Tuesday, February 2, 2016

အေမးမ်ားေသာ မိုဘိုင္းလ္ ဖုန္းဆိုင္ရာ ျပသနာမ်ား

. [Zawgyi] အေမးမ်ားေသာ မိုဘိုင္းဖုန္းဆိုင္ရာျပႆနာမ်ား ေမး - မဂၤလာပါ။ အစ္ကိုေရ Samsung ဖုန္းေတြမွာအျဖစ္မ်ားတဲ့ ျပႆနာေလးတစ္ခု ေမးခ်င္ပါတယ္။ ကၽြန္ေတာ့္ရဲ႕ Samsung Galaxy J5 ( SM-J500G) Version 5.1.1 မွာ သံုးရတာအရမ္းေလးေနလို႔ Settting ထဲက Backup and Reset ထဲ၀င္ၿပီး Reset ခ်လုိက္တာ Power ျပန္တက္မလာဘဲ Custom Binary By FRP ဆိုတဲ့စာတန္း ပဲ ေပၚေနတယ္။ အဲဒါဆိုရင္ ဘယ္လိုလုပ္ရင္ အဆင္ေျပႏိုင္ပါ သလဲ။ ေျဖ - အစ္ကိုရဲ႕ Samsung အေၾကာင္းမေျပာခင္ FRP ကိုရွင္းျပပါမည္။ FRP ဆိုတာ Factory Reset Protection Lock ကိုဆိုလိုတာပါ။ FRP Lock ဟာ Android Version 5.0 ႏွင့္အထက္ဖုန္းေတြမွာ Factory Reset ခ်လုိ႔ မရေအာင္ Security တစ္မ်ိဳးျဖစ္ပါတယ္။ အစ္ကိုရဲ႕ Samsung ဖုန္းက FRP Lock က်ေနတာပါ။ အဲဒါဆိုရင္ေတာ့ Firmware ျပန္တင္လုိက္ပါ။ Firmware တင္ၿပီးလို႔ Activate လုပ္တဲ့အခါက်ရင္ Gmail Account နဲ႔ Password ေတာင္းပါလိမ့္မယ္။ အဲဒီအခါက်ရင္ Development Setting.apk ကို OTG Stick ထဲထည့္ပါ။ OTG Stick ဆိုတာ ဖုန္းမွာသံုးလုိ႔ရတဲ့ Memory Stick ျဖစ္ပါတယ္။ OTG Stick ကို ဖုန္းမွာထိုးလုိက္တဲ့အခါ Partition တက္လာပါလိမ့္မည္။ Development Setting.apk ကို Install လုပ္ပါ။ အဲဒီအခ်ိန္ မွာ Unknow Sources ကို Enable လုပ္ရပါမည္။ Install လုပ္ၿပီးတဲ့အခါ Done နဲ႔ Open ေပၚလာရင္ Open ကိုႏွိပ္လုိက္ပါ။ Setting ထဲေရာက္သြား မည္။ Setting ထဲက Backup & Reset ထဲ၀င္ၿပီး Reset ခ်လုိက္ပါ။ Power ျပန္တက္လာရင္ ေကာင္းသြားပါၿပီ။ အားလံုးပဲအဆင္ေျပၾကပါေစ။ ေမး - မဂၤလာပါ။ အစ္ကိုေရ Xiaomi ဖုန္းအေၾကာင္းေလးနည္း နည္းေလာက္ေမးခြင့္ျပဳပါ။ ကၽြန္ေတာ္ကေတာ့ Xiaomi Redmi 2 အသံုးျပဳသူတစ္ေယာက္ပါ။ ကၽြန္ေတာ့္ဖုန္းမွာ Gmail, Play Store, Google Search တုိ႔မပါလို႔ပါ။ apk ထည့္သံုးေတာ့လည္း ထည့္သံုးေတာ့လည္း အဆင္မေျပလို႔ပါ။ အဆင္ေျပမည့္နည္းေလးေျပာျပပါ။ ေျဖ - Xiaomi ဖုန္းေတြမွာ China Region ႏွင့္ Global Region ဆိုၿပီး ၂ မ်ိဳးလာပါတယ္။ Global အလံုးေတြမွာေတာ့ Gmail, Play Store တို႔ Ori-genal ပါပါတယ္။ China အလံုးမွာေတာ့ မပါပါဘူး။ မပါရင္ေတာ့ သက္သက္ထည့္ေပးရပါတယ္။ အဲလိုထည့္ဖုိ႔အတြက္ Google Installer.apk ကို ဖုန္းထဲတြင္ Install လုပ္ပါ။ ဖုန္းမွာ Wi-Fi (or) Mobile Data Internet ရွိဖုိ႔လိုပါတယ္။ Google Installer.apk ကိုဖြင့္လုိက္ရင္ apk ၄ ခုကို Download ဆြဲႏိုင္ပါလိမ့္မည္။ အဲဒီ ၄ ခုက Google Account Manager.apk, Google Service Frame Work.apk,Google Play Service.apk ႏွင့္ Google, Play Store တို႔ကို Download ဆြဲၿပီး Install လုပ္လုိက္ရင္ Gmail, Play Store တို႔အဆင္ေျပေျပအသံုးျပဳလို႔ရပါၿပီ။ ဒီနည္းအတုိင္းပဲ China ဖုန္းေတြ ျဖစ္တဲ့ Vivo, Meizu ဖုန္းေတြကိုလည္း ထည့္လုိ႔ရပါတယ္။ ေမး - Note 4က အရင္က v.4.4.2 ပါ။ System Update လုပ္လုိက္ တာ v.5.0 ျဖစ္သြားပါတယ္။ ျမန္မာစာမရေတာ့ဘူး။ အဲဒါေလး ဘယ္လိုေျဖရွင္းရမလဲခင္ဗ်။ ေျဖ - Samsung Note 5 မွာ Lolipop တင္တဲ့အခါ Font System က Unicode ေရာ၊ Zawgyi ပါပါ၀င္လာတဲ့အတြက္ ျမန္မာစာမမွန္ေတာ့ပါ ဘူး။ အဲဒါကိုေျဖရွင္းဖုိ႔ဆိုရင္ေတာ့ Lollipop အတြက္ထြက္ရွိထားတဲ့ ZawgyiOne.TTF (Lollipop) apk ေလးကို ေဒါင္းၿပီး Install လုပ္ရပါမယ္။ Install လုပ္ၿပီးရင္ေတာ႔ Setting>Display>Font Style မွာ ခုနက Install လုပ္လုိက္တဲ့ ZawgyiOne (Lollipop) ကိုေရြးေပးလုိက္ပါ။ Keyboard တစ္ခုခု Install လုပ္ၿပီးရင္ေတာ့ အစ္ကို႔ဖုန္းမွာ ျမန္မာစာမွန္ကန္စြာ႐ိုက္ ထည့္ႏုိင္ပါၿပီ။ ေမး - အစ္ကိုေရ ကၽြန္ေတာ့္ဖုန္းက C8813 ပါ။ ဖုန္းအားသြင္းရင္ အားမ၀င္လို႔ပါ။ ဘယ္လိုလုပ္ရမလဲ။ ေျဖ - Charger ႀကိဳးလဲၾကည့္ပါ။ တစ္ခ်ိဳ႕ဖုန္းေတြမွာ ဖုန္းအားသြင္း ရင္ အားသြင္းတဲ့မိုးႀကိဳးသြားေလးျပတယ္။ ဒါေပမဲ့ အားမ၀င္တာမ်ိဳး ရွိတတ္ပါတယ္။ အဲလိုျဖစ္ခဲ့ရင္ေတာ့ Power IC ကေနထုတ္ေပးတဲ့ Charger လမ္းေၾကာင္းက Component ေလးေတြ အဓိကထားစစ္ပါ။ ေမး - အစ္ကိုေရ ကၽြန္ေတာ့္ဖုန္းက Keypad ဖုန္းပါ။ Key ခလုတ္ေတြႏွိပ္မရလို႔ ဘယ္လိုလုပ္ရင္ရမလဲဗ်။ ေျဖ - အစ္ကိုေရ အဲဒီဖုန္းေတြက Key ေတြ အပိုလာတာသိပ္မေတြ႕ ရပါဘူးဗ်။ အဲဒီေတာ့ သူနဲ႔ Model တူတဲ့ Key ေတြအစားထိုးမွ အဆင္ ေျပမွာပါဗ်။ အဲဒီလိုမလုပ္ခင္မွာ Key ရဲ႕ေအာက္ေျခေၾကးျပားေလး ေတြမွာ ေကာ္ေလးေတြကပ္ေနတာေတြ႕ရတတ္ပါတယ္။ အဲဒီေကာ္ ေလးေတြကို ခဲဖ်က္နဲ႔ေသခ်ာတုိက္ခၽြတ္ၿပီးေတာ့ ျပန္တပ္စမ္းၾကည့္ ပါ။ အဆင္ေျပတတ္ပါတယ္ဗ်။ ဤ က႑အတြက္ Today Mobile (ဖုန္း-၀၉-၇၃၀၃၃၉၆၆၊ ၀၉-၄၂၁၇၄၄၁၁၁ ) မွ ကူညီပံ့ပိုးပါသည္။ NetGuide Journal (Every Wednesday) ………… Ref: NetGuide Journal ________________ . [Unicode] အမေးများသော မိုဘိုင်းဖုန်းဆိုင်ရာပြဿနာများ မေး - မင်္ဂလာပါ။ အစ်ကိုရေ Samsung ဖုန်းတွေမှာအဖြစ်များတဲ့ ပြဿနာလေးတစ်ခု မေးချင်ပါတယ်။ ကျွန်တော့်ရဲ့ Samsung Galaxy J5 ( SM-J500G) Version 5.1.1 မှာ သုံးရတာအရမ်းလေးနေလို့ Settting ထဲက Backup and Reset ထဲ၀င်ပြီး Reset ချလိုက်တာ Power ပြန်တက်မလာဘဲ Custom Binary By FRP ဆိုတဲ့စာတန်း ပဲ ပေါ်နေတယ်။ အဲဒါဆိုရင် ဘယ်လိုလုပ်ရင် အဆင်ပြေနိုင်ပါ သလဲ။ ဖြေ - အစ်ကိုရဲ့ Samsung အကြောင်းမပြောခင် FRP ကိုရှင်းပြပါမည်။ FRP ဆိုတာ Factory Reset Protection Lock ကိုဆိုလိုတာပါ။ FRP Lock ဟာ Android Version 5.0 နှင့်အထက်ဖုန်းတွေမှာ Factory Reset ချလို့ မရအောင် Security တစ်မျိုးဖြစ်ပါတယ်။ အစ်ကိုရဲ့ Samsung ဖုန်းက FRP Lock ကျနေတာပါ။ အဲဒါဆိုရင်တော့ Firmware ပြန်တင်လိုက်ပါ။ Firmware တင်ပြီးလို့ Activate လုပ်တဲ့အခါကျရင် Gmail Account နဲ့ Password တောင်းပါလိမ့်မယ်။ အဲဒီအခါကျရင် Development Setting.apk ကို OTG Stick ထဲထည့်ပါ။ OTG Stick ဆိုတာ ဖုန်းမှာသုံးလို့ရတဲ့ Memory Stick ဖြစ်ပါတယ်။ OTG Stick ကို ဖုန်းမှာထိုးလိုက်တဲ့အခါ Partition တက်လာပါလိမ့်မည်။ Development Setting.apk ကို Install လုပ်ပါ။ အဲဒီအချိန် မှာ Unknow Sources ကို Enable လုပ်ရပါမည်။ Install လုပ်ပြီးတဲ့အခါ Done နဲ့ Open ပေါ်လာရင် Open ကိုနှိပ်လိုက်ပါ။ Setting ထဲရောက်သွား မည်။ Setting ထဲက Backup & Reset ထဲ၀င်ပြီး Reset ချလိုက်ပါ။ Power ပြန်တက်လာရင် ကောင်းသွားပါပြီ။ အားလုံးပဲအဆင်ပြေကြပါစေ။ မေး - မင်္ဂလာပါ။ အစ်ကိုရေ Xiaomi ဖုန်းအကြောင်းလေးနည်း နည်းလောက်မေးခွင့်ပြုပါ။ ကျွန်တော်ကတော့ Xiaomi Redmi 2 အသုံးပြုသူတစ်ယောက်ပါ။ ကျွန်တော့်ဖုန်းမှာ Gmail, Play Store, Google Search တို့မပါလို့ပါ။ apk ထည့်သုံးတော့လည်း ထည့်သုံးတော့လည်း အဆင်မပြေလို့ပါ။ အဆင်ပြေမည့်နည်းလေးပြောပြပါ။ ဖြေ - Xiaomi ဖုန်းတွေမှာ China Region နှင့် Global Region ဆိုပြီး ၂ မျိုးလာပါတယ်။ Global အလုံးတွေမှာတော့ Gmail, Play Store တို့ Ori-genal ပါပါတယ်။ China အလုံးမှာတော့ မပါပါဘူး။ မပါရင်တော့ သက်သက်ထည့်ပေးရပါတယ်။ အဲလိုထည့်ဖို့အတွက် Google Installer.apk ကို ဖုန်းထဲတွင် Install လုပ်ပါ။ ဖုန်းမှာ Wi-Fi (or) Mobile Data Internet ရှိဖို့လိုပါတယ်။ Google Installer.apk ကိုဖွင့်လိုက်ရင် apk ၄ ခုကို Download ဆွဲနိုင်ပါလိမ့်မည်။ အဲဒီ ၄ ခုက Google Account Manager.apk, Google Service Frame Work.apk,Google Play Service.apk နှင့် Google, Play Store တို့ကို Download ဆွဲပြီး Install လုပ်လိုက်ရင် Gmail, Play Store တို့အဆင်ပြေပြေအသုံးပြုလို့ရပါပြီ။ ဒီနည်းအတိုင်းပဲ China ဖုန်းတွေ ဖြစ်တဲ့ Vivo, Meizu ဖုန်းတွေကိုလည်း ထည့်လို့ရပါတယ်။ မေး - Note 4က အရင်က v.4.4.2 ပါ။ System Update လုပ်လိုက် တာ v.5.0 ဖြစ်သွားပါတယ်။ မြန်မာစာမရတော့ဘူး။ အဲဒါလေး ဘယ်လိုဖြေရှင်းရမလဲခင်ဗျ။ ဖြေ - Samsung Note 5 မှာ Lolipop တင်တဲ့အခါ Font System က Unicode ရော၊ Zawgyi ပါပါ၀င်လာတဲ့အတွက် မြန်မာစာမမှန်တော့ပါ ဘူး။ အဲဒါကိုဖြေရှင်းဖို့ဆိုရင်တော့ Lollipop အတွက်ထွက်ရှိထားတဲ့ ZawgyiOne.TTF (Lollipop) apk လေးကို ဒေါင်းပြီး Install လုပ်ရပါမယ်။ Install လုပ်ပြီးရင်တော့ Setting>Display>Font Style မှာ ခုနက Install လုပ်လိုက်တဲ့ ZawgyiOne (Lollipop) ကိုရွေးပေးလိုက်ပါ။ Keyboard တစ်ခုခု Install လုပ်ပြီးရင်တော့ အစ်ကို့ဖုန်းမှာ မြန်မာစာမှန်ကန်စွာရိုက် ထည့်နိုင်ပါပြီ။ မေး - အစ်ကိုရေ ကျွန်တော့်ဖုန်းက C8813 ပါ။ ဖုန်းအားသွင်းရင် အားမ၀င်လို့ပါ။ ဘယ်လိုလုပ်ရမလဲ။ ဖြေ - Charger ကြိုးလဲကြည့်ပါ။ တစ်ချို့ဖုန်းတွေမှာ ဖုန်းအားသွင်း ရင် အားသွင်းတဲ့မိုးကြိုးသွားလေးပြတယ်။ ဒါပေမဲ့ အားမ၀င်တာမျိုး ရှိတတ်ပါတယ်။ အဲလိုဖြစ်ခဲ့ရင်တော့ Power IC ကနေထုတ်ပေးတဲ့ Charger လမ်းကြောင်းက Component လေးတွေ အဓိကထားစစ်ပါ။ မေး - အစ်ကိုရေ ကျွန်တော့်ဖုန်းက Keypad ဖုန်းပါ။ Key ခလုတ်တွေနှိပ်မရလို့ ဘယ်လိုလုပ်ရင်ရမလဲဗျ။ ဖြေ - အစ်ကိုရေ အဲဒီဖုန်းတွေက Key တွေ အပိုလာတာသိပ်မတွေ့ ရပါဘူးဗျ။ အဲဒီတော့ သူနဲ့ Model တူတဲ့ Key တွေအစားထိုးမှ အဆင် ပြေမှာပါဗျ။ အဲဒီလိုမလုပ်ခင်မှာ Key ရဲ့အောက်ခြေကြေးပြားလေး တွေမှာ ကော်လေးတွေကပ်နေတာတွေ့ရတတ်ပါတယ်။ အဲဒီကော် လေးတွေကို ခဲဖျက်နဲ့သေချာတိုက်ချွတ်ပြီးတော့ ပြန်တပ်စမ်းကြည့် ပါ။ အဆင်ပြေတတ်ပါတယ်ဗျ။ ဤ ကဏ္႑အတွက် Today Mobile (ဖုန်း-၀၉-၇၃၀၃၃၉၆၆၊ ၀၉-၄၂၁၇၄၄၁၁၁ ) မှ ကူညီပံ့ပိုးပါသည်။ NetGuide Journal (Every Wednesday) ………… Ref: NetGuide Journal

Reactions:

0 ကြန္မန့္ေရးရန္:

Post a Comment