This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Sunday, April 8, 2012

မိကျောင်းကိုမြိုတဲ့မြွေ.........

မင်္ဂလာပါ သူငယ်ချင်းတို့ရေ..........ဒီတစ်ခါတော့
ထူးထူးဆန်းဆန်းမြင်ကွင်းလေးတစ်ခုကို  မမြင်ဖူးသေးတဲ့
သူငယ်ချင်းတွေအတွက် ပုံလေးတွေတင်ပေးလိုက်မယ်နော်...
မိကျောင်းကို မြွေစတင်မြိုနေပုံ..
ကြီးနိုင်ငယ်ညှင်းဆိုသလိုပဲ
ခွန်အားသုံးပြီး အနိုင်ယူနေပြီ...
အင်အားချင်း ယှဉ်သာကြည့်လိုက်ပါတော့...
ကျယ်လိုက်တဲ့ပါးစပ်နော်...ဟီးးး
မိကျောင်းကလည်း သူ့အားသန်ရာ
ရေ ဆီသို့ အားကုန်ရုန်းကန်နေရှာတယ်ဗျာ..
တစ်ပိုင်းတော့ အစားခံနေရပြီ...
နောက်ခြေထောက်နဲ့ အမြီးပဲကျန်တော့တယ်နော်....
အင်း.....ရေစပ်တော့ရောက်နေပြီဗျို့....
မြွေကလည်းကုန်းပေါ်ပြန်ဆွဲတင်လေရဲ့...
ကုန်းပေါ်လုံးလုံးပြန်ရောက်နေပြီဆိုတော့
မိကျောင်းဘ၀တော့ မတွေးဝံ့စရာ...
ကဲ....အမြီးဖျားလေးပဲကျန်တော့တယ်ဗျာ...
တစ်ကိုယ်လုံးဝါးမြို နိုင်ခဲ့လေပြီ.....
တစ်ပတ်လောက်တော့ အစာအတွက်ပူစရာမလိုတော့ဘူးနော်...
အားပေးကြည့်ရှူတဲ့ သူငယ်ချင်းများအားကျေးဇူးအထူးပါနော်....
ဓါတ်ပုံတွေကတော့ ဗွီဒီယိုကနေ ဓါတ်ပုံရိုက်ယူပြီး တင်ပြပေးခြင်း
ဖြစ်ပါတယ်....
ခင်မင်လေးစားလျှက်...
ဇေယျာ(ZLT)

ဟက်ခံရတဲ့အကောင့်ကို recover email နဲ့ပြန်ယူမယ်

သူငယ်ချင်းတို့ gtalk အကောင့်တွေ အဟက်ခံရတာရှိခဲ့မယ်ဆိုရင် ဒီနည်းလေးကို သုံးပီး အဟက်ခံရတဲ့အကောင့်ကို သုးံမရအောင်လုပ်ရအောင်နော် အရင်ဆုံး သဲချင်းတို့အကောင့်လုပ်ခဲ့စဉ် သုံးခဲတဲ့Recover email ကို သိထားဖို့လိုပါတယ်
အကောင့်တခုလုပ်ပီးတိုင်းgoogle ကအဲ့ဒီအကောင့်လုပ်ခဲ့စဉ်ကသုံးခဲ့တဲ့ recover email ဆီကို Mailတစောင်ပို့ပါတယ် အဲ့mailကနေ
ကိုယ့် gmail အဟက်ခံရရင် ဟက်လိုက်တဲ့သူသုံးမရအောင်ဖျက်လို့ရပါတယ်
gmail search box မှာ gmailteam လို ရိုက်ပီးပြန်ရှာလိုက်ပါ
အရင်ဆုံး google ကပို့လိုက်တဲ့mail ကို ကလစ်လိုက်နော်

ကလိုက်ပီးရင် အောက်ဆုံးက လင့်ကလေးကို ကလစ်လိုက်ဦးနော်

စာမျက်နှာတစ်ခု ပွင့်လာပါလိမ့်မယ် အဲ့မှာ ဖျက်မယ်ဆိုရင် No ကို ကလစ်ထားပြီး Submit
ကိုကလစ်လိုက်ပါ

အဆိုရင် သဲချင်းတို့ အဟက်ခံရတဲ့မေး ပျက်သွားပါပီ အသစ်ပြန်လုပ်မယ်ဆိုရင် ဖျက်လိုက်တဲ့
Gmail နောက်မှာ လေး ထည့်ပီးကောင့် အသစ် ပြန်လုပ်လိုက်ပါ

gmail အသစ်ပြန်လုပ်ပီးရင် အဲ့အထဲမှာရှိတဲ့သူငယ်ချင်းတွေတော့ ပျောက်မသွားပါဘူး view past chat တွေ နဲ့ မေးတွေ့ တော့ မရှိတော့ပါဝူး
Q~Q

အနာဂတ်ကြယ်ပွင့်လေးများ: http://www.futurestars-mm.com/profiles/blog/show?id=6405389%3ABlogPost%3A337833&xgs=1&xg_source=msg_share_post#ixzz1rRbay3uP

ကာမသုဂတိ(၇)ဘုံ

ကာမကုသိုလ်၏ အကျိုးပေးရာ ဘုံများကို ကာမသုဂတိ(၇)ဘုံဟု ခေါ်သည်။ ၎င်းတို့မှာ - လူ့ဘုံနှင့် နတ်ဘုံ(၆)ဘုံတို့ ဖြစ်ကြသည်။

လူ့ဘုံ
လူကို ပါဠိဘာသာဖြင့် မနုဿဟု ခေါ်သည်။ ထက်မြက်သော စိတ်ဓာတ်ရှိသောကြောင့် မနုဿဟု ခေါ်သည်။ ထက်မြက်သော စိတ်ဓာတ်ရှိသောကြောင့် မနုဿဟု ခေါ်သည်။ လူတို့သည် မကောင်းမူ အကုသိုလ် အရာဝယ် မိဘသတ်မူ စသော ပဉ္စာနာရိယကံ တိုင်အောင်ပင် ပြုနိုင်ကြ၍ ကောင်းမူ အကုသိုလ်အရာဝယ် ဘုရားဖြစ်သည့်တိုင်အောင်ပင် စွမ်းနိုင်ကြသဖြင့် ထက်မြက်သော စိတ်ထားရှိကြသည်။ သို့ဖြစ်၍ မနုဿ = လူ ဟူ၍ ခေါ်သည်။ လူဘုံသည် ကံ ဉာဏ် ၀ီရိယ ညီမျှစွာ အားထုတ်ရသော ဘုံဖြစ်သည်။ ချမ်းသာ ဆင်းရဲ ဒွန်တွဲခံစားရသော ဘုံဖြစ်သည်။

နတ်ပြည်ခြောက်ထပ်
ကုသိုလ်ကောင်းမူကြောင့် နတ်ပြည်တို့၌ ဖြစ်ကြရသည်။ ထိုနတ်ပြည်တို့မှာ စတုမဟာရာဇ်၊ တာဝတိံသာ ၊ ယာမာ၊ တုသိတာ၊ နိမ္မာနရတိ၊ ပရနိမ္မိဘ၀သ၀တ္တိ ဟူ၍ ခြောက်ထပ်ရှိသည်။

စတုမဟာရာဇ်နတ်ပြည်
ဓတရဋ္ဌ၊ ၀ိရုဠှက၊ ၀ိရူပက္ခ၊ ကုဝေရ နတ်မင်းကြီးလေးပါး စိုးစံအုပ်ချုပ်သော နတ်ဘုံဖြစ်သည်။ မြင်းမိုရ်တောင်အလယ်လောက်မှ တောင်ခြေတလျှောက် တည်ရှိသည်။ ဘုမ္မစိုးနတ်၊ ရုက္ခစိုးနတ်၊ နတ်ဘီလူး၊ ကုမ္ဘဏ်၊ ရက္ခိုသ်၊ ဂန္ဓဗ္ဗ စသော နတ်မျိုးစုံ ပါဝင်ကြသည်။ လူ့သက်တမ်း နှစ်(၅၀)သည် တုမဟာရာဇ်နတ်ပြည်၌ တစ်ရက်အချိန်ဖြစ်၍ နတ်သက် နှစ်(၅၀၀)ကြာအောင် အသက်ရှည်ကြသည်။

တာဝတိံသာနတ်ပြည်
သိကြားမင်းသည် နတ်မင်းကြီး(၃၃)ပါးနှင့် စီမံအုပ်ချုပ်ရာဘုံဖြစ်၍ တာဝတိံသာခေါ်သည်။ မြင်းမိုရ် တောင်ထိပ်၌ တည်ရှိသည်။ လူတို့ အရေအတွက်အားဖြင့် အနှစ်(၁၀၀)သည် တာဝတိံသာနတ်ပြည်၌ တစ်ရက် ဖြစ်သည်။ နတ်သက် နှစ်(၁၀၀၀) သက်တမ်းရှည်ကြာကြသည်။ စတုမဟာရာဇ်နှင့် တာဝတိံ သာနတ်တို့သည် ဘူမဋ္ဌကဘုံများဖြစ်ကြ၍ မြင်းမိုရ်တောင်ခြေ၌ တည်ကြရသည်။ စူဠာမဏိစေတီတော် တည်ရှိသည်။ ဘုရားအလောင်းဆံတော်နှင့် လက်ျာစွယ်တော်မြတ် ကိန်းဝပ်သည်။

ယာမာနတ်ပြည်
ဆင်းရဲဒုက္ခမရှိ၊ နတ်စည်းစိမ်ကိုသာ အချိန်ပြည့် ခံစားကြသော နတ်တို့ဖြစ်သည်။ သုယာမနတ်မင်းသည် ထိုဘုံ၏ အကြီးအကဲဖြစ်၍ လူတို့အရေအတွက်အားဖြင့် အနှစ်(၂၀၀)သည် ထိုနတ်ပြည်၌ တစ်ရက် ဖြစ်သည်။ နတ်သက်နှစ် (၂၀၀၀) သက်တမ်းရှည်ကြသည်။

တုသိတာနတ်ပြည်
များစွာ နှစ်သက်ရွှင်လန်းပျော်ရွှင်ကြသော နတ်တို့၏ ဘုံဖြစ်သည်။ သန္တုသိတနတ်မင်းသည် အကြီးအကဲဖြစ်သည်။ လူတို့၏ အရေအတွက်အားဖြင့် အနှစ်(၄၀၀)သည် ထိုဘုံ၌ တစ်ရက်ဖြစ်သည်။ နတ်သက်နှစ် (၄၀၀၀) သက်တမ်းရှည်ကြသည်။


နိမ္မနရတိနတ်ပြည်
ပင်ကိုရှိပြီးသား ကာမဂုဏ်စည်းစိမ်ထက် အလွန်အကဲ ခံစားလိုသောအခါ စိတ်တိုင်းကျ ဖန်ဆင်း၍ မွေ့လျော်သော နတ်တို့နေရာ ဘုံဖြစ်သည်။ အောက်နတ်ပြည် (၄)ထပ်တို့၌ ကိုယ်ပိုင် ဇနီးမောင်နှံရှိကြသော်လည်း ဤနတ်ပြည်၌မူ မိမိလိုရာ အဆင်း အသံ စသည်ကို ကိုယ်တိုင် ဖန်ဆင်း၍ ထိုအာရုံ၌ မွေ့လျော်ကြကုန်၏။ လူတို့အရေအတွက်အားဖြင့် အနှစ်(၈၀၀)သည် ထိုဘုံ၌ တစ်ရက်ဖြစ်၏။ နတ်သက်နှစ် (၈၀၀၀)သက်တမ်းရှည်ကြသည်။

ပရနိမ္မိတ၀သ၀တ္တီနတ်ပြည်
နိမ္မာနရတိ နတ်တို့ကံသို့ ကိုယ်တိုင် မဖန်ဆင်းဘဲ အစေအပါးနတ်များက စိတ်တိုင်းကျအောင် ဖန်ဆင်းပေးရသော အာရုံကာမဂုဏ်တို့၌ မိမိအလိုရှိတိုင်း ခံစားမွေ့လျော်ကြသော နတ်တို့ ဘုံဌာနဖြစ်သည်။ လူတို့အရေအတွက်အားဖြင့် အနှစ်(၁၀၀၀)သည် ထိုဘုံ၌ တစ်ရက်ဖြစ်သည်။ နတ်သက် နှစ်(၁၆၀၀၀) သက်တမ်း ရှည်ကြသည်။

ရှေးကုသိုလ်ကံကြောင့် နတ်ပြည်များ၌ ဖြစ်ကြရသဖြင့် နတ်ယောက်ျားတို့မှာ အသက်(၂၀)အရွယ်၊ နတ်မိန်းမတို့မှာ(၁၆)နှစ်အရွယ် အမြဲတည်ရှိလျက် သွားကျိုး၊ ဆံဖြူ၊ နားအူ၊ မျက်မွဲ၊ အရေတွန့်တွဲခြင်းမရှိ၊ အမြဲတမ်း လှပနေကြသည်။ နတ်သြဇာများကိုသာ (၇)ရက်တစ်ကြိမ် စားသုံးသဖြင့် ခန္ဓာကိုယ်ထဲ၌ အညစ်အကြေးမရှိ၊ စင်ကြယ်ကြသည်။ ကုသိုလ်ကံချင်း ကွာခြားသလောက် ဥယျာဉ်ဗိမာန်၊ ပဒေသာပင်၊ သားသမီး၊ ဇနီး မယား အခြွေအရံတို့ ကွာခြားကြသည်။ သက်တမ်းပြည့် ကာမဂုဏ်စည်းစိမ်တို့ကို နည်းမျိုးစုံဖြင့် ခံစားကြသော ဘုံများဖြစ်လေသည် ။

ဤသို့လျှင် ဒုဂ္ဂတိဘုံခေါ်သည့် အပါယ်လေးဘုံ၊ ကာမသုဂတိဘုံခေါ်သည့် လူ့ပြည့် နတ်ပြည်(၇)ဘုံ၊ စုစုပေါင်း(၁၁)ဘုံကို ကာမ(၁၁)ဘုံ ခေါ်သည်။

ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာနမှထုတ်ဝေသော ဗုဒ္ဓဘာသာတရားတော်များ စာအုပ်မှ ထုတ်နုတ်ဖော်ပြထားသည်။

လမ်းခွဲကြတဲ့အခါ -----


အိမ်ထောင်ပြု ဘုရားတည် ဆေးမင်ရည်စုတ်ထိုး  ဆိုတဲ့  ဒီသုံးချက်ဟာပြုလုပ်ပြီးရင်  ပြန်ဖျက်ရခက် တယ်လို့   ရှေးလူကြီးတွေ ဘယ်လောက်ပဲ ဆိုဆုံးမခဲ့ပေမယ့်  ဒီခေတ်ကြီးမှာ ကွာရှင်းပြတ်စဲကြတဲ့ လင်မယားတွေ အများကြီးပါပဲ။
ချစ် စခင်စ အချိန်တုန်းက ကမ္ဘာကြီးပေါ်မှာ နှစ်ယောက်တည်းရှိသလို ပျော်မဆုံး မော်မဆုံး၊ သည်းသည်းလှုပ်       ချစ်ခင်ကြင်နာ ခဲ့ ကြတဲ့  ဒီ လင်မယား နှစ်ယောက် ဟာ ကွာရှင်းကြပြီလဲဆိုရောတကယ့် ရန်သူကြီးတွေလို ဖြစ်သွားကြတာများပါတယ်။
ပစ္စည်းဥစ္စာ ပြည့် စုံ တဲ့အိမ်ထောင်မျိုးဆိုရင်တော့ ပိုဆိုးပေါ့ ။
ဒီတိုက်က ငါ ဆောက်ထားတာ၊ ဒီကားက ငါဝယ်ထားတာ၊ ဒီပစ္စည်းက ဘယ်သူ့ကြောင့်ရခဲ့တာနဲ့  ငြင်းကြ
ခုန်ကြ ရှေ့ နေငှားကြ တရားရုံးအထိ ရောက်ကုန်တာတွေ တွေ့ရမြင်ရတော့  စိတ်မကောင်းဘူး။
စိတ်သဘောထားချင်း မတိုက်ဆိုင်တော့လို့  အတူတူနေလို့  မရတော့လို့ ခွဲခွာကြရင်တောင် မေတ္တာမပျက် အမုန်းမဖက်ဘဲ ခွဲကြရရင် ပိုမကောင်းဘူးလား၊
ဘာပဲဖြစ်ဖြစ် တမိုးအောက်မှာ ဖူးစာဆုံလို့  ကြုံဆုံ ပေါင်းဖက်ခဲ့ရသူ ကို အရင်လို ပူလောင်တပ်မက်တဲ့ ၁၅၀၀ အချစ်မျိုးနဲ့မချစ်တော့ရင်တောင်  ၅၂၈ မေတ္တာလေးနဲ့ ခင်မင်ကြင်နာစွာဆက်ဆံပြောဆိုရင်း    အပြုံးမပျက် နှုတ်ဆက်ကြတာပိုမကောင်းဘူးလား--လို့တွေးမိရင်း ရှေးခေတ်က လမ်းခွဲကြတဲ့  အကြောင်းစပ်ထားတဲ့ ကဗျာ လေးကို ဖေါ်ပြလိုက်ပါတယ်။ ဖတ်ကြည့် ရင် ဒီကဗျာလေးထဲက မေတ္တာ စေတနာကိုတွေ့ မှာပါ။

ပြတ်စဲခြင်း


ကဲ--ရှင်မ  နားထောင်
အိမ်ရှိ တောင်း၊ပလုံး၊ နှီး၊ ဖျာ
ညည်းက အကုန်ယူ
ငါက နှီး ဖြာတတ်သူ။

အိမ်ရှိ အထည်အလိပ်၊ ခေါင်းအုံး ၊မွေ့ယာ
ငါက အကုန်ယူ
ညည်းက ယက်ကန်းတတ်သူ။

ဘူးစင်အောက်က နွားတရှဉ်း
ညည်းကြိုက်တာ ရွေးယူ။

အိမ်ရှိ ခွေးနက်ကျော်
သူပျော်ရာနေ
ညည်းနဲ့ငါ ပြတ်စဲစေ။

ရှေးကဗျာ(အမည်မသိ စာဆို)

ဝိပဿနာဘာဝနာစွမ်းရည် လောကီအကျိုး၊ လောကုတ္တရာအကျိုး

အသက်ဇီဝထဲက အနှစ်ထုတ်ပုံ
မိမိတို့သန္တာန်မှာ ရုပ်ဇီဝိတ၊ နာမ်ဇီဝိတဆိုတာရှိတယ်။အဲဒါတွေကို "ဇီဝ" လို့ ခေါ်ပါတယ်။
"အသက်" လို့လဲခေါ်ပါတယ်။ အဲဒီ "အသက်" လို့ခေါ်တဲ့ ဇီဝလေးဟာလဲ အနိစ္စအစရှိတဲ့အချက်တွေနဲ့
အမြဲမပြတ် နိပ်စက်ပြီးတော့ နေပါတယ်။ ဒါကြောင့် အနှစ်သာရမရှိဘူး။
အဲဒီ အနှစ်မရှိတဲ့ဇီဝထဲက အနှစ်ထုတ်မယ်ဆိုရင် ဘာလုပ်ရသလဲဆိုတော့ ၀ိပဿနာဘာဝနာပွားများရတယ်။
ရှုမှတ်ရတယ်။ အသက်ဇီဝရဲ့အနှစ်ဟာ ၀ိပဿနာပဲ ဖြစ်ပါတယ်။
"ရုပ်နာမ်ဓမ္မတွေရဲ့
မမြဲတဲ့သဘော၊ ဆင်းရဲတဲ့သဘော၊ အစိုးမရတဲ့သဘောတွေကို
မိမိတို့ရဲ့ စိတ်အစဉ်မှာ
ထင်မြင်လာအောင် အမြဲမပြတ် ရှုမှတ်ပွားများခြင်းဟာ
ဝိပဿနာဘာဝနာပဲ။"
သတိပဌာန်တရားလေးပါးနဲ့ ရှုမှတ်မယ်ဆိုရင်
(၁) ကိုယ်အမူအယာတွေမှာ ဖြစ်တိုင်းဖြစ်တိုင်းကို ရှုမှတ်ရမယ်။
     ဒါကို 'ကာယာနုပဿနာ သတိပဌာန်' လို့ခေါ်ပါတယ်။
(၂) ကိုက်တယ်,ထုံတယ်,ကျင်တယ်ဆိုတဲ့ သဘောတရားတွေကို ခံစားပြီးရှုမှတ်ရတာက
    'ဝေဒနာနုပဿနာ' လို့ခေါ်ပါတယ်။
(၃) ရာဂစိတ်တွေဖြစ်ရင်ဖြစ်တယ်၊ ဒေါသစိတ်တွေဖြစ်ရင်ဖြစ်တယ်
     စသည်ဖြင့် ရှုမှတ်နေရတာက  'စိတ္တာနုပဿနာ' လို့ ခေါ်ပါတယ်။
(၄) ခန္ဓာအစဉ်မှာ ဖြစ်ပျက်နေတဲ့ သဘောတွေကို ရှုမှတ်နေတာကို
    'ဓမ္မာနုပဿနာ' လို့ ခေါ်ပါတယ်။
ဝိပဿနာဘာဝနာစွမ်းရည် လောကီအကျိုး
(၁) စိတ်ကြည်လင်ခြင်း, စိတ်ချမ်းသာခြင်းဆိုတဲ့ အကျိုးတွေ ရနိုင်တယ်။
(၂) စိတ်ဓါတ်ခိုင်မာခြင်းဆိုတဲ့ အကျိုးတွေ ရနိုင်တယ်။
(၃) ဉာဏ်ပညာထက်မြက်ခြင်းဆိုတဲ့ အကျိုးတွေ ရနိုင်တယ်။
(၄) ရော၈ါဝေဒနာတွေ ပျောက်ကင်းခြင်းဆိုတဲ့ ကျိုးတွေ ရနိုင်တယ်။
ဝိပဿနာဘာဝနာစွမ်းရည် လောကုတ္တရာအကျိုး
မဂ်ဖိုလ်နိဗ္ဗာန်တရားတို့ကို ရရှိခြင်းဆိုတဲ့ အကျိုး ရနိုင်တယ်။
(ပန်းငွေရုံဆရာတော်ဘုရားကြီး)
                                                       ရှာဖွေတင်ပြသူ-မာလာထွေး
(ဘာသာရေးလို့ဆိုတော့ မလုပ်ဖြစ်မှာစိုးလှတယ်၊
လောကီရေးလဲဖြစ်လို့ လုပ်ရမှာပါ။
အရေးခွဲတာ နယ်ပယ်နားလည်လွယ်အောင်ခွဲတာပါ၊
တကယ်က မခွဲပဲ လုပ်နေရမဲ့ဟာပါ။
မလုပ်မဖြစ်လုပ်ရမယ့် အလုပ်ပါ။
----------------
ဒီစာပေတွေဟာ
အလုပ်အကိုင်ရဖို့ ပညာရပ်တွေ သင်၊ဖတ်သလိုနဲ့
အတူတူလိုပဲ လုပ်ရမှာပါ။
ညီမလေးမှားရင် ခွင့်လွှတ်ပါ။
                                    မေတ္တာဖြင့်
                                                             ညီမလေး)

ပါကစ္စတန်ရေခဲတောင်ပြိုမှု စစ်သား ၁၀၀ သေဆုံး

စနေ, 07 ဧပြီ 2012

Inline image 1


Inline image 2

Inline image 3

ပါကစ္စတန်နိုင်ငံ မှာ ရေခဲတောင် ရုတ်တရက် ပြိုဆင်းလာတဲ့အတွက် စစ်အခြေစိုက်စခန်း တခု ထိခိုက်ပျက်စီး သွားပြီး စစ်သား ၁၀၀ လောက် ရေခဲပြင်အောက်မှာ နစ်မြှုပ် သေဆုံးသွားတယ်လို့ ပါကစ္စတန် အစိုးရ တာဝန်ရှိသူတွေက ပြောဆိုပါတယ်။ ကမ္ဘာ့ တောင်ထူထပ် မြင့်မားဆုံး စစ်မြေပြင်လို့ ထင်ရှားတဲ့ Siachen ရေခဲလွှာ ဒေသထဲက စစ်အခြေစိုက်စခန်းဟာ ပြိုကျလာတဲ့ ရေခဲတောင်ကြောင့် ပျက်စီးသွားပြီး စစ်သားတွေ သေဆုံးခဲ့ရတယ်လို့ စစ်ဘက် အရာရှိတွေက အတည်ပြု ပြောဆိုပါတယ်။
အိန္ဒိယနိုင်ငံ အနီး၊ ဟိမ၀န္တာဒေသ ထဲက ဝေးလံခေါင်သီတဲ့ စစ်စခန်းကို ကယ်ဆယ်ရေး အဖွဲ့တွေ သွားနေကြပြီလို့ တာဝန်ရှိသူတွေက ပြောပါတယ်။ စခန်းမှာ ရှိတဲ့ စစ်သည်တွေရဲ့ ကံကြမ္မာကို ရှင်းရှင်းလင်းလင်း မပြောနိုင်သေးဘူးလို့ ပါကစ္စတန် စစ်တပ်တာဝန်ရှိသူတွေက ပြောဆိုပါတယ်။
Siachan ဒေသရဲ့ ဆိုးဝါးတဲ့ ရာသီဥတု အခြေအနေနဲ့ ရေခဲတောင်ပြိုတဲ့ အန္တရာယ်ကြောင့် သေဆုံးရသူဦးရေက သေနတ်မှန် သေဆုံးသူ ဦးရေ ထက်များတယ်လို့ စစ်ရေး ကျွမ်းကျင်သူတွေက ပြောဆို သုံးသပ်ကြပါတယ်။
http://www.dailymail.co.uk/news/article-2126425/Avalanche-buries-130-Pakistani-soldiers-Kashmir-worlds-highest-battlefield-near-Indian-border.html

ဖိလစ်ပိုင်နိုင်ငံမှာ ကျင်းပတဲ့ GOOD FRIDAY ပွဲတော်မှာ ထိန့်လန့်ဖွယ်ရာ သရုပ်ဆောင်ချက်

ဖိလစ်ပိုင်နိုင်ငံမှာ ကျင်းပတဲ့  GOOD FRIDAY ပွဲတော်မှာ ခရစ်တော် ကားစင်တင်ခံရပုံကို
အဓိဌါန်ဝင်ထားသူ လူ ၁၇ ယောက်က ထိန့်လန့်ဖွယ်ရာ ပြန်လည်သရုပ်ဆောင်ပြခဲ့ရာ လူထောင်ပေါင်းများစွာ
လာရောက်ကြည့်ရှုခဲ့ကြပါတယ်။ ဒီပွဲတော်ဟာ ဖိလစ်ပိုင် ကတ်သိုလစ် ခရယာန်ဘာသာဝင်များ နှစ်စဉ်
ကျင်းပပြုလုပ်လေ့ရှိတဲ့ ရိုးရာပွဲတော်တစ်မျိုးဖြစ်ပြီး ... ဂိုဏ်းအုပ်ဘုန်းတော်ကြီးများကေ
တာ့ ဒီလိုပြုလုပ်တာဟာ
ခရစ်ယာန်ဘာသာရေးအယူဝါဒကို ပျက်စီးစေတယ်လို့ ကန့်ကွက်ပါတယ် ။


Inline image 10

Inline image 4

Inline image 5

Inline image 6

Inline image 7

Inline image 8


Read more: http://www.dailymail.co.uk/news/article-2126024/Christians-NAILED-crosses-gruesome-Good-Friday-enactment-Jesuss-death-Philippines.html#ixzz1rPpjiras

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်ကို ကယ်တင်ခဲ့ကြောင်း ဦးခင်ညွန့် ပြောဆို

မကြာခင်က နေအိမ် အကျယ်ချုပ်ကနေ ပြန်လည် လွတ်မြောက်လာခဲ့တဲ့ ယခင်နအဖ စစ်အစိုးရ ၀န်ကြီးချုပ်ဟောင်း ဦးခင်ညွန့်က မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အသက်အန္တရာယ်က လွတ်မြောက်အောင် မိမိကိုယ်တိုင် ကြားဝင် ကယ်တင်ခဲ့ရကြောင်း တနင်္ဂနွေနေ့က ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

AFP
ဝန်ကြီးချုပ်ဟောင်း ဥိးခင်ညွန့် ဧပြီလ ၁ ရက် ကြားဖြတ်ရွေးကောက်ပွဲတွင် မဲပေးပြီး တွေ့ရပုံ။
ထိုင်းနိုင်ငံထုတ် ဘန်ကောက်ပို့စ် သတင်းစာက တွေ့ဆုံမေးမြန်းရာမှာ အဲဒီလို ပြောဆိုလိုက်တာပါ။
၂၀၀၃ ခုနှစ် မေလ ၃၀ ရက်နေ့ ဒီပဲယင်း လုပ်ကြံမှုကြီးမှာ စစ်အစိုးရ ကျောထောက်နောက်ခံပြု လူအုပ်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ယာဉ်တန်းကို အကြမ်းဖက် တိုက်ခိုက်ခဲ့ကြပါတယ်။
အဲဒီညမှာပဲ ဒေါ်အောင်ဆန်းစုကြည်ကို ကယ်တင်ဖို့ မိမိရဲ့လူတွေကို စေလွှတ်ခဲ့ကြောင်း၊ မိမိလူတွေက သူ့ကို အနီးကဘေးကင်းရာ တပ်စခန်းတစ်ခုကို ခေါ်ဆောင်သွားခဲ့ကြောင်း ဦးခင်ညွန့်က ဘန်ကောက်ပို့စ်ကို ပြောဆိုခဲ့ပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး အမေရိကန် ပြည်ထောင်စုမှာ နေထိုင်တဲ့ ထောက်လှမ်းရေးနဲ့ သံရုံးအရာရှိဟောင်း ဦးအောင်လင်းထွဋ် ကလည်း ဟုတ်မှန်ကြောင်း ထောက်ခံပါတယ်။
" ကျွန်တော် သိသလောက်ပေါ့လေ။ အဲဒီအချိန်တုန်းကတော့ ဒီပဲယင်းနဲ့ ပတ်သက်ပြီးတော့မှ ဗိုလ်ချုပ်ကြီးခင်ညွန့်က သိတဲ့အချိန်ခါမှာ ဗိုလ်ချုပ်မှူးကြီး မောင်အေးကို ခေါ်ပြီးတော့မှ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို သွားပြီးတော့ တားပါတယ်ခင်ဗျ။ ထောက်လှမ်းရေး ၁၆ ကတပ်မှူး ဗိုလ်မှူးမိုးသူက ဒေါ်အောင်ဆန်းစုကြည်ကို သွားပြီး အဲဒီအစီအစဉ်ရှိတယ် ဆိုတဲ့ဟာကို သွားတားတာ ရှိပါတယ်။ အဲဒီအချိန်တုန်းက ဒီပဲယင်းရယ်၊ ဒါမှမဟုတ် ဒီပဲယင်းကို မသွားဖြစ်ရင် စစ်ကိုင်းတံတားမှာ လုပ်ဖို့၊ အခုလက်ရှိ သံရုံးမှာ ရှိတဲ့သံမှူးက သူက အဲဒီအချိန်တုန်းက အင်းဝ တံတား၊ စစ်ကိုင်းတံတားမှာ သူတပ်ခွဲမှူးနဲ့ တာဝန်ကျပါတယ်။ ဖြစ်စဉ် ဖြစ်ဖြစ်ချင်းမှာ သိသိချင်း ဒေါ်အောင်ဆန်းစုကြည်ကို ဘာမှမဖြစ်အောင် ထောက်လှမ်းရေးတွေ အနေနဲ့ ဒီပဲယင်း ရဲစခန်းမှာ ရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ကယ်ထုတ်သွားပါတယ်"
ဒီပဲယင်း တိုက်ခိုက်မှုမှာ သေဆုံးသူ အရေအတွက်ကို အစိုးရကအခုထိ မကြေညာခဲ့ပေမဲ့ ဒီမိုကရေစီ အင်အားစုတွေရဲ့ အဆိုအရ သေဆုံးသူ လူ ၅၀ လောက် ရှိနိုင်တယ်လို့ ဆိုပါတယ်။
ဦးခင်ညွန့်က မိမိအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ် ညီမငယ်သဖွယ် သဘောထားကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခိုင်မာပြတ်သားမှု အပေါ်မှာလည်း နှစ်သက်လေးစားမိကြောင်း၊ မိမိအနေနဲ့ အရွယ်စုံ၊ အမျိုးစုံ အရပ်ဘက် နိုင်ငံရေးသမားတွေနဲ့အတူ ပူးပေါင်းဆောင်ရွက်ဖို့ အတတ်နိုင်ဆုံး ကြိုးပမ်းခဲ့တဲ့ မှတ်တမ်းတွေ ရှိပါကြောင်း၊ ဒါပေမဲ့ တချို့အခြေအနေတွေဟာ ရင့်ကျက်လာဖို့ အချိန်ယူရကြောင်း၊ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အစိုးရသစ်နဲ့အတူ ပူးတွဲပြီး တိုင်းပြည်ကို ဒီမိုကရေစီ နိုင်ငံတော်အဖြစ် အောင်အောင်မြင်မြင် ထူထောင်နိုင်ပါစေလို့ ဆုတောင်းပါကြောင်း ပြောဆိုခဲ့တယ်လို့ ဘန်ကောက်ပို့စ်က ဖော်ပြပါတယ်။

RFA

Friday, April 6, 2012

ဆော့ဖ်ဝဲမပါပဲဗွီဒီယိုများ၊သီချင်းများဒေါင်းလုပ်လုပ်နည်း

ဗွီဒီယိုများ၊သီချင်းများ၊ဆော့ဖ်ဝဲများကိုဒေါင်းလုပ်ဆော့ဖ်ဝဲမပါဘဲဒေါင်းလုပ်လုပ်နည်းလေးပါ
ဒါပေမယ့် Internet Explorer နဲ့တော့မရပါဘူး Mozilla Firefox နဲ့ပဲရပါတယ်..ပထမဦးစွာ Firefox ကိုဖွင့်လိုက်ပါ.ပြီးရင် Manu Bar
မှ Tools-->Add on ကိုနှိပ်လိုက်ပါ ပြီးသွားရင် Add on box ပေါ်လာပါလိမ့်မယ် ..Get add on Tab ကိုသွားပါ..search box ထဲမှာ "Download Video Helper"ဆိုပြီးရိုက်
ထည့်လိုက်ပါ..ပြီးရင် Enter ပေါ့..ဒါဆို Video Download add on တွေတန်းစီပြီးပေါ်လာပါလိမ့်မယ်..အပေါ်ဆုံးဖြစ်တဲ့ Video download
helper ကို Add to firefox ကိုနှိပ်လိုက်ပါ..
တစ်မိနစ်ခန့်ကြာတာနဲ့ Install လုပ်ရန် box တစ်ခုထပ်ပေါ်လာပါလိမ့်မယ်..Install ကိုနှိပ်ပေးလိုက်ပါ..ပြီးရင် Install လုပ်ပြီးပြီဖြစ်တဲ့အတွက် Restart လုပ်ခိုင်းပါမယ်..မလုပ်ပါနဲ့ဦးအောက်ကိုဆက်ဆွဲချပါ..နောက်တစ်ခုထပ်သွင်းရပါဦးမယ်.(1) Click Youtube Video Download ဆိုတာကိုတွေ့ပါလိမ့်မယ်..Add to firefox လုပ်လိုက်ပါ. ပြီးရင် Install now ထပ်နှိပ်ပေးရပါမယ်..Install လုပ်တာပြီးသွားပြီးဆိုရင်တော့ restart လုပ်လို့ရပါပြီ..Restart Firefox ကိုနှိပ်ပေးလိုက်ပါ..firefox restart လုပ်သွားပါလိမ့်မယ်..
Firefox Restart လုပ်ပြီးပြန်ပေါ်လာတဲ့အခါကျရင်တော့ Address bar ပေါ်က Home အိမ်ပုံစံလေးဘေးမှာ Video Downlaod helper
ရဲ့သင်္ကေတလေးဖြစ်တဲ့အလုံးသုံးလုံးပူးလေးပေါ်နေပါပြီ.. ဒါပေမယ့်အလုပ်တော့မလုပ်သေးပါဘူးအရောင်မှိန်နေသေးပါတယ်..
ပြီးသွားရင် www.youtube.com သို့မဟုတ် ဗွီဒီယိုများရှိတဲ့ဝက်ဆိုဒ်ကိုသွားလိုက်ပါ.. youtube မှာဗွီဒီယိုဖြစ်ဖြစ်သီချင်းဖြစ်ဖြစ်ဖွင့်လိုက်ပါ...ဗွီဒီယိုသီချင်းလာပြီဆိုတာနဲ့အပေါ်ဆုံးက Video Downlaod helper အလုံးလေးကစပြီး လည်နေပါပြီ..ဒေါင်းလုပ်လုပ်ရန်အဆင်သင့်ဖြစ်နေတာကိုပြတဲ့သဘောပါပဲ..ထိုနည်းတူပဲဗွီဒီယိုရဲ့
အောက်နားဒေါင့်လေးမှာလည်း..စောစောကကျွန်တော်တို့သွင်းခဲ့တဲ့ (1)click youtube video download ကလည်းပေါ်နေပါပြီ..သူ့မှာလည်းမိမိကြိုက်နှစ်သက်တဲ့ဖိုင်နဲ့ကျွန်တော်တို့ဖွင့်ထားတဲ့ဗွီဒီယိုကိုဒေါင်းယူလို့ရနေပါပြီ..(1)Click ကဆိုရင်
ဖိုင်သုံးမျိုးဒေါင်းလို့ရပါတယ်..3GP/FLV/MP4 .Download Helper ကတော့နှစ်မျိုးပဲရပါတယ်..MP4/FLV ရယ်ပါ..ကြိုက်တာနဲ့ဒေါင်းနိုင်ပါတယ်.

ဇာတ်လိုက်



တိုင်းသူပြည်သားတွေရဲ့
ဆန္ဒမှန်တွေ  အစစ်
ရေမရောဘဲ  စစ်ကြည့်ရင်
တိုင်းပြည်ကို  ကိုင်လှုပ်နိုင်တာ
ဗိုလ်ချုပ်ခြေရာ နင်းတဲ့
ဗိုလ်ချုပ်ရဲ့သွေးစစ်စစ်
အမေစုပဲ ဖြစ်မယ်---။   ။
ဦးနုဟာ---
ဗိုလ်ချုပ်ပါဝါကို သိပြီး
တိုင်းပြည်ရဲ့  ကံကြမ္မာ
အကောင်းဆုံးဆီကို တည့်မတ်ချင်တာနဲ့
ဗိုလ်ချုပ်ကို ရှေ့တန်းတင်
``အကိုကြီး``တစ်ယောက်လို ဗိုလ်ချုပ်ခင်တာသိလည်း
ဗိုလ်ချုပ်နောက်က ဝင်ရပ်
နေရာမမက်ဘဲ
တိုင်းပြည်အတွက်ရည်မျှော်--
နောက်လိုက် လုပ်ရလည်း ပျော်သလို
ဒီနေ့ သမ္မတကြီး ဦးသိန်းစိန်
တိုင်းပြည်ရဲ့ ဂုဏ်ရောင် မမှေးမှိန်စေချင်တာ--
ကျွန်တော်တို့ ပြည်သူတွေ ရိပ်မိပါတယ်။
ဒါကြောင့်---
``စိန်တွေကိုစု`` ဆိုတဲ့တဘောင်စကားအတိုင်း
ဦးသိန်းစိန်နဲ့ အမေစု တို့
ညီညွတ်လို့ အပြုသဘော ဆောင်ကြရင်
အနာဂါတ် မြန်မာနိုင်ငံ
မျှော်လင့်ချက် တွေအများကြီးကျန်ပါသေးတယ်။
မကောင်းတဲ့ လူကို
မကောင်းတဲ့အလျေက်
တိုင်းပြည်ရဲ့ ဆူးငြှောင့်အဖြစ်
ပယ်ထုတ်ပြစ်ရမယ်---။
စစ်တပ်ဟာ---
အဲဒီဆူးငြှောင့်တွေရဲ့
လက်ကိုင်ဒုတ် မဟုတ်ဘူး ဆိုရင်တော့
အနာဂါတ်မြန်မာပြည်ဟာ
မျှော်လင့်ချက်တွေနဲ့ပြည့်နေမှာပဲ။   ။

(ဦးသိန်းစိန်ရဲ့   အပြုသဘော  အပျော့ဂိုဏ်းကို အမေစုနဲ့  ဝိုင်းရင်  ``စိန်တွေစုမှတော့`` ဆင်းရဲခြင်းဆိုတာ ပပျောက်သွားမယ် လို့ ယုံကြည်ပါကြောင်း)


*** မူရင်းကဗျာဆရာမှ အကူညီတောင်းတဲ့အတွက် ဦးဦး မှော်ဆရာ မှတဆင့်ပို့ခြင်းဖြစ်သည် ။
      အခြေအနေတစ်ရပ်ကြောင့် မူရင်းကဗျာဆရာအမည်ကို ဖေါ်ပြနိုင်ခြင်း မရှိပါ ။

လွှတ်တော်ကိုယ်စားလှယ် ၃ဦး NLD ပါတီသို့ ကူးပြောင်း

ကားဖြတ် ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်အများစု၌ အနိုင် ရရှိခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် သုံးဦး ပါတီဝင်အဖြစ် လျှောက်ထားကြောင်း NLD ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်း The Voice Weekly သို့ ပြောကြား သည်။ NLD ပါတီဝင်အဖြစ် လျှောက် ထားကြသူ လွှတ်တော်ကိုယ်စားလှယ် သုံးဦးမှာ အမျိုးသားဒီမိုကရေစီအင်အား စုပါတီမှ လမ်းမတော်မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်ဝင်း၊ မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ သန်းဝင်းနှင့် တစ်သီးပုဂ္ဂလ လွှတ်တော် ကိုယ်စားလှယ် တစ်ဦးဖြစ်သည့် လသာ မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကြည်မြင့် တို့ဖြစ်ကြောင်း ၎င်းက ဆိုသည်။ ၂၀၁၀ခုနှစ် ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့သော အမျိုးသား ဒီမိုကရေစီအင်အားစုပါတီအား ထူထောင်ရန်ညှိနှိုင်းဆွေးနွေးကတည်း ကပင် NLD ပါတီ မှတ်ပုံတင်ပြန်လည် လျှောက်ထားပါက ပြန်လည်ပေါင်းစည်း ရန် မူအားဖြင့် ချမှတ်ထားပြီး ဖြစ်ကြောင်း လမ်းမတော်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်ဝင်းက ပြောကြားသည်။ NLD ပါတီဝင်အဖြစ် လျှောက်ထားရခြင်းနှင့် ပတ်သက်၍ လသာ မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဦးကြည်မြင့်အား ဆက်သွယ် မေးမြန်းရာတွင် “အိတ်ဖောင်းလို့ စိတ် ပြောင်းတာ မဟုတ်ပါဘူး။ လာမယ့် ၂၀၁၅ မှာလည်း အမတ်ပြန်လုပ်ဖို့ မရည်ရွယ်ပါဘူး။ NLD မှတ်ပုံပြန်တင် ရင် NLD ကိုပဲ ပြန်သွားမယ်လို့ ကျွန်တော်အစောကြီးကတည်းက ကြေညာပြီးသားပါ” လို့ ပြန်လည် ဖြေ ကြားသည်။ အဆိုပါလွှတ်တော်ကိုယ်စားလှယ် သုံးဦးတွင် ဦးခင်မောင်ဝင်းအား ဧပြီလ ၄ရက်နေ့မှ စတင်ကာ NLD ပါတီဝင် အဖြစ် လက်ခံလိုက်ပြီဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ NLD ပါတီသို့ ထပ်မံကူးပြောင်းခဲ့သူ ဒေါက်တာ မြတ်ဥာဏ်စိုးက ပြောကြားခဲ့သည်။ ကြားဖြတ် ရွေးကောက်ပွဲ၌ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် ၄၄ နေရာ၌ ၄၃ နေရာ အနိုင်ရရှိခဲ့ရာ ယခုကူပြောင်းလာသော လွှတ်တော် ကိုယ်စားလှယ်များအား လက်ခံလိုက်ပါက ပြည်ထောင်စု လွှတ်တော်၌ NLD ပါတီအား ကိုယ်စားပြု လွှတ်တော် ကိုယ်စားလှယ် ဦးရေမှာ ၄၇ ဦးထိ ရောက်ရှိလာပြီ ဖြစ်ပြီး ပြည်ထောင်စု လွှတ်တော်၌ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီပြီးလျှင် လွှတ်တော်ကိုယ်စားလှယ် ဒုတိယအများဆုံး ရပ်တည်နိုင်တော့မည်ဖြစ်သည်။ The voice မှ ကူးယူသည်။

မြန်မာ့ထမင်းဝိုင်း

မြန်မာ့ထမင်းပွဲ

      မြန်မာ့ထမင်းပွဲသည် ဗျပ်ခွက်ထဲတွင် ထမင်းပုံစားပြီး လိုသမျှကို မိမိဘက်သို့ ခပ်ယူကာ လက်ဆုံ စားခဲ့ရာမှ ခြေထောက်ပါသော သစ်သားစားပွဲပေါ်တွင် ပန်းကန်ကိုယ်စီဖြင့်ထည့်စားသည့် အဆင့်ဆင့် ထိ ပြောင်းလဲခဲ့သော်လည်း မပြောင်းလဲသော အရာတစ်ခု ရှိနေပေသေးသည်။ ထိုအရာမှာ အဖ သို့မဟုတ် အမိကို ထမင်းပွဲထိပ်တွင် နေရာပေးခြင်းဖြစ်သည်။ ဤတွင် အိမ်တစ်အိမ်၏ အဦးအထိပ်ကို ရှာဖွေရန် လိုအပ်ပါသည်။ အိမ်တစ်အိမ်၏ခေါင်သည် တောင်နှင့်မြောက် တန်းနေလျှင် တောင်ဘက်သည် အိမ်ဦး ၊ အရှေ့နှင့် အနောက် တန်းနေလျှင် အရှေ့ဘက်သည် အိမ်ဦးဖြစ်ပေသည်။ ထို့အတွက် ညအချိန်အိပ် စက်သောအခါ၌ ပုံသေ ဦးခေါင်းထားရာအရပ်သည် အိမ်ဦးဖြစ်ပေသည်။ ထိုကဲ့သို့ ခေါင်းထားအိပ်ရာ အရပ်သည် ထမင်းပွဲ၏ထိပ် သို့မဟုတ် ဦး ဖြစ်ပေ၏။ ထမင်းပွဲတွင် မိဘ မပါဘဲ သားသမီးများ ချည်းစားကြငြား မိဘတို့ထိုင်နေကျ ဦးထိပ်နေရာ၌ မည်သည့်သားသမီးမျှ မထိုင်ကြချေ။
ဖခင်မရှိတော့သောအိမ်တွင် မိခင်သည် ထမင်းပွဲ၏ ဦးထိပ်မှာ ထိုင်လေ့ရှိသည်။ ထိုအမိ ထိုအဖ တို့သည် အိမ်ထောင်ဦးစီးအဖြစ် စွမ်းစွမ်းတမံ ရှာဖွေလုပ်ကိုင် ကျွေးမွေးနေထိုင်ချိန်တွင်သာ ထမင်းပွဲထိပ် တွင် နေရခြင်းမဟုတ်ပါ။ ဇရာဒုဗ္ဗလ အရွယ်သို့ရောက်၍ သားကြီး၊ သမီးကြီး တစ်ယောက်ယောက်က အိမ်မူကိစ္စကို ဦးစီးစေကာမူ မိဘတို့အား ထမင်းပွဲတွင် ဦးထိပ်၌နေမြဲနေရပေသည်။
ထမင်းပွဲတစ်ပွဲတွင် အဖသည် ပွဲ၏ ဦးထိပ်မှာထိုင်လျှင် အမိသည် အဖ၏လက်ဝဲဘက်မှာ ထိုင်ရသည်။ သားကြီးက အဖ၏ ယာဘက်မှာ ထိုင်ရသည်။ သမီးကြီးသည် အမိ၏ ၀ဲဘက်မှာ ထိုင်ရသည်။ ထို့နောက် ကြီးစဉ်ငယ်လိုက်ဖြစ်သည်။ ထမင်းပန်းကန်ထဲမှ ထမင်းကို မထိမတို့မီ ထမင်းပွဲကို ဦးသုံးကြိမ်ချသော အလေ့လည်း အချို့အရပ်တွင် ရှိပေသည်။ မည်မျှပင် ဆာလောင်မွတ်သိပ်စေကာမူ အဖ ဟင်းကို ခပ်စားမှ အမိက ဟင်းကို ခပ်စားရသည်။ အမိပြီးမှ သားကြီး ၊ သားကြီးပြီးမှ သမီးကြီး အစဉ်လိုက် ဟင်းကို ခပ်စားရသည်။
     ဦးဆုံးအကြိမ်တွင် ထိုကဲ့သို့ စနစ်တကျ ခပ်စားကြပြီးမှသာ အလိုရှိသရွေ့ စားနိုင်ကြပေ၏။


ဦးချသောအလေ့

          ထမင်းစားသော အခါတိုင်းလည်း လူစုံပါဝင်လေ့ မရှိပေ။ သူ့အကြောင်း သူ့ကိစ္စ ကိုယ့်အကြောင်း ကိုယ့်ကိစ္စများစွာ ရှိကြပေသည်။ ထမင်းပွဲက ပြင်ပြီးနေပြီ။ အဖေ့ထမင်းပန်းကန် အမေ့ ထမင်းပန်ကန်ထဲတွင် ထမင်းထည့်ပြီးဖြစ်နေပြီ။ သို့ရာတွင် အဖေရေချိုးရန်သွားရာမှ ပြန်မလာသေးချေ။ သားသမီးတို့သာမက အမေပါ ဆာလှပြီ။ ထို့ကြောင့် အဖေ့ကို စောင့်ဆိုင်းမနေတော့ပါ။ အမေသည် အဖေ့ထမင်းပန်းပန်ထဲသို့ အကောင်းဆုံးဟင်းမှ အကောင်းဆုံးဟင်းဖတ်ကို ခပ်ထည့်လိုက်လေသည်။ ဤသို့ ပြုသည်ကို “ဦးချသည်” ခေါ်ပေ၏။ ဦးချပြီးသောအခါ အမေဟင်းခပ်သည်။ အမေခပ်ယူပြီးစီးသွားသည့်နောက်တွင်ကား လွတ်လပ်စွာ စားနိုင်ပေတော့သည်။ တစ်ခါတစ်ရံ သားသမီးတစ်ယောက်ယောက်သည် ထမင်းစားချိန်မတိုင်မီ ထမင်းစားရန်အကြောင်း ပေါ်ပေါက်လာ၏။ သူသည် မိသားစု တာဝန်ဖြစ်စေ ၊ ကိုယ်ရေးကိုယ်တာ ကိစ္စအတွက်ဖြစ်စေ ၊ အပြင်ထွက်ရန် လိုအပ်လာ၍ ဖြစ်ပေမည်။ အပြင်က ပြန်လာမှ ထမင်းစားလျှင်များစွာနောက်ကျနေမည်။ နောက်ကျရုံသာမက ဆာလောင်ခြင်း ဒဏ်ကိုလည်း များစွာ ခံစားရပေဦးမည်။ သို့ကြောင့် အချိန်မတန်မီစားသွားရခြင်း ဖြစ်သည်။ ထိုအခါတွင် မိဘထက်အရင်စားရသူဖြစ်သည့်အတွက် မိဘအတွက် “ဦးချ” ပြီးမှ စားရသည်။ ဦးချပုံမှာ ဟင်းပန်းကန်ထဲသို့ လိုသလောက်ဟင်းကို ခပ်ယူပြီးမှ ဟင်းဖတ်ဟင်းရည်များကို ဟင်းအိုး ထဲ ပြန်ထည့်ခြင်းဖြစ်သည်။ ထမင်းကို ဦးချပုံမှာ ထမင်းအိုးကို ဖွင့်ပြီးနောက် ဦးစွာ တွေ့ရသော ထိပ်မှ ထမင်း ပုံ့ပုံ့မို့မို့လေးကို ကော်ခူးယူခြင်းဖြစ်၏။ လိုသလောက် ခူးယူပြီးသွားလျှင် ကော်ယူထားသော ထမင်းကို အိုးထဲ ပြန်ထည့်ထားခဲ့ရ၏။

     ဤဓလေ့သည် မြန်မာတို့ထံသို့ အနည်းဆုံး အင်းဝခေတ် ( ဒုတိယ မင်းခေါင် ၈၄၂-၈၆၃ ) တွင် ရောက်ရှိနေ ကျင့်သုံးနေကြပြီဟု ယုံကြည်ရ၏။ ရှင်မဟာသီလ၀ံသ၏ “တိလောဟူ မရနှိုင်းတူ ဘက်မပြုသား ” အစချီသော ဆုံးမစာ အပိုဒ် ၁၅ တွင် “မိဦး ဖဦး ဆရာဦးကို ခူး၍ အလျင် မစားနှင့်” ဟူ၍ ဆုံးမထားသည်ကို ထောက်ချင့်၍ သိရပေ၏။ ထိုသို့ အဦးကို အမွန်အမြတ်ထားခြင်းမှာ ထေရ၀ါဒ ဗုဒ္ဓဘာသာတို့၏ ယုံကြည်ကျင့်ဆောင်မူမှ ဆင်းသက်လာသည်ဟု ထင်ရပါသည်။ အညာထကောဏ္ဍည မထေရ်၏ ရှေ့ဘ၀များအနက် စူဠကာလသူကြွယ်ဘ၀တွင် တစ်နှစ်အတွင်း၌ “ကိုးကြိမ်တိုင် အဦးရှိသော” အလှူ ကိုပေး၍ တရားဦးနာရသော ဆုကိုပန်ခဲ့၏။ ဤသဘောအရ အဦးအစကို လူတို့ အမွန်အမြတ် ထားခြင်းဖြစ်သည်ဟု ယူဆနိုင်ပေသည်။


ထမင်းဦးပေါင်း

       ထမင်းဦးပေါင်းသည် ဦးချသော အလေ့အတွက် အလွန်လိုက်လျောညီထွေ ရှိပါသည်။ ထမင်းဦးပေါင်းဟူသည် အိုးထဲတွင်ရှိသော ထမင်းအစုအပုံ၏ ထိပ်ဦးတွင်ရှိသော ထမင်းအစု ဖြစ်ပေသည်။
ဝမ်းပူ၍ အောက်ခြေ လုံးဝန်းသော မြေအိုးကြေးအိုးများတွင် ဖုံးအုပ်သည့် စလောင်းဖုံးမှာလည်း အခုံးဖြစ်သည်။ ထမင်းကို “နှပ်” သောအခါ တွင်လည်း စလောင်းဖုံးနှင့် အိုးကို မြဲမြံစွာကိုင် လျက် ပြောင်းပြန်ထားကာ “ဆောင့်” ပြီးမှ နှပ်သောအကျင့် ရှိကြပေ၏။ ထိုအခါတွင် ထမင်းစု၏ ထိပ်သည် စလောင်းဖုံးပုံအတိုင်း ခုံးခုံးမို့မို့လေး ဖြစ်နေတော့သည်။ အ၀ကျယ်သောဒန်အိုး များနှင့်  ပြန်ပြူးသော စလောင်းဖုံးများပေါ်ပေါက်လာချိန်တွင် ထိုထမင်းဦးပေါင်း မှာ  ပျောက်ကွယ်ခဲ့ရလေသည်။ သို့ရာတွင် ဂါဝရတရားသည် ဂါဝရတရားသာ ဖြစ်သည့်အတွက် ဦးချခြင်းဓလေ့မှာမူ ပျောက်ကွယ်မသွားပါ။ ဆွမ်းတော်မတင်မီ၊ ဆွမ်းမလောင်းရသေးမီ၊ မိဘဘိုးဘွား မစားမသောက်ရသေးမီ စားသောက်လိုပါက ဦးချမြဲချနေကြပါသေးသည်။ ဦးချပုံမှာ ဘေးတစ်နေရာမှ ခူးယူပြီး ဦးချသည်ဟူသော အထိမ်းအမှတ်ဖြင့် အပေါ်သားလွှာထဲမှ တစ်ခဲကိုဖြစ်စေ၊တစ်ဆုပ်ကိုဖြစ်စေ ပြန်ထည့်လျှင် ဦးချသည်ပင် မည်ပေ၏။ ထမင်းဦးပေါင်းလှလှပပ ရနိုင်သော မြေအိုးသည် လေးလံ၏ ထိခိုက်ပဲ့ရွှဲ ၏။ ကွဲ ရှ လွယ်၏။ ထို့ကြောင့် မြေအိုးသည် တဖြည်းဖြည်း တိမ်မြုပ်၍ ဒန်အိုးသည် တွင်ကျယ်လာခဲ့၏။ ထို့အပြင် ယခုအခါတွင် လျှပ်စစ်ထမင်းပေါင်းအိုးများ ပိုမိုတွင်ကျယ်အသုံးပြုခဲ့ကြပေတော့သည်။ သို့နှင့်အတူ ထမင်းဦးပေါင်းသည်လည်း ကွယ်ခဲ့၏။ သို့သော် ထိုသို့ကွယ်ခဲ့သော်ငြား ဦးချသော အလေ့မှာမူ ရှားပါးစွာ တည်ရှိနေပါသေးသည်။   ။

                                                                                                  Mg Ye Naung



google+ မှ ဝေမျှလာသောပို့စ်လေးကို ပြန်လည်ဝေမျှခြင်းသာ ဖြစ်ပါသည်။

လင်ယောင်္ကျာံးအရောင်းဆိုင်...(လိုအပ်နေသူများအတွက်)

လင်ယောင်္ကျား အရောင်းဆိုင် . . Share Today at 5:08am လင်ယောက်ျား အရောင်းဆိုင်တစ်ဆိုင် နယူးယောက်မြို့ ပေါ်မှာ ဖွင့်လှစ်လိုက်ပါတယ်။ အမျိုးသမီးတွေ အနေနဲ့ အဲဒီ ဆိုင်ထဲမှာ ကိုယ့်စိတ်ကြိုက် ယောက်ျားမျိုးကို ရွေးပြီး ဝယ်နိုင်ပါတယ်။ စတိုးဆိုင်ရဲ့ အလုပ်လုပ်ပုံကို အဝင်ဝတွေမှာ လမ်းညွှန် ဆိုင်းဘုတ်တွေနဲ့ ရေးပေးထားတယ်။ အဆောက်အဦရဲ့ အဝင်ဝမှာတော့ ရေးထားတာက "သင် တစ်ကြိမ်သာ လာရောက်ခွင့် ရှိသည်" တဲ့။ စတိုးဆိုင်က အထပ် ခြောက်ထပ် ရှိပါတယ်။ အထပ်မြင့်သွားလေလေ အရောင်းကုန် ယောက်ျားလေးတွေရဲ့ အရည်အသွေးက မြင့်လေလေပေါ့။ ဆုံးဖြတ်ချက် ချပြီးပြီ ဆိုရင်တော့ အထပ် တစ်ထပ်က ယောက်ျား တစ်ယောက်ကို ရွေးချယ် ဝယ်ယူနိုင်သလို မကြိုက်သေးရင်တော့ နောက်တစ်ထပ် တက်ပြီး လေ့လာနိုင်တာပေါ့။ ဒါပေမယ့် အထပ်တစ်ထပ် တက်ပြီး သွားတာနဲ့ အောက်ထပ်က ရောင်းကုန် ယောက်ျားလေးကို ရွေးပိုင်ခွင့် မရှိတော့ဘူး။ စတိုးဆိုင်ထဲက ပြန်ထွက်မယ် ဆိုမှပဲ အောက်ဆင်းပိုင်ခွင့် ရှိတော့တယ်။ ဒါတွေက ဒီ စတိုးဆိုင်ရဲ့ စည်းမျဉ်း စည်းကမ်းတွေပေါ့။ အမျိုးသမီး တစ်ယောက် ဆိုင်ထဲကို ဝင်လာတယ်။ သူ့အတွက် လိုက်ဖက်ညီမယ့် ခင်ပွန်းလောင်း၊ လင်ယောက်ျား တစ်ယောက် ဝယ်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပေါ့။ ပထမထပ်ရဲ့ အဝင်တံခါးမှာ ချိပ်ထားတဲ့ ဆိုင်းဘုတ်ကို ဖတ်ကြည့်လိုက်တယ်။ (၁) လွှာ >> အလုပ်အကိုင်ရှိ၍ ဘာသာရေး ကိုင်းရှိုင်းသော အမျိုးသားများ ဒုတိယထပ်ရဲ့ ဆိုင်းဘုတ်က (၂) လွှာ >> အလုပ်အကိုင်ရှိ၍ ဘာသာရေး ကိုင်းရှိုင်းသည့်အပြင် ကလေးလည်း ချစ်တတ်သော အမျိုးသားများ တတိယထပ်ရဲ့ ဆိုင်းဘုတ်က (၃) လွှာ >> အလုပ်အကိုင်ရှိ၍ ဘာသာရေး ကိုင်းရှိုင်းသည့်အပြင် ကလေးလည်း ချစ်တတ်ပြီး ရုပ်ရည် အထူးသန့်ပြန်သော အမျိုးသားများ "ဝိုးးးးးး" ဆိုတဲ့ အာမေဋိတ်သံ ထွက်လာပေမယ့် နောက်တစ်ထပ်ကို ဆက်တက်ဖို့ပဲ ဆုံးဖြတ်လိုက်တယ်။ အမျိုးသမီးဟာ စတုတ္ထထပ်ကို တက်သွားပြီး စတုတ္ထထပ်ရဲ့ ဆိုင်းဘုတ်ကို ဖတ်လိုက်တယ်။ (၄) လွှာ >> အလုပ်အကိုင်ရှိ၍ ဘာသာရေး ကိုင်းရှိုင်းသည့်အပြင် ကလေးလည်း ချစ်တတ်ပြီး ကြွေလောက်အောင် သန့်ပြန့်ရုံမက အိမ်မှုကိစ္စများကိုပါ ဝိုင်းကူလုပ်ပေးတတ်သော အမျိုးသားများ "ဟိုက် ရှားပါး၊ ကြွေစမ်း။ ငါ ခြေထောက်တွေ မခိုင်တော့ပါလား" လို့ ရေရွတ်နေမိတယ်။ နောက်တစ်ထပ်ကို ဆက်တက်ဖို့ပဲ အားသန်နေတယ်။ ဒီထက် ကောင်းတာတွေ အပေါ်ထပ်မှာ ရှိနိုင်တယ်လေ။ ပဉ္စမထပ်ရဲ့ ဆိုင်းဘုတ်က (၅) လွှာ >> အလုပ်အကိုင်ရှိ၍ ဘာသာရေး ကိုင်းရှိုင်းသည့်အပြင် ကလေးလည်း ချစ်တတ်ပြီး ကြွေလောက်အောင် သန့်ပြန့်ရုံမက အိမ်မှုကိစ္စများကိုပါ ဝိုင်းကူလုပ်ပေးတတ်သလို အင်မတန် ချစ်တတ်၊ ကြင်နာတတ်သော အမျိုးသားများ ဒီထက်ကောင်းတယ်ဆိုတာတောင် ဒီလောက်ကောင်းတော့မယ် မထင်။ သူရဲ့ အာရုံတွေက ဒီအလွှာမှာပဲ တစ်ဝဲဝဲ လည်နေတော့တယ်။ ဒါပေမယ့် သူရဲ့ ခြေလှမ်းတွေက နောက်တစ်ထပ် တက်ဖို့ လှေကားဘက်ကိုပဲ ဆက်ပြီး ချီတက်နေတော့တယ်။ ဆဋ္ဌမထပ်က ရွေးချယ်မှုက ပိုကောင်းနိုင်သေးတာပေါ့။ ဆဋ္ဌမထပ်ရဲ့ ဆိုင်းဘုတ်က (၆) လွှာ >> သင်ဟာ ဒီအထပ်ကို ရောက်လာတဲ့ (၄ ၅၈ ၇၅၇) ယောက်မြောက် ဧည့်သည်ပါ။ ဒီအလွှာမှာ ဘာ အမျိုးသားမှ မရှိပါဘူး။ မရောင့်ရဲနိုင်တဲ့ အမျိုးသမီးတွေအတွက် အထီးကျန်မှုတွေပဲ ရှိပါတယ်။ လင်ယောက်ျား စတိုးဆိုင်ကို ဈေးဝယ်လာတဲ့အတွက် ကျေးဇူးအထူး တင်ပါတယ်။ ဆိုင်ကနေ ထွက်တော့မယ်ဆိုရင် ပစ္စည်းများ မေ့မကျန်ရစ်အောင် အထူးသတိပြုပေးပါ။ အစစအရာရာ အဆင်ပြေပါစေလို့ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။ xxxxxx ဝဝဝဝဝဝ xxxxxx ဒီပုံပြင်အရ အမျိုးသမီးတွေရဲ့ မရောင့်ရဲတတ်မှုကို ဖော်ကြူးထားတာပါ။ အင်္ဂလိပ်လိုကနေ ဘာသာပြန်ထားတာပါကြောင့် မူရင်းအနှစ်သာရ မပျက်အောင် ရေးထားတာ ဆိုပေမယ့် ကျနော်အတွက် ပြောစရာတွေ ရှိလာတယ်။ မရောင့်ရဲတတ်တာ လူသဘာဝမို့ အမျိုးသမီးတွေတင် မကဘဲ အမျိုးသားတွေကော ဒီပုံပြင်နဲ့ သက်ဆိုင်မယ်လို့ ထင်တယ်။ ကျနော် အနေနဲ့ ပြောရရင် အဲလိုသာ ရွေးချယ်ခွင့် ရှိမယ်ဆိုရင် ၆ လွှာအထိ ဒီအတိုင်း တက်သွားမယ့်အပြင် ခေါင်းမိုးပေါ်အထိ တက်သွားပြီး ဖွက်ထားဦးမလားလို့ တက်ကြည့်မိမှာ အမှန်ပဲဗျ။ ရွေးခွင့် ရှိတာကိုးဗျ။ ဒီတော့ စိတ်တိုင်းမကျမချင်း ဆက်ရွေးနေဦးမှာ သေချာတယ်။ ဒါကြောင့်လည်း တစ်ခါတလေ စဉ်းစားမိတယ်။ လူတစ်ယောက်ဟာ ကိစ္စအတော်များများမှာ ရွေးချယ်ခွင့် များများ မရှိသင့်ဘူး။ ရွေးချယ်ခွင့် များလေလေ ထွေပြီး ဘာယူရမှန်း မသိလေလေပဲလေ။ တစ်ခါတလေတော့လည်း ဘာမှ မရွေးရဘဲ တစ်ခုတည်းကို လက်ခံရတာ စိတ်ပင်ပန်း သက်သာသလားလို့ တွေးမိတယ်။ ဒဿနပညာရှင်တွေ ပြောတာကတော့ ရွေးချယ်ခွင့် များများ ရှိခြင်းက လွတ်လပ်ခြင်းရဲ့ သင်္ကေတတဲ့။ လွတ်လပ်တဲ့ လူတစ်ယောက်ဖြစ်ဖို့ အခွင့်အလမ်းတွေ အားလုံးက ပွင့်နေရမယ် လို့ ဆိုပါတယ်။ ရည်းစားများတဲ့ လူတွေက အိမ်ထောင်ကျ နောက်ကျတာ များတယ်။ ဒါ ကျနော် ပတ်ဝန်းကျင်မှာ တွေ့နေရတာ။ ရည်စားများတော့ ရွေးချယ်စရာ များတယ်။ ဟိုလူယူရနိုးနိုး၊ ဒီလူ ယူရနိုးနိုး အမြဲ ဖြစ်နေတတ်တယ်။ ကျနော် စာအုပ်တစ်အုပ်မှာ ဖတ်ဖူးတာကို ပြန်ပြီး ဝေမျှလိုက်ဦးမယ်။ ခေါင်းစဉ်နဲ့ သိပ်မဆိုင်လှပေမယ့် ကြုံလို့ ;P ။ လူတွေ အပျိုကြီး လူပျိုကြီး ဘာကြောင့် ဖြစ်ရသလဲ ဆိုတဲ့ ခေါင်းစဉ်နဲ့ သုတေသန ပြုကြတယ်။ တိုးတက်တဲ့ နိုင်ငံတွေမှာ အရွယ်ရောက်သူတွေ အိမ်ထောင်မပြုကြလို့ အတော်လေး ပြဿနာတက်နေတယ်။ မြင်သာ ထင်သာတဲ့ ပြဿနာက အလုပ်လုပ်နိုင်တဲ့ ဦးရေ (work force) နဲ့ အရွယ်ရောက်မယ့်သူ ဦးရေ (Potential work force) နည်းလာခြင်းပဲ။ သုတေသနရဲ့ တစ်စိတ်တစ်ပိုင်း အနေနဲ့ အသက်သုံးဆယ်ရဲ့ အထက် အပျိုကြီး၊ လူပျိုကြီးတွေကို အင်တာဗျူးထားတယ်။ သူတို့ရဲ့ အခြေခံ စိတ်ဓါတ်သဘောထားကို ကောက်ချက်ဆွဲပြီး တူတာတွေကို စုချလိုက်တဲ့အခါမှာ အာလုံးမှာ တူညီနေတဲ့ အချက်တစ်ချက် လာတွေ့တယ်။ အဲဒီအချက်က အတော်လေး စိတ်ဝင်စားစရာ ကောင်းတယ်။ ကျနော် ပတ်ဝန်းကျင်မှာ ရှိတဲ့ လူပျိုကြီး အပျိုကြီးတွေဆီမှာ အဲဒီ အချက် ရှိသလားလို့ လိုက်လေ့လာကြည့်တော့လဲ မလွဲဘူး၊ ရှိနေတယ်။ အဲဒီအချက်က ဘာလဲဆိုတော့ "မိမိကိုယ်ကို အထင်ကြီးလွန်ခြင်း" တဲ့။

ပုံရိပ်ဆန်းတွေကြီးပဲနော်--သေချာလေးကြည့်ပေးပါ

၁။လေးထောင့်ကွက်တွေကြားက အ၀ိုင်းလေးတွေမှာဘယ်ဟာမဲနေလဲရှာကြည့်ပါလား၂။ဘယ်မျဉ်းကကောက်နေတာလဲ ဟင်း၃။ ဆင်ခြေထောက်ကဘယ်နှချောင်းလဲ၎။မိန်းကလေးကိုရှာပေးပါ၅။ဘိုးဘိုးမျက်နှာဘယ်လောက်များလဲ၆။မြေခွေးဘယ်နှကောင်လဲရ။စာလေးကိုရှာပေးပါ၈။အလယ်ကစက်ဝိုင်းတွေမှာ ဘယ်ဟာကပိုကြီးလဲ၉။ပတ်သွားကြည့်ပါ ဘယ်နားမှာပိုနှိမ့်လဲ၁၀။ဘယ်လိုမေးရမှာလဲ ဖြေချင်တာဖြေတော့ကွာ၁၁။လေးထောင့်လား ခြောက်တောင့်လား၁၂။မျဉ်းဖြောင့်လား မျဉ်းကွေးလား၁၃။ငှက်ကလူကိုစားတာလား လူကငါးဖမ်းတာလား၁၄။တိုင်ဘယ်နှတိုင်လဲ၁၅။လူမျက်နာ ဘယ်နှခုပါလဲရှာကြည့်ပါလား၁၆။ဘယ်သူကပိုရှည်လဲတိုင်းကြည့်ပေးပါ၁၇။ဘာကောင်းလေးနှစ်ကောင်လဲပြောပြလေ၁၈။ဝင်ပေါက်လားအကာလား၁၉။နေရာလွတ်လေးကဘယ်နာကပါလိမ့်၂၀။မြင်းဘယ်နှစ်ကောင်လဲသေချာရှာပေးပါလား၂၁။ဘိုးဘိုး နဲ ဘွားဘွားကဘယ်မှာလဲ၂၂။စာလုံးတွေကစောင်းနေတာလားသေချာကြည့်ပေးပါအုံး၂၃။ဘယ်ဟာကပြေးနေတာလဲနော်၂၄။စပါးခင်းကလေတိုက်နေတာလား၂၄။ဘယ်ဘက်ကိုလည်နေတာလဲ၂၆။အလယ်ကအမှတ်နဲ့ဘယ်အမှတ်ကပိုဝေးလဲ၂၇။ဘယ်အ၀ိုင်းကလှည့်နေတာလဲ၂၈။ရှေ့တိုးကြည့်ပါ လှည့်နေသလားလို့ သေချာကြည့်နော်

NLD နဲ့လက်တွဲ ဆောင်ရွက်မယ်လို့ ဦးသိန်းစိန်ပြော


ကြားဖြတ်ရွေးကောက်ပွဲမှာ အမတ်နေရာအများစု အနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ လက်တွဲ လုပ်ဆောင်သွားမယ်လို့ သမ္မတ ဦးသိန်းစိန်က မနေ့က ပြောလိုက်ပါတယ်။
၂၀၁၂ ခုနှစ် ဧပြီလ ၃ ရက်က ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်ပင်မြို့တွင် ကျင်းပသော
အာဆီယံ ထိပ်သီးအစည်းအဝေး၌ သမ္မတ ဦးသိန်းစိန် တက်ရောက်နေစဉ်။AFP
မြန်မာနိုင်ငံ အေးချမ်းသာယာရေးနဲ့ တိုင်းပြည် စီးပွားရေး တိုးတက်အောင် ဆောင်ရွက်နိုင်ဖို့အတွက် အန်အယ်လ်ဒီနဲ့ လက်တွဲ ဆောင်ရွက်သွားမယ်လို့ ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်ပင်မြို့မှာ အာဆီယံ ထိပ်သီးအစည်းအဝေး တက်ရောက်နေစဉ် ဂျပန်သတင်းဌာန NHK နဲ့ တွေ့ဆုံမေးမြန်းစဉ်မှာ သမ္မတ ဦးသိန်းစိန်က ပြောခဲ့တာပါ။

မြန်မာနိုင်ငံ စီးပွားရေး တိုးတက်ဖို့ဆိုရင် အနောက်နိုင်ငံတွေက ချမှတ်ထားတဲ့ ပိတ်ဆို့ အရေးယူမှုတွေကို တဖြည်းဖြည်းချင်း လျော့ချသွားမယ်လို့ ယုံကြည်ကြောင်းလည်း သမ္မတ ဦးသိန်းစိန်က ပြောပါတယ်။

အဲဒီလို ပိတ်ဆို့ အရေးယူမှုတွေ လျော့ချဖို့အတွက် အာဆီယံအဖွဲ့ကလည်း မြန်မာအစိုးရဘက်က ရပ်တည်ပြီး အနောက်နိုင်ငံတွေကို တောင်းဆိုသွားမယ်လို့ ပြောပါတယ်။

ဒီလကုန်ပိုင်းလောက်မှာ သမ္မတ ဦးသိန်းစိန်ဟာ ဂျပန်နိုင်ငံကို သွားရောက်မှာဖြစ်ပြီး ဂျပန်နိုင်ငံက နိုင်ငံရပ်ခြား အကူအညီ ODA ပြန်ပေးနိုင်ရေးအတွက် ဆွေးနွေးသွားမယ်လို့ ဆိုပါတယ်။

From:RFA News
Simon-Blog

စမ်းသပ်၍ ၂၄နာရီ လျှပ်စစ်မီးပေးဝေဖြန့်ဖြူးသွားမည်

ယနေ့မှစကာ ညနေ ငါးနာရီမှ မနက် ငါးနာရီထိ တစ်ညလုံးမီးပေးနိုင်ရန် စီစဉ်ထားပြီး သင်္ကြန်ရက်များအတွင်း ၂၄ နာရီ မီးပေးသွားမည်ဟု ရန်ကုန်မြို့တော် လျှပ်စစ်ဓါတ်အားပေးရေး ဘုတ်အဖွဲ့ ဥက္ကဌက ယနေ့ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် အတည်ပြု ပြောကြားသည်။ ထို့အပြင် အလှည့်ကျမီးပေးစနစ်ကို နေ့ခင်းပိုင်းအတွက်သာ ကျင့်သုံးမည်ဖြစ်ကြောင်း သိရသည်။
လင်းဇော်ထက် linnzawhtike@gmail.com ရေးသားသူ ................

သဘာဝရဲ့ အာဟာရ









အခုခေတ်မှာ အားဆေးမျိုးစုံ ရေပန်းစားလာတယ်နော်။ ကိုယ်ခံအားကောင်းစေတဲ့ Vit C  အားဆေး၊ အရိုးခိုင်မာစေတဲ့ ကယ်စီရမ် အများကြီးပါပဲ။ ဒါပေမယ့် ချစ်စရာအရမ်းကောင်းတဲ့ လောကကြီးက အားဆေးမလိုအောင် ဖန်တီးထားပြီးသားပါ။ အားဆေးတွေ ဘယ်လောက်ကောင်းကောင်း သဘာဝအစားအစာတွေကို မမှီပါဘူး။ သင်တို့လိုအပ်နေတဲ့ အာဟာရဓာတ်တွေကို လောကကြီးရဲ့ ရတနာ ဘယ်အစားအစာတွေက ရနိုင်တယ်ဆိုတာ လေ့လာရအောင်နော်။
Vit A
အ၀ါရောင်အသီးများ (သရက်သီး၊ သဘောင်္သီး၊ ကန်စွန်းဥ၊ ရွှေဖရုံသီး၊ မုန်လာဥ၀ါ၊ ခရမ်းချဉ်သီး)၊ ဆလတ်ရွက်၊ ဒန့်သလွန်ရွက်၊ ဆူးပုတ်ရွက်၊ ဗူးညွန့်၊ အသည်း၊ ထောပတ်၊ ဥအနှစ်။

Vit D
ငါးကြီးဆီ၊ ငါး၊ နို့၊ ထောပတ်၊ ချိစ်။

Vit E
အစိမ်းရောင်ဟင်းရွက်များ၊ နေကြာစေ့၊ ပြောင်းဖူး၊ အခွံမာအသီးများ၊ ဂျုံ၊ ဟင်းသီးဟင်းရွက်ဆီများ (သံလွင်ဆီ)။

Vit K
အစိမ်းရင့်ရောင်အရွက်များ (ဟင်းနုနွယ်)၊ ဂေါ်ဖီ၊ ခရမ်းချဉ်သီး၊ ပဲ၊  ဥအနှစ်၊ အသည်း၊ ငပိ။

Vit C
ရှောက်သီး၊ သံပရာသီး၊ စတော်ဘယ်ရီသီး၊ ခရမ်းချဉ်သီး၊ ဂေါ်ဖီစိမ်း၊ ဇီးဖြူသီး၊ ဖန်ခါးသီး၊ သရက်ဖူး၊ ဇောင်းရမ်းသီး၊ မာလကာသီး၊ စပျစ်သီး။

Vit B1 ( Thiamine ) 
ဆန်လုံးညို၊ အသည်း၊ ကျောက်ကပ်၊ ၀က်သား၊ အခွံမာသီးများ။

B2 ( Riboflavin )
ကလီစာများ၊ ဥအနှစ်၊ ပဲဇင်းငုံ၊ ပဲထောပတ်၊ တဆေး။

B3 ( Niacin ) 
တဆေး၊ အသား၊ ငါး၊ ပဲပိစပ်၊ အစိမ်းရောင်ဟင်းသီးဟင်းရွက်များ။


Vit B6 ( Pyridoxine ) 
တဆေး၊ ဂျူံစပါး၊ ပြောင်း၊ အသည်း၊ ဥအနှစ်၊ အစိမ်းရောင်ဟင်းသီးဟင်းရွက်များ၊ ငှက်ပျောသီး။

Folic acid 
အစိမ်းရောင် ဟင်းသီးဟင်းရွက်များ၊ တဆေး၊ အသည်း၊ ကျောက်ကပ်။

Vit B12 ( Cobalamin )
အသီးအရွက်တွေမှာ မပါဝင်ပါ။ အသည်း၊ ကျောက်ကပ်၊ အသား၊ နို့၊ ဥအမျိုးမျိုး စတဲ့ တိရိစ္ဆာန်ထွက် အစားအစာတွေမှာသာ ပါဝင်ပါတယ်။

Vit B5 ( Pantothenic acid )
အစားအစာအများစုမှာ ပါဝင်ပါတယ်။ အသားတွေမှာ ပိုပြီးကြွယ်ဝစွာ ပါဝင်ပါတယ်။ ကောက်ပဲသီးနှံ၊ ပဲအမျိုးမျိုးမှာလည်း ကြွယ်ဝစွာပါဝင်ပါတယ်။

Biotin
ကောက်ပဲသီးနှံ၊ အသည်း၊ ဥအနှစ်၊ အသား၊ ငါး။

Calcium
နို့၊ ချိစ်၊ ဥနှစ်၊ အခွံမာသီးများ၊ ပဲ၊ ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီ၊ ကညွတ်။

Magnesium 
အစိမ်းရောင်အသီးအရွက်များ၊ နို့၊ ဥအမျိုးမျိုး၊ သစ်သီးများ။

Sodium
ဆား၊ ပေါင်မုန့်၊ ချိစ်၊ ပင်လယ်စာများ၊ မုန်လာဥ၊ ပန်းဂေါ်ဖီ၊ ဟင်းနုနွယ်၊ အခွံမာသီးများ၊ ဥအမျိုးမျိုး၊ နို့။

Potassium
ကြက်သား၊ အမဲအသည်း၊ ငှက်ပျောသီး၊ လိမ္မော်သီးဖျော်ရည်၊ နာနတ်သီး၊ အာလူး၊ ဗူး၊ ဖရုံ၊ ဖရဲ။

Iron
အသား၊ ကလီစာ၊ ဥအနှစ်၊ ငါး၊ အစိမ်းရင့်ရောင်အရွက်များ (ဟင်းနုနွယ်၊ ကန်စွန်းရွက်၊ ဗူးညွန့်)။

Iodine
အိုင်အိုဒင်းဆား၊ ပင်လယ်ရေမှော်၊ ငါး။

Zinc
အသား၊ အသည်း၊ ဥအမျိုးမျိုး၊ နို့၊ ကနုကမာ၊ နှံစားသီးနှံများ။

Tipard Video Converter 4.2.12 ဆော့ပ်ဝဲလ်လေးပါ !



COMPUTER ပေါ်မှာ Install လုပ်စရာ မလိုတဲ့ Portable ဆော့ဝဲလေးပါ။ အတော် အသုံးဝင် ပါတယ်။ Format အများစု ကိုလည်း Convert ပြောင်းပေးနိုင်ပါတယ်။ MPG, MPEG, MPEG2, SWF, FLV, VOB, MOD, MP4, H.264, M4V, AVI, WMV, 3GP, 3GPP, MOV, DivX, XviD, QuickTime Video, DV, MJPG, MJPEG, MPV, TS, MTS, M2TS, HD MPEG 2, HD MEG4, HD WMV, HD MOV, HD H.264, HD RM,M4A, MP3, AC3, AAC, WMA, WAV, OGG, AU, Nut, AIFF, FLAC, AMR အစရှိတာ တွေကို ပြောင်းပေး နိုင်တဲ့ အပြင် iPod, iPhone, Apple TV, PSP, PS3, Wii, Zune, Xbox, Sony Walkman, Sony XPERIA, Google Phone, BlackBerry စတာ တွေ အခြား Mobile phone တွေ အတွက် အသုံးပြုလို့ ရတဲ့ format တွေကို ပါပြောင်းပေး နိုင်ပါတယ်။
Converter အဖြစ်တွင်သာ မက Video တွေကို ကိုယ်စိတ်ကြိုက် Colour တင်တာ လျှော့တာ။ အလင်း အမှောင် ချိန်တာ။ ကိုယ်စိတ်ကြိုက် ပိုင်းဖြတ်တာ။ စာရေး ဖြည့်ထည့်တာ။ ပုံလေးများ ထပ်ထည့်တာ။ ကိုယ်မလို ချင်တဲ့ အပိုင်းတွေ ဖြတ်ထုတ်တာ။ စတာ စတာ တွေ ကို လုပ်ဆောင်နိုင် ပါသေးတယ်။ Mp3 စတဲ့ Format တွေကိုလည်း စိတ်ကြိုက် ပိုင်းဖြတ် cutting လုပ်နိုင် ပါတယ်။
ဆော့ပ်ဝဲလ်ကိုတော့ အောက်ကလင့်ခ်လေးမှာ ဒေါင်းလိုက်ကြပါနော် !
http://www.mediafire.com/?j0ztemowumm
(မှတ်ချက်။ ။ကိုကြီးကျော် မှ ပြန်လည်တင်ပြသည်)

အနာဂတ်ကြယ်ပွင့်လေးများ: http://www.futurestars-mm.com/profiles/blog/show?id=6405389%3ABlogPost%3A335358&xgs=1&xg_source=msg_share_post#ixzz1rEyhz2bw