပြီး ‘‘အရှင်ဘုရား-တပည့်တော် နတ်မျက်စိနှင့် အမျိုးသမီးတွေ ငရဲကျရောက်နေတာကို တွေ့နေရပါတယ်ဘုရား၊ အဘယ့်ကြောင့် ဒီလိုဖြစ်ရပါသလဲဘုရား’’  မေးလျှောက်သော အခါ

ဘုရားရှင်က ‘‘အနုရုဒ္ဓါ အမျိုးသမီးတွေ ငရဲရောက်နေကြတယ်ဆိုတာ အချက်သုံးချက်နှင့် တစ်နေကုန် နေနေကြလို့ဖြစ်တယ်။ အဲဒီ ၃ ချက်က---
၁။ နံက်ပိုင်းမှာ- အမျိုးသမီးတွေက မစ္ဆရိယစိတ်တွေနဲ့ နေကြတယ်။
၂။ နေ့လည်ပိုင်းမှာတော့- ဣဿာ စိတ်နဲ့ နေကြတယ်။
၃။ ညနေပိုင်းမှာတော့- ရာဂစိတ်နဲ့ နေကြတယ်။
‘‘နံနက် မစ္ဆေ နေ့လည် ဣဿာ ညနေ ရာဂ’’ ဆိုတဲ့ ငယ်ငယ်က ရထားတဲ့ ဆောင်ပုဒ်တစ်ပိုင်းတစ်စလေး ဖြစ်ပါတယ်။ 
(အင်္ဂုတ္တိုရနိကာယ်၊ ပထမအနုရုဒ္ဓါသုတ်၊ နှာ ၂၈၅)။

ဤသုတ်တော်က အမျိုးသမီးများက အမျိုးသားများထက် အကုသိုလ်စိတ် အဖြစ်များတယ်၊ ဖြစ်ချိန် ပိုများတယ်ဆိုတာ ပြဆိုခြင်းပဲ ဖြစ်သည်။ နံက် အိပ်ယာထ မိုးလင်းတာနဲ့ ကိုယ့်ပိုင်ဆိုင်မှုအပေါ်မှာ မစ္ဆရိယစိတ် စဖြစ်တယ်လို့ ဆိုတယ်၊ နေ့လည်ပိုင်းရောက်လာတော့ သူတစ်ပါးပိုင်ဆိုင်မှု အောင်မြင်မှု ပြည့်စုံမှုအပေါ်မှာ ဣဿာစိတ်ဖြစ်တတ်တယ်ဟုဆိုသည်၊ ထို ဣဿာအကြောင်းကို စာရေးသူ၏ဆိုက်တွင် လောကအဖျက်တရား အပိုင်း(၁)တွင် အကျယ်တ၀န့်ပြဆိုထားပြီး မစ္ဆရိယအကြောင်းကိုတော့ လောကအဖျက်တရား အပိုင်း (၂) တွင် ဖော်ပြီးဖြစ်ရကား ထိုပို့စ်များကို လေ့လာနိုင်ပါသည်။ ညပိုင်းတွင် အမျိုးသမီး ရာဂစိတ်ပိုဖြစ်တယ်ဟု ဆိုသည်။

စာရေးသူ၏အယူအဆ မဟုတ်ပါ၊ ဘုရားဟောများကိုသာ ထုတ်ဖော်ပြခြင်းပဲ ဖြစ်သည်။ သို့သော်လည်း ကုသိုလ်ကောင်းမှုပြုနေကြသူများကလဲ အမျိုးသမီးများပင်ဖြစ်သည်၊ စာရေးသူ၏ပညာရေးကို ထောက်ပံ့သူများကားလဲ အမျိုးသမီးက ခက်များများပင်ဖြစ်သည်။ ထို့ကြောင့် နတ်ပြည်မှာ နတ်သားတစ်ယောက် နတ်သမီး ၅၀၀ ဆိုတော့ နတ်ပြည်အရောက်များသူတွေကလဲ အမျိုးသမီးများပင်ဖြစ်သည်။ ထိုသုတ်အဆိုအရ ထိုအင်္ဂါ၃ ရပ်ဖြင့် အဖြစ်များသူများကို ရည်ရွယ်သည်၊ အမျိုးသမီးအားလုံးကို မဆိုလို၊ ဖြစ်တတ်တဲ့သဘောကို ဆိုလိုသည်၊ ငရဲကျရောက်နေသော အမျိုးသမီးများကိုသာ ဆိုလိုပါသည်။ ငရဲကျရောက်တတ်တယ်ဟုဆိုသည်။ တော်ကြာ အမျိုးသမီးထုက ဒီလိုပြောရမလားဆိုပြီး စာရေးသူ ပါးစပ်ပေါက် ပိတ်သွားနိုင်သည်။

နတ်ပြည်ရောက်သူ အရေအတွက်ကြည့်ပြန်တော့ အမျိုးသမီးများက ကောင်းရာဘုံကို အဖြစ်များသလိုဖြစ်သည်အတွက် ကောင်းမှုပြုသူများသည်ဟုလည်း ဆိုနိုင်သည်။ သို့သော်လည်း အမျိုးသမီးဘ၀ကနေ တိုက်ရိုက်အနေနဲ့ ဘုရားအဖြစ် သကြားမင်း လူမင်း နတ်မင်း ဗြဟ္မာ အဖြစ်ကိုတော့ မရနိုင် အမျိုးသားဘ၀ရောက်အောင် ကောင်းမှုပြု အမျိုးသားဘ၀ဖြစ်ချင်သည့်ဆန္ဒဖြင့် ဆန္ဒပြုကြရသည်။ ထိုအမျိုးသားဘ၀ ရရှိပြီးမှသာ ဘုရား သကြားစတဲ့ ဘ၀မျိုးများကို ရနိုင်မည်ဖြစ်ပါသည်။ ဘုရားရှင်၏ မယ်တော်သည်ပင် သန္တုသိတ နတ်သား ဖြစ်ခဲ့သည်ကို သတိပြုသင့်ပေသည်။ အရှင်အာနန္ဒာသည် မိန်းမဖြစ်ခဲ့တဲ့ဘ၀တွေ များစွာရှိခဲ့သည်။ ဘုရားရှင်နှင့် အရှင်သာရိပုတ္တရာစတဲ့ သာဝကကြီးများသည်လည်း လူသားထက် ဘုန်းကံနိမ့်သည့် တိရစ္ဆာန်ဘ၀တို့ဖြင့် များစွာကျင်ခဲ့ရသည်တို့ကို ထောက်ဆ၍ ဘုရားဖြစ်ဖို့ သာဝကကြီးများဖြစ်ဖို့ ဘ၀အမျိုးမျိုး ဘုန်းကံအမျိုးမျိုးတို့ဖြင့် သံသရာကို ဖြတ်သန်းပြီးမှ ဘုရားအဖြစ်၊ သာဝကကြီးများအဖြစ်ကြရသည်ကို ထောက်ဆလျင် အမျိုးသမီးများလဲ ပစ္စုပ္ပန် လက်ရှိဘ၀မှာ ဘုရားအဖြစ်ကို မရနိုင်ပေမဲ့ ဘုရားလောင်းနှင့် သာဝကလောင်းကြီးများနည်းတူ ပါရမီများ ဖြည့်ပြီး ဘုရားအဖြစ် သာဝက (အမျိုးသား)ကြီးများအဖြစ်ကို ရနိုင်ပါသည်။ ဤကား အမျိုးသမီးများ မဖြစ်နိုင်သည့်အရာများကို ရနိုင်သည့် အခွင့်လမ်းဖြစ်သည်။

ဖေ့ဘုတ်မှာတင်ထားတဲ့ ချစ်စရာအမျိုးသမီးငယ်လေးများ၏ ဘုန်းကံ
ယနေ့ခေတ်အမျိုးသမီးများ

ခန္ဓာကိုယ်ဖွဲ့စည်းပုံသည်သာ သို့မဟုတ် ရုပ်ပိုင်းဆိုင်ရာသည်သာ အမျိုးသားများထက် နိမ့်နေသည်ဆိုစေကာမူ စိတ်ဓာတ်ရေးရာ အသိပညာ ပိုင်းဆိုင်ရာမှာကား အဆင့်တူဟု ဆိုနိုင်သည်။ ထို့ကြောင့် သာသနာမှာ အမျိုးသားများကဲ့သို့ ရာထူးများရသည်၊ မဂ် ဖိုလ် နိဗ္ဗာန်ဝင်နိုင်သည်။

ယနေ့ခေတ်မှာ နိုင်ငံ၏ ခေါင်းဆောင်ပိုင်းနေရာများမှာ အမျိုးသမီးများ နေရာယူလာသည်၊ တိုင်းပြည်၏ခေါင်းဆောင်များဖြစ်လာကြသည့်အတွက် ပြည်သူများ အလေးပေးဆက်ဆံရမည့် သူများဖြစ်လာကြသည့်အတွက် လုပ်ရည်ကိုင်ရည် နှလုံးရည်များ တန်းတူ ရှိလာနိုင်သည်ဟု ဆိုနိုင်ပါသည်။
ဤသို့အားဖြင့် အမျိုးသမီးများ ဘုန်းကံနိမ့်သည်ဟု အထင်အမြင်ဖြင့် အမျိုးသမီးများကို အထင်မသေးသင့်။
ဒကာတော် နောင်နောင်ရေ--မောင်ရင်ရဲ့ အမေးကို ဘုန်းဘုန်းတတ်နိုင်သလောက် ဤမျှလောက်ဖြင့်စုစည်းတင်ပြလိုက်ရပါသည်။ ကျေနပ်မှုမရှိသေးပါက ရှေ့ဆက်ပြီး လေ့လာနိုင်ပါသည်။
 
ရွှင်လန်းချမ်းမြေ့ပါစေ
 (သီတဂူစတား)
https://www.facebook.com/note.php?note_id=214675495246189  မှ ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။
This posting includes an audio/video/photo media file: Download Now
Posted: 17 May 2012 02:03 AM PDT
မလှူကောင်းသော ဒါန (၁၀) မျိုး

၁။ သမဇ္ဇဒါန-ကချေအလှူ ( အငြိမ့်ဇာတ်ပွဲ )။
၂။ မဇ္ဇဒါန -သေရည်သေရက်အလှူ။
၃။ ဣတ္ထိဒါန – မိန်းမအလှူ။
၎။ ဥသဘဒါန -နွားလား၊ မြင်းလား အလှူ။
၅။ စိတ္တကမ္မဒါန – ကာမဂုဏ်ကို နိုးကြွစေသော ပန်ချီဆေးရေး အလှူ။
၆။ သတ္ထဒါန – လက်နက် ခဲယမ်းမီးကျောက် အလှူ။
၇။ ၀ိသဒါန – အဆိပ်အလှူ။
၈။ သင်္ခလိကဒါန – လက်ထိတ် သံခြေချင်း နှောင်ကြိုးအလှူ။
၉။ ကုက္ကုရ သူကရ ဒါန-ကြက် ၀က် သားကောင်အလှူ။
၁၀။ တုလာကူဋ မာနကူဋ – ချိန်စဉ်းလဲ၊ တင်းစဉ်းလဲ အလှူဆိုတာက ရောင်းတဲ့(အလေး)တစ်မျိုး။ ဝယ်တဲ့(အလေး)ကတစ်မျိုး။ (ချိန်ခွင်နဲ့ဈေးရောင်းသူ)ထို့ပြင် ရောင်းတဲ့(ပြည်တောင်း)ကတစ်မျိုး။ ဝယ်တဲ့ (ပြည်တောင်း)ကတစ်မျိုး (ဆန်ရောင်းသူများ)ဖြစ်စေဖို့အတွက် အလေးချိန်ခွင် ပြည်တောင်းများကိုထုတ်လုပ်ရောင်းချခြင်း။ ဒါမှမဟုတ် ပေးလှူခြင်း စတဲ့အလှူဒါနမျိုးကိုဆိုလိုခြင်းဖြစ်ပါတယ်။
( အရှင်ဝိမလဝံသ )
http://www.worldofwisdom.asia/2012/05/blog-post_02.html မှကူးယူဖော်ပြပါသည်။
Posted: 17 May 2012 01:59 AM PDT

ကျန်းမာရေးဆိုင်ရာ ဆရာဝန်ကြီးတွေရဲ့ ပြောကြားချက်အရ နှလုံးအဆို့ရှင် ရောဂါဖြစ်ပွားမှု ဟာ အာသီးရောင်ခြင်းကို စနစ်တကျ မကုသတဲ့အတွက် ၎င်းမှတစ်ဆင့်အစပြုကာ ဖြစ်ပွားနိုင်တယ်လို့ သိရပါတယ်။ ဒီလို အာသီးရောင်ခြင်း ကတဆင့် နောက်ဆက်တွဲ ရောဂါအနေနဲ့ အဆစ်ရောင် ရောဂါပါ ဆက်လက်ဖြစ်ပွားကာ နှလုံးအဆို့ရှင်များ ရောင်တတ်တယ်လို့ သိရပါတယ်။ အဲ့ဒီလို ရောင်လာတဲ့ နှလုံးအဆို့ရှင်တွေဟာ ကျဉ်းသွားခြင်း ဒါမှမဟုတ် ကျယ်သွားနိုင်ခြင်း ဖြစ်တာတွေကြောင့် နှလုံးအဆို့ရှင် မကောင်းမှုဖြစ်ပွား နိုင်တယ်လို့ သိရပါတယ်။
အဲ့ဒါကြောင့် အာသီးရောင်ရောဂါ ဖြစ်ပွားခဲ့ရင် ပေါ့ပေါ့ဆဆ မနေပဲ ဆရာဝန်နဲ့ တိုင်ပင်ကာ ဆေးဝါးကုသမှု ခံယူသင့်တယ်လို့ ကျန်းမာရေးဆိုင်ရာ ဆရာဝန်များက အကြံပြုထားပါတယ်။ နှလုံးအဆို့ရှင် ရောဂါဖြစ်ပွား ခဲ့ရင်တော့ ပုံမှန်စစ်ဆေး ကုသမှု ခံယူပါက နှလုံးရောဂါကြောင့် အသက် ဆုံးရှုံးခြင်းမှ ကာကွယ်နိုင်မှာ ဖြစ်တယ် လို့ သိရပါတယ်။ အဆိုပါ နှလုံးအဆို့ရှင် မကောင်းမှုကို ဆေးသောက်ကုသနိုင်ကာ ရောဂါအရမ်းဆိုး ၀ါးမှသာ ခွဲစိတ်ပြီး နှလုံးအဆို့ရှင်ကို လဲလှယ်ကာ ကုသရတာ ဖြစ်တယ်လို့ သတင်းရရှိပါတယ်။
MRTV4 အင်တာနက်စာမျက်နှာမှကူးယူဖော်ပြပါသည်။
Posted: 17 May 2012 01:50 AM PDT

ရန်ကုန်မြို့မှာ ၂ သိန်းတန် GSM Sim Card များကို ဧပြီလ ၇ ရက်နေ့ ၀န်းကျင်က ရန်ကုန်မြို့မှာ စတင် ရောင်းချမှု ရှိခဲ့ပြီး လက်ရှိ မှာလည်း ရောင်းအားကောင်းလျက် ရှိနေတယ်လို့ အီလိုက်တက် အိုင်တီဆားဗစ် ကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ လက်ရှိမှာ အဆိုပါ တန်ဖိုးနည်း GSM ဖုန်းများရဲ့ Sim Card ရောင်းချမှုကို ငွေကျပ် ၂ သိန်း သတ်မှတ် ထားပေမယ့်လည်း ၀ယ်ယူသူ တွေဟာ Sim Card မရမှာ စိုးတာကြောင့်  ဈေးနှုန်းများပိုမိုပေးကာ ၀ယ်ယူနေကြရတယ်လို့ သိရပါတယ်။ အခုလို ၀ယ်ယူမှု များနေတဲ့အတွက် ဖုန်းအရောင်းဆိုင်တစ်ချို့ဟာ သတ်မှတ် ထားတဲ့ ငွေကျပ် ၂ သိန်းထက် ပိုမိုကာ ကျပ် ၂ သောင်း ကနေ ၃ သောင်းအထိ ဈေးနှုန်း မြင့်တက် ရောင်းချ လျက်ရှိတယ်လို့ သိရပါတယ်။
ဒါ့အပြင် နံပါတ် ရွေးချယ် ၀ယ်ယူလို ပါကလည်း ကျပ် ၂ သိန်းထက် အပိုဆောင်း ထပ်ပေး ရတယ်လို့လည်း သိရပါတယ်။ ဒါ့အပြင် လက်ရှိ မှာတော့ တစ်ချို့သော ဖုန်းအရောင်းဆိုင်များ အနေနဲ့ ရန်ကုန် အတွက် ချထားပေး ထားတဲ့ GSM Sim Card တွေကို သာမကဘဲ နယ်မှ Sim Card များကိုပါ ထည့်သွင်း ရောင်းချနေတယ်လို့သိရပါတယ်။ ဧပြီလ ၉ ရက်နေ့ မှာတော့ ရန်ကုန်မှာရောင်းချတဲ့ ကျပ် နှစ်သိန်းဖုန်းလိုင်းများ စတင်ဖွင့် ပေးရာမှာ ရန်ကုန် အတွက် ချထား ရောင်းချပေးတဲ့ GSM တန်ဖိုးနည်း ဖုန်းများဟာ အဆိုပါ နေ့မှစတင်ပြီး ဖုန်းများ စတင်ပြောဆို နိုင်ပြီး ဖြစ်ပါတယ်။
ဒါပေမယ့် နယ်ဒေသတွေက ယူပြီး ရောင်းချတဲ့ GSM Sim Card များကို မသိရှိဘဲ ၀ယ်ယူထားသူ တွေကတော့ မေလ အတွင်းမှသာ ဖုန်းများစတင်ပြောဆိုနိုင်မှာဖြစ်ပါတယ်။ လက်ရှိ ရန်ကုန် အတွက် ချထားပေးတဲ့ (၂)သိန်းတန် GSM ဖုန်းနံပါတ်တွေ ကတော့ ၀၉၄၂၀၀ ၊ ၀၉၄၂၁၀ နဲ့ စတာဖြစ်ပြီး  ၀၉၄၂ နဲ့စတဲ့ တခြား ကုတ်နံပါတ်တွေ ကတော့ နယ်တွေမှာသာ အသုံးပြုနိုင် သေးပြီး ရန်ကုန်မှာ လက်ရှိ အသုံးမပြု နိုင်သေး ဘူးလို့ သိရပါတယ်။

MRTV4 အင်တာနက်စာမျက်နှာမှ ကူးယူဖော်ပြပါသည်။
Posted: 17 May 2012 01:00 AM PDT
ရဟိတ လုပ်ကိုင်နေသူများသည် သူတစ်ပါး အကျိုးပြု လုပ်ငန်းများကို လုပ်ကိုင်ပေးနေသူများ ဖြစ်ကြသည်။ ပရဟိတ လုပ်ငန်း လုပ်ကိုင်သူများ ဆိုရာတွင် ရဟန်းရှင် လူ ပုဂ္ဂိုလ် အားလုံးကို အကျုံးဝင်စေသည်။

ထိုကဲ့သို့သော လုပ်ငန်းတွင် ပါဝင်လုပ်ကိုင်ပေးနိုင်ဖို့ရန် တော်ရုံတန်ရုံ စိတ်ဓာတ်ဖြင့် မဖြစ်နိုင်ပေ။ အဘယ်ကြောင့် ဆိုသော် ပရဟိတ လုပ်ငန်းလုပ်ကိုင်သူသည် ကာယကံ အားဖြင့်လည်း အပင်ပန်းခံရသည်။ ၀စီကံအားဖြင့်လည်း အနားမနေရ။ မနောကံအားဖြင့်လည်း စီစဉ်နေရသည်။ လူအားကိုလည်း ရင်းနှီးရသည်။ အချိန်အားကို စိုက်ထုတ်ရသည့်အပြင် တစ်ခါတစ်ရံ ငွေအားကိုပါ အကုန်ကျ ခံရသေးသည်။ ထို့အပြင် ပတ်ဝန်းကျင်မှ အဝေဖန်ပင် ခံရတတ်သေးသည်။

ထိုထိုသော အဆင့်များစွာကို ကျော်ဖြတ်နိုင်မှ သာလျှင် ပရဟိတ လုပ်ကိုင်နိုင်သော အဆင့်သို့ ရောက်ရှိရသည်။ မြတ်စွာဘုရားသည် ပါရမီ ဖြည့်စဉ် ဘ၀များစွာတွင်လည်း ပရဟိတ လုပ်ငန်းများစွာကို လုပ်ကိုင်ခဲ့သည်။ ဘုရားဖြစ်တော်မူပြီး နောက်တွင်လည်း သတ္တ၀ါများအကျိုးအတွက် ပရဟိတ လုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့သည်။ သတ္တ၀ါများစွာကို နိဗ္ဗာန် အထိပင် ပို့ဆောင်ပေးခဲ့ပေသည်။ ကျေးဇူးကြီးမားလှပေစွ။

အများအကျိုး ပရဟိတ လုပ်ကိုင်ရင်း မိမိ အတ္တအကျိုးအတွက် ဦးစားပေး ပြုလုပ်သွားကြသော ပုဂ္ဂိုလ်များလည်း ရှိသည်။ ပရဟိတ ဟု အမည်ခံကာ မိမိအတွက် အကျိုးစီးပွား ဖြစ်ထွန်းရေးကိုသာ လုပ်ဆောင်သွားတတ် သောကြောင့် ထိုသူကို ပရဟိတ ပုဂ္ဂိုလ်ဟု ခေါ်ဆို၍ မရနိုင်ပေ။ အတ္တဟိတ ပုဂ္ဂိုလ် သာလျှင် ဖြစ်သည်။

ထိုကြောင့် ပရဟိတ လုပ်ကိုင်နေသူများသည် ထိုအချက်ကိုလည်း သတိကြီးစွာ ဂရုပြုသင့်ပေသည်။

ပရဟိတ လုပ်ကိုင် ကူညီနေကြသော ပုဂ္ဂိုလ်များသည် အခြေခံ အားဖြင့် အောက်ပါ အချက်များကို လေ့လာပြီး မိမိ၏ စိတ်သန္တာန်ကို စိစစ်ပေးနေရမည် -

(၁) သာသနာကို ကြည်ညိုမြတ်နိုး ယုံကြည်သော သဒ္ဓါအား ထက်သန်ရမည်။

(၂) အများအကျိုးအတွက် ဆန္ဒ ပြင်းပြရမည်။

(၃) ဒေါသ မကြီးရ။

(၄) စိတ်ရှည်၊ သည်းခံနိုင်ရမည်။

(၅) လူသားများကို မေတ္တာဓာတ်ဖြင့် ကြည့်နိုင်အောင် ကြိုးစားရမည်။

(၆) မိမိ လုပ်တာသာလျှင် အမှန်ဟု မဖြစ်စေရ။

(၇) အဖွဲ့တွင် လုပ်ကိုင်နေသူ ပုဂ္ဂိုလ်များနှင့် တိုင်ပင်ရမည်။

(၈) အဖွဲ့ဝင် အချင်းချင်း လုပ်ငန်းနှင့် ပတ်သက်၍ လျှို့ဝှက်ချက် မထားရ။

(၉) အဖွဲ့ဝင်အားလုံး ရိုးသားမှုနှင့် ပွင့်လင်းမှုကို အခြေခံထားရမည်။

(၁၀) တစ်ဦးနှင့် တစ်ဦး မာန မရှိစေဘဲ အပြန်အလှန် လေးစားမှု ရှိရမည်။

(၁၁) အဖွဲ့အစည်း အထဲတွင် သူ့လူ၊ ငါ့လူ ဟူ၍ မရှိစေရ။

(၁၂) မိမိကိုယ်တိုင်လည်း အဖွဲ့အစည်းတွင် အရေးကြီးသော လုပ်ငန်းနေရာ ယူတတ်ရသလို သူတစ်ပါးကိုလည်း နေရာ ပေးနိုင်ရမည်။

(၁၃) အလုပ်နှင့် ပုဂ္ဂိုလ် နှစ်ခုတွင် ပုဂ္ဂိုလ်ထက် အလုပ်ကိုသာ ဦးစားပေး ကြည့်ရမည်။

(၁၄) အလှူရှင် လှူဒါန်းထားသော အလှူငွေကို သော်လည်းကောင်း၊ အလှူပစ္စည်း ကိုသော်လည်းကောင်း ရည်ရွယ်ချက် မှန်မှန်ဖြင့် ပြီးမြောက်အောင် အချိန်နဲ့ တပြေးညီ လုပ်ဆောင်ပေးရမည်။

(၁၅) ငါ့ နာမည်အတွက် မဖြစ်စေရဘဲ အဖွဲ့နာမည်အတွက်၊ သာသနာ အတွက်သာ ဖြစ်ရမည်။

(၁၆) ရှေ့လုပ်ငန်းစဉ်များအတွက် ကြိုတင် စီမံချက် ဆွဲထားရမည်။

(၁၇) မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ ဟူသော ဗြဟ္မစိုရ်တရား လေးပါးကို လက်ကိုင်စွဲထားရမည်။

(၁၈) အဖွဲ့ဝင် အားလုံးသည် ကောင်းသည့် စေတနာဖြင့် လုပ်ဆောင် ပေးနေကြသည် သာ ဖြစ်သည့်အတွက် တစ်ဦးနှင့် တစ်ဦး နားလည်မှု အပြည့်အ၀ ပေးရမည်။

(၁၉) မိမိ လုပ်ကိုင်နေသော အလုပ်သည် အများအကျိုးအတွက် လုပ်ကိုင်ရင်း ကုသိုလ်အရေး ဖြစ်သောကြောင့် အကုသိုလ် ဖြစ်စေမည့် ကိစ္စရပ်များကို ရှောင်ရှားရမည်။

(၂၀) ငါကတော့ အဲဒါကို လုပ်ထားတယ်၊ သူကတော့ ငါ့လောက် မလုပ်ဘူး ဆိုသည့် အတွေးမျိုးထက် ငါကလည်း ဒီလို လုပ်ထားတယ်၊ သူကိုလည်း ငါ့လို လုပ်နိုင်အောင် ကူညီ တွန်းအားပေးသွားမယ် စသည့်ဖြင့် အချင်းချင်း လက်တွဲ ခေါ်ဆောင်သွားရမည်။

(၂၁) အချို့သော အခြေအနေမျိုးတွင် အလုပ်ပြီးစီးဖို့သာ အဓိက ဖြစ်သည့်အတွက် သူ့အလုပ်၊ ငါ့အလုပ် ဟု မခွဲခြားဘဲ အချင်းချင်း ကူညီကြရမည်။

(၂၂) အလုပ်လုပ်ရာတွင် တစ်စုံတစ်ဦးမှ တိုက်တွန်းစရာ မလိုဘဲ မိမိ၏ ဆန္ဒနှင့် လုပ်ကိုင်နိုင်အောင် ကြိုးစားရမည်။

(၂၃) သူတစ်ပါး ထိခိုက်စေသော ကိစ္စရပ်များကို ရှောင်ကြဉ်နိုင်၍ အသိ ဉာဏ်ပညာဖြင့် နှိုင်းဆ ချင့်ချိန်ကာ အလုပ်လုပ်တတ်ရမည်။

(၂၄) ကိုယ်ကျင့်တရား ပြည့်စုံအောင် ကြိုးစားနေရမည်။

(၂၅) ပေးဆပ်ခြင်းမှာ ပျော်မွေ့နေသူများ ဖြစ်နေရမည်။

အထက်ပါ အရည်အချင်းများကို အတတ်နိုင်ဆုံး ပြည့်စုံအောင် ကြိုးစားလာနိုင်ပါက ပရဟိတ စိတ်ဓာတ် ပြည့်ဝသော အရည်အချင်းရှိသည့် ပုဂ္ဂိုလ် တစ်ဦး ဖြစ်လာပေမည်။ ကာယကံ၊ ၀စီကံ၊ မနောကံ ကံသုံးပါးလုံးဖြင့် ကုသိုလ်များ ရရှိနေသည်။ ထိုကဲ့သို့ စိတ်ထား ရှိသည့် ပုဂ္ဂိုလ်များသည် ဒါန ပါရမီအစ၊ ဥပေက္ခာ ပါရမီ အဆုံး အစရှိသည့် ပါရမီ ဆယ်ပါးကို ဖြင့်ကျင့်ခြင်းဖြင့်ပင် တူပေသည်။ ဘုရားအလောင်းတော် တို့၏ စိတ်ဓာတ်ပင် ဖြစ်သည်။ နိဗ္ဗာန်သို့လည်း လွယ်ကူစွာ ဆိုက်ရောက်နိုင်သည်။

ထိုကြောင့် ပရဟိတ လုပ်ကိုင်နေသူတို့ လျှောက်လှမ်းနေသော ခြေလှမ်းများသည် နိဗ္ဗာန်သို့ဦးတည် လျှောက်လှမ်းနေ ကြသော ခြေလှမ်းများပင် ဖြစ်နေသည်ဟု ဆိုချင်ပေတော့သည်။
အရှင်ဉာဏဒီပ (ဓမ္မရတနာ)၏  " ပေးဆပ်ခြင်းမှာ ပျော်မွေ့သူများ ပရဟိတအဖွဲ့" မှ သြ၀ါဒမှ ကူးယူတင်ပြပါသည်။
Posted: 16 May 2012 10:34 PM PDT







နှင်းဝတ်ရုံမြူပုဝါနဲ့

အစ္ဇျတ္တကိုလှုပ်ခတ်

နက္ခတ်တွေ စုံလင်စေခဲ့သူ ။



ဖြူလွရှင်းတောက် စိတ်လွင်ပြင်ထဲ

သံယောဇဉ်ကြိုး ယှက်ဖြာထိုးရင်း

သူ့အပြုံးနဲ့ ညှိခတ်

ကမ္ဘာကို လင်းတတ်စေခဲ့သူ ။



နီရွှန်းတောက်စို ကန္တာအိုမှာ

လဲ့ပြာမှုန်ရီ လရောင်ခူးပြီး

ဆောင်းတစ်ခုလုံး ညို့ယူ

ကောင်းကင်ကို နှင်းကြွေစေခဲ့သူ ။



ထစ် အ ရစ် ခွေ အလွမ်းနွေမှာ

ဝေဖြာစီးရစ်သူ ကဝေလိုတောက်စား

နှစ်ချို့လွှာ ရင်ကွဲနာကို

ရိတ်သိမ်း သန့်စင်စေခဲ့သူ ။



သောကဗျာပါ ညညစ်ညစ်မှာ

တိမ်လွှာကိုခွဲ လမင်းခူးပြီး

သက်တန့်ကို လေးကိုင်းလုပ်

နှလုံးအိမ်ထိ လင်းချင်းစေခဲ့သူ ။



ကြဉ်ဖယ်ကမ်းဝေး မြစ်ဆွေးဆွေးထက်

ကတ္တီပါ ဆံနွယ်တွေဖြန့်ခင်း

မြစ်တစ်စင်းလုံး ဖူးဖူးရောင်တဲ့အထိ

တံတားအစင်းစင်း ဖန်ဆင်းစေခဲ့သူ ။



အမှောင်လေး စွတ်စွတ်စိုထဲ

ညလေပြေကို လှုပ်နိုး

ကြယ်အဆက်ဆက် အုပ်မိုးတဲ့အထိ

လရောင်ကို ပျိုးကြဲစေခဲ့သူ ။



သက္ကရာဇ် မြားတစ်စင်းလို

နက်စိုထက်ရှ စိမ့်နစ်လာတဲ့အထိ

ကြည်မွေ့စရာ စံပယ်တစ်ခင်းလုံး

ရနံ့တွေ ဖြာထွန်းစေခဲ့သူ ။



လရောင်ဝတ်မှုံ ဆောင်းစိုစိုထဲ

နတ်ဆိုးလက်နဲ့ ခတ်တဲ့ဗုံလို

ရင်တစ်ခုလုံး တုန်ရီဖျော့လျ

တိမ်ဝတ်ဆံတွေ ကြွေကျစေခဲ့သူ ။



သင်းကွဲဆွတ်ယူ အထီးကျန်သူကို

လေပြေငုံကိုက် စံပယ်ဖူးထဲ

လှိုင်းနွဲ့ကြည်စို ပင်လယ်ပျိုလို

မနက်ဖြန်တွေကိုပါ ဖူးပွင့်စေခဲ့သူ ။



ချုပ်ညရီ လမ်းအိုအိုထဲ

အရုဏ်ဦးကို မွေးဖွားစေခဲ့သူလေးရေ

သူရူးစိတ်နဲ့ တီးမယ့်ဗုံမှာ

နှလုံးအိမ်ကို ထိခတ်

သိင်္ဂါရတွေ လင်းပွင့်မလာခဲ့ရင်တောင်

ဆွတ်ပြာမှိုင်းဝေ ရင်ငွေ့တွေကြွေတဲ့အထိ

သံသရာ အဆက်ဆက်

ငါ့ချစ်ခြင်း သစ်အိုပင်လေးတော့

လဲ့ဖြာဝေ ရွှဲရွှဲစိုနေပါရစေ ။






အလင်းအားဖြင့် ညမီးအိမ် 




This posting includes an audio/video/photo media file: Download Now
Posted: 16 May 2012 09:38 PM PDT
အမေရိကန်ပြည်ထောင်စု ချီကာဂို က နေအိမ်တစ်အိမ်တွင် လက်ထပ်တော့မယ့် အသက်(၂၅)နှစ်အရွယ် သတို့သမီးဟာ သူမရဲ့ သတို့သမီးဝတ်စုံနဲ့ အိမ်ရေချိုးခန်းရှိ ရေချိုးကန်အတွင်း ဓါးထိုးခံရသော ဒဏ်ရာများဖြင့် တနင်္ဂနွေနေ့က သေဆုံးလျက်ရှိတာကို ရဲတွေက တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
ထိုနေ့မတိုင်မီမှာ သူမရဲ့ ကလေးနှစ်ယောက်ကို သွားခေါ်ရမှာ ပျက်ကွက်နေခဲ့တဲ့အတွက် ရဲတွေက သူမအိမ်ကို တနင်္ဂနွေနေ့က ဝင်ရှာခဲ့တာဖြစ်ကြောင်း သိရသည်။
သူမရဲ့ သေဆုံးမှုဟာ သွေးရိုးသားရိုး မဟုတ်ပေမယ့် ထိုသေဆုံးမှုအတွက် ယခုအထိ တစ်စုံတစ်ယောက်အား ဖမ်းဆီးထားမှုလည်း မရှိကြောင်း သိရသည်။
သတို့သားလဲဖြစ် ၊ သူမကလေးများ၏ အဖေလဲဖြစ်သော အသက်(၃၀)နှစ်အရွယ် သတို့သားနဲ့ သူမဟာ သောကြာနေ့ကမှ လက်ထပ်ခဲ့ကြတာဖြစ်ကြောင်းနှင့် ၎င်းတို့နှစ်ဦးဟာ သုံးနှစ်အတွင်း ပြတ်လိုက်ဆက်လိုက် ဆက်ဆံရေး အနေအထားနဲ့ ရှိနေခဲ့တာဖြစ်ကြောင်းလည်း သိရသည်။
ရဲများက သတို့သားအား လူသတ်တရားခံအဖြစ် သံသယရှိသူဟု ဖော်ထုတ်ပြောဆိုမှု မရှိကြောင်းလည်း သိရသည်။
Posted: 16 May 2012 09:23 PM PDT

Print E-mail

အမျိုးသမီးတစ်ယောက်ဟာ ကလေးငယ်လေးကိုပိုက်ပြီး ဘတ်စ်ကားပေါ် တက်လာတဲ့အခါ ကားမောင်းသူက
"ရုပ်ဆိုးလိုက်တဲ့ကလေး။ ငါ့တစ်သက် တစ်ခါမှ မတွေ့ဖူးဘူး"လို့ လှမ်းပြောလိုက်ပါတယ်။
ဒါကိုကြားတဲ့ ကလေးအမေဟာ စိတ်ဆိုးဆိုးနဲ့ ကားခကို အသံ မြည်အောင် ဆောင့်ထည့်ပြီး ကားနောက်ပိုင်းမှာ သွားထိုင်နေလိုက် ပါတယ်။
ကလေးအမေ ကျွဲမြီးတိုနေတာကို သတိထားမိတဲ့ ခရီးသည်တစ်ဦးက
"ဘာဖြစ်လို့လဲဗျ"လို့ မေးလာတဲ့အခါ "ကျွန်မကို ကားဒရိုင်ဘာက စော်ကားတဲ့ စကားပြောလိုက်လို့ရှင့်"လို့ ဖြေလိုက်ပါတယ်။
အဲဒီအခါ ခရီးသည်က စိတ်မကောင်းဖြစ်သွားပြီး "သူကဘာဖြစ်လို့ ဒီလိုလုပ်ရတာလဲ။ သူ့လို ပြည်သူ့ဝန်ထမ်းတစ်ယောက်က ခရီးသည်ကို စော်ကားစရာလား"လို့ စကားထောက်ပေးလိုက်ပါတယ်။
"အဲဒါပြောတာပေါ့ရှင် .. သူ့နားသွားပြီး ကျွန်မအကြောင်း ပြလိုက်ရင် ကောင်းမယ်ထင်တယ်"လို့ ပြန်ပြောရင်း ဒရိုင်ဘာကို ရန်သွား တွေ့ဖို့ ကလေးအမေဟာ ထရပ်လိုက်ပါတယ်။
အဲဒီအခါ ခရီးသည်အားပေးလိုက်ပုံက "ကောင်းတာပေါ့ဗျာ။ ခင်ဗျားရဲ့ မျောက်ကလေးကို ကျွန်တော့ ပေးထားခဲ့"တဲ့။
by myanmartime.
Posted: 16 May 2012 09:09 PM PDT
 
သူငယ်ချင်းတို့ ဗဟုသုတရအောင် ကျန်းမာရေးရာအတိုအထွာလေးတွေကို စုစည်းပေးထားပါတယ်။ အသစ်အသစ်တွေကို သူငယ်ချင်းတို့ရှာရလွယ်အောင် ပို့စ်ရဲ့အပေါ်ဘက်ကပဲ ထပ်ထပ်ထည့်ပေးသွားမယ်နော်။












မီးပူ ရေနွေးပူ.. အပူလောင်ရင်....
မီးပူလောင်တာပဲ ဖြစ်ဖြစ် ဘယ်လိုအပူလောင်တာပဲဖြစ်ဖြစ် ဘာမှမလုပ်နိုင်သေးရင် ရေသေမှာ မစိမ်ထားပါနဲ့.. ရေဘုံဘိုင်ကိုဖွင့်ပြီး စီးနေတဲ့ရေမှာ အပူလောင်တဲ့နေရာကို ၁၀ မိနစ်လောက်ထားပေးပါ.. ရေအားမပြင်းပါစေနဲ့.. ရေခဲမကပ်ပါနဲ့.. ထောပတ်တွေ ဘာတွေ လျှောက်မလိမ်းပါနဲ့.. ဂွမ်းတွေ လျှောက်မကပ်ပါနဲ့.. သန့်ရှင်းအောင်ထားပါ.. ရည်ကြည်ဖုတွေကို မဖောက်ပါနဲ့.. အပူလောင်ရင် လိမ်းတဲ့ဆေးလေးလိမ်းပြီး ပတ်တီးကို အရမ်းမတင်းအောင် စီးပေးပါ.. လောင်တာများရင် ဆေးရုံ ဆေးခန်းသွားပါ..သူငယ်ချင်းတို့အတွက် ကျန်းမာရေးဗဟုသုတလေးပါ.. :)






လေဖြတ်နဲ့နှလုံးရောဂါကို ကာကွယ်မယ်
လေဖြတ်နဲ့ နှလုံးရောဂါတွေကို ကာကွယ်ချင်ရင် Vit B1, B6, B12, Folic acid ကို နေ့စဉ်စွဲသောက်ပါတဲ့.. ဒီအာဟာရတွေ ကြွယ်ဝတဲ့အစားအစာတွေကို စားလို့လည်း ရပါတယ်.. ဘယ်အစားအစာတွေကို စားရမယ်ဆိုတာကို သဘာဝရဲ့ အာဟာရ  ဆိုတဲ့ပို့စ်လေးကို ဖတ်ကြည့်နော်..  ဆေးခန်းက ဆရာဝန်ကြီးသင်ပေးတာကို ပြန်မျှဝေတာပါ.. တန်ဆေး လွန်ဘေးကိုတော့ သတိရှိကြပါ သူငယ်ချင်းတို့.. :)



အရက်ရဲ့သားကောင်
ဒီနေ့ ရင်နှင်းဆေးခန်းမှာ စိတ်မချမ်းမြေ့စရာတစ်ခု ကြုံရပါတယ်.. ရင်နှင်းကို အိမ်ကို လိုက်ကြည့်ပေးဖို့ လာခေါ်တာပါ.. လူနာ ဆုံးသွားပြီလားမသိဘူးတဲ့.. လိုက်ကြည့်ပေးပါတဲ့.. အဲဒါနဲ့ လမ်းမှာ လူနာအကြောင်းမေးရတာပေါ့.. လူနာက ယောက်ျားလေးပါ.. အသက် ၂၀ ပဲ ရှိပါသေးတယ်.. မနေ့ညထဲက အဆက်မပြတ်အန်တာ ခု ဆေးရုံသွားမယ်အလုပ် ဇက်ကျိုးပြီး ငြိမ်သွားလို့တဲ့.. အရက်အရမ်းသောက်တယ်တဲ့.. တနေ့လုံး ဘာမှတောင် သိပ်မစားဘူး.. အရက်ပဲသောက်နေတာ များတယ်တဲ့.. တခြားဘာရောဂါမှ မရှိဘူးတဲ့.. ဒီလောက်ဆိုရင် တရားခံကို သိလိုက်ပါပြီ.. လူနာအခြေအနေကိုလည်း ခန့်မှန်းမိလိုက်ပါပြီ.. တလမ်းလုံး လူနာဘာမှမဖြစ်ပါစေနဲ့လို့ ဆုတောင်းလိုက်ရတာ.. ရင်နှင်းဆုတောင်း မပြည့်ခဲ့ပါဘူး.. ကောင်လေးက ဆုံးသွားပါပြီ.. ငယ်ငယ်လေးနဲ့ ဆုံးသွားတာ တကယ်စိတ်မကောင်းဘူး.. ဒါပေမယ့် ဒေါသလည်း ထွက်မိတယ်.. အရက်ကြောင့် သေတဲ့သူတွေကို တွေ့တာ ကြားတာများပြီလေ.. အရက်သောက်လွန်းပြီး အသည်းရောင် အသည်းခြောက်ပြီး သေသွားတဲ့သူ.. အရက်သောက်လွန်းပြီး နှလုံးကြီးပြီး ညှစ်အားကျပြီး ရှော့ခ်ဝင်သေတဲ့သူ.. မစားမသောက်ပဲ အရက်ပဲသောက်နေလို့ ကိုယ်ခံအားကျ တီဘီဖြစ် ရောဂါဒဏ် ဆေးဒဏ်ကို မခံနိုင်လို့ သေသွားတဲ့သူ.. အရက်မူးပြီး ကားမောင်းလို့ ကားမှောက်သေတဲ့သူ.. အရက်မူးပြီး ကားကို မကြည့်ဘဲ လမ်းဖြတ်ကူးလို့ ကားတိုက်သေတဲ့သူ.. မူးပြီး ရန်ဖြစ် အချင်းချင်း ဓားနဲ့ခုတ်ပြီး သေတဲ့သူ.. ဒီလို အရက်ကိုမှ မကောင်းမှန်းသိရက်နဲ့ ဘာလို့ အသားကုန်သောက်နေကြမှန်း နားကိုမလည်ဘူး.. ခု ဒီကောင်လေးဆိုရင်လည်း အစားမစားပဲ အရက်သောက်လွန်းတော့ အစာအိမ်ရောင်ပြီး အရမ်းအန်ရာကနေ ရှော့ခ်ဝင်ပြီး သေသွားတာလေ.. ငယ်ငယ်ရွယ်ရွယ်နဲ့ နာမည်လည်း မကောင်းဘူး.. မိသားစုကလည်း စိတ်ဆင်းရဲရတယ်.. လူငယ်တစ်ယောက်မှာ ရှိသင့်တဲ့ စိတ်ကူး အိပ်မက် အနာဂတ်တွေ အရက်ထဲမှာ မျှောပြီး လုံးပါးပါးသေရတာ.. မိသားစုအတွက်ရော တိုင်းပြည်အတွက်ရော တအားလျော့သွားပြီ.. ရင်နှင်းကို မေးကြတယ်.. အရက်ရဲ့ ကောင်းကျိုး ဆိုးကျိုးတွေကို ရေးပေးပါအုံးတဲ့.. အရက်မှာ ကောင်းကျိုးရှိပါတယ်.. တော်တန်ရုံသောက်ရင် သွေးလည်ပတ်မှုကောင်းပြီး နှလုံးသွေးကြောကျဉ်းရောဂါကိုတောင် ကာကွယ်ပေးသေးတယ်.. ဒါပေမယ့် တန်ဆေး လွန်ဘေးလေ.. ခုခေတ်က မကောင်းတဲ့အရက်တွေ ပေါပါဘိနဲ့.. Quality မကောင်းတာကို ပြောတာပါ.. ရာဘာဖိနပ်စုတ်ကိုတောင်ထည့်ပြီး အရက်ချက်ကြတယ်ဆိုလား.. အဲဒါတွေကိုမှ အရူးအမူးစွဲလန်းနေမှတော့ ဘယ်သူမပြု မိမိမှုပါပဲ.. ဥစ္စာကို ကံစောင့်၊ အသက်ကို ဥာဏ်စောင့်တာမို့ ယမကာလုလင်တွေ ဆင်ခြင်နိုင်ပါစေ..




တားဆေးသောက်နည်း
သူငယ်ချင်းတစ်ယောက် မေးလ်ပို့ပြီး မေးတာလေးကို ဒီကလည်း ဖြေပေးမယ်နော်.. သူငယ်ချင်းအားလုံး ဗဟုသုတရအောင်လို့ပါ.. ခု တားဆေးတွေထဲမှာ ဆေးသောက်မယ်ဆိုရင် Marvelon 28 က အကောင်းဆုံးလို့ ပြောရမှာပါ.. တခြားဆေးတွေကလည်း နေ့တိုင်းမှန်မှန်သာသောက်သွားရင် အရမ်းကောင်းပါတယ်.. ကောင်းကျိုးဆိုးကျိုးကတော့ "မင်္ဂလာဦးည" ထဲက အတိုင်းပါပဲ.. ဆေးသောက်ရင် ရာသီစလာတဲ့ရက်ကနေ ၅ရက်အတွင်း သောက်ရင် အကောင်းဆုံးပါရှင်.. တကယ်လို့ ၅ ရက် ကျော်သွားပြီဆိုရင်တော့ ဆေးစသောက်တဲ့ရက်ကနေ ၇ ရက်ကြာတဲ့အထိ အမျိုးသားနဲ့ အတူမနေနဲ့တော့နော်.. နေရင်လည်း ကွန်ဒုံးသုံးပါ..ဒီ ဆေးရဲ့ကျောဘက်မှာ မျှားထိုးပြီး 1 to 28 ရေးထားတာပါပါတယ်.. (((( ၁ရက်နေ့ကို ရာသီလာခဲ့ရင် Marvelong 28 ဆေးကဒ်မှာရေးထားတဲ့ 1 ဆိုတဲ့ဆေးကို စသောက်ရမလား ? ၅ ရက်နေ့မှာ ရာသီလာခဲ့ရင် ရေးထားတဲ့ 5 ဆိုတဲ့ဆေးလုံးကနေ သောက်ရမလား ? )))) လို့ သူငယ်ချင်းက မေးထားပါတယ်.. အဲလို ဟုတ်ပါဘူး.. ၅ ရက်နေ့မှာ ရာသီလာလို့ ၅ က စသောက်ရမယ်လို့ မဟုတ်ပါဘူး.. ဘယ်နေ့ပဲ စသောက်စသောက် ၁ ကနေ ၂၈ ထိ အစဉ်အလိုက် သောက်သွားရုံပါပဲ.. ရင်နှင်းသူငယ်ချင်းလေးတွေ သာယာချမ်းမြေ့ပြီး ပျော်စရာအိမ်ထောင်သည်ဘ၀လေးကို ပိုင်ဆိုင်နိုင်ပါစေရှင်...
မီးပူလောင်တာပဲ ဖြစ်ဖြစ် ဘယ်လိုအပူလောင်တာပဲဖြစ်ဖြစ် ဘာမှမလုပ်နိုင်သေးရင် ရေသေမှာ မစိမ်ထားပါနဲ့.. ရေဘုံဘိုင်ကိုဖွင့်ပြီး စီးနေတဲ့ရေမှာ အပူလောင်တဲ့နေရာကို ၁၀ မိနစ်လောက်ထားပေးပါ.. ရေအားမပြင်းပါစေနဲ့.. ရေခဲမကပ်ပါနဲ့.. ထောပတ်တွေ ဘာတွေ လျှောက်မလိမ်းပါနဲ့.. ဂွမ်းတွေ လျှောက်မကပ်ပါနဲ့.. သန့်ရှင်းအောင်ထားပါ.. ရည်ကြည်ဖုတွေကို မဖောက်ပါနဲ့.. အပူလောင်ရင် လိမ်းတဲ့ဆေးလေးလိမ်းပြီး ပတ်တီးကို အရမ်းမတင်းအောင် စီးပေးပါ.. လောင်တာများရင် ဆေးရုံ ဆေးခန်းသွားပါ..သူငယ်ချင်းတို့အတွက် ကျန်းမာရေးဗဟုသုတလေးပါ.. :
Posted: 16 May 2012 09:05 PM PDT
“ဗုဒ္ဓဘာသာ နှင့် အမျိုးသမီးများ..”

ဗုဒ္ဓဘာသာသည်
အမျိုးသမီးထုကို အစဉ်အမြဲ အလေးပေးခဲ့၏
အမေဖြစ်သည့် အမျိုးသမီးကို ပြုစုလုပ်ကျွေးဖို့
လေးစားဖို့
တန်ဖိုးထားဖို့ ညွှန်ကြားတော်မူခဲ့၏..။
“အမရာ,ကိန္နရီ, မဒီ, သမ္ဘူလ..”တို့၏ အကြောင်းကိုဖော်ထုတ်ကာ
အရည်အသွေးပြည့် သစ္စာမေတ္တာရှိသည့်
စံနမူနာပြ အမျိုးသမီးများဖြစ်ကြောင်းကို
တခန်းတနားပင် ပြန်လည်ဟောပြတော်မူခဲ့လေသည်။

အချို့နေရာ
အချို့တရားတော်များ၌
အမျိုးသမီး မကောင်းကြောင်းဟောပြောခဲ့ရခြင်းမှာ
အမျိုးသားဖြစ်သည့် ရဟန်းတော်များ၏စိတ်ကို ပြောင်းလဲပေးခဲ့ခြင်းသာ ဖြစ်၏..။
အမျိုးသမီးများ ဘုရားပေါ်မတက်ကောင်း..
သိမ်ထဲမ၀င်ကောင်း…စသည့် လွဲမှားသည့် အယူအဆတချို့..
ဘယ်ကနေ ဘယ်သို့ပေါ်လာသည်ဟု မသိပါချေ..။
အမှန်တကယ်မှာ ဗုဒ္ဓမြတ်စွာဘုရားရှင်သက်တော်ထင်ရှား ရှိစဉ်ကပင်
အမျိုးသမီးများ ဘုရားရှေ့တော်မှောက်သွားရောက် ဖူးမြော်ခွင့်ရခဲ့သည်သာ..။

အမျိုးသားများနှင့် တန်းတူ
အမျိုးသမီးများကိုလဲ..“ရဟန်းမ(ဘိက္ခုနီ)..”ပြုခွင့် ပေးတော်မူခဲ့၏ ၊
အမျိုးသားများနည်းတူ တန်းတူအခွင့်အရေးပေးတော်မူခဲ့ခြင်းပင် ဖြစ်၏..။

တချိန်က
“အရှင်အာနန္ဒာ”ကိုယ်တိုင် “ဗုဒ္ဓမြတ်စွာဘုရား”ကို မေးလျှောက်ခဲ့ဖူး၏..။
“မြတ်စွာဘုရား..
အမျိုးသမီးများလဲ တရားကျင့်ရင်
“သောတာပန်,သကဒါဂါမ် ,အနာဂါမ်, ရဟန္တာ..”ဖြစ်နိုင်ပါသလားဘုရား…”လို့
လျှောက်ထားသောအခါ..
“ဗုဒ္ဓမြတ်စွာဘုရားမြတ်စွာဘုရား”..က..

“အာနန္ဒာ…
သူတို့လဲ..(အမျိုးသမီးများလဲ)
အမျိုးသားများနည်းတူ တရားထူးတရားမြတ်များရနိင်ပါတယ်..”ဟု
ပြန်လည်မိန့်ကြားခဲ့လေသည်..။

ဤမိန့်ကြားချက်ကိုထောက်ဆ၍
အမျိုးသမီးလည်း
သူတို့၏ စိတ်ပိုင်းဆိုင်ရာ စင်ကြယ်မှုနှင့်
နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ဖို့အတွက်
အမျိုးသားများနှင့်တန်းတူပင်ဖြစ်ကြောင်း နားလည်အပ်ပေသည်..။


အမျိုးသမီးများအရေး အလေးထားတော်မူသည့်အတွက်
ဗုဒ္ဓမြတ်စွာဘုရား..က..
ရဟန်းတော်များကို ဆုံးမရာ၌ပင်
ယောက္ခမအိမ်ကို ရောက်ကာစ
အမျိုးသမီးစိတ်ဓာတ်မျိုးဖြင့် နေရမည်ဖြစ်ကြောင်း
ဥပမာပြ ဆုံးမတောမူခဲ့လေသည်..။
[( အဓုနာဂတ ၀ဓုနာသမယေန စေတသာ ၀ိဟရိဿာမ)။ အံ၊၁၊၃၉၀၊]

ဗုဒ္ဓမြတ်စွာဘုရား..က
အမျိုးသမီးထုကို..
ယောက္ခမယောင်္ကျား/မိန်းမနှင့်
လင်ယောင်္ကျား၏ ဆွေမျိုးများကိုလဲ
လေးစားစွာ ဆက်ဆံသင့်ကြောင်း အကြံပေးတော်မူခဲ့သည်..။ (အံ၊သံ၊ပါ)
အမျိုးသမီးထုအပေါ်ထားရှိသည့်
 မြတ်ဗုဒ္ဓ၏ မဟာကရုဏာတော်ပေတည်း။

“သင်္ဂါလောဝါဒသုတ္တန်..”တွင်

(၁)အိမ်မှုကိစ္စနိုင်နင်းရမည်..။

(၂) လင်ယောင်္ကျားရှာဖွေထားသည့် ပစ္စည်းများကို သိမ်းဆည်းတတ်ရမည်..။

(၃)မိမိယောင်္ကျားမှတပါး အခြားအမျိုးသားတို့နှင့် အိမ်ထောင်ရေး မဖောက်ပြန်ရ..။

(၄)နှစ်ဖက်ဆွေမျိုးတို့ကို မျှမျှတတ ပေးကမ်းရမည်..။

(၅) လုပ်ငန်းကိစ္စဆောင်ရွက်ရာတွင် ပျင်းရိခြင်းမရှိ ကျွမ်းကျင်မှုရှိရမည်..ဟု
အမျိုးသမီးများ၏ လင်ယောက်ျားအပေါ်ထားရှိရမည့်
တာဝန်ဝတ္တရားများကို လမ်းညွှန်မိန့်ဆိုတော်မူခဲ့သည်..။

သာယာသော အိမ်ထောင်ရေးသည်သာ
လောကအတွင်းနေစဉ်နှင့် လောကမှလွတ်မြောက်ရာကျင့်စဉ်များကို
ကျင့်ကြံရာတွင် ရာနှုန်းများစွာ အထောက်အကူပြုနိင်ကြောင်း
မီးမောင်းထိုးပြခြင်း..ဟုလည်း နားလည်အပ်ပါသည်..။

နူးညံ့သိမ်မွေ့သည့် နှလုံးသားပိုင်ရှင်
အမျိုးသမီးများ
လိမ္မာရေးခြားရှိမှ..
စာရိတ္တမဏ္ဍိုင်တည့်မတ်မှ..
လောကကြီး သာယာမည့်အရေးကို မြင်တော်မူ၍
ဗုဒ္ဓမြတ်စွာဘုရားက..ဤလမ်းညွှန်ချက်များကို ဟောကြားတော်မူခြင်းလည်း ဖြစ်သည်၊

“သံယုတ္တနိကာယ်”နှင့် “ကုဏ္ဍလကေသီဇာတ်တော်”တို့တွင်
အမျိုးသမီးများ..သည် အမျိုးသားများ..ထက်
“တင်္ခဏုပ္ပတ္တိဥာဏ်” (ရုတ်တရက်အခြေအနေတွင် လျှပ်တပြက်သုံးသည့် ဥာဏ်)
သာလွန်ကြောင်း ဟောပြတော်မူခဲ့သည်၊


ဗုဒ္ဓမြတ်စွာဘုရားသည်..
တရားတော်ကိုဟောကြားသည့်အခါ

ရဟန်းတော်များနှင့် အမျိုးသားဒကာများအတွက် ဟောကြားတော်မူသလို

အခါအခွင့်သင့်ရင် အမျိုးသမီးများအတွက်လဲ

ဟောကြားတော်မူခဲ့သည်သာ ဖြစ်၏..။


တခါတရံ အကြောင်းအကျိုးပြ၍..

တခါတရံအပြစ်ပြ၍ဟောတော်မူခဲ့၏..။

အမျိုးသားများကို ထူးချွန်သည့်(ဧတဒဂ္ဂ)ဘွဲ့များ အပ်နှင်းသလို

 အမျိုးသမီးများကိုလည်း ထူးချွန်သည့်ဘွဲ့များကို

 အမျိုးသားများနည်းတူ

အပ်နှင်းတော်မူခဲ့သည်..။

“ဂေါတမဗုဒ္ဓမြတ်စွာဘုရား..”..၏ သာသနာတော်ဝယ်

အမျိုးသမီးထုများထဲမှ

“ထူးချွန်သည့် အမျိုးသမီးများ”ကို

“ထူးချွန်သည့် အကြောင်းအရာ”အလိုက် ဆုများအပ်နှင်း၍

အသိအမှတ်ပြုတော်မူခဲ့သည်..။

“အဦးဆုံး အရင်ဆုံး သရဏဂုံတည်သူ..”ဘွဲ့ ကို

“သုဇာတာသူဋ္ဌေးသမီး”

“သာသနာတော်အတွက် အလှူဒါန်းဆုံး..”ဘွဲ့ကို

“၀ိသာခါကျောင်းအမကြီး”

“အကြားအမြင်ဗဟုသုတများသူ..” ဘွဲ့ကို

“ခုဇ္ဇုတ္တရာကျွန်မ”

“ မေတ္တာဖြင့်နေလေ့ရှိသူ..”ဘွဲ့ကို

“သာမာဝတီ မိဖုရား”

“ဈာန်ဝင်စားပြီးနေလေ့ရှိသူ..”ဘွဲ့ကို

“ ဥတ္တရာ နန္ဒမာတာ” နှင့်

“ မွန်မွန်မြတ်မြတ်ပေးလှူဒါန်းသည့်နေရာတွင် အထူးချွန်ဆုံး အမျိုးသမီး”ဆုကို

“သုပ္ပ၀ါသာ အမျိုးသမီး..”တို့အား

 အသီးသီး ဘွဲ့တံဆိပ်များ အပ်နှင်း၍

ထူးချွန်သည့်အမျိုးသမီးများဖြစ်ကြောင်း

သံဃာအလယ်

ပရိသတ်အလယ်တွင် ဗုဒ္ဓမြတ်စွာဘုရားကိုယ်တိုင်

အသိအမှတ်ပြု ကြေငြာတော်မူခဲ့သည်..။

၎င်းအမျိုးသမီးများ၏ နောက်ခံသမိုင်းကြောင်းနှင့်

 ဂေါတမဗုဒ္ဓမြတ်စွာဘုရားလက်ထက် အကြောင်းအရာများမှာလဲ

ရင်သပ်ရှုမောဖွယ်ကောင်းလှသည်..။


လေးစားထိုက်ပါပေစွ..။

ဂုဏ်ယူထိုက်ပါပေစွ..။


လူမိုက်တသောင်းကဲ့ရဲ့ ခံရခြင်းထက်

သူတော်ကောင်းတစ်ယောက် ကဲ့ရဲ့ခံရမှာကိုကြောက်ရမည်ဟု

ရှေးထုံးရှိခဲ့လေသည်..။


မှန်ပါ၏..

သူတော်ကောင်းတို့ကဲ့ရဲ့ခံရခြင်းသည်

 မိမိအတွက် အလွန်ရှက်ဖွယ်ပင် ဖြစ်လေသည်..။


 ငြိမ်းချမ်းဖြူစင်သည့် သူတော်ကောင်းတို့ နှလုံးသားမှ

ထွက်ကျလာသည့် စကားလုံးများသည် အမှန်တရားဖြစ်၍

အလွန်ဂုဏ်ယူဖွယ်လည်းဖြစ်လေသည်..။


ဗုဒ္ဓမြတ်စွာဘုရား..က

သူ၏ လက်ယာ လက်ဝဲ အလွန်အားထားရသည့်

တပည့်ကြီးများဖြစ်ကြသည့်

“အရှင်သာရိပုတ္တရာ”နှင့် “အရှင်မောဂ္ဂလာန်..”တို့ကိုပင်…..

“ချစ်သားတို့ !

‘သာရိပုတ္တရာ..”သည်

သင်တို့ရဲ့ မွေးမိခင်နှင့်တူသည်၊

“အရှင်မောဂ္ဂလာန်”သည်

 သင်တို့ရဲ့ ကျွေးမိခင်နှင့်တူလှသည်..ဟု

အမျိုးသမီးဖြစ်သည့် မိခင်များကို အလေးထားကာ

တပည့်ကြီးများအား ဂုဏ်ပြုတော်မူခဲ့သည်..။


[( သေယျထာပိ ဘိက္ခဝေ ဇနေတာ ဧ၀ံ သာရိပုတ္တော၊ သေယျထာပိ ဇာတဿ အာပါဒေတာ ဧ၀ံ မောဂ္ဂလာနော-သစ္စ၀ိဘင်္ဂသုတ္တ၊မ၊၃၊၂၉၃)၊]
[အရှင်တိက္ခဥာဏာလင်္ကာရ(ယော)အရှင်သူမြတ်အား..ဤစာဖြင့်ဦးခိုက်ကြည်ညိုပူဇော်ပါသည်.]

ချမ်းသာကြပါစေ၊အေးငြိမ်းကြပါစေ၊
သံသရာဝဋ်ဆင်းရဲမှ..
လွတ်မြောက်ကြပါစေ။
ဘ၀တုသဗ္ဗမင်္ဂလာ..
(ည.ည.တ)

Posted: 16 May 2012 09:00 PM PDT
ဂုဏ်သိက္ခာဟူသော စကားလေးကို လူ့လောကမှာ တွင်တွင်ကျယ်ကျယ် အသုံးပြုကြပါတယ်။
လူ့ဘောင်၊ လူ့ဝန်းကျင်မှာ နေ့စဉ် အသုံးပြုနေကျ စကားများစွာထဲက တစ်ခုသော စကားလေးပါပဲ။
လူ့အလွှာ၊ လူ့အသိုင်းအ၀ိုင်း နယ်ပယ်မျိုးစုံမှာ ကြားနိုင်တဲ့ စကားလေးလည်း ဖြစ်ပါတယ်။
ဆင်းရဲတဲ့အလွှာမှာ ကြားနိုင်သလို ချမ်းသာတဲ့အလွှာမှာလည်း ကြားနိုင်ပါတယ်။
ပညာတတ်အလွှာမှာ ကြားနိုင်သလို ပညာမဲ့အလွှာမှာလည်း ဒီစကားလေးကို ကြားနိုင်ပါတယ်။
စီးပွားရေး၊ လူမှု့ရေး၊ နိုင်ငံရေး အစရှိသဖြင့် နယ်ပယ်အစုံ သုံးကြတဲ့ စကားလေးပါပဲ။
........................................................................................
ဒီစကားလေးကို လောကီထုပ္ပတ် လူတို့ဇာတ်မှာ နှစ်ခြိုက်စွာ သုံးကြသလို
မနှစ်ခြိုက်စရာ အဖြစ်သနစ်တွေ တွေ့လာတိုင်းလည်း သုံးဖြစ်ကြပါတယ်။
နှစ်ခြိုက်စရာ၊ အားရစရာတွေ တွေ့မြင်လာရင် "ဒီလူဟာ ဂုဏ်သိက္ခာ ရှိတယ်" လို့ ပြောမိသလို
မနှစ်မြို့စရာ လုပ်တဲ့သူတွေကိုတော့ "ဒီလူဟာ ဂုဏ်သိက္ခာ မရှိဘူး" လို့ ဆိုတတ်ကြပါတယ်။
ဂုဏ်သိက္ခာနဲ့ ပတ်သက်ရင် လူတွေမှာ နှစ်ခြိုက်ခြင်း၊ မနှစ်ခြိုက်ခြင်းသဘောကို
ထည့်သွင်းစဉ်းစားတတ်တာ တွေ့မြင်နိုင်ပါတယ်။
ဒါကြောင့် ဂုဏ်သိက္ခာကြောင်း ပြောမယ်ဆိုရင် လူတွေရဲ့  နှစ်ခြိုက်ခြင်း၊ မနှစ်ခြိုက်ခြင်းကိုလည်း
ထည့်သွင်းစဉ်းစားဖို့ လိုလာပါတယ်။ အဖြေညှိဖို့ လိုလာတတ်ပါတယ်။
...........................................................................................
လူ့ဘုံခန်းဝါ လူ့ပြည်ရွာမှာ အောင်မြင်မှု့ဆိုတာ လူတိုင်းနီးနီး တောင့်တတဲ့ အရာတစ်ခုပါ။
လူအားလုံးနီးပါးဟာ ကိုယ်နဲ့သက်ဆိုင်ရာ နယ်ပယ်မှာ အောင်မြင်ချင်ကြပါတယ်။
နိုင်ငံ့ဝန်ထမ်းတစ်ယောက်ဟာ သူ့ဌာနမှာ အောင်မြင်ချင်ပါတယ်။
စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဟာ သူ့လုပ်ငန်းမှာ အောင်မြင်ချင်ပါတယ်။
အဆိုတော်တစ်ယောက်ဟာ သူ့အ၀န်းအ၀ိုင်းမှာ အောင်မြင်မှု့ ရချင်သလို
အားကစားသမားတစ်ယောက်ဟာလည်း သူ့ပရိဿတ်အလယ်မှာ အောင်မြင်မှု့ ရချင်တာပါပဲ။
ယုတ်စွအဆုံး ... ဓမ္မကထိကတစ်ပါးဆိုလျှင်တောင်မှ သူ့တရားဟောပလ္လင်မှာ အောင်မြင်ချင်သေးတာပါပဲ။
သို့သော် ... အောင်မြင်မှု့လိုချင်လို့ ရအောင်ကြိုးစားကြတဲ့အခါ
ဂုဏ်သိက္ခာရှိစွာ ကြိုးစားခဲ့ကြပါသလား၊ လူတွေ နှစ်ခြိုက်ကြပါသလားဆိုတာ
မရှိမဖြစ် ဝေဖန်ဆန်းစစ်သင့်တဲ့ မေးခွန်းတစ်ခု ဖြစ်လာပါတယ်။
.................................................................................................
(ဆန်းစစ်ကြည့်ရမယ့်အလုပ်ဟာ အမျှော်အမြင်ရှိတဲ့ လုပ်ရပ်ဖြစ်တဲ့အတွက်
ဒီကိစ္စကို ဝေဖန်ရေးရှု့ထောင့်တစ်ထောင့်ထားပြီး သုံးသပ်ကြည့်နိုင်ပါတယ်။
ထောင့်များစွာကနေ သုံးသပ်နိုင်ရင် ကျေနပ်စရာရှိပေမယ့်
အဖြေဟာ ထောင့်တစ်ထောင့် မူသေထားသုံးသပ်တာနဲ့ အတူတူပါပဲ။
အဲဒီထောင့်ဟာ အများသုံးဖြစ်ဖို့ပဲ လိုအပ်တာ မဟုတ်ပါလား။
ဒါကြောင့် ဒီ ဂုဏ်သိက္ခာဆိုတဲ့ကိစ္စကို ကျွန်မတို့ဟာ အများနှစ်ခြိုက်ခြင်း ရှိ၊ မရှိဆိုတဲ့
အထက်မှာ ဖော်ပြခဲ့ပြီး ရှု့ထောင့်လေးကနေ ဝေဖန်သုံးသပ်ပါတော့မယ်။)
.....................................................................................................
နိုင်ငံ့ဝန်ထမ်းတစ်ယောက်ဟာ သူ့ဌာနမှာ အရေးပါ၊ အရာရောက်ပါတယ်။
သူ့ကိုဆိုရင် လူတိုင်းက အရေးတယူ လုပ်ကြရတယ်၊ အလေးထားကြရတယ်။
အားနည်းချက်ရှိသူတွေဟာ သူ့ကို မျက်နှာချို သွေးကြရတယ်။
လိုအပ်လာရင် သူက ပေးတာမပေးတာထက် သူ့ကို အကူအညီ တောင်းကြရတယ်။
ဒါပေမယ့် ... လူတွေဟာ သူ့ကို မလေးစားကြဘူး၊ သူ့ကွယ်ရာမှာ သူ့ကို မထီမဲ့မြင် ပြုကြမယ်။
သူ့ကို မျက်နှာချိုသွေးတဲ့လူတွေကို ဟိန်းတတ်ဟောက်တတ်သလောက်
သူ့အထက်က အရာရှိကိုတော့ သူက မျက်နှာချို သွေးရပြန်တယ်။
သူ့ကို မဖြစ်လို့ အကူအညီတောင်းရတဲ့ သူတွေကို သူ ကူညီချင်မှ ကူညီမယ်၊
ကူညီခဲ့လျှင်လည်း အဲဒီလူ့ဆီက အခွင့်အရေးကို ရအောင်ယူတတ်တယ်။
ဒါကြောင့် ... သူ့ကို ဘယ်သူမှ မနှစ်ခြိုက်ကြဘဲ မချစ်သော်လည်း အောင့်ကာနမ်းကြရတယ်။
ဒါဟာ အဲဒီလူမှာ ဂုဏ်သိက္ခာမရှိဘူး ဆိုတာကို ပြတာပါပဲ။
...........................................................................................................
ကျန်တဲ့ ပုဂ္ဂိုလ်တွေမှာလည်း ထိုနည်းတူ ဝေဖန်ကြည့်ပြီး ဆုံးဖြတ်ချက် ချနိုင်ပါတယ်။
အောင်မြင်နေပါတယ်ဆိုတဲ့ နိုင်ငံကျော် စီးပွားရေးသမားတစ်ချို့ကို
လူတွေ အထင်မကြီးတာ၊ မလေးစားတာ၊ ကိစ္စမလုပ်ကြတာဟာ
ဂုဏ်သိက္ခာရှိရှိနဲ့ အောင်မြင်မှု့ ရလာခဲ့ကြတာ မဟုတ်လို့ပါပဲ။
အာဏာကို သုံးလို့ဖြစ်စေ၊ လုပ်ပိုင်ခွင့် ရလို့ဖြစ်စေ အောင်မြင်တာလောက်တော့
လူတကာ လုပ်နိုင်မှာ သေချာသလောက်ပင် မဟုတ်ပါလား။
ဒါကြောင့် ... လူတွေဟာ မနှစ်မြို့၊ သဘောမကျကြတာပါ။
အဆိုတော်တစ်ယောက်၊ သရုပ်ဆောင်တစ်ယောက် ထင်ပေါ်ကျော်ကြားလာတာဟာ
သရုပ်ပျက် ၀တ်စား၊ ကခုန်၊ သီဆို၊ ဖော်ချွတ်ခဲ့လို့သာဆိုရင်
အဲဒီအဆိုတော်၊ အဲဒီသရုပ်ဆောင်ရဲ့ အောင်မြင်မှု့ဆိုတာ ခဏတာပဲ ဖြစ်သလို
သူ့ကိုလည်း ဘယ်ပရိဿတ်နဲ့ ဘယ်သူကမှ ဂုဏ်သိက္ခာရှိတယ်လို့ ပြောမှာ မဟုတ်ပါဘူး။
.................................................................................................................
ဒီနေရာမှာ "အများ နှစ်ခြိုက်မှု့" ဆိုတဲ့ ရှု့ထောင့်ကိုသုံးပြီး
"ဂုဏ်သိက္ခာ" ဆိုတဲ့ ကိစ္စကို ဝေဖန်သုံးသပ်နေရာမှာ
အများ နှစ်ခြိုက်ရင် ဂုဏ်သိက္ခာရှိတယ်လို့ ထုတ်ပြနေတာ မဟုတ်သလို
အများ မနှစ်မြို့ရင် ဂုဏ်သိက္ခာ မဲ့နေတယ်လို့ ဆိုလိုချင်တာ မဟုတ်ပါဘူး။
ဂုဏ်သိက္ခာ ရှိတာကို လူအများ နှစ်သက်၊ သဘောကျကြတယ်လို့ ဆိုချင်တာပါ။
ဂုဏ်သိက္ခာရှိတဲ့ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကို လူတွေ နှစ်ခြိုက်ကြပြီး
တန်ဖိုးထားကြ၊ မြတ်နိုးကြတယ်။
ဂုဏ်သိက္ခာ ရှိတဲ့လူတွေကိုသာ မော်ကွန်းထိုး၊ ကဗျည်းတင်ကြတယ်လို့ ဆိုတာပါ။
ဒါကြောင့် .........
 ဂုဏ်သိက္ခာနဲ့ ပတ်သက်လာရင် "အများကြိုက်" မူကိုသုံးပြီး
 ဝေဖန်ကြည့်နိုင်ပါကြောင်း တင်ပြလိုက်ရပါတယ်။
                                                         မာလာထွေး
                                                                  နံနက်- ၁၀း၂၀ နာရီ
                                                         ၁၇-၅-၂၀၁၂
This posting includes an audio/video/photo media file: Download Now
You are subscribed to email updates from Everyone's Blog Posts - ရွှေမြန်မာဥယျာဉ်
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610

ဝါယာရှောစ့်ကြောင့် စမ်းချောင်းဈေး၌ မီးလောင်မှုဖြစ်ပွား

Inbox
x

လင်းဇော်ထက်
12:57 PM (24 minutes ago)

to mrsorcerer
Inline image 1
 မေလ ( ၁၈ )ရက်နေ့ နံနက် ၁နာရီ ၅မိနစ် အချိန် က စမ်းချောင်း မြို့နယ် ၊ကျွန်းတော( မြောက် )ရပ်ကွက်ဗဟို လမ်းရှိ ရှမ်းလမ်းဈေးခေါ် ဂွဈေး၌ လျှပ်စစ်ဝါယာရှောစ့်ကြောင့် မီးလောင်မှုဖြစ်ပွားခဲ့ရာ ထိုဈေး၌ ဆိုင်ခန်းပေါင်း ( ၃၁၈)ခန်းရှိသည့်အနက် ဆိုင်ခန်း ( ၂၃၃ )ခန်းမီးလောင် ပျက်စီးခဲ့ ပြီး ငွေကျပ် ( ၃၄၉ ဒဿမ ၅ ) သိန်းခန့် ဆုံးရှုံးခဲ့ကြောင်း မီးသတ်ဦးစီး ဌာနမှသိရသည်။ ထိုမီးလောင်မှုမှာ အဆိုပါဈေးအတွင်းရှိ ဈေးရုံအမှတ် ရုံ ( ဃ )၊ဆိုင်ခန်း အမှတ် ( ၁ )တွင်ဖွင့်လှစ်ထားသော ဒေါ်သန်းအေး၏ ဆိုင်၌လေးပေ မီးချောင်း ဖွင့်ထားရာမှ အပူလွန်ကဲရာ မီးလောင်မှုဖြစ်ပွား ခဲ့ခြင်းဖြစ်ကြောင်းနှင့် မီးလောင်မှုအား မီးသတ်ဦးစီး ဌာနမှ မီးသတ်ယာဉ် ( ၃၈ )စီး၊ အထောက်အကူပြုယာဉ် ( ၆ )စီး၊အုပ်ချုပ်မှုယာဉ် ၉စီးတို့ဖြင့် ၀ိုင်းဝန်းငြိမ်းသတ်မှုကြောင့်မီးလောင်မှုဖြစ်ပွားအပြီး တစ်နာရီခွဲခန့် တွင် မီးငြိမ်း သွားခဲ့ကြောင်းသိရ သည်။ထိုမီးလောင်မှုနှင့် ပတ်သတ်၍ စမ်းချောင်းရဲစခန်းမှ ဒေါ်သန်းအေးအား ( ပ )၁၄၈ / ၂၀၁၂ ( ပုဒ်မ )၂၈၅ ဖြင့်အမှုဖွင့် အရေးယူထားကြောင်းသိရသည်။
Inline image 2
(EMG)   ဖေ့ဘုတ်မှာဆက်ကြည့်