This is default featured slide 1 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 2 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 3 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 4 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 5 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
Thursday, April 5, 2012
Spring Season ပန်းအလှ ရူခင်း
Mr. Jugger
UCS Mandalay   Visit this group
★* 。 • ˚ ˚ ˛ ˚ ˛ •
•。★.★ 。* 。
° 。 ° ˛˚˛ * _Π_____*。*˚
˚ ˛ •˛•˚ */______/~\。˚ ˚ ˛
˚ ˛ •˛• ˚ | 田田 |門| ˚
*Mr.Jugger*   
လျှပ်စစ်မီးအလှည့်ကျ မီးပေးစနစ်
ကြားဖြတ်ရွေးကောက်ပွဲပြီးပြီးခြင်းတွင် မြန်မာနိုင်ငံပြည်သူများအတွက် ဒေါသထွက်စရာ ဖြစ်ရပ်ကြီးတစ်ခု ဖြစ်ပွားခဲ့ပါသည်..။ ထိုကိစ္စကား လျှပ်စစ်မီးကို ဧပြီ ၂ ရက်နေ့မှစပြီး အလှည့်ကျ မီးပေးစနစ်ဖြင့် ဖြတ်တောက်လိုက်ခြင်းပင်ဖြစ်သည်။
နိုင်ငံတော်သမ္မတ၏ ဘယ်တော့မှ နောက်ပြန်မသွားဘူးဟု ပြောကြားချက်ကို မသိချင်ယောင်ဆောင်ပြီး လျှပ်စစ်ဝန်ကြီးဌာနများမှ ဘက်ဂီယာထိုးလိုက်ခြင်းဟု လေ့လာမိပါသည်။ ထိုကိစ္စနှင့် ယှဉ်တွဲပြီး ဆက်တိုက်ဒေါသထွက်စရာကိစ္စများကား မြစ်ဆုံစီမံကိန်း ပြန်စမည်ဟုသော ပြည်တွင်းပြည်ပမီဒီယာများ၏ အထောက်အထားများဖြင့်ဖော်ပြချက်များ၊ သံလွင်မြစ်ကိုအခြေတည်ကာ ဟတ်ကြီးရေအားလျှပ်စစ်စီမံကိန်းတည်ဆောက်ပြီး ရင်းနှီးမြုပ်နှံသူထိုင်းကို ၉၀ ရာခိုင်နှုန်းရောင်းမည်ဟုသော သတင်းများက မြန်မာနိုင်ငံမီးပျက်သည်နှင့် တပြိုင်တည်းပေါ်လာသောသတင်းများဖြစ်သည်။ တနည်းအားဖြင့်ဆိုလျှင် ကြားဖြတ်ရွေးကောက်ပွဲအတွင်း ရောက်ရှိနေသော ပြည်တွင်းပြည်ပ လေ့လာသူများနှင့် မီဒီယာများအား ဖိုးသင်းမျောက်အဖြစ် လျှပ်စစ်ဝန်ကြီးဌာနများမှ လုပ်ပြလိုက်ခြင်းဖြစ်သည်။
 လျှပ်စစ်(၁) နှင့် လျှပ်စစ် (၂) ဟုသော ၀န်ကြီးဌာနနှစ်ခု ရှိသည့်အနက် လျှပ်စစ် (၁) မှာ ဓာတ်အားထုတ်လုပ်မှုစီမံကိန်းများကို အကောင်အထည်ဖော်ပြီး တဖက်နိုင်ငံအားရောင်းချခြင်းဖြင့် နိုင်ငံတော်အား ဒေါ်လာရှာပေးသောဌာနဖြစ်ပြီးး လျှပ်စစ် (၂) ၀န်ကြီးဌာနမှာမူ ဓာတ်အားဖြန့်ဖြူးခြင်းကို လုပ်ဆောင်နေသော ဌာနဖြစ်ကြောင်းလေ့လာဖူးပါသည်။ အဲဒီလိုဆိုရင်.. ။ လျှပ်စစ် (၁) ရဲ့ ဓာတ်အားထုတ်လုပ်မှုများ၊ ဓာတ်အားရောင်းချသော ဒေါ်လာများက လျှပ်စစ် (၂) ရဲ့ ဓာတ်အားဖြန့်ဖြူးရေးလိုအပ်ချက်ကို ဘာ့ကြောင့်မဖြည့်ဆည်းပေးနိုင်တာလဲဟု လူပြိန်းတွေးတွေးမိပါသည်။ မနှစ်ကလွှတ်တော်ထဲတွင် ၀န်ကြီး ဦးခင်မောင်စိုး ကိုယ်တိုင် ဓာတ်အားမလုံလောက်သဖြင့် ပြည်ပ(တရုတ်)မှ ၀ယ်ယူဖြန့်ဖြူးရကြောင်း ၀န်ခံထားဖူးပါသည်..။ ဘယ်လောက်ရာဇ၀င်ရိုင်းပါသလဲ..။ ကိုယ့်နိုင်ငံရဲ့ ရေအရင်းအမြစ်များမှထွက်သောဓာတ်အားကို တရုတ်က ရပြီး ကိုယ်နိုင်ငံက မီးထွန်းဖို့အတွက် သူ့ဆီမှ ဓာတ်အားပြန်ဝယ်နေရသည်ဆိုသည်မှာ ရာဇ၀င်ရိုင်းသလို ကိုယ့်နိုင်ငံရဲ့ အရင်းအမြစ်ကရသော လျှပ်စစ်ဓာတ်အားဖြင့်ထုတ်လုပ်သော မီးစက်များ၊ အင်ဗာတာများ ဘက်ထရီများကို ကိုယ့်နိုင်ငံက ပြန်ဝယ်သုံးနေရသည့်  ဈေးကွက်ကြီးကလည်း ပြန်စဉ်းစားကြည့်လျှင် ကိုယ့်လူတွေ အသုံးမကျတာလား တရုတ်ကိုက လည်တာလားမသိပါ။
 မြန်မာနိုင်ငံ၏ လူမုန်းအများဆုံး လျှပ်စစ် (၁) ၀န်ကြီး ဦးဇော်မင်းမှာ နိုင်ငံအတွက် ဒေါ်လာရအောင် လုပ်ပေးနေသည်ဆိုသော်လည်း မိမိကော်မရှင်ရရေးအတွက် တရုတ်လက်ပါးစေ မြန်မာနိုင်ငံအခြေစိုက် အေးရှားဝေါကဲ့သို့ ကုမဏီများ၏ အစေခံအဆင့်သာဖြစ်ပြီး ပတ်သက်ရာလူကြီးများ(ဥပမာ - ရှစ်လုံးအတွက်) ကော်မရှင်ရအောင် တိုင်းရင်းသားပြည်နယ်များရှိ သဘာဝသယံဇာတများကို လက်ညိုးထိုးရောင်းစားနေသောဌာနဖြစ်ပါသည်း။ မြစ်ဆုံကို ဥပမာ ပြရလျှင် ရေ၀ပ်ဧရိယာ မိုင်ငါးဆယ်ပတ်လည်တွင် ရှိသော သစ်ပင်၊ တွင်းထွက်၊ တိရိစ္ဆာန်မှန်သမျှ တရုတ်သို့ ရောက်သွားသည်မှာ သက်သေပင်ဖြစ်ပါသည်။ ငါးစာကိုမြင်ပြီး ငါးမျှားချိတ်ကို မမြင်သော ၀န်ကြီးဖြစ်ပါသည်။ တို့တာဝန်အရေးသုံးပါးတွင် တစ်ပါးအပါအ၀င်ဖြစ်သော နိုင်ငံတော်၏ အချုပ်အခြာအာဏာတည်တန့်ခိုင်မြဲရေးကို မသိကျိုးကျွံပြုပြီး စီမံကိန်းများမှ တရုတ်များကို တံခါးမရှိဓားမရှိ မြန်မာနိုင်ငံကို ဈေးအိမ်သာကဲ့သို့ ၀င်ထွက်နေသည်ကို  လက်ပိုက်ကြည့်နေသူဖြစ်ပါသည်။ ၄င်း၏ ၀န်ကြီးဌာနသက်တမ်းလျောက်တွင် ထုတ်လုပ်ခဲ့သော မီဂါဝပ် ထောင်ပေါင်းများစွာရှိသော်လည်း မြန်မာနိုင်ငံအတွင်းတွင် မီးမှိန်ကာ ငုတ်တုတ်ထိုင်၊ ဖောင်စီးရင်းရေငတ်နေသော ပြည်သူများကို မသိကျိုးကျွန်ပြုကာ တိုင်းတပါးသို့ လျှပ်စစ်ရောင်းစားနေသော ဘယ်သူသေသေ ငတေမာရင်ပြီးရော စိတ်ရှိသူဖြစ်ပါသည်။ သူပြောခဲ့သော အချက်များကို ပြန်ကြည့်ပါ..။
 ဒီစီမံကိန်းတွေ လုပ်တိုင်းလုပ်တိုင်းမှာ ကျွန်တော်တို့ နိုင်ငံမှာ ပိုက်ဆံမရှိလို့ လုပ်တာ။ ပိုက်ဆံရှိရင် ကိုယ့်ဟာ ကိုယ်လုပ်မှာပေါ့။ ဒါ နံပါတ်တစ်။ ပိုက်ဆံရှိလို့ ကိုယ့်ဟာကိုယ် လုပ်ပြီးရင် ဒီလျှပ်စစ်ကို ဘယ်သူကသုံးမှာလဲ။ ကျွန်တော်တို့ နိုင်ငံမှာ အခုမဂ္ဂါဝပ် ၁၅၀၀ ပေးတာတောင် ကုန်အောင် မသုံးနိုင်ဘူး။ အဲဒီတော့ ဘယ်သူက သုံးမှာလဲ။ သုံးစရာမရှိရင် market ရဲ့သဘောအရ ရောင်းစားရမှာပေါ့။  သူ့ပြောကြားချက်နဲ့  လက်ရှိ လျှပ်စစ် (၂) ၀န်ကြီး ဦးခင်မောင်စိုးရဲ့ လွှတ်တော်ထဲတွင် ပြောကြားချက်ကို ပြန်လေ့လာကြည့်ရင်..
အမှတ်(၂)လျှပ်စစ်စွမ်းအားဝန်ကြီး ဌာနအနေနဲ့ လျှပ်စစ်ဖြန့်ဖြူးပေးတဲ့နေရာမှာ နည်းလမ်းငါးသွယ်နဲ့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးလျက်ရှိပါတယ်။ နိုင်ငံတော်ဓာတ်အားစနစ်နဲ့ လက်လှမ်းမီတဲ့ နေရာတွေမှာ နိုင်ငံတော် ဓာတ်အားစနစ်ကနေ ဖြန့်ဖြူးပေးနေပါတယ်။ နိုင်ငံတော် ဓာတ်အားစနစ်ကနေ အလှမ်း ကွာဝေး တဲ့ ဒေသတွေမှာ အသေးစားရေအားလျှပ်စစ်စက်ရုံများ တည်ဆောက်ပြီးလည်းကောင်း၊  ဒီဇယ်အင်ဂျင်စက်ရုံများ ဖြင့်လည်းကောင်း၊ ပြည်သူများပါဝင်သော မီးလင်းရေးကော်မတီများ၏ အစီအစဉ်ဖြင့်လည်းကောင်း၊ အိမ်နီးချင်းနိုင်ငံများမှ ဓာတ်အားဝယ်ယူ၍ ဖြန့်ဖြူးပေးခြင်းဖြင့် လည်းကောင်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူး ပေးလျက်ရှိပါတယ်။ နိုင်ငံတော် ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးရာမှာ ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၀ ခု နှင့် ခရိုင် ၄၂ ခု၊ မြို့နယ်မြို့ပေါင်း ၂၅၀၊ ကျေးရွာပေါင်း ၂၁၉၄ ခုကို နိုင်ငံတော်ဓာတ်အားပေးစနစ်မှ ဓာတ်အားပေးထားပါတယ်။ တိုင်းဒေသကြီး ၄ ခု၊ ခရိုင် ၂၆ ခု၊ မြို့နယ်ပေါင်း ၁၈၀ နှင့် ကျေးရွာပေါင်း ၄၅၉၅ ရွာကို အခြား နည်းလမ်းများဖြင့် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးလျက် ရှိပါတယ်။ ရေအားလျှပ်စစ် စက်ရုံငယ်ပေါင်း ၃၂ ရုံ၊ ဒီဇယ်စက်ရုံပေါင်း ၅၆၉ ရုံနဲ့ မြို့ပေါင်း ၃၄၀၊ ရွာပေါင်း ၄၂ ရွာကိုလည်း ဓာတ်အားပေးလျက်ရှိပါတယ်။ အခု မြန်မာနိုင်ငံမှာ ကျေးရွာပေါင်း ၆၄၃၄၆ ရွာအနက် လျှပ်စစ်ဓာတ်အား ရရှိတဲ့ ကျေးရွာပေါင်းဟာ ၆၇၈၉ ရွာ ၁၀ ဒသမ ၅ ရာခိုင်နှုန်းဖြစ်ပါတယ်။ လျှပ်စစ်ဓာတ်အား မရရှိတဲ့ရွာပေါင်း ဟာ ၅၇၅၅၇ ရွာ ၈၉ ဒသမ ၅ ရာခိုင်နှုန်း ဖြစ်နေပါတယ်။ လျှပ်စစ်ဓာတ်အားရရှိပြီးတဲ့ ကျေးရွာပေါင်း ၂၁၉၄ ရွာမှာ နိုင်ငံတော်ဓာတ်အားစနစ်က ရရှိတာဖြစ်ပါတယ်။ အခြားနည်းလမ်းများဖြင့် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးထားတဲ့ရွာပေါင်းဟာ ၄၅၉၅ ရှိကြောင်း တွေ့ရှိရမှာ ဖြစ်ပါတယ်"  လို့ပြောထားပါသည်။ အဲဒီအချက်တွေကိုလေ့လာကြည့်ရင် မြန်မာနိုင်ငံမှာ နိုင်ငံတော်အဆင့်မှ လျှပ်စစ်ဓာတ်အားပေးနိုင်တာ တစ်နှစ်ငံလုံးရဲ့ ၂၂ ရာခိုင်နှုန်းပဲ ရှိပါသေးသည်။ ဦးဇော်မင်းစကားအရ နိုင်ငံတစ်ခုလုံး၏ မီဂါဝပ် ၁၅၀၀ နဲ့လောက်တယ်ဆိုတာ မီးသွယ်ထားပြီးသောနေရာတွေကို ဆိုလိုသည်ဟုယူဆပါသည်။ မြန်မာနိုင်ငံတ၀န်းလုံးမှ လျှပ်စစ်မီးမသွယ်ရသေးသော ရာခိုင်နှုန်း ၇၀ ကျော်ကို သူက လုံးဝမေ့နေပါသည်။ တိုင်းပြည် တော်တော်တိုးတက်ပါဦးမည်။
 ထို့ကြောင့်မြန်မာနိုင်ငံ လျှပ်စစ်မီး ဘာ့ကြောင့်မလုံလောက်ရသည်ကို လေ့လာကြည့်ပါသည်။
 (၁) ဒေါ်လာနှင့် ကော်မရှင်များကို မျှော်ကိုးပြီး နိုင်ငံပိုင်သဘာဝရင်းမြစ်များဖြင့် မိမိဘာသာ အိတ်စိုက်ကာ လျှပ်စစ်ဓာတ်အားပေးစက်ရုံများစွာ တည်ဆောက်မှုမပြုခဲ့ခြင်း..။ တည်ဆောက်ခဲ့ပြီးသမျှလည်း အပြည့်အ၀ မလည်ပတ်နိုင်ခြင်း
(ဥပမာ-ရဲရွာ စီမံကိန်းစတင်စဉ်က သတင်းစာထဲတွင် မစားရ၀မခန်း ရေးသားထားခဲ့သော်လည်း ယနေ့ထက်အထိ မီဂါဝပ်ဘယ်လောက်ထွက်ပြီး စက်ဘယ်နှလုံးလည်ပတ်နေသည်ကို တရားဝင်ကြေညာခြင်းမပြုတော့ပေ)။
 (၂) သဘာဝဓာတ်ငွေ့နှင့် အခြားလောင်စာများကို သဘာဝဓာတ်ငွေ့သုံးလျှပ်စစ်ဓာတ်ပေးစက်ရုံငယ်များမှ အလုံအလောက်မရရှိခြင်း။
စွမ်းအင်ဝန်ကြီးဌာနမှလည်း ဒေါ်လာရဖို့အတွက် သဘာဝဓာတ်ငွေ့ကို ထုတ်လုပ်ရောင်းနေသော်လည်း ပြည်တွင်းရှိ လျှပ်စစ်ဓာတ်အားပေးစက်ရုံများ အပြည့်အ၀လည်ပတ်နိုင်ရန် သဘာဝဓာတ်ငွေ့အလုံအလောက် ပေးပို့ခြင်းမရှိဟု သုံးသပ်ပါသည်။ မြန်မာနိုင်ငံ၏ သဘာဝဓာတ်ငွေ့အထွက်နှုန်းသည် ကမ္ဘာတွင် တတိယဖြစ်ပြီး တစ်နှစ်လျှင် ဒေါ်လာ သုံဘီလျံဖိုး နိုင်ငံခြားသို့ တင်ပို့ရောင်းချနေပါသည်။
 (၃) မီးဖြန့်ဖြူးရေးစနစ်များ ခေတ်မမီခြင်းနှင့် အဂတိလိုက်စားမှုများကြောင့် ..ပြုန်းတီးမှုများခြင်း။
မြန်မာနိုင်ငံ၏ မီတာကောက်သောစနစ်များသည် လွန်ခဲ့သော နှစ်တစ်ရာခန့်က သုံးခဲ့သော မီတာကောက် မီးသွယ်တန်းဖြန့်ဖြူးသည့်စနစ်ဖြစ်ပါသည်။ မီတာကို ယူနစ်ဖြင့်တွက်ပြီး မီတာစာရေးကလာဖတ်သဖြင့် ဓာတ်အားကုန်ဆုံးမှုသည် သူ၏အပေါ်တွင်သာမူတည်ပါသည်။ ဥပမာ တစ်မြို့တွင် မီတာစာရေး ငါးယောက်ရှိသည်ဆိုပါစို့ တစ်ယောက်ကို အိမ် နှစ်ထောင်ကျော်ခွဲတမ်းရပါသည်။ မီတာဖတ်သောရက် ဆယ်ရက်ပေးထားလျှင် တစ်ရက်ကို အိမ်နှစ်ရာကျော် ဖတ်ရသည့်အတွက် အချိန်မရပါ..။ ထို့ကြောင့် မီတာကို ကြုံသလိုရေးပြီး မီတာခယူပါတော့သည်။ ထို့အပြင် အိမ်ရှင်/လုပ်ငန်းရှင်နှင့် ညှိနှိုင်းပြီး အခကြေးငွေယူကာ ယူနစ်ကို လျှော့ဖတ်ခြင်း၊ မီတာကို လျှော့ထားခြင်းနှင့် မီတာအပြင်ဘက်မှ မီးတိုက်ရိုက်သွယ်တန်းပေးခြင်းတို့ကို လုပ်လေ့ရှိကြပါသည်။ အထူးသဖြင့် ဗဟိုထိန်းချုပ်မှုနှင့်ဝေးသောဒေသတိုင်းတွင် ဖြစ်လေ့ရှိပါသည်။ ထို့အပြင် စစ်မှုဇုံများတွင် မီးမလာလျှင် စက်ရုံတစ်ရုံ၏ မီးစက်မှ လောင်စာသုံးစွဲနှုန်းသည် တစ်နာရီလျှင် နှစ်ပေပါမှ ဆယ်ပေပါအထိရှိပါသည်။ ထို့ကြောင့် မီးအလှည့်ကျစနစ်တွင် တာဝန်ရှိသူ အင်ဂျင်နီယာအား တစ်နာရီလျှင် သိန်းနဲ့ချီပေးပြီး  မိမိစက်ရုံကို ကွက်ပြီး ချန်လှပ်မီးပေးစေပါသည်။ ထိုကဲ့သို့သော ကိစ္စများ များပြားလာသောအခါ လျှပ်စစ် (၂) မှ အကြီးအကျယ် ရှုံးမည်သာဖြစ်သည်..။ ထို့ကြောင့် လျှပ်စစ်မီးသွယ်တန်းရေးများနှင့် ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းများအတွက် ခေတ်မီ တိကျသော စီမံခန့်ခွဲမှုစနစ်များနှင့် နည်းပညာမြင့် အထောက်အကူပစ္စည်းများ လိုအပ်ပါသည်။ အိမ်နီးချင်းနိုင်ငံများတွင် မီတာဖတ်သည့်စနစ် မရှိသည်မှာ နှစ်ပေါင်းများစွာကြာပြီဖြစ်ပါသည်။ electronic နည်းပညာဖြင့် မိမိသုံးစွဲသောယူနစ်သည် ဌာနတွင် အလိုလျောက်ပြပြီး ငွေတွက်ချက်ပြီးသား။ Online Bank Account များမှ နှုတ်ယူပြီးသား ဖြစ်ပါသည်။  ဓာတ်ကြိုးမှ ကြားဖြတ်သွယ်ယူလျှင်လည်း အလိုလျောက်အချက်ပြသတိပေးပါသည်။ ထို့ကြောင့် ယခု မီတာဖတ်သည့်စနစ်ကို မြေလှန်ခါ နည်းပညာဖြင့် ပြောင်းလဲရန် လုံးဝလိုအပ်လာပါသည်။ ဗဟိုချုပ်ကိုင်စနစ်ကို နှစ်ပေါင်းများစွာအားပြုခဲ့ခြင်းနှင့် ပုဂ္ဂလိကများအား ဓာတ်အားဖြန့်ဖြူးခြင်းလုပ်ငန်းကို အပြိုင်အဆိုင်ကန်ထရိုက်မပေးခဲ့ခြင်းကြောင့် ဖြစ်သည်ဟုယူဆပါသည်။
 (၄) ပြည်သူအတွက် တိုက်ရိုက်အကျိုးမပြုသော လက်သင့်ရာရေအားလျှပ်စစ်စီမံကိန်းများကိုသာ ဦးစားပေးခဲ့ခြင်း။
ပြည်တွင်းတွင် တည်ဆောက်သော ရေအားလျှပ်စစ်စက်ရုံများနှင့် သဘာဝဓာတ်ငွေ့ စီမံကိန်းများသည် ခရိုနီများနှင့် ၄င်းတို့ကျေးဇူးခံကျေးဇူးစား နိုင်ငံများ (ဥပမာတရုတ်) ကဲ့သို့သော နိုင်ငံများ၏ ပေါ်လစီ (စွမ်းအင်လိုအပ်ချက်) ကို တိုက်ရိုက်အကျိုးပြုနေသော်လည်း မြန်မာတစ်နိုင်ငံလုံးမပြောနှင့် စီမံကိန်းဒေသရှိရာပြည်နယ်ရှိ တိုင်းရင်းသားပြည်သူများအတွက် လျှပ်စစ်မီးနှင့် အခြားလောင်စာနေဖြင့် အကျိုးပြုအသုံးချခွင့်မရခဲ့ပါ။
 လျှပ်စစ်မီးပြတ်ဆောက်ခြင်းကြောင့် ဖြစ်ပေါ်လာသည့် ဆိုးကျိုးများ..။
 (၁) စီးပွားရေး
အဖြစ်အများဆုံးမှာ စက်ရုံအလုပ်ရုံများမှ မီးစက်များဖြင့် ကုန်ထုတ်လုပ်ရခြင်းကြောင့် ကုန်ကျစရိတ်တက်လာပြီး ထုတ်လုပ်သည့်ပစ္စည်းတန်ဖိုးမြင့်တက်လာခြင်းကြောင့် ကုန်ဈေးနှုန်းတက်လာပါသည်။ လျှပ်စစ်မသုံးပဲထုတ်လုပ်သည့် ပစ္စည်းများလည်း မီးပျက်တာနှင့်ရောယောင်ပြီး ဈေးတက်လာတတ်ပါသည်။ တစ်နိုင်ငံလုံးတွင် သုံးစွဲနေသော မီးစက်များအတွက် လောင်စာဆီလိုအပ်ချက် များပြားလာသဖြင့် လောင်စာဆီဈေး တက်လာပါသည်။ လျှပ်စစ်အသုံးပြုသော ၀န်ဆောင်မှုလုပ်ငန်းများ ဥပမာ ၀ပ်ရှော့၊ ပုံနှိပ်တိုက်၊ စက်မှုလက်မှု၊ ကွန်ပျူတာ စာစီ၊ Cybercafe, NetGame အစရှိသည့်လုပ်ငန်းများ  Air Ticket ၀န်ဆောင်မှုလုပ်ငန်းများအတွက် အကြီးအကျယ် အခက်အခဲတွေ့စေပါသည်။
 (၂) ဘဏ္ဍာရေး
မြို့နယ်များအတွင်း ဘဏ် မှ online သို့မဟုတ် Electronic ဖြင့် ငွေလွှဲသောစနစ်များနောက်ကျမှုများဖြစ်ပေါ်လာပြီး ယခုမှ အစပျိုးထားသော ATM စက်များများ သုံးမရဖြစ်သွားပါသည်။
 (၃) ပညာရေး
မီးပျက်သဖြင့်  ကျောင်းသားလူငယ်များ၏ ပညာသင်ကြားမှု စာကျက်ခြင်း၊ အိမ်စာလုပ်ခြင်းများအတွက် အနှောင့်အယှက်ဖြစ်ရသလို့  နည်းပညာနှင့် ကွန်ပျူတာတက္ကသိုလ်ကျောင်းသားများအတွက် ကွန်ပျူတာအသုံးပြုခြင်း၊ Online မှ Study လုပ်ခြင်းအား များစွာ အဟန့်အတားဖြစ်ရပါသည်။ စာမေးပွဲစစ်ခြင်းများ online မှ ဖြေကြားခြင်းများ နှင့် အခြားသော အခက်အခဲများစွာ တွေ့ကြုံရပါသည်။
 (၄) ကျန်းမာရေး
မီးပျက်သွားသဖြင့် မြို့နယ်နှင့် ကျေးလက် ဆေးရုံဆေးခန်းများတွင် အရေးပေါ်ခွဲစိတ်/မီးဖွားမည့်လူနာများကို ပြုစုကုသပေးနေသောဆရာဝန်များ/ဆရာမများအတွက် ကြီးမားသောအခက်အခဲအဖြစ် ရင်ဆိုင်နေရသလို လူနာများအတွက်လည်း အသက်ဆုံးရှူံးသည်အထိ ရင်ဆိုင်ရတတ်ပါသည်။ မြန်မာနိုင်ငံတွင် မီးပျက်သဖြင့် သေဆုံးသွားသောလူနာ မည်မျှရှိသည်မသိပေ။
 (၅) ရာဇ၀တ်မှုများ
မီးပျက်ခြင်းသည် ရာဇ၀တ်မှုကျူးလွန်သူများအတွက် အခွင့်အရေးတစ်ရပ်ဖြစ်ပါသည်။ မီးပျက်သဖြင့် ပစ္စည်းအလုခံရခြင်း၊ အမှောင်ထဲတွင် မတရားစောကားခံရခြင်းများသည် မှုခင်းဂျာနယ်များတွင် မရိုးနိုင်အောင် ပါလေ့ရှိသောသတင်းများဖြစ်သည်။
 (၅) မီးလောင်မှုနှင့် မတော်တဆမှုများ
မြန်မာနိုင်ငံတ၀န်းလုံးရှိ အကြီးအကျယ်ဆုံးရှုံးခဲ့သော မီးလောင်မှုအများစုသည် လျှပ်စစ်ဝါယာရှော့ဖြစ်ခြင်း၊ မီးအားမြှင့်စက်များမြှင့်တင်ထားကာ မီးပျက်ရာမှပြန်လာသဖြင့် အပူလွန်ကဲလောင်ကျွမ်းခြင်းများမှ ဖြစ်သည်ကိုလည်း မမေ့ကြဖို့လိုပါသည်။ မီးပြင်နေစဉ် မီးလာသဖြင့် ဓာတ်လိုက်သေဆုံးခြင်းများ၊ မီးပွိုင့်မီးမလာသဖြင့် ယာဉ်တိုက်မှုဖြစ်ပွားခြင်းများ၊ လမ်းမီးပျက်သွားသဖြင့် ဆိုင်ကယ်နှင့်ကား ၊ဆိုင်ကယ်အချင်းချင်း တိုက်မိကာ သေဆုံးခြင်းများလည်း နေရာအနှံ့အပြားတွင် ဖြစ်လေ့ရှိပါသည်။ မန္တလေးအပါအ၀င် နယ်များတွင် ဆိုင်ကယ်အများစုမှာ လမ်းမီးရှိလျှင် ညဖက် မီးဖွင့်မစီးကြပေ။ ရုတ်တရက် လမ်းမီးပျက်သွားလျှင်တော့ တိုက်ကြ သေဆုံးကြသည်မှာ ထုံးစံလိုဖြစ်နေပါသည်။
 ထိုကဲ့သို့သော ဆိုးကျိုးများကို ဒီမိုကရေစီခေတ်၊ ပွင့်လင်းမြင်သာသောခေတ်တွင် ဘယ်သူကတာဝန်ယူမည်ဆိုသည်ကိုလည်း ယခုထက်ထိအဖြေမရသေးပါ..။ အာဏာရှင်ဆန်ဆန်.. မီးဖြတ်တယ်..။ မီးပေးတယ်..ဘာဖြစ်လဲ ... ဟုသော ပုံစံမျိုး သုံးလို့မရတော့ပါ။ နိုင်ငံတကာ Sanction ပွင့်ခြင်းနှင့် ရင်းနှီးမြုပ်နှံမှုကိုလိုချင်လျှင် ဌာနတိုင်းဌာနတိုင်းမှ ကိုယ့်တာဝန်ကိုယ်ယူတတ်ကြောင်းကို ကမ္ဘာကို ပြရမည်ဖြစ်သည်။
ရန်အောင်..။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ သေတမ်းစာတဲ့
ဖတ်ဖြစ်အောင်ဖတ်ကြည့်ကြ........♥♥♥
(အလွန်လေးစားဂုဏ်ယူမိပါတယ် အမေရယ်..ကြီးမြတ်လွန်းတဲ့ စိတ်ဓါတ်ပါဘဲ)
*ဘဝ ဟူသည်
တိုတောင်း လှပေစွ.
ကန်ရေပြင်၌ တက်သော
ရေပွက်မျှသာ ဖြစ်တယ်။*
*ကွေးသောလက်များ
ဆန့် မသွားမီ
မတည် သော အသက်
ခန္ဓာ ဟူသည်
ဇာတိ ဇရာ မရဏ
သောက ပရိဒေ၀ အနိစ္စ
အမြဲမှန်ကန်သော အရာ
မမြဲခြင်းသာ ဖြစ်တယ်။
ဘုရားရှင်သော်မှ မလွှဲနိုင်တဲ့တရား.
အနိစ္စ သေဆုံးခြင်း၏ တရား။*
*တနေ့ တချိန်
လေမှာလွင့်သော..ပွင့်ချပ်ငယ်နှယ်
ကျွန်မ သေဆုံးပါလိမ့်မယ်။
ကျွန်မ အသက် လူကြီးအရွယ်
သွားရမဲ့လမ်း ပြင်ဆင်ခဲ့ပါတယ်။*
*ကျွန်မ ကိုယ် ကျွန်မ
ဖေဖေ့လို အာဇာနည်လို့ မယူဆပါဘူး။
အမှန်တရားနဲ့ တရားဥပဒေသာ
မြတ်နိုးပါတဲ့ သာမန်လူ
မြန်မာအမျိုးကောင်းစားရေးကို
ရှေးရှူသူသာဖြစ်တယ်။*
*အကယ်၍ ကျွန်မ သေလွန်တဲ့အခါ
မငိုပါနဲ့  မပူဆွေးကြပါနဲ့ 
ကြီးကြီးကျယ်ကျယ် ဈာပနပွဲ မလုပ်ကြပါနဲ့ ။
ကျွန်မ ကိုချစ်သူ မချစ်သူ
မည်သူမဆို လာရှူနိုင်တယ်
ပုပ်ပွ ဖူးယောင် လူသေကောင်၏
မျက်မြင်မုချ အသုဘ ကမ္မဌာန်း..
အိုနာ သေခြင်း၏ မမြဲသောလမ်း။*
*ကျွန်မ သေဆုံးပြီးနောက်
ချန်ထားခဲ့ပါရစေ။
ကျွန်မ၏ အထွဋ္ဋ်မြတ်သော ဆံပင်
ရွှေတိဂုံဆံတော်ရှင်သို့ လှူဒါန်းပါ။
ကျွန်မ၏ မျက်ကြည်လွှာ..
အလင်းမရသူကို လှူဒါန်းပေးပါ။
ကျွန်မ၏ နှလုံးသား..ကျောက်ကပ်
အသည်း ကလီဇာများ
ကောင်းသေးပါက လိုအပ်သူများအားလှုဒါန်းပေးပါ။*
*မသာတစ်ခေါက် ကျောင်းဆယ်ခေါက်
နာရေးကူညီသော စေတနာရှင်
စင်ကြယ်သောကုသိုလ်နဲ့ ကိုကျော်သူ
ကျွန်မ အသက်မဲ့ ခန္ဓာ ကို လှူပါတယ်။
ဖုတ်ကျည်းသင်္ဂြိုလ်ပေးပါ။*
*ပုပ်ပွလာမဲ့ ခန္ဓာအား
မီးသင်္ဂြိုလ်ပြီး..
ရလာသောခန္ဓာ၏ ပြာမြေဇာ
အပင်တို့ အတွက် မြေသြဇာကြွေးပေးပါ။*
*နောင်လာနောက်သားများအတွက်
ကျွန်မ၏ နေအိမ် (သို့ ) ကျမ၏အကျဉ်းထောင်
အင်းစိန် ထောင်ခွဲ
အမှတ် ၅၄ တက္ကသိုလ်ရိပ်သာလမ်း
အောင်ဆန်းစုကြည်၏ ပြတိုက်အဖြစ်
ကျွန်မ၏ အသုံးအဆောင်..စာအုပ်
တီးသူမဲ့သော စန္ဒယား
ကျွန်မ၏ မြန်မာ အ၀တ်အစား
ရိုးသားသော မြန်မာအမျိုးသမီး၏တန်ဖိုးများ.
နောင်လာနောက်သားများရှူမြင်စေ။*
*ကျွန်မ၏ ကျန်ရစ်သော ဘဏ်ငွေသားအနည်းငယ်။
ကျွန်မ၏ ဈာပန စရိတ် နှင့်
ဆင်းရဲသော သံဃာအိုများ အတွက်ကျန်းမာရေး
ဇီဝိတဒါန ဆေး အလှု
ကွယ်လွန်သူ မိဘများ အမှုထား၍
ကျွန်မနှင့် ကွယ်လွန်သော ခင်ပွန်းအတွက်
သားများမှရေစက်ချ..အမျှဝေစေချင်ပါတယ်။*
ကျွန်မ ရသော ငြိမ်းချမ်းရေး နိုဘယ်ဆုငွေသား
$1.3 million အား
ကိုယ်ကျိုး အတွက် မသုံးစွဲ
တပြားမချန် မြန်မာပြည်သူများအတွက်
ကျမ်းမာရေးနဲ့ ပညာရေး ရံပုံငွေ
လှုဒါန်းခဲ့ပါတယ်။
ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာ ချမ်းသာကြပါစေ။
ကြား ကြားသမျှ အမျှ အမျှ အမျှ ယူတော်မူ။*
*အမျိုးအတွက်ထားတဲ့ အမေ့ရဲစေတနာကို
နားလည် ပါရမီဖြည့်ပေးသူ သားများ
အမေဘ၀မှာ မွေးရကျိုးနပ်ပါတယ်။
အမေ့ဘ၀အတွက်အကောင်းဆုံး
ဘုရားပေးသောဆုလာဒ်
ဒီသားများသာ ဖြစ်ပါတယ်။*
*ဒီ သားများ အတွက်..
အမေ မွေးခဲ့သောဇီဝိတ အသက်
အဖေပေးခဲ့သော ပညာ မှတပါး
အခြားပေးရန် စည်းစိမ် အမွေ မရှိ။
စိတ်ဓါတ်နှင့်ကြံ့ခိုင်သောမျိုးရိုး၏အမွေ
အောင်ဆန်းမျိုးရိုး..ဆက်ကျန်နေပါစေ။*
*အတူနေ မမဒေါ်ခင်ဝင်းနှင့် သမီးများ
ကျွန်မအား စောင့်ရှောက်သောကျေးဇူး
အထူး မမေ့ပါ။ ကျေးဇူးတင်ပါတယ်။*
*ဆေးဝါး ကုသပေးသော
မောင်ငယ် ဒေါက်တာတင်မျိုးဝင်း
သမားစိတ်ရင်း ကြောင့် ကျမ အသက်ရှည်..
ကျေးဇူးဆပ်စရာ ပစ္စည်းမဲ့သူ ကျမ
ဦးချပြီး.ဆပ်ပါရစေ။*
*ပြည်တွင်းပြည်ပ..
ကျွန်မကို ချစ်ခင်ကြသော
ကျွန်မကို အားပေးကြသော..
မိတ်ဆွေ သင်္ဂဟ
သိသူ မသိသူ မှန်သမျှ
ကျွန်မပြုသောကုသိုလ် အဖို့ ဘာဂ ဝေမျှပါတယ်။
ရွှင်လမ်းကြစေ။*
*ကျွန်မ၏ တဦးတည်းသော ချစ်ရသောအကိုကြီး.
သွေးသားစပ်သူ ဦးအောင်ဆန်းဦး အတွက်..
ကျွန်မ အဖေ၏ ပန်းချီတချပ်..
သူမသေခင်..ခေါင်းရင်းမှာ ချိပ်ဖို့ ပေးအပ်ခဲ့တယ်။*
*အနှစ် ၂၀ သက်တမ်းရ.သက်တော်ရှည်
အဝေးရောက် ၀န်ကြီးချုပ်
ကျွန်မ၏ တ၀မ်းကွဲမောင် ဒေါက်တာစိန်ဝင်း..
ကျွန်မရဲ့ အနှစ် (၂၀) အချုပ်ကာလအတွင်း
ကျွန်မ ရတဲ့ဆုတွေလက်ခံတဲ့အခါ စင်ပေါ်တက်
မျက်နှာပြ ဖော်ရပေးတာ
အထူးကျေးဇူး တင်ပါတယ်။*
*ဖေဖေ့မျက်နှာနဲ့ 
ကျွန်မအပေါ်..မရှိတဲ့ အပြစ်ကိုတင်.အကွက်ဆင်
အတင်းထောင်ချ..သပ်သျှို ပြန်ကယ်ပြတဲ့
အတုယူ ချီးမွမ်းထိုက်ပါသော
မှုးကြီးသန်းရွှေရဲ့ မေတ္တာ စေတနာ
မှတ်ကျောက် စာထိုးခဲ့ပါတယ်။
ကလိမ်ခြုံ နအဖ၏ ဂန္ဓ၀င်မိချောင်းမျက်ရည်။*
*ကျွန်မ မခေါ်ဘဲ အလည်တဲ့ဧည့်သည်.
ကျွန်မ အသက်ဘေးအတွက် သူ စိုးရိမ်တယ်။
မောပမ်း မေ့လဲနေသော ဆီးချိုလူနာသည်သူ
ပုတုဇ္ဇနော ဥမ္မတကော အဆိုရှိ
တကယ်မှန် မှန် မမှန် မှန်..
ဟုတ်သော်ရှိ မဟုတ်သော်ရှိ
ခမြာ..စေတနာနဲ့ သတိပေးရန်ကြံတဲ့အတွက်
သူ၏ ထားရှိသော ဂရုဏာ စေတနာ
ကျေးဇူးတင်ပါထိုက်ပါတယ်။*
*ကျွန်မ သွားတဲ့အခါ..
တရား သံဝေဂရ..
မျက်ရည် မကျုကြပါနဲ့ ။
မပြီးဆုံးသေးတဲ့ ကျွန်မရဲ့ဝတ္တရား
ကျရာနေရာ ကူညီပါဝင် ဖြည့်ဆည်းပေးကြပါ။
ကျွန်မ အတွက်ထားတဲ့ ချစ်မေတ္တာ
တိုင်းပြည်အမျိုးအတွက်
လက်ဆင့်ကမ်းကြိုးစားပေးပါ။
အဖေ ပေးခဲ့တဲ့ လွတ်လပ်ရေး
ကျွန်မ လက်ထက်မှာ မရသေးခင်
ကျွန်မ သေလွန်ခဲ့ပါလျှင်
ကျွန်မ ကိုယ်စား တာဝန်ဆက်ယူပေးနိုင်စေ.
တနေ့ မှာ..ဒေါင်းမျိုးနွယ်ဆက်
ပြန်ခေါင်းထောင်ထကြပါစေ
ဒို့  မြန်မာအမျိုး..သိက္ခာ မျိုးနွယ်ဆွေ။
မဲဆန္ဒနယ် ၄၅ ခုတွင် ရွေးချယ်တင်မြှောက်ခံရသော လွှတ်တော်ကိုယ်စားလှယ်များစာရင်း
ပြည်သူ့လွှတ်တော်
(၁) စစ်ကိုင်း - ဦးခင်မောင်သိန်း (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)
(၂) ပုလဲမြို့နယ် - ဒေါ်ခင်စန်းလှိုင် (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)
(၃) လောင်းလုံမြို့နယ် - ဦးအောင်စိုး (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)
(၄) တောင်ငူမြို့နယ် - ဦးအောင်စိုးမြင့် (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)
(၅) ထန်းတပင်မြို့နယ် - ဦးစိန်ထွန်း (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)
(၆) သနပ်ပင်မြို့နယ် - ဦးမြင့်ဦး (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)
(၇) လက်ပံတန်းမြို့နယ် - ဦးကျော်မင်း (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)
(၈) မကွေးမြို့နယ် ဦးမြင့်သိန်း - (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)
(၉) ရေစကြိုမြို့နယ် - ဒေါက်တာတင်ဌေးအောင် (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)
(၁၀) မြိုင်မြို့နယ် - ဦးမြင့်အောင် (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)
(၁၁) ပခုက္ကူမြို့နယ် - ဦးပိုက်ကို (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)
(၁၂) ပွင့်ဖြူမြို့နယ် - ဒေါက်တာအောင်မိုးညို (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)
(၁၃) ဇမ္ဗူသီရိမြို့နယ် - ဒေါ်စန္ဒာမင်း (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)
(၁၄)ပုဗ္ဗသီရီမြို့နယ် - ဦးဖြိုးဇေယျာသော် (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)
(၁၅) ဒက္ခိဏသီရိမြို့နယ် - ဦးနိုင်ငံလင်း (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)
(၁၆)ဥတ္တရသီရီမြို့နယ် - ဦးမင်းသူ (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)
(၁၇)ကျောက်ပန်းတောင်း - ဒေါက်တာဇော်မြင့်အောင် (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)
(၁၈) နွားထိုးကြီးမြို့နယ် - ဦးပေါခင် (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)
(၁၉) မဟာအောင်မြေမြို့နယ် - ဦးအုန်းကြိုင် (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)
(၂၀) တံတားဦးမြို့နယ် - ဒေါ်ခင်သန္တာ (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)
(၂၁) မိတ္ထီလာမြို့နယ် - ဦးဝင်းထိန် (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)
(၂၂) ပြင်ဦးလွင်မြို့နယ် - ဦးကျော်သီဟ (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)
(၂၃) မော်လမြိုင်မြို့နယ် - ဒေါ်ခင်ဌေးကြွယ် (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)
(၂၄) ကော့မှူးမြို့နယ် - ဒေါ်အောင်ဆန်းစုကြည် (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)
(၂၅) သုံးခွမြို့နယ် - ဒေါ်စုစုလွင် (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)
(၂၆) ဒဂုံဆိပ်ကမ်းမြို့နယ် - ဒေါက်တာမျိုးအောင် (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)
(၂၇) မင်္ဂလာတောင်ညွန်မြို့နယ် - ဒေါ်ဖြူဖြူသင်း (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)
(၂၈) လှည်းကူးမြို့နယ် - ဦးဖြိုးမင်းသိန်း (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)
(၂၉) မရမ်းကုန်းမြို့နယ် - ဒေါက်တာဒေါ်မေဝင်းမြင့် (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)
(၃၀) ကလောမြို့နယ် - ဒေါက်တာဒေါ်သန်းငွေ (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)
(၃၁) ပုသိမ်မြို့နယ် - ဦးဝင်းမြင့် (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)
(၃၂) မအူပင်မြို့နယ် - ဦးစိန်ဝင်း (ခ) ဦးစိန်ဝင်းဟန် (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)
(၃၃) မြောင်းမြမြို့နယ် - ဦးမန်းဂျော်နီ (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)
(၃၄) ၀ါးခယ်မမြို့နယ် - ဒေါ်မြင့်မြင့်စန်း (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)
(၃၅) မြန်အောင်မြို့နယ် - ဦးကျော်မြင့် (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)
(၃၆) ကျွန်းစုမြို့နယ် - ဒေါ်တင်တင်ရီ (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)
(၃၇) မင်းကင်းမြို့နယ် - ဒေါ်ခင်မွှေးလွင် (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)
အမျိုးသားလွှတ်တော်
(၃၈) ပဲခူးတိုင်း ဒေသကြီး အမှတ် (၇) မဲဆန္ဒနယ် - ဦးမင်းဦး (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)
(၃၉) မကွေးတိုင်းဒေသကြီး အမှတ် (၄) မဲဆန္ဒနယ် - ဦးအောင်ကြည်ညွန့် (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)
(၄၀) ဧရာဝတီတိုင်းဒေသကြီး အမှတ် (၁၀) မဲဆန္ဒနယ် - ဦးသိန်းဆွေ (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)
(၄၁) စစ်ကိုင်းဒေသကြီး အမှတ် (၃) မဲဆန္ဒနယ် - ဒေါက်တာမြင့်နိုင် (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)
(၄၂) စစ်ကိုင်းဒေသကြီး အမှတ် (၇) မဲဆန္ဒနယ် - ဦးတင်မြ (ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ)
(၄၃) ရှမ်းပြည်နယ် အမှတ် (၃) မဲဆန္ဒနယ် - ဦးစိုင်းစံမင်း (ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ)
တိုင်းဒေသကြီးလွှတ်တော်
(၄၄) ပဲခူတိုင်းဒေသကြီး အမှတ် (၂) မဲဆန္ဒနယ် - ဦးမျိုးခိုင် (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)
(၄၅) ဧရာဝတီတိုင်းဒေသကြီး အမှတ်(၂) မဲဆန္ဒနယ် - ဒေါက်တာလှမြတ်သွေး (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)
http://www.irrawaddyblog.com/2012/04/blog-post_4973.html
Wednesday, April 4, 2012
အခိုးခံရသော Gmail Account ပြန်လည် ရယူနိုင်သည် ....
pw အခိုးခံရသော account များ အခိုးခံရသော အကောင့်ထဲမှ သူငယ်ချင်း ၅ရောက်။ အကောင့် create လုပ်ခဲ့သော နှစ်။ လ။ အကာင့် အခိုးခံရသော ရက် ခန့် မှန်းခြေ။ နောက်ဆုံး ၀င်ခဲ့သော pw သိလျှင် ပြန်လည်ရ နိုင်သည် ...
Tuesday, April 3, 2012
ဟာသကာတွန်း
အလွန်လှတဲ့ တံတား 15 စင်း ၏ ည မြင်ကွင်း
ခွေးချစ်သူများအတွက် ရှားရှားပါးပါးခွေးကြီးများ
ခွေးချစ်သူများအတွက် ရှားရှားပါးပါးခွေးကြီးများရဲ့ ဓါတ်ပုံများကို တင်ပြပေးလိုက်ပါတယ်။ချစ်စရာကြီးနော် ဖက်အိပ်လိုက်ချင်တယ်... (ခွေးနဲ့ပြောတာနော်) :
လူနဲ့ခွေးက လိုက်ပ
ဟောင်းအာယူ
အာဘွား.. :)
ဖြေးဖြေးပေါ့ ကလေးရယ်
Hair Style ကတော့ လန်းတယ် ကပ္ပလီတွေလိုဘဲ ...
ဘာကြီးတုန်းဟ .. ကြံ့နဲ့စပ်ထားတာလား...ရေမြင်းနဲ့စပ်ထားတာလား.
ဒါလည်း ဟဲဗီးကြီးဘဲ
ကျမ ခလေးတွေက အရမ်းထွားတယ် .. Appeton -- Weight Gain တိုက်ထားတာလေ .. :)
ပါးပါးထက် ကျနော် အရပ်ပိုရှည်သွားပြီ..
ခုဘဲ ငရဲပြည်က တက်လာတာ.. WWE မှ နပန်းသတ်မလို့..
အားလုံး ပျော်ရွှင်ကြပါစေ
Nero8 ရဲ့အသုံးဝင်မှု
 - ဓာတ်ပုံနဲ့ နောက်ခံသီချင်းလုပ်နည်း(လေ့လာသင့်တယ်)
တစ်ခြားဆိုဒ်ပို့တွေက တင်ပြီးလောက်ပါပြီ ကျွန်တော်က မသိသေးတဲ့သူအတွက်ခင်ဗျာ။
(1) Nero နဲ့  သီချင်း များ ဓာတ်ပုံများထည့်၍ Photo Slide Show လုပ်နည်း
ဒီဆော့ဝဲက ဓာတ်ပုံနဲ့  သီချင်း တွဲပြီး အခွေထုတ်ချင်ရင် အရမ်းလွယ်ကူပါတယ်
ဒီဇိုင်းကလည်း လန်းပါတယ် နမူနာဒီဇိုင်းလေးလည့် လုပ်ပြထားပါတယ် အခွေနဲ့ 
ထုတ်မယ်ဆိုရင်လည်း လွယ်တယ် အဖက်ဒီဇိုင်း တွေလည်း မျိုးစုံအောင်ပါတယ်
VCD နဲ့  DVD အဆင်ပြေသလိုလုပ်ကြည့်ပါ.........။အောက်ကလင့်မှာကြည့်ပါ.။
နမူနာကြည့်ကြည့်ပါ Sample Photo Slide Show (ကြိုက်သွားစေရမယ်..:P)
(2)လက်ရွေးစင် VCD သို့ မဟုတ် တရုတ်ဇာတ်လမ်းတွဲ DVD အခွေ ထုတ်ရန်
လက်ရွေးစင် သီချင်းလေးတွေကို  အခွေတစ်ခွေထဲမှာ စုပြီး ထုတ်မယ်ဆိုရင်လည်း
လွယ်ကူသလို လှပလွန်းပါတယ် ဒီဇိုင်းထွင်မယ်ဆိုရင်လည်း စိတ်ကူးကောင်းသလို
အဆန်းတွေ  လုပ်ပြလို့ ရပါတယ်   တရုတ်ဇာတ်လမ်းတွဲတွေလို  လုပ်လို့ ရပါတယ်
ချစ်သူကို လက်ဆောင်လုပ်ပေးရင်လည်း ဖလမ်းဖလမ်းထမှာ သေချာတယ် အခွေ
မှာ သူ့ ပုံလေးထည့်ပြီး မီနူး လုပ်ပေးမယ်ဆိုရင်အရမ်းလှပါတယ် ဟန်ဂျီအင်းပုံလေး
ထည့်ပြီး လုပ်ထားတာ သီချင်းနာမည်တွေကတော့  အစထဲက မြန်မာလိုပေးထား
ဖို့ လိုတယ်နော် မီးနူးကိုကြည့်ဖို့ အတွက်Remoteကနေ PBC ကိုနှိပ် ပေးရပါတယ်
အောက်စက်တွေ ပေါ်နေတာကြာပြီ ကျနော်သေချာပြောရဲတယ် သူ့ မှာပါလာတဲ့
ခလုတ်တွေကို စုံအောင်သိတဲ့သူ အတော်လေး၇ှားမှာပါ လူတိုင်းက သီချင်းဖွင့်ပြီး
ပိတ် ကျော်မယ် နောက်တစ်ပုဒ်ပြောင်း ဘာညာ သရကာပေါ့ အဲ့လောက်ပဲအသုံး
ပြုကြတာကိုတွေ့ ရပါတယ် ဒီစာကို ဖတ်ကြည့်နေတဲ့  ခင်များလည်း အတူတူပဲလို့ 
ကျနော်ထင်ပါတယ်(ဟုတ်ရင် ပြုံးလိုက်ပါ) ကျနော်လည်း လေ့လာပါတယ် သေချာ
အောင်လေ့လာနေပါတယ် သီချင်းခွေတွေ ဇာတ်လမ်းခွေတွေ ထည့်ပြီး PBC ကို
နှိပ်ကြည့်ပါ  အခု ကျနော်ပြောတဲ့  နည်းနဲ့  ထုတ်ရင်ပါတယ် ဘယ်ဆော့ဝဲနဲ့ လုပ်
ထားတယ်ဆိုတာပေါ့  အရင်ကတော့ Nero နဲ့ လုပ်ကြတယ်  အခုတော့ ဆော့ဝဲ
အသစ်တွေပေါ်လာပီ Directort တို့  Primere တို့  ..လေ့လာသင်ယူစရာတွေက
မကုန်နိုင်ဘူးဗျာကဲ သဘောကျတယ်ဆို လာတောင်း..အဲမှားလို့ ..သဘောကျ
ရင် ဆွဲသာဆွဲ........လူတော့ လာမဆွဲမဲ့..တေတွားမယ်..ဟွင်းဟွင်း.............။
(3)  အသံဖမ်းမယ် ကိုယ့်အသံကို Recording လုပ်ပြီး ချစ်သူဆီပို့ မလား
အသံဖမ်းမယ်ဆိုရင်လည်း ရပါတယ် Recording ပါလာသေးတယ်ဗျ မိုက်တပ်ပြီး
ပြောချင်ရာပြော အသံဖိုင်ကို  ကောင်မလေးဆီ (သို့ မဟုတ်) ကောင်လေးဆီကို
ပို့ ပေးလို့ ရပါတယ် လိုင်းမကောင်းတဲ့ အခါ အသံဖိုင်ပဲဖမ်းထားပြီး မေးထဲကနေ
ပို့ ပေးလိုက် ဟိုဘက်ကလည်း ဒေါင်းလုပ်ယူပြီး နားထောင်ပေါ့ အခွေနဲ့ ထည့်ပြီး
အောက်စက်ထဲ ထည့်ဖွင့်ရင် တစ်ရွာလုံး နားထောင်ရတာပေါ့ အဲ့တော့ လိုသလို
သုံးလို့ ရတယ် မလိုရင်လည်း မသုံးလို့ ရတယ် စာချုပ်မရှိဘူး..သဘော............။
(4) Photoshop လိုပဲ ဓာတ်ပုံတွေကို ပြင်ဆင်တည်းဖြတ်လို့ ရသေးတယ်
ဓာတ်ပုံပြင်တာကတော့ အခြေခံလေးတွေပါလာတယ် အသေးစိတ်တော့မရပါဘူး
ကိုယ်လည်း အသေစိတ် မရဘူးလေ ဖြတ်တာအရောင်ပြောင်းတာပဲရတာအဲ့တော့
ပါလာတာ ပြောတာပါ လိုသလောက်သုံးလို့ ရတယ် လို့ ပဲ ဆိုချင်ပါတယ် သေချာ
ထပ်ပြီးလေ့လာNero Photo Snapviewerလည်းပါလာတယ် ပုံတွေကိုဖွင့်လိုက်ရင်
Open With ကနေ ကြည့်ကြည့်ပါ.......။
(5) Song Mixer ဆိုပြီး အသံတွေကို ရောလို့  မွှေလို့ ရသေးတယ်ရောသမမွှေ ပေါ့
ရောတော့ ရောကြည့်တာပဲ နမူနာတင်ပေးမယ်ဆိုပြီး တော်ကြာ ကြိုက်သွား ဒွတ်ခ
အဲ့ကြောင့် မိမိဘာသာ လေ့လာရင်း ရောကြည့် မွှေကြည့်ပါလို့  ရေသမမွှေလို့  ရရင်
လက်တို့ ကြပါ လေ့လာဖို့  အချိန်မလောက်တာကြောက် မွှေတာဝါသနာ ပါသူများ
က မွှေလို့ ဝရင် ပြောဖို့ မေမေ့ကြနဲ့ နော...................................................။
(6) အခွေ Cover Design လုပ်ချင်လည်းရတယ် ( မြန်မာစာတော့ ပြောင်းမရဘူး)
ဒါကတော့ အခွေ ထုတ်ပြီးရင် အခွေမှာကပ်တဲ့ အရုပ်ဒီဇိုင်းလေးတွေ ဆွဲဖို့ လည်း
ပါသေးတယ် မြန်မာလို ဘာလို့ ပြောင်းမရတာလည်း မသိဘူး မြန်မာခွေတွေမှာ
ကပ်ထားတဲ့ဟာတွေ ဘာနဲ့ ဆွဲလည်းမသိဘူး သိသူများပါရင် မျှကြပါလို့ ပြောပြ
ကြပါလို့  ပြောရုံဆိုရပါပြီ မပြလည်း ကိစ္စမရှိ သဘောပေါက်လွယ်တယ်နော် ..:P
Miscrosoft Office Publisher မှာလည်းရတယ် နောက်မှ သေချာရေးပါအုံးမည်.။
ရေးရရင် အများကြီးကျန်သေးတယ် နည်းတွေကများလွန်းလို့  ယူထားကြပါလို့ 
ဖြတ်ညှပ်ကပ်လုပ် လိုက်တာ ၁၈၈ MB ပဲရှိတယ် လိုင်းတင်ရတာလည်း မလွယ်
ဘူး လိုင်းမကောင်းရင်တော့ ဆိုင်မှာဝယ်လိုက်ပါ မလေးမှာဆို ဆိုင်လမ်းညွှန်ရှိ
တယ် မြန်မာပြည်ဆို ရန်ကုန်မှာတော့ မ၀ယ်ဖူးဘူး တောင်ကြီးမှာတော့ရှိတယ်
ဟန်ဂျီအင်းကွန်ပျုတာထဲ Nero7 ထည့်တော့ ၀ယ်ဖူးတယ် ၅၀၀ပဲပေးရတာ အခု
ကဲကြိုက်ရင် လာတောင်း..တိန်...အဲမှားလို့ ဆွဲ..Mediafire မှာ တင်ထားတယ်...။
ဒီမှာ Download ယူပါ   Nero 8 Full Version 
Key : 7K22-OO1B-11OS-E9SS-SG3E-C7G2-BCM2