This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Thursday, May 17, 2012

ဟာသ၊သုတ၊မျက်လှည့်၊ နှင့်အခြား Videoအပိုင်းတိုလေးများ Download (4)

အားလုံးပဲ မ၈င်္လာပါ အခုထပ်ပြီး ဟာသ သုတ နဲ့ အခြား ဗဟုသုတရစေမယ့် Video အပိုင်းတိုလေးများကိုထပ်တင်ပါမည်..။ မိတ်ဆွေတို့ အနေနဲ့ Youtube မှာရှာမယ်ဆို ရှာတတ်တဲ့သူ အတွက်ကတော့ အဆင်ပြေပါလိမ့်မယ် Internet ကိုအခုမှ စ Use တဲ့လူတွေ

အတွက်ကတော့ မလွယ်ပါဘူး ထို့ အကြောင့် အခုလိုတင်ပေးလိုက်ပါတယ် Video အားလုံးကိုနေ့ စဉ် Update လုပ်ပေးပါ တင်ထားပါသည်။ အားလုံး ပဲဓါတ်ပြားဟောင်းကြီးထပ် ဖွင့်ရတော့မယ်။ အားလုံးပဲ Download လုပ်ပြီူးကြည့်လို့ ရအောင် Download လေးကို FLV နဲ့ MP4နဲ့ တင်ပေးလိုက်ပါတယ် ထို Icon လေးတွေကို Click ပြီးတော့ Download ရယူကြပါခင်ဗျာ ... အားလုံးပဲ ရယ်မောပျော်ရွှင်ကြပါစေ.. အရှေက Video (1) (2) (3)ဆိုပြီးလည်းအများကြီးတင်ထားပေးပါသေးတယ်ခင်ဗျာ... :)











5-Year-Old Girl Unlocks Master Lock in Lessthan a Minute

Download video:

5-Year-Old Girl Unlocks Master Lock in Less than a Minute 


5-Year-Old Girl Unlocks Master Lock in Less than a Minute 


Epic Failed Attempt to Avoid a Puddle

Download video:

Epic Failed Attempt to Avoid a Puddle 


Epic Failed Attempt to Avoid a Puddle 


 




































Once Upon a Time at Target



Download video:

Once Upon a Time at Target 


Once Upon a Time at Target 


Prom Photo Disaster



Download video:

Prom Photo Disaster 


Prom Photo Disaster 


Hooters Girl Takes Hula Hoop to a Whole New Level

Download video:

Hooters Girl Takes Hula Hoop to a Whole New Level 


Hooters Girl Takes Hula Hoop to a Whole New Level

Epic Answer to the Harvard Baseball Team
 

Download video:

Epic Answer to the Harvard Baseball Team 


Epic Answer to the Harvard Baseball Team 


Incredible Downhill Mountainbiking



Download video:

Incredible Downhill Mountainbiking 


Incredible Downhill Mountainbiking 


Name 10 Things That Aren’t Skrillex Board Game
 

Download video:

Name 10 Things That Aren’t Skrillex Board Game 


Name 10 Things That Aren’t Skrillex Board Game 


Reason #315 Why Women Live Longer Than Men



Download video:

Reason #315 Why Women Live Longer Than Men 


Reason #315 Why Women Live Longer Than Men 


Funny Public Embarrassment Prank #2



Download video:

Funny Public Embarrassment Prank #2 


Funny Public Embarrassment Prank #2 


Touching Video of the Day – British Man Saved 669 Jewish Kids during WWII

Download video:

Touching Video of the Day – British Man Saved 669 Jewish Kids during WWII 


Touching Video of the Day – British Man Saved 669 Jewish Kids during WWII 


Funny Join the Army Prank

Download video:

Funny Join the Army Prank 


Funny Join the Army Prank 


How Pixar almost Completely Erased Toy Story 2 Before It Was Released

Download video:

How Pixar almost Completely Erased Toy Story 2 Before It Was Released 


How Pixar almost Completely Erased Toy Story 2 Before It Was Released 


Hilarious Guy Dancing at a Wedding

Download video:

Hilarious Guy Dancing at a Wedding 


Hilarious Guy Dancing at a Wedding 


2 Women, 1 Parking Lot

Download video:

2 Women, 1 Parking Lot 


2 Women, 1 Parking Lot 


Awesome Encounter with Uninvited Guests at the Beach

Download video:

Awesome Encounter with Uninvited Guests at the Beach 


Awesome Encounter with Uninvited Guests at the Beach 


Popping Popcorn in Super Slow Motion

Download video:

Popping Popcorn in Super Slow Motion 


Popping Popcorn in Super Slow Motion 


Life from Puppies’ Point of View



Download video:

Life from Puppies’ Point of View 


Life from Puppies’ Point of View 


Ranking Shoppers with a Pooter



Download video:

Pranking Shoppers with a Pooter 


Pranking Shoppers with a Pooter 


2 Cute Kids Cover Gotye, Well, They Try…

Download video:

2 Cute Kids Cover Gotye, Well, They Try… 


2 Cute Kids Cover Gotye, Well, They Try… 

 











Lamborghini Driver Tries to Show Off, Doesn’t End Well

Download video:

Lamborghini Driver Tries to Show Off, Doesn’t End Well 


Lamborghini Driver Tries to Show Off, Doesn’t End Well 


This Is Why You Don’t Use a Lighter at a Gas Station

Download video:

This Is Why You Don’t Use a Lighter at a Gas Station 


This Is Why You Don’t Use a Lighter at a Gas Station 


Little Boy Doesn’t Take No for an Answer

Download video:

Little Boy Doesn’t Take No for an Answer 


Little Boy Doesn’t Take No for an Answer 

အားလုံးကို အထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ Download လုပ်လို့လဲလွယ်မယ်ထင်ပါတယ် အားလုံးရယ်မောပြီးပြီဆိုတော့
ကိုမသိလိုက်တဲ့နေရာတစ်ခုကနေ အားသစ်တွေရလိမ့်မယ်ဆို ကျနော်လဲအားလုံးနဲ့ ထပ်တူပျော်ရွှင်ပါတယ်...
ကျနော့်အတွက် တခုခုတော့ပြောခဲ့ပေါ့ဗျာ.. :P
Mc wai yan
www.mcwaiyan.com

အမှိုက်ပုံကြီးဖြစ်နေသော ရန်ကုန်


ဘာရာဒွါဂျာ (မြန်မာပြည်)


(photo - www.magickriver.org)

"---အသင့်အတင့် ပြည့်စုံတဲ့လူတွေကလည်း အိမ်ကို အလုံပိတ်၊ လေအေးစက်ကလေး ဖွင့်ပြီးနေတော့ အမှိုက်ပုံအနံ့က နှာခေါင်းကို မကလိဘူးထင်ပါရဲ့---"

ရန်ကုန်မြို့ကြီးဟာ လူနေအိမ်ခြေများစွာနဲ့ တည်ထားတဲ့မြို့ ဖြစ်တဲ့အပြင် နိုင်ငံတကာလေဆိပ်၊ ဆိပ်ကမ်းတွေ ရှိတဲ့ အတွက် အစိုးရရုံးများ အခြေစိုက်ရာ မြို့တစ်မြို့ မဟုတ်ငြားလည်း စည်ကားကြီးကျယ်သော မြို့ကြီးပါ။ လေယာဉ်လမ်းကြောင်းက ၀င်ရောက်လာတဲ့ နိုင်ငံခြားခရီးသည်တွေ၊ သံတမန်တွေ၊ စီးပွားးရေး လုပ်ငန်းရှင်တွေ၊ အမိမြေနဲ့ ဝေးကွာနေတဲ့ အိမ်သူအိမ်သားတွေ ပြန်လာကြတဲ့ မြန်မာပြည်ရဲ့ အဓိက အချက်အချာကျတဲ့ မြို့ကြီး ဆိုတာ မငြင်းနိုင်ပါဘူး။

ဆယ်စုနှစ်ပေါင်းများစွာကို ဖြတ်သန်းပြီးတဲ့နောက် ရန်ကုန်မြို့ကြီးဟာ ဒီဗွီဘီ ရုပ်သံက နေဇော်နိုင် ပြောသလို တကယ့်ကို ဂိုဒေါင်ပျက်ကြီး တစ်လုံးလိုပါပဲ။ နှမြောစရာပေါ့။

စည်းမဲ့ကမ်းမဲ့ ပိုပိုဖြစ်လာတဲ့ တိုင်းသူပြည်သားတွေနဲ့ဆိုတော့ ပျက်စီးနေတဲ့ ဂိုဒေါင်ပျက်ကြီးဟာ သပ်သပ်ယပ်ယပ်လေးများဖြစ်လိုက်ရင် သန့်သန့် ရှင်းရှင်းလေးများဖြစ်လိုက်ရင် ထွက်ပြေးစရာမြေမရှိတဲ့ အတူတူ နေသာထိုင်သာလေးတော့ ရှိဦးမှာပါ။

ခုတော့ ပတ်ဝန်းကျင်ဟာ ကိုယ်နဲ့ မဆိုင်သလို၊ ကိုယ့်အိမ်ရှေ့နဲ့ကိုယ့်အိမ်နောက်ဖေးဟာ ကိုယ်နဲ့မဆိုင်သလို နေနေကြတာဟာ အံ့မခန်းပါပဲ။ နံနက်အိမ်ရှေ့ထွက်တော့ အမှိုက်ပုံ၊ ညနေ အိမ်နောက်ဖေးဘက် လှည့်တော့လည်း တစ်ထပ်တိုက်လောက် မြင့်နေတဲ့ အမှိုက်ပုံ။ ဘယ်လိုများ ဖြေရှင်းရမှာပါလိမ့်။

လူတွေကတော့ စည်ပင်သာယာက အမှိုက်ခွန် မှန်မှန် ကောက်ပြီးတော့ အမှိုက် မသိမ်းဘူးပေါ့၊ ကျွန်မတို့ ရပ်ကွက်မှာတော့ ကျွန်မအိမ်မှာ ရှိတဲ့ရက်များမှာ အမှိုက်ကားက မှန်မှန်လာပါတယ်။ အထပ်မြင့်မှာနေတဲ့လူတွေရယ်၊ အမှိုက် ဆင်းပစ်ရမှာကို ရှက်ကြောက် ပျင်းရိနေတဲ့လူတွေရယ်က ည ည ဆိုရင် အမှိုက် ထုပ်တွေကို အိမ်ပေါ်ကနေ နောက်ဖေးလမ်းကြားထဲကို အဆင်အခြင်မရှိ ပစ်ပစ်ချတာများ အလန့်တကြားရှိလှပါတယ်။

တစ်ခါတစ်ရံများ သူတို့ ပစ်ချလိုက်တဲ့ အမှိုက်ထုပ်က အရှိန်နဲ့ကို ကျွန်မတို့ မီးဖိုချောင်ထဲကို ၀င်လာတတ်သလို၊ ကျွန်မ အိပ်ခန်းထဲကိုလည်း အမှိုက်ထုပ်က ပွင့်ပြီး စားကြွင်းစားကျန်တွေရော အခြားအမှိုက်တွေရော ရွံရှာစဖွယ်ကို ၀င်လာပါတယ်။ မြေညီထပ်မှာနေတဲ့ လူတွေခမျာ ဒီလောက်ပူအိုက်လှတဲ့ ရာသီမှာ နောက်ဖေးပြူတင်း တံခါးလေးကို ဖွင့်ပြီး အိပ်ခွင့် မရပါဘူ။ ခြင်၊ ယင်တွေ တလောင်းလောင်းနဲ့၊ ည ည ဆို ပူလွန်းလို့ ခြင်ထောင်ထဲ မ၀င်နိုင်တော့ ခြင်ဒဏ်ကို ခံလိုက်ရတာ မနေ့ညအထိပါပဲ။ ဒီညလည်း ထိုနည်းလည်းကောင်းပါပဲပေါ့၊ အိမ်နောက်ဖေးက လူတစ်ရပ်မက မြင့်နေတဲ့ အမှိုက်ပုံကြီးက ရှိ ရှိနေသေးရဲ့။

ကျွန်မတို့ ငယ်ငယ်တုန်းက ကျောင်းက ဆရာမများပြောတဲ့စကားလေးကို မှတ်မိသေးပါတယ်၊ မျက်နှာမှာတော့ သနပ်ခါးနဲ့ ပေါင်မှာကတော့ သေးစီးကြောင်းနဲ့ တဲ့။ ခုတော့ ကိုယ့်အိမ်နဲ့ ကိုယ့်ဝန်းကျင်က သေးစီးကြောင်းက ချောင်းဖြစ်နေလုပါပြီ။ အိမ်မှာရှိတဲ့ အလုပ် လုပ်နိုင်တဲ့ လူတွေအားလုံး အလုပ်လုပ်မှ စားဝတ်နေရေး ပြေလည်တဲ့ခေတ် ဆိုတော့လည်း လူတွေက ပင်ပန်းကြပါတယ်။ ဒါပေမယ့် ကျွန်မတို့ တိုင်းသူပြည်သားတွေပဲ ရုန်းကန်နေရတာ မဟုတ်ပါဘူး။

နိုင်ငံတကာမှာ လူတွေဟာ ကျွန်မတို့တွေထက်ကို စက်ရုပ်တွေလိုပဲ အလုပ်လုပ်ကြတာမှ လင်နဲ့မယား၊ မိဘနဲ့ သားသမီး၊ မောင်နဲ့ နှမ တစ်ပါတ်လုံးနေမှ ညနေခင်းလေး တစ်ခင်းလောက် တွေ့ကြ ဆုံကြအောင် ဖန်တီးချိန်းချက်ယူရတာ အမှန်ပါပဲ။ ဒီလောက် အလုပ်တွေ လုပ်နေတဲ့ သူတို့တွေရဲ့ အိမ်ရှေ့မှာ အမှိုက်ထုပ်တွေ ဖြစ်မနေသလို၊ အိမ်နောက်ဖေးကလည်း အမှိုက်ပုံကြီး ဖြစ်မနေတာ ကျွန်မ မျက်မြင်ကိုယ်တွေ့ပါ။

ခုနေတော့ အိမ်ပြန်လာတဲ့ အိမ်ရှင်မကလည်း ကိုရီးယားဇာတ်လမ်းတွဲမှာ နစ်မျော၊ အိမ်ပြန်လာတဲ့ အိမ်ရှင်ထီးကလည်း ဘောလုံးပွဲကိုစောင့်ရင်း ဂျာနယ်တစ်စောင်နဲ့ အချိန်ကုန်လိုက်တာမှ ကိုယ့် အိမ်ရှေ့က လမ်းကလေး ချိုင့်တွေကနေ ကျင်းကြီးဖြစ်နေတာတောင် မသိလိုက်တာမှ အမှိုက်ထုပ်ဆို ဝေလာဝေးသေးရဲ့။

အသင့်အတင့် ပြည့်စုံတဲ့လူတွေကလည်း အိမ်ကို အလုံပိတ်၊ လေအေးစက်ကလေး ဖွင့်ပြီးနေတော့ အမှိုက်ပုံအနံ့က နှာခေါင်းကို မကလိဘူးထင်ပါရဲ့။

နွမ်းပါးတဲ့လူကလည်း ပန်ကာလေးတ၀ီဝီနဲ့ ဘောလုံးစာစောင်လေး ဖတ်သူက ဖတ်၊ ကိုရီးယားဇာတ်လမ်းတွဲလေးကြည့်သူက ကြည့်နဲ့ ဆိုတော့ အမှိုက်ထုပ်လေးတွေ အိမ်ဘေးပုံပုံလာတာ မသိလိုက်ဘူး ထင်ပါရဲ့။

တိုင်းပြည်သစ်ကို ထူထောင်ချင်လိုက်တာ အသေအလဲ။
ဖတ်လိုက်ရတဲ့ ဂျာနယ်တွေ၊
ပြောလိုက်ရတဲ့ နိုင်ငံရေးစကားတွေ၊
ကိုယ်လိုလားတဲ့ လမ်းစဉ်တစ်ခုအတွက် ၀င်လိုက်ရတဲ့ တိုက်ပွဲတွေ၊
ပေးဆပ်လိုက်ရတဲ့ အသက်တွေ၊
အကျဉ်းထောင်ထဲမှာ ကုန်ဆုံးသွားတဲ့ ဆင်းရဲခြင်း အတိပြီးတဲ့ အချိန်တွေ၊
လူငယ်တွေရဲ့ မျှော်လင့်ချက်တွေ၊
လူထုတွေ အဆင်ပြေဖို့အရေး ထောက်ကူပေးကြတဲ့ အသင်းအဖွဲ့အစည်းတွေ ....... များစွာသော ကြိုးပမ်းမှုတွေဟာ အမှိုက်ပုံကြီးထဲကိုများ နစ်မြုပ်သွားမယ် ဆိုရင် သမိုင်းကြောင်းမှာ တာဝန်ရှိတဲ့လူတွေဟာ ဘယ်သူတွေများ ဖြစ်လာမှာပါလိမ့်။


ှ

မေမေ့ စာစုလေးများ

Inbox
x

moe moe
10:11 AM (13 minutes ago)

to mrsorcerer, gtumyowin, hydegroup

မေမေ့ စာစုလေးများ


(၁)
မေမေရဲ့ ကြမ်းတမ်းတဲ့ လက်ဖဝါးနှစ်ခုကြားမှာ ငါတို့ရဲ့ ပျော်ရွှင်တဲ့ကလေးဘဝရှိတယ်။
မေမေရဲ့ ပါးပြင် အရစ်ကြောင်းတွေကြားမှာ ငါတို့ရဲ့ ကြီးပြင်းရှင်သန်တဲ့ ခြေရာတွေရှိတယ်။
မေမေရဲ့ ငွေရောင်ဆံနွယ်တွေကြားမှာ ငါတို့အတွက် စိုးရိမ်ပူပန်ခြင်းတွေရှိတယ်။
မေမေရဲ့ပြုံးရွှင်တဲ့ အပြုံးချိုချိုကြားမှာ ငါတို့အတွက် ခွင့်လွှတ်နားလည်ခြင်းတွေရှိတယ်။

(၂)
သမီးရဲ့ကြီးပြင်းရှင်သန်မှုက မေမေ့နဖူးပေါ်က ကန့်လန်ဖြတ်အရစ်ကြောင်းတွေပါ။ သမီးရဲ့ဖူးပွင့်မှုက မေမေ့မျက်ခုံးနှစ်ခုကြားက တောင်လိုက်အရစ်ကြောင်းတွေပါ။ သမီးရဲ့ပျော်ရွှင်မှုက မေမေ့မျက်စပ်ထောင့်က ဖြာစင်းနေတဲ့အရစ်ကြောင်းတွေပါ။ သမီးရဲ့အောင်မြင်မှုက မေမေ့ပါးပြင်ပေါ်က ပါးချိုင့်လေးပါ။ မေမေ.. ပင်ပန်းပါပြီ.. ကျေးဇူးတင်ပါတယ် မေမေ... 

(၃)
သာမန်ရိုးရှင်းပေမယ့် ထူထည်းတဲ့ချစ်ခြင်းတရားတွေက သူတို့နဲ့ သင့်ရင်ထဲကိန်းဝပ်ခဲ့တယ်။
သင့် တစ်ဘဝစာလောက် အဖော်ပြုခဲ့တယ်... 

သင် ငယ်ငယ်တုန်းက ဇွန်း၊ ခက်ရင်းတွေကိုင်တတ်ဖို့ သူတို့အချိန်ပေးပြီး သင်ပေးခဲ့တယ်။
ဘယ်လို အင်္ကျီဝတ်တယ်၊ ဘယ်လို ကြယ်သီးတပ်တယ်၊
ဘယ်လို ဖိနပ်စီးတယ်၊ ဘယ်လို မျက်နှာသစ်တယ်၊
ဘယ်လို ခေါင်းဖြီးတယ်၊ ဘယ်လို နှပ်ချီးသုတ်တယ်၊ ဘယ်လို အိမ်သာတက်တယ်... 
ဘယ်လို လူပီသအောင်လုပ်မယ်... ဒါတွေကို သူတို့သင်ပေးခဲ့တယ်။

မှတ်မိပါသေးရဲ့လား...? 
ပထမဆုံးသီချင်းတစ်ပုဒ်ကို သင်ဆိုတတ်ဖို့ သူတို့ ဘယ်လိုအထပ်ထပ် ကျင့်ပေးခဲ့တယ်ဆိုတာ.. သားသားက.. မီးမီးက... ဘယ်ကလာပြီး ဘယ်လိုဖြစ်လာသလဲဆိုတာ.. "ဘာကြောင့်"တွေ အတင်းအဓမ္မမေးခဲ့ဖူးကြမယ်။

ဒါကြောင့်.... ဒါကြောင့် တစ်ချိန်ချိန်မှာ သူတို့အိုမင်းသွားတဲ့အခါ၊
တစ်ခုခုကို သူတို့ချက်ချင်း သတိမရတတ်တဲ့အခါ၊
အကြောင်းအရာ ရှေ့နောက်မညီညွတ် စကားတွေပြောမိတဲ့အခါ၊
ပောပြီးသားကို ထပ်တလဲလဲ အကြိမ်ကြိမ် သူတို့ပြန်ပြောမိတဲ့အခါ သူတို့ကို အပြစ်မတင်ပါနဲ့..

အင်္ကျီကြယ်သီးတွေတပ်ဖို့ သူတို့မေ့သွားတဲ့အခါ၊ ဖိနပ်စီးဖို့ မေ့သွားတဲ့အခါ၊
အစာစားနေရင်း ထမင်းဟင်းတွေ အင်္ကျီပေါ်ဖိတ်စင်ပေကျံတဲ့အခါ၊ လက်ကတုန်ကယင်နဲ့ ခေါင်းဖြီးနိုင်အောင် သူတို့ကြိုးစားတဲ့အခါ သူတို့ကို မလောပါနဲ့..
သင်တဖြည်းဖြည်း ကြီးပြင်းလာတဲ့နည်းတူ သူတို့ တဖြည်းဖြည်း အိုမင်းသွားလို့ပါ။
သူတို့မျက်စိရှေ့မှာ သင်ရှိနေရင် သူတို့ရင်မှာ နွေးထွေးရတယ်။

တကယ်လို့ တစ်နေ့နေ့မှာ
သူတို့ မားမားမရပ်နိုင်တော့တဲ့အခါ၊ လှမ်းတဲ့ခြေလှမ်းတွေ ယိုင်ယိမ်းလာတဲ့အခါ
ကျေးဇူးပြုပြီး.... သူတို့လက်ကို တင်းတင်းဆုပ်ကိုင်လို့ သင်ငယ်ငယ်တုန်းက လမ်းလျှောက်သင်စလို သူတို့နဲ့အတူ ဖြေးဖြေးညင်သာ လျှောက်လှမ်းအဖော်ပြုပါ။

သာမန်ရိုးရှင်းပေမယ့် ထူထည်းတဲ့ချစ်ခြင်းတရားတွေက သူတို့နဲ့ သင့်ရင်ထဲကိန်းဝပ်နေပြီး သင့်တစ်သက်တာ အတူဖြတ်သန်းပါစေ.... 

(၄)
ငယ်ရွယ်စဉ်မှာ မိဘတွေရဲ့စကားကို တဗျစ်တောက်တောက်နိုင်လွန်းတယ်လို့ ထင်ခဲ့တယ်။ တစ်နေ့မှာ.. ကျောင်းဖတ်စာအုပ်ကိုဖွင့်တော့ စာအုပ်ကြားမှာ စာရွက်လေးတစ်ရွက် ညှပ်နေတာကိုတွေ့တယ်။ စာမှာရေးထားတာက...

"သမီး... မေမေ အသက်ကြီးပြီ။ တီဗီကြည့်တဲ့အချိန် ဘယ်လိုင်းကိုကြည့်နေမှန်း မမှတ်မိဘူး။ ပြောချင်တဲ့စကားတစ်ခွန်းကိုလည်း ထပ်တလဲလဲ ပြောနေမိတတ်တယ်။ ဒီလိုမေးမိတဲ့အခါ.. ဒီလိုပြောမိတဲ့အခါ စိတ်ရှည်သည်းခံပေးပါ သမီး သမီးငယ်ငယ်တုန်းက ဘာမှနားမလည်လို့ မေမေကို ထပ်ခါတလဲလဲမေးတဲ့အခါ မေမေ စိတ်ရှည်လက်ရှည် ပြောပြ၊ သင်ပြပေးခဲ့ဖူးသလိုပေါ့...." 
အဲဒီနေ့က ကျောင်းတက်နေရင်း ကျွန်မမျက်ရည်တွေ အတားအဆီးမဲ့ စီးဆင်းခဲ့တယ်။

(၅)
ကမောက်ကမနိုင်တဲ့ ဒီလိုအသက်အရွယ်မှာရောက်နေတော့....

မိဘကို စပြီး ဂရုစိုက်တတ်ပေမယ့် ဂရုစိုက်စကားကို ပြောမထွက်ခဲ့ဘူး။

မိဘနား အမြဲအဖော်လုပ်ချင်ပေမယ့် တီဗီရှေ့၊ ကွန်ပြူတာရှေ့ကနေ မခွာရက်နိုင်ခဲ့ဘူး။

မိဘက ကိုယ်နဲ့စကားပြောချင်တာကို သိပေမယ့် သူတို့ပြောတဲ့စကားကို ဘယ်လိုဝင်ဆက်ပြောရမှန်း မသိခဲ့ဘူး။

မိဘတွေ အိုမင်းလာတာကို သိပေမယ့် သူတို့ရဲ့ခေတ်နောက်ကျတာကို သည်းမခံနိုင်ခဲ့ဘူး။ စိတ်ထဲမှာ အစဉ်အမြဲ အားတုံ့အားနာဖြစ်မိပေမယ့် သူတို့ကို အမြဲတမ်း အထီးကျန်အဖော်မဲ့စေခဲ့တယ်။

(၆)
အိမ်ဆိုတာ ဘာလဲ?

အိမ်ဆိုတာ... စိတ်နှလုံးထဲက ဆင်းရဲဒုက္ခ၊ အခက်အခဲတွေကို အရည်ပျော်ကျစေတဲ့ နွေးထွေးတဲ့ နေရောင်ခြည်ဖြစ်တယ်။

ညအမှောင် လမ်းမှားနေသူတစ်ယောက်ကို လမ်းတွေ့အောင် ထွန်းညှိအလင်းပြတဲ့ မီးအိမ်တစ်လုံးဖြစ်တယ်။

လူလူချင်းကြားထဲက အတင်းအဖျင်းတွေကို ရှောင်လွှဲပေးတဲ့ ကြည်လင်တဲ့ ရေအိုင်တစ်အိုင်ဖြစ်တယ်။

ညစ်ထေးရှုပ်ထွေးတဲ့ စိတ်နှလုံးအစုံကို တိုက်ဖျက်ပေးတဲ့ အေးချမ်းတဲ့လေပြေဖြစ်တယ်။

မောပန်းနွမ်းလျတဲ့ စိတ်ဝိညာဉ်ကို နားခိုခွင့်ပေးတဲ့ နွေးထွေးတဲ့ ရင်ဘတ်တစ်စုံဖြစ်တယ်။

တကယ်လို့ မောပန်းပြီဆို .. အိမ်ပြန်ဖို့ မမေ့ပါနဲ့...

(၇)
တကယ်လို့ တစ်စုံတစ်ယောက်ကြောင့် ပေးဆပ်ခြင်းကို သင် မသင်ယူနိုင်ခဲ့ရင် သင်ပျော်ရွှင်ကြည်နူးခဲ့ဖူးတယ်လို့ ကျေးဇူးပြုပြီး မပြောလိုက်ပါနဲ့...


နိုင်းနိုင်းစနေ ဘာသာပြန်သည်။


--
Be Happy,

          Moe Moe.

ထိတွေ့ခြင်း အနုပညာ

Inbox
x

moe moe
10:00 AM (15 minutes ago)

to mrsorcerer, gtumyowin, hydegroup

ထိတွေ့ခြင်း အနုပညာ


ချစ်သူရည်းစားဖြစ်စမှာ လူအများစုက တစ်ယောက်ကိုတစ်ယောက် ထိတွေ့ဖို့အတွက် ဘယ်လိုစရမှန်းမသိ ခေါင်းစားတတ်ကြတယ်။ ယောက်ျားလေးက ကိုယ့်အပြုအမူ ရိုင်းစိုင်းသွားမှာကို စိုးရိမ်တယ်။ မိန်းကလေးက ယောက်ျားလေး ကိုယ့်ကိုအထင်သေးသွားမှာကို စိုးရိမ်တယ်။ တစ်ယောက်ကိုတစ်ယောက် ထိတွေ့တာကို ယောက်ျားလေးဖက်က စတင်သင့်ပါတယ်။ ချစ်သူအမြင်မှာ ကိုယ့်အပြုအမူ မရိုင်းစိုင်းရအောင် ထိတွေ့တဲ့အနုပညာတချို့ မျှဝေလိုက်ပါတယ်။

လက်နဲ့ ထိတွေ့တဲ့အနုပညာ

(၁) မျဉ်းကြားဖြတ်ကူးချိန်မှာ “လာ.. မီးနီတော့မယ်”ဆိုပြီး သူ့လက်ကိုတွဲပြီး မျဉ်းကြားဖြတ်ကူးနိုင်တယ်။

(၂) လှေ၊ သဗ္ဗာန်ပေါ်က ဆင်းချိန်၊ ဒါမှမဟုတ် မညီညာတဲ့လမ်းပေါ် လျှောက်တဲ့အချိန် ကိုယ့်လက်ကို အလိုအလျှောက် ကမ်းပြီး “လာ.. သတိထား.. ငါ့လက်ကိုဆွဲ လဲကျတတ်တယ်” လို့ ပြောနိုင်တယ်။

(၃) လူတွေတိုးဝှေ့ချိန် “လူကွဲသွားမှာစိုးတယ်.. ငါ့လက်ကိုတွဲထား” လို့ ပြောနိုင်တယ်။ တကယ်လို့ သူက ရှက်ကိုးရှက်ကန်းလုပ်နေရင် သူ့လက်ကို ဖျတ်ခနဲတွဲထားနိုင်တယ်။ တကယ်လို့ သင့်ကို သူတကယ်နှစ်သက်ရင် လက်ရုန်းချင်ဟန်ဆောင်ပြီး ငြိမ်သွားလိမ့်မယ်။ တကယ်လို့ လက်အတွဲမခံရင် မတွဲပါနဲ့။ သူ့ဆန္ဒကို ဦးစားပေး လေးစားလိုက်ပါ။ ဒါဟာ သင်ပျော့ညံ့တယ်လို့ သဘောမဆောင်ပါဘူး။

(၄) ထိုင်ရာက သူထရပ်ဖို့ပြင်ချိန် “လာ.. ငါတွဲထမယ်”ဆိုပြီး လက်ကိုတွဲထနိုင်တယ်။

(၅) သူနဲ့ လက်ဖဝါးအကြီးအငယ်ချင်း တိုင်းကြည့်နိုင်ပြီး သူ့လက်က ချစ်စရာကောင်းကြောင်း ပြောနိုင်တယ်။

(၆) သင့်လက်ကောက်ဝတ် သူ့ကိုဆွဲစေပြီး အားစမ်းကစားနိုင်တယ်။

(၇) လက္ခဏာကြည့်နိုင်တယ်။ ဒီနည်းက ရိုးပြီး ဟောင်းနေပြီဆိုပေမယ့် အကျိုးရှိပါတယ်။ တကယ်လို့ လက္ခဏာပညာကို သင်အနည်းအကျဉ်း လေ့လာထားတယ်ဆိုရင် ငါးမိနစ်ပြောရုံနဲ့ သူ့ကိုစိတ်ဝင်တစားဖြစ်စေနိုင်ပါတယ်။

ပုခုံးနဲ့ ထိတွေ့တဲ့အနုပညာ

(၁) နောက်ကျောဖက်မှာ ကားလာတဲ့အခါ “ကားလာနေတယ်”ဆိုပြီး သူ့ပုခုံးကို ညင်ညင်သာသာ ထိနိုင်ပါတယ်။

(၂) ဒါန်းစီးတဲ့အချိန် “လာ.. တွန်းပေးမယ်”ဆိုပြီး သူ့ပုခုံးကို သာသာလေးကိုင် တွန်းနိုင်ပါတယ်။

(၃) စားသောက်ဆိုင်ရှေ့ရောက်တဲ့အခါ သူ့ပုခုံးကို သာသာလေးပုတ်ပြီး “ဒီဆိုင်ဆိုရင် မဆိုးဘူး ထင်တယ်နော်!” လို့မေးပါ။ တကယ်လို့ သူသဘောတူရင် သူ့ပုံခုံးကို သာသာလေးဖက်ပြီး အတူတူဝင်သွားနိုင်ပါတယ်။

(၄) လေအေးလေးတိုက်လို့ပဲဖြစ်ဖြစ်၊ မိုးဖွဲဖွဲရွာလိုပဲဖြစ်ဖြစ် သင့်အပြင်အင်္ကျီကိုချွတ်ပြီး သူ့ပုခုံးပေါ် အသာလေးတင်ပေးနိုင်ပါတယ်။

(၅) အဆောက်အဦးကို မိတ်ဆက်ပြောပြတဲ့အခါဖြစ်ဖြစ်၊ ရှေးဟောင်းပစ္စည်းကို မိတ်ဆက်ပေးတာပဲဖြစ်ဖြစ် ဘယ်လက်ကို သူ့ပုံခုံးပေါ်တင်ပြီး ညာလက်နဲ့ထိုးပြ မိတ်ဆက်ပေးနိုင်ပါတယ်။

(၆) ကစားကွင်းမှာ ချားရဟတ်စီးတာပဲဖြစ်ဖြစ်၊ ဒမြသင်္ဘောစီးတာပဲဖြစ်ဖြစ် သူ့လက်ကို တင်းတင်းဆုပ်ကိုင်ထားနိုင်သလို သူ့ပုခုံးကို ဖက်ထားနိုင်ပါတယ်။

(၇) မြက်ခင်းပြင်ပေါ်ထိုင်ပြီး သူထလာတဲ့အခါ “ဟာ.. ဒီမှာပေသွားပြီ”ဆိုပြီး လက်နဲ့ သာသာလေး သူ့တင်ပါးကို ပုတ်ပေးနိုင်ပါတယ်။
မှတ်ထားရမှာက ထိတွေ့တဲ့အပြုအမူက သဘာဝကျပြီး ညင်သာရပါမယ်။ စကားအပြောအဆိုလည်း သဘာဝကျပြီး ပေါ့ပါးရပါမယ်။ စိတ်လှုပ်ရှားတာမျိုး၊ တုန်လှုပ်တာမျိုး မရှိရပါဘူး။ မိန်းကလေးတွေက ပထမဆုံးအကြိမ် ယောက်ျားလေးနဲ့ ထိတွေ့ဆက်ဆံတာမို့ စိတ်လှုပ်ရှား၊ တုန်လှုပ်နေပြီးသားပါ။ ရင်ထဲမှာ သင့်ကိုတကယ်နှစ်သက်တယ်ဆိုရင် သင်ထိတွေ့တာကို သူဗွေယူမှာမဟုတ်ပါဘူး။ နောက်တစ်ကြိမ် သင်ဒီလိုလုပ်ဖို့ကို သူမျှော်လင့်တတ်ပါသေးတယ်။ ဒါပေမယ့် သင့်အပြုအမူ၊ သင့်စကားအနေအထား၊ သင့်ဟန်ပန်တွေက သူ့ခံစားချက်ကို အများကြီး အကျိုးသက်ရောက်စေနိုင်ပါတယ်။ တကယ်လို့ သင်အပြုအမူတွေက သဘာဝမကျနေဘူးဆိုရင် သူလည်း အနေရခက်တာမျိုး၊ သင့်ကို ငြင်းဆန်တာမျိုးတွေ ဖြစ်တတ်ပါတယ်။

အောက်က အချက်တွေက သင့်ကိုသူနှစ်သက်စေမယ့်၊ သင်လုပ်ရတာ သဘာဝကျစေမယ့် အချက်တွေဖြစ်ပါတယ်။

တခြားအစိတ်အပိုင်းနဲ့ ထိတွေ့တဲ့အနုပညာ

(၁) သူ့ခေါင်းကို ပွတ်သပ်တယ်။ လက်ချောင်းနဲ့ သူ့ဆံပင်တွေကို သပ်တင်ပေးတယ်။ ဒါမှမဟုတ် လက်ချောင်းနဲ့ သူ့ဆံပင်ကို ဖွတယ်။ တကယ်လို့ သူအမူအရာက ရှက်ကိုးရှက်ကန်းဖြစ်နေပြီး ငြင်းဆန်တဲ့ အရိပ်အယောင်မပြဘူးဆိုရင် နောက်တစ်ကြိမ်မှာ ဒီထက်ထိတွေ့နိုင်ဖို့ သင်အခွင့်ရပါတယ်။

(၂) သူ့လက်ကို ကိုင်တွယ်ချိန်မှာ သူ့လက်ချောင်း၊ လက်ဆစ်တွေကိုလည်း ပွတ်သပ်ကိုင်တွယ်နိုင်ပါတယ်။ အမှတ်မထင်တဲ့ ခံစားမှုမျိုး သူ့ကိုခံစားစေနိုင်ပါတယ်။

(၃) သူ့နှာခေါင်းကို သာသာလေး ညစ်ကိုင်နိုင်တယ်။ ငြင်းဆန်စိတ်ဝင်သွားတဲ့ခံစားမှုမျိုး သူ့ကို ခံစားစေနိုင်ပါတယ်။

(၄) လက်ညိုးနဲ့ သူ့နဖူးကိုထိကို “တော်တော်ဆိုးတဲ့ ချာတိတ်မ”လို့ သူ့ကိုရယ်အောင် စနိုင်ပါတယ်။

သတိထားရမှာက အထက်ကအချက်တွေနဲ့ အခြေခံထိတွေ့မှုကို သင့်တော်တဲ့ပတ်ဝန်းကျင်နဲ့ သင့်တော်တဲ့ အခြေအနေမှာ ပြုလုပ်ရမှာဖြစ်တယ်။ ဥပမာ- စိတ်ထိခိုက်ဝမ်းနည်းတဲ့ ရုပ်ရှင်ကားမျိုးကြည့်နေချိန်မှာ လုပ်လို့မရပါဘူး။ တကယ်လို့ ပတ်ဝန်းကျင်သင့်တော်ပြီး ရိုမန်တစ်ဆန်တဲ့ အသက်အငွေ့မျိုး သင်ထည့်နိုင်ရင် မိန်းကလေး စိတ်ဆိုးလိမ့်မှာမဟုတ်ဘူး။ ဒါပေမယ့် အသက်ကြီးပိုင်း ရင့်ကျက်တဲ့ မိန်းကလေးမျိုးဆိုရင် သင်ရိုမန်တစ်ဆန်စရာ သိပ်မလိုပါဘူး။

မူရင်း-- http://www.rs66.com/a/3/57/27524_3.html

နိုင်းနိုင်းစနေ ဘာသာပြန်သည်။


--
Be Happy,

          Moe Moe.

HIV ကာကွယ်ကုသဆေးဆိုတာ နောက်ဆုံးတော့ တကယ်ပေါ်လာခဲ့ပါပြီ

phyoe ●
HIV ကာကွယ်ကုသဆေးဆိုတာ နောက်ဆုံးတော့ တကယ်ပေါ်လာခဲ့ပါပြီ
အေအိုင်ဒီအက်စ် ရောဂါကို ထိရောက်စွာ ကာကွယ်နိုင်စွမ်းရှိသည့် ပဋိဇီဝပစ္စည်း(antibody) တစ်ခုကို ဓာတ်မတည့်ခြင်းနှင့် ကူးစက်ရောဂါများဆိုင်ရာ အမေရိကန် အမျိုးသားတက္ကသိုလ် (National Institute of Allergy and Infectious Diseases) မှ သုတေသီများက တွေ့ရှိခဲ့ကြသည်။ထိုပဋိဇီဝပစ္စည်းကို တွေ့ရှိလိုက်ခြင်းသည် ကုရာနတ္ထိဆေးမရှိဖြစ်သော ခုခံအားကျဆင်းမှု ကူးစက်ရောဂါကြီးအတွက် ထိရောက်သော ကာကွယ်ဆေးနှင့် ကုသဆေးများ ပေါ်ပေါက်လာစေရန် သေချာသွားခဲ့ပြီဟု သုတေသီများက မှတ်ချက်ပြုကြသည်။ ထို စွမ်းရည်မြင့်ပဋိဇီဝပစ္စည်း (Super Antibodies) ကို အခြေခံ၍ ထုတ်လုပ်သော ကာကွယ်ဆေးသည် လူတိုင်း၏ ခန္ဓာကိုယ်တွင် အလားတူ စွမ်းရည်မြင့်ပဋိဇီဝပစ္စည်းများ ထွက်ပေါ်လာစေကာ HIV ပိုး ကူစက်မှုကို ခံနိုင်ရည်ရှိစေမည်ဟု မျှော်လင့်ထားကြောင့် အဆိုပါ ပညာရှင်များက ပြောကြားခဲ့ကြသည်။
ရှေးယခင်ကတည်းက HIV ဗိုင်းရပ်စ်ကို သတ်နိုင်မည့် ပဋိဇီဝပစ္စည်းအမျိုးမျိုးကို ပညာရှင်များ ကြိုးစား ဖော်ဆောင်ခဲ့သော်လည်း HIV ပိုးကို သတ်နိုင်သော ပဋိဇီဝပစ္စည်းများ ပေါ်ပေါက်လာခဲ့သော်လည်း အဆိုပါပိုး၏ ဗီဇမျိုးစိတ် (Strain) ၂ ခုခန့်ကိုသာ ချေမှုန်းနိုင်မည် ဖြစ်သောကြောင့် ရလဒ်များမှာ ကျေနပ်ဖွယ် မထူးခြားခဲ့ပါ။ လွန်ခဲ့သော နှစ်အနည်းငယ် အတွင်းကမူ ဗီဇမျိုးစိတ်ပေါင်း မြောက်မြားစွာအထိ ဖယ်ရှားသုတ်သင်နိုင်မည့် ပဋိဇီဝပစ္စည်းများ ပေါ်ပေါက်လာခဲ့ ပြန်သော်လည်း ထို ပဋိဇီဝပစ္စည်းများ၏ အစွမ်းသည် ကာကွယ်နိုင်သော ဗီဇမျိုးစိတ် အရေအတွက် ၄၀% လုံးဝမကျော်ခဲ့သဖြင့် ဆေးဝါးတစ်စုံတစ်ရာ ထုတ်လုပ်နိုင်ရန် မဖြစ်နိုင်သော အနေအထား ရှိခဲ့သည်။
ယခုတွေ့ရှိရသော စွမ်းရည်မြင့် ပဋိဇီဝပစ္စည်း ၃ ခုကမူ HIV ဗိုင်းရပ်စ်အားလုံး၏ ၉၁% ဗီဇမျိုးစိတ်များကို ဖျက်ဆီးဟန့်တားနိုင်ကြောင်း နှင့် အဆိုပါ ပဋိဇီဝ ပစ္စည်းများ၏ အသေးစိတ် အကြောင်းအရာများကို ယခုလ ၉ ရက်နေ့ထုတ် Science ဂျာနယ်တွင် ဖော်ပြပါရှိခဲ့သည်။ ယခုလေ့လာမှု၏ သုတေသီတစ်ဦး ဖြစ်သော ဒေါက်တာဂရေးနေဘယ်လ်က အဆိုပါ ဆောင်းပါးတွင် “ပိုးကို ပြန်တိုက်နိုင်တဲ့ ပဋိဇီဝပစ္စည်း ဆိုတာဟာ ပိုးဝင်ပြီး နောက်မှ ခန္ဓာကိုယ်က ထုတ်လို့ ရတာဖြစ်ပါတယ်။ ရောဂါတော်တော်များများမှာ ပဋိဇီဝပစ္စည်းက ပိုးကို နောက်ဆုံးမှာတော့ သတ်ပစ်လိုက်နိုင်တာပါပဲ။ ဒါပေမယ့် HIV ပိုးဟာ တခြားဗိုင်းရပ်စ်တွေနဲ့ မတူပဲ ပြင်းထန်လွန်းတဲ့အတွက် သူက ခုခံအားစနစ် (Immune System) ထက် လက်ဦးမှု ရယူကာ ခုခံအားစနစ်ကိုပါ ဖျက်ပစ်လိုက်တဲ့အတွက် သူ့ကူးစက်မှုဟာ ရာသက်ပန် ဖြစ်သွားရတာ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ဟာ HIV ဗိုင်းရပ်စ်အရင် လက်ဦးမှု ရယူကာ ပဋိဇီဝပစ္စည်း အရင်ထုတ်နိုင်မယ့် ကာကွယ်ဆေးကို ထုတ်လုပ်နိုင်မယ်လို့ မျှော်လင့်ပြီး ကြိုးစားနေကြပါတယ်” ရေးသားဖော်ပြထားသည်ကို တွေ့ရပါသည်။
လက်ရှိ ဗြိတိန်တစ်နိုင်ငံတည်းတွင်ပင် HIV ပိုးရှိပြီး AIDS ရောဂါအဖြစ် ကူးပြောင်းနေသူ ၇၃,၀၀၀ ရှိနေပြီး ထိုလူများထဲမှ ၃၀%သည် ၄င်းတို့၌ ပိုးရှိမှန်းပင် မသိကြသေးကြဟု ကျန်းမာရေး ပါရဂူများက မျှော်မှန်းထားကြသည်။ ထို့ပြင် ယနေ့ကမ္ဘာပေါ်၌ လူပေါင်း ၃၃ သန်းတွင် HIV ပိုး ရှိနေကြပြီး အဆိုပါပိုး စတင်ပေါ်ပေါက်လာခဲ့သော ၁၉၈၀ ပြည့်နှစ်များကတည်းမှ ယနေ့အထိ လူပေါင်း ၂၅ သန်းကျော် AIDS ရောဂါကြောင့် သေဆုံးခဲ့ပြီး ဖြစ်ကြသည်။လက်ရှိအခြေအနေတွင် AIDS ဝေဒနာသည်များသည် ကာကွယ်ဆေးရော ကုသဆေးပါ မရရှိနိုင်သေးဘဲ ရှုပ်ထွေးသော ဓာတုဆေးဝါး အပြင်းစားများနှင့်သာ အသက်ဆက်နေရသည်သာ ဖြစ်ပြီး ကမ္ဘာတစ်ဝန်းတွင်လည်း ကာကွယ်ရေး လုပ်ငန်းများ လုပ်ဆောင်နေသည့် ကြားမှ ပိုးကူးစက်နှုန်းများ တစ်နှစ်ထက် တစ်နှစ် များပြား လာနေရာ ယခုတွေ့ရှိချက်မှ ဆေးဝါး တစ်စုံတစ်ရာ ရရှိခဲ့လျှင်တော့ အထက်ပါ အရေအတွက်နှုန်းထားများကို သေချာပေါက် လျှော့ချနိုင်မည် ဖြစ်ပါသည်။HIV ပိုးသည် တည်ဆောက်ပုံအားဖြင့် လူသား၏ ခုခံအားစနစ်မှ တိုက်ထုတ်ရန် မှတ်သားနိုင်ခြင်းစွမ်း လုံးဝ မရှိသော သကြားဓာတ်ဖြင့် ဖုံးအုပ်ကာကွယ်ထားသည့် ဆူးချွန်လေးများ ရှိပြီး သူ၏ မျိုးရိုးဗီဇကိုလည်း အချိန်နှင့်အမျှ ပြောင်းလဲပစ်နိုင်စွမ်းရှိသလို ခုခံအားစနစ်ကိုလည်း ထိရောက်စွာ ဖျက်ဆီးပစ်နိုင်စွမ်း ရှိခြင်း တို့ကြောင့် ၄င်းကို သတ်ရန် ထွင်လိုက်သမျှ ဆေးများ၏ ပစ်မှတ်ကို လွဲချော်စေခဲ့သည်။
ထိုအကြောင်းအချက်များကြောင့် ၄င်းပိုးအတွက် ကာကွယ်ဆေး ဖော်စပ်နိုင်ရန်မှာ လုံးဝနီးပါး မဖြစ်နိုင်ဟု ပညာရှင်အများစုက ထင်မြင်ယူဆခဲ့ကြသည်။ ပြီးခဲ့သော စက်တင်ဘာက ထိုင်းနိုင်ငံအခြေစိုက် ကျန်းမာရေးသုတေသနအဖွဲ့ တစ်ခု၏ HIV ပိုးကူးစက်မှုကို ၃၀% အထိ တားဆီးနိုင်သည့် ဆေးဝါးပေါ်ထွက်လာသည်ဆိုသော သတင်းကို ကမ္ဘာတစ်ဝန်း ကြားသိခဲ့ရသော်လည်း တကယ့်တကယ်တော့ သိပ္မံနည်းကျ စာရင်းဇယားတကျ အစွမ်းမထက်ပါဟု ခွဲခြမ်းစိတ်ဖြာ လေ့လာချက်များအရ တွေ့ရှိခဲ့ရသည်။ယခု ပဋိဇီဝဆေးကို တွေ့ရှိရခြင်းမှာ HIV ပိုး၏ ဗီဇမျိုးစိတ် တည်ဆောက်ပုံသည် မည်မျှပင် အချိန်နှင့်အမျှ ပြောင်းလဲနေစေကာမူ လုံးဝမပြောင်းလဲဘဲ ကျန်နေတတ်သော အစိတ်အပိုင်းများကို ဗြိတိန်သုတေသီများက တွေ့ရှိခဲ့ရာမှ အဆိုပါ မပြောင်းလဲသော ဗီဇမျိုးစိတ် အပိုင်းများကို တိုက်ခိုက်ရန် စွမ်းရည်မြင့် ပဋိဇီဝပစ္စည်းကိုပါ ထပ်မံတွေ့ရှိခဲ့ခြင်း ဖြစ်ပါသည်။
ထိုစွမ်းရည်မြင့် ပဋိဇီဝပစ္စည်းများ၏ ပိုးကို တိုက်ခိုက်ပုံသည် ခုခံအားစနစ်ခေါင်းဆောင် CD4 ဆဲလ်များ၏ တိုက်ခိုက်ပုံနှင့် တစ်စိတ်တစ်ပိုင်းအားဖြင့် တူညီမှုရှိပြီး အစွမ်းထက်မြက်မှု ရှိလှကြောင်း သုတေသီများက ပြောကြားကြသည်။ အဆိုပါ ပဋိဇီဝ ပစ္စည်းများသည် ဗိုင်းရပ်စ်၏ မပြောင်းလဲနိုင်သော မျိုးရိုးဗီဇ အပိုင်းများကို တွယ်ကပ် တိုက်ခိုက်နိုင်ပြီး များပြားလှစွာသော ဗီဇမျိုးကွဲများကို သုတ်သင်ဖယ်ရှားနိုင်ကြောင်း လေ့လာမှုကို ဦးဆောင်ခဲ့သူ သုတေသီများထဲမှ တစ်ဦးဖြစ်သော ဒေါက်တာဂျွန်မက်စ်ကိုလာက ယခုလ ၉ ရက်နေ့က ရှင်းလင်းပြောဆို သွားခဲ့သည်။၎င်းတို့အဖွဲ့သည် အခြား စမ်းသပ်မှု တစ်ခု အနေဖြင့်လည်း အဆိုပါ ပဋိဇီဝပစ္စည်းက HIV ဗိုင်းရပ်စ်ကို တွယ်ကပ်သတ်ဖြတ် နိုင်ပုံကို x-ray crystallography ခေါ် အိတ်စ်ရောင်ခြည်သုံး ပုံဖော်စက်ဖြင့် အနုမြူအရွယ်အစားအထိ ရှုမြင်လေ့လာနိုင်ကြပြီး အဆိုပါ တွေ့ရှိချက်အမျိုးမျိုးတို့သည် HIV နှင့် တကွ ကူးစက်ရောဂါများတိုက်ဖျက်ရေး ဆေးပညာအတွက် ပညာအလင်းမွေးဖွားခြင်း (Renaissance) တစ်ခု ဖြစ်ခဲ့ပြီဟု ဆိုနိုင်ခဲ့ပြီ ဖြစ်ပါသည်။
Izumi phyoe

အခြေခံပညာကျောင်းအုပ်ကြီးများကို ကယ်တင်ပါ.......

လာမယ့် ၂၅ ရက်နေ့ဆိုရင် မြန်မာနိုင်ငံတစ်ဝှမ်းအခြေခံပညာကျောင်းတွေမှာ ကျောင်းအပ်နှံရပါတော့မယ် အစိုးရဘက်ကလည်း အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံရာ၌ မည်သည့်အလှူငွေ မှ ကောက်ခံခြင်း မပြုလုပ်ရန် ညွှန်ကြားချက်များထုတ်ပြန် တားမြစ်သံတွေကြားနေရ ပါပြီ  ကျောင်းအပ်နှံရာမှာ  မူလတန်းအဆင့် ကျောင်းသားများအတွက် အခမဲ့ဖြစ်တယ် ၊အလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသားများကျောင်း အပ်နှံမှုအတွက်မူ သက်ဆိုင်ရာ အတန်းအလိုက် မိဘဆရာအသင်းကြေးတို့သာ ကောက်ခံသွားမည်ဖြစ်ပြီး မည့်သည့်အလှူငွေမှ ကောက်ခံခွင့် မရှိကြောင်း အမိန့်တွေထုတ်နေပါပြီ ၊သက်ဆိုင်ရာတိုင်းဒေသကြီးအဆင့် ပြည်နယ်အဆင့် မြို့နယ်အဆင့် ပညာရေးမှူးတွေကလည်း သက်ဆိုင်ရာအခြေခံပညာကျောင်းအုပ်ကြီးတွေကို ငွေလုံးဝ မကောက်ဘို့ ကောက်ရင် အရေးယူခံရမယ် ဆိုတာသိရှိကြောင်း ၀န်ခံကတိတွေ ထိုးနေရတဲ့နေရာတွေလည်း ထိုးနေရပါပြီ ။

အစိုးရ ပညာရေးဌာနတာဝန်ရှိသူတွေက မူလတန်းအခမဲ့ အလယ်တန်းအထက်တန်း မိဘဆရာအသင်းကြေး သာကောက်ရမယ်လို့ ဆိုပါတယ် မိဘဆရာအသင်းကြေးဆိုတာကလည်း ၅တန်း ၅၀၀ ၊ ၆တန်း ၆၀၀ ၊ ၇တန်း ၇၀၀ ၊ ၈တန်း ၈၀၀ ၊ ၉တန်း ၉၀၀ ၊ ၁၀တန်း ၁၀၀၀ ကျပ်မျှသာဖြစ်ပါသည် ။ဒါကလွဲရင်ဘာမှမကောက်ရဘူးလို့ အစိုးရရဲ့ အမိန့်ကဆိုနေပါတယ် ၊ဒါကိုမီဒီယာတွေမှာ လည်းဖေါ်ပြနေတော့ ကျောင်းသားမိဘတွေကလည်း ဒီအတိုင်းသိနေကြပါပြီ ၊ ဒါမကောင်းဘူးလား လို့မေးရင် သိပ်ကောင်းတာပေါ့ဗျာ လို့ ပြောရမည်သာဖြစ်ပါသည် ။ သို့သော် ဖြစ်နိုင်ပါ့မလား ဆိုတာကိုတော့ သက်ဆိုင်ရာတာဝန်ရှိသူများရော မိဘပြည်သူများရော စဉ်းစားရပါတော့မည် ။

သူငယ်တန်းမှ ၈တန်းအထိ တစ်တန်းလျှင်ကျောင်းသားဦးရေ ၁၀၀ နှုန်းဖြင့် ၉၀၀ ဦး  ၉တန်း ၁၀ တန်း တစ်တန်းလျှင် ၂၀၀ ဦးနှုန်းဖြင့် ၄၀၀ဦး စုစုပေါင်း ကျောင်းသားဦးရေ ၁၃၀၀ ရှိသော အထက်တန်းကျောင်းတစ်ကျောင်း ဆိုပါစို့ ထိုကျောင်းအတွက် ပညာရေးဌာနကသတ်မှတ် ထားသော ကျောင်းသားဆရာအချိုး ၊ ဘာသာရပ်သင်ဆရာနှင့်ကျောင်းသားအချိုး များနှင့်တွက်ချက်ပါက အနည်းဆုံးဆရာ ၁၀၀ ဦးရှိရပါမည် ။ စာသင်ခန်းတစ်ခန်း ပျမ်းမျှ ၃၃ ဦးနှုန်း ဖြင့်ထားပါက တစ်ကျောင်းလုံးစာသင်ခန်း ၄၀ ရှိပါမည် ။ထိုကျောင်းသား ၁၃၀၀ ဆရာ ၁၀၀ စာသင်ခန်း ၄၀ ရှိသော ကျောင်းတစ်ကျောင်း၏ တစ်နှစ်ကုန်ကျစရိတ်ကို တွက်ချက်ကြည့်ရအောင်ပါ ။
ကျောင်းဖွင့်ပြီဆိုတာနဲ့ ကျောင်းအပ်ခံနိုင်ဘို့ ကျောင်းဝင်ခွင့်လျှောက်လွှာများ ၊ မိဘဆရာအသင်းကြေး များလက်ခံရရှိကြောင်းငွေပြေစာများပုံနှိပ်ခြင်း  ( ကျောင်းသားမိဘပေးရန် ၊ ကျောင်းလက်ခံ ၊ စာရင်းအစစ်ခံရန်အတွက် ) ၊ ကျောင်းအပ်နှံရေးနေ့ လှုပ်ရှားမှုဆိုင်းဘုတ်များ  ပြုလုပ်ခြင်း (အချို့တိုင်းများတွင် တိုင်းပညာရေးမှူးရုံးကဗီနိုင်းများ ပုံနှိပ်၍ရောင်းပါသည် ၊ မ၀ယ်လို့လဲမရပါ ) ကျောင်းအပ်နှံရေးနေ့အတွက် ငွေကောက်မကောက် လာစစ်ကြကုန်သော အမျိုးမျိုးသော စစ်ဆေးရေးအဖွဲ့များ ဧည့်ခံခြင်း ၊ ပုံနှိပ်စာအုပ်များကို သတ်မှတ်နေရာများမှ ကျောင်းအရောက် အကြိမ်ကြိမ် ကားဖြင့်သယ်ယူခြင်း (တစ်ကြိမ်တည်းနှင့်အကုန်အပြည့်အစုံမရပါ ကျောင်းဖွင့်ပြီး ၂ လလောက်အထိ အကြိမ်ကြိမ်ထုတ်ယူရပါသည် ) အစရှိသော ကိစ္စအ၀၀ များအတွက် မြန်မာငွေ ၂သိန်း မရှိလျှင်မရပါ ။
ဆရာဆရာ ၁၀၀ အတွက် Teaching Notes ရေးရန်အတွက် လယ်ဂျာစာအုပ် ၁၀၀ ( ထိုစာအုပ်မရှိ၍မရပါ ကျောင်းစစ်လာလျှင် စစ်ပါသည် ) ၊ စာသင်ခန်း ၄၀အတွက် ကျောင်းခေါ်ကြိမ်မှတ်တမ်းစာအုပ် ၄၀ ၊ အမှတ်စာရင်းစာအုပ် ၄၀ ၊ ဆရာစာသင်ကြားမှုမှတ်ပုံတင် စာအုပ် ၄၀ ၊ ကျောင်းတစ်ကျောင်းလုံး၏ စာရင်းချုပ်များပြုလုပ်ရန် ၊ အထက်ဌာနများ၏စစ်ဆေးချက်များပြုလုပ်ရန်ကျောင်းအုပ်ကြီးရုံးအတွက် လယ်ဂျာစာအုပ် ၄၀ ၊ စုစုပေါင်းလယ်ဂျာစာအုပ်  ၂၆၀ ၊ (ထိုစာအုပ်များအညံ့စားဝယ်၍မရပါ ကျောင်းစစ်များလာတိုင်းစစ်ပါသည် စုတ်ပြတ်နေလျှင်လွှင့်ပစ်ပါသည် ) ၊ အလတ်တန်းစားဝယ်ရင် တစ်အုပ် ၅၀၀ ၊ ထို့ကြောင့် ၅၀၀ x ၂၆၀ = ၁၃၀၀၀၀ ဖြစ်ပါသည် ။ ကျောင်းသားတစ်ဦးစီအတွက် ပညာရည်တိုးတက်မှုမှတ်တမ်း ( Report Card ) အတွက် ၂၀၀၀၀ ကျပ် စုစုပေါင်းမြန်မာငွေ ၂ သိန်းမရှိလျှင်မရပါ ။

စာသင်ခန်း ၄၀အတွက် သင်ပုံးများကို ပြည်တွင်းဖြစ်စိန်တံဆိပ် အညံ့စားသင်ပုန်းဆေးသုတ်ခြင်း ၊ ဘောဖျက် ( Duster ) ၊တစ်နှစ်စာ  မြေဖြူ (ရေးဖြစ်ရုံ အမျိုးအစား ) ၀ယ်ယူရန်အတွက်လည်း မြန်မာငွေ ၂ သိန်းမရှိလျှင်မရပါ ။ မြေဖြူပုံးသေးသေးလေး ၁၀၀ ပါသော ပုံးကြီးတစ်ပုံးကို မြန်မာငွေ ၇ သောင်းပေးနေရပါသည် ။ 

နောက်တစ်ခုက စာသင်ခုံဖြစ်ပါသည် ၊ မူလကစာသင်ခုံများ အပြည့်အစုံရှိနေသည့်တိုင်အောင် တစ်နှစ်လျှင် စာသင်ခန်း တစ်ခန်းအတွက် အနည်းဆုံးစာသင်ခုံတစ်လုံးနှုံးအစားထိုး ဖြည့်တင်းပေးရပါသည် ၊ မည်သို့ပင် ဖင်ငြိမ်အောင်ထိုင်ထိုင် ၊ မည်သို့ပင် မကျိုးခင်ကသံရိုက်ရိုက် ၊ ဒီထိုင်ခုံကပျက်တာကို ဟိုဘက်အကျိုးကကောင်းတာနဲ့ဘယ်လိုပေါင်းပေါင်း တစ်နှစ်ကို တန်းခွဲတစ်ခုအတွက် စာသင်ခုံတစ်လုံးနှုံး ပျမ်းမျှအစားထိုးရပါသည် ၊ ဒီခေတ်မှာ အညံ့စားသစ်နဲ့လုပ်ထားတဲ့ နှစ်ယောက်ထိုင် စာသင်ခုံတစ်လုံးကို မြန်မာငွေ ၂သောင်းခွဲမပေးလျှင်မရပါ  ဒီတော့ ၂၅၀၀၀ x ၄၀ = ၁၀၀၀၀၀၀ ( ၁၀ သိန်း) ဖြစ်ပါသည် ။ ဒါမြို့မှာ မီးမလောင်မှ ၊ ရေမကြီးမှ ပါ ၊ မီးလောင်လို့ ရေကြီးလို့များ ကယ်ဆယ်ရေးစခန်းကျောင်းမှာလာဖွင့်လိုက်လို့ကတော့ ရှိတဲ့ခုံအကုန် အေးချမ်းမေ ဖြစ်ကုန်ပါသည် ။မြို့မှာအခမ်းအနားရှိတိုင်းကျောင်းကခုံတွေလာယူပါသည် ၊ တင်လိုက်ချလိုက်နဲ့ ပြန်လာတော့ခုံပို လာသည်ဟူ၍ မရှိပါ ၊ နဲ့လာတာကျိုးလာတာ ၊ ပါမလာတာသာရှိပါသည် ။မည်သို့ပင်ဖြစ်စေကျောင်းအုပ်ကြီးသည် သာမန်အခြေအနေတွင် တစ်နှစ် ( ၁၀ ) သိန်းဘိုးလောက်တော့ အနည်းဆုံးကုန်မှ နောက်နှစ်ကျောင်းဖွင့်လျှင် ကျောင်းသားများထိုင်စရာရှိပါသည် ။ဒီကြားထဲ ငွေမကောက်၇န်အမိန့်ထုတ်ထားသူများက ကျောင်းကိုလာစစ်ရင် ကျောင်းအုပ်ကြီး ခင်ဗျားကျောင်းက ကျောင်းသားနဲ့ စာသင်ခုံအချိုးမကျဘူး နည်းနေတယ် လုပ်ဦးလေ ကျောင်းသားတွေကြပ်နေမှာပေါ့ဗျ ၊ ဒီစာသင်ခုံနဲ့ ကျောင်းသားအချိုးမ ကိုက်ရင် ကျောင်းအုပ်ဆရာကြီးရဲ့ စွမ်းဆောင်ရည်အကွက်မှာ အမှတ်လျော့မယ် ဒါဆိုရင်ခင်ဗျား ပရိုမိုးရှင်မ၇တော့ဘူးဗျ ဟု ညွှန်ကြားသွားတော်မူသည်များလည်း ရှိပါသည် ။

နောက်တစ်ခုက ရေမိလ္လာ ကိစ္စ ဖြစ်ပါသည် ၊ အခြေခံပညာဦးစီးဌာန၏ ကျောင်းအိမ်သာနှင့် ပတ်သက်သော သောညွှန်ကြားချက်မှာ ကျောင်းသား ၅၀ ဦးလျှင် အိမ်သာ တစ်လုံးနှုန်းအနည်းဆုံး ရှိရမည်ဟုဆိုပါသည် ။ ဒီတော့ကျောင်းသားဦးရေနဲ့ တွက်လိုက်ရင် ယောကျားလေးအိမ်သာ ၁၄လုံး မိန်းခလေးအိမ်သာ ၁၄ လုံး ဆရာဆရာမအိမ်သာ ၂လုံး  စုစုပေါင်း အိမ်သာ ၃၀ ရှိပါမည် ။ ကျောင်း၏သဘောမှာ တစ်ချိန်တည်းတက် ၊ တစ်ချိန်ထဲဆင်း စနစ်ဖြစ်သောကြောင့် ပါလျှင်လည်းတစ်ချိန်တည်းဖြစ်ပါသည် ။ထို့အတွက်ကြောင့် အိမ်သာအလုံး ၃၀ သည် ကျောင်းဆင်းချိန်များတွင် ပြည့်ကျပ်နေပါသည် ၊ လူ ဦးရေ ၁၄၀၀ ခန့် နေ့စဉ်သုံးသော အိမ်သာတို့ကို ၂ လလျှင် ၃ ကြိမ်ခန့် စုပ်ထုတ်ရပါသည် ၊ တစ်ကြိမ်စုပ်ထုတ်လျှင် ယောကျားလေးအိမ်သာဘက် ၂သောင်းခွဲ ၊ မိန်းခလေးအိမ်သာဘက် ၂သောင်းခွဲ စုစုပေါင်းတစ်ကြိမ်လျှင် မြန်မာငွေ ၅၀၀၀၀ ကျပ်ကုန်ကျပါသည် ။စာသင်လ ၈ လအတွင် ၁၆ ကြိမ်  တစ်ကြိမ်လျှင် ၅၀၀၀၀ ဆိုတော့ ၈သိန်း ကျပါသည် ။ဒါတောင်ကျောင်းမို့လို့ စည်ပင်က အကူအညီပေးတဲ့ ဈေးပါ ၊ ထိုအိမ်သာ အလုံး ၃၀ အတွက် သန့်ရှင်းရေးဝန်ထမ်းတစ်ဦးအနည်း ဆုံးငှားထားရပါသည် ၊ မငှားလို့မရပါ ၊ ကျောင်းသားများအသင်းလိုက်တာဝန်ကျလုပ်တာလည်း လုပ်တာသာဖြစ်ပါသည် တကယ်တမ်း ပိတ်ပြီဆို့ပြီဆိုရင်ကျောင်းသားတွေမလုပ်တတ်တော့ပါ ၊ ကျောင်းအိမ်သာများနေကတိုင်းပိတ်ဆို့ပါသည် ။ စက္ကူများဖြင့်ပိတ်ဆို့ပါသည် ၊ ရေကျအောင်မလောင်းပါ ၊ နောက်လူတစ်ယောက်ကလည်းဝင်လာပြီးဒီအတိုင်းဆက်သွားလိုက်ပါတယ် ၊ ၃ယောက်လောက်လည်းသွားပြီးရောမ၇တော့ပါဘူး ပိတ်ဆို့ကုန်ပါတယ် ၊ မိန်းခလေးအိမ်သာ ဘက်မှာလည်း အပျိုဖေါ်ဝင်စကျောင်းသူများရဲ့ အမျိုးသမီးလစဉ်သုံး ပစ္စည်းတွေကို အိမ်သာထဲထည့်ပါသည် ၊ ဘယ်လောက်ပြောပြော ၊ ဘယ်လောက် ဘေးမှာထည့်စရာထားထားမရ ပါ အိမ်သာထဲကိုထည့်ဖြစ်အောင် ထည့်ပါသည် ၊ခက်လှပါသည် ၊ ကျောင်းဖွဲ့စည်းပုံတွင်ထိုသန့်ရှင်းရေးဝန်ထမ်းမပါရှိပါ ၊ သပ်သပ်ငှားရပါသည်  တစ်လကို မြန်မာငွေ ၅၀၀၀၀ ပေးပြီးတောင်းတောင်းပန်ပန် ငှား၇ပါသည် ။ တစ်လ ၅၀၀၀၀ ဆိုတော့ ကျောင်းဖွင့်လ ၈ လအတွက် ၄ သိန်း ၊ ကျောင်းပိတ်ရက်နှင့်စာမေးပွဲရာသီ ၄ လအတွက်တစ်လလျှင် ၂သောင်းခွဲနှုံးဖြင့် ၁ သိန်း စုစုပေါင်း ၅ သိန်းကုန်ပါသည် ။ ဒီကြားထဲ မီးပျက်လို့ရေမတင်နိုင်ရင်ဖြစ်ဖြစ် ၊ မြို့ရေပေးရေးက ရေမလာရင်ဖြစ်ဖြစ် ထို လူ ၁၄၀၀ ပါတော်မူရေးအတွက် ကျောင်းအုပ်ကြီးတို့သည် ၊ စည်ပင် ၊ မီးသတ်တို့မှ တာဝန်ရှိသူတို့ထံမျက်နှာငယ်ငယ်ဖြင့်သွားကာ  ရေကားအကူအညီတောင်းခံရပါသည် ၊ ဒီမှာဆရာကြီးရ ဆရာကြီးကိုတော့ကူညီချင်ပါတယ် ဒါပေမယ့် မီးသတ်ကားဆရာကြီးဆီ သွားတုန်းမြို့မီးလောင်ရင် ကျွန်တော် ပြုတ်ပြီဗျ ၊နောက် တစ်ခုက မီးသတ်ဆိုတာလည်း မီးမလောင်ရင်ဆီတင်တောင်းလို့ မရဘူးဗျ စက်နှိုးဆီလောက်ပဲရှိတာ ...ဟုဆိုကာ စကားကိုဖြတ်ထားသဖြင့် ဟုတ်ကဲ့ပါ ဦးစီးမှူးကြီးရယ် ဆီဘိုး တစ်ခေါက်ကိုတစ်သောင်းပေးပါ့မယ်ခင်ဗျာ ရေရရင်ပဲတော်လှပါပြီ ကျောင်းအုပ်ကြီးကတောင်းပန်ရ သည့်အပြင် ထိုမီးသတ်ကားကျောင်းကိုလာနေတုန်း မြို့မီးမလောင်အောင်လည်း ဂါထာပေါင်းစုံရွတ်ကာ ဆုတောင်းပေးရသေးလေသည် ၊ မီးသတ်ကတမင်ညစ်သည်မဟုတ် ၊ သူ့တွင်လည်းထိုအခက်အခဲ အမှန်ပင်ရှိပါသည် ။ မခက်လှပါလား....။ဒီကြားထဲ ငွေမကောက်ရန် ညွှန်ကြားထားသူများက ကျောင်းကိုလာစစ်ရင် အိမ်သာကိုအရင်စစ်ပါသည် ၊ ခင်ဗျားကျောင်းအိမ်သာတွေက သန့်ရှင်းရေးတော့မဆိုးပါပါဘူး ...ဒါပေမယ့် ဒက်တောပိုးသတ်ဆေးနဲ့မရဘူး ဒါဖြန်းဘို့လိုတယ် များများဖြန်းရမယ် ၊ ၀မ်းရောဂါဆိုတာဒီလိုအများသုံးအိမ်သာတွေကဖြစ်တာဗျ ... ဟိုနောက်က မိလ္လာကန်ပတ်လည်မှာလည်း ထုံးမဖြူးထားပါလား ... ဆရာကြိးပေါ့တယ်နော်... သေချာလုပ်ဘို့လိုမယ် ၊ ဟင်.... ဒီမှာ အိမ်သာကထွက်လာရင် လက်ဆေးဘို့ဆပ်ပြာလည်းမရှိပါလား.... ဟာ... ခက်တော့တာပဲ ခင်ဗျား ကျောင်းကျန်းမာရေး ကို့စ်တွေ ဘာတွေမတက်ဘူးဘူးထင်တယ် ...ဒီကို့စ်တွေမှာဒါတွေပါတယ်ဗျ ဟု လေဖြင့်လမ်းညွှန်သွားသူများလည်းရှိရာ ကျောင်းအုပ်ကြီးများက ခင်ဗျားလည်းကျောင်းအုပ်ကြီး မလုပ်ဖူးဘူးထင် တယ်ဟု ပြန်မေးချင်သော်လည်း မမေးလိုက်ရပဲ ငြိမ်၍ နေလိုက်၇သော အဖြစ်များလည်း အမှန်ပင်ရှိပါသည် ။
နောက်တစ်ခုက စာမေးပွဲစစ်ဆေးခြင်းဖြစ်ပါသည် ၊ ငွေမကုန်ပဲစာမေးပွဲစစ်နည်းဟူ၍ ကမ္ဘာမှာမရှိပါ စာမေးပွဲတို့သည် မေးခွန်း ၊ အဖြေလွှာ  အစရှိသည်တို့အတွက် အတိုင်းတာတစ်ခုအထိ ကုန်ကျမည်သာဖြစ်ပါသည် အလကားစစ်သော စာမေးပွဲသည် အလကားစာမေးပွဲသာဖြစ်ပါမည် ။ဤနေရာတွင် ယခုခေတ်ကျောင်းများ၏ စာမေးပွဲစစ်နည်းများကို အကျဉ်းတင်ပြလိုပါသည် တစ်လတစ်ခါစစ်သော Chapter End Test ဟုခေါ်သော အခန်းဆုံးစစ်ဆေးခြင်းစာမေးပွဲများ ၊ ပထမနှစ်ဝက်ဆုံး စာမေးပွဲ ၊ ဒုတိယနှစ်ဝက်ဆုံးစာမေးပွဲ ဟူ၍ အကြိမ်များစွာစစ်ရပါသည် ။အတန်းငယ်များသည် မေးခွန်းကို ကျောက်သင်ပုန်းတွင်ရေး၍  ဖြေခိုင်းလျှင်ရနိုင်သော်လည်း အတန်းကြီးလျှင်မရပါ ၊ နောက်ပြီး Chapter End Test ကစာအုပ်ထားရပါသည် ၊ တစ်ဘာသာလျှင်တစ်အုပ်ထားရပါသည် ၊ ထိုစာအုပ်များကိုလည်း ကျောင်းစစ်ဆေးရေးများက စစ်ပါသည် ပုံစံတူထားရပါသည်  ၊ ပုံစံတူစေရန် ကျောင်းက၀ယ်ပြီးရောင်းလျှင်လည်း အတိုင်ခံရပါသည် ၊ ကျောင်းကပုံစံသတ်မှတ်၍ ဒီပုံစာအုပ်တွေကိုယ့်ဖာသာဝယ်ခဲ့ကြဟေ့ ဆိုပြီးမှာလိုက်လျှင်လည်း ပုံစံမျိုးစုံဝယ်လာပါသည်...... ကျောင်းအုပ်ကြီးဘ၀ခက်လှပါသည် ။ ကျောင်းသား ၁၃၀၀ ခန့်ရှိသောကျောင်းတစ်ကျောင်း၏ စာမေးပွဲတစ်ကြိမ်ဖြစ်၇န် အနည်းဆုံး ၂သိန်းခန့်ကုန်ပါသည် ၊လစဉ်စစ်၇သောစာမေးပွဲများ နှင့် စာမေးပွဲကြီး ၂ ကြိမ်အတွက် တစ်နှစ် ၅သိန်းခန့်အနည်းဆုံးကုန်ပါသည် ။
နောက်တစ်ခုက ကျောင်းသားစုံညီပွဲတစ်ခါလုပ်ရင် ဆုပေးတာနဲ့ဘာနဲ့ဆို မြန်မာငွေ ၁၀ သိန်းလောက် မကုန်ရင် စုံညီပွဲမဖြစ်ပါ မစုံမညီပွဲတော့ဖြစ်ချင်ဖြစ်ပါမည် ။ အတန်း ၁၁ တန်းအတွက် တစ်တန်းကို ပ ဒု တ ၊ နဲ့ ၃၃ ယောက် ၊ နောက်အထိမ်းအမှတ်ပွဲတွေမှာ စာစီစာကုံးတို့ ကဗျာတို့ ဆိုကရေးတီးတို့ ၊ အားကစားတို့ စတဲ့ပွဲတွေမှာ ထူးချွန်တဲ့ကလေးတွေ စုပေါင်းလိုက်ရင် ၅၀ လောက်ဆုပေး၇ပါတယ် ၊ နောက်ဆရာဆရာမများ ကို ခွင့်မယူဆုတို့ ၊ ဘာသာရပ်သင်ထူးချွန်ဆုတို့ ၊ အစရှိသဖြင့် ၁၀ ဦးလောက်ပေး စုစုပေါင်း လူ ၆၀လောက်ကိုဆုပေး ၊ နောက်အခမ်းအနားလုပ် ဖိတ်ကြားသူတွေကိုဧည့်ခံ ၊ ကျောင်းကပွဲအတွက်ကုန်ကျစရိတ်တွေ ၊အသံပိုင်းဆိုင်ရာစက်ငှားတာတွေ ပေါင်းရင် ၁၀သိန်းဆိုတာ ခပ်မွဲမွဲကျောင်းမှာကုန်တာပါ ။
နောက် အထိမ်းအမှတ်နေ့တွေမှာ စာစီစာကုံးတွေ ၊ ကဗျာတွေပြိုင်တာ ၊ နောက်အားကစားတွေပြိုင်တာ ၊ နောက်ဆိုကရေးတီးပြိုင်တာတွေဟာ ကိုယ့်ကျောင်းသားက ထူးချွန်ရင်ထူးချွန်သလောက် ပိုက်ဆံကုန်ပါတယ် ၊ ဆိုလိုတာက တိုင်းအဆင့်ထိပါရင် တိုင်းကို ကျောင်းသားတွေရယ် ၊အုပ်ထိန်းသူမိဘတွေရယ် ၊ ကြီးကြပ်သူဆရာတွေရယ် တပြုံတမကြီးကို ကျောင်းကနေစရိတ်ခံပြီး လွှတ်၇တာပါ သိန်းချီကုန်ပါတယ်  ၊ နိုင်ငံတော်အဆင့်များထပ်ပါသွား လို့ကတော့ သေပြီဆရာ ဆိုတာလို ဖြစ်ပါတယ် ။ ကျောင်းအုပ်ဆရာကြီးတွေဟာ ကိုယ့်ကျောင်းသားဒဏ် ကိုယ်သာခံ ဆိုတာလိုဖြစ်နေတော့ ၊ နိုင်ငံအတွက်ထူးချွန်သူတွေမွေးထုတ်ပေးရမယ့် ကျောင်းအုပ်ကြီးတွေဟာ ကိုယ့်ကျောင်းသား ထူးချွန်မှာကို ကြောက်နေရတဲ့ဘ၀ဖြစ်နေပါတယ် ။

ပြောရင်ကုန်မှာမဟုတ်လို့ ဒီလောက်နဲ့နိဂုံးချုပ်ပါမယ် ၊ အထက်ကတင်ပြခဲ့တဲ့ ကဏ္ဍအသီးသီးမှာ ကုန်ကျတာတွေကို ပေါင်းလိုက်ရင် ကျောင်းသား ၁၃၀၀ လောက်ရှိတဲ့ကျောင်းတစ်ကျောင်းဟာ အနည်းဆုံး မြန်မာငွေ သိန်း ၆၀ လောက်ကုန်မှ ရပ်တည်နိုင်ပါတယ် ဒီထက်ပိုဘို့ပဲရှိပါတယ် လိုဘို့မရှိပါဘူး ၊ အဲဒီကျောင်းကိုအစိုးရက တရာဝင်ခွင့်ပြုလို့၇တဲ့ကောက်ခံငွေစုစုပေါင်းဟာ တစ်နှစ်စာ ၄သိန်း ၆ သောင်းပဲ ရှိပါတယ်  ကဲ စာဖတ်သူတို့သာကျောင်းအုပ်ဆရာကြီးနေရမှာဆို ဘယ်လိုလုပ်ကြမလဲ ၊

ကျောင်းသား ၁၃၀၀ ၊ ဆရာဆရာမ ၁၀၀ ၊ စာသင်ခန်း ၄၀ ရှိတဲ့ ပညာရေးယန္တယားကြီးကို မောင်းနှင်ဘို့အတွက် တစ်နှစ်ကို ၄သိန်း ၆သောင်းပဲပေးမယ် အမေရိကန်ဒေါ်လာနဲ့တွက်မယ်ဆိုရင် ဒေါ်လာ ၅၅၀ ပဲပေးမယ် မင်းပိုက်ဆံလုံးဝထပ်မကောက်နဲ့တော့ ဒါနဲ့ရအောင်လုပ် ကောက်ရင်အရေးယူမယ်ဆိုတာ တရားမျှတပါရဲ့လားမိတ်ဆွေတို့ ၊ မိတ်ဆွေတို့သားသမီးတွေ ပညာသင်ဘို့အတွက် ဆရာကြီးတွေဟာ နိုင်ငံတော်မူဝါဒနဲ့လည်း မဆန့်ကျင်အောင် ခလေးတွေလည်း ပညာရေးအဆင်ပြေအောင် နှစ်ပေါင်းများစွာ ကြိုးပမ်းခဲ့ကြတယ် ၊ စေတနာရှင်ပြည်သူတွေရဲ့အလှူငွေလေးတွေကိုမျက်နှာငယ်ငယ်နဲ့အလှူခံပြီး မဖြစ်ဖြစ်အောင် လုပ်ပေးခဲ့ကြတယ်လေ.... ဒီဆရာကြီးတွေ ဆရာမကြီးတွေကို ပိုက်ဆံပိုကောက်ရကောင်းလားဆိုပြီး တိုင်လားတောလားလုပ်ရက်ကြပါသလားခင်ဗျာ ၊ ငါတို့အမိန့်အတိုင်းမလိုက်နာရင် အရေးယူလိုက်မဟဲ့ ဆိုတဲ့သူတွေကရော အရေးယူရက်ပါသလား ခင်ဗျာ....မီဒီယာတွေကရော... အစိုးရကပိုက်ဆံမကောက်နဲ့ အမိန့်ထုတ်ထားပြီ ကောက် တဲ့ကျောင်းအုပ်တော့ မီဒီယာကနေ ဆော်ထည့်လိုက်ဦးမဟဲ့လို့ ဆိုရင်မှန်ပါ့မလားဗျာ ။

ပုထုဇဉ်ဘာဝ အဂတိလိုက်စားသူအချို့တော့ရှိကောင်းရှိမှာပေါ့ဗျာ အများစုက ဒီလိုမဟုတ်ပါဘူး ဆရာစိတ်ဆိုတာ ဆရာဖြစ်ဘူးမှသိတာပါ...ကျောင်းသားတွေအပေါ်မှာ ဘယ်တော့မှ ဖေါက်လွှဲဖေါက်ပြန် မရှိပါဘူး ဆိုတာကျွန်တော်ယုံပါတယ် ။

ဒီဆောင်းပါးလေးနဲ့ အနန္တဂိုဏ်းဝင်ကျေးဇူးရှင်ဆရာတွေကို ရိုသေစွာကန်တော့ပါတယ် ဆရာတို့ဘ၀ တောက်ပကြပါစေ............

ဒေါက်တာဆိတ်ဖွား

KL မြန်မာဆိုင်တန်း(ကေအယ်လ်)ေ၇ာက်၇င်သတိထာြး

မလေးရှားေ၇ာက်နေကြတဲ့ မြန်မာများအတွက် ကေအယ်လ်(မြန်မာဆိုင်တန်း)ကို အကြောင်းအမျိုးမျိုးဖြင့် လာေ၇ာက်ကြတဲ့အခါမှာ သတိလက်လွတ် မနေကြ၇န်နှင့် ဆုံးရှူံးမှုများ မဖြစ်စေ၇န် အသိပေးချင်ပါတယ်။ ကျွန်တော်တို့  မြန်မာနိုင်ငံသားများ၇ဲ့  အခြေခံ စိတ်၇င်း ကောင်းမှုကြောင့် ၎င်း ကိုယ်ချင်းစာတ၇ားကြောင့် ၎င်း ကူည်ီချင်သော အ၇င်းခံစိတ်ကို အခွင့်ကောင်း ယူ၍ကေအယ်မြန်မာဆိုင်များပတ်ဝန်းကျင်တွင် လုယက်မှုများ မြန်မာအချင်းချင်း အုပ်စုဖွဲ့ အနိုင်ကျင့်မှုများခြိမ်းခြောက်ပြီး
ငွေတောင်းမှုများ ဖြစ်နေပါသည်။ ထိုအလုပ်များကို ပြုလုပ်နေသူများမှာ မြန်မာများကိုယ်တိုင် ဖြစ်နေခြင်းက ပို၍ဆိုးဝါးကာ စိတ်ပျက်နာကြည်းစ၇ာကောင်းနေပါသည်။ ထိုသူများသည် ဘာသာစကားနားမလည်မှုကို အခွင့် ကောင်းယူ၍ နိုင်ငံသားအယောင်ဆောင်ကာ ဂိုဏ်းစတား အယောင်ဆောင်ကာ ပုံစံအမျိုးမျိုးဖြင့် လုယက် အနိုင်ကျင့် နေသည်မှာ ယခုအခါ အတော်ပင် အတင့်၇ဲလာပြီ ဖြစ်ပါသည်။ ကျွန်တော်သည် မလေးရှားနိုင်ငံတွင် အခတ်အခဲမျိုးစုံဖြင့်  ရိုးသားစွာ ရုန်းကန်အလုပ် လုပ်နေ၇ကာ ချွေးနဲစာဖြင့်  စုဆောင်းထားသော ငွေများအား  မြန်မာဆိုင်တွင် လာေ၇ာက်လွှဲပြောင်းစဉ် လှေကား၇င်း၌  ပိုက်ဆံတောင်းသူယောင်ဆောင်၍ ခြေထောက်ဆွဲကာ အခြား နှစ်ယောက်မှ အိတ်ကိုလု ဘောင်းဘီအိတ်များအားလိုက်လံ ရှာဖွေကာ လုယူသွားကြခြင်းကိုခံခဲ့ ၇ပါသည်။ ထိုသူများသည် မြန်မာဆိုင်တန်းများပတ်ဝန်းကျင်တွင်
(အောင်၇တနာစတိုး၊တော့ပ်စတိုး၊မော၇ှမ်း၊မဟာနန်း၊မြန်မာရွာ၊ဇာမဏီ၊သော်တာနဒီ၊ေ၇ွှကမ္ဘာ၊ကေအယ်ပွိုင့် ၊ဂန္ထ၀င်၊
1+3D ထီဆိုင်များအနီး) လှည့် လည် ကျက်စားကာ ရိုးသားသူများ မလည်မ၀ယ်သူများကို ကျွန်တော်နည်းတူ
ပြုမူလုပ်ဆောင်နေပါသည်။ အ၇က်ဘီယာ သောက်စားထားသည့်  မြန်မာများထံမှ အလစ်သုတ်ခြင်း ပိုက်ဆံတောင်းခြင်းများကိုလည်း လုပ်ဆောင်နေပါသည်။ ကေအယ်လ်သို့ လာေ၇ာက်ကာငွေလွှဲမည်ဆိုပါက မိမိအိမ်တွင် အသင့် ပြင်ဆင်ပြီးမှ လာေ၇ာက်ကြပါ၇န် အကြံပေးပါသည်။ အဘယ်ကြောင့်ဆိုသော် မိမိငွေလွှဲသွား၇ာလမ်းတွင် ငွေထုတ်ေ၇တွက်ခြင်း မိမိပိုက်ဆံကို သူတပါးမြင်သာစေခြင်းများက (ကွမ်းယာေ၇ာင်းသူ ။ ကွမ်းယာဆိုင်များတွင်)  လက်ထောက်ချထားသော မြန်မာ လုယက်သူများ၏ အန္တ၇ာယ်ကို ဖိတ်ခေါ်သကဲ့ သို့  ဖြစ်နေပါသည်။ ထိုပြင် မိမိနှင့် အတူပါလာသော ကွန်ပျူတာလက်ပ်တော့ ကင်မ၇ာ ပိုက်ဆံ အိတ်များ နှင့် တန်ဘိုးရှိ ပစ္စည်းများကို သတိပြု ကိုင်ဆောင်ကြပါ၇န်နှင့် မြန်မာနိုင်ငံသားများအချင်းချင်း၏  မတ၇ားလုယက် အုပ်စုဖွဲ့ အနိုင့် ကျင့်မှု အန္တ၇ာယ်မှ ရှောင်ရှားနိုင်စေ၇န် အသိပေးတင်ပြအပ်ပါသည်။

ပျောက်ဆုံးနေသောမြို့ ကြီးများ။။။။။

ပျောက်ဆုံးနေသောမြို့ ကြီးများ

ပျောက်ဆုံးနေသောမြို့ ကြီးများသည်ဒဏ္ဍာရီ မဟုတ်ပါ။
ရှေးတုံးကအလွန်စည်ကားခဲ့သောမြို့ များဖြစ်သည်။ထိုစိတ်ဝင်စားဖွယ်ကောင်း
သောမြို့ များ၏ပုံများကိုတင်ပြပေးပါမည်။

(၁)ဒီမြို့ ကတော့…Petra ,ဂျော်ဒန်နိုင်ငံမှာရှိပါတယ်…
နှစ် ၂၀၀၀အထက်ဟုခန်မှန်းကြတယ်…

(၂)ပီရူးနိုင်ငံကပါ…Machu Picchu City ပါ

(၃)Mexico နိုင်ငံက Palenque City ပါ။ဒီမြို့ လည်းခမ်းနားတာပဲ…
နှစ်၃၀၀၀ခန့် ပါ။

(၄)သမိုင်းစာတွေထဲမှာထင်ရှားတဲ့ ထရိုင်မြို့ ကဒီမှာပါ..
ဒီမြို့ ကိုတော့ နှစ်ပေါင်း ၅၀၀၀ ဟုခန်မှန်းကြပါတယ်။


(၅)Pakistan ရဲ့  Mohenjo Daro City ကတော့မြို့ ရိုးပဲရှိတယ်နော်…
နှစ်ပေါင်း ၄၅၀၀ အလွန်ဟု ခန့် မှန်းကြပါတယ်။

(၆)Palmyraမြို့ ကတော့ ဆီးရီးယားနိုင်ငံမှာရှိပါတယ်…
သူကတော့အလတ်ကြီးရှိသေးတယ်နော်…သြော် BC – 300 ၀န်းကျင်ကပါ…
သမိုင်းဆိုင်ရာ ခန့် မှန်းမှုများဟာ တစ်ခုနှင့် တစ်ခုမတူပါဘူး။
သက်တမ်းများတွက်ရာတွင်လည်းသက်မှတ်ပုံချင်းမတူကြဘူးဗျ။
ဘာပဲပြောပြော ဒီမြို့ ကြီးများဟာ တစ်ချိန်ကအလွန်စည်းကားခဲ့ပေမယ့်
နှစ်ပေါင်းများစွာပျောက်ကွယ်ခဲ့ ရဘူးပါတယ်။နောက်ပိုင်းကျမှ ပြန်လည်တူး
ဖော်တွေ့ ရှိခဲ့ရတာပါ။
naylinsoe မှ ကူးယူထားပါသည်။

ဲမြန်မာနာမည် VIRUS များ ရှင်းလင်းရန် နင့် SOFTWARE များ


ကျွန်တော်တို့မြန်မာတွေကိုလည်း အထင်သေးလို့မရတော့ဘူးဗျ.။  အိုင်တီနည်းပညာတွေကို အမှီလိုက်နိုင်လာ ရုံမက တချို့က  အများကောင်းကျိုးအတွက် အသုံးချတာရှိသလို၊ တချို့ကလဲ  တတ်တာနဲ့ပညာပြချင်လာကြတာ ဘဲ.သူတို့ပညာပြလိုက်လို့ခံလိုက်ရတဲ့သူတွေခမျာ  ဘယ်လောက်တောင်စိတ်ဒုက္ခရောက်လိုက်မလဲဗျာ.ကျနော်ကိုယ်တိုင်လဲ Magway FC Virus  အကိုက်ခံလိုက်ရသေးတယ်.။ ၁နှစ်ကျော်လောက်တော့ရှိပါပြီ။ ဒီလိုဘဲ..  အခြားသူတွေလဲ ကျနော်ကြုံတွေ့ရသလိုမျိုး ဖြစ်ဖူးကြပါလိမ့်မယ်။  အခြားပြည်ပက  လာတဲ့ ဗိုင်းရပ်စ်တွေက သတ်ရတာလွယ်သေးတယ်။ အဲ.မြန်မာ  ဆန်ဆန်ဗိုင်းရပ်စ်တွေက  တော့ မလွယ်လှပါဘူး။  အဲဒီအတွက်..သူတို့ရဲ့လုပ်ဆောင်ချက်နဲ့..တစ်ခုချင်းစီ  ကိုသတ်တဲ့ Software  လေးတွေကို တင်ပေးလိုက်ပါ  တယ်.။အားလုံးဘဲ..ဆောင်ထားကြစေလိုပါတယ်.။ Magway FC Virus (or) mgy.exe Virus ဒီ Virus ၀င်ရင် စက်ကလေးလံနေမယ်။ Start Menu Button က Magway FC   ဆိုပြီးပြောင်းနေမယ်။ File Icon တွေမှာ Magway FC ဘောလုံး Logo   တွေပေါ်နေမယ်။ msconfig ခေါ်လိုရင် Restart ကျသွားမယ်။ Task manager,   command, search, regedit, folder option တို့ပိတ်သွားမယ်။ Taskbar   ဘယ်ဘက်ထောင့်မှာ Magway FC logo တက်တက်လာမယ်။ Drive တွေထဲက Folder တွေထဲမှာ   ဖိုင်တွေ hidden ဖြစ်ပြီးပျောက်သွားမယ်။နောက် Harddrive partition   အားလုံးမှာ 15MB ရှိတဲ့ Virus File တွေပွားပြီး Drive တွေ ကို Disk space  တွေပြည့်အောင်ပွားတယ်။ အဆိုးရွားဆုံးကတော့ Data Partation ထဲက File  တွေအားလုံး size တွေက 15MB လောက်ဖြစ်သွားအောင်ဖျက်ဆီးပါတယ်။ Virus  ၀င်တာကြာလာတာနဲ့အမျှ  အပေါ်မှာ ပြောပြထားတဲ့ Effect တွေ  အဆင့်ဆင့်ဖြစ်ပေါ်လာပါတယ်  ဖိုင်ပျက်စီးမှုတွေလည်းပိုများလာတယ်။ ဒါကြောင့်  ဗိုင်းရပ်စ် ၀င်ပြီဆိုတာနဲ့  အချိန်မဆွဲဘဲ အမြန်ရှင်းလင်းပစ်လိုက်ပါ။  Magway FC Virus Cleaner ထဲမှာ  readme File မှာပါတဲ့ လုပ်ဆောင်ပုံတွေဖတ်ပြီး အမြန်ရှင်းလင်းပစ်ပါ။ Chrome (or) Private_cam (or) gtalk Virus ဒီ Virus ကတော့ စက်တွေ Memory stick တွေမှာ အများဆုံးဝင်တတ်တဲ့ Virus ပါ။  အင်တာနက်ကနေကော Memory Stick တွေကပါ ကူးစက်လေ့ရှိပါတယ်။ အင်တာနက် တပ်ထားတဲ့  ကွန်ပျူတာ တွေမှာဆိုရင် gtalk သုံးတဲ့အခါ ကိုယ်မရိုက်ဘဲ private_cam စတဲ့  စကားလုံးတွေပါဝင်တဲ့ Message တွေကို ကိုယ့်သူငယ်ချင်းတွေ ဆီကိုပို့နေမယ်။  Messager Software တွေက သူ့ဘာသာပွင့်လာတယ်၊ စက်က သုံးရတာ  နှေးနေမယ်၊  Windows မရှိတဲ့ partition တိုင်းက Folder တိုင်းလိုလိုထဲမှာ   သူ့နဲ့နာမည်တူ exe ဖိုင်တွေ ပြန့်ပြီး မူရင်း folder တွေကိုဖျောက်ထားမယ်။   Chrome virus ကမူကွဲတွေလည်းရှိပါတယ်။ Chrome Virus Cleaner နဲ့ရှင်းပြီးရင်   ပွားနေတဲ့ Folder အယောင်ဆောင် .exe virus file တွေကို ရှင်းလင်းပလိုက်ပါ။   ရှင်းလင်းနည်းကိုလည်း တစ်ခါတည်းထည့်ပေးလိုက်ပါတယ်။ Svchost Virus ဒီ Virus ၀င်ရင်တော့ Windows No Disk ဆိုပြီး Flash Drive တောင်းတဲ့ error   ပေါ်ပါတယ်။ Windows Folder က သူ့အလိုလိုပွင့်လာပါတယ်။ System အထဲမှာ   အလုပ်လုပ်နေတဲ့ File ပုံစံဖြစ်နေတဲ့အတွက် Antivirus အချို့နဲ့လည်း   ရှာလို့မတွေ့နိုင်ပါဘူး။ Svchost Cleaner နဲ့ရှင်းလိုက်ပါ။ Loikaw Virus ဒီ Virus ၀င်ရင်တော့ Desktop ပေါ်မှာ Virus Information.txt ဆိုတဲ့   ဖိုင်တစ်ဖိုင်တွေ့ရမယ်။ ဖွင့်ကြည့်လိုက်ရင်တော့ “Hi Fri” နဲ့စတဲ့ Myanglish   လိုရေးထားတဲ့ စာတွေတွေ့ရမယ်။ တစ်ခါတစ်ရံ Chit thu lay how are you ဆိုတဲ့   message box ပေါ်လာမယ်။ ကိုယ်က စာတွေရိုက်ရင်း တစ်ခါတစ်ရံ virus က message   တွေပို့နေလိမ့်မယ်၊ My Computer က icon က ပြတင်ပေါက်   ပုံစံလေးပြောင်းသွားမယ်၊ Task manager ၊ Registry   စတာတွေကိုဖွင့်လို့မရတော့ဘူး Loikaw virus Cleaner နဲ့ရှင်းလိုက်ပါ။ Ati2avxx.exe virus ဒီ Virus ကစက်ထဲမှာ နဂိုကတည်းကရှိတဲ့ ဖိုင် ပုံစံလုပ်ထားတာပါ။ Memory Stick   တွေက ကူးစက်တာပါ။ Start>Run>msconfig>strartup ထဲမှာ ati2avxx   ဆိုပြီးရှိနေလိမ့်မယ်။ mburmh.exe ဆိုတဲံ jpeg icon နဲ့ဖိုင်လေးက Drive   တိုင်းမှာ Hidden file အနေနဲ့ရှိနေလိမ့်မယ်။ Folder option ကိုဖွင့်   ကြည့်လိုက်ရင် show Hidden files and folder နဲ့ hide protect operation system file   နှစ်ခုကို ဖျောက်ထားလိုက်ပေမယ့် Computer မှာ သုံးလိုက်တဲ့ Stick   တွေထဲကိုပြန့်တယ်။ ati2avxx Cleaner နဲ့ရှင်းလိုက်ပါ။ Tayat Myo Hacking day virus ဒီ Virus က Desktop ပေါ်က Software တွေရဲ့ Short cut နေရာမှာ   ၀င်ရောက်နေရာယူပါတယ်။ File folder တွေကိုဖျောက်ပြီး zip file   ပုံစံပြောင်းလိုက်ပါတယ်။ သွားပြီးဖွင့်ကြည့်တဲ့အခါ “thayatmyo hacking day”   ဆိုပြီး စာကြောင်းတွေ လျှောက်ပြေးနေမယ်၊ Keyboard က Key  တွေကြောင်ကုန်တယ်၊ ဒါဆိုရင် (Task Manager, Registry,msconfig,gpedit.msc)  အဲဒါတွေ လုံးဝမခေါ်မိစေနဲ့ Thayatmyo hacking  day cleaner နဲ့ရှင်းလိုက်ပါ၊  အကယ်လို့ Task Manager , Registry  တို့သွားခေါ်မိမယ်ဆိုရင် ဗိုင်းရပ်စ် က  Hal.dll ဆိုတဲ့ဖိုင် ကိုတောင်းပါလိမ့်မယ်။ အခု Virus Cleaner  နဲ့ရှင်းပြီးပြီ ဒါပေမယ့် အခုနကဟာတွေ သွားနှိပ်မိထားတယ်ဆိုရင် Hal.dll  ဆိုတဲ့ ဖိုင်ကို Windows ထဲက System32 ဆိုတဲ့ Folder ထဲကို ကော်ပီ  ကူးပေးလိုက်ပါ။ တကယ်လို့များ အခုစာကိုဖတ်မိတာ နောက်ကျသွားပြီ Windows  ကျသွားလို့ ဒီစာကိုတောင် အခြားကွန်ပျူတာမှာ ဖတ်နေရတာ ဆိုရင်  ၀င်းဒိုးစ်ပြန်တင်ရမှာပေါ့ဆိုပြီး စိတ်ညစ်မနေနဲ့.. အညာသားလေးရေးပြထားတဲ့  အထဲမယ်။ Hal.dll ကိုပြန် ထည့်နည်းရေးပြထားတယ်.ရှာဖတ်လိုက်ပါ။ အဲ..Virus ကို  Cleaner နဲ့ရှင်းဖို့တော့ မမေ့နဲ့နော်.။ Global virus ဒီ Virus ၀င်ရင်တော့ Harddisk pertition တွေမှာ မူရင်း Folder   တွေပျောက်ပြီး Virus File တွေက နာမည်တူတွေရှိနေမယ်။ Task Manager ထဲမှာ   Global.exe/system.exe/svchesct.exe (user Account) နဲ့ပေါင်းနေမယ်။ Your   Computer is defeated ဆိုပြီး Box လေးတစ်ခု Screen မှာပေါ်ပေါ်လာပါတယ်။   msconfig ထဲက setup ထဲမှာ KeyBoard ဆိုပြီးရှိနေမယ်။ Webpage   တွေဖွင့်တဲ့အခါ error တက်လာမယ်။ Global Virus cleaner နဲ့ ရှင်းလိုက်ပါ။   Global virus cleaner နဲ့ရှင်းပြီးရင် ပွားနေတဲ့ Folder အယောင်ဆောင် .exe  virus file တွေကိုရှင်းလိုက်ပါ။ Killvbs.vbs virus ဒီ Virus ၀င်ရင်တော့ Taskmanager ထဲက Process ထဲမှာ Killvbs ဆိုပြီး run   နေမယ်။ Windows+R နှိပ်ပြီး msconfig ရိုက်လိုက်ရင် Startup ထဲမှာ Killvbs   ဆိုပြီးရှိနေမယ်။ Internet သုံးရင် IE နဲ့သုံးတဲ့အခါ တစ်ချို့ antivirus   တင်ထားတဲ့စက်တွေမှာ A နဲ့ စတဲ့ Virus ကိုတွေ့ပြီး အမြဲတမ်းလည်းသတ်နေရမယ်။   ဒါဆိုရင်တော့ Killvbs Cleaner နဲ့ ရှင်လိုက်ပါ။ Funny Virus ဒီ Virus ၀င်ရင်တော့ Desktop နဲ့ My computer ထဲမှာ Funny ဆိုတဲ့ Delete   လုပ်လို့မရတဲ့ Folder တစ်ခုပေါ်နေမယ်။ စက်က သုံးရတာနှေးလာမယ်။ My computer   ထဲက C: ထဲမှာ ရှိတဲ့ Folder တွေကို ပျောက်နေမယ်။ ဒီ ဗိုင်းရပ်စ်   ၀င်နေပြီဆိုသိသိချင်း အမြန်ဆုံးရှင်းသင့်ပါတယ် ကြာရင် ဖိုင်   တွေပျက်စီးမှုတွေပိုများပါတယ်။ Funny virus cleaner နဲ့ရှင်လိုက်ပါ။   တကယ်လို့များ Funny virus ၀င်တာ ကြာရင် ပဲဖြစ်ဖြစ် မိန်းကလေးပုံပေါ်လာပြီး   မွေးနေ့မေးတဲ့ Program ပေါ်လာပြီး စက် Restart ကျပြီး Windows ပြန်  မတက်တော့တာဟာ virus က Hal.dll file ကိုဖျက်သွားလို့ပါ ဒါဆိုရင်တော့   Hall.dll ကိုပြန်ပြီး သွင်းလိုက်ပါ။ Kolay Virus ဒီ Virus ၀င်ရင် Process ထဲမှာ Kolay.vbs ဆိုပြီး Process တစ်ခုRun နေမယ်။   ကြာရင်တော့ Unserinit.exe file ကိုဖျက်သွားရင် Welcome Screen   ကနေဆက်ဝင်လို့မရတော့ပါဘူး။ Kolay.vbs Virus cleaner နဲ့ရှင်းလိုက်ပါ။ Nargiz Virus ဒီ Virus ၀င်ရင်တော့ Hard Drive များကို Double Click ဖြင့် ၀င်မရခြင်း၊   Logon ၀င်တဲ့အခါ Virus ကပေးထားတဲ့ ပြောင်းလဲထားတဲ့ Password ကြောင့် Logon   ၀င်မရဘဲဖြစ်နေတတ်တယ်။ ဒါဆိုရင်တော့ mMs, mMs0, mMs1, mMs2, mMs3,  mMs4,mMs5, mMs6,mMs7,mMs8,mMs9 ကိုမမှန်မခြင်း  တစ် ခုခြင်းစီ  ရိုက်ထည့်ပြီး Logon ၀င်ပြီးပါက Nargiz Virus Cleaner   နှင့်ရှင်းလင်းနိုင်ပါတယ်။ Recycler Virus Recycler Virus ဆိုပြီး မူကွဲ အမျိုးမျိုးရှိတဲ့ထဲက ဒီမှာ   အများဆုံးဝင်တတ်တဲ့ Recycler ကတော့ USB Drive တွေတပ်လိုက်ရင် Drive ထဲကို   Recycler.exe ဆိုပြီး ၀င်ရောက်ပျံ့နှံ့ ပြီး၊ ၀င်ရောက်ခံရတဲံ   ကွန်ပျူတာမှာတော့ Process တွေမှာ 59ef4c, 9b023b, fdd23C, 7EB74E စတဲ့  Process တွေ Run  နေပြီး Run ကနေ msconfig ရိုက်ဖွင့်ကြည့်တဲ့အခါ Startup  မှာ iiiiii,  59ef4c, 9b023b, fdd23C, 7EB74E စတဲ့ နာမည်  တစ်ခုခုရှိနေပါတယ်။  ရှင်းလင်းလိုက်ပါ။ Regsvr(or) NewFolder.exe Virus ဒီ Virus ကတော့ Newfolder.exe နာမည်နဲ့ ကွန်ပျူတာရဲ့ နေရာအများအပြားမှာ ပြန့်နှံ့နေတတ်ပါတယ်။ Regsvr.exe ဆိုတဲ့ ဖိုင်တွေလည်းတွေ့ရပါတယ်။ Process မှာတော့ Svichossst.exe, regsvr.exe, New_folder.exe, newfolder.exe, svchost.exe စတဲ့ Process အချို့လည်းတွေ့ရပါတယ်။ ဒီဗိုင်းရပ်ဝင် ခံရရင်တော်တော်ကိုထိခိုက်ပါတယ်။ Regsvr Virus Cleaner နဲ့ရှင်းလင်းလိုက်ပါ။
 
 
 
 
သူငယ်ချင်းများအားလုံးကိုချစ်ခင်လေးစားပါသည်.........စိုးသိန်း
 

Y-talk မှလွဲ၍ ကျန်အွန်လိုင်းမှ ဖုန်းခေါ်ဆိုမှုများကို ဥပဒေအရ အရေးယူတော့မည်





ရန်ကုန်၊ မေ ၇
Y-talk မှလွဲ၍ အွန်လိုင်းမှ ပြည်ပဖုန်းခေါ်ဆိုမှုများအား တရားမဝင်အဖြစ်
ဥပဒေအရ အရေးယူဆောင်ရွက်တော့မည်ဟု VMG TELECOMESကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက
ပြောသည်။
လက်ရှိတွင် အွန်လိုင်းမှ တရား ဝင်ဖုန်းခေါ်ဆိုနိုင်သည့် Y-talk
စနစ် အား ဈေးနှုန်းလျှော့ချပေးလိုက်ပြီး နောက်သီးခြားခေါ်ဆိုမှုစနစ် အသုံး
ပြုခြင်း၊ ခေါ်ဆိုခြင်းများအား အရေး
ယူရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းသို့ တရားမဝင် ခေါ်ဆိုမှု ဟုဆိုသည့် Pfingo၊ Skype အသုံးပြုမှုများကို
အရေးယူရာတွင် လည်း ကုမ္ပဏီမှ ဆောင်ရွက်မည် မဟုတ်ဘဲ မြန်မာ့ဆက်သွယ်ရေး
လုပ်ငန်းမှသာအရေးယူဆောင်ရွက်မည်
ဟု ယင်းကုမ္ပဏီမှ သိရသည်။
''အင်တာနက်ဆိုင်တွေကို ရှောင်တခင်ဝင်စစ်တာတွေကို မြန် မာ့ဆက်သွယ်ရေးကပဲ ဆောင်ရွက် မှာပါ'' ဟု ၄င်းက ပြောသည်။
အရေးယူဆောင်ရွက်မှုများ ရှိ လာပါကမည်သို့အရေးယူဆောင်ရွက်
မည်ကိုမသိရှိရသေးသော်လည်း၁၉၈၉ ခုနှစ်တွင် ပြဋ္ဌာန်းထားသည့် ဆက်
သွယ်ရေးဥပဒေများအရထောင်ဒဏ်၊ ငွေဒဏ်နှင့်စက်ပစ္စည်းများကို ပြည် သူ့ဘဏ္ဍာအဖြစ်
သိမ်းဆည်းသွား နိုင်သည်အထိအရေးယူနိုင်ကြောင်း ၄င်းက ထပ်လောင်းပြောသည်။

အွန်လိုင်းမှ တရားဝင် ဖုန်း ခေါ်ဆိုနိုင်သညY-talk ခေါ်ဆိုခ နှုန်းထားမှာ ယခင်က
နိုင်ငံအပေါ် မူတည်၍ ဈေးနှုန်းကွာခြားပြီး အနည်းဆုံးနှုန်းထားမှာ တစ်မိနစ်
လျှင် ကျပ်၁၅ဝ ခန့်ရှိ၍ အခြားခေါ် ဆိုမှုများထက် ဈေးနှုန်းမြင့်မားပြီး
သုံးစွဲသူမရှိသလောက် နည်းပါးခဲ့ သည်။ သို့သော် ၄င်းY-talk ခေါ် ဆိုခြင်းကို
တစ်မိနစ်အနည်းဆုံး ကျပ် ၈ဝ အများဆုံး ကျပ် ၂ဝဝ သို့ လျှော့ချခဲ့သည်။

''ပုဇွန်တောင်မြို့နယ်ရှိImage အင်တာနက်ဆိုင်မှ လုပ်ငန်းရှင် က
''အရင်ကတော့Y-talk ခေါ် ဆိုဖို့ အကောင့်တွေ ကတ်တွေ လည်း လိုတယ်။ ခေါ်ဆိုခလည်း
မြင့်တော့ လာတဲ့လူမရှိဘူး။ အခု Pfingo ပုံစံအတိုင်း ဖုန်းခေါ်ဆိုလို့
ရပြီဆိုတော့ သုံးစွဲမှု များလာနိုင်ပါ တယ်'' ဟု ပြောသည်။
Y-talk
စနစ်အား ရတနာပုံ တယ်လီပို့မှ ငွေဖြတ်တောက်ခြင်း၊ မြန်မာ့ဆက်သွယ်ရေးမှ
ဥပဒေနှင့် လိုင်းများဆောင်ရွက်ခြင်း၊ VMG TELECOMESမှ နည်းပညာနှင့်
ကတ်ဖြန့်ဖြူးရောင်းချခြင်းမျာြး
ဖင့် အကျိုးတူပူးပေါင်းဆောင်ရွက်ပေးခြင်း ဖြစ်ပြီး ၂ဝ၁၂ မတ်လဆန်းမှ စ၍ ဝန်ဆောင်မှုပေးခဲ့ပြီး လက်ရှိတွင် ၄င်းစနစ်ကို အင်တာနက်ဆိုင်များ ကိုသာ သုံးစွဲခွင့်ပေးထားသည်။
သစ်ထူးလွင်မှကူးယူဖော်ပြသည်