This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Monday, May 14, 2012

ဓါတ်ဆီ + ဓါတ်ဆံ ဟာသပျက်လုံးများ


ရေနံချောင်းက ဖေကံကောင်း

 


 
 


 

    ရယ်သောသူအသက်ရှည်၏



မောင်သုည

ဒေါ်လာ တစ်ရာရှိလျှင် ကားဝယ်ရန် နိုင်ငံခြားငွေစာရင်း ဖွင့်လှစ်နိုင်


ရန်ကုန်၊ မေ ၁၂

နိုင်ငံခြားငွေစာရင်း ဖွင့်နိုင်သည့် ဘဏ်များတွင် မေလ ၁၄ ရက်နေ့မှ စတင်ကာ ဒေါ်လာတစ်ရာ ထည့်သွင်းပြီး ကားတင်သွင်းရန် နိုင်ငံခြားငွေစာရင်း ဖွင့်လှစ်နိုင်မည် ဖြစ်ကြောင်း မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ်မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ယင်းဆုံးဖြတ်ချက်ကို မေလ ၁၁ ရက်နေ့ ညနေပိုင်းက ၎င်းတို့ဘဏ်သို့ အကြောင်းကြား ထားသဖြင့် လာမည့် မေလ ၁၄ ရက်နေ့ (တနင်္လာနေ့) တွင် စတင် အကောင်အထည် ဖော်မည် ဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။

"တနင်္လာနေ့ ကစပြီး လူတိုင်းရပြီ။ ဝန်ထမ်းထဲ ကလည်း ဖွင့်ချင်တဲ့သူတွေ ဖွင့်ကြမှာ" ဟု ယင်း ဘဏ်မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံတွင် နိုင်ငံခြားငွေစာရင်း ဖွင့်လှစ်နိုင်သည့် ဘဏ်များမှာ မြန်မာ့ နိုင်ငံခြား ကုန်သွယ်မှုဘဏ်၊ မြန်မာ့ ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်း ရောင်းဝယ်ရေး ဘဏ်နှင့် မြန်မာ့ စီးပွားရေးဘဏ်တို့ ဖြစ်ပြီး ပုဂ္ဂလိက ဘဏ်များတွင် ဖွင့်လှစ်နိုင်မည် မဟုတ်ကြောင်း အဆိုပါ ဘဏ်များထံမှ စုံစမ်းသိရှိ ရသည်။

The Voice Weekly

စင်ကာပူနိုင်ငံမှ ရေပေါ်ကစားကွင်း

စင်ကာပူနိုင်ငံမှ ရေပေါ်ကစားကွင်း

Marina Bay ပေါ်မှာ တည်ရှိတဲ့ ဒီကစားကွင်းကို Marina Bay Floating Platform လို့ခေါ်ပါတယ် ။ သူက World's Largest Floating Stage လည်း ဖြစ်ပါတယ် ။ စင်ကာပူနိုင်ငံ Marina Bay မှ Marina Reservoir မှာ တည်ရှိပါတယ် ။

စတီးတွေနဲ့ချည်းပြုလုပ်ထားပြီး Marina Bay မှ Floating platform ရဲ့ အကျယ်အ၀န်းဟာ ၁၂၀ မီတာ ရှည်ပြီး ၈၃ မီတာ ကျယ်ပါတယ် ။ National Stadium မှ ဘောလုံးကွင်းထက် ၅% မျှပိုကြီးမားပါတယ် ။ အလေးချိန် ၁၀၇၀ တန်ကို ခံနိုင်ရည်ရှိပြီး အဲဒီအလေးချိန်ဟာ လူပေါင်း ၉၀၀၀ ၊ stage props ပေါင်း ၂၀၀ တန် နဲ့ military vehicles တန်ပေါင်း ၃၃၀ နဲ့ညီမျှတယ်လို့ဆိုပါတယ် ။ ဒီစတေဒီယမ်မှာလူပေါင်း ၃၀၀၀၀ လောက်လည်း ၀င်ရောက်ကြည့်ရှုနိုင်တယ်လို့ဆိုပါတယ် ။




























                                                                        သက်တန့်ချို

                                စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

မြန်မာဟိုတယ် ဝန်ထမ်း အမျိုးသမီးနှင့် ဂျပန် ပါးရိုက်တဲ့ အမှု တရားရုံး ပြောင်းစစ်


ရန်ကုန်၊ မေ ၁၂

ရန်ကုန်မြို့ Orchid Hotel တွင် ဂျပန် စီးပွားရေး လုပ်ငန်းရှင်က မြန်မာ ဟိုတယ်ဝန်ထမ်း အမျိုးသမီးကို ပါးရိုက်သည် ဆိုကာ အပြန်အလှန် အမှုဖွင့်၍ ပုဇွန်တောင် မြို့နယ် တရားရုံးတွင် အမှုရင်ဆိုင် နေသည့် အမှုကို ခရိုင် တရားရုံး၏ ခွင့်ပြုချက်ဖြင့် မင်္ဂလာတောင်ညွန့် တရားရုံးတွင် ပထမဆုံး ရုံးပြောင်း စစ်ဆေးခဲ့ကြောင်း ယင်းအမှုနှင့် ပတ်သက်သူများ၏ အဆိုအရ သိရသည်။

"ဒီနေ့ အမှု ရင်ဆိုင်ဖို့ စခေါ်တယ်။ အာမခံလုပ်ဖို့နဲ့ သက်သေတင်ဖို့'' ဟု ဟိုတယ်ဝန်ထမ်း အမျိုးသမီး၏ ရှေ့နေ ဦးဝင်းနိုင်က ဆိုသည်။

ယင်းအမှုနှင့် ပတ်သက်၍ မင်္ဂလာတောင်ညွန့် တရားရုံး၌ ပြစ်မှုကြီး အမှတ် ၃၄၉ /၁၂၊ ပြစ်မှုပုဒ်မ ၃၅၄/၃၂၃ ဖြင့် မြန်မာ ဟိုတယ်ဝန်ထမ်း အမျိုးသမီး ဒေါ်အေးအေးကြည်က လည်းကောင်း၊ ပြစ်မှုကြီး အမှတ် ၃၅၀/၁၂ ပြစ်မှုပုဒ်မ ၃၄၁/၅၀၆ ဖြင့် ဂျပန် စီးပွားရေး လုပ်ငန်းရှင် မစ္စတာ အိုကာဟာ ရှိဒါကာရှိက လည်းကောင်း အပြန်အလှန် တရားရင်ဆိုင် ခဲ့ကြသည်။

ရန်ကုန်မြို့ ဗိုလ်တထောင် ဘုရားလမ်းနှင့် အနော်ရထာ လမ်းရှိ ယင်းဟိုတယ်တွင် တည်းခိုနေသူ ဂျပန်နိုင်ငံသားနှင့် မြန်မာ ဟိုတယ်ဝန်ထမ်း အမျိုးသမီး တို့သည် ဂျပန်နိုင်ငံသားက အမျိုးသမီးတစ်ဦးအား အဖော်အဖြစ် ဇန်နဝါရီ ၂၈ ရက်နေ့ ည ၁၁ နာရီတွင် ဟိုတယ်သို့ ခေါ်ဆောင်လာခြင်းနှင့် ပတ်သတ်၍ ဟိုတယ်စည်းကမ်းနှင့် မကိုက်ညီကြောင်း ပြောဆိုရာမှ ထိုဂျပန် အမျိုးသားက ဟိုတယ်ဝန်ထမ်း အမျိုးသမီးကို ကိုယ်ထိလက်ရောက် ပါးရိုက်ခဲ့သဖြင့် ပုဇွန်တောင် ရဲစခန်း၌ အမှုဖွင့်ထား သကဲ့သို့ ယင်းဂျပန် အမျိုးသားကလည်း ဟိုတယ်အတွင်း ဝင်ရောက်ခြင်းကို တားဆီးမှုဖြင့် အပြန်အလှန် အမှုဖွင့်ကာ ပုဇွန်တောင် တရားရုံးတွင် အမှုရင်ဆိုင်နေခြင်း ဖြစ်သည်။

ယင်းသို့ အမှုရင်ဆိုင်နေရာမှ ဟိုတယ်ဝန်ထမ်း အမျိုးသမီးက ရုံးပြောင်းစစ်ရန် ခရိုင်တရားရုံးသို့ လျှောက်ထားချက်အရ ယခုမေလ ၁၁ ရက်နေ့တွင် ပထမဆုံး အကြိမ်အဖြစ် မင်္ဂလာတောင်ညွန့် တရားရုံးသို့ ပြောင်းရွေ့ အမှုရင်ဆိုင်ခွင့် ရခဲ့ခြင်း ဖြစ်သည်။

 The Voice Weekly

အစိုးရနှင့်ထပ်မံတွေ့ဆုံရန်ပြင်ဆင်ချိန် RCSS/SSA သုံးကြိမ် တက်တိုက်ခံရ


အစိုးရ ကိုယ်စားလှယ် နှင့် RCSS/SSA ကိုယ်စားလှယ်တို့ ပြည်ထောင်စုအဆင့် (ဒု)ကြိမ် တွေ့ ဆုံရန် ပြင်ဆင်နေချိန် သျှမ်းပြည်တပ်မတော်တပ်ဖွဲ့ဝင်များအခြေစိုက် တပ်စခန်းသို့ အစိုးရတပ်မှ ၃ ကြိမ်တက်တိုက်ခဲ့သည်ဟု သျှမ်းပြည်တပ်မတော် သတင်းရပ်ကွက်က ပြောပါသည်။

“ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေက အစိုးရ တပ်ကနေ သုံးကြိမ်စလုံး ကျနော်တို့ တပ်ဖွဲ့ရှိရာကို ဦးတည်ပြီး လာတိုက်တယ်။ မနေ့က တိုက်ပွဲဆိုတော်တော်ပြင်းထန်တယ်။ မိနစ်ကိုးဆယ်လောက် ကြာ တယ်။ အသေပျောက်စာရင်းတော့ တိကျမရသေးတော့ မထုတ်ပြန်နိုင်သေးဘူး” - RCSS/ SSA အရာရှိတဦးက ပြောပါသည်။

ယခုလမကုန်မှီ အစိုးရ ကိုယ်စားလှယ် နှင့် သျှမ်းပြည်တပ်မတော် တောင်ပိုင်းတပ်ဖွဲ့ ဟု လူသိများသည့် RCSS/SSA ကိုယ်စားလှယ် တို့ သံလွင်အရှေ့ခြမ်း တနေရာ၌ ထပ်မံတွေ့ဖို့ ပြင်ဆင်နေချိန် မေလ ၉ ရက် ၂၃:၄၀ နာရီ အချိန် အစိုးရတပ် ခလရ ၂၄၆ က ပန်လုံမြို့နယ်ခွဲ ရှိ ဝမ့်ကောင်(ဝ်) ပန်မီ၊ စနင်းကျေးရွာအုပ်စု အခြေချ RCSS/SSA တပ်စခန်းအား လည်း ကောင်း၊ မေ ၁၀ ရက် ၁၆:၀၀ - ၁၇:၃၀ နာရီ အထိ အစိုးရတပ် ခလရ ၆၄ က ပင်လုံမြို့နယ်ခွဲ တန်ဟင်ကျေးရွာအုပ်စု ဖါလိုင်းတောင့်ဖှာ့ရှိ RCSS/SSA တပ်စခန်းအားလည်းကောင်း၊ မေ ၁၀ ရက် နေ့တွင် ခလရ ၂၈၆ အင်အား ၁၈၀ ခန့် ဟိုမိန်းမြို့နယ်ခွဲ မြောက်ဘက် လောင့် မအိုး ရှိ သျှမ်းပြည်တပ်မတော် စခန်းအားလည်းကောင်း သွားရောက်တိုက်ခိုက်ခဲ့သည်ဟု လွယ်တိုင်းလျဲန်းဌာနချုပ် က အတည်ပြုပါသည်။


“ကျနော်တို့ သဘောတူညီချက်အရ အစိုးရတပ်ကနေ တောပိုင်း၊ ကျေးလက်ပိုင်းဘက်ထွက်မယ် ဆိုရင် ကြိုတင်အကြောင်းကြားရမယ်။ ကျနော်တို့မြို့ထဲဝင်ရင်လဲ အစိုးရတပ်ဆီကိုအကြောင်း ကြားမယ်။ ဒါကို အစိုးရက အကြောင်းမကြားတဲ့အပြင် ကျနော်တို့တပ်ကိုလဲ အရင်ပစ်ခတ်တိုက် ခဲ့တယ်။ ကျနော်တို့က မိမိကိုယ်မိမိကာကွယ်တဲ့အနေနဲ့ဘဲ၊အကျအဆုံးစာရင်းကို သက်ဆိုင်ရာ တပ်ရင်းတွေက အကြောင်းမကြားလာသေးသလို အစိုးရတပ်ဘက်သေကြေတဲ့ စာ ရင်းလဲ မသိရဘူး။ အစိုးရတပ်ဘက်ကတော့ အခန့်မသင့် လို့ ရင်ဆိုင်တိုက်ပွဲဖြစ်ရတာလို့ဘဲ ပြောပါ တယ်” - ဟု RCSS/SSA ပြောခွင့်ရ ဗိုလ်မှူးလောဝ်ဆိုင်ကပြောပါသည်။

၂၀၁၁ နှစ်နှောင်းပိုင်းက ပဏာမ အဆင့်တွေ့ဆုံကာ အပစ်ရပ်သဘောတူညီချက်ရယူချိန်မှ စ၍ မေလအထိ တိုက်ပွဲ ၁၇ ကြိမ် ဖြစ်ပွားခဲ့ဖြစ်သည်ဟု RCSS/SSA က ပြောဖူးပါသည်။

by-သျှမ်းသံတော်ဆင့်

နည်းပညာတို့ဖြန့်ဝေခြင်း

www.slip-meepyatite.blogspot.com/ = SLIP MEE PYA TITE= ကွန်ပျူတာနည်းပညာများလေ့လာရန်။
http://www.meepyatite.info/ = မီးပြတိုက်= ကွန်ပျူတာနည်းပညာနှင့်အထွေထွေဗဟုသုတများလေ့လာရန်။
http://www.kyawswarnyein.com/ = ကိုကျော်စွာငြိမ်း = ကွန်ပျူတာနည်းပညာများလေ့လာရန်။
http://cadmyanmar.blogspot.com/ = CAD MYANMAR= အော်တိုကတ်နည်းပညာများလေ့လာရန်။
http://blog.nyilynnseck.com/ = ညီလင်းဆက်=ကွန်ပျူတာနည်းပညာများလေ့လာရန်။
www.mone-tine.com/ = မုန်တိုင်း= ကွန်ပျူတာနည်းပညာများလေ့လာရန်။
http://www.sbsangpi.com/ = IT RESHARE SITE= ကွန်ပျူတာနည်းပညာများလေ့လာရန်။
www.kp3family.blogspot.com/ = KP3 FAMILY=ကွန်ပျူတာနည်းပညာများလေ့လာရန်။
www.nyinaymin.com/ = ညီနေမင်း= ကွန်ပျူတာနည်းပညာများလေ့လာရန်။
www.knowledgewar07.com/ = ကိုမိုးထက်မြင့်= ကွန်ပျူတာနည်းပညာများလေ့လာရန်။
www.soemin.net/ = ကိုစိုးမင်း= ကွန်ပျူတာနည်းပညာများလေ့လာရန်။
www.kozaw357.multiply.com/ = ကိုဇော်= ကွန်ပျူတာနည်းပညာများလေ့လာရန်။
www.htootayzar.com/ = ထူးတေဇာ= ကွန်ပျူတာနည်းပညာများလေ့လာရန်။
http://mmshare.org/ = MM SHARE = ကွန်ပျူတာနည်းပညာများလေ့လာရန်။
http://www.myanmaritmen.org/ = အိုင်တီသမားများ= ကွန်ပျူတာနည်းပညာများလေ့လာရန်။
www.saturngod.net/ = စေတန်ဂေါ့= ကွန်ပျူတာနည်းပညာများလေ့လာရန်။
http://blog.mghla.net/ = မောင်လှ= ကွန်ပျူတာနှင့်ဓါတ်ပုံ နည်းပညာများ။
www.kokyawmyintoo.blogspot.com/ = ကိုကျော်မြင့်ဦး= ကွန်ပျူတာနည်းပညာများလေ့လာရန်။
www.problemclean.ning.com/ = MYANMAR IT DEVELOPMENT= နည်းပညာအကြောင်းဆွေးနွေးဖို့။
http://thanlonnge.net/ = သံလုံငယ်= ကွန်ပျူတာနည်းပညာများလေ့လာရန်။

www.simplehelp.net = မိမိကွန်ပျူတာနဲ့ ပတ်သက်၍ ပြဿနာများရှိခဲ့လျှင် မေးမြန်းနိုင်သည်
www.helpwithpcs.com = ကွန်ပျူတာသင်ခန်းစာများကို အမျိုးအစားစုံလင်စွာလေ့လာရန်
www.asia-oss.net = Open Source စနစ်ကိုလေ့လာသူများ မဖြစ်မနေ၀င်လေ့လာသင့်သည်
www.wwpi.com = ကွန်ပျူတာပညာရပ်များအပြင်၊ Network ပညာများကိုလည်းသင်ယူနိုင်သည်
www.educational-software.com = ဆော့ဖ်ဝဲဘာသာရပ်များကို လေ့လာသင်ယူနိုင်ပါသည်
www.educationalsoftware.co.uk = ဆော့ဖ်ဝဲဘာသာရပ်များကို သင်ယူနိုင်ပါသည်
www.okino.com = ဂရပ်ဖစ်သုံးဆော့ဖ်ဝဲဘာသာရပ်များစွာကို လေ့လာနိုင်သည်
www.emailaccount.com = Domain များစွာကို စိတ်ကြိုက်ရနိုင်ပြီးလွယ်ကူသုံးချ အခမဲ့ရသော mail
www.gawab.com = Language များစွာကို စိတ်ကြိုက်ရနိုင်ပြီး လွယ်ကူစိတ်ကြိုက်ရနိုင်ပြီးလွယ်ကူသုံး ချ အခမဲ့ရသော mail
www.merriam-webster.com = အင်္ဂလိပ်စာလေ့လာသူများအတွက် အကောင်းဆုံးနေရာလေးပါ
www.learningpage.com = ဘာသာရပ်အစုံ လေ့လာချင်သူများအတွက်
www.shareme.com = ကွန်ပျူတာပညာရပ်များ၊ စီးပွားရေးပညာရပ်များအပါအ၀င် ဆော့ဖ်ဝဲလ်များအကြောင်းစုံလင်စွာလေ့လာရန်
http://search.imesh.com = ဒီဆိုက်မှာ ဆော့ဝဲလ်တွေအများကြီး free ဒေါင်းလို့ရတယ်
http://www.filehippo.com/ = စုံလင်တဲ့ Free Software ဆိုဒ်ပါ ။ လိုတဲ့ဆော့ဖ်ဝဲလ်ကိုသာ နာမည်ရိုက်တဲ့ပြီးရှာလိုက်ပါ
http://www.picget.net = မိမိဓါတ်ပုံတွေကို ဘောင်ဒီဇိုင်းအမျိုးမျိုးနဲ့ အလှပြုပြင်နိုင်တဲ့ ပေါ့ပေါ့ပါးပါး ပိုတိုဆောဖ့်ဝဲလ်တွေပါ


♥ ♥ ♥ နည်းပညာ ဖိုရမ် လမ်းညွှန် ♥ ♥ ♥

http://www.mmgeeks.org/forum/ = MM GEEKS= နည်းပညာဖိုရမ်များဖတ်ရှုရန်။
http://www.mmso.org/ = MMSO= ဖိုရမ်မှဗဟုသုတများရှာဖွေရန်။
www.aask.my-mm.org/ = MYANMAR OVERFLOW= ဗဟုသုတရစရာအမေးနှင့်အဖြေများ။
www.amyanmaritpros.com/ = MYANMAR IT PROFESSIONAL= နည်းပညာလေ့လာရန်။
www.mysteryzillion.org/ = MYSTERY ZILLON FORUM= နည်းပညာများဆွေးနွေးရန်။
www.problemclean.ning.com/ = MYANMAR IT DEVELOPMENT= နည်းပညာအကြောင်းဆွေးနွေးဖို့။
http://www.myanmartutorials.com/ = MYANMAR TUTORIALS= ကွန်ပျူတာနည်းပညာများလေ့လာရန်
http://www.mmphotoshop.net/ photoshop သင်ခန်းစာ များလေ့လာနိုင် ပါသည်။ ..
http://www.knowledgewar07.blogspot.com/ နည်းပညာ နှင့် E-books
http://www.thanlonnge.com/ နည်းပညာ



♥ ♥ ♥ အော်တိုကတ်နည်းပညာ လမ်းညွှန် ♥ ♥ ♥

http://cadmyanmar.blogspot.com/ = CAD MYANMAR = အော်တိုကတ်နည်းပညာများလေ့လာရန်။
http://www.creativelayer.net/ = CREATIVE LAYERအော်တိုကတ်နည်းပညာများလေ့လာရန်။
http://autocaddrawing.blogspot.com/ = အော်တိုကတ်ရေးဆွဲနည်း ပညာများလေ့လာရန်။
www.engineer4myanmar.com/search/label/AutoCAD/ = ENGINEER 4 MYANMAR အော်တိုကတ်လေ့လာရန်။
http://chan09.blogspot.com/ = CHAN 2009 = အော်တိုကတ်လေ့လာရန်။


♥ ♥ ♥ ဓါတ်ပုံနည်းပညာ လမ်းညွှန် ♥ ♥ ♥

http://www.yoeyar.com/ = ရိုးရာ= myanmar cg art gallery
http://www.mdasociety.com/ = MYANMAR DIGITAL ART SOCIETY= ဓါတ်ပုံနည်းပညာများလေ့လာရန်။
www.myanmarlensman.com/ = MYANMAR LENS MAN = မြန်မာ့ဓါတ်ပုံပညာများလေ့လာရန်။
http://99nagar.multiply.com/ = ဒီဇိုင်နာနဂါး = ဓါတ်ပုံဒီဇိုင်းပညာများလေ့လာရန်။
www.photoshoproadmap.com/ = PHOTOSHOP ROAD MAP = photoshop လေ့လာရန်။
www.mmphotoshop.net/ = MM PHOTOSHOP = mm photoshop tutorials
www.myozawlin23.blogspot.com/ = မျိုးဇော်လင်း = graphic design


♥ ♥ ♥ ၀က်ဒီဇိုင်းနည်းပညာ လမ်းညွှန် ♥ ♥ ♥

http://www.zack-notes.net/ = ၀က်ဒီဇိုင်းနည်းပညာများလေ့လာရန်။
http://www.phpmyanmar.com/ = PHP MYANMAR= ၀က်ဒီဇိုင်းနည်းပညာများလေ့လာရန်။


♥ ♥ ♥ မြန်မာဝက်ဆိုက်လမ်းညွှန် ♥ ♥ ♥

http://allmyanmarblogs.blogspot.com/ = ALL MYANMAR BLOGSမြန်မာဘလော့များရှာဖွေရန်။
www.sharbar.net/ = SHARBAR = မြန်မာဆိုက်များကိုရှာဖွေရန်။
www.searchmyanmar.com/ = SEARCH MYANMAR = မြန်မာဆိုက်များကိုရှာဖွေရန်။
http://webdirectory.all-channel.com/ = ALL CHANNEL = မြန်မာဆိုက်များကိုရှာဖွေရန်။
http://myanmardaily.net/ = MYANMAR DAILY ဆိုက်အမျိုးမျိုးမှနေ့စဉ်ဖတ်စရာများ။



♥ ♥ ♥ နည်းပညာ သတင်းလွှာ လမ်းညွှန် ♥ ♥ ♥

http://www.worldwidemyanmar.com/ = WORLD WIDE MYANMAR= နည်းပညာသတင်းများဖတ်ရှုရန်။
http://www.knowledgebridge.net/ = KNOWLEDGE BRIDGE= နည်းပညာမဂ္ဂဇင်းဖတ်ရှုရန်။=
www.onlineictreader.com/ = မြန်မာအိုင်စီတီသတင်းများဖတ်ရှုရန်။
www.myanmarinternetjournal.com/ = မြန်မာအင်တာနက်ဂျာနယ်




♥ ♥ ♥ ကွန်ပြူတာအသုံးပြုသူတိုင်း အသုံးဝင်သည့် စာအုပ်များ ♥ ♥ ♥

    အား jupitar ကိုရင်မောင် ရေးသားပါသည်

လိုအပ်သည့် စာအုပ်များ click လုပ်ပြီး download လုပ်နိုင်ပါသည်
http://www.mediafire.com/?ememzwhndzm = Gmail ရဲ့  လှို့ ဝှက်ချက်တွေသိချင်ရင်
http://www.mediafire.com/?noziemyl5yj = GTALK နှင့်ပက်သက်သမျှ
http://www.mediafire.com/?050ltj4kgkd = လွယ်ကူစွာဂျီမေးနှင့်ဂျီတော့အသုံးပြုနည်း
http://www.mediafire.com/?yyyzjylj2gy = ဂူးဂဲလျို့ဝှက်ချက်များ




http://www.mediafire.com/?tzdqjdmemdj = ၀က်ဒီဇိုင်းလက်တွေ့သင်ခန်းစာများ
http://www.mediafire.com/?xagz1meq9yn = မြန်မာဘလော့တစ်ခုပြုလုပ်ပုံအဆင့်ဆင့်
http://www.mediafire.com/?dgxzdjwdrmd = ၀က်ပိတ်တစ်ခုဖန်တီးခြင်း
http://www.mediafire.com/?w3cdqdzwmmx = HTML မိတ်ဆက်
http://www.mediafire.com/?zjcjv2dnrso = ဘလော့ဂါနှင့်ဆိုက်ဘာအတိုက်အခံသမားများ လက်စွဲ
http://www.mediafire.com/?twdjnizznnu = PHOTOSHOP NOTES(2) အကြောင်း
http://www.mediafire.com/?p07vsb70gmrk9q5 = ADOBE PHOTOSHOP CS (မြန်မာ)
http://www.mediafire.com/?52q0ew2umzg = TIPS AND TRICKS OF PS CS4 (အင်္ဂလိပ်)
http://www.mediafire.com/?wlzgykyjmjw = MAYA AND PHOTOSHOP (အင်္ဂလိပ်)
http://www.mediafire.com/?0yxwwztxf1k = ADOBE PHOTOSHOP 7.0
http://www.mediafire.com/?twdjnizznnu = ဖိုတိုရှော့မှတ်စုများ
http://www.mediafire.com/?jd0hmmzdqdj = ပုံရိပ်များရဲ့ဖွဲ့စည်းပုံသဘာဝ
http://www.mediafire.com/?ijjgjjvz3t3 = ဗီဒီယိုတည်းဖြတ်ခြင်းသင်ခန်းစာ
 http://www.mediafire.com/?dluzztilwmb = PC MECHANIC
http://www.mediafire.com/?ytoevqnnqwy = ပီစီတစ်လုံးတပ်ဆင်ရန်ရွေးခြယ်ခြင်း
http://www.mediafire.com/?qatznyhmycx = ကွန်ပြူတာသိပံ္ပ္ပမိတ်ဆက်
http://www.mediafire.com/?dluzztilwmb = ဒီစာအုပ်ဖတ်ပြီးမှ ကွန်ပျူတာပြင်ပါ
http://www.mediafire.com/?qnji1uh2qnj = ကွန်ပျူတာအကြောင်းအသေးစိတ်သိစရာ
http://www.mediafire.com/?zxjnayfxynw = ကွန်ပျူတာတပ်ဆင်ပြုပြင်ထိန်းသိမ်းနည်း
http://www.mediafire.com/?ksqsyeashheupib = အကောင်းဆုံးကွန်ပျူတာပြုပြင်ခြင်း အခြေခံနည်းစနစ်
http://www.mediafire.com/?qndaxgdede0 =ကွန်ပျူတာအမေးအဖြေ
http://www.mediafire.com/?wswd9ayna1t = ကွန်ပျူတာပြုပြင်ထိန်းသိမ်းခြင်းနှင့်
http://www.mediafire.com/?z0jmgzdyggq = ကွန်ပျူတာအဆင့်တိုးမြှင့်ခြင်းနှင့်
http://www.mediafire.com/?dzsiyudsbh3 = သတင်းအချက်အလက်ဆက်သွယ်ရေးစနစ်
http://www.mediafire.com/?twnftxnvxtr = ကွန်ပျူတာသုံးစွဲသူတိုင်းအတွက်အင်္ဂလိပ်စာ
http://www.mediafire.com/?njiycdz4htw = တီထွင်မှုမှော်ဝိဇ္ဇာကြီးအယ်လ်ဗာအယ်ဒီဆင်
http://www.mediafire.com/?ymzb9ubyzmm = ၂၁ရာစုဂူးဂဲနှင့်ပြောင်းလဲသွားသောအင်တာနက်စီးပွားရေးစနစ်ကိုလေ့လာခြင်း
http://www.mediafire.com/?cigqtwgskzx = တီထွင်မှုများ
http://www.mediafire.com/?wymogtik4cu = သိပ္ပံနှင့်နည်းပညာ
http://www.mediafire.com/?kv1qe99nr8id3gb = TWENTY THINGS I LEARNED ABOUT BROWSER AND INTERNET (အင်္ဂလိပ်)
http://www.mediafire.com/?fflsbgmr77i9rbo = WEB DESIGN HTML AND CSS
http://www.mediafire.com/?jhh7u5ksx3hum5m = AUTOCAD 2005
http://www.mediafire.com/?uv7gv93w69ykx13 = AUTOCAD 2002
http://www.mediafire.com/?udt25jcc8o5f3d2 = MICROSOFT WORD 2002
http://www.mediafire.com/?yzyummzde2m = MICROSOFT EXCEL 2002
http://www.mediafire.com/?yidm0udqzuz = WINDOW INSTALLATION (မြန်မာ)
http://www.mediafire.com/?gzzntmzzcxm = INTRODUCING MAYA 2008 (အင်္ဂလိပ်)
http://www.mediafire.com/?zzydzvnm0dd = MS FRONT PAGE 2002
http://www.mediafire.com/?mj2nzlrzw3v = BASIC WORD PROCESSING (အင်္ဂလိပ်)
http://www.mediafire.com/?niyytyqwwtj = COMPUTER DICTIONARY (အင်္ဂလိပ်)
http://www.mediafire.com/?quhmiu0gomy = LEARNING GUIDE FOR
http://www.mediafire.com/?gzt2tycucb3 = VIDEO CONFERENCING SERVER (မြန်မာ)
http://www.mediafire.com/?d1dkxscgcsz = SMALL OFFICE OR HOME OFFICE
http://www.mediafire.com/?uu0mj6i2dyd6nkf = REMOTE DESKTOP ENVIRONMENT
http://www.mediafire.com/?wgjxwdznend = PROTECTING FROM
http://www.mediafire.com/?cclacsgsywd = NETWORK ADDRESS TRANSLATION
http://www.mediafire.com/?wan1g45myhw = CMS AND DYNAMIC PORTAL ENGINE
http://www.mediafire.com/?wjzrnumnmtg = INTERNET CONNECTION SHARING
http://www.mediafire.com/?nyf3dwiezmz = E-MAIL SERVER
http://www.mediafire.com/?jmzmewt9cm1 = DOMAIN NAME SYSTEM SERVER
http://www.mediafire.com/?gzdzlffuzqz = LEARNING CSS- 2
http://www.mediafire.com/?eoe2jwhniyd = MS POWER POINT 2002
http://www.mediafire.com/?znjmdeh3zkd = LEARNING CSS
http://www.mediafire.com/?myzzm4tjnh4 = HARDWARE AND NETWORK
http://www.mediafire.com/?44ykzzz1m2m = VISUAL BASIC 6.0
http://www.mediafire.com/?jnmgjymmz1u = VB 6.0 TUTORIALS (အင်္ဂလိပ်)
http://www.mediafire.com/?l07778b87waz8os = MICROSOFT ACCESS 2002
http://www.mediafire.com/?d2ikzdwunad = LEARNING HARDWARE IN 5 MIN
http://www.mediafire.com/?xo9txgs54c2cytf = BUILDING WEBSITES WITH JOOMLA
http://www.mediafire.com/?bb71n4lq41v045t = JOOMLA QUICK START (အင်္ဂလိပ်)
http://www.mediafire.com/?mfmegtmadyx = FrontPage2002 (မြန်မာ)

♥ ♥ ♥ စာအုပ်စာပေများရှာရန် လမ်းညွှန် ♥ ♥ ♥

    အား jupitar ကိုရင်မောင် ရေးသားပါသည်


http://www.myanmarbook.com/ Myanmar Book ..
http://www.myanmarelibrary.com/ Myanmar E library
http://myanmarnetworknews.com/ Online myanmar ebook
http://www.myanmarbookshop.com/ Myanmar Book Shop
http://www.foreverspace.com.mm/ Foreverspace
http://www.sagarwarmyae.org/ စကားဝါမြေ စာကြည့် တိုက် ..
http://www.manorhary.com/ .:Manorhary:. The popular Author Novelist and Poet of Myanmar
http://www.bookmyanmar.com/ Myanmar Online Book Store
http://www.myanmardirectory.net/ Myanmar Directory ::
http://www.dhamadarna.net/ Dhamadarna.NET
http://www.knowledgewar07.com/ Blog,Computer,Books,Software တွေကိုအဓိက တင်ပြပေးပါမည်. ..
http://existencemgz.wordpress.com/ ဖွဲ့တည်ရာ မဂ္ဂဇင်း အကောင်းဆုံး မြန်မာစာပေ ဘလော့ဂ်ဆု
http://www.dhammaransi.net/ Dhamma Ransi - Gateway to Theravada Buddhism
http://www.perfectmagazineonline.com/ home.php Perfect Magazine Online
http://www.myawady.net/ Myanma Reference, tradition culture books : literature resources ...
http://www.aimwell.org/ Association for Insight Meditation
http://www.yawainwe.net/ Ya Wai Nwe
http://www.kayinstate.com/ Myanmar Book(KayinState)
http://www.shwehinthar.com/ Dhamma E-book in maynmar and english
http://ezine.mywebdigest.net/mwd/ My WebDigest
http://www.yellowpagesmyanmar.net/ Myanmar Yellow Pages, Myanmar Exporters, Importers, Manufacturers ...
http://www.dhammayaysin.com/ ဓမ္မရေစင်
http://ebooks.mmblogs.net/ မြန်မာအီးဘွတ်များကို တစ်စုတစ်စည်း တစ်နေရာထဲမှာ ဒေါင်းလုပ် လုပ်နိုင်ရန်
http://www.myanmaryellowpages.biz/ Myanmar Yellow Pages - Myanmar Business Directory, Myanmar Telephone ...
http://www.shwesagar.com/ Shwe Sagar
http://weenyinthit.iblogger.org/ ၀ိညာဉ်သစ်စာအုပ်စင် နဲ့ ရောက်တက်ရာရာများ စာအုပ်များနှင့်သီချင်းလေးများ
http://shweone.wordpress.com/ Shwe One
http://www.cherrythitsar.org/ Cherry Thitsar
http://www.mmopenlibrary.com/ MMopenlibrary(Myanmar Book)
http://www.dhammaknowledge.com တရားစာအုပ်များ ..
http://www.myautoosayadaw.com/ အရှင်ဝါယာမိန္ဒ တရားတော်များ
http://www.kyiaye-literature.blogspot.com/ ကြည်အေး
ညီးလေးတစ်ယောက် အခြားဆိုဒ်မှာတင်ထားတာပါ။ အဲဒါ ဧဒင်ဥယျာဉ်သူငယ်ချင်းများအတွက် မျှဝေပေးလိုက်ပါတယ်
အားလုံးအဆင်ပြေပါစေ

ကျေးဇူးတော်ရှင် သီတဂူဆရာတော်ဘုရားကြီး၏ အတ္ထုပ္ပတ္တိ

by Htoo Tint Naing on Saturday, May 12, 2012 at 2:14pm ·
                        

ကျေးဇူးတော်ရှင် သီတဂူဆရာတော်ဘုရားကြီး၏ အတ္ထုပ္ပတ္တိ

==================================================

      မြန်မာနှစ် ၁၂၉၈ ခု၊ တပေါင်းလပြည့် (ခရစ်နှစ် ၁၉၃၇ ခုနှစ် ဖေဖော်ဝါရီလ ၂၃ ရက်) အင်္ဂါနေ့၌ ပဲခူးတိုင်း၊ သဲကုန်းမြို့နယ် ပုတီးကုန်းမြို့တွင် ဖွားမြင်သည်။ အဖ ဦးမောင်ညို၊ အမိ ဒေါ်သန်းတင်တို့ဖြစ်သည်။

       ၁၉၄၄ ခုနှစ်တွင် သဲကုန်းမြို့၊ တပ်ရွာ အလယ်ကျောင်း၌ ဘုန်းတော်ကြီးပညာ အခြေခံများကို စတင်သင်ယူခဲ့ပြီး ၁၉၅၂ ခုနှစ်တွင် ရှင်သာမဏေ၊ ၁၉၅၇ ခုနှစ်တွင် ရဟန်းပြုသည်။ ရန်ကုန်၊ မန္တလေးနှင့် စစ်ကိုင်းမြို့များတွင် အထက်တန်း ပိဋကတ်စာပေများကို လေ့လာသင်ယူဆည်းပူးခဲ့သည်။

      ၁၉၆၁ တွင် ဓမ္မာစရိယ စာချတန်းအောင်မြင်၍ သာသနဓဇ ဓမ္မာစရိယဘွဲ့ ရရှိခဲ့သည်။ ၁၉၆၂ တွင် သံဃာ့တက္ကသိုလ်သို့ ဝင်ရောက်ခဲ့ပြီး ၁၉၆၅ တွင် ဗုဒ္ဓွသာသနာ ဒီပလိုမာဘွဲ့ကို ရရှိခဲ့သည်။ ထိုနှစ်မှာပင် ဧရာဝတီတိုင်း လေးမျက်နှာမြို့၌ မြန်မာဗုဒ္ဓသာသနာပြုကျောင်း (B.B.M. College) ကို တည်ထောင်ခဲ့သည်။ ၁၉၆၈ မှစ၍ စစ်ကိုင်းတောင်၌ ဗုဒ္ဓစာပေများကို စတင်သင်ကြားပို့ချခဲ့သည်။ ၁၉၇၂ မှစ၍ မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်၊ ကျုံကရွာ သပိတ်အိုင်တောရကျောင်း၌ ၄ နှစ်ကြာ ပဋိပတ်အလုပ် အားထုတ်ခဲ့ပြီး ၁၉၇၅ မှစ၍ မြန်မာပြည်အနှံ့ ဗုဒ္ဓဒေသနာများ ဟောကြားခဲ့သည်။

        ၁၉၇၇ တွင် စစ်ကိုင်းတောင်၌ သီတဂူကျောင်းတိုက်၊ ၁၉၇၈ တွင် သီတဂူသာသနာပြုအဖွဲ့ကို စတင်တည်ထောင်ပြီး ၁၉၇၉ ၌ ကမ္ဘာလှည့်သာသနာပြုလုပ်ငန်းကို စတင်ခဲ့သည်။ ယနေ့အထိ နိုင်ငံပေါင်း ၄၅ နိုင်ငံကျော် လှည့်လည်ခဲ့ပြီး အစည်းအဝေးပေါင်း ၅ဝ ကျော် တက်ရောက်ခဲ့ပြီးဖြစ်သည်။

         ၁၉၈ဝ ပြည့်နှစ်တွင် စစ်ကိုင်းတောင် ‘သီတဂူ ရေအလှူတော်စီမံကိန်း’ကို တည်ဆောက်ခဲ့သည်။ ရေအလှူတော်စီမံကိန်းသည် ဧရာဝတီမြစ်အတွင်းမှရေကို စစ်ကိုင်းတောင်ရိုးပေါ်အရောက် ဆောင်ရွက်ရခြင်းဖြစ်ပြီး ရေစက်ရုံ ၃ ရုံ၊ ရေသန့်စက်ရုံ ၂၊ ရေကန် ၁၂ လုံးဖြင့် စစ်ကိုင်းတောင် ချောင်ပေါင်း ၉ဝဝ ကျော်ရှိ ရဟန်း သာမဏေ၊ သီလရှင် ၉ဝဝဝ ကျော်တို့အား ရေပိုက်လိုင်း ပေပေါင်း ၂ သိန်းခွဲကျော်ဖြင့် တစ်နေ့လျှင် ရေဂါလံ ၅ သိန်းခန့် ပေးဝေလျက်ရှိသည်။

         ၁၉၈၅ တွင် ကျပ်သိန်း ၅ဝဝ ကျော် ကုန်ကျသော ခုတင် ၁ဝဝ ဆံ့ ‘သီတဂူ အာယုဒါနဆေးရုံတော်’ကို စတင်တည်ဆောက်ခဲ့ပြီး ၁၉၉ဝ ပြည့်နှစ်တွင် ဖွင့်လှစ်ခဲ့သည်။ ထိုဆေးရုံက ကျန်းမာရေးစရိတ်မတတ်နိုင်သော ရဟန်းသံဃာတော်များသာမက ဆင်းရဲနွမ်းပါးသော ပြည်သူလူထုကို အခမဲ့ ဆေးကုသနိုင်ရန် လှူဒါန်းဒါနပြုလျက်ရှိသည်။ ပြည်ပမှ မျက်စိကုဆရာဝန်ကြီးများအား ဖိတ်ကြား၍လည်း နှစ်စဉ် မျက်စိဝေဒနာရှင်များအား အခမဲ့ ခွဲစိတ်ကုသပေးနိုင်ခဲ့သည်။ ဆရာတော်သည် ရေအလှူတော်၊ အာယုဒါန အလှူတော်သာမက ပညာရေး၊ လူမှုရေး၊ မိဘမဲ့ကလေးငယ်များ စောင့်ရှောက်နိုင်ရေးများအတွက်ပါ သိန်းပေါင်းများစွာ လှူဒါန်းလျက်ရှိသည်။ ဆားတောင်၊ သီပေါ၊ ကလေး၊ နတ်မောက်၊ ပန်းတနော်၊ ထားဝယ်၊ မင်းတပ် နှင့် မြိုင်ကြီးငူ တို့၌လည်း ဆေးရုံများတည်ဆောက်လျက်ရှိသည်။

        ၁၉၉၄ တွင် အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ် အော်စတင်မြို့တွင် သီတဂူဗုဒ္ဓဝိဟာရကျောင်းတိုက်ကို စတင်တည်ထောင်ဖွင့်လှစ်ခဲ့သည်။ ၁၉၉၆ တွင် စစ်ကိုင်းတောင် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ကို စတင်ဖွင့်လှစ်ခဲ့သည်။


       ဆရာတော်အား အစိုးရက မဟာဓမ္မကထိက ဗဟုဇနဟိတဓရဘွဲ့ (၁၉၉၃)၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇဘွဲ့ (၁၉၉၅)၊ အဂ္ဂမဟာပဏ္ဍိတဘွဲ့ (၁၉၉၇)၊ အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်များ ကပ်လှူပူဇော်ခဲ့ပြီး ၂ဝဝ၃ တွင် ရန်ကုန်တက္ကသိုလ်က ဒီလစ် (D. Litt.) ဘွဲ့၊ ၂ဝဝ၅ တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မဟာချူလာလောင်ကွန်တက္ကသိုလ်က ပီအိပ်ခ်ျဒီ (Ph.D) ဘွဲ့ အပ်နှင်းခဲ့သည်။ မြန်မာနှစ် ၁၃၆၉-ခု၊ ခရစ်နှစ် ၂၀၀၈-ခုနှစ်တွင် အိန္ဒိယနိုင်ငံ နာလန္ဒတက္ကသိုလ်မှ ပီအိပ်ခ်ျဒီ (Ph.D)ဘွဲ့ကို အပ်နှင်းခဲ့သည်။ မြန်မာနှစ် ၁၃၇၀-ခု၊ ခရစ်နှစ် ၂၀၀၉-ခုနှစ်တွင် ထိုင်းနိုင်ငံ မဟာမကုဋ်တက္ကသိုလ်မှ ပီအိပ်ခ်ျဒီ (Ph.D)ဘွဲ့ကို အပ်နှင်းခဲ့သည်။

     ဆရာတော်သည် ၂ဝဝ၆ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စု၊ မင်နီဆိုးတားပြည်နယ် နှင့် ၂ဝဝ၇ ခုနှစ်တွင် တင်နက်စီ ပြည်နယ်၌ သီတဂူဗုဒ္ဓဝိဟာရကို တည်ထောင်ဖွင့်လှစ်ခဲ့သည်။

   ဆရာတော်သည် မြန်မာနိုင်ငံရှိအကျဉ်းထောင်တို့တွင် နှစ်စဉ် အစာအာဟာရများ ကျွေးမွေးလှူဒါန်းခြင်း၊ တရားဓမ္မချီးမြှင့်ခြင်းတို့အပြင် ဘိုးဘွားရိပ်သာများ၊ မိဘမဲ့ကလေးများ၊ မျက်မမြင် ဆွံ့အ နားမကြား ဝေဒနာရှင်များ၊ စစ်မှုထမ်းဟောင်းများကို ငွေကြေး၊ ဆေး အစားအစာများ မကြာခဏ လှူဒါန်းလေ့ရှိသည်။ မြို့နယ်/ ကျေးလက်ဆေးရုံများသို့ လိုအပ်သည့် အဖိုးတန်စက်ကိရိယာများ ဆေးဝါးပစ္စည်းများ လှူဒါန်းလေ့ရှိပြီး စာသင်ကျောင်းများသို့လည်း ကွန်ပျူတာများ၊ သင်ထောက်ကူပြု လျှပ်စစ်ပစ္စည်းများ လှူဒါန်းလေ့ရှိသည်။

      ၂ဝဝ၈ ခု မေလ နာဂစ်မုန်တိုင်း တိုက်ခတ်ပြီးနောက် မုန်တိုင်းသင့်ဒေသများသို့ ဆရာတော်ကိုယ်တိုင် သွားရောက်ပြီး ဒေသခံများနဲ့အတူ အပင်ပန်းအဆင်းရဲခံကာ သောက်သုံးရေသန့်များရရှိအောင် ဆောင်ရွက်ခြင်း၊ ဘုရားကျောင်းကန် နေအိမ်များ ပြုပြင်ခြင်း၊ စာသင်ကျောင်းများ ပြုပြင်ဆောက်လုပ်လှူဒါန်းခြင်းများ လုပ်ဆောင်ခဲ့သည်။ မုန်တိုင်းသင့်ဒုက္ခသည် ကူညီကယ်ဆယ်ရေးလုပ်ငန်းများတွင် နိုင်ငံတကာ အန်ဂျီအိုများပြီးလျှင် တစ်ဦးချင်းအနေဖြင့် ငွေကြေးပမာဏအများဆုံးကို ပြည်သူလူထုထံမှ ထိထိရောက်ရောက်အလှူခံကာ ဒုက္ခသည်များအတွက်လိုအပ်သော စားနပ်ရိက္ခာ၊ ဆေးဝါး၊ အဝတ်အထည်များ လှူဒါန်းခြင်းတို့ကို စနစ်တကျ ကျယ်ပြန့်ထိရောက်စွာ ဆောင်ရွက်နိုင်ခဲ့သည်။  

        ဆရာတော် ဟောကြားခဲ့သော တရားတော်များအနက် ၁၉၈၈ တွင် ဟောကြားခဲ့သည့် ‘ရာဇောဝါဒ -မင်းကျင့်တရားဆယ်ပါး တရားတော်’၊ ၂ဝဝ၇ တွင် ဟောကြားခဲ့သော ‘ဧကရာဇ်မင်းကြီးရဲ့ ဘဝနိဂုံးတရားတော်’ နှင့် ‘လူမိုက်တို့ သွားရာလမ်း တရားတော်’တို့ ပြည်သူများအကြား အထူးပျံ့နှံ့ ကြိုက်နှစ်သက်ခဲ့သည်။

        ဆရာတော် ဒေါက်တာ အရှင်ဥာဏိဿရသည် သပိတ်အိုင်တောရတွင် သီတင်းသုံးခဲ့ဖူးသောကြောင့် ‘သပိတ်အိုင်ဆရာတော်’ ဟူ၍လည်းကောင်း၊ သဲကုန်းမြို့နယ် ဇာတိဖွားဖြစ်သောကြောင့် ‘သဲကုန်းဆရာတော်’ ဟူ၍လည်းကောင်း၊ သီတဂူကျောင်း သီတဂူရေအလှူ သီတဂူဆေးရုံ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် သီတဂူဗုဒ္ဓဝိဟာရ(အမေရိကန်) တို့ကို တည်ထောင်တော်မူခဲ့သည်ဖြစ်ခြင်းကြောင့် ‘သီတဂူဆရာတော်’ ဟူ၍လည်းကောင်း လူသိများထင်ရှားသည်။
    ဆရာတော်သည် မြန်မာဘာသာဖြင့် စာအုပ်ပေါင်း ၁ဝဝ ကျော်နှင့် အင်္ဂလိပ်ဘာသာဖြင့် စာအုပ်ပေါင်း ၃ဝ ကျော်တို့ကို ထုတ်ဝေခဲ့ပြီးဖြစ်သည်။     ။

http://www.citizenofburma.org နှင့် http://lapyae456.multiply.com/journal/item/1  တို့ မှ ရှာဖွေကူးယူတင်ပြပါသည်ခင်ဗျာ။

မှတ်ချက်။

     ယခုအခါ ဆရာတော်ဘုရားကြီးသည် သက်တော် ၇၅ ၊ ၀ါတော် ၅၅ ဖြစ်ပါသည်။ ဆရာတော်ကြီးလို သူတော်ကောင်း ပုဂ္ဂိုလ်မျိုးဟာ အလွန်ကြည်ညို လေးစားချီးကျုးထိုက်ပါတယ်။ ဆရာတော်ကြီးဟာ ဘာသာရေးခေါင်းဆောင်တစ်ဦးဖြစ်သလို နိုင်ငံ့အရေးမှာလည်း ခေါင်းဆောင်မှုကောင်းကောင်းနဲ့ ကိုယ်တိုင်မနေ မနားပါဝင်ဦးစီးဦးဆောင်လုပ်ခဲ့တာဆိုရင်ဖြင့် နာဂစ်အပြီး ကယ်ဆယ်ရေးလုပ်ငန်းများက သက်သေခံနေပါတယ်။ ဆရာတော်ကြီးသည် မျိုးချစ်စိတ်ဓာတ်အပြည့်ရှိ၍ နိုင်ငံ့အရေးတွေမှာ ခွန်အားအပြည့်နဲ့ အင်တိုက်အားတိုက် လုပ်ဆောင်နေတာ အများမျက်မြင်ဖြစ်ပါတယ်။ ဘယ်တော့မှ နားမနေပဲ အမျိုး ဘာသာ သာသနာအတွက် ကဏ္ဍအသီးသီးမှ  တတ်စွမ်းနိုင်သလောက် အစွမ်းကုန် အများအကျိုးဆောင်ရွက်တော်မူနေပါတယ်။ ဆရာတော်ဘုရားကြီးဟာ တစ်သက်မှာ တစ်ခါ ပေါ်ထွန်းလာတဲ့ သာသနာ့အာဇာနည် ပုဂ္ဂိုလ်မျိုးပါ။

သီတဂူဆရာတော်ဘုရားကြီး၏ အမျိုး ဘာသာ သာသနာအတွက် ဆောင်ရွက်ချက်များကို ထပ်မံသိရှိလေ့လာလိုပါက http://www.sitagu.info/ သို့ သွားရောက်လေ့လာနိုင်ပါတယ်ခင်ဗျာ။

        ဆရာတော်ဘုရားကြီး၏ အများအကျိုးဆောင်ရွက်မှုသည် ကမ္ဘာကပင် ချီးကျုးရလောက်အောင် အလွန်ပြောင်မြောက်ပါတယ်။ ဆရာတော်ဘုရားကြီး၏ ပရဟိတ လူမှုရေးလုပ်ငန်းများကို အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်မှုမျိုးသည် မည်သူတစ်ဦးတစ်ယောက်မျှ မလုပ်နိုင်သော ဆောင်ရွက်ချက်တစ်ခုဖြစ်ပါတယ်။ မြန်မာနိုင်ငံသူ နိုင်ငံသားများ အားထားလေးစားရသော ပုဂ္ဂိုလ်မြတ်များတွင် ဆရာတော်ဘုရားကြီးသည် တစ်ဦးအပါအ၀င်ဖြစ်ပါတယ်။ မြန်မာ့သမိုင်းတွင်မက ကမ္ဘာ့ သမိုင်းတွင်ပါ တွင်ကျန်၍ ဆရာတော်ဘုရားကြီး ဂုဏ်သတင်းသည် ကျော်ဇောပျံ့ နှံ့ နေမည်ဖြစ်ပါသည်။  ဆရာတော်ဘုရားကြီးလို သာသနာ့အာဇာနည်ပုဂ္ဂိုလ်များ အမိမြန်မာနိုင်ငံတွင် များများပေါ်ထွက်လာပါစေလို့ လည်း ဆုတောင်းပေးပါတယ်။

       ဆရာတော်ဘုရားကြီး ကျန်းကျန်းမာမာ ချမ်းချမ်းသာသာ နှင့် သက်တော်ရာကျော်ရှည်ပါစေ ၊ အမျိုး ဘာသာ သာသနာ အကျိုးကို ဆထက်ထပိုး သယ်ပိုးဆောင်ရွက်နိုင်ပါစေလို့ တပည့်တော် ဆုတောင်းမေတ္တာပို့ သရင်း  ဤ ဆရာတော်ဘုရားကြီး၏ အတ္ထုပ္ပတ္တိလေးကို အများသူငါ သိရှိအောင်ပြန်လည်ကုသိုလ်ပြု ဖော်ပြခြင်းဖြင့် အဝေးမှနေ၍ ရှိခိုးပူဇော် ကန်တော့လိုက်ရပါတယ် အရှင်ဘုရား။

ထူးတင့်နိုင်  /၁၂-၅-၂၀၁၂  /နေ့ လည်၂း၀၀

သီတဂူဆရာတော် ဆရာတော်ဘုရားကြီးအား ပိုမိုကြည်ညိုနိုင်အောင်
                                                        ထပ်မံ၍ ကုသိုလ်ပြုလိုက်ပါသည်။

                                                    လေးစားစွာဖြင့်      ...      မောင်မြင့်
Views: 42

ယူရေနီယမ်

ယူရေနီယမ် ( Uranium )သည် အက်တမ်အမှတ်စဉ် ၉၂ ဖြစ်ပြီး ၊အင်္ဂလိပ် အတိုကောက် သင်္ကတေ U ဖြင့် သတ်မှတ် သည်။ ယူရေနီယမ်ကို ၁၇၈၉-ခုနှစ် ၊ဂျာမန် ဓာတုပညာရှင် Martin Heinrich Klaproth က ရှာဖွေ တွေ့ရှိခဲ့ပြီး ၊ယူရေးနပ်ဂြိုလ်ကို အစွဲပြုကာ ယူရေနီယမ်ဟု အမည်ပေးခဲ့သည်။ ယူရေနီယမ်ကို ၁၉-ရာစုနှစ်ထိ ရေဒီယိုသတ္တကြွ သတ္တုအဖြစ် မသိရှိခဲ့ကြပေ။ ၁၈၉၆ခုနှစ်တွင် ပြင်သစ် ရူပပညာရှင် Antoine Henri Becquerel ကယူရေနီယမ်နှင့် ထိတွေ့ထားတဲ့ ပလိပ်ပြားများမှ မမြင်နိုင်သော ရောင်ခြည်များ ထုတ်လွှင့်ခြင်းကို သိရှိခဲ့ရာမှ ၊ယူရေနီယမ် သည် ရေဒီယိုသတ္တိကြွ သတ္တုဖြစ်ကြောင်း တွေ့ရှိခဲ့သည်။
၁၉၃၄-ခုနှစ်တွင် အမေရိကန် သိပ္ပံပညာရှင် Enrico Fermi ခေါင်းဆောင်ပြီး နျူကလီးယားစွမ်းအင် စက်ရုံတွင် ယူရေနီယမ်ကို လောင်စာအဖြစ် အသုံးပြုခဲ့ပြီး၊ ယူရေနီယမ် နျူကလိယက်စ် ပြိုကွဲရာမှ စွမ်းအင်ထွတ်ပေါ်လာမှု့ကို သိရှိပြီးနောက် နျူလက်နက် ကိုစမ်းသပ် လုပ်ဆောင်ခဲ့ကြသည်။ ၁၉၄၅-ခုနှစ် ဒုတိယကမ္ဘာစစ်တွင် ဟီရိုရှီးမားနှင့် နာဂါစကီမြို့ နျူကလီးယားဗုံးကြဲ ခံရခြင်းတွင် နျူကလီးယားစွမ်းပကားကို တွေ့မြင်ခဲ့ကြရသည်။ ယူရေနီယမ်သည်
စက်မှု့စွမ်းအားအတွတ် အဓိကပင်မ အရင်းအမြစ် ဖြစ်လာတာနဲ့အမျှ ၁၉၅၄-ခုနှစ်တွင် အမေရိကန်တို့ နျူစွမ်းအင်သုံး ရေငုပ်သင်္ဘောကို စမ်းသပ်ရေချနိုင်ခဲ့သည်။ သက္ကရာဇ် 2000ပြည့်နှစ်တွင် တကမ္ဘာလုံး လျှပ်စစ်စွမ်းအင် ၄၀% ကို နျူကလီးယား ဓာတ်ပေါင်းဖို ( Nuclear Reactors ) များမှ ရရှိသည်။ ထို့ကြောင့် ၂၁ရာစုတွင် နျူစွမ်းအင်သည် စက်လက်နက်ပစ္စည်းများ ထုတ်လုပ်ရန် ၊ဓာတ်ပေါင်းဖိုများမှ လျှပ်စစ်စွမ်းအင် ရရှိရန် အရေးပါလာသည်မဟုတ် သုတေဿန ပြုလုပ်ဆောင်ရွက်ချက်များ ၊နှင့်ဆေးပညာဆိုင်ရာ လုပ်ငန်းများတွင်ပါ စမ်းသပ်လုပ်ဆောင် လာကြသည်။ နျူစွမ်းအင်သည် လူသားတို့အတွတ် အကျိုးပြု သည်မဟုတ် ၊နျူကလီးယားဗုံး ပေါက်ကွဲရာမှ ထွတ်လာသော ရောင်ခြည်များ၊ နျူဓာတ်ပေါင်းဖိုများမှ ထွတ်လာသော စွန့်ပစ်ပစ္စည်းများ ထိန်းသိမ်းရန် ၊နျူဓာတ်ပေါင်းဖိုများနှင့် နျူစမ်းသပ် လုပ်ဆောင်သော လုပ်သားများ အနေဖြင့် အန္တာရာယ် ရှိလှသည်။


ယူရေနီယမ် သတ္တုကို သမုဒ္ဒရာကြမ်းပြင်များ ၊ကျောက်တောင် များနှင့် မြေထုထဲတွင် တွေ့ရှိ ရသည်။ ယူရေနီယမ်သည် ကမ္ဘာ့မြေသား တစ်သန်းပုံ နှစ်ပုံခန့်သာ တွေ့နိုင်သည်။ ကမ္ဘာပေါ်တွင် ယူရေနီယမ်ကို သြစတြေးလျ၊ ကနေဒါ၊ တရုတ်၊ ကာဇက်စတန်၊ ရုရှား၊ ဥဇဘက်ကစ္စတန် နိုင်ငံများတွင် အဓိကတွေ့ရသည်။ သဘာဝတွင် သန့်စင်သော ယူရေနီယမ် ကို သီးသန့်မတွေ့ရှိရပဲ အောက်ဆိုက် များအနေနဲ့ဖြင့် Uranite ( UO2 ) သို့မဟုတ် Pitchblende ( UO3 ,U2O5 ) အနေဖြင့် တွေ့ရသည်။

သဘာဝတွင် ယူရေနီယမ် အိုက်ဆိုတုပ် အမျိုးအစားသုံးမျိုးကို ပါဝင်ကိန်း အားဖြင့် 238U-99.284% ,235U-0.711% နှင့် 234U-0.0058% တွေ့ရ သည်။ နျူကလီးယား ဓာတ်ပေါင်းဖိုများ အတွတ် 235U 3-5% နှင့် နျူကလီးယား လက်နက်များထုတ်ရန် 235U 90% သန့်စင်ရန် လိုအပ်သည်။ အဘယ့်ကြောင့်ဆိုသော် ယူရေနီယမ် အိုက်ဆိုတုပ် - ၂၃၅ ( 235U ) သည်သာ fission reaction ဖြစ်နိုင်သောကြောင့် ဖြစ်သည်။ Fission reaction ဆိုသည်မှာ ယူရေနီယမ် အက်တမ်များကို နျူထရွန်နှင့် ဆက်တိုက် ဆက်ခါ ခွဲစိတ်တဲ့အခါ အပူစွမ်းအင် ထွက်လာခြင်း ဖြစ်သည်။ ထို့ကြောင့် သဘာဝတွင် 235U ကို ပမာဏ အနည်းငယ် ( 0.7% ) သာတွေ့ရတာကြောင့် ပေါများအောင် ( Enrichment ) လုပ်ပေးရသည်။ Fission reaction မဖြစ်နိုင်သော 238U အိုက်ဆိုတုပ်ကို Fertile material ဟုခေါ်ပြီး fission reaction ဖြစ်နိုင်အောင် ၄င်းအိုက်ဆိုတုပ်ကို 239Pu အဖြစ်ပြောင်းယူရသည်။ ယူရေနီယမ်သတ္တုရဲ့ သက်တမ်းဝက် (Half-life)သည် 4.5 ဘီလီယမ်နှစ် ကြာမြင့်သည်။ သက်တမ်းဝက် (Half-life) ဆိုသည်မှာ မူလ ရေဒီယိုသတ္တိကြွမှု့၏ တ၀က်တိတိ ကုန်ဆုံးရန် ကြာချိန်ဖြစ်သည်။ ဆိုလိုသည်မှာ ယူရေနီယမ် ၁၀၀ ဂရမ် ရှိသည် ဆိုပါဆို့။ နှစ်ပေါင်း ၄.၅ ဘီလီယမ်နှစ် အချိန်ကြာမြင့်လျှင် ၅၀ ဂရမ်သာ ကျန်ရှိပေလိမ့်မည်။ နောက်နှစ်ပေါင်း ၄.၅ ဘီလီယမ်နှစ် ကြာမြင့်လျှင် ၂၅ ဂရမ်သာ ကျန်ရှိပေတော့မည်။
Type of Radiation
ရေဒီယိုသတ္တိကြွခြင်း ( Radioactivity ) ဆိုသည်မှာ မတည်မြဲသော နျူးကလိယက်စ်မှ အယ်လ်ဖာရောင်ခြည် ( Alpha Ray ) ၊ဘီတာရောင်ခြည် ( Beta Ray ) ၊နှင့် ဂမ်မာရောင်ခြည် ( Gamma Ray ) များ ထွတ်လွှတ်နေခြင်းသာ ဖြစ်သည်။ အယ်ဖာရောင်ခြည် (α-ray) သည် ဟီလီယမ် (4He2) အက်တမ်၏ နျူးကလိယက်နှင့် ဆင်တူပြီး အပေါင်းဓာတ် ( Positive Charge ) ဆောင်သည်။ အယ်လ်ဖာရောင်ခြည်သည် အရေပြား ၊စက္ကူစသည် ဖောက်ထွင်းမသွားနိုင်ပေ။ ဘီတာရောင်ခြည် (β-ray) သည် မှန်၊ သတ္တုပြားစသည် မဖောက်ထွင်းနိုင်။ ဂမ်မာရောင်ခြည် (γ-ray) သည် ဖောက်ထွင်မှု့ အကောင်းဆုံးရောင်ခြည် ဖြစ်သည်။ ဂမ်မာရောင်ခြည်ကို ခဲတုံး ( Lead - ဓာတုသင်္ကေတ Pb ) ဖြင့်ဖောက်ထွင်းနိုင်မှု့ကို နည်းအောင် ပြုလုပ်နိုင်သည်။ နျူထရွန် ( neutron ,n0 )ကို သဘာဝအတိုင်း မတွေ့နိုင်။

တူးယူရရှိလာတဲ့ Uranite ( UO2 ) သို့မဟုတ် Pitchblende ( UO3 ,U2O5 ) ယူရေနီယမ် ပါဝင်တဲ့သတ္တုရိုင်းများကို အမှုန့်ကြိတ်ပြီး၊ အ၀ါရောင် ယူရေနီယမ်အောက်ဆိုက် ( Na2U2O7.6H2O ) ခေါ် Yellow Cake ရအောင် အဆင့်ဆင့် ပြုလုပ်ရယူသည်။

Yellow Cake
Yellow Cake တွင် အလေးချိန် အားဖြင့် ထရိုင် ယူရေနီယမ် အောက်တာ အောက်ဆိုက် U3O8 70-90% ၊ ယူရေနီယမ် ဒိုင်အောက်ဆိုက်UO2 နှင့် ယူရေနီယမ် ထရိုင်အောက်ဆိုက် UO3 တို့ပါဝင်သည်။ Yellow Cake မှသန့်စင်တဲ့ ယူရေနီယမ် ထရိုင်အောက်ဆိုက် ( UO3 ) ကိုခွဲထုတ်ယူရသည်။

ထို့နောက် နျူကလီးယား ဓာတ်ပေါင်းဖိုများနှင့် နျူကလီးယား လက်နက်များအတွတ် အသုံးပြုရန် ယူရေနီယမ် အိုက်ဆိုတုပ်-၂၃၅ (235U ) ပေါများအောင် ပြုလုပ်ယူရသည်။ သဘာဝတွင် 235U 0.7% သာပါဝင်သည်။ ရရှိလာတဲ့ ယူရေနီယမ် ထရိုင်အောက်ဆိုက် ( UO3) မှ ယူရေနီယမ် အိုက်ဆိုတုပ်-၂၃၅ ( 235U ) ခွဲထုတ်ရန် ယူရေနီယမ် ဟက်ဆာဖလိုရိုက် ( UF6 ) အဖြစ် ပြုလုပ်ရယူသည်။

ရရှိလာတဲ့ ယူရေနီယမ် ဟက်ဆာဖလိုရိုက်တွင် ယူရေနီယမ် အိုက်ဆိုတုပ်-၂၃၅ မှာ 0.7% သာပါဝင်သောကြောင့် နျူဓာတ်ပေါင်းဖိုများနှင့် နျူလက်နက်များတွင် သုံးရန် 235U အိုက်ဆိုတုပ်ကို Centrifugal Method သို့မဟုတ် Gaseous diffusion Method တို့ဖြင့် ပေါများအောင် ( Enrichment ) လုပ်ယူရသည်။ ထို့နောက် ယူရေနီယမ် ဟက်ဆာဖလိုရိုက်ကို ယူရေနီယမ် ဒိုင်အောက်ဆိုက် ( UO2 ) အဖြစ် ပြောင်းလဲလိုက် သောအခါ နျူကလီးယား ဓာတ်ပေါင်းဖိုများနှင့် နျူကလီးယား လက်နက်များတွင် လောင်စာအဖြစ်သုံးရန်အသင့်ရရှိသည်။

Simple Centrifugal Mechine
Centrifugal Method နည်း သည် 235U ပေါကြွယ်ဝစေရန် အသုံးများသော နည်းလမ်း ဖြစ်သည်။ ဒီနည်းတွင် အရှိန်မြင့်လှည့်ပေးတဲ့အခါ ပိုလေးတဲ့ 238U အိုင်ဆိုတုပ်သည် ပြွန်အောက်ခြေ တွင်စုပြီး ၊ ပေါ့တဲ့ 235U ကို သီးသန့်ထုတ်ယူသည်။ သည်နည်းအတိုင်း ထပ်ခါထပ်ခါ ပြုလုပ်ယူရသည်။ ဒီလိုထပ်တလဲလဲ ဆက်တိုက်လုပ်ဖို့ ဗဟိုခွာအားစက်တွေ ထောင်နဲ့ချီပြီး အတန်းလိုက် တပ်ဆင်ထားရပါတယ်။

Gaseous Diffusion Method
Gaseous diffusion နည်းတွင် ယူရေနီယမ်ဟက်ဆာ ဖလိုရိုက်ဒ် ဓာတ်ငွေ့သည် အမှေးပါးတခုကို ဖြတ်သန်းလိုက်သောအခါ ပိုပေါ့တဲ့ 235U ကို ဖိအားအနည်းငယ်ဖြင့် ခွဲထုတ်ရယူသည်။ ဗဟိုခွာအား နည်းလိုပဲ ဒီနည်းတွင်လည်း သန့်စင်သော 235U အိုက်ဆိုတုပ် ပမာဏ တိုးပွားလာအောင် အမှေးပါးဖြတ်ခြင်းကို ထပ်တလဲလဲ လုပ်ယူသည်။

Sample Nuclear Reactor


235U + n0 = 140Ba + 96Kr + 2≅3 n0 + 200 MeV (Thermal energy)



နျူကလီးယားဓာတ်ပေါင်းဖို ( Nuclear Reactors ) များတွင် 235U ကို Fission reaction ဖြစ်စေသောအခါ ထွတ်လာသော အပူစွမ်းအင် ( Thermal energy ) ဖြင့် ရေကို အငွေ့ပျံစေသောအခါ ထွတ်ပေါ်လာသော ရေနွေးငွေ့များဖြင့် တာဘိုင် ကိုလည်စေပြီး လျှပ်စစ်ဓာတ်အား ရရှိသည်။ ယနေ့ကမ္ဘာပေါ်တွင် နျူကလီးယား ဓာတ်အားပေးရုံ (၄၀၀) ကျော်ရှိနေပြီး တကမ္ဘာလုံးသုံးတဲ့ လျှပ်စစ်ပမာဏရဲ့ 17% ကို နျူကလီးယားစက်ရုံများ မှရရှိသည်။ ၂၃၅ ဂရမ် 235U ပြိုကွဲခြင်းမှ ထွတ်လာတဲ့ စွမ်းအင်ပမာဏသည် လူငါးသန်းနေထိုင်ရာ မြို့တစ်မြို့ကို ညလုံးပေါက် မီးအလင်းပေးနိုင်သည်။ နျူကလီးယား ဓာတ်ပေါင်းဖိုတွင် 235U ကို နျူထရွန်ဖြင့် ရိုက်သောအခါ fission reaction ဖြစ်ပေါ်ပြီး နျူထရွန်အပိုများ နှင် အပူစွမ်းအင် ထွတ်လာသည်။ ထွတ်လာသော နျူထရွန်အပိုများနှင့်235U အိုက်ဆိုတုပ်များ ကွင်းဆက် တုံပြန်မှု့ Chain reaction ဖြစ်စေသည်။ ကွင်းဆက်တုန့်ပြန်ခြင်းတွင် နျူထရွန်များ ဆပွားတိုးလာခြင်း နှင့်အပူစွမ်းအင်ကို ထိန်းချုပ်ရန်လိုသည်။ မထိန်းချုပ်နိုင်က ဓာတ်ပေါင်းဖို ပေါက်ကွဲနိုင်သည်။ အစွမ်းထက်သော နျူထရွန် စုပ်ယူပစည်းများအဖြစ် ဘိုရွန် (boron) သို့မဟုတ် ကတ်မီယမ် (cadmium) သတ္တုများကို ထိန်းချုပ်ချောင်းများ အဖြစ် ဓာတ်ပေါင်းဖိုများ မပေါက်ကွဲစေရန် သုံးသည်။ အချို့ ဓာတ်ပေါင်းဖိုများတွင် နျူထရွန်နှေးစေသော အရာများအဖြစ် heavy water (2H2O) သို့မဟုတ် graphite ကိုအသုံးပြုသည်။ ရေကို လှည့်ပတ်စေခြင်းဖြင့် ဓာတ်ပေါင်းဖိုကို အပူနည်းစေပြီး ပေါက်ကွဲခြင်းမှ ကာကွယ်နိုင်သည်။

Chain Reaction
Fissile Materials
Fissile materials ( 235U ,239Pu ,233U )များသည် နျူထရွန် နဲ့ပေါင်းပြီး ဆက်တိုက် ကွင်းဆက် ဓာတ်ပြုဖြင်း ( Chain reaction ) fission reaction ဖြစ်စေ နိုင်သော အရာများဖြစ်သည်။ နျူကလီးယား ဓာတ်ပေါင်းဖိုများနှင့် နျူလက်နက် များတွင် အသင့် အသုံးပြုနိုင်သည်။
235U + n0 = 140Ba + 96Kr + 2≅3 n0 + 200 MeV (Thermal energy)
Fertile Materials
Fertile materials ( 238U ,232Th ) များသည် နျူကလီးယား ဓာတ်ပေါင်းဖို များ တွင် တိုက်ရိုက်သုံး၍ မရ။ Fissionable ဖြစ်အောင် Breeder reactor များတွင် ပြုလုပ် ယူရသည်။
238U + n0 = 239U ( - β-1 ) = 239Np ( - β-1 ) = 239Pu
232Th + n0 = 233Th ( - β-1 ) = 233Pa ( - β-1 ) = 233U

Breeder Reactor
Breeder reactors (မွေးဖွားပေးသော ဓာတ်ပေါင်းဖိုများ) များ၏ အခန်းကဏ္ဍ သည်လည်း အရေးပါလှသည်။ ၄င်းသည် နျူကလီးယား ဓာတ်ပေါင်းဖိုများနှင့် နျူလက်နက်များတွင် အသင့်သုံးမသုံးနိုင်သော Fertile materials ( 238U ,232Th ) များကို Fissionable materials များအဖြစ် မွေးထုတ်ပေးရာ ဖြစ်သည်။ Breeder reactors များမှ ယူရေနီယမ်တစ်ဂရမ် လောင်ကျွမ်းခြင်းမှ ထွတ်လာသော စွမ်းအင် ပမာဏသည် ကျောက်မီးသွေး 2.7 မတ်ထရစ်တန် လောင်ကျွမ်းခြင်းနှင့် ညီမျှသည်။

Sample Nuclear Bomb
နျူကလီးယားဗုံး ထုတ်လုပ် တဲ့အခါ ကွင်းဆက် တုံ့ပြန်ခြင်း ( Chain reaction ) ကို ကန့်သတ် ထားခြင်း မရှိပဲ ၊အပူ စွမ်းအင် များစွာ ထုတ်လွှတ်မယ့် မဟာ အခြေပြောင်း ဒြပ်ထု ( critical mass ) ဖြစ်စေရန် ရည်ရွယ်ထုတ်လုပ်သည်။ အခြေပြောင်းဒြပ်ထု ( critical mass ) ဆိုသည်မှာ ကွင်းဆက်တုန့်ပြန်ခြင် ( chain reaction ) ဖြစ်စေရန် လိုအပ်သော အက်တမ်အရေအတွတ် ဖြစ်သည်။ ယူရေနီယမ် အနျူမြူဗုံး တွင် 90% သန့်စင်ထားသော ယူရေနီယမ် အိုက်ဆိုတုပ် -၂၃၈ အောက်ဆိုက် (238UO2) ကိုလောင်စာအဖြစ်အသုံးပြုသည်။ အမေရိကန်တို့ ၁၉၄၅-ခုနှစ် ဒုတိယကမ္ဘာစစ်တွင် ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့ကို ကြဲချခဲ့သော Little Boy အမည်ရှိ ယူရေနီယမ်-၂၃၅ ဗုံးအမျိုးအစားသည် အဆောက်အဦးပေါင်း ငါးသောင်း ကျော်နှင့် လူဦးရေ တစ်သောင်းခွဲခန့် ဗုံးဒဏ်ကြောင့် သေကြေပျက်ဆီးခဲ့သည်။ ငါးနှစ်အတွင်း ရောင်ခြည်သင့်ခံရခြင်းကြောင့် လူပေါင်း ခြောက်သောင်းခန့် သေကြေခဲ့ကြသည်။ ဂျပန်နိုင်ငံ နာဂါစကီမြို့တွင် ကြဲချခဲ့သော Fat Man အမည် နျူကလီးယား ဗုံးသည် ၊ယူရေနီယမ်-၂၃၈ ( 238U ) မှ ပြုလုပ်ရယူထားသော ၊ပလူတိုနီယမ် (Plutonium) ဗုံးအမျိုးအစား ဖြစ်သည်။ ဗုံးဒဏ်ကြောင့် လူပေါင်း ခုနှစ်သောင်းခန့် သေကြေခဲ့ပြီး ၊တစ်သောင်းခွဲခန့်သည် ရောင်ခြည်သင့်ခြင်း ( Radiation Hazard ) ကြောင့် ငါးနှစ်အတွင်း သေကြေခဲ့သည်။
ရေးသားသည့်သူကိုမသိပါ    ကျွန်တော်လည်းဘာမျှမသိပါ   ဧဒင်သူငယ်ချင်းများ  ဗဟုသုတရစေခြင်းငှာ   မျှဝေခြင်းဖြစ်ပါသည်

ဟာသလေးတွေပါ

Inbox
x

nayon moeaye nayonmoeaye@gmail.com
9:12 PM (2 hours ago)

to mrsorcerer
ယူပဗေဒပါမောက္ခကြီးတစ်ဦးသည်တစ်နေ့တစ်နေ့စာသင်လိုက်စမ်းသပ်မှုတွေလုပ်လိုက်နှင့်
အလွန်အလုပ်ရှုပ်သည်။ တစ်ခါတစ်လေကျတော့ညဘက်သူကအင်တာနက်ပေါ်တွင်စစ်
တိုက်တတ်သည်။ တစ်ညတွင်သူနှင့်တိုက်ဖေါ်တိုက်ဖက်စစ်သူကြီးကဦးဆောင်မှုကောင်းလို့
ပွဲတိုင်းနိုင်သဖြင့်ဆော့လို့ကောင်းနေတုန်းပဲရှိသေးတယ် သူ့စစ်သူကြီးကပြောတယ်
“ သူငယ်ချင်းငါ့ကိုအမေကအိပ်ခိုင်းနေပြီငါသွားအိပ်တော့မယ်နော်”
ပါမောက္ခကြီးကသတိတရနဲ့မေးလိုက်တယ်“မင်းအသက်ကဘယ်လောက်လဲ”
စစ်သူကြိးကလဲပြန်ဖြေတယ် တစ်လက်စတဲပဲပြန်မေးလိုက်တယ်“ ငါက 12 နှစ် မင်းအသက်ကကော”
ပါမောက္ခကြီးကလဲ၇ှက်ရှက်နဲ့ပြန်ဖြေလိုက်တယ်“ ငါ့အသက်က 8 နှစ်ကွ ”


xxxxxxxxxxxxxxxxxxxxxxxxxxxxxxxx



နိုင်ငံတော်အကြီးအကဲတစ်ယောက် နောက်ဆုံး အသက်ထွက်ခါနီးတွင် သူ၏
နေရာဆက်ခံမည့် လူကိုမေးလေသည်။
‘ငါ့လူ ငါလဲသေတော့မယ် မင်းတိုင်းပြည်ကိုဆက်လက်ပြီးဘယ်လို အုပ်စိုးမလဲ’
ထိုအခါ နိုင်ငံတော် အကြီးအကဲနေရာ ဆက်ခံမည့်သူက
‘ကျွန်တော့်နောက်ကို သူတို့လိုက်အောင် လုပ်မှာပေါ့’
နိုင်ငံတော်အကြီးအကဲက ထပ်မေးသည်။
‘မင်းနောက်ကို မလိုက်ရင် ဘယ်လိုလုပ်မလဲ’
နိုင်ငံတော်အကြီးအကဲနေရာ ဆက်ခံမည့်သူက
‘ကျွန်တော့်နောက် မလိုက်ရင် ခေါင်းဆောင်ကြီးနောက် လိုက်အောင် လုပ်မှာပေါ့’


xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx


စိတ္တဇေ၇ာဂါဖြစ်နေတဲ့ သားကို မိဘတွေက အိမ်မှာ ဆ၇ာဝန်ခေါ်ပြတယ်.. ဆ၇ာဝန်ကို
သားဖြစ်သူက ပြောပြနေတယ်..
`ဆ၇ာ..ကျွန်တော် ညက ၇ှုးပေါက်ချင်လို့ အိမ်သာထဲသွားတယ်
ဆ၇ာ..အိမ်သာတံခါးကို ဖွင့်လိုက်တော့ မီးက အလိုလိုလင်းသွားတယ်..
တံခါးပြန်ပိတ်လိုက်တော့ မီးက အလိုလိုမှိတ်သွားတယ်ဆ၇ာ. အဲဒါနဲ့
ကျွန်တော်လဲ ၇ှုးပေါက်ပြီး ပြန်အိပ်နေလိုက်တယ်..´
အဖေဖြစ်သူက ထအော်တယ်..
`ဟာ..အဲဒါမှပြသနာပဲ..မိန်းမေ၇..မင့်သားေ၇ခဲသေတ္တာထဲ ၇ှုးပေါက်လိုက်ပြီ ထင်တယ်


xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx



၇ွာတစ်၇ွာမှာ အိမ်ထောင်စုစာ၇င်းကောက်ဖို့ မောင်အ ကို ၇ွာလူကြီးက တာဝန်ပေးလိုက်တယ်..
`လွယ်ပါတယ်ကွာ..မင်းက တအိမ်တက် တအိမ်ဆင်း အိမ်ထောင်စု စာ၇င်း
ကောက်ဖို့ပါလို့ပြော အိမ်ထောင်၇ှိလား.. ကလေးေ၇ာ၇ှိလား..
ယောကျာ်းလေး ဘယ်နှယောက် မိန်းကလေးဘယ်နှ
ယောက် အဲ့လိုမေးပြီး ဒီစာအုပ်ထဲမှတ်ခဲ့၇ုံပဲ´
မောင်အ အိမ်တအိမ်ထဲဝင်သွားတယ်..ကောင်မလေး တယောက်ထွက်လာ တယ်..မောင်အ ပြောလိုက်တယ်..
`အိမ်ထောင်စု စာ၇င်းကောက်မလို့..မင်းဒီအိမ်ကလား´
ကောင်မလေး ခေါင်းညိတ်ပြတယ်..မောင်အက မေးတယ်..
`အိမ်ထောင်၇ှိလား´
`မ၇ှိပါဘူး´
`ဒါဆိုကလေးေ၇ာ..´
`ဖြန်းးးးးးးးးးးးးးး´
မောင်အကို ကောင်မလေးက ပါး၇ိုက်ပြီး အိမ်ထဲပြန်ဝင်သွားတယ်.. မောင်အလဲ
၇ွာလူကြီးင်္ဆီပြန် လာပြီးပြောပြတယ်..၇ွာလူကြီးကပြောတယ်..
`အေးပေါ့ကွာ..အိမ်ထောင်မ၇ှိပါဘူးပြောတာ ကလေးက ဘယ်၇ှိမှာလဲ ..ဒီတခါ
ကလေး၇ှိလား အ၇င်မေးကြားလား´
မောင်အပြန်ထွက်လာတယ်..အိမ်တအိမ်ကိုဝင်တယ်..အဘွားကြီးတယောက်ကိုတွေ့တော့ သူပြောတယ်..
`အိမ်ထောင်စုစာ၇င်းကောက်မလို့ ..အဘွား ဒီအိမ်ကလား`
`အေး´
`အင်း..အဘွား ကလေး၇ှိလား..´
`အေး၇ှိတယ် ၆ယောက်´
`ဒါဆို အိမ်ထောင်ေ၇ာ..?´
`ဖြန်းးးးးးးးးးးးးးးးးး´
အဘွားကြီး အိမ်ထဲပြန်ဝင်သွားတယ်..



xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

Sunday, May 13, 2012

သံဃာ့လှုပ်ရှားမှု နစ်နာချက်များ လွှတ်တော်ကို တိုင်ကြားရင် စုံစမ်းစစ်ဆေးမည်



RFA
ရခိုင်အမျိုးသားများ တိုးတက်ရေးပါတီ RNDP ဥက္ကဋ္ဌ ဒေါက်တာအေးမောင်ဖြစ်ပါသည်။

2012-05-11
၂၀၀၇ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုမှာ အဖိနှိပ်ခံခဲ့ရတဲ့ သံဃာတော်တွေနဲ့တကွ ကျောင်းသား ပြည်သူတွေအနေနဲ့ မိမိတို့ ခံစားခဲ့ရတဲ့အဖြစ်အပျက်တွေနဲ့ ပတ်သက်ပြီး လွှတ်တော်ကို တိုင်ကြားမယ်ဆိုရင် လွှတ်တော်ကိုယ်စားလှယ်တွေဘက်က စုံစမ်းစစ်ဆေးမှုတွေ ဆောင်ရွက်ပေးမှာ ဖြစ်တယ်လို့ ဂျာမနီနိုင်ငံကို လေ့လာရေးခရီးစဉ်အဖြစ် ခေတ္တရောက်ရှိနေတဲ့ အမျိုးသားလွှတ်တော်ဆိုင်ရာ လူ့အခွင့်အရေး၊ ဒီမိုကရေစီရေးနဲ့ နိုင်ငံသားများရဲ့မူလအခွင့်အရေး ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က မနေ့က RFA ကို အခုလို ပြောကြားလိုက်ပါတယ်။

"၂၀၀၇ ရွှေဝါရောင် သံဃာ့အရေးနဲ့ ပတ်သက်လို့ တိုင်ကြားတင်ပြတာများရှိခဲ့ရင် ကျွန်တော်တို့က ကော်မတီအလိုက် စီစစ်ပါမယ်။ ကျွန်တော်တို့ရဲ့တွေ့ရှိချက်ကို သုံးသပ်ချက်နဲ့တကွ ကျွန်တော်တို့ရဲ့လုပ်ထုံးလုပ်နည်းအတိုင်း လွှတ်တော်ဥက္ကဋ္ဌ ဆီကို တင်ပြပါမယ်။ သူ့ရဲ့သဘောနဲ့ ကျွန်တော်တို့ရဲ့ သဘောကိုက်ညီမှုအရ အခင်းဖြစ်တဲ့နေရာကို ကျွန်တော်တို့ ကော်မတီက စစ်ဆေးရန်လိုအပ်တယ်လို့ တင်ပြလို့ လွှတ်တော်ဥက္ကဋ္ဌ က သဘောထားမှတ်ချက်ရခဲ့လို့ ရှိရင် ဖြစ်တဲ့နေရာအထိ ကျွန်တော်တို့ သွားရောက် စစ်ဆေးပိုင်ခွင့် ရှိပါတယ်။ အဲတာကြောင့် ၂၀၀၇ ရဲ့ အပေါ်မှာတိုင်ကြား တင်ပြလာတာရှိရင် ကျွန်တော်တို့က ထိထိရောက်ရောက် စစ်ဆေးပေးသွားမယ်ဆိုတာ ကျွန်တော်တို့ ကော်မတီရဲ့လုပ်ငန်းသဘောအရ ကတိပြုတင်ပြ ဆွေးနွေးခဲ့ ပါတယ်"
ခရီးစဉ်အတွင်း ကြာသပတေးနေ့က ကျင်းပခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ တက်ရောက်လာသူ တစ်ဦးက ၂၀၀၇ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုနဲ့ ပတ်သက်လို့ သံဃာတော်တွေအပေါ် အစိုးရဘက်က ပြန်ပြီးတောင်းပန်ဖို့ အစီအစဉ်ရှိမရှိ မေးမြန်းရာမှာလည်း အလားတူ ဖြေဆိုခဲ့တယ်လို့ ဒေါက်တာအေးမောင်က ပြောပါတယ်။
အလားတူ ၂၀၁၅ ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သမ္မတရာထူး ရနိုင်မလားဆိုတဲ့ မေးခွန်းကိုတော့ လက်ရှိဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပြဋ္ဌာန်းထားတဲ့ သမ္မတရာထူးဆိုင်ရာ အရည်အချင်းအရ ကန့်သတ်မှုတွေ ရှိနေတယ်လို့ ပြန်လည်ဖြေဆိုခဲ့ကြောင်း ဒေါက်တာအေးမောင်က ဆိုပါတယ်။
"ဒေါ်အောင်ဆန်းစုကြည် ၂၀၁၅ ခုနှစ်မှာ သမ္မတ ဖြစ်မယ်ဆိုရင် ၂၀၀၈ ဖွဲ့စည်းပုံနဲ့ ပတ်သက်လို့ ပြုပြင်ပေးဖို့ ကျွန်တော်တို့ ဒီ ၂၀၁၅ မတိုင်ခင်လေးမှာ ကျွန်တော်တို့ ကြိုးစားပေးဖို့ နှိုင်းနှိုင်းယှဉ်ယှဉ်၊ ပြုပြုပြင်ပြင်နဲ့ ကြိုးစားပေးဖို့ နော်၊ ဒီပုဒ်မ တစ်ခု၊ နှစ်ခု ပြင်ဖို့လိုတယ်လို့ ကျွန်တော်တို့ကတော့ သုံးသပ်ပါတယ်။ အဲဒီလိုပြင်ပြီးရင်တော့ဖြင့် ခုနက သမ္မတ တစ်ဦးရဲ့လိုအပ်တဲ့ အရည်အချင်း ဆိုတာလေးကိုလည်း ၂၀၀၈ ဖွဲ့စည်းပုံမှာပါတော့လေ၊ အဲတာလေးကို ကျွန်တော်တို့ ဆွေးနွေးတာ"
ဂျာမနီနိုင်ငံကို ရောက်ရှိနေတဲ့ မြန်မာလွှတ်တော် ကိုယ်စားလှယ်အဖွဲ့မှာ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီက ဒေါက်တာအေးမောင်၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီက ဦးမင်းဦးနဲ့ ဒေါက်တာလှမြတ်သွေး၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီပါတီ SNDP က ဦးစိုင်းအိုက်ပေါင်း၊ ကြံ့ခိုင်ဖွံဖြိုးရေးပါတီက ဦးဝင်းဦး၊ ဦးဝင်းသန်း၊ ဦးအေးမောက်တို့ ပါဝင်ကြပြီး ဒီကနေ့ ညနေပိုင်းမှာ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိမှာ ဖြစ်ပါတယ်။
ဒီခရီးစဉ်ကို ဂျာမန် FDP ပါတီနဲ့ နီးစပ်တဲ့ Friedrich Naumann Foundation က ဖိတ်ခေါ်ခဲ့တာဖြစ်ပြီး သီတင်းပတ် တစ်ပတ်နီးပါး ကြာမြင့်ခဲ့ပါတယ်။

ဗိုလ်နှုတ်ခမ်းမွေး ကာတွန်း




(ကွယ်လွန်သူ ဘိန်းဘုရင် ခွန်ဆာ – ဘတ် ၂၀
ဝရမ်းထုတ်ခံထားရသူ ၀န်ကြီးချုပ်ဟောင်း သက်ဆင် – ၁၅ ဘတ် ဟု ဗိုလ်နှုတ်ခမ်းမွေးက ထိုင်းဘာသာဖြင့် ပြောနေပုံ)
ကာတွန်းစောငိုရဲ့ လက်ရာ ဖြစ်ပါတယ်။

ဆက်စပ်သတင်း -
သက်ဆင်ကို သွားဖမ်းဟု ဗိုလ်နှုတ်ခမ်းမွေး ပြော
http://burma.irrawaddy.org/archives/9610

ရခိုင်လူထု ၆၀၀ ကျော် လက်မှတ်ရေးထိုး တင်ပြသည့် ကိစ္စ ရခိုင်ပြည်နယ် အစိုးရ ကွင်းဆင်း စစ်ဆေး


နိရဉ္စရာ

လူပေါင်း ၆၀၀ ကျော်မှ လက်မှတ်ရေးထိုးပြီး တောင်းဆိုသော အရေးကိစ္စ တစ်ခုကို ဖြေရှင်းနိုင်ရေး အတွက် ရခိုင်ပြည်နယ် အစိုးရသည် မေလ ၁၁ ရက်နေ့က အဆိုပါ နေရာသို့ သွားရောက် ကွင်း ဆင်း စစ်ဆေးခဲ့သည်။

" သူတို့က ဒီလ ၁၁ ရက်နေ့က ကျွန်တော်တို့ အောင်ဒိုင် ကျေးရွာကို ရောက်ရှိလာပါတယ်။ ရွာသားတွေကို ခေါ်ယူ စစ်ဆေး မေးမြန်းပါ တယ်။ ကျွန်တော်တို့ကလည်း ကျွန်တော်တို့ ကြုံတွေ့ နေရတဲ့ အ ခက်အခဲတွေကို တင်ပြကြပါတယ်။ သူတို့က သဘောပေါက် သွား ပါတယ်" ဟု အောင်ဒိုင်မှ ကိုငယောင်းချေက ပြောသည်။

ရခိုင်ပြည်နယ် စစ်တွေမြို့နယ် အောင်ဒိုင် ကျေးရွာ အပါအ၀င် ကျေးရွာ အများအပြား မှီခို အားထား လုပ်ကိုင် စားသောက်နေသော အောင် ဒိုင်ချောင်းကို အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်နှင့် ထောက်လှမ်း ရေး တာဝန်ရှိသူများမှ ၎င်းဒေသမှ မွတ်ဆလင် စီးပွားရေး သမား (၂) ဦး နှင့် ပူးပေါင်းပြီး ချောင်းဝမှာ ပိတ်ဆို့ဆည်ကာ ပုဇွန်မွေးမြူရေး ပြုလုပ်ခဲ့သည်ဟု ဆိုသည်။

" အနောက်ပိုင်းတိုင်းနဲ့ ထောက်လှမ်းရေးက မွတ်ဆလင် သူဌေး ဦးခင်မောင်လှ၊ ဦးမောင်ဂူလာတို့နဲ့ ပူးပေါင်းပြီး ပုဇွန်မွေးမြူရေး လုပ်ဖို့ အတွက် လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ကျော်ကတည်းက အများပြည်သူ လုပ်ကိုင် စားသောက်လာတဲ့ အောင်ဒိုင်ချောင်းကို ပိတ်ဆို့ဆည်လိုက် ပါတယ်။ ချောင်းကို ပိတ်လိုက်တဲ့ အတွက် အဲဒီချောင်းကို မှီခိုပြီး စားသောက်နေတဲ့ ရွာပေါင်း ၁၅ ရွာက လူပေါင်း တစ်သောင်းခန့် ဟာ အထူး ဒုက္ခရောက်သွားခဲ့ကြရပါတယ်။ ဒါကြောင့် ဒီဒေသမှာနေထိုင်တဲ့ လူပေါင်း ၆၀၀ ကျော်က လက်မှတ်ရေးထိုးပြီး ဒီချောင်းကို ပိတ် ထားတာကို အမြန် ပြန်ဖွင့်ပေးဖို့ ရခိုင်ပြည်နယ် အစိုးရကို များ မကြာ မှီက စာရေး တောင်းဆိုခဲ့ပါတယ်။ စာရေး တောင်းဆို ပြီးတဲ့ နောက် မှာ ရခိုင်ပြည်နယ် အစိုးရက လာရောက် စစ်ဆေးခဲ့တာ ဖြစ်ပါတယ် " ဟု ပြောသည်။

အောင်ဒိုင်ချောင်းအား လာရောက်စစ်ဆေးသော အဖွဲ့အား ရခိုင်ပြည်နယ် နယ်စပ်ရေးရာနှင့် လုံခြုံရေး ၀န်ကြီး ဗိုလ်မှူးကြီး ထိန်လင်းက ဦးဆောင်ပြီး အဖွဲ့ဝင်များ အဖြစ် လျှပ်စစ် ၀န်ကြီး ဦးသာလူချေ၊ သမ၀ါယမ ၀န်ကြီး ဦးမြအောင်၊ စစ်တွေမြို့နယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မြကျော်တို့နှင့် အတူ ပြည်နယ်၊ ခရိုင်၊ မြို့နယ် အဆင့် ငါးလုပ်ငန်း ဦးစီးဌာနနှင့် မြေတိုင်း ဦးစီးဌာနမှ အရာရှိ ကြီးများ ပါဝင်ခဲ့သည်။

" ကျွန်တော် မြင်တွေ့ခဲ့ရတာကို ပြောရရင် ဒီလို လူသုံးများတဲ့ ချောင်းတစ်ချောင်းကို အ၀ကနေ ပိတ်ဆို့ဆည်လိုက်တဲ့ အတွက် ရွာတွေ ဟာ အကုန်လုံး ဒုက္ခ ဖြစ်သွားတာကို တွေ့ရတယ်။ မြစ်တွေ၊ ချောင်း တွေကို ငါးဖမ်းထွက်လို့ မရတော့ဘူး။ ၀ါးတွေ၊ ဓနိတွေကို လှေတွေနဲ့ သယ်ယူလာလို့ မရတော့ ဘူး။ ရေလမ်းကို အဓိက အားထားပြီး သွား လာနေရကြရတဲ့ ပြည်သူတွေ လုံးဝ လမ်းပန်း ဆက်သွယ်ရေး ပြတ် တောက်သွားခဲ့တယ်။ ဒါ့အပြင် ချောင်းကို ပိတ်ဆို့ ဆည်လိုက်ပြီးတဲ့ နောက်မှာ ရွာသားတွေကို စစ်တပ်က ချောင်းထဲကို ဆင်းခွင့် မပေးတော့ဘူး။ ဒီလို ဒေသခံတွေ ဒုက္ခ ရောက်နေကြရာ နှစ်ပေါင်း ၂၀ ကျော်သွားပြီ။ ဒါတွေကို ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ဝင် ၀န်ကြီး တွေကလည်း မျက်ဝါးထင်ထင် မြင်တွေ့ကြရတော့ သူတို့ နားလည် သဘောပေါက် သွားကြပါတယ်" ဟု စစ်တွေမြို့နယ် ပြည်နယ် လွှတ် တော် အမတ် ဦးအောင်မြကျော်က ပြောသည်။

ယခုအခါ အဆိုပါ အောင်ဒိုင်ချောင်း ကိစ္စ အစီရင်ခံစာအား ဗိုလ်မှူးကြီး ဦးထိန်လင်း ဦးဆောင်သော ကွင်းဆင်း စစ်ဆေးရေး အဖွဲ့က ရ ခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးလှမောင်တင်ထံ ပေးပို့လိုက်ပြီ ဖြစ် ကြောင်း သိရသည်။

ဒုဝန်ကြီးဟောင်း ဦးညွန့်ဆွေနဲ့ စကားပြောခြင်း


ဒီတပတ် Dateline Irrawaddy မှာ အငြိမ်းစား ဒု နိုင်ငံခြားရေးဝန်ကြီး ဦးညွန့်ဆွေ နဲ့ အင်တာဗျူးကို ကြည့်ရှုနားဆင်ရမှာပါ။
ဦးညွန့်ဆွေရဲ့ ကလောင်အမည်က စာရေးဆရာမောင်ဆွေသက် ဖြစ်ပါတယ်။



ကိုသန်းဇော် ဆိုတာ ဘယ်သူလဲ



ရန်ကုန်တဘက်ကမ်း သံလျင်မြို့နယ် NLD အဖွဲ့ဝင်များက နိုင်ငံရေး အကျဉ်းသားအားလုံး နဲ့ ကိုသန်းဇော် လွတ်မြောက်ရေး ဆုတောင်းပွဲ ပြုလုပ်ကြပုံ ရုပ်သံမှာ ဖြစ်ပါတယ်။

သူတို့က
ကိုသန်းဇော် ဆိုသူနဲ့ ပတ်သက်ပြီး အကျယ်တ၀င့် ပြောဆိုနေကြပါတယ်။
ကိုသန်းဇော် ဆိုတာ ဘယ်သူလဲ?
ဘာကြောင့် သူ့လွတ်မြောက်ရေးကို အလေးပေး ပြောဆိုနေကြတာလဲ။


အဖြေကို ဧရာဝတီရုပ်သံမှာ ရှာဖွေတွေ့ရှိနိုင်မှာပါ။

ကားသမားကို ဝိုင်းဝန်း ထိုးကြိတ်မှု



ထိုးကြိတ်ပြီးနောက်လက်ထိတ်ခတ် ဆွဲခေါ်လာစဉ် (ဓါတ်ပုံ- လူမင်းသောင်းထွန်း)

မနေ့က ညနေ ၆ နာရီက ကော့ကရိတ် မြို့နယ်မှ ဖားအံဘက်အထွက် ဂျိုင်းမြစ်ကူးတံတား ဂိတ်တွင် ကားဒရိုင်ဘာတစ်ဦးကို စစ်ဆေးရေးရဲငါးဦးမှ ၀ိုင်းဝန်းထိုးနှက် ပြီးဖမ်းဆီခေါ်ဆောင်လာစဉ် ။ (ဓာတ်ပုံ သူရမျိုး Facebook)

အထိုးခံရသူမှ ကရင်ပြည်နယ်ငြိမ်းချမ်းရေးဆိုတာဘာလဲ ။မင်းတို့ တောင်းတိုင်းမပေးလို့ ထိုးရသလား ဆို အော်ဟစ် လိုက်ပါသွားသည်

အဖမ်းခံရသူမှာ ပုဆိုးပြဲကျွတ်ပြီးမြေကြီးပေါ်လဲသည်အထိ မင်းမဲ့စရိုက်ဆန်စွာ ပြုကျင့် ဖမ်းစီးခဲ့သည်။

ဆိုပါဖြစ်ရပ်အား ကလိုထူးဘောသတင်းစာရှင်းလင်းပွဲမှပြန်လာသောမီဒီယာများ ဓါတ်ပုံရိုက်နိုင်ခဲ့သည်။

ကားပေါ်ကလှမ်းကြည့်လိုက်တော့ ၀ုန်းဝုန်း ၀ုန်းဝုန်းနဲ့ ထိုးနေတာတွေ့ရတာဘဲ ဂိတ်မှာ ။ ဒါနဲ့ အချင်းချင်းရန်ဖြစ်တယ်ဘဲထင်တာ ။ သတင်းသမားတွေတော့ဆင်းသွားကြတာဘဲ ။ နည်းနည်းကြာတဲ့အထိပွဲကမပြီးသေးလို့ဆင်းကြည့်မှ ရဲက ကားသမားတစ်ဦးကိုဝိုင်းထိုးနေကြတာ မီဒီယာတွေအုံရိုက်တော့မှ လက်ထိပ်ခပ်ဖမ်းသွားတာ ဘဲ။ ပုဆိုးတွေလည်းပြဲလို့ ။ အော်လို့ဟစ်လို့ဘဲ ။

(Facebook တွင် ယနေ့ တွေ့ရသော ဓာတ်ပုံ ၂ ပုံနှင့် အချက်အလက် တချို့ကို ကူးယူ ဖော်ပြပါသည်)