Saturday, January 16, 2016

Mobile Error စစ်နည်း

ဆရာကြီးတော့ မဟုတ်ပါဘူး ခင်ဗျာ error မိတာ လျော့ပါးအောင်ပါ လူအချင်းချင်း လိမ်လည်အောင်လည်း ကင်းစေချင်ပါတယ် #Second ဖုန်း၁လုံးဝယ်တော့မယ်ဆို အရင် ဦးဆုံး #Touch တွေစစ်ပါ #ကင်မရာစစ်ပါ #Vibrateစစ်ပါ #Sensor စစ်ဖို့ 112 ကို ခေါ်ပြီး အပေါ်ကနေ လက်နဲ့ လွဲပါ #Mic စစ်ပါ #Wifi စစ်ပါ #Speaker ကိုသေချာနားထောင်ပါအက်သံပေါက်မပေါက် #LCD ဝါမဝါ အကွက် ရှိမရှိ မှန်ကို သေချာစိုက်ကြည့်ပါ ရေဝင်ထားရင် အကွက်ထင်တာ မှန်လဲရင် အလင်းပေါက်တာ ရှိတတ်ပါတယ် #မှန်ထောင့်တွေ သေချာလိုက်ကြည့်ပါ အလင်းတန်းနေရင် မှန်လဲထားဒါ ဖြစ်နိုင်သလို စက်ကို ပြန်လုံးတာ လည်းဖြစ်နိုင်ပါတယ် #ကင်မရာစစ်ရင်ဝါးမဝါးသေချာကြည့်ပါ ပြုတ်ကျထားပြီး အလင်းဒဏ်မခံနိုင်ရင် ကင်မရာထိတာ ပါ ဝါးနေရင် ဖုန်ဝင်မဝင်ကြည့်ပါ #battery ကို Resatrt ရိုက်ကြည့်ပါ 4% 5% လျော့ရင် ကိစ္စမရှိဘူး 20% ကနေ 5% လောက်ဖြစ်ရင် Battery မကောင်းဒါ Power IC မကောင်းတာဖြစ်နိုင်ပါတယ် တစ်ထစ်ချပြောဒါမဟုတ်ပါ လေ့လာပါ သုံးကြည့်ပါ #Software Dialer ထဲမှာ *#06# ကို စစ်ပါ IMEI Null ဖြစ်မဖြစ်ကြည့်ပါ IMEI ဂဏန်းတွေမပေါ်ရင် Null ဖြစ်ရင် ဖုန်းပြောလို့ net'သုံးလို့မရပါ ခင်ဗျာ #Power Bank ဆောင်ထားပါ ဝယ်မယ်ဆို သွင်းကြည့်ပါ အား 3% 4% လောက်ထိသွင်းကြည့်ပါ အားအဝင်ပြပြီးမဝင်ရင် Power IC မကောင်းတော့တာ ဖြစ်နိုင်သလို USB ခေါင်းကြောင့်လည်းဖြစ်နိုင်ပါတယ် #အင်တာနက်သုံးကြည့်ပါ Virus ကိုက်မကိုက်ကို ဘယ်လိုဖြစ်ဖြစ် ဝယ်မယ်သေချာပြီဆို Reset ရိုက်ပါ ပိုင်ရှင်ကိုလုပ်ခိုင်းပါ All Data Reset ချပါ သူ့ရှေ့မှာ Sim Card ထည့်စမ်း Memory card ထည့်စမ်းပါ နားကြပ်ပါစမ်းပါ Wifi & Bluetooth & Airplane Mode & Auto Rotate Screen အကုန်လုပ်ကြည့်ပါ ဖုန်းမှာပါတဲ့ခလုတ်တွေစစ်ပါ Power + Volume up & Down အရမ်းတန်တယ် ထင်ရင်စေ့စေ့စပ်စပ်စစ်ပါ #လူတစ်ယောက် အရမ်းလောနေရင် ချင့်ချိန်ပြီးဝယ်ပါ Clone မှန်း အစစ်မှန်း သိအောင် လေ့လာပြီးမှဝယ်ပါ သူများပြောတိုင်းယုံပြီးလည်းမဝယ်ပါနဲ့ ဖြစ်သင့်မဖြစ်သင့်စဉ်းစားပါ #စိတ်မသန့်ရင်မယူပါနဲ့ Android စစ်နည်းပါ Huawei Code *#*121314#*#* *#*2846579#*#* Samsung *#0*# *#7353# *#1122# Oppo *#808# Xiaomi *#*#64663# သေချာစစ်ပါ ကျနော်လေ့လာထားဒါလေးပါ ဒါလေးတေsွသိရင်တော့ 75% အဆင်ပြေပါပြီ ကျန်တာက User နဲ့ရောင်းသူနဲ့ ယုံကြည်မှု့ ပွင်းလင်းမှု့ပေါ့ ဗျာ သိချင်တာရှိမန့်ခဲ့ပါ သိသလောက်တော့ပြောပြပေးပါ့မယ် လေ့လာဆဲပါ ခင်ဗျာုခရက်ဒစ် Myat Bhoone

Reactions:

0 ကွန်မန့်ရေးရန်:

Post a Comment